မှန်ကန်တဲ့လမ်းဆိုတာ
ကြမ်းတော့ ခရီးကြမ်းပဲ
လျှောက်လှမ်းတဲ့သူ နည်းတယ်။
ညာသံပေးရုံ ပေးပြီး
ဒလိမ့်ခေါက်ကွေး လိမ့်ကျ
မထနိုင်လို့ နောက်ဆုတ်
ပုဆစ်ဒူးတုပ် အရှုံးပေး
ပြေးသူလဲ ပြေးသပေါ့။
ရေတစက် ရေတခွက်မျှ
လက်ကမ်းသူမရှိ။
ထိုင်ခုံကလေး တနေရာမျှ
နားစရာမရှိ
ပန်းကလေး တပွင့်မျှ
ကမ်းလင့်သူ မရှိ။
ဘယ်လောက်ပဲ တောခေါင်ခေါင်
အောင်စိတ်ကို ရှေ့ဆောင်ပြီး
တောင်ကိုကျော် မှော်ရုံဖြတ်
တောစပ်ကိုနင်း
အဖော်ကင်းပေမယ့်
အားတင်းလို့ ချီတက်ရမှာပဲ။
ခက်ခဲတဲ့လမ်းမှာမှ
သစ္စာပန်းက ပွင့်တတ်တယ်။
လွယ်လွယ်ကူကူ၊ ဆွတ်ချူလို့မရ
ဒုက္ခကို အရင်းအနှီးပြု ပြီးမှ
သုခချမ်းသာနဲ့ ပြည့်လျှမ်းတဲ့
ပန်းပွင့်ကို ရနိုင်မယ်။
အခက်အခဲကို မကြောက်
ဒူးမထောက် လက်မမြှောက်နဲ့
မရောက်အရောက် လှမ်းတက်
စိတ်ပျက်တာတွေ ဖယ်ရှား
သွားဖန်များ ခရီးရောက်မှာမို့
နောက်သို့ မဆုတ်တမ်း
ရှေ့သို့ အဟုတ်လမ်း
တို့စခန်း မြင်ရပြီ
မဟုတ်လားကွယ် ။ ။
*တင်မိုး*
-----------
အမှန်တရားအတွက် တိုက်ပွဲဆိုတာ သွေး၊ ချွေး၊ အသက်၊ စည်းစိမ်းနဲ့ အနာဂတ်တွေရင်းထပ်ပြီး၊ ပေးဆပ် အနစ်နာခံမှုပေါင်း များစွာနဲ့သာ အောင်ပန်းကို ဆွတ်ခွာနိုင်မှာဖြစ်ပြီး၊ လွယ်လင့်တကူ အချောင်ရနိုင်သည်အရာမျိုး မဟုတ်ပေ။ ထိုပေးဆပ်မှုတွေနဲ့ ရလာတဲ့အောင်မြင်မှု၌သာ မြတ်နိုး တန်းဖိုးထားမှုနဲ့အတူ အောင်မြင်မှုရဲ့ ကြည်နူးပီတိ တမြမြခံစား စံစားကြရနိုင်မှာကို .... ဒီ “အမှန်လမ်း” ကဗျာကို ကွယ်လွန်သူ ဆရာကြီးတင်မိုးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ၏ (၇၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မွေးနေ့လက်ဆောင် အဖြစ် ရေးခဲ့သော ကဗျာဖြစ်ပါတယ်။
မြန်မာ့တပ်မတော် အောက်ခြေအကြပ်တပ်သားတွေကို ပြန်လည်ခြေမှုန်းခိုင်းမယ့် နအဖဗိုလ်ချူပ်ကြီးများရဲ့  မတရားလုပ်ရပ်။
-
ဘဏ်စုငွေတွေကို ထုတ်မပေးလို့ မကျေမနပ်ဖြစ်နေတဲ့ ရဲမွန်တပ်မြို့က တပ်ရင်း (၈)
ရင်းကို နေပြည်တော် အထူးတပ်အပါအ၀င် အထူးထောက်လှမ်းရေးတပ်န...
53 minutes ago



0 comments:
Post a Comment
ကျွန်တော့ Blog လေးကို လာရောက်ကြသော အားလုံးကို
ကျေးဇူးတင်ရှိပါတယ်။