
ပြည်သူလူထု လွတ်ငြိမ်းချမ်းသာခွင့်ရဖို့၊ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီရဖို့နဲ့ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့လုပ်နေတဲ့အတွက်ကြောင့် သူ့ကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ပေးတာ ဖြစ်တယ်” ဟု UNAထဲမှ အဖွဲ့အစည်းတခုဖြစ်သည့် ဇိုမီးအမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။
ကျနော်တို့ ချင်းပြည်နယ်ကို လာပြီးအပြန် ဒီပဲယင်းမှာ အရိုက်ခံရတယ်။ အခုလို ခံရပြီးတော့ ပထမဦးဆုံး အင်းစိန်ထောင်မှာ မပို့ဘဲ ကလေးထောင်မှာ ၈ လလောက် ကျတယ်။ ဦးတင်ဦးကို ကျနော်တို့ ပြည်သူတွေက အသဲစွဲ ဖြစ်နေတယ်။ အဲဒီအတွက် ဤဆုကိုဦးတင်ဦးအားပေးရခြင်း ဖြစ်တယ်” ဟု ပူကျင့်ရှင်းထန်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌသူရဦးတင်ဦးမှဇိုမီးအမျိုးသားကွန်ဂရက်(ZNC)အားကျေးဇူးတင်စကားနှင့်အတူ ဤသို့ပြောကြားခဲ့ပါသည်.။အမှန်ကတော့ဗျာ၊ဒီလောက်တောင်သူရဲကောင်းလည်းမဟုတ်သေးပါဘူးဗျာ။ တကယ်တမ်း ပြောရလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ပြီးပါလာတဲ့အခါမှာ ကျနော်ရဲ့လုပ်ကိုင်ဖူးတဲ့အတွေ့အကြုံတွေအရ ဒေါ်အောင်ဆန်းစုကြည်ကိုကူညီဖို့ပဲ ပါလာတဲ့သူပါ” ဟု ပြောသည်။“ချင်းတိုင်းရင်းသားများထဲကပေးတာဆိုတော့ကျေးဇူးတင်တယ်၊ဝမ်းသာတယ်။သူတို့နိုင်ငံရေးမျှော်မှန်းချက်၊ရည်ရွယ်ချက်တွေကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးမယ်ဆိုတဲ့သဘောဆောင်တယ်။ တိုင်းရင်းသားတွေရဲ့စည်းလုံးညီညွတ်နဲ့ယုံကြည်မှုရမှာသာ ဒီနိုင်ငံတော်ကြီးဟာ ပြည်ထောင်စု နိုင်ငံတော် ထူထောင်နိုင်မှာပါ။တိုင်းရင်းသားပေါင်းစုံတဖက်နဲ့တဖက်ယုံကြည်စိတ်ချစွာပါဝင်ပြီးပေါင်းစပ်တဲ့နိုင်ငံတော်ကြီးဖြစ်အောင် တစိတ်တဒေသအားဖြင့်ကူညီနိုင်ဖို့စိတ်ကူးပါတယ်”ဟုပြောကြားခဲ့သည်.။
ပေးပို့ပေးသော မမြတ်လေးငုံ အားကျေးဇူးတင်ပါသည်.။
မြန်မာ့တပ်မတော် အောက်ခြေအကြပ်တပ်သားတွေကို ပြန်လည်ခြေမှုန်းခိုင်းမယ့် နအဖဗိုလ်ချူပ်ကြီးများရဲ့  မတရားလုပ်ရပ်။
-
ဘဏ်စုငွေတွေကို ထုတ်မပေးလို့ မကျေမနပ်ဖြစ်နေတဲ့ ရဲမွန်တပ်မြို့က တပ်ရင်း (၈)
ရင်းကို နေပြည်တော် အထူးတပ်အပါအ၀င် အထူးထောက်လှမ်းရေးတပ်န...
56 minutes ago


0 comments:
Post a Comment
ကျွန်တော့ Blog လေးကို လာရောက်ကြသော အားလုံးကို
ကျေးဇူးတင်ရှိပါတယ်။