၂၀၁၇ မှာ လျှပ်စစ်ဓါတ်အား မီဂါဝပ် ၃၆၀ဝ မှ ၆၀ဝ၀ အထိထုတ်လုပ်နိုင်ဖို့ လျာထားပြီးဆောက်လုပ်နေတဲ့ မြစ်ဆုံဆည်ကြောင့် ကချင်ပြည်နယ်ကပြည်သူများ ရတက်မအေးဖြစ်နေရတယ်လို့ Global Post မှာဖော်ပြထားပါတယ်။ စစ်အစိုးရက ဆည်ကထွက်လာမယ့် လျှပ်စစ်ဓါတ်အားကို တရုတ်ပြည်မှာရောင်းစားမယ်ဆိုတဲ့အကြံနဲ့ ဆောက်လုပ်ထားတာဖြစ်ကြောင်း သိရပါတယ်။ ပေငါးရာကျယ်ပြီး ပေငါးရာဆည်မျက်နှာပြင်အမြင့်ရှိတဲ့ မြစ်ဆုံဆည်ဟာ နယူးယောက်မြို့တစ်မြို့စာလောက် အတိုင်းအတာရှိပါတယ်။ ဆည်ဆောက်မယ့်နေရာက ပြည်သူတွေဟာ နေရာရွှေ့ပြောင်းရေးဒုက္ခ၊ အတင်းအဓမ္မ လုပ်အားပေးဒုက္ခများနဲ့ ကြုံတွေ့နိုင်တဲ့အပြင် ဆည်ကျိုးခဲ့ရင် ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကိုလည်း တွေးကြောက်နေကြတယ်လို့ဆိုပါတယ်။ စစ်အစိုးရအနေနဲ့ ဒီဆည်ကနေပြီး နှစ်စဉ်ဒေါ်လာ သန်း၅၀ဝခန့် ဝင်ငွေရှိနိုင်ကြောင်း ဆောင်းပါးရှင်ကဖေါ်ပြထားပါတယ်။
ဦးဇင်း ဂန် ဘီရ ကိုထောက်ခံကြပါစို့ 
-
မဟာသံဃ နာယက အဖွဲ့ ဆိုတာ ဘုန်းကြီးမာဖီးယား ဂိုဏ်း မျှသာဖြစ်တယ်။
ဦးဂန်ဘီရ ကို ထောက်ခံပါတယ်။
55 minutes ago

0 comments:
Post a Comment
ကျွန်တော့ Blog လေးကို လာရောက်ကြသော အားလုံးကို
ကျေးဇူးတင်ရှိပါတယ်။