မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုနဲ့နောက်ဆုံးအရေးယူ ထားတဲ့ အမှုကို ပြင်ဆင်ဆုံးဖြတ်ဖို့တင်ပြချက်ကို မြန်မာအစိုးရ ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချလိုက်တဲ့အတွက် နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက် တုန့်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် မပေးတဲ့အတွက် စိတ်ပျက်မိကြောင်း ကြေညာချက် တခုမှာ ဖေါ်ပြထားပါတယ်။နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး သူတို့ကို နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ခွင့်ပြုရေးဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
ကနေဒါနိုင်ငံခြားရေး ဝန်ကြီး Lawrence Cannon ကလည်း ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ကိုက်ညီခြင်း မရှိဘဲ၊ တရား ဥပဒေ စိုးမိုးရေးကို လုံးဝလျစ်လျူရှုတာသာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ဗြိတိသျှနိုင်ငံခြားရေး ဝန်ကြီးဌာန အငယ်တန်း ဝန်ကြီး Ivan Lewis ကလည်း တရားရုံးဆုံးဖြတ်ချက်ကို မအံ့သြပေမယ့် ဝမ်းနည်းမိကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ (bbc)
ဦးဇင်း ဂန် ဘီရ ကိုထောက်ခံကြပါစို့ 
-
မဟာသံဃ နာယက အဖွဲ့ ဆိုတာ ဘုန်းကြီးမာဖီးယား ဂိုဏ်း မျှသာဖြစ်တယ်။
ဦးဂန်ဘီရ ကို ထောက်ခံပါတယ်။
54 minutes ago

0 comments:
Post a Comment
ကျွန်တော့ Blog လေးကို လာရောက်ကြသော အားလုံးကို
ကျေးဇူးတင်ရှိပါတယ်။