0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပညာအလှူ

ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ခုနှစ်ရက် သားသမီး ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး တို့၏ နာရေးကိစ္စ တင်သာမက သုခ ကုသိုလ်ဖြစ် ဆေးခန်း ဟူ၍ ဆေးဝါး မကုသနိုင်သော ဆေးဖိုးဝါးခ မတတ်နိုင် သော ခုနှစ်ရက်သားသမီး ရဟန်းရှင်လူတို့အတွက် အခမဲ့ဆေးဝါးကုသပေးခြင်း နှင့် မျိုးဆက်သစ် လူငယ်များ အတွက် ပညာဗဟုသုတ တိုးပွားစေလိုသောငြာ သုခအလင်း စာကြည့်တိုက် ဟူ၍ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စသည်ဖြင့် အသိဥာဏ် တိုးပွားစေရန် ဖွင့်လှစ် ခဲ့ပါသည်။ ထို့ပြင် အသင်းသူ အသင်းသားများ အတွက် လူမှု ဆက်ဆံရေး လုပ်ဆောင်မှုတွင် အရေးပါသော ဆက်ဆံရေး (ကိုယ်၊ နှုတ်၊ အမူအယာ) ယဉ်ကျေးသိမ်မွေ့စေရန် ရည်ရွယ်လျှက် လူမှုရေး သရုပ်ဆောင်သင်တန်းကို ၀ါရင့်သရုပ်ဆောင်များ၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ခြင်း ၊ နာရေးလမ်းကြောင်းများ လိုက်ပါ ရာတွင် ထူးခြားဖြစ်စဉ် (ရေနစ် သေဆုံးခြင်း၊ အသတ်ခံရခြင်း၊ ရထားကြိတ်ခံရခြင်း) ... စသည်ဖြင့် ထူးခြားသော နာရေးကိစ္စများအတွက် မှတ်တမ်းမှတ်ရာများ ရရှိရန်၊ ဓါတ်ပုံ (လျှပ်တပြက်) ရိုက်ကူးတတ်စေရန် ရည်ရွယ်၍ ဓါတ်ပုံသင်တန်း တို့ကို ဖွင့်လှစ်ပြီးဖြစ်ပါသည်။

ယခုအခါ မျိုးဆက်သစ် ကလေးငယ်များ၏ ပညာရေး အထောက်အပံ့ ဖြစ်ရန် ပညာဒါန အခြေခံ အင်္ဂလိပ်စာသင်တန်းကို (20 . 3. 2010) တွင် စတင်ဖွင့်လှစ် မည် ဖြစ်ပါသည်။

ယင်းသို့ ဖွင့်လှစ်ရာတွင် ပညာအလှူ (အခြေခံ အင်္ဂလိပ်စာ သင်တန်း) သို့ လာရောက်တက် ရောက်ကြသော ကလေးငယ်များမှာ (၅)တန်းမှ (၉)တန်း အထိ ပညာသင်ကြား နေကြသော ကလေးငယ်များ ဖြစ်ပါသည်။

(ပညာဒါန) အခြေခံ အင်္ဂလိပ်စာသင်တန်း ဖွင့်ရခြင်းရည်ရွယ်ချက်

1. ချို.တဲ့ နွမ်းပါးသော မိသားစုမှ သားသမီးများအား အထောက်အကူဖြစ်ရန်။
2. အင်္ဂလိပ်စာ အခြေခံအားနည်းသော ကလေးများအား မြှင့်တင်ပေးရန်။
3. ခေတ်ကာလ နဲ့အညီ ပညာရေး အဆင့်အတန်း မြင့်မားရန်။
4. အင်္ဂလိပ်စာ သင်ကြားခြင်းဖြင့် ကလေးများအား အရည်အသွေး တိုးတက် လာစေရန် ... ဖြစ်ပါသည် ။
ပညာဒါန ဖြစ်မြောက်ရန်အတွက် ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးသူများမှာ ...

(၁) ဦးကျော်သူ (ဥက္ကဌ )နာရေးကူညီမှုအသင်း(ရန်ကုန်)
(၂) ဒေါ်သန်းမြင့်အောင် (အတွင်းရေးမှူး) နာရေးကူညီမှုအသင်း(ရန်ကုန်)
(၃) ဒေါ်မြင့်မြင့်ခင်ဖေ(ဒေါ်ရွှေဇ

ီးကွက်)(ဘဏ္ဍာရေးမှူး)နာရေးကူညီမှုအသင်း(ရန်ကုန်)
(၄) ဦးစိုင်းရဲကျော်စွာမြင့် (ကော်မတီဝင်) နာရေးကူညီမှုအသင်း(ရန်ကုန်)
(၅) ဒေါ်ဧရာမောင်မောင် (ကော်မတီဝင်) နာရေးကူညီမှုအသင်း(ရန်ကုန်) တို့..
ဖြစ်ကြပါသည်။

ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဆရာမဒေါ်သန်းသန်းစိုး နှင့် လူမှုရေး အဖွဲ့အစည်း များမှ ဆရာ၊ ဆရာမများက ပညာဒါနကုသိုလ်ဖြစ် လာရောက်သင်ကြား ပြသမည် ဖြစ်ပါသည်။
၂၀၁၀ခုနှစ် မတ်လ (၁၇)ရက်နေ့ နံနက် (၉)နာရီတွင် ကလေးများအား အရည်အချင်းစစ်ပြီး ကလေးများအား အရည်အချင်းပေါ် မူလည်၍ Level ခွဲသင်ရန် စီစဉ်ခဲ့ပါသည်။ သင်တန်းချိန်မှာ အပတ်စဉ် (Sat, Sun) မနက် (၉)နာရီမှ (၁၁)နာရီအထိ သင်ကြားပေးပါမည်။

၂၀၁၀ခုနှစ် မတ်လ(၂၀)ရက်နေ့မှမေလ(၃၀)ရက်နေ့အထိ

သင်ကြားမည် ဖြစ်ပါသည်

0 comments:

Post a Comment

ကျွန်တော့ Blog လေးကို လာရောက်ကြသော အားလုံးကို
ကျေးဇူးတင်ရှိပါတယ်။

Written by Photayokeking

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.