မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် အပြင်းထန်ဆုံး ဆုံးဖြတ်လုပ်ကိုင်ဖို့ အချိန်ကျရောက်လာပါပြီ။ ရန်သူနအဖကနေ ကျွန်တော်တို့ ပြည်တွင်းပြည်ပမှ ဒီမိုကရေစီကိုချစ်ခင်မြတ်နိုးကြတဲ့ ရဟန်းရှင်လူ ပြည်သူအားလုံး အတွက် အတုအယောင် အစုတ်အပြတ် မဟုတ်မဟတ်ရွေးကောက်ပွဲ တံခါးကို ခေါက်လိုက်ပါပြီ။ အိပ်ပျော်သူ အိပ်မပျော်သူ၊ လှေကြုံစီးမည့်သူ၊ မစီးမည့်သူ အားလုံးဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် အချိန် အနည်းငယ်မျှသာကျန်ရှိပါတော့တယ်၊
ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ သေမင်းတမန် ၂၀၁၀ ရထားကို ၀ိုင်းဝန်းစုစည်းညီညွတ်စွာ တိုက်ဖျက်ချေမှုန်းကြမလား၊ ဒါမှမဟုတ် သေမင်းတမန် ၂၀၁၀ ရထားပေါ်အသေခံ ပြီးလိုက်ကြမလားဆိုတဲ့ အဖြေကတော့ သန်း(၅၀) ကျော်တဲ့ ပြည်သူတွေရဲ့ ဆန္ဒတစ်ခုသာ ဖြစ်ပါတော့တယ်။ ဘုံရန်သူ န အ ဖ ဟာ ရှေ့သို့ခြေတစ်လှမ်း တိုးလိုက်ပြီဖြစ်ပါတယ်။ ကာလဒေသ ကို သုံးသပ်ပြီး လုံးဝဆန့်ကျင်ကြရပါတော့မယ်။
န အ ဖ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဥပဒေ ထုတ်ပြန်သည်မှာ စစ်ခေါင်းဆောင် တစ်ချို့က ဂျိုဂုတ်ကြီးသန်းရွှေကို အတင်းအကျပ် ဖိအားပေးပြီး လက်မှတ်ထိုးခိုင်းလို့ ထုတ်ပြန်ကြောင်းလည်း သတင်းရရှိပါတယ်။ အတုအယောင် န အ ဖ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိသလို နောင်ပေါ်ထွက်လာမည့် တရားစီရင်ရေးတွေဟာလည်း အတုအယောင်တွေနဲ့ မတရားအုပ်ချုပ်ဖို့ ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်၊ ခင်ဗျားတို့ ကျနော်တို့ ရန်သူ န အ ဖ ကို အချိန်မီ မဆန့်ကျင်မကန့်ကွက်နိုင်ရင် သားစဉ်မြေးဆက် န အ ဖ အာဏာရှင် စနစ်ဆိုးကြီး လက်အောက်ကနေ ဆင်းရဲတွင်းနစ်သထက်နစ်ကာ တစ်သက်လုံး ရုန်းထွက်နိုင်တော့မည်မဟုတ်ပါ။
န အ ဖ စစ်အာဏာရှင် အုပ်စုဟာ ပြည်သူလူထုကြီးကို လိမ်လည် လှည့်စားမှုပေါင်းများစွာနှင့် အမှောင်တိုက်ထဲသို့ အဓမ္မသွတ်သွင်းနေပြီဖြစ်ပါသောကြောင့် တိုင်းရင်းသား ပြည်သူတရပ်လုံး လက်တွဲညီညီ ဟန်ချက်ညီညီ ဘုံရန်သူ န အ ဖ ကို ချေမှုန်းကြပါစို့။...
အာဏာရှင် နအဖ စစ်မိစ္ဆာများ အလိုမရှိ။
ပြည်သူ့ရန်သူ နအဖစစ်မိစ္ဆာများ ကျဆုံးရေး ဒို့အရေး။
သပိတ် သပိတ်မှောက် မှောက်။
ဆန္ဒ ဆန္ဒ ပြ ပြ။
အရေးတော်ပုံ အောင်ရမည်။
အရေးတော်ပုံ အောင်ရမည်။
အရေးတော်ပုံ အောင်ရမည်။
အထက်ဗမာပြည် ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်
မြန်မာ့ရေးရာ သတင်းပဒေသာ (၃၁-၇-၂၀၁၀)
-
- မြန်မာကို စုံစမ်းစစ်ဆေးရေး ထောက်ခံဖို့ အထက်လွှတ်တော်အမတ်တွေ စာတင် click
- မြန်မာစစ်ရာဇ၀တ်မှု စုံစမ်းရေး အတိုက်အခံများ ကြိုဆို click
- အမျိုးသားဒီမိုကရေစီအဖွဲ...
34 minutes ago


0 comments:
Post a Comment
ကျွန်တော့ Blog လေးကို လာရောက်ကြသော အားလုံးကို
ကျေးဇူးတင်ရှိပါတယ်။