
ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျနေဦးမှာမို့ သိပ်တော့မပြောချင်ပါ။ ဒါပေမဲ့လို့ လူ့အသက်တချောင်းရဖို အရေးနတ်ပြည်က အပ်တချောင်းနှင့် လူပြည်ကအပ် တချောင်းထိမှ ရခဲလှတဲ့ လူဘဝမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရပိုင် ပြည်တွင်းလေကြောင်းလိုင်း တခုဖြစ်တဲ့ မြန်မာလေကြောင်းမှ လေယာဉ်တစီးဖြစ်သော Fokker F27 အမျိုးအစား Aircraft Registration:XY-AEQ လေယာဉ်အကြောင်းပါ။
ကျွန်တော်သိပ်မကြာသေးသော ကာလတခုတွင် ကိစ္စတခုဖြင့် ပြည်တွင်း လေကြောင်းလိုင်းတခုကို အသုံးပြုပြီး မြို့ကြီးတမြို့က ပျံသန်းရသော လေယာဉ်ဖြင့် ထွက်ခွါမိပါတယ်။ လေယာဉ်ပေါ်ရောက်ရင်ဖြင့် ကြောက်လိုက်မိသည် ဖြစ်ခြင်းကိုခံစားရပါတယ်။
ဘာကြောင့်လည်းဆိုတော့ လေယာဉ်တစီးလုံးကို မြန်မာစက်မှုဇုံက ဂျစ်ကားဆင်သလို မျိုးဆင်ထားတာ ကိုကြောက်မက်ဘွယ် တွေ့ရပါတယ်..။ ပြီးတော့ ဆေးတွေသုတ်ထားတာကလည်း ကွက်တိကွက်ကျားနဲ့ လေယာဉ်ထဲက လေအေးပေးစနစ်ကလည်း လေပူတွေထွက်လို့ဗျာ ပြောလို့ မကောင်းအောင်ပါပဲ။ လေယာဉ်ပေါ် ခရီးသည်တွေရောက်ပြီး လေယာဉ်ကိုစက်နှိုးလိုက် တယ်ဆိုရင်ပဲ ဖွတ်ချက်ဖွတ်ချက်နဲ့ချောင်းဆိုးသလို ဆီပိတ်သလိုနဲ့ဗျာ။ ဒါနဲ့ပဲလေယာဉ်ကို လေယာဉ်ပြေးလမ်းထိပ်ကို မောင်းယူသွားခဲ့တယ်။ ပြေးလမ်းထိပ်ရောက်လို့ လေယာဉ်လေထဲပျံတက်ဖို့ အတွက်ပါဝါ အကုန်တင်လိုက်တဲ့အချိန်မှာတော့ လေယာဉ်တစင်းလုံး သံစုံတွေထွက်လာတယ်ဗျာ။ နားထောင်လို့တောင် မကောင်းဘူး။ အသံတွေကတော့ သတ္တုပြား အချင်းချင်း ပွတ်တိုက်သံ စတာတို့ပေါ့ စုံနေတာပဲဗျာ။
ကျွန်တော်လည်း ဘုရားကလွဲပြီး အားကိုးစရာမရှိပဲ လေယာဉ်ပျံသန်းချိန် တနာရီနဲ့ ငါးမိနစ်ကိုဘုရား စာတွေ ရွတ်လိုက်ရတာဗျာ။ ကံကောင်းတယ်လို့ ဆိုရမှာပဲ နောက်ဆုံးတော့ ကျွန်တော်ကွင်းကို ပြန်ဆင်းမှ စိတ်ချနိုင်တော့တယ်။ ဘာလည်းဗျာ ဒီလိုသက်တမ်းလွန်နေတဲ့ လေယာဉ်တွေကို လူ(ခရီးသည်) တွေတင်ပြီး ပြည်တွင်းလေကြောင်းလိုင်းမှာ အသုံးပြုနေသေးတာတော့ မကောင်းဘူးဗျာ။
ကျွန်တော်နဲ့အတူစီးလာတဲ့ နိုင်ငံခြားသားလင်မယားဆိုရင် အာမင်အာမင်နဲ့တချိန်လုံးပဲဗျာ။ ဆိုချင်တာကတော့ အသုံးမပြုပါနဲ့လို့ ပြောချင်တာမဟုတ်ပါဘူး သုံးပါ။ ဒါပေမယ့် လူမတင်ပါနဲ့တော့ ချာတာလေယာဉ် အဖြစ် အသုံးပြုလို့ ရတာပဲဗျာ။ ပြီးတော့ ပြောလိုက်သေးတယ်။ ခေတ်မှီလေယာဉ်ကွင်းကြီးတွေ ဆောက်ပေးထားတယ်။ ခေတ်မှီလေယာဉ်တွေ ဝယ်ပေးထားတယ်.. ။ လေယာဉ်ကို ပျက်ကျအောင်မောင်းတဲ့ ပိုင်းလော့တွေကို အရေးယူမယ် တို့ဘာတို့ ညာတို့နဲ့ပေါ့။
မြန်မာလေကြောင်းလိုင်းမှ အာဏာပိုင်များခင်ဗျား ပျက်ကျတဲ့ လေယာဉ်ပျံအဟောင်းတွေက ပစ္စည်းတွေ ဟိုဖြုတ် သည်ဖြုတ်ပြီးတော့ ဒီတ်လွန်နေပြီဖြစ်တဲ့ လေယာဉ်မှာ ဟိုဟာလာတပ် ဒီဟာလာတပ်နဲ့ လေယာဉ်ဟာ လေထဲမှာပျံနေရတာပါ။ ရပ်လို့မရပါဘူး ကားလိုစက်ပျက်လို့ ရပ်ချင်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့လေ။ ဒါကြောင့်မို့ ဒီလေယာဉ်တွေမျိုးကို လူမတင်ပဲ ပစ္စည်းတင်တဲ့ လေယာဉ်အဖြစ်သာ အသုံးပြုပါတော့လို့ တောင်းဆို လိုက်ပါရစေခင်ဗျား။
ကိုဟီးရိုးနိုင်အား ကျေးဇူးတင်ရှိပါသည်။
0 မြန်မာပြည်မှသက်တမ်းလွန်နေသောလေယာဉ် fokker F27(XY-AEQ)
0 မိမိblogမှာသတင်းတခုတင်ရုံနဲ့နံမည်ကြီးfacebookတို့ twitterတို့မှာအလိုအလျှောက် သတင်းတက်အောင်(၂ )

မိမိရဲ့blog မှာတင်ထားတဲ့သတင်းများကို နံမည်ကြီး social siteတခုဖြစ်တဲ့ Twitter သို့အလိုအလျောက်ကိုပို့ချင်တယ်ဆိုလို့ရှိရင် ပထမဦးဆုံး https://www.google.com/accounts/ServiceLogin?service=feedburner&continue=http%3A%2F%2Ffeedburner.google.com%2Ffb%2Fa%2Fmyfeeds သို့သွားပါ။ မိမိ blog ကို login၀င်တဲ့ မေးလ်နဲ့ passwordကိုဖြည့်ပါ။
ပြီးရင် အပေါ်ပုံမှာပြထားတဲ့အတိုင်း မိမိရဲ့ဘလောက်လိပ်စာ(http://example.blogspot.com/)သို့မဟုတ် http://www.example.blogspot.com/feeds/posts/default?alt=rss ကိုဖြည့်ပါ။ပြီးလျှင် next ကိုနှိပ်ပါ။ ထပ်မံပေါ်လာသည့်နေရာတွင် ဘာမှမဖြည့်မပြင်ဘဲ next ကိုနှိပ်ပါ။ အောက်ပါပုံတွင် ဖော်ပြထားသည့် စာမျက်နှာသို့ရောက်ရှိသွားပါမည်။
Publicizeဟုရေးထားသော နေရာကိုနှိပ်ပါ။
အထက်ပါပုံတွင် မြင်နေရသော Socializeကိုနှိပ်ပါ. ထွက်ပေါ်လာသော စာမျက်နှာတွင် add a Twitter accountတွင် ဖြည့်လိုက်ပါ။ http://twitter.com/ အကောင့်အသစ် register လုပ်မှရပါမည်. Socialize စာမျက်နှာတွင် add a Twitter account ကိုဖြည့်ပြီးပါက saveကိုနှိပ်ရန်မမေ့ပါနှင့်။ saveကိုနှိပ်ပြီးလျှင်ပြီးသွားပါပြီ။ အားလုံးအဆင်ပြေကြပါစေ။
facebookတွင် blog သတင်းများတင်နည်းကို ဒီနေရာမှာ မျှဝေဖော်ပြပြီးဖြစ်ပါတယ်။
မှတ်ချတ်။ ။ မြန်မာပြည်Bagan Net က Twitter ကို ban ထားလို့တဲ့။ Secure server နဲ့ Gmail သုံး သလိုမျိုး "s" ခံသုံးရင် အဆင်ပြေတယ်လို့သိရပါတယ်။ ဒီလိုလေ.. အစမှာ http:// ကို https://သို့ ပြောင်းထည့်လိုက်ပါ။
0 မြန်မာတို့ရဲ့ အကယ်ဒမီ.

ပရိတ်သတ်အများ ကြိုတင် ခန့်မှန်းထားသလိုပဲ ၂၀၀၉ ၂၀၁၀ မြန်မာ့အကယ်ဒမီပေးပွဲကြီးမှာ အကောင်းဆုံး အပြောင်မြောက်ဆုံး ဟာသသရုပ်ဆောင်ဆုနဲ့ လူကြမ်းဆုကို စာပေးတာတောင် မူနေဦးမည်နှင့် သံဃာသတ်သူများ ဇာတ်ကားဖြင့် သန်းရွှေ(နေပြည်တော်)မှ တစ်ဦးတည်း အပြတ်အသတ် ဆွတ်ခူး ရရှိသွားပါတယ်။ စာပေးတာတောင် မူနေဦးမည်နှင့် သံဃာသတ်သူများ ဇာတ်ကားဖြင့် ပင် အကောင်းဆုံး ဒါရိုက်တာဆုနဲ့ ခေါင်းဆောင် မင်းသမီးဆု ကို ဒီပဲရင်းနယ်မှာ သွားရောက်ရိုက်ကူးခဲ့တဲ့ လူကိုခွေးကိုက်ခြင်း ဇာတ်ကားဖြင့် အကယ်ဒမီဆု ရခဲ့ဖူးတဲ့ ကြိုင်ကြိုင် (နေပြည်တော်)မှလည်း ပူးတွဲ ဆွတ်ခူးသွားတာဖြစ်ပါတယ်။
ခေါင်းဆောင် မင်းသားဆုကို ချစ်လွန်းလို့ ဖိနပ်စာကျွေးလိုက်သည် နိုင်ငံတကာတန်းဝင် ဇာတ်ကားဖြင့် သိန်းစိန် (နေပြည်တော်)၊ ဇာတ်ပို့မင်းသားဆုကို မုသာဝါဒ အတင်းစာရှင်းလင်းပွဲဇာတ်ကားဖြင့် ကျော်ဆန်း (နေပြည်တော်) ဇာတ်ပို့မင်းသမီး ဆုကို ဓာတ်ကြိုးကို မောင်ကိုင်ပါ့မယ် ဇာတ်ကားဖြင့် ၀တ်မူန်ရွှေရည် (နေပြည်တော်)နဲ...့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဆုကတော့ 2010 election အကြောင်းကို အခြေခံရိုက်ကူးတဲ့ end of the SPDC military rule in Burma ဖြစ်ရပ်မှန် သတင်းဇာတ်ကားပဲဖြစ်ပါတယ်။
အကောင်းဆုံး စက်ပိုင်း ဆိုင်ရာဆုကိုတော့ မြန်မာအင်တာနက်နှင့် ဘက်ဘုန်းပြသနာ ဇာတ်ကားမှ ကျွမ်းကျင်ပညာရှင် မြန်မာအင်ဖိုတက်ခ်က ဆွတ်ခူးရရှိပါတယ်ရှင်။
အကယ်ဒမီပေးပွဲကို ဒဗလျူ ဒဗလျူဒေါ့ဖ် အမ်အမ်တီဗီဆလပ် ဖရီးလင့်ကနေ မဆုမွန်တစ်ယောက် အင်တိုက် အားတိုက် တိုက်ရိုက်ကြည့်ရူ့အားပေးခဲ့ပြီး ဖေ့စ်ဘွတ်ခ်နဲ့ ဂျီတော့ခ်မှ တိုက်ရိုက်လေလိုင်း အစီအစဉ်နဲ့ တင်ပို့ခဲ့ပါတယ်။ ပွဲအစပိုင်းမှာတော့ ဒဗလျူ ဒဗလျူဒေါ့ဖ် အမ်အမ်တီဗီဆလပ် ဖရီးလင့်ကနေ တဆင့် အဆင့်ဆင့် ဖြတ်ကျော်ပြီး ၀င်ရောက်အားပေးခဲ့ရာ ရုတ်တရက် ညာဘက်ထောင့်စွန်းမှာ ရှိနေတဲ့ ဆီဘောက်စ်ဆဲပွဲသဘင်ကြီးကိုပါ တစ်ပါတည်း ကြည့်ရူ့အားပေးခွင့်ထူးကြီးကိုလည်း ရရှိခဲ့ပါတယ်။
အကယ်ဒမီပေးပွဲကြိးထက် ဘေးပွဲက ပိုအင်အားကောင်းလာတဲ့နောက် မနေမနား ရေတောင်မသောက်အားပဲ တပျော်တပါး အကြိတ်အနယ် ဆဲပွဲသဘင်ကြီးကို ကျင်းပနေသည် ကိုလည်း မျက်စိမူးလောက်အောင် တပြိုင်နက် အချိန်နဲ့တပြေးညီ ကြည့်ရူအားပေးခွင့်ရခဲ့ပါတယ်။ နာရီနဲ့ချီပြီး တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်းစနစ်နဲ့ ပ၀ါမကူ ရေမရူစတမ်း အကြိတ်အနယ် ဆဲဆိုကြိမ်းမောင်းနေမူ တောင်းပန်တိုးလျိုးနေမူ မြန်မာ့ဂုဏ်ရည်ပြပုဒ်များကို လက်သီး လက်မောင်းတန်းပြီး အာပေါင်အာရင်းသန်သန် ကြွေးကြော်သံများ ကို အက်ဒမင်များမှာ အတန်ကြာ ကြည့်ကောင်း ကောင်းနဲ့ ကြည့်ရူ့ပြီးကာမှ နောက်ဆုံး ပရိတ်သတ်ရဲ့ အော်ဟစ်တားမြစ်သံများ အားပေးသံများ ကြောင့် ဒိုင်ပွဲရပ်နဲ့ ဆီဘောက်စ် ပိတ်လိုက်ပါတယ်။
အကယ်ဒမီသုံးသပ်ချက်များကတော့ လူးလိမ့်သတ်ပုတ်ပြီး ပုဆိုးမနိုင် ပ၀ါမနိုင် ရင်ဘတ်စည်တီး အော်ဟစ် ငိုကြွေးခြင်း၊ တုတ်ဓား လက်နတ် ကိုင်ဆောင်ပြီး ရန်အဖြစ်ကြမ်းခြင်း၊ အ၀ီစိပွက်သကဲ့သို့ ၀ိုင်းဝန်း အော်ဟစ်ကြခြင်း၊ အချင်းချင်း အအော်အငေါက်ကြမ်းခြင်း၊ လိုချင်လောဘ များခြင်ြး့ဖင့် ယောကျာ်းကို မသင်္ကာခြင်း၊ အလွန်အမင်း နိုင်ခြင်း မိန်းမကို အသေအကြေကြောက်ရခြင်း၊ ဖရုသ၀ါစာများကို အာပေါင်အာရင်း သန်သန်ဖြင့် ဆဲဆိုခြင်း ဥပမာ ဒီ ဟာမ အဲ့အကောင်မ စသည် ချစ်ကြည်ရင်းနီးမူကို ပြသော ချစ်စဖွယ် ပီယ၀ါစာလေးများကို ရေလဲသုံးနူန်းခြင်း၊ ကိုယ်မွေးထားသော သားကို အသေသတ်ရန် ကြံစည်ခြင်း၊ အစ်မက ညီမကို ကြောက်မက်ဖွယ်မျက်နှာထားဖြင့် ညီမက အစ်မကို ကြုံးဝါးခြင်း၊ မျက်စိက လင်းကွင်းလောက် ပါးစပ်က မိုးပြဲဒယ်လောက် အရူးလို ပြူးပြဲပြနေခြင်း လူအများ စီတန်းရပ်ပြီး တစ်ယောက်ပြီးမှတစ်ယောက် စောင့်စားပြီး ပြောဆို ရယ်မောရခြင်း အပြိုင်အဆိုင် ငယ်သံပါအောင် အော်ဟစ်ရခြင်း များသည် မြန်မာတို့အကယ်ဒမီရ နိုင်သော အကွက်ကောင်းများ ဖြစ်လာလေသည်။
ထို့နောက်တွင် ကြေငြာအစီအစဉ်တွင်း ကြားညှပ်ထုတ်လွှင့်နေသော အကယ်ဒမီပေးပွဲကို ရပ်နားပြီး ပရိတ်သတ်ပြည်သူ အများ မျှော်လင့် စောင့်စားနေသော သတင်းအစီအစဉ်ကို ဆက်လက် ထုတ်လွှင့်ရာ "ပြည်တွင်းပြည်ပ ပကတိအခြေအနေများကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ရူ့မြင်ရန် ပုံ သန်းရွှေ" ဆိုသော ကျောင်းသူကျောင်း သားများကို နှိပ်ကွပ်ဆုံးမနည်းအဆင့်ဆင့်ကို သိရှိစေရန်အလို့ဌာ ဆရာမများကို စစ်သင်တန်း ပေးသော သင်တန်းဆင်းပွဲတွင် အကြီးအကဲကြိးရဲ့ မွတ်ကြားချက်ကို လပ်တော့ပ်ကိုဖွင့်ပြီး မျက်နှာခပ်တည်တည်ကြီးများဖြင့် အသံနေအသံထား အဖြတ်အတောက် ခိုင်မာတည်ကြည်စွာ ဖတ်ကြားကြပါသည်။
ထို့နောက် ၀န်ကြီးများရဲ့ လိုအပ်သည်များကို လှည့်လည်မှာကြား စားသုံးမူများကို တင်ဆက်ပြီးနောက် လေလိုင်းပေါ်မှာ လူသတ်သမားများဖြစ်သော ပြည်ပနိုင်ငံများမှ ခလောက်ဆံအကောက်ကြံနေသူများ ဝေသာလီပုဏားများဟု အသံတည်ကြီးများဖြင့် စွတ်စွဲ ကြိမ်းမောင်း ခြိမ်းခြောက်ပါသည်။ ထို့နောက်တွင်းကား ရုရှနှင့် တရုတ် ကို အခြေခံသော နိုင်ငံတကာသတင်းများကို အံ့သြကုန်နိုင်ဖွယ် ယုံကြည်စိတ်ချဖွယ် ကမ္ဘာကျော် သတင်းဌာနစီစီတီဗီမှတဆင့် ကိုးကားကူးယူပုံတူချပြီး ကြေငြာသွားခဲ့ပါသည်။
ပြီတီတီ စူတူမူတူမျက်နှာပေးလေးများကို အစွမ်းကုန် အပြုံးပန်းလေးများ ပန်ဆင်ရင်း ဗန်းကိုင် ကတ်ကြေးကိုင်ပေးခဲ့ကြပါသော အကယ်ဒမီ ဗန်းကိုင်မမလေးများအာ့ မြန်မာဆန်ဆန်လေး ၀တ်ထားရင်း ဆုကြေညာမဲ့သူကို စာအိတ်လေတွေကို ဒူးလေးညွှတ်ပြီးပေးလိုက် ဒူးလေးတွေကို ပြန်ဆန့်လိုက်နှင့် ကော့ကော့ ကန်ကန် အချိုးကျကျ ယိမ်းကကြခဲ့ကြပါသည်။ ထိုသို့ ပရိတ်သတ်ဘက်ကို လှည့်ပြီး ပြုလုပ်နေသည်များကို အဲဒါကလေ အကော့မတတ်ရင် ဆဲသလို ဖြစ်သွားသလားလို့။ ဘယ်လို သဘောရလဲဟင် ဟု စိုးရိမ်မကင်းစွာဖြင့် အင်တာနက်မှာ မျက်တောင်မခတ်အား အနီးကပ်ကြည့်ရူ့ အားပေးခဲ့သော ဘိလပ်ပြည်မှ အစ်ကိုတော် တစ်ယောက်က သုံးသပ်သွားခဲ့ကြောင်း အမေရိကန်ရောက် မမကြိးမှလည်း သတင်းပေးပို့ခဲ့ပါသည်။
အကယ်ဒမီဆုများကို ပြန်ကြားရေးဝန်ကြီး ယမမင်းက ဆီပူအိုးသင်္ကေတ ရွှေစင်ရုပ်တုလေးများကို ပေးခြင်းဖြင့် လည်းကောင်း။ ခွေးသားရေပိုက်နဲ့ သတင်းစုဆောင်းရေးဝန်ကြိး သိကြားမင်းမှာ မိုးကြိုးတံဆိပ် ၀ရဇိန်ရွှေစင် ရုပ်တုလေးများကို အသီးသီး ပေးအပ်ပြီးသည်နောက် အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်သဲသဲဖြင့် အရသာပေါင်းစုံကို ပေးစွမ်းနိုင်သော လူမျိုးဘာသာမရွေး ကြည့်ရူနိုင်သော အကယ်ဒမီပေးပွဲကြီး အောင်မြင်စွာပြီးဆုံးကြောင်း ကြေငြာအပ်ပါသည်။
ပြောင်မြောက်စွာရေးသားသော မဆုမွန် အား ကျေးဇူးတင်ရှိပါကြောင်း
0 ဂျော်လီဆွေ ရဲ့နောက်ဆုံးခရီး
ကျော်သူ
ဂျော်လီဆွေ လည်သွားပြန်ပြီ'
ဦးဂျော်လီဆွေ (ဦးလတ်ဆွေ) ၏ ကိုယ်ရေးအကျဉ်း။
၁၉၅၀ - ခုနှစ် (အသက် -၂၀)အရွယ်တွင် ဒါရိုက်တာ ဒဂုံဆရာတင်၊ တွဲဖက် ဒါရိုက်တာ ဘိုကလေးတင့်အောင်တို့ စီစဉ်တင်ပြခဲ့သော "ငယ်ကျွမ်းဆွေ" ပြဇတ်တွင် မင်းသား ခင်မောင်မြင့်၊ မင်းသမီး တင်တင်မူတို့နှင့် တွဲဖက်ကာ "စန်းရီ" ဟူသောဇတ်ဆောင် နေရာမှ စတင်ပါဝင်ကာ အနုပညာလောကသို့ဝင်ရောက်ခဲ့ပါသည်။
ထိုကဲ့သို့ ပြဇတ်ကရင်းမှ ဒါရိုက်တာ ဦးချစ်ခင် ရိုက်ကူးသော (ကျော်ဆွေ + မြင့်မြင့်ခင်) တို့ခေါင်းဆောင်ပါဝင်သည့် "ချစ်ရေးမလွယ်" ရုပ်ရှင်ဇတ်ကားတွင် ဝင်ရောက်ရိုက် ကူးခဲ့ရာမှ ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာခဲ့သည်။
ထင်ရှားသော ရုပ်ရှင်ဇတ်ကားများမှာ ဒါရိုက်တာ ဘိုကလေးတင့်အောင်၏ "ဆောင်းတညဝယ်"၊ ဒါရိုက်တာ ဦးသုခ၏ "ဪမိန်းမ"၊ ဒါရိုက်တာ သာဓု၏ "ဗိုလ်ကာတွန်း" တို့ဖြစ်ပါသည်။ "ဟားဟားဟား" နှင့် "ဘာကားလဲ" ဇတ်ကားတို့တွင် ခေါင်းဆောင်မင်းသား အဖြစ်ပါဝင် ခဲ့သည်။ "မြတ်ပန်း ဝတ်ရီ" ဇာတ်ကားဖြင့် အကယ်ဒမီ တစ်ပေးခံခဲ့ရသည်။
ရုပ်ရှင်ဇတ်ကားပေါင်း (၂၀၀) ခန့် ရိုက်ကူးခဲ့သည်။ နောက်ဆုံးရိုက်ကူး ခဲ့သော ဇတ်ကားမှာ ဒါရိုက်တာ မီးပွါး၏ "ဆွေတစ်ရာ မောင်တစ်ကျိတ်" ဇတ်ကားဖြစ်ပါသည်။ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် စကားနပန်းအစီအစဉ်တွင်လည်း ပါဝင်ရိုက်ကူးထားခဲ့ပါသည်။ (မထုတ်လွှင့်ရသေး)
ရုပ်ရှင်နှင့် ဟာသသရုပ်ဆောင် ဦးဂျော်လီဆွေသည် အသက် (၈၀) အရွယ်တွင် ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီး (ဂျပန်ဆေးရုံကြီး)၌ ကျောက်ကပ်ရောဂါဖြင့် ၅-၂-၂၀၁၀ (သောကြာနေ့) ညနေ (၄:၂၅) နာရီတွင် ကွယ်လွန် အနိစ္စရောက်၍ ၆၂-၂၀၁၀ (စနေနေ့) ညနေ (၄:၀၀) နာရီအချိန်တွင် ကွယ်လွန်သူ၏ ဆန္ဒအရ ရေးဝေးသုဿန်၌ မီးသင်္ဂြုခဲ့ပါသည်။
ယခုလိုကမ္ဘာရင့် ဟာသသရုပ်ဆောင်ကြီး ဦးဂျော်လီဆွေ၏နောက်ဆုံး ခရီးသည်မြန်မာ့ ရုပ်ရှင်ထူးချွန် ဆုပေး ပွဲနှင့် တိုက်ဆိုင်နေပါ၍ အနုပညာသည် များလာရောက် ပို့ ဆောင်နိုင် ခြင်း မ ရှိ ခဲ့ ပါ ။နေ ပြည် တော် တွင် အား လုံး နီးပါးရောက်ရှိနေ ၍ ဖြစ်ပါ သည်။
သို့ ပါ၍ထင်ရှားသောဝါရင့်သရုပ်ဆောင်အနုပညာရှင်ကြီး၏ဈာပနမှာနေပြည်တော်တွင် ရောက်နေသော အနုပညာရှင်များကြောင့်ခြောက်ကပ်ငြိမ်သက်လျှက်ရှိသည်။ ဒါကြောင့် ကျော်သူ နှင့် သူ၏နာရေးကူညီမှု အသင်းသူ အသင်းသားများမှ အနုပညာသည်ကိုတန်ဖိုးထားသောအားဖြင့် ဝိုင်းဝန်း ကူညီ၍ ကျန်ရစ်သူသားများဖြစ်သော ထူးသာ ၊မောင်မောင်ဆွေ၊ညီဂျော် မိသားစု တို့ ကို တစ်တပ် တအား နှစ်သိမ့် မူ ပေး ခဲ့ ပါ သည်။
0 မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အကယ်ဒမီ ဆိုင်ရာ Web Portal စတင် လွှင့်တင်
Freedom News Group
မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲဆိုင်ရာများ သီးသန့် ကိုသာဖော်ပြမည့် http://www.academy.myanmarcgiaward.com ၀က်ဆိုက်ကို အကယ်ဒမီဆိုင်ရာ Web Portal တစ်ခုအဖြစ်စတင်လွှင့်တင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ၀က်ဆိုဒ်တွင် ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ တွင် ကျင်းပမည့် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲ စာရင်းဝင်ဇာတ်ကား ၁၀ ကား၏ ဗီဒီယို နမူနာများကို လွှင့်တင်ထားပြီး ဖြစ်ကြောင်းသိရှိရသည်။ လက်ရှိ လွှင့်တင်ထားသော အဆိုပါ ၀က်ဆိုဒ်တွင် ၂၀၀၈ ခုနှစ်အတွက် ဆန်ကာတင် စာရင်းဝင် ဇာတ်ကား ၁၀ကား အကြောင်းကို အသေးစိတ်ဖော်ပြ ထားသည့် Competion Award ကဏ္ဍ ၊ ဇာတ်ကား ၁၀ ကားမှ ဓာတ်ပုံများနှင့်
ဆုပေးပွဲ အခမ်းအနားမှ ပုံများကိုဖော်ပြမည့် Gallery ကဏ္ဍ ၊ ဆုပေးပွဲတွင် ဇာတ်ကား စာရင်းကို ဖော်ပြထားသည့် Background History ကဏ္ဍ ၊ ၀က်ဆိုဒ် တွင်ဖော်ပြထားသည့် အနုပညာရှင်များထံသို့ တိုက်ရိုက် e-mail ၊ ဓာတ်ပုံ ၊ e-card နှင့် ringtone စသည်တို့ ကို ပေးပို့နိုင်မည့်SubmissionFormကဏ္ဍများပါဝင်ကြောင်းသိရှိရသည်။
” ဇာတ်ကားတွေနဲ့ ပတ်သတ်လို့ ဝက်ဆိုဒ်ကို ၀င်ကြည့်သူတွေက Comment တွေဝင်ရေးနိုင်ပါတယ်။ဒါပေမဲ့ အပြုသဘော ဝေဖန်တာတွေပဲ ဖြစ်ရမှာပါ။ ပုဂ္ဂိုလ်ရေး ဝေဖန်တာမျိုးတွေမပါအောင် စိစစ်ပြီးမှ တင်ပေးမှာပါ “ ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားခဲ့သည်။
အဆိုပါ ၀က်ဆိုဒ်တွင် ပါဝင်သော ကဏ္ဍ အားလုံးကိုကြည့်ရှုသူများ အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ် ပေးထားပြီး Register,Log in ပြုလုပ်ရန် မလိုအပ်ပဲ တိုက်ရိုက်အသုံးပြုနိုင်ကြောင်း နှင့် ဗီဒီယိုများကို ကြည့်ရှု ရာတွင်လည်း လျင်မြန်စွာ ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
အဆိုပါ ၀က်ဆိုဒ်ကို MCGIA မှ တာဝန်ယူ လွှင့်တင်ပြီး TIME TO TIME ဂျာနယ် မှ သတင်းအချက်အလက် ဆိုင်ရာ media partner အဖြစ် ဆောင်ရွက်ထားကြောင်း သိရှိရသည်။
အဆိုပါ သတင်းအချက်အလက်များနှင့် တစ်ခြားသော IT နည်းပညာ ဆိုင်ရာသတင်း အချက်အလက်များအားလုံးကို https://www.timetotimeonline.com တွင်လည်း တိုက်ရိုက် ဖတ်ရှုနိုင်ပါသည်။
0 နအဖ၏ ဧရာဝတီမြစ်ဆုံဒေသ ဆည်စီမံကိန်းအား (၄၉) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ၌ ဆန္ဒပြကန့်ကွက်ကြ (အိန္ဒိယ)
0 မင်းဘာလဲ ?

စာနာ နားလည်မှု့တွေရဲ့  ကြားမှာ
ချစ်ခြင်းမေတ္တာ ဆိုတာပေါ်ထွက်တယ်။
စစ်ပွဲတွေရဲ့  ကြားမှာ
သူရဲကောင်းတွေပေါ်ထွက်တယ်။
ခေတ်ပျက်နေတဲ့ ကြားမှာ
တောကြောင်တွေပေါ်ထွက်တယ်။
တော်လှန်ရေးတွေ ကြားမှာ
အမျိုးသားခေါင်းဆောင်တွေပေါ်ထွက်တယ်။
အခွင့်အရေးတွေရဲ့  ကြားမှာ
သာကူးတွေပေါ်ထွက်တယ်။
အာဏာလုပွဲတွေရဲ့  ကြားမှာ
နိုင်ငံရေးသမားတွေပေါ်ထွက်တယ
အခက်အခဲတွေရဲ့  ကြားမှာ
မိတ်ဆွေစစ်တွေပေါ်ထွက်တယ်။
နာကျင်ဝမ်းနည်းမှုတွေရဲ့  ကြားမှာ
မျက်ရည်စက်တွေပေါ်ထွက်တယ်။
မင်းကရော .....
ဘယ်နေရာကနေပေါ်ထွက်မှာလဲ....
(ကိုကျော်သူ သို့ အမှတ်တရ.......)
ရဲရင့်နီ
(၅.၀၂.၂၀၁၀)
0 ကရင်စစ်ပြေး ဒုက္ခသည်များကို ထိုင်းက မြန်မာဘက် စတင်ပြန်ပို့

ခေတ်ပြိုင်
ထိုင်းအခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၇၀) ကျော်က ထိုင်းအစိုးရကို မေတ္တာရပ်ခံနေသည့်ကြားမှ ကရင်စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၃) စုကို ထိုင်းအာဏာပိုင်များက ယနေ့နံနက်တွင် အတင်းအကျပ် နေရပ်ပြန်ပို့လိုက်သည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည် (၁၀) ဦးပါဝင်သည့် မိသားစု (၃) စု ကို ဒေသခံလုံခြုံရေး တပ်ဖွဲ့ဝင်များက အတင်းအကျပ် မြန်မာဘက်သို့ ပြန်ပို့လိုက်ခြင်းဖြစ်သည်။
မျက်မြင်သက်သေ ဒုက္ခသည်တဦးက “ဒီမနက်အစောကြီးဘဲ ထိုင်းစစ်တပ် (ထာ့ဟန်ဖန်း) က သူတို့ကို အတင်းကားပေါ် တက်ခိုင်းပြီး ဟိုဘက်ကမ်းပြန်ပို့လိုက်တယ်၊ စခန်းထဲမှာလည်း အရပ်ဝတ်တွေနဲ့ ကရင်လိုတတ်တဲ့ ထိုင်းစစ်သားတွေက ဒုက္ခသည်တွေကို ပြန်ဖို့ လိုက်ပြီး ပြောဆိုနေတယ်” ဟု ပြောသည်။
ဒုက္ခသည်များက အန္တရာယ်ရှိသည့်အတွက် လောလောဆယ်တွင် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်းပြောပြီး ယာယီဒုက္ခသည် စခန်းအတွင်းမှာပင် ဆက်လက်နေထိုင်လျက်ရှိသည်ဟု သိရသည်။
ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “ဒီနေ့မနက် စခန်းထဲကို ယူအန်အိပ်ခ်ျစီအာက လူတွေလာတော့ သူတို့ နည်းနည်း ရှိန်သွားတယ်။ ယူအန်ကလူတွေ ရှေ့မှာတော့ ဆိုးဆိုးဝါးဝါးမလုပ်ရဲကြဘူး။ ဒီညကိုတော့ သတိထားရမယ်၊ ဒုက္ခသည်တွေ ကြောက်တာက ညဘက်ဖမ်းပြီး ပြန်ပို့မှာကိုကြောက်တယ်။ အခုအခြေအနေကတော့ ဒီလူတွေက နအဖ၊ ဒီကေဘီအေ ထက်တောင် ဆိုးနေတယ်၊ ကိုယ်ချင်းစာတရားမရှိဘူး” ဟု ပြောသည်။
ယနေ့နံနက်က နောင်ဘိုးယာယီဒုက္ခသည်များ၏ နေအိမ်များကိုလည်း အာဏာပိုင်များက ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ရာ လက်ကိုင်ဖုန်းတလုံးကို တွေ့ရှိသွားပြီး “မင်းတို့က ဒီဖုန်းတွေနဲ့ ယူအန်နဲ့သတင်းဌာနတွေကို သတင်းပေးနေကြတယ်” ဟုဆိုကာ သိမ်းဆည်းသွားသည်။
ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ရပ်ဆိုင်းပေးပါရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီအဖွဲ့က ယမန်နေ့က ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့သည်။
ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်ဆူလဖုံးက “ထိုင်းနိုင်ငံဟာ ငလျင်ဒဏ်ခံရတဲ့ ဟေတီနိုင်ငံကို ကူညီပြီး ကရင်ဒုက္ခသည်တွေကို မကူညီရင် ဝေဖန်ခံရမယ်။ သူတို့ကိုပြန်ပို့ရင် မြေမြှုပ်မိုင်းရှင်းလင်းတဲ့အချိန်ထိ စောင့်ဆိုင်းဖို့ လိုသလို ကူညီရေးအဖွဲ့တွေ စေလွှတ်ပြီး ဒုက္ခသည်တွေကို ဘေးကင်းရာမှာ စောင့်ရှောက်ထားဖို့လည်း လိုတယ်” ဟု ပြောကြားသည်။
KWO ၏ ပြောခွင့်ရပုဂ္ဂိုလ် နော်ဘလူးမင်းနိုက်ဇန်က “များပြားလှတဲ့ မြေမြှုပ်မိုင်းရှိတဲ့နေရာကို ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ ပြန်ပို့တာဟာ သူတို့ကို သေတွင်းထဲ ပြန်ပို့တာနဲ့အတူတူပါပဲ။ သူတို့ကိုပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းပြီး သူတို့ကို လုံခြုံတဲ့ နေရာမှာ ထားရှိဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။
အဆိုပါစစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်တပ်က ယနေ့ ဖေဖော်ဝါရီ (၅) ရက်မှ စတင်ကာ မြန်မာဘက်သို့ အပြီး ပြန်ကြရမည်ဟု အမိန့်ပေးထားကြောင်း ဒုက္ခသည်များက ပြောသည်။
ကရင်စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံပြန်ပို့မည့်အရေးကို အမေရိကန် လွှတ်တော်အမတ် (၂၇) ဦးကလည်း အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ထံ ဖေဖော်ဝါရီ (၄) ရက်နေ့စွဲဖြင့် လက်မှတ်ရေထိုးကာ စာရေးသားပေးပို့ခဲ့ကြသည်။
0 မြ၀တီကုန်သွယ်ရေးဇုံမှ အကောက်ခွန်ဝန်ထမ်းများ ၏ မိုက်ရိုင်းပုံများ
ဒီမိုသတင်းထောက်များသည် မယ်ဆောက်ဘက်ကမ်း ဘက်ကိုပင် မြင်နိုင်၍ မြ၀တီတွင်ရှိသော ကုန်သွယ်ရေးဇုံမှ အကောက်ခွန်နဲ့ စစ်တပ် ပေါင်း၍ ပြည်သူကို ညစ်နည်းပေါင်းစုံနှင့်ညစ်နေသည်ကိုတော့ အတွင်းကျကျ သိဖို့ ခဲယဉ်းပေလိမ့်မည်….
ထို့ပြင် ချစ်ကြည်ရေးတံတားတစ်ခုတည်း တွင်ပဲ ကုန်ပစ္စည်းများသွားနေသည်မဟုတ်ဘဲ..ငြိမ်းချမ်းရေးဂိတ် (၂၀) ကျော်မှ လည်း တရားမ၀င် ကုန်ပစ္စည်းစီးဆင်းနေပါသည်…ဒါတွေ အားလုံးသည် မြ၀တီမြို့ကိုကျော်ချင်လျှင် ဖြင့် ကျွန်တော်တို့ ကုန်သွယ်ရေးဇုံကို ဖြတ်ကိုဖြတ်ရပါတော့သည်…ထို ပြည်သူ၏ လုပ်စာကိုစားနေသော အကောက်ခွန်ဝန်ထမ်းများ ၏ မိုက်ရိုင်းပုံများကို ကျွန်တော် ပြောရလျှင်ကား ပြောမဆုံးအောင်ဖြစ်နေပါတော့မည်…ထို့ကြောင့် အပိုင်းခွဲ၍ အပိုင်း (၁) အနေနဲ့ မြ၀တီမြို့ရှို ကုန်သွယ်ရေးဇုံ ရှိ အတွင်းကျကျ သတင်းများကို ပို့ပေးလိုက်ပါသည်…
မြ၀တီကုန်သွယ်ရေးဇုံသည် တရားဝင်ရော၊ တရားမ၀င်ရော ကုန်ပစ္စည်းမျိုစုံ ဖြတ်သန်း ရာနေရာဌာနဖြစ်ပါသည်…နေ့စဉ် ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ် အစီး ၄၀၀ နီးပါးခန့်သည် ပြည်သူကို ဒုက္ခပေးနေသော ၀န်ထမ်းများကြားတွင် ကြုံသလို ထမင်းအိုးလေးမကွဲသွားအောင် အမျိုးမျိုး လုပ်ကိုင်နေရပါသည်…ထို ၀န်ထမ်းများ၏ ဒဏ်ကို မခံနိုင်သော ကားအစီး ၁၀၀ ခန့်သည် တောလမ်းကပင် သွားလာနေပါသည်…
တောလမ်းသည် ရင်းနှီးထားသော ပစ္စည်းများ အလွယ်တကူ ဆုံးရူုံးနိုင်သည်ကို ကားသမားကော ပစ္စည်းပိုင်ရှင်ကော မသိသည်မဟုတ် …..သိသည်ချည်းဖြစ်သည်…
ပြီးတော့ မောင်းရသည့်ကားလမ်းက မကောင်း၍ ပစ္စည်းများ မပျက်ဆီးအောင်လည်း ထိန်းမောင်းကြရပါသေးသည်…သူပုန်ပဲရန်ရှာမည်လား….စစ်တပ်ကပဲ သိမ်းမည်လား…
ဘယ်က လက်နက်ကိုင် တွေထွက်လာမလဲ….ပိုက်ဆံပေး၍ ရလျှင်တော့ တော်သေးသည်ပေါ့လေ……..
ထို့ထက်လည်း အခက်အခဲပေါင်းမြောက်မြားစွာရှိနေပါသည်.
တွေးစေချင်ပါသည်…မေးလျှင် မေးခွန်းတွေအများအပြားထွက်လာလိမ့်မှာ ဖြစ်သော်လည်းပဲ ဒီမေးခွန်းကို စာဖတ်သူဖြေစေချင်ပါသည်…ဒီကားတွေ ဘာကြောင့် ကုန်သွယ်ရေးဇုံက မသွားတာလဲ.....? ကုန်ပစ္စည်းတရားမ၀င်ဟုကြောင့်လည်း ပြောမ၇တော့ပြီ….အကောက်ခွန်ဝန်ထမ်းတွေ စားပိုးနင့်အောင်စား၍ တရားမ၀င် ကုန်ပစ္စည်းတွေကို သယ်ချင်တိုင်းသယ်လို့ရအောင် လုပ်ခဲ့သည်မှာလည်း သက်သေရှိနေသည်….ဒါဆိုရင် ဘာကြောင့် ကုန်သွယ်ရေးဇုံကို မဖြတ်တာလဲ….? ၀န်ထမ်းကို ပိုက်ဆံပေးလို့ ရ၍ မြတ်မည် အထင်ဖြင့် ကုန်သည် များသည် တရားမ၀င် ကုန်ပစ္စည်းများကို မြ၀တီဘက်သို့ သယ်ဆောင်လာခဲ့သည်….
တံတားထိပ်က စားပိုးနင့်အောင်စားသော အကောက်ခွန်သည် တံတားကိုပဲ တာဝန်ယူလေသည်….ကုန်သွယ်ရေးဇုံရှိအကောက်ခွန်ကျတော့ ပြည်သူမျက်ဖြူဆိုက်အောင် တော့ တနည်းနည်းဖြင့် လုပ်ရမည်လေ…ဘာကြောင့်လဲဆိုတော့ ၀န်ထမ်းအချင်းချင်း ညှိထားပြီးပြီလေ…..
အခုဆိုရင်တရားမ၀င်ပစ္စည်းတွေမြ၀တီမြို့ထဲမှာ အပြည့်အသိပ်ရှိနေပြီလေ…ကုန်သည် ဘယ်လိုပင်ဖြစ်စေ ကုန်သွယ်ရေးဇုံနှင့် တောလမ်း နှစ်ခုထဲက တစ်ခု ကိုရွေးကို ရွေးရမည်လေ…
ဘယ်ကုန်သည်မဆို ကုန်သွယ်ရေးဇုံကို ရွေးကြမည်သာဖြစ်ပါသည်…ဒီလို ဇုံကိုရွေးကြသည့်အကြောင်းကတော့ ကျွန်တော်ရှင်းမပြလည်း စာဖတ်သူသိပါလိမ့်မည်…
ဘာပဲဖြစ်ဖြစ် ဇုံဘက်က ဖြတ်သော ပစ္စည်းသည် အနည်းနှင့်အများတော့ အန္တာရယ်ကင်းသည်လေ….ဇုံထဲက ၀န်ထမ်း တွေ ပြည်သူကို ဘယ်လောက်တောင် ဒုက္ခပေးလိုက်ပါသလဲ……...?
ကျွန်တော်ပြောခဲ့သလိုပင် မြ၀တီကုန်သွယ်ရေးဇုံမှ ၀န်ထမ်းများသည် သူတို့ရှေ့မှောက်ရောက်လာသော သားကောင်ကို အလွတ်ပေးရိုးထုံးစံမရှိပါ…သူတို့အတွက် အသား၊ အဆီ ပေးခဲ့မှ စားဝင်၊ အိပ်ပျော်လေသည်…မဟုတ်မမှန်သည့်အလုပ်ကို အထက်ကော၊ အောက်ကော မကြိုက်သည့်ခေတ်တွင် ပေါ်တင်ကြီးတော့ လိုချင်သည့်အရာကိုမတောင်းရဲ…
ဘောင်ထဲကနေ တရားဝင်အောင်လုပ်ပြီး ဖြဲခြောက်မှ လိုချင်သည့်အရာသည် လိုရင်လိုသလောက် ထွက်လာမည်မဟုတ်ပါလား….ထို့ကြောင့် မသူတော်အချင်းချင်း ပေါင်းပြီး ရုပ်ရှင်ရိုက်လိုက်ပုံကတော့……………
နကသ ဗိုလ်မူးသိန်းထွန်း သည် ယာဉ်ကြီး၊ ယာဉ်ငယ် တွေကို စစ်ရာတွင် ယာဉ်ပေါ်ရှိပစ္စည်းသည် များသည်၊ နံသည် ဟု အမျိုးမျိုးအကြောင်းပြကာ…( ကျားနှာစေးနေပြီ ) ယာဉ်ပေါ်ရှိပစ္စည်းများကို စစ်ဆေးရေးဂိတ်အတွင်း ချခိုင်းခြင်း….ထုတ်ပိုးထားသောပစ္စည်းများကို တစ်စဆီလုပ်ပစ်ခြင်း….ချထားသောပစ္စည်းများကို ညနေ ၄ နာရီမှ ပြန်ပေးခြင်း….
ပြန်ပေးပြီး ပစ္စည်းများကို ဘာအကြောင်းပြချက်မှမရှိဘဲ မြ၀တီသို့ပြန်ယူသွားစေခြင်း….စသည့် ညစ်နည်းမျိုးစုံကို စာနှင့်ဖော်ပြလို့မရအောင် လုပ်ပါတော့သည်… မှတ်ချက် ( အဲဒီအချိန်တွင် ပစ္စည်းပိုင်ရှင် ဘယ်လောက် မျက်ဖြူဆိုက်နေမလဲဆိုတာ ကိုယ်ချင်းစာကြည့်ပါ )….
အဲလိုဆောင်ရွက်မူများကြောင့် ဘာတွေဆက်ဖြစ်လာပါသနည်း..ဆက်ဖတ်ကြည့်ပါ…
ဗိုလ်မူးသည် တစ်ခုကိုလို၍ တစ်ခု ကိုညစ်နေခြင်းသာဖြစ်သည်……ထိုအချိန်တွင် ကားဝင်းအတွင်းတွင် အကောက်ခွန်နှင့် နကသ တို့မှမွေးမြူထားသော မထသ ဂိတ်မှူးများ၊ ပွဲစားများ၊ ဈေးသည်များသည် အကောက်ခွန်အရာရှိနှင့် ချိတ်ဆက်ပေးကြပါသည်…..
ဒီလိုအကောက်ခွန်အရာရှိနှင့် ငွေကြေး ညှိနှိုင်းပြီးပါက ကားကို ၀င်ရောက်အစစ်ဆေးခံရာတွင် အလွန်လွယ်ကူပြီး ကုန်ပစ္စည်းချဖို့နေနေသာသာ ဒရိုင်ဘာလက်ပြလိုက်ရင် ပြီးပါပြီ….
အကောက်ခွန်အရာရှိ နှင့် ဘယ်လို ငွေကြေးညှိရပါသလဲ…. .? ယခင်က
၅၀၀၀ နှင့် ၁ သောင်းကြား ယူနေပြီးအဆင်ပြေနေကြသော အကောက်ခွန်အဖွဲ့သည် ယခုတွင်မူ အိုင်တင်ခံပါတော့သည်….ထို့ကြောင့် အဆင်ပြေစေခြင်းအလို့ငှာ ထပ်တက်သွားသည့် လာဘ်ငွေ ပမာဏကတော့ ၃ သောင်းမှ ၅သောင်းကြားဖြစ်လာတော့သည်…ဂိတ်မှူး၊ ပွဲစားများကြားခံရ၍်လည်း အားလုံးအဆင်ပြေစွာ ထွက်ခွာနိုင်ဖို့ကို ၈ သောင်းခန့် အကုန်ကျခံနေရပါသည်…
ဒီလို အဖွဲ့ ပေါင်းစုံလို့ခေါ်တဲ့ ၀န်ထမ်း ကို ဆက်သပြီးရင်တော့ ယာဉ်ခဗျာ အေးဆေးသွားလို့ရပါပြီ….
နောက်ဆုံးသတင်းများအရ အကောက်ခွန်အဖွဲ့သည် ကုန်သွယ်ရေးဇုံမှ မြ၀တီပိုက်ဆံလက်ခံရာဌာနများသို့ ပို့ပေးရန်အတွက် ဆိုင်ကယ်အငှားမောင်းသူတစ်ဦးကို ဂိတ်စာရင်းမှတ်သူအဖြစ် ဟန်ဆောင်နေခိုင်း၍ တစ်နေ့ ၂ သောင်းကျပ်နှင့် ငှားရမ်း ထားရပါလေသည်…အကောက်ခွန်ရုံးထဲတွင် လူကြီး လာရင် ပိုက်ဆံပုံကိုမြင်မှာစိုး၍ မနက် ၉း၀၀ နာရီင်္တွင် တစ်ကြိမ်၊ နေ့လည် ၁း၀၀ နာရီတွင်တစ်ကြိမ် တစ်နေ့နှစ်ကြိမ် ပြည်သူချွေးနှဲစာကို သူပိုင်ငွေအဖြစ် ပို့နေရပါသည် ခင်ဗျာ…………
ပေးပို့လာသော ကိုသီလအားကျေးဇူးတင်ရှိပါသည်။
0 နအဖကတရုတ်နဲ့ ရေနံပိုက်လိုင်းဖောက်ပြီး ကိုယ်ကျိုးအတွက် တိုင်းပြည်ရဲ့သံယံဇာတတွေထုတ်ရောင်း

မကြာမီအချိန်အတွင်းမှာ တရုတ်ပြည်ဟာ မြန်မာပြည်ကနေ ပိုက်လိုင်းနှစ်ခုနဲ့ ရေနံစိမ်းနဲ့ သဘာဝဓါတ်ငွေ့တွေကို ရယူတော့မှာဖြစ်တယ်လို့ သိရတဲ့အတွက် အဲဒီပိုက်လိုင်းနှစ်ခုအကြောင်းကို အနည်းငယ်ဖေါ်ပြလိုပါတယ်။
ပိုက်လိုင်းအမျိုးအစား
ပိုက်လိုင်းတစ်ခုဟာ ရေနံစိမ်းပိုက်လိုင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကကလာတဲ့ ရေနံစိမ်းတွေကို မြန်မာဆိပ်ကမ်းကနေတစ်ဆင့် တရုတ်ပြည်ကိုပေးပို့ဖို့ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တရုတ်ပြည်ဟာ ကျဉ်းမြောင်းတဲ့ မလက္ကာရေလက်ကြားပြဿနာကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
တရုတ်ပြည်ဟာ ဒီပိုက်လိုင်းကနေပြီး နှစ်စဉ်ရေနံစိမ်းတန်ချိန် ဆယ့်နှစ်သန်းခန့် ရယူနိုင်မှာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က တရုတ်ပြည် ရေနံစိမ်းတင်သွင်းမှုစုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းရှိပြီး တရုတ်ပြည်ကို နံပါတ်ငါးနေရာကနေ ရေနံစိမ်းအများဆုံးတင်ပို့နေတဲ့ ဆူဒန်နိုင်ငံရဲ့ တင်ပို့မှုပမာဏနဲ့ အတူတူနီးပါးလောက် ရှိမှာဖြစ်ပါတယ်။ ပိုက်လိုင်းဖွင့်လှစ်မယ့်ရက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။
ဒုတိယတစ်လိုင်းကတော့ မြန်မာ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြစ်ပြီး တရုတ်ပြည်ကို နှစ်စဉ် သဘာဝဓါတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ တင်ပို့နိုင်ဖို့ လျာထားပါတယ်။ နောက် ၂ နှစ်အတွင်းမှာ စတင်လည်ပတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
တည်နေရာ
ပိုက်လိုင်းနှစ်ခုစလုံးကို ရခိုင်ပြည်နယ်အနောက်ပိုင်း ကျောက်ဖြူဆိပ်ကမ်းကနေ အရှေ့မြောက်ဘက်မှာရှိတဲ့ မန္တလေးကိုဖြတ်ပြီး တရုတ်နယ်စပ် ရွှေလီအထိဆွဲမှာဖြစ်ပါတယ်။ ရွှေလီကနေပြီး ယူနန်ပြည်နယ်ရဲ့မြို့တော် ကူမင်းကိုဖြတ်ပြီး ချောင်ကင်းနဲ့ နန်ရင်းမြို့တွေအထိ ဆွဲမှာဖြစ်ပါတယ်။
ပါဝင်သောကုမ္ပဏီများ
ဒီပရောဂျက်ကို တရုတ်ပြည်ရဲ့အကြီးမားဆုံး ရေနံနဲ့သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ CNPC ကနေ ဦးဆောင်မှာဖြစ်ကြောင်း သိရပါတယ်။ CNPC က PetroChina ကနေ ပါဝင်မှာဖြစ်ပြီး PetroChina က မြန်မာပိုက်လိုင်းတွေကနေပြီး ကူမင်းမှာ တစ်နေ့ကို ရေနံစည်ပေါင်းနှစ်သိန်း ချက်လုပ်ဖို့လျာထားကြောင်း သိရပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံပိုင် Gail India က ၄% နဲ့ ONGC က ဂ-ဂ.၅% ပါဝင်မှာဖြစ်ကြောင်း အိန္ဒိယသတင်းများအရ သိရပါတယ်။
တောင်ကိုရီးယားရဲ့Daewoo International ကလုပ်နေတဲ့ အကွက်ထဲမှာပါဝင်တဲ့ အခြားပါတနာတွေကတော့Myanmar Oil and Gas Enterprise နဲ့ Korea Gas Corp တို့ပဲဖြစ်ပါတယ်။
ပရောဂျက်တန်ဖိုးနှင့် ခန့်မှန်းရငွေဘဏ္ဍာ
Shwe Gas Movement ရဲ့ခန့်မှန်းချက်အရ ပိုက်လိုင်းနှစ်ခုအတွက် ဒေါ်လာ ၃.၅ ဘီလျံခန့် ကုန်ကျဖွယ်ရှိကြောင်းသိရပါတယ်။ သဘာဝဓါတ်ငွေ့အတွက် ကမ်းလွန်ရေနံစင်များ ဆောက်လုပ်ဖို့ကလည်း ဒေါ်လာ ၃ ဘီလျံကျော်ခန့် ကုန်ကျဖွယ်ရှိပါတယ်။ သို့သော် သဘာဝဓါတ်ငွေ့ ရောင်းရငွေသက်သက်မှာတင် နှစ်သုံးဆယ်အတွင်းမှာ ၂၉ ဘီလျံခန့် ဘဏ္ဍာငွေဖြစ်ထွန်းဖွယ်ရှိတဲ့အတွက် စစ်အစိုးအရအတွက် အဓိကကျတဲ့ဝင်ငွေလမ်းကြောင်း ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
ကိုးကား
Factbox: Pipelines from Myanmar to China @ Reuters
မောင်သစ်စိမ်းအားကျေးဇူးတင်ရှိပါသည်။
0 ရှင်းတမ်း

ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။
မြန်မာလူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက်အနေအထာပင် ဖြစ်နေသေးသည်။ သူတို့ထံမှ တီးတိုးပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီးလုပ်သံများ၊ အတင်းအဖျင်းပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှုစကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက်ကောင်းဘူးတဲ့ . . . ဒါက သူတို့နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက်စကားများမှ စရတော့မည်။
လူအများစုသည် နာရေးကိစ္စများကို အယူသီးကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေတတ်တယ်၊ ထိခိုက်နစ်နာမယ်၊ ပျက်စီးဆုံးရှုံးတတ်၊ နိမိတ်မကောင်းမှုတွေ ဖြစ်တတ်တယ်ဟူ၍ ရှေးဘိုးဘေးဘီဘင် လက်ထက်ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။
လူတော်တော်များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ဟူသော အာရုံငါးပါးထဲတွင် နစ်မွန်းနေကြသည်။ မိမိကိုယ်မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ်နေကြသည်။
အမှန်မှာ . . . ရှင်သူ၊ သေသူတို့အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။
အဘယ့်ကြောင့်ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့်နေကြည့်လျှင် မိမိခန္ဓာမှ အပုပ်နံ့များထွက် လာမည်။ ဒွါဒခြောက်ပါးမှ အနံ့အသက်မျိုးစုံထွက်နေတော့
မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။
စဉ်းစားစေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူအိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့်ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံးနီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။
ဒါဆို . . . ကျွန်တော်မေးတော့မည်။
လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲမသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန်မသာများကြတော့ ဘာဖြစ်လို့ အိမ်ထဲသွင်းကြသနည်း။ သက်ရှိလောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့်အတွက် . . . နံနက်ဖက်ဈေးကပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သားစားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင်ဈေးဝယ်လာပြီး
ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း
လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ်စက်ပင် ဖြစ်တော့သည်။
တိရစ္ဆာန်မသာကျတော့ မိမိတို့ဝမ်းဗိုက်ထဲသို့ထည်
တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ်အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြနေတော့သည်။ အလောင်းလှအောင်လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းကဆံပင်ကိုဖြတ်၊ ခြေထောက်နှစ်ချောင်းကိုတုပ်
ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း . . . ။
တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ေ
သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်းဆွဲခိုင်းတော့သည
နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်ကမဝင်ရဘူးစသဖြင့် တားမြစ်သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ်ခေါင်းလာလှည့်တ
မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။
ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။
မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့တာဝန်ဖြစ်တော့သည်
ကျွန်တော် စကားလုံးများနှင့် ရှင်းပြရသည်မှာ များလှပါပြီ။ ထို့ကြောင့် . . . ယခုလူမှုရေးလုပ်ငန်း (နာရေးကူညီမှု) တွင် အယူသီးမှု၊ အရိုးစွဲမှု၊ အမှားကို လက်ခံနေမှုများကို တိုက်ဖျက်ကြသော သူရဲကောင်း လူပုဂ္ဂိုလ်များ၏ အကြောင်းအရာ၊ သက်သေခံဓာတ်ပုံများနှင့်တကွ
နံပါတ် (၁) ကိုချိုသန်း + မမိုးစန္ဒာ
သူတို့၏ မင်္ဂလာနေ့ရက်၊ မင်္ဂလာရှိသောအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်ခန်းမတ
နေ့ရက် ။ ။ ၉ - ၁၂ - ၂၀၀၆ ခုနှစ်
နေရာ ။ ။ မြောက်ဥက္ကလာပခန်းမ
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ တောင်ဒဂုံမြို့နယ်မှ ထားဝယ်ချောင်သုဿန်
မြောက်ဒဂုံမြို့နယ်မှ ထားဝယ်ချောင်သုဿန်သို့
နံပါတ် (၂) မောင်ပြည့်ဖြိုးအောင် + မနှင်းနွယ်ဝင့်
မင်္ဂလာနေ့ရက် ။ ။ ၆ - ၁ - ၂၀၀၇ ခုနှစ်
သူတို့၏ မင်္ဂလာနေ့ရက်၊ မင်္ဂလာရှိသောအချိန်၊ မင်္ဂလာရှိသောနေရာ ဆီဒိုးနားဟိုတယ်ကြီးတွင် ကျင်းပသော သူတို့ မင်္ဂလာဆောင်၏ဖိတ်စာထဲတွင် လက်ဖွဲ့မည့် ချီးမြှင့်ထောက်ပံ့မှုများကိ
(မှတ်တမ်းဓာတ်ပုံနှင့် နဂ္ဂတစ်ဖလင်များသည် နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသင်းအဆောက်အဦး ပျက်စီးမှုနှင့်အတူ ပါသွားပါ၍ ခွင့်လွှတ်ပါရန်။)
နံပါတ် (၃) ကိုသိန်းဇော် + မသန်းသန်းအေး
သူတို့လင်မယားသည်လည်း ရဲရဲတောက် လူမှုရေးသမားများပင် ဖြစ်တော့သည်။ သူတို့သည်လည်း ရေဝေးသုဿန်အနားရှိ နေအိမ်တွင် မင်္ဂလာပွဲကိုလုပ်၍ မင်္ဂလာရက်မြတ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လမ်းကြောင်းကို လိုက်လံကုသိုလ်ယူလုပ်အားပေး
နေ့ရက် ။ ။ ၂၈ - ၂ - ၂၀၀၈ ခုနှစ်
နေရာ ။ ။ ရေဝေးသုဿန်အနီးရှိ နေအိမ်
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ တောင်ဒဂုံမြို့နယ်မှ ကြည်စုသုဿန်
သုဝဏ္ဏမှ ရေဝေးသုဿန် (အအေးခန်း)
နံပါတ် (၄) ကိုဖိုးချို + မဝင်းဝင်းဇော်
သူတို့ဇနီးမောင်နှံသည်လည်း အယူသည်းမှုတိုက်ဖျက်ရေး ရဲရဲတောက်ဇနီးမောင်နှံပင် ဖြစ်သည်။ သူသည် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးခွဲတွင် မင်္ဂလာအခန်းအနားကျင်းပပြီး မင်္ဂလာရက်မြတ်တွင် ကုသိုလ်ဖြစ် နာရေး လိုက်လံပို့ဆောင်ခဲ့သည်။
နေ့ရက် ။ ။ ၁၈ - ၁၁ - ၂၀၀၇ ခုနှစ်
နေရာ ။ ။ ရေဝေးသုဿန်အနီး
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ ရန်ကုန်ဆေးရုံကြီးမှ ရေဝေးသုဿန်
နံပါတ် (၅) ကိုဘိုဘို + မပွင့်ဖြူနှင်း
သူတို့သည်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဝန်ထမ်းတစ်ဦးဖြစ်သည်။ သူတို့သည်လည်း မင်္ဂလာပေါ်မင်္ဂလာထပ်သည်နှင့်အည
နေ့ရက် ။ ။ ၁၁ - ၁၁ - ၂၀၀၉ ခုနှစ်
နေရာ ။ ။ ဗြဟ္မဝိဟာရစာသင်တိုက် (သင်္ဃန်းကျွန်း)
ကုသိုလ်ယူသည့်လမ်းကြောင်း ။ ။ ဂျပန်ဆေးရုံမှ ရေဝေးသုဿန်
မင်္ဂလာတောင်ညွန့်မှ ရေဝေးသုဿန်
ထို့ကြောင့် . . . သူတို့ . . . သူတို့သည် တစ်သက်တစ်ခါ မင်္ဂလာ၊ မင်္ဂလာပေါ်တွင် မင်္ဂလာထပ်သည့် တကယ့်မွန်မြတ်သည့် အလှူပွဲ၊ ကုသိုလ်ပွဲကို ဆင်နွှဲခဲ့ကြသူများ ဖြစ်တော့သည်။
သို့သော် . . . အောက်ပါဓါတ်ပုံအတိုင်း အယူသီးမှုများ၊ တားမြစ်မှုများ၊ ဟန့်တားမှုများ၊ တိုက်ခိုက်မှုများ၊ ဖျက်ဆီမှုများ ရှိနေဆဲပင်။
ဒါကြောင့် . . . ပြဒါးတစ်လမ်း . . . သံတစ်လမ်းဖြစ်နေမှုများကို
ကိုယ့်စိတ် . . . ကိုယ်စစ်
ကိုယ့်လမ်း...ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သမိုင်း...ကိုယ်ရေးကြ
မှားလား . . . မှန်လား
မှန်လား . . . မှားလား
မှားရင်ပြင်၊ မှန်ရင်ဆက်လုပ်ကြဖို့ လိုတယ်။
မည်သို့ဖြစ်စေကာမူ . . . ကျွန်တော်နှင့် ကျွန်တော်၏ သွေးသောက်များသည်ကား ဗိုလ်ချုပ်ရဲ့စကား၊ ဆရာတော်ကြီးရဲ့ သြဝါဒဆုံးမစကားအတိုင်း ရှေ့သို့ရဲရဲချီတက်ကြမည် ဖြစ်ကြောင်း။
“လောကဓံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်ကြောင
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏။
သို့သော် . . . ညွှတ်ကားမညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)
“လူ့ဘုံထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန်ပိတ်သည်း၊ ခရီးခဲ၌
စိတ်ဇွဲသန်သန်၊ နောက်မပြန်ဘဲ၊ ရဲမာန်ရဲဆေး၊ ရဲစိတ်မွေးလျက်၊ ရဲသွေးနီနီ
စီရရီဖြင့်၊ ဦးတည်မပျက်၊ ရှေ့သို့ဆက်လော့။”
(မဟာဂန္ဓာရုံဆရာတော်ကြီး၊ အမရပူရ)
ဒါကြောင့် . . . ဒါတွေ . . . ဒါတွေဟာ အားလုံးအတွက်
လူသားတိုင်းအတွက်
တစ်တိုင်းပြည်လုံးအတွက်
တကမ္ဘာလုံးအတွက်. . .
အယူသီးမှုတိုက်ဖျက်ရေး ရဲရဲတောက်
ရှင်းတမ်း ဖြစ်တော့သည်။
ကျော်သူ
0 2009 Oscars Documentary Feature ဆုမှာ Burma VJ စကာတင် ၅ ဦးစာရင်းထဲ ရွေးချယ်ခံထားရ

ရွှေဝါရောင်တော်လှန်ရေးအတွင်း DVB ပြည်တွင်းသတင်း ထောက်တွေ စွန့် စွန့် စားစား ရိုက်ကူးပေးပို့ ခဲ့တဲ့ footage တွေနဲ့ သူတို့ တွေအကြောင်း မှတ်တမ်းတင် ရိုက်ကူး ထားတဲ့ Burma VJ ရုပ်ရှင်ကို 2009 အော်စကာ Documentary Feature ဆုမှာ စကာတင် ၅ ဦးစာရင်းထဲ ရွေးချယ်ခံထားရပါတယ်..ဒီလင့်မှာ သွားရောက်ကြည့်ရူနိုင်ပါတယ်။
0 တောင်ကိုးရီးယားနိုင်ငံဆိုးလ်မြို့တွင်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်ဆန္ဒပြ

A supporter of Myanmar's pro-democracy leader Aung San Suu Kyi sets up a poster demanding the release of Suu Kyi near the Myanmar Embassy in Seoul, South Korea, Tuesday, Feb. 2, 2010. (AP-)
0 ဂျပန်နိုင်ငံရောက်တိုင်းရင်းသားအချင်းချင်းနွေးထွေးချစ်ခင်စွာနဲ့ ကျင်းပခဲ့တဲ့ ၆၃ နှစ်မြောက်မွန်အမျိုးသားနေ့အခမ်းအနား
သန့်မျိုးထွေး(moethaukkye)
ဂျပန်နိုင်ငံအခြေစိုက် ပုညကာရီမွန်အမျိုးသားအသင်းက ကြီးမှူးပြုလုပ်သည့် ၆၃ နှစ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားကို ဂျပန်ရှိမြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသည့်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်၍ ညီညွတ်ခြင်းကိုပြသသည့်အနေနှင့် နွေထွေးပျော်ရွင်စွာ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားကို နှစ်ပိုင်းခွဲ၍ကျင်းပြရာ ပထမပိုင်းတွင် မွန်အမျိုးသားအလံတော်နှင့်ကျဆုံးသွားသော မွန်ခေါင်ဆောင်များကို တညီတညွတ်တည်း အလေးပြု၍ မွန်အမျိုးသားသီချင်းကိုသီဆိုပြီး စတင်ခဲ့သည်။
"လွန်ခဲ့တဲ့အတိတ်ကာလတုန်းက ကျနော်တို့ရဲ့မွန်အမျိုးသားတွေ၊ ခေါင်းဆောင်တွေဟာ မွန်တို့ရဲ့စာပေနှင့် ယဉ်ကျေးမှုကိုပြန်လည်ရရှိဖိုနဲ့ မပျောက်ပျက်အောင်ကြိုးစားအားထုတ်ခဲ့တဲ့သူတွေအားလုံးကို အသိအမှတ်ပြုဖို့ရယ်၊ ကျနော်တို့ရဲ့ ဇာတိဂုဏ်၊ အမျိုးဂုဏ်တွေကို မမေ့ဖို့ရယ်ပေါ့၊ နောက်ကျနော်တို့ရဲ့ မွန်ခေါင်းဆောင်ကြီးတွေပေးထားခဲ့တဲ့ အမျိုးသားရေးစိတ်ဓါတ်တွေကို ရှင်သန်နိုးကြားဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့လုပ်တာပါ"ဟု အခမ်းအနား၏ သဘာပတိလည်းဖြစ်၊ ပုညာကာရီမွန်အသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမင်းမျိုးချစ်မှပြောပြသည်။
ဂျပန်နိုင်ငံတွင်ကျင်းပသော မွန်အမျိုးသားနေ့အခမ်းအနားကို ပုညကာရီမွန်အသင်း၏ မူဝါဒပေါ်လစီများကို ချမှတ်ပေးနေသည့် ပြည်တွင်းရှိမွန်ပြည်သစ်ပါတီမှ ဥက္ကဋ္ဌနိုင်ထော်မွန်မှပေးပို့သော မွန်အမျိုးသားနေ့ သ၀ဏ်လွှာကိုဖတ်ကြားခဲ့ပြီး မွန်အမျိုးသားသွေးစည်းညီညွတ်ရေးဗဟိုကော်မတီမှလည်း သ၀ဏ်လွှာကိုပေးပို့ခဲ့ကြသည်။
မွန်အမျိုးသားနေ့ဖြစ်ပေါ်ပုံနှင့်မွန်လူမျိုးတို့၏ သမိုင်းကြောင်းကို ကိုမင်းဝင်းတေဇမှ Power Pointဖြင့်ရှင်းလင်းတက်ဆက်ပြီး ဂျပန်ရှိ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းအသီးသီးနှင့် ဂျပန်အလုပ်သမားအဖွဲ့(APFS Union)မှ မစ္စတာယာမဂုချီမှ အမှာစကားပြောကြားပေးပြီး ပုညာကာရီမွန်အမျိုးသားအသင်း၏ဥက္ကဋ္ဌ ဦးမင်းမျိုးချစ်အား ဂျပန်ယဉ်ကျေးမှုထုံးစံအတိုင်း အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။
မြန်မာ့ဒီမိုကရေစီအဖွဲ့မှဦးကျော်ကျော်စိုးက "ဘယ်နိုင်ငံဘဲရောက်ရောက် သူ့စာပေနဲ့ ယဉ်ကျေးမှုဆိုတာရှိတယ်၊ ဂျပန်ရောက်လို့ ဂျပန်စာနဲ့စကားကို လေ့လာကြသလိုဘဲ မွန်တိုင်းရင်းသားတွေ အတွက် ကိုယ့်လူမျိုးရဲ့ အမျိုးသားရေးလဏ္ခာတွေမပျောက်ပျက်ဖို့ဆိုရင် မွန်စာပေနဲ့ ယဉ်ကျေးမှုကိုထိန်းသိမ်းဖို့လိုတယ်"ပြောကြားခဲ့သည်။
ပလောင်တိုင်းရင်းသားခေါင်းဆောင်ကိုမိုင်ကျော်ဦးမှ "ပလောင်လူမျိုးခွဲပေါင်း ၂၀ ကျော်ရှိတဲ့အထဲမှာ ပြောဆိုသုံးစွဲတဲ့ဘာသာစကားက မွန်ဘာသာစကားနဲ့ ၇၀ ရာခိုင်နှုန်း ကျော်နီးစပ်တယ်။ သမိုင်းအစဉ်အလာအရလဲ မွန်နဲ့ပလောင်ဟာ ယဉ်ကျေးမှုရော၊ ဘာသာစကားရောနီးစပ်မှုရှိတယ်၊ ဒီလို ၆၃ နှစ်မြောက် ကျင်းပတဲ့ မွန်အမျိုးသားနေ့အခမ်းအနားမှာ အမှာစကားပြောကြားခွင့်ရတဲ့အတွက် ၀မ်းမြောက်ဂုဏ်ပြုပါတယ်"ဟုပြောကြား၍ ပလောင်တိုင်းရင်းသားဝတ်စုံတစုံကို ဦးမင်းမျိုးချစ်အားပေးအပ်ခဲ့ပြီး မွန်အမျိုးသားဝတ်စုံတစုံကို ဦးမင်းမျိုးချစ်မှ ကိုမိုင်ကျော်ဦးအား ချစ်ခင်ရင်းနှီးစွာပြန်လည်ပေးအပ်ခဲ့ကြသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့်ပါတ်သတ်၍ ပြည်ပရောက်မွန်တိုင်းရင်းသား ခေါင်းဆောင်တဦးအနေနှင့် ကိုယ်ပိုင်အမြင်အရ လက်ခံယုံကြည်မှုမရှိပါကြောင်း မွန်တမျိုးသားလုံးအနေနှင့် "ကျနော်တို့ရဲ့ဦးဆောင်လမ်းပြနေတဲ့ မျိုးချစ်ခေါင်းဆောင်ကြီးတွေရှိတယ်၊ သူတို့ထုတ်ပြန်ထားတာက စစ်မှန်တဲ့ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုဖြစ်လာဖို့မရှိသေးသရွေ့ကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုလဲလက်ခံမှာမဟုတ်ဘူး၊ ၂၀၁၀မှာမလုပ်ဖြစ်လို့ ဘယ်တော့ဘဲလုပ်လုပ်လက်ခံမှာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မွန်တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ဘာမှသေချာပြဋ္ဌာန်းမထားတဲ့အတွက် ၂၀၀၈ အခြခံဥပဒေကို အခြေခံပြီးလုပ်တဲ့အတွက် ပဒေသရာဇ်စနစ်တုန်းကလို ကျနော်တို့မွန်တွေရဲ့ ဘာသာ၊ ယဉ်ကျေးမှုနဲ့လူမျိုးက တခါပြန်ပျောက်သွားဦးမှာဘဲ၊ အခြေခံဥပဒေကိုပြင်ဖို့ ကျနော်တို့တောင်းဆိုထားတဲ့အချက်တွေက ရွှေဂုံတိုင်ကြေငြာစာတမ်းနဲ့လဲထပ်တူဖြစ်နေတယ်၊ ဒီအခြေခံဥပဒေကို မပြင်မခြင်း ၂၀၁၀ ကိုကန့်ကွက်ရမှာဖြစ်တယ်"ဟု ၄င်းတို့သဘောထားကို ပြောပြသွားသည်။
အခမ်းအနားဒုတိယပိုင်းကို ဖျော်ဖြေရေးအစီအစဉ်ဖြင့်ကျင်းပခဲ့ကြပြီး မွန်ရိုးရာသီချင်း၊ အကနှင့် အငြိမ့်ဖျော်ဖြေခန်းများအပြင် တခန်းရပ်ပြဇာတ်များနှင့်ပါတက်ဆက်၍ တက်ရောက်လာသူများကို ဒန်ပေါက်ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။
ဂျပန်နိုင်ငံတွင် မွန်အမျိုးသားနေ့အခမ်းအနားကို ၁၉၉၂ ခုနှစ်မှစတင်၍ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်မှာ ၁၈ ကြိမ်မြောက်ဖြစ်ကြောင်းသိရပြီး တိုကျိုမြို့၊ အိုးရာမအရပ်ရှိ Green Hall တွင်ပြုလုပ်သည့်အခမ်းအနားသို့ ဂျပန်ရောက်တိုင်းရင်းသားများ၊ စိတ်ပါဝင်စားသူများနှင့် ဂျပန်လူမျိုးများအပါအ၀င် ၁၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း












