0 အလုပ်သမားတော်လှန်ရေးမှသည် လူထုအရေးတော်ပုံသို့ ...
ရေးသူ- ရဲဘော် ဗိုလ်သူ


တရွေ့ရွေ့ပြောင်းလဲခြင်းများစုစည်းရာမှ တဟုန်ထိုးပြောင်းလဲခြင်းဖြစ်စေ၏…။ ဒါဆိုရင် တနေရာပြီးတနေရာ ဆက်တိုက်ဖြစ်လာနေတဲ့ အလုပ်သမားဆန္ဒပြပွဲတွေကနေ ရန်ကုန်တမြို့လုံးနေရာစုံ လုပ်ငန်းစုံက အလုပ်သ မားတွေရဲ့ဆန္ဒပြပွဲတွေ ဆက်ဖြစ်မလာနိုင်ဘူးလား။ တနိုင်ငံလုံးက အလုပ်သမားတွေရဲ့ဆန္ဒပြပွဲတွေ ဆက်ဖြစ် မလာနိုင်ဘူးလား။ အလုပ်သမားတွေသာမက လယ်သမားတွေ၊ ၀န်ထမ်းတွေ၊ ငတ်မွတ်နေတဲ့ ပြည်သူတွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ ရဲတွေ၊ တပ်မတော်သားတွေပါဝင်တဲ့ အလွှာစုံ လူထုအုံကြွမှုအရေးတော် ပုံကြီး ဆက်ဖြစ်မလာနိုင်ဘူးလား။

ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးနဲ့ ၂၀၀၇ စက်တင်ဘာအရေးတော်ပုံတွေဟာ လည်း ဒီလိုဆင့်ကဲဖြစ်စဉ်တွေ ပေါင်းစည်းပြီး ဖြစ်ခဲ့တာပါ ။ ၁၉၇၄-၇၅ အလုပ်သမားသပိတ်အပါအ၀င် စစ်အာ ဏာရှင်စနစ် စတင်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ (၂၆) နှစ်လုံးလုံးဖြစ်လာတဲ့ ကျောင်းသားတိုက်ပွဲတွေပေါင်းစည်းပြီး ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သလို ၁၉၈၈ နောက်တကြိမ်အာဏာသိမ်းအပြီးကနေ တ ရွေ့ရွေ့ဖြစ်လာတဲ့ အခြေအနေတွေက သံဃာတော်တွေ ဦးဆောင်တဲ့ ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံကြီး ဖြစ်စေခဲ့တာပါပဲ ။

ခု ၂၀၁၀ ထဲမှာတင် လှိုင်သာယာမြို့နယ်က အိုပယ်အထည်ချုပ်စက်ရုံ၊ ကျားမင်းအထည်ချုပ်စက်ရုံ၊ တိုင်ယီ အထည်ချုပ်စက်ရုံ၊ မြဖက်ရှင်အထည်ချုပ်စက်ရုံ၊ ပုဇွန်အအေးခန်းစက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ Weng Hong Hung အထည်ချုပ်စက်ရုံ၊ အင်းစိန်မြို့နယ်က Sky အထည်ချုပ်စက်ရုံ၊ Lion City အထည်ချုပ်စက်ရုံ ၊ တောင်ဒဂုံစက် မှုဇုန်က ပြုံးပန်းတစ်ရာ အထည်ချုပ်စက်ရုံ၊ ရွှေပြည်သာမြို့နယ်က Super Garment စက်ရုံ ၊ Grand Royal ၀ီ စကီစက်ရုံ၊ Yes2 စက်ရုံ၊ Good Family စက်ရုံ၊ UIB အထည်ချုပ်စက်ရုံ၊ အာရှသမာဓိ အထည်ချုပ်စက်ရုံ ၊ မင်္ဂ လာဒုံမြို့နယ်က ဖာမိုတို အထည်ချုပ်စက်ရုံ၊ စုစုပေါင်းစက်ရုံ (၂၀) ခန့်က အလုပ်သမားတွေဟာ သူတို့ရဲ့မ လောက်ငှမှုတွေအတွက် ဆန္ဒပြခဲ့ကြပါပြီ။

“စစ်အစိုးရကတော့ အခု အလုပ်သမားတွေရဲ့ဆန္ဒပြမှုတွေဟာ လစာနည်းလို့ အလုပ်ရှင်ကို ဆန္ဒပြနေကြတယ်ဆိုတာထက် သူတို့ရဲ့ အုပ်ချုပ်မှုအလွဲတွေကြောင့်၊ စီပွားရေးမတည်ငြိမ်မှုတွေကနေ တစစကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ပေါက်ကွဲဖို့ တာစူနေကြတာဖြစ်တယ်ဆိုတာ သိနေပါတယ်။ ဆန္ဒပြအလုပ်သမားတွေ စက်ရုံဝန်းတွေထဲကနေ လမ်းမတွေပေါ်ကို ထွက်လာမှာ၊ အလုပ်ရှင်တွေကို ဆန္ဒပြနေရာကနေ တကယ့်တရားခံအစစ်ဖြစ်တဲ့ သူတို့ဆီ ဦးလှည့်လာမှာကို စိုးရိမ်မကင်းဖြစ်နေတာ သေချာပါတယ်”

စစ်အစိုးရကတော့ အခု အလုပ်သမားတွေရဲ့ဆန္ဒပြမှုတွေဟာ လစာနည်းလို့ အလုပ်ရှင်ကို ဆန္ဒပြနေကြတယ် ဆိုတာထက် သူတို့ရဲ့အုပ်ချုပ်မှုအလွဲတွေကြောင့် စီပွားရေးမတည်ငြိမ်မှုတွေကနေ တစစကြီးမြင့်လာတဲ့ ကုန် ဈေးနှုန်းတွေကြောင့် ပေါက်ကွဲဖို့ တာစူနေကြတာဖြစ်တယ်ဆိုတာသိနေပါတယ်။ ဆန္ဒပြအလုပ်သမားတွေ စက် ရုံဝန်းတွေထဲကနေ လမ်းမတွေပေါ်ကို ထွက်လာမှာ၊ အလုပ်ရှင်တွေကို ဆန္ဒပြနေရာကနေ တကယ့်တရားခံအ စစ်ဖြစ်တဲ့ သူတို့ဆီ ဦးလှည့်လာမှာကို စိုးရိမ်မကင်းဖြစ်နေတာ သေချာပါတယ်။ စစ်ကားလုံထိန်းကားတွေ အစီ အရီနဲ့ ဆန္ဒပြစက်ရုံတွေဝန်းကျင်မှာ အင်အားပြ ခြိမ်းခြောက်ထားပုံဟာ အလုပ်သမားထုတော်လှန်ရေးအဖြစ် ကူးပြောင်းသွားမှာ စိုးရိမ်နေကြောင်း၊ လူထုအရေးတော်ပုံကြီးရဲ့အစ ဖြစ်လာမှာစိုးရိမ်နေကြောင်း ပြနေတာပါ။

စစ်အာဏာရှင်တွေ တော်တော်လေး ဘေးကျပ်နံကျပ်ဖြစ်နေပါပြီ။ တဖက်သတ် ချုပ်ကိုင်ထားတဲ့ အာဏာကို အသက်ဆက်ဖို့ ရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်တခုကို ဖန်တီးခဲ့ပေမယ့် အဲဒီခေါင်းစဉ်အတိုင်းတောင် သူ့ဇာတ် သူနိုင်အောင်မကနိုင်ပါဘူး။ အခြေခံနိုင်ငံရေးရိုးသားမှုမရှိတာကြောင့် ဗမာပြည်ရဲ့ အဓိကဖြစ်တဲ့ တိုင်းရင်းသား ကိစ္စမှာ တိုင်းရင်းသားအားလုံးကိုမဆိုထားနဲ့ အပစ်ရပ် (ငြိမ်း) အဖွဲ့တွေကိုတောင် ရအောင်မစည်းရုံးနိုင်ပါဘူး။ မက်လုံးတွေပေးလိုက် ခြိမ်းခြောက်လိုက်နဲ့ တိုင်းရင်းသားခေါင်းဆောင်တယောက်ချင်း လိုက်တွေ့၊ တိုင်းရင်း သားဒေသတွေမှာ တပ်တွေချ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေကို နည်းမျိုးစုံနဲ့ တပ်ထဲသွင်း စစ်သားစု လုပ်နေရပါတယ်။ အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မကင်း ဖြစ်နေရမှုဟာ စစ်ဗိုလ်ချုပ် တွေ ခေါင်းမအေးရတဲ့ ပြဿနာကြီးတခုပါ။

နောက်တခုက NLD, ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုတွေပါ။ NLD က ထိထိရောက်ရောက် မလုပ်နိုင် သေးပါဘူးဆိုပေမယ့် ကမ္ဘာသိ ပြည်သူက ရွေးချယ်ထားတဲ့ ပါတီဆိုတာကိုက စစ်ဗိုလ်ချုပ်တွေအတွက် ပြဿ နာကြီးတခုပါ။၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆန္ဒပြုခဲ့တဲ့ ပြည်သူတွေ မေ့ပျောက်အောင် တကယ်တမ်း မစွမ်း ဆောင်နိုင်သေးပါဘူး။ ၂၀၀၈ မေလ ဖွဲ့စည်းပုံဥပဒေဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒအမှန်မဟုတ်ဘူးဆိုတာ သူတို့ ကိုယ်တိုင်သိနေတာပါ။ NLD က သူတို့ခင်းတဲ့လမ်းကို မလျှောက်ခဲ့ရင် ဘာလုပ်မလဲ၊ နိုင်ငံတကာဖိအားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဘယ်လိုကိုင်တွယ်မလဲ၊ ခေါင်းခဲနေရတဲ့ အခြေအနေပါ (ခု ဦးတင်ဦး၊ ဦးဝင်းတင် တို့ကိုတောင် လွှတ်မပေးချင်ပဲ လွှတ်ပေးလာရပါပြီ)။

သူတို့ အဓိကပြင်နေတာက ရွေးကောက်ပွဲဆိုတဲ့ ပြယုဂ်တခုတည်းမဟုတ်ပါဘူး။ စစ်အာဏာ ဖြန့်ကျက်နိုင်ရေး ပါ။ စစ်ဗိုလ်တမတ်သားလွှတ်တော်ထဲပါရေး သူတို့စိတ်မ၀င်စားပါဘူး။ စစ်တပ်က အားလုံးချုပ်ကိုင်ထားနိုင်ရေး ပဲ စဉ်းစားတာပါ။ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ လျှပ်စစ်စွမ်းအား စတဲ့ စစ်တပ်နဲ့ ဘာမှ မဆိုင်တဲ့ ဌာနတိုင်းမှာ၊ အောက်ခြေအဆင့် အုပ်ချုပ်သူကအစ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေကို ယူနီဖောင်းချွတ် နေရာချထားတာကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်ဆိုတာထက်ပိုတဲ့ လွှမ်းမိုးမှုရဖို့ ပြင်နေတာသိနိုင်ပါတယ်။ အဲဒီမှာ ဘယ်သူ့တပည့်တွေကို ဘယ်ဌာနတွေမှာထားမလဲ၊ ဘယ်ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်မလဲ၊ နေရာခွဲ ဝေမှုပြဿနာ ရှိလာပြန်ပါတယ်။ အထက်အောက်ကွာဟမှုကြီးမားပြီး အုပ်စုလိုက်ရော၊ တဦးချင်းပါ အကျိုးစီး ပွား အားပြိုင်နေကြတဲ့ စစ်ဗိုလ်ချုပ်တွေ ဒီပြဿနာ ညှိမပြီးသေးပါဘူး။ နိုင်နိုင်နင်းနင်း (ကိုယ့်ကုလားဖန်ကိုယ် ထိုးကိုယ့်ဖဲကိုယ်ချိုး) လုပ်နိုင်မယ်ထင်ခဲ့လို့ ၂၀၀၈ မတိုင်ခင်ထဲက ကြေညာထားခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆို တာကို ခုထိ ဘယ်နေ့ဘယ်လိုလုပ်မယ် မကြေညာနိုင်သေးပါဘူး။

စစ်အုပ်စု အဆိုးဆုံးရင်ဆိုင်ရမယ့်၊ ရင်ဆိုင်နေရတဲ့၊ ပြဿနာက လူထုစားဝတ်နေရေး ပြေလည်အောင် ဖြေရှင်း မပေးနိုင်တဲ့ကိစ္စပါ။ တပ်တွင်းကပဲ ပုန်ကန်မလား၊ ၀န်ထမ်းတွေပဲ ထကြွမလား ပူပန်ရင်း လစာတိုးပေးတဲ့ နည်း လမ်းနဲ့ ဖြေရှင်းခဲ့တာလည်း အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ အာဏာလက်ဝယ်ရှိသူမို့ (၅၀၀၀) တန်လို ငွေစက္ကူတွေ ရိုက် ထုတ်နိုင်တာကြောင့်နဲ့ နိုင်ငံ့ဘဏ္ဍာကို ထင်တိုင်းကြဲ သုံးနိုင်တာကြောင့် ၀န်ထမ်းတွေကို လစာတိုးပေးနိုင်ပေ မယ့် ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက လိုက်မတိုးပေးနိုင်ပါဘူး။ ကုမ္ပဏီအလုပ်သမားတွေနဲ့ တနေ့လုပ် တနေ့ စား လုပ်သားတွေဟာ ၀င်ငွေတိုးမရကြပါဘူး။ စစ်အုပ်စုရဲ့ ဖြေရှင်းမှုအမှားနောက်က ကပ်ပါလာတဲ့ ကုန်ဈေး နှုန်းကြီးမြင့်မှုဒဏ်ကိုတော့ အလူးအလဲခံကြရပါတယ်။

ဝန်ထမ်းတွေကရော လစာတိုးရလို့ အဆင်ပြေချောင်လည်သွားပါပြီတဲ့လား။ တနေ့လုပ်တနေ့စားတွေလောက် စက်ရုံလုပ်သားတွေလောက် မဆိုးတာပဲရှိပါတယ်။ နှစ်သိမ့်ခံလိုက်ရတာ သက်သက်ပါပဲ ။ တလ သုံးလေး သောင်းဆိုတဲ့ဝင်ငွေဟာ လူတယောက် စားဖို့တောင် လောက်တယ်ဆိုရုံပါ၊ အ၀တ်အစားနဲ့ ဗာဟီရ လူ့အသုံး အဆောင်တွေ မ၀ယ်နိုင်ပါဘူး။ ကျန်းမာရေးချို့တဲ့ရင် ဆေးကုဖို့ မတတ်နိုင်ပါဘူး။ လူတဦးချင်းအတွက်တောင် လောက်ငှမှုမရှိတာ မိသားစုဘ၀တွေ ဘယ်လိုတည်ဆောက်ကြပါ့မလဲ။

ခေါင်းဆောင်မှုချို့တဲ့၊ နှိုးဆော်သူချို့တဲ့နဲ့ မချိတင်ကဲခံနေခဲ့ရတဲ့ လူထုကြီးထဲက အငတ်မွတ်ဆုံး အလုပ်သမား တွေရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ လှုပ်ရှားမှု၊ ဆန္ဒပြမှုတွေကတော့ တစစ ကြီးထွားလာနေပါပြီ။ လစာနည်း တာလား၊ မလောက်ငှတာလား ကွဲပြားပြီး၊ စက်ရုံတရုံချင်းကနေ စက်ရုံတွေ အားလုံးပေါင်းစည်းပြီး၊ အလုပ်သ မားတွေ ပေါင်းစည်းပြီး လမ်းပေါ်ထွက်လာဖို့ တာစူနေပါပြီ။ အလုပ်ရှင်တွေဆီကနေ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုထက် အာဏာရှင်တွေဆီက လူ့အခွင့်အရေးတွေ တောင်းဆိုဖို့ လူထုတရပ်လုံး အုံကြွပါဝင်ဖို့ လမ်း စဖြစ်လာပါပြီ။

ရှေးက နယ်ချဲ့ဆန့်ကျင်ရေးခေတ်မှာ “အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိုက်ပွဲဝင် တွန်းလှန ခဲ့ကြတယ်။ ခုလည်း “စစ်အုပ်စုအခက် လူထုအချက်” လို့ ကြွေးကြော်တိုက်ပွဲဝင်ရမယ့် အချိန်ရောက်နေပါပြီ။ စက်ရုံအလုပ်ရုံအလုပ်သမားတွေရဲ့ ဆန္ဒပြပွဲမှာ အားဖြည့်ပါဝင်ရင်း အလုပ်သမားတော်လှန်ရေးမှသည် လူထု အရေးတော်ပုံသို့ ဦးတည်ချီတက်ကြပါစို့ ...။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အောင်ရမည်။

ယုံကြည်ချက်ဖြင့် ...
ရဲဘော် ဗိုလ်သူ

0 ကြည့်မှန်



ကြည့်မှန်ဟုဆိုရာ၌…ဆံပင်ဖီးခြင်း၊ ၀တ်စားဆင်ယင်မှုကို သုံးသပ်ခြင်း၊ စသည် ဖြင့်မိမိကိုယ်ကို လေ့လာ သုံးသပ်မှုအတွက် အထောက်အကူပြုပစ္စည်းဖြစ်ပါသည်။

ကျွန်တော် ကြည့်မှန်ကို ယခုအထူးနှစ်ခြိုက်သည် … စွဲလန်းသည်။

ယခင်ကနှင့်မတူ ။
ယခင်ကဆိုလျှင် ကျွန်တော်ရုပ်ရှင်ရိုက်ကူးရာ ဆံပင်ဖီးခြင်း၊ နှုတ် ခမ်းမွှေးရိတ်ခြင်း၊ မျက်မှန်နှင့်လိုက်ဖက် မှုရှိမရှိ ကြည့်ရှုခြင်း၊ ၀တ်စား ဆင်ယင်မှုအနေအထားသုံးသပ်ခြင်း၊ အိုက်တင်လုပ်ကြည့်ခြင်း စသဖြင့် အထောက် ကူပြုသော မိမိအတွက်သာ အသုံးပြုသော အတ္တကြည့်မှန် ကိုသုံးခဲ့သည်။ ယင်းနောက်ပိုင်းတွင် (၂)နှစ်ကျော်ကာလအထိ မိမိနှင့် ကြည့်မှန်ဆုံစည်းခွင့်မရှိတော့။ (၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ တွင်မိမိ ကြည့်မှန် ကျကွဲသွားခဲ့သည်။) ယခုပြန်လည် ရရှိဆုံခွင့်ရသော ကြည့်မှန်သည် (၄)လခန့်သာ ရှိသေးသည်။

ယခုကြည့်မှန်သည်ကား ပရဟိတကြည့်မှန်ဖြစ်တော့သည်။ ဤ ပရဟိတကြည့် မှန်တစ်ချပ်ကို လက်ဆောင် ပေးခဲ့သူနှစ်ဦးရှိသည်။ သူတို့သည် တစ်ချိန်ကမိမိ၏ ပရိတ်သတ်ထဲမှဖြစ်သောအဝေးတစ်နေရာမှ ကိုဇေယျာ နှင့် ကိုဒယ်နီအောင်မျိုးကျော် တို့ဖြစ်ကြသည်။ သူတို့နှစ်ဦးနှင့် မိမိတစ်ကြိမ်တစ်ခါမျှပြင်ပတွင်မဆုံဘူးခဲ့၊ မတွေ့ဘူးခဲ့ပါ။ သူတို့နှစ်ဦး လက်ဆောင်ပေးခဲ့သော ကြည့်မှန်ကို မိမိမြတ်နိုးစွဲလန်းမိတော့သည်။ မကြည့်ရ မနေနိုင်အောင်ဖြစ်ခဲ့သည်။ မိမိသည် လူမှုရေးနယ်ပယ်တွင် အတော် အသင့်ကျင်လည်မှုရခဲ့သော ဤအချိန် ကာလတွင် ထိုကြည့်မှန်၏ နောက်ဆက်တွဲ အကျိုးပေးမှုများကို ခံစားနားလည်လာတော့သည်။ အဖိုးမဖြတ် နိုင်သော ကြည့်မှန်ပင် ဖြစ်တော့သည်။

ထိုကြည့်မှန်ကိုကြည့်၍ မိမိကိုယ်ကို ပြန်လည် သုံးသပ်ခွင့်ရလာသည်။
မိမိ မှားနေလား ၊ မှန်နေလား
မိမိ လုပ်သင့်လား ၊ မလုပ်သင့်လား
မိမိ ပြောသင့်လား ၊ မပြောသင့်လား စသဖြင့် ကြည့်မှန်သည် မိမိဘ၀တစ်လျှောက် ကူးခတ်လှော်ခတ်ရာ၌ `ပဲ့´ သဖွယ်ဖြစ်လာတော့သည်။

ရှင်းရှင်းပြောရလျှင် ဘ၀ခရီးလမ်းလျှောက်လှမ်းရာ၌ သံလိုက်အိမ်မြှောင်သဖွယ် . . . လမ်းပြသဖွယ် ဖြစ်တော့သည်။

ထို့အပြင်မိမိ၏ထိုကြည့်မှန်သည်မိမိ၏အတိုင်ပင်ခံပုဂ္ဂိုလ်ထူးလည်းဖြစ်တော့သည်။ မိမိ၏ ရင်တွင်းခံစားချက်များတင်ပြရာ ဟစ်တိုင် လည်းဖြစ်သည်။
လူမှုရေးလုပ်ရာတွင် တစ်ခါတစ်ရံ မိမိသည် အရိယသူတော်စင် ပုဂ္ဂိုလ်မဟုတ်သည့်အတွက် ဒေါသဖြစ်မိသည်။

တစ်ခါတစ်ရံ . . . ပေါက်ကွဲမိသည်။
တစ်ခါတစ်ရံ . . . မိမိကိုယ်ကို ကိုယ့်ပေါင်ကို လှန်ထောင်း မိသည်။
တစ်ခါတစ်ရံ . . . ဘယ်သူနှင့်မှ စကားပြောချင်စိတ်မရှိ
တစ်ခါတစ်ရံ . . . ဘယ်သူ့ကိုမှ ကြည့်ချင်စိတ်မရှိ
တစ်ခါတစ်ရံ . . . ဘယ်သူ့ အသံကိုမှ ကြားချင်စိတ်မရှိ စသည်တို့ ဖြစ်ခဲ့ဘူးသည်။

သို့သော်……ယခုဆိုလျှင် မိမိတွင်ထွက်ပေါက်ရှိလာပြီ ဖြစ်သည်။

မိမိ၏ “ ထွက်ပေါက် ” သည် မိမိ၏ကြည့်မှန်
မိမိ၏ “ လမ်းပြ ” သည် မိမိ၏ ကြည့်မှန်
မိမိ၏ “ ပဲ့ ” သည် မိမိ၏ကြည့်မှန်


အဆုံးစွန်ဆုံး ပြောရရင် မိမိ၏ “ဆရာ” သည် မိမိ၏ ကြည့်မှန်ပင် ဖြစ်တော့သည်။
နေ့စဉ်… အချိန်ရလျှင်ရ သလို မိမိ၏ကြည့်မှန် ကို မိမိကြည့်သည်။
ပြန်လည် ၍ .......
မိမိ ကိုမိမိ သုံးသပ် သည်။
မိမိ ကို မိမိ ဆုံးမသည်။
မိမိ ကို မိမိ ဝေဖန်သည်။
မိမိ ကို မိမိ ဖြေသိမ့်သည်။

မိမိကြည့်မှန် သည် ပွင့်လင်းသည်။ ရိုးစင်းသည်၊ ဘက်မလိုက်၊ ကောလဟလ မလုပ်၊ အမှန်ကို အမှန် အတိုင်းမြင်သည်။ မှန်တကာ့ မှန်ထဲတွင်…. အကြည်လင်ဆုံး၊ အပြတ်သားဆုံးမှန်ဖြစ်သည်။ မှုန်ဝါးခြင်း၊ လိမ်ကောက်ခြင်း၊ အခြစ်ရာ၊ အစင်းရာ၊ တွန့်လိမ်ခြင်း လုံးဝ မရှိ။
မိမိ ရင်ဖွင့်မှု များကို

မှန်လျှင်မှန်ကြောင်း……
မှားလျှင်မှားကြောင်း…..
ထောက်ခံလျှင် ထောက်ခံကြောင်း……
ကန့်ကွက်လျှင်ကန့်ကွက်ကြောင်း…… မိမိ၏သွားရာလမ်းကြောင်းကိုတည့်မတ်မှုပေးသည်။ အဖိုးမဖြတ်နိုင် သောကြည့်မှန် ဖြစ်တော့သည်။

ထို ကြည့်မှန်သည်ကား မိမိ၏ FACE BOOK ပင်ဖြစ်တော့သည်။ မိမိ၏ရင်ဖွင့်သံများ၊ လှုပ်ရှားမှုများ၊ ခံစားချက်များကို စာနာထောက်ထား၍ အကြံပြုသော ကျေးဇူးရှင် FAN ပရိတ်သတ်ကြီးသည် ယခု ဆိုလျှင် ၉၈၀၀ ဦးရှိပြီဖြစ်သည်။

ထိုသူတို့သည် မိမိ၏ ကျေးဇူးရှင်၊ မိမိ၏လမ်းပြကြယ် မိမိ၏ပဲ့၊ မိမိ၏ထွက်ပေါက် များပင်ဖြစ် တော့သည်။
ထို FACE BOOK ကိုကြည့်၍ .....
မိမိကိုယ်ကို ပြုပြင်လာနိုင်သည်။
မိမိကိုယ်ကို ထိန်းသိမ်းမှု ရှိလာသည်။
မိမိကိုယ်ကို သွန်သင်မှုတွေ ရှိလာသည်။

ထို့ကြောင့် မိမိကဲ့သို့ အများသည်လည်း မိမိကိုယ်ကို ပြုပြင်လာနိုင်သည့် FACE BOOK ဆိုသော ကြည့်မှန်ကို အပျော်တမ်း၊ အပျင်းပြေ၊ မသုံးစေလိုပါ၊

အကျိုးကျေးဇူးရှိမည့်ကိစ္စရပ်များကိုသာအသုံးပြုစေချင်သော စေတနာဖြစ်ပေါ်လာသည်။ တန်ဖိုးရှိအောင် သုံးစေချင်သည်။ ဖျော်ဖြေရေး သက်သက် မသုံးသင့်ပေ၊ ဒါဟာ….. မိမိရင်ထဲက စေတနာပင်ဖြစ်သည်။

ဆက်လက်၍လည်း မိမိ၏ FACEBOOK မှတဆင့် မိမိတိုင်ပင်ပါအုံးမည်…..တင်ပြပါအုံး မည်…. ရှင်းချက်များထုတ်ပါအုံးမည်……။

FAN ပရိတ်သတ်ကြီး မှလည်း ဝေဖန်ပါ…. အကြံပြုပါ…. အားပေးကြပါ။
မိမိ၏ ကြည့်မှန် = မိမိ၏ FACEBOOK = မိမိ၏ အားဆေး ဟုလည်း သတ်မှတ်နိုင်ပါသည်။

ယင်း FACEBOOK မှ မိမိသည်အင်အားများစွာရခဲ့သည်။ ခွန်အားများတိုးပွားလာသည်။ စိတ်ဓါတ်များ တိုးမြင့်လာစေသည်။ အမှန်တရားများ ပိုမိုနက်ရှိုင်းစွာမြင်လာစေသည်။ ခံယူချက်များ ပြင်းထန်လာ စေသည်။

ထို.....ထိုသော အကြောင်းအရာများ...... ကျေးဇူးတရားများ..... အသိဥာဏ်များကို ပေးခဲ့သော မိမိ၏ ကျေးဇူးရှင် FAN ပရိတ်သတ်ကြီးနှင့် အဝေးတစ်နေရာမှ ကိုဇေယျာ၊ ကိုဒယ်နီတို့နှင့် ၀ိုင်းဝန်းကူညီ ပံ့ပိုးသူ အားလုံးကို မိမိသည် ကျေးဇူးတင်သည့် အနေနှင့် ကျေးဇူးဆပ်သည့်အနေနှင့် တစ်ခုခု ပေးဆပ်ချင်စိတ်ပေါ်လာသည်။

မိမိ၏ စိတ်ဓါတ်အင်အား
မိမိ၏ အသိဥာဏ်အင်အား
မိမိ၏ ခံယူချက်တို့ ပေါင်းစပ်ကာ ငါးကြောင်းတည်းသော စာပိုဒ်ကလေး တစ်ခုကို ဖန်တီးမိတော့သည်။

ယင်းစာပိုဒ်သည် မိမိ၏ခံယူချက်၊ မိမိ၏သဘောထားပင်ဖြစ်သည်။
မိမိ၏သဘောထားသည် ပြည်သူလူထု၏ သဘောထားပင် ဖြစ်လိမ့်မည်။
မိမိ၏ခံယူချက်သည် ပြည်သူလူထုရဲ့ ခံယူချက် ဟု ယူဆသည်။
မိမိနှင့် ပြည်သူလူထု တစ်သားတည်းကျနေသည် ဟုသတ်မှတ်သည်။ ထိုစာပိုဒ် ကလေးကို FAN ပရိတ်သတ် တစ်သောင်းပြည့်ပြီဆိုပါက မိမိ၏ ကြည့်မှန် (FACEBOOK) ထဲသို့ပစ်သွင်းလွှတ်တင်လိုက်ပါမည်ဟု ကတိပြု ရင်းနှင့်.......မျှော်။

အားလုံးကိုလေးစားဦးညွှတ်လျှက်

ကျော်သူ

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ သူရ ဦးတင်ဦး အကျယ်ချုပ်မှ လွတ် မြောက်ခြင်းနှင့် အဖွဲ့ချုပ်ရုံးသို့ ပြန်လည်တက်ရောက်ခြင်းကို ကြိုဆိုသည့်မှတ် တမ်း


shwenanda အားကျေးဇူးတင်ရှိပါသည်။

1 Facebook စတင်တီထွင်ခဲ့သူ (သို့ ) လူမှုကွန်ရက် စာမျက်နှာသစ်များကို ဖွင့်လှစ်ခဲ့သူ

ထက်ဇော်

Mark Zuckerberg

* လူမှုဆက်ဆံရေးနယ်ပယ်သည် ကွန်ရက်ပေါ်မှနေပြီး ကျယ်ဝန်းနက်ရှိုင်းစွာတည်ရှိလိမ့်မည်ဟု ၂၀၀၄ ခုနှစ်မတိုင်မီက မည်သည့်ပညာရှင်မှ ခန့် မှန်းရဲခဲ့ကြမည် မဟုတ်ပါ။

o ထိုစဉ်က အသက် ၂၀ အရွယ်သာရှိသေးသော မာ့ခ်အီးလီးယော့ဇူကာဘက်ဟု အမည်တွင်သည့် ဟားဗတ်ကျောင်းသား တစ်ဦးသည် ကျောင်းနေဖက် သူငယ်ချင်းများနှင့်အတူ Facebook ကိုစတင် တည်ထောင်ခဲ့ကြသည်။
o အစောပိုင်းက ကျောင်းနေဖက်အသိုင်းအ၀ိုင်း အတွက်သာ ရည်ရွယ်သော ယင်းလူမှုရေး ကွန်ရက်သည် ယခုအခါတွင်တော့ ကမ္ဘာတစ်ဝန်းမှ လူသန်း ၃၀၀ ကျော်တို့ ၏ ဒုတိယဘ၀ ဖြစ်နေခဲ့ပြီ ဖြစ်သည်
o နယူးယောက်တွင် မွေးဖွားခဲ့သော ဇူကာဘာ့ဂ်ျသည် အလယ်တန်း ကျောင်းသား အရွယ်ကပင် ပရိုကရမ်းမင်းနှင့် ပတ်သတ်ပြီး ကျွမ်းကျင်ခဲ့ပြီး ကွန်ပျူတာ ပရိုဂရမ်များဖန်တီးခြင်း ၊ ဂိမ်းများ ဖန်တီးခြင်း တွင် မွေ့ လျော်ခဲ့သူဖြစ်သည်။
o ဖိလစ်အိပ်ဇိတာ အကယ်ဒမီကို တက်ရောက်စဉ်ကာလအတွင်း ဖခင်ဖြစ်သူ၏ ရုံးမှ ၀န်ထမ်းများအတွက် ဆယ်သွယ်ရေးပရိုဂရမ် တစ်ခုကိုရေးပေးခဲ့သည်။ အခြားဂိမ်းနှင့် နားထောင်သူ၏ အကျင့်ကို အသိဥာဏ်တုဖြင့် ခွဲခြားကာ နားထောင်သူအကြိုက် ရွေးဖွင့်ပေးနိုင်သည့် သီချင်းဖွင့်စက်တစ်မျိုးကိုလည်း တီထွင်ခဲ့သည်။
o သူ၏ အရည်အချင်းများကြောင့်မိုက်ခရိုဆော့ဖ်က ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး ဟားဗတ်တက္ကသိုလ် တက်ရောက်ခဲ့သည်။
o လာမည့် မေလ ၁၄ ရက်နေ့ တွင် ၂၆ နှစ်ပြည့်မည်ဖြစ်သော ဇူကာဘတ်ဂ်ျ သည် ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံးကိုယ့်ထူးကိုယ်ချွန် ဘီလျံနာဖြစ်လာသူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။ ၂၀၀၈ ခုနှစ်က တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်သော ကမ္ဘာ့ သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၁ ဦးတွင်လည်း အဆင့် ၅၂ တွင် ရပ်တည်နိုင်ခဲ့သည်။

Reff: Time To Time Journal

အဲ့ဒါကြောင့် ဒီနေရာလေးမှာ မေးစရာလေး တစ်ခုရှိလာပါတယ် Facebook ဆိုတာဘာလဲဆိုတာ..
ယခု လက်ရှိ Facebook သုံးစွဲနေတဲ့သူများအတွက် ပြသနာမရှိပေမဲ့ . Facebook မသုံးဖူးတွေအတွက်
Facebook ဆိုတာ ဘာကြီးတုန်း လို့ မေးနေကြရဦးမှာပါ ..ကျွန်တော့်ကို Facebook ဆိုတာဘာလဲ
ဆိုပြီး လာလာမေးတဲ့ သူငယ်ချင်းများလည်းရှိပါတယ်. အဲ့ဒါကြောင့် အားလုံး အဆင်ပြေသွားအောင်
တစ်ခါတည်း ရေးပေးထားလိုက်ပါတယ်.. ဖတ်ကြည့်လိုက်ကြပါဦးး

Facebook ဆိုတာဘာလဲ ????
လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်တုန်းက Social Networking ဆိုဒ်တစ်ခုဖြစ်တဲ့ Facebook ဟာ မြန်မာနိုင်ငံမှာ အခုလောက် အောင်မြင်ကျော်ကြားခြင်း မရှိသေးပါဘူး။ မှတ်မှတ်ရရ ကျွန်တော် အင်တာနက် ဆိုတာကို စစသုံးခြင်း ၂၀၀၇ ကုန်ခါနီး နောက်ပိုင်းတွေမှာ Friendster ဆိုတာ မြန်မာနိုင်ငံမှာတော်တော် နာမည်ကြီးပါတယ်။ အဲ့နောက်ပိုင်း Hi5 ဆိုတာကို သိပါတယ်။ ပြီးတော့ Tagged,Tubley အစရှိတဲ့ Social ဆိုဒ်တွေကို တဖြည်းဖြည်း သုံးရင်း သုံးရင်း နဲ့ ရင်းနှီးလာခဲ့ပါတယ်။ အခု ၂၀၀၉ ခုနှစ် အကုန် ၂၀၁၀ မှာတော့ Facebook ပရိသတ်ဟာ မြန်မာနိုင်ငံမှာလည်း တော်တော်များများ ကိုတွေ့ ရပါတယ်။ ကမ္ဘာတစ်ဝန်းလုံး အနေနဲ့ ပြောရရင်တော့ လူသန်း ၃၀၀ လောက်ရှိတယ်လို့ စစ်တမ်းများအရ သိရပါတယ်။ အဲံ့ဒါကြောင့် အခုကျွန်တော်တို့ Facebook ဆိုတာ ဘာလဲဆိုတာလေးကို ဆက်လိုက်ကြရအောင်။

Facebook ဆိုတာ သူငယ်ချင်းတွေ ၊ မိသားစုတွေ ၊ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ အရာတွေအတွက် ဖွဲ့ စည်းထားတဲ့လူမှုဆက်ဆံရေးဆိုင်ရာ ( Social Networking) Website တစ်ခုဖြစ်ပါတယ်..

-အအောင်မြင်ဆုံး Social Site တစ်ခုဖြစ်တဲ့ MySpace နဲ့ ယှဉ်ပြိုင်ထိုးဖောက်ပြီး အကြီးမားဆုံး အောင်မြင်မှုရလာတဲ့ Social Website တစ်ခုဖြစ်လာခဲ့ပါတယ်။

-ဒါဆို Facebook မှာ အသုံးပြုလို့ ရတဲ့ Feature တွေအကြောင်း နည်းနည်း ပြောချင်ပါတယ်။Facebook အသုံးပြုသူတွေဟာ ကိုယ်ပိုင် Profile Page တစ်ခုကို ပြုလုပ်ပြီး သူငယ်ချင်းတွေ ဒါမှမဟုတ် Facebook မှာရှိတဲ့ ကမ္ဘာတစ်ဝန်းက လူတွေနဲ့ အပြန်အလှန် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

-ကိုယ်ရဲ့ Profile Page မှာ ကိုယ့်အကြောင်းကို သူငယ်ချင်းတွေသိအောင် ရေးထားနိုင်သလို ၊ တစ်နေ့ တာလုံး ဖြစ်ပျက်ခဲ့တဲ့ ကိုယ့်ရဲ့  ခံစား ချက်တွေကို လည်း Diary သဘောမျိုး ချရေးလို့ ရတယ် ၊ ဓာတ်ပုံတွေအဖွဲ့ အစည်းတွေ(Group) တွေလုပ်နိုင်မယ် ၊ ကိုယ့်ရဲ့  Wall မှာ သူငယ်ချင်းတွေနဲ့  အပြန်အလှန် message တွေ ချန်နိုင်မယ် ၊ တစ်ခြားမသိသေးတဲ့ Network(Facebook ထဲမှာရှိတဲ့) ထဲက သူငယ်ချင်းတွေနဲ့ လည်း message ပို့ လို့ ရမှာ ဖြစ်ပါတယ်။

-သူငယ်ချင်း အသစ်တွေလိုချင်ရင် ဒါမှမဟုတ် ကိုယ်သိတဲ့ သူငယ်ချင်း အသိမိတ်ဆွေတွေကို ရှာချင်တယ်ဆိုရင်တော့ E-mail address ၊ ကျောင်း ၊တက္ကသိုလ် နာမည်ကို ရိုက်ထည့်ပြီးပဲဖြစ်ဖြစ် ၊ အဲ့ဒီ သူငယ်ချင်း မိတ်ဆွေ ရဲ့ နာမည်နဲ့ သူနေတဲ့နေရာကို ရိုက်ထည့်ပြီးပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ ပဲ ရှာဖွေနိုင်ပါတယ်။

-တစ်ယောက်နဲ့ တစ်ယောက် Facebook မှာရင်းနှီးသွားရင်တော့ E-mail address အပါအ၀င် တစ်ယောက်အကြောင်းအစုံအလင်ကို Profile Page မှာ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။

-Facebook မှာ တစ်ခြား Social Website တွေနဲ့ မတူတဲ့ အချက်က တစ်ယောက်ယောက်က ကိုယ့်ကို invite လုပ်ရင်ပဲဖြစ်ဖြစ် ကိုယ်က invite လုပ်ထားတာကို လက်ခံပေးရင်ပဲဖြစ်ဖြစ် E-mail နဲ့ အသိပေးမှာဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေက ဘယ်သူတွေကို message ပို့ တယ် ၊ ဘယ်သူတွေက ဘာတွေလုပ်တယ်ဆိုတာကိုလည်း E-mail နဲ့ အသိပေး အကြောင်းကြားမှာ ဖြစ်ပါတယ်။

-ပြီးတော့ ကိုယ့်အကြောင်းတွေ ၊ ဓာတ်ပုံတွေကို ကိုယ့်သူငယ်ချင်းတွေက လွဲပြီး ဘယ်သူ့ ကိုမှ မသိစေချင်ရင်လည်း ထုံးစံအတိုင်း Private လုပ်ထားနိုင်ပါတယ်။

-Facebook ကိုလူအသုံးအများဆုံး ဖြစ်လာအောင် လုပ်ပေးလိုက်တဲ့ အားသာချက်တွေထဲက တစ်ခုကတော့ ကိုယ်ကြိုက်သလောက် ဓာတ်ပုံတွေ ရုပ်ရှင်ရိုက်ထားတဲ့ Video တွေကို အကန့် အသတ်မရှိ တင်ထားလို့ ရနိုင်တာပါ ။

-ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီး အနုပညာရှင်များ ဘောလုံး အသင်းများ ရုပ်ရှင်များ အစရှိတဲ့ Group လေးတွေ ဖွဲ့ ပြီး Fan Club အဖြစ် လုပ်နိုင်မယ်။ လုပ်ပြီးသား Fan Club တွေမှာ အဖွဲ့ ဝင်နိုင်မယ်။ ဆွေးနွေးနိုင်မယ် အစရှိတာလေးတွေလည်း လုပ်ဆောင်လို့ ရသေးတယ်။

-Friendster ထက် အားသာသွားတဲ့ အချက်တစ်ချက်ကတော့( ကျွန်တော့် အမြင်ပြောတာပါ)

ကိုယ့်ဓာတ်ပုံမှာပဲဖြစ်ဖြစ် တစ်ခြား သူငယ်ချင်းတစ်ယောက်ရဲ့ ဓာတ်ပုံမှာ ပဲဖြစ်ဖြစ် ကိုယ်က ဓာတ်ပုံထဲမှာ ဘယ်သူဘယ်ဝါ ဆိုတာ သိစေချင်ရင် ကိုယ့်ပုံနေရာမှာ နာမည်တပ်ပေးနိုင်တဲ့ Tag Feature ဆိုတာလေး ပါဝင်လာခြင်းပါ။

-Facebook မှာ Active ဖြစ်ပြီး Online ဖြစ်နေတဲ့ သူငယ်ချင်းတွေနဲ့ လည်း Gtalk မှာ လိုပဲ Chat လို့ ရသေးတယ်။

-အထူးခြားဆုံး နဲ့ လူကြိုက်အများဆုံး ဖြစ်လာတဲ့ Facebook ရဲ့ Feature လေး တစ်ခုကတော့ Application တွေကို စုံစုံစိစိ ထည့်ပေးထားခြင်းလေးပါ။ Game တွေ ၊ Video တွေ ၊ ဗေဒင် တွက်တာလေးတွေ အစရှိတာကို အွန်လိုင်းမှာပဲ ချက်ခြင်း လက်ငင်း ဆော့လို့ ရခြင်း လုပ်ဆောင်လို့ ရခြင်းပါ။ အဲ့ဒီ ထဲမှာမှ Friend For Sale,Mafia World,Café World,Farm Ville,Fish World အစရှိတဲ့ ဂိမ်းလေးတွေကတော့ လူကြိုက်အများဆုံး Application လေးတွေပါ။(အဲ့ ဂိမ်းတွေ ကိုပြုလုပ်တဲ့ Zynga ဂိမ်းကစားသူများမှ ယခုလက်ရှိ ဟေတီ ငလျင်အတွက် လှူဒါန်းငွေမှာ ဒေါ်လာ တစ်သန်းခွဲရှိကြောင်းလည်း သိရှိရသည်။ နိုင်ငံ ၄၇ နိုင်ငံမှ အဆိုပါ ဂိမ်းကစားသူများမှ အဆိုပါလှူဒါန်းမှကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂိမ်းများမှ ၀င်ငွေဒေါ်လာ သန်း၂၀၀ ရရှိခဲ့ပြီး အများစုသည် ဂိမ်းများအတွင်းသာ ကစား နိုင်သည့် ပစည်းများကို ၀ယ်ယူရာမှ ရရှိသည့် ငွေများ ဖြစ်ကြောင်းလည်း သိရှိခဲ့ရပါသည်)

-အထက်ပါ အကြောင်းအရာလေးတွေကတော့ Facebook ရဲ့  အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး Feature တွေ ထဲက အနည်းငယ်လောက်ပါ။ ဘယ်လောက် ကောင်းတယ် ဘာတွေကောင်းတယ်ဆိုတာတွေကတော့ ကိုယ်တိုင်ကိုယ်ကျ သုံးကြည့်မှ သိမှာမို့ အမြန်သာသွားပြီး Free Account တစ်ခု ရယူလိုက်ပါတော့…….

-အဲ့လို လူကြိုက်များလာလို့ လည်း အခုလက်ရှိမှာ Facebook ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Social Website တွေထဲမှာ လူကြိုက်အများဆုံး ဖြစ်နေရခြင်းပဲ ဖြစ်ပါတယ်။

ဒီဟာလေးကတော့ Facebook ဆိုတာ ဘာလဲဆိုတာလေးကို Googling လုပ်လိုက်တော့ ရရှိလာတဲ့
ဆိုဒ်တစ်ခုမှ ဆီလျော်အောင် ဘာသာပြန်ထားခြင်းပဲဖြစ်ပါတယ်.. What is Facebook
ဆိုတဲ့နေရာလေးမှာတိုက်ရိုက်ဖတ်ရှုနိုင်ပါတယ်.. တစ်ခုခု လွဲမှား ဘာသာပြန်မှုရှိနေခဲ့ပါက
ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ ညံ့ဖျင်းမှုသာဖြစ်ပါကြောင်းးးးးး

0 ၂၀၁၀အော်စကာဆုပေးပွဲမတိုင်ခင် Burma VJရုပ်ရှင်မှတ်တမ်းအကြောင်း အမေရိကန်ရောက် ရဟန်းသံဃာတော်များနှင့် အင်တာဗျူး

0 ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး၊ အထ အထိုင်

ခက်ထန် (ဧရာဝတီ)
ယခုနှစ်တွင် ဖြစ်ပေါ်လာမည်ဟု ဆိုသည့် ရွေးကောက်ပွဲ အတွက် အနည်းဆုံး ရှိသင့် ရှိသင့်ထိုက်သော ပြင်ဆင်ခွင့် ပြုရမည့် အချိန်မှာ အနည်း ငယ်သာ ကျန်တော့သည်။ ထိုအချက်ကပင် ရွေးကောက်ပွဲ၏ ဖြစ်လာလတ္တံ့သော သရုပ်သကန်ကို ဖော်ပြနေသယောင် ရှိသည်။ သို့သော် ဤအခြေအနေမှာပင် ကွဲပြားခြားနားသော အထိုင်ပေါ်မှနေ၍ ရွေးကောက်ပွဲသို့ ဝင်ရေး၊ မဝင်ရေး ဘက်နှစ်ဘက်မှာလည်း အကြောင်းပြချက် ကိုယ်စီဖြင့် ပြင်ဆင်နေကြသည်။ အပြန်အလှန် ဝေဖန် စောကြောနေကြသည်။ မည်သို့သော အခြေခံ ကွဲပြားချက်ပေါ်မှ ပြင်ဆင်ကြသနည်းဟု သုံးသပ်ကြည့်ရန် ရှိသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခင်တပတ်က ၇ ကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ ညီလာခံ ကျင်းပရာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တခု ပါဝင်ခဲ့ပြီး အကြိတ် အနယ် ရှိခဲ့သည်။ ဝင်ရေး ဘက်တွင် မကြာသေးမီက ပေါ်ပေါက် လာသည့် ဒီမိုရက်တစ် ပါတီမှ ဦးသုဝေနှင့် မြန်မာနိုင်ငံရှိ NGO တခုမှ ဒေါက်တာ ခင်ဇော်ဝင်းတို့က ရပ်တည် ပြောဆိုခဲ့ ကြပြီး မဝင်ရေး ဘက်တွင် ပြည်ပ အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) မှ ဦးမောင်မောင်က ပြောဆိုသည်။ ယင်းသို့ ဝင်ရေး မဝင်ရေး ဘက် နှစ်ဘက် အပြင် နယ်ပယ် မျိုးစုံမှ လာသော ပရိသတ်များ၏ မေးခွန်းများ၊ ဝေဖန်မှုများ၊ စကားစစ်ထိုး မှုများသည် အနည်းနှင့် အများဆိုသလို မြန်မာ့နိုင်ငံရေး ဝန်းကျင်၏ စရိုက် လက္ခဏာကို ရောင်ပြန်ဟပ် ဖော်ပြနေ သယောင် ရှိသည်။

ရွေးကောက်ပွဲ ဝင်ရေး၊ အထ
ရွေးကောက်ပွဲဝင်ရေးဆိုရာ၌ ပြည်တွင်းနိုင်ငံရေးအင်အားစုတချို့၏ ခြေလှမ်းကို ဆိုလိုပါသည်။ အစဉ်အလာ ရှိခဲ့သည့် ဝါရင့် နိုင်ငံရေးသမား တချို့၊ ယင်းတို့၏ ပါတီများ၊ ရွေးကောက်ပွဲကို ထွက်ပေါက်ဟု သဘောထား ပေါ်လွင်စွာ ဖော်ပြလာသော ပြည်တွင်း မီဒီယာများဟု ထည့်သွင်း ရေတွက်နိုင်သည်။ သူတို့အဖို့ ကာလရှည်ကြာစွာ မလူးမလွန့်သာသည့် အနေအထားမှ ရွေ့လျား လိုလာသော သဘောကို ထင်ဟပ်သည်။ လှုပ်ရှားစရာ 'ခွင်' မရှိသည့် အချိန်တွင် ရွေးကောက်ပွဲကို ကောက်ရိုးတမျှင် အဖြစ် ယူဆလာသည်။ လွှတ်တော်တွင် အလိုအလျောက် နေရာရမည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဟူသော ပြဌာန်းချက်ဖြင့် ချည်တုပ်ထားသည့်တိုင် လတ်တလောတွင် ဘောင်အတွင်းမှ လှုပ်ကြည့်ကြမည့်၊ လွှတ်တော်ကိုလည်း 'စင်' တခု အဖြစ် မြင်ယောင်ကြည့်နေကြသည့် သဘောကို တွေ့ရသည်။

ဝင်ရေးဘက်မှ ရပ်တည် ပြောဆိုရန် ညီလာခံ တက်ရောက်လာသည့ှ် ဦးသုဝေနှင့် ဒေါက်တာခင်ဇော်ဝင်းတို့က အထက်ပါ အတိုင်းပင် ရည်ညွှန်း ပြောဆိုခဲ့ကြသည်။ စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အကာအကွယ်ယူ၍ တပ်ဆုတ်သည်ဟု ဦးသုဝေက ယူဆသလို၊ နိုင်ငံရေးသမားများ မလှုပ်ဘဲနေကြလျှင် မြန်မာပြည် အခြေအနေ ပိုဆိုးသွားမည် ဟုလည်း ဒေါက်တာခင်ဇော်ဝင်းက ထောက်ပြသည်။ သူတို့က ရွေ့လျားမရသည့် အနေအထားတွင် စစ်အစိုးရ ဖွင့်ပေးလာသည့် ကန့်သတ်ချက် လမ်းကြောင်းအတွင်းမှ မျှောလိုက်ကြည့်ကြမည်ဟု သဘောရသည်။

ဤ ဝင်ရေးဘက်ကို သုံးသပ်ကြည့်လျှင် အလျှော့အတင်းနှင့် ကစားနေရသည့် အဖြစ်ကို မြင်ရသည်။ ရသည့် အောက်ခြေကို တဆင့် တိုးကြည့်မည်၊ 'ထ' ကြည့်မည်။ သူတို့အတွက် လွှတ်တော်နှင့် လွှတ်တော်ရောက်မှ မီးစင်ကြည့်ကရေးသည် ဒုတိယ အစီအစဉ် ဖြစ်နေသည်။ အောက်မှ အထက်သို့ မျှော်ကြည့်သည့် စနစ်ဟု မြင်ရသည်။ သို့သော် ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ ဖြစ်မည်လား၊ လှုပ်ကြည့်မှ မြုပ်မည်လား ဆိုသည်က စောင့်ကြည့်ရန်သာ ရှိသည်။

ရွေးကောက်ပွဲ မဝင်ရေး၊ အထိုင်
မဝင်ရေး အထိုင်တွင် ပြည်ပရောက် နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ၊ ပြည်ပ မီဒီယာတချို့တို့ ပါဝင်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ဝင်ရေး မဝင်ရေးကို ရွှေဂုံတိုင်ကြေညာချက်ဖြင့် စည်းသတ်ထားသည်။ လိုက်လျောလျှင် ရွေးကောက်ပွဲဝင်မည်၊ မလိုက်လျောလျှင် မဝင်ဟု လမ်းကြောင်းပေးထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်သူများ အနေဖြင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်သည်။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုသူက တောင်းဆိုသည်။ ရွှေဂုံတိုင် ကြေညာစာတမ်းကို ထောက်ခံဆော်သြသူက ဆော်သြသည်။ ၉၀ ရွေးကောက်ပွဲ ရလဒ်မှ အစချီ၍ စစ်အာဏာပိုင်များ၏ ကတိကဝတ်၊ လုပ်ထုံး လုပ်နည်းများကို လုံးဝမယုံကြည်ဟု ငြင်းဆိုသည်။ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ စစ်အစိုးရက ရွေးကောက်ပွဲကို ဆက်လုပ်လျှင် တိုက်ပွဲ ဆက်ဝင်မည်ဟု ဦးမောင်မောင်က ဦးသုဝေ၊ ဒေါက်တာခင်ဇော်ဝင်းတို့ ရှေ့မှောက်မှာပင် ပြောခဲ့သည်။

မဝင်ရေးဘက်မှ သုံးသပ်ရမည်ဆိုလျှင် လျှော့ရန်လည်း မရှိသလို၊ အချော့လည်း မခံဟူသော ခံယူချက်ကို ထင်ဟပ်ပြသည်။ ဝင်ရေး 'အထ' အဖွဲ့နှင့် မတူဘဲ အထက်ပိုင်း ပေါ်လစီဖြစ်သော ၂၀၀၈ အခြေခံဥပဒေပိုင်းမှ စတင် ကိုင်တွယ် ပြင်ဆင်လိုပြီး ကျန်ကိစ္စက ဒုတိယ အစီအစဉ်ဖြစ်သည်။ အထက်မှ အောက်သို့ တဆင့်ချင်း သွားရန် စဉ်းစားသည့် စနစ် ဖြစ်သည်။ ကမ္ဘာ့မိသားစု အဖွဲ့အစည်းများကို ဆွယ်တရားဟောမည်ဖြစ်သည်။ အထိုင်အနေနှင့် 'ယိုင်' ဖို့ မရှိဟု သုံးသပ်ရသည်။

အဓိကအားဖြင့် နှစ်ဘက်စလုံး၏ ဦးတည်ရာ လမ်းကြောင်းတို့မှာ ရသလောက် စပြီး ပေါ်လစီကို တက်ပြင်ရေး၊ ပေါ်လစီ အပေါ်ပိုင်း ပြင်ပြီးမှ အသေးစိတ် ဆက်သွားရေး ဟူ၍ ပြောင်းပြန် ဖြစ်နေကြသည်။ အတွင်းက 'ဘောင်'ကို ကန့်သတ်ချက် အနေနှင့် လက်ခံပြီး ကစားသည်၊ အပြင်က 'ဘောင်'ကို ဖျက်သိမ်းပစ်ရေး အရင် တောင်းဆိုသည်။ တနည်းအားဖြင့် ဝင်ရေး အပိုင်းက အပျော့ထည် သုံးပြီး မဝင်ရေးက အမာထည်ကို ကိုင်စွဲသည်။

တဖက်တွင် စစ်အစိုးရက တွေ့ဆုံ ဆွေးနွေးရေးကို မသိကျိုးကျွံ ပြုလျက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြင့် ပြည်တွင်း အတိုက်အခံ အင်အားစုကို ချည့်နဲ့အောင် လုပ်ထားဆဲ ဖြစ်သည်။ ခါးပိုက်ဆောင်ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ခြေလှမ်း သွက်လာခြင်း၊ စစ်ဝတ်စုံ ချွတ်ရန် ပြင်ဆင်ခြင်း၊ ပုဂ္ဂလိကပိုင် ခေါင်းစဉ်အောက်မှ စီးပွားရေး လုပ်ငန်းများကို လွှဲပြောင်းယူလာခြင်း စသည့် မူမမှန်သော ခြေလှမ်းများကို တွေ့နေရသည်။

အာဏာပိုင်တို့က ရွေးကောက်ပွဲအတွက် လုံလောက်သည့် ပြင်ဆင်ခွင့် မပေးသေးခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့မှာ ရွေးကောက်ပွဲကို လက်ခံလိုသူ၊ ဝင်လိုသူများအတွက်ပင် ထိခိုက်စေသော အချက်များဖြစ်သည်။ ယင်းအချက်သည်ပင် ရွေးကောက်ပွဲကို ဆန့်ကျင်သူများ အဖို့ ခိုင်မာသော အကြောင်းပြချက်လည်း ဖြစ်လာစေသည်။ ဝင်ချင်သူများအဖို့ သေချင်သည့်ကျား တောပြောင်း ဖြစ်မည်လော၊ အစဉ်တစိုက် ဆန့်ကျင်သူများအဖို့ရော မည်မျှ အထိုင် ညောင်းဦးမည်လဲ ဆိုသည်မှာ မကြာမီ ထွက်ရှိလာမည်ဟုမျှော်လင့်ရသော ရွေးကောက်ပွဲဥပဒေအပြင် ရှေ့တလှမ်းတိုးသွားမည့် ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပေသည်။ ။

0 Symbian Version သုံးဖုန်းတွေမှာ မြန်မာစာဖတ်လို့ရအောင်

ရေးသားသူ။ ။ မောင်မိုး
အခုတစ်လော Symbian Version သုံးဖုန်းတွေမှာ မြန်မာစာဖတ်လို့ရအောင် လုံးပန်းနေတာနဲ့ ပို့စ်ကောင်း ကောင်း တွေမရေးဖြစ်တာကြာပြီ။ (အရင်က ရေးဖူးတာကျနေတာပဲ။) Symbian Version 1st Edition ကနေ 5th Edition အထိ မြန်မာစာဖတ်လို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ တွေ့ပါပြီ။ သို့သော် အရမ်းကြီးတော့ အဆင်မပြေသေးဘူး။ ကျွန်တော်လဲ ဖတ်ဖတ်ကို ဆာနေပြီ။ မတတ်နိုင် တော့ဘူး။ မြန်မာနည်းပညာဖိုရမ်တွေကို ၀င်ကြည့်တဲ့အခါမှာ တစ်ချို့က ဆရာလိုလို၊ နွားလိုလို အကောင်တွေက သူတို့ဘယ်လိုလုပ်ကြတယ်ဆိုတာ မပြောချင်ကြဘူး။ ဒီအတွက်ကြောင့် နောက်လူတွေ ကျွန်တော့်လို မခံရစေဖို့ ရည်ရွယ်ပြီး ရေးလိုက်တာပါ။ နောက်တစ်ခုက ကျွန်တော့်မှာက ဒီအလုပ်တစ်ခုထဲကို အာရုံစိုက်ပြီးလုပ်နိုင်တဲ့ အချိန်ပိုမရှိတာကြောင့်လဲပါ တယ်။ အဲဒါကြောင့် သိတဲ့သူတွေ ဆက်ပြီး လုပ်နိုင်အောင် ကျွန်တော်ရေးလိုက်ပါတယ်။

ပထမဆုံး Symbian Version အတွက် မြန်မာလိုပေါ်အောင်လုပ်ခဲ့သူက ကိုအောင်နိုင်ဦးပဲဖြစ်ပါတယ်။ သူက ပြောထားတာတော့ Unhackable ဖုန်းတွေမှာလည်းပဲ သူရဲ့ Symbianmyanmar ကို သွင်းလို့ရတယ်လို့ဆိုပါ တယ်။ ဒါပေမဲ့ ကျွန်တော့်ဖုန်းက 5th Edition ဖြစ်တဲ့အတွက် သွင်းလို့မရပါဘူး။ အဲဒါနဲ့ ကျွန်တော် ကြံဖန်ပြီး Jailbreak လုပ်ပြီးတော့ Symbianmyanmar ကို သွင်းကြည့်ပါတယ်။ အဲဒီတော့မှ ရပါတယ်။ ဒါပေမဲ့ မြန်မာ ဖောင့်တွေက ထပ်နေတယ်။ ကျွန်တော် ဖုန်းကနေ မြန်မာလိုရေးထားတဲ့ မေးလ်တွေကို ဖတ်ကြည့်တော့ ကိုယ့် ဟာနဲ့ကိုယ်တော့ အဆင်ပြေတယ်လို့ပြောရမှာပေါ့။ ကျွန်တော် အချိန်ရရင်ရသလို ဆက်လက်ရှာဖွေတင်ပြသွား ပါမယ်။ အောက်ကပုံတွေကို ကြည့်ပြီးမှ ကိုယ့်ဖုန်းမှာ လုပ်သင့်မလုပ်သင့်ချင့်ချိန်ကြပါ။





ကိုဏီပေးထားတဲ့ ကော်မန့်ကိုမြင်ရတာပါ။


ဒါက စေတန်ဂေါ့ရဲ့ဘလော့ကိုမြင်ရတာပါ။


မြန်မာစာပေါ်အောင် အဆင့်ဆင့်လုပ်ဆောင်ခြင်း

၁။ နောက်ပိုင်းပေါ်နေတဲ့ Smart Phone တွေမှာ အပြင်က ဆော့ဖ်ဝဲသွင်းချင်ရင် သွင်းလို့မရဘဲ Certificate Error ပြနေတတ်တာများတယ်။ ဒါကြောင့် ကိုယ်သွင်းချင်တဲ့ Software ကို သွင်းနိုင်အောင်အရင်ဆုံး ဖုန်းကို Certificate လျှောက်ရမယ်။ (ဖုန်းအားလုံးလုပ်နိုင်ပါတယ်။) လျှောက်ရမယ့် နေရာက http://cer.opda.cn ဖြစ်ပါတယ်။ အဲဒီမှာ ပထမဆုံး Register လုပ်ရပါမယ်။ ပြီးရင် Apply Cer ကနေတစ်ဆင့် ဖောင့်ဖြည့်ရပါမယ်။ ဖောင်မှာ-

phone Model ----
IMEI (*#06#) ---- (*#06#) ကိုနှိပ်ပါ။
Confirm IMEI ----
Remark ---- တွေကို ဖြည့်ရပါမယ်။

အဲဒီစာမျက်နှာအောက်ဆုံးမှာလည်းပဲ လုပ်ရမယ့် Road Map ကို ပုံနဲ့ရှင်းပြထားပါတယ်။ Submit လုပ်ပြီး ခဏစောင့်လိုက်ပါ။ အဲဒါဆို Cer ရပါပြီ။





၂။ Cer ရပြီးပြီဆိုရင် Helloox ကို Singing Softs နှင့် Signed လုပ်လိုက်ပါ။ cer.opda.cn ဆိုက်၏ Menu တွင် ရှိပါသည်။ Signed လုပ်ပြီးမှာ ၄င်းဆော့ဖ်ဝဲကို ဒေါင်းလုပ်ချပြီး ဖုန်းထဲသို့ပြန်သွင်းလိုက်ပါ။
( Install လုပ်နည်းကို ဒီမှာ ဖတ်ကြည့်ပါ။)

၃။ Helloox နှင့် Jail Break လုပ်ပြီးပြီဆိုပါက ကြိုက်သည့် Software များကိုသွင်းနိုင်ပါပြီ။ မည်သည့် Error မှမဖြစ်တော့ပါ။ (ဤအဆင့်ကို မလုပ်ဘဲ နံပါတ် ၃ ကို ဆက်လုပ်နိုင်ပါသည်။)

၎။ မိမိဖုန်းကို အပျိုရည်မပျက် (Jail Break) စေချင်ပါက နံပါတ် (၁)၊ (၂) ကိုမလုပ်ဘဲ Symbianmyanmar ကို Signed လုပ်ပြီး ဖုန်းထဲသို့သွင်းလိုက်ပါ။ Install လုပ်ပြီးပါက ဖုန်းကို Restart ချလိုက်ပါ။ ပြီးလျှင် မြန်မာစာကို မြင်ရပါမည်။

ပြီးပါပြီ။ ဒီထက်ပိုကောင်းတဲ့ နည်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒီနည်းက မြန်မာစာလုံးဝမမြင်ရတာထက် စာရင် တော်သေးတယ်လို့ပြောနိုင်တဲ့ အဆင့်မှာရှိပါတယ်။ လုပ်မယ်ဆိုရင် ကျွန်တော့်ဖုန်းပုံတွေကို ကြည့်ပြီးမှ ဆုံးဖြတ်ပါ။ မလုပ်ခင် ဖိုင်တွေကို Backup လုပ်ထားပါ။ နောက်တစ်ခုက symbianmyanmar ကိုတင်ပြီးရင် Hard Reset လုပ်ပြီးမှသာလျှင် ဖြုတ်လို့ရပါတယ်။ ကျန်တဲ့နည်းနဲ့ဖြုတ်လို့မရပါဘူး။ မရှင်းလင်းရင် ကော်မန့်မှာ မေးလို့ရပါတယ်ဗျာ။ ကျွန်တော်သိသလောက် ပြန်မျှဝေပေးပါမယ်။ ဒီထက်ပိုကောင်းတဲ့ တွေ့ရှိချက်များကိုလည်း ပြန်ပြီးဝေမျှပေးကြဖို့ တောင်းဆိုပါတယ်။

0 စစ်အုပ်စုများရဲ့ ဥစ္စာ ဓန စုဆောင်းပွဲ

0 ရန်ကုန် အလုပ်သမား ဆန္ဒပြဦးရေ ထောင်နဲ့ချီတိုးလာ



ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း စက်မူဇုံ (၁) က ကိုရီးယား နိုင်ငံသားပိုင် SGI အထည်ချုပ်စက်ရုံ (၁)၊ (၂)၊ (၃)၊ (၄) က အလုပ်သမား ၃,၀၀၀ ကျော်က သူတို့ကို လုပ်အားခတွေတိုးပေးဖို့ ရှားပါးစရိတ်နဲ့ ဆုကြေးငွေတွေ မဖြတ်ဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။ တကယ်တော့ SGI အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို လုပ်ခလစာတွေ တိုးပေးပြီးသား ဖြစ်ပေမဲ့ အခုလို ထပ်ပြီး ဆန္ဒပြကြတာဟာ ဘယ်လိုပြဿနာတွေ ရှိနေလို့ပါလဲ။ ဒီအကြောင်းစုံစမ်းထားတဲ့ မအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ဆန္ဒပြတဲ့စက်ရုံကတော့ ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး ဆန္ဒပြမှာစိုးရိမ်ပြီး လစာ ၅,၀၀၀ စီ တိုးပေးထားတဲ့ SGI အထည်ချုပ်စက်ရုံ (၁)၊ (၂)၊ (၃)၊ (၄) လို့ခေါ်တဲ့ စက်ရုံ ၄ ခုမှာ ဆန္ဒပြခဲ့တာပါ။ သူတို့ လစာထုတ်တဲ့အချိန်မှာ လစာတိုးပေးထားတယ်လို့ ပြောပြီးတော့ အရင်လကရတဲ့ လစာထက် နည်းပါးတာကြောင့် ဆန္ဒပြတာဖြစ်ကြောင်း၊ သူတို့ တောင်းဆိုချက်တွေ မရပေမဲ့ တနေ့တာ လုပ်အားခကို ကျပ် ၄၀ အထိ တိုးပေးမယ်ဆိုတဲ့ကတိသာ ရရှိခဲ့ကြောင်း အလုပ်သမား တဦးက အခုလိုပြောပါတယ်။

"သူတို့ကပြောတယ်လေ၊ ၃,၀၀၀ သို့မဟုတ် ၅,၀၀၀ အထိ တိုးပေးတယ်တဲ့။ ဒါပေမဲ့ သူတို့ ၅,၀၀၀ တိုးပေးတယ်ဆိုပြီးတော့ အရင်လကနဲ့ အခုတိုးပေးတဲ့လက ပိုပြီးတော့တောင် နည်းနေတယ်။ သမီးတို့လစာတွေ နည်းလို့ သမီးတို့က အဲဒီလို တောင်းဆိုတာ။ သူတို့က မတောင်းဆိုခင်တုန်းကတော့ အစည်းအဝေးလုပ်တယ်။ အစည်းအဝေးလုပ်တဲ့သူက ဒီလ ၂၈ ရက်နေ့ကစပြီးတော့ အလုပ်ချိန်က သိပ်မရှိဘူး။ ပြီးတော့ စက်ရုံမှာ မီးလောင်တယ်လို့ကြားတုန်းကလည်း သမီးတို့ ပြန်ကြတယ်။ အဲဒီလို ပြန်တဲ့ရက်တုန်းကလည်း အဲဒါတွေကို လျော့တယ်။

"ဈေးစရိတ် ၄၀ တိုးပေးမယ်လို့လည်း ပြောတယ်။ သမီးတို့ကို လစာတိုးပေးမယ်လို့တော့ မပြောဘူး။ သမီးတို့ ဆန္ဒပြတဲ့အထဲက ကိုယ်စားလှယ် ၁၀ ယောက်ကို ပြောတယ်။ ဈေးစရိတ် တိုးပေးမယ် ဆိုတော့ အဲဒီ ၁၀ ယောက်က လက်မှတ်တိုးပေးလိုက်တယ်။ ၁ ရက်ကို ၄၀ တိုးပေးတာ။ အဲဒီ ၄၀ တိုးပေးတာမှ သမီးတို့ရတာက ၅၅၅ ကျပ်ပဲရတာ။ သမီးတို့ သူတို့ဆီက ပိုလည်း မလိုချင်ဘူး။ သမီးတို့ ထိုက်သင့်တဲ့ တနေ့လုပ်ခကို သမီးတို့လိုချင်တယ်။ ရှားပါးစရိတ် ဆိုရင်လည်း သူတို့က ထောက်ပံ့ကြေးမပေးတဲ့အပြင် သမီးတို့ကို လျော့တယ်။"

အလုပ်သမားတွေနဲ့နီးစပ်သူ တဦးပြောပြတာကတော့ အရင်တုန်းက သူတို့စက်ရုံအပါအ၀င် စက်မူဇုံ (၁) ထဲက စက်ရုံတချို့ကို ကျပ် ၅,၀၀၀ ထောင်စီ တိုးပေးထားပေမဲ့ အပိုဆုကြေးတွေ၊ ရှားပါးစရိတ်တွေကို ဒီလကနေစပြီး ဖြတ်ခဲ့တာကြောင့် အခုလိုဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

"သူတို့ ပထမပိုင်းမှာက ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းက ပြုံးပန်းတရာ အထည်ချုပ်လေ၊ ကျနော်တို့ စက်မှုဇုံကပဲ။ အဲဒီ ပြုံးပန်းတရာ အထည်ချုပ်က အလုပ်သမားတွေက လုပ်ခတိုးပေးဖို့ ဆန္ဒပြစဉ်ကာလမှာ အဲဒီ SGI ရယ်၊ စန္ဒာအေး ရယ်၊ ၀င်းတားဝါး ရယ် အဲဒီစက်ရုံတွေက အလုပ်ရှင်တွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကနေပြီးတော့ အလုပ်သမားတွေ ဆန္ဒမပြခင်မှာ လုပ်ခတိုးပေးလိုက်ဖို့ သူတို့ကို ပြောတယ်ခင်ဗျ။ ပြောလိုက်တော့ သူတို့ လစာ ၅,၀၀၀ တိုးပေးတယ်။ အဲဒီ ၅,၀၀၀ တိုးပေးလိုက်တာကို အလုပ်သမားတွေကလည်း သူတို့ကို လစာ တိုးပေးပြီဆိုပြီးတော့ သူတို့ကလည်း ကျေနပ်ခဲ့တာဗျ။ တကယ်တမ်းကျတော့ သူတို့က အဲဒီလစာ ၅,၀၀၀ တိုးပေးပြီးတော့ အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ ရှားပါးစရိတ်တို့၊ ဆုကြေးငွေတို့၊ ရုံးပိတ်ရက်တွေပေါ့နော်။ အဲဒီအခြေခံအခွင့်အရေး အားလုံးကို အလုပ်သမားတွေကို လုံးဝ မပေးတော့ဘဲ ဖြတ်ပစ်လိုက်တာ။ အဲဒါတွေကို အလုပ်သမားတွေက မကျေနပ်လို့ ဒီကနေ့မှာ ဆန္ဒပြတာ။"

နောက်ဆုံးအခြေအနေကတော့ နေလည် ၁ နာရီခွဲလောက်မှာ ပြီးဆုံးသွားခဲ့ပြီး လူစုလူဝေးတွေ ထပ်မဖြစ်အောင် ဖယ်ရီကားတွေနဲ့ အိမ်တွေကို ပြန်ပို့လိုက်တယ်လို့ဆိုပါတယ်။

"အုပ်စုခွဲတာကတော့ သူတို့ ၁ နာရီခွဲအချိန်လောက်မှာ သက်ဆိုင်ရာလူကြီးတွေ တော်တော်များများ ရောက်လာတယ်။ မယက ပါတယ်၊ ပြီးတော့ ဌာနဆိုင်ရာ အစုံပေါ့၊ သူတို့လာပြီးတော့ ညှိနှိုင်းပေးသွားတယ်ဗျ။ ညှိနှိုင်ပေးပြီးတော့ သူတို့တောင်းဆိုတဲ့ အခွင့်အရေးအားလုံးကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါမယ်လို့ ကတိဝန်ခံချက်ပေးပြီးတော့ အလုပ်သမားတွေကို သူတို့ ဖယ်ရီကားတွေခေါ်ပြီးတော့ ပြန်ပို့ပေးလိုက်တာခင်ဗျ။"

စက်ရုံအနီးတ၀ိုက်မှာချထားတဲ့ လုံခြုံရေး အခြေအနေကို မေးမြန်းကြည့်ခဲ့ရာမှာတော့ -

"လုံခြုံရေးကားတွေက စက်ရုံရဲ့ အ၀င်ပေါက်ကနေ လမ်းမကြီးကိုဖြတ်တဲ့ လမ်းကြားတွေရယ်၊ လမ်းစုံလမ်းခွတွေမှာ လုံခြုံရေးကားတွေက စောင့်ကြပ်ထားကြတယ်။ သူတို့ လုံထိန်းကားကတင်ပဲ သုံးကားရှိတယ်။ ရဲကားတွေကလည်း အများကြီးပဲခင်ဗျ။ ဒေသခံရဲတပ်ဖွဲ့ရဲ့ကားတွေရော၊ ထောက်လှမ်းရေးတွေရဲ့ ဆိုင်ကယ်တွေရော၊ နောက်ပြီးတော့ မယက တို့ဘာတို့ပေါ့နော်။ သက်ဆိုင်ရာလူကြီး အစုံအလင်နဲ့ ဆိုင်ကယ်တွေ အများကြီးပဲခင်ဗျ။ အဲဒီမှာချထားတာ။"

ပြီးခဲ့လ ၉ ရက်နေ့ကစပြီး အထည်ချုပ်စက်ရုံတွေ ဆန္ဒပြမူတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ မှန်သမျှကို အလုပ်ရှင်တွေဘက်က အကုန်လုံး လိုက်လျောတာမရှိခဲ့ပေမဲ့ ယာယီ ငြိမ်သက် သွားအောင်တော့ လုပ်အားခတချို့ကို လိုက်လုပ်ပေးတာတွေ ရှိခဲ့ပါတယ်။ အခုလည်း လုပ်အားခ အနည်းငယ် တိုးပေးထားတဲ့နည်းနဲ့သာ လိုက်လျောပေမဲ့ အလုပ်သမားတွေဘက်က ကျေနပ်သွားတဲ့ ပုံစံမျိုးတွေမရှိဘဲ လူစုကွဲအောင် ပြန်ပို့ခံလိုက်ရတယ်လို့ အလုပ်သမားတွေက ပြောပြပါတယ်။ (voa)

0 Burma VJ


မနက်ဖြန်တွင် အမေရိကန် နိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာကျော်အော်စကာ ဆုပေးပွဲတွင် မြန်မာပြည်မှ ဗီဒီယို ဂျာနယ်လစ် များနှင့် ၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှု ကာလကို မှတ်တမ်း တင်ထားသည့် Burma VJ ဇာတ်ကားသည်အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားဆု ရနိုင်ဖွယ် ရှိနေပါသည်။

အထူးသဖြင့် ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard ရိုက်ကူးထားသည့် Burma VJ တွင် ပါဝင်သော ဗီဒီယိုဂျာနယ်လစ်များမှာ နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ စွန့်စွန့် စားစား သတင်း ပေးပို့ခဲ့သူများ ဖြစ်သည်။

Burma VJ မှတ်တမ်းရုပ်ရှင်သည် နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၄၀ ကျော် ရရှိထားပြီး ဖြစ်သည်ဟု ထိုရုပ်ရှင်၏ အင်တာနက် စာမျက်နှာ http://burmavjmovie.com တွင်ဖော်ပြထားပါသည်။

0 ရဟန်းတို့ရဲ့ မွန်မြတ်သော သွေးအလှူဒါန

ဇွန်ပန်းပွင့်

အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၅)
ဓာတ်ပုံ-စိုးသန်းလင်း အချိန်က ည ၁၂ နာရီ။

အမိုးနိမ့်နိမ့် ပျဉ်ကျောင်းတိုက်ထဲရှိ ကွပ်ပျစ်တန်းလျားတွေပေါ်မှာ ဦးပဉ္စင်းတွေ၊ ကိုယ်ရင်တွေ အိပ်ရာကိုယ်စီနဲ့ အနားယူနေချိန်။
ရုတ်တရက် ကျယ်လောင်တဲ့ဖုန်းမြည်သံကြောင့် အဆောင်တာဝန်ခံ ဦးပဉ္စင်း အရှင် ဉာဏောဘာသ တစ်ပါး အိပ်ရာမှထကာ ဖုန်းကိုင် လိုက်တယ်။
ကျန်တဲ့ သံဃာတော်တချို့လည်း ကျိန်းစက်ရာက နိုးကုန်ကြတယ်။
အရေးပေါ်လူနာအတွက် သွေးအလှူ ခံလိုသူတစ်ဦးက ဖုန်းဆက်တာပါ။
တစ်ဖက်ကအလှူခံသူက လိုချင်တဲ့သွေး အမျိုးအစားကို ပြောပြရင်း ဝေဒနာရှင်ရဲ့ နာကျင်ခံစားမှုတွေကိုပါ တုန်ရင်တဲ့ အသံနဲ့ မသဲမကွဲ ရှင်းပြနေတယ်။
ဒီလိုနဲ့ ဦးဉာဏောဘာသတစ်ပါး ခုနစ်ဧကမျှကျယ်တဲ့ ကျောင်းတိုက်ကြီးထဲက တစ်ဆောင်ချင်းစီကို ချက်ချင်း ဖုန်းဆက်ပြီး သွေး လှူဒါန်းနိုင်မယ့် သံဃာတစ်ပါးပါးကို ရှာရပါတော့တယ်။

မိနစ်အနည်းငယ်အတွင်းမှာပဲ ဝေဒနာရှင်လိုအပ်တဲ့ သွေးအမျိုးအစားရှိတဲ့ ဦးပဉ္စင်းတစ်ပါးကို ရှာတွေ့ပါတော့တယ်။ ပြီးတော့ ချက်ချင်းပဲ ဝေဒနာရှင်ရဲ့ မိသားစုနဲ့အတူ ဆေးရုံကို ထည့်လိုက်ရတယ်။
"တစ်ခါတစ်ရံမှာ ညနက်အချိန်ကြီးလည်း အရေးပေါ်ကိစ္စအတွက် ဒီကို ဖုန်းဆက်ပြီး သွေးအလှူခံလေ့ရှိပါတယ်" လို့ ရွာမ ပရိယတ္တိ စာသင်တိုက်မှ အုပ်ချုပ်ရေးတာဝန်ခံ ဆရာတော် အရှင် ကဉ္စန(စာချ)က မိန့်ကြားပါတယ်။
ရွာမပရိယတ္တိစာသင်တိုက်ကို ၁၉၇၀ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှာ စတင် တည်ထောင်ခဲ့ပါတယ်။ အင်းစိန်မြို့နယ်ထဲမှာ ရွာမပရိယတ္တိ စာသင်တိုက်က အကြီးဆုံးလည်းဖြစ်၊ သံဃာအရေ အတွက် အများဆုံးလည်းဖြစ်၊ သက်တော်ငယ် သံဃာအများအပြားရှိနေတဲ့ ကျောင်းလည်းဖြစ်လို့ အင်းစိန်ဆေးရုံက ဆရာဝန်ကြီးတွေကိုယ်တိုင် သွေးလိုအပ်ရင် ကျောင်းကိုပဲ အားကိုးပြီး လိုအပ် နေသူတွေ ကိုလည်း စာသင်တိုက်ကိုပဲ လမ်းညွှန်လေ့ရှိပါတယ်။

"လာအလှူခံတဲ့ ဝေဒနာရှင်တွေထဲက တချို့ဆို ငွေရေးကြေးရေး အခက်အခဲရှိတယ်။ သွေးလှူဖို့ လိုက်သွားတဲ့ ဒီက ကိုယ်တော်လေး တွေက ဟိုရောက်ရင် ကာယကံရှင်က သွေးထည့်ဖို့ ပိုက်တို့၊ အိတ်တို့မ၀ယ်နိုင်ရင် ကိုယ်တော်လေးတွေကပဲ စိုက်ပြီး ၀ယ်ပေးရတယ်။ တချို့ ဆင်းရဲလို့ ဘာမှတောင်မရှိရှာဘူး။ ဒါကြောင့် တတ်နိုင်တဲ့ဘက်က ကူညီပေးတယ်"လို့ သွေးအလှူရှင် ဦးပဉ္စင်းတစ်ပါးဖြစ်သူ အရှင်ကဉ္စန က မြွက်ကြားပါတယ်။
ကျောင်းတိုက်ကို တစ်နေ့ ဝေဒနာရှင်တွေ သုံးဦးကနေ လေးဦးအထိ လာတတ်ပြီး သွေးအလှူရှင် လာရှာကြပါတယ်။ တချို့ဆို အရေးပေါ်လူနာတွေ အတွက်ဖြစ်ပြီး ရောဂါစုံအတွက်လည်း လာရောက်အလှူခံကြတယ်လို့ သိရပါတယ်။
ကျောင်းမှာ အေဘီသွေးရှိတဲ့ ကိုယ်တော် သုံးပါးသာရှိပြီး အေ၊ ဘီနဲ့ အို အမျိုးအစားရှိတဲ့ ဦးပဉ္စင်းတွေတော့ အများကြီးရှိပါတယ်။
"တောနယ်တွေက ရန်ကုန်မှာဆေးလာကုတဲ့သူတွေ အသိအကျွမ်းလည်း မရှိ၊ ငွေရေးကြေးရေးလည်း မတတ်နိုင်လို့ သွေးဒုက္ခရောက် လို့ရှိရင် ဦးပဉ္စင်းတို့ ကျောင်းကို လာတယ်။ လာလို့ သွေးမရ ခဲ့ရင် စိတ်သောကဗျာပါဒ တော်တော်လေး များကြတာကို တွေ့ရတယ်။ သူတို့မှာ တောကလာတာဆိုတော့ အသိအကျွမ်းလည်းမရှိ၊ ကူညီမယ့်သူ လည်းမရှိ၊ ဦးပဉ္စင်းတို့ကျောင်းမှာလည်း သွေးရှာဖို့ ခက်ခဲ မယ်ဆိုရင် ဘယ်ကျောင်းမှာတော့ဖြင့် ရနိုင်တယ်လို့ ညွှန်ပေးပါတယ်"လို့ အရှင်ကဉ္စနက မြွက်ကြားပါတယ်။
ကျောင်းတိုက်ကို တစ်ဦးချင်းစီက လိုအပ်လို့ ဆက်သွယ်အလှူခံတာမျိုးတွေ တင်မကဘဲ အရှင်ဆေကိန္ဒ ဦးဆောင်ပြီး လှူဒါန်းတဲ့ သွေးလှူဒါန်းပွဲတွေမှာလည်း နှစ်ကြိမ်တိုင်တိုင် စုပေါင်းပါဝင် သွေး လှူဒါန်းခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အမျိုးသား သွေးလှူ ဘဏ်မှာ သံဃာ ၂၉ ပါး စုပေါင်းပြီး တခြားကျောင်း တိုက်က သံဃာတော် တွေနဲ့အတူ သွားရောက်လှူဒါန်းခဲ့ကြပါသေးတယ်။
ရွာမ ပရိယတ္တိစာသင်တိုက်မှာ လက်ရှိ ရဟန်းအပါး ၃၃၀ ရှိပြီး သွေးလှူဖို့ အသက်ပြည့်ပြီး ကျန်းမာရေးလည်း ကောင်းတဲ့ ကိုယ်တော် ၁၅၀ ခန့်ရှိပါတယ်။
ပြီးတော့ သွေးလှူနိုင်တဲ့ ကိုယ်တော်တွေရဲ့ သွေးအမျိုးအစား၊ လှူဒါန်းတဲ့ ရက်စွဲ၊ အကြိမ်အရေအတွက်ကို စာရင်းထားရှိပြီး သွေးအလှူလာခံရင် သင့်တော်မယ့် ကိုယ်တော်တွေကို ထည့်ပေးလေ့ရှိပါတယ်။
"ဒကာ၊ ဒကာမတွေက များသော အားဖြင့် ပိုက်ဆံမရှိဘူး။ သွေးတစ်ပုလင်းကို သုံး၊ လေးသောင်း မတတ်နိုင်ကြဘူး။ ဒီကို သွေး အလှူရှင် လာရှာတာ တောင်မှ ပိုက်ဆံမပါကြဘူး။ ဒီကနေ လမ်းစရိတ်ကအစ ပေးရတယ်။ စာသင်တိုက်ဆိုတော့ စာသင်သားတွေက ဆင်းရဲကြတယ်။ အဲဒီတော့ စာသင်သားတွေစုပြီး တကယ့်ကို နွမ်းပါးတဲ့ဝေဒနာ ရှင်တွေကို တတ်နိုင်သလောက်လှူကြတယ်"လို့ အရှင်ဉာဏောဘာသက မိန့်ပါတယ်။
သွေးလှူတဲ့ကိုယ်တော်တွေရဲ့ အမည်၊ သွေးအမျိုးအစား၊ လှူဒါန်းတဲ့ရက်စွဲ၊ သွားရောက်လှူဒါန်းတဲ့ဆေးရုံတွေကို စာရင်းပြုစုထားပြီး သွေးလှူပြီး လေးလ ပြည့်တိုင်း ဆေးရုံမှာ ဆက်လက်လှူနိုင် မနိုင်ကို သွားရောက်စစ်ဆေးလေ့ရှိတယ်လို့လည်း သိရပါတယ်။
ဝေနာရှင် မြန်မြန်ပြန်ကောင်းလာဖို့ကိုသာ မျှော်လင့်ပြီး ဒကာ၊ ဒကာမ တွေဆီက ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲ လှူဒါန်းပေမယ့် ငွေကြေးတတ်နိုင်တဲ့ အလှူရှင်တွေကတော့ နွားနို့၊ ကြက်ဥ၊ ဖျော်ရည် စတာတွေကို လှူဒါန်းလေ့ ရှိပါတယ်။
ဒီလို စာသင်သားသံဃာတွေဟာ ဗုဒ္ဓစာပေတွေကို တပင်တပန်း လေ့လာရင်း သွေးလိုသူတွေအတွက် အချိန်အခါမရွေး သန့်ရှင်းတဲ့ သွေး လှူဒါန်းနိုင်တာကို ရဟန်းတို့ရဲ့ မြတ်သောအလှူအဖြစ် ဖွင့်ဆိုချင်ပါတော့တယ်။
http://www.baymyanmar.com/2010/03/blog-post_05.html

0 တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်

ချင်းမိုင်(မဇ္ဈိမ) ။ ။ ယခုမှသည် ဧပြီလကုန် ကာလအတွင်း တနာရီ မိုင် ၁၂ဝ နှုန်းအထိရှိသော လေပြင်းတိုက်ခိုက်မှုများ မြန်မာနိုင်ငံ နေရာအများအပြားတွင် အချိန်မရွေး တိုက်ခိုက်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒသဌာနက သတိပေးထားသည်။

အဓိကအားဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်အထက်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်အတွင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသအချို့တွင် နေရာမရွေး လေဆင်နှာမောင်း တိုက်ခတ်ကာ အချို့နေရာများတွင် မိုးကြီးခြင်း၊ မိုးသီးကြွေခြင်းများဖြစ်နိုင်သည်ဟု နေပြည်တော်ရှိ ဇလဗေဒဌာနက ပြောသည်။

“လေတိုက်နှုန်းက ပြင်းတယ်။ နေရာကျဉ်းတယ်။ အချိန်တိုတိုလေး။ လေတိုက်နှုန်းက တနာရီမှာ ၁၂ဝ မိုင်တိုက်နိုင်မယ်။ ၃ဝ မိနစ်လောက်ကြာမယ်၊ ဧရိယာက အနံအားဖြင့် တမိုင်ခွဲ။ အရှည်အားဖြင့် ၅ မိုင်မှ ၁ဝ မိုင် အဲဒီအတွင်းဖြစ်မယ်”ဟု အဆင့်မြင့်အရာထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။

ယခုအချိန်၌ မြန်မာနိုင်ငံတောင်ပိုင်းတွင် ဖြစ်မြဲထက်ပို၍ အပူချိန်များနေပြီး မြောက်ပိုင်းတွင်မူ ဖြစ်မြဲထက် ပို၍ လျော့နေသည်။

“ ဧပြီလကုန်အထိ မြန်မာနိုင်ငံအရပ်ရပ်မှာ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ရာကနေ တဆင့် လေပြင်းတိုက်၊ မိုးသီးကြွေတာတို့၊ မိုးသီးထန်တာတို့ နေရာကွက်၍ မိုးကြီးတာတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ General (ယေဘူယ) ခန့်မှန်းထားတယ်” ဟု သူက ဆက်ပြောသည်။

မြစ်ဝကျွန်းပေါ် ခရီးသွားလာနေသည့် သဘောင်္များ၊ ရေယာဉ်များအတွက် သက်ဆိုက်ရာဌာနများသို့ သတိပေးထားပြီးဖြစ်ကြောင်းနှင့် မိုးလေဝသသတင်းကို အာရုံစိုက် နားထောင်သင့်သည်ဟု ပြောသည်။

မုန်တိုင်း တိုက်ခတ်လာသည့် လမ်းကြောင်းအောက်တွင် ရောက်ရှိလျှင် သစ်ပင်များ အမြစ်ပါမကျန် လဲပြိုခြင်း၊ အိမ်ခေါင်မိုး လှန်သွားခြင်းများ ဖြစ်ပေါ်နိုင်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၁၉၇၉ ခုနှစ်က တည်ဆောက်ထားခဲ့သော မိုးတိမ်တောင်ကြီးများကို ခြေရာခံနိုင်သည့် ကိရိယာမှာ ၂ဝဝ၄ ခုနှစ်တွင် ပျက်ဆီးခဲ့ပြီဖြစ်၍ စိုက်ဆင်းလေပြင်းကျရောက်မည် မကျရောက်ဘူးဆိုသည်ကို မိုးဇလအနေဖြင့် ခန့်မှန်းရခက်ခဲသည်ဟု ဝန်ထမ်းများက ဝန်ခံပြောကြားသည်။

0 စစ်အစိုးရကို ခုံရုံးတင်ရေး ကုလ ထောက်ခံမှုပေးရန် နိုဘယ်လ်ဆုရှင်တွေ တောင်းဆိုမည်

Nobel Peace Laureate Jody Williams(right) and Nobel Peace Laureate  Shirin Ebadi(Left), June 8, 2006-AP
နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များ ဖြစ်သော ရှီရင်း အီဘာဒင်(၀ဲ) နှင့်
ဂျိုဒီ ၀ီလီယမ်စ်(ယာ)။
ဇွန် ၈၊ ၂၀၀၆။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုဆိုင်ရာ တရားရုံးက အရေးယူဖို့ တောင်းဆိုနေတာတွေကို အားပေး ထောက်ခံလာအောင် တိုက်တွန်းဖို့အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၂ ဦး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ နယူးယောက်ခ်မြို့မှာ ဒီကနေ့ တွေ့ဆုံဖို့ ရှိပါတယ်။

အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု ကျူးလွန်ရာ ရောက်တာမို့ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူသင့်တဲ့အကြောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၂ ဦးဖြစ်တဲ့ ရှီရင်း အီဘာဒင် (Shirin Ebadin) နဲ့ ဂျိုဒီ ၀ီလီယမ်စ် (Jody Williams) တို့က ပြောခဲ့ကြတာပါ။

လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူ မြန်မာအမျိုးသမီးတွေလည်း တက်ရောက် ထွက်ဆိုခဲ့ကြတဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ကြားနာပွဲတခုကို ဒီတပတ်ထဲ ကျင်းပခဲ့ရာက ထွက်ပေါ်လာတဲ့ အချက်အလက်တွေကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေနဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက မနေ့တုန်းကပဲ ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

နယူးယောက်ခ်မြို့က ကြားနာပွဲအတွင်း မြန်မာစစ်တပ်က အမျိုးသမီးတွေအပေါ် အဓမ္မ ပြုကျင့်တာတွေ၊ နှိက်စက်ညှဉ်းပန်းတာတွေနဲ့ တခြား လူမဆန်တဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသမီး ၁၂ ဦးက သက်သေခံ ထွက်ဆိုခဲ့ကြတာပါ။

ဒီနောက်မှာတော့ မြန်မာအမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒီပြဿနာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုဆိုင်ရာ တရားရုံးကို လွှဲပြောင်းပေးဖို့လည်း တိုက်တွန်းခဲ့သလို ကုလသမဂ္ဂ အနေနဲ့ မြန်မာအာဏာပိုင်တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့အညီ ရှိစေအောင် ဖိအားပေး ဆောင်ရွက်သွားဖို့ကိုလည်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။(voa)

အင်္ဂလိပ်ဘာသာဖြင့် ဒီနေရာ မှာလည်းဖတ်နိုင်ပါတယ်။

0 မသေဆေးစားကြသူများ


ကျွန်ုပ် အားငယ်သည်။
ကျွန်ုပ်တို့လောကတွင် ကျွန်ုပ်သည် အသိမ်ငယ်ဆုံး . . . အသေးမွှားဆုံး . . . အင်အားအသေးဆုံးဖြစ်တော့သည်။

ကျွန်ုပ်ကို ချစ်စနိုး “ကီးကီး” လို့ခေါ်ကြသည်။

ကျွန်ုပ်၏ဖခင်နှင့် ဘကြီးများ၊ ဦးလေးများ၊ အစ်ကိုကြီးများ၏ နာမည်များကတော့ ဖခင်ကြီး၊ ဦးဇူး၊ အစ်ကိုကြီး ကိုတာ၊ ဦးလေး ဦးကရောင်း၊ ဘကြီးကွန်း တို့ ဖြစ်ကြသည်။ သူတို့ . . . သူတို့သည် အလုပ်အင်မတန် လုပ်ကြသည်။ မနားမနေ၊ မမောမပန်း တာဝန်ကျေကြသည်။

ကျွန်ုပ်၏ဆရာသည်လည်း ကျွနုပ်နှင့်ထပ်တူထပ်မျှ ရေစက်ခေါ်မည်လား၊ ပဋ္ဌာန်းဆက်ခေါ်မည်လားပဲ။ ဆရာသည်လည်း ဆရာ၏လောက ပတ်ဝန်းကျင်တွင် ကျွန်ုပ်ကဲ့သို့ ခံစားခဲ့ရဖူးသည်။ ဆရာ၏မိတ်ဆွေများက ကြီးကျယ်စွာလှူကြ၊ တန်းကြသောအခါ ဆရာသည် ချောင်တစ်ချောင်၊ ထောင့်တစ်ထောင့်တွင် သိမ်ငယ်စွာ၊ အားငယ်စွာ၊ အားကျစွာ ခံစားရစမြဲပင်။

သို့သော် ဆရာသည် စိတ်မပျက်စွာ စိတ်ဓာတ်မကျဘဲ မိမိ၏ ခန္ဓာကိုယ်အားရင်းပြီး ကုသိုလ်ယူစမြဲ။ ကျွန်ုပ်သည်လည်း ဆရာ့ကို အားကျသည်။ သို့ပေမဲ့ ကျွန်ုပ်၏ သေးငယ်လှသော ခန္ဓာနှင့် ဝန်ဆောင်မှုကို ပေးရမည့်တာဝန်သည် မမျှ။ ကျွန်ုပ်ထမ်းဆောင်ရန် မဖြစ်နိုင်။

ဘာကြောင့်များ ကျွန်ုပ်၏ဆရာသည် ကျွန်ုပ်အား သည်လောက၊ သည်ပတ်ဝန်းကျင်၊ သည်အသိုင်းအဝိုင်း၊ သည်အဖွဲ့အစည်းသို့ ဇွတ်သွင်းယူခဲ့သနည်း။

ကျွန်ုပ် အဖြေရှာမရ . . .
ကျွန်ုပ် အားငယ်ရ . . .
ကျွန်ုပ် စိတ်ပျက်ရ . . .
ကျွန်ုပ် စိတ်ဓာတ်ကျရ . . .
ရှိစေတော့ . . .
ကျွန်ုပ် စောင့်ကြည့်မည်။

ကျွန်ုပ်သည် ဤလောက၊ ဤအသိုင်းအဝိုင်း၊ ဤပတ်ဝန်းကျင်သို့ ရောက်လာပြီး ဤလောက အသိုင်းအဝိုင်း ပတ်ဝန်းကျင်၏ ကျေးဇူးကို မဆပ်နိုင်ခဲ့လျှင် ကျွန်ုပ်အဝေးတစ်နေရာသို့ ထွက်သွားမည်ဟု သန္နိဋ္ဌာန် ချလိုက်တော့သည်။ ကျွန်ုပ်တို့ မျိုးရိုးစဉ်ဆက် ရိုးသားသည်၊ ကြိုးစားသည်၊ ဖြောင့်မတ်သည်၊ ကုန်ကုန်ပြောရရင် လိပ်ပြာသန့်ကြသည်။

ဖခင်ကြီး၊ ဘကြီး၊ ဦးလေး၊ အစ်ကိုကြီးတို့သည် သူတို့တာဝန် သူတို့ကျေကြသည်။ မည်သူ့ကိုမျှ ဂုဏ်သိက္ခာ မညိုးနွမ်းစေရ။ မည်သူ့ကိုမျှ မစော်ကား၊ မမောက်မာကြ။ ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ကြသည်။ သို့သော် ကိုယ်က ရိုးသားကြိုးစားစွာ တာဝန်ထမ်းဆောင်စဉ် တစ်ဖက်မှ ပြဿနာရှာခြင်းများ ကြုံတွေ့ရတတ်သည်။ တစ်ဖက်မှ ရမ်းကားမှု၊ စော်ကားမှုများကို ကြုံတွေ့ရတတ်သည်။ သို့သော် သည်းခံခြင်းသည် အောင်မြင်မှုမဟုတ်ပါလား။

ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု ကြုံရသော်
ရဲရဲသည်းခံ . . .
ရဲရဲရိုးသား . . .
ရဲရဲဖြောင့်မတ်မှုကို ချိုးဖျက်၍ မည်သို့မျှ မတုန့်ပြန်ကြ၍ နှလုံးသားအမာရွတ်နှင့် လူတစ်စုဟု ခေါ်နိုင်ပါသည်။
ဒဏ်ရာအနာတရာ ရလာသော် . . . ကျွန်ုပ်ဆရာ၏ အသိုင်းအဝိုင်းက ကုသပေးသည်။ ဘကြီးကွန်း ဟိုတစ်လောက လူကြီးရောဂါဖြစ်သည်။ ဇရာထောင်းလာ၍ ဝေဒနာခံစားလာရသည်။ ထိုအခါ ကျွန်ုပ်၏ဆရာအဖွဲ့က အင်နှင့်အားနှင့် ကုသပေးသည်။ နိုင်ငံခြားမှ ဆေးဝါးများမှာ၍ ကုသပေးသည်။ ဘကြီးကျန်းမာသန်စွမ်းလာသည်။ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်တော့သည်။

ကျွန်ုပ်၏ဖခင် ဦးဇူးသည်လည်း ထိုနည်းတူ ရိုးသားကြိုးစားစွာ လုပ်ငန်းခွင်ဝင်နေစဉ် တစ်ဖက်မှ ရမ်းကားမူးရစ်ကာ ထိုးကြိတ်မှုကို ခံခဲ့ရ၍ ဒဏ်ရာရခဲ့သည်။ သို့သော် ကျွန်ုပ်၏ ဆရာအဖွဲ့သားများက ကုသပေးခြင်းကြောင့် ရောဂါဒဏ်များ ပျောက်ကင်းပြီး လုပ်ငန်းခွင်ဆင်းနိုင်ပြီဖြစ်သည်။ ကျွန်ုပ်တို့ဆရာအဖွဲ့အား ကျွန်ုပ်တို့အတွက် “မသေဆေးဖော်သူများ” ဟုပင် တင်စားချင်သည်။

ကျွန်ုပ်သည် ကျွန်ုပ်ဆရာ၏ လောကကြီးထဲ စုန်းစုန်းဝင်ရောက်လာရပြီး မကြာခင် ကျွန်ုပ်အတွက် ကျွန်ုပ်ဆရာသည် ဝတ်စုံတစ်စုံ ဆင်ယင်ပေးသည်။ ဘာဝတ်စုံကြီးပါလိမ့်ဟု ကျွန်ုပ်တွေးမိသည်။ ဟုတ်တယ်လေ . . . အဖေတို့၊ ဦးလေးတို့၊ အစ်ကိုတို့ကျတော့ ဝတ်စုံက တည်တည်တံ့တံ့ ကျက်သရေရှိလိုက်သည့်ဖြစ်ခြင်း။ ကျွန်ုပ်ဘကြီးကျတော့ လူကြီးမို့လားမသိပါဘူး။ ရွှေရောင်ဝတ်စုံနှင့် ခံ့ညားလိုက်သည်ဖြစ်ခြင်း . . . ။ ကျွန်ုပ်ကျတော့ အူကြောင်ကျား . . . ပန်းပွင့်တွေ၊ Smile မျက်နှာတွေ၊ ငြိမ်းချမ်ရေး Peace ပုံတွေ၊ လိပ်ပြာပုံတွေနဲ့ ကလေးကလား၊ စိတ်ပျက်မိတယ်ဗျာ . . . ။ ဆရာဘာတွေများ လျှောက်လုပ်နေပါလိမ့်။ ကျွန်ုပ်သည် ဆရာ၏ လောကပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် လူပိုမဖြစ်ချင်၊ ဆန်ကုန်မြေလေးမဖြစ်ချင်။ အဓိပ္ပာယ်ရှိချင်သည်။ ကျေးဇူးဆပ်ချင်သည်။ ပေးဆပ်ချင်သည်။ တာဝန်ကျေချင်သည်။ ဟေးလားဝါးလားနဲ့ ယောင်ဝါးဝါး မဖြစ်ချင်။ ဆရာရဲ့လုပ်ရပ်တွေ ယောင်ဝါးဝါး ကြောင်တောင်တောင်တွေ ဖြစ်နေပြီလားဟု တွေးမိသည်။ သို့သော် ကျွန်ုပ်၏ အပြစ်တင်တွေးတောမှု စောသွားသည်။ ဆန္ဒစောသွားသည်။

အဲဒီ့နေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့။ မင်္ဂလာရှိတဲ့နေ့၊ အဓိပ္ပာယ်ရှိတဲ့နေ့၊ တာဝန်ကျေတဲ့နေ့၊ ပီတိအဖြစ်ဆုံးနေ့၊ ပီတိစားရတဲ့နေ့ . . . ။

အဲဒီ့နေ့ . . . တစ်သက်မေ့မရတဲ့နေ့မှာ ကျွန်ုပ်ဝတ်စားဆင်ယင်မှုနဲ့အတူ ကျွန်ုပ်ဂုဏ်ယူဝင့်ကြွားရမည့်နေ့ ဖြစ်တော့သည်။ ထိုနေ့မှာ ကျွန်ုပ်၏ဆရာအဖွဲ့အစည်းမှ ကျွန်ုပ်အား ကျွန်ုပ်ခန္ဓာနှင့် လိုက်ဖက်ညီမည့် တာဝန်ဝတ္တရားတစ်ခုကို ခိုင်းတော့သည်။ ကျွန်ုပ်သည် တက်ကြွစွာဖြင့် ထမ်းဆောင်သည်။ သည်လုပ်ငန်းကို ရိုးမြေကျသည်အထိ ထမ်းဆောင်မည်ဖြစ်၍ ကျွန်ုပ်အား ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ် ချီးမြှင့်ပေးလိုက်တော့သည်။ ကျွန်ုပ်၏ အနာဂတ်အလင်းရောင်ဖြစ်သည့် ဤဂုဏ်ထူးဆောင်လက်မှတ်၏ ခေါင်းစဉ်ကို “မသေဆေးစားသူများ” ဟုပင်တင်စားလိုက်ချင်တော့သည်။

“မသေဆေးစားသူများ ဂုဏ်ထူးဆောင်လက်မှတ်”


အမည် - ဆူဇူကီး (SUZUKI)
မှတ်ပုံတင်အမှတ် - ၁ဂ/၉၄၆၇
တာဝန် - အပြစ်မဲ့၍ အကုသိုလ်ကင်းရှင်းစွာဖြင့် ဘဝတစ်ပါးသို့ ပြောင်းသွားရသော ကလေးသူငယ်များ၏ ရုပ်ကလာပ်ကို အခမဲ့ကုသိုလ်ဖြစ် သယ်ဆောင်ပို့ပေးရန်။
ရာထူး - ကလေးနိဗ္ဗာန်ယာဉ်။
လိပ်စာ - နာရေးကူညီမှုအသင်း (ရန်ကုန်)။
ဆက်သွယ်ရန်ဖုန်း - ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၇၀၄၇၈၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉

ကျွန်ုပ်၏ ဖခင်ကြီး ဦးဇူး (ခ) အစ်စ်ဇူးဇူး (ISUZU)၊ ဘကြီး ဦးကွန်း (ခ) လင်ကွန်း (LINCON)၊ ဦးလေး ဦးကရောင်း (ခ) တိုယိုတာကရောင်း (TOYOTA CROWN)၊ အစ်ကိုကြီး ကိုတာ (ခ) တိုယိုတာဟိုင်းလတ် (TOYOTA HILUX) တို့၏ ခြေရာကို ထပ်ကြပ်မကွာလိုက်ရင်း ပန်းတိုင်အထိရောက်အောင်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ်ခိုင်ခံ့စွာဖြင့် လိပ်ပြာသန့်စွာ အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက်၍ ကျေးဇူးဆပ်မည့် ကျွန်ုပ်တို့၏ ဘဝသည်ကား “မသေဆေးစားကြသူများ” ပင်ဖြစ်တော့သည်။

အားလုံးကို လေးစားဦးညွတ်လျက်

ကီးကီး (ခ) ဆူဇူကီး (SUZUKI)

ကျော်သူ




စာကြွင်း ။ ။ ဤဆောင်းပါး ပြီးသွားချိန်... ကျွန်ုပ်ကီးကီးသည် လူသားအကြိုးပြု လုပ်ငန်းများလုပ်ဆောင်နေဆဲ ... မမျှော်လင့်တဲ့အချိန်၊ မမျှော်လင့်တဲ့နေ့ရက်တစ်ရက်တွင် မမျှော်လင့်ခဲ့သော် အကြောင်းအရာတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။ ယင်းမှာ နှစ်ပေါင်းများစွာ ကွဲကွာ၍ ကျွန်ုပ်တစ်ကြိမ်တစ်ခါမှ မဆုံဘူးခဲ့သော၊ မမြင်ဘူးခဲ့သော ကျွန်ုပ်၏ အဖိုး ( ဘကြီးကွန်း ရဲ့ဖခင်) ဖိုးဖိုးချက်နှင့် ကျွန်ုပ်တို့ ပြန်လည်ဆုံတွေ့ရခြင်းပင် ဖြစ်သည်။ ဘကြီးကွန်း၊ဦးလေး ကရောင်း၊ ဖခင်ကြီး ဦးဇူး၊ အကိုကြီး ကိုတာနှင့် ကျွန်ုပ် ကီးကီးတို့ ပျော်လိုက်သည့် ဖြစ်ခြင်း။

ဖိုးဖိုး ချက်သည် ဒုတိယကမ္ဘာစစ်အတွင်းမှ အသက်မသေပဲ မိသားစုနှင့်ကွဲကွာခဲ့ရာမှ ယခုလို ပြန်လည်ဆုံတွေ့ ခွင့်ရခဲ့ခြင်းပင်ဖြစ်သည်။ ဖိုးဖိုးချက်သည် စစ်၏အနိဌာရုံများကို ကြုံတွေ့ခဲ့ရသူပီပီ နွမ်းလျလျက်ရှိနေသည်။ သို့သော် အသက်အရွယ် ကြီးမြင့်ပြီ ဖြစ်သော်လည်း ယခုကျွန်ုပ်တို့နှင့်အတူ လက်တွဲမဖြုတ် လူသားအကျိုးပြု လုပ်ငန်းများလုပ်ရန် ကျွန်ုပ်ထံ ရောက်ရှိလာခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အဖိုးထံမှ အတွေ့အကြုံများ၊ ဗဟုသုတများ၊ ရာဇဝင် သမိုင်းကြောင်းများ ဂဃနဏ သိရတော့မည် ဖြစ်သည်။

ကျွန်ုပ်အဖိုး၏အမည်ရင်း - ချက်ပလက်
မှတ်ပုံတင်အမှတ် - စ/၃၃၀၀
တာဝန် - နာရေးလမ်းကြောင်းပို့ရာတွင် နိဗ္ဗာန်ယာဉ် နောက်မှ နာရေးပို့ ပရိတ်သတ် (အသုဘ ရှူ့မည့် ပရိတ်သတ်) တို့အားလိုက်လံပို့ဆောင်ရန်
ရာထူး - အသုဘပို့ဆောင်ယာဉ်။
လိပ်စာ - နာရေးကူညီမှုအသင်း (ရန်ကုန်)။ အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊ (၄၂)ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

ဖိုးဖိုး ချက်ကို ကျွန်ုပ်ထံလာရောက် ပို့ဆောင်ကြသော ဦးဟုန်းတန်+ဒေါ်ခင်မြင့်ရီမိသားစု၊ ရပ/၁၃၁၊ နယ်မြေ-၁၀၊ ကျောင်းကြီးစု ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ (တောင်ကြီးမြို့)နှင့် ဘကြီးကွန်း (LINCON)၊ ဦးလေး ကရောင်း (TOYOTA CROWN) တို့ကိုလာရောက် ပို့ဆောင်ကြသော ဦးဇော်ဝင်း + ဇနီး ဒေါ်တင်သန်း သားကိုဗညား (ခေတ္တ ဂျပန်) မိသားစုအား၎င်း၊ ပြည်တွင်းပြည်ပ အလှူရှင်များ၏ အလှုငွေဖြင့် ဖခင်ကြီး ဦးဇူး (ISUZU) ၊ အကိုကြီး ကိုတာ (TOYOTA HILUX) နှင့် ကျွန်ုပ် ကီးကီး (SUZUKI) တို့အား လူသားအကြိုးပြုလုပ်ခွင့်ပေးခဲ့သော (၇) ရက်သားသမီး အပေါင်းတို့အား ကျေးဇူးအထူးတင်ရှိ၍ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုလိုက်ပါသည်။

ကီးကီး (ခ) ဆူဇူကီး (SUZUKI)

ကျော်သူ



0 သင်၏ ကွန်ပြူတာရှိ Hard disk driveကို ဖျက်ဆီးမည့် ဗိုင်းရပ်သတိထားရန်

It was apparently checked with Norton Anti-Virus, and they are gearing up for this virus!
Snopes was also apparently checked, and it is for real. Get this E-mail message sent around to all your contacts ASAP.

PLEASE FORWARD THIS WARNING AMONG YOUR FRIENDS, FAMILY AND CONTACTS!

You should be alert during the next few days. Do not open any message with an attachment entitled 'POSTCARD FROM HALLMARK, regardless of who sent it to you. It is a virus which opens A POSTCARD IMAGE, which 'burns' the whole hard disc C drive of your computer.

This virus will be received from someone who has your e-mail address on his/her contact list. That is the reason why you need to send this e-mail to all your contacts. It is better to receive this message 25 times than to receive the virus and open it!

If you receive a mail called' POSTCARD,' even if it is sent to you by a friend, do not open it! Shut down your computer immediately. This is the worst virus announced by CNN.

It has been classified by Microsoft as the most destructive virus ever. This virus was discovered by McAfee yesterday, and there is no repair yet for this kind of virus. This virus simply destroys the Zero Sector of the Hard Disc, where the vital information is kept.

COPY THIS E-MAIL, AND SEND IT TO YOUR FRIENDS.
REMEMBER: IF YOU SEND IT TO THEM, YOU WILL BENEFIT ALL OF US

0 နာရေးကူညီမှုအသင်းမှ ပြုလုပ်သော စွယ်တော်မြတ်အတွက် မြတ်ဒါန