ဆရာဖေမြင့်၊ ဆရာမောင်ဝံသတို့ ဦးစီးပြီး ထုတ်ဝေသော (ပြည်သူ့ခေတ်) အမည်ရှိ ဂျာနယ် စတင်ထုတ်ဝေခြင်းအခမ်းအနားကို ယနေ့နံနက်တွင်ရန်ကုန်မြို့ ၊ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း)ရှိ မစ္စတာဘရောင်းကဖီး၌ ကျင်းပခဲ့ပါသည်။
ပြည်သူ့ခေတ်ဂျာနယ်သည် နိုင်ငံရေးသဘောတရားများကို ဦးစားပေးဖော်ပြထားသော ဂျာနယ်တစ်စောင်ဖြစ်ကြောင်း ဆရာဖေမြင့်နှင့် ဆရာမောင်ဝံသတို့မှ အခမ်းအနားတက်ရောက်လာကြသော သတင်းနှင့် စာနယ်ဇင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါ ဂျာနယ်သစ်မိတ်ဆက်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးမှ တာဝန်ရှိသောပုဂ္ဂိုလ်ကြီးများအနက်မှ မကြာသေးမီကမှ ဥက္ကဌဖြစ်လာသူ ဗိုလ်မှုးကြီး တင်ခ (တက္ကသိုလ်တင်ခ) နှင့် ဆရာဟိန်းလတ်တို့နှစ်ဦးလောက်သာ တက်ရောက်လာကြောင်း သိရပါသည်။
ပြည်သူ့ခေတ်ဂျာနယ်ကို ဦးစီးပြီးထုတ်ဝေကြသော ဆရာကြီးများအား သိလိုသည်များကို မေးမြန်းခဲ့ရာ (ကျွန်တော်တို့ထုတ်တဲ့ဂျာနယ်က နိုင်ငံရေးဗဟုသုတ အသိပညာပေး ဂျာနယ်တစ်စောင်သက်သက်ပါ။ ကျွန်တော်တို့ ဒီဂျာနယ်ကနေ ၀ါဒဖြန့်တာတို့၊ လှုံ့ ဆော်တာတို့ မလုပ်ပါဘူး။ ပြည်သူတွေ၊ စာဖတ်သူတွေကို နိုင်ငံရေးအသိပညာပေးရုံ စေတနာပါ။ ဒါပေမဲ့ဗျာ တချို့ အကြောင်းအရာ တကယ်ကောင်းတဲ့စာတွေပေါ့လေ စိစစ်ရေးက ဖြုတ်ပြစ်တယ်ဗျာ။ ဒီ့အတွက် ကြိုးစားထားရတဲ့ ကျွန်တော်တို့ စိတ်မကောင်းရုံသက်သက်ကလွဲပြီး ဘာမှမတတ်နိုင်ပါဘူးလေ) ဟု ဆရာကြီးတစ်ဦးမှ ဖွင့်ဟပြောကြားသွားခဲ့ပါသည်။
အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးအသိုင်းအ၀ိုင်းအတွင်းမှ(၂၄.၆.၁၀) နေ့က (၁၃) နှစ်ပြည့်မြောက်ခဲ့သော ပေါ် ပြူလာဂျာနယ်အား မြန်မာနိုင်ငံစာပေနှင့်စိစစ်ရေးမှ တစ်ပတ်ခန့်ဂျာနယ်ထုတ်ဝေမှုကို တားမြစ်ပိတ်ပင်လိုက်သည်ဆိုသောသတင်းကို ကြားသိခဲ့ရပါသည်။

ထိုသတင်းအား အနည်းငယ်မေးမြန်းကြည့်ရာ ပေါ်ပြူလာဂျာနယ်အား ထုတ်ဝေမှုတားမြစ်လိုက်ခြင်းမှာ မည်သို့သောအကြောင်းပြချက်မှန်း မသိရပါဟု စာပေစိစစ်ရေးမှဝန်ထမ်းတစ်ဦးကပြောကြားသွားခဲ့ပါသည်။
(ရေးသားဖေါ်ပြသူ - မာဃ၀ိဇ္ဇာ)။
1 ပြည်သူ့ခေတ်ဂျာနယ်က ယနေ့မှာမိတ်ဆက်ပြီးတော့ စတင်ထုတ်ဝေ၊ ပေါ် ပြူလာဂျာနယ်ကတော့ ယနေ့မှစ၍ ထုတ်ဝေမှု ရပ်ဆိုင်းခံရ။
0 သွေးမြေကျသည်အထိ ပေးဆပ်မှု
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေရှားပါးမှု ဒုက္ခကျရောက်သော မြို့နယ်၊ ကျေးရွာ၊ ဒေသများသို့ ရေရှည်စီမံကိန်းဖြစ်သည့် အ၀ီစိတွင်းများ၊ အုတ်ရေကန်များတွင် “အများပြည်သူအတွက် အများပြည်သူ ကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟု ကဗျည်းရေးထိုးကာ ဒေသခံ လူမှုရေးသမားများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု ပဲခူးတိုင်းရှိ ကျေးရွာ (၅) ရွာဖြစ်သည့် ခနီးကျေးရွာ၊ ခနာကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ လက်ပံကုန်းကျေးရွာနှင့် စက်ကုန်းကျေးရွာ တို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ပဲခူးမြို့ ဒေသခံ လူမှုရေးသမား ကိုသူရိန်ဝင်းနှင့် အဖွဲ့ ဦးဆောင်၍ တူးဖော် တည်ဆောက်ခြင်း လုပ်ငန်းများအား နေ့ည မနားတမ်း လုပ်ကိုင်ပေးဆပ်ခဲ့ရာ မကြာမီ အချိန်ကာလတွင် ပြီးစီးတော့မည် ဖြစ်ပါသည်။ အောင်မြင်စွာ ပြီးစီးသွားပါက အများပြည်သူ အလှူငွေဖြင့် အများပြည်သူအတွက် ပေးဆပ်မှုဖြစ်သည့် ရေအလှူဒါန ကုသိုလ်ရေးအား ရေစက်သွန်းချ အမျှပေးဝေ လှူဒါန်းသွားမည် ဖြစ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ယူပြီး ဆက်လက်တူးဖော်နေသည့် ကျေးရွာများမှာ - ပဲခူးတိုင်းရှိ ခနီးကျေးရွာ၊ ခနာကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ လက်ပံကုန်းကျေးရွာနှင့် စက်ကုန်းကျေးရွာ တို့ဖြစ်ကြသည်။ ထိုသို့ တူးဖော်ရာတွင် ခနီးကျေးရွာ အ၀ီစိတူးဖော်ရေး လုပ်ငန်းခွင်တွင် ချိန်းဘလောက် ပြုတ်ကျ၍ တူးဖော်ရေး လုပ်အားပေး လူမှုရေးသမား ၀န်ထမ်းတစ်ဦး ဦးခေါင်းတွင် ထိခိုက်၍ သွေးမြေကျခဲ့ရသည်။ မည်သို့ဖြစ်စေ အများပြည်သူအား ပေးဆပ်ကုသိုလ်ယူပွဲ ဖြစ်သည့်အတွက် မိမိ၏ ထိခိုက်ဒဏ်ရာကြောင့် မိမိတာဝန်ယူ ဆောင်ရွက်သည့် ခနီးကျေးရွာ၏ အ၀ီစိတွင်း တူးဖော်ခြင်း လုပ်ငန်းခွင်အား ရပ်နားခြင်းမပြုဘဲ ပြီးစီးသည်အထိ ကြိုးစားတူးဖော် ဆောင်ရွက်ပေးလျှက်ရှိသော လုပ်အားပေး လူမှုရေးသမား ညီငယ်လေးအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ မိမိ၏ အသက်ခန္ဓာအား မငဲ့ကွက်ဘဲ ကိုယ်ကျိုးထက် အများအကျိုးအတွက် ရဲရဲရင့်ရင့် ပေးဆပ်ကူညီမှုအတွက် အထူးမှတ်တမ်းတင် အပ်ပါသည်။
ဓာတ်ပုံနှင့် သတင်းပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။
0 မြန်မာနိုင်ငံနှင့် တိုင်းရင်းသား၁၃၅မျိုး
ကျနော်ကြိုးစားပမ်းစားပြုစုကြည့်တာပါ။၁၃၅မျိုးပြောလွန်းလို့ဟုတ်မဟုတ်စမ်းကြည့်တာ။ရနိုင်သမျှစာအုပ်တွေနဲ့
ဖတ်ပြီးကြိုးစားရေးကြည့်တာပါ။ ပိုတာလိုတာထပ်ဖြည့်ကြပါ။
လေးစားစွာဖြင့်
ကိုတိုးတိုး မိုးကုတ်
0 ချောင်းကြည့်သူရဲ့ အမှား (အမှတ်-၂၄)ကိုကြီးပေါ်
နွေဆို ရေခန်း, မိုးဆို ရေကြီးတဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ ဒီနှစ်မိုးရာသီကို ရခိုင် ရေဘေးလေဘေးနဲ့ စဖွင့်လိုက်ပါပြီ။ တဆက်တည်းမှာပဲ ကချင်ပြည်နယ် ဖားကန့်မှာ ရေကြီးပါတယ်။ ဒီနှစ်မှာ အယ်နီညို မိုးလေ၀သဖြစ်စဉ် ရှိတာကြောင့် မိုးနှောင်းကောင်းမယ်လို့ ဆိုပါတယ်။ “မိုးနှောင်းကောင်းမယ်” ဆိုတာက နားဝင်ချောအောင် ပြောတာ။ အဓိပ္ပာယ်က မိုးအကုန် ဆောင်းအကူးမှာ ရေကြီးမယ်လို့ ဆိုလိုတာပါ။ နွေရာသီ စာရင်းပိတ်လက်ကျန် ကတော့ အင်းလေးကန်ကြီး ရေခမ်းခြောက်သွားတာပါပဲ။
ကိုကြီးပေါ် တယောက် ရာသီဥတုကို စာရင်းလိုက်ကောက် နေရတာက အကြောင်းရှိပါတယ်။ ရွှေပြည်တော်ကြီးမှာ “စား ၀တ် နေ” ဆိုတဲ့ အရေးသုံးပါးအနက် နေရေးကိစ္စမှာ နေ့စဉ်နဲ့အမျှ ရာသီဥတုနဲ့ စီးချင်းထိုး နေရတာကြောင့်မို့ပါ။ ကိုကြီးပေါ်တို့ရဲ့ ရွှေပြည်တော်ကြီး ဆိုတာက အင်မတိအင်မတန် သဘာဝနဲ့ တသားတည်းကျအောင် နေထိုင်တဲ့ ပြည်တော်ကြီး မဟုတ်လား။ လူကဖန်တီးထားတဲ့ အရာတွေကို လုံးဝ ဆန့်ကျင်တယ်လေ။ လျှပ်စစ်မီး မသုံးဘူး။ လောင်စာစွမ်းအင် မသုံးဘူး။ သဘာဝ အလင်းရောင်နဲ့ နေတယ်။ သဘာဝကပေးတဲ့ စွမ်းအင်နဲ့ပဲ နေတယ်။ သဘာဝတရားကို အဲသလောက် ချစ်မြတ်နိုးစွာ အမြော်အမြင် ကြီးစွာ ထိမ်းသိမ်းထားတာကလား။
ဒီလို သဘာဝအတိုင်း နေထိုင်သူတွေ ဆိုတော့ သဘာဝ ရာသီဥတုနဲ့ တိုက်ရိုက် ထိတွေ့ခွင့် ရနေတာကိုက ဒုလ္လဘတရားပါပဲ။ ပူမယ်ဆို ပူလိုက်၊ အေးမယ်ဆို အေးလိုက်၊ လေတိုက်ချင် တိုက်ပစ်လိုက်၊ ရေကြီးချင် ကြီးပစ်လိုက်။ ရွှေပြည်တော်မှာ သဘာဝ ရာသီဥတုက လွတ်လပ်ခွင့် အပြည့်နဲ့ သောင်းကျန်းသမျှကို ရွှေပြည်တော်သားတွေက မေတ္တာမပျက် ခံယူလျက်ပါ။ ဒါတင်မက မိုးရွာလို့ ရေကြီးတာကို မြို့ထဲနေသူတွေ မခံစားလိုက်ရမှာ စိုးလို့ မြို့လယ်ခေါင်မှာကို ရေကြီးအောင် လုပ်ပေးထားတာ။ ရွှေပြည်တော်ကြီးရဲ့ ခေတ်ရှေ့ပြေးမှုကို ဘယ်သူတွေ လိုက်မီလိမ့်မလဲ။
အဲ… ခက်နေတာက ရွှေပြည်တော်မှာ ဖြစ်ပျက်သမျှကို လူတွေက အမီလိုက်နိုင်ပေမယ့် တိရစ္ဆာန်တွေက အမီမလိုက်နိုင်ရှာတော့ ခမျာတို့မှာ ကပ်ဘေးတွေနဲ့ ကြုံနေရရှာရဲ့…။
ကြွက်ရယ်, ဆင်ရယ်, လိုဏ်ခေါင်းရယ်
ဇွန်လကုန်ပိုင်းမှာ ထူးထူးခြားခြား ကြားလိုက်ရတဲ့ သတင်းက ကြတ်ပြေးနေပြည်တော်က ကြွက်တွေ ထောင်နဲ့ချီပြီး ရွှေ့ပြောင်းနေကြတယ် ဆိုတာပါပဲ။
ကြွက်ဆိုတာ မြေအောင်းသတ္တ၀ါ။ နေရာ အနှံ့အပြားမှာ ရှိနေတတ်ပါတယ်။ ဒါပေမယ့် အကောင်ရေ ထောင်သောင်းချီပြီး သွားလာနေတယ် ဆိုရင်တော့ ဒါ ပုံမှန် မဟုတ်တော့ဘူးပေါ့။ သဘာဝကို မှီခိုနေရတဲ့ တိရစ္ဆာန်တွေမှာ သူတို့ရဲ့ နေထိုင်မှုဟာ ဗီဇတုံ့ပြန်မှုကြောင့် အဓိက ဖြစ်လာရပါသတဲ့။ သဘာဝက တခုခု အပြောင်းအလဲ ဖြစ်လာရင် သူတို့လည်း အပြောင်းအလဲ ဖြစ်လာတယ် ဆိုတဲ့ သဘောပေါ့။ တချို့ ကိစ္စတွေမှာ သဘာဝက ပြောင်းလဲလာတော့မယ့် အခြေအနေနဲ့ လိုက်လျောအောင် တိရစ္ဆာန်တွေကလည်း ကြိုတင်ပြီး ပြောင်းလဲလာတတ်တယ်တဲ့။ ဒါကို တိရစ္ဆာန်တွေက ကြိုသိနေတယ်လို့ အလွယ် ပြောကြတာပေါ့။
ဆူနာမီတုန်းက အာချေးက တံငါရွာတရွာဟာ ရေလှိုင်းဒဏ်က လွတ်ခဲ့သတဲ့။ ဘာကြောင့်လဲ ဆိုတော့ ပုရွတ်ဆိတ်တွေ ကုန်းပေါ် ရွှေ့ပြောင်းတက်လာတာကို တွေ့တော့ သူတို့ ဘိုးဘွားတွေ အစဉ်အလာ မှတ်သားခဲ့တဲ့ စကားကို အမှတ်ရပြီး ရေလှိုင်းကြီးတွေ လာတော့မယ် ဆိုတာကို ကြိုသိနေသတဲ့။ ဒါကြောင့် ကုန်းပေါ်ကို အချိန်မီ ရွှေ့နေခဲ့နိုင်လို့ တရွာလုံး ဆူနာမီဒဏ်က လွတ်ခဲ့ပါသတဲ့။
ကဲ… ကြွက်တွေကတော့ ရွှေ့ကုန်ပြီ။ လူတွေက ဘယ်လို အဓိပ္ပာယ် ကောက်ကြမလဲ။ ကိုကြီးပေါ်တော့ ဒီကိစ္စမျိုး သိပ်မသိလို့ သိပ်မပြောတတ်ပါဘူး။ ဟို မြန်မာ့အရေး ကျွမ်းကျင်သူ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးငယ်တွေကို မေးကြည့်ရင် ကောင်းမယ် ထင်တာပဲ။ အတိုက်အခံ တွေကတော့ ကြွက်ပြေးတာ နအဖကြောင့်လို့ပဲ ကောက်ချက်ချမယ် ထင်ပ။ အဝေးရောက် ၀န်ကြီးတွေကတော့ ဒီကိစ္စကို နိုင်ငံတကာမိသားစုက ကြည့်မနေဖို့ တိုက်တွန်း သွားပါ့မယ်လို့ အင်တာဗျူးလုပ်ရင် ဖြေကြမယ် ထင်ပါရဲ့။ အချို့ကတော့ ကြွက်ကယ်ဆယ်ရေး ရန်ပုံငွေတွေ ဘာတွေများ ထူထောင်မယ်လား မသိ။
ဘိုးတော်တွေ ဗေဒင်ဆရာတွေကိုတော့ မမေးရဲဘူး ခင်ဗျ။ သူတို့ရဲ့ အတိတ်နိမိတ် ကောက်ယူပုံတွေကို ကိုကြီးပေါ် လုံးဝ နားမလည်လို့ပါ။ ဘိုးတော်နဲ့ ဗေဒင်ဆရာတွေ တော်ချက်က ဖြစ်ပြီးတာတွေ အကုန်မှန်ပြီး မဖြစ်သေးတာတွေ အကုန်မှားတာပါပဲ။ “ဒီမိုကရေစီရေးဆိုင်ရာ ဟောချက် အလွဲများ” ဆိုပြီး စာအုပ်ထုတ်ရင်တော့ တော်တော်ထူမယ့် သဘောရှိတယ်။ တမြန်နှစ်က ဒေါ်အောင်ဆန်းစုကြည် သီတင်းကျွတ်ရင် လွတ်ကိုလွတ်ရမယ်၊ မှားရင် အသေခံမယ်ဆိုပြီး “ပညာကျော်” ဆိုတဲ့ အမည်ဝှက်နဲ့ ခေတ်ပြိုင်မှာ ဟောတဲ့ ဗေဒင်ဆရာလည်း ဘယ်ဘုံဘယ်ဘ၀ ရောက်လေပြီ မသိ။ ကိုကြီးပေါ်ဖြင့် အမျှကလေးတောင် မဝေလိုက်ရပါဘူး။ ကျွတ်..ကျွတ်..။
ကိုကြီးပေါ် ထင်တာ ပြောရရင်တော့ ငတ်လို့ ပြေးတယ် ထင်တာပါပဲ။ ငတ်တယ်ဆိုတာက မူလနေရာမှာ စားစရာ ရှားလာလို့ရယ်၊ အခြားနေရာမှာ စားစရာ ပေါတာကြောင့်ရယ် နေရာသစ်ကို ရွှေ့တဲ့သဘောပေါ့။
ဝါးပွင့်ရင် ကြွက်အုပ်ကျတတ်တယ်လို့ ဆိုစမှတ် ရှိတယ်။ ၀ါးဆိုတာ ပွင့်ခဲတယ်။ ၀ါးပွင့်ကို ကြွက်က အလွန်ကြိုက်တယ်။ ဒါကြောင့် ၀ါပွင့်ရာကို ကြွက်တွေအုပ်လိုက် ရောက်လာ, ၀ါးပွင့် သာမက အခြား သီးနှံတွေကိုပါ စားသောက်ပစ်တော့ အဲဒီ အရပ်မှာ စားစရာ ရှားပါး ငတ်ပြတ် ဖြစ်ရတယ်လို့ မှတ်သားရပါတယ်။ မနှစ်ကတုန်းက ချင်းပြည်နယ်မှာ ၀ါးတွေပွင့် ကြွက်အုပ်တွေ ကျလို့ စိုက်ခင်းတွေ ပျက်စီးပြီး အစားအစာ ရှားပါးခဲ့တာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။
စာတွေပေတွေထဲမှာလည်း ကြွက်အုပ်တွေကျလို့ မြို့ရွာတွေ ပျက်စီးရတယ် ဆိုတာမျိုး ဖတ်မှတ်ရဖူးပါတယ်။ ဒီတော့ ကြွက်အုပ်ကျရင် သေချာတာက အဲသည် ကြွက်တွေက ငတ်နေတဲ့ ကောင်တွေ ဖြစ်မယ်။ တွေ့ကရာ အကုန်စားမယ်။ သူတို့နဲ့အတူ ရောဂါပိုးမွှားတွေ ပါလာမယ်။ လူတွေရဲ့ စားသောက်နေထိုင်မှုဟာ အချိန်တိုအတွင်း ကမောက်ကမ ဖြစ်ပြီး ပျက်စီးမယ်။ ဒီလို ယူဆနိုင်မယ် ထင်ပါတယ်။
ဟိုးတချိန်တုန်းက အလယ်ရိုးမဆိုတာ ၀ါး အင်မတန်ပေါတဲ့ တောကြီးပေါ့။ ကြွက်တွေရဲ့ တာဝတိံသာလို့ ဆိုရမှာပေါ့။ ပျဉ်းမနား ကြွက်ကြော်ဆိုတာလည်း နာမည်ကြီးရဲ့။ ဒီ အလယ်ပိုင်းဒေသမှာ ပလိပ်ရောဂါ ဖြစ်လို့ သေကြေခဲ့ရတာတွေလည်း ရှိပ။ တခါတရံ ကြွက်အုပ်တွေ ကျတတ်တယ်ဆိုတာလည်း ကြားနာခဲ့ရဖူးပါတယ်။ ဒါကြောင့် ပျဉ်းမနား, ကြတ်ပြေး နဲ့ ကြွက်ဆိုတာ သိပ်တော့ ခွဲခြားထားလို့ မရကောင်းတဲ့ အရာပါ။
ခုတော့ ကြတ်ပြေးက “ကြွက်ပြေး” ဖြစ်သွားပါပြီ။ ဒီအရပ် ဒီဒေသမှာ ကြွက်တွေ မှီခိုနေထိုင်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ငတ်ပြီ။ အစာရှိရာ အခြားအရပ်ကို ပြောင်းကြပြီ။ ပြဿနာက ကြွက်တွေ စွန့်ခဲ့တဲ့ ဒေသ မဟုတ်ဘူး။ ကြွက်တွေ ရောက်လာမယ့် ဒေသ ဖြစ်ပါတယ်။ ဒါကိုတွေးပြီး ကြတ်ပြေးမင်းကြီးကတော့ ကြိတ်ပြုံးနေမယ် ထင်ပ။ သူပြုံးနေချိန်မှာ အနီးအနား ဒေသရပ်ရွာတွေကတော့ “သရောကြီးခိုင်း”ရင် ဘယ်လို ပြေးရမလဲလို့ ရင်တမမ နေရတော့မယ့် အဖြစ်ပါပဲ။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကြွက်ပြေးချိန်မှာ ဆင်ဖြူ ဆိုတာက ပေါ်လာသဗျ။ အင်တာနက်ကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထိန်းချုပ်ထားတဲ့ ဗိုလ်ချုပ်မင်းကြီးများဟာ ဆင်ဖြူ ဆိုတာကိုတော့ အင်မတန် မက်မောတယ် ခင်ဗျ။ ဆင်ဖြူ မရှိသေးတော့ လေယာဉ်ပျံ ပိစိကွေးကို ဆေးအဖြူသုတ်ပြီး “ဆင်ဖြူတော်” လို့ အမည်ပေး စီးသတဲ့။ ကိုကြီးပေါ် သိတာကတော့ ဆင်ဖြူတော် ဆိုတာ မြေဖြူပါပဲ။
ဆင်ဖြူဆိုတဲ့ အကြောင်းအရာက ရှေးဟောင်းစာပေတွေမှာ ပါခဲ့လေတော့ အာရှယဉ်ကျေးမှုမှာ အတော် စိမ့်ဝင်နေတဲ့ ကိစ္စပါ။ ဆင်ဟာ လူကို အကျိုးပြုတဲ့ တိရစ္ဆာန်ဆိုတာ မှန်ပါတယ်။ ရှေးက ခရီးသွားဖို့, ကုန်ဆွဲဖို့, စစ်တိုက်ဖို့ ကိစ္စတွေမှာ ဆင်, မြင်း, နွား, ကျွဲ ဆိုတာတွေဟာ မရှိ မဖြစ်ပေါ့။ ဆင်က အင်အား အကြီးဆုံး ဆိုတော့ ပိုအသုံးဝင်တာပေါ့။ ဆင်များများ ရှိလေ အင်အား ပိုရှိလေပေါ့။ ဒီတော့ ဆင်မွေးမြူရေးဟာ အရေးကြီးလာတယ်။ ဆင်ဟာ တိုင်းပြည်ရဲ့ အင်အားတရပ် ဖြစ်လာတာကြောင့် ရှင်ဘုရင်ရဲ့ ရတနာစာရင်းမှာ ဆင်ကို ထည့်သွင်း ထားရတာ ဖြစ်ပါတယ်။
သာမန်အားဖြင့် ဆင်ဟာ မည်းပေမယ့် မျိုးဗီဇ ဖောက်ပြန်ပြောင်းလဲမှုကြောင့် တချို့ဆင်ဟာ အရေပြားအရောင် ဖြူနေတတ်ပါသတဲ့။ အခြားသတ္တ၀ါတွေမှာလည်း ဒီသဘောအတိုင်း ရှိပါသတဲ့။ ရှေးကတော့ တွေ့ရခဲတဲ့ ဆင်ဖြူဆိုတာ ထူးခြားတယ်လို့ ထင်ခဲ့ကြတာပေါ့။ လူတွေဟာ ရှားပါးတာကို တန်ဖိုးထားတတ်ကြတယ် မဟုတ်လား။ ဒီတော့ ရှားပါးတဲ့ ဆင်ဖြူကိုလည်း နှစ်သက်မြတ်နိုးစရာ တခုလို သဘောထားခဲ့ကြတာပါပဲ။ ပတ္တမြား နီလာ စတဲ့ ကျောက်မျက်ရတနာတွေ လိုပဲ ဆင်ကိုလည်း သက်ရှိရတနာ တခုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ အိမ်မွေးတိရစ္ဆာန် အကြီးစား ဆိုပါတော့။
ဒီမှာတင် ဆင်ဖြူကို ဋီကာချဲ့ပြီး ထမင်းအိုးချဲ့တဲ့ လူတွေ ပေါ်လာတော့တာပါပဲ။ ဆင် ဘာကြောင့် ဖြူတယ် ဆိုတာ သိပေမယ့် ကိုယ့်ရဲ့ ထမင်းအိုး ပျက်မသွားအောင် ဟိတ်လုံးမြှောက်လုံးတွေနဲ့ တန်ဆာဆင်ခဲ့ကြတာပါပဲ။ “ဆင်ဖြူတော်မှီပြီး ကြံစုတ်” ဆိုတဲ့ စကား အရှိသား မဟုတ်လား။ ဆင်ဖြူထိန်းတဲ့ လူတွေက ရှင်ဘုရင်ကို ဆင်ဖြူပြပြီး ဗုံမြောက်ပေးကြတော့ ရှင်ဘုရင်တွေလည်း ဆင်ဖြူရှင် ဆိုရင် ဂုဏ်ရှိတယ်လို့ ထင်လာကြတော့တာပါပဲ။ အခြား ဘုရင်တွေတော့ ဘယ်လို ရှိတယ် မသိပေမယ့် ဗမာရှင်ဘုရင်တွေကတော့ ဆင်ဖြူ အတော် ရူးကြပါတယ်။ ဆင်ဖြူမ အသေကောင်ကို ၀ါးနဲ့ထောက် အဲဒီပေါ် တက်စီးပြီး ဆင်ဖြူရှင် အမည်ခံတဲ့ ပင်းယခေတ်က “တစီးရှင် သီဟသူ” ဆိုတာ ရှိခဲ့လေသပ။ ဆင်ဖြူ တကောင်မှ မရှိလည်းဘဲ စာရေးတော့ “ဆင်ဖြူများရှင် ဆဒ္ဒန်ဆင်မင်းသခင်” လို့ ရေးခဲ့ကြတာပါပဲ။
ဆင်အုပ်ထဲမှာ ဆင်ဖြူပါရင် အဲဒီ အဖြူကောင်ကို ကျန်တဲ့ အမည်းတွေက ၀ိုင်းဝန်း စောင့်ရှောက်ကြပါတယ်။ ဒါကို ဆင်ဋီကာချဲ့သူတွေက ဆင်မည်းထက် ဆင်ဖြူက သာလွန်တယ်လို့ ဆိုပဲ။ တကယ်က ဗီဇဖောက်ပြန်မှုအရ ဆင်ဖြူဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းပါတယ်။ ဆင်တွေဟာ သူတို့အချင်းချင်း အားနည်းသူကို စောင့်ရှောက်တတ်တဲ့ သဘာဝ ရှိသူတွေပါ။ အမျိုးသမီးများနဲ့ ကလေးများကို ဦးစားပေးပါ ဆိုတာ လူထက် ဆင်က စောပါတယ်။ သူတို့သဘာဝအရ အားနည်းတဲ့ ဆင်ဖြူကို ကျန် ဆင်မည်းတွေက စောင့်ရှောက်ပေး တာပါ။ ဆင်ဖြူဟာ ဆင်မည်းထက် အသက် တိုလေ့ရှိပါတယ်။
ဆင်ဖြူကို လူကမွေးတော့လည်း အလုပ်မခိုင်းဘဲ တယုတယ ထားပါတယ်။ အမှန်က ဆင်ဖြူဆိုတာ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ ဒါကြောင့် အင်္ဂလိပ်လူမျိုးတွေက ဟန်သာရှိပြီး လက်တွေ့ အလုပ်မဖြစ်တဲ့လူကို white elephant လို့ တင်စားသုံးနှုန်းခဲ့ကြတာပါ။ အနောက်တိုင်း ယဉ်ကျေးမှုမှာ ဆင်ဖြူဆိုတာ “အလကားကောင်” ဖြစ်နေပေမယ့် အရှေ့တိုင်း ယဉ်ကျေးမှုမှာတော့ ဆင်ဖြူဆိုတာ “အာဏာဝိသေသ” ဖြစ်နေရတာကိုက လောကရဲ့ သရော်ချက် တခုပါပဲ။
သုံးစားလို့မရတဲ့ ဆင်ဖြူကို ရေချိုးပေးတဲ့ ဗိုလ်ခင်ညွန့်တယောက် ဘုန်းတန်းခိုး တက်ဖို့ နေနေသာသာ ရာထူးပြုတ်ပြီး မြောင်းထဲရောက်သွားတာမှ မကြာသေးဘူး၊ ဗိုလ်သန်းရွှေက ဆင်ဖြူ ရောဂါထပြီး ရခိုင်မှာ ဆင်ဖမ်းပါသတဲ့။ အခု ခြောက်လ တနှစ် ကြာတော့ တွေ့ပါပြီ။ အသက် ၃၈ နှစ်လောက် ရှိတဲ့ ဆင်မတဲ့။ ဓာတ်ပုံထဲ မြင်ရတာတော့ ဦးခေါင်းရိုး ငေါင်းစင်းစင်းနဲ့။ ဆင်အုပ်ကလည်း လေးငါးကောင်ပဲ ရှိတယ် ဆိုတော့ ဆင်တွေလည်း အငတ်ဘေးကို အတော်ခံစားနေရပုံ ရပါတယ်။
ရွှေပြည်တော်မှာ လူတွေက သဘာဝ ရာသီဥတုကို ဒုံရင်းအတိုင်း ရင်ဆိုင် နေထိုင်ကြရချိန်မှာ ကြွက်တွေ ဆင်တွေကတော့ သူတို့ သဘာဝ နေထိုင်မှုကို စွန့်ပြီး မြို့ရွာတွေထဲ နန်းတော်ထဲ ၀င်လာနေကြလေရဲ့။
ကိုကြီးပေါ်ကတော့ ဒီအဖြစ်သနစ်တွေကို ကြည့်ပြီး အမှားတွေ ပွားနေမိရဲ့။
ရွှေပြည်တော်မှာ ဗိုလ်ချုပ်မင်းကြီးက “ရေမြေအလုံးကို အစိုးရတော်မူသော” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီအောင် မြေတွင်း လှိုဏ်ခေါင်းတွေ နက်နက် တူးနေတာ အံ့မခန်းဆိုရဲ့။ ရလဒ်ကတော့ မြေတွင်းက ကြွက်တွေခမျာ နေစရာ မရှိ စားစရာ မရှိတော့လို့ ထွက်ပြေးနေရလေရဲ့။ အဲဒီ လှိုဏ်ခေါင်းတွေထဲမှာ လျှို့ဝှက် ထုတ်လုပ်နေတဲ့ ညူကလီးယား ဆိုတာကြီးက ဗုံးဖြစ်ဖို့ နေနေသာသာ လောက်စာလုံးတောင် မဖြစ်သေးဘူးလို့ ပညာသည်တွေက ပြောလိုက်တော့ ဗိုလ်ချုပ်မင်းကြီးခမျာ ရင်ကွဲပက်လက် ဖြစ်ရပြန်ရဲ့။ သြော်.. “ဆင်ဖြူတော်မှီပြီး ကြံစုပ်” ဖို့ ကြိုးစားနေတဲ့ ဗိုလ်ချုပ်မင်းကြီးရဲ့ ညူကလီးယားဆိုတာ “ဆင်ခေါင်း ခွေးချီ” ကြီးပါလား ဟရို့။
အခုချိန်မှာ အဖြစ်သင့်ဆုံးကတော့ မြေတွင်းအောင်းနေတဲ့ ဗိုလ်ချုပ်မင်းကြီးဟာ “ဆင်ဖြူရှင်” ဘွဲ့ကို အမြန်ဆုံး ခံလိုက်ဖို့ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဆင်ဖြူဆိုတာ ဟန်သာရှိပြီး အဆန်မရှိတဲ့ အလကားကောင် မဟုတ်လား။ နအဖရဲ့ လုပ်ရပ် အရည်အချင်း အားလုံးကို ခြုံငုံနိုင်တဲ့ သင်္ကေတ ဖြစ်သွားတာပေါ့။
ဒါမှမဟုတ် သွားလေသူ ဗိုလ်ခင်ညွန့်ကို နမူနာယူ ပြောရရင် ဆင်ရေချိုးတဲ့လူ မြန်မြန် ဂျောင်းရလေသတဲ့။
ကိုကြီးပေါ်
0 ငါ့ကောင်တွေရဲ့ နိုင်ငံရေးရေချိန်
ပြည်တွေတွေရဲ့ နိုင်ငံရေးရေချိန်ကို မြှင့်ပေးရမယ်၊ ပြည်သူတွေနိုင်ငံရေးရေချိန်မြင့်မှတိုင်းပြည်ရေချိန်မြင့်မယ် ဆိုသည့် စီညံစီညံလေသံတချို့ ကြားကြားနေရပါသည်။
နိုင်ငံရေးရှေ့ ဆောင်များအပါအ၀င် ဂုရုကြီးတချို့ ၏ မန်းမှုတ်သံတွေကို ကြားရဖန်များလာသော ပြည်သူတို့ စိတ်ဆင်းရဲကြီးစွာဖြစ်ကြရသည်။ ခွက်ခွက်လှန်အောင် ရယ်မောဟားတိုက်ကြသည်။ ရင်းနှီးလှသော မိတ်ဆွေတစ်ဦးကိုယ်တိုင် သံယောင်လိုက်ပြီး ငါတို့ ပြည်သူတွေ နိုင်ငံရေးရေချိန် သိပ်နိမ့်တယ် ဟု ယိုးစွပ်ပြန်သည်။
သူတို့ ပြောသော ပြည်သူတွေဆိုတာ ဘယ်သူတွေပါလဲ။ဆိုက်ကားဆရာများ၊ ဘတ်စ်ကားယာဉ်နောက်လိုက်နှင့် ယာဉ်မောင်းများ၊ ကွမ်းယာယာသူများ၊ ပလက်ဖောင်းပေါ် ဈေးရောင်းသူများ စသည်တို့ ကို ဆိုလိုချင်သည်လား.. ဒါမှမဟုတ် ဟစ်ဟော့ဂီတ တိမ်းမူးလူငယ်များ၊ နားဖောက်နားကပ်ပန် ဆံပင်ဆေးဆိုးလူငယ်များ၊ ဘောင်းဘီပွပွအကျီ င်္ချောင်ချောင် ရက်ပါလူငယ်များ စသည်တို့ ကို ဆိုလိုချင်တာလား။
ဒါမှမဟုတ် ပညာရည်ဆိုးရွားနိမ့်ပါးပြီး ကိုယ်ကာယအရင်းပြုလို့  နေ့ စဉ်ဘ၀အတွက်ရုန်းကန်နေရသော နင်းပြားဆင်းရဲသားများကို ဆိုလိုချင်တာလား။လက်ပေါ်နဖူးတင် စဉ်းစားကြစေချင်ပါသည်။ မြန်မာ့ဒီမိုကရေစီရေးနည်းပြဆိုသူများ ဦးနှောက် ပွက်ကြစေချင်သည်။
နှစ် ၂၀ ကျော်ကြာခဲ့ပြီဖြစ်သော ၈၈ လူထုဒီမိုကရေစီအုံကြွမှုကြီးကို ကျွန်တော်ကျွန်မတို့ လုံးဝမသိပါ၊ မသိသဖြင့် ဘယ်လိုမှမခံစားရပါ ဟု ယနေ့ ဆယ်ကျော်သက်လူငယ်လူရွယ်များ ပြောလာလျှင် ပြသ၁နာမရှိပါ။ အမှန်တရားသာ ဖြစ်သဖြင့် လက်ခံပေးရန်အသင့်ရှိပါ၏။
သို့ သော် မဝေးလှသေးသော ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုကြီးကို ထိုဆယ်ကျော်သက်လေးများ ကောင်းကောင်းသိပါသည်။ ထို လုံငယ်လုံမငယ်လေးများကိုယ်တိုင် ရှေ့ တန်းတစ်နေရာမှ ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ရွှေဝါရောင်အရေးသည် နှစ်ဆယ်တန်းအရွယ်ခေတ်လူငယ်များ၏ သူတို့ တိုးမိတိုက်မိသော နိုင်ငံရေးဖြစ်သည်။ သူတို့ ရင်ဘတ်နှင့်ရင်းပြီး ခံစားရသောနိုင်ငံရေးဖြစ်သည်။ မှတ်ဥာဏ်ထဲစွဲသွားသော သူတို့ နိုင်ငံရေးဘ၀ဖြစ်သည်။
ထိုမျှနှင့်ပင် လုံလောက်ပါသည်။ အေးဆေးပါသည်။
တီရှပ်စွပ်၊ ဂျင်းရှည်ထိုး၊ စကဒ်တိုတိုစည်း၊ ကွာတားဘောင်းဘီဝတ် လုံငယ်လုံမငယ်များနှင့်အတူ နင်းပြားဆင်းရဲသားများ၊ လမ်းဘေးဈေးသည်လက်လုပ်လက်စား အခြေခံလူတန်းစားများ လက်ချင်းချိတ်ဆက်ပြီး သံဃာတော်များကို ၀ိုင်းရံပံ့ပိုးပေးခဲ့သည့် ကြက်သီးတဖြန်းဖြန်းထလောက်ဖွယ် မြင်ကွင်းများကို ငါတို့ နှင့်မဆိုင်ဟု လက်လွှတ်စပယ်ပြောလို့ မရပါ။
သူတို့ သေပြေးရှင်ပြေး ပြေးခဲ့ရသည်။ တချို့ နယ်စပ်များသို့ ရောက်သွားသည်။ တချို့ ထောင်ထဲရောက်သွားသည်။
နိုင်ငံရေးရေချိန် နိမ့်ပါသေးသည်ဟု ထိုမော်ဒန်လူငယ်များနှင့် အခြေခံလူတန်းစားများကိုနှိမ့်ချအပြစ်ပြောလိုသော နိုင်ငံရေးသမားတော်ဆိုသူများရှိလာခဲ့လျှင် ဆရာသမားများ ကျန်းမာချမ်းသာကြပါစေဟု ဆုတောင်းပေးရုံမှတပါး အခြားမရှိတော့ပါ။
ခေတ်လူငယ်တွေ နိုင်ငံရေးကို ကြောက်နေတယ်၊ နိုင်ငံရေးက ထွက်ပြေးကြတယ် ဟုယနေ့ ရွေးကောက်ပွဲနိုင်ငံရေးသမားများနှင့် ရွေးကောက်ပွဲအလိုတော်ရိများ၏ ခေတ်လူငယ်တို့ အပေါ် အောက်တန်းကျသိမ်ဖျင်းသော ပုတ်ခတ်မှုများကို လုံးဝဆန့် ကျင်ရပါမည်။ ဗြောင်လိမ်ဗြောင်စားစွပ်စွဲချက်များဖြစ်သည်။
သူတို့၏ မကြောက်စိတ်နှင့်စွန့်လွှတ်စိတ်ထားများကို ၂၀၀၇ ဖြစ်ရပ်များက ကွင်းကွင်းကွက်ကွက် မီးမောင်းထိုးပြသွားခဲ့ပြီဖြစ်သည်။ တခြားတပါးတိုင်းပြည်များနှင့် အာဏာပိုင်တို့ ၏အကျဉ်းထောင်ထဲ အဖေကွဲအမေကွဲ၊ သားကွဲသမီးကွဲ၊ မိသားစုများနှင့်ကွဲကွာလျက် သူတို့ ၏စံ ကို သူတို့ ပြသခဲ့ကြပြီးဖြစ်သည်။ မှတ်ကျောက်တင်ခဲ့ပြီးဖြစ်သည်။
သူတို့ သည်သူကောင်းပြုမှု၊ ချီးမြှောက်မှု တို့ အတွက် စိတ်ဝင်တစားမရှိကြပါ။ သူရဲကောင်းများဟု မခေါ်လိုပါကလည်း တစုံတရာရှော့ခ်မရှိပါ။ သူတို့ သည် စေတနာဖြူစင်စွာဖြင့်ခေတ်တာဝန်ကို ထမ်းရွက်နိုင်သလောက် သယ်ပိုးထမ်းရွက်သွားကြသော ဒီမိုကရေစီဘက်တော်သားများသာဖြစ်ပါသည်။ ခေတ်အဆက်ဆက်ရှိခဲ့ကြပါသည်။
အမြဲတမ်းအမှတ်တရနှင့် အမြဲတမ်းသတိရဖွယ်ကောင်းလွန်းလှသည်။
ပြည်သူလူထုသည်သူတို့ အရသာမတွေ့ သောနိုင်ငံရေး၊ သူတို့ အာရုံမရသောနိုင်ငံရေး၊သူတို့ ဖီလင်မလာသော နိုင်ငံရေးအလုပ်များအတွက် အချိန်ကုန်လေကုန်မခံနိုင်ပါ။ သုံးလတန်သည်၊ ခြောက်လတန်သည် လုံ့ လမစိုက်ထုတ်နိုင်ပါ။ ခေတ်စကားနှင့်ပြောရလျှင် ပျင်းစရာသိပ်ကောင်းပါသည်။
ဘယ်သင်းက နိုင်ငံရေးအတု၊ ဘယ်သင်းက နိုင်ငံရေးအစစ်ဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိသည်။ စိစိညက်ညက်အမှုန့် ဖြစ်လောက်အောင်ကို သူတို့ သိပါသည်။
မည်သည့်အရာကိုမျှ လှုံ့ ဆော်စရာမလိုအပ်သလို ရပ်တန့် ခိုင်းဖို့ လည်းမဖြစ်နိုင်ပါ။
သမိုင်းဘီးကို ပြည်သူလူထု လှိမ့်ပါလိမ့်မည်။
ပေးပို့သူ. ... aungmyinttun
0 အမှန်တရားပန်းပွင့်တွေ ရဲ့ ရာဇ၀င်
ကိုယ့်ကိုယ် ကိုအရင် လေးစားရမယ် ......
ကိုယ့်ယုံကြည်ချက် အပေါ်ကို ဘယ်တော့ မှ သစ္စာ မဖေါက် နဲ့ .....
ကြုံတွေ့ နေသမျှ အဖြစ်အပျက်တိုင်း ဟာ ငါတို့ အတွက် သင်ခန်းစာတွေဘဲ ......
စိန်ခေါ်မှုတွေ ကတော့ ငါတို့အတွက် အင်အားတွေ ပေါ့ ...
သတ်ကွင်းတွေ ဟာ ငါတို့ စိတ်ဓါတ် တွေကို မီး ပေါင် တင်ပေးနေတယ်
ငါတို့ ရဲ့ သဘောထား တွေကို အသားမာတက်စေမယ့် အရာတွေမှန်သမျှကို ငါတို့ မမေ့ ပစ်နဲ့ ..
ကိုယ်စီ ရင်ဖွင့်သံတွေကို အလေးအနက် နားစိုက်ထောင်မယ် ......ဘယ်တော့မှ လျှော်ထုတ်မပစ်ဘူး ....
ဆက်ဆံရေးတွေ အတွက် အပေးအယူ များများလုပ်ရမယ် ...
ငါတို့ စိတ်ဓါတ် တွေကို တတ်နိုင်သမျှ ဖွင့် ထား ကြမယ်
ခု ၂၀၁၀ ခုနှစ်၊ နောက်ထပ် ၂၀၁၁ ...၂၀၂၀ သက္ကရာဇ် တွေ က ငါတို့ ကို တဖြည်းဖြည်း တိုက်
စားသွားကြမယ်......
ကျည်ဆံမတိုးတဲ့ အမှန်တရား လမ်းစဟာ ငါတို့အတွက်ပိုပြီး ပီပြင်လာ မှာ သေချာတယ်
ငါတို့ သေနိုင်တယ် အချိန်မရွေး ....
သေမလောက် အောင် ညှင်းပန်းနှိပ်စက်တာကိုလဲ ခံရနိုင်တယ်
နေ့တိုင်းနေ့တိုင်း ကိုယ့်ဘ၀ကို သရဏဂုံ တင်ထား ကြရ
ဒါဟာ ငါတို့ သွားနေတဲ့ လမ်း မှာ အဆိုးဆုံးကို ရင် ဆိုင်ဖို့ ခွန်အား ....
အရာရာတိုင်း ကို ကျေးဇူး တင်တယ် ငါတို့ ရင့် ကျက်မှုကို အရောင်တင်ပေးနေကြလို့ 
ငါတို့ မှာ ဖိစီးမှုတွေရှိလိမ့် မယ်
စိတ်ကျ ရောဂါတွေလဲ ၀င်လိမ့် မယ်
နောက် ဆုံး ငါတို့ အရူုးလို့ သတ်မှတ်ခံ ရနိုင်တယ်
အဲဒါတွေအတွက် တော့ ဘယ်တော့မှ စိုးရိမ် ထိတ်လန့် နေမှာ မဟုတ်ကြဘူး .....
ငါတို့ သေသွားမယ်
ငါတို့ ဝိညာဉ်တွေ ဘယ်တော့ မှ မသေဘူး
ငါတို့ ကိုယ် ငါတို့  အစွဲလန်း ကင်းစွာ နဲ့ အမှန်တရားကို ချဉ်းကပ်တယ်
.....................................................................လေးစားမြတ်နိုးတယ်
ငါတို့ လွတ်မြောက်ရေး ကို ငါတို့ ကာကွယ် ဖို့ လဲ လိုအပ်တယ်
ငါတို့ ဇာတိ
ငါတို့ သွေးချင်း
ငါတို့ ပြည်သူ တွေကို တော့ စွဲလမ်းစွာ ချစ် ခင်တယ်
သေချာတယ် ငါတို့ ဟာ ပုထုဇဉ် တွေ
ဒီလို ပြောလို့ ငါတို့ ကို အတ္တကြီး သူတွေလို့ စွပ်စွဲနိုင်တယ် ........
အလင်းရောင် ကို မြင်ဖို့ ငါတို့ ဟာ အမှောင်ထု ကို ရဲရဲကြီး ရင် ဆိုင်ကျော်ဖြတ်နိုင်တယ်
ခုချိန်မှာ အခွင့်အရေး တန်းတူ ညီမျှရေး အတွက် တိုက်ကွင်းထဲ မှာ
အာဏာ ရ လူတစ်စု သတ်လို့ သေခဲ့ ရင်တောင် ကိုယ့်ဝိညာဉ် ကို ကိုယ်ဂုဏ် ယူမယ်
ဘာ လို့ ဆိုအဲဒီ လူတွေဟာ သူတို့ လိပ်ပြာသူတို့ ပြန်ကြောက်နေရသူတွေဖြစ်လို့ ဘဲ
နောက်ပြီး သူတို့ အသက်ဟာ လူသတ်လက်နက်ဘဲ
သူတို့ ကို သူတို့  ဘယ်လိုမှ လေးစားလို့ မရဘူး ဆိုတာ ငါတို့ သိလို့
ငါတို့ဟာ သူတို့ ကို ဘယ်တော့ မှ မမုန်းခဲ့ကြဘူး
သူတို့ ဟာ ငါတို့ ပြည်သူထဲ က ငါတို့ လူမျိုး ထဲ က နောက် ပြီး သူတို့ ဟာ ငါတို့ သွေးချင်းတွေဖြစ်လို့
ငါတို့ မုန်းတာ သံချေးတက်နေတဲ့ သူတို့ အတွေးအခေါ် ရယ် သူတို့ လမ်းရယ် သူတို့  စနစ် ရယ် ဘဲ
လောကထဲ ကို ငါတို ရောက်လာတယ်
ငါတို့ မှားကြမယ်
ငါတို့ ကျောပေါ်မှာ အမှိုက် ဒိုက်တွေပါလာမယ်
ဟောဒီလော ကထဲ မှာ ငါတို့ ပြန်ထွက်သွားရမယ်
တစ်ခါဘဲ သေကြမယ်
အဲဒီ တစ်ခါ ကလဲ " ပရ " အကျိုးအတွက် သေရတာ ဖြစ်လို့ 
မြင့်မြတ်တယ်လို့ ငါတို့ တွေ ခံယူတယ် ......
ဒီအတွက်တော့ နောင်တဆိုတာ ငါတို့ တွေဘ၀မှာ ဘယ်တော့ မှ လဲ ရှိကြမှာ မဟုတ်ဘူး......
ဘာလို့ဆို ငါတို့ ဟာ အမှန်တရား ကို ကိုးကွယ်ကြသူတွေ ဖြစ်လို့ ...။
ထပ်ပြောမယ် ....ငါတို့ ဟာ နေထွက်ချိန်ကို မြင်ဖို့ နေ၀င်တဲ့
လမ်းနောက် တကောက်ကောက်လိုက်နေသူတွေ
မဟုတ်ကြဘူး ......
ထပ်ပြောမယ် ငါတို့ ဟာ ယခု ၂၀၁၀ ထိ အသက်ရှင်ဖို့ အတွက်
ထမင်းစားနေကြသူတွေ ဖြစ်တယ် .......
တရားမျှတမှုအတွက် ကိုယ့်ကိုယ်ကို အသေကောင်လို့ သတ်မှတ် ထားသူတွေ ဖြစ်တယ်
ငါတို့ တွေဟာ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တယ်
ငါတို့ တွေဟာ တိုင်းပြည်နဲ့ လူမျိုး အပေါ်သစ္စ္စာ မဖေါက်ဘူး .......
ငါတို့ တွေဟာ လတ်ဆတ်သန့်စင်ပြီး အမှန်တရားပါတဲ့ လေထု ကိုရှုရှိုက် ချင်တဲ့ သူတွေ ဖြစ် တယ်
အဲဒီ အတွက် ငါတို့ သေသွားပေမယ့် ငါတို့ သမိုင်း ဘယ်တော့ မှ မသေဘူး......
ငါတို့ ယုံကြည်ချက် ဘယ်တော့မှ မသေဘူး .....
စကြာဝဌာ အနန္တ နက်နက်ရှိုင်းရှုင်း ငါတို့ ဝိညာဉ် အတွက်
ဗိမာန် တွေ ရှိတယ်
ငါတို့ ယုံကြည် တယ်
အမှန်တရား ဟာ ဓါးလှံ နဲ့ ထိုး လို့ မထိုး ဘူး ဆိုတာ ကို
ငါတို့ ယုံကြည်တယ်
အမှန်တရား ဟာ ကျည်ဆံ မတိုး ဘူး ဆိုတာကို
အမှန်တရား ဆိုတာ
ငါတို့ အတွက် တော့
နံနက် သစ်မှာ ပွင့်တဲ့ အမြဲ လန်းဆန်းနေတဲ့ ပန်းပွင့်တွေဘဲ ......။
ရေးသားပေးပို့သော KHIT NAY အားကျေးဇူးတင်ရှိပါသည်။
0 မကြေပွဲနွှဲသည့် ဇနီးမောင်နှံ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသားဖြစ်သော မောင်ကိုကိုဦး (လူခစတိုး၊ Morekha Art Gallery) နှင့် မထက်ထက်စိုး (လူခစတိုး၊ Morekha Art Galleryနှင့် OTL Lighting)တို့သည် ၁၈.၄.၂၀၁၀ နေ့တွင် စေ့စပ်မင်္ဂလာပွဲကို ကျင်းပခဲ့သည်။ စေ့စပ်မင်္ဂလာပွဲ ပြီးစီးသည့်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုဖြစ်သော နာရေးလမ်းကြောင်းများကို လူမှုရေး ဇနီးမောင်နှံမှ လိုက်လံ သယ်ယူ ပို့ဆောင်ပေးခဲ့ပါသည်။
ယနေ့ ၄.၇.၂၀၁၀ ရက်နေ့တွင် ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း နေအိမ်တွင် နံနက် (၁၀း၀၀) နာရီမှ (၁း၀၀) နာရီအထိ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့ပါသည်။ မင်္ဂလာဧည့်ခံပွဲ ပြီးဆုံးသည်နှင့် တပြိုင်နက်ထဲ မင်္ဂလာပွဲအခမ်းအနား ၀တ်စုံဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူထံ ခွင့်တောင်း၍ မင်္ဂလာပေါ် မင်္ဂလာထပ်သည့်အနေဖြင့် ကုသိုလ်ဖြစ် နာရေး ကူညီမှု လမ်းကြောင်းများကို လိုက်လံ ပို့ဆောင် ပေးဆပ်ခဲ့ပါသည်။
0 ခမောက်ကိစ္စ ရွေးကောက်ပွဲ ကော်မရှင်ထံ NLD တိုင်ကြား
ဓာတ်ပုံ'ဒီဇိုင်း။ ။ burmapaparazi
ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ခမောက်ပုံတံဆိပ်ကို ပါတီ အမှတ်တံဆိပ်အဖြစ် အသုံးပြုခွင့် ရွေးကောက်ပွဲ ကော်မရှင်ထံမှာ တင်ပြထားတာကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် ကန့်ကွက်လိုက်ပါတယ်။ NLD နဲ့ ခမောက်ကို နှစ်ပေါင်းများစွာ တွဲပြီး သိလာကြတာဖြစ်လို့ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်နိုင်တဲ့အတွက် ကန့်ကွက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှာ တရားဝင် စာတင်လိုက်တာ ဖြစ်ပါတယ်။ NDF ပါတီကတော့ ခမောက်တံဆိပ်ဟာ ပြည်သူအများကို ကိုယ်စားပြုတဲ့အတွက် ခမောက်တံဆိပ်ကို အသုံးပြုတာလို့ ပြောပါတယ်။ အခုလို ခမောက်ပုံတံဆိပ်နဲ့ ပတ်သက်ပြီး အငြင်းပွားနေတဲ့ နောက်ဆုံး အခြေအနေကို မသင်းသီရိက တင်ပြပေးထားပါတယ်။
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒေါ်မေ၀င်းမြင့်နဲ့ ဒေါ်ခင်ဌေးကြွယ်တို့ နှစ်ယောက်ဟာ NLD ပါတီရဲ့ကိုယ်စား ကန့်ကွက်စာကို ဒီနေ့ နေပြည်တော်က ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ တင်သွင်းခဲ့တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ဒီနေ့မနက် သူတို့ဆီက ဖုန်းရတာကတော့ ဒီနေ့မနက်ပိုင်းမှာ ဦးစီးအရာရှိက ကန့်ကွက်ချက် တင်တာကို လက်ခံ ရယူထားပါတယ်။ ကျနော်တို့ အခု ကန့်ကွက်ချက် တင်တဲ့နေရာမှာ ဒီခမောက်က NLD ရဲ့ မူပိုင်လို့ ကျနော်တို့ မပြောပါဘူး။ ကျနော်တို့ ပြောတာက NLD နဲ့ ခမောက်ဟာ ခွဲခြားလို့ မရလောက်အောင်ကို ရှိခဲ့တယ်။ ဒီလို အထောက်အထားတွေကို ကျနော်တို့ တင်ပါတယ်။
“နောက် ဒီခမောက်နဲ့ NLD ရဲ့ခမောက်နဲ့ ဆင်တူယိုးမှားလုပ်တာဟာ ဥပဒေအရ အတုပြုလုပ်မှု ဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်တာလို့ ကျနော်တို့ အဲဒီလို ဖော်ပြထားပါတယ်။ ကျနော်တို့ ပြောချင်တာကတော့ အဖွဲ့ချုပ်နဲ့ ဆင်တူရိုးမှား၊ အဖွဲ့ချုပ်ယောင်ယောင် သဘောမျိုးတွေတော့ မလုပ်သင့်ဘူးလို့လည်း ထင်ပါတယ်။ ဒီလို ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေမယ့် ဟာမျိုးကို ရှောင်ကျဉ်သင့်တယ်လို့လည်း ထင်ပါတယ်။”
အခု NLD ပါတီက ကန့်ကွက်သလိုမျိုး တခြား မြို့နယ် အဖွဲ့ဝင်တွေကလည်း သူတို့သဘောနဲ့ သူတို့ လက်မှတ်ရေးထိုး ကောက်ခံပြီး ကန့်ကွက်လွှာပို့ဖို့ စီစဉ်နေကြတာ ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီနေ့ဆိုရင် မကွေးတိုင်း အတွင်းက စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ ကန့်ကွက်လွှာကို ကော်မရှင်ရုံးမှာ တင်သွင်းခဲ့တာ ရှိတယ်လို့လည်း ပြောပါတယ်။
“မကွေးတိုင်းက ကိုနေမျိုးကျော်ကလည်း မကွေးတိုင်းထဲက လက်မှတ်တွေ ရယူပြီးတော့ ကန့်ကွက်စာကို သူကိုယ်တိုင် လာတင်ပါတယ်လို့ အဲဒီလို သိရပါတယ်။”
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခုလို NLD ပါတီက ကန့်ကွက်ပေမဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကတော့ NLD ပါတီနဲ့ ထင်ယောင်ထင်မှား ဖြစ်စေတယ်၊ တုပမှုတွေ ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေ အပေါ်မှာ ငြင်းဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ အမှတ်တံဆိပ်တွေ ကြားမှာ ခမောက်ပုံတံဆိပ် မပါသေးသလို ခမောက်တံဆိပ်ဟာ တခြားတံဆိပ်တွေထက်စာရင် ထင်သာမြင်သာ ရှိတာမို့ အခုလို ရွေးချယ်တာ ဖြစ်တယ်လို့ NDF ပါတီရဲ့ တာဝန်ရှိသူ ဦးခင်မောင်ဆွေက ပြောပါတယ်။
“NLD ပိုင်တဲ့ ခမောက်ဆိုရင် အန်ကယ်တို့ကိုယ်တိုင် NLD အဟောင်းတွေပဲလေ။ အန်ကယ်တို့မှာရော သုံးခွင့် မရှိဘူးလား။ အန်ကယ်တို့ကတော့ ခမောက်ဆိုတာဟာ တခြား တင်ပြီးသား ပါတီတွေရဲ့ မှတ်ပုံတင် တံဆိပ်တွေနဲ့ လုံးဝ ကွဲပြားတဲ့အတွက်ကြောင့် ခမောက်ဟာ ထင်သာမြင်သာရှိတယ်၊ ရွေးကောက်ပွဲ ကာလကြရင် ပြည်သူတွေဟာ ခမောက်နဲ့ အခြားအခြားသော တံဆိပ်တွေနဲ့ ယှဉ်ရင် ခမောက်က တသီးတသန့် ဖြစ်နေတဲ့ အတွက်ကြောင့် ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိနိုင်အောင်၊ ပြီးတော့ မြန်မာနိုင်ငံ လူများစုကြီးကို ကိုယ်စားပြုတဲ့ ခမောက်မို့လို့ အန်ကယ်တို့ ခမောက်ကို ရွေးခြင်းဖြစ်ပါတယ်။ NLD ကို တုပခြင်း မဟုတ်သလို NLD ကို အရိပ်ခိုခြင်းလည်း မဟုတ်ပါဘူး။ NLD အရှိန်အ၀ါကို ဆွဲငင် သုံးစွဲခြင်းလည်း မဟုတ်ဘူးဆိုတာ NDF အဖွဲ့ဝင်တွေ အားလုံးက သဘောပေါက်ပါတယ်။”
NDF ပါတီ တာဝန်ရှိသူ ဦးခင်မောင်ဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေအရ ကန့်ကွက်လွှာကို ၇ ရက်အတွင်း တင်သွင်းရမှာမို့ ရန်ကုန်တိုင်း အပါအ၀င် ပဲခူးတိုင်း အနောက်ဘက်ခြမ်းက မြို့နယ် တော်တော်များများကလည်း အချိန်မီ ကန့်ကွက်စာ တင်သွင်းဖို့ စီစဉ်နေတယ်လို့ ဇီးကုန်းမြို့က NLD အဖွဲ့ဝင် ဒေါ်ခင်ဝိုင်းက ပြောပါတယ်။
“သာယာဝတီ၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း၊ ပြည်ဘက်ခြမ်းကလည်း ပါမှာပါ၊ ဒါ ပဲခူးတိုင်း အနောက်ခြမ်းကပေါ့၊ ၂ ခရိုင်က သာယာဝတီခရိုင်ကပေါ့။ မဲပေးထားတဲ့ ပြည်သူလူထုကလည်း ဒါကို လက်မခံကြဘူး။ ပြည်သူတွေကြားမှာ ပြောနေကြတာပေါ့။ ဒါကြောင့် အချိန်က မရလို့ အန်တီတို့က အမြန်ဆုံး ပို့ချင်တာပါ။”
ဒါ့အပြင် NLD ပါတီဝင် မဟုတ်ပေမဲ့ ခမောက်နဲ့စု အမှတ်တံဆိပ်က ခွဲမရအောင် အများရင်ထဲ စွဲပြီးသားမို့ ကြို့ပင်ကောက်မြို့က တောင်သူဦးကြီးတွေကလည်း ဒီကန့်ကွက်လွှာကို ပေးဖို့ စီစဉ်နေပါတယ်လို့ ကြို့ပင်ကောက်မြို့ခံ ဦးမိုးဆေးက ပြောပါတယ်။
“ဦးတို့ တောသူတောင်သား တောင်သူလယ်သမားတွေကြတော့ ဒီမိုကရေစီတို့ NLD တို့ကို သိပ်နားမလည်ဘူး။ ခမောက်ဆိုရင် သူက ပြီးရောလေ။ ခမောက်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူထဲမှာထားတဲ့ ရင်ထဲက အသည်းနှလုံးပဲလေ။ တောင်သူလယ်သမားနဲ့ ရပ်သူရွာသားတွေနဲ့ ရဟန်းသံဃာတွေနဲ့ ပေါင်းပြီးတော့ တင်ဖို့ စီစဉ်နေပါတယ်။”
ကြို့ပင်ကောက်မြို့ခံ ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခု ပါတီအမှတ်တံဆိပ် ရွေးချယ် အသုံးပြုမှုနဲ့ ပတ်သက်ပြီး အငြင်းပွားတာကတော့ ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) က ခွပ်ဒေါင်းကို သူတို့ရဲ့ ပါတီအလံမှာ အသုံးပြုဖို့ တောင်းခံတဲ့ အပေါ်မှာ ၀ိုင်းဝန်း ကန့်ကွက်ခဲ့တာမျိုးလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ရွေးကောက်ပွဲ ကော်မရှင်က ပြန်ပြောင်းဖို့ ပြောလာတဲ့အတွက် သက်ဆိုင်ရာ ပါတီက သူတို့ရဲ့အလံကို ပြောင်းလဲပေးခဲ့ရတာမျိုးလည်း ရှိပါတယ်။
(voa)
ဓာတ်ပုံ . . burma paparazi
0 နိဗ္ဗာန်သို့သွားရာ ဗီဇာကဒ်ပြားမဟုတ် … ကုသိုလ်ရေးကဒ်ပြား
နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် ၄.၇.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ၇/၂၀၁၀ လပါတ် အစည်းအဝေး ကျင်းပခဲ့ပါသည်။ အလုပ်အမှုဆောင် အစည်းအဝေးကို သီးခြားအခန်းငယ်ထဲတွင် ကျင်းပခဲ့ပြီး အလုပ်အမှုဆောင်များ အသင်းသူ/သားများ ပါဝင်သော လပါတ် အစည်းအဝေးကို နမောတသ သုံးကြိမ် ရွတ်ဆို၍ ဘုရားခန်းမဆောင်ထဲတွင် စည်းကားစွာ ကျင်းပခဲ့ပါသည်။
(၇)ရက်သားသမီး ပြည်သူလူထုတို့အပေါ် အခမဲ့ ကူညီပံ့ပိုးမှုတို့ကို အရှိန်အဟုန်မြင့်မားစွာ ပေးဆပ်နိုင်ရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ ဆွေးနွေး ညှိနှိုင်း အကြံဥာဏ်များ ပြုခဲ့ပါသည်။
ထို့ပြင် အသင်းသားကဒ်ပြားများကို အသင်းသို့ လာရောက်လုပ်အားပေးချိန် မှန်ကန်တိကျသူ၊ အစည်းအဝေးများကို မပျက်မကွက် တက်ရောက်သူ (၁၈) ဦးတို့အား အသင်းသားအဖြစ် သတ်မှတ်၍ အသင်းသားကဒ်ပြားများ ထုတ်ပေးခဲ့ပါသည်။
ထိုသို့ အသင်းသားကဒ်ပြားများ ပေးရသည်နှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ - “ ဒီ အသင်းသားကဒ်ဟာ နိဗ္ဗာန်ရောက်ကြောင်း ဗီဇာကဒ်ပြား မဟုတ်ပါဘူး။ မိမိကိုယ်တိုင် သီလလုံခြုံစွာ ကုသိုလ်ရေးကိုလုပ်မှ ကုသိုလ်ရရှိမှာ ဖြစ်ကြောင်း။ ကဒ်ပြားရသူ များကလည်း ဘ၀င်မမြင့်ကြဖို့။ ပိုမို၍လည်း မိမိကိုယ်ကို မိမိနာရေးရှင်များနှင့် ဆက်ဆံရာတွင် နှိမ့်ချ ဆက်ဆံကြဖို့ နွေးထွေးစွာ ဖေးမကူညီဖို့။ ယင်း ကဒ်ပြား မိမိတို့တွင် အစဉ်အမြဲ ရှိနေသည့်အတွက် အပြောအဆို အမူအရာ အသွားအလာ အနေအထိုင်မှ အစ ယခင်ကထက် ပိုမို၍ ထိန်းသိမ်းဖို့ လိုအပ်ကြောင်းနှင့် ကဒ်ပြားမရတဲ့ သူတွေကလည်း စိတ်ဓါတ်ကျစရာ မလိုပါဘူး။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ” ဟု စသဖြင့် ပြောကြားခဲ့ပါသည်။
ရှေ့ဆက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ဆထက်တန်ဖိုး ပေးဆပ်မှုများကို ပြုလုပ် ဆောင်ရွက်ပေး နိုင်တော့မည်ဟု . . . .
ကျော်သူ
0 လောင်းကြမလား.. ကမ္ဘာ့ဖလား
အင်း ၊ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး က တော့ ပြီး လု ၊ ပြီး ခင် ပေါ့ ဗျာ။တကမ္ဘာလုံး ၊ အုံအုံးကြွက်ကြွက် နဲ့ ကိုယ်အား သန် တဲ့ အသင်း ကိုယ် အားပေးကြတာနေ့စဉ် နဲ့ အမျှ သတင်း တွေ က အမျိုးမျိုး ဖတ် နေရ ပေါ့ ဗျာ။
ဘောပွဲကြည့် ရင်း မီးလျက် သွား လို့ သီးမခံ နိုင် ဘဲ လျှပ်စစ် ရုံး ကို သွား ဝိုင်း ရိုက်ကြတဲ့ ဘင်းင်္ဂလားဒေ့ရှ် ပရိတ်သတ် တွေ ၊ အင်္ဂလန် အသင်း ရှုံးသွားလို့ ထိန်း မနိုင်သိမ်း မရ ဖြစ်သွားတဲ့ ပရိတ် သတ် တွေ ၊ အာဖရိက အသင်းတွေ ပွဲတွေ က ထွက် လိုက်
ရလို့ အဲဒီ က လမ်းလေး ဈေးသည်တွေ ဈေးရောင်း မကောင်းတာတွေ၊ စုံ လို့ ပါ ဗျာ ။
ဘောပွဲ ကြည့် ရင်း စိတ် မထိမ်း နိုင် လို့ စိတ် ညိမ်ဆေး တွေ သောက်ကြည့် ရ တာအသောက်များ သွားလို့ ဆေးရုံ ရောက် ကြ ရ တဲ့ သူ တွေ ၊အာဂျင်တီးနား အသင်းနိုင် လို့ က တော့ ဖြင့် ၊လူ မြင် မကောင်း အောင် စတန့်ထွင်လမ်း သလား ပြမဲ့ နည်းပြ ဆရာ ၊ (ကိုပြချင်) တို့ ၊ ပါရာဂွေး အသင်း အနိုင် အတွက်ကြည့်ချင်ပွဲ ဖရီးပြ မဲ့ ၊ (မမော်ဒယ်ဂဲလ်) တို့ ၊ တကမ္ဘာလုံး က ပရိတ်သတ် အားပေးချက်တွေ က ၊ တနေ့ တမျိုး မရိုး ရ အောင် အား ပေး ကြ ပေါ့ ဗျာ။
ကျွန်တော်တို့ မြန်မာ နိုင်ငံ မှာ လဲ ၊ တချို့ သော ရက်တွေ က လွဲရင် ၊ပွဲတွေ အတော်များများ တီဗွီတွေ က ပြ ပေးနေလို့ တောရော မြို့ ပါ ဘောပွဲကြည့်ရပါတယ်။လူတွေ တော်တော် များ များ မှာ ဒီ ဘောပွဲ နဲ့ ဘဲ အလုပ်ပျက် အကိုင် ပျက်ပါည ဘက် ဘောပွဲ ကြည့် ပြီး ရင် ၊ နောက် နေ့ တနေ့ လုံး ဒီ ပြီးခဲ့ တဲ့ ဘောပွဲတွေ ကိုလဘက်ရေ ဆိုင်တွေ မှာ ၊ လေနဲ့ဆက်ကန် နေကြတဲ့ သူတွေ အများကြီးပါ ဗျာ။
ဒီ နှစ် ဘောပွဲ တွေ မှာ ဘောပွဲ လောင်း တာ အတော်များ ပါတယ်။တောရော မြို့ ပါ ၊ ခလေး လူကြီး ယောက်ကျား မိန်းမ သူ့ အထွာ နဲ့ သူဘောပွဲ တွေ လောင်းကြပါတယ်။ ဘာ နိုင်ငံ ဘာ အသင်း ၊ ဘယ် ကလပ် အသင်း ကဘယ် သူ ဘယ် ဝါ ၊ ဘာ မှ မသိ တဲ့ ၊ ခေါင်းရွက် ဗျတ်ထိုး ဈေးသည် အဖွားကြီးတွေ တောင်ညနေ ကျ ၊ လဘက်ရေ ဆိုင် အရှေ့ လာပြီး ၊ဟဲ့ ဟို အကောင်ရေ ၊ ဒီ ည ပွဲ ၊ငါ့ ဘို့ နှစ်ရာ ဘိုး ၊ အောက် က ထိုင် ပေးစမ်း ပါ ဆိုပြီးဘောပွဲ လာ လာ လောင်း ကြ ပါ တယ် ။
ဘယ် နည်းပြဆရာ ၊ ဘယ်သူ က ဘယ် နေရာ ကန် မယ် ဆိုတာ သိဘို့ မလို ၊ဘာ အသင်းဖြစ်ဖြစ် ၊ အောက် ဘက် က သာ မှန် မှန် လေး နေ ပေး ရင်လူ သက် သာ တယ် ဆိုတဲ့ ၊ ဘယ်သူ ထွင် လိုက် မှန်း မသိတဲ့ ၊ဘောပွဲ လောင်း နည်း ဥပဒေသ နဲ့ ၊ ဈေးသည်မကြီး တွေ ဝင် လောင်းကြ တာပါ။ဆိုး တော့ မဆိုး ပါ ဘူး ၊ အထိုက် အလျောက် လောင်း ကြေး မြတ် ကြတော့
တတ် နိုင် သလောက် လောင်း ကြတာပါ။လောင်းကြေး တွေ က လဲ ၊ အသင်း နိုင် တာ တမျိုး ထဲ နဲ့ မဆိုင်ဘူး ဗျ။
သရေ အရှုံး ၊ တလုံး သွင်း ပြား ၇၀ အနိုင် ၊ တလုံး ကြော ပြား သုံးဆယ် အရှံး၊ရှေ့ပိုင်း ၄၅ မိနစ် ၁ လုံးကြော သရေ ၊ စုံလွန်း လှ သဗျာ ၊
တနေ့ တနေ့ ၊ ထွက် သမျှ စာစောင်တွေ အကုန် ဝယ် ၊ ရေး ထား သမျှ ခန့် မှန်း ဆောင်းပါးတွေ အကုန် ဖတ် ၊ ဘယ် သူ က ဘယ်သူ က ဘယ် နှစ် ဝါ၊ ဘယ် ကစား သမား ကဒူးနာနေတယ် ၊ ဘယ် သူ က လိုင်း အပ်စ် ထဲ မပါဘူး ၊ တွက်ရေး ကို တနေ ကုန်စဉ်းစားပြီး မှ ၊ ညနေ ကျ မှသူ သူ ငါ ငါ ၊ ဘော လောင်း ကြ တာ ပါ။
ဘောပွဲစကာ နီး ဆိုရင် ၊ ဖုန်းဆက်ပြီး လောင်းကြေး တင် ကြ တာ ၊ ဂျီအက်အမ် လိုင်းတွေ လိုင်းကြပ် ပြီး ၊တော် ယုံ နဲ့ ခေါ် မရ တော့ ပါဘူး ၊ ဟေ့ ဟေ့ သူငယ်ချင်းဘယ် အသင်း ဘက် က ငါ့ အတွက် ______ ဆိုပြီးပုံးတွေ ၊ ပလူပျံ ၊ ပုလင်း ၊ တွေ ပလူ ပျံ ၊ သောသော ညံ ကြပ ဗျာ။ ပုလင်း ဆိုတာ သောင်း ဂဏန်း ၊ ပုံး ဆိုတာ က သိန်း ဂဏန်း လောင်းကြတာပါ။
အခု ဆို ရန်ကုန် ထဲ ဘောပွဲ အချိန် ဆို ၊ ဆိုင် တွေ မှာ လူ မရှိ ဘဲ ခြောက် ကပ် နေ ပ ဗျာ..ရွှေ ပွဲစား ၊ ကားပွဲစား ၊ အိမ် ပွဲစား ၊ မြေ ပွဲစား အား လုံး ၊ အလုပ် နား ကြ တဲ့ ပုံ ပါ။သူ တို့ လူ စု ပြီး ပြော နေ ကြ တာ က ဘောပွဲ အကြောင်း သက်သက် ပါ။
ဒီ လူ တွေ က ရက် စက် တယ် ဗျာ။ ဒီ ရက်ပိုင်း အနိုင် အရှုံး တ အား ကြမ်း ပါ တယ်။အုပ်စု ပွဲ တွေ တုံး က ၊ ခပ်ကြမ်းကြမ်း ကွဲ ခဲ့ ၊ ရှံး ခဲ့ တဲ့ လူ တွေ ၊ အခု ကွာတားပွဲလေးပွဲ မှာ သဌေးဖြစ် ၊ ခွေးဖြစ် ၊ ဝုံး လိုက် ကြတာ ၊ အကုန် ထပ် ကွဲ ကြ တယ် ဗျာ ၊သူ တို့ အဆို အရ ( မီး ပေါင် တက်သွား တယ် ) ဆိုလား ဘဲ ၊
ဆိုလိုတာ က အုပ်စု ပွဲ တွေ ထဲ ရှုံးခဲ့ သမျှ ၊ ဒီ ကွာတား ပွဲ တွေ မှာ ဆ တိုး တွေ နဲ့ဖိ လောင်း ပစ် တာပါ။ တ ပွဲ ရှုံး ရင် နောက် ပွဲ ကို ၊ ဆ တိုး ပို လောင်း ပစ် တာပါ။အခု တော့ လည်း ၊ ကွဲ ပြီး ရင်း ထပ် ကွဲ တဲ့ သူ တွေ ၊ များ လှ ပေါ့ ဗျာ။
ဂါ နာ ကို တောင်အာဖရိက ပိတ် တတ် ကြီး အား ကိုး နဲ့၊ ဖိ လောင်း မိ တာ ၊ ကံ ဆိုး ပ ဗျာ..ဒါဖြင့် ဘရာဇီး အား ကိုး နဲ့ ရှံး သမျှ ပြန် ယူ မယ် ကြံမိပြန်တော့တွေ့ တဲ့ အတိုင်း ပါ ဘဲ ၊ စည်းစိမ် ပြုတ် ရ ပါ တယ်။ ကိုင်း ၊ ကိုင်း ၊ ရှိစေ တော့ ၊ ရှိစေ တော့၊
ဒီ တခါ အာ ဂျင် တီနား တန် ခိုး နဲ့ အ ကုန် ပုံ ထိုး လိုက် တော့ လဲပက် လက် ကို လန် ၊ ဟက် တက် ကို ၊ အကြီး အကြယ် ကွဲ ကြ ပါ တယ်။
ကိုင်း ကိုင်း ၊ ငွေ မျော ငွေ နဲ့ လိုက် ၊ ဘောလုံး မျော ၊ ဘော လုံး နဲ့ လိုက်စပိန် ပွဲ ကို အ ပီ အပြင် ရှိ သမျှ ပုံ လိုက် တာ ပါ ဘဲ ၊ အား ပေး လိုက် ရ တာအ သံ ပါ ဝင် သွား ပါ တယ် ၊ ဘော လုံး တော့ နိုင် တယ် ၊ လောင်း ကြေး ကထပ် ရှုံး ပါ တယ် ၊ တလုံး သွင်း တောင် ပြား သုံး ဆယ် အရှံး ၊ ကြေး ပေါက် တာ ကိုး ဗျ။ဒါတောင် ပွဲပြီး ကာ နီး မှ ကို စပိန် တို့ က တလုံး သွင်း ပေးလို့
ပြား ခုနှစ်ဆယ် ဘဲ ရှုံး ရ တာ ပါ ခင် ဗျာ။
ကား ပွဲစား တွေ မှာ ၊ ကား သော့ တခု ဘဲ လက် ထဲ ကျန် ပါ တော့ တယ်။ကား အုံ နာ ဘုတ် တွေ က တော့ ၊ လက် ထဲ မရှိ ကြ တော့ ဘူး ဗျအိမ် မှာ က မိန်း မ ကို ဘယ် လို ရှင်းပြ ရ မလဲ မသိ ကြ တော့ဘူး ခင် ဗျ။ဒီ တခါ ပွဲ က မိန်းမတွေ ပါ အလောင်းကြမ်း ပါ တယ် ၊ လင် စုံ မယားဘက်တယေက် မသိ အောင်၊ တယောက် လောင်း ထားကြ တဲ့ လင် မယား တွေ ဆို
ကိုယ့် အကြောင်း နဲ့ ကိုယ် ၊ တယောက် နဲ့ တယောက် မျက် နှာ ချင်း မဆိုင် ကြ တော့ ပါဘူး
ဖိုင်နယ် ပွဲ ကြီး ပြီး သွား လို့ စာရင်း အပြတ် ရှင်း ကြ ရင်ပြသနာပေါ် မဲ့ လင် မယား တွေ အများကြီး ပါ ဗျာ။
အဓိကပြော ချင် တာက ကျန်တဲ့ ဆီမီးပွဲ တွေ နဲ့ ဖိုင်နယ် ပွဲ တွေ ကို ချင့် ချင့် ချိန်ချိန်လေး လောင်း ကြ ပါ ခင် ဗျာ။ မီး ပေါင် ထပ် မတင် ကြ ပါ နဲ့ တော့။ မိသားစု အရေး တွေ ကို ပြန်ကြည့် ပေးကြ ပါဦးဗျာ။
ဘယ် လောင်း က စား နည်း မှ အကျိုး မပေး ပါ ဘူး ခင်ဗျာ။တော် သေး တာ ပ ၊ လေး နှစ် မှ တကြိမ် သာ ၊ ကမ္ဘာ့ ဘော ပွဲ ရှိပေ မို့ ဘဲ။ မြန်မာပြည်သူ ပြည်သား များ အားလုံး ၊ အမှား ၊ အမှန် ၊ အနိုင် ၊ အရှုံး ၊အ မှန် ဆုံး ၊ ဆုံး ဖြတ် နိုင် ကြ ပါစေ ဗျား ။
azawgyi အားကျေးဇူးတင်ရှိပါသည်။
0 အစုန်လော အဆန်လော
မျှောလေမျှောလေ ၊ စုန်သည့်ရေတွင်
စုန်လေနက်လေ ၊ နောက်ကျိပေ၏ ။
အကြေမြစ်ရပ် ၊ လှိုင်းပုပ်ခတ်၍
ဖြတ်ဖြတ်မူးမော ၊ ရေလျှင်ကြောတွင်
ကျယ်ပြောသမျှ ၊ ပင်လယ်ဝသို့
ရောက်ရမကြာ ၊ လှေနာဝါသည်
ရေမှာပျက်စီးလိမ့်တကား။ ။
ရေဆန်တက်က
တက်သည်နှင့်မျှ ၊ လှော်ခတ်ရ၏
လုံ့လကြီးစွာ အားထုတ်ပါသော်
မြစ်ညာရပ်ဆီ ၊ ရေလည်းကြည်၏
ကြည်သည့်ရေတိမ် ၊ ငြိမ်လည်းငြိမ်၏
ငြိမ်သည့်ရေတက် ၊ မြင့်ကာတက်၍
လှော်လျက်မနား ၊ ဆက်၍သွားသော်
မြစ်ဖျားတစ်လျှောက် ၊ ကမ်းသို့ပေါက်ကာ
ရောက်လိမ့် လမ်းဆုံးသို့တိုင်တည်း......
အို......အဆွေ.........
လှေမှာ ထိုင်လိုက် ၊ အစုန်ကြိုက်သလား?
မောဟိုက်လှော်သွား ၊ အဆန်သွား မလား?
ကဗျာလေးကို ရေးစပ် သူကတော့ ကိုလိုနီခေတ်… သူရဇော် ဖြစ်ပါတယ်။
သူငယ်ချင်းတို့အားလုံးလည်း..လှေမှာ ထိုင်လိုက်ပြီးတော့ ၊ အစုန်ကိုပဲ မျောလိုက်သွားကြမလား…?
မောဟိုက်လှော်သွား ၊ အဆန်ကိုပဲ လှော်ခတ်သွားကြ မလား? ဆိုတာကို… စဉ်းစား ဆုံးဖြတ် နိုင်ကြပါစေလို့ ဆန္ဒပြုရင်း….....
မျှဝေပို့ပေးသော ညီမလေး nam nam အားကျေးဇူးတင်ရှိပါသည်။
0 မကွေးအက်ဖ်စီ ဟု အမည်ထွင်သော ကွန်ပျူတာ ဗိုင်းရပ်စ်များ ပျံ့နှံလျှက်ရှိ
မနေ့က ရရှိသော သတင်းများအရ.. မြန်မာပြည်၏ အစိုးရဌာနများနှင့် ကုန်မ္မဏီ ကွန်ပျူတာများတွင် မကွေးအက်ဖ်စီ ဟု အမည်ထွင်သော ကွန်ပျူတာ ဗိုင်းရပ်စ်များ ပျံ့နှံလျှက်ရှိကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဗိုင်းရပ်စ်၏ တိုက်ခိုက်မှုပမာဏကိုမှု အသေးစိတ်မသိရှိရသေးပေ။ တိုက်ခိုက်ခံရသူများ၏ ပြောစကားများအရ ကွန်ပျူတာအတွင်းဖိုင်များအား ဖျက်ပစ်ကြောင်းနှင့် ဝင်းဒိုးစ် ၏ desktopရှိ start menuနေရာတွင် မကွေးအက်ဖ်စီ စာတမ်းသာ တွေ့ရတော့ကြောင်း သိရှိရပါသည်။
virusအတိုက်ခိုက်ခံရတာ အများစုဟာ .exeဖိုင်တွေကို အလွယ်တကူဖွင့်မိလို့ဖြစ်တာအများဆုံးပါ။ ဗိုင်းယပ်နံမည်က mgy.exeပါ။
mgy.exe Virus တိုက်ခိုက်ခံရသော ကွန်ပျူတာသည် ..
(၁) ကွန်ပျူတာသည် နှေးကွေးသွားခြင်း။
(၂) Memory Stick များတွင်းမှ Folder များပျောက်သွားကာ ထိုပျောက်သွားသော Folder များ၏ အမည်များဖြင့် .exe File များအစားထိုးဝင်ရောက်နေခြင်း။
(၃) Folder Option၊ Taskmanager ပျောက်သွားခြင်း။
(၄) cmd.exe ဖွင့်လိုက်သည်နှင့် ချက်ချင်းပြန်ပိတ်သွားခြင်း။
(၄) .vbs script များ Run ၍မရခြင်း။
(၅) Desktop ၏ ညာဘက်အောက်ထောင့် ( အချိန်ဖော်ပြသောနေရာ ) တွင် အထက်ပါ ဖော်ပြထားသော Magway Fc ပုံ မကြာခဏ ပေါ်လာခြင်း
တို့ပဲဖြစ်ပါသည်။
ထိုသို့ mgy.exe Virus တိုက်ခိုက်ခြင်းခံနေရပါက ..
(၁) ကွန်ပျူတာတွင် ရှိသော AntiVirus ကို ခေတ္တ ပိတ်လိုက်ပါ။
(၂) Virus ကိုဖယ်ရှားခြင်းပြုလုပ်ရာတွင် System ကို Restart ပြုလုပ်ရန်လိုအပ်သည့် အတွက် လုပ်လက်စအလုပ်များရှိပါက Save ပြုလုပ်ထားရန်လိုအပ်ပါသည်။
(၃) Virus ဝင်ရောက်ခြင်းခံထားရသော Memory Stick များကို ကွန်ပျူတာတွင် တပ်ဆင်ထားပါ။
(၄) Myanmar Chat Online မှ Download ယူထားသော mgyVirusRemoval.exe ကို Runလိုက်ပါ။
(၅) System Restart ဖြစ်၍ ပြန်လည်တက်လာသည့် အချိန်အတွင် mgy.exe Virus သည် သင့်ကွန်ပျူတာတွင်းနှင့် Memory Stick များတွင်းမှ ရှင်းလင်းပြီးဖြစ်သွားသည်ကို တွေ့ရပါလိမ့်မည်။
(၆) Nod32 AntiVirus အသုံးပြုသူများအနေဖြင့် Nod32 ၏နေရာကို Virus မှ နေရာဝင်ရောက်ယူသွားသဖြင့် Nod32 ကိုပြန်လည် ထည့်သွင်းပေးရန် လိုအပ်ပါသည်။
နည်းပညာ။ ။ မြန်မာချက်အွန်လိုင်းအားကျေးဇူးတင်ရှိပါသည်။
0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ စံချိန်မှီ မမှီ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် ဓါတ်မှန်ခန်းအား ဆေးခန်း မှတ်ပုံတင် ချပေးရေးအတွက် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ သက်ဆိုင်ရာ အရာရှိများနှင့် ကျန်းမာရေးဦးစီး အရာရှိတို့မှ ဆေးခန်းတစ်ခုတွင် ရှိသင့် ရှိထိုက်သည့် စံနှုန်း မှီ မမှီ၊ တားမြစ်ထားသော ထိန်းချုပ်ဆေးဝါးများ အသုံးပြု မပြု၊ ဓါတ်မှန်ခန်းတွင် ဓါတ်မှန်စက်ထားရှိမှု စံချိန်စံညွှန်း မှီ မမှီတို့ကို အဓိကထားကာ ကြည့်ရှုစစ်ဆေးသွား ခဲ့ပါသည်။
၂၀၀၇ ခုနှစ် မတ်လမှ စတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းသည် အခမဲ့ ဆေးဝါးကူညီမှု၊ ခွဲစိတ်မှု၊ မျက်စိ၊ အရိုးအကြော၊ ကလေး၊ ကိုယ်ဝန်ဆောင်၊ နား နာခေါင်း လည်ချောင်း၊ အပ်စိုက် အစရှိသည့် ရောဂါဝေဒနာရှင်များအား ကုသိုလ်ဖြစ် ကုသပေးခဲ့ရာ ၂၀၁၀ ခုနှစ် ဇွန်လကုန်အထိ လူနာ စုစုပေါင်း (၉၃၉၉၄) ဦးတို့အား အခမဲ့ ကုသပေးခဲ့ပြီး ဖြစ်ပါသည်။
၂၀၁၀ ခုနှစ်တွင် နေ့စဉ် ပျမ်းမျှလူနာ ၁၅၀ မှ ၂၀၀ အထိ အခမဲ့ ဆေးဝါးကုသ ပေးလျှက်ရှိပါသည်။
ကိုကျော်သူ
0 ခမောက်ရောင်းသမားနဲ့ မျောက်သန်းရွှေ

တစ်ခါတုန်းက ခမောက်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကိုသွားရောင်းတယ်….။
ခမောက်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီးထမ်းလာတယ်…။
နေပူလို့ ခမောက်တစ်လုံးကို သူဆောင်းထားတယ်…။လမ်းတစ်ဝတ်မှာညောင်ပင်ကြီးတစ်ပင်အောက်သူရောက်
လာတယ်…။
ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။
ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီးညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်းသူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့..သူ့ခြင်းတောင်းထဲမှာခမောက်တွေ တစ်လုံးမှမရှိတော့ဘူး..။
သူ့ရင်ဘတ်မှာကပ်ထားတဲ့သူ့ခမောက်ပဲကျန်တော့တယ်…။ခမောက်တွေဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်ကမျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီခမောက်တွေ သူပြန်ရအောင်
ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာအမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီးစဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။
သူ့လက်ထဲက ခမောက်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီးမျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ခမောက်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။ဒါနဲ့ပူလွန်းလို့ ခမောက်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ခမောက်ကိုမြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီးသူတို့လက်ထဲက ခမောက်တွေကို ပစ်ချလိုက်ကြတယ်…။ ဒီတော့မှ သူဟာမျောက်တွေပစ်ချတဲ့ခမောက်တွေ အလျင်အမြန်ကောက်ပြီးခြင်းထဲထည့်လိုက်တော့တယ်…။
ဒီနည်းနဲ့ မျောက်တွေလက်ထဲက ခမောက်အားလုံးကို သူပြန်ရလိုက်သတဲ့…။
နောင်နှစ်ပေါင်း (၂၀)ကြာတဲ့အခါစောစောကဦးထုပ်သည်ကြီးရဲ့မြေးကလေးကခမောက်အရောင်းထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့ခမောက်တောင်းကိုချပြီး အနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်းအိပ်ပျော်သွားတယ်…။
အိပ်ရာက နိုးတော့ခြင်းထဲက ခမောက်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်ကမျောက်တွေခေါင်းပေါ်ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီးသူ့အဘိုးနည်းအတိုင်း ခမောက်တွေပြန်ရအောင် ကြိုးစားတယ်…။ သူက
ခမောက်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်းသူ့လိုလိုက်လုပ်တယ်..။ သူက ခမောက်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။မျောက်တွေကလည်း သူတို့ခမောက်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။
နောက်ဆုံးမှာ သူကလက်ထဲက ခမောက်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့သူ့လိုခမောက်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။ဘယ်မျောက်မှ ခမောက်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာအသေဆုပ်ကိုင်ထားကြတယ်…။သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ခမောက်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။
သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…။
´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။
အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။
ဒီပုံပြင်လေးလိုဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)က မဆလ မျောက်ဘိုးအေကြီး ဦးနေ၀င်း ဦးစောမောင်က (၁၉၉၀)ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပြုလုပ်ပေးခဲ့တုန်းက ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး အမျှော်အမြင်ရှိလှတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်တွေဦးဆောင်မှုကြောင့် ပြည်သူလူထုအပြည့်အ၀ထောက်ခံခဲ့တဲ့ ခမောက်ဆောင်းတဲ့ Nld (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ဟာ အပြတ်အသတ်အနိုင်ရခဲ့တယ်။ ဒါပေမဲ့ နအဖဟာ ဂတိချိုးဖောက်ပြီး ပြည်သူလူထုက တရားဝင်ရွေးချယ်တင်မြောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုအာဏာလွှဲပြောင်းမပေးဘဲ လုပ်ချင်သလိုဖိနှိပ်ချုပ်ချယ် လုပ်နေခဲ့ပါတယ်။
အခု နှစ်ပေါင်း(၂၀)လွန်မြောက်ပြီး တဖတ်သတ်ရေးဆွဲထားတဲ့အခြေခံဥပဒေနဲ့တရားမျှတမှုမရှိတဲ့(၂၀၁၀) ရွေးကောက်ပွဲကိုလုပ်ပါတော့မယ်။အရင်တခါ(၁၉၉၀)ကလို(ခမောက်)တွေပြန်လည်အနိုင်ရယူခဲ့တာကို အဖြစ်မခံနိုင်တဲ့ သစ်ပင်ပေါ်ကဆင်းလာတဲ့ မျောက်သန်းရွှေ က" မင်းတို့လူတွေမှာလည်းအဘိုးရှိသလို ငါတို့မျောက်တွေမှာလည်း မျောက်အဖိုးရှိတယ်ကွ"လို့ပြောပြီး နအဖအာဏာတည်မြဲရေးအတွက် (ခမောက်)ကို မတရားလုယူပါတော့တယ်.......
thanhtut88
0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကုသိုလ်ဒါနပေးဆပ်မှုများ







နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များအား ပန်းချီသင်တန်းကို ပန်းချီ ဆရာကြီး
ဦးဝင်းကြည်မှ သင်ကြားပို့ချခဲ့ရာ ယခုဆိုရင် (၂) လတာ ကာလအတွင်းသို့ ရောက်ရှိ ခဲ့ပြီ ဖြစ်ပါသည်။
သင်တန်းကာလအတွင်း ခဲပန်းချီ ရေးဆွဲနည်း၊ အလင်းအမှောင်၊ လိုင်း၊ မျဉ်းကွေး မျဉ်းကောက် စသည့် အခြေခံ
ပန်းချီပညာရပ်ကို သင်ကြားပို့ချခဲ့ခြင်း၊ Morekha ပန်းချီပြခန်းသို့ သွားရောက် လေ့လာခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ယနေ့ ၃.၇.၂၀၁၀ (စနေ) နေ့တွင် ရေဆေး ပန်းချီ ပညာရပ်ကို တစ်ဆင့်တက်၍ သင်ကြားလျှက် ရှိပါသည်။
မျိုးဆက်သစ် ကလေးငယ်များသည် ပညာရေးကိုလည်း လစ်ဟင်းမှုမရှိစေဘဲ မိမိတို့ ၀ါသနာ ပါရာ
ပန်းချီပညာရပ်ကိုပါ လေ့လာလိုက်စား ၀ါသနာပါခြင်းကို ပံ့ပိုး ဖေးမ ကူညီပေးရမည်မှာ ကျွန်တော်တို့
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှု တစ်ခုပင် ဖြစ်တော့သည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အနာဂတ်အတွက် အဖိုးမဖြတ်နိုင်သော လူငယ် မျိုးဆက်သစ် ကလေးများ မွေးဖွားပေးရာ နေရာတစ်ခု ဖြစ်တော့သည်။
အနာဂတ်အတွက် Beginner သင်တန်း


စနေ၊ တနင်္ဂနွေနေ့ကျောင်းပိတ်ရက်များတွင်နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိမျိုးဆက်သစ်ကလေးငယ်များအား သင်ကြားပို့ချလျှက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်းများတွင် ကလေးငယ်များ၏ ဆန္ဒအတိုင်း ပန်းချီသင်တန်း တက်လိုသူ တို့သည် ပန်းချီသင်တန်း တက်ခြင်း၊ အင်္ဂလိပ်စာ အားနည်းသော ကလေးငယ်များက အချိန်ပို အင်္ဂလိပ်စာ Beginner သင်တန်း တက်ရောက်ခြင်းတို့ကို မိမိတို့၏ စိတ်ဆန္ဒအတိုင်း မိမိတို့ အားနည်းသော ပညာရပ် ဘာသာရပ် အသီးသီးကို အထူးကြိုးစား သင်ယူလျှက်ရှိရာ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ တတ်သိပညာရှင် အသီးသီးတို့မှ နွေးထွေးစွာ သင်ကြားပေးလျှက် ရှိပါသည်။
မိမိတို့၏ အားနည်းချက်၊ အားသာချက်တို့ကို မိမိတို့၏ ကိုယ်ပိုင် ဦးနှောက်နှင့် ခွဲခြမ်း သုံးသပ်
ဖော်ထုတ်နိုင်ခြင်းသည် မျိုးဆက်သစ် ကလေးငယ်တို့၏ အဖိုးမဖြတ်နိုင်သော အသိဥာဏ်ပင် ဖြစ်တော့သည်။
ဆံသပညာရှင်တို့၏ စတုတ္ထအကြိမ်မြောက် ကုသိုလ်ဒါန





Shun Cai (စွင့်ချိုင်) ဆံပင်နှင့် အလှပြုပြင်ရေးမှ စတုတ္ထအကြိမ်မြောက် အဖြစ် ထပ်မံ၍ မြောက်ဒဂုံမြို့နယ်ရှိ
နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာသို့ ကိုဂျွန်ဆင် ဦးစီးပြီး ဆံသပညာရှင် (၂၅) ဦးတို့မှ ၃.၇.၂၀၁၀
(စနေနေ့)တွင် နာရေးကူညီမှု လုပ်အားပေး အသင်းသူ/သားများနှင့် အင်္ဂလိပ်စာ အခြေခံ သင်တန်း၊ ပန်းချီသင်တန်း တတ်ရောက်နေကြသော မျိုးဆက်သစ် ကလေးငယ် များတို့ အပြင် နာရေးကူညီမှုအသင်းရှိ
သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ ဆေးဝါး ကုသကြသော လူနာများ၊ လူနာရှင်များတို့အား ဆံပင်ညှပ်ခြင်း၊ ဆံပင်ဆေးဆိုးပေးခြင်း၊ ခြေသည်း လက်သည်း ညှပ်ပေးခြင်း စသည်တို့ကို မိမိတို့ တတ်ကျွမ်းသော ပညာရပ်ဖြင့် တကိုယ်ရေ သန့်ရှင်းမှုအတွက် ကုသိုလ်ဒါန ပြုခဲ့ကြပါသည်။
ကိုကျော်သူ
0 မလွဲမသွေ ထာဝရ ပေးဆပ်မှုများ






မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏ အစဟူသော လူ့လောက သဘာဝတွင် အို နာ သေရေးနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည် ဖြစ်သည်။ ကုသိုလ်ကံ ကောင်းသူများအဖို့ ဘ၀နေ၀င်ချိန်အထိ မပူမပင် အေးချမ်းစွာ နေထိုင်သွားလာနိုင်သော်လည်း ကုသိုလ်ကံ မကောင်းသည့် မိအို ဖအိုများမှာမူ ဘ၀နေ၀င်ချိန် မရောက်ခင်ကြား ဘ၀ကို ပင်ပန်းဆင်းရဲကြီးစွာဖြင့် ဖြတ်ကျော်ခဲ့ရသည်။ ငြူစူမှုမျိုးစုံ အောက်တွင် သိပ်ငယ်စွာ ခံစားနေထိုင် ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ထိုကြောင့် ကြင်နာစွာ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော “ဆည်းဆာရိပ်” ဂီလာန ဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်း ဟူ၍ ပေါ်ပေါက်လာသည်။
ဂီလာန ဘိုးဘွားများ၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် လှုပ်ရှားနိုင်စွမ်းကို ကြည့်၍ တစ်ဦး ချင်းစီ၏ လိုအပ်ချက်များကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ပြုစုစောင့်ရှောက်ရန်၊ ဘိုးဘွားများ၏ ကျန်းမာရေးကို အခါမလပ် ကြည့်ရှုစောင့်ရှောက်၍ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် အသက် (၇၀)နှစ် နှင့်အထက် ဘိုးဘွားများ၊ မျက်မမြင် ဘိုးဘွားများအား နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းမှ အပါတ်စဉ် နွေးထွေးသော လက်များဖြင့် ကြိုဆို ဖေးမ ကူညီကုသ ပေးလျှက်ရှိရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးအုန်းမြင့်နှင့် ဆရာဝန်ကြီးများ၊ ဆရာမကြီးများ၊ သူနာပြုဆရာမများ၊ လုပ်အားပေး မျိုးဆက်သစ် လူငယ်များတို့မှ ယခု ဇူလိုင်လ ၂ ရက် သောကြာနေ့တွင် မလွဲမသွေ ထာဝရ ပေးဆပ်လျှက် ရှိပါကြောင်း . . . .
ကိုကျော်သူ
0 “မြန်မာပြည်ရဲ့အာဏာရှင်” (THAN SHWE' UNMASKING BURMA’S TYRANT)စာအုပ်
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်း ရေးသားထားတဲ့ “မြန်မာပြည်ရဲ့ အာဏာရှင်” ဆိုတဲ့စာအုပ် ထုတ်ဝေဖြန့်ချိတဲ့အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲကို ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ အသင်း မှာ မနေ့ညပိုင်းက ကျင်းပခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်ဟာ ချွတ်ခြုံကျခဲ့ရ တဲ့အကြောင်းနဲ့ သူ့ရဲ့ ထူးခြားတဲ့ စရိုက် သဘာဝတွေကို စာရေးသူ Benedict Rogers က ရေးသားဖော်ပြထားတာပါ။ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက် ခဲ့တဲ့ ကိုကျော်အောင်လွင်က ဘန်ကောက်မြို့ ကနေ သတင်းပေးပို့ထားပါတယ်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့အကြောင်း အတ္ထုပ္ပတ္တိဆန်ဆန်ရေးထားတဲ့ စာမျက်နှာ ၂၅၀ ပါ စာအုပ်ဟာ ဗိုလ်ချုပ်မှူးကြီးနဲ့ ကိုယ်တိုင် တွေ့ဆုံမေးမြန်းပြီး ရေးထား တာတော့မဟုတ်ပါဘူး။ စာရေးသူ ဘန်းနဲဒစ် ရော်ဂျားစ်က မြန်မာပြည်ကိုလည်း တကြိမ်မကရောက်ဖူးတဲ့သူ၊ မြန်မာ့အရေးလှုပ်ရှားမှုကိုလည်းစိတ်ဝင်တစားရှိသူ ဖြစ်ပြီး သူကိုယ်တိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတဦးလည်းဖြစ်ပါတယ်။
သူ ဒီစာအုပ်ကိုရေးတဲ့အခါမှာ ဗိုလ်ချုပ်မှူးးကြီးသန်းရွှေနဲ့ဆုံခဲ့ဖူးတဲ့ သံတမန် အသိုင်းအ၀ိုင်းကပုဂ္ဂိုလ်တွေ၊၊ ဗိုလ်ချုပ်မှူးကြီးလက်ထက်မှာ စစ်မှုထမ်းခဲ့ဖူးတဲ့ စစ်သားဟောင်းတွေ၊ လက်ရှိစစ်မှုထမ်းတချို့ နဲ့ ဆက်သွယ်မေးမြန်းပြီး ရတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံရေးသားထားတာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လူတော်တယောက်ဖြစ်ပေမယ့် လူကောင်း တယောက်တော့ မဟုတ်ဘူးလို့ ဘန်းနဲဒစ် ရော်ဂျားစ်ကပြောပါတယ်။
“ဗိုလ်ချုပ်မှူးးကြီးသန်းရွှေဟာ နိုင်ငံမှာ ထိပ်ဆုံးနေရာကိုရအောင်ယူခဲ့တဲ့သူ၊ ၁၉၉၂ ခုနှစ်ကစပြီး ဗိုလ်ချုပ်မှူးကြီးရာထူးကိုရခဲ့တယ်၊ သူဟာ စစ်တပ်အပေါ်မှာ ရော တိုင်းပြည်အပေါ်မှာပါ မဟာဗျူဟာကျကျ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ခွဲခြား ဆက်ဆံပြီး အုပ်ချုပ်တတ်တဲ့သူ၊ ကျနော်တို့ထင်ထားတာထက် ပိုပြီးတော့ ပါးရေ နပ်ရေရှိတဲ့သူ၊ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာလည်း ကောင်းကောင်း လှည့်ပတ် ကစားနိုင်တဲ့သူ၊ နိုင်ငံတကာရဲ့ ဖိအားတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ ထိန်းပြီးတော့ တုန့်ပြန်တတ်တဲ့သူ၊ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း ကိုကြိုက်တဲ့သူ၊ ဗေဒင်ယတြာကို ယုံကြည်အားကိုးတဲ့သူ၊ တိုင်းမ်မဂ္ဂဇင်းကို ဖတ် တဲ့သူ၊ အင်တာနက်ကိုအသုံးပြုနိုင်တဲ့သူ စတဲ့အရည်အချင်းတွေရှိတဲ့သူပါ။” လို့ ဘန်းနဲဒစ် ရော်ဂျားစ်က ပြောသွားပါတယ်။
“သူဟာ အာဏာရှင်ဟောင်းဦးနေ၀င်းကို အတုခိုးပုံတူကူးတဲ့သူဆိုပေမယ့် ဦးနေ၀င်းက ပိုပြီးတော့ တိုင်းပြည်နဲ့စစ်တပ်အပေါ် ဆွဲဆောင်မှုရှိလိမ့်မယ်လို့ ထင်ပါတယ်။ အခုဆိုရင် မြန်မာပြည်နဲ့မြန်မာ့တပ်မတော်ဟာ သမိုင်းတပတ် လည်သလိုမျိုး ဦးနေ၀င်းအုပ်ချုပ်ခဲ့သလို အာဏာရှင်တဦး ပြန်အုပ်ချုပ်တာမျိုး ကြုံနေရပါတယ်။” လို့ ဘန်နဲဒစ် ရော်ဂျားစ်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားတဲ့ ဗိုလ်ချုပ်မှုးကြီးရဲ့ သဘောထားနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်မှာ နေရာမပေးဘဲထားတဲ့ သူ့ရဲ့ ပါးနပ်တဲ့ ဆက်ဆံရေး၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေခေတ်မှာ အနှိမ်နင်းခံရတဲ့ တိုင်းရင်းသား ဒေသတွေအကြောင်း၊ သူ့အုပ်ချုပ်မှုကာလမှာ အမွေတခုအဖြစ် ထူးထူးခြားခြား ထားခဲ့ချင်တာက နေပြည်တော်စီမံကိန်းပဲဆိုတဲ့ အကြောင်း၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေကို လုံးဝထည့်မတွက်ဘဲ ပြည်တွင်းက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို ပီပီပြင်ပြင် ချေမှုန်းထိန်းချုပ်ခဲ့တဲ့အကြောင်း၊ နောက်ဆုံး နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့အထိရည်ရွယ်ပြီး စီစဉ်မှုတွေရှိလာတဲ့ တကယ့် အာဏာရှင်ကြီးတဦးဖြစ်တဲ့အကြောင်း” စာရေးသူဘန်းနဲဒစ် ရော်ဂျားစ် က ပြောပါတယ်။
“အမှန်မတော့ မြန်မာ့တပ်မတော်ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှု အောက်မှာ လုံးလုံးကျရောက်နေရပြီးတော့ သူ့ရဲ့လက်ထက်မှာ မြန်မာပြည်ရဲ့ စီးပွားရေးဟာလည်း အဖျက်စီးခံခဲ့ရတယ်။သူ့ရဲ့တိုင်းသူပြည်သားတွေကလည်း ဒုက္ခတွေ ကြီးကြီးမားမား ကြုံတွေ့ခံစားနေရတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ ကမ္ဘာပေါ်က အဆိုးရွားဆုံး အာဏာ ရှင်တွေထဲက တဦးပါပဲ။ သူပြောင်းလဲလာလိမ့်မယ်လို့လည်း မမျှော်လင့်ပါဘူး။ သူပြောင်းလဲဖို့ဆိုရင် သူ့ကိုပဲ သီးသန့်ဖိအားတွေပေးပြီး တဘက်ကလည်း သူ့ကို ထိထိရောက်ရောက် စေ့စပ်ဆွေးနွေးနေနိုင်မှ ရလိမ့်မယ်လို့ ယူဆတဲ့အကြောင်း၊” စာရေးသူ ဘန်းနဲဒစ် ရော်ဂျားစ်က ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးကိုစိတ်ဝင်စားတဲ့ သတင်းသမားတွေနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတချို့ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မြန်မာပြည် ပေါ်မှာထားတဲ့ သဘောထားတွေပေါ်မှာ Benedcit Rogers နဲ့ အမြင် တူညီတာတွေ၊ မတူညီတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
(ဗီအိုအေ)
0 ရှစ်လေးလုံးစိတ်ဓာတ် (၁)
အင်မတန်ရိုးသားတဲ့တောသူတောင်သားတွေက ဗိုလ်ချုပ် ရဲ့ သမီးလေးပါတီက ခမောက်ကို မဲထည့်ကြဟေ့ဆိုပြီး အန်နယ်လ်ဒီကို ထောက်ခံခဲ့ကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးက တို တိုင့်းပြည်မှာ ဒီမိုကရေစီ ရအောင် လုပ်ပေးမှာ၊ ဒီမိုကရေစီ ရရင် ငါတို့ အားလုံး စားနိုင်သောက်နိုင် ပြေလည်ကြမှာဟေ့ ဆိုတဲ့ ရိုး သားတဲ့အသိနဲ့ နှလုံးသားထဲက နှစ်နှစ်ကာကာယုံကြည်ပြီး မဲပုံပေးခဲ့ကြတာ၁၉၉၀ ရွေးကောက် ပွဲက သက်သေခံနေပါတယ်။ ဒီအဖြစ် အပျက်တွေဟာ ပဲခူးတိုင်း အရှေခြမ်းက ဒေသတချို့ မှာ တကယ်ဖြစ်ခဲ့ကြတာပါ။ ဗိုလ်ချုပ်ဆိုတာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ပြောကြတာပါ။ ဗိုလ်ချုပ်ရဲ့ သမီးလေးဆိုတာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ပဲဖြစ်ပါတယ်။
ဒါကြောင့် ခမောက် ဟာ ၁၉၉၀ မေလကတည်းက လူထုနှလုံးသားမှာ အထင်ကရ ကိန်းဝပ်နေတဲ့ တခုတည်းသော အမှတ်တံဆိပ် သာဖြစ်ပါတယ်။ နောက်တခုက ပင်နီတိုက်ပုံ၊ ပင်နီရင်ဖုန်း၊ ကချင်လုံချည်နဲ့ အတူ ခမောက်ဆောင်းထားတဲ့ သူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့ အဖွဲ့ ဝင်တွေဆိုတာ လူတိုင်းလူတိုင်းအသိအမှတ် ပြုကြပါတယ်။ အဲဒီလို အန်နယ်လ်ဒီ ရဲ့ ပြရုပ်အဖြစ် ဒီအမှတ်တံဆိပ်တွေ လူထုကြားထဲမှာ စွဲမြဲစွာ ထင်ကျန်နေစေဘို့ အတွက် အန်နယ်လ်ဒီ အဖွဲ့ ဝင်ပေါင်းများစွာ ထောင်ကျခံ အသေခံ လှုပ်ရှားလာခဲ့တာ လှည်းနေလှေအောင်း မြင်းစောင်းပါမကျန် တတိုင်းလုံး တပြည် လုံးအသိပါ။
ဒီမိုကရေစီ သဘောအရ သူတို့ ကြိုက်တဲ့အမှတ်တံဆိပ်ကို သုံးခွင့်ရှိတယ်ဆိုပေမဲ့လဲ
မျက်နှာပြောင်တိုက်ပြီး နိုင်ငံရေးအညွန်းခူးစား ကလိန်ကကျစ်ကျ နေကြတာတွေကိုတော့ ပြတ်ပြတ်သားသား ဆန့် ကျင်ရှုတ်ချသွားကြဘို့ လိုပါတယ်။ ကျောင်သားအမည်ခံ အုပ်စု က လည်း သမိုင်းဝင်အလံတော်ကို အလွဲသုံးစားလုပ် ပုံမှားရိုက် ဘို့ ကြိုးစား ခဲ့ပါသေးတယ်။
နိုင်ငံတကာကို နဲ့ လူထုကို ၂၀၁၀ ရွေးကောက်ပွဲနဲ့  လိမ်လည်လှည့်စားဘို နအဖ စစ်အုပ်စုကတဘက်သတ်ညစ်ပတ်နေတာနဲ့ တပြိုင်နက်ထဲမှာဘဲ အသားထဲကထွက်တဲ့ လောက် ကောင်တွေကလည်း ပြည်သူကို မျက်စိလှည့်နားလှည့် ပုံမှားရိုက်ကလိန် ကကျစ်ကျ တိုင်းပြည်ကိုနစ် သတဲ့နစ်အောင် ချောက်ထဲတွန်းပို့ နေပြန်ပါတယ်။ အဲ့ဒီ့ အချောင်သမား အခွင့်အရေးသမားတွေကို လူထု အနေနဲ့ သော်၎င်း၊ ဒီမိုကရေစီ အင်အားစု အစစ်အမှန် တခုလုံးအနေနဲ့ သော်၎င်း ဆန့် ကျင် တိုက်ဖျက်သွားရန် လိုအပ်ပါတယ်။
ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး စစ်အုပ်စုအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို လစ်လျူရှု ကျော်လွန်ဲပြီး ပြုလုပ်တဲ့ အတုအလိမ် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်ကို လုံးဝ ဆန့်ကျင့်တိုက်ဖျက်သွား ရေးကိုသာ ကျနော်ယုံကြည်ပါတယ်။့ တခြားပါတီများအနေနဲ့ မိမိတို့ ယုံကြည်ရာ နိုင်ငံရေး တွက်ချက်မှုများနဲ ရိုးသားစွာ ရေွးကောက်ပွဲ ၀င်မယ်ဆိုတဲ့ မဟာဗျူ ဟာကွဲလွဲချက်ကို ကျနော့်အနေနဲ့ လက်မခံခဲ့ပေမဲ့လည်း ဒီမိုကရေစီတိုက်ပွဲမအောင်မြင် သေးခင် ဒီမိုကရေစီကျင့်စဉ်ရဲ့ အားနည်းချက်တွေပဲ ဆိုပြီး ဖြေသိမ့်ခွင့် လွှတ်နိုင်ပါသေးတယ်။ အခုလို ပြည်သူလူထု အများက တခဲနက်ထောက်ခံပြီးသား အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက် ကိုသုံးလိုခြင်းကိုက သူများခင်းပြီးသားလမ်းမှာ ခူးပြီး ခပ်ပြီးသားကို အသင့်စားချင်နေကြတဲ့ ကိုယ်ကျိုးရှာ မည့်အချောင်သမားများ သာဖြစ်တယ် ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုတော့ပေ။
အန်အယ်လ်ဒီ ကနှုတ်ထွက်ပြီး ၊ ကိုယ်ပိုင် ပါတီ ထောင်ကာရွေးကောက်ပွဲဝင်မယ် ဆိုပြီး ဘာကြောင့် အန်အယ်လ်ဒီ နှာခေါင်းပေါက်နဲ့ အသက် ရှူချင်ကြတာလဲ ။ အဖြေကတော့ ရှင်း ပါတယ် ဒေါက်တာသန်းငြိမ်း နဲ့ ဦးခင်မောင်ဆွေတို့  အုပ်စုဟာ စစ်အုပ်စုအလိုကျ မျက်နှာ ပြောင်တိုက်ကပြရတော့မည့် ကိုယ်ကျိုးရှာလောက်ကောင်များအဖြစ်သာ သမိုင်းတွင်ရစ်စေ တော့မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ကြီးလို လူမျိုးတောင်မှ ဒလိမ့်ခေါက်ကွေး သမိုင်းကွေး ခဲ့ရတာကို ကြည့်နိုင်ပါတယ်။ သို့ သော်လည်းပဲ ရွေးကောက်ပွဲ မစခင် အချိန်မီ အမြင်မှန်ရကြပြီး အန်နယ်လ်ဒီ ကိုပြန်လည်ပူးပေါင်းကာ ပြည်သူ့ ဘက်တော် သားများအဖြစ် မိမိတို့ သမိုင်းဆိုး များကို ပြန်လည်ဆေးကြောကြစေလိုပါတယ်။ အမှားများကို မှားပြီးရင်းမမှား စေလိုသော ကြောင့် စေတနာဖြင့် တင်ပြခြင်းသာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ( အန်အယ်လ်ဒီ ) သည် ရှစ်လေးလုံး လူထုအရေး တော်ပုံကြီး က
မွေးဖွား ပေးခဲ့သောလူထုပါတီ တရပ်ဖြစ်သည်။
ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ . .
မောင်မောင်စိုး
၁-၂၆၀-၄၂၆ ၄၁၂၁
0 “ ရဲဆေး ” တင်ပေးခြင်း
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများကို ဆောင်ရွက်ရာတွင် ဘ၀တစ်ပါးသို့ နည်းအမျိုးမျိုးဖြင့် ပြောင်းလဲသွားကြသော ရုပ်ခန္ဓာများအား သယ်ဆောင်သင်္ဂြိုလ် ပေးရခြင်းများကို ဆောင်ရွက်ပေးရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရေနစ်သေဆုံးသော ပုပ်ပွနေသော အလောင်းများ၊ သစ်တုံးပိခြင်း၊ ဓါတ်လှေကားညှပ်ခြင်း၊ ဆွဲကြိုးချ သေဆုံးခြင်း၊ ရထားကြိတ် သေဆုံးခြင်း စသည့် စသည့် ဦးနှောက်များ ထွက်နေခြင်း၊ ကိုယ်လက် ခန္ဓာ အပိုင်းပိုင်း ပြတ်တောက်နေသော ရုပ်အလောင်းပေါင်း များစွာကို အခမဲ့ ကုသိုလ်ဖြစ် ပို့ဆောင်ပေးလျှက်ရှိပါသည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ပြည်မြို့မှ ၁.၇.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီတွင် ရန်ကုန်မြို့ မြောက်ဒဂုံရုံး နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ရောက်ရောက်ခြင်း ဈာပနသင်တန်းတွင် လုပ်အားပေး အသင်းသူ/သားများအား ရုပ်အလောင်းများကို သွားရောက် သယ်ဆောင်ရာတွင် ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်းတို့ မဖြစ်ပေါ်စေရန် ဈာပန ပို့ဆောင်ရေး သင်တန်း ၃/၂၀၁၀ မှ စ၍ မိမိတို့ ကူညီဖေးမခဲ့မှုများ၊ အတွေ့အကြုံများ (ရဲမှုခင်း) လမ်းကြောင်းများကို ပရိုဂျက်တာဖြင့် ပြသ ပို့ချကာ လူမှုရေး ရဲဆေး တင်ပေးခဲ့ပါသည်။
0 သာသနာပြုမည့် ရေအလှူ
၂၉.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ဦးသန်းစိန်နှင့် အဖွဲ့သည် ပြည်မြို့ (ကျူတောရွာ၊ မကျီးစုရွာ၊ ရွှေမုဋ္ဌောကျောင်း၊ ဇီးကုန်းလေးရွာ၊ သက်ကယ်ချင်း ကုန်းရွာ၊ သဲကုန်းမြို့နယ် ပုတီးကုန်းရွာ) တို့တွင် ရေတူးဖော်မှု၊ ရရှိမှုတို့ကို ပြည်မြို့သို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုရာတွင် နယ်ခံ ပြည်မြို့ရှိ ပရဟိတ လူငယ်အဖွဲ့ ခေါင်းဆောင် ကိုညီညီအောင်၊ ကိုမိုးကြီး စသည့် လူငယ်အဖွဲ့များက ကြိုဆို၍ ယင်းကျေးရွာများသို့ လိုက်လံ ပြသခဲ့ပါသည်။ အထူးအားဖြင့် မကျည်းစုရွာတွင် ရေလုံလောက်စွာ ရရှိသည့်အပြင် ယင်းရွာ၏ တောင်ကုန်းပေါ်တွင်ရှိသော ရွှေမုဋ္ဌောဘုရား ကျောင်းဝင်းသို့အထိ သုံးရေ သွယ်တန်းနိုင် ခဲ့ပါဖြင့် ရေလှူဒါန်းမှုသည် ပြည်သူလူထုအပေါ် ကူညီ ပံ့ပိုးပေးနိုင်ခဲ့သလို သာသနာပြုရာ လုပ်ငန်းတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။ ရေရှားပါးသည့်အချိန်တွင် ထို ရွှေမုဋ္ဌောဘုရားဝင်းရှိ သံဃာတော်များ ဆရာတော်ကြီးများသည် ရေသုံးစွဲရန်အတွက် ဧရာဝတီတစ်ဖက်ကမ်းသို့ ကူးကာ ခက်ခဲစွာ ရေသုံးစွဲခဲ့ရသည်။ ယခုဆိုလျှင် ဘုရားကျောင်းဝင်းအတွင်း လွယ်ကူချောမွတ်စွာ ရေသုံးစွဲ နိုင်ပြီဖြစ်ပါသည်။ ဒေသခံ ပြည်သူလူထုများမှလည်း ကျေးဇူးတင် ၀မ်းသာအားရ သာဓု ခေါ်ဆိုကြ ပါသည်။
ထပ်မံ၍ ပြည်မြို့ ရွှေပေါက်ပင် ဆရာတော်ကြီး၏ ရွှေပေါက်ပင် ကျောင်းတိုက်အတွင်း တွင်လည်း သာသနာပြုသည့် ကုသိုလ်ရေး ကိစ္စရပ်များအတွက် လိုအပ်နေသော ရေတွင်းတူးဖော်ရန် အတွက် ဦးကျော်သူနှင့်အဖွဲ့သည် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့နှင့် ပူးပေါင်း၍ စတင် တူးဖော်ရန် လုပ်ဆောင်လျှက် ရှိပါသည်။
ကိုကျော်သူ
0 ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့မြေး ဖိုးလပြည့်ပိုင် ဂွက်လတ်ကြီး ဘီယာဆိုင်ကြောင့် ရန်ကုန် လူထု အခက်ကြုံ
ထွန်းထွန်း( နိရဉ္စရာ)
-------------
ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဘီယာဆိုင် တခုမှ ညလုံးပေါက် ဆူညံနေမူကြောင့် အနီးအနားရှိ ပြည်သူများ အနေဖြင့် အနှောင့်အယှက် ဖြစ်နေရကြောင်း ရပ်ကွက်နေ ပြည်သူများက နိရဉ္စရာသို့ ပြောသည်။
အဆိုပါ ဆိုင်အမည်မှာ “ဂွက်လတ်ကြီး” ဟု အမည်ပေးထားသော ဆိုင်ဖြစ်ပြီး တောင်ဒဂုံမြို့နယ် တောင်ပိုင်း တံတားဖြူ မှတ်တိုင် ပင်လုံဆေးရုံအနီး ၂၈ ရပ်ကွက်မှာ တည်ရှိသည်ဟု သိရသည်။
ရပ်ကွက်နေပြည်သူ တဦးက “ ဒီဆိုင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး ဖိုးလပြည့် ပိုင်တယ်လို့ သိရပါတယ်။ ည ၆ နာရီကနေ နံနက် ၄နာရီ အထိ တညလုံးလိုလို ဘီယာဆိုင်ကို ဖွင့်လှစ် ထားပြီး အဆို အကတွေနဲ့ တီးမူတ် သီဆို ဖျော်ဖြေ ပျော်ပါး နေကြတာကြောင့် အနီးနား တ၀ိုက်မှာ နေထိုင်နေကြတဲ့ ဒေသခံများ အတွက် အထူး အနှောင့်အယှက် ဖြစ်နေကြရပါတယ်” ဟု ပြောသည်။
အဆိုပါ ဘီယာဆိုင်ကို တချို့ပြည်သူများ က စင်တင် တေးဂီတ ညပွဲဟု ခေါ်နေကြပြီး ၄င်းဘီယာ ဆိုင်သို့ အဆို တော်များဖြစ်ကြသည့် ခင်မောင်တိုး၊ ဆောင်းဦးလှိုင်၊ အေးသင်ချို၊ ကော်နီနှင့် တခြား အဆို တော်များလည်း လာရောက် ဖြေဖျော်ကြသည်ဟု သူက ဆက်ပြောသည်။
“အဆိုတော်တွေကို ငှားရမ်းပြီး စီးပွားရေးအရ တွက်ခြေ ကိုက်အောင် လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။ သုံးညမှ တညစီ အဆိုတော်တွေက လာရောက် ဖြေဖျော်တဲ့ အတွက် အဲဒီ ဘီယာဆိုင်ကို လာရောက် ပျော်ပါးကြတဲ့ သူတွေက အထူးများပြားပါတယ်။ နောက်ကွယ်မှာတော့ ဆိုင်ပိုင်ရှင်တွေက မကောင်းမူ တွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။”
အဆိုတော်များ မရောက်သော တခြားညမျာတွင် ဘီယာ ဆိုင်၌ အလုပ်ခန့်ထားသူ အမျိုးသမီးများက စင်တင် ဖြေဖျော်ရေး အစီအစဉ်များကို တာဝန်ယူဆောင်ရွက်ကြပြီး အမျိုးသမီးများမှာ အသက် ၁၈ နှစ်မှ ၂၀ အရွယ်ထိ ဖြစ်ကြောင်းနှင့် အရေအတွက်အားဖြင့် ၃၀ ခန့်ရှိသည်ဟု သိရသည်။
၎င်း ဘီယာဆိုင် အနီးတွင်လည်း မြနန်းသစ် တည်းခိုခန်း တခု ရှိပြီး အဆိုပါ ဘီယာဆိုင်နှင့် အလုပ် ဆက်စပ်ထားကာ မကောင်းမူ လုပ်ငန်းများကို လုပ်ကိုင်ကြသည်ဟု သူက ပြောသည်။
“အဲဒီ တည်းခိုးခန်းက ၅မိနစ်လောက်ဘဲ ကားနဲ့သွားရပါတယ်။ ဖေါက်သည်တွေကို ကားတွေက အကြိုအပို့ လုပ်ပေးပါတယ်။ ခုလို မြန်မာ့ ယဉ်ကျေးမူနဲ့ မကိုက်ညီဘဲ ဖြစ်နေတဲ့ ဘီယာဆိုင် အပေါ် ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးပိုင်တဲ့ ဆိုင်ဆိုပြီးတော့ ဘယ်သူ တယောက်မှလဲ မပြော ရဲကြဘူး။ ဒါကြောင့် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာ ဖြစ်ပါတယ်” သူကပြောသည်။
အဆိုပါဘီယာဆိုင်တွင် အစားအသောက်မပါပဲ ထိုင်ခ သီးသန့် တယောက်ကို ကျပ်ငါးထောင်စီ ပေးသွင်း ရသည်ဟုလည်း သိရသည်။
0 ဘဘ ဦးတင်ဦး၏ ညီမ ကွယ်လွန်
ဒေါ်မြမြခိုင် (ခ) Violet ဖေ (ဘဘ - ဦးတင်ဦး၏ ညီမ) အသက် (၇၀) နှစ်သည် ၂၈.၆.၂၀၁၀ (တနင်္လာ) နေ့တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၃၀.၆.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ နံနက် (၁၀း၀၀) နာရီတွင် ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ယင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများက မိသားစုနှင့် အတူ လိုက်လံပို့ဆောင် မီးသဂြိုင်္လ် ပေးခဲ့ကြပါသည်။
ယင်း နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ရေအလှူကိစ္စ များဆောင်ရွက်ရန် ပြည်မြို့သို့ ရောက်ရှိနေ၍ ဈာပန အခမ်းအနားအတွက် နာရေးကူညီအမှုအသင်း (ရန်ကုန်)မှ အသင်းသူ/သားများအား ဈာပန အခမ်းအနားတွင် စည်းကမ်းရှိစွာ ဆောင်ရွက်ပေးရန် အတွက် တယ်လီဖုန်းဖြင့် ပြည်မြို့မှ စီစဉ် ဆောင်ရွက်ပေးခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များကို ကျေးဇူးတင်သည့် အနေဖြင့် အလှူငွေ လှူဒါန်းခဲ့ရာ ဂုဏ်ပြုကဒ်ပြားအား ရေဝေးသုဿန် ဈာပနအခမ်းအနားတွင် ဘဘ - ဦးတင်ဦး လက်ထဲသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်ပေးအပ် ခဲ့ပါသည်။
0 ဗိုလ်ချုပ် အောင်ဆန်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လမ်းညွှန်ချက်
ဗိုလ်ချုပ် အောင်ဆန်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လမ်းညွှန်ချက်

ကျွန်တော်တို့ အဖို့ မှာတော့ မင်းဆိုလိှို့လျှင် တိုင်းသူ ပြည်သား လုပ်တဲ့ လူတွေက အရမ်းလွှတ်ထား အပ်တဲ့ လူတွေမဟုတ်ဘူး။ အချုပ်အချယ် ရှိတန် သလောက် ရှိသင့်တယ်။
![[Gen_Aung_San3.jpg]](http://1.bp.blogspot.com/_y-4Hv4XnA88/SIM7h9VMRuI/AAAAAAAAALA/Wb15-X8qeBo/s1600/Gen_Aung_San3.jpg)
(မင်း) အစိုးရ တို့ဟာ အချုပ်အချာ အာဏာကို ပိုင်ထားတဲ့ နိုင်ငံသူ နိုင်ငံသား တွေက မလိုချင်တဲ့ အခါမှာ မလိုတဲ့ အလျောက် တားဆီး နိုင်တဲ့ အခြေအနေမျိုး ရှိရမယ်။
နိုင်ငံရေးမှာ ဆိုလို့ ရှိရင် ဘယ်သူ ကတော့ဖြင့် မဲ မရထိုက်ဘူး၊ ဘယ်သူ ကတော့ဖြင့် မဲ ရထိုက်တယ် စသည်ဖြင့် နိုင်ငံရေး ညှင်းဆဲမှုတွေ ချုပ်ချယ်မှုတွေ မရှိစေ ရဘူး။ နောက်ပြီးတော့ ဘယ်သူဟာ ဘယ်လို ရာထူး မျိုးကို မရစေ ရဘူး၊ ဘယ်သူက သာလျှင် ရရမယ် ဆိုတဲ့ အဲဒီလို ချုပ်ချယ်မှု တွေဟာ နိုင်ငံရေး တရား မျှတမှုကို ထိခိုက်တယ်။
![[bojyoke+aungsan+(6).jpg]](http://2.bp.blogspot.com/_y-4Hv4XnA88/SJHcuHoa8_I/AAAAAAAAATk/0y1sWHUiV7w/s1600/bojyoke%2Baungsan%2B%286%29.jpg)
ကျွန်တော်တို့ လိုချင်တာ ကတော့ နိုင်ငံကြီး နှစ်နိုင်ငံ အကြားမှာ နယ်နိမိတ် ခြားပေးရုံလောက် ဖြစ်တဲ့ (Buffer State) မျိုးလို နယ်ခြား နိုင်ငံကလေးမျိုးလည်း မဖြစ်ချင်ဘူး။ နောက်ပြီးတော့ နိုင်ငံကြီး တနိုင်ငံရဲ့ သြဇ လွှမ်းမိုးမှု အထူးတလည် ခံရတဲ့ (Vassal State) မျိုးလည်း မဖြစ်ချင်ဘူး။ ကျွန်တော်တို့ ဖြစ်ချင်တာ ကတော့ ဆန်မရှိ စောက်စားကြီးဘဲ ခေါ်ခေါ် (ရယ်သံများ) ကျွန်တော်တို့ ဖြစ်ချင်တဲ့ နိုင်ငံတော့ လွတ်လပ်ပြီး အချုပ်အချာ အာဏာပိုင်တဲ့ နိုင်ငံတော် ဖြစ်ချင်တယ်။
ကျွန်တော်တို့ ကတော့ ကျွန်တော် ကတော့ ကျွန်တော်တို့ သဘော အရ ပြဋ္ဌာန်း ထားတဲ့ အတိုင်းသွားမှာပဲ။ အဲသည်လို သွားတဲ့ အခါ မှာလည်း ဘယ်လို အခက်အခဲ တွေနှင့် တွေ့နေ တွေ့နေ အခက်အခဲ တွေကို ကျော်နင်းပြီး သွားမယ်။ ချောက်လျှင်လည်းကျွန်တော်တို့ မကြောက်ဘူး။ မြှောက်လျှင်လည်း မမြှောက်ဘူး။ ချော့လျှင်လည်း မပျော့ဘူး။ လမ်းမှန် အတိုင်း မှန်မှန် သွားမယ်။ ကျွန်တော်တို့ လိုလားတဲ့ ပန်းတိုင် ထိအောင် ကျွန်တော်တို့ သွားမယ်။

၁၉၄၇ ခု၊ ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသည် တိုင်းပြုပြည်ပြု လွတ်တော် အစည်းအဝေး စတုတ္ထနေ့တွင် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း တင်သွင်းခဲ့တဲ့ "လွတ်လပ်သည့် အချုပ်အချာ အာဏာပိုင် မြန်မာ နိုင်ငံတော် အတွက် ရေးဆွဲရမည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန် ပြဋ္ဌာန်းချက် ၇ ချက်"မှကောက်နုတ်ချက်
စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော့ခ်ဂါ အလင်းဆက်
၁.ဇူလှိုင်လ. ၂၀၁၀











