လားရှိုးမြို့လူမှုအဖွဲ့အစည်းများနှင့်၈၈မျိုးဆက်တွေ့ဆုံ (ဓာတ်ပုံ)

ကိုကိုကြီး အိုးစည်တီး၊ ကိုမင်းကိုနိုင်က လင်ကွင်းတီး တိုင်းရင်းသားတွေက ပျော်ပျော်ကကြ ကလေးချစ်တတ်တဲ့ ကိုပေါ်......၊ လာရှိုးမြို့နယ် နမ့်စမ...



ကိုကိုကြီး အိုးစည်တီး၊ ကိုမင်းကိုနိုင်က လင်ကွင်းတီး တိုင်းရင်းသားတွေက ပျော်ပျော်ကကြ

ကလေးချစ်တတ်တဲ့ ကိုပေါ်......၊

လာရှိုးမြို့နယ် နမ့်စမ်ကျေးရွာ၌ တအာင်းလူငယ်များနှင့်တွေ့ဆုံပွဲအပြီး ......




လာရှိုးမြို့နယ် နမ့်စမ်ကျေးရွာ၌ ၈၈မျိုးဆက်နှင့် တအာင်း ပလောင်လူငယ်တို့တွေ့ဆုံပွဲတွင် ဤသို့သတင်းယူသူများလည်းရှိ၏။


လာရှိုးမြို့နယ် နမ့်စမ်ကျေးရွာရှိ တအာင်းတိုင်းရင်းသူကြီးကလည်း အိုက်တင်အပြည့်နှင့်.....

လာရှိုးမြို့နယ် နမ့်စမ်ကျေးရွာရှိ တအာင်းတိုင်းရင်းသူလေး၏ သဘာဝအလှ....


လာရှိုးမြို့နယ် နမ့်စမ်ကျေးရွာ၌ တအာင်းလူငယ်များနှင့်တွေ့ဆုံရန်ရောက်ရှိလာသော ၈၈မျိုးဆက်များကို ကြိုဆိုနေကြသည့် တိုင်းရင်းသူများ......

ယနေ့ မေလ ၆ ရက်၊ မွန်းလွဲ ၂း ၀၀ နာရီက တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအာင်းကျောင်းသားလူငယ်များအဖွဲ့သည် လားရှိုးမြို့၊ ရပ်ကွက် (၁၀) ရှိ တောရကျောင်းပရိယတ္တိစာသင်တိုက်တွင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် လာရောက်တွေ့ဆုံပြီး ၎င်းတို့ လက်ရှိလုပ်ကိုင်လျက်ရှိသော လုပ်ဆောင်ချက်များကိုရှင်းလင်း ပြောကြားခဲ့ကြသည်။ ထို့နောက် ၎င်းတို့၏ လုပ်ဆောင်ချက်များ စွမ်းရည်မြှင့်တင်ရေးနှင့်အတူ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဒေသတွင်း စိုက်ပျိုးနည်းပညာမြှင့်တင်ရေး၊ ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအား ကူညီရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအာင်းကျောင်းသားလူငယ်များအဖွဲ့သည် လာမည့်ကာလများ၌ ၈၈မျိုးဆက်တို့နှင့်အတူ လက်တွဲဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို မွန်းလွဲ ၃း ၃၀ နာရီအထိ ဆွေးနွေးခဲ့ကြသည်။

၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် ယနေ့ညနေ ၄း ၀၀ နာရီတွင်လည်း လားရှိုးမြို့၊ ရပ်ကွက် (၉)၊ နယ်မြေ (၂) ရှိ မောချယ်ရီ ပညာရေးအထောက်အကူပြုကွန်ယက်ရုံးသို့ သွားရောက်၍ မောချယ်ရီ ပညာရေးကွန်ယက်အဖွဲ့နှင့် ဒေသဆိုင်ရာ ပညာရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် တိုင်းရင်းသားဒေသများ၌ လိုအပ်ချက်ကြီးမားလျက်ရှိသော ပညာရေးအတွက် အားဖြည့်ဆောင်ရွက်မှု၊ တိုင်းရင်းသားလူမျိုးစုများ၏ ဆုံချက်ကို လုပ်ငန်းဖော်ဆောင်မှုဖြင့် အားဖြည့်ပေးရေးတို့ကို တစ်နာရီခွဲကြာ ဆွေးနွေးခဲ့ကြသည်။

ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံကြရာတွင် မင်းကိုနိုင်၊ မင်းဇေယျ၊ ကိုကိုကြီး တို့က တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဒေသခံတိုင်းရင်းသားများ၏ ပြန်လည်မေးမြန်းချက်များထဲမှ ပညာရေးဆိုင်ရာ မေးမြန်းချက်ကို ရဲဝင်း က လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ မေးမြန်းချက်ကို မမာမာဦး က လည်းကောင်း၊ သိမ်းပိုက်ခံရသော လယ်မြေများကိစ္စနှင့် ပတ်သက်သောမေးမြန်းချက်ကို မျိုးသန့် က လည်းကောင်း ပြန်လည် ဆွေးနွေးဖြေကြားသွားခဲ့ သည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် တအာင်း ပလောင် လူငယ်များ တွေ့ဆုံပွဲကို နံနက် ၁၁း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြပြီး ၈၈မျိုးဆက်တို့က နမ့်စမ်ကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအတွက် အလှူငွေ ကျပ် ငါးသောင်း နှင့် တအာင်းလူငယ်အကအဖွဲ့အား ကျပ်ငွေ ငါးသောင်း ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် ဒေသခံ တအာင်း ပလောင် တိုင်းရင်းသားလူငယ်များက ရိုးရာအဆိုအကများနှင့် ပြန်လည် ဧည့်ခံခဲ့ကြသည်။

Photo and news ..88 Generation Students, PhotoKyaw Zaw ,Toot Pee

COMMENTS

Name

art,1,article,1279,cartoon variety,21,crime,50,culture,1,documentary,7,Entertainment,4,health,27,history,1,international,6410,interview,206,Live,8,LocalNews,14072,news,2842,opinion,749,photos,202,poem,114,satires,38,song,12,speech,11,sports,127,statement,58,technic,42,translate,32,video,1057,voice,74,
ltr
item
dawnmanhon: လားရှိုးမြို့လူမှုအဖွဲ့အစည်းများနှင့်၈၈မျိုးဆက်တွေ့ဆုံ (ဓာတ်ပုံ)
လားရှိုးမြို့လူမှုအဖွဲ့အစည်းများနှင့်၈၈မျိုးဆက်တွေ့ဆုံ (ဓာတ်ပုံ)
https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn1/936695_643522362340195_945948166_n.jpg
dawnmanhon
http://www.dawnmanhon.com/2013/05/blog-post_6409.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2013/05/blog-post_6409.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy