November 2013

(AFP မှ 29 Nov 2013 ရက်စွဲပါ “I’m no saint or iconic Suu Kyi” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာအတိုက်မခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမသည် သူတော်စင် မဟုတ်သလို၊ စံပြသင်္ကေတ လည်း မဟုတ်ကြောင်း ကာကွယ်ပြောဆိုကာ သူမသည် ဘွဲ့တံဆိပ်များကို မမက်မောကြောင်း ရိုးသား ဖြောင့်မတ်သော နိုင်ငံရေးသမားတစ်ဦးဟု သူ့ကိုယ်သူ ရှုမြင်ကြောင်း ပြောကြားလိုက်ပါသည်။

ကမ္ဘာကျော် ဒီမိုကရေစီခေါင်းဆောင်သည် ကျင့်ဝတ်သိက္ခာမဲ့သော တပ်မတော် အာဏာရှင်လက်ထပ်တွင် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်လာချိန်တွင် ကမ္ဘာတစ်ဝှမ်းမှ ဝိုင်းဝန်းချီးကျူး ဂုဏ်ပြုခြင်းကို ခံနေရသော်လည်း သူမက သာမန်လူတစ်ဦးမျှသာ ဖြစ်ကြောင်း ပြောကြားပါသည်။

ဆစ်ဒနီရောက် မြန်မာဒီမိုကရေစီခေါင်းဆောင်က သူမ၏ ပရိတ်သတ်များကို စကားပြောရာတွင် “ကျွန်မ ကိုယ် ကျွန်မ စံပြပုဂ္ဂိုလ်လို့မယူဆပဲ နိုင်ငံရေးသမား တစ်ယောက်ကိုပဲ သတ်မှတ်ထားပါတယ်။ Icon ဆိုတဲ့ စကားလုံး ကို ကျွန်မအမြဲတမ်း ကန့်ကွက်ခဲ့ပါတယ်။ ဒီ စကားလုံးက အရမ်းကို ဟောင်းလွန်းပါတယ်။ ဒါ့အပြင် သေချာအောင် ပြောချင်တာက ကျွန်မ အရမ်းဒုက္ခတွေ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးသမားပါပဲ။ ဒါပေမယ့် ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံရေးသမားဖြစ်ဖို့ လိုတယ်လို့ ကျွန်မယုံကြည်ထားပါတယ်” ဟု ရှင်းလင်း ပြောဆို သည်။

အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲပြီးကာစ အရှုတ်အထွေးကာလတွင် လွတ်မြောက်လာသော အောက်စဖို့ ကျောင်းဆင်းနိုင်ငံရေးခေါင်းဆောင်က သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရလက်ထက် မြန်မာနိုင်ငံအတွက် သူမ မျှော်လင့်သော မျှော်လင့်သော အိမ်မက်မှာ စည်းလုံးညီညွတ်မှု ဖြစ်သည်ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျားခရီးစဉ်အတွင်း မယ်လ်ဘုန်းနှင့် ကင်ဘာရာမြို့များသို့ ဆက်လက် လည်ပတ်မည်ဖြစ်ပြီး ဝန်ကြီးချုပ် တိုနီအက်ဘော့၊ နိုင်ငံခြားရေးဝန်ကြီး ဂျူလီအက်ဘော့ တို့နှင့် တွေ့ဆုံ လျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ က ကင်ဘာရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ယခင် ၁၉၉၅ ခုနှစ်က သူတို့ တွေ့ဆုံခဲ့ကြသော ဓါတ်ပုံကို လက်ဆောင်ပေးခဲ့သည်။ ဝန်ကြီးချုပ် တိုနီအက်ဘော့ ကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် မနေ့က တွေ့ဆုံခဲ့သည်။

Yangon chronicle

သတင်းမီဒီယာ ကြယ်တစ်ပွင့်ကြွေလွင့်ခြင်း
လွတ်လပ်တဲ့အာရှအသံ RFA (Radio Free Asia) သတင်းဋ္ဌာန၏ Website Editor တစ်ဦးဖြစ်သူ မောင်မိုးသူအောင် အသက် (၂၄) နှစ်သည် ၂၅.၁၁.၂ဝ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ကွယ် လွန်သွားခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် ကူညီပေးခဲ့သည်။ လွတ်လပ်တဲ့အာရှအသံ RFA (Radio Free Asia) သတင်းဋ္ဌာနအား ရန်ကုန်မြို့ တွင် ပထမဦးဆုံး ရုံးခွဲဖွင့်လှစ်ခဲ့ရာ မောင်မိုးသူအောင်သည် ပထမဦးဆုံး ပြည်တွင်းသတင်းထောက်တစ်ဦး ဖြစ်ပြီး မိုးသူအောင် အမည်နာမသည် ကလောင်အမည်ဖြစ်ပြီး အမည်ရင်းသည် ဝေဖြိုးဟန် ဖြစ်သည်။ မိုးသူ အောင်သည် သွက်လက်ပေါ့ပါးပြီး ရိုးသားကြိုးစားသူ၊ ချစ်ခင်စရာကောင်းသူ၊ အရည်အချင်းရှိသူဖြစ်ပြီး RFA သတင်းဋ္ဌာနအတွက် အားအထားရဆုံးသော လူငယ်သတင်းထောက်တစ်ဦး ဖြစ်သည်။
၂၉.၁၁.၂ဝ၁၃ ရက်နေ့ မွန်းလွဲ (၁းဝဝ) နာရီအချိန်တွင် မောင်ဝေဖြိုးဟန် (ခ) မိုးသူအောင် (ခ) ဖိုးသား ကြီး အသက် (၂၄) နှစ်၏ ဈာပန အခမ်းအနားအား ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီဖေးမမှုဖြင့် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်များ၊ လက်တွဲဖော်များ၊ ဧည့်ပရိသတ် များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများတို့မှ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့တော့သည်။
သတင်းမီဒီယာလောက၏ ကြယ်တစ်ပွင့် စောစီးစွာ ကြွေလွင့်ခဲ့ပြန်ပါပြီ။ သတင်းထောက် မိုးသူအောင် ကောင်းမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေ။

(Los Angeles Times သတင်းစာမှ 23 Nov 2013 ရက်စွဲပါ Kate Linthicum ရေးသားသည့် Aung San Suu Kyi and Myanmar faces an uncertain future ကိုဘာသာပြန်ဆိုသည်)

ယခင်က အစိုးရ ဆန့်ကျင်ရေးသမားတစ်ဦး ဖြစ်ခဲ့ပြီး ယခုအခါတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ သမ္မတရာထူးရရှိရေးအတွက် နည်းလမ်းရှာနေ ဖြစ်သည်။

(နေပြည်တော်၊ မြန်မာ) နိုင်ငံတကာ အသိုင်းအဝိုင်းတွင် လေဒီ(Lady) ဟုခေါ်ဆိုခြင်း ခံရသူ ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် အဆောက်အအုံရှိရာသို့ နောက်ကျ၍ ရောက်ရှိလာသည်။ လွှတ်တော်တက် ရန် နောက်ကျနေသည့်တိုင် သူမကိုကြည့်ရသည်မှာ ပျာယာခတ်နေခြင်းမရှိပေ။ စီးနင်းလာသော ကားပေါ်မှဆင်းလာပြီး နောက် သတင်းဓာတ်ပုံသမားများကို ကျက်သရေရှိရှိ ပြုံးပြကာ နှမ်းဖတ်ကျောက်များဖြင့် ခင်းထားသည့် လှေကားများမှ တစ်ဆင့် ပြည်သူ့လွှတ်တော် ခန်းမဆောင်ကြီးထဲသို့ ဝင်သွားလေသည်။

လွှတ်တော်တက်ရောက်ကြောင်း စာရင်းပေး လက်မှတ်ရေးထိုးရမည့် အချိန်မီ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာသည်။ သို့သော် အချိန်မီရောက်လာသည် ဟူသည်မှာ လူထုထောက်ခံမှု အများဆုံးရထားသည့် ဒေါ်အောင်ဆန်းစုကြည် စစ်မှန်သော နိုင်ငံရေးအာဏာကို အချိန်မီရရှိလိုက်ခြင်းမျိုးတော့ မဟုတ်ပေ။

နိုဗယ်လ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်စနစ် အောက်တွင် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အစီ အစဉ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ သမ္မတ ဖြစ်လိုသော်လည်း ကြိုးစား၍မရနိုင်ပေ။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း ယခင်စစ်အစိုးရ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် သမ္မတဖြစ်ခွင့်မရနိုင်ဘဲ ဖြစ်နေခြင်းပင်။ အခြေခံဥပဒေက နိုင်ငံခြားသား ခင်ပွန်း သို့မဟုတ် သားသမီးရှိသူများကို သမ္မတဖြစ်ခွင့်မှ တားမြစ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် ပညာတတ်တစ်ဦးဖြစ်သူ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ထိမ်းမြားခဲ့ဖူးပြီး ဗြိတိန်နိုင်ငံသား ခံယူထားသော သားနှစ်ဦး၏ မိခင်ဖြစ်သည်။

ယခင် ဆယ်စုနှစ်အတွင်း မိမိနာမည်ကို ပြည်သူအများအနေဖြင့် ထုတ်ဖော်ပြောဆိုပါက အန္တရာယ်ရှိခဲ့သည် ဟူသော အချက်ကို ကောင်းစွာသိရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အခြေခံဥပဒေပြင်ဆင် ရေးဆွဲရေး အတွက် ပြင်းပြင်းထန်ထန် လှုံ့ဆော်နေပြီဖြစ်သည်။ အခြေခံဥပဒေပြင်ဆင် ရေးဆွဲရေးကိစ္စအား အနောက်တိုင်းမှ သံတမန်ကြီးများနှင့် ပြည်တွင်းမှ ထောက်ခံအားပေးသူများ သိရှိစေရန် ပြောဆိုလျက်ရှိသည်။ ထိုသို့ အခြေခံဥပဒေတွင် သမ္မတဖြစ်ခွင့်နှင့် ပတ်သက်သည့် ကန့်သတ်တားမြစ်ချက်များကို မဖယ်ရှားပေးသေးသရွေ့၊ စစ်တပ်၏ အာဏာကို လျှော့ချမှု မပြုလုပ်သေးသရွေ့ ယခုရရှိထားသည့် ဒီမိုကရေစီသည် အတုအယောင်မျှသာ ဖြစ်နေပေလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရုံးချုပ်၌ ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ လူအုပ်ကြီးကို အသိပေးပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ ကျောထောက်နောက်ခံပေးမှု အခိုင်အမာ ရရှိထားသော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးဟူသည် တိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြင်းထန်သော စမ်းသပ်ချက်တစ်ရပ် ဖြစ်လာနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် မိမိယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူအဖြစ်မှ ပါတီနိုင်ငံရေးသမားတစ်ဦးအဖြစ် ပြောင်းလဲရာတွင်လည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ကချင်လက်နက်ကိုင်တပ်ဖွဲ့အပေါ် မြန်မာစစ်တပ်က ကြမ်းတမ်းစွာ ထိုးစစ် ဆင်မှုနှင့် မွတ်စလင်လူနည်းစုများအပေါ် အစွန်းရောက်မျိုးချစ်များ ဂိုဏ်းဂနဖွဲ့ကာ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုများ နှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့ခြင်းကြောင့် လူ့အခွင့်အရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသား လူမျိုးစုများ၏ ဝေဖန် ပြောဆိုမှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသေးသည်။ ဧရာဝတီမဂ္ဂဇင်း၏ အယ်ဒီတာ့အာဘော် တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည် သည် မိမိသမ္မတဖြစ်ရန် မျှော်လင့်ထားသည့် တိုင်းပြည်အား ယိုင်နဲ့အောင် လုပ်ဆောင်နေသည့် ပြဿနာကြီးများကို အဖက်မလုပ်ဘဲနေခဲ့သည်ဟု ဝေဖန်ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ပဋိပက္ခများကို မီးလောင်ရာလေ့ပင့် မပြုလုပ်သင့်ကြောင်း ပြောဆိုပြီး အဂတိ လိုက်စားသော တရားစီရင်ရေး စနစ်ရှိသည့် တိုင်းပြည်တွင် တရားဥပဒေစိုးမိုးမှုကို အကောင်အထည်ဖော်ရန် တိုက်တွန်း ထားသည်။

ဝေဖန်ရေးဆရာများက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအရ လက်တွေ့ကျသည့် နည်းလမ်း အသုံးပြု ခြင်းလော ဟူ၍ မေးခွန်းထုတ်ကြပြီး အနာဂတ် မြန်မာ့နိုင်ငံရေး၏ အဓိကသော့ချက်ကို ကိုင်ထားသည့် စစ်ခေါင်းဆောင် များအား ခြိမ်းခြောက်မှုမရှိသော စကားများကိုသာ စိစစ်ပြောဆိုနေခြင်း ဖြစ်သည်ဟု ယုံကြည်လျက်ရှိသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သည့် သမ္မတဦးသိန်းစိန်အား ချီးမွမ်းဋ္ဌောပနာ ပြုလျက်ရှိသည်။ အကြောင်းမှာ ဦးသိန်းစိန်သည် လွန်ခဲ့သည့် ၂ နှစ်ခွဲခန့်၊ နိုင်ငံတော်သမ္မတ ဖြစ်လာ သည့် အချိန်မှစ၍ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ မီဒီယာများအပေါ် ကာလကြာမြင့်စွာ ကန့်သတ်ပိတ်ပင် ထားမှု များအား ဖယ်ရှားပေးခြင်း အစရှိသည်တို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများကမူ တစ်ချိန်က အပယ်ခံဖြစ်ခဲ့သည့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မည်သို့သော ကတိကဝတ်များ ရှိနေသော်လည်း ယခင် စစ်ခေါင်းဆောင်များသည် အနာဂတ်တွင် ၎င်းတို့အနေဖြင့် အာဏာဆုပ်ကိုင်ခွင့်ရရှိမည့် နိုင်ငံရေးစနစ်ကိုသာ ဒီဇိုင်း ရေးဆွဲ ထားကြသည်။ ပါလီမန်လွှတ်တော်၏ အမတ်နေရာ လေးပုံတစ်ပုံမှာ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့် အပ်မည့် စစ်အရာရှိများအတွက် ဖြစ်သည်။ ယင်းစစ်အရာရှိများသည် ပါလီမန်လွှတ်တော်တွင် စစ်ယူနီဖောင်းဝတ်ကာ အခြားသော လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ လွှတ်တော်ဆွေးနွေးပွဲများ တက်ရောက်ကြသည်။ ၎င်းတို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများအား ဗီတိုအာဏာအသုံးပြုကာ ပယ်ချပိုင်ခွင့်ရှိကြသည်။ ယင်း ဥပဒေပြင်ဆင်ရေး ဆွဲရေး ဟူသည်မှာလည်း မဲပေါင်း ၇၅ ရာခိုင်နှုန်းကျော် ရရှိရန်လိုအပ်သည်။

အခြားသော လွှတ်တော်ကိုယ်စားလှယ်များမှာ အငြိမ်းစားယူထားသော စစ်ဗိုလ်များဖြစ်ပြီး အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဖြစ်သည်။ ယင်းပါတီကို ယခင် စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးက ဦးဆောင်ပြီး ၎င်းက သမ္မတဦးသိန်းစိန်သည် ကျန်းမာရေးအခြေအနေကြောင့် ဒုတိယသမ္မတသက်တမ်းကို ဆက်လက် ထမ်းဆောင်နိုင်ဖွယ် မရှိသော ဦးသိန်းစိန်၏ နေရာကို အစားထိုးလိုသည်ဟု ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုမှာ နိုင်ငံရေးအရ မှတ်မှတ်ထင်ထင် ဖြစ်နေမည့် ကိစ္စကြီးတစ်ခုဖြစ်သည်။ သူမ၏ ဖခင်သည် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပြီး ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် အသက် ၂ နှစ်အရွယ်၊ ၁၉၄၇ ခုနှစ်တွင် လုပ်ကြံ သတ်ဖြတ်ခံလိုက်ရသည်။

မြန်မာနိုင်ငံ၏ တိုတောင်းလှသော ပါလီမန်ဒီမိုကရေစီခေတ် ၁၉၆၂ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှု နှင့်အတူ နိဂုံးချုပ် သွားပြီးနောက်ပိုင်း ဆယ်စုနှစ်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်တွင် နေထိုင်ခဲ့သည်။ သို့သော် ၁၉၈၈ ခုနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ထွက်လာချိန်တွင် သူမသည် နာမကျန်းဖြစ် နေသော မိခင်ဖြစ်သူအား ပြုစုစောင့်ရှောက်ရန် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ ယင်းဒီမိုကရေစီ အရေးတော်ပုံကြီးအတွက် လိုအပ်နေသော အထင်ကရခေါင်းဆောင်နေရာကို ဒေါ်အောင်ဆန်းစုကြည်က ဝင်ရောက်ရ ယူခဲ့သည်။ ထို့နောက် သူမသည် အမျိုးသားဒီမိုကရေစီပါတီ(NLD) ကို ထူထောင်ကာ ၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ သည်။ သို့သော် ယင်းရွေးကောက်ပွဲရလဒ်အား စစ်တပ်က အသိအမှတ်မပြုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာမှုသည် မြန်မာစစ်ခေါင်းဆောင်များ ပြုပြင်ပြောင်းလဲမှုအား အရေးတကြီး လုပ်လိုကြခြင်းကြောင့် ဖြစ်သည်ဟု ရှုမြင်သုံးသပ်မှုများလည်း ရှိခဲ့သည်။

ပထမဆုံးအဆင့်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က သူမကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ် ကြီးများနှင့် မဟာဗျူဟာမိတ်ဖွဲ့နိုင်မည့် နည်းလမ်းများကို ရှာခဲ့ဟန်ရှိသည်။ သူမ၏ ဒီမိုကရေစီ မဟာမိတ်များ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြသည့် ကိစ္စရပ်တစ်ခုလည်း ရှိခဲ့သည်။ ယင်းမှာ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် သူမသည် စစ်ဗိုလ်ချုပ်ကြီးများနှင့်အတူ ရှေ့ဆုံးတန်းမှနေ၍ ကြည့်ရှုခဲ့ခြင်းပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က မိမိသည် တပ်မတော်ကို မုန်းတီးသူတစ်ဦးမဟုတ်ဟုပင် ပြောဆိုခဲ့သည်။

သို့သော် သူမသည် လတ်တလောလများအတွင်း အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များနှင့် ဆင်းရဲနွမ်းပါးကာ ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် တိုင်းပြည်အပေါ် စစ်တပ်က ဆက်လက်ကြီးစိုးနေမှုများနှင့် ပတ်သက်၍ ဝေဖန် ပြောဆိုမှုများကို ပိုမိုလုပ်ဆောင်လာသည်။

“စစ်ခေါင်းဆောင်တွေဟာ မျှော်လင့်ထားသလို လုပ်ဆောင်ပေးခြင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခံစားလာရ ပုံရပါတယ်” ဟု Burma Campaign UK မှ ဒါရိုက်တာ Mark Farmaner က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဆိုခဲ့ရာတွင် သူမက နိုင်ငံရေးအကျဉ်းသားများ ယနေ့အချိန်ထိ ဖမ်းဆီးထိန်း သိမ်းခံထားရမှုနှင့် အခြေခံဥပဒေ ပြင်ဆင်မည့်ကိစ္စတွင် တိုးတက်ဖြစ်ထွန်းခြင်း မရှိမှုတို့အပေါ် စိုးရိမ်ပူပန်လျက် ရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း Mark Farmaner ကပြောကြားသည်။

အချို့သော ဝေဖန်ရေးသမားများက ဒေါ်အောင်ဆန်းစုကြည် ယခုကဲ့သို့ နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုကို ထောက်ခံမှု ပြုခြင်းကြောင့် သူမအနေဖြင့် အရေးပါသော နိုင်ငံရေးအရင်းအနှီးများ စိုက်ထုတ်ရကြောင်း၊ သို့ဆိုပါက ဒေါ်အောင်ဆန်းစုကြည် သည် မည်သို့သော ခေါင်းဆောင်မျိုးဖြစ်နိုင်မည်နည်းဟူ၍ မေးခွန်းထုတ်ကြ ကြောင်းသိရသည်။

“အချိန်တိုလေးအတွင်းမှာ စစ်တပ်အပေါ် အလွယ်တကူ ကောင်းချီးပေးခဲ့တာကိုး” ဟု ဒီမိုကရေစီရေးလှုပ်ရှားသူ မခင်ဥမ္မာ က ပြောကြားသည်။ “အဲဒီတော့ နိုင်ငံတကာကို ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားဟာ ဝိတ်(အလေးချိန်) မရှိတော့ ဘူး” ဟု နိုင်ငံခြားတွင် ပြည်ပြေးဘဝဖြင် နှစ်များစွာနေထိုင်ခဲ့သူ မခင်ဥမ္မာက ဆက်လက်ပြောကြားသည်။

မွတ်စလင်လူနည်းစုအပေါ် ဆန်ကျင်အကြမ်းဖက်မှုကြောင့် လူရာနှင့်ချီ၍ သေဆုံးခဲ့ရမှုအပါအဝင် အခြားသော

လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ရေငုံနှုတ်ပိတ်နေခဲ့မှုကိုလည်း လွန်စွာ စိတ်ပျက်မိကြောင်း မဥမ္မာက ဆိုသည်။ ထိုသို့ ဘာသာရေးနှင့် တိုင်းရင်းသား လူမျိုးစုဆိုင်ရာ တင်းမာမှုများကို လျော့ကျသွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် မြန်မာအစိုးရကို အများစုက ဝေဖန်ကြသည်။

အမျိုးသားဒီမိုကရေစီပါတီမှ ဦးဟံသာမြင့်က ဒေါ်အောင်ဆန်းစုကြည်သည် သံတမန်ဆန်စွာ ရိုးရိုးရှင်းရှင်းပင် ပြုမူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ခင်ဗျား အဖမ်းခံထားရချိန်မှာ စိတ်ကူးယဉ်သမားဖြစ်ဖို့ အင်မတန်လွယ်တယ်။ အဲဒီလို စိတ်ကူးယဉ်သမား ဖြစ်မှလည်း ရပ်တည်နေနိုင်မှာလေ။ ဒါပေမဲ့ ကျွန်တော်တို့ လက်တွေ့ကျတဲ့အလုပ်ကို လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင် လက်တွေ့ကျရမှာ ဖြစ်ပါတယ်” ဟု ဦးဟံသာမြင့်က ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများစွာ တပ်ဆင်ချိတ်ဆွဲ ထားသော NLD ဌာနချုပ်တွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် တသီးတခြားနေသော ခေါင်းဆောင်ဖြစ်ပြီး NLD ကို ခေတ်မီဆန်းသစ်အောင် လုပ်ဆောင်ရာတွင် နှေးကွေးလျက်ရှိသည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်နေခိုက် ပါတီအနေဖြင့် ရှေ့ဆက်လျှောက်ရ မည့်လမ်းကို ကြိုးစားရှာဖွေလျက် ရှိသည်ဟူသော အချက်ကို ဦးဟံသာမြင့်က လက်ခံပြောဆိုသည်။ သို့သော် NLD ၏ အောင်မြင်မှုများကိုလည်း ဦးဟံသာမြင့်က ထောက်ပြသည်။ ၎င်းတို့ပါတီသည် မြန်မာနိုင်ငံတစ်လွှားရှိ ပြည်သူများ အတွက် စာသင်ကျောင်းများ၊ ဆေးခန်းများဖွင့်လှစ်ခြင်း၊ ရေတွင်းများ တူးဖော်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ နာမည်ကျော်ကြား လူကြိုက်များဆဲပင်ဖြစ်ကြောင်း ဦးဟံသာမြင့်က ဆက်လက်ပြောဆိုသည်။

ရန်ကုန်မြို့လယ်ရှိ NLD ပါတီက ဖွင့်လှစ်ပေးထားသော အထက်တန်းကျောင်းတစ်ခုတွင် အင်္ဂလိပ်ဘာသာ သင်ကြားပေး ခြင်းဖြင့် တစ်လျှင် ဒေါ်လာ ၁၀၀ ခန့်ရရှိနေသူ ကိုမင်းမင်းကမူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်အတွက် တစ်ဦးတည်းသော ရွေးချယ်စရာ ခေါင်းဆောင်ဖြစ်သည်ဟု ပြောကြားသည်။

“ကျွန်တော်တို့တတွေ မှားတဲ့အရာတွေကို သိကြတယ်၊ ဒါပေမဲ့ မှန်တဲ့အရာတွေကိုတော့ မသိကြဘူး။ လူ့အခွင့်အရေး ကဘာလဲ။ ဒီမိုကရေစီဆိုတာ ဘာလဲ။ ကျွန်တော်တို့ အားလုံးက စစ်အစိုးရလက်အောက်မှာ ပညာ လေ့လာဆည်းပူးခဲ့ကြရတာ။ အဲဒီတော့ ကျွန်တော်တို့ မသိကြဘူး။ ပြည်သူလူထုအများစုကလည်း နိုင်ငံရေးဆို တာကို နားမလည်ကြပါဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို သင်ကြားပေးနေတယ်”

Yangon chronicle

နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌ ဦးကျော်သူနဲ့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိလာပြီး မယ်တော်ဆေးခန်းနဲ့ မနောဖြူစင် ရေလှူအသင်းအပါအ၀င် ပရဟိတလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး လူမှုရေးလုပ်ငန်း အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပါတယ်။

ဦးကျော်သူနဲ့အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာ ဒေါက်တာစင်သီယာမောင်နဲ့ တစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေါက်တာစင်သီယာမောင်ရဲ့ ကျန်းမာရေး၊ ပညာရေး လုပ်ဆောင်နေမှုတွေကို လေ့လာခွင့်ရခဲ့တာနဲ့ ပတ်သက်လို့ ဦးကျော်သူက အခုလိုပြောပါတယ်။

“ဒါအစိုးရက လုပ်ရမယ့်ကိစ္စတွေ၊ ဒါကိုဒီမှာ ဆရာမစင်သီယာမောင်တို့ကနေပြီးတော့ တကယ့်ကို လူသားခြင်းစာနာစိတ်နဲ့ လုပ်ကိုင်ပေးတာ တွေ့တဲ့အတွက်ကြောင့် ကျနော် အများကြီးဝမ်းလည်းသာတယ်၊ ကျေးဇူးလည်းတင်တယ်၊ ကျနော်တို့ရဲ့ ပြည်တွင်းက လူမှုရေးလုပ်ငန်းတွေကို ကျနော်တို့လာပြောတာ၊ ဆရာမကလည်း ပြည်ပမှာလုပ်ရတဲ့ အလုပ်အခက်အခဲလေးတွေ ပြောကြတာ ဖလှယ်တာပဲရှိတယ်”

အစိုးရပိုင်းက လက်လှမ်းမမီတဲ့ဒေသတွေမှာ ရေရှည်ကူညီပေးနိုင်ဖို့အတွက် ပြည်တွင်းမှာရှိတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ အားလုံးအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်အောင် ၀ိုင်းဝန်ပံ့ပိုးကြဖို့ လိုအပ်တယ်လို့ ဦးကျော်သူနဲ့တွေ့ဆုံအပြီး ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

“ဒီဘက်မှာလည်း ကျမတို့ တချို့သောနည်းပညာပိုင်းဆိုင်ရာတွေကို ဖလှယ်တာပေါ့၊ အထူးသဖြင့်တော့ ဒီမျက်စိခွဲစိတ်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြည်တွင်းထဲမှာ ကိုကျော်သူတို့ကစနိုင်ပြီဆိုတော့ ကျမတို့ ဒီမှာရှိတဲ့ဆရာဝန်တွေပေါ့နော်၊ သူတို့ နည်းပညာပိုင်းဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုတွေကိုလည်း ကျမတို့ ဆက်လက်ပြီးတော့ ပံ့ပိုးသွားမယ်၊ ၀ိုင်းတွဲပြီးတော့ လုပ်သွားကြမယ်ပေါ့”

ဦးကျော်သူနဲ့အဖွဲ့ဟာ မဲဆောက်မြို့လယ်က ကျောင်းကြီးကျောင်း ဘုန်တော်ကြီးကျောင်းမှာ မဲဆောက်မြို့ မနော်ဖြူစင် ရေလှူအသင်းသားတွေနဲ့လည်းတွေ့ဆုံပြီး ပရဟိတလုပ်ငန်း အတွေ့အကြုံတွေကို အကြံပြုခဲ့သလို မြ၀တီ စေတနာနာရေး လူမှုကူညီရေးအသင်းရဲ့ ၉ နှစ်မြောက်အထိမ်းအမှတ် စာပေဟောပြောပွဲမှာလည်း ဦးကျော်သူက သူဖြတ်သန်းခဲ့ရတဲ့ နာရေးကူညီမှု လုပ်ငန်းတွေအကြောင်းကို ဟောပြောခဲ့ပါတယ်။

Rfa

(Strategy Page မှ 2 Nov 2013 ရက်စွဲပါ “Myanmar: China does not Judge” ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် မွတ်ဆလင်များအား ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်မှုအပေါ် ကုလသမဂ္ဂ၏ ပြစ်တင်ဝေဖန်မှု တိုးမြှင့်လာစေရန်အတွက် မွတ်ဆလင်နိုင်ငံများက ၎င်းတို့၏ စီးပွားရေးနှင့် သံတမန်ရေး သြဇာအာဏာကို အသုံးပြု နေကြသည်။ မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု အများဆုံးဖြစ်ပွားရာဒေသ အနောက်ဖက်ကမ်းရိုးတမ်းမှ နိုင်ငံခြား ကယ်ဆယ်ရေး အဖွဲ့များကလည်း အိုး၊အိမ်မဲ့ မွတ်ဆလင်များအပေါ် ကယ်ဆယ်ထောက်ပံ့ရန် ကြိုးပမ်းမှုများကို ဒေသခံ ဗုဒ္ဓဘာသာဝင်များက ကြားဝင်နှောင့်ယှက်နေကြသည်ဟု စောဒကတက်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် မနှစ်က လူ ၂၅၀ ခန့် သေဆုံးကာ လူ ၁၅၀၀၀၀ ခန့် အိုးအိမ်မဲ့ ဖြစ်စေခဲ့သော အကြမ်းဖက်မှု များမပြီးနိုင်၊ မစီးနိုင် ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ယခင်လက မွတ်ဆလင် ၅ ဦး သေဆုံးခဲ့ရပြန်သည်။ ဘေးဒဏ်သင့် သူ အများစုမှာ မွတ်ဆလင်များ ဖြစ်သောကြောင့် ထိုနေရာသို့ သွားသော နိုင်ငံခြားကယ်ဆယ်ရေး အဖွဲ့များ ပို၍ပို၍ များလာ သည်။ ထိုမတိုင်ခင်ကမူ အစိုးရတပ်နှင့် ကချင်လက်နက်ကိုင် တပ်များအကြား တိုက်ပွဲပြန်လည်ဖြစ်ပွားမှုကြောင့် ၂၀၁၁ ခုနှစ်က လူပေါင်းတစ်သိန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသော မြောက်ပိုင်းတောင်းတန်းဒေသသို့ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များ အများဆုံး သွားရောက်ခဲ့ ကြသည်။ ထိုဒေသသို့ ဆက်လက် အကူအညီပေးနေသော်လည်း မနှစ်က မွတ်ဆလင်ဆန့်ကျင် ရေး အကြမ်းဖက်မှုများကြောင့် ယခင်ကလောက် အရေးမပါတော့ပေ။

မနှစ်က ဒေသတွင်း၌ ဒေါ်လာ ၁.၃ ဘီလျံခန့် တန်းဖိုးရှိသော မီသာအင်ဖက်တမင်းဆေးပြား ၂၂၇ သန်းခန့် ဖမ်းဆီး ရမိခဲ့ပြီး၊ ယင်း ပမာဏသည် ၂၀၀၈ ခုနှစ်ကထက် ၇ ဆများသည်။ မီသာအင်ဖက်တမင်း သည် အရှေ့တောင်အာရှတွင် ရေပန်းအစားဆုံးဖြစ်နေသည်။ ဆေးပြားအများစုကို တရုတ် (၄၅ ရာခိုင်နှုန်း) နှင့် ထိုင်း (၄၂ ရာခိုင်နှုန်း) မှ သိမ်းဆည်းရ မိခြင်းဖြစ်ပြီး ၎င်းဆေးပြား အများစုမှာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဓါတ်ခွဲခန်းများမှ ရောက်လာကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ဓါတ်ခွဲခန်းများသည် မီသာအင်ဖက်တမင်း ဆေးပြား တစ်နှစ်လျှင် ၁.၄ ဘီလျံခန့် ထုတ်လုပ်နေသည်ဟု ယုံကြည်ရသည်။ ၎င်း ပမာဏသည် ကာလတန်ဖိုး ဒေါ်လာ ၈ ဘီလျံခန့်ရှိသည်။ ထိုငွေပမာဏ၏ လေးပုံတစ်ပုံမှာ မြန်မာ တောင်တန်းဒေသတွင် လည်ပတ်နေပြီး မူးယစ်ဆေးဝါးပိုက်ဆံသည် ဒေသန္တရ စီးပွားရေး၏ အဓိကအစိတ် အပိုင်းဖြစ်လာ သည်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ စုစည်းထားသော မကြာသေးမှီက မြောက်ပိုင်းတွင် ငြိမ်းချမ်း ရေးညီလာခံ တစ်ရပ်ကျင်းပခဲ့ကြသည်။ KIO နှင့် အခြားတိုင်းရင်းသား ၁၇ ဖွဲ့တို့ စီစဉ်ကြသော ညီလာခံသို့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ၊ ကရင် KNU ၊ ရှမ်း RCSS ၊ ကရင် DKBA ၊ မွန်ပြည်သစ် NMSP စသော အဖွဲ့များ ပါဝင်တက်ရောက် ကြသည်။ သို့သော် အင်အားကြီး လက်နက်ကိုင်အုပ်စုအချို့ တက်ရောက်ခြင်း မရှိပေ။ အထူး သဖြင့် UWSA ဝ တပ်ဖွဲ့နှင့် NDAA မိုင်းလားအဖွဲ့ တို့ဖြစ်သည်။

တိုင်းရင်းသားများအတွက် ပိုမိုလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေပြီး မြေပြန့်သားတို့၏ အဂတိလိုက်စား မှုနှင့် ညှင်းပန်းနှိပ်စက်မှုများ လျှော့နည်းသွားစေမည့် ဖက်ဒရယ်ပိုမိုပီသသော အစိုးရပုံစံမျိုးကို လက်ခံချမှတ် ကျင့်သုံးနိုင် အာင် မြန်မာအစိုးရကို ဆွဲဆောင်ရန် အဆိုပါ တိုင်းရင်းသားအုပ်စု အားလုံးက ကြိုးစားနေကြခြင်း ဖြစ်သည်။ ဖက်ဒရယ် ပီသသောပုံစံကို ပြည်မတွင်ထောက်ခံမှု ပိုမိုရရှိလာသော်လည်း အစိုးရ၏ တရားဝင်မူဝါဒတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မှန်သမျှကို ဆန့်ကျင်ကန့်ကွက်နေဆဲ ပင်ဖြစ်သည်။ ထိုအတွက် ထုတ်ဖော်ပြော၍ မရသော အဓိက အကြောင်းအရင်းမှာ မြောက်ပိုင်းတွင် အဂတိလိုက်စားရန် အခွင့်အလမ်းများ တိုးပွားလာခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် လျှပ်စစ်ဓါတ်အားလိုအပ်ချက်အတွက် မြောက်ပိုင်းဒေသတွင် ရေလှောင်တမံများ ပိုမိုတည်ဆောက်ချင်နေသည့်အပြင် ကုန်ကြမ်းပစ္စည်းအတွက် သတ္တုတွင်းများကို မျက်စိကျနေသည်။ ၎င်း လမ်းကြောင်းပေါ်ရှိ တိုင်းရင်းသားများကို ထိန်းရန်မြန်မာအစိုးရက ဥပဒေနှင့် လုံခြုံရေးတပ်ဖွဲ့ အစောင့်အရှောက်များ ပေးနေသမျှ ကာလပတ်လုံး ထိုဝန်ဆောင်မှုများအတွက် တရုတ်တို့က ပေး၍မဆုံး ဖြစ်နေပေလိမ့်မည်။ ယင်း အကြောင်းအချက်အားလုံးသည် တိုင်းရင်းသားများ ပိုမိုစိတ်ဆိုးလာအောင် လုပ်သလို ဖြစ်လိမ့်မည်။

Yangon chronicle


ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ။ ။ DKBA အဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး၏ ဖိတ် ကြားမှုဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူ ကရင် ပြည်နယ် ရှိ မြို့နယ် များသို့သွား ရောက်ကာ လူထုအသိ ပညာပေး ဟောပြောပွဲများ ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ၏တစ်ပတ်ကြာ ကရင်ပြည်နယ်ခရီး စဉ်ကို နိုဝင်ဘာ ၂၃ရက်မှစတင် ကာ ထွက်ခွာမည်ဖြစ်ပြီး ခရီးစဉ် အတွင်း လူထုပညာပေးရေး ဟော ပြောပွဲ များ ပြုလုပ်သွား မည်ဖြစ် ကြောင်းနှင့် မကြာမီကလည်း ကချင်ပြည်နယ်ဒေသများသို့ သွား ရောက်ကာ လူထုအသိပညာပေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့ အသိပညာပေး ဟောပြောပွဲများ ဆက်လက်ပြု လုပ်သွားရန်ရှိကြောင်း ဥက္ကဋ္ဌ ဦးကျော်သူက ဆိုသည်။

''ခရီးစဉ်တွေကတော့ တောက်လျှောက်ရှိတယ်။ သူတို့က လာပါလို့ဖိတ်လို့ ကရင်ပြည်နယ် ဘက်ကိုသွားပြီး အသိပညာပေး ဟောပြောတာတွေ လုပ်သွားမှာ ပါ။ အရင်ကလိုတော့ ပွဲတွေလုပ်ရ မခက်တော့ပေ မယ့် စောင့်ကြည့် ခံရတာတွေကတော့ ရှိပါသေး တယ်''ဟု ပြောကြားသည်။

အယူသီးမှုများနှင့်ပတ်သက် သည့် အသိပညာပေးမှုများကို နာရေး ကူညီမှုအသင်း စတင်ဖွဲ့ စည်းခဲ့သည့် ၂၀၀၁ခုနှစ်မှ စတင် ကာ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ မြို့သစ် စသည့်မြို့ရွာပေါင်း ၅၀ တွင် ဟောပြောနိုင်ခဲ့ပြီး ၂၀၀ရ ခုနှစ်နောက်ပိုင်းတွင် ခွင့်ပြုမိန့် ပိတ်ပင်ခံထားခြင်းများရှိခဲ့ပြီး ယ ခုအချိန်တွင် ဦးကျော်သူ၏ မြို့ ကြီးများသို့သွားရောက်ကာ လူမှု ကူညီမှုလုပ်ငန်းများနှင့်အတူ လူ ထုကို အသိပညာပေးဟောပြော ပွဲများ၊ ပညာပေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်သည်။

ရဲလင်းထက်
Yangon media group

သူရိယနေ၀န်းဂျာနယ်တွင် ရေးသားခဲ့သည့် ဦးတေဇနှင့် ပတ်သက်သည့်
ရေးသားချက်များအပေါ် တရားစွဲဆိုမည်ဟု ကြေညာထားချက်များ အား ရင်ဆိုင်ရန် အသင့်ရှိပြီး တရား စွဲဆိုရန်စီစဉ်သူသည် တစ်ခါတလေ တရားခံအဖြစ်သို့
ပြန်လည်ရောက်ရှိနိုင်ကြောင်း သူရိယနေ၀န်း ဂျာနယ် အယ်ဒီတာချုပ် ဦးမိုးဟိန်းက People Power သတင်းစာသို့ ပြောကြားသည်။

ထူးကုမ္ပဏီမှ ၎င်းအားတရားစွဲဆိုရန် သက်သေများနှင့် အချက်အလက်များ
စုဆောင်းလျက်ရှိပြီး၊ မကြာမီတွင် တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီတွင် ၀န်ထမ်းပေါင်းများစွာခန့်အပ်ထားပြီး၊ တရားစွဲဆိုရန် အတွက် ရှေ့နေပေါင်းများစွာ လည်းရှိကြောင်း ထူး ကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူးဦးညီညီအောင်မှ ပြော ကြားထားခြင်းကို အွန်လိုင်းနှင့် ပုဂ္ဂလိကသတင်းစာ အများစုတွင် ဖတ်ရှုပြီးဖြစ်ကာ တရားစွဲဆိုမည့်အချိန်ကို သာလျှင် ၎င်းမှစောင့်နေခြင်းဖြစ်ကြောင်း ဦးမိုးဟိန်းက ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ သူတို့ဘယ်လိုပဲတရားစွဲစွဲအဆင်သင့် ပြင်ထားတယ်။
ပြောချင်တာတစ်ခုပဲရှိတယ်။ တစ်ခါတလေ ကျရင်တရားစွဲတဲ့သူက တရားခံပြန်ဖြစ်
သွားတတ်သလို၊ ရှေ့နေကလည်း တရားခံပြန်ဖြစ်သွားနိုင်တယ်လို့တော့ ကျွန်တော်ပြော ချင်ပါတယ်”ဟု ဦးမိုးဟိန်းမှ ထပ်မံ အတည်ပြုပြောကြားသည်။

ယခုကဲ့သို့ရေးသားခြင်းမှာ ဦးမိုးဟိန်းအနေနှင့် ပြည်သူ လူထုများအတွက် အလုပ်လုပ်နေခြင်းဖြစ်ကြောင်း၊ ၎င်း တို့ဘက်မှ တရားစွဲဆိုမည့်အပေါ် မိမိအနေဖြင့် အဆင့်သင့် ပြင်ထားပြီးဖြစ်ကြောင်း မိမိ၏လမ်းအားမိမိလျှောက်နေကြ သူများဖြစ်သည့်အတွက်၎င်းအနေနှင့် ရေးသင့်ရေးထိုက် ပြောသင့်ပြောထိုက်သည်များကို ပြောကြားမည်ဖြစ်ကြောင်း၊ ယင်းသို့ပြောကြားခြင်း များမှာ ကိုယ့်အလုပ် ကိုယ်လုပ်နေခြင်း သာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ကျွန်တော့်ကိုတရားစွဲမယ်ဆိုတော့ ကျွန်တော်တစ်ခုတော့ ပြောချင်တယ်။ သူ့ကိုပြည်သူတွေဘက်ကနေ တရားစွဲလို့ ရတာ အများကြီးရှိပါ သေးတယ်”ဟု ၎င်းကဖြည့်စွက်ပြော ကြားသည်။ နိုဝင်ဘာလ ၂၃ရက်နေ့ထုတ်သူရိယနေ၀န်း
ဂျာနယ်တွင် ဦးတေဇနှင့် စိန်စီသောညများ၊ မင်းတို့ခရိုနီတွေ ဘင်္ဂလား ပင်လယ်အော်
သို့ ခုန်ချကြ ပေတော့ဟု ရေးသားဖော်ပြ ခြင်းအား တရားစွဲဆိုသွားမည်ဟု ထူးကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူး ဦးညီညီအောင်မှ ပြောကြားခဲ့ပြီး ယခုအချိန်ထိ သူရိယနေ၀န်းအယ်ဒီတာချုပ် ဦးမိုးဟိန်းဆီသို့ တရားရုံးမှ ဆင့်ခေါ်စာများ၊ ရှေ့နေမှ
စာပို့ခြင်းများ မရှိသေးကြောင်း၊ ယခုကဲ့သို့ တရားစွဲဆိုမှု အပေါ် ဦးမိုးဟိန်းမှ ရင်ဆိုင်
ရန် အဆင်သင့် ပြင်ဆင်ထားကြောင်း ဦးမိုးဟိန်းကဆက်လက်ပြောကြားသည်။

ရေးသားသူ-ဇော်မျိုး တည်းဖြတ်-အေးငြိမ်းသူ

"မတရားတဲ့အခွင့်အရေးတွေနဲ့ရယူချမ်းသာခဲ့တဲ့ မစ္စတာကျွန်းသစ်၊ မစ္စတာဘိန်းနဲ့မစ္စတာကြံတော"
________________________________________________
ရေး- ထောင်သူရဲ ဘအုပ်
စာစီ - ရဲရင့်ငယ် (ကနေဒါ)

ကျုပ်ထောင်သူရဲဘအုပ်ရဲ့ ခရိုနီစနစ်အမြစ်ဖြုတ်ရေးတိုက်ပွဲနဲ့ အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းရေးတိုက်ပွဲကြီးကို ကျုပ်နဲ့အတူ ၈၈ ကျောင်းသားခေါင်းဆောင် တွေနဲ့ ပြည်သူတစ်ရပ်လုံးက စတင်ဆင်နွဲနေတာကို အ၀ါရောင်အဆင့်ကနေ နောက်တစ်ဆင့် လိမ္မော်ရောင်အဆင့်ကို မြှင့်တင်လိုက်ပြီလို့ ဒီကနေ့အတိအလင်းစစ်ကြေညာလိုက်ပါတယ်။

ခင်ဗျားတို့ခရိုနီအားလုံးမှန်သမျှတစ်ယောက်မကျန် မြန်မာ့မြေပေါ်ကနေအမြန်ဆုံး
ထွက်ပြေးသွားရတော့မယ်နေ့က နီးလာနေပြီဆိုတာကျွန်ုပ်ပြည်သူ့ကိုယ်စား သတိပေး လိုက်တော့မယ်။ ကျုပ်တို့ဘက်က ရဟန်းရှင်လူပြည်သူအပေါင်းအားလုံးရှိတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်မျိုးဆက်သစ်ခေါင်းဆောင်များကပါ ထောက်ခံလာ လိမ့်မယ်လို့ ယုံကြည်ထားတယ်။ မြန်မာ့တပ်မတော်မှလည်း ခရိုနီစနစ်တိုက်ဖျက်ရေးကို ထောက်ခံပေးပါလို့လည်း ကျုပ်တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်က ခရိုနီမှန်သမျှ ခင်ဗျားတို့ စိန်ထုပ်၊ ဒေါ်လာထုပ်၊ ရွှေထုပ်မှုမှန်သမျှကို အမြန်ဆုံးသိမ်းကြပေတော့ဗျို့။

အထူးသဖြင့် ၁၉၈၈ကနေ့ ၂၀၁၀ အထိ မတရားတဲ့အခွင့်အရေးတွေနဲ့ရယူချမ်းသာခဲ့တဲ့မစ္စတာကျွန်းသစ်၊ မစ္စတာဘိန်းနဲ့မစ္စတာကြံတောတို့ကို ကျုပ်နဲ့အတူ မြန်မာပြည်သူတွေ က စစ်ကြေညာလိုက်ပါပြီ။ ခင်ဗျားတို့ခရိုနီတွေက ပြည်သူပိုက်ဆံကိုပဲ သိမ်းယူ ဓားပြတိုက်တဲ့ ငတက်ပြားအလုပ်ကိုပဲ ကျွမ်းကျင်တာပါ။ အာဏာပိုင်အဟောင်းတွေကို အပေး အကျွေးလာဘ်ထိုးတဲ့အလုပ်ပဲကျွမ်းကျင်တာပါ။ လမ်းမပေါ်မှာ စာရွက်တွေလျှောက်ဝေပြီး မဟုတ်တရားဝါဒဖြန့်တိုက်ခိုက်တဲ့ အောက်တန်းကျကျလုပ်ရပ်တွေပဲ ကျွမ်းကျင်တာပါ။
ကျုပ်တို့ကျောင်းသားတွေ ၈၈တုန်းက ပြည်သူလူထုထံ ပန်ကြားလွှာ၊ အရေးတော်ပုံစပြီ၊ တော်လှန်ရေးတပ်လှန်သံ စသည်တို့ကို နိုင်ငံရေးအတွက် စာတမ်းတွေ၊ လူထုထဲကို ရဲရဲဝံ့ဝံ့လုပ်ခဲ့တာမျိုးနဲ့ မင်းတို့ခရိုနီတွေ မနေ့တစ်နေ့က မိုးဟိန်းအကြောင်းတစေ့တစောင်းဆိုတဲ့ ပစ်စာလို စာရွက်ဝေတာမျိုးကတစ်ခြားစီပါပဲ။

မနေ့တစ်နေ့က အတိအကျပြောရရင် နိုဝင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ င်္နနူ စားသောက်ဆိုင်အတွင်းမှာ ခရိုနီထိပ်သီးတွေရဲ့လက်ပါးစေခိုင်းသူတချို့က ရောင်စုံနှစ် ဖက်ကပ်နဲ့ရိုက်ထားတဲ့ဂျာနယ်ဆိုက်ဒ် A3 စာရွက်တွေဝေသွားကြတယ်။ သူရိယနေ၀န်းဂျာနယ် CEO ကိုမိုးဟိန်းရဲ့ မကောင်းကြောင်းမဟုတ်မမှန်လုပ်ကြံရေးသားထားတဲ့အကြောင်း တွေပါတဲ့စာရွက်တစ်မျက်နှာပေါ့ဗျာ။

စားသောက်ဆိုင်တွေ၊ လမ်းဆုံလမ်းခွတချို့မှာ CCTV ကင်မရာတွေရှိနေပြီဆိုတာ ဒင်းတို့တွေသတိလစ်သွားပုံရတယ်။ ခရိုနီက လက်တစ်ခုပ်စာဘဲရှိတာ။ သူရိယနေ၀န်း ဂျာနယ်ဘက်က လူထုက ၀ိုင်းဝန်းထောက်ခံနေကြတာက လူထုတစ်ရပ်လုံးဗျ ။
ဒါကြောင့် စာဝေခိုင်းတဲ့သူတွေရော ပိုက်ဆံပေးပြီးရေးခိုင်းတဲ့ခရိုနီကိုရော ဘယ်သူလက်ချက်ဆိုတာ ကျုပ်တို့သိပြီးပါပြီ။

အဲဒီခရိုနီကလည်း ကြားလူကတစ်ဆင့် ကျုပ်လည်း သတင်းတွေပြန်ကြားနေရပါတယ်။ အဲဒီခရိုနီတွေ တိုင်ပင်တဲ့အစည်းအဝေးဆုံးဖြတ်ချက်လမ်းသုံးသွယ်ကိုလည်း ကျုပ်တို့ ပြန်ကြားရပါတယ်။

၁။ မိုးဟိန်းနဲ့သူရိယနေ၀န်းဂျာနယ်အုပ်စုကို အပြတ်ရှင်းရေးလမ်း
၂။ ခရိုနီတွေ မြန်မာပြည်က ထွက်ပြေးထွက်ခွာရေး
၃။ ခရိုနီတွေမိမိကိုယ်ကို ဆွဲကြိုးချ သတ်သေရေးဆိုပြီး ဆုံးဖြတ်တယ်လို့ကြားရတယ်။
ကျွန်တော်ထောင်သူရဲဘအုပ်က ကြားကနေ ခရိုနီတွေကိုအကြံပေးချင်တယ်။ ခင်ဗျားတို့ဆုံးဖြတ်တဲ့လမ်း ၃သွယ်ကလည်းမဆိုးတော့မဆိုးပါဘူး။ မိုးဟိန်းနဲ့ သူရိယနေ၀န်း ဂျာနယ်အုပ်စုကို အပြတ်ရှင်းမယ့်လမ်းကကောင်းပါတယ်။
ဒါပေမဲ့ မိုးဟိန်းနဲ့သူရိယနေ၀န်းဂျာနယ်အုပ်စုက ၈၈ကျောင်းသားခေါင်းဆောင်ကောင်းတွေက သရဏဂုံတင်ထားပြီးသားတဲ့ဗျ။ သူတို့က သူတို့ဘ၀ကိုနေ့စဉ် နောက်ဆုံးနေ့ဆိုပြီး သတ်မှတ်ပြီး လူထုအတွက် သူရိယနေ၀န်းဂျာနယ်ထုတ်ဝေနေကြတာဗျ။ မနက်လင်းကတဲ ညနေ နေ၀င်တဲ့အထိ မသေသေးရင် ဒီနေ့ မသေသေဘူးလို့ တရားမှတ်ပြီး သတ်မှတ်ပြီးနေနေတဲ့ လူထုရှေ့က ဘက်တော်သွားတွေဗျ။ မိုးဟိန်းနဲ့ သူရိယနေ၀န်းဂျာနယ်အဖွဲ့သားတွေ၊ ဆောင်းပါးတွေရေးနေတဲ့ကျုပ် ဘအုပ်လိုကောင်တွေက နေ့တိုင်းကို သေနိုင်တဲ့နေ့ဆိုပြီး တရားရှိ,ရှိနဲ့လူထုအတွက်အသက်ရှင်နေတာ။
ခင်ဗျားတို့ ကျုပ်တို့လို သရဏဂုံတင်ပြီးသား သူရဲတွေနဲ့ လာလဲကြရင်လာခဲ့ကြစမ်းဗျာ။ ခင်ဗျားတို့က ရှေ့တစ်လှမ်းတက်ရင် ကျုပ်တို့က ဆယ်လှမ်းတက်ပြီး သားသာမှတ်ပေတော့။ မိုးဟိန်းနဲ့ကျုပ်ထောင်သူရဲဘအုပ်၊ စစ်သူရဲဗလမင်းထင်နဲ့သူရိယနေ၀န်း(၈၈) ကျောင်းသားခေါင်းဆောင်ဟောင်းတွေကို ထိလို့သေသွားတဲ့နေ့ အချေမှုန်းခံရတဲ့နေ့ကတော့မင်းတို့ခရိုနီအားလုံးရဲ့ ပိုင်ဆိုင်မှုအားလုံးနဲ့ခင်ဗျားတို့တွေရဲ့ ဘ၀တွေအားလုံးတနွယ်ငင်တစင်ပါအားလုံးမြန်မာ့မြေပေါ်မှာ လူထုတစ်ရပ်လုံးရဲ့ လက်ချက် နဲ့ ပျောက်ကွယ်သွားရမဲ့နေ့ပဲ။ အဲဒီ ကျုပ်တို့ပျောက်ကွယ်သွားတဲ့သတင်းနဲ့အတူ မင်းတို့ရဲ့ဘဏ်တိုက်တွေ၊ မင်းတို့ရဲ့ကုမ္ပဏီဌာနချုပ်ခြံဝင်းကြီးတွေ၊ မင်းတို့ရဲ့ဟိုတယ် နန်းတော်ကြီး တွေ အားလုံးသိဖို့ ရဟန်းရှင်လူထုတစ်ရပ်လုံးက ဖယောင်းတိုင်ထွန်းပြီးလာမယ်မထင်နဲ့ မီးဒုတ်ကိုယ်စီနဲ့ကိုင်ပြီး ချီတက်ဝိုင်းရံလာမယ်နေ့ပဲ။

မီးဒုတ်-မီးဒုတ် ရှို့ရှို့ဆိုတဲ့ ဒို့ဗမာအစည်းအရုံးရဲ့ကြေးကြော်သံကို ခင်ဗျာတို့ခရိုနီတွေ မေ့နေကြတယ်ထင်တယ်။ ဟိုတုန်းက ဒို့ဗမာအစည်းအရုံးရဲ့ကြေးကြော်သံ ၊ မီးဒုတ် မီးဒုတ် ရှို့ရှို့ဆိုတာက ဗြိတိသျှနယ်ချဲ့တွေအတွက် ကြေးကြော်ခဲ့တာ။
အခု မြန်မာပြည်သူတွေရဲ့ မီးဒုတ်ကတော့ မင်းတို့ခရိုနီတွေ အားလုံးရဲ့နတ်စည်းစိမ်နဲ့ ဘ၀တွေ ကို ရှို့ပစ်ဖို့ ဆိုတာ ကျုပ်အတိအ လင်းသတိပေးလိုက်ချင်တယ်။
ဒါမှမဟုတ် နောက်နည်း လမ်းတစ်သွယ်ကတော့ ဆွဲကြိုး ချပြီးတော့ မသတ်သေပါနဲ့ ကျန်ခဲ့တဲ့ သြိပ ကိုလူမြင် သူမြင်မကောင်းပါဘူး။

ခင်ဗျားတို့ခရိုနီအားလုံး ရန်ကုန်မြစ်ထဲက မော်တော်တစ်စင်းနဲ့ ဘင်္ဂလားပင်လယ်အောင်အထဲအထိ မောင်းသွားပြီး အားလုံးခုန်ချပြီး အဆုံးစီရင်လိုက်တာက ပိုကောင်းပါ တယ်။ ရန်ကုန်မြစ်ထဲမှာဆိုပေါ်လာမဲ့ Body က မြင်မကောင်းရှုမကောင်းဖြစ်နေမှာစိုးလို့ပါ။ ဘင်္ဂလားပင်လယ်အော်ထဲ ဆိုတော့ Body တွေ ပြန်ပေါ်မ လာတော့ဘူးပေါ့ဗျာ။ ဘင်္ဂလား ပင်လယ်အော်ထဲမှာက ငမန်းတွေရှိတယ်လေ။ ခဏလေးနဲ့လက်စသတ်သွားတာပေါ့ဗျာ။

ဒါကြောင့် မစ္စတာကျွန်းသစ်ရေ ငါ့ညီမင်းငယ်ပါသေးတယ်။ စာရွက်တွေ ဆက်ဝေလို့ရှိရင် အပိုင်း၂တို့ အပိုင်း၃တို့ ဆက်ဝေခဲ့ရင် သပ်သပ်ရပ်ရပ်ကလေးဝေနိုင်အောင် စာရွက်စာတမ်းဝေနည်းတွေနဲ့ လူလားမြောက်လာတဲ့ထောင်သူရဲဘအုပ်တို့လို ကျောင်းသားတွေဆီမှာ သင်တန်းလာတက်လိုက်ဦး။ မင်းရဲ့ လက်ပါးစေတွေကို စာရွက်ဝေ နည်းသင်တန်းအလကားအခမဲ့သင်ပေးလိုက်မယ်။ မင်းက စာရွက်တွေဝေပြီး မဟုတ်တရားဇာတ်လမ်းဆင်ပြီး မိုးဟိန်းကိုတိုက်ခိုက်နေတာ ငါတို့လိုထောင်ထွက်တွေ ဘ၀ပျက်ခဲ့တဲ့လူတွေက နွေရာသီမှာ ယပ်တောင်ကလေးနဲ့ လာခတ်ပေးနေတယ်ပဲ အောက်မေ့တယ်။ ဆက်ဝေပါ ဆက်ဝေပါ မင်းတို့ရဲ့အောက်တန်းကျတဲ့ အရေးအသားတွေ၊ ဇာတ်လမ်း လုပ်ဇာတ်တွေကိုလူတွေသိသွားစေချင်လို့ပါ။ မင်းတို့က မိုးဟိန်းနဲ့သူရိယနေ၀န်းဂျာနယ်ကိုပါ တိုက်ခိုက်ရှုတ်ချလေ သူရိယနေ၀န်းက ပို၍အောင်မြင်လေလေပေါ့ကွာ။ သရဏဂုံတင်ထားပြီးသော ထောင်သူရဲဘအုပ်။

ထောင်သူရဲဘအုပ်

“ဗိုလ်ကျစိုးမိုး လူ့ဂျပိုးတို့ရဲ့ဘူလီ်ီယဉ်ကျေးမူ”
မြန်မာပြည်သား မျက်နှာမွဲ နင်းပြားဆင်းရဲသားတွေအတွက်တော့ ဗိုလ်ကျခံရတယ်။ အနှိမ်ခံရတယ်။ အနိုင်ကျင့်ခံရတယ်ဆို တွေဟာ သေရာပါဆိုးမွေကြီးတွေလို ပိုင်ဆိုင်ခဲ့ရတာကြာပြီကော။
တကယ်တော့ဆင်းရဲသားချည်းပဲ ဗိုလ်ကျခံရတာမဟုတ်ဘူး။ ဗမာပြည်တနံတလျားမှာရှိရှိသမျှလူတွေအားလုံး တိုင်းရင်း သားရဟန်းရှင်လူပြည်သူလူထုကြီးတရပ်လုံးမှာ ဆင့်ကဲဆင့်ကဲဗိုလ်ကျအနိုင်ကျင့်မူတွေခံနေရတာ နေ့တဓူဝကြုံတွေ့ခံစား နေရတော့ ဒါတွေဟာထုံးစံပဲလို့ အမှတ်မှားလာခဲ့ကြရတယ်လေ။
ဒို့နိုင်ငံရဲ့အသေးဆုံးလူ့အဖွဲ့အစည်းဖြစ်တဲ့ မိသားစုအဆင့်ကစလို့ ရပ်ရွာသာရေး နာရေးအဖွဲ့တွေ မြို့နယ်အဆင့်လူ့ အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်း၊ သံဃာအဖွဲ့အစည်း၊ တိုင်းရင်းသားအသင်းအဖွဲ့တွေ၊ အစိုးရ၀န်ထမ်းလောက၊ ရဲ၊ စစ်တပ်စတဲ့လက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကနေ တိုင်းပြည်ကိုစီမံအုပ်ချုပ်ရတဲ့နိုင်ငံတော်ရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့အစိုးရထိအောင် ဗိုလ်ကျစီးပိုးရေးဝါဒနဲ့ ဘူလီယဉ်ကျေးမူဟာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ် နေခဲ့တာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီ။
(၁၉၆၂)ခုနှစ် တော်လှန်ရေးကောင်စီအာဏာမသိမ်းခင်မှာ ဗိုလ်ကျမှုတွေမရှိဘူးလားလို့ စောဒကတက်စရာရှိလိမ့်မယ်။ ဘယ်လူ့အဖွဲ့အစည်းမဆို စင်းလုံးချောတော့မရှိဘူး။ နဲတာနဲ့များတာပဲကွာလိမ့်မယ်။ ဒါပေမယ့် ဗိုလ်ချုပ်နေ၀င်းသေနတ် ဖောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တဲ့ နိုင်ငံတော်အာဏာကို ဓါးမြတိုက်လုယူမှုဟာ ဗိုလ်ကျစီးပိုးရေးအလံကို ဒို့နိုင်ငံရဲ့ အိမ်ဦးခန်းမှာ တရားဝင်စိုက်ထူလိုက်တာဖြစ်တယ်။ ဗြောင်ကျကျအနိုင်ကျင့်ခွင့်လိုင်စင်ကို ဆင့်ကဲဆင့်ကဲလက်ပြောင်းယူ နိုင်ဖို့ အမွေဆိုးကိုထားရစ်ခဲ့တာဖြစ်တယ်။
အဲ့ဒီကထဲကဒို့နိုင်ငံမှာမိသားစုတစ်စုထဲမှာတင်၊လင်ကမယားကိုအနိုင်ကျင့်တာ၊မယားကလင်ကိုအနိုင်ကျင့်တာ၊မိဘကသားသမီးကိုအနိုင်ကျင့်တာ၊သားသမီးကမိအိုဖအိုကိုအနိုင်ကျင့်တာ၊ညီအကိုမောင်နှမသားချင်းကြားအနိုင်ကျင့်တာတွေပိုရှိလာသလို၊၀န်ထမ်းလောကမှာ၊လက်နက်ကိုင်အဖွဲ့အစည်းတွေအထဲမှာအထက်အရာရှိကအောက်လက်ငယ်သားကိုနိုင်လိုမင်းထက်ပြုကျင့်သလို၊အဆက်အသွယ်ကောင်းတဲ့လက်အောက်ငယ်သားကလည်းရိုးသားတဲ့အထက်အရာရှိကိုအနိုင်ကျင့်တာတွေ၊အုပ်စုဖွဲ့ဗိုလ်ကျတာတွေ ၊
ကျောင်းသားအဖွဲ့အစည်းတွေအကြားမှာ၊သံဃာအဖွဲ့အစည်းတွေအထဲမှာလူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ဘာသာတစ်ခုနဲ့တစ်ခုအကြား၊နိုင်ငံရေးပါတီတွေ၊လူမှုရေးအသင်းအပင်းတွေအထဲမှာအုပ်စုဖွဲ့အနိုင်ကျင့်ဗိုလ်ကျမှုတွေ တရားဝင်လို၊ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာတွေ့ရတယ်။
ဆိုလိုချင်တဲ့သဘောကအုပ်ချုပ်သူအစိုးရကို ကိုယ်တိုင်ကလက်နက်အားကိုး၊ အာဏာအားကိုးနဲ့ပြည်သူကို ဗိုလ်ကျခဲ့တော့ ခေါင်ကစလို့ကြမ်းပြင်အထိ ပိုင်ရာဆိုင်ရာအလိုက် ဗိုလ်ကျစီးပိုးလိုက်ကြတာ ဒို့နိုင်ငံလည်းဘူလီတိုင်းပြည် ကြီးလုံးလုံးဖြစ်ခဲ့ရတာမဟုတ်လား။
အင်္ဂလိပ်စကားမှာတော့ လူအချင်းချင်းအနိုင်ကျင့်ဗိုလ်ကျတာကို(Bully)လုပ်တယ်လို့ သုံးနှုန်းတယ်။ လူတစ်ဦးကအခြား တစ်ဦးကို ဒါမှမဟုတ် လူတစ်မျိုးကအခြားတစ်မျိုးကို ဘာကြောင့်အနိုင်ကျင့်ကြပါလိမ့်။ ဒီမေးခွန်းကိုသေသေချာချာစဉ်းစား လိုက်ရင်အောက်ပါအတိုင်း ရိုးရှင်းတဲ့အဖြေကိုတွေ့ရမှာပါ။
အသိတရားချို့တဲ့မှု၊ ကိုယ်ကျင့်တရားနဲ့သိက္ခာကင်းမဲ့မှုတွေကြောင့် လူတစ်ဖက်သားရဲ့တန်ဖိုးကိုမှားယွင်းစွာတွက်ချက်မိရာ က ထွက်ပေါ်လာတဲ့ပြုမူတုန့်ပြန်မှုတွေဖြစ်တယ်။ (Bullying in its simplest form is a reaction to a poor evaluation of a person’s worth with the absence, lack or reduction of self- esteem.)
မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခု၊ အုပ်ချုပ်သူအစိုးရတစ်ရပ်အထဲမှာ လုပ်ပိုင်ခွင့်အာဏာရထားတဲ့သူဟာ သူရထားတဲ့အာ ဏာနဲ့လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန်အသုံးချဖို့လည်းလိုပါတယ်။
အဲ့ဒီလုပ်ပိုင်ခွင့်နဲ့အာဏာကိုမှားယွင်းစွာရှုမြင်မိသူတွေဟာ ကိုယ်ကျင့်သိက္ခာကိုလည်းတန်ဖိုးမထားတော့ပဲ အာဏာကိုအ အလွဲသုံးစားပြုပြီး တစ်ခြားသူတွေကိုအနိုင်ကျင့်ဗိုလ်ကျတော့တာပါပဲ။
ဒို့တိုင်းပြည်မှာဗွက်ထအောင်ဖြစ်ပွားနေတဲ့ အနိုင်ကျင့်ဗိုလ်ကျမူတွေကိုကြည့်လိုက်ရင် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဖြစ်ပွားနေတာ တွေ့ရတယ်။

တစ်ချို့က ကိုယ်ကာယ ဗလအာကိုးနဲ့အနိုင်ကျင့်ကြတယ်။
တစ်ချို့က လက်နက်အားကိုးနဲ့ဗိုလ်ကျတယ်။
တစ်ချို့က စီးပွားရေးအင်အားနဲ့အနိုင်ကျင့်ကြတယ်။
တစ်ချို့က ဥာဏ်ရည်အားကိုးနဲ့ဗိုလ်ကျတယ်။
တစ်ချို့က အဆက်အသွယ်အပေါင်းအသင်းအားကိုနဲ့ အနိုင်ကျင့်တယ်။
တစ်ချို့ကအရေအတွက်အင်အားနဲ့ အများစုကအနဲစုကိုစော်ကားအနိုင်ကျင့်ကြတယ်။
တစ်ချို့က လုပ်ပိုင်ခွင့်အာဏာနဲ့ အနဲစုကအများစုကိုဗိုလ်ကျကြတယ်။
တစ်ချို့ကြတော့မွေးကတည်းက သန္ဓေဆိုး ဥာဉ်ဆိုးနဲ့တမင်သက်သက်ဗိုလ်ကျရတာကို နှစ်သက်ရင်းစွဲရှိတဲ့ လူ့ဂျပိုးတွေဖြစ် နေတတ်သလို တစ်ချို့ကြတော့ဗိုလ်ကျလိုတဲ့စိတ် မရှိပေမယ့် အစဉ်အလာအဟောင်း၊ ဓလေ့အဟောင်းတွေကြောင့် မရည် ရွယ်ပဲ ဗိုလ်ကျသလိုဖြစ်နေတတ်တာတွေသတိပြုမိဖို့လိုတယ်။

စီစစ်ဝေဖန်ခွင့်၊ အပြန်အလှန်ဆွေးနွေးခွင့်အားနဲသော အာရှတန်ဖိုး၊ မိသားစုတန်ဖိုးအားနည်းချက်
ဒီနေရာမှာဖြစ်ပြောချင်တာက ၁၉၉၀ ၀န်းကျင်လောက်မှာ စတင်လူပြောများလာတဲ့အာရှတန်ဖိုး(Asia Value) အကြောင်း ပါ။ တကယ်တော့အာဏာရှင်တွေက အာရှတန်ဖိုးဘိုအသုံးချသွားတာပါ။ သူတို့ဗိုလ်ကျအုပ်ချုပ်နေတာကို ဖုံးကွယ်ဖို့ကြိုး ပမ်းမှုတစ်ရပ်သာဖြစ်ပါတယ်။
အာရှတိုက်ရဲ့သက်တော်ရှည်အာဏာရှင်ကြီးတွေဟာ ဒီမိုကရေစီမျက်နှာဖုံးကလေးစွပ်ပြီး ရာဇာပလ္လင်ဖင်မြဲ နေလို့ရ အောင် အာမခံပေးမဲ့ အာရှဒီမိုကရေစီ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ကျင့်သုံး ခဲ့ကြတာဖြစ်ပါတယ်။။

ဒါပေမယ့်သူတို့ဗိုလ်ကျတဲ့နည်းက အလွန်သိမ့်မွေ့တယ်။ သူတို့ဟာသူတို့ရဲကတိုင်းသူပြည်သားတွေရဲ့ အခြေခံလိုအပ်ချက် တွေဖြစ်တဲ့
(၁) စားဝတ်နေရေး နဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ (Physiological needs )၊
(၂) အလုပ်အကိုင်နဲ့ဥစ္စာပစ္စည်းပိုင်ဆိုင်မှု ဘ၀လုံခြံစိတ်ချရမှု့ ( Safety needs )
(၃)မိသားစုနဲ့မိတ်ဆွေချစ်ခင်ပေါင်းသင်းဆက်ဆံမှုလူမှုရေးရာကိစ္စ (Love/Belonging needs ) စတာတွေအထိ လူတန်းစေ့အောင်ဖြည့်ဆီးကြတယ်။ လွတ်လပ်ခွင့်ပေးထားတယ်။ ဒါပေမယ့် နိုင်ငံတော်အာဏာကိုတော့ ဘယ်သူ့ကိုမှခွဲဝေမပေးဘူး။ သူတို့နဲ့သူတို့ရဲ့မျိုးတူအုပ်စုဝင်တွေကပဲတောက်လျှောက်ချယ်လှယ်မင်းမူခဲ့ကြတာ အာရှတိုက်သမိုင်းမှာအထင်အရှားကျန်ရစ်ခဲ့တယ်။သူတို့ရဲ့တိုင်းပြည်ကိုလည်းစီးပွားရေးအရအောင်မြင်အောင်လုပ်ဆောင်ပေးရင်း၊သူတို့နဲ့ဆွေမျိုးသားချင်းတွေကောင်းစားရေးကိုလည်းလက်ကုန်နှိုက်ပြီးယူကြတယ်။ တနည်းပြောရရင်အာရှတိုက်သားလူလည်ကြီးများရဲ့အဆင့်မြင့်ခေတ်သစ်ဗိုလ်ကျစိုးမိုးရေးဝါဒပဲဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်လူလည်ကျမှုလို့ပြောရင်မှားမယ်မထင်ဘူး။ ဒို့တိုင်းပြည်ကစစ်အာဏာရှင်တဖြစ်လည်း ဒီမိုကရေစီလူလည်ကြီးတွေလည်း အဲ့ဒီလမ်းကိုအားမကျဖို့ အားလုံးကတားဆီးကြရလိမ့်မယ်။
ဒါပေမယ့် (၁၉၄၃) ခုနှစ်လောက်က စတင်ပေါ်ထွန်းလာတဲ့ အေဗရာဟမ်မက်စ်လို့စ် (Abraham Maslow) ရဲ့ လူသားတွေ ရဲ့ လိုအပ်ချက်နဲ့လှုံ့ဆော်နိုင်မှု တွန်းအားအဆင့်ဆင့်အခြေပြဇယား(Maslow’s hierarchy of needs)နဲ့ အထက်ကဖော်ပြ ခဲ့တဲ့ အာရှသားအာဏာရှင်တွေက သူတို့ရဲ့ပြည်သူကိုခွင့်ပြုဖြည့်ဆီးပေးထားတဲ့လိုအပ်ချက်တွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် နောက်ဆုံးလိုအပ်ချက်နှစ်ခု ချိနဲ့နေတာအထင်အရှားတွေ့ရပါတယ်။အဲ့ဒါတွေကတော့လူ့သိက္ခာနဲ့လူ့တန်ဖိုးလေးစားမှု မိမိကိုယ်ကိုယ်ယုံကြည်မှု (Self-Esteem, confidence, achievement, respect of others, respect by others) နဲ့ လွတ်လပ်စွာဖန်တီး ခွင့်၊ ဘက်မလိုက်မှု၊ မျှတမှု၊ ကိုယ်ကျင့်သီလ (Seff-actualization- morality, creativity, lack of prejudice & acceptance of facts) စတာတွေဖြစ်တယ်။

အဲ့ဒီအမြင့်ဆုံးလိုအပ်ချက်(၂)ခုဟာ အာဏာရှင်တွေရဲ့ရာဇပလ္လင်ကိုဆွဲလှုပ်ခါရမ်းပစ်မယ့် လိုအပ်ချက်တွေဖြစ်ကြတယ်။
အချုပ်အနေနဲ့ပြောရရင် ဒို့တိုင်းပြည်မှာကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ ဗိုလ်ကျအနိုင်ကျင့်မူတွေ အောက်ခြေကစလို့ နိုင်ငံ တော်အဆင့်ထိရှိနေတာကို အားလုံးကအမြစ်လှန်ပစ်ဖို့လိုတယ်။ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာ ဗိုလ်ကျမှုတွေကြုံလာရရင် ဥပမာ-လက်မှတ်တန်းစီနေတာကို ကြားဖြတ်တိုးဝင်ဗိုလ်ကျရင် အားလုံးကခေါင်းငုံမခံပဲ ၀ိုင်းဝန်းဆန့်ကျင်ရမယ်။ မသိတဲ့သူ တွေကို သိတဲ့သူတွေက အနိုင်ကျင့်မှုမှန်ရင်မြင်တတ်လာအောင်၊ သိလာရင်လည်း ဆန့်ကျင်ရဲတဲ့သတ္တိတွေရှိလာအောင် ပ ညပေးလှုံ့ဆော်မှုတွေကိုလုပ်ကြရမယ်။
ဒို့တိုင်းပြည်မှာလူတိုင်းသိတဲ့ နိုင်ငံတော်အဆင့်ဗိုလ်ကျမှုကတော့(၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်။ နာဂစ် ကြောင့် တနိုင်ငံလုံးအသုဘရှုနေရတဲ့အချိန်မှာ၊ အောက်လမ်းနည်းသုံးပြီး မသာအိမ်ဖဲလိမ်ရိုက် ဆေးလိပ်ခဲရင်းဇွတ်အတည် ပြုထားတဲ့ အခြေခံဥပဒေဖြစ်တယ်။ လက်နက်အားကိုး၊ အာဏာအားကိုးနဲ့ဗိုလ်ကျအနိုင်ကျင့်မှုပြယုဂ်တစ်ခုဖြစ်လို့ နိုင်ငံ သားတိုင်းက ဆန့်ကျင်ရမှာဖြစ်သလို ဒီမိုကရေစိကိုအာမခံမယ့် အခြေခံဥပဒေဖြစ်အောင်ပြင်ဆင်ကြရမှာ ဒို့အားလုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်ဆိုတာအသိပေးလိုက်ပါတယ်။

လေးစားစွာဖြင့်- မင်းကောင်းချစ်(မန္တလေး)

ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ ပြောကြားချက် ကာကွယ်ရေးဦးစီးချုပ် သဘောထားများကိုပင် အကုန်မထောက်ခံသည့် ပုံစံဖြစ်နေဟု သုံးသပ်

 
ရန်ကုန်၊ နိုဝင်ဘာ ၂၀
မြန်မာတိုင်းမ်ဂျာနယ်၊ အတွဲ(၃၃)၊ အမှတ် (၆၄၆)တွင် ဖော်ပြခဲ့သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် သီးသန့် တွေ့ဆုံမးမြန်း ခန်းတွင် ဖော်ပြ ထားသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၏ ပြောကြားချက် သဘောထားများ သည် ကာကွယ်ရေး ဦးစီးချုပ်၏ မကြာသေးမီက ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့သော သဘောထား များကိုပင် အလုံးစုံ ထောက်ခံမှုမရှိသည့် သဘော သက်ရောက်နေ၍ တပ်မတော်တွင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြစ်စေချင်ကြောင်း ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က သုံးသပ် ပြောကြား လိုက်သည်။
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် မြန်မာတိုင်းမ်ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် တပ်မတော်၏ အခန်းကဏ္ဍ အပစ်အခတ် ရပ်စဲရေးအပေါ် တပ်မတော်၏ ဆောင်ရွက်ချက်၊ မြစ်ကြီးနား ဆွေးနွေးပွဲတွင် တိုင်းရင်းသားများနှင့် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုများအပေါ် သဘောထား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် သဘောထားတို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပေါ် တပ်မတော်၏ သဘောထား ရပ်တည်မှုများ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လျှော့ချသွားရန် အနေအထား ကိစ္စရပ်များ၊ လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ပြည်သူလူထု ရွေးချယ်သည့် ကိုယ်စားလှယ်များဖြင့် အစားထိုးရန် ရှိ/မရှိ ကိစ္စရပ်များအပေါ် ဖွင့်ဟ ပြောကြားခဲ့ခြင်း ဖြစ်သည်။ …

ငြိမ်းချမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲမှုများ ပြုလုပ်ထားသော်လည်း တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းအပေါ် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ““အခုပြောနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရင်တော့ ဒီပြဿနာတွေက ဖြစ်နေမှာပဲ။ အဲဒီအပိုင်းမှာ တပ်မတော်ကပဲ ကတိဖောက်ဖျက်လို့ တိုက်ပွဲတွေ ဖြစ်တာလို့ စွပ်စွဲတာရှိပါတယ်။ တကယ်လို့ စစ်မြေပြင်အထိ သွားပြီး လေ့လာမယ် ဆိုရင်တော့ အသိဆုံး ဖြစ်မှာပေါ့။ ဒီငြိမ်းချမ်းရေး မဆွေးနွေးခင် ကတည်းက ဒီတပ်တွေ ရောက်နေတယ်ဆိုတာ သူတို့ လည်းသိတယ်။ ကိုယ်တို့လည်း သိတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ထုတ်ပြန်ခဲ့တဲ့ အချက်ခုနစ်ချက်မှာ တစ်ချက်က ကျန်ရှိတဲ့ လမ်းတွေကို အကုန်ဖွင့်မယ် ဆိုတာ နှစ်ဖက်က သဘောတူတယ်။ ကိုယ်တို့က လမ်းကြောင်းတွေ ဖွင့်မယ်။ ဖွင့်ရင်းနဲ့ လမ်းကြောင်းရှင်းနဲ့ သစ်မှောင်ခိုတွေ၊ နွားမှောင်ခိုတွေ တွေ့တယ်။ တွေ့ရင်းနဲ့ ဆက်ရှင်းတဲ့အခါမှာ ထိတွေ့တယ်။ အခုထွက်နေတာက တပ်ကပဲ လုပ်နေသယောင်ယောင်  ပြောနေတာတွေ ရှိတာပေါ့။ ဒီပေါ်မှာ ဖြစ်တာက တပ်မတော်က ရှင်းတာဟာ တပ်မတော်ဘက်က လွန်တယ်လို့ ပြောလို့ရသလား”” ဟုပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍လည်း ““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ အခုချက်ချင်း ကောက်ပြီး ရေးဆွဲထားတာ မဟုတ်ပါဘူး။ ပြည်သူလူထုက ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံဟာ လူတစ်စုလောက်က ဟိုပြောဒီပြောတာနဲ့ ဒီဖွဲ့စည်းပုံကို ပြည်သူလူထုက မကြိုက်ပါဘူးလို့ သတ်မှတ်လို့ရလား။ နောက်တစ်ခုက အခုလို ပြောတယ်ဆိုတာ ဘယ်သူတွေက ပြောတာတုန်း။ နောက်တစ်ခုက သမ္မတရဲ့အထက်မှာ ကာချုပ်ရှိတယ်လို့ ပြောနေတယ်။ ဒီကနေ့ နိုင်ငံတော်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်က အဓိကပဲ။ ဒီအာဏာသုံးရပ် အပေါ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘာတွေများ ၀င်ရောက် စွက်ဖက်တာ ရှိလို့လဲ။ လွှတ်တော်မှာ တပ်မတော် ကတော့ ၂၅ ရာခိုင်နှုန်း ထားတယ်။ ဒီကနေ့ နှစ်နှစ်ခွဲ ကျော်လာပြီ။ တပ်မတော်က ၂၅ ရာခိုင်နှုန်းကြောင့် ဘာတွေ အခက်အခဲရှိလဲ။ ဘာတွေ ၀င်ရောက် စွက်ဖက်ခဲ့လဲ။ အဆိုတင်သွင်းတဲ့ အပေါ်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဘာတွေများ ထိပ်တိုက် တွေ့ရတာရှိလဲ။ ဒါကိုကြည့်ရင် ရှင်းရှင်းလေးပဲ။ ဒီကနေ့ တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ အဓိက တာဝန်ရှိတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်”” ဟု ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် တပ်မတော် အကြီးအကဲ တစ်ဦးအနေဖြင့် ၎င်း၏ ပြောကြားချက် သဘောထားများသည် မြန်မာ့နိုင်ငံရေး၌ တပ်မတော်၏ သဘောထား ရပ်တည်ချက်များအဖြစ် ကိုယ်စားပြု နေသည်သာဖြစ်၍ ၎င်း၏ ပြောကြားချက်များအပေါ် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ သုံးသပ်၍ မြန်မာ့နိုင်ငံရေးဖြစ်စဉ် ကို ခန့်မှန်း ဝေဖန်လျက် ရှိကြသည်။

၎င်း၏ ပြောကြားမှုများအပေါ် မြန်မာ့နိုင်ငံရေးတွင် လူအများစု လေးစား ကြည်ညိုခြင်း ခံရသလို မီဒီယာ အသိုင်းအ၀ိုင်းအတွင်း ၀ါရင့် သတင်းစာဆရာကြီး တစ်ဦးအဖြစ် အတိုင်ပင်ခံ ကြည်ညို လေးစားခြင်း ခံရသူ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က အောက်ပါအတိုင်း အနှစ်ချုပ် သုံးသပ် ပြောကြားခဲ့သည်။

““သူဟာ ကာကွယ်ရေး ဦးစီးချုပ်ရုံး ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်တော့ သူ့လိုပုဂ္ဂိုလ်မျိုးရဲ့ အယူအဆဟာ တပ်မတော်ရဲ့ ပေါ်လစီ၊ တပ်မတော်ရဲ့ သဘောထားတွေ အပေါ်မှာ ဘာပဲပြောပြော သြဇာသက်ရောက် မှုတော့ ရှိမှာပဲလို့ ကျွန်တော် ယူဆရတယ်။ သူ့ရဲ့ အခုပြောတဲ့ အယူအဆတွေဟာ ပြင်းထန်တယ်၊ နည်းနည်းလေး မာကျောတယ်ပေါ့ဗျာ။ ဒါဆိုရင်တော့ သိပ်ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဘာပဲပြောပြော အခုအချိန်မှာ တပ်မတော်ဟာ ဒီမိုကရေစီ ကျင့်သုံးနိုင်သလောက်၊ ကျင့်သုံး သင့်သလောက် ကျင့်သုံးရမယ်။ သူတို့လည်း အများရဲ့ အယူအဆကို ငဲ့ကွက်ရမယ့် အနေအထားမျိုးတော့ ရောက်လာပြီလို့ ကျွန်တော် ယူဆတယ်။ အဲဒါကြောင့် သူပြောတဲ့ သဘောထားတွေဟာ ဘယ်လောက်ပဲ မာကျောတယ်ပြောပြော တပ်မတော် အတွင်းမှာရှိတဲ့ အခြားအခြားသော ခေါင်းဆောင်များကတော့ စဉ်းစား ချင့်ချိန်လိမ့်မယ်လို့ ယူဆတယ်။ ဥပမာအားဖြင့် တစ်ခုပြောမယ်ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းမှာ ကမ္ဘာ့ ခေါင်းဆောင်တွေ ရှေ့ ပြောတဲ့ စကားရှိဖူးတယ်။ ထိုင်းဝန်ကြီးချုပ်နဲ့ ပြောတဲ့အခါမှာ အချက်သုံးချက်ပါတယ်။ တပ်မတော်ဟာ ဒီနေ့ မြန်မာပြည်မှာ လုပ်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို သဘောတူညီတယ်၊ ကူညီနေတယ်ဆိုတာ ကို တစ်ချက် ပြောတယ်။ နှစ်က မြန်မာပြည်ရဲ့ တပ်မတော်ဟာ နိုင်ငံရေး တည်ငြိမ်မှုကို အာမခံတယ်ဆိုတာ တစ်ချက်ပြောတယ်။ သုံးအချက်က တပ်မတော်ဟာ နောက်ကြောင်းပြန်မယ်ဆိုတဲ့ လုပ်ငန်းတွေ မရှိဘူးဆိုတာ ပြောတယ်။ အဲဒီသုံးချက်ကို သူပြောသေးတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားတွေ အကုန်လုံးဟာ တပ်မတော်အပေါ်မှာ သြဇာ သက်ရောက်မှု ရှိနိုင်တယ်။ အခုဗိုလ်ချုပ်ကြီးမြင့်စိုးရဲ့ ပြောကြားမှုတွေအရ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောထားတောင် သူက အကုန်လုံး ထောက်ခံတာ မဟုတ်ဘူးလို့တောင်မှ ယူဆ လို့ရတယ်။ အဲဒီတော့ ကျွန်တော်ကတော့ ဘာပဲပြောပြော တပ်မတော်အတွင်းမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရှိစေချင်တယ်။ တပ်မတော်ဟာ မြန်မာပြည်ရဲ့ အနာဂတ်ကာလမှာ ဖြစ်ပေါ်နေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးပေါ့ဗျာ။ အဲဒီ ကိစ္စတွေအပေါ် ဆွေးနွေးတဲ့အခါမှာ ဘာပဲပြောပြော သူတို့ဟာ ညီညီညွတ်ညွတ်နဲ့၊ စည်းစည်းလုံးလုံးနဲ့ပဲ အရှည်ကို မျှော်တွေးပြီးတော့ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယူဆတယ်။ အခုသူတို့ စကားပြောတဲ့ အထဲမှာတော့ ကွဲလွဲချက်တွေကတော့ ရှိသင့် သလောက်တော့ ရှိနေတယ်။ အဲဒီ ကွဲလွဲချက်တွေဟာလည်း ညှိလို့ရတဲ့ ကွဲလွဲချက်တွေ ဖြစ်စေချင်တယ်။ ကျွန်တော် ပြောချင်တာကတော့ ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ စကားအဆင့်လောက် အထိတော့ ကျွန်တော်က သဘောတူတယ်””ဟု ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်၏ သဘောထား ပြောကြားချက်များကို အခြားနိုင်ငံရေး အသိုင်းအ၀ိုင်းမှ သူများနှင့် လေ့လာစောင့်ကြည့် သူများက နှစ်ခြိုက်မှုရှိသော်လည်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ ငြိမ်းချမ်းရေးကိစ္စရပ် ပြောကြားချက် အချို့နှင့်  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် သက်ဆိုင်သည့် ပြောကြားချက်များ၊ တပ်မတော်၏ မြန်မာ့နိုင်ငံရေး ပါဝင်ပတ်သက်မှု သဘောထား ပြောကြားချက်များကို နိုင်ငံရေး အသိုင်း အ၀ိုင်းနှင့် လေ့လာစောင့်ကြည့်သူများက လက်ခံနိုင်ခြင်း မရှိကြောင်းလည်း ဝေဖန် သုံးသပ်လျက် ရှိသည်။
လင်းယုန်
မြန်မာသံတော်ဆင့်

စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ကို ပယ်ဖျက် ပေးဖို့ လွှတ်တော်မှာ ကြိုးစားနေတဲ့ အချိန်မှာ ဘဲ ဒီ ပုဒ်မတွေနဲ့ တရားစွဲ ထားတဲ့ ၂၀ဝ၇ ဗကသ ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ဒီငြိမ်းလင်း အပါအဝင် ၆ဦး ကို ဒီပုဒ်မနဲ့ ဘဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁လ ချမှတ်လိုက်ပါတယ်။

မနှစ်က လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကို ရန်ကုန်မြို့မှာ ကန့်ကွက် ဆန္ဒပြ ခဲ့ရာမှာ ခွင့်ပြုချက် မယူဘူး ဆိုပြီး ကြည့်မြင့်တိုင် မြို့နယ် တရားရုံးက အခွင့် မရှိဘဲ စီတန်း လှည့်လည်တဲ့ ပုဒ်မ၁၈အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အပြစ်ပေး လိုက်တာပါ။

ဒီငြိမ်းလင်း နဲ့အတူ မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ကိုမိုဃ်းသွေး၊ ၈၈မျိုးဆက်တယောက်ဖြစ်တဲ့ မသန္တာ၊ ကိုစိုးမိုးထွန်း ၊ ကိုအောင်မြင့်ဦးနဲ့ ကိုမြင့်ကျော်ဦးတို့ လည်း ထောင်ဒဏ်တွေ အသီးသီးချမှတ် ခံခဲ့ရ ပါတယ်။

သူတို့ကို တနှစ်နီးပါး ရုံးချိန်းအကြိမ်ကြိမ် စစ်ဆေးပြီး ခုမှ စီရင်ချက်ချလိုက်တာဖြစ်ပါတယ်။

အခု ချမှတ်လိုက်တဲ့ ပုဒ်မ ၁၈ မှာ ငွေဒဏ် အပြစ် ပေးလို့ ရလျက်နဲ့ ထောင်ဒဏ်ချမှတ် လိုက်တာဟာ တရားမျှတမှုမရှိဘူးလို့ ကိုဒီငြိမ်းလင်းရဲ့ဖခင် ၈၈မျိုးဆက် ကိုဇော်ဇော်မင်းက ဆိုပါတယ်။

ကိုဒီငြိမ်းလင်းတို့ကို ကြည့်မြင့်တိုင်မြို့နယ်က အမိန့်ချတာအပြင် စမ်းချောင်းနဲ့ အလုံမြို့နယ်က တရားရုံးတွေကနေ ပုဒ်မ ၁၈နဲ. ဆွဲထားတဲ့ အမှုတွေကို မကြာခင်မှာ အမိန့်ထပ်ချဖို့ ရှိနေပါသေးတယ်။

အခုချမှတ်တဲ့ပြစ်ဒဏ်တွေအတွက် ရှေ့နေနဲ့တိုင်ပင်ပြီး အယူခံဝင်သင့်ရင် ဝင်မယ်လို့ ကိုဇော်ဇော်မင်းက ပြောပါတယ်။

ကိုဒီငြိမ်းလင်းတို့ကို ၂၀၁၂ ဇန်နဝါရီလတုန်းက လွှတ်ပေးတုန်းက ပုဒ်မ ၄၀၁ နဲ့လွှတ်ပေးလိုက်တာမို့ အဲဒီပုဒ်မအရ ကျန်ရှိတဲ့ အပြစ်ဒဏ်တွေ ပေါင်းပြီးခံရမယ်မခံရဘူးဆိုတာကတော့ ကာယကံရှင်တွေကိုတိုင် ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ဆိုပါတယ်။

ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်အပြစ်ပေးခံရသူ တွေကို နိုင်ငံရေး အကျဉ်းသားတွေ အဖြစ် စာရင်းသွင်းထားပြီး နောက်လာမယ့် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်တဲ့ အစည်းဝေး တွေမှာ တင်ပြသွားမယ်လို့ နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ဘီဘီစီကို ပြောပါတယ်။

အခု ထောင်ထဲမှာ ကို ဒီငြိမ်းလင်းတို့ ၆ ဦးနဲ့ဆိုရင် နိုင်ငံရေး အကျဉ်းသား ၇၃ ဦး စာရင်း လက်ကျန် ရှိနေသေးတယ် လို့ လည်း ဦးရဲအောင်က ပြောပါတယ်။

အခုဆက်ပြီးတော့လည်း ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတဲ့ အမှုတွေက အများအပြားကျန်နေသေးတာမို့ ဒီဥပဒေနဲ့ဆက်စွဲရင် နိုင်ငံရေးအကျဉ်းသားဆိုတာ ကုန်နိုင်မှာမဟုတ်လို့ ဒီပုဒ်မကိုပယ်ဖျက်ဖို့လိုတဲ့အကြောင်း ကော်မတီအနေနဲ့ တင်ပြထားတယ်လို့လည်း သူကဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ကလည်း ကုန်ဈေးနုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော်နဲ့ ဦးဇော်ဝင်းတို့ကို ပန်းပဲတန်းတရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်တွေ အပြစ်ပေးခဲ့ပါသေးတယ်။

BBC Burmese

ရေးသားသူ- အေးသူစံ

ခန်းမကြီးအပြည့် အစီအရီထိုင်နေသော လူထုပရိသတ်အလယ်တွင် မီးခိုးရင့်ရောင်ဝတ်စုံဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၁၂ ပေခန့်အကွာတွင် တစ်ဦးတည်း မတ်တတ်ရပ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို မျည်ခြည်မပြတ်အကဲခတ်နေသည်။ လက်မောင်းတစ်ဖက်စီတွင် မြန်မာနိုင်ငံအလံနှင့် အထူးတပ်ဖွဲ့၏အတိုကောက် (STF)တံဆိပ်တို့ တပ်ဆင်ထားပြီး ၄င်းကိုစေ့စေ့စပ်စပ်လေ့လာကြည့်လျှင် ခါးနောက်ဘက်တွင်ထိုးထားသည့် ပစ္စတိုတစ်လက်ကို တွေ့နိုင်သည်။ ထိုမြင်ကွင်းမှာ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝန်ကြီးအချို့ တက်ရောက်နေသော နိုင်ငံတကာဆွေးနွေးပွဲတစ်ခုတွင်ဖြစ်သည်။

ထိုအမျိုးသမီးကို အနီးကပ်လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် နိုင်ငံတော်သမ္မတအနီး လက်နက်ကိုင်ဆောင်ထားသည့် အထူးတပ်ဖွဲ့ဝင်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်နေခြင်းပင်။

နိုင်ငံတကာတွင် အမျိုးသမီးကိုယ်ရံတော်ထားရှိခြင်းမှာ မဆန်းသော်လည်း မြန်မာအစိုးရခေါင်းဆောင်များအစဉ်အဆက် အမျိုးသမီးများကို အနီးကပ်လုံခြုံရေးအဖြစ် ထားခြင်းမှာ ရှားပါးလွန်းပါသည်။

ထို့ကြောင့် အရပ်သားအစိုးရ သမ္မတဦးသိန်းစိန်အနီး အမျိုးသမီးလုံခြုံရေးအရာရှိများကို မြင်တွေ့ရခြင်းကပင် အသစ်အဆန်းဖြစ်နေသည်။

အထူးတပ်ဖွဲ့ဝင် ၂၀၀ ထဲက ဆန်ခါတင်ရွေးချယ်ထားသည့် သမ္မတလုံခြုံရေးအရာရှိများအနက် အမျိုးသမီးလေးဦးထဲတွင် တစ်ဦးဖြစ်သည့် ဒုရဲအုပ်ဒေါ်ဇာဇာအောင်မှာ သမ္မတဦးသိန်းစိန်၏ လုံခြုံရေးအရာရှိအဖြစ် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။

သမ္မတ၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တိုင်း ထိုအမျိုးသမီးလေးဦး အလှည့်ကျလိုက်ပါရလေ့ရှိပြီး အထက်မြက်ဆုံးနှင့် အထူးတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ချီးကျူးရသည့် အရည်အချင်းများကြောင့် ဦးသိန်းစိန်၏ခရီးစဉ်တိုင်းလိုလို ဒေါ်ဇာဇာအောင် လိုက်ပါရလေ့ရှိသည်။

ပိန်ပိန်သွယ်သွယ်၊ အသားခပ်လတ်လတ်နှင့် ဒေါ်ဇာဇာအောင်သည် နိုင်ငံခြားဇာတ်ကားများထဲမှ ကိုယ်ရံတော်များလို ကိုယ်လုံးကိုယ်ထည် ခပ်တောင့်တောင့်မဟုတ်သဖြင့် ရုတ်တရက်ဆိုလျှင် သာမန်အရပ်သူတစ်ဦးအဖြစ်သာ ထင်မြင်မိမည်ဖြစ်သည်။ သို့သော် ယောက်ျားကြီးလေးငါးယောက်လောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်လှဲသတ်နိုင်ပြီး အထိုးအနှက်၊ အသတ်အပုတ်ကျွမ်းကျင်ကာ မီတာ ၃၀ အတွင်းက ပစ်မှတ်ကို သေနတ်ဖြင့် နောက်ပြန်ထိမှန်အောင်ပစ်နိုင်သည့် ဒေါ်ဇာဇာအောင်၏အရည်အချင်းကို အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင် အချင်းချင်းကပင် လေးစားသမှုရှိကြသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှ ဆိုင်ကယ်ဖြင့် နာရီဝက်ခန့် ထပ်မံသွားရောက်ရသည့် အိမ်ခြေနည်းပါးလွန်းလှသော နားပတ်ကြီးကျေးရွာသူတစ်ဦးဖြစ်သည့် ဒေါ်ဇာဇာအောင်မှာ တောင်သူလုပ်ငန်းလုပ်ကိုင်နေသော မိဘများက ဆင်းသက်လာသော်လည်း ငယ်စဉ်ကတည်းက နုနုရွရွနှင့် မိန်းမဆန်သည့်အလုပ်ကို စိတ်မ၀င်စား။ စွန့်စွန့်စားစားနှင့် ရဲအလုပ်ကိုမှ ၀ါသနာပါသည်။ မိဘများက မပြည့်စုံသော်လည်း သူတို့မောင်နှမခုနစ်ယောက်လုံးကို ပညာကြိုးစားသင်ယူစေသည်။ ၂၀၀၃ ခုနှစ်တွင် မုံရွာတက္ကသိုလ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရချိန် နှစ်အတန်ကြာရပ်နားထားခဲ့သည့် အမျိုးသမီးရဲတပ်သားများ ပြန်လည်ခေါ်ယူသည့်အခါ ၀င်လျှောက်ဖြစ်သည်။

ဝါသနာနှင့်အလုပ် တစ်ထပ်တည်းကျသည့်အတွက် သင်တန်းတိုင်းတွင် ထူးချွန်စွာအောင်မြင်သည်။ တပ်ဖွဲ့ဝင်တိုင်းရဖို့ခက်သည့် အကောင်းဆုံးသင်တန်းသားနှင့် အကောင်းဆုံးသေနတ်ပစ်ဆုနှစ်ခုလုံးကို ၄င်းတစ်ဦးတည်းကရရှိခဲ့ပြီး အကောင်းဆုံးသေနတ်သမားဆုတို့ကို ရရှိသည်။ မီတာသုံးရာ (ပေတစ်ထောင်ပတ်လည်အတွင်း)ရွေ့လျားနေသောပစ်မှတ်ကိုပင် ထိမှန်အောင်ပစ်ချနိုင်ပြီး ပေနှစ်ဆယ်၊ အစိတ်အတွင်း ပစ်မှတ်ကတော့ လုံးဝပြေးမလွတ်ဟု ဒေါ်ဇာဇာအောင်တို့၏ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီးအောင်ထွန်းလွင်က ချီးမွမ်းပြောဆိုသည်။

ရဲတပ်သားမှ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်ဖြစ်လာချိန် ၂၀၀၉ ခုနှစ်တွင် ၄င်းအပါအ၀င် တပ်ကြပ်အမျိုးသမီး ၁၈ ဦးကို အရာရှိကြီးအချို့က လူတွေ့မေးမြန်းမှုပြုလုပ်သည်။ အသက်ပေး၍ တာဝန်ထမ်းဆောင်နိုင်ပါသလားဟု မေးလာချိန်တွင် လက်တွေ့ကျပြီး ရိုးရှင်းလွန်းသော ၎င်း၏စကားတစ်ခွန်းကြောင့် သမ္မတ၏လုံခြုံရေးအရာရှိ ဖြစ်လာစေခဲ့သည်ဟု ၄င်းကယုံကြည်သည်။

“မသေသင့်တဲ့နေရာတော့ ဘယ်သူကမှ သေချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ တာဝန်ပေးလာရင်တော့ သေဖို့အဆင်သင့်ပဲ”ဟု ဒေါ်ဇာဇာအောင်ကပြောခဲ့သည်။

နေပြည်တော်တွင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများအပြီး ၂၀၁၀ ဧပြီတွင် သမ္မတအိမ်တော်တွင် စတင်တာဝန်ထမ်းဆောင်ရန်အမိန့်ကို မျှော်လင့်မထားဘဲ လက်ခံရရှိခဲ့သည်။ ဒုရဲအုပ်အဆင့်ဖြင့် အိမ်တော်သို့ စတင်ရောက်ရှိချိန်က စိုးရိမ်စိတ်များရှိခဲ့ကြောင်း ဒေါ်ဇာဇာအောင်က၀န်ခံသည်။

“နည်းနည်းတော့ စိုးရိမ်စိတ်ဖြစ်မိတယ်။ အတွေ့အကြုံကလည်းမရှိတော့ စိတ်လှုပ်ရှားတယ်။ ကိုယ်ကာကွယ်ရမယ့်လူက မြန်မာနိုင်ငံမှာ အကြီးဆုံးဆိုတော့လေ”

ရဲတပ်သားဘ၀က လူဆိုးဖမ်းသည့်အတွေ့အကြုံများကလည်း ဒေါ်ဇာဇာအောင်အတွက် လုံခြုံရေးအရာရှိဖြစ်လာစေသည့် အထောက်အပံ့ကောင်းများ ဖြစ်လာခဲ့သည်။

“သာကေတက ဘောလုံးပွဲဒိုင်ကြီးကို ပထမဆုံးစဖမ်းတာ။ ၀င်းထဲမှာ ယောက်ျားတွေချည်းပဲ ၁၀၀ ကျော်လောက်ရှိတယ်။ အဲဒီအချိန် ဒိုင်ကမီးဖြတ်လိုက်ရော။ ဘယ်သူမှမမြင်ရဘူး။ မည်းမည်းမြင်ရာ အသားကုန်ချပဲ။ ကျွန်မက လည်ပင်းတက်နင်းပြီး ဖမ်းထားတာ။ မီးပြန်လာလို့ ကိုယ့်ကိုမိန်းကလေးမှန်းလည်းသိရော ဟာမိန်းမတွေဆို ပြန်လုပ်တာပေါ့တဲ့၊ ပြောကုန်ရော။ ကိုယ်ကပြန်ပြောရမလားဆိုပြီး နားပန်တွေကျင်းပစ်လိုက်တာ”ဟု ပြောသည်။

အိမ်တော်သို့ရောက်ပြီးနောက် ပထမဆုံးကိုယ်ရံတော်အတွေ့အကြုံအဖြစ် သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် အသက်အန္တရာယ်ထိခိုက်လောက်သော ဖြစ်ရပ်မဟုတ်သော်လည်း လုံခြုံရေးစည်းအတွင်း ၀င်ရောက်လာသော သတင်းထောက်တစ်ဦးအကြောင်းနှင့် အဖြစ်အပျက်ကို မှတ်မှတ်ရရဖြစ်နေကြောင်း ၎င်းကပြောသည်။

“ဘကြီးက ကားပေါ်အတက် ကျွန်မက ကားနားမှာ အသင့်နေရာယူထားတုန်း မိုက်ကိုင်ထားတဲ့ သတင်းထောက်တစ်ယောက်က အတင်းပြေးဝင်လာပြီး ဘကြီးကိုမေးတော့တာ။ တော်တော်လေး ရုန်းရင်းဆန်ခတ်ဖြစ်သွားပြီး သတင်းထောက်ကို တွန်းထုတ်ရတာတွေ၊ ဘာတွေလုပ်ခဲ့ဖူးတယ်။ ကျန်တာကြီးကြီးမားမား အသက်အန္တရာယ်ဘေး နီးကပ်တာမျိုးမရှိခဲ့ဖူးဘူး”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏အနေအထားအရ သမ္မတဖြစ်သူသည် အနီးကပ်အန္တရာယ်ပြုမည့်သူများ ပေါ်ပေါက်နိုင်ခြေနည်းသော်လည်း မိမိအပေါ် ယုံကြည်ခန့်အပ်ခြင်းခံထားရ၍ စက္ကန့်မလပ် သတိထားပြီး ၎င်းကမပေါ့ဆရဲပေ။

“မသင်္ကာစရာဆိုလည်း ကိုယ်က ချက်ချင်းသိနေသလိုပဲ။ လုံခြုံရေးလိုက်တာနဲ့ တောင်ကြည့်မြောက်ကြည့် တစ်ချိန်လုံးကြည့်နေတာ။ ကိုယ်တိုင်ကြုံမှပဲသိမှာ။ ခုချိန်မှာပြောရင် အပြောပဲဖြစ်မှာ။ ဖြစ်လာတာနဲ့ ကိုယ်ဘယ်လိုတုံ့ ပြန်မလဲ၊ အဆင်သင့်ပြင်ထားပြီးသားပဲ”ဟု ၎င်းက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

ယခင်အစိုးရလက်ထက်တွင် အကြီးအကဲများအိမ်တွင် တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များမှာ အလုပ်နှင့်မဆိုင်သည့် ကိုယ်ရေးကိုယ်တာအလုပ်များကို သိမ်းကျုံးလုပ်ကိုင်ပေးရလေ့ရှိသော်လည်း သမ္မတဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့သည် တာဝန်မှလွဲ၍ ကိုယ်ရေးကိုယ်တာကိစ္စများ လုံးဝခိုင်းစေခြင်းမရှိပေ။ အိမ်တော်ဝန်ထမ်းများကို မိဘနှင့် သားသမီးသဖွယ် နွေးထွေးစွာ ဆက်ဆံခံရခြင်းကြောင့် မည်မျှအလုပ်လုပ်ရသည်ဖြစ်စေ ပင်ပန်းသည်ဟု မခံစားရဟု ဒေါ်ဇာဇာအောင်ကပြောသည်။

လုံခြုံရေးအရ ဘယ်တော့မှ ကြိုတင်သိရလေ့မရှိသည့် သမ္မတလမ်းကြောင်းများအတွက် ခေါ်သည့်အချိန် ချက်ချင်းထလိုက်သွားရန် အမြဲပြင်ဆင်ထားလေ့ရှိပြီး မိခင်တပ်ဖွဲ့တွင်လည်း နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်နေခြင်းကြောင့် ကိုယ်ပိုင်အားလပ်ချိန် ရှားပါးလွန်းပါးသည်။ သို့သော် မိသားစုအတွက် တစ်ဖက်တစ်လမ်းက ပြန်လည်ထောက်ပံ့နိုင်သည့် ၎င်း၏တစ်လစာ တစ်သိန်းတစ်သောင်းရှစ်ထောင်ကျပ်အတွက် အလွန်ကျေနပ်နေဟန်ရှိနေပါသည်။

“သမ္မတကြီးက ကျွန်မတို့ကို မုန့်ဖိုးအဖြစ် သုံးသောင်းပေးတယ်။ အဲဒါကိုသုံးပြီး လစာကို အိမ်ကိုအမြဲလွှဲပေးတယ်။ မောင်လေးတွေ ကျောင်းစရိတ်ရှိတယ်လေ။ ကျွန်မက သိပ်မသုံးတော့မကုန်ဘူး။ ဘယ်မှလည်းမသွားရတော့ အ၀တ်အစားလည်းမ၀ယ်ဖြစ်ဘူး”ဟု နားရွက်အောက်နားအတိညှပ်ထားသော ဆံပင်ကိုသပ်တင်ရင်း ရယ်ရယ်မောမောဖြင့် ပြောသည်။

လုပ်ငန်းသဘောအရ ဒေါင်းတင်မောင်းတင်နေထိုင်ရသော်လည်း အရွယ်ရောက်သူတစ်ဦးပီပီ ခံစားတတ်တဲ့နှလုံးသား ၎င်းတွင်ရှိပါသည်။ အချစ်ရေးအကြောင်းစကားစသည့်အခါ စကားဝိုင်းတစ်လျှောက်လုံး တက်ကြွရဲရင့်နေသည့် မျက်နှာထားက မဆိုသလောက် ပျော့ပျောင်းသွားပါသည်။ စကားသံခေတ္တတိတ်သွားပြီးနောက် အသေးစိတ်ဖြေကြားရန်ငြင်းဆိုခဲ့ပြီး “ကံပါသလောက်ပေါ့။ ကြိုတော့မတွေးထားပါဘူး”ဟု ဆိုလေသည်။

လုံခြုံရေးအရာရှိအပြင် နေ့စဉ် မနက် ၅ နာရီမှ ည ၈ နာရီခွဲအထိ ပြင်းထန်သောလေ့ကျင့်ခန်းများဖြင့် သင်ကြားလေ့ကျင့်ပေးရသူ အကြမ်းဖက်နှိမ်နင်းရေးသင်တန်းနည်းပြအဖြစ် ရပ်တည်နေပြီး ၀န်ထမ်းဖြစ်သည့်အတွက် ပျော်ရာမှာမနေရ တော်ရာမှာနေရမည်ဆိုသည့်မူကိုလည်း ၎င်းကလက်ကိုင်ထားသည်။

အမျိုးသားနှင့်အမျိုးသမီး တန်းတူအခွင့်အရေးရမှု မညီမမျှဖြစ်နေဆဲ မြန်မာနိုင်ငံတွင် ၎င်းသင်ကြားလေ့ကျင့်ပေးလိုက်သည့် အမျိုးသားတပ်ဖွဲ့ဝင်အချို့သည်ပင် ယခုအခါ ၄င်းထက် ရာထူးအဆင့်မြင့်မားသွားပြီဖြစ်သည်။ သို့သော် ဒေါ်ဇာဇာအောင်ကိုမူ လေးစားမှုဖြင့် နေရာပေးဆက်ဆံမြဲဖြစ်သည်။ သို့သော် ရာထူးဌာနန္တရများကို ၎င်းမမက်မောပါ။ ၎င်းရှေ့က စီနီယာရဲဘော်အစ်မများမှာလည်း ဒေသအသီးသီးတွင် တာဝန်ကိုယ်စီဖြင့် ထမ်းဆောင်နေကြပြီး ၎င်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ်ကိုသာ ကျေနပ်နှစ်သက်ပါသည်။

သမ္မတ၏လုံခြုံရေးအရာရှိအဖြစ် မည်သည့်အချိန်ထိ ဆက်လက်လုပ်ကိုင်သွားမည်ကိုမူ ၎င်းက ရိုးရိုးသားသားပင် ဖြေကြားပါသည်။

“သမ္မတကြီးခန့်သလောက်ပေါ့။ အနာဂတ်မှာ ကိုယ်ကတော့ ဘာမဆိုတာဝန်ကျေအောင်လုပ်သွားမယ်”

ဓာတ်ပုံ- အေးသူစံ
7Day News Journal




ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ရွှေပေါက်ကံမြို့သစ်ကို ၁၉၉၀ ခုနှစ်မှစတင်၍ စစ်မှုထမ်းဟောင်းများကို ပြန်လည်နေရာချထားရေးအတွက် စတင်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါသိမ်းဆည်းခဲ့သော လယ်ယာမြေများကို ပြန်လည်ရရှိရေးအတွက် လယ်ယာမြေနှင့် အခြားမြေများစုံစမ်းရေးကော်မတီသို့ မြေယာပြန်လည်ရရှိရေးအတွက် တင်ပြနေကြသည်။ လယ်ယာမြေများကို စီမံကိန်းဆိုပြီး သိမ်းယူခဲ့သော်လည်း ကုမ္ပဏီတစ်ခုမှ အကွက်များဖော်၍ ပြန်လည်ရောင်းချနေကြောင်း သိရသည်။ ယင်းသို့လယ်ယာမြေသိမ်းဆည်းခံထားရသော မူလလယ်ပိုင်ရှင်များ၏ ရင်တွင်းဖြစ်စကားများကို စုစည်းဖော်ပြ လိုက်ပါသည်။

ဦးဝင်းဌေး
ကျွန်တော်လယ်တွေကို  ၁၉၉၁ ခုနှစ်တုန်းက အသိမ်းခံရတာဖြစ်တယ်။   အသိမ်းခံရတဲ့ထဲမှာ ၁၅ ဧကပါသွား တယ်။ အသိမ်းခံရတဲ့အချိန်မှာ တာဝန် ရှိသူတွေကိုသွားပြောတဲ့အခါကြတော့ လည်း ဒါတွေဟာ ဘိုးဘွားပိုင်မြေတွေ မဟုတ်ဘူး။ နိုင်ငံပိုင်မြေတွေဖြစ်တယ်။ နိုင်ငံတော်ကသိမ်းရင် ပြန်ပေးရမှာပဲလို့ ပြောခဲ့တယ်။ သိမ်းတဲ့လယ်မြေတွေမှာ မြို့ရွာစီမံကိန်းတွေဆောက်မယ်လို့ပြော ပါတယ်။ ကျွန်တော်တို့ကို (၄၀x၆၀) မြေ နေရာတော့ ပြန်ပေးခဲ့ပါတယ်။ တကယ် တမ်းကြရင် တစ်ဧကကို ၁၆ ကွက်ဖော် လို့ရတယ်။ ဒါကြောင့် အသိမ်းခံရတဲ့ အချိန်ကစပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မတက်ခင်ထိ ပြန်လည်တင် ပြခွင့်မရခဲ့ဘူး။ သမ်္မတကြီးက ၆ နှစ်တာ စီမံကိန်းမပေါ်တဲ့မြေယာတွေကို မူလ လယ်သမားတွေကို ပြန်ပေးမယ်လို့ ကြား ရတဲ့အခါမှာ အခုလိုတင်ပြရခြင်းဖြစ် တယ်။ ကျွန်တော်တို့ဆီက သိမ်းသွားတဲ့ လယ်ယာမြေတွေအပေါ်မှာ ဒုညွှန်ကြား ရေးမှူးအထက်ပေးတယ်။ တကယ်လည်း အိုးမရှိ၊ အိမ်မရှိလို့လာနေတဲ့သူတွေ လည်းမဟုတ်ပါဘူး။ သူတို့ရတာတွေကို အိုးအိမ်မဆောက်တော့ မြေကြီးကွက် လပ်ကြီးတွေဖြစ်နေတယ်။ အိုးအိမ်မှာ တော့ အိမ်အကွက်တွေတော့ရှိတယ်။ လယ်သိမ်းခံရတဲ့ ကျွန်တော်တို့ကတော့ ဆုံးရှုံးသွားပြီးတော့ ဒီမြေကို ပိုင်ဆိုင်သွား တဲ့လူတွေက အဆင်ပြေနေကြတယ်။ ကျွန်တော်တို့က အလုပ်လက်မဲ့တွေဖြစ် သွားရပါတယ်။

ဦးစံဝင်းမြင့် (လယ်သမားခေါင်းဆောင်)
ကျွန်တော်တို့ရဲ့ လယ်မြေတွေကို ၁၉၉၇ မှာ ဇေကမ္ဘာကုမ္ပဏီက သိမ်းယူ သွားခဲ့တယ်။ ဒီလိုသိမ်းသွားတဲ့လယ်တွေ ပြန်ရဖို့အတွက် ၂၀၁၂ ကစပြီး ကြိုးပမ်း နေတာပါ။ ကျွန်တော်တို့လယ်မြေတွေကို သိမ်းတဲ့အခါမှာ ဗိုလ်ချုပ်ခင်ညွန့်အပါ အ၀င်တာဝန်ရှိသူတွေနဲ့ ဦးခင်ရွှေရုံးမှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ သိမ်းခံရတဲ့ လယ်တွေက ဧက ၃၀၀၀ ကျော်ရှိပါ တယ်။ ယနေ့အချိန်ထိ မြေတစ်ကွက်မှ မရခဲ့ပါဘူး။ စပြောတုန်းကတော့ ပေ (၄၀x၆၀) ပေးမယ်လို့ပြောခဲ့တယ်။ သိမ်း ယူတဲ့အခါတုန်းက အိုးအိမ်အမိန့်ဆိုပြီး သိမ်းယူခဲ့တာပါ။ တာဝန်ရှိသူတွေက လယ်ယာမြေတွေမှာ ကြက်ဆူပင်စိုက်ပျိုး ဖို့ ပြန်ချပေးခဲ့တယ်။ ဒီမြေတွေကိုလည်း ပြန်သိမ်းယူခဲ့တယ်။ ကျွန်တော်တို့ကို လည်း ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲထား တယ်။ ဦးခင်ရွှေရောင်းစားပြီးတော့ကျန် တဲ့မြေဧက ၁၀၀၀ ကျော်ကျန်နေပါသေး တယ်။ သူ့ဆီက၀ယ်ထားတဲ့ သူဋ္ဌေးတွေ က လန/၃၉ ကျထားပေမဲ့ ကျွန်တော်တို့ ကို ခေါ်ပြီးညှိနှိုင်းခဲ့တယ်။ ဒီလိုညှိနှိုင်းတာ ကို ငွေတွေကောက်ခံပါတယ်လို့ပြော တယ်။ ဒီလိုပြောနေတာလည်း မဖြစ်သင့် ပါဘူး။ လယ်သမားတွေကိုPesi  ဦးသိန်း ထွန်းဆိုရင် သူဝယ်ထားတဲ့ ၁၆ ဧက အတွက် သိန်း ၁၇၀၀ ကျော်ပေးတယ်။ ဦးသိန်း ထွန်းပေးတဲ့ပိုက်ဆံနဲ့ လှည်းကူးမှာ မြေ ၀ယ်ပြီးတော့ အသိမ်းခံထားရတဲ့ လယ် သမားတွေကို ပေ (၂၅x၅၀) ပေးခဲ့တယ်။ ဒီလိုဆောင်ရွက်တာကို သူ့ဆီက၀ယ်ထား တဲ့သူတွေဆီကနေ ပိုက်ဆံတောင်းပါ တယ်ဆိုပြီး လွှတ်တော်ထဲမှာစာတွေဖြန့် တယ်လို့ သိရပါတယ်။ ဒီလိုလုပ်တာ တော့မကောင်းဘူးလို့ထင်ပါတယ်။

ဦးဝင်းထိန်
ကျွန်တော်တို့သားအဖ ၂ ယောက် ဆီက ဧက ၁၀၀ ကျော်အသိမ်းခံရတာ ဖြစ်ပါတယ်။ ဦးခင်ရွှေဆီမှာက ဧက ၃၀ ကျော်၊ သင်္ချိုင်းမြေ ၄ ခုမှာ ဧက ၇၀ ကျော်ပါသွားပါတယ်။ အစိုးရက ရေ၊ လေ၊ မြေကို ပိုင်တယ်ဆိုပြီး သိမ်းတော့ ဘာမှမပြောရဲခဲ့ပါဘူး။ အခုဂေါက်ကွင်း ဘေးနားမှာ ကျွန်တော်လယ်မြေတွေ ဒီ အတိုင်းကွက်လပ်ရှိပါသေးတယ်။ ဒီလို သိမ်းတဲ့အတွက် (၂၀x၆၀) ပြန်ပေးခဲ့ တယ်။ သူကတော့အကွက်ရိုက်ပြီး ပြန် ရောင်းတာဖြစ်တယ်။ ဦးခင်ရွှေက အစ တုန်းက သမိုင်းလမ်းဆုံမှာ ကုန်စုံဆိုင်ဖွင့် ပြီး အသက်မွေးဝမ်းကျောင်းလုပ်ခဲ့ရတဲ့ သူက အခုတော့ ကမ်္ဘာသိသူဋ္ဌေးကြီးနေ တာ။ ဒါတွေက လယ်သမားမြေတွေ ကြောင့် ဖြစ်လာတာ။ ဟိုတုန်းက အဖမ်း ခံရမှာဆိုးလို့ မပြောတာ။ အခုဒီမိုကရေ စီဖြစ်လာလို့ ပြောရတာဖြစ်တယ်။ နိုင်ငံ တော်ကလည်း ပြန်ပေးမယ်လို့ပြောနေ တယ်။ သူ့ကလည်း ကြီးပွားချမ်းသာနေ တယ်။ ဒီလိုတင်ပြနေရတာလည်း ပြန်ရ ရင် ကျွန်တော်မိသားစုအတွက် မဟုတ် ဘူး။ ဘာသာရေးနဲ့ ဆင်းရဲနွမ်းပါးတဲ့ လူတွေနဲ့ အထောက်အကူအဖွဲ့တွေကို လှူဒါန်းသွားမှာဖြစ်တယ်။ အခုလည်း ကျွန်တော်လှူဒါန်းမှုတွေ လုပ်နေတယ်။ ဆက်လက်ပြီးတော့လည်း လှူဒါန်းချင်ပါ တယ်။

ဦးသောင်းလွင်
ကျွန်တော် လယ် ၄၆ ဧကကျော် အသိမ်းခံခဲ့ရတယ်။ လယ်သိမ်းခံ လယ် သမားတွေကို အိုးအိမ်က တစ်ကွက်နှုန်း ပဲ ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ဗိုလ် ချုပ်ကြီး ဦးသန်းရွှေက ၅ ဧက တစ်ကွက် နှုန်းပေးဖို့ ညွှန်ကြားခဲ့တယ်။ ဒီလိုပေး ခိုင်းတာကို အိုးအိမ်က အမည်ပေါက် တစ်ဦးကို ၁ ကွက်နှုန်းပဲပေးခဲ့တာဖြစ် တယ်။ ၉၄ ခုနှစ်မှာ ဦးခင်ညွန့်က မင်္ဂလာ ဒုံဥယျာဉ်မြို့တော် ဖော်ဆောင်မယ်ဆိုပြီး လယ်သမားတွေကိုခွေးမောင်း၊၀က်မောင်း သလို မောင်းထုတ်ခံခဲ့ရသေးတယ်။ အခု နိုင်ငံတော်သမ္မတကြီးတက်လာတဲ့အချိန် မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ အတွက် ကျွန်တော်တို့နစ်နာကြေးတွေ ရရှိဖို့အတွက် တင်ပြနေရတာဖြစ်တယ်။ ရွှေပေါက်ကံမြို့သစ်မှာကျန်နေတဲ့မြေကျန် တွေအများကြီးရှိနေပါသေးတယ်။ ဦးခင် ရွှေက လယ်သမားတွေကို တစ်ဧက ၁၀၀၀ ပေးခဲ့တယ်။ ဒီလိုဖြေရှင်းဖို့တာဝန် ကျတဲ့သူတွေက ဖြတ်စားလက်စားလုပ် တာခံခဲ့ရတယ်။ တာဝန်ရှိသူတွေက ဖြေ ရှင်းပေးခဲ့ပေမဲ့ အောက်ခြေဖြေရှင်းပေး တဲ့သူတွေက မှန်ကန်စွာ မဖြေရှင်းပေး သေးဘူး။ ယနေ့အထိ ဒီစနစ်ကြီးက မပြောင်းလဲသေးဘူး။

အသိမ်းခံလယ်သမားတစ်ဦး
သိမ်းတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဘူး။ ကျွန်တော်တို့က စပါးရိတ် နေတယ်။ ကျွန်တော်တို့လယ်တွေကို ဘူဒိုဇာနဲ့ထိုးပြီး သိမ်းသွားခဲ့တယ်။ အခု ထိ အကွက်တွေရှိနေပေမဲ့ လယ်တွေ လည်း မလုပ်ရဘူးဖြစ်နေတယ်။ အရင် တုန်းက စီမံကိန်းဆိုပြီး သိမ်းခဲ့တယ်လို့ ပဲသိတာ။ အခု လယ်ကိစ္စတွေကို လိုက် တဲ့အချိန်ကြတော့မှ ဦးခင်ရွှေသိမ်းတယ် လို့သိရတယ်။ လန/၃၉ မကျသေးဘူး။ နိုင်ငံတော်ကနေ ပြန်ပေးမယ်ဆိုတာကို အစိုးရလူကြီးမင်းတွေပြောနေတာကို ကြားသိရတဲ့အတွက် ရသင့်ရထိုက်တာ တွေကို ပြန်လိုချင်ပါတယ်။ အခုစီမံကိန်း က အနှစ် ၂၀ ရှိခဲ့ပေမဲ့ အဆောက်အအုံ နည်းနည်းလေးပဲ  ရှိနေသေးတယ်။ ကျွန်တော်တို့ လယ်တွေကို သိမ်းလိုက် တဲ့အချိန်မှာ ရပ်ကွက်တစ်ခုမှာဖြစ်သလို နေခဲ့ရတယ်။ ဒီရွှေပေါက်ကံမှာ စက်ဘီး ကယ်ရီနင်းပြီး သားသမီးတွေကို ကျောင်း ထားခဲ့ရတယ်။ စားဝတ်နေရေးကိုလည်း ကြိုးစားရုန်းကန်ခဲ့ရတယ်။ ကျွန်တော်တို့ လယ်တွေကို လက်လွှတ်ဆုံးရှုံးခဲ့ပေမဲ့ ဒီ လယ်တွေကို ရရှိတဲ့ ဦးခင်ရွှေကတော့ ပြန်ရောင်းစားပြီး ချမ်းသာနေတယ်။ ဒီလို ချမ်းသာနေတာကိုလည်း အပြစ်မတင်ပါ ဘူး။ ကျွန်တော်တို့ နစ်နာကြေးတောင်း တာကို သူ့ဘက်ကပေးစေချင်တယ်။ ကျွန်တော်တို့ဘက်က ဘာပြဿနာမှ မဖြစ်ချင်ပါဘူး။ မြန်မာနိုင်ငံသားအချင်း ချင်း ရန်လည်းမဖြစ်ချင်ပါဘူး။ ပွင့်ပွင့် လင်းလင်းရိုးရိုးသားသား လုပ်စားချင် တယ်ဆိုတော့ မှန်မှန်ကန်ကန်ဖြစ်စေချင် တယ်။ အခုခြံစည်းရိုးတွေ ခတ်နေတယ်။ ဦးခင်ရွှေရဲ့ လုံခြုံရေးတွေက ကျွန်တော် တို့ကို ရိုက်မယ်၊ နှက်မယ်လုပ်နေတယ်။ ကျွန်တော်တို့ဘက်က ဘာမှမတုန့်ပြန်ဘဲ သက်ဆိုင်ရာကိုပဲ အကြောင်းကြားခဲ့ပါ တယ်။

ဦးမင်းဇော်(မြောက်ဥက္ကလာဖွဲ့ဖြိုးတိုးတက် ရေးအထောက်အကူကော်မတီအဖွဲ့ဝင်)
ကျွန်တော်တို့ရွှေပေါက်ကံမြို့သစ် ကို ၁၉၉၀ ကတည်းကစတင်ဖော်ဆောင် ခဲ့တယ်။ တပ်မတော်အစိုးရအငြိမ်းစား တွေပေးဖို့အတွက် သိမ်းခဲ့တယ်။ သူတို့ ကိုလည်း အစားထိုးမြေနေရာတွေ ပေးခဲ့ တယ်။ နိုင်ငံတော်က သိမ်းတယ်ဆိုတော့ လယ်သမားတွေက ဆုံးရှုံးနစ်နာမှုတွေခံ ခဲ့ရပေမဲ့ အေးအေးချမ်းချမ်းပဲ ပေးခဲ့ တယ်။ အခက်အခဲဖြစ်လာတာကတော့ အလုပ်အကိုင်အခွင့်မရှိဘဲ ပပျောက်သွား တဲ့အခါကြတော့ ပန်းရံ၊ လက်သမား၊ အလုပ်တွေကြုံရာကျဘမ်းလုပ်ပြီးဖြတ်သန်း ခဲ့ကြရတယ်။ နိုင်ငံတော်အစိုးရကလည်း ဖွဲ့စည်းပုံပေါ်ပေါက်လာတဲ့အချိန်မှာ ဖြေ လျှော့ဖို့ ဆောင်ရွက်ပေးနေတယ်။ လယ် သမားတွေရဲ့ နစ်နာမှုတွေကို စုံစမ်းရေး ကော်မတီတင်ခဲ့တယ်။ အဲဒီကတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကို ဆက်လက် တင်ပြသွားမယ်လို့ သိရပါတယ်။ ဆုံးရှုံး သွားတဲ့ လယ်ကျန်၊မြေကျန်တွေကို ပြန် လျှောက်နေတာဖြစ်တယ်။ ရခဲ့ရင်တော့ ကောင်းပါတယ်။ ဒီလယ်တွေကို သိမ်း တုန်းကတော့အိုးအိမ်ကသိမ်းပြီး စီမံကိန်း ကာလမှာ ကုမ်္ပဏီတစ်ခုဝင်လုပ်နေတယ် လို့သိရတယ်။ ကုမ္ပဏီအမည်ကိုတော့ မသိဘူး။ အခုလက်ကျန်မြေတွေမှာ ကျူး ကျော်တဲတွေက အခိုင်မာတည်ဆောက် နေတာတွေ တွေ့ရတယ်။ ကြက်ဆူပင် စိုက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရောင်း စားတဲ့လူတွေ တွေ့နေရတယ်။

http://www.hotnewsweekly.com



ကျ မ တို့ ကို နား မ လည် ပဲ ထောက် ခံ တာ ကို မ လို အပ် ဘူး။
ကျ မ တို့ ကို နား လည် ပြီး ထောက် ခံ ဖို့ လို အပ် တယ်။

ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ပြု ပြင် ရေး ကော် မ တီ ဝင် ၁၀၉ ဦး အ နေဖြင့်
မိ မိ တို့ ပါ တီ မိ မိ တို့ အ ဖွဲ့အ စည်း အ ကျိုး အ တွက် ကြည့် မ နေပဲ
တိုင်း ပြည် အ ကျိုး အ တွက် သာ အလုပ် လုပ် ကြ ဖို့ ပြည် သူ တွေ အ နေ နဲ
တိုက် တွန်း စေ ချင် ပါ တယ်။

ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ပြင် ဆင်ဖို့ မ လို လား သူ တွေ ဟာတပ် မ တော်နဲ့
အ ဖွဲ့ ချုပ် ကြား စိတ် ဝမ်း ကွဲ အောင်လုပ် ဆောင် နေ တာ များ တွေ့ ရ ပါ တယ်။

တ ကယ် ပဲ တိုင်း ပြည် အ ပေါ် စေ တ နာ ထား ပါ သ လား ဆို တာ
ကိုယ့် ဟာကို ပဲ စဉ်း စား ရ မယ်။ဘယ် လောက် ထိ စွန့် လွှတ် မ လဲ ဆိုတာ ပြန် စဉ်း စား ပါ။ဘယ် သူ တွေ က ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ကို
ဘယ် သူ တွေ လုပ် နေ ကြ တယ် ဆို တာ သိ ကြ ပါ လိမ့် မယ်။

အ ခြေ ခံ ဥ ပ ဒေ ကို မ ပြင် ဆင် လို. ပါ လို့ ပြော တဲ့ သူ ကို မ ကြောက် ရဘူး။
သူ့ ကို နား လည် အောင် ရှင်း ပြလို့ ရ တယ်။ပြည် သူ ကို စေ တ နာ
ထား ပါ တယ်။တိုင်း ပြည် ကို ကောင်း စား စေ ချင် ပါတယ် လို့ ပြုံး ပြုံး နဲ့ ပြော ပြီး တ ကယ် တမ်း အ ခြေ ခံ ဥ ပ ဒေ ပြင် ဆင် ရ မယ် ဆို မှ ကိုယ့် ကျိုး စီး ပွါး
ထိ ခိုက် မှာ စိုး လို့ အ ရေး မ ပါ တဲ့ အ ချက်တွေ ကို ပဲ ဟန် ဆောင် ပြင် ပေး မဲ့ သူ ကို ကြောက် ရ မှာ ဖြစ် တယ်။

အ ခြေ ခံ ဥ ပ ဒေ ပြင် ချင် တယ် ဆို တာ က တပ် မ တော် ရဲ့ အ ခွင့် အရေး ကို
လျော့ နည်း ချင် လို့ မ ဟုတ် ဘူး။ ဂုဏ်သိက္ခာ ရှိ သော တပ် မ တော်
ပြည် သူ က လေး စား တဲ့ တပ် မ တော် ဖြစ် စေ ချင် လို့ ပါ။ ပြည် သူ က
အား ပေး ထောက် ခံ မယ် ဆို ရင် တပ် မ တော် ယိမ်း ယိုင် စ ရာ
အ ကြောင်း မ ရှိ ပါ ဘူး။ တိုင်း ပြည် အင် အား ရှိ မှ တော့ တပ် မ တော် လည်း
အင် အား ရှိ လာ မှာ ပေါ့။

ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ဟာ ဝန် ထမ်း တိုင်း ကျောင်း သား တိုင်း နဲ့လည်း
သက် ဆိုင် ပါ ကြောင်း ဒီ လို ပွဲမျိုး တက် ရောက် သည် ဖြစ် စေ
မ တက်ရောက် သည် ဖြစ် စေ မိ မိ တာ ဝန်ကင်း တယ် မ ဆိုင် ဘူး လို့
မ ထင် ပါနဲ့ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ဆိုတာ အား လုံး နဲ့ သက် ဆိုင် ပါ ကြောင်း ပြည် သူ ကို အ မှာ စ ကား ပါး လိုက်ပါ တယ်။

( ဒေါ် အောင် ဆန်း စု ကြည် )
D Wave


မျက်မှောက်နိုင်ငံရေးဇာတ်ခုံထက်မှာ အချိန်မတန်သေးတဲ့ သာမညကိစ္စရပ်တွေကို အဓိကကိစ္စ ရပ်တွေရယ်လို့ လှုံ့ဆော်ပြောဆိုလုပ်ကိုင်နေတဲ့အုပ်စု (၂)စုရှိတယ်။ ဒီလူတွေဟာရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်စေ၊ မသိလိုပဲ ဖြစ်စေ တို့တိုင်းပြည်ဒီမိုကရေစီကို ဇာတ်မျှောကြီးဖြစ်အောင် အချိန်ကြန့်ကြာအောင်လုပ်ဆောင်နေသူတွေဖြစ်တယ်။
ပထမအုပ်စုကတော့ စစ်ကျူငုတ်တွေပဲ။ စစ်ကျူငုတ်တွေဆိုလို့ တပ်မတော်သားအားလုံးကိုသိမ်းကျူံးပြောတာမဟုတ် ဘူး။ ကိုယ်ကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်ကို ဖက်တွယ်ထားလိုတဲ့ မရယူမပိုင်ဆိုင်အပ်တဲ့အာဏာနဲ့ပစ္စည်းဥစ္စာ တွေကို စွန့်လွှတ်ရမှာစိုးရိမ်တဲ့ စစ်အာဏာရှင်အမြစ်ကြွင်းအမြစ်အကျန်တွေဖြစ်တယ်။ သူတို့ကိုဒီမိုကရေစီ ရဲ့ဖျက်မြင်းတွေလို့ခေါ်ရင်လည်းမမှားဘူး။ သူတို့ဟာရည်ရွယ်ချက်ရှိရှိနဲ့ အများပြည်သူတွေလွယ်လွယ်နားယောင်တတ် တဲ့ ကိစ္စတွေကိုခုတုံးလုပ်ပြီး ဒီမိုကရေစီခရီးကိုကမောက်ကမဖြစ်အောင်လုပ်ဆောင်တတ်ကြတယ်။ ဥပမာပြောရရင် ဘာသာရေး၊လူမျိုးရေးကိစ္စတွေကိုအသုံးချပြီး၊ သွေးထိုးလှုံ့ဆော်ပြီး ညီညွှတ်ရေးပျက်ပြားအောင် ဒီမိုကရေစီအင်အားစု တွေကို ပြည်သူကအထင်အမြင်မှားအောင် ခြေထိုးကြလိမ့်မယ်။

သူတို့ဟာ(၂၀၁၅)ခုနှစ်အထွေထွေရွေးကောက်ပွဲကိုရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို ပြည်သူထောက်ခံမှုလျော့ပါးအောင်၊ မဲပြားအောင်၊ အမတ်ဦးရေနည်းနိုင်သမျှနည်းအောင် စနစ်တကျ နဲ့ ငွေကုန်ကြေးကျခံပြီး ကြိုတင်စီမံဆောင်ရွက်နေကြတာဖြစ်တယ်။ တနည်းအားဖြင့်ပြောရရင် ပြည်သူတွေကရွေး ချယ်တင်မြှောက်တဲ့ စစ်မှန်သောပြည်သူ့အစိုးရတရပ် မပေါ်ပေါက်လာအောင် ကြံစည်ဖျက်စီးနေတာပဲ။ သူတို့ဟာ (၂၀၁၅)အလွန်နိုင်ငံရေးအတွက် စီမံကိန်းတွေရေးဆွဲပြီးပြီးလို့ ယူဆရတယ်။
ဒီနေရာမှာဖြတ်ပြောချင်တာက စာရေးသူဟာ(NLD) ပါတီဝင်မဟုတ်သလို တခြားဘယ်အဖွဲ့အစည်းရဲ့ ပါတီဝင်မှမ ဟုတ်ဘူးဆိုတာပါ။ ဒီတော့ဘယ်သူ့အတွက်မှ ဘက်လိုက်ရေးနေတာမဟုတ်ဘူး။ တိုင်းပြည်ကောင်းစေချင်တဲ့ စိတ်နဲ့ ရေးသားနေတာဖြစ်ပါတယ်။

ဒုတိယအုပ်စုကတော့ မျိုးချစ်မျက်ကန်း၊ နိုင်ငံရေးမျက်ကန်းတွေဖြစ်တယ်။ ဒီအုပ်စုကပိုပြီးကျယ်ပြန့်တယ်။ ဒီအုပ်စုကြီး အထဲမှာ အရပ်သားတွေပါတယ်။ တိုင်းရင်းသားတွေပါတယ်။ ဒီမိုကရေစီအင်အားစုတွေပါတယ်။ ပြည်တွင်းပြည်ပနိုင်ငံ ရေးသမားတွေပါတယ်။ အစိုးရအမှုထမ်းတွေနဲ့တပ်မတော်သားတွေပါတယ်။ ဂျာနယ်လစ်နဲ့မီဒီယာသမားတွေလည်းပါ တယ်။
အဲ့ဒီအုပ်စုကြီးအထဲက လူအများစုဟာ နှစ်ပေါင်း(၆၀)ကျော် နိုင်ငံရေးအသိနှိမ့်ကျခဲ့ရတဲ့အကျိုးဆက်ကြောင့် စစ်ကျူ ငုတ်တွေရဲ့ထောင်ချောက်အထဲသက်ဆင်းခဲ့ရတာဖြစ်တယ်။ လူ့သဘာဝအတိုင်း ကိုယ့်အရေးကိုယ်သာ ရှေ့တန်းတင် ချင်တာမို့ ဘာသာရေးလို့ဆိုရင်၊ ကိုယ့်ဘာသာပဲကာကွယ်စောင့်ရှောက်ခြင်တယ်။ လူမျိုးရေးဆိုရင်လည်း ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်အရေးပဲ ဦးစားပေးချင်ကြတယ်။ တကယ်တော့ဒီကိစ္စတွေအားလုံးဟာ စစ်မှန်တဲ့ပြည်သူ့အစိုးရတရပ် ပေါ်လာခဲ့ရင် ဒီမိုကရေစီနည်းကျအားလုံးဆောင်ရွက်လို့ရပါတယ်။ အခုဟာက ဒီမိုကရေစီစနစ်ရဲ့ဆန့်ကျင်ဘက် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေတယ်။ ဒီဥပဒေနဲ့ဆို တရားဥပဒေစိုးမိုးရေး လုပ်လို့မရသလို၊ ငြိမ်းချမ်းရေးလည်းမရ နိုင်ဘူး။ ပြည်သူ့အစိုးရတရပ်လည်း ပေါ်လာမှာမဟုတ်ဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီ စနစ်ကိုအာမခံချက်ပေးနိုင်တဲ့ဥပေဒဖြစ်အောင် ပြင်နိုင်ဖို့ဝိုင်းဝန်းလုပ်ဆောင်ဖို့ဟာ ဒို့နိုင်ငံရဲ့လတ်တလောအရေးတကြီး ကိစ္စရပ်ဖြစ်ပါတယ်။

ညီညီညွှတ်ညွှတ်နဲ့(၂၀၁၅)ရွေးကောက်ပွဲမှာ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်အောင် အခုကတည်း က ဆွေးနွေးတိုင်ပင်ကြရမှာ အရေးအကြီးဆုံးအဓိကတာဝန်ဖြစ်တယ်။
ဆက်ပြီးဒုတိယအုပ်စုအထဲက နိုင်ငံရေးမျက်ကန်းတွေအကြောင်းပြောချင်တယ်။ တစ်ချို့ကရိုးသားတယ်။ သူတို့မြင်တဲ့ အမြင်နဲ့ တိုင်းပြည်ကောင်းစေချင်လို့ ပြောဆိုလုပ်ကိုင်ကြပေမယ့် အဓိကနဲ့သာမညမခွဲတဲ့အခါမှာ မရောင်ရာဆီလူးသ လိုဖြစ်ပြီး အကျိုးမရှိဖြစ်ကြရတယ်။ သူတို့အမြင်မှာ ဒီမိုကရေစီခေတ်ရောက်နေပြီလို့များ ထင်နေကြသလားမသိဘူး။ ဒါ တွေကြောင့်စိတ်ဝမ်းတွေကွဲကြ၊ ညီညွှတ်မှုတွေထိခိုက်ကြရတယ်။

ဒီနေရာမှာဥပမာတစ်ခုပေးချင်တယ်။ လက်လဲကျိုး၊ ခြေထောက်လဲကျိုး၊ မျက်စိလည်းထိခိုက်ထားပြီး၊ ရင်ဝမှာချွန်ထက် တဲ့အရာစူးနစ်နေပြီး သေစေလောက်တဲ့ဒဏ်ရာရနေတဲ့လူနာကို ကုသပေးဖို့မှာ အဓိကအကျဆုံးက ရင်ဝမှာစူးနေတဲ့သံ ချွန်ကိုဆွဲနုတ်ကုသဖို့ပဲ။ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြန်မာနိုင်ငံအတွက်တော့ သေစေလောက်တဲ့ရင်ဝမှာစူးနေ တဲ့သံချွန်ကြီးတစ်ချောင်းပဲ။ ကျန်တဲ့လက်ကျိုး၊ ခြေထောက်ကျိုး၊ မျက်စိထိခိုက်တာတွေ္စကို ပစ်ထားရမယ်။ လစ်လျူရှုထားရမယ်လို့ မဆို လိုဘူး။ ဆောင်ရွက်သင့်တာကို အချိန်အခါ အခြေအနေနဲ့အညီ ဆောင်ရွက်ရင်း ညီညွှတ်ရေးမပျက်ပြားအောင် အဓိက ကိစ္စကြီးတွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်သူ့အစိုးရတရပ်ပေါ်လာရေး ကိစ္စတွေမထိခိုက်မိအောင် သတိပြုကြရ လိမ့်မယ်။ ကိုယ့်ဖြစ်စေချင်တဲ့ကိစ္စတွေ၊ သာမညကိစ္စတွေအလိုမပြည့်တာနဲ့ (NLD)ကို၊ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာ ရင်ဝကသံချွန်ကိုဆွဲနှုတ်ကုသနေသူတွေကို ရန်မူတာပဲ။ ကိုယ့်ကိုယ်ကိုသေကြောင်းကြံတာနဲ့အတူတူပဲ ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ရမယ်။

အခုဆက်ပြီး နိုင်ငံရေးမျက်ကန်းအုပ်စုအထဲက အစွန်းရောက်၊ ပါတီစွဲ ကြီးသူတွေ၊ အယူအဆစွဲ ကြီးသူတွေအကြောင်း ပြောချင်တယ်။ သူတို့တွေဟာယုံကြည့်ချက်နဲ့ အသက်တွေစွန့် ဘ၀တွေစွန့်ပြီးနှစ်ပေါင်းများစွာနိုင်ငံရေးလုပ်ကိုင်လာကြ သူတွေဖြစ်တယ်။ အများကြီးစွန့်လွှတ်အနစ်နာခံခဲ့ကြသူတွေမို့ သူတို့ကိုအလွန်စာနာမိပါတယ်။
ဒါပေမယ့် ကိုယ့်အကျိုးစီးပွားနဲ့ပါတီအကျိုးစီးပွားယှဉ်လာရင် ပါတီအကျိုးစီးပွားကြည့်ရမယ်။ ပါတီအကျိုးစီးပွားနဲ့ တိုင်း ပြည်အကျိုးစီးပွားယှဉ်လာရင် တိုင်းပြည်အကျိုးစီးပွားဦးထိပ်ထားရမယ်ဆိုတာ စာအုပ်အထဲမှာမထားပါနဲ့။ စကားအဖြစ် ပြောယုံတင်မဟုတ်ပဲ လက်တွေ့ကျင့်သုံးရမှာပါ။ မိမိအကျိုးစီးပွား၊ ပါတီအကျိုးစီးပွားတွေကို စစ်မှန်တဲ့ဒီမိုကရေစီအစိုးရ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်လာရင် ဒီမိုကရေစီနည်းကျတည်ဆောက်ရယူလို့ရပါတယ်။
နောက်တချက်က ပြည်သူဆိုတဲ့စကားရပ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုမှုကို ပြန်လည်သုံးသပ်စေချင်ပါတယ်။ စစ်ကြိုခေတ်၊ ဒုတိ ယကမ္ဘာစစ်အတွင်းက ပြည်သူဆိုတာ အဖိနှိပ်ခံပြည်သူ၊ ဆင်းရဲသားပြည်သူကိုပဲ သတ်မှတ်တာဟာ တိုင်းတပါးကလာ ဖိနှိပ်အုပ်ချုပ်တာမို့ သင့်လျှော်ပါလိမ့်မယ်။ (၂၁)ရာစုရဲ့ပြည်သူဆိုတဲ့စကားရပ်ကို အဓိပ္ပါယ်ကိုဖွင့်ဆိုတဲ့အခါ အဖိနှိပ်ခံ ပြည်သူတွေအပြင် တပ်မတော်သားတွေ၊ ခရိုနီတွေ၊ အရင်ဖိနှိပ်သူတဖြစ်လည်း ပြုပြင်ပြောင်းလဲလိုသူတွေကို ချန်ထား ရစ်ဖို့ သင့်တော်လိမ့်မယ်မဟုတ်ပါဘူး။ သူတို့တွေအားလုံးဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေပါပဲ။ ပြုပြင်ပြောင်းလဲမှုကို လုံးဝမလိုလားတဲ့စစ်ကျူငုတ်တွေကတော့ ကုစားလို့မရနိုင်တဲ့ အသားဆွေး၊ အသားခြောက်တွေမို့ အလိုလိုကွာကျလွင့် ပါးသွားမှာမို့ ထည့်မပြောတော့ပါဘူး။

အခုတဆက်တည်း နိုင်ငံရေးမျက်ကန်းအုပ်စုဝင်ဖြစ်တဲ့ စစ်အာဏာရှင်တဖြစ်လည်း ပြုပြင်ပြောင်းလဲရေးသမားအုပ်စုအ ကြောင်း ပြောချင်ပါတယ်။ ဒီမိုကရေစီဆိုတာငါတို့ကပေးတာလို့ ကျေးဇူးအတင်ခံချင်နေသူတွေဖြစ်တယ်။ တပ်မတော် ရဲ့စေတနာနဲ့ တိုင်းပြည်အတွက်ဒီမိုကရေစီကို လမ်းပြမြေပုံအတိုင်း ပေးနေတယ်လို့ မှားယွင်းစွာယုံကြည်နေသူတွေဖြစ် တယ်။ ယာဂုအိုးကွဲသွားတော့မှ ဘုရားကိုလှူပါတယ်လို့ ကမန်းကတန်းလှူတဲ့သူလိုမဖြစ်စေချင်ပါဘူး။
အမှားကိုအမှားအတိုင်းဝန်ခံဖို့လိုသလိုရိုးသားစွာတောင်းပန်ပြောဆိုပြီး ပြည်သူနဲ့လက်တွဲဖို့လိုပါတယ်။ ပြည်တွင်းကရဟန်းရှင်လူတိုင်းရင်းသားပြည်သူအားလုံးရဲ့ပြင်းပြတဲ့ဆန္ဒအား နိုင်ငံတကာရဲ့စာနာဖေးမစောင့်ကြည့်မှုတွေအောက်မှာ တမင်လွှတ်ချလို့ဖြစ်စေ၊ အတော်တဆလွှတ်ကြလို့ဖြစ်စေ ကွဲသွားတဲ့ရာဂုအိုးကြီးအထဲက အကြွင်းအကျန်ဒီမိုကရေစီယာဂုတွေကို ပြည်သူတွေကိုလှူပါတယ်လို့ပြောပြီး အလှူရှင်လုပ်ချင်ရင် အိုးကွဲအလှူရှင်ပဲဖြစ်မှာပါ။ (၂၀၀၈)ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒေဆိုတဲ့ လှူသူရဲ့မသန့်ပြန့်တဲ့စိတ်စေတနာကိုပြင်ဆင်ပြီးထပ်မံချက်ပြုတ်လှူဒါန်းမှမွန်မြတ်တဲ့ဒီမိုကရေစီယာဂုအလှူမြောက်ပါလိမ့်မယ်လို့ သတိပေးရင်ဒီဆောင်းပါးကိုနိဂုံးသပ်ပါတယ်။
မြန်မာပြည်သူ ပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ…..အဓိကနဲ့သာမည ခွဲနိုင်ကြပါစေ….။
လေးစားစွာဖြင့်

မင်းကောင်းချစ်။
(၁၂.အောက်တိုဘာ.၂၀၁၃)

၁၆.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် အမှတ် (၆/၄၄၉)၊ နွယ်နီ (၁၂) လမ်း၊ င - ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေ ကွယ်လွန်သူ ဒေါ်သိန်းစိန် အသက် (၇၇) နှစ်၏ သက်မဲ့ ရုပ်ခန္ဓာအား ရေဝေးသုဿန် အအေးခန်းသို့ မြန်မာ့ဂုဏ်ဆောင် အလှမယ် ခင်ဝင့်ဝါမှ လာရောက်၍ ကူညီ ဖေးမခဲ့သည်။

၁၆.၁၁.၂ဝ၁၃ ရက်နေ့ မွေန်းလွဲ (၁းဝဝ) နာရီအချိန်တွင် အမှတ် ၇၆၊ ချယ်ရီလမ်း၊ ၁၄ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေ ကွယ်လွန်သူ ဦးစိန်လွင် အသက် (၄၇) နှစ်၏ သက်မဲ့ရုပ်ခန္ဓာအား ရေဝေးသုဿန် အအေးခန်းသို့ မြန်မာ့ဂုဏ်ဆောင် အလှမယ် ခင်ဝင့်ဝါမှ ထပ်မံ၍ ကူညီ ဖေးမခဲ့သည်။

နာရေးကူညီမှုအသင်း-ရန်ကုန်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ အကူအ ညီဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်းစိန်မြို့နယ်မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုဇင်မင်းဦးသည် ဂျာမနီနိုင်ငံတွင် လက်အတု သွားရောက် တပ်ဆင်ရာမှ နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက် ရှိပြီဖြစ်ကြောင်း သိရသည်။

ကိုဇင်မင်းဦးသည် လက်တု တပ်ဆင်ရန် အတွက် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်း စုကြည်မှ ဂျာမနီနိုင်ငံသို့ အကူ အညီတောင်း ခံခဲ့ခြင်းဖြစ် ပြီး ဂျာမနီသံရုံး၏ အကူ အညီပေး မှုဖြင့် ဂျာမနီနိုင်ငံမှ ကုန်ကျစရိတ် အလုံး စုံကို တာဝန်ယူ ခဲ့ခြင်းဖြစ်သည်။

"အမေကို (ဒေါ်အောင်ဆန်းစု ကြည်) ကျွန်တော်ပြန်ရောက်ပြီ ဆိုတာ တစ်ဆင့်ခံ အကြောင်းကြား ထားတယ်။ ကျွန်တော့်လို ဟိုးအောက် ခြေက ပါတီဝင် တစ်ယောက်ကို အမေ အနေနဲ့ အခုလို ဂရုစိုက်ပေးမယ် ဆိုတာ မထင်ခဲ့ဘူး။ အမေ (ဒေါ်အောင်ဆန်းစုကြည်)နဲ့ တွေ့ ခွင့်ရပြီ ဆိုတာနဲ့ ကျွန်တော်ရဲ့ပျောက် ဆုံးသွားတဲ့ လူသား တစ်ယောက်ရဲ့ အခွင့်အရေး ပြန်ရပြီး လူကောင်း တစ် ယောက် လို ဖြစ်အောင် ပြန်လုပ်ပေး တဲ့ ခေါင်း ဆောင်ရဲ့ စေတနာ မေတ္တာတွေကို ကျွန်တော်နိုင်ငံရေး ဆက်လုပ်ရင်း တာဝန်ကျေ ရပါစေမယ်လို့ ပြောချင် တယ်"ဟု လက်နှစ်ဖက် အစားထိုး တပ်ဆင်ထားရသူ ကိုဇင်မင်းဦးက ပြောသည်။

လက်တု နှစ်ဖက် ကုန်ကျ စရိတ်နှင့် ပတ်သက်၍ ဂျာမနီနိုင်ငံမှ မည်မျှ ကုန်သည်ကို ပြောကြားခြင်း မရှိသော်လည်း လက်တု ကုမ္ပဏီတွင် အခြားသူ များ၏ ကုန်ကျ စရိတ်ကို ခန့်မှန်းပြီး တွက်ရမည် ဆိုပါက လက်တု တစ်ဖက်၏ ကုန်ကျ စရိတ်မှာ ယူရိုငွေ သုံးသောင်း အထက်တွင် ရှိနိုင်ကြောင်းနှင့် လက်တုတပ်ပေး သည့် ကုမ္ပဏီမှာ OTTOBORK ဖြစ်ကြောင်း ကိုဇင်မင်းဦးနှင့် အတူ ဂျာမနီနိုင်ငံသို့ လိုက်ပါ သွားသူ ကိုဝေဖြိုးဟန် ကပြောသည်။

ယခု တပ်ဆင်ထားသည့် လက် တုမှာ စာရေးနိုင်သည့် အထိရသည့် အမျိုးအစား မျိုးဖြစ်ကြောင်း၊ ယခု အခါ လက်မှတ်ထိုးနိုင် ရန်အတွက် လေ့ကျင့်နေကြောင်း၊ လက်တု ကုမ္ပဏီ၏ အဆိုအရ ကီလို ၁၀ အလေးချိန်ထိ သယ်နိုင်ကြောင်း လည်းသိရသည်။

ကိုဇင်မင်းဦးမှာ အင်းစိန်မြို့ နယ် ကမ်းနား အလယ်ရပ်ကွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ် အမှုဆောင် ဒုဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်း ရပ်ကျေးပါတီ ဆိုင်းဘုတ်တင် အခမ်း အနားတွင် ဆိုင်းဘုတ် တင်နေ စဉ် ဓာတ်ကြိုးနှင့် ထိမိပြီး ဓာတ်လိုက် မှုဖြစ်ပွား ခဲ့သောကြောင့် လက်နှစ် ဖက်၊ ဘယ်ခြေ မှခြေသန်း တစ်ချောင်း တို့ ဖြတ်ပစ် ခဲ့ရခြင်းဖြစ်သည်။ လက် နှစ်ဖက် ဖြတ်ပစ် ခံရပြီးချိန် မှစ၍ အလုပ် မလုပ်နိုင်တော့ သည့်အတွက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်မှ လစဉ်ထောက် ပံ့ကြေးပေး ထားကြောင်းလည်း သိရသည်။

မြန်မာပို့စ်


၂၀၀၁ခုနှစ်၊ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နအဖအတွင်းရေးမှူး (၂)မြန်မာ့တပ်မတော်စစ်ဦးစီးအ ရာရှိချုပ်(ကြည်း)ဗိုလ်ချုပ်ကြီးတင် ဦးနှင့်နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သီဟသူရစစ် မောင်ဦးဆောင်တဲ့ တပ်မတော် အရာရှိကြီးများတစ်စုဟာ ရုရှား လုပ်ြ-၁၇ စစ်ရဟတ်ယာဉ်နဲ့ သံ လွင်မြစ်ပေါ်ကနေ ဘားအံမြို့နား ကို ရောက်ရှိလာတဲ့အချိန် ပေါ့ဗျာ။
ရာသီဥတုကလည်း ဆိုးနေ တယ်လို့ ဆိုတယ်။ အခု ဘားအံ မြို့အတွင်း သံလွင်မြစ်ကူးတံ တားကြီးရဲ့တောင်ဘက်ခပ်လှမ်း လှမ်းက လှမ်းမြင်ရတဲ့သံလွင်မြစ် ပြင်ထဲက ကျွန်းကလေးတစ်ခုမှာ ရဟတ်ယာဉ်ပျက်ကျသွားခဲ့တယ်။ အချိန်ကတော့ နံနက် ၈နာရီအ ချိန်ဖြစ်တယ်။ ရဟတ်ယာဉ်ပေါ် မှာ ရဟတ်ယာဉ်မှူးအပါအ၀င် အားလုံး လူ ၃၀လောက် လိုက် ပါခဲ့ပြီး ၁၄ ဦးကနေ ၁၇ ဦးအထိ သေဆုံးခဲ့ရပြီး ၁၄ဦးခန့် အသက် ရှင်ခဲ့ကြတယ်။ ရဟတ်ယာဉ်ပျက် ကျစဉ် သေဆုံးသူတွေကတော့ အတွင်းရေးမှူး(၂)ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး (ကြည်း) ဥွှ၊ ရ.တ တိုင်းမှူး ဗိုလ်ချုပ်သီဟသူရစစ် မောင်(ကြညှ်းီဗ)၊ ၀န်ကြီးချုပ် ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်နဲ့ စု စုပေါင်းတပ်မတော်ခေါင်း ဆောင် ၁၄ ဦးရှိတယ်လို့ ဆိုတယ်။
ထူးဆန်းတာက ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ရုပ်အလောင်းမှာ ခြေနှစ်ဖက်စလုံး ပေါင်ရင်းကနေ ပြတ်နေတာ တွေ့ရတယ်။ ဗိုလ်ချုပ်သီဟသူရစစ်မောင်ရဲ့ ရုပ် အလောင်းကတော့ သုံးရက် လောက်အကြာမှာသံလွင်မြစ် တစ်နေရာမှာ ရုပ်ပျက်ဆင်းပျက်နဲ့ ရှာတွေ့နိုင်ခဲ့တယ်။ ပျက်ကျမှုမှာ သေဆုံးသွား ရသူတွေကတော့ ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး ၆၇နှစ် ကြည်း /၈၁၈၂(ဥွှ ၂၂)၊ ဗိုလ်ချုပ်သီဟ သူရစစ်မောင် ၅၀နှစ် ကြည်း /၁၁၇၁၆ ၊ှီဗ -၁၂)၊ဗိုလ်ချုပ်လွန်း မောင် ၆၅ နှစ် ကြည်း/၁၀၁၃၃၃ -ဥွှ ၃၀)၊ ဗိုလ် မှူးကြီးဝင်းလှိုင် ၅၈နှစ်၊ ကြည်း/ ၁၁၄၆၇ ဥွှ ၃၈၊ ဒုတိယဗိုလ်မှူး ကြီးလှပိုင် ၄၄ နှစ် ကြည်း ၁၄၇၇၀ှီဗ ၂၀ ၊ ဗိုလ်မှူးအောင်ဖုန်းနိုင် ၄၀နှစ် ကြည်း/၁၈၁၇၁ှီဗ ၂၅ ၊ဗိုလ်ခင်မောင်ကျော် ၂၆ နှစ် ကြည်း /၂၉၄၇၀ှီဗ ၃၉ ၊ ဗိုလ်မှူးကြီးတင်ဝင်း ၅၁ နှစ် လေ/ ၁၆၁၃၃ ဥွှ ၁၄ ၊ဗိုလ်မှူးစိုးနိုင် ၄၁ နှစ် လေ/၁၈၆၂ှီဗ ၂၃၊ ဗိုလ်ကြီးနေမင်းအောင် လေ/ ၁၈၄၀၀ တပ်ကြပ်ကျော်ဆွေ ၃၇ နှစ် လေ/၁၉၇၅၂၊ တပ်ကြပ် ထိန်လင်းအောင် ၂၉နှစ် လေ/၂၂၆၁၄ တို့ သေဆုံးခဲ့ကြ တယ်။ နောက်တစ်နေ့ အစိုးရ သတင်းစာထဲမှာ အတွင်း ရေးမှူး (၁)ဒုတိယဗိုလ်ချုပ်ကြီးခင် ညွှန့်နဲ့ ဇနီးဒေါက်တာခင်ဝင်းရွှေတို့ရဲ့ ၀မ်းနည်းကြေကွဲကြောင်း ကြော် ငြာကို တွေ့ရတယ်။

ရဟတ်ယာဉ်ပျက်ကျမှုမှာ အ သက်ရှင်ကျန်ရစ်ခဲ့တာ ၁၃ဦးရှိ တယ်။ သေရွာပြန်တွေလို့ပြောရမှ ပဲ။ ကံကောင်းကြတာပေါ့ဗျာ။ အသက်ရှင်ခဲ့တဲ့သူတွေကတော့ ဗိုလ်ချုပ်သန်းမောင်၊ဗိုလ်မှူးကြီး လှဌေးဝင်း(ယခု ဗိုလ်ချုပ်ကြီးလှ ဌေးဝင်း မြန်မာ့တပ်မတော် ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး) လက်ရှိမြန်မာတပ်မတော် မှာ နံပတ်(၃)အဆင့်ရှိသူ)၊ ဒုတိယဗိုလ်မှူး ကြီးခင်မောင်မြင့်၊ ဒု-ဗိုလ်မှူးကြီး အုန်းလွင်၊ ဗိုလ်မှူး စိုးအောင်ကျော်၊ ဗိုလ်မှူးနေမျိုးဦး၊ ဗိုလ်ကြီးအောင် ဇော်ထွန်း၊ဗိုလ်ကြီး ရဲမြင့်ထွန်း၊ ဗိုလ် အုန်းမြင့်၊ တပ် ကြပ်ကြီးဝင်းမော်၊ တပ်ကြပ်မြတ် ကျော်၊တပ်ကြပ် မောင်မောင်၊ အရပ်ဘက်က ဦးနေစိုးနိုင်တို့ အသက်ရှင်ခဲ့ကြတယ်။

အစိုးရက ရာသီဥတုဆိုးဝါးမှု ကြောင့် ရဟတ်ယာဉ်ပျက်ကျရ ခြင်းဖြစ်တယ်လို့ ကြေညာခဲ့တယ်။ ရုရှားနိုင်ငံကတော့ ရုရှားလုပ်ြ -၁၇ ရဟတ်ယာဉ်တွေဟာ ရုရှား ရာသီဥတုအလွန်ဆိုးဝါးတဲ့နေရာ တွေမှာ သုံးနိုင်အောင်တည် ဆောက်ထားတာမို့ ရဟတ်ယာဉ်ရဲ့ ချို့ယွင်း မှုကြောင့် မဖြစ်နိုင်ဘူးလို့ ပြန်ကြေညာခဲ့တယ်။ ဒီရဟတ် ယာဉ် မပျက်ကျခင်ကတည်းက ဗိုလ်ချုပ်ကြီးတင်ဦးဟာ နှစ်ကြိမ် တိုင်တိုင် အလုပ်ကြံခံရပြီး အသက် ဘေးမှသီသီ ကလေးလွတ်မြောက် လာခဲ့သူဖြစ်တယ်ဗျ။ သူ့ရဲ့နေအိမ် မှာစာတိုက် ကပို့လိုက်တဲ့လက် ဆောင်ဗုံးကို သူ့ကိုယ်စား သူ့ သမီးက ဖွင့်ကြည့်လိုက်လို့ သမီး သေဆုံးခဲ့ရပြီး သူအသက်ဘေးက လွတ်မြောက်ခဲ့တယ်။ တစ်ခါ ကမ္ဘာအေးလိုဏ်ဂူ တော်ကြီးမှာ ဗိုလ်ချုပ်ကြီးတင်ဦး လာမယ် သိ ထားလို့ထောင်ထားတဲ့ ချိန်ကိုက်ဗုံး က သူမရောက်ခင်ကွဲ သွားလို့ တစ်ခါအသက်ဘေးက လွတ်ခဲ့ပြန် တယ်။ ဒါတွေက အရှေ့မှာ ဖြစ်ခဲ့ တယ်။
ဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ သေဆုံးခဲ့ရတဲ့ဗိုလ်ချုပ်သီဟသူရ စစ်မောင်အကြောင်းကတော့ အ နာဂတ်မြန်မာ့တပ်မတော်ရဲ့ကာ ကွယ်ရေးဦးစီးချုပ်ဆက်ခံနိုင်သူလို့ အသတ်မှတ်ခံထားရသူဖြစ်တယ်။

ဗိုလ်ချုပ်သူရစစ်မောင်ဟာ မြန်မာ့တပ်မတော်မှာ သူရဲကောင်း ဆုတွေ ဖြစ်တဲ့ သီဟသူရတစ်ကြိမ် သူရ တစ်ကြိမ်ရခဲ့ဖူးပြီး ဇွတ်တော့ လုပ်တတ်သူဖြစ်တယ်။ ၁၉၉၆ ဇူလိုင် လ ၂၄ ရက်က ဗိုလ်ချုပ် စစ်မောင်ကိုယ်တိုင် လိုက်ပါလာခဲ့ တဲ့ မြန်မာ့လေကြောင်းဖော်ကာ င်္ -၂၇ လေယာဉ် ဌ့ ဗနွှ ဟာ ခရီးသည် ၄၄ ဦးနဲ့ ထားဝယ်-မြိတ်ခရီးစဉ် ပျံသန်းလာစဉ် မြိတ် လေယာဉ်ကွင်း ဆင်းဖို့ မိုးတအား ရွာနေလို့ လေယာဉ်မှူးက မဆင်း ဘဲ ရန်ကုန်ပြန်လှည့်ဖို့ ဆုံးဖြတ် တယ်။ ဗိုလ်ချုပ်စစ်မောင်က သူ့ အလုပ်ကိစ္စအရေး တကြီးဖြစ်တာ မို့ အမိန့်နဲ့အတင်း ဆင်းခိုင်းတယ်။ ဒါနဲ့ လေယာဉ်လည်း မြိတ်အဆင်း လေယာဉ်ကွင်းမှာ လမ်းချော်သွား ပြီး ပျက်စီးသွားတယ်။ ခရီးသည် ၈ ဦးသေဆုံးခဲ့ရတယ်။ ဗိုလ်ချုပ်စစ် မောင်ကိုယ်တိုင်နဲ့ ခရီးသည် ၁၀ဦး ဒဏ်ရာရခဲ့ကြရဖူးတယ်။

ဗိုလ်မှူးကြီးမောင်အေးနဲ့ ဗိုလ် ချုပ်ကြီးတင်ဦးတို့ကတော့ ဗိုလ် ချုပ်စစ်မောင်ရဲ့သတ္တိကို သဘော ကျတယ်။ လက်ခံတယ်။ ဗိုလ်ချုပ် မှူးကြီးသန်းရွှေကတော့ ဗိုလ်ချုပ် စစ်မောင်ကို သိပ်သဘောမကျဘူး လို့ သိရတယ်။ ဒါနဲ့ ဗိုလ်ချုပ်စစ် မောင် သေဆုံးသွားပြီးနောက် ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး နေရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ဇနီးနဲ့နီးစပ်ဖြစ်သူလို့ ဆိုတဲ့ ဗိုလ်မှူးချုပ်မြင့်ဆွေကို တာဝန်ပေး ခဲ့တယ်။ နောက်တော့ သံလွင်မြစ်ပေါ်က ရဟတ်ယာဉ် ပျက်ကျမှုမှာ အနာဂတ်မြန်မာတပ်မတော် အတွက် အစဉ်အလာရှိတဲ့ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ဗိုလ်ချုပ်သီ ဟသူရ သူရစစ်မောင်တို့ သေဆုံး သွားပြီးတဲ့နောက်ပိုင်း တပ်မတော် ရဲ့ရာထူးအခင်းအကျင်းနှင့် ဗိုလ် ချုပ်မှူးကြီးသန်းရွှေစိတ်ကြိုက် ဗိုလ် ချုပ်ကြီးသူရရွှေမန်း ကြည်း/ ၁၁၅၃၄ှီဗ ၁၁ ကို ၂၀၀၁ နိုဝင် ဘာလ ၁၅ ရက် နေ့မှာ ကြည်း/ ရေ/လေ ညှိနှိုင်း ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး( ညှိကွပ်) နမခတိုင်း မှူးဗိုလ်ချုပ်စိုးဝင်း ကြည်း/ ၁၁၇၁၅ှီဗ -၁၂ကို လေကြောင်း ရန်ကာကွယ်ရေးအ ရာရှိချုပ်၊ တြိဂံစစ်ဒေသတိုင်းမှူး ဗိုလ်ချုပ် သိန်းစိန်(ကြည်း/၁၁၂၅၂)ှီဗ ၉ ကို စစ်ရေးချုပ်၊ရမခတိုင်းမှူး ဗိုလ်ချုပ်သီဟသူရတင်အောင် မြင့်ဦး(ကြည်း -၁၁၇၀၁)ှီဗ ၁၂ ကို စစ်ထောက်ချုပ်၊တပခတိုင်း မှူးဗိုလ်ချုပ်တင်အေး(ကြည်း/၁၁၂၃၆)ှီဗ ၉ကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်(ယခု ရွေးကောက်ပွဲကျင်းပရေးကော်မ ရှင်ဥက္ကဌ)စသည့်တို့ကို တာဝန် တွေ အသီးသီးပေးအပ်ခဲ့ကြတယ် ဗျာ။

နောက်ပိုင်းကျတော့ စစ်ရေး ချုပ်ဗိုလ်ချုပ်သိန်းစိန်က ၀န်ကြီး ချုပ်ဖြစ်လာတယ်။ ၂၀၁၀ကျ တော့ သမ္မတကြီးဦးသိန်းစိန်ဖြစ် လာ တယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းက လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တို့ပြီးရင် တကယ်သြဇာအရှိဆုံး ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့တယ်။ ဗိုလ် ချုပ်ကြီး သီဟသူရတင်အောင်မြင့် ဦးက၂၀၁၀မှာ ဒုတိယသမ္မတဖြစ် လာပြီး ၂၀၁၂ မှာ ကျန်းမာရေး အကြောင်း ပြချက်နဲ့ဒုတိယသမ္မတ အဖြစ်နှုတ်ထွက်သွားတယ်။ စစ် ထောက်ချုပ် ဗိုလ်ချုပ်တင်အေးက တော့ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌဦးတင်အေး ဖြစ်လာတယ်။

သံလွင်မြစ်ထဲ ရဟတ်ယာဉ် ပျက်ကျစဉ်က အသက်မသေဘဲ အသက်ဘေးက လွတ်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးလှဌေးဝင်းကတော့ ဒီ နေ့ မြန်မာတပ်မတော်မှာ တစ်ချိန် က ဗိုလ်မှူးကြီးသူရရွှေမန်း ပထမ ဆုံးရခဲ့ဖူးတဲ့ရာထူး ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးညှိနှိုင်းကွပ်ကဲ ရေးမှူး(ညှိ/ကွပ်)ရာထူးရပြီး တပ် မတော်အဆင့်(၃)တောင်ဖြစ်လာခဲ့ တယ်ဗျာ။
၁၉၈၈ကနေ့ အာဏာသိမ်း ပြီး တစ်စနဲ့တစ်စ အာဏာရှင် ဖြစ်လာခဲ့တဲ့ဗိုလ်ချုပ်မှူးကြီးသန်း ရွှေကတော့ ၂၀၁၀မှာ အငြိမ်းစား ယူပြီး နေပြည်တော်က သူရဲ့ခြံ ကြီးထဲမှာပဲ အေးအေးချမ်းချမ်းနဲ့ စာတွေ ဖတ်နေပါပြီ။ အားလုံးက ပြီးသွားခဲ့ပါပြီ။ ဗိုလ်ချုပ်မှူးကြီး မောင်အေးလည်း ကန့်ဘလူဇာတိ မြို့ကိုပြန်ပြီး ဘုန်းကြီးတောင် ၀တ် လိုက်သေးတယ်။ နောက်တော့ လေဖြတ်သွားတယ်။ စင်ကာပူ သွားကုလိုက်၊ တရုတ်ပြည်သွားကု လိုက်နဲ့ဆေးကုနေရတာနဲ့ပဲ အလုပ်ကို ရှုပ်နေပါပြီ။ ဘာမှကို မလုပ်နိုင်တော့ပါဘူး။ ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွှန့်လည်း တပည့် တပန်းတွေ လာကန်တော့တာ လက်ခံလိုက်၊ ထောင်ထဲကမလွတ် သေးတဲ့သူ့ တပည့်တွေရဲ့မိသားစု တွေ မျက်ရည်လေးတစမ်းစမ်းနဲ့ လာကန်တော့တာကိုခံပြီး စိတ် မကောင်းရုံကလွဲပြီးသူလည်း ဘာမှမတတ်နိုင်တော့ပါဘူး။ ထောင်ထဲမှာရှိနေဆဲသူ့တပည့် စစ်ထောက်လှမ်းရေးတွေ အမြန် ဆုံး လွတ်မြောက်လာဖို့ပဲ ဆု တောင်းနေ ရတဲ့အခြေအနေ ရောက်နေပါပြီ။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့ဇနီးဒေါ်မာလာ မွေးနေ့ပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်းမျိုးညွန့်၊ ဒုတိယဗိုလ်ချုပ် ကြီးဟောင်းဝင်းမြင့်၊ ဒုတိယ ဗိုလ်မှူးကြီးဟောင်းတင်လှိုင် (ပြည် ထဲရေးဝန်ကြီးဟောင်း) ၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းထွန်းကြည်တို့ကို ဆီဒိုးနားဟိုတယ်မှာ တွေ့လိုက် သေးတယ်။ နေကောင်းရဲ့လားမေး တော့ “လူကြီးကောင်း ကောင်း တာပေါ့ဗျာ”တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း မျိုးညွှန့်က ဖြေသွားတယ်။ ““ပီတိကိုစား အားရှိပါ၏””ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုး ညွန့်ခေတ်တစ်ခေတ်ကို သွား သတိရမိသေးတယ်။
အားလုံးကတော့ ပြီးသွားပါ ပြီ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တစ်ယောက်ကိုတော့ ကျုပ်အကြံ ပေးချင်တယ်။ စာလည်းဖတ်၊ တရားလည်းထိုင် အဘက စိုက်ပျိုး ရေးလည်း ၀ါသနာပါတယ်ဆို တော့ အဘရဲ့နေပြည်တော်ခြံထဲ မှာ ကြက်ဆူပင်တွေ စိုက်ပါလား လို့ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဆူ ပင် စီမံကိန်းဆိုတာ အဘ တစ် ချိန်က အကြီးအကျယ်ယုံကြည်ပြီး လုပ်ဆောင်ခဲ့ဖူးတယ်လေ။ အဲဒီ တုန်းက အဘက မအားလပ်တော့ ကောင်းကောင်းအကောင်အထည် ဖော်ခဲ့ရလို့ ကြက်ဆူပင်စိုက်ပျိုး ရေးစီမံကိန်းမအောင်မြင်ခဲ့ရဘူး။ ဒါကြောင့် အခုလို အဘတစ် ယောက် အားလပ်နေပြီဆိုတဲ့အ ချိန်ကြတော့ အဘယုံကြည် သက် ၀င်ခဲ့ဖူးတဲ့ကြက်ဆူပင်စိုက်ပျိုးရေး ကို စိတ်အေးလက်အေးနဲ့ အာ ရုံစိုက်ပြီး စိုက်ပျိုးလို့ရပြီမို့ အဘ စိတ်ဝင်စားခဲ့တဲ့ကြက်ဆူပင်တွေ စိုက်ရင်း စာဖတ်ရင်းနဲ့ခပ်အေး အေးပဲနေလို့ရပါပြီလို့ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်ဗျာ။
“အနောက်ဘက်စစ်မျက်နှာ တွင် အားလုံးငြိမ်သက်လျက်ရှိနေ တော့သည်”ဆိုတဲ့ကမ္ဘာကျော် ပထမ ကမ္ဘာ စစ်နောက်ခံဂန္ထ၀င် စစ်ကားကြီးကိုသာ သွားသတိရမိ ပါတယ်ဗျာ။

စစ်သူရဲဗလမင်းထင်
(သူရိယနေဝန်း)

စစ်တပ်သည် ဒီမိုကရေစီအပေါ် ဘယ်ကွေ့ ၊ ညာကွေ့ ၊ ဂငယ်ကွေ့ ကွေ့လို့ ရသမျှ အကုန် လျှောက်ကွေ့ နေသည် ။ မမှတ်မိလောက်တော့ မပြန်တတ်တော့လို့ ။ "မည်သည့် အတိုင်းအတာ အထိ လိုက်လျော လာနိုင်သနည်း ဆိုသည်ကို မှန်ကန်စွာ မတွက်ချက် တတ်ပါ ....

မိမိတို့ နိုင်ငံသည် ယနေ့ လက်ရှိ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အကျပ်အတည်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ပဋိပက္ခ မြန်မာ့စီးပွားရေး အခြေအနေတို့ ပြည်သူတွေကို နည်းစနစ် မှန်မှန် နဲ့ တရားသဖြင့် မအုပ်ချုပ်တတ်တဲ့ နလပိန်တုန်း အုပ်ချုပ်သူ လူတန်းစား တစ်စုကြောင့် ရည်မှန်းချက် ပျောက်ဆုံးပြီး ဦးတည်ရာ လမ်းချော်နေတာ ရင်ဆိုင် ဖြတ်သန်း နေရသည် .....

တိုင်းပြည်ရဲ့ များမြောင် လှစွာသော ပြသနာတွေကို ဖြေရှင်းမယ်လို့ တွေးထင်မနေနဲ့ ။ နှစ်ကာလတွေထဲမှာ ပျော်ရွှင်မှုကို ရင်ဘတ်အတုနဲ့ ရှာဖွေ ခဲ့ဖူးတယ် ။ နာတာရှည် ဖြစ်နေပြီ ။
အာဏာ ပြန်လည် သိမ်းဖို့ မလိုတော့ပါ ,,,,, ယနေ့ မြန်မာနိုင်ငံ လက်ရှိ အစိုးရလက်ထက်မှာ ပြဌာန်းထား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ နဲ့ သိမ်းထားပြီး သားပါ ...... မိမိရဲ့ လုပ်ပိုင်ခွင့်တွေကို ယူသွားတာပဲ ။
မထူးပါဘူး ..... အတူတူဘဲ မဟုတ် လား?

ကိုယ့် လူမျိုးတယောက် တန်ဖိုး ရှိအောင် ... နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ အရေးကြီးတယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ပါပဲ ။ ယနေ့ ရင်ဆိုင်ဖြတ်သန်း နေရသည့် နိုင်ငံရေး စိန်ခေါ်မှုအပေါ် အခြေအနေ အရပ်ရပ်ကို သိမ်မွေ့စွာ ကိုင်တွယ် သုံးသပ်ကြရပေ လိမ့်မည် ။ နည်းနည်း ပြန်စဉ်းစား သင့်တယ် ထင်တယ် ။

တရားဥပဒေ စိုးမိုးရေးအတွက် သေနတ် ဖြစ်နိုင်သလို
တရားဥပဒေ ချိုးဖေါက်ဖို့ အတွက်လဲ ဖြစ်နိုင်တယ် ..... သတိပြုမိကြမည် ထင်ပါသည် ။ တစ်နည်းအားဖြင့်ဆိုလျှင် လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အကျပ်အတည်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး စိန်ခေါ်မှုများကို ဖြေရှင်းဖို့ဆိုလျှင် စစ်တပ်က အဓိက အခန်းကဏ္ဍမှ မပါမပြီး ဖြစ်လာသည် ။

ပြောင်းလဲနေသော ကာလမှာ ဖြစ်နိုင်ခြေ ရှိသည်တို့ကို အားဖြည့် ရမှာပါ ။မြင်ရတာလည်း အမြင်မတော်ဘူး ။ ကုန်းကောက်စရာမရှိတဲ့ တောသူ တောင်သားတွေရဲ့ ထမင်းလုပ်ကို ပုတ်ချရုံမက ဘ၀တွေကိုပါ စစ်ဖိနပ်နဲ့ နင်းခြေသလို ဖြစ်နေပြီ ။
ကျော်ဖြတ်နိုင်တဲ့ နည်းလမ်းကို ရှာဖွေဖို့
ပိုမို ခိုင်မာသေချာအောင် လုပ်ရမှာပါ ........ အဲဒီ အလုပ်ကို ကူညီတဲ့သူတွေကို ကိုယ့် နိုင်ငံထဲမှာ အားဖြည့် ရမှာပါ ...

ကမ္ဘာ့သမိုင်းတွင်လည်း စစ်တပ်၏ ဦးဆောင်မှုဖြင့် တိုင်း ပြည်ကြီးပွား တိုးတက်သည်ဟူ၍ ဘယ်မှာမှ မရှိ ။ စစ်တပ်က အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး မပေးနိုင်ပါ ။ စစ်တပ်က စီးပွားရေး အောင်မြင်အောင် မလုပ်နိုင်ပါ ။

စစ်တပ်သည် ဗဟုအယူအဆ ဗဟုယဉ်ကျေးမှု နှင့် သဟဇာတ မဖြစ်နိုင်ပါ ။ နောက်ဆုံးတော့လည်း ကမ္ဘာ နှင့် အ၀န်း စစ်အုပ်ချုပ်ရေးများ ကျဆုံးပြီးရင်း ကျဆုံးကာ အရပ်ဘက် အုပ်ချုပ်ရေးများ ထူထောင် လာခဲ့ကြသည် ချည်းသာ ဖြစ်သည် ။

နိုင်ငံ တိုးတက်ဖို့ အရေးကြီးတယ် -- မနက်ဖန်အတွက် .. ဗဟုသုတ - အသိဥာဏ် -- မြင့်မားသူတွေ -- ဖြစ်ကြပါစေ --ပြည်သူချစ်အောင်နေ .. ပြည်သူကလည်း ပြန်ချစ်ဖို့ ၀န်မလေးဘူး ... ပြည်သူ့ဆီက မေတ္တာ လိုချင်ရင် ... ပြည်သူချစ်အောင် နေဗျာ ......

BY - Aung Oo


(ဆောင်းပါးရှင် - တင်နိုင်တိုး)

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ထွန်းဝေသည် တစ်ချိန်က မြန်မာ့ရုပ်ရှင် လောကတွင် လျှမ်းလျှမ်းတောက် ထင်ရှားကျော်ကြားခဲ့သူ ဖြစ်ပါသည်။ ရုပ်ရှင်မင်းသား ထွန်းဝေကား တစ်ချိန်က နယ်ခြားသတင်းထောက် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါသည်။

မျိုးရိုးဇာတိ

ရုပ်ရှင်မင်းသား ထွန်းဝေကို ၂၃ အောက်တိုဘာ ၁၉၂၀ တွင် သာယာဝတီခရိုင်၊ နတ်တလင်းမြို့၌ ကုန်သည် ဦးကျင်စိန်၊ ဒေါ်ရွှေရင်တို့က ဖွားမြင်ခဲ့ပါသည်။ ငယ်စဉ်က နတ်တလင်းမြို့ ဟိုက်စကူးကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ဖခင်မှာ တရုတ်သွေးပါသူ ဖြစ်ပါသည်။

သတင်းစာသင်တန်း

ထွန်းဝေသည် အသက် ၁၄ နှစ်အရွယ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ကာ ချုံကင်းမြို့ရှိ သတင်းစာ သင်တန်းကျောင်းသို့ တက်ရောက်ခဲ့သည်။ ယင်းသတင်းစာ သင်တန်းကျောင်းတွင် သတင်းစာခေါက်ခြင်း၊ သတင်းစာပို့ခြင်း စသည့် အောက်ခြေလုပ်ငန်းများကိုပါ လုပ်ဆောင်ခဲ့ရသည်။ သတင်းစာဆိုင်ရာ ပညာရပ် များကိုလည်း အောက်ခြေမှစ၍ စနစ်တကျ လေ့လာဆည်းပူး ခဲ့ရသည်။

နယ်ခြားသတင်းထောက်

ဦးထွန်းဝေသည် သတင်းစာပညာကို အခြေကျကျ လေ့လာခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့၌ ထုတ်ဝေသော ဂိုက်(ဒ်)ဒေးလီး (Guide Daily) သတင်းစာ၏ တရုတ်မြန်မာ နယ်ခြားသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သတင်းထောက်ချုပ်

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၈-၄၉ ခုနှစ်များတွင် ဦးထွန်းဝေသည် ဘ၀သစ်နေ့စဉ် သတင်းစာ (New Life Daily) ၌ သတင်းထောက်ချုပ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ယင်းသတင်းစာကို ၁၉၄၉ ခုနှစ် ဧပြီလတွင် စတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်ပြီး မူလက မန္တလေးတွင် ထုတ်ဝေနေရာမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူရပါသည်။ သတင်းစာ အယ်ဒီတာမှာ ဦးအောင်ကြမ်း ဖြစ်ပါသည်။

ရုပ်ရှင်လောကသို့

ဦးထွန်းဝေအား ရုပ်ရှင်လောကသို့ တွန်းပို့ပေးခဲ့သူမှာ စာရေးဆရာ သိန်းဖေမြင့် ဖြစ်သည်ဟု အဆိုရှိကြသည်။ ဦးသိန်းဖေမြင့်သည် ဦးထွန်းဝေနှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည့်အလျောက် ဗြိတိသျှဘားမား ရုပ်ရှင်ဒါရိုက်တာ ဦးချန်ထွန်းထံသို့ စာရေးသား ဆက်သွယ်ပေးခဲ့သည်။ ဗြိတိသျှ ဘားမားက ဦးထွန်းဝေအား ဓာတ်ပုံဘက်တွင် စတင်သုံးခဲ့သည်။ ထို့နောက် အရန်သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်စေခဲ့၏။

ရုပ်ရှင်ဓာတ်ပုံဆရာ ၁၉၅၀ ပြည့်နှစ်တွင် ရုပ်ရှင်ဓာတ်ပုံ ဆရာအဖြစ် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သူ ဦးထွန်းဝေသည် မကြာမီ ရုပ်ရှင်ဇာတ်ရံ သရုပ်ဆောင် ဘ၀သို့ ရောက်ရှိခဲ့သည်။ ဦးထွန်းဝေ ပထမဆုံး ဇာတ်ရံအဖြစ် ပါဝင်ရသော ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ ''မာလာရီ'' အမည်ရှိ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။

ထင်ရှားသော ရုပ်ရှင်ဇာတ်ကားအချို့

ဦးထွန်းဝေသည် မာလာရီ ဇာတ်ကားဖြင့် စတင်ထင်ရှား လာခဲ့ပြီးနောက် ဒါရိုက်တာ ဦးသုခ၏ ''သည်ဆောင်းဟေမာန်'' ဇာတ်ကားတွင် မြင့်မြင့်ခင်၏ အစ်ကိုအဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ပြန်ပါသည်။ ထို့နောက် ပွဲခါညောင်ရေ၊ သားဗိုလ်အောင်ဒင်၊ ဒေါက်တာအောင်ကျော်ဦး၊ ဖြေလျော့ခွေ၊ ဖူးစာနှစ်ခိုင်စသည့် ဇာတ်ကားများတွင် ဇာတ်ရံအဖြစ် ဆက်တိုက် ဆိုသကဲ့သို့ ပါဝင်ခဲ့ရသည်။

ပထမဆုံး ဇာတ်ဆောင်မင်းသား

ဦးထွန်းဝေ ပထမဆုံး ဇာတ်ဆောင်မင်းသားအဖြစ် စတင်သရုပ်ဆောင်ခဲ့ရသည့် ဇာတ်ကားမှာ ကန်တော်မိတ် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးသော ဒါရိုက်တာ ဦးနေဒွန်း၏ ''ဘုနှင့်ဘောက်'' ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။ ထို့နောက် ဘီသုံးလုံးရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန် ရိုက်ကူးသော ဗိုလ်မြဒင် တွင်လည်း ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည်။

အကယ်ဒမီ ထူးချွန်ဆု

ဦးထွန်းဝေ၏ ပီပြင်သော သရုပ်ဆောင်မှု များကြောင့်ပင် ဒုတိယမြောက် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့သော ဗိုလ်မြဒင် ဇာတ်ကားဖြင့် ၁၉၅၇ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုကို ဆွတ်ခူးရရှိ ခဲ့ပါသည်။ ထို့နောက် ၁၉၅၉ ခုနှစ်တွင် ''ကကြီး ရေးက'' ဇာတ်ကားဖြင့် အကယ်ဒမီဆု ထပ်မံရရှိ ခဲ့ပြန်ပါသည်။ ဦးထွန်းဝေသည် အမျိုးသားဇာတ်ဆောင် ထူးချွန်ဆုနှစ်ဆု ရရှိခဲ့ပြီးနောက် ၁၉၈၃ ခုနှစ်တွင် ''တတိယအရွယ်၏ ဒုတိယဝေဒနာ'' ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ ထူးချွန်ဆုကို ထပ်မံရရှိခဲ့ ပြန်ပါသည်။

ချစ်ကြည်ရေး ကိုယ်စားလှယ်

ဦးထွန်းဝေသည် မြန်မာတရုတ် ချစ်ကြည်ရေး အသင်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့သည့်နည်းတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့လည်း အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ ၁၉၅၂ ခုနှစ် အောက်တိုဘာလတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်အတူ အာရှပစိဖိတ်ဒေသ ငြိမ်းချမ်းရေး ကွန်ဂရက်သို့ မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၅၆ ခုနှစ်တွင် ချစ်ကြည်ရေး မြန်မာရုပ်ရှင်အဖွဲ့ အတွင်းရေးမှူးအဖြစ် ဆရာကြီး ဦးဥာဏ၊ ရွှေဒုံးဘီအောင် တို့နှင့်အတူ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တရုတ်မြန်မာ နယ်ခြားစာချုပ် အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့စဉ်က အထိမ်းအမှတ် အောင်ပွဲသဘင်သို့လည်း သွားရောက်ခဲ့ရသေး၏။

ထိန်းသိမ်းခံရခြင်း

၁၉၆၇ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းဝေ သရုပ်ဆောင်မြတ်လေးနှင့်အတူ ထိန်းသိမ်းခံခဲ့ရသည်။ တော်လှန်ရေး ကောင်စီလက်ထက် အရေးအခင်း တစ်ခုတွင် ပါဝင်ခဲ့မှုကြောင့် ဖြစ်ပါသည်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက် လာခဲ့ပြီးနောက် ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ အကောင်းဆုံး ဇာတ်ရံဆုမှာ ထိန်းသိမ်းခံရပြီး နောက်ပိုင်းတွင်မှ ရရှိခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင်ကုမ္ပဏီ

ဦးထွန်းဝေသည် ရန်ကင်းရုပ်ရှင် အမည်ရှိ ကိုယ်ပိုင်ရုပ်ရှင် ကုမ္ပဏီကိုလည်း တည်ထောင်ကာ ရုပ်ရှင်ဇာတ်ကား အများအပြား ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်လျက် ''ရွှေပြည်တော်သည်'' ဇာတ်ကား၊ တိုင်းရင်းသား ချစ်ကြည်ရေးအတွက် ရည်ရွယ်လျက် ''တောင်ပေါ်မြေမှ မြေပြန့်ပန်း''၊ ရဲဘော်များ အကြောင်း ဘ၀သရုပ်ဖော်အဖြစ် ''ရဲဘက်ထွန်းလင်း'' စသည့် ဇာတ်ကားများကို ရိုက်ကူးခဲ့သည်။ ထို့ပြင် ဆောင်း၊ မန္တလေးနန်းတွင်း အရေးတော်ပုံနှင့် အရိုင်းစံပယ် ဇာတ်ကားများတွင်လည်း ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။

ဆိုဗီယက် ဆရာဝန်များအရေး

ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းဝေသည် လမ်းစဉ်ပါတီ အစိုးရလက်ထက် တစ်ကြိမ်တွင် တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်းကာ တာဝန်ထမ်းဆောင် ခဲ့ဖူးပါသည်။ ရှမ်းပြည်နယ်ရှိ ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်အား လမ်းစဉ်ပါတီ အစိုးရက ဖမ်းဆီးထိန်းသိမ်းခြင်းအပေါ် မကျေမနပ်ဖြစ်ကာ တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံမှ ဆိုဗီယက် ဆရာဝန်နှစ်ဦးကို ပြန်ပေးဆွဲခဲ့သည့်အရေး ဖြစ်ပါသည်။

တရုတ်ဘာသာ စကားပြော ယင်းအဖွဲ့က သူတို့၏ ခေါင်းဆောင်နှင့် ဆိုဗီယက် ဆရာဝန်များအား အလဲအလှယ် လုပ်စေလိုခဲ့ရာ ယင်းအရေးတွင် ဦးသိန်းဖေမြင့် မှတစ်ဆင့် နိုင်ငံတော်၏ တာဝန်ပေးချက်အရ ဦးထွန်းဝေက တြိဂံဒေသအထိ သက်စွန့်ဆံဖျား သွားရောက်ကာ အောင်မြင်စွာ ညှိနှိုင်းပေးခဲ့ရသည်။

ဒီမိုကရေစီအရေး

ဦးထွန်းဝေသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင်လည်း ပြည်သူလူထုနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့သည်။ ၂၆ သြဂုတ် ၁၉၈၈ နံနက်တွင် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် စင်မြင့်ထက်၌ ဦးထွန်းဝေ ရှိနေခဲ့သည်။ လူချစ်လူခင် များလှသော ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး ဦးထွန်းဝေကို ခင်မင်သူများက လေးလေးဟု ရင်းရင်းနှီးနှီး ခေါ်ဆိုကြသည်။

ဘ၀နိဂုံး

သတင်းစာလောကမှ သတင်းသမား တစ်ဦးအဖြစ် ဘ၀ကို စတင်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဦးထွန်းဝေသည် အသက် ၈၅ နှစ်အရွယ် ၁၃ သြဂုတ် ၂၀၀၅ တွင် ကွယ်လွန်သွားပါသည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ထွေးထွေး၊ သားကိုအောင်သာထွန်း၊ ကိုစံသာထွန်း၊ ကိုကျော်စွာထွန်းနှင့် မြေးလေးဦး ကျန်ရစ်သည်။
Eleven media group