01/02/13

ကတုတ်ကျင်းထဲရောက် သတင်းသမား။
ကတုတ်ကျင်းရှေ့မှ မိသားစုတစ်စု။ကတုတ်ကျင်းရှေ့မှ မိသားစုတစ်စု။
မြောက်ပိုင်း AB အမျိုးသမီးရဲဘော်တစ်ဦးနှင့် အမှတ်တရ။
ပြေးပြေးလွှားလွှားသတင်းသမားများ။
၇၄/၇၅ ကျောင်းသားလှုပ်ရှားမှုမှ စတင်တောခိုခဲ့သူ ဦးဝင်းဆွေ(ပါရမီ)။




KIA ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ဒုက္ခသည်စခန်းသို့ရောက်ရှိခဲ့သည့် သတင်းသမားနှစ်ယောက်။
နားထဲဂွမ်းထည့်ပြီး ဗုံးခိုကျင်းထဲက အပြင်ကိုကြည့်နေတဲ့ သတင်းသမား။
စိတ်လှုပ်ရှားမှုများ၊ အကြောက်တရားများ၊ လေယာဉ်သံ၊ ၁၂၀ မမ ပစ်သံကြား သတင်းလိုက်ခဲ့ရသည့်နေ့။
ဗုံးခိုကျင်းအတွင်းက ပြန်ထွက်လာတဲ့ The Voice သတင်းထောက်
ဗုံးခိုကျင်းအတွင်းက သတင်းသမားနှစ်ဦး။
ရှေ့တန်းတစ်နေရာရောက် စွန့်စွန့်စားစား သတင်းသမားနှစ်ယောက်။
kIA ထိန်းချုပ်ရာ စခန်းအား တပ်မတော်မှ စစ်လေယာဉ်သုံး တိုက်ခိုက်နေသည်ကို မျက်မြင်ကိုယ်တွေ့သတင်းယူနေသည့် သတင်းသမားများ။

မြန်မာပြည်ကိုစွန့်ခွာကြသူများ။တရုတ်နိုင်ငံ ထိန်ချုံးမြို့ရောက် မြန်မာ့ကျွန်းသစ်များ။
လိုင်ဇာကို တရုတ်ဘက်မှပတ်ဝင်ခဲ့သည့် သတင်းသမားနှစ်ယောက်။
ဒီဇင်ဘာ(၂၈) မြစ်ကြီးနားမြို့မှ ဆဒုံး-ကန်ပိုင်တည်-ထိန်ချုံး-ရင်ကျန်း-လိုင်ဇာမြို့များသို့ သွားရောက်ခဲ့ရာတွင် တရုတ်နိုင်ငံဘက်အခြမ်းတွင် စီးနင်းခဲ့ရသည့် ကား။ ကန်ပိုင်တည်မှ လိုင်ဇာအရောက် ကားလေးဆင့်စီးခဲ့ရ။
KIA ဌာနချုပ်ရှိရာ လိုင်ဇာအသွား ထိန်ချုံးနှင့် ရင်ကျန်းကြားတွင် တရုတ်မှောင်ခိုလမ်းကို လမ်းလျှောက်ကျော်ဖြတ်နေရသည့် ရန်ကုန်မြို့မှ သတင်းသမားများ။
ခရိုင်ချင်းဆက်သည့် နယ်စပ်ဂိတ်ကို ဖြတ်ကျော်မရသဖြင့် မြန်မာသတင်းသမားများ မှောင်ခိုလမ်းမှသွားခဲ့ရာတွင် တရုတ်ကျေးရွာတစ်ရွာအဖြတ် လျှပ်စစ်မီတာပုံးကို အမှတ်တရဓါတ်ပုံရိုက်ခဲ့စဉ်။
ကိုသက်(ခ)ဦးဝင်းဆွေ(ပါရမီ)နှင့်အမှတ်တရ

Photo..Wunna Nna




















ကမ္ဘာ တကယ်မပျက်ခဲ့တဲ့ နှစ်

ကျွန်တော်တို့ ဂျာနယ်ထွက်မယ့်နေ့က ၂၀၁၃ ခု နှစ်သစ်ရဲ့ အစနေ့ ဖြစ်တာမို့ ပြည်သူ့ခေတ် ဂျာနယ်ကို အပတ်စဉ်မပြတ် စောင့်မျှော်အားပေး ဖတ်ရှုနေကြတဲ့ ကျွန်တော်တို့ရဲ့ ချစ်စွာသော စာဖတ်ပရိသတ်ကြီးသာမက ကမ္ဘာသူ ကမ္ဘာသား အားလုံးပါ အတိုင်းမသိ ၀မ်းမြောက် ပျော်ရွှင်ချမ်းမြေ့ ဖြစ်ကြရမယ့်အကြောင်း တစ်ခု ရှိတယ်ဗျ။

အဲဒါကတော့ အကြားအမြင် ဗဟုသုတကြွယ်ဝပြီး သိမြင်နှံ့စပ်ကြတဲ့ (Well Informed) ပုဂိ္ဂုလ်များ သိရှိထားကြပြီးဖြစ်တဲ့ ကမ္ဘာကြီး နိဂုံးချုပ်မယ့် ဘေးအန္တရာယ်ကနေ လွန်မြောက် နိုင်ခဲ့ပြီဆိုတာကို စိတ်ချလက်ချ ပြောနိုင်ပြီ ဖြစ်လို့ပဲဗျ။ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ ပြက္ခဒိန် အဆုံးသတ်တဲ့ ၂၀၁၂ မှာ ကမ္ဘာကြီးမပျက်ဘဲ နဂိုအတိုင်း ဆက်ရှိနေတာကို တွေ့ကြရမှာဖြစ်တဲ့အတွက် ကမ္ဘာသူ ကမ္ဘာသားတစ်ဦးဖြစ်တဲ့ ကျွန်တော်ကတော့ စိတ်အေး သွားတာ အမှန်ဖြစ်တယ်ဗျာ။ ၂၀၁၂ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးသူတိုင်း ကျွန်တော့်ရဲ့ အဲဒီခံစားချက်ကို စာနာနားလည်ပေးနိုင်ကြမယ် ထင်တယ်ဗျ။

တကယ်လို့သာ က်္ဘာကြီး မပျက်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ စာဖတ်ပရိသတ်တွေ ဖတ်ဖို့ အဲဒီက်္ဘာကြီး ပျက်မယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့တဲ့ ၂၀၁၂ အတွင်း က်္ဘာမှာနဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ဘာထူးခြားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို “ပန်းခင်းကို မြင်းစီး၍ ကြည့်ခြင်း”ဆိုတဲ့ ပုံဏ္ဌာန်မျိုးနဲ့ လေ့လာသုံးသပ်ကြည့် ချင်တဲ့ စိတ်ကူးနဲ့ ဒီဆောင်းပါးကိုရေးတာ ဖြစ်တယ်ဗျ။

အိုစမာဘင်လာဒင် အသေဖမ်းမိ

ကမ္ဘာမှာတော့ ၂၀၁၂ အတွင်း အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်ကို အသေ ဖမ်းဆီးရမိခဲ့တာ တစ်ခုလောက်ပဲ ထူးခြားတဲ့ အဖြစ်အပျက်လို့ ဆိုနိုင်လောက်မယ် ထင်တယ် ဗျ။ ကျန်တာတွေကတော့ အရင့်အရင်နှစ်တွေမှာ ဖြစ်ပျက်ခဲ့တာတွေထက် သိပ်အများကြီး ပိုပြီး ထူးခြားလှတယ်လို့ ကျွန်တော်တော့ မထင်ဘူးဗျာ။ ကမ္ဘာ့ အချမ်းသာဆုံး စစ်အင်အား အကြီးဆုံး နည်းပညာ အမြင့်ဆုံးနိုင်ငံကြီးရဲ့ အမဲလိုက်သလို လိုက်နေခြင်းကနေ ဆယ်စုနှစ် တစ်စုကျော်ကြာအောင် ရှောင်တိမ်းပြေးလွှား ပုန်းအောင်း နေနိုင်ခဲ့သူတစ်ယောက်ကို ဖမ်းဆီး မိခဲ့တဲ့ သတင်းဟာ ကမ္ဘာ့သတင်း လောကအတွက် သတင်းထူးကြီး တစ်ခုဖြစ်ပေမယ့် ဒီသတင်းက ကမ္ဘာ့ရေးရာတွေအပေါ် ထူးခြားတဲ့သက်ရောက်မှုတော့ မရှိလှဘူးလို့ပဲ ကျွန်တော် ယူဆတယ်ဗျာ။

လွှတ်တော်ထဲ ရောက်သွားတဲ့ NLD

ထူးလည်းထူး ကမ္ဘာ့ရေးရာတွေ အပေါ်လည်း သက်ရောက်မှုကြီးမားတဲ့ သတင်းတွေ တစ်ခု မက ထွက်ပေါ်လာခဲ့ရာ နေရာကတော့ ကျွန်တော်တို့နိုင်ငံ ဖြစ်တယ်ဗျ။

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားတဲ့ အဖြစ်အပျက်တွေထဲက ပထမဆုံး တစ်ခုကတော့ နံပြားလို ပြားနေအောင် အနင်းခံထားခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ ရာနှုန်း ပြည့်နီးပါး အနိုင်ရပြီး အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ချုပ်အဖွဲ့ဝင် ၄၃ ဦး လွှတ်တော်ထဲ ရောက်သွားခဲ့ကြ တဲ့ အဖြစ် အပျက်ပဲဖြစ်တယ်ဗျ။

ပြန်လည် သုံးသပ် ဆင်ခြင်စရာတွေ


NLD က ထုတ်ပြန်ခဲ့တဲ့ “ရွှေဂုံတိုင် ကြေညာချက်” နဲ့ စစ်အစိုးရ လက်ထက် အတည်ပြုခဲ့တဲ့ ၂၀၀၈ အခြေခံ ဥပဒေတို့ဟာ “ဘုန်းကြီးနဲ့ ဘီး” လို မအပ်စပ်တဲ့ အရာနှစ်ခု၊ ဘယ်တော့မှ မဆုံတွေ့နိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို့ အားလုံးက ရှုမြင်ခဲ့ကြပေမယ့် ကြားဖြတ် ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေ လွှတ်တော်ထဲ ရောက်သွား ကြတဲ့ မြင်ကွင်းက ပြည်တွင်းပြည်ပက နိုင်ငံရေးနယ်ပယ်မှာ တက်ကြွစွာ ပါဝင်လှုပ်ရှား နေကြသူ အားလုံးကို မိမိတို့ရဲ့ တွေးခေါ် မြော်မြင်ပုံနည်းလမ်းနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ တာတွေလုပ်ဖို့ အကြံပြုသလို ဖြစ်ခဲ့တယ်ဗျ။ အဖြူနဲ့အမည်းကြားက အရောင်တွေကို မြင်အောင် ကြည့်နိုင်ကြဖို့ ဒီအဖြစ်အပျက်က ကျွန်တော်တို့ အားလုံးကို သတိပေးနေသလို လည်း ကျွန်တော်ခံစားရတယ်ဗျ။ ကမ္ဘာတစ်လွှားက ဒီမိုကရေစီရေးအတွက် လှုပ်ရှားရုန်းကန် နေကြသူ အားလုံးဟာလည်း မြန်မာပြည်က ဒီအဖြစ်အပျက်ကိုကြည့်ပြီး အတွေးသစ် အမြင်သစ် ရှုထောင့်အသစ် ချဉ်းကပ်ပုံ နည်းလမ်းအသစ်တွေ ရလာကြနိုင်စရာ ရှိတာမို့ ကျွန်တော်တို့ဆီက အဲဒီအဖြစ်အပျက်ဟာ ကမ္ဘာ့ရေးရာ အထူးသဖြင့် ကမ္ဘာ့ ဒီမိုကရေစီရေးရာ တွေအပေါ် သက်ရောက်မှု ကြီးမားနိုင်တယ်လို့ ကျွန်တော် ဆိုချင်တယ်ဗျ။

မြန်မာကို ကမ္ဘာက စိတ်ဝင်စားမှု ပိုလာတဲ့ ရေချိန်တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားကိုယ်တိုင် အချိန်လုပြီး မဖြစ်မနေ နေ့ချင်းပြန်ခရီး အလည်လာသွားတာကို ထောက်ချင့်နိုင်တယ်ဗျ။

စာပေစိစစ်ရေး တစ်ခန်းရပ်ချိန်

နောက်ထပ် ထူးခြားတဲ့ အဖြစ်အပျက်ကြီးတစ်ခုကတော့ ကျွန်တော်တို့ စာပေလောကသား တွေ အားလုံး နှစ်ပေါင်းများစွာ “ရွံကြောက်ကြီး ဖြစ်ရလွန်းလို့” “စာပေ ကင်ပေတိုင်”လို့ တညီတညွတ်တည်း အမည်ပေးထားကြတဲ့ စာပေစိစစ်ရေးအဖွဲ့ကြီး နောက်ဆုံးမှာ တကယ်ကို အပြီးတိုင် ချုပ်ငြိမ်းပျောက်ကွယ်သွားခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်တယ်ဗျ။ ဒီမိုကရေစီနဲ့ ဆင်ဆာစနစ် ဆိုတာ အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလို အတူတွဲ ရှိမနေသင့်တဲ့အရာ နှစ်ခုမို့ စာပေစိစစ်ရေး ချုပ်ငြိမ်းပျောက်ကွယ်သွားတာကို လက်ခုပ်မတီးတဲ့ စာပေ အနုပညာလောက သားတစ်ယောက်မှ ရှိမယ် မထင်ဘူးဗျ။

ဒီမိုကရေစီ ပုံရိပ်ကို ထိခိုက်စေတဲ့ ဖြစ်ရပ်


၂၀၁၂ အတွင်း ပေါ်ပေါက်ခဲ့တဲ့ အဖြစ်အပျက်ကြီး နှစ်ခုကတော့ ထူးခြားတယ်လို့ ဆိုနိုင်ရုံ သာမက ထူးထူးခြားခြား ၀မ်းနည်းစရာ ဖြစ်ရပ်တွေလို့ပါ ဆိုနိုင်တဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနဲ့ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကြီး ဖြစ်တယ်ဗျ။ လက်ပံတောင်းတောင် အရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်တာမို့ ကျွန်တော့်အမြင်ကို လူသိ ရှင်ကြား မပြောလိုသေးပေမယ့် ဖြိုခွဲမှု ဒဏ်ခံခဲ့ကြရတဲ့ သံဃာတော်တွေရဲ့ ပုံကို မီဒီယာတွေ ကတစ်ဆင့် မြင်တွေ့ရတာကတော့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ ကျွန်တော့်အဖို့တော့ အင်မတန်ကို ထိတ်လန့်တုန်လှုပ်၊ အင်မတန်ကို စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရတာ အမှန်ပါပဲ။ ဒီကိစ်္စမှာ သပိတ်သမားတွေနဲ့ အာဏာပိုင်တွေ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ အသာထား၊ ဒီဖြစ်ရပ်ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီပုံရိပ် ထိခိုက်သွားခဲ့တာတော့ အမှန်ပဲဗျ။

ကျွန်တော့်ရဲ့ ပုဂိ္ဂုလ်ရေး ဘဝ

၂၀၁၂ ဟာ ကျွန်တော့်ရဲ့ ပုဂိ္ဂုလ်ရေးဘ၀ အတွက်လည်း အင်မတန်ကို ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်ဗျာ။ အားလုံး သိကြတဲ့အတိုင်း ကျွန်တော့်မှာ အဆုတ်ကင်ဆာ ရောဂါ စွဲကပ်နေပြီ ဆိုတာကို ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာမှ ကံအားလျော်စွာ သိခဲ့ရတယ်ဗျာ။ ဒီတော့ ၂၀၁၂ ဟာ ကျွန်တော့်အတွက် သတင်းဆိုးကို ယူဆောင်လာတဲ့ နှစ်လို့ ဆိုနိုင်တယ်ဗျ။ တစ်ဖက်က ကြည့်ရင်တော့ ဘယ်တုန်းကတည်းက စွဲကပ်နေခဲ့မှန်း မသိရတဲ့ ဒီရောဂါ ကျွန်တော့်ဆီမှာ ရှိနေမှန်း သိလိုက်ရတဲ့နှစ် ဖြစ်နေတာမို့ (တကယ်လို့များ ကျွန်တော်က ရောဂါကို နိုင်ခဲ့မယ်ဆိုရင်) ကုသမှု စတင် ခံယူနိုင်ခွင့်ရခဲ့တဲ့ နှစ်ဖြစ်တာကြောင့် ကောင်းသော နှစ်တစ်နှစ်ဖြစ်တယ်လို့ ယူသော်ရ၏ ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ပဲ သေသေ၊ နောက်ဆယ်နှစ် အနှစ်နှစ်ဆယ်မှပဲသေသေ ကျွန်တော်ကတော့ ကိုယ်ပိုင်တဲ့ ကလောင် တစ်ချောင်းနဲ့ ပြည်သူကို နောက်ဆုံးနေ့အထိ အလုပ်အကျွေးပြုသွားဖို့ ပိုင်းဖြတ်ထားပြီးပြီ ဖြစ်တာကြောင့် နောက်ဆံတင်းနေမှာ မဟုတ်ဘဲ သဗ္ဗေသတ္တာ ကမ္မသကာလို့ပဲ နှလုံးသွင်း ထားပါတယ်ဗျာ။

၃၀ ၁၂ ၂၀၁၂

maungwuntha@gmail.com


ကေအိုင်အေ က ကချင်ကို ကိုယ်စားမပြုဖူး ဆိုစစ်တပ်ကလည်း မြန်မာတွေကို ကိုယ်စားမပြုပါဘူး လို့ပဲ ပြောချင်ပါတယ် ။
ကချင်ဘက်က လိုက်နေတယ်ထင်ရင်လည်း ဦးနှောက်သေးလှတယ်ပဲအောက်မေ့တယ် ။ ငါတို့ ဗမာတွေလည်း ကိုယ့် တပ်မတော်ကိုယ် နိုင်ငံတိုင်းက ခန့်ညားတာ မြင်ချင်တာပေါ့ ။ မင်းတို့ နိုင်ငံတကာ မျက်နှာစာမှာ
မြန်မာတပ်မတော် အကြောင်းတွေ လိုက်ဖတ်ကြည့်လေ ။

တစ်ခုတည်းသော တပ်မတော် ဆိုတာလည်း ဒီလို တပ်မတော်မျိုးလက်မခံနိုင်ပါ ။ ကချင် နဲ့မှ မဟုတ်ဘူး ၊ ကေအိုင်အေ ကောင်းတာမကောင်းတာနဲ့လည်း မဆိုင်ဘူး ။ ခောတ်မီတိုးတက်တဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဆိုတာမျိုးက ဒီနေ့လုပ်ရပ်တွေနဲ့ လားလားမှ မအပ်စပ်ဘူး။

မြန်မာတပ်မတော်ဟာတိုင်းရင်းသားတွေနဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပဲနှစ်ပေါင်းများစွာရက်ရက်စက်စက် ချေမှုန်းလာတာဘယ်သူငြင်းမလဲ ။တိုင်းပြည်ရန်စွယ် (ပြည်ပရန်) လို့ မယ်မယ်ရရမှ မရှိပဲ ၊ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပဲ ချေမှုန်းဖို့ စစ်တပ်ကြီးကို ချဲ့သထက်ချဲ့ ပညာရေးနဲ့ကျန်းမာရေး နှစ်ခုပေါင်းရဲ့ အဆ နှစ်ရာကျော် (UNDP 1997Report) သုံးလာခဲ့တာ အီရတ်နဲ့ ဆီးရီးယားပဲ မြန်မာအထက်မှာကျန်သတဲ့။

ဒါကို ပြောနေတာ ။ ကချင်တွေ မန်းလေး မလာပါဘူးကွာ ။ဘာပဲပြောပြော ခု တိုက်နေတာ ပြည်သူတစ်ယောက်အနေနဲ့ ကန့်ကွက်
ပါတယ် ။ ပင်လုံ လို အားလုံးပါတဲ့ ညီလာခံတစ်ခု အမြန် ခေါ်ပေးပါ ။၁၉၉၀လာက် ကတည်းက ကုလလို အဖွဲ့အစည်းကတောင် NLD , တိုင်းရင်းသားတွေနဲ့ သုံးပွင့်ဆိုင် မျက်နှာချင်းဆိုင် ဆွေးနွေးကြပါလို့ စစ်အစိုးရကို အကြံပေးခဲ့ကြတာပါ ။

ပြဿနာကြီးကို ဖျောက်၊ ထိန်ချန်ပြီး ရွှေပိုက်သွားရာ မိုးလိုက်ရွာနေတဲ့ကချင် နဲ့ ရခိုင် ကွက်ကွက်ကလေးပဲ မမြင်ကြပါနဲ့ဗျာ..။ နိုင်ငံရေးနည်းနဲ့စေ့စပ်လို့ မရဘူးဆိုတာ မရှိပါဘူး ။ဒိထက် ပို ပြင်းထန်တဲ့ လူ့အဖွဲ့အစည်း
တွေမှာတောင် ရှင်းနိုင် ဖြေရှင်းနိုင်ခဲ့တဲ့မှတ်တမ်းတွေ အများကြီးပါ ။ခုထက်ထိ တိုင်းရင်းသားအားလုံးနဲ့ တပြိုင်နက် မတွေ့ရဲ မညှီနှိုင်းနိုင်သေးတာကိုက စစ်မှန်တဲ့ ပြည်ထောင်စု နဲ့ ဝေးနေသေးတာပါ ။ တစ်ဖွဲ့ချင်းကြိတ် ညှိ ၊ အကျိုးအမြတ် ခွဲဝေ၊ အပစ်ရပ်တာတွေက ရေရှည် မပါတာအားလုံးလည်း သိပြီးသားတွေချည့်ပါပဲ ။

တပ်မတော်ဟာ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပဲချေမှုန်းဖို့ လား လို့ပဲ မေးရတော့မှာပါ ။ ဗ က ပ အပြို ဝ တွေ ကိုးကန့်တွေ နဲ့ ငြိမ်းပြီးကတည်းက အစွာဆုံး ကေအင်ယူကို ဆော်တယ် ။ဒီကေဘီအေ နဲ့ Divide and rule တယ် ။ ကေအင်ယူ ပြိုတော့ ကျန်တဲ့SSA လိုမျိုးကို တိုက်ပြန်တယ် ။ အတော် ပြုတ်ကုန်တော့ ငြိမ်းတွေုဖြစ်ကုန်တော့ ပြည်တွင်းက NLD ကို အပြုတ်ဆော် လိုက်တာ မှတ်တမ်းပါပဲ ။ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပဲ ဆော်နေတဲ့
အာဏာရှင် လက်ကိုင်တုတ်ဘဝ ရောက်နေတဲ့ တပ်မတော် ဟာသမိုင်းမှာ ပေကျံစွန်းထင်းပြီးသား ၊ ဒီကနေ့ တကယ်ရိုးသားရင် လူထုကိုအမှန်တိုင်း ဖွင့်ချပြပြီး လုပ်သင့်နေပါပြီ ။ တိုင်းရင်းသား ပြဿနာကိုလည်း
ရိုးသားစွာ ဖြေရှင်းသင့်နေပါပြီ ။

Khaing Soelynn Facebook


နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောင်ရေးအသင်း (မြန်မာနိုင်ငံ) AAPP မှ တာဝန်ခံ နှစ်ဦးဖြစ်သော ကိုဘိုကြည်နှင့် ကိုတိတ်နိုင်တို့သည် ဇန်န၀ါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက် ရှိမည်ဖြစ်ကြောင်း ကိုဘိုကြည် ထံမှ သတင်းရရှိသည်။
ကိုဘိုကြည်နှင့် ကိုတိတ်နိုင် တို့သည် ဇန်န၀ါရီလ ၅ ရက် နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်လေဆိပ်သို့လေကြောင်း ခရီးဖြင့်ရောက်ရှိမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP သည် ထိုင်း နိုင်ငံတွင် အခြေစိုက်ထားပြီး မြန်မာ နိုင်ငံတွင် နိုင်ငံရေးကြောင့် အကျဉ်းကျနေသူများကို တိကျစွာ စာရင်းကောက်ယူထားပြီးလိုအပ် သော အကူအညီများကို အခက် အခဲအမျိုးမျိုးကြားမှပေးနေခဲ့သည် မှာ ကိုမင်းကိုနိုင်ထောင်တွင်း ရောက်ပြီး ၁၁ နှစ်မြောက်ကတည်း ကဖြစ်ကြောင်းလည်း သိရသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြင့် စုစည်းတည်ထောင်ခဲ့သော AAPP နိုင်ငံရေးအကျဉ်းသား ဟောင်းများကူညီစောင့်ရှောက် ရေးအသင်း (မြန်မာနိုင်ငံ) သည် လွတ်လပ်ပြီး အမှီခိုကင်းသော ကိုယ်ကျိုးအတွက်မဟုတ်နိုင်ငံရေး အကျဉ်းသားများအတွက် အကူ အညီပေးရန် ရည်ရွယ်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ကြောင်းလည်း ကိုဘိုကြည် က ရှင်းပြခဲ့သည်

AAPPသည် နိုင်ငံရေးအကျဉ်းသားများ၏မိသား စုများကို ထောင်ဝင်စာသွားရောက် တွေ့ဆုံနိုင်ရန် လိုအပ်သောအစား အစာဆေးဝါးများကူညီပံ့ပိုးပေး ခြင်း၊ အကျဉ်းထောင်နှင့်အကျဉ်း သားအခြေအနေမျက်ခြေမပျက် စောင့်ကြည့်အကဲခတ်နေခြင်းနှင့် သတင်းထုတ်ပြန်ခြင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲဆောင် ရွက်ခြင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏ ဘ၀ပြန်လည်ထူ ထောင်နိုင်ရန်ဖေးမကူညီပေးခြင်း များဆောင်ရွက်လျက်ရှိသည်။ယခု ခရီးစဉ်မှာလည်း နိုင်ငံတော်အစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သိရ သည်။

ဥယျာဉ်မှူး
hotnewsweekly.com

ကေအိုင်အေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲပြင်းထန်လာနေပြီး မြေပြင်တိုက်ပွဲကနေ ဒီဇင်ဘာလမှာ လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်တဲ့အထိ ပြင်းထန်လာခဲ့တာတွေ့လာရပါတယ်။ ဦးသိန်းစိန်ကိုသမတ အဖြစ် ရွေးကောက်တင်မြှောက် လိုက်ပြီးနောက် ကချင်ကတိုက်ပွဲတွေရပ်ဖို့စစ်တပ်ကိုလူသိရှင်ကြားအမိန့်ပေးခဲ့ပေမဲ့ဗိုလ်ချုပ်မင်းအောင်လှိုင်က မနာခံဘဲဆက်တိုက်မြဲတိုက်နေတဲ့အခါ သမတအမိန့်ကို ရှေ့တန်းက ရဲဘော်တွေမသိကြသေးလို့ပါ၊ မကြာခင်ရပ်မှာ ပါလို့ဆင်ခြေပေးခဲ့ပြန် ပါတယ်။ ဒါပေမဲ့အချိန်တွေ တနှစ်သာ ကုန်လွန်လာခဲ့ပြီး စစ်ပွဲတွေရပ် မသွားခဲ့ဘဲ ပိုလို့သာဆိုးဝါးလို့လာခဲ့ပါတယ်။ နောက်ဆုံး တရုပ်-မြန်မာနယ်စပ် ကေအိုအိုဌာန ချုပ်လိုင်ဇာကိုထိုးစစ် ဆင်မှုကိုတိုးမြှင့်ခဲ့ပြီးလေကြောင်းမှတိုက်ခိုက်မှု အထိပြင်းထန်လာခဲ့ ပါတယ်။ ကိုယ့် ညီရင်းအကိုတိုင်းရင်းသားတွေဘဲသေသေ၊ တပ်မတော်သားတွေ ဘဲသေသေ နောက်ဆုံးတော့ တိုင်းပြည် တခုလုံးအတွက်ဆုံးရှုံးမှုတွေပါဘဲ။

အကယ်၍ တရုတ်ကမီးစိမ်းမပြရင် မြန်မာစစ်တပ်အနေနဲ့တရုတ်ပြည်နယ်နမိတ်ကိုကျော်ပြီးလေ ယဉ် တွေ ပျံသန်းပြီး ကေအိုင်အေကိုတိုက်ဝံ့မှာ မဟုတ်ပါဘူး၊ တရုတ်ကသဘော တူထားပြီးဖြစ် တာ ကြောင့်လေ ကြောင်း တိုက်ခိုက်မှုကိုလုပ်လာတာလို့ယူဆနိုင်ပါတယ်။

ဖြစ်နိုင်ခြေရှိတာကတော့ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးကိုသမတဦးသိန်းစိန်ကသူ့သမတသက် တမ်းအတွင်းပြည်တွင်း အုံကြွမှုမဖြစ်အောင် ရပ်ဆိုင်းလိုက်ခြင်းအတွက် တရုတ်အစိုးရ ကို စိတ် အနှောက် အယှက်ကြီးစွာဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ယူနန်ပြည် နယ်ရဲ့ဖွံ့ဖြိုးရေး အတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓါတ်အားလိုအပ်မှုကို ပါးစပ်နားရောက်မှပုတ်ချခံရလို့ဖြစ်ပါတယ်။

ကေအိုင်အိုကလဲဧရာဝတီရေကာတာတည်ဆောက်ရေးကိုသဘောမတူပါဘူး ကချင်ဒေသတော် တော် များများရေမြုပ်ကုန်မှာ ကိုမလိုလားပါဘူး၊ နောက်ပြီးသဘာဝဝန်းကျင်ညစ်ညမ်းမှုကို စိုးရိမ်တာ လဲပါပါ တယ်။ ဒီအချက် ဟာတရုတ်ကသူတို့အလို ကို ကေအိုင်အို ကဆန့်ကျင်တယ်လိုမြင်ပါတယ်။ သူတို့ အလို ကို မဆန့်ကျင်တာက စစ်တပ်ဘဲရှိပါတယ်။ ဒါကြောင့် စစ်တပ်အလိုကို လိုက်ခြင်း ဟာသူတို့ အတွက် အကျိုးယုတ်စရာလို့မမြင်ပါဘူး၊ တရုတ်နိုင်ငံရဲ့အမျိုးသား အကျိုးစီးပွါးနဲ့ဆန့်ကျင်တဲ့အုပ် စုထဲမှာ ကေအိုင်အို ပါဝင်နေတာကြောင့်မြန်မာစစ်တပ်ကို အားပေးကူညီတာဟာ တကယ်တော့ မဆန်းပါဘူး။

နောက်တခုကသဘာဝဓါတ်ငွေ့ပိုက်လိုင်းကိုရခိုင်ကမ်းလွန်ကနေယူနန်နယ်အထိသွယ်တန်းနေရာမှာကချင်ပြည်နယ်ဒေသတချို့ကိုဖြတ်သန်းသွားရမှာ ဖြစ်တဲ့အတွက်ကချင်တွေကမကြိုက်ပါဘူး။ ဒီလိုပိုက် လိုင်းတည်ဆောက်ရာမှာတရုတ်က သူ့တိုင်းပြည်က တရုတ် အလုပ်သမားတွေကို ခေါ်ယူလုပ်ကိုင် စေခဲ့တဲ့အတွက်မြန်မာအလုပ်သမားတွေအတွက်အလုပ်အကိုင်သစ်ဖန်တီးမှုတွေမရှိသလောက်ပါဘဲ။ တရုတ်ကုန်ပဏီမြန်မာပြည်လာလုပ်တာတရုတ်အလုပ်သမားတွေဘဲအလုပ်ရကြတာဟာကုန်သွယ်စီးပွါး ရေးကျင့်ဝတ်ကိုဗျောင်ချိုးဖေါက်နေတာဘဲ ဆိုတာကို အတွေ့အကြုံ နုတဲ့ မြန်မာလုပ်သမား တွေရောအစိုးရဝန်ထမ်းတွေပါသိရှိပုံမရပါဘူး။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလုပ်ရင်ပြည်တွင်း အလုပ်သမားတွေကို ဦးစားပေးငှားရမ်းရမယ်၊ နည်းပညာ တွေ သင်ကြားလေ့ကျင့်ပေးရမယ်ဆိုတာပါပါတယ်။ ဒါကိုစာချုပ်ချုပ်ဆိုစဉ်က ဦးပိုင်ကလဲမတောင်း ဆိုခဲ့ဘူးလို့ယူဆရပါတယ်။

ကချင်ဒေသကိုဖြတ်ပြီးပိုက်လိုင်းသွယ်တဲ့အခါကချင်ကျေးရွာတချို့ကိုအမိန့်နဲ့ရွှေ့ပြောင်းခိုင်း အုံးမှာဖြစ် လို့ကေအိုင်အေကသဘောမတူပါဘူး၊ ဒေသခံပြည်သူတွေဘာခံစားမှုမှမရှိတဲ့ ပိုက်လိုင်း သွယ်ရေး ကိစ္စကို ကချင်လူထု နဲ့ ကေအိုင်အေကသဘောမကျပါဘူး။ မြစ်ဆုံဆည်တည် ဆောက်စကအတင်းအဓမ္မရွှေ့ပြောင်းခံခဲ့ရတဲ့ရွာသားများကိုတရုတ်ထောက်ပံ့ငွေနဲ့တနေရာမှာရွာသစ်တည်ပေးသော်လည်းဒီနေရာသစ်မှာဘာပင်မှစိုက်လို့မရသလိုဆောက် ပေးတဲ့အိမ်တွေကလဲသစ်စိမ်းတွေနဲ့အလျှင် အမြန်ဖြစ် သလိုဆောက်ပေးလိုက်တဲ့အတွက် သစ်တွေချောက်သွားတဲ့အခါအင်္ဂတေနဲ့ တိုင်နဲ့မကပ်တော့ဘဲ အချိန် မရွေးပြိုကျနိုင်တဲ့ အနေအထားကိုရောက်နေခဲ့တာကြောင့် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်တယ် ကြားတဲ့အခါမိမိတို့ကျေးရွာကိုပြန်ချင်နေကြပါတယ်။ဒါပေမဲ့အစိုးရကပြန်ခွင့်မပေးပါဘူး။ ဒီလိုဖြစ်တာ တွေ ဟာစစ်တပ်နဲ့ တရုတ်ကြောင့်လို့ကချင်လူထုကမြင်ပါတယ်။

တရုတ်ကလဲကေအိုင်အေဟာ သူတို့စီမံကိန်းမှာဖျက်မြင်းဖြစ်နေတယ်၊ စစ်တပ်ကသာသူတို့ ချယ်လှယ် ချင်သလိုလက်ခံမှာဖြစ်တယ်၊ စစ်တပ်ခေါင်းဆောင်တွေဟာငွေများများပေးလိုက်ရင် သူတို့ဘာလုပ် လုပ်ခွင့်ပြုတယ် ဒါကြောင့်စစ်တပ်လုပ်သမျှကိုအားပေးခြင်းဟာ သူတို့အတွက် ဘယ်လိုမှအကျိုး မယုတ်နိုင်ဘူးလို့တွက်ထားပြီးသားဖြစ်တယ်၊ ဒါကြောင့်ကေအိုင်အေကို အပြတ်ရှင်းဖို့အတွက် တရုတ် ပိုင်နက်ကိုဖြတ်ပြီးလေကြောင်းတိုက်ခိုက်မှုကိုမီးစိမ်းပြလိုက် တာဘဲဖြစ်တယ်။

နိဂုံးချုပ်အနေနဲ့ကေအင်ယူဌာနချုပ်မယ်နယ်ပလောကျသလိုကေအိုင်အိုဌာနချုပ်လိုင်ဇာလဲစစ် နှစ် ဖက် ညှပ်ရင်ကျသွားနိုင်တယ်၊ဒါပေမဲ့ကချင်တော်လှန်ရေးကတော့သေဆုံးမသွားဘဲသူ့ပြည်သူတွေထောက်ခံနေသမျှဆက်ပြီးရှိနေမှာတော့ကြိမ်းသေတယ်။ အကောင်းဆုံးဖြေ ရှင်းခြင်း ကတော့ ရှိလာ တဲ့ပါလီ မန်တွင်းမှာဘယ်လိုစပြီးတိုက်ပွဲတွေစဖြစ်လာတယ်၊ ဘယ်ဖက်ကစပြီး တိုက်တယ်ဘယ်သူ့အမိန့်နဲ့ တိုက်တယ်၊ ကေအိုင်အေ ရဲ့တောင်းဆိုချက်ကဘာတွေလဲ၊ တောင်းဆိုချက်တွေ ဟာလက်ခံ နိုင်တဲ့ တောင်းဆိုချက်တွေလား? တပ်မတော်ရဲ့အကြောင်းပြချက်ကဘာလဲ? ဘယ်လိုသဘောနဲ့ ကေအိုင်အိုဌာနချုပ်ကိုတိုက်နေရတာလဲ? ဘာအကျိုးအမြတ်တွေရမှာမို့လို့ ဒီလောက်သဲကြီးမဲကြီး တိုက်နေရတာလဲ?ဆိုတာတွေကိုလွှတ်တော်က ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုဆင့်ခေါ်ပြီးမေးသင့်တယ်၊ လွှတ်တော်မှာဒီလိုဆင့်ခေါ်ပြီးမေးနိုင်တဲ့အာဏာရှိတယ်၊ ကချင်ပြဿနာကိုလွှတ်တော်တွင်း မေးမြန်း ခြင်းအပြင် ထိုမေးမြန်းခြင်းများကိုပြည်သုကိုဖွင့်ချပြ ပြီးသဘောထားကိုပါယူခဲ့မယ်ဆိုရင်တရားမျှတစွာ ငြိမ်းချမ်းစွာဖြေရှင်းခြင်းဆိုတာပေါ်ပေါက်လာမှာဖြစ်တယ်။

ကချင်ပြည်မှာ၁၇နှစ်တိတိငြိမ်းချမ်းရေးရနေစဉ်ကာလမှာလိုင်ဇာဟာနယ်စပ်မြို့ ကြီးတမြို့အဖြစ်ဖွံ့ဖြိုး တိုးတက်လာခဲ့ တာဟာစစ်မက်မရှိတဲ့အကျိုးကျေးဇူးပါ။အလွန်ဝမ်းသာစရာကောင်းပါတယ်၊ ဒီလိုမြို့ကြီး တမြို့ဖြစ်လာဖို့ အချိန်၁၇နှစ်ယူပြီး အင်နဲ့အား နဲ့ တည်ဆောက်ခဲ့ရမယ် ဆိုတာငြင်းစရာမရှိပါဘူး။ ဒီလိုမြို့ကြီးဟာစစ်ကြောင့်ပျက်စီးပြိုပျက်သွား မယ် ဆိုရင် ဘယ်လောက် ရင်နာစရာကောင်း လိမ့်မလဲ လို့စဉ်းစားစိုးရိမ်မိပါတယ်။

မြန်မာစစ်တပ်ကတိုက်လို့ပျက်တယ်ဆိုရင်ကချင်တွေအတွက်ဗမာတွေကိုပိုလို့မုန်းသွားတဲ့အပြင်ဒီလိုမြို့ ကြီး ကိုပြန်လည် တည်ဆောက်မယ် ဆိုရင်လဲ ဒေါ်လာသန်းတထောင်လောက် ကုန်ကျနိုင်ပါတယ်။

အချုပ်အားဖြင့်စစ်ပွဲတွေမှာဘယ်သူနိုင်နိုင်ဘယ်သူရှုံးရှုံး ကိုယ့်လူမျိုးညီရင်းအကိုတွေချင်း သတ်ကြ တဲ့ပွဲမို့အားလုံးရှုံးတာပါဘဲ၊ ပြည်တွင်းစစ်ရှိနေသမျှ ဘယ်တော့မှတိုင်းပြည်တိုးတက်အောင်တို့ စီးပွါးရေး ကောင်းလာအောင်တို့၊ ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ပေါက်ရေးတို့လုပ်နိုင်မှာမဟုတ်ပါဘူး၊ လူထုဘဝလဲနိမ့်ကျနေဦးမှာပါ၊ဒါကြောင့်သူနိုင်ငါနိုင်ဆိုတဲ့အတ္တစွဲတွေကိုဘေးဖယ်ပြီးငါတို့နိုင်ငံတိုးတက်ဖွံ့ဖြိုး ရေးအတွက် ဒီဆင်းရဲတွင်းနွံတွင်းကိုတွန်းပို့နေတဲ့ပြည်တွင်းစစ် ရောဂါဆိုးကြီးကိုဘယ်လိုသုတ်သင်မယ်ဆိုတာ လွှတ်တော်တွင်း မှာဖြေရှင်းကြပါစို့လို့ ဆန္ဒပြု လိုက်ပါတယ်။

ထွန်းအောင်ကျော်


ကားသော့ပျောက်လို့ သော့ပြင်သမားသွားခေါ်ပြီး သော့ဖွင့်တာ တစ်မိနစ်ကျော်ကျော်အကြာမှာ ပွင့်ပါတယ်။
လက်ခပိုက်ဆံ ၁၂၀၀၀(တစ်သောင်းနှစ်ထောင်)ကျပ်ပေးရပါတယ်။

ခြေရာလက်ရာမပျက်ဖွင့်နိုင်ပါတယ်။

ကျွန်တော်တို့ သော့အကြောင်းမရင်းနှီးသူတွေ အမြင်မှာ သော့ပျက်ပါက သော့ဖွင့်သည့်နေရာကိုပဲဖျက်မယ် ဖွင့်မယ်လို့ သမားရိုးကျ စဉ်းစားပေမယ့် သူတို့ဖွင့်နည်းကတော့
---------------------------------------------------------------
(၁)တံခါးလိုင်နာကြားကိုအနည်းငယ် ဟပြီး လေအိတ်ပါးပါးအမာလေး သွင်းလိုက်ပါတယ်။
(သွေးပေါင်ချိန်လျှင် လက်ကို ပတ်ရသည့် လေအိတ်နဲ့ပုံစံတူပါတယ်။)
လေအိတ်ကို လက်ညှစ်လေသွင်းတဲ့ ကိရိယာလေး နဲ့ လေသွင်းလိုက်သောအခါ တံခါးက ဟလာပါတယ်။အိတ်မှာ လေထိန်း ဗား VALVE ပါပါတယ်။

(၂)သံချောင်းရှည်ရှည်တစ်ချောင်းကို ထိပ်ပိုင်း အကွေးလေးလုပ်ထားပြီး ဟထားသည့်တံခါးကြားတွင်း သွင်းပြီး အတွင်းမှတံခါးဖွင့်သည့် လက်ကိုင်ကွင်းလေးကို ချိတ်ဆွဲလိုက်တော့ ပွင့်ပါလေတော့သည်။

အဆိုပါပစ္စည်း ၂မျိုးရှိပါက ကားတံခါးများကို လွယ်ကူစွာဖွင့်နိုင်သဖြင့် မိမိကားပေါ်တွင် တန်ဘိုးကြီးပစ္စည်းများတင်၍ မမြင်ကွယ်ရာ အဝေးနေရာများတွင် မနေသင့်ပါကြောင်း ။ ။

Mandalay Vopce



ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ စစ်ဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင် စစ်ပွဲ အရှိန် မြင့်လာမှုကြောင့် ကွက်ခိုင်မြို့ အနီးတစ်ဝိုက် ရှိ ဒေသခံဒုက္ခသည်များ တိုးမြင့်လာကြောင်း စစ်ဘေးရှောင်စခန်း ဖွင့်လှစ်သူများထံမှ သိရ သည်။

အဆိုပါ ကွက်ခိုင်-တာမိုညဲလမ်းမဘေးတွင် တည်ရှိသော ကက်သလစ်ဘုရားကျောင်း (ကွက် ခိုင်) နှင့် ကချင်နှစ်ချင်းအသင်းတော်တို့ ဖွင့်လှစ် ထားသော စစ်ဘေးရှောင်စခန်းတွင် ဒီဇင်ဘာ ၃၀ ရက် စာရင်းအရ စစ်ဘေးသင့်ပြည်သူ (၃၈၉) ဦးရှိကြောင်း သိရပြီး စစ်ဘေးသင့် ပြည်သူ များတွင် ကလေးငယ်များ၊ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများ ပါရှိကြောင်းနှင့် စခန်းသို့ မရောက်ရှိဘဲ တောအတွင်း ရှောင်တိမ်းနေရ သော ဒေသခံ (၂၀၀) ကျော်ခန့်ရှိနေကြောင်း သိရသည်။

“ကျွန်မတို့ ရွာနားမှာ စစ်စဖြစ်တော့ သေနတ်သံတွေ အဆက်မပြတ်ကြားရတယ်။ ဒီတော့ ကျွန်မတို့လဲ မနေရဲလို့ ပြေးမိပြေးရာ ပြေးလာတာ၊ တချို့ဆိုရင် အ၀တ်အစားတောင် ယူ မလာနိုင်ဘူး၊ ရွာက သင်းအုပ် ဆရာဦးနောင်လတ် ကူညီလို့ ဒီရောက်လာတာ၊ အိမ်ကိုပြန်ချင်တယ်”ဟု စစ်ဘေးရှောင်စခန်းရောက်ရှိနေသော နမ့်ဟူးကျေးရွာအုပ်စု၊ နားချန်းနောင် ဖန်းရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။

အစိုးရနှင့် KIA တို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွက်ခိုင်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင် စစ်ပွဲများဖြစ်ပွားလျက် ရှိနေကြောင်း သိရပြီး လက်ရှိစစ်ပွဲ များကြောင့် တိမ်းရှောင်နေရသော ဒုက္ခသည် များအနေဖြင့် နိုင်ငံတော်ကပြည်သူများအား တိုးတက်စေလို ပါက ပြည်တွင်းစစ်များ အမြန်ဆုံး ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးလမ်းစဉ် သို့သွားရောက်ရန် အလိုရှိနေကြကြောင်း သိရသည်။

“ခရစ်စမတ် အချိန်ကြီးကြမှ ဒီလိုဒုက္ခသည်တွေအဖြစ်နဲ့ တိမ်းရှောင်နေရတာ အရမ်းကို ၀မ်းနည်းမိတယ်။ ရွာမှာ တောင်ယာတွေ ဒီအတိုင်းပဲ ထားခဲ့ရတယ်။ စစ်ပြီးလို့ အိမ်ပြန်ရင်တောင် ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ အနာဂါတ်အတွက်လည်း စိတ်လေးမိတယ်။ စစ်တွေဖြစ်တော့ တကယ်တမ်း မြေစာပင်ဖြစ်ရတာ ပြည်သူတွေပဲ။ စစ်ပွဲတွေမဖြစ်ရင် အကောင်းဆုံးပဲ။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေလို့ ရတယ်၊ နိုင်ငံတော်က ပြည်သူတွေကို တကယ်တိုးတက်စေချင်တယ်ဆိုရင် ပြည်တွင်းစစ်တွေ အမြန်ဆုံးရပ်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်ကြပါ” ဟု ဒေသခံတစ်ဦးက ထပ်မံပြောကြားသည်။

စစ်ဘေးရှောင်စခန်းတွင် ကူညီလျက်ရှိသော မကြူကြူ(ဂရုဏာမြန်မာအသင်း)က “စစ်ဘေး
ရှောင်စခန်းကို စတင်ဖွင့်ဖြစ်တာကတော့ ဒီကက် သလစ်ကျောင်းမှာထိုင်တဲ့ ဖာသာက ဆက်သွယ်လို့ ဖွင့်ဖြစ်တာပါ။ လက်ရှိ အခြေအနေကတော့ စခန်းအတွက် သောက်သုံးရေနဲ့ ခြုံစရာ စောင်တွေ လိုအပ်ပါတယ်။ ကွက်ခိုင်က ရှမ်းပြည်မှာ အအေးဆုံးမြို့ပဲလေ၊ စားသောက် ဖို့ အတွက်ကတော့ ဒေသအာဏာပိုင်တွေ၊ ပါတီအဖွဲ့ အစည်းတွေ၊ စေတနာရှင်တွေက လာလှူဒါန်းထားပါတယ်။ ကျန်းမာရေးအတွက်လည်း ဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်
တွေ နဲ့ သူနာပြုတွေက လာ ကြည့်ပေးတယ်၊ ရေရှည်မှာဆိုရင် အစစအရာရာ ခက်ခဲလာနိုင် တယ်” ဟုစစ်ပွဲအရှိန်မြင့်လာပါပြီး ကြာမြင့်လာပါက အခက်အခဲများစွာရှိနိုင်ကြောင်းပြောကြားသည်။

ခွန်ဇော်ဦး(မြန်မာ့ခောတ်)

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းခွင့် ပုဒ်မ (၁၈)ဖြင့် ပထမဦးဆုံး တရားစီရင်ခြင်းခံရသော အင်းစိန်ပန်းခြံ (၅၀)ကွေ့ ဈေးသည် (၁၁) ဦး၏ ဒဏ်ငွေပေးဆောင်ထားသော ပြေစာမူရင်းလေးကို တင်ပြလိုက်ပါတယ်
Photo..Zaw Zaw Min Htay

လောလောဆယ် ငြိမ်းချမ်းရေးနေ့ အတွက် စွဲဆိုထားတာက ငါးမှု၊ နောက်ထပ် အခု ၁၂ ရက်နေ့က မဆီမဆိုင် ရေလှူတာလည်း ခေါင်းဆောင်တယ် ဆိုပြီး ထပ်စွဲခေါ်ထားတာက နှစ်ရုံး နှစ်မှု။ ပေါင်း ခုနှစ်မှု ၊ တမှုကို တသိန်းတသောင်း၊ ခုနှစ်မှုကို ခုနှစ်သိန်း ခုနှစ်သောင်း၊ အောင်မြတ်လေး။

လူတောင် ဘတ်စ်ကားနဲ့ တရားရုံးသွားနေရတာ။ အဲဂလောက် ဒါဏ်ငွေ ချမယ်ဆိုရင်တော့ ၊ သံတိုင်နောက်မှာ အနားယူတာက စရိတ်သက်သာဆုံးဖြစ်မယ် ထင်တာပါပဲ။ ကျနော့်မှာ အဲသည်လောက် ဒါဏ်ငွေ ဆောင်စရာ မရှိပါဘူး။ ဗြောင်ဗြောင်ပဲ ကိုယ့် ပိုင်ဆိုင်မှုကို ကြိုကြေငြာထားတာ။

ဟို အမိန့်ချ ဒီအမိန့်ချ လာမလုပ်ပါနဲ့။ ပိုင်ဆိုင်မှုကို အခုကတည်းက ကြိုပြောထားပါတယ်။ တရားသူကြီးမင်း ဆိုသူများခင်ဗျား

နေမျိုးဇင်


Author Name

Contact Form

Name

Email *

Message *

Powered by Blogger.