01/03/13



မနက်ဖြန် ၄ရက်နေ့ လွတ်လပ်ရေးနေ့တပ်မတော်ခန်းမမှာ စတင်ဖွင့်လှစ်ပြသမယ့် ART 13 အနုပညာပြပွဲမှ ဒေါ်အောင်ဆန်းစုကြည်ပန်းချီ ပုံရိပ်အချို့

(ဓာတ်ပုံများ- ညီမငယ် နှင်းနန္ဒာအေး)
ခွန် ဒီးယမ် Facebookမှ

လတ်တလော ကချင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ မတက်ရောက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌက ပြောပါတယ်။

လွတ်လပ်ရေးနေ့မှာ စစ်တိုက်နေရတဲ့ ကချင်ညီအစ်ကိုတွေ ပျော်ရွှင်နိုင်မှာ မဟုတ်တဲ့အတွက် သူ့အနေနဲ့လည်း ထပ်တူခံစားရပြီး သမ္မတဦးသိန်းစိန် ဖိတ်ကြားထားတဲ့ နေပြည်တော်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ညစာစားပွဲကို မတက်ဘူးလို့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်မှုမှု လုပ်ငန်းတွေ အကြီးအကျယ် လုပ်နေတဲ့ အချိန်မှာ ငြိမ်းချမ်းရေးမဆန်တဲ့ လုပ်ငန်းတွေ ဒီဘက်မှာ တဖက်လှည့်ပြီး လုပ်နေတာကတော့ ကျနော် အကြီးအကျယ်ကန့်ကွက်တယ်။ နေပြည်တော်မှာ လွတ်လပ်ရေး ညစာစားပွဲနဲ့ ပျော်ပွဲရွှင်ပွဲအတွက် ကျနော့်ကို ဖိတ်ထားတယ်။ ကျနော်ကတော့ မတက်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကချင်ညီအစ်ကိုတွေ လွတ်လပ်ရေးနေ့မှာ သူတို့ မပျော်ရွှင်နိုင်ဘူး။ သူတို့နဲ့အတူ ကျနော်လည်း မပျော်ရွှင်နိုင်ဘူး။ ကချင်ညီအစ်ကိုတွေ ခရစ္စမတ်ညတောင်မှ အေးအေးဆေးဆေး မလုပ်နိုင်တဲ့အခြေအနေ ရောက်သွားတယ်။ အဲဒါကတော့ မဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ကျနော် သုံးသပ်ချင်တယ်။”

အစိုးရရုပ်သံဌာနက ဇန်န၀ါရီလ ၂ ရက်နေ့က အိမ်မှာလာပြီး အင်တာဗျုးတော့လည်း ညစာစားပွဲ မတက်မယ့်အကြောင်းကို ထည့်သွင်းပြောကြားခဲ့တယ်လို့ ပူးဇိုဇမ်က ပြောပါတယ်။

ဇန်န၀ါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် အထိမ်းအမှတ် ညစာစားပွဲကို နေပြည်တော်မှာ ကျင်းပဖို့ရှိပြီး သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတကတော်တို့က နိုင်ငံရေးပါတီအသီးသီးက ဥက္ကဋ္ဌတွေကို ဖိတ်ကြားထားပါတယ်။

-DVB


ဒီပို့ စ်နာမည်က How To Hack Facebook ပါ..ဒါပေမယ့် ဘယ်လို Hack မှာလဲ လို့ တော့ ကျွန်တော်တင်ပြဆွေးနွေးမှာမဟုတ်ပါဘူး..ဘယ်လိုတွေ Hack နည်းတွေရှိလဲ.... ဘယ်လိုကာကွယ်ရမလဲဆိုတာကို အလေးပေးဖော်ပြမှာဖြစ်ပါတယ်..ခင်ဗျာ!!!
ပထမဆုံးအနေနဲ့  ဘယ်လိုတွေတိုက်ခိုက်ခံရနိုင်လဲဆိုတာ ဦးစားပေးဖော်ပြပါ့မယ်၊
ထို့ နောက် ဒုတိယပို့ စ်အနေနဲ့  ဘယ်လိုကာကွယ်ရမလဲဆိုတာကို တင်ပြပေးမှာဖြစ်ပါတယ်..။

Facebook ဆိုတာ တကယ်တော့ Social Media တစ်ခုပါပဲ သင်ဘာလုပ်လဲ သင်ဖော်ပြနိုင်တယ် ၊ သင်ဘယ်လို စိတ်ခံစားနေရလဲ သင်ဖော်ပြနိုင်တယ်၊ သင်ဘာကိုလိုချင်နေလဲ ဘာကိုစိတ်ဝင်စားလဲ သင်စိတ်ထဲက ခံစားချက်တွေ သင့်Activity တွေကို သင့်သူငယ်ချင်းတွေနဲ့  သင်မျှဝေနိုင်တယ်
ဒါမှမဟုတ် သင်ဟာ .. ဘာသာရေးသမားလား.. သင်ဟာနိုင်ငံရေးစိတ်ဝင်စားတာလား.. သင့်ဘာသာရေးနိုင်ငံရေးအမြင်တွေလဲ သင်ဖော်ပြခွင့်ရှိတယ် ...။

သို့ မဟုတ်သင်ဟာစီးပွားရေးတခုလုပ်နေတာလား ဒါမှမဟုတ် သတင်းနဲ့ ပြန်ကြားရေး ရုပ်ရှင်အနုပညာဂီတရသပေးတဲ့ Page တစ်ခုကိုထောင်ထားတာလား...
ဘာမဆိုပေါ့ ကျွန်တော်တို့ ရည်၇ွယ်ချက်အမျိုးမျိုးနဲ့ အသုံးချကြပါတယ်..သို့ ပေမယ့်တခါတလေ သင်နဲ့ စိတ်အကြောင်းမတိုက်ဆိုင်သူများ..သင့်ကိုမကျေနပ်သူများ သင့်ကို မဟုတ်ကဟုတ်က မသမာချင်သူများ..သို့ မဟုတ် သမီးရည်းစားချင်းသင်္ကာမကင်းဖြစ်တဲ့အခါ.ကျွန်တော်တို့ ကြားရတဲ့စကားသံတစ်ခုကတော့ ကျွန်တော်/ကျွန်မတို့ ရဲ့  Facebook အကောင့်ခိုးခံ ထိသွားပါပြီး..Hacked ခံထိပါပြီး..ဆိုတဲ့စကားသံတွေ ခနခန Social Media လောက မှာမြင်နေကြားနေကြ ရပါတယ်..

ကျွန်တော်/ကျွန်မတို့ ဘယ်လိုနည်းနဲ့  အကောင့်ပြန်ယူရမလဲ ဒါမှမဟုတ်နောက်တစ်ခါ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ..အထွေထွေသော ပြသနာတွေမြင်နေကြားနေရပါတယ်...ဒါဘာကြောင့်လဲ ကျွန်တော်တို့  အိုင်တီလောကနဲ့ အကျွမ်းတဝင်ထိတွေ့ နေတဲ့ လူတချို့ တောင်မှာ အခန့် မသင့်ရင် Hacked ခံရပါတယ် ..သာမန် အသုံးပြုသူအနေနဲ့ ကတော့ Hacked ခံထိ ဖို့ က ၈၅% လောက် ကို သေချာနေပါတယ်...IT နဲ့ ပတ်သက်ပြီး ဗဟုသုတပိုင်းဆိုင်ရာနည်းပါးမှုဟာလဲ ကျွန်တော် တို့ ကို ခြိမ်းခြောက်နေတဲ့ လက်နက်ကြီးပါပဲ...Online ပေါ်မှာမည်သူမဆို သားကောင် (Victim) ဖြစ်သွားနိုင်တဲ့သဘောရှိပါတယ်..

အမှန်တကယ်တော့ facebook ဆိုတဲ့အရာကြီးဟာ တကယ်ကို လုံခြုံမှုရှိလွန်းတဲ့ Website တစ်ခုပါပဲ..Facebook ရဲ့  Security System ကိုချိုးဖောက်ဖို့ ဆိုတာ တကယ်ကိုမလွယ်ကူပါဘူး..
ဒါဆိုရင် မေးခွန်းတော့ရှိလာပါပြီ...။

ဘာကြောင့် ဒီလောက်လုံခြုံတဲ့ Facebook အကောင့်ဟာ ဘာလို့  အခိုးခံရပါသလဲ?ဒီမေးခွန်းကိုမဖြေခင်မှာ ကျွန်တော် အောက်ပါ အချက် (၆) ချက်ကို ဆွေးနွေးပေးပါ့မယ်...တစ်ချက်ချင်းစီမှာ အပေါ်ကမေးခွန်းကိုအဖြေပေးမယ့် အကြောင်းအရာတွေရှိပါတယ်..

1- Keylogging - Installing Keylogger ( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန် လွယ်ကူစွာ တိုက် ရတဲ့နည်းပါပဲ)
2-Phishing - Creating Fake Facebook Login Page ( သူကျတော့တိုက် ခိုက်ဖို့ နည်းနည်း ခက်ခဲ ပါတယ်)
3-Using Victims Mobile ( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
4-Stealing Facebook cookies of victim( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
5- Revealing saved Facebook passwords on web-browsers( တိုက်ခိုက်မယ့် လူအနေ နဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
6-Bypassing Facebook’s Security Question( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)

အပေါ်က အချက်တွေထဲမှ နံပါတ် ၃နဲ့  ၆ ကတော့ Password Reserting နဲ့ တူပါတယ် ။ Password Resetting ဆိုတာက သင် ဖေ့ဘွတ်ပတ်စ်ဝက်မေ့တဲ့အခါ ပတ်စ်ဝက်အသစ် ကို ထည့်သွင်းရာတွင် လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်စွက်ပြီးအသစ်ပြန်လည် ရယူတဲ့ နည်းဖြစ်ပါတယ်..(မိမိခိုးယူမယ့်လူရဲ့ နဂိုမူလ Password ကိုသိဖို့ မလိုပဲ Password Reset အနေနဲ့ ခိုးယူခြင်းဖြစ်ပါတယ်)..။

ပထမနည်း ၁နဲ့ ၂ ကတော့ ပိုင်ရှင်လုံးဝမသိပဲ သူ့ ၏ Facebook ကိုဝင်တဲ့အီးမေးလ်နဲ့  Facebook password ကို အသုံးပြုပြီးဝင်ရောက်တဲ့နည်းဖြစ်ပါတယ် မူလ password ကို Hack လိုက်တဲ့ နည်းဖြစ်ပါတယ်

ဒါဆိုတစ်ချက်ချင်းလေ့လာကြည့်ရအောင်ဗျာ..

----------------------------------------------

1-KeyLogging- For Hacking Facebook Account *

ဒီနည်းက ရိုးရှင်းပြီး အလွန်ကိုထိရောက်တဲ့ နည်းလမ်းပါပဲ တိုက်ခိုက်မယ့်လူအနေနဲ့  မည်သည့်  Hacking Knowledge မှ ကောင်းကောင်းမွန်မွန် သိဖို့ မလိုပါဘူး ၊ ကွန်ပျူတာကိုအခြေခံကျွမ်းကျင်မှုရှိရင် Hack နိုင်ပါပြီး...၊

Key-logger Software ဆိုပြီး နာမည်ကြီးပျံ့ နှံ့ နေတဲ့ အတိုင်းပါပဲ မိမိအသုံးပြုမယ့် ကွန်ပျူတာမှ ဒီSoftware ကိုမသမာသူက ကြိုတင် Install လုပ်ထားလိုက်ပါတယ်..။

သင်ထိုကွန်ပျူတာကို အသုံးပြုတဲ့အခါ သင့်ရဲ့ ဖေ့ဘွတ် Username and Password ကိုရိုက်ထည့်လိုက်တာနဲ့  ဒီဆော့ဝဲလ်က နောက်ကွယ်ကနေ အကုန်လုံး ကိုမှတ်သား ထား မှာဖြစ်ပါတယ်..။

သင်အသုံးပြုပြီးပြန်သွားတဲ့အခါ မသာမာသူမှ ထိုဆော့ဝဲလ်အားဖွင့်လှစ်ပြီး သင့်ရဲ့  Data တွေကို ရယူသွားပါလိမ့်မယ် ထိုဆော့ဝဲလ်ဟာ သင်(သာမန် User) မမြင်နိုင်တဲ့ Background Process အနေနဲ့  ကွန်ပျူတာမှာ Processing လုပ်နေပါတယ်..။

Key-logger software ကိုယနေ့ ခေတ်မှာ Facebook အကောင်ခိုးယူဖို့တင်မကပဲ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုနေကြပါတယ်..၊

ထို Key-logger ကို (၂)မျိုးထပ်မံခွဲခြားနိုင်ပါတယ်..။
-Software Keylogger
-Hardware Keylogger -z ပါပဲ...
*Software Keylogger ဆိုတာကတော့အပေါ်ကကျွန်တော်ပြောသလိုပဲ ကွန်ပျူတာထဲသွင်းပြီး အသုံးပြုရတဲ့နည်းလမ်းပါပဲ သူက ဆော့ဝဲလ်တခုအနေနဲ့ တည်ရှိပါတယ် ၊ (အားနည်းချက်အနေနဲ့ ကတော့-နားလည်သူတွေကဒီSoftware Run ထားခြင်းရှိမရှိကို သိရှိနိုင်ကြပါတယ်)

*Hardware KeyLogger ကတော့ Hardware တခုအနေနဲ့ ရပ်တည်ပါတယ် သူက USB Pen Drive လိုပါပဲ သူ့ မှာ အချက်အလက်တွေမှတ်ဖို့  Internal Memory တပ်စင်ထားပါတယ်..
သူ့ ကို ကွန်ပျူတာနဲ့  Keyboard ချိတ်ဆက်ပေးမယ့် ကြိုးရဲ့ ခေါင်းနဲ့  ကွန်ပျူတာ System ပုံး အနောက်မှ ကီးဘုတ်ချိတ်ဆက်မယ့် USB Port သို့ မဟုတ် PS2 Port ကြားမှာ ကြားခံ အနေ နဲ့ တပ်ဆင်ထားပါတယ်..

သူ့ ရဲ့အလုပ်လုပ်ပုံကတော့ ကီးဘုတ်ကနေရိုက်သမျှ စာအားလုံးကို ကွန်ပျူတာတဲ့ Instruction အနေနဲ့ မ၀င်ခင်မှာ အကုန်ကြားခံဖမ်းယူမှတ်သားခြင်းပဲဖြစ်ပါတယ်..
ဒီပစ္စည်းလေးတပ်ဆင်ထားတာကိုတော့ ကွန်ပျူတာ System ပုံးကိုသတိထားနိုင်မှသိနိုင်ပါတယ်...

-------------------------------------------------

2-Phishing - For Hacking Facebook Account *

Hacked နည်းတွေထဲက နည်းလမ်းဟောင်းတစ်ခုဖြစ်ပြီး Facebook အကောင့်တခုတည်းသာမက password protected လုပ်ထားတဲ့ မည်သည့်အကောင့်ကိုမဆို( e.g Gmail,yahoomail)
Hackတဲ့အခါမှာအသုံးချနိုင်ပါတယ်...သင်ဘယ်လောက်ပဲ Phishing နဲ့  ပတ်သက်ပြီး တိုက်ခိုက် လာနိုင်တဲ့ နည်းလမ်းတွေကိုနားလည်သိ၇ှိထားပါစေအုံး မထင်မှတ်တဲ့ အမှားလေးတစ်ခုကနေ သင့်ရဲ့  Facebook ကို အခိုးခံရနိုင်ပါတယ်..။

ဘာလို့ လဲဆိုတော့ ဒီနည်းလမ်းက လှည့်ကွက်တွေများတယ် သင့်ရဲ့ စိတ်အာရုံက ဖမ်းစားနိုင်မယ့် မက်လုံးတစ်ခုခုနဲ့ သင့်ကို တိုက်ခိုက်သူ တွေက တိုက်ခိုက်ရန်အကွက်ဆင်နေ မှာဖြစ်ပါတယ် .. ။

ပုထုဇဉ်လူသားတွေပီပီ..တခါတလေ သတိမမူလို့ ဂူမမြင်လိုက်တဲ့ သာဓကတွေလဲရှိသားလား..
Popular အဖြစ်ဆုံး Phishing Hack နည်းကတော့.. Facebook ရဲ့  Login Home Page အတုကို ဖန်တီးပြီး Hack တဲ့နည်းပါပဲ...။

မသမာသူဟာ သင့်ဆီသို့ နည်းအမျိုးမျိုးနဲ့  Fake Facebook Login Link Address တစ်ခု ကို မရောက်ရောက်အောင် ပို့ မှာဖြစ်ပါတယ်.အဲဒီ အတုဟာ တကယ့်အစစ်နီးပါ တူညီပါတယ်..၊
အဲဒီလို လင့်တစ်ခုသင့်ဆီေ၇ာက်လာပြီဆိုပါတော့ သင်ကလဲ အတု မှန်းမသိလိုက်ဘူးဆိုပါတော့..
သင်ပုံမှန်အတိုင်း သင့်ရဲ့  username and password ပေးပြီး...
Enter တစ်ချက် Click တစ်ကလစ်မှာပဲ...သင့်ရဲ့ username နဲ့  password မှန်မမှန်တိုက်ဆိုင်စစ်ဆေးပြီးဝင်ခွင့်ပေးဖို့  ပုံမှန်လုပ်ငန်းစဉ် Facebook ရဲ့  Database Information Server ကို မပို့ တော့ပဲ မသမာသူဆီပို့ ပေးလိုက်ပါတယ်...။

ထိုအခါ မသမာသူက သင့်ရဲ့  Username နဲ့  Password ကိုလက်ခံရရှိပြီးဖြစ်ပါတယ်.....
ကျွန်တော်ဒီပို့စ်နဲ့ အတူ တင်ထားပေးတဲ့ ပုံမှာ ကြည့်ရှုပြီး အလွယ်တကူနားလည်သိမြင်နိုင်ပါတယ်..
ပုံမှာမြင်တဲ့အတိုင်းပါပဲ...Hacker ကတော့ Trick တွေသုံးပြီးသူ့ ရဲ့ သားကောင်ကို Login Page အတု ပို့ ပြီး...လှည့်စားနေပါပြီ ..။

ဒီနည်းလမ်းကိုသုံးတဲ့သူက ဘာကြောင့် ခက်ရလဲဆိုတော့ Fake Facebook Login page တခု ကိုတည်ဆောက်ရတာအရမ်းမခက်ခဲပေမယ့် လူတွေဟာ အခုတော့ဒီ Phishing ရဲ့ နည်းလမ်း သဘောသဘာဝကို အတိုင်းအတာတခုထိနားလည်လာကြတဲ့အခါ တော်တန်ရုံ လှည့်စား လို့ မရတော့ပါဘူး..ဒါကြောင့်ခက်ခဲတယ် လို့ ဆိုလိုခြင်းဖြစ်ပါတယ်..သင့်ရဲ့ လိမ်ညာလှည့်ဖျားမှု Trick သုံးနိုင်တဲ့အခြေအနေအပေါ်မူတည်ပါတယ်..အထူးသဖြင့် Mobile ပေါ်က Facebook User တွေကို တိုက်ခိုက်မယ်ဆိုရင်တော့အနည်းစယ်ခက်ခဲပါလိမ့်မယ်။

ဘာလို့ လဲဆိုတော့ Mobile ပေါ်မှာ URL Link တွေကို အလွယ်တကူ checks လုပ်ဖို့ ခက်ခဲလို့ ပါပဲ မဟုတ်လား??

--------------------------------------------------

*Using Victims Mobile to Hack Facebook Account

ဒီနည်းက ကျွန်တော်ကနဦးတင်ပြခဲ့သလိုပဲ Password Resetting နည်းပါပဲ ၊ နကိုမူလ password ကို Breaking လုပ်ပြီး..ဝင်ရောက်တဲ့သဘောပါပဲ..။
ဒီနည်းတွေက ချစ်သူကြား သူငယ်ချင်းတွေကြား.မှာရေပန်းစားပါတယ်..လွယ်လွန်းပါတယ် Forgot Password လို့ လုပ်ပီး ကြိုးစားရုံပါပဲ.. ဒါပေမယ့် သင်ရဲ့ သားကောင်ဖုန်းနံပါတ်ကိုသိဖို့ လို သလို Facebook ကြီးကပြန်ပို့ လာမယ့် sms ထဲက Code ကိုဖတ်ဖို့  သင်ဟက်မယ့် သူငယ်ချင်း သို့ မဟုတ်ချစ်သူရဲ့ အနားမှာနေဖို့ တော့လိုမှာပေါ့နော်..။

နည်းလမ်းကို တော့ ကာကွယ်တဲ့နည်းပို့ စ်ကိုတင်ပြတဲ့အခါ ထည့်ရေးပေးပါ့မယ် ဒါပေသိ... သင်မြန်မာနိုင်ငံမှာနေထိုင်သူဆိုလျှင်တော့ ဒီနည်းလမ်းကို လက်ရှိမှာ အသုံးချလို့ မရ ပါဘူး.. မြန်မာပြည်ကို sms ပို့ လို့ မရလို့ ပါပဲ။

(*တခါတလေမြန်မာပြည် မှာလူဖြစ်ရတာ ကျေနပ်စရာတွေထဲက တစ်ခုပေါ့..သင့်အကောင့်ကိုလုံခြုံမှုတခုပေးနိုင်လို့ လေ :P )

----------------------------------------------------

Stealing Facebook Cookies of your Victim *

တိမ်မယောင်နက် လွယ်မယောင်နဲ့ ခက်တယ်လို့ ပဲဆိုရလိမ့်မယ့် နည်းလမ်းပေါ့...
ဒီနည်းလေးကိုမပြောခင်မှာ - What is Cookie?
စားစရာတော့မဟုတ်ဘူးနော်...အဲဒါ Danger !!
Cookie သို့ မဟုတ် HTTP Cookie( Hyper Text Transfer Protocol), Web Cookie, Browser (Firefox, Chrome,Internet Explore,Safari, Opra, Maxthon) Cookie....၊
ဒါတွေအားလုံးက text File လေးတစ်ခုပါပဲ ဘယ်လို File လဲ www.google.com
ကို ကြည့်မယ် ဆိုပါတော့..ဒါဆို google web server ကနေ သင့်ရဲ့  browser ကိုပို့ လိုက်တဲ့ text File ကို cookie လို့ ခေါ်ပါတယ်..။

သင့်ရဲ့  Browser ကတော့ ဒီဖိုင်လေးကို သိမ်းပြီး သင်ဒီweb site ကို ကြည့်နေသမျှ သင်နဲ့ ဒီဆိုဒ်ကိုbrowser က ဒီဖိုင်လ်လေးကိုပြန်ပို့ ခြင်းဖြင့်ဆက်သွယ်ပေးနေမှာဖြစ်ပါတယ်..
ဒါဆိုရင် ဒီ Cookie တွေက ဘယ်လိုအသုံးကျတာလဲ...သူကတော့ user Authentication, identification တွေကိုလုပ်ပေးတာဖြစ်တယ်..။

ဒီCookie တွေဟာ software မဟုတ်ဘူး သူတို့ တွေဟာ Virus တွေကို မသယ်ဆောင်နိုင် ဘူး.. ဒါပေမယ့်သူတို့ တွေဟာ Keylogger တွေလိုပဲ သင်ဒီBrowser မှာ ဘယ်တွေ သွားပီးဘာတွေ ကြည့်ခဲ့လဲ ဘာတွေလုပ်ခဲ့လဲဆိုတာတွေကို ဒီ Cookie တွေကနေ လိုက်လို့  ရပါတယ်၊ ဒီ cookie file လေးဟာ မသမာသူတွေရဲ့ ခိုးယူမှုသင်ခံရပြီးဆိုပါစို့  သူကတော့ သင့်ရဲ့  web access တွေကို ရရှိသွားပါပြီးဒါကို cookiestealing.

အတိုချုံးပြောရမယ် ဆိုလျှင်တော့ သင်ဖေ့ဘွတ်အကောင့်ကိုlog out မလုပ်ရသေးပဲ သင်ကွန်ပျူတာရှေ့ကနေ အတော်တန်ကြာ away from PC လေးလုပ်နေတယ် ဆို ပါတော့ သေချာ တယ် ကျွန်တော်ကတော့ သင့်မုန့်ကိုခိုးစားတော့မှာပဲ :P
ဒါပေမယ့် တကယ်လို့များသင်ဟာfacebook ကို HTTPS ဆိုတဲ့ secure ပိုဖြစ်တဲ့ protocol နဲ့ သုံးနေမယ်ဆိုရင်တော့ ကျွန်တော်အတွက်တော့ဘယ်လိုမှခိုးယူဖို့ မဖြစ်နိုင်ပါဘူး...

-----------------------------------------------------

Revealing saved Facebook passwords from web browsers*

တူးမယ်ဆွမယ်..ခင်ဗျားတို့ သိမ်းထားတဲ့ Password တွေကို..မယုံမရှိနဲ့ ကျွန်တော်ထိဖူးတယ် အဖြစ်အပျက်က ဒီလို ကိုယ်ရဲ့ ပေါ့ဆမှုပေါ့ သူကခိုးတာမဟုတ်ဘူး ၊ ကိုယ်က ပေးလိုက်မိတာပါ...ကိုကိုရယ် Firefox ကသုံးလို့ မကောင်းဘူး ၊ ဗီဒီယိုကြည့်ရတာအဆင်မပြေဘူးဆိုလို့  ကဲဘေဘီရေ ရော့ ဆိုပြီး ကျွန်တော်သုံးနေတဲ့ Chrome ကိုပို့ ပေးလိုက်တယ်..ကျွန်တော်ကလူပျင်းလေ ကိုယ့်ပါစင်နယ် Laptop မှာဆိုတော့ Password တွေ အကောင့်တွေ Auto Save ထားတာ အကုန် ပါလေရော ကိုယ်တောင် မမှတ်မိတော့တဲ့အကောင့်တွေ သူဖွင့်လို့ ရပါလေရော အဲဒီမှာ ကွိုင်တာပေါ့ အရင်က past chat တွေနဲ့  :P တော်ပါသေးတယ် ချစ်သူက အကုန်သိပြီးသားကိစ္စတွေမို့ လို့ ပေါ့ နားလည်ပေးတယ်)

အဲဒီလို ထိတာ...အင်ဒီနည်းကတော့ ဒီလိုဗျ..သူကတော့ သင်သာ ကျွန်တော့် လိုအပျင်းကြော ထူနေရင်တော့ ခံရပါလိမ့်မယ်..။
ဖြစ်နိုင်ရင် မသိမ်းထားပါနဲ့ တခါသိမ်းထားခဲ့ရင် Clear Browse History မလုပ်မချင်း လုပ်ခဲ့ရင်တောင် Save Password ကိုပါ မဖျက်မိရင် ပြန်ဖော်နိုင်ပါတယ်...
ဒါကတော့ ဖော်လို့ ရတဲ့နေရာတွေပါ..
Chrome: Goto tools >> Options >> Personal Stuff >> Manage saved Passwords
Firefox: Goto tools >> Options >> Security >> saved Passwords
Internet Explore >> ကိုတော့ထည့်မပြောတော့ပါဘူး .ဘယ်သူမှသူ့ ကိုကရုမစိုက်တာ :) :)
------------------------------------

နောက်ဆုံးနည်းကတော့ Bypassing Facebook's Security Question *

Facebook ရဲ့  အဓိက Security အားနည်ချက်တစ်ခုပေါ့..အဲလိုမြင်လို့ လဲရသလို အဲလိုမဟုတ်ပဲတကယ်လို့ များမိမိအကောင့်ပတ်စ်ဝေါ့ မေ့သွားတဲ့အခါ ပြန်လည်ရယူနိုင်ဖို့  ကူညီထားတဲ့ အခန်းကဏ္ဍတခုပဲ...။

ဒါကိုပဲ မသမာသူတွေက အသုံးချ..ယုံကြည်မှုကို နားလည်ပါးရိုက်လုပ်စား တဲ့အကွက်လို့ ပြောရရင်ပိုမှန်မယ်..။
တချို့ ချို့ က ဒါကို Social Engineering Attack လို့ လဲခေါ်ပါတယ်..။
သူကဘယ်လိုလဲတခါတလေ သင့်ပတ်စ်ဝက်မေ့တဲ့အခါ Forgot your password ကိုနှိပ်ပီး အသစ်တစ်ခုResert လုပ်ပြီဆိုပါတော့..။
သင့်သူငယ်ချင်းနာမည်တွေကိုမေးမယ် ဓာတ်ပုံတွေကို ဘယ်ဟာက ဘယ်သူလဲဆိုပီး Multiple Choice ခိုင်မယ်...ဒါမှမဟုတ် Security Question တွေမေးမယ်..။
ဒါဆိုရင်တော့ သင်ဖောက်လို့ ရလောက်ပါပီ သင့်သူငယ်ချင်း သို့ မဟုတ်ချစ်သ မောင်နှမ တွေရဲ့  အကောင့်ဆိုလျှင် သင် သူငယ်ချင်းတချို့ လဲသိနိုင်သလို Photo တွေလဲသိနိုင်မှာပဲ...Security Question တွေကိုလဲသိနိုင်ခန့်မှန်းနိုင်မှာပါ...။
နောက်လာမယ့် ကာကွယ်နည်းပို့ စ်မှာ ပိုအသေးစိတ်ရှင်းလင်းပေးပါ့မယ်။

-----------------------------

ကဲဒါဆိုရင် ကနဦးကျွန်တော်မေးထားတဲ့ မေးခွန်းကိုပြန်လည်ဖြေကြည့်ရအောင်ဗျာ..
Facebook ရဲ့ Security System ဟာအရမ်းကို ခိုင်မာလွန်းပါတယ် ဒါဆိုဘာလို့ အခိုးခံရလဲ?
ရှင်းပါတယ် ခိုးဖို့ ကြိုးစားသူက ၇၀% အားထုတ်မှု၃၀%သော အားနည်းချက်ကတော့ကျွန်တော်တို့ User တွေရဲ့ ဗဟုသုတနည်းပါးမှုနဲ့ သတိလျော့မှုတွေကြောင့်ပဲဖြစ်ပါတယ်။
အသေအချာပြောနိုင်တာကတော့ ဘယ်လောက်တော်တဲ့ Hacker ဖြစ်ပါစေအုံး..Facebook ရဲ့  username & password တွေကို သိုလှောင်ထားတဲ့ Database Server ထဲကို ချိုးဖျက်ဝင်ရောက်ပြီး ကျွန်တော်တို့ ရဲ့  Username and Password ကို မရယူနိုင်ဘူးဆိုတာပါပဲ..
Facebook ရဲ့  Security Credential တွေကတော့ တကယ် Strong ဖြစ်ပါတယ်....

စကားချပ်အနေနဲ့ Hack ချင်သူတွေကိုသတိပေးချင်တာကတော့...
သင်ဟာ အချိန်မရွေး မုဆိုးကနေ သားကောင်ဘဝကိုရောက်သွားနိုင်တယ်ဆိုတာပါပဲ။
ဘယ်လိုအခြေအနေမျိုးလဲ ....Ready Made Software တွေပေါ့ Facebook Recovery Software, Facebook Hacking Software တွေရှိတယ် ရမယ် ၁ဝဝ % အာမခံတယ် ။ ပိုက်ဆံပေးပြီးသာဝယ်လိုက် ရစေရမယ်ဆိုတဲ့ စွဲဆောင်မှုတွေကြေငြာချက်တွေကိုယုံစားမိတဲ့အခါ သင်ဒီဆော့ဝဲလ်တွေကို ဝယ်ယူဖို့  အွန်လိုင်းပေါ်ကနေ ဝယ်ယူတော့မယ်ဆိုပါဆို သင့်ID နဲ့  Password က အချိန်မရွေး..ပါသွားနိုင်တယ်ဆိုတာကိုသတိချပ်သင့်ပါတယ်..။

ဥပမာ -သင့်က Hack ချင်ပီ hack နည်းရှာရင်းနဲ့  ဒါလေးကိုတွေတယ်ဆိုပါတော့ သူကတောင်းတော့မယ်။
သင့်ရဲ့  Facebook Login email and password နဲ့  သင်ဟက်ချင်တဲ့လူရဲ့  profile link ကိုပေးပါဆိုပြီးတော့ပေါ့ ကိုယ်ကလဲငမ်းငမ်းတက်ရချင်စောနဲ့ ပေး..အဲဒီမှာအေးတာပါပဲ..ကဲ သူခိုးလက်ဓားရိုးကမ်းတယ်ဆိုတာပါပဲ..။

အဲဒီလူတွေကလဲလည်တယ် ၊သင်ယုံချင်အောင်ပေး ပို့ ရမယ်အီးမေလ်ကို ဒီလိုနာမည်တွေပေး တယ်ဗျ..။
password.recovery@facebook.com အစသဖြင့်ပေါ့ .... ကဲဘယ်လောက်ပုံမှား ရိုက်တတ် တယ်ဆိုတာပါပဲ..သေချာဆုံးတစ်ခုကတော့ Hack ချင်သူများ အနေနဲ့ခေါင်းထဲထည့်ရမှာကတော့ Facebook အကောင့်ကို ဟက်ဖို့  ဆော့ဝဲလ် လုံးဝလုံးဝမရှိသေးဘူးဆိုတာပါပဲ.....။

Lock ကျနေသာ Facebookအကောင့် ပြန်ယူနည်း
လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်

ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေဗျား !!!

Villager Myanmar Facebook


မြန်မာနိုင်ငံသည် နျူကလီးယား နည်းပညာကို ဆေးဘက်ဆိုင်ရာ၊ သုတေသနဆိုင်ရာနှင့် စွမ်းအင်ဆိုင်ရာ ရည်ရွယ်ချက် များအတွက် သုံးစွဲရန် စီစဉ်ထားကြောင်း၊ သို့သော် နျူကလီးယား လက်နက်များ ထုတ်လုပ်မည် မဟုတ်ကြောင်း၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းဆင်းပွဲတွင် မြန်မာစစ်ဘက် အကြီးအကဲက ပြောဆိုခဲ့သည် ဟု စနေနေ့ ထုတ် နိုင်ငံပိုင် မီဒီယာမှ သတင်း ထုတ်ပြန်ခဲ့သည်။

“ခေတ်သစ် ဆေးကုသမှုမှာ ကင်ဆာရောဂါကို ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်တွေ၊ ဓာတ်ရောင်ခြည်ကုထုံးတွေနဲ့ ကုသဖို့ နျူကလီးယား ဆေးပညာကို ထိထိရောက်ရောက် အသုံးပြုကြတယ်” ဟု ရန်ကုန်တွင် ကျင်းပသော သင်တန်းဆင်း အခမ်းအနားတစ်ခုတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

“တပ်မတော်ဟာ လူအစုလိုက် အပြုံလိုက် သေစေတဲ့ လက်နက်တွေ ထုတ်လုပ်ဖို့ နျူကလီးယား နည်းပညာကို အသုံးပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးဘက်ဆိုင်ရာ ကဏ္ဍ၊ သိပ္ပံပညာ ကဏ္ဍနဲ့ လျှပ်စစ်စွမ်းအင် ကဏ္ဍတွေ မှာ အသုံးပြု ဖို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေအတွက် လေ့လာမှုတွေ၊ စမ်းသပ်မှုတွေ ကိုတော့ လုပ် ဆောင်သွားမှာဖြစ်ပါတယ်” ဟု သူကဆိုကြောင်း မြန်မာ ဘာသာဖြင့် ထုတ်ဝေသော နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာ တွင် ရေးသား ဖော်ပြခဲ့ပြီး အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော နေ့စဉ် သတင်းစာ များတွင်မူ ဖော်ပြခဲ့ခြင်း မရှိချေ။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယား အကူအညီဖြင့် နျူကလီးယား အစီအစဉ်အချို့ကို လျှို့ဝှက်လုပ်ဆောင် နေနိုင်ကြောင်း ဘက်ပြောင်း ခိုလှုံသူများ၏ ပြောကြားချက်အရ ခန့်မှန်းတွေးဆမှုများမှာ ကာလကြာရှည်စွာ ကပင် ရှိခဲ့သည်။ လွန်ခဲ့သော လတွင် နျူကလီးယား အဆောက်အအုံနှင့် ရုပ်ဝတ္ထုပစ္စည်းများ အားလုံးကို ထုတ်ဖော် ကြေညာရန် လိုအပ်သည့် နိုင်ငံ တကာ သဘောတူညီချက် တစ်ခုကို လက်မှတ်ရေး ထိုးမည်ဖြစ် ကြောင်း သမ္မတ ဦးသိန်းစိန် ၏ ပြုပြင်ပြောင်းလဲရေး အစိုးရက ကြေညာခဲ့သည်။ မည်သည့် အရာကို ထုတ်ဖော် ကြေညာမည် ဆိုသည်မှာ မြန်မာနိုင်ငံ၏ သဘော သာဖြစ်သော်လည်း စစ်ဘက်-အရက်ဘက် နှစ်မျိုးသုံး ဟုတ်၊ မဟုတ်နှင့် အမေရိကန် အပါအဝင် အခြားနိုင်ငံများက သံသယဖြစ်နေသော ပြုံယမ်းနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ပတ်သက်သည့် အဖြေတချို့ ကိုမူ ရနိုင်ဖွယ် ရှိပါသည်။

ကုလသမဂ္ဂ နျူကလီးယား စစ်ဆေးရေးမှူးများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခွင့်ပြုရန် ဦးသိန်းစိန်၏ သဘော တူညီမှုမှာ ဝါရှင်တန်နှင့် ဆက်ဆံရေးများကို တိုးတက်စေခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများထက် ပိုပါသည်။ ယခင် စစ်အစိုးရ လက်ထက်ကမူ နျူကလီးယား အစီအစဉ်တစ်ခု ရှိကြောင်းကို တွင်တွင် ငြင်းဆိုခဲ့ပြီး အခြေအမြစ် မရှိသော နိုင်ငံရေး အကြောင်းခံ စွပ်စွဲပြောဆိုမှုများအဖြစ် ပယ်ချခဲ့သည်။ ရာစုဝက်ကြာ စစ်ဘက် အုပ်ချုပ်မှု၏ ခြစားမှုနှင့် စီမံခန့်ခွဲမှု အလွဲအမှားများကြောင့် မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုမှာ ပျက်စီး ယိုယွင်း ကာ ကမ္ဘာ့ အနိမ့်ဆုံး အဆင့်သို့ ရောက်ခဲ့ ရသည်။ ချမ်းသာသည့် ကင်ဆာ ဝေဒနာသည် များသာ ထိုင်း၊ စင်္ကာပူတို့သို့ သွားရောက် ကုသနိုင်သော်လည်း အခြားသူများမှာမူ လနှင့်ချီ စောင့်ဆိုင်းခဲ့ကြရသည်။

Ref: AP
မြန်မာ အင်ဒီပဲန်ဒင့် ဂျာနယ်

ကျွန်တော့်အနေနဲ့ ပြည်တန်ဆာပပျောက်ရေးတွေလုပ်စေချင်တာက တဖက် ပြည်တန်ဆာ တွေတရားဝင်မှတ်ပုံတင်ရေး ကိုလုပ်သင့်တာကတဖက်နှစ်ခုလုံးကိုပြိုင်တူလုပ်ချင်တယ်။ ပြည် တန်ဆာတွေ ပပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မပြောခင် ပြည်တန်ဆာတွေ ဘာ ကြောင့်ပေါ်လာရသလဲဆိုတာကစပြီးဇစ်မြစ် လိုက်ကြည့်တတ်ဖို့လိုတယ်။

ပြည့်တန်ဆာ ဘာ့ကြောင့်ဖြစ်လာရသလဲ?

ပြည်တန်ဆာ ဘာကြောင့်ဖြစ်လာရသလဲဆိုတာ၊ ပထမ ဖို၊ မ သဘာဝကိုသိရှိ နားလည် ဖို့ လိုတယ်။ ဖိုရဲ့သဘာဝ နဲ့ မရဲ့သဘာဝဟာဗီဇစိတ်ချင်းမတူကြဘူး။ လူတွေဟာတိရိတ္ဆန်မျိုး စိတ်ထဲကအဆင့်အမြင့်ဆုံး တိရိတ္ဆန်မျိုးစုဖြစ်တယ်၊ ဒါကြောင့်ကျန်တဲ့တိရတ္ဆန်တွေ ကိုသူတို့ ဥာဏ်စွမ်းနဲ့အုပ်ချုပ်နိုင်တာဖြစ်တယ်။ ဒါပေမဲ့ဘယ်လောက်ဥာဏ်စွမ်းကြီးကြီးလူတွေ ဟာလဲ သူတို့ရဲ့ဗီဇကိုမငြင်းပယ်နိုင်ခဲ့တဲ့အတွက် လူ့လောကမှာလဲ ပြည်တန်ဆာဆိုတာပေါ် ပေါက် လာရတာဖြစ်တယ်။

ဖိုဗီဇ
ဖိုဗီဇဆိုတာ သူတို့ကိုသဘာဝကသူတို့မျိုးဆက်ကိုတိုးပွါးအောင်အဓိကတွန်းအားပေးတယ်။ လူတွေဟာအတွေးအခေါ်ရှိတယ်ဆိုတော့အချစ်ကိုဖန်တီးလာတယ်တယောက်နဲ့တယောက် ချစ်ကြတယ်ချစ်လို့ယူကြတယ်။ ကိုယ်ချစ်တဲ့မိန်းခလေးနဲ့ချစ်တင်းနှောကြတယ်၊ ဒီနေရာမှာ ကိုယ်မချစ်တဲ့မိန်းခလေးနဲ့ကော ကာမ မဆက်ဆံနိုင်ဘူးလားလို့မေးရင်ဘယ်လိုဖြေကြမလဲ?။

ဖိုဗီဇအရ အထီးဖြစ်သူဟာ သူ့မျိုးဆက်ပြန့်ပွါးရေးကို သူ့မှာ သဘာဝအရ အစွမ်းကုန်လုပ်ရမဲ့ တာဝန်ရှိနေတယ်ဆိုတာ သူ့စိတ်ထဲကအသိ၊ အပြင် သူ့ မသိစိတ်နဲ့ သူ့ရုပ်ခန္ဓာကိုယ်ကြီးက တောင်း ဆိုနေတာ ဖြစ်တယ်။ ဒါကြောင့်ချစ်တာမချစ်တာကနောက် မချစ်ဘဲနဲ့ကာမဆက် ဆံလို့ရတယ်။ သဘာဝတောင်းဆိုမှု ခန္ဓာကိုယ်ရဲ့သွေးသားတောင်းဆိုမှုအရဆက်ဆံနိုင် တယ်။

ဒီနေရာမှာတိရိစ္ဆန်တွေဟာဟန်ဆောင်မှုမရှိ အတွေးအခေါ်မရှိတော့လူတွေလို ဟန်မဆောင် နိင်ဘူး၊ မထိမ်းချုပ် ထားနိုင်ဘူးအရမ်းကိုပွင့်လင်းတယ်။ နွားသိုးတွေဟာနွားမတွေကို သဘော တူ မတူအတင်းမိတ်လိုက် (တိရိတ္ဆန်လောကမှာမုဒိန်းမှုမရှိဘူးလေ) ကြသလို၊ ခွေးထီးတွေက လဲ ခွေးမတွေကိုတော်သလင်းလမှာ တစီစီ နဲ့ မိတ်လိုက်ကြတာတွေ့ကြမှာဘဲ၊ တိရိတ္ဆန်တွေမှာ Ultra Male ဗိုလ်ခေါင်းဆောင်တွေကအမတွေအားလုံးကိုမောင်ပိုင်စီး ထား ကြတယ်၊ အုပ်ထဲ ကဘယ်အထီးကိုမှအထိမခံဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့မျိုးကို သာပွါးစေ ချင် တဲ့ဗီဇ သဘာဝတာဝန်ပေးချက် (Natural genetic duty)အရလုပ်ဆောင်နေကြတာဖြစ်တယ်။ ဒါ ကြောင့် သန် စွမ်း တဲ့မျိုးဆက်တွေသာသဘာဝကမျိုးပွါးစေခဲ့တယ်။ ဒီလိုဘဲသမင်တွေ၊ ကြက်ဖကြီးတွေ၊ မြင်းတွေ၊ လားတွေ၊ ဆင်တွေအားလုံး သူတို့မိတ်လိုက် နိင်ရေး ကိုသာ ဦးစား ပေးလုပ်ကြတာဟာဘာကိုပြသလဲဆိုတော့ အထီးတွေဟာလိင်ဆက်ဆံ ရေးမှာအမတွေ ထက်များစွာတက်ကြွတယ်၊ ပြင်းထန်တယ်ဆိုတာပါဘဲ။ဘာကြောင့်လဲဆိုတော့သူတို့မှာသဘာဝတာဝန် ပေးချက်အရသူတို့ရဲ့မျိုးစေ့ကိုတတ်နိုင်သလောက်ပွါးပေးရမဲ့အချက်ကြောင့်ဘဲ။

ဒီနေရာမှာလူတွေကျတော့အသိဥာဏ်နဲ့ယှဉ်ပြီးယဉ်ကျေးမှုတို့တရားဥပဒေတို့နဲ့ဒီသဘာဝက ပေးထားတဲ့ တိရိတ္ဆန် စိတ် (Animal Instinct) ကိုထိမ်းချုပ်ထားတယ်။ ဒါပေမဲ့ယနေ့အထိ အမျိုးသမီးတွေကို အင်အားသုံးအနိုင်ကျင့်ပြီး မုဒိန်းမှုတွေဆက်လက် ကျူးလွန်နေကြတာဘာ ကြောင့်လဲလို့မေးရင်ဒီ Natural Genetic Duty ကြောင့်ဘဲလို့ဖြေရလိမ့်မယ်။ အချုပ်အား ဖြင့်တခါတလေ လူတွေသတ်မှတ်ထားတဲ့ထိမ်းချုပ်မှုကို ဖေါက်ထွက်ပြီးသဘာဝတိရိစ္ဆာန်စိတ်က ပြန်ပေါ်လာတတ်တာဘဲ။

မဗီဇစိတ်
မဗီဇစိတ်ကဖိုနဲ့မတူဘူး၊ အမတွေက ခလေးမွေးရတော့ သူတို့ကသူ့ခလေးတွေအတွက်လုံခြုံမှု ပေးနိုင်မဲ့ Ultra Maleတွေ ကို အားကိုးကြတယ်၊ မိသားစုလုံခြုံရေးကို အဓိကဗီဇစိတ်ကလှုံ ဆော်ပေးတယ်၊ ဒါကြောင့်အမတွေကအထီးတွေကိုချဉ်းကပ်တာထက် အထီးတွေက သူတို့ကို ချဉ်းကပ်တာကို စောင့်ပြီးရွေးချယ်ကြတယ်။ ကာမဆက်ဆံမှုမှာအမတွေဟာအထီးတွေထက်ပို ပြီး passive ဖြစ်တယ် အထီးလောက်မတက်ကြွဘူး။ ဒါဟာအများစုကိုပြောတာ၊ ၁၀၀% လို့တော့မပြောလိုဘူး၊ ထူးထူးခြားခြားတက်ကြွတဲ့အမတွေလဲ အနည်းအကျဉ်းတော့ရှိ နိုင်ပါ တယ်။ ကိုယ်ခန္ဓာဖွဲ့စည်းပုံအရအမတွေဟာအထီးတွေလောက်ကြံခိုင်တောင်းတင်းမှုမရှိဘူး။ ဒီအချက်ကလဲ အမတွေကိုသဘာဝ အရအထီးတွေကလွှမ်းမိုးထားနိုင်ခဲ့တယ်။ လူတွေမှာလဲဘဲမိန်းမတွေဟာအခုထိတန်းတူအခွင့်အရေးရရေးအတွက်တိုက်ပွဲဝင်နေစဲဖြစ်တာတွေ့ရမှာပါ၊ အထူးသဖြင့်အာရှတိုက်၊ အာဖရိကတိုက် နဲ့ အာရပ်နိုင်ငံတွေမှာမိန်းမတွေရဲ့အခွင့် အရေးဟာ တန်းတူညီမျှမရကြသေးပါဘူး၊ အဖိနှိပ်ခံအဆင့်မှာဘဲရှိပါသေးတယ်။

လူ့ပတ်ဝန်းကျင်နဲ့ဈေးကွက်တောင်းဆိုမှု (Human Society and Market Demand)

အထက်ကဖေါ်ပြခဲ့သလို ဖိုဗီဇအရ အထီးတွေဟာ သူတို့မျိုးပွါးဖို့သဘာဝလှုံဆော်မှု အရ ဆန့်ကျင်ဖက်လိင်ကို အရွယ်ရောက်လာတာနဲ့အမျှ တောင့်တလာတယ်၊ ချစ်ကြိုက်ဖို့၊ အိမ် ထောင် ပြုဖို့ထက် ကာမဆက်ဆံရေးကိုတောင့်တလာတယ်။ ဒီလိုတောင့်တတဲ့ဦးရေများ လာတဲ့အတွက်ဈေးကွက်ကသူ့အလိုလိုပေါ်လာတယ်။ အိမ်ထောင်မကျခင်လူလားမြောက်လာ တဲ့အခါကာမဆက်ဆံရေးကိုလက်တဲ့စမ်းချင်ကြတယ်။ ချစ်သူနဲ့ဖြစ်ဖြစ်၊တယောက်ယောက်နဲ့ ဖြစ်ဖြစ်စမ်းကြည့်ချင်တယ်။ မိန်းခလေးကတော့မတော်တဆကိုယ်ဝန်ရှိသွားမှာစိုးတာတို့ ကြောင့်နဲ့မဗီဇကြောင့်ပါမိတ်ဖက်ကိုလွယ်လွယ်နဲ့သဘောမတူနိုင်တာ
လဲပါတယ်။

အဓိပ္ဗါယ်က ဝယ်လို အား (Demand) ရှိလာတဲ့အခါ ဈေးကွက် (Market) ကပေါ်လာတာပါဘဲ။ ဒါကြောင့် ယဉ်ကျေးတဲ့လူ့ပတ်ဝန်းကျင်မှာ ပြည်တန်ဆာဈေးကွက်ဆိုတာပေါ်လာတာဖြစ် တယ်။ ဒါ ကိုမပေါ်ရဘူးမရှိရဘူး၊ ရှက်ဖို့ကောင်းတယ်လို့ပြောနေတဲ့ယောက်ျားတွေ သူတို့တွေ ပြည်တန် ဆာနဲ့မဆက်ဆံဘူး လို့လားလို့မေးရင်ဘယ်လိုဖြေကြမလဲ? ။ တရားအားထုတ်နေ ပါတယ် ဆိုပြီးနေတဲ့ဘုန်းကြီးတွေဒကာမတွေနဲ့ရှုပ်နေတာတွေ၊ဘုရားလူကြီးတွေဖါခန်းထဲမှာမိတာတွေ၊ ဟာလူတွေဟာ ဟန်ဆောင်နေကြတယ် သူတို့အတွင်းစိတ်ထဲမှာတိရိစ္ဆန်စိတ်တွေရှိနေတယ် ဆိုတာ သက်သေပြချက်တွေပါဘဲ။ ဘုရားရှင်လက်ထက်မတိုင်မှီထဲကပြည့်တန်ဆာဆိုတာ လူ တွေမကောင်းလို့ပေါ်လာတာမဟုတ် ဘူး၊ လိုအပ်လို့ပေါ်လာတာ၊ အမ္ဗပါလီ ဟာချောလွန်းလို့ လိုချင်သူများတဲ့အတွက်အများဘုံပိုင်လုပ်ပေးခဲ့ရတယ်။

ဖိုဆိုတဲ့ယောက်ျားတွေတောင်းဆိုမှု များတဲ့ကာမဆက်ဆံမှုဟာဘယ်တော့မှလျော့နည်းသွားမှာမဟုတ်သလို၊ အဲဒီတောင်းဆိုနေတဲ့ ဈေးကွက်ကိုဖြည့်ဆည်းပေးဖို့ကလဲ ပြည်တန်ဆာခေါ်ခေါ် ဖါခေါ်ခေါ်ဆိုတာလဲရှိနေမှာဘဲ။ ဒါဟာအရှိတရား၊ အရှိကိုအရှိအတိုင်းလက်ခံပြီးဒါကိုဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ရ မလဲဆိုတာကအမှန်ကန်ဆုံးဖြေရှင်းချက်ဖြစ်တယ်။
ပြည်တန်ဆာတရားဝင်မှတ်ပုံတင်တာကိုမလုပ်သင့်ဘူးလို့ပြောနေတဲ့သူတွေကိုတခုမေးမယ်။


ပြည်တန်ဆာမရှိတဲ့နိုင်ငံရှိသလား?

အင်မတန်တင်းကြပ်တဲ့အာဏာရှင်စံနစ်နဲ့အုပ်ချုပ်နေတဲ့ကွန်မြူနစ်နိုင်ငံတွေမှာတောင်ဖါဆိုတာရှိတယ်၊ ဟော်လန်နိုင်ငံမှာတရားဝင်မှတ်ပုံတင်ပြီးဖါတန်းတွေရှိတယ်၊ ဆေးခြောက်တရားဝင် ကော်ဖီဆိုင်တိုင်းမှာဝယ်ပြီးရှူနိုင်တယ်၊ ဘယ်သူတွေကမှဒီနိုင်ငံကိုဖါနိုင်ငံကြီး၊ ဆေးခြောက်နိုင်ငံကြီးလို့နှိမ့်ချမထားတဲ့အပြင်ဥရောပကလူတွေရက်အားရက်တွေမှာအလွန်သွားချင်ကြတယ်။ အဲဒီနိုင်ငံဟာအခြားအိမ်နီးချင်းနိုင်ငံတွေထက်ရာဇဝတ်မှုနည်းတယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေနဲ့ စံနစ်တကျ အုပ်ချုပ်ထားလို့ဖြစ်တယ်။

ဘူမိဗေဒကဆရာ____ကသူရုရှားမှာပညာသွားသင်တုံးကအတွေ့အကြုံကို၁၉၇၂ခုနှစ်လောက်ပြောပြဘူးတာကိုမှတ်မိနေသေးတယ်။ သူကရုရှားမှာ သိပ်ငတ်တော့အိုက်စကရင်ကျွေးတာနဲ့ရပ်ရှားမတွေက လိုက်အိပ်ကြတယ်တဲ့သူတို့ကပညာသင်တွေဆိုတော့ အခန်းကောင်းကောင်း နွေးနွေးထွေးထွေးနေရတယ်၊ ရပ်ရှားမတွေကအိုက်စကရင်လေးစားပြီးနွေးနွေးထွေးထွေးအိပ်ရ ရင်ပြီးတာဘဲတဲ့။ ဆင်းရဲတဲ့အခါငွေကြေးပေးတာယူပြီး လိုက်အိပ်ကြတယ်၊ စားစရာ၊လက် ဆောင် ပေးတာယူပြီးလိုက်အိပ်ကြတယ်၊ ပိုက်ဆံယူရင်ဖါဖြစ်တယ်၊ လက်ဆောင်ယူရင် ကော ဘာထူးလဲ၊ Demand တောင်းဆိုမှု ရှိရင် Market ဈေးကွက် ဆိုတာပေါ် လာတာဘဲ မဟုတ် လား။ ဆရာဟာပညာတတ်ဘဲသူဒီရပ်ရှားမတွေကိုညညခေါ်အိပ်တာဟာဖိုသဘာဝလိုအပ် ချက်ကြောင့်ဘဲ၊ သူ့ကာမလိုအပ်ချက်ကိုမုဒိမ်းမှုမကြူးလွန်ဘဲယဉ်ကျေးစွာဖြေရှင်းလိုက်တာ ဘဲဖြစ်တယ်။ သဘာဝမျိုးပွါးဖို့လှုံဆော်မှုအရအချစ်မပါဘဲလုပ်ခဲ့တာဘဲ။

တရားဝင်လုပ်လုပ်၊ မလုပ်လုပ်၊ ဖါဆိုတာရှိနေမှာဘဲဆိုတာကိုလက်ခံလိုက်ပြီးရင် အဲဒီဖါတွေကို နှိမ်နင်းတဲ့ဥပဒေတွေ ထုတ်ပြီးဖမ်းဆီးအရေးယူနေရင်ပျောက်ကွယ်သွားမှာလားလို့ နောက်တ ဆင့်ထပ်မေးရင် ဘယ်တော့မှမပျောက်ဘူးလို့ဖြေမယ်။ ဘယ်လိုဘဲတင်းကြပ်တဲ့ဥပဒေတွေ ထုတ်နေပါစေ၊ ဖါတွေကတော့ရှိနေမှာဘဲ။ ဒါပေမဲ့ဒီလိုဥပဒေတွေကြောင့်တရားမဝင်လုပ် ငန်း တွေဖြစ်လာပြီး အစိုးရဝန်ထမ်းတွေဖြစ်တဲ့ရဲတွေ၊ တရားသူကြီးတွေ အနေနဲ့ အကျင့် ပျက် ချစားမှုတွေကို လုပ်ဆောင်လာရန်အခွင့်အလန်းတွေပေးလာတယ်၊ တဖက်မှာလဲပြည်တန်ဆာ လုပ်ငန်းတွေလုပ် တဲ့ သူတွေကလဲ မိန်းခလေးတွေကိုအတင်းအဓမ္မခိုင်းစေမှုတွေကို အကျင့် ပျက်ရဲတွေနဲ့ပေါင်းပြီး ပြောင် ပြောင်တင်းတင်းလုပ်နိုင်ခွင့်ရသွားတယ်၊ ဖါဖြစ်နေတဲ့ မိန်းခလေး တွေဟာ၊ မတရားအလုပ်ခံရလဲ မပြောရဲ ရောဂါဖြစ်လဲ မပြရဲ နဲ့ဘဝဆုံးကြရ တယ်။

မြန်မာနိုင်ငံဟာအလွန်ဆင်းရဲမွဲတေနေတဲ့နိုင်ငံဖြစ်တဲ့အတွက်အမျိုးကောင်းသမီးတွေဆင်းရဲ လာပြီးမိသားစုအရေးအတွက် ဖါမဖြစ်ချင်ဘဲဖြစ်ကြရတယ်။ ဒါကြောင့် ဒီကိစ္စကို အကောင်းဆုံး ဖြေရှင်းနည်းကအမျိုးသမီးတွေအတွက် အလုပ်အကိုင်တွေရှာဖွေပေးရေးနဲ့ပြည်တန်ဆာလုပ် ငန်းကိုတရားဝင်လက်ခံပြီးအမျိုးသမီးတွေကို မှတ်ပုံတင်ပေးခြင်း တလတခါမဖြစ်မနေဆေးစစ် ပေးခြင်း၊ အမျိုးသမီးတွေကိုအင်အားသုံးချိမ်းခြောက်ပြီးအတင်းအကြပ်ဖါအဖြစ်သွပ်သွင်းသူ များကိုပြင်းထန်စွာသေဒါဏ် သို့မဟုတ်တသက်တကျွန်းအထိအပြစ်ပေးနိုင်သည့်ဥပဒေများ ကို ပြဌာန်းခြင်းဖြင့် ပြည်တန်ဆာ အရေးကိစ္စကို ထိန်းသိမ်းနိုင်လျှင်အကျိုးရှိနိုင်ပါသည်။ ဘဝပေး အခြေအနေမကောင်းသဖြင့်ဖါဖြစ်သွားသော မိန်းခလေး များသည်သူတို့သဘောဆုံး ဖြတ်ချက် ဖြင့်သာဖါဖြစ်စေရပါမည်။ ချိမ်းခြောက်ခံရ၍လုပ်ရသည်ဟုသိရှိပါကပြုလုပ်သုကိုပြင်းထန်စွာ အပြစ်ပေးခြင်းဖြင့်အမျိုးသမီးများကိုဖါမဖြစ်ရန်ကာကွယ်ရပါမည်။ တရားဥပဒေရှိနေသဖြင့်ရဲများမှအနိုင်ကျင့်မှုများ၊ဖါခေါင်းများမှအနိုင်ကျင့်ခေါင်းပုံဖြတ်ခြင်းများကိုကာကွယ်နိုင်ပြီးသူတို့ဘဝကိုထွက်ပေါက်ရလမ်းပေါ်လာလျှင်လွတ်မြောက်နိုင်ခွင့်ရကြမည် ဖြစ်သည်။

ဤဆောင်းပါးကိုရေးသည်မှာကိုယ်ချင်းစာစိတ်နှင့်ရေးသားခြင်းသာဖြစ်သည်။ အမေရိကန်နိုင်ငံတွင်ဖါများကိုတရားဝင်ခွင့်ပြုမထားပါ၊ သို့ရာတွင်ရှိနေပါသည်၊ တရားဝင် တနေရာ တော့ရှိပါသည်၊ လပ်ဗေးဂတ် နယ်စပ်တွင်ဖြစ်သည်။ အမေရိကန်တွင် Strip Club ကိုယ်တုံးလုံးချွတ်ပြသောကလပ်များရှိပါသည်။

ထိုသူတို့တွင်ဖါဖြစ်သွားသူများပါသလိုမိမိကိုယ်အလှကိုပြပြီးပိုက်ဆံရှာသည့်အမျိုးသမီးများလဲရှိပါသည်။ ထိုမိန်းခလေးများကိုအမေရိကန်ရောက်ရောက်ခြင်းအိမ်နီးချင်းများကခေါ်ဆောင် သွားသည့်အတွက်ရောက်သွားဘူးပါသည်၊ ချွတ်ကနေစဉ် တခါချွတ်တဒေါ်လာထည့် ပေးကြသည်ကိုတွေရသည့်အခါ ငါ့သမီး ငါ့မိန်းမ ချွတ်ပြဒေါ်လာ၁၀၀၀ ပေးမယ် ဆိုရင်တောင် ငါ လက် ခံ နိုင်ပါ့မလားဟုတွေးမိပြီးကိုယ်ချင်းစာမိပါသည်။ မရှိလို့အခြားအလုပ်မလုပ်တတ်လို့အခုလိုအ လုပ်ကိုခဏတဖြုတ်ဘဲလုပ်လုပ်၊ တသက်လုံးဘဲလုပ်လုပ်သူတို့၏ရွေးချယ်မှုပင်ဖြစ်သည်။ တက္ကသိုလ်ကျောင်းသူများလဲမိမိတို့ကျောင်းစားရိတ်ရဖို့ဝင်လုပ်ကြတာလဲရှိပါတယ်၊ တချို့ကဆရာဝန်လိုင်း၊ တချို့ကအင်ဂျင်နီယာလိုင်းသင်ကြားရင်းကျောင်းနှင့်နီးရာကလပ် တွေမှာဝင်လုပ်ကြသည်။ တောင်းဆိုမှုရှိနေသမျှထိုအလုပ်ကိုလုပ်သူများရှိနေဦးမည်ဖြစ်သဖြင့် တရားဥပဒေအောက်တွင် မိမိခန္ဓာကိုယ်ကိုရင်းပြီးအလုပ်လုပ်ချင်သူကို စည်းစံနစ်တကျဘောင် အတွင်းမှချမှတ်ပေးခြင်း သည်သာလျှင်အကောင်းဆုံးဖြေရှင်းချက်ဟုမြင်ပါသည်။

ထွန်းအောင်ကျော်
3.1.2012

(VOA News မှ 2 Jan 2012 ရက်စွဲပါ "UN warns Burma on airstrikes in Kachin"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အရပ်သားများ၏ အသက်အန္တရာယ်ကို အန္တရာယ်ဖြစ်စေနိုင်သော(သို့) ကချင်ပြည်နယ်တွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားအောင် အားပေးရာရောက်သော လုပ်ဆောင်မှုမှန်သမျှကို ရှောင်ရှားရန် မြန်မာအာဏာပိုင်များအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုလိုက်ပါသည်။

နိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်အနီး ကချင်ဒေသမှ တိုင်းရင်းသားလက်နက်ကိုင်များအား ယခုသီတင်းပတ်အတွင်း လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း မြန်မာအစိုးရက အတည်ပြုပြောဆိုပြီးနောက် နာရီပိုင်းအကြာတွင် ဗုဒ္ဓပာူးနေ့က ဘန်ကီမွန်း၏ မေတ္တာရပ်ခံချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

အစိုးရတပ်များနှင့် KIA တပ်ဖွဲ့အကြားဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သားမြောက်များစွာကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပြီးသည့် အပြင် လူသားချင်းစာနာမှု အကူအညီလိုအပ်မှုကိုလည်း ဆက်လက်ဖြစ်ပေါ်စေသည်ပာု ကုလသမဂ္ဂကြေညာချက် တွင် ဖော်ပြထားသည်။ ဂရုဏာသက်ဖွယ် ဒုက္ခသည်ပြည်သူများကို ကယ်ဆယ်ရေးအထောက်အပံ့ပေး ရန်အတွက် အချိန်ကိုက် အကဲဖြတ်ခြင်းကို အာမခံချက်ပေးရန် လွန်စွာအရေးကြီးသည်ပာု ဘန်ကီမွန်းက ပြောကြားသည်။

ပြီးခဲ့သောအပတ်က စတင်ခဲ့သောတိုက်ပွဲတွင် သူပုန်စခန်းနေရာများကို အမောင်းသင်ဂျက်လေယာဉ်များအသုံးပြုတိုက်ခိုက်ခဲ့သည်ပာု အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓပာူးနေ့အစောပိုင်းတွင် ဝန်ခံပြောကြားခဲ့သည်။ အခြားတာဝန်ရှိသူများကမူ ယင်းသို့တိုက်ခိုက်မှုကို အစပိုင်းတွင် ငြင်းဆိုထား ခဲ့ကြသည်။

ထိုသို့ ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်တပ်ဖွဲ့အကြား ၁၇ နှစ်ကြာ အပစ်ရပ်စဲထားမှု ကျိုးပေါက်သွားခဲ့သော ၂၀၁၁ ဇွန်လ နောက်ပိုင်းတွင် ဒေသခံပြည်သူထောင်ပေါင်းများစွာ နေစရာပျောက်ကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။

နိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားအုပ်စုများက အစိုးရ၏စနစ်တကျ ဖိနှိပ်ချုပ်ချယ်နှိပ်ကွပ်မှုကို အမြဲတစေပြစ်တင်ပြောဆိုခဲ့ကြပြီး ၎င်းတို့၏ ဓားမဦးချနေရာဒေသတွင် ပိုမိုလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသည်။

ကချင်အဖွဲ့သည် သမ္မတဦးသိန်းစိန် အစိုးရနှင့် အပစ်ရပ်သဘောတူညီမှုမရသေးသည့် တစ်ခုတည်းသော အဓိကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခံရသောသမ္မတသစ်သည် အာဏာရလာပြီးနောက်ပိုင်း တွင် ပြုပြင်ပြောင်းလဲမှုများကို တစ်သီတသန်း ပြုလုပ်လာခဲ့သူဖြစ်သည်။

သို့သော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမှုနှင့် ရခိုင်ပြည်နယ်မှဖြစ်ပွားဆဲ လူမျိုးရေးအဓိကရုဏ်း သည် သေးသိမ်၊ မှေးမှိန် အောင် ခြိမ်းခြောက်နေကြောင်း အနောက်နိုင်ငံ အကဲခတ်လေ့လာသူများက သတိပေးပြောဆိုထားသည်။

Yangon chronicle

Photo..France24
Video ..BBC


ဒဏ်ရာရလို့ မှောက်ကျန်ခဲ့လို့ သတ်ခိုင်းခဲ့တော့ သတ်ခိုင်းခဲ့တယ်..(ခမရ (၃၈၂)က ဒုတပ်ကြပ် အောင်မင်းထိုက်)
Video..ကိုမင်းဌေး


ယနေ့ နံနက် ၉နာရီမှ ၁၀ နာရီထိ မြန်မာ ငြိမ်းချမ်းရေးစင်တာ၊ ရန်ကုန်မြို့မှာ ကျောင်းသားတပ်မတော် ABSDF အဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ဥက္ကဋ္ဌ ကိုသံခဲက ကျောင်းသားတပ်မတော်ရဲ့ ရပ်တည်ချက်၊ နိုင်ငံရေး သဘောထားအမြင်တို့ကို ၁၅ မိနစ်ခန့် ပြောပြခဲ့ပြီး မီဒီယာတွေနဲ့ အမေးအဖြေကို ၄၅ မိနစ်ခန့်ထိ ပြုလုပ်ခဲ့ကြပါတယ်။





အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မြစ်မခ မီဒီယာက မေသင်္ကြန်ဟိန်က ABSDF ဥက္ကဌကိုသံခဲကို မေးခွန်းတခု မေးမြန်းခွင့်ရရှိခဲ့ပါတယ်။
အဲဒီလိုမေးမြန်းမှုနဲ့ပတ်သတ်ပြီး ကိုငြိမ်းချမ်းအောင်က ဒီလိုမှတ်ချတ်ချလိုက်ပါတယ်။
ခင်ဗျားတို့ဗျာ အေဘီက အမဲစက်ပဲ နင်းကန်ပြီး လက်ညှိုးထိုးနေမဲ့အစား၊ အေဘီ ကနေ မွေးထုတ်ပေးခဲ့တဲ့၊ အေဘီ ကနေ ကြီးထွား ဖွံ့ဖြိုးသွားတဲ့ လူတွေကိုလည်း သူတို့ အနေနဲ့ အေဘီဟာ မြန်မာ့ နိုင်ငံရေး လက်ရှိသမိုင်းမှာ ဘယ်ဒေါင့် ဘယ်နေရာက အကျိုးပြုခဲ့သလဲ မေးကြည့်ကြပါအုံး။ ဥပမာ လက်ရှိ သမတ အကြံပေး ယူထားတဲ့ ဒေါက်တာ ဇော်ဦး၊ ကိုအောင်နိုင်ဦး၊ ကိုအောင်သူငြိမ်း၊ ကိုဝင်းမင်း၊ လူ့အခွင့်အရေး ပညာပေးရေး ဌာနက ကိုအောင်မျိုးမင်း၊ ငြိမ်းချမ်းရေး စင်တာက ဒေါက်တာ မင်းဇော်ဦး ဗွီအိုအေက ကိုသန်းလွင်ထွန်း၊ ပန်းချီ ထိန်လင်း စသည်ဖြင့်ပေါ့ဗျာ။
nyein Chan Aung

Video..dvb/Myint ma kha


ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် ဖြစ်သည့် လိုင်ဇာကို မသိမ်းရန် သမ္မတ ဦးသိန်းစိန် ညွှန်ကြား ထားသည်ဟု ဦးအောင်မင်းက ယမန်နေ့တွင် ပြည်တွင်း မီဒီယာသို့ ပြောကြား ထားသည့် အပေါ် လိုင်ဇာ ဌာနချုပ် စခန်းအား မသိမ်း သော်ငြား စစ်ရေး အတွက် အရေးပါ စိုးမိုးကုန်း များအား သိမ်းပိုက် ထားနိုင်ရန် ရည်ရွယ်၍ စစ်ဆင် နေဖွယ် ရှိကြောင်း ကျောင်းသား တပ်မတော်မှ ခေါင်းဆောင် တဦးက ပြောသည်။

“လိုင်ဇာကို မသိမ်းပါဘူး။ အရေး ကြီးတဲ့ တောင်ကုန်း တွေကို သိမ်းဖို့ ထိုးစစ်ဆင် နေတာ ပေါ့ဗျာ။ သမ္မတက အမိန့်ပေး ထားပေမဲ့ ဒီနေ့ အမှတ် ၇၇၁ တောင်ကုန်း တဝိုက်မှာ ရှိတဲ့ လဂျားယန်၊ နမ့်ဆန်ယန်နဲ့ ခလာယန် မှာ တိုက်ပွဲတွေ ဖြစ်ပွား နေဆဲပါဗျ။ တိုက်လေယာဉ် နဲ့လဲ လာရောက် ပစ်ခတ် နေဆဲပါ ခင်ဗျာ” ဟု ဆိုသည်။
လေကြောင်း ပစ်ကူဖြင့် အစိုးရတပ်မှ ပြန်လည် သိမ်းပိုက် လိုက်သည့် ပွိုင့် - ၇၇၁ စိုးမိုးကုန်း (ဓါတ်ပုံ - Yan Naing Aung Facebook)
လေကြောင်း ပစ်ကူဖြင့် အစိုးရတပ်မှ ပြန်လည် သိမ်းပိုက် လိုက်သည့် ပွိုင့် - ၇၇၁ စိုးမိုးကုန်း (ဓါတ်ပုံ - Yan Naing Aung Facebook)

စစ်ရေး အသာစီး အနေ အထား ဖြင့်သာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရ ဘက်မှ အကောင် အထည် ဖော်လိုသည့် ဆန္ဒ ရှိသည်ဟု မိမိတို့ သုံးသပ် ထားကြောင်း လည်း ကျောင်းသား တပ်မတော် ပြန်ကြားရေးမှ ဗိုလ်မှူး မင်းဌေးက ပြောထားဘူးသည်။

ယနေ့ နံနက် ၈ နာရီ အချိန်ခန့်က မြစ်ကြီးနား- လိုင်ဇာ လမ်းပိုင်းရှိ နမ်ဆန်ယန် ရွာ၌ စတင် တိုက်ပွဲ ဖြစ်ပွား ခဲ့သလို လဂျားယန် ဒေသ ဘက်တွင်လည်း နံနက် ၉ နာရီ အချိန်က တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ အလားတူ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်လေယာဉ် (၂) စင်းဖြင့် လာရောက် ဗုံးကျဲ ခဲ့သလို နေ့လည် ပိုင်း ၁၂ နာရီ ၁၀ မိနစ်ခန့်တွင်လည်း စစ်ရဟတ်ယာဉ် (၃) စင်းဖြင့် လာရောက် ဗုံးကျဲ ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘွမ်ဆွမ်တောင်၊ မန်သဲ နှင့် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ အမြောက် တပ်ဖွဲ့မှ လက်နက် ကြီးများ ဖြင့် လဂျားယန် ဘက်သို့ လက်နက်ကြီးပစ်ကူ ပေးနေကြောင်း ABSDF ခေါင်းဆောင် ဦးလဆိုင်း က ပြောသည်။
ကချင် လွတ်လပ်ရေး တပ်မတော် အခြေချ ပွိုင့်ကုန်းအမှတ် ၇၇၁ လဂျားယန် တောင်ကုန်းအား အစိုးရတပ်ဖွဲ့က သိမ်းပိုက် နိုင်ရန် ဒီဇင်ဘာလ (၃၀) ရက်နေ့က တိုက်လေယာဉ် များဖြင့် လေကြောင်း ပစ်ကူ ပေး၍ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်ဟု အစိုးရအာဘော် မြဝတီ သတင်းဌာန၌ ဖော်ပြ ထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ “ကချင် ပြည်နယ်မှာ စစ်တပ်က ရဟတ်ယာဉ်တွေ၊ တိုက်လေ ယာဉ်တွေ သုံးစွဲပြီး ထိုးစစ် ဆင်နေတယ် ဆိုတာဟာ တကယ်တော့ မိမိ တို့ရဲ့ တပ်တွေဆီ ရိက္ခာ ပို့ဆောင်တဲ့ လမ်းကြောင်းတွေကို KIA က ဖြတ်တောက်ထား တာကြောင့် လဂျားယန်မှာ ရှိတဲ့ ရိက္ခာ ပြတ်တောက် နေပြီဖြစ်တဲ့ မိမိတို့ တပ်ဖွဲ့တွေ အတွက် လေကြောင်း ကနေ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ပေး နေတာသာ ဖြစ်ကြောင်း” သမ္မတရုံး ညွှန်ကြား ရေးမှူး ဗိုလ်မှူး ဇော်ဌေး က AP သတင်းဌာနသို့ ပြောဆိုထားသည်။

တချိန်တည်းတွင် အစိုးရတပ်က KIA အား ထိုးစစ်ဆင် နေမှုကို ရပ်တန့်ရန်နှင့် အကယ်၍ မရပ်တန့်ပါက နောင်ဖြစ်ပေါ် လာမည့် ဆိုးကျိုးများသည် လက်ရှိ အစိုးရ အပေါ်၌သာ တာဝန် ရှိကြောင်း တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC မှ ယမန်နေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်သည်။
လေကြောင်း ပစ်ကူဖြင့် အစိုးရမှ ပြန်လည် သိမ်းပိုက် လိုက်သည့် ပွိုင့် -၇၇၁ စိုးမိုးကုန်း (ဓါတ်ပုံ - Yan Naing Aung Facebook)လေကြောင်း ပစ်ကူဖြင့် အစိုးရတပ်မှ ပြန်လည် သိမ်းပိုက် လိုက်သည့် ပွိုင့် - ၇၇၁ စိုးမိုးကုန်း (ဓါတ်ပုံ - Yan Naing Aung Facebook)

ကေအိုင်အို အဖွဲ့မှ လွဲ၍ ကျန်အပစ် အခတ် ရပ်စဲ ထားသော တိုင်းရင်းသား အဖွဲ့အစည်း များနှင့် မကြာမီ နိုင်ငံရေး ဆွေးနွေး ပွဲများ စတင် တော့မည် ဖြစ်ရာ ထိုဆွေးနွေး ပွဲများတွင် ကေအိုင်အို ကိုပါ ပါဝင် လာအောင် ဆောင်ရွက် သွားမည်ဟု ၀န်ကြီး ဦးအောင်မင်းမှ ယမန်နေ့က 7 Day News Journal အား ထုတ်ဖော် ပြောကြား လိုက်သည်။

“တကယ် စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဆိုရင် ကြိုဆို ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ မူဘောင် အတွင်းမှာဘဲ ဆွေးနွေးမယ် ဆိုရင် ပြေလည်မှု ရရှိမှာ မဟုတ်ဘူး မြင်ပါတယ်။ ကချင် ထိုးစစ် မဆင်ခင် ကတည်က နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်မယ် ဆိုရင် ပြောစရာ မရှိပါ။ ခုတော့ အချိန် ဆွဲတဲ့ ပုံသဏ္ဍာန်နဲ့ သူတို့ လုပ်လာတယ်။ ဒီလို လုပ်ခြင်း အားဖြင့် အစိုးရ ဘက်က ပွင့်လင်းမှု မြင်သာမှု မရှိဘူးလို့ မြင်ပါတယ်” ဟု ဦးလဆိုင်း က ပြောသည်။

စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ရေးအပါအ၀င် တိုင်းရင်းသား အင်အားစု၊ ဒီမို ကရေစီ အင်အားစု နှင့် အစိုးရ အင်အားစု တို့ (၃) ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ် မှသာ အမျိုးသား ရင်ကြား စေ့ရေးကို အကောင် အထည်ဖော် နိုင်မည် ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

ရွှေဟင်္သာ သတင်းဌာန


"ဒီပြသာနာက ရေ နဲ့ ဖျန်းတာပဲ..၊ ဒါပေမဲ့ ငရဲပြည်ကရေဖြစ်နေတယ်..."
(သီတဂူသဲကုန်း ဆရာတော် ဒေါက်တာအရှင်ဥာဏိသာရ)

"ကေအိုင်အေ စစ်သားတစ်ယောက်ဆုံးရှုံးသွားတာဟာ တိုင်းပြည်ရဲ့ ဆုံးရှုးမှုဖြစ်သလို ဒီဘက်က ဗမာစစ်သားတစ်ယောက် ဆုံးရှုံးတာဟာလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်..."
(ဦးသိန်းစိန် ၊ နိုင်ငံတော်သမ္မတ)

"ကျမက အာဏာလိုချင်တယ်..။ နိုင်ငံရေးအာဏာရမှ.. အစိုးရအာဏာရမှ ကျမတို့လုပ်ချင်တဲ့ ကိစ္စတွေကို နိုင်ငံအတွက် လုပ်ပေးနိုင်မှာမို့လို့ လိုချင်တယ်လို့ပြောတာ...။ ကျမရှင်းရှင်း လင်းလင်းပဲပြောပါမယ်..။ ပြည်သူလူထုအတွက် လုပ်နိုင်ဖို့အတွက် ကျမ အာဏာလိုချင်ပါတယ်လို့ ကျမပြောချင်ပါတယ်...."
(ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ)

"နိင်ငံရေးဆိုတာ ခင်ဗျားတို့ ပြည်သူတွေ ရဲ့အလုပ်ပါ...။ နိုင်ငံရေးသမားတွေရဲ့ အလုပ်သက်သက်မျှ မဟုတ်ပါဘူး...။ ကျနော်တို့ အမေရိကန်ပြည်ထောင်စု မှာလည်း ပြောကြတာရှိပါတယ်..။ ဒီမိုကရေစီ ရုံးတော်ကြီးက ပြည်သူတွေရဲ့ရုံးတော်ပါ...။ သမ္မတရဲ့.. ဥက္ကဌရဲ့..လွှတ်တော်ရုံးတွေ မဟုတ်ပါဘူး..။ နိုင်ငံသားတွေရဲ့ ရုံးပါ...."
(ဘားရက် အိုဘားမား ၊ အမေရိကန် သမ္မတ)

"အငြိမ်းစား ဗိုလ်ချုပ်မှုးကြီး တပ်မတော်ပေါ်မှာ သြဇာညောင်းလားဆိုတော့ အမိအဖ လိုဖြစ်နေတာကိုး..ရှိနိုင်တာပေါ့..."
(ဦးဌေးဦး ၊ ဒုဥက္ကဌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

"ဆန္ဒပြရတဲ့ အကြောင်းအရင်းကို လေးလေးနက်နက် လက်ခံစဉ်းစားဖို့ နံပါတ်တစ် အရေးကြီးပါတယ်..။ ဆာလောင်သူတွေကို ဆူလောင်သူအဖြစ် မသတ်မှတ်ဖို့ အရေးကြီးပါတယ်..."
(ကိုကိုကြီး ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

"ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ပါ...၊ အားလုံးအဆင်ပြေ သွားပါလိမ့်မယ်..."
(ဦးကိုကိုလှိုင် ၊ နိုင်ငံတော် သမ္မတ အကြံပေး)

"အရှင်ဘုရား..တပည့်တော်တို့သည် မိုက်မဲသည့်အလျောက်..တွေဝေသည့် အလျောက်.. မလိမ္မာသည့်အလျောက် သံယာတော်ကို အစိုးမရခြင်းတည်း ဟူသော အကြောင်းကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မိပါသည်..အရှင်ဘုရား...။ ထိုတပည့်တော်တို့အား သံယာတော်သည် နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ကိုအပြစ်အားဖြင့် ရှုမြင်၍ ကရုဏာရှေ့ထား မေတ္တာအားဖြင့် ခွင့်လွတ်တော်မူပါ ဘုရား...."
(ဦးလှထွန်း ၊ သမ္မတရုံးဝန်ကြီး)

"တရုတ် ကိုလည်း တပည့်တော်တို့က ကြောက်ရတယ် ဘုရား...."
(ဦးအောင်မင်း သမ္မတရုံးဝန်ကြီး)

"ရခိုင်တွေက ပြည်ထောင်စု တိုင်းရင်သား ၊ ဘင်္ဂါလီတွေက ဧည့်နိုင်ငံသားဖြစ်တယ်..။ အဲ့ဒီတော့ အိမ်ရှင်တွေက ဧည့်သည်တွေကိုညှာဖို့..၊ ဧည့်သည်တွေကလည်း အိမ်ရှင်တွေကို မစော်ကားဖို့လိုတယ်...."
(သူရဦးအောင်ကို ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဌ)

(7Day ဂျာနယ်မှ....)
Via..Ko nay myo


၂၁.၁၂.၂၀၁၂ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဩဘာလမ်း စာပေဟောပြောပွဲတွင် ဇာဂနာ ပြောကြားသော "နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်"

အဖေ တစ်ယောက်နဲ့ ၅ နှစ်အရွယ် သားတစ်ယောက်လက်ဖက်ရည်ဆိုင်ထိုင်ပြီး သားက“ အဖေနိုင်ငံရေးဆိုတာဘာလဲ” ဆိုပြီးမေးတော့ အဖေက“ အဖေက တစ်အိမ်လုံးစားဖို့နေဖို့အတွက် ရှာရဖွေရဆိုတော့ အရင်းရှင်ပေါ့၊မင်းအမေက ရှာဖွေသမျှကို သိမ်းဆည်း၊ဘယ်နေရာမှာသုံးသင့်သလဲဆိုတာတွေးတော့ အစိုးရပေါ့၊သားက မင်းအမေပေးသမျှယူ၊ကျွေးသမျှစားတော့ ပြည်သူပေါ့၊အိမ်မှာခိုင်းတဲ့မမက ပိုက်ဆံယူပြီး အလုပ်လုပ်တော့ အလုပ်သမားပေါ့၊မင်းညီလေး(၂)နှစ်အရွယ်က ပုခက်ထဲမှာနေပြီး ဘာမှမသိသေးတဲ့ အနာဂတ်နိုင်ငံပေါ့” လို့ သားဖြစ်သူကို ရှင်းပြလိုက်တယ်၊၊

ညသန်းခေါင်ချိန်မှာ ၅ နှစ်အရွယ်သားက အိပ်ရာကနိုးပြီး ညီဖြစ်သူ ပုခက်မှာနေတာသွားကြည့်တော့ ညီဖြစ်သူက အီးတွေနဲ့ ပေရေပြီး လူးနေတာ မြင်တယ်၊၊၅ နှစ်အရွယ် သားက ဘာမှမလုပ်တတ်တော့ သူအမေကို သွားနိုးတာ ခူးခေါဆိုပြီးအိပ်ပျော်နေတယ်၊ဒါနဲ့ အဖေကိုလည်းမတွေ့ရ၊အောက်ထပ်ဆင်းလာတဲ့အခါ အခန်းတစ်ခုမှ အသံကြားတော့ သွားကြည့်မိတော့ သူ့အဖေနဲံ့အိမ်ဖော်မလေးက ကုတင်ပေါ်မှာပလူနေတယမြင်ရတယ်၊၊ဒါနဲ့သားက ခေါင်းကုတ်ပြီး ပြန်အိပ်လိုက်တယ်ဗျ၊၊

မနက်မိုးလင်းလက်ဖက်ရည်ဆိုင်ရောက်တော့ သားဖြစ်သူက “အဖေ သားနိုင်ငံရေးကို သဘောပေါက်သွားပြီး” လို့ပြောတော့ အဖေက အံ့သြပြီး ရှင်းပြပါအုံးဆိုပြီးမေးတော့

သားက“ အစိုးရက မသိချင်ယောင်ဆောင်နေ၊အရင်းရှင်နဲ့ အလုပ်သမားပလူးပလဲဖြစ်နေ၊အနာဂတ် နိုင်ငံက အီးတွေနဲ့လူးနေတာပဲ”လို့ပြောပြလိုက်တယ်၊၊

ဇာဂနာ


ပြီးခဲ့တဲ့ ၁ရက်။ ဂွဈေးနား ကြံခင်းလမ်းထဲက အပေါင်ဆိုင်ဆီ ရောက်သွားသေးတယ်။ ထဘီ ပုဆိုးတွေ လာပေါင်ကြတဲ့ ကာစတန်မာတွေ မနည်းဘူး တွေ့ ရတယ်။အပေါင်ဆိုင်ယဉ်ကျေးမှု အတော် ထွန်ကားလာတဲ့ ရန်ကုန်မြို့ ကြီး ဖြစ်နေပြီ(အောင်မျိုးထွန်း)

ရန်ကုန်မြို့  ဆင်ခြေဖုံးမြို့ နယ်များရှိ ပြင်အပေါင်ခံသူများထံတွင် ကြားပွဲစားမှတစ်ဆင့် မှတ်ပုံတင်ပေါင်နှံမှု ပိုများလာကြောင်း၊ လိုင်စင်ရအပေါင်ဆိုင်များတွင်မူရွှေမှလွဲ၍ ကျန်ပစ္စည်းများကို အဆုံးခံလေ့ရှိလာကြောင်း အပေါင်ဆိုင်များမှစုံစမ်း သိရှိ ရ သည်။

ထိုသို့ ဆင်ခြေဖုံးရပ်ကွက်များအတွင်း မှတ်ပုံတင်အပေါင်ခံရာတွင် ပေါင်နှံလိုသူများက ကြားပွဲစားမှတစ်ဆင့် ပေါင်နှံရခြင်းဖြစ်ပြီး မှတ်ပုံတင်တစ်ခုလျှင်ငွေကျပ်ငါးသောင်းအထိ ချေးခွင့်ရှိပြီး ကြားပွဲစားကို ပွဲစားခ ပေါင်နှံသူမှကျပ်ငါးထောင်ပေး ရကြောင်း သိရသည်။

“မှတ်ပုံတင်တစ်ခုပေါင်ရင်ကျပ်ငါးသောင်းရတာမှာကျွန်မတို့ ကပွဲစားကိုငါးထောင်ပေးရတယ်။ ချေးငွေကို နေ့ တိုင်းပြန်သွင်းရတယ်။ တစ်လဆိုရင်အတိုးအရင်းပေါင်း ခုနစ်သောင်းခွဲ ပြန်ဆပ်ရတယ်။ တချို့ က ပြန်မရွေးဘဲအဆုံးခံလိုက်ကြတာတွေရှိတယ်” ဟု မြောက်ဥက္ကလာမြို့ နယ်ရှိ ပြင်ပအပေါင်ခံသူတစ်ဦးထံ မှတ်ပုံတင်သွားရောက်ပေါင်နှံသူကဆိုသည်။

ဆင်ခြေဖုံးရပ်ကွက်များအတွင်းရှိ လိုင်စင်ရအပေါင်ဆိုင်များနှင့် ပြင်ပအပေါင်ခံသူများသည် ရွှေဆိုပါက သုံးကျပ်အတိုးနှုန်း၊ အ၀တ်အထည်နှင့် အခြားအိမ်သုံးပစ္စည်းဆိုပါက ကျပ် ၁၀ အတိုးနှုန်းပေးရပြီး လိုင်စင်ရအပေါင်ဆိုင်နှင့်
ပြင်ပအပေါင်ခံသူတို့ အကြား အတိုးနှုန်းပေးရမှု ကွာခြားကြောင်းစုံစမ်းသိရှိရသည်။

“ကျွန်မတို့ ဆီမှာတော့ ရွှေနဲ့  အိမ်သုံးပစ္စည်းတွေ အပေါင်ခံပါတယ်။အ၀တ်အထည်တွေ လာပေါင်တာများတယ်။ တစ်နေ့ ကို အ၀တ်အထည်လာပေါင်တဲ့သူ အနည်းဆုံး ၁၀ ယောက်ကနေ အယောက် ၂၀ လောက်အထိရှိတယ်။ လာပေါင်ရင်လည်း အထည်ပေါ်မူတည်ပြီး ကျပ် ၃၀၀ ကနေကျပ် ၅၀၀ အထိ ပေးပါတယ်။ တစ်လအတွင်း လာရွေးတဲ့သူတွေရှိသလို
အတိုးပုံမှန်ပေးသွားတဲ့သူတွေလည်းရှိတယ်” ဟု မြောက်ဥက္ကလာပမြို့ နယ်ရှိ အမိန့် ရအပေါင်ဆိုင်တစ်ဆိုင်၏ ပိုင်ရှင်က ဆိုသည်။

ယခုနှစ်သည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပစ္စည်းပေါင်နှံလိုသူ နည်းပါးလာကြောင်း၊ တချို့ မှာ ပစ္စည်းလပေးရောင်းသူများထံမှ ပစ္စည်းယူကာအပေါင်ဆိုင်သို့  သွားရောက်ပေါင်နှံလေ့ရှိကြောင်းသိရသည်။

“ဒီဘက်နှစ်မှာ အပေါင်နည်းလာတယ်။ စီးပွားရေးကောင်းလာလို့ မဟုတ်ဘူး။အ၀တ်တောင် ပေါင်စရာမရှိတော့လို့  မပေါင်နိုင်ကြတော့တာ။ ပေါင်စရာမရှိတော့ မှတ်ပုံတင်ပေါင်တာမျိုး၊ အထည်လပေးယူပြီး ပြန်ပေါင်တာမျိုးတွေရှိလာတယ်။ တချို့ ဆို ငွေရပြီးရောဆိုပြီး အတိုးနှုန်းအရမ်းများတဲ့သူတွေဆီကယူကြတယ်။ ပေါင်ပြီး သုံးလအထိအတိုးပေးနိုင်ပြီး ပြန်မရွေးတော့တာလည်းရှိတယ်။” ဟု ရွှေပေါက္ကံမြို့ သစ် (၁၂)ရပ်ကွက်ရှိ အပေါင်ဆိုင်ပိုင်ရှင်တစ်ဦးက
ဆိုသည်။

သတင်း.. ဝေဖူးသာ၊ အေးသော်တာလှိုင်
(ဘိုင်ဝိကလိအလဲဗင်းဂျာနယ်၊ အတွဲ ၅ အမှတ် ၄၀ မှ ကူးယူပါတယ်)
အောင်မျိုးထွန်း facebook

ပြည့် တန်ဆာ ဥပဒေ အတွက် မှန်တယ်ထင်တဲ့ လူတွေ ရှိသလို ၊ မှားတယ်လို့ ထင်နေသူများလည်း ရှိပါတယ် ။ ကောင်းတဲ့ အချက်များ ရှိသလို ဆိုးရွားတဲ့ အချက်များလည်း ရှိတယ် ဆို မှန်ပါတယ် ။ ဒါကို ဘယ်သူမှ ငြင်းလို့ မရနိုင်ပါဘူး ။

အဲဒီ HIV Research အတွက် ရန်ကုန်မြို့ အပါအ၀င် မြို့ ကြီးများနှင့် မြို့ ငယ်များကိုပါ သွားရောက်ကာ ပြည့်တန်ဆာများ ၊ ခေါင်းများ နှင့် အရွယ်ရောက်ပြီး လူငယ်များကိုပါ တွေ့ ဆုံ မေးမြန်းခဲ့ ဘူးတဲ့ အတွေ့ အကြုံအပြင် မိတ်ဆွေ အပေါင်းအသင်များနှင့် လက်ရှိ မြန်မာနိုင်ငံ အနေအထားကို အခြေခံကာ သိထားသလောက်လေး ရေးပြချင်ပါတယ် ။

ပထမဆုံး အနေနဲ့ ဒီကိစ္စကို ဝေဖန်ကြသူ တော်တော်များများကို ကျနော် မေးချင်တာ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာမိန်းကလေး ဘယ်နှစ်မျိုးလောက် ရှိလည်း ။ အရေ အတွက်အားဖြင့် ဘယ်လောက် ရှိလည်း ၊ သူတို့ ကျင်လည်နေတဲ့ Network နဲ့ သူတို့ ဘ၀မှာ ကြုံတွေ့ရ တဲ့ အခက်အခဲတွေကို သေချာ သိကြရဲ့ လား ။

ဒီအလုပ်ကို လုပ်စားတဲ့ မိန်းကလေးများမှာ အမျိုးစား အရမ်းကွဲပြား ခြားနားသလို လုပ်ကိုင်ဆောင်ရွက်ပုံလည်း မတူညီပါဘူး ။
ထိုသို့ ကွဲပြားခြားနားသူများတွင်ပင် ကိုယ်တိုင်လုပ်ဆောင်သူများနှင့် ခေါင်းများက ချုပ်ကိုင်ထားသူများဟူ၍ ထပ်မံ ခွဲခြားလိုက်လျှင်
အမျိုးအစား (၉) မျိုးလောက် ရှိပါတယ် ။

၁။ လမ်းဘေးတွင် လုပ်ကိုင်သူများ ( တဦးတည်း ၊ ခေါင်းကချုပ်ကိုင် )
၂။ ခေါင်း အိမ်တွင် လုပ်ကိုင်သူများ ( တဦးတည်း ၊ ခေါင်းကချုပ်ကိုင် )
၃။ ကလပ်တွင် လုပ်ကိုင်သူများ ( တဦးတည်း ၊ ခေါင်းကချုပ်ကိုင် )
၎။ ဖုန်းဖြင့် လုပ်ကိုင် ဆောင်ရွက်သူများ ( တဦးတည်း ၊ ခေါင်းကချုပ်ကိုင် )
၅. အင်တာနက်ကို အသုံးပြုကာ လုပ်ကိုင်ဆောင်ရွ့က်နေကြသူများ

သာမန်အားဖြင့် ဆိုရင်တော့ လမ်းဘေး နှင့် ခေါင်းအိမ်မှာ လုပ်စားသူတွေဟာ ဈေးနှုန်း နည်းပါး ပြီး ကလပ် ၊ ဖုန်း ၊ အင်တာနက်ကို အသုံးချသူ ကာ လုပ်ဆောင်သူများကတော့ ဈေးနှုန်း နည်းနည်း မြင့် ပါတယ် ။

အမှတ်စဉ် ( ၁) (၂) ဟာ ပုံမှန်အားဖြင့် တော့ ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်သူဖြစ်ကြောင်း အလွယ်တကူ ခွဲခြားနိုင်ပါတယ် ။
အမှတ်စဉ် ( ၃+၅) ကိုတော့ နီးစပ်သူ အသိုင်းအ၀ိုင်းလောက်က သာ လွယ်ကူစွာ ခြားနိုင်ပါလိမ့်မယ် ။
အမှတ်ဉ် ( ၄ ) ကတော့ သူမ နှင့် သက်ဆိုင်သူများကသာ ဒီအလုပ်ကို လုပ်ကိုင်သူ ဖြစ်ကြောင်း သိရှိနိုင်ပါတယ် ။

အကယ်၍များ တရားဝင် လုပ်ပိုင်ခွင့် ပေးရင်တောင် အမှတ်စဉ် ( ၁ ) နှင့် ( ၂ ) ကသာ လိုင်စင်ယူဖို့ များပြီး ကျန် ( ၃+၄+၅ )ကတော့ ယခုလို တိတ်တိတ်ပုန်းဘဲ လုပ်ဆောင်နေကြအုံးမှာပါ ။

ပြည့် တန်ဆာဥပဒေ ရှိလာခဲ့ ရင် ပြည့် တန်ဆာတွေ အောက်ပါ ဒုက္ခများက လွတ်မြောက်နိုင်ပါတယ်လို့ Research လုပ်ငန်းများက ပြဆိုထားပါတယ် ။
၁. ရဲများနဲ့ သက်ဆိုင်ရာကို လစဉ် အခွန်ဆက်သနေခြင်း
၂. ခေါင်းများရဲ့ ချုပ်ကိုင်ထားမှု ကြောင့် သူတို့ ရဲ့ ၀င်ငွေများကို အပြည့် အ၀ မခံစားရခြင်း
၃. တရားဝင် မဟုတ်တဲ့ အတွက် သူတို့ နှင့် ဆက်ဆံသူအားလုံးရဲ့ အနိုင်ကျင့် မှုကို ခံရခြင်း ။

ဒါ့ အပြင် တရားဝင် အသိအမှတ်ပြုကဒ်ထုတ်ပေးပြီး ၊ ဆေးဝါး ပုံမှန် စစ်ဆေးကာ Safe Sex ကို နားလည်အောင် သင်ပေးထားနိုင်တဲ့ အပြင်သူတို့ အတွက် အလုပ်လုပ်ဖို့ နေရာပါ တရားဝင် သတ်မှတ်ပေးထားနိုင်ပါတယ် ။

သူတို့ ကို တစုံတယောက်က လွှမ်းမိုးချုပ်ကိုင်ကာ အတင်း အနိုင်ကျင့် မှု ကို ခံရတဲ့ ဒုက္ခကလည်း လွတ်မြောက်နိုင်သလို ၀င်ငွေလည်း ပိုမို ရရှိနိုင်တဲ့ အပြင် ကျန်းမာရေး ရှုထောင့် ကကြည့်ရင်လည်း ရောဂါ ဖြစ်ပွားမှု နှုန်း ကျဆင်းလာနိုင်ပါတယ် ။

အဲဒီလို အနိုင်ကျင့် လွှမ်းမိုးချုပ်ကိုင်မှု မှာ ငွေကြေးထက် ပိုဆိုးတာ တခုက လိင်ဆက်ဆံမှု နည်းလမ်းကို ဆက်ဆံသူက ရွေးချယ်ခွင့် ရရှိမှု ပါဘဲ ။
မြန်မာပြည်က ပြည့် တန်ဆာ အများစုဟာ NGO အဖွဲ့အစည်းတော်တော်များများက အသိပညာပေးလုပ်ကိုင်ထားလို့ ကွန်ဒုံးသုံစွဲပြီးမှဆက်ဆံတာ စိတ်ချရမယ်ဆိုတာ သိထားကြပါတယ် ။ ဒါပေမယ့် ဆက်ဆံလိုသူက ကွန်ဒုံးမသုံးစွဲချင်တဲ့ အခါ ငြင်းဆန်လို့ မရပါဘူး ။
အဲဒီလို ငြင်းဆန်ရင် ကြုံတွေ့ရမယ် နောက်ဆက်တွဲ ပြဿနာများကြောင့် ပြည့်တန်ဆာ အများစုဟာ ဖောက်သည်ကို မလွန်ဆန်နိုင်တဲ့ အတွက် ရောဂါ ကူးစက်ခံရဖို့ များနေပါတယ် ။

ပြည့်တန်ဆာ အလုပ်လုပ်နေသူများဆိုတာလည်း လွယ်ကူစွာ ဆိုတာ မခွဲခြားနိုင်တဲ့ အခါ သူတို့ ကို ပြည့်တန်ဆာမှန်း မသိဘဲ ချစ်သူအဖြစ် သတ်မှတ်ကာ အကာအကွယ် မပါဘဲ ဆက်ဆံကြတဲ့ လူအများမှာလည်း အန္တာရယ် ရှိပါတယ် ။ ရောဂါပိုး ကူးစက်ခြင်းဟာ အဲဒီလိုမျိုးက ကူးစက်မှု အများဆုံး ဆိုတာ သိစေချင်ပါတယ် ။ အထူးသဖြင့် အလွယ်ကြိုက်တတ်ကြတဲ့ ယောက်ျားများဟာ အဲဒီလို ပုံစံ ကနေ ရောဂါ ကူးစက်ခံရတာ များပါတယ် ။

အများအားဖြင့် ကလပ်တွင် လုပ်ကိုင်သူများ နှင့် ဖုန်းဖြင့် လုပ်စားကြသူ မိန်းကလေးများဟာ ရုပ်ရည်အားဖြင့် လှပသူတွေများကြတဲ့ အပြင်ဝင်ငွေလည်း ကောင်းတော့ ၊ ၀တ်စားဆင်ယူမှုလည်း ခတ်မှီ ၊ နေထိုင်တဲ့ အဆင့် အတန်းလေးလည်း အလယ်အလတ်တန်းစား ရှိလို့ သူတို့ကို ပြည့် တန်ဆာ အဖြစ် မထင်မှတ်ကြဘဲ ၊ သာမန် မိန်းကလေးများလို သဘောထားကာ သာမန် ချစ်သူရည်းစားတွေ လိုဘဲ ပြုမူနေထိုင် ကြတာကို တွေ့ရပါတယ် ။

တချို့ လူတွေက ပြည့် တန်ဆာတွေကို ဆေးစစ်ပေးရမယ့် ကိစ္စ ၊ တရားဝင် မှတ်ပုံတင်ပေးရမယ့် ကိစ္စ မလွယ်ပါဘူး လို့ ပြောကြတယ် ။
အခုတော့ သေချာ မသိဘူး ၊ အရင်တုန်းကတော့ NGO အဖွဲ့ အစည်းတွေက ပြည့်တန်ဆာတွေကို ဆေးစစ်ပေးတဲ့ အပြင် လိင်ဆက်မှုက ရရှိလာတဲ့ ရောဂါများကိုလည်း အခမဲ့ ကုသခွင့် ပေးနေကြတာ နှစ်အတော်ကြာနေပါပြီ ။ အကယ်၍များ ဒီလုပ်ငန်းကို တရားဝင် ခွင့် ပြုခဲ့မယ်ဆိုရင်လည်း ဆေးစစ်ဖို့ ကိစ္စကတော့ NGO တွေက ကူညီပေးကြမှာပါ ။

တရားဝင် ဥပဒေ ပြဌာန်းထားတာ မရှိတဲ့ အတွက် ရောဂါ ရှိနေပေမယ့်လည်း လုပ်စားစရာ မရှိတော့ အဲဒီအလုပ်မှာဘဲ ဆက်လက်လုပ်နေကြပြီး အခြအနေ အရမ်းဆိုးလာမှ လုပ်ငန်းကို စွှန့် လွှတ်လိုက်ကြတာ များပါတယ် ။ အကယ်၍များ တ၇ားဝင် ဖြစ်လာခဲ့ ရင် သူတို့ မှာ ရောဂါ ရှိမရှိ စစ်ဆေးပြီး ရောဂါရှိရင် လိုင်စင်မပေးဘဲထားကာ ရောဂါကုသပေးနိုင်လို့ HIV ပိုး ကူးဆက် ပြန့် ပွားမှုကို ထိန်းချုပ်လာနိုင်ပါတယ် ။

နောက်တချက် ပြည့် တန်ဆာ အလုပ်ကို အခုလက်ရှိ အနေအထားလို လူတော်တော်များများအလွယ်တကူ ၀င်ရောက် လုပ်ကိုင်မှာ မဟုတ်တော့့ပါဘူး ။ အခုတော့ သူဟာ ပြည့်တန်ဆာ ဆိုတာ ကြော်ငြာစရာ မလိုတဲ့ အတွက် အလုပ်လက်မဲ့ များဟာ ခဏတာ ၀မ်းရေးကို ဒီလို နည်းလမ်းနဲ့ဝင်ရောက် ဖြေရှင်းလာကြရင်း ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေ များလာတာကိုလည်း တားမြစ်နိုင်ပါလိမ့်မယ် ။

ဝမ်းနည်းစရာ ကောင်းတာတခုက ငွေကြေးချို့တဲ့ ကြတဲ့ တက္ကသိုလ် ကျောင်းသူများဟာ မိဘက ပညာသင်ကြားရေး အတွက်
ထိရောက်စွာ မထောက်ပံ့ နိုင်ကြလို့ ငွေရလွယ်တဲ့ ဒီလို လုပ်ငန်းထဲကို ၀င်ရောက်လာကြတာ တွေ့ရပါတယ် ။

နောက်ပြီး ပြည့် တန်ဆာ အလုပ်ဆိုတာ အရမ်းကို ညစ်နွမ်းပြီး အောက်တန်းကျတဲ့ အလုပ်လို့ သိထားတဲ့ မြန်မနိုင်ငံမှာ အဲဒီအလုပ်ကိုလုပ်စားသူလို့ သိသွားတဲ့ အခါ ပါတ်ဝန်းကျင်က ကျဉ်မှာကို သိထားတဲ့ အတွက် တရားဝင်သာ မှတ်ပုံတင်ရမယ် ဆိုရင် လုပ်စားတဲ့ လူအရေအတွက် အရမ်း နည်းပါးသွားနိုင်ပါတယ် ။

ပုံမှန် အားဖြင့် ဆို ယောက်ျားလေးတွေက သူတို့ ပျော်ပါးတာကို လူသိမခံ ချင်ကြပါဘူး ၊ ခိုးကြောင် ခိုးဝှက်ဘဲ လုပ်ဆောင်ချင်ကြတာပါ ။
တရားဝင် နေရာ သတ်မှတ်ပေးထားရင်တော့ အဲဒီနေရာ သွားရမှာကို ရှက်လို့ သွားတဲ့ အကြိမ် အရေ အတွက် လျော့ နည်းသွားနိုင်ပါတယ် ။
သွားတဲ့ လူတိုင်းဟာလည်း စည်းကမ်းသတ်မှတ်ချက် အတိုင်း Safe Sex ကို လိုက်နာရမှာ ဖြစ်လို့ ရောဂါ ပြန့် ပွားမှု နည်းပါလာပါလိမ့်မယ် ။

တကယ်တော့ ဒီဥပဒဟာ ပြည့် တန်ဆာ လုပ်ငန်းကို လက်ရှိ လုပ်ကိုင်နေသူများ နှင့် တိုက်ရိုက် သက်ဆိုင်ပြီး ပြည်သူလူထုကိုတော့ သွယ်ဝိုက်သော အားဖြင့် သာ သက်ဆိုင်နေပါတယ် ။

ဒီတော့ ဒီဥပဒေ အတည်ပြုမယ် ဆိုရင် နယ်ပယ်ပေါင်းစုံ ၊ နည်းလမ်း ပေါင်းစုံနဲ့ ဒီလုပ်ငန်းကို လုပ်ကိုင်နေသူများရဲ့ ဆန္ဒကို Research လုပ် ၊ စစ်တမ်းကောက်ယူလိုက်ရင် သူတို့ သဘောထား အမှန်ကို သိရမှာ ဖြစ်လို့ သူတို့ သဘောထား အမြင်ကို အရင်ဆုံး ဆန်းစစ်စေချင်ပါတယ်........

Burma Thwe


ခုတလောကြားကြားနေရတဲ့သတင်း တွေကတော့ မသတီစရာသတင်းတွေချည်းပါပဲ။ ပြည်သူတွေကလည်း တနေ့တခြား အော့နှလုံးနာစရာကောင်းနေတဲ့ ကိုရဲတွေ ရဲ့ ပြုမှုဆက်ဆံပုံ၊ လူမဆန်တဲ့ ရမ်းကား မှုတွေကို ကြားကြားနေရ၊ တွေ့တွေ့နေရ တော့ ကိုရဲတွေကို လမ်းမှာ မလွဲသာလို့ တွေ့ရင်တောင် ရွံ့ကြည့်ကြည့်နဲ့ပဲမျက်နှာ လွဲရှောင်သွားကြတာများပါတယ်။

အမှန်ဆိုတော့ရဲဆိုတာ ပြည်သူတွေရဲ့အန္တရာယ်ကိုကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူတွေကိုကူညီဖို့ဆိုတာကို မေ့လျော့ နေကြပါပြီ။ ဒီရဲတွေရဲ့လစာတွေ၊ နေထိုင်တဲ့အိမ်တွေ အခန်းတွေဟာ ပြည်သူတွေ ကပေးထားတာ။ ပြည်သူတွေနဲ့ ပိုက်ဆံ တွေဆိုတာကို လုံးဝမေ့လျော့နေပြီလား မသိပါဘူး။ ပြည်သိုကိုတွေ့ရင် ငါဘယ် လိုဒီလူတွေဆီက ငွေကိုရအောင်ကြံရပါ့ မလဲ။ ဘယ်လိုအကွက်ဆင်ရမလဲလို့ တွေး တောကြံဆနေပုံရပါတယ်။ ပြည်သူ တွေကိုကူညီမယ့်အစား ပြည်သူတွေကို နှိပ်စက်ဖို့၊ ပြည်သူတွေကို ဒုက္ခပေးဖို့ပဲစဉ်း စားတွေးခေါ်နေပုံရပါတယ်။ ရဲတွေရဲ့ စိတ်ကူးစိတ်သန်း၊ အကြံအဖန်တွေကတော့ အံ့သြလောက်စရာပါပဲ။ (ရဲတိုင်းကိုမဆိုလိုပါ)။

ရဲတွေရဲ့လုပ်ပုံကိုင်ပုံတွေကို စဉ်းစား ကြည့်စမ်းပါ။ မြန်မာပြည်နေရာတော်တော် များများမှာ ရဲတွေရဲ့ မသင်္ကာမှု၊ ဘာမှု တွေနဲ့ ရိုက်စစ်နည်းမျိုးစုံနဲ့ နှိပ်စက်လို့ သေကြတဲ့လူတွေဟာ မနည်းတော့ပါဘူး။ ဘယ်ဌာနကများ ထိထိရောက်ရောက် အရေးယူတယ်လို့ကြားဖူးသလား။ သာမန်အရေးယူတာပဲရှိတယ်မဟုတ်လား။ ပြည်သူတွေ ရဲတွေရဲ့အနှိပ်စက်ခံရတာ ကို ပြည်သူအတွက် ထိထိရောက်ရောက်ကာ ကွယ်တဲ့ အရေးယူမှုတွေကို ဘယ်သူတွေ ဆောင်ရွက်ပေးခဲ့သလဲ။ ပြည်သူကပေး တဲ့ လစာယူပြီး ပြည်သူကို ဘယ်သူတွေ၊ ဘယ်ဌာနတွေက ကာကွယ်ပေးတာတို့၊ အရေးယူဆောင်ရွက်ပေးတာတို့ဆိုတာရှိ ခဲ့ကြသလား။ ငါဝါးဖို့ ငါစားဖို့ပဲ လုပ်ကြ တာပဲမဟုတ်လား။

ရန်ကုန်တိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် ရွှေပြည်သာမြို့နယ်၊ လှော်ကားမှာလည်း ရဲသတ်လို့သေရတယ် ဆိုတဲ့သတင်း၊ မရမ်းကုန်းရဲစခန်း၊ ဘုရင့် နောင်ရဲစခန်း၊ ကမာရွတ်ရဲစခန်းတွေမှာ လည်း သံသယရှိသူတွေရှိ ရိုက်သတ်လို့ သေကြတာပါပဲ။ အဲဒါ ဘယ်သူတွေ၊ ဘယ်ဌာနတွေက ထိထိရောက်ရောက်အရေး ယူခဲ့သလဲ။ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ ရဲတွေအကြောင်းကို သက်ဆိုင်ရာအထက်က သိသလား၊ မသိဘူးလား။ သိတယ်ဆို ရင် ဘာကြောင့်ထိရောက်စွာအရေးမယူသလဲ။ ဘာကြောင့် ရေငုံနှုတ်ပိတ်နေရ သလဲ။

ဟိုနာစရာဒီထောက်စရာအကြောင်း တွေရှိနေလို့လား။ မြင်သာထင်သာရှိ အောင်အရေးယူမှုတွေကို ပြည်သူတွေ လေးစားလာအောင် ပြည်သူတွေ သံသယ ရှင်းအောင်လုပ်မပြကြတော့ဘူးလား။ သံသယဆိုတာ တော်တော်လေးဒုက္ခပေး တတ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက သံသယကင်းပါစေ။ အမှန်ဘ၀ရှင်းပါစေ လို့ပြောတာပေါ့။ မကြာခင်ကလည်း သတင်းဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတယ်။ တာမွေမြို့နယ်ရဲစခန်းက ကလေးတစ် ယောက်ကို ခိုးမှု၊ မသင်္ကာမှုနဲ့ လူမဆန် စွာရိုက်နှက်စစ်ဆေးတာကို ဖတ်ရတော့ မြင်ရတွေ့ရတဲ့ပြည်သူတွေရော၊ ဖတ်ရ ကြားရတဲ့ပြည်သူတွေပါ တော်တော်စိတ် မကောင်းဖြစ်ကြရပါတယ်။
ကလေးတစ်ယောက်ကို သားသမီး ချင်းကိုယ်ချင်းစာနာမှုကင်းမဲ့စွာ ကိုယ်လုံး တီးချွတ်ပြီး ၀ိုင်းရိုက်ကြတယ်။

ဒီအထဲမှာ တဏှာရာဂကြီးတဲ့ရဲကလည်း သားသမီး ချင်းကိုယ်ချင်းစာနာမှုမရှိပဲ ငါ့မိန်းမနဲ့ ကွဲကွာနေတာကြာပြီ။မင်းကိုခရေပွင့်ချွတ်မယ်ဆိုလို့ကောင်လေးကကြောက်ကြောက်လန့်လန့်နဲ့သူ့ဖင်ကိုလက်နဲ့ ကာကွယ်ထားရတယ်ဆိုတဲ့သတင်းတွေဟာ ယောက်ျားချင်းတောင်ရဲတွေ့ရင်ပြေးရမလိုဖြစ်နေပါလား။

ပြည်သူတွေ သိတာ၊ ထင်တာကတော့ ရဲတွေဟာ တဏှာရာဂနည်းလို့၊ ပြည့်တန် ဆာလုပ်စားနေတဲ့ကောင်မလေးတွေတောင် လိုက်ဖမ်းနေတယ်လို့ထင်ကြတာပါ။ ခုကြားရတဲ့ရဲကတော့ လူကြည်ညိုစရာ၊ လူလေးစားစရာပဲလား။ ဒါမှမဟုတ် အိမ် လည်လာရင်တောင် အိမ်ကမိန်းမတွေ၊ ကလေးတွေကို ဝေးဝေးနေခိုင်းရမယ့်ပုံပေါ် နေပြီလားမသိပါဘူး။
ရဲအကြောင်းတစ်ဆက်ပဲပြောလိုက် ဦးမယ်။ ရဲတွေထဲမှ စာရေးသူရဲ့မိတ်ဆွေ ရဲအရာရှိတွေလည်းရှိသလို၊ သာမာန်ရဲတွေ လည်း ရှိပါတယ်။ ရဲတိုင်းမကောင်းဘူးလို့ မဆိုလိုပါဘူး။

ဒါပေမဲ့ ရဲဆိုတာ အကျင့် စာရိတ္တသူများထက်ကောင်းရပါမယ်။ ပြည်သူတွေရိုသေစရာ၊ အားထားစရာ၊ ခင်မင်စရာကောင်းအောင်ပြုမူနေထိုင် ဆက်ဆံတတ်ရပါမယ်။ ရဲထဲဝင်ရင် အာဏာပြဖို့၊ ငါဝါးဖို့၊ အမှုသေးကို အမှု ကြီးလုပ်ဖို့၊ ကြံဖန်အမှုရှာဖို့၊ ကလိန်ကကျစ် လုပ်ဖို့၊ ပြည်သူကို နှိပ်စက်ဖို့ဆိုတာကို မလုပ်ကောင်းပါဘူး။ ဗုဒ္ဓဘာသာမှာ ၀ဋ် ဆိုတာရှိတယ်။ အတုံ့အလှည့်ဆိုတာရှိ တယ်။ သံသရာဆိုတာရှိတယ်။ ကိုယ်ပြု တဲ့ကံဟာတစ်ချိန်ချိန်မှာ ကိုယ်သော်လည်း ကောင်း၊ ကိုယ့်မိသားစုသော်လည်းကောင်း ပြန်ခံရပါတယ်။ ယုံပါ။

တချို့ရဲတွေဟာ တော်တော်ကောက် ကျစ်စုတ်ပဲ့ကြပါယ်။ စဉ်းစားကြည့်ပါ။ ပြည်သူ့ကို ကာကွယ်မယ်၊ ကူညီမယ်ဆိုရင် ပြဿနာတစ်ခုကို မဖြစ်ခင်က ကြိုတင် ကာကွယ်ပေးရမယ်။ ပြဿနာဖြစ်မယ့် ဟာကို မဖြစ်အောင်ကူညီရမယ့်ပေါ့။ ခုတော့ ဒီလိုမဟုတ်ဘူး။ ပြဿနာမဖြစ် ဖြစ်အောင်လုပ်တယ်။ ဖြစ်တော့မှ ပုံကြီး ချဲ့ပြီးနှိပ်စက်တော့တာပဲ။

ဥပမာတစ်ခုပြ မယ်။ မကြာခင်က စာရေးသူနေထိုင်ရာ လှိုင်မြို့နယ်၊ တံတားဖြူမှတ်တိုင်နားမှာ လာလာနေတဲ့ကောင်မလေးတွေကို သတင်းပေးအရဆိုပြီး ပြည့်တန်ဆာပုဒ်မနဲ့ ဖမ်းခေါ် သွားတယ်။ မရှိလို့၊ ငတ်ပြတ်လို့၊ သူ့ကိုယ် နဲ့ ရင်းစားရတဲ့ဘ၀ကို ဒုက္ခပေးလိုက်တာ ပဲ။ သူ့တစ်မိသားစုလုံးဒုက္ခပေးလိုက်တာပဲ။ ဒီဖမ်းတဲ့ရဲဟာ ပြည်သူ့အပေါ်မှာ ကူညီ ချင်ရင်၊ ရိုင်းပင်းချင်ရင် စောစောကတည်း က ဒီကောင်မလေးတွေကိုခေါ်ပြီးသတိ ပေးလိုက်ရင် မရဘူးလား။ သူကကော ဒီရဲကို ကျေးဇူးတင်မသွားဘူးလား။ ရဲဆိုး တွေနည်းနည်းတော့စိတ်ဓာတ်ပြောင်းစေ ချင်ပါတယ်။ ရဲတစ်ယောက်အဲဒီလိုဖမ်း လိုက်တာ၊ ဒုက္ခပေးလိုက်တာကို ပတ်ဝန်း ကျင်လူတွေက ဒီရဲကို အထင်ကြီးသွား မယ်ထင်သလား။ ထင်ရင်တော့ တက်တက် စင်မှားသွားပြီကိုရဲရေ။

နောက်တစ်ခုပြောဦးမယ်။ ရဲတွေရဲ့ ရဲလုပ်ပုံကိုင်ပုံတွေလေ။ တည်းခိုးခန်းတွေ မှာ အတွဲတွေလာကြတယ်။ နည်းနည်း လည်းစဉ်းစားကြည့်ပါဦး။ ကိုရဲကြီးမသိ ဘူးဆိုရင်ပြောပြမယ်။ တည်းခိုးခန်းကို ကောင်မလေးခေါ်လာတာ တရားထိုင်ဖို့ လာတာမဟုတ်သလို၊ ပုတီးစိပ်ဖို့လာတာ လည်းမဟုတ်ဘူးနော်။ သိတယ်မဟုတ် လား။အဲဒါကိုသိရဲ့သားနဲ့း တည်းခိုခန်းတွေ မှာ ဧည့်သည်ယောင်ဆောင်ပြီးအမှုဆင် တာတို့၊ အကွက်ဆင်ပြီးထောင်ဖမ်းတာ တွေကတော့ မကောင်းပါဘူး။ နည်းနည်းလည်းကိုယ်ချင်းစာအသိစိတ်ဓာတ်ရှိပါဦး။ ဒီကိစ္စကိုရဲတိုင်းကောကင်းကြသလား။ မကြာခင်ကလည်း ရန်ကုန်မြစ်ကူးတံတား ဂိတ်တာဝန်ကျရဲက အိမ်ပြေးကောင်မလေး ကို မုဒိမ်းကျင့်တာတွေ၊ ကျောင်းကုန်းရဲ နဲ့ ပြည့်တန်ဆာကိစ္စတွေဆိုတာ လူတိုင်း သိနေကြတဲ့ သတင်းတွေပဲ။

အဲဒီတော့ သူများမကောင်းတာတွေ ထက် ကိုယ်ကိုယ်တိုင်ကောင်းအောင်ကြိုး စားပါဦး။ ခေတ်ကပြောင်းလာပြီလေ။ အာဏာရှင်စနစ်မဟုတ်တော့ဘူး။ ပြည်သူ ရဲ့ခေတ်ကို ပြောင်းနေကြပြီလေ။ ကိုရဲတွေ လည်း မိမိစိတ်ဓာတ်တွေကို ခေတ်သစ် စနစ်သစ်နဲ့အညီ ပြောင်းလဲသင့်ပြီပေါ့။ ကိုလိုနီခေတ်၊ တစ်ပါတီအာဏာရှင်စနစ် ရဲ့ အမွေဆိုးတွေ၊ အကျင့်စရိုက်တွေကို ပြောင်းဖို့ကောင်းပါပြီ။ တိုင်းသူပြည်သား တွေကို ငြိမ်ဝပ်ပိပြားနေအောင်လုပ်ခဲ့တဲ့ စစ်အစိုးရရဲ့လုပ်ရပ်တွေကို တစ်ချိန်ကကူညီ ပံ့ပိုးပေးနေတာထဲမှာ ကိုရဲတွေလည်းပါပါ တယ်။ ရဲတွေရဲ့လုပ်ရပ်ကိုကြည့်ပါဦး။

ကိုဖြူမျာ ပြဿနာတစ်ခုရှိတယ်ဆိုရင် ဒီကိုဖြူကိုပဲဖမ်းရမယ်။ အရေးယူရမယ် ပေါ့။ အခုတော့ ဒီလိုမဟုတ်ဘူး။ ကိုဖြူကို မတွေ့ရင်၊ မမိရင်၊ ကိုဖြူရဲ့ မိသားစုကို ဖမ်းမယ်။ ဆီးမယ်။ ဒုက္ခပေးမယ့်ပေါ့။ ဒါဟာ မလုပ်သင့်တဲ့ဥပဒေပဲ။ အမှန် တကယ် လက်မ မကောင်းလက်မ၊ ခြေမ မကောင်း ခြေမ မဟုတ်ဘူးလား။ ကိုယ် လုပ်တာ တရားသလား။ မတရားဘူးလား။ ဆိုလိုရင် စဉ်းစားဉဏ်ရှိရမှာပေါ့။ သင့်/ မသင့် တွေးခေါ်ရမှာပေါ့။ ဒီအထဲမှာ ရဲနဲ့ ပေါင်းပြီး မျိုဆို့နေတဲ့ သူတွေ၊ သူတောင်း စားလိုလိုက်တောင်းစားပြီး ရဲကို မြှောက်၊ အောက်ကိုခြောက်ပြီး အကြံအဖန်လုပ် နေတဲ့ သတင်းပေးတွေကလည်း မြန်မာ ပြည်မှာ မနည်းဘူး။ သူတို့ကို နိုင်ငံတော် က လစာပေးသလား။ နိုင်ငံတော်က တရားဝင်ခန့်ထားသလားဆိုတာလည်း ပြည်သူတွေက သိချင်နေကြတယ်။

နောက်တစ်ခုက အလုပ်မရှိအကိုင် မရှိ၊ ပညာမတတ်လို့၊ ရပ်ကွက်ထဲက ယောင်တောင်တောင်တွေကိုလည်း အပြာရောင်ဝတ်စုံဝတ်ခိုင်းပြီး လုံခြုံရေး၊ ဘာရေးဆိုပြီးခိုင်းတဲ့အဖွဲ့ကခိုင်းတော့ ရပ်ကွက်တွေ၊ လမ်းတွေထဲမှာ လူတွေ မျက်စေ့နောက်လောက်အောင် အာနာခွာနာပြကြတာကလည်း တစ်မျိုးပါပဲ။ နောက်ဆုံးပြောချင်တာကတော့ မိမိရဲ့ မကောင်းတဲ့စရိုက်၊အကျင့်အကြံတွေကို ရှောင်ရှားပြီး ပြည်သူကြိုက်တဲ့၊ ပြည်သူခင်မင်လေးစားတဲ့ ပြည်သူအားကိုးတဲ့
ပြည်သူ့ရဲတွေပဲဖြစ်ပါစေလို့စေတနာနဲ့ ဆန္ဒပြုလိုက်ပါတယ်။

အောင်ဝင်း
(Hots news weekly သတင်းဂျာနယ်)

နာမည်ခံ ဒီမိုကရေစီ
နှစ်ပေါင်း ၅၀ နီးပါး ကိုယ်လုပ်ချင်ရာလုပ်ခဲ့တဲ့ မြန်မာ အစိုးရဟာ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ သီးသန့်ဖြစ်ပြီး နိုင်ငံတကာ လုပ်နည်းလုပ်ဟန်တွေနဲ့ ဝေးကွာခဲ့ပါတယ်။ နိုင်ငံကို ပြောင်းလဲလိုတဲ့ စစ်ဗိုလ်ချူပ်တချို့ရဲ့ လုပ်ရပ်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရေးအခြေအနေ ပိုမိုကောင်းမွန်လာဖို့ ကြိုးစားနေကြတာကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ကြတာကို တွေ့ရပါတယ်။ လူထုက မကြိုက်ဘဲ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ပြုပြင်မယ့်သူနဲ့ ခုခံမယ်သူတို့ လွှတ်တော်အတွင်းမှာ တွေ့ဆုံစကားပြောကြတဲ့ အခြေအနေကို ရောက်နေကြပြီ။ အကြိတ်အနယ် ပြောဆို ဆွေးနွေးတာထက် အီလေးဆွဲ မလိုအပ်တာတွေမှာ အချိန်ကုန်နေတဲ့ လွှတ်တော်ကြီးဟာ နိုင်ငံတကာ စံချိန်စံနှုန်းတွေ လုပ်ပုံကိုင်ပုံတွေကို အတုယူဖို့ လိုအပ်နေပါတယ်။ သို့သော် နာမည်ခံ ဒီမိုကရေစီစနစ်ဆိုတော့ လုပ်ပိုင်ခွင့်ရှိသူတွေက ခြယ်လှယ်နေတုန်းပါပဲ။ ထိုအခြေအနေမှ ပွင့်လင်းမြင်သာတဲ့ လုပ်ကိုင်မှုမျိုးနဲ့သာ ရှေ့ကိုတိုးတက်နိုင်မှာ ဖြစ်ပါတယ်။

နည်းပညာ အခက်အခဲ
တကယ်တော့ မြန်မာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေခံ အဆောက်အဦးများဟာ အရှေ့တောင်အာရှမှာ အနိမ့်ဆုံးအဆင့်ထဲမှာရှိတယ် လို့ပြောရပါမယ်။ ရန်ကုန်မြို့မှာတင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေ၊ ပညာရေးနဲ့ ကျန်းမာရေး စတာတွေ အခက်အခဲရှိတာကို တွေ့ရပါမယ်။ မလေးရှားတို့ ထိုင်းတို့မှာ တောနယ်လေးတွေမှာတောင် လျှပ်စစ်မီး ရရှိနိုင်ပေမယ့် မြန်မာပြည်ရဲ့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန် မန္တလေး မြို့တွေမှာ လျှပ်စစ်မီးပုံမှန် မရရှိသေးပါဘူး။လျှပ်စစ်မီး လုံးဝမရရှိသေးတဲ့ တောနယ်တွေက မြန်မာပြည်အနှံ့အပြားမှာ ရှိနေဆဲပါ။ လက်တလော မြန်မာ့ဆက်သွယ်ရေးက ကောက်ခံမယ်ဆိုတဲ့ အင်တာနက်သုံးနှုန်းတွေဟာ လက်ဝါးကြီးအုပ်သူတွေရဲ့ အမြတ်ထုတ်မှုတွေကို တွေ့ရပါမယ်။ တကယ်တော့ ပြောင်းလဲတိုးတက်မှုကို ဦးတည်နေတယ် ဆိုရင် နိုင်ငံသားတစ်ဦးချင်းစီရဲ့ ၀င်ငွေကို ထည့်တွက်ရပါမယ်။ နိုင်ငံတကာဈေးနှုန်းထက် ပိုမိုမြင့်မားတဲ့ ကောက်ခံမှုမျိုးဟာ နည်းပညာသုံးစွဲသူတွေကို ဟန့်တားလိုက်သလိုဖြစ်စေပါတယ်။
တာဝန်ခံမှုနဲ့ တာဝန်ယူမှု
ဒီမိုကရေစီစနစ်ကို ဦးတည်နေတဲ့ အစိုးရတစ်ရပ်ဟာ တာဝန်ခံမှုနဲ့ တာဝန်ယူမှုရှိသင့်ပါတယ်။ ကြိုတင်တွေးတောမှုမျိုးလည်းရှိသင့်ပါတယ်။ လက်ပတောင်းတောင် အရေးအခင်းမျိုးမှာ ဖြစ်ပျက်သွားတဲ့အခြေအနေတွေအပေါ်မှာ အမြန်ဆုံးတာဝန်ယူမှု ရှိသင့်ပါတယ်။ ဒါကလည်း နှစ်ပေါင်း ၅၀ လောက် ထင်ရာစိုင်းလာခဲ့တဲ့ မြန်မာအစိုးရအနေနဲ့ အကျင့်ဖြစ်အောင် အတော်လုပ်ယူရမယ့် အခြေအနေပါ။ အရာရာကို အရင်အစိုးရဆိုပြီးလွှဲချဖို့ မသင့်တော်ပါဘူး။ အရင်အစိုးရက ဒီလိုလုပ်ခဲ့ပြီးပြီ အခုအစိုးရက ဘယ်လို ပွင်လင်းမြင်သာမှုမျိုးနဲ့ ကိုင်တွယ်မလဲဆိုတာ အရေးကြီးပါတယ်။ မလုပ်ခင် မပြောခင်မှာ လုပ်ပြီး ပြောပြီးရင် ဘာဆက်လုပ်မလဲဆိုတာကိုပါ ထည့်စဉ်းစားထားဖို့လိုပါမယ်။ ဥပမာပေးရမယ်ဆိုရင် 'သမ္မတရုံးရဲ့ ၁၁/၂၀၁၂ ကြေငြာ' လိုဖြစ်သွားတဲ့ လုပ်ရပ်ဟာ ကြိုတင်ပြင်ဆင်မှု ဘာမှ မရှိသလို တာဝန်ယူမှုကင်းမဲ့နေတာကို တွေ့ရပါတယ်။

နိုင်ငံတကာ
ဥရောပနိုင်ငံများနဲ့ အမေရိကန်တို့က စီးပွားရေး ပိတ်ဆို့မှုတွေကို လျှော့ချခဲ့လို့ နိုင်ငံခြား ကုမ္ပဏီတော်တော်များများဟာ မြန်မာနိုင်ငံမှာ အတွင်းမှာ စီးပွားရေးလုပ်ဖို့ အလုံးအရင်း ၀င်ရောက်လာကြပါပြီ။ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသည်များလည်း ပိုမို များပြားလာပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ ခရီးစဉ်နဲ့အတူ မြန်မာပြည်ဟာ ကမ္ဘာရဲ့ အာရုံစိုက်ခံရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။ အရှေ့တောင်အာရှနိုင်ငံများကလည်း ဈေးကွက်ရှာခြင်း လုပ်ကွက်ရှာခြင်းများကို လုပ်ကိုင်လာခဲ့တာကြောင့် မြန်မာပြည်ဟာ ဗီယက်နမ်ရဲ့ တိုးတက်မှုနောက်ကို လိုက်လိမ့်မယ်လို့ တွက်ကြတဲ့သူတွေလည်းရှိကြပါတယ်။ ဒါလို နိုင်ငံရေးအခြေအနေ တိုးတက်မှုတွေဟာ နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ် ခြယ်လှယ် လုပ်ကိုင်လာခဲ့တဲ့ တရုတ်နိုင်ငံအဖို့ စိတ်လေးစရာဖြစ်ပါလိမ့်မယ်။

နောက်ပြန်ဆွဲလိုသူများ
အပြောင်းအလဲကာလမှာ နောက်ပြန်လိုသူတွေဟာ ခေတ်တိုင်းမှာ ရှိပါတယ်။ ဒါကလည်း ကိုယ်အသားကျနေပြီးသားဖြစ်တဲ့ အခြေအနေတစ်ခုကနေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို သွားနေမှန်းသိသော်လည်း အသားကျနေတဲ့သာယာမှုတွေကို စွန့်လွတ်လိုက်ဖို့ ခက်ခဲတတ်ကြပါတယ်။ အစိုးရဘက် အပိုင်းမှာလည်း ရှိနိုင်သလို တော်လှန်ရေးမှာ သာယာတတ်တဲ့သူတွေမှာ လည်းရှိတတ်ပါတယ်။ တော်လှန်ရေးတိုက်ပွဲမရှိရင် စိတ်လက်မအီမသာဖြစ်တတ်တဲ့ အတိုက်အခံတွေလည်း ရှိပါတယ်။ ရရင်ရ မရရင်ချ ဆိုတဲ့ အခြေအနေထက် တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းဟာလည်း မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အားနည်းလေတော့ စိတ်မရှည်သူတွေ ရှိကောင်းရှိပါလိမ့်မယ်။

ခြေလှမ်းတွေ နောက်ကျ
အရင်စနစ်တွေမှာ ပြည်သူနဲ့ မီဒီယာက အစိုးရနောက်ကို လိုက်ကြရပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက ထင်ရာစိုင်းခဲ့သလို ဘာလုပ်လုပ် ဖြေရှင်းမှု မရှိခဲ့လို့ပါ။ အစိုးရရဲ့ ခြေလှမ်းကို တွက်ဆဖို့ ခက်ခဲလွန်းလှပါတယ်။ အခုစနစ်မှာတော့ ဒီလိုမလုပ်သင့်တော့ပါဘူး။ ဒါပေမယ့် အစိုးရ အဖွဲ့ဝင်တော်တော်များများဟာ နှစ်ငါးဆယ်လောက် ကျင်လည်ခဲ့တဲ့ အမူအကျင့်တွေကို ရုန်းမထွက်နိုင်သေးပါဘူး။ မြန်ဆန်တဲ့ အင်တာနက်စနစ်နဲ့ အလွတ်မီဒီယာ သမားတွေရဲ့ ထိရောက်မှုဟာ အစိုးရကို သတင်းထိန်ချန်မှုတွေမရှိနိုင်အောင် တွန်းအားတွေ ပေးနေတာ တွေ့ရပါတယ်။ ဒီလိုပါပဲ နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံတဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံဟာ မြန်မာအစိုးရဘာမှ မပြောနိုင်ခင်မှာပဲ ကြေငြာချက်တွေ ထုတ်ပြီး မြန်မာပြည်တွင်းမှာဖြစ်တဲ့ ပြဿနာတွေဟာ သူ့တို့တွေနဲ့ မသက်ဆိုင်ကြောင်း နိုင်ငံတကာ ကို အသိပေးကြပါတယ်။ ဒါတွေကို ကြည့်ရင် ပြင်ဆင်မှု အလေ့အကျင့်မရှိတဲ့ မြန်မာအစိုးရဟာ ခြေလှမ်းတွေ နောက်ကျနေတာကို တွေ့ရပါတယ်။

နောက်ပြန်လှည့်နိုင်မလား
လက်ပံတောင်းတောင်အရေးအခင်း အပြီးမှာ နောက်ပြန်လှည့်နိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။ ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေဟာ သံသယတွေနဲ့ရောထွေးသွားပါတယ်။ တည်ဆောက်ဖို့ ကြာရှည်သလောက် ဖျက်ဆီးဖို့ အချိန်သိပ်မလိုပါဘူး။၂၀၀၈ အခြေခံဥပဒေထဲမှာပါတဲ့ စစ်တပ် အာဏာသိမ်းမှုအခန်းကဏ္ဍဟာလည်း ပယ်ဖျက်ခြင်းမရှိသေးတော့ တိုင်းပြည်ကို အငြင်သာဆုံး ရှေ့တိုးဖို့ ကြိုးစားနေသူတွေ အဖို့ အကျဉ်းအကြပ်ထဲရောက်နေရသလို သတိကြီးစွာထားရမယ့် အချိန်လည်းဖြစ်ပါတယ်။ တကယ်တမ်းတော့ နိုင်ငံအခြေအနေဟာ ပိုမိုဆိုးရွားလာနိုင်ဖို့ရှိနေပြီး အစိုးရရဲ့ ကိုင်တွယ်ပုံ ပေါ်မှာ အများကြီးမူတည်နေပါတယ်။ လမ်းမှန်ပေါ်မှာ ရှေ့ဆက်သွားရန်အတွက်လည်း အားလုံးဝိုင်းဝန်း ကြိုးစားထိန်းကြောင်းရပါဦးမယ်။

ခင်မင်လေးစားစွာဖြင့်
ကိုငယ်(မန္တလေး)

သံလွင်အိမ်မက် အင်တာနက်မဂ္ဂဇင်းမှ


မင်္ဂလာရှိသော ၂၀၁၃ ခုနှစ် နှစ်သစ်အား နွေးထွေးပျူငှါစွာဖြင့် ကြိုဆိုလျှက် . . . .

နိုင်ငံကျော် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အလင်္ကာကျော်စွာဘွဲ့ရှင်၊ မြန်မာပြည်သူ/သားများအတွက် ပြာသိုလပြည့် အမေနေ့ အဖြစ် သတ်မှတ်၍ ဖော်ထုတ်ပေးခဲ့သူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကကြီး ကျေးဇူးရှင် ဘဘ ဦးသုခ မျိုးစေ့ချ ပြုစုပျိုးထောင်ခဲ့သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) သည် အများပြည်သူလူထု (ပြည်တွင်း/ပ)တို့၏ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် (အလှူငွေများ၊ အထောက်အကူပြုပစ္စည်းများ အစပြု၍ အဖက်ဖက်မှ ၀ိုင်းဝန်းပံ့ပိုးကူညီမှုများကြောင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့၌ တစ်ဆယ့်နှစ်နှစ် ပြည့်မြောက်သွားပြီ ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ထောင်ခြင်း (၁၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ၁.၁.၂၀၁၃ (အင်္ဂါနေ့) နံနက်အာရုံအချိန်မှစတင်၍ သံဃာတော် (၁၀) ပါးအား ပင့်ဖိတ်ကာ အာရုံဆွမ်း ဆက်ကပ်နှင့် သင်္ကန်းပရိက္ခရာများအား လှူဒါန်းခဲ့သည်။ ယင်းနောက် နံနက် (၉း၀၀) နာရီအချိန်မှစတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်းရှိ မျက်စိခွဲစိတ်ဆေးရုံတွင် ၃၁.၁၂.၂၀၁၂ ရက်နေ့၌ ခွဲစိတ်ကုသမှု ခံယူခဲ့ ကြသော မျက်စိဝေဒနာရှင် (၅) ဦးတို့အား ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များဖြစ်ကြသော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ မနီလာသိန်း၊ မမီးမီး၊ မသီရိတို့နှင့် မျက်စိခွဲစိတ်ဆရာဝန်များ ဖြစ်ကြသော Dr. ဦးလှမောင်ဒင်၊ Dr. ဦးမိုးလွင်၊ မျက်စိခွဲစိတ်ခန်း၏ မတည်အလှူရှင် သိင်္ဂီရွှေဝါ ပိုးထည်တိုက်မှ ဦးဝင်းထွန်း + အန်တီပေါက်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ အသီးသီး စက္ခုအလင်းတံခါးအား ဖွင့်လှစ် ပေးခဲ့သည်။ မျက်စိဝေဒနာရှင်များအနေဖြင့် စက္ခုအလင်း စတင်ပွင့်လင်းသည်နှင့် တိုင်းပြည်အကျိုး သယ်ပိုးရွက်ဆောင်နေကြသော ကျောင်းသားခေါင်းဆောင်များ၊ ကျေးဇူးရှင် မျက်စိခွဲစိတ်ခန်း အလှူရှင် များနှင့် Miss Myanmar အလှမယ် နန်းခင်ဇေယျာတို့အား မြင်တွေ့လိုက်ရသဖြင့် များစွာဝမ်းသာ ပီတိများ ဖုံးလွှမ်းသွားစေခဲ့သည်။ ယင်းနောက် နာရေး (ဈာပန) ကူညီမှု၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန် / ပြည် / ပဲခူး / ကြို့ပင်ကောက်)၊ သုခအလင်း စာကြည့်တိုက်နှင့် ပညာရေး အစရှိသည့် (၁၂) နှစ်တာ အများ ပြည်သူတို့အတွက် လုပ်ဆောင်မှုထမ်းရွက် ပေးဆပ်ခဲ့မှု ဓါတ်ပုံမှတ်တမ်းလွှာ ပုံရိပ်များအား ပြခန်းမျာ အဖြစ် ပြသထားရှိသည့်အပြင် အနိစ္စတရားသို့ အလည်အပတ် သွားရောက်မှု Performent ပြခန်းကြီး များတွင် “ကမ္ဘာမြေပြင်မှ ပုံစံအမျိုးမျိုးတို့ဖြင့် ထွက်ခွာသွားကြသူများ၏ ပုံရိပ်လွှာများ”၊ “သေသောသူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည်”၊ “ကျွတ်စေ .. လွတ်စေ .. ငြိမ်းချမ်းစေ”၊ “နောက်ဆုံးတော့ မီးခိုးနဲ့ပြာ၊ ပါသွားမှာက ကုသိုလ် - အကုသိုလ်” အစ ရှိသည့် ပြခန်းပြကွက်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေးကိစ္စအတွက် အများပြည်သူတို့အား (အခမဲ့) ကူညီဖေးမမှု များအား လက်တွေ့အဆင့်ဆင့် ပြသမှုတို့သည် သေခြင်းတရားအား မမေ့မလျော့ ကြရန်နှင့် ဗဟုသုတ သံဝေဂရယူနိုင်ရန် အဓိကထား၍ သရုပ်ဖော် ပြသခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့နှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးနိုင်ရန်အတွက် ရုပ်ပုံတူ ဖန်တီးပြုလုပ်ကာ အမှတ်တရအဖြစ် ချက်ချင်း ရိုက်/ထုတ်ပေးခြင်း ဖြင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များတို့၏ နှလုံးသားအား ဖမ်းစားညှို့ယူ စိတ်ဝင်စားစေခဲ့သည့် Performent ပြခန်းများ ဖြစ်စေခဲ့ပါသည်။ အမှတ်တရ အထိမ်းအမှတ်ပစ္စည်းများ အဖြစ် နာရေးကူညီမှု အသင်း(ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း၊ သုခအလင်း စာကြည့်တိုက် အစရှိ သည့် အမှတ်တံဆိပ် (Logo) များဖြင့် ၂၀၁၃ ခုနှစ် ဒိုင်ယာရီစာအုပ်၊ ဦးထုပ်၊ ဖုန်းအိတ်၊ ဘောလ်ပင်၊ ရင်ထိုး၊ သော့ချိတ်၊ Notepad စာအုပ်၊ လည်ကတုံးအင်္ကျီအတွက် တပ်ဆင်သည့် ကြယ်သီး၊ လက်ကိုင်ပုဝါ၊ ငြိမ်းချမ်းရေး ဂျိုးဖြူငှက် ရုပ်ပုံဖြင့် ကျားဝတ်လုံချည်၊ ဦးကျော်သူ၊ ဒေါ်သန်းမြင့်အောင်၊ ဒေါ်ရွှေဇီးကွက်တို့၏ ရုပ်ပုံများဖြင့် ဖန်ခွက် အစရှိသည့် လူ့အသုံးအဆောင်ပစ္စည်းများ အမှတ်တရအဖြစ် ရောင်းချပေးခဲ့သည့် အပြင် စားသောက်ဖွယ်ရာများအဖြစ် Ice-cream & Tempura ၊ ဘူးသီးကြော်၊ Coke, Sprite, 7 UP, Hot Dog, Ice-coffee အစရှိသည့်တို့အား အစာပြေသုံးဆောင်နိုင်ရန် အသင်းသား/သူများတို့မှ စီစဉ်ရောင်းချ ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအာဟာရ စားသောက်ဆိုင်မှ (၁၂) နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ် (၁၀၀၀) ကျော်တို့အား နေ့လည်စာ သီးစုံထောပတ်ထမင်း၊ ကြက်သားဟင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ (၁၂) နှစ်ပြည့် အခမ်းအနားနေ့ရက်တွင် ဆံပင်ညှပ်ပေးခြင်း အား ဆံသကုသိုလ်ရှင်များအဖြစ် “နှင်းနှင်းအောင် Beauty Centre” “Orchid City Beauty Parlour (I,II)” “Snow White Beauty Salon” အစရှိသည့် ဆံသဆိုင် (၃) ဆိုင်မှ ၀န်ထမ်းများတို့သည် ကုသိုလ် ဖြစ် ဆံပင်ညှပ်ခြင်း၊ ခေါင်းလျှော်ခြင်းတို့အား ကုသိုလ်ဖြစ် ပြုလုပ်ပေးခဲ့သည်။

မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် “သုခ” ခန်းမဆောင်ကြီး၌ နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ထောင်ခြင်း (၁၂) နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားအတွက် အဖွင့်သီချင်းအဖြစ် တေးရေး သားဖေ ထင် ရေးသားသီကုံးသည့် “မွေးရာပါဗြဟ္မစိုရ်” သီချင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ တနင်္ဂနွေနေ့ လုပ်အားပေး အသင်းသား/သူများတို့မှ သံပြိုင်သီဆိုဖျော်ဖြေခြင်းဖြင့် စတင်ခဲ့ပြီးနောက် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ၂၀၁၂ ခုနှစ် တစ်နှစ်တာအတွက် ကျရာတာဝန်များအား ဇွဲ၊ လုံ့လတို့ဖြင့် အသင်းမှ ချမှတ်ထားသည့် စည်းမျဉ်း/ကမ်းများ၊ ခွင့်ရက်အနည်းဆုံးဖြင့် တာဝန်ကျေပွန်စွာ ထမ်းရွက်ပေးခဲ့သည့် အပြင် လိုအပ်ချိန်များတွင် ကိုယ်ကျိုးစွန့်၍ နေရာမရွေး စွမ်းစွမ်းတမံ အားသွန်ခွန်စိုက် ထူးချွန်စွာ လုပ်အားပေးခဲ့ကြသော အသင်းသား/သူ ကိုထွန်းထွန်းဝင်း(၂)၊ ကိုမျိုးမင်းဦး၊ ကိုအောင်အောင်၊ ကိုခင် မောင်ချစ်၊ ကိုစည်သူအောင်၊ ကိုဝံသ၊ ကိုဘုန်းဆက်နိုင်၊ ကိုသိန်းစိုး(၂)၊ ကိုအောင်သူရ၊ ကိုဋ္ဌေးလွင်၊ မ၀င်း လဲ့ဇင်၊ မလဲ့လဲ့ထွန်း၊ မအေးအေးမော်၊ မဇင်မာထက်၊ မဆွေဆွေဝင်း(၁) စုစုပေါင်း (၁၅) ဦးတို့အား ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။

လူမှုရေးတေးဂီတ ဖျော်ဖြေခြင်းအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အထူးဧည့်သည်တော် အသင်းသားဖြစ်သူ တေးရေး/ဆို ဆောင်းဦးလှိုင်၊ ဖြိုးကြီး၊ ပိုပို တို့မှ လူမှုရေးတေးသီချင်းများ ဂုဏ်ပြု သီဆိုခဲ့သည်။ Social Oscar Award 2012 F.F.S.S (yangon) ဆုချီးမြှင့်ခြင်း အစီအစဉ်သည် နာရေး ကူညီမှုအသင်း(ရန်ကုန်)နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းများ၏ အများပြည်သူတို့အား ထမ်းဆောင်ပေးဆပ် ရာ၌ နာရေးနှင့်ပတ်သက်၍ အယူသည်းမှုများ၊ (မသာ)ပွဲစားများ၊ အသင်း၏ ကူညီပံပိုးမှုများအနက် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအပြင် ဆေးခန်းနှင့်ပတ်သက်၍ တိုကင်ရယူခြင်း၊ ဆေးကူညီမှု ထမ်း ရွက်ပေးခြင်း၊ တိုကင်ပွဲစား နေရာရောင်းချခြင်း၊ သုခဆေးခန်းမှ ကျန်းမာရေးဝန်ဆောင်မှုများ အစရှိသည့် အဖြစ်အပျက်များအား ဥက္ကဋ္ဌ ဦးကျော်သူမှ စီစဉ်အကြံပြုပြီး ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာ၊ နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင် ဦးမြတ်ဆွေမှ ပုံဖော်ရိုက်ကူးခဲ့သည့် ပညာပေး ဇာတ်လမ်း တို ဇာတ်ကား (၂၀) အတွက် ပါဝင်သရုပ်ဆောင်ခဲ့ကြသူများထဲမှ နာရေးကူညီမှုအသင်း(ရန်ကုန်) လုပ်အားပေး အသင်းသား/သူများဖြစ်ကြသော ဦးမောင်ညွန့် (ကွယ်လွန်)၊ ဦးတင်ဦး၊ ဦးပြောင်ကြီး၊ ကိုရဲမြင့်အောင်၊ ကိုရဲသွင်ထွဋ်၊ ကိုအောင်မျိုးထက်၊ ကိုတင်ကိုကိုနိုင်၊ ကိုကောင်းပြည့်စုံ၊ ကိုသိန်းထိန်၊ ဒေါ်မြင့်ဆွေ၊ ဒေါ်သန်းသန်းအေး၊ ဒေါ်စန်းစန်းမြင့်၊ ဒေါ်ခင်ဝါ၀ါဦး၊ မခင်ဋ္ဌေးကြွယ်၊ မဆည်းဆာဆွေဝင်း တို့မှ Social Oscar Award 2012 F.F.S.S (yangon) ဆုအသီးသီး ချီးမြှင့်ဂုဏ်ပြုပေးအပ်ခဲ့သည်။ ယင်းဆုများအတွက် ဒါရိုက်တာ ဦးအောင်မြင့်မြတ်၊ ဒါရိုက်တာ ဦးနှင်းမိုး၊ ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ အန်ထော်နီ၊ ဒါရိုက်တာ မောင်ဗေဒါ၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ ဇာတ်ညွန်း ဒေါ်ခင်လေးသိမ့်၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ ဇော်ဝင်းမောင်၊ သရုပ်ဆောင် လင်းဇာနည်ဇော်၊ သရုပ်ဆောင် မင်းမော် ကွန်း၊ တေးသံရှင် ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ ဆောင်းဦးလှိုင်၊ ဖြိုးကြီး၊ လင်းလင်း၊ ဦးဝင်းငြိမ်း (အလင်းတန်း)၊ ကိုမျိုး(မြန်မာစာ)၊ ဦးဝင်းမော် (ရွှေသံစဉ်)၊ စာရေးဆရာ အကြည်တော် အစရှိသည့် နယ်ပယ်အသီးသီးရှိ ပညာရှင်များတို့မှ အမှတ်ပေး ရွေးချယ်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား/သူများတို့မှ လူမှုရေးသံချပ် ဖျော်ဖြေခြင်းအား မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖျော်ဖြေတင်ဆက်မှုအပြင် PSY Gangnam Style သီချင်းနှင့် ပြကွက်များအား နာရေးကူညီမှု၏ လုပ်ဆောင်မှု စကားလုံးများဖြင့် ပြန်လည်ရေးသား သီဆိုကာ အကပြကွက်များဖြင့် ဧည့်ခံ တင်ဆက်ပြီးနောက် ဧည့်ပရိသတ်များ မျှော်လင့်စောင့်စားနေကြသည့် ဘဘ ဦးသုခ ရေးသားထားသော “ဘယ်သူလဲ” အမည်နာမ ၀တ္ထုတိုတစ်ပုဒ်အား ဇာတ်ညွန်းနှင့် ဒါရိုက်တာ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အလုပ်အမှုဆောင် ဦးမြတ်ဆွေမှ ပြဇာတ်အဖြစ် သရုပ်ဖော် တင်ဆက်ခဲ့ရာ သရုပ်ဆောင်များအဖြစ် ဇော်ဝင်းနိုင်၊ နေဒွေး၊ လင်းဇာနည်ဇော်၊ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ မျိုးဝင်း၊ ပြောင်ကြီး၊ တင်ဝင်းအောင်၊ သန်းငွေ၊ ဘိုဘို၊ သိန်းထိန်၊ အောင်မျိုးထက်၊ ၀ဏ္ဏ တို့မှ ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး ယင်းပြဇာတ်အတွက် ဆက်တင်ပစ္စည်းများအား ကိုမျိုးလေး၊ ကိုချွဲလေးနှင့် ယမ်းဖောက်ခွဲရေးအား ကိုနေမျိုးတို့မှ အားဖြည့်ပံ့ပိုး ကူညီဆောင်ရွက်ပေးခဲ့သည်။

အခမ်းအနားအားလုံး ပြီးဆုံးချိန်တွင် (၁၂) နှစ်မြောက် အထိမ်းအမှတ်အဖြစ် အသင်းသားဖြစ်သူ ကိုခင်မောင်ချစ်မှ လက်ဆောင်အဖြစ် ပေးပို့ထားသော ကိတ်မုန့်ကြီးအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့နှင့်အတူ နာရေးကူညီ မှုအသင်း(ရန်ကုန်)၏ အသင်းသား/သူများ၊ ၀န်ထမ်းများမှ ပျော်ရွှင်စွာဖြင့် ခွဲစိတ်စားသောက်ကြကာ မင်္ဂလာရှိသော နှစ်သစ်အား ကြိုဆိုခဲ့ပါသည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့ နှစ်သစ်မင်္ဂလာနေ့ရက် နံနက် (၉း၀၀) နာရီအချိန်မှ စတင်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၂) နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနား ကျင်းပမှုအချိန် သည် တဖြေးဖြေးဖြင့် ပြီးဆုံးလု နီးလာခဲ့တော့သည်။ အခမ်းအနား၏ နောက်ဆုံးပိတ်အဖြစ် Cartoonist & Caricaturist ပညာရှင်များဖြစ်ကြသော ဆရာတာရာ၊ ဆရာအောင်မင်းမင်း တို့မှ ဧည့်ပရိသတ်များ၊ နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသား/သူများတို့အား အမှတ်တရ ရုပ်ပြောင်ကာတွန်းများ ရေးဆွဲသည့် လူဦးရေများပြားလာသလို ပညာရှင်များတို့၏ ရေးချက်အရှိန်အဟုန်နှင့်အတူ အချိန်သည်လည်း လင့်လို့ ည (၇း၃၀) နာရီအထိ မမောမပန်းနိုင် အားကြိုးမာန်တက် ရေးဆွဲခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ထောင်ခြင်း (၁၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ကြွရောက်ချီးမြှင့် အားပေးခဲ့ကြသော ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သီလရှင်များ၊ လွှတ်တော် ၀န်ကြီးများ၊ ကိုယ်စားလှယ်များ၊ နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ၊ ပရဟိတ လူမှုရေး အသင်းအဖွဲ့များ၊ စာပေ၊ ဂီတ ပညာရှင်များ၊ ရပ်ဝေးရပ်နီးမှ ဧည့်ပရိသတ်များနှင့်တကွ အခမ်းအနားဖြစ် မြောက်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီခဲ့သူများ အားလုံးအားလုံးတို့အား အထူးပင် ကျေးဇူးဥပါကာရ တင်ရှိပါကြောင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အား လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာ မရွေးတို့အား ကူညီဖေးမ ပံ့ပိုးပေးနေသည်နှင့်အညီ (၁၂) နှစ်ပြည့် နှစ်ပတ်လည် အခမ်း အနားသို့လည်း လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံမှ လူထုအသီးသီးတို့ တက်ရောက်ချီးမြှင့် အားပေးခဲ့သည်ကို ၀မ်းမြောက်ဖွယ် တွေ့ရှိခဲ့ရသည်။

ကိုကျော်သူ


မြန်မာအစိုးရဘက်က KIA ကချင်တပ်တွေအပေါ်မှာ ထိုးစစ်ပြင်းထန်နေတာကြောင့် စစ်ရေးကို အာရုံစိုက်နေရလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဘက်ကို အာရုံမလှည့်နိုင်သေးဘူးလို့ KIA ဘက်က ပြောပါတယ်။ တချိန်တည်းမှာပဲ KIA တပ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်တယ်ဆိုတာကိုတော့ မြန်မာအစိုးရ ပြောခွင့်ရသူဘက်က ဝန်ခံပါတယ်။ ကချင်ဘက်က စစ်ရေး၊ နိုင်ငံရေးနောက်ဆုံးအခြေအနေတွေကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်တွေ ရှိတဲ့နေရာတွေကို မြန်မာအစိုးရဘက်က လေကြောင်း ကနေ တိုက်ခိုက်မှုတွေ ဒီကနေ့အထိ ရှိနေတုန်းပဲလို့ သိရပါတယ်။ တဘက်မှာတော့ စစ်ရေး အခြေအနေ တင်းမာနေတာကြောင့် နိုင်ငံရေး ဆွေးနွေးပွဲတွေဘက်ကို မလှည့်နိုင် ဖြစ်နေ ကြပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဆွေးနွေးပွဲအတွက် ကမ်းလှမ်းထားပြီး ဖြစ်တယ်၊ KIA ဘက်က အကြောင်းပြန်မှုကို စောင့်နေတယ်လို့ ပြောပါတယ်။ KIA ဌာနချုပ်၊ လိုင်ဇာအနီးမှာ ရှိနေတဲ့ လဂျားယန်စခန်းက မြန်မာတပ်တွေအတွက် ရိက္ခာထောက်ပံ့ဖို့သွားတဲ့ တပ်တွေကို KIA ဘက်က ဖြတ်ပြီးတော့ တိုက်တာကြောင့် တိုက်ပွဲတွေ ဖြစ်လာတာဆိုပြီးတော့ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“လဂျားယန်စခန်းမှာ မြန်မာ့တပ်မတော်က တပ်တွေရှိတယ်။ အဲဒီစခန်းကို ရိက္ခာပို့နေတဲ့ လမ်းကြောင်းမှာ KIA တပ်တွေက ပိတ်ဆို့ထားတဲ့အတွက်…”

မေး။ ။ လေကြောင်းတိုက်ခိုက်မှု ရှိတယ်လို့ ပြောပါတယ် ခင်ဗျ။ အဲဒါကော ဟုတ်ပါသလား။

“လေကြောင်း တိုက်ခိုက်မှုတော့ ရှိတယ်။ သို့သော် တကယ့် fighter လေယာဉ်တွေတော့ မဟုတ်ဘူး။ ကျနော်တို့သိရသလောက် K-8 အမောင်းသင်လေယာဉ်တွေလို့ ကျနော်တို့သိရတယ်။”

မေး။ ။ အစိုးရဘက်ကရော လက်ရှိ KIA နဲ့ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဘယ်လို သဘောထားရှိပါလဲ။ ပြတ်သွားပြီလို့ ယူဆရလား၊ ဆက်လုပ်မှာလား။

“ကျနော်တို့ တောက်လျှောက်မေးနေပါတယ်။ ဝန်ကြီး ဦးအောင်မင်းကလည်း ကချင်ဘက်ကို ကြားက ငြိမ်းချမ်းရေး အကျိုးဆောင်တွေနဲ့ ထပ်ပြီးတော့ လုပ်နေပါတယ်။ ခရစ္စမတ်၊ ဒီဇင်ဘာပြီးရင် - new year ပြီးရင် တွေ့ဖို့၊ အခုအချိန်အထိ KIA ဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

မေး။ ။ KIA ဘက်က ပြောတာက လိုင်ဇာကို မသိမ်းပေမဲ့ လဂျားယန်က လိုင်ဇာနဲ့ တအားကပ်တဲ့ အခြေအနေဖြစ်နေတဲ့ အခါကျတော့ လဂျားယန်ကို တိုက်လို့ရှိရင် သူတို့အနေနဲ့ စိုးရိမ်တဲ့သဘောမျိုးတော့ ပြောပါတယ်။

“လဂျားယန်က လိုင်ဇာနဲ့ တော်တော် နီးကပ်နေတယ်။ အဲဒီမှာ စခန်းရှိတာကိုး။ အဲဒီသွားတဲ့ လမ်းကြောင်းတလျှောက် မှာက ဟိုဘက် ဒီဘက်တပ်တွေ- KIA လည်းရှိတယ်။ မြန်မာ စစ်တပ်လည်းရှိတယ်။ အခုအချိန်အထိ လဂျားယန်ကို ရိက္ခာ မရောက်သေးဘူး လို့ ပြောတယ်။”

ဒါပေမဲ့လည်း မြန်မာတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေဟာ KIA ကချင်လွတ်မြောက်ရေး တပ်တွေကို ထိန်းချုပ်နိုင်ဖို့ အတွက် ဆောင်ရွက်ချက်ဖြစ်တယ်လို့ KIA ဘက်က ယူဆပါတယ်။ KIA ဘက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် အဆင်သင့်ရှိပေမဲ့ အခုအချိန်မှာတော့ စစ်ရေးကို ပိုပြီးတော့ အာရုံထားနေရတယ်လို့ KIA ပြောခွင့်ရသူ ဦးလာနန်က ပြောပါတယ်။

“အခု တိုက်ပွဲဖြစ်တဲ့နေရာမှာတော့ အရပ်သားတွေက မရှိဘူး။ တောင်ကုန်းတွေမှာ ဖြစ်တာ များတယ်။ ဒါကြောင့်မို့ အဓိက- ကတော့ KIA တပ်စခန်းတွေကို ရှင်တဲ့ ပုံစံပါပဲခင်ဗျ။ လေယာဉ်ပျံကနေ ပစ်ခတ်ပြီးတာနဲ့ သူတို့ လက်နက်ကြီးတွေနဲ့ ပြန်ပြီးတော့ ဆက်တိုက် ပစ်ခတ်တာမျိုး လုပ်ပါတယ်။ အဲဒါပြီးတဲ့အခါမှ မြေပြင်တပ်တွေ တက်ရှင်း-ရှင်းတဲ့ ပုံစံလုပ်ကြတယ်။ ဒါကြောင့်မို့ ဒီတိုက်ပွဲကတော့ မြန်မာ့တပ်မတော်ကနေပြီးတော့ အပြင်းထန်ဆုံးထိုးစစ် ဆင်နွဲတယ်လို့ပဲ သတ်မှတ်ရတော့မယ်ခင်ဗျ။”

မေး။ ။ အခုကတော့ မြန်မာသမ္မတရုံးကတော့ ပြောနေပါတယ်။ သမ္မတအမိန့် ကတော့ လိုင်ဇာကို သိမ်းဖို့ မဟုတ်ပါဘူး၊ လိုင်ဇာကို သိမ်းဖို့ မရှိပါဘူးလို့ ပြောနေ ပါတယ်။

“သိမ်းတယ်ဆိုတဲ့နေရာမှာ အဲဒီ လိုင်ဇာမြေပေါ်မှာ တပ်မတော်သားတွေ ခြေလာချတာ- အဲဒါကိုပဲ သိမ်းတာလို့ ခေါ်တာ မဟုတ်ဘူး ခင်ဗျ။ ဗဟိုဌာနချုပ်အတွက် အချက်အခြာကျတဲ့ ကင်းစခန်းကို သူတို့ မရ ရအောင်တက်ရှင်းတယ်၊ စခန်းသိမ်းတယ်ဆိုတာလည်း ဒါက ဗဟိုဌာနချုပ်ကို ထိန်းချုပ်မှု လုပ်တာပဲ၊ ထိန်းချုပ်မှုဆိုတာ သိမ်းပိုက်တာနဲ့ အတူတူပါပဲ။ ဒါကတော့ သူတို့ စကားကို ဟိုရှောင် ဒီရှောင်ပြောဆိုမှုပဲလို့ ပြောရမယ် ခင်ဗျ။”

မေး။ ။ နောက်တချက်ကတော့ ကျနော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေ မေး ချင်ပါတယ်။ မြန်မာအစိုးရဘက်က ပြောတာက KIA ကို ခရစ္စမတ်အပြီး ဒီနှစ် ဆန်းပိုင်းလောက်မှာ ဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်လို့ ပြောပါတယ်ခင်ဗျ။  KIA ဘက်က မတုံ့ပြန်သေးဘူးလို့ ပြောနေတယ်။ အဲဒါကရော။

“ ဒီဇင်ဘာ ၁၃ ရက်မှာ ဦးအောင်မင်းက စာတစ်စောင် ပို့တာရှိတယ်။ ဒီဇင်ဘာလ အတော အတွင်းမှာ ခင်ဗျားတို့  KIA အဖွဲ့တွေကတော့ အလုပ်တွေ များပါလိမ့်မယ်။ သူဘာကို ဆိုလိုတယ်ဆိုတဲ့ ကိစ္စကတော့ အဲဒီတုန်းက နားမလည်ခဲ့ဘူး။ ဒါကြောင့်မို့လို့ ဇန်နဝါရီလ ဆန်းမှာ ပြန်ပြီးတော့ တွေ့ရအောင်၊ ပြည်တွင်း တစ်နေရာမှာ တွေ့ရအောင်ဆိုပြီးတော့ စာရေးထားတာ ရှိတယ်။ အဲဒီဟာနဲ့တချိန်တည်းပဲ ဒီ ၁၄ ရက်နေ့ မနက်ကစပြီးတော့ တပ်ရင်း၊ တပ်ဖွဲ့တွေ အလုံးအရင်းဝင်လာတယ်၊ အဲဒီအချိန်ကစပြီး ကျနော်တို့ တကယ်ပဲ အလုပ်တွေများသွားတယ် ခင်ဗျ။

ဒါကြောင့်မို့ အလုပ်တွေ များနေတဲ့အတွက်ကြောင့်မို့ ဦးအောင်မင်းရဲ့ စာအပေါ်မှာတော့ အခုအချိန်အထိ ကျနော်တို့က ဘယ်လိုမှ တုံ့ပြန်နိုင်တာမျိုး၊ ပြန်ကြားနိုင်တာမျိုးတော့ မရှိသေးဘူး ခင်ဗျ။ ဒါပေမဲ့ ဒီပြဿနာတွေက နိုင်ငံရေးပြဿနာ ဖြစ်တဲ့ အတွက်ကြောင့် စစ်ရေးနည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ အဆုံးသတ်နိုင်မှာ မဟုတ်ဘူးခင်ဗျ။”

မေး။ ။ ဆိုလိုတာကတော့- လက်ရှိထိုးစစ်ကို သူတို့ဘက်က ရပ်တော့မှပဲ စကားပြောလို့ရမယ့် အခြေအနေမျိုး ပေါ်လာမှာပေါ့။

“အဲလိုလည်း ကျနော်တို့က ပြောလိုတာမျိုး မဟုတ်ဘူး ခင်ဗျ။ ထိုးစစ်ကတော့ အခုမှ လုပ်တာ မဟုတ်ပါဘူး။ သူတို့ အမြဲတမ်းလုပ်နေတဲ့ကိစ္စက ထိုးစစ်ပါ။ သူတို့ ပြောတဲ့နေရာ မှာတော့ ထိုးစစ်မဟုတ်ဘူး၊ တပ်စခန်းတွေကို ရိက္ခာပို့တယ်၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စနဲ့သွားတယ်၊ စားနပ်ရိက္ခာတွေ သွားပို့ပေးတယ်လို့ အဲလိုပဲ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ရတဲ့ သက်သေ အထောက်အထားတွေ အားလုံးမှာ ဆန်အိတ်ထဲမှာ လက်နက် ကျည်တွေ ဖွက်ပြီးမှ ယူသွား တာမျိုး၊ ဒါတွေ အများကြီးရှိပါတယ်။ နောက်ပြီး သွားရင်း လာရင်းနဲ့ အင်အားဖြည့်တင်းတာမျိုး၊ နီးရာ KIA တပ်စခန်းတွေကို ဝင်ရောက် ပစ်ခတ်သွားတာမျိုး သူတို့ အမြဲတမ်းလုပ်တဲ့ကိစ္စပါ။ လိုင်ဇာကို လာထိုးတဲ့ဟာမှ ထိုးစစ်လုပ်တာမဟုတ်ဘူး။ နဂိုရ်ကတည်းက အဲလို ပြုမူခဲ့တာပါ။

မြန်မာတပ်ဘက်က လေကြောင်းက တိုက်တဲ့နေရာမှာ နယ်စပ်ဖြစ်နေ တာကြောင့် မြန်မာလေယာဉ်တွေဟာ တရုတ်ဘက်က လေပိုင်နက်ကိုပါ ဝင်ရောက်တာမျိုး ရှိတယ်လို့ KIA ဘက်က ပြောပါတယ်။ တရုတ်ဘက်က ဒါကို တစုံတရာ တုံ့ပြန်တာမျိုး မရှိပေမဲ့ နယ်စပ်တလျှောက်မှာတော့ တရုတ်ဘက်ကနေပြီးတော့ မြေပြင်တပ် လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

လက်ရှိအားဖြင့်တော့ မြန်မာအစိုးရဘက်ကနေပြီးတော့ တပ်မ (၈၈)၊ တပ်မ (၁၀၁) နဲ့ မိုးကောင်းအခြေစိုက်တပ်တွေ စုစုပေါင်း တပ်ရင်း (၈) ရင်းလောက်နဲ့ KIA ကို ထိုးစစ် ဆင်နေတာဖြစ်တယ်လို့ KIA ဘက်က ပြောပါတယ်ခင်ဗျာ။

Voa