01/06/13

မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်း အလဲတွေနဲ့ ကမ္ဘာ့ ရေးရာနဲ့ဒေသတွင်း ပြဿနာ တွေကို မြန်မာ နိုင်ငံနဲ့ချိတ်ဆက် ရေးသားနေတဲ့ နာမည်ကျော် စာရေး ဆရာ ကျော်ဝင်းက အာရှပစိဖိတ် အကျပ် အတည်းနဲ့တရုတ် မြန်မာ
အမေရိကန် သုံးပွင့်ဆိုင် သံခင်း တမန်ခင်း ဆက်ဆံရေး အကြောင်းကို အစိုးရရော လူထု ကပါ စဉ်စား သင့်တဲ့ အကြောင်းတွေကို မနေ့က ရန်ကုန်မှာ ဟောပြောခဲ့ပါတယ်။

ရန်ကုန်ပစိဖိတ်ရဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ကြည့်ရင် တရုတ်အတွက် အရေးကြီးတဲ့ သွင်းကုန် လမ်းကြောင်းရော၊ ပို့ကုန် လမ်းကြောင်းရောက ပစိဖိတ် ဒေသမှာ ရှိနေတယ်လို့ ဆရာ ကျော်ဝင်းက ဘီဘီစီကို ပြောပါတယ်။ဒါပေမယ့်လည်း ပစိဖိတ် ဒေသကို အမေရိကန် ရေတပ်က ချုပ်ကိုင် ထားတာ ဖြစ်တာကြောင့် တရုတ်ပြည် အတွက် မကောင်းတဲ့ အလားအလာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီအတွက် တရုတ်က ဒုတိယ ပင်လယ် ထွက်ပေါက် ရှာတဲ့အခါ မြန်မာပြည်က ပထဝီ အနေ အထား အရ အရေးပါလာတာ ဖြစ်ပါတယ်။အခု လောလောဆယ် အနေ အထားမှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ သုံးနိုင်ငံ စလုံးက မြန်မာ နိုင်ငံကို ဝိုင်းပြီး လူပျိုလှည့် နေတဲ့ အချိန် ဖြစ်တာ ကြောင့် မြန်မာ နိုင်ငံ အနေနဲ့တခု အားကိုးနဲ့ တခုကို ကန်လိုက် မယ်ဆိုရင် ရှုပ်ထွေး သွားလိမ့် မယ်လို့ ဆရာ ကျော်ဝင်းက သုံးသပ် ပါတယ်။

ဒါကြောင့်မို့ ဝံပုလွေကြီးသုံးကောင် ကြားမှာ လိမ်လိမ် မာမာ ပါးပါး နပ်နပ် သွားနိုင်မှ မြန်မာပြည် ကောင်းလိမ့်မယ်လို့ သူက ဆိုပါတယ်။မြန်မာ ပြည်က တရုတ် စီမံကိန်း တွေကို ကြည့်တဲ့ အခါမှာလည်း တိုင်းပြည် တိုးတက်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင်၊ လူမှုဘဝ အကြား မထိ ခိုက်အောင် ချိန်ခွင်သျှာ မျှဖို့ လိုမယ်လို့ လည်း သူက ပြောပါတယ်။ကိုယ့်ရဲ့ နိုင်ငံ အကျိုးစီးပွား အတွက် တရုတ်ကို သတိ ကြီးကြီးထား ဆက်ဆံ ရမယ့် အိမ်နီးချင်း ဖြစ်ကြောင်း ကိုလည်း သူက ပြောကြား သွားပါတယ်။

ဘီဘီစီ

ပေကျင်း၊ ဇန်န၀ါရီ ၅

တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ မြန်မာဂျက်လေယာဉ်များ ၀င်ရောက်လာခဲ့ခြင်း မရှိကြောင်း တရုတ်လေတပ်က သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့် ကေအုင်အေတို့၏ တိုက်ပွဲများတွင် အသုံးပြုသောမြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်အတွင်းသို့ မှားယွင်းဝင်ရောက်မိခဲ့ကြောင်း သတင်းဖော်ပြချက်များကို တုံ့ပြန်သောအားဖြင့် တရုတ်လေတပ်က သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အရ ကချင်တွင် ပဋိပက္ခများ စတင်ကတည်းက တရုတ်ကင်းလှည့်လေယာဉ်များ တရုတ်-မြန်မာနယ်စပ် တစ်လျှောက် ကင်းလှည့်စောင့်ကြည့်လျက်ရှိပြီး မြန်မာဂျက်လေယာဉ်များသည် နယ်စပ်နှင့် အနီးဆုံး ၅ ကီလိုမီတာအကွာသို့သာ ချဉ်းကပ်ခဲ့ခြင်းသာ ရှိသည်ဟု သိရသည်။

ကချင်တိုက်ပွဲများကြောင့် တရုတ်ပိုင်နက်အတွင်းသို့ ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး ပြောရေးဆိုခွင့်ရှိသူ Hwa Chunying က ဇန်န၀ါရီ ၄ ရက်နေ့က အတည်ပြုပေးခဲ့ပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွား စေရန်အတွက် မြန်မာအစိုးရထံ အကြောင်းကြားသတိပေးထားသည်ဟု သိရသည်။

PN-055
Ref: Xinhua

Popular Myanmar News Journal


မင်္ဂလာဒုံမြို့နယ်၊ ရေဝေး သုဿာန်အတွင်းရှိ ဂျပန် စစ်သင်္ချိုင်း သို့ ရောက်ရှိလာသည့် ဂျပန်ဒုဝန်ကြီးချုပ်နှင့် အဖွဲ့အား တရုတ် လူမျိုး ၅ ဦးမှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်လူမျိုး စစ်သားဟောင်း မစ္စတာ လျိုတကျောင်း(ခ)ဦးကြည်မြင့် အပါအဝင် ကျား (၅)ဦး၊ မ (၁)ဦး၊စုစုပေါင်း (၆)ဦး တို့မှ အလျား (၁၇)ပေ၊ အနံ (၁၆)ပေခန့်ရှိ အဖြူရောင် အဝတ်စပေါ်တွင် အနက်ရောင် တရုတ်စာတမ်းများ ကပ်၍ ဆန္ဒဖေါ်ထုတ်မှု ပြုလုပ်ခဲ့သဖြင့် မင်္ဂလာဒုံရဲစန်းမှ ၄င်းနေ့တွင်ပင် (ပ)၂၁/၂ဝ၁၃၊ ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း Independent မှ သတင်းရရှိပါသည်။

မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်


ချင်းပြည်နယ်တီးတိန်မြို့နယ် ဧရိယာတွင် ပါဝင်သောနေသော မြွေတောင်ဖားတောင်အား သတ္တုတူးဖော်ထုတ်လုပ်ရန်အတွက် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ မြွေတောင်ဖားတောင် ဒေသတွင် တောင်ခြေ၌ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းမှ ရွာ (၅) ရွာခန့်ရှိပြီး ချင်းပြည်နယ်အတွင်း မှ ရွာ (၅) ရွာ စုပေါင်း (၁၀) ရွာကျော်ခန့်ရှိကြောင်း သိရသည်။ ၎င်းင်းကျေးရွာများမှ တိုင်းရင်းသား တို့မှာ မြွေတောင်ဖားတောင်ကို အမီပြုနေထိုင်စားသောက်ကြပြီး ၎င်းတောင်ခြေအနီးတစ်ဝိုက်မှာပင် စိုက်ပျိုးလုပ်ကိုင် စားသောက်နေဆဲ လယ်မြေဧက (၃၀၀၀) နီးပါးခန့် ရှိကြောင်း သိရပါသည်။

မြွေတောင် ဖားတောင်တွင် သတ္တုအနေဖြင့် ခရိုမိုက်သတ္တုအမျိုးအစားအလွန် ပေါကြောင်း အဆိုပါ တောင်အနီး ကျေးရွာမှ ချင်းအမျိုးသားဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။ ၎င်းချင်းတိုင်းရင်းသားအမျိုးသား တစ်ဦးက ချင်းပြည်နယ်ဟာ ဘာမှ မထွက်ဘူး မထွက်ဘူးနဲ့ ကျွန်တော်ကတော့ လက်မခံဘူး ချင်းပြည်နယ်မှာ ကိုယ့်ပြည်နယ် တင်မကဘူး နိုင်ငံတော်အတွက် ပါ ကောင်းကောင်းအကျိုးပြုနိုင် တဲ့ သယံဇာတတွေ အများကြီး ထွက်တယ်။ ဒါကြောင့် အခုဒီမှာ ရှိတဲ့ သယံဇာတတွေကို ထိန်းသိမ်း နိုင်မှာ စနစ်တကျထုတ်သုံးနိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့ ချင်း ပြည်နယ်ဟာ တအားကို လင်းသွားမယ် ဘာမှမရှိတဲ့ စင်ကာပူလိုနိုင်ငံမျိုးတောင်တအား တိုးတက်အောင်လုပ်လို့ရသေး တာပဲ။ နိုင်ငံတော်စီမံကိန်းတွေကို ကျွန်တော်တို့မကန့်ကွက်ချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်ကိုယ်ဒေသ အတွက် အခုသတ္တုစီမံကိန်းကြီးက အကျိုးမဖြစ်ပဲ လက်ပံတောင်း တောင်ဒေသတွေကိုဖြစ်လာမှာကို တော့ အရမ်းစိုးရိမ်ပါတယ်လို့ ပြောသွားခဲ့ပါသည်။

၎င်းမြွေ တောင်ဖားတောင်သတ္တုစီမံကိန်း နှင့် ပတ်သက်ပြီး အထက်ချင်း တွင်းဒေသလူငယ်များကွန်ယက်မှ တာဝန်ရှိသူတစ်ဦးကလည်း ဒီစီမံ ကိန်းဟာ ကျွန်တော်တို့နိုင်ငံအတွက် လည်းအကျိုးပြုမယ် ကိုယ့်ဒေသ အတွက်လည်း အကျိုးပြုမယ်ဆို ရင်တော့ ကျွန်တော်တို့ပါတစ်နေ ရာကနေ ၀ိုင်းဝန်းလုပ်ဆောင်မယ်။ အကျိုးမပြုဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ လုံးဝလက်ခံ မှာမဟုတ်ပါဘူးလို့ ပြောကြားသွား ခဲ့ပါသည်။ ၎င်းတောင်အနီးတ၀ိုက် တွင်လည်း ဘိလပ်မြေစက်ရုံအတွက် ဆိုပြီး (၂၅.၁၂.၂၀၁၂) ရက်ခန့် က လူအနည်းငယ်ကွင်းဆင်းနေ ကြောင်း (၁၅) ရက်ခန့် ကြာမည် ဖြစ်ကြောင်း နတ်တံခါးချောင်းတွင် လည်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ဖို့ပြောသံကြားမိကြောင်း ၎င်း တောင်ခြေအနီးကျေးရွာမှ ချင်း အမျိုးသားတစ်ဦးက ပြောကြား သွားခဲ့ပါသည်။

မင်းရဲစစ်နိုင်(Hot news weekly သတင်းဂျာနယ်)

(5 January 2013 ရက်စွဲပါ China Daily မှ Japan sees chance in Myanmar's emerging economy ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်သည် သောကြာနေ့က စက်မှုဇုန်တစ်ခုသို့ သွားရောက်လည်ပတ်စဉ် မြန်မာနိုင်ငံသို့ ငွေကြေးအကူအညီ အသစ်များ ပေးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဗြိတိန်နှင့် ပြင်သစ်နှစ်နိုင်ငံပေါင်း အကျယ်အဝန်းရှိပြီး စုစုပေါင်း ကမ္ဘာ့လူဦးရေ၏ ၄၀% ရှိသော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နှင့်ထိုင်းနိုင်ငံတို့နှင့်နယ်စပ်ချင်းထိစပ်နေပါသည်။ သမ္မတဦးသိန်းစိန်၏ အမည်ခံအရပ်သားအစိုးရသည် လွန်ခဲ့သောနှစ်နှစ် စစ်အစိုးရထံမှ အာဏာလွှဲပြောင်း ရယူပြီးကတည်းက ပြုပြင်ပြောင်းလဲ ရေးများကို လုပ်ဆောင်လာခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ် Taro Aso သည် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ် ပါသည်။ ၎င်းသည် တာဝန်ဝတ္တရားများကိုစတင် တာဝန်ယူပြီး တစ်ပတ်အကြာတွင် ပထမဆုံးတရားဝင်နိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရွေးချယ်ခဲ့ပါ သည်။

၎င်း၏ခရီးစဉ်သည် စီးပွားရေးအရ အရေးယူမှုများ ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသို့ အနောက်နိုင်ငံမှပြိုင်ဖက်များ တဖြည်းဖြည်းဝင်ရောက် နေချိန်တွင် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် အခွင့်အရေးပိုရရေးအတွက် လမ်းခင်းပေးသကဲ့သို့ရှိပါသည်။

"မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိနေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ပုဂ္ဂလိက-ပြည်သူ ပတ်တနာရှစ်နဲ့ ပံ့ပိုးဖို့ ကျွန်တော်တို့ရည်ရွယ်ထားပါတယ်"ပာု ၎င်းကပြောပါသည်။ Aso ကဆက်လက်ပြောကြားရာတွင် ၎င်းသည် ပာတ်ကာ ၂၄၀၀ ကျယ် ပြီးဒေါ်လာ ၁၂.၉ ဘီလီယံတန် သီလဝါအထူးစီးပွားရေးဇုန်သို့ လည်ပတ်ခဲ့ကြောင်း ၎င်းမှာ ဂျပန်-မြန်မာဆက်ဆံရေး၏ ဗပာိုဖြစ်ကြောင်း ပြောခဲ့ပါသည်။

အဆိုပါ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်ဖက်မှ မစ်ဆုဘစ်ရှီကော်ပိုရေးရှင်း၊ မာရူဘီနီကော်ပိုရေးရှင်းနှင့် ဆူမီတိုမိုကော်ပိုရေးရှင်းတို့ ဖက်စပ်လုပ်ဆောင်မည်ဖြစ်ပါသည်။ စီမံချက်အရ ပထမ ၄၀၀ ပာတ်တကာကို ၂၀၁၅ တွင်အပြီးတည်ဆောက်မည်ဖြစ်ပြီး ဂျပန်နှင့် ကမ္ဘာတစ်လွှားမှ ထုတ်လုပ်သူများကို ဆွဲဆောင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပါသည်။

Aso က၎င်း၏ခရီးစဉ်အတွင်း အတည်ပြုချက်ပေးခဲ့ရာတွင် တိုကျိုသည် မြန်မာနိုင်ငံက တင်ရှိသောကြွေးမြီ ၅၀၀ ဘီလီယံ ယန်း(ဒေါ်လာ ၅.၇၄ ဘီလီယံ)၏ တစ်စိတ်တစ်ပိုင်းကို လျော်ပစ်ပေးမည်ဖြစ်ကြောင်းနှင့် ချေးငွေသစ် ၅၀ ဘီလီယံယန်းပေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။ ချေးငွေ၏ တစ်စိတ်တစ်ပိုင်းကို သီလဝါတည်ဆောက်ရေးအမြန်စတင်နိုင်ရန် အသုံးပြုမည်ဖြစ်ပါသည်။"မြန်မာဖက်ကလည်း သူတို့ကြွေးမြီတွေကို အကြိမ်ကြိမ်လျော် ပစ်ပေးနေတော့ ကျေးဇူးတင်နေပါတယ်။ ဒါပာာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာမှာ ပထမခြေလှမ်းဖြစ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်"ပာု Aso က ဖသတင်းထောက်များသို့ ရန်ကုန်တွင်ပြောပါသည်။

Aso သည် ဂျပန်-မြန်မာအသင်းကြီး၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ ၎င်းယခု ရာထူးမရမီကပင် ယခုခရီးစဉ်ကို စီစဉ်ထားခဲ့ခြင်းဖြစ်ပါ သည်။ ပြည်တွင်းအစီအစဉ်များ များပြားနေသည့်ကြားမှ မြန်မာနိုင်ငံသို့သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အများကအံအားသင့်လျက်ရှိပါသည်။ Shinzo Abe ၏အစိုးရသစ်သည် Beijing နှင့်ဆက်ဆံရေး မပြေလည်မှုကြောင့် စီးပွားရေးအရ သက်ရောက်မှုများကို သက်သာစေရန် အခြားအာရှ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးကောင်းစေရန် ရည်ရွယ်ခဲ့ပါသည်။ တောင်ကိုရီးယား၊ ရုရှားတို့နှင့်ဆက်ဆံရေးတိုးတက်စေရန် အထူးကိုယ်စားလှယ်များ စေလွှတ်ရန် စီစဉ်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို အတည်ပြုခဲ့ပြီးနောက် အထူးစီးပွားရေးဇုန်များအတွက် ဥပဒေများကို ပြန်လည်အသက်သွင်းနေဆဲဖြစ်ပါသည်။မြန်မာအစိုးရတာဝန်ရှိသူများက သီလဝါသည် အလုပ်အကိုင်ရှားပါးသော ၎င်းတို့နိုင်ငံအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိလာနိုင်မည်ပာု မျှော်လင့်နေပါသည်။ တိုင်းပြည်၏ လက်ရှိလုပ်ဆောင်နေသော စီးပွားရေးနှင့် လူမှုရေးပြောင်းလဲမှုများကြောင့် စိုးရိမ်ဖွယ်ဖြစ် သောမတည်ငြိမ်မှုများကို တည်ငြိမ်မှုရစေရန် အထောက်အကူပြုမည်ပာု မျှော်လင့်ရပါသည်။

"ဂျပန်နိုင်ငံရဲ့ အကူအညီ၊ နည်းပညာအကူအညီတွေကြောင့် ပြည်သူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုခေတ်သစ်ကိုရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"ပာု အစုအဖွဲ့ကြီး၏ မြန်မာဖက်မှအကြီးအကဲ ဦးဝင်းအောင်က ပြောပါသည်။ ဂျပန်နိုင်ငံသည်လက်ရှိ ရေးဆွဲထားမှုအရ အရှေ့တောင်အာရှ၏အကြီးဆုံး စက်မှုဇုန်ဖြစ်လာမည့် ထားဝယ်စီးပွားရေးဇုန်တွင်လည်း ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။


ကျော်သူ ရုပ်ရှင် ပြန်ရိုက်တော့မည်

၎.၁.၂၀၁၃ လွတ်လပ်ရေးနေ့ နေ့လည် (၂း၃၀) နာရီအချိန်၌ ရွှေစင်စင်္ကြာမော်တော်ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးနိုင်နှင့် မန်နေဂျာ ကိုကျော်မိုး အပါအဝင် ဝန်ထမ်းများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ရောက်ရှိလာကြပြီး အလှူငွေကျပ်သိန်း (၁၅ဝ) ကျပ်အား ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ခဲ့သည်။

ရွှေစင်စင်္ကြာအဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ငွေရေတွက်စက်၊ မျက်စိခွဲစိတ်ခန်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လိုအပ်သည့်နေရာ အသီးသီးတို့အတွက် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းပေးနေသည့် မြင့်မြတ်လှသော အလှူရှင်တစ်ဦးလည်းဖြစ်သည်။ ထို့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးခရီးစဉ်များအဖြစ် မြန်မာပြည်အနှံ့ လိုက်လံသွားရောက်မှု ခရီးစဉ်များအတွက် ပို့ဆောင်မှုများ ပြုလုပ်ပေးနေသော အလှူရှင်များလည်းဖြစ်သည်။ သို့ရာတွင် ယခုလာရောက်လှူဒါန်းသော လှူဒါန်းရခြင်း ရည်ရွယ်ချက်မှာ ထူးခြားမှုတစ်ခုဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ရုပ်ရှင်၊ ဗီဒီယို၊ ဒီဗီဒီ ဇာတ်ကားရိုက်ကူးပြီး ရရှိလာသော အကျိုးအမြတ်များအား အများအကျိုးအတွက် အသုံးပြုရန်အတွက်ဖြစ်သည်။ ထို့ကြောင့် ရွှေစင်စင်္ကြာ မော်တော်ယာဉ် မိသားစု၏ ဆန္ဒအား ဖြည့်ဆည်းပေးရန်အတွက် ဥက္ကဌ ဦးကျော်သူသည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ရုပ်ရှင်အနုပညာနယ်ပယ်မှ ထွက်ခွာခဲ့ရသည်မှာ (၅) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော် လည်း ယခုကဲ့သို့ အများအကျိုးအတွက် အကျိုးရှိမည့် အကျိုးပြုဇာတ်လမ်းအား ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့သည်။ ယင်းဇာတ်ကားသည် အတ္တ အနုပညာအတွက်မဟုတ် ပရဟိတအနုပညာလုပ်ငန်း သက်သက်သာ ဖြစ်စေရမည်။ ပရဟိတလုပ်ငန်းများအား ၀ါသနာပါသော၊ စွန်လွှတ် ပေးဆပ်နိုင်သော အနုပညာရှင်များဖြင့် လက်တွဲ၍ ရိုက်ကူးသွားမည်ဟု ဆုံးဖြတ်ထားသည်။ ယင်းအခမ်းအနား မစမှီ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စဉ်ဆက်မပြတ် လာရောက်ပေးဆပ်နေသော နန်းခင်ဇေယျာ အား တယ်လီဖုန်းဖြင့် တီးခေါက်ကြည့်မိသောအခါ အားတက်သရော ပါဝင်သရုပ်ဆောင် ပေးမည်ဟု ပြောကြား ခဲ့၍ ဦးကျော်သူသည် ဒါရိုက်တာအဖြစ် ရိုက်ကူးပေးမည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်တော့သည်။

ယင်းဇာတ်ကားအား လူမှုရေး စိတ်ဓါတ်ပြင်းထန်သော၊ စွန့်လွှတ်ပေးဆပ်ရဲသော သရုပ်ဆောင် အနုပညာရှင်များ၊ လူမှုရေးဂီတသူရဲကောင်းများ၏ သီချင်းသံစဉ်များ၊ ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ ဝန်ထမ်းများအပြင် အနယ်နယ် အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့ အသင်းသား/သူများနှင့် တစ်ကြိမ်တစ်ခါမျှ မရိုက်ကူး မတင်ပြဖူးသော လူ့လောကအတွင်းရှိ ဖြစ်ရပ်မှန်များကို အများပြည်သူတို့အတွက် (၅) နှစ်ကျော် အနုပညာလောကနှင့် ဝေးကွာခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဟောင်း ဦးကျော်သူ၏ ပထမဦးဆုံး အနုပညာ ထွက်ပေါက်အဖြစ် ဆန်းသစ်စွာ ရိုက်ကူးတင်ပြ ထုတ်လုပ်သွားမည် ဖြစ်ပါတော့သည်။

ကျော်သူ



(Ximhua News မှ 4 Jan 2013 ရက်စွဲပါ "China urges Myanmar to maintain stablity"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း နယ်စပ်ဒေသ တရုတ်ပိုင်နက်ထဲသို့ ဗုံးသုံးလုံးကျရောက်ပေါက် ကွဲခဲ့ပြီး နောက်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ဖိအားပေး ပြောဆိုမှုများပြုလုပ်လိုက်ပါသည်။ "အလားတူဖြစ်ရပ်မျိုးတွေ နောက်တစ်ကြိမ် မဖြစ်အောင် တားဆီးဖို့ ထိရောက်တဲ့အစီအစဉ်တွေ ချက်ချင်းလုပ်ဆောင်ပါလို့ မြန်မာဖက်ကို တရုတ်နိုင်ငံကတောင်းဆိုထားပါတယ်" ပာုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပွာာချန်ရင်းက သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တို့အကြားတိုက်ပွဲများဖြစ်ပွားစဉ် ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံဖက်သို့ ဗုံးသုံးလုံးကျရောက်ခဲ့သည်ပာု သူမကအတည်ပြုပြောဆိုသည်။ သို့သော် တရုတ်နိုင်ငံဖက်တွင် ထိခိုက်ပျက်စီးမှုမရှိပာု သိရှိရသည်။မြန်မာနိုင်ငံဖက်မှ နယ်စပ်ဒေသခံများ တရုတ်ပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့ခြင်း မရှိပာုလည်း မြန်မာနယ်မြေနှင့် ကပ်လျက် ယူနန်ပြည်နယ်မှ အာဏာပိုင်မျာသောကြာနေ့ တွင်ပြောကြားသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပွာာချန်ရင်းက "မြန်မာနိုင်ငံ မြောက်ပိုင်းက ပြဿနာပာာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စပါ။ မြန်မာအစိုးရအနေနဲ့ သက်ဆိုင်ရာအုပ်စုနဲ့ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းမှုကတစ်ဆင့်ပြဿနာကို ဂရုတစ်စိုက် မှန်ကန်စွာဖြေရှင်းပြီး တရုတ်-မြန်မာ နယ်စပ် ဒေသတွေရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်"ပာု ပြောကြားသွားသည်။

Yangon chronicle

ထိုးစစ်တွေရပ်တန့်သွားတယ်လို့ မထင်ပါနဲ့ လိုအပ်တဲ့အင်အားတွေထပ်ဖြည့်နေတာလို့ပဲ ကျနော်ထင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကြီးပစ်ခတ်မှုတွေကရှိနေဆဲပါ။ (ABSDFဗိုလ်မှူးမင်းဌေး)၆.၁.၂၀၁၂ (၁၂:၄၅)နာရီ
အစိုးရတပ်ဖွဲ့များသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ဖြစ်သော လိုင်ဇာကို ပြင်းထန်စွာ စစ်ဆင်နေရာမှ ယနေ့မနက်ပိုင်းမှ ညနေအထိ ရုတ်တရက် ရပ်ဆိုင်းလိုက်သည်ဟု လဂျားယန်စစ်မျက်နှာရှိ ABSDF ကျောင်းသားခေါင်း ဆောင်တဦးက ဆိုပါသည်။

“ ဘာကြောင့်လဲတော့ မသိဘူး၊ ဒီနေ့မနက်ကနေ ညနေအထိ မြေပြင်တပ်ရော၊ လက်နက်ကြီးရော၊ လေတပ်ပါ ရုတ်တရက် ရပ်တန့်လိုက်တယ်။ တကယ်တော့ သူတို့တက်မလာရင် ကျနော်တို့က လိုက်တိုက်မှာ မဟုတ်ဘူး။ အခုသူတို့နားတော့ ကျနော်တို့လည်း နားတာပေါ့” ဟု ဆိုပါသည်။

တိုက်ပွဲများသည် ဇန်န၀ါရီလ (၃) ရက် မနက်တွင် နမ်ဆမ်ယန်ရှိ KIA တပ်စခန်းသို့ ခလရ (၂၉၈)၊ ခမရ (၃၈၄)၊ (၃၈၅)၊ (၃၈၆)၊ (၃၉၀) တပ်ဖွဲ့များ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။ နေ့လည် ၁၂ နာရီခွဲအချိန်တွင် လေကြောင်းမှ လာရောက်ပစ်ကူပေး ခဲ့ပြီး တိုက်ပွဲပေါင်း (၈) ကြိမ် ဖြစ်ပွားခဲ့ပါသည်။

အလားတူ ဇန်န၀ါရီလ (၃) ရက်တွင် မြန်မာ့လေတပ်မှ G-4 Super Galeb တိုက်လေယာဉ် (၂) စီးသည် နေ့လည် (၁၂) နာရီခွဲ တွင်လဂျားယန်အထက် တောင်ကုန်းရှိ KIA တပ်စခန်းကို ဒုံးကျည်များအပါဝင် ဗုံးကျဲခဲ့ပါသည်။ ထို့အပြင် ၁၂ နာရီ ၄၅ မိ နစ်အချိန်တွင်လည်း နမ်ဆမ်ယန်ရှိ KIA တပ်ဖွဲ့ကို လေယာဉ် (၂) စီးဖြင့် ပစ်ခတ်ခဲ့သည်။
ကချင်ပြည်နယ်အရှေ့ပိုင်း ပန်ဝါဒေသ နယ်ခြားမှတ်တိုင် (၆) ရှိ KIA တပ်စခန်းသို့ တိုက်လေယာဉ် (၂) စီး ဖြင့်ဗုံးကျဲသလို ဒုံး ကျည်ဖြင့်လည်း ပစ်ခတ်ခဲ့ပြီး ခလရ (၁၀)၊ (၇၇)၊ (၁၃)၊ (၇၄) တပ်ဖွဲ့များက ပြင်းထန်စွာ ထိုးစစ်ဆင် ခဲ့ပါသည်။

ဤကဲ့သို့ အစိုးရ စစ်ဆင်ရေး ပြင်းထန်နေရာမှ ရပ်တန့်သွားခြင်း ဖြစ်ပါသည်။ ဤရပ်တန့်မှုသည် ကိုမြအေး ခေါင်းဆောင် သော ၈၈ ကျောင်းသားများ KIA ဌာနချုပ်လိုင်ဇာကို ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေပါသည်။ အလားတူ အစိုးရလက် နက်ကြီးများ တရုပ်ပြည်သို့ ကျရောက်ခဲ့သဖြင့် တရုပ်အစိုးရမှ ကန့်ကွက်ထားချိန်နှင့်လည်း တိုက်ဆိုင်ပါသည်။

ကချင်ကိုထိုးစစ်ရပ်တန့်၇န် သွေးစည်းညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ကြေညာချက်ထုတ်ပြီး ပြင်းထန်စွာ ကန့်ကွက်ထားသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်

ထို့အပြင် အမေရိကန်အပါဝင် UN ကလည်း စိုးရိမ်ကြောင်း ပြောကြားထားသည်လည်း ရှိပြီး KNU အဖွဲ့ မှ သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံ၌ KIA စစ်ဆင်နေမှုကို ရပ်တန့်ပေးရန် တောင်းဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်ဟု အကဲခတ်များက ဆို ပါသည်။

ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- အင်တာနက်)

ဤအချိန်၌ နိုင်ငံတော်လုံခြုံရေး ပြည်တောင်စုဝန်ကြီး ဦးဆောင်မင်းသည်၊ “ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါမှာ ဥပဒေ ဘောင်အတွင်းမှာရှိတဲ့ ကိစ္စတွေအားလုံး ကျနော်အနေနဲ့ လိုက်လျောပေးနိုင်တယ်။ KIA နဲ့လည်း ဆွေးနွေးဖို့ အဆင်သင့် ရှိနေတယ်" စသဖြင့် ပြည်တွင်းမီဒီယာ၌ ထုတ်ပြောနေချိန်နှင့် တိုက်ဆိုင်နေပါသည်။
တိုက်ပွဲများသည် အစိုးရဖက်မှ အကျအဆုံးများလှပြီး စစ်ကူထပ်မံ လိုအပ်နေပါသည်။ အစိုးရစစ်ကူများသည် ထပ်မံပေး ပို့နိုင်ခြင်း မရှိတော့ဟု အကဲခတ်များက ဆိုပါသည်။ တိုက်ပွဲအနိုင်အရှုံးကို တွက်ချက်မည်ဆိုပါက အစိုးရသည် အကျအ ဆုံးများလှပြီး၊ ပစ်အားများသလောက် အမှတ် (၇၇၁) လဂျားယန်ကုန်းတခုသာ သိမ်းပိုက် ရရှိခဲ့သည့် အခြေအနေတွင်ရှိနေ ပါသည်။

ဤသို့ကြောင့် မည်သည့်အခြေအနေကြောင့် ပစ်ခတ်မှု ရပ်တန့်သွားသည်ကို မသိရသေးသော်လည်း နှစ်ဖက်အောက် ခြေ တပ်များမှာမူ ၀မ်းသာနေလိမ့်မည်ဟု ABSDF တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်တဦးက ဆိုပါသည်။

Saturday, 05 January 2013 20:01
Written by ရွှေဟင်္သာသတင်းဌာန
http://www.phophtaw.org/burmese/index.php/news/local-news/2588-kia-.html

ကေအိုင်အိုက ဖမ်းမိထားတဲ့ အစိုးရတပ်က သုံ့ပန်းတွေကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ကနေတဆင့် မြန်မာအစိုးရကို လွှဲပေးဖို့ ကြိုးစားနေပေမယ့် အစိုးရဘက်က အခုအချိန်အထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

လိုင်ဇာမြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့ညက ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် တို့နဲ့ တွေ့ဆုံဆွေးနွေးချိန်က ပြောခဲ့တာဖြစ်တယ်လို့ ကိုမြအေးက RFA ကို ပြောပါတယ်။

"မနေ့ကတွေ့တဲ့အခါ ဦးဂွမ်မော်နဲ့ ဦးလနန်တို့နဲ့ သုံ့ပန်းတွေ ဒီမှာထိမ်းရသိမ်းရခက်တဲ့အခါကျတော့ ရေရှည်မှာ ပြဿနာရှိတယ် အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်မနက်ဖြန်ပြန်မယ် ဆိုတဲ့အခါကျတော့ ကျနော်ခေါ်သွားမယ်ဆို ခေါ်သွားလို့ရတယ်။ ကြယ်ဂေါင်အထိ ဒီဘက်က လိုက်ပို့ပေးမယ်။ မြန်မာပြည်ဘက်အခြမ်းကျရင် အစိုးရကို အပ်လိုက်ယုံပဲပေါ့။အဲဒီတော ဒီရဲဘော်တွေ ခေါ်သွားပြီးတော့ ကျနော်က အပ်ချင်တယ်ဗျ အစိုးရလက်ခံပေးဖို့တော့ လိုတယ်။ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အဲဒီတပ်မတော်သားတွေကိုလဲ အထိခိုက်မနစ်နာစေချင်ဘူး။"

၂၀၁၁ ခုနှစ် ဇွန်လမှာ နှစ်ဘက် တိုက်ပွဲတွေစဖြစ်ပြီးနောက်ပိုင်း ရှေ့တန်းစခန်းတွေမှာ ဖမ်းမိထားတဲ့ သုံ့ပန်းအရေအတွက် ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

သူတို့ကို လိုင်ဇာကနေ တရုတ်ပြည်ကို ဖြတ်ပြီး မူဆယ်ကို ပြန်အပ်ချင်ပေမဲ့ အစိုးရဘက် ခုအချိန်အထိ ဘာမှ မတုံ့ပြန်သေးဘူးလို့ ကိုမြအေးက ဆက်ပြောပြပါတယ်။

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ လူမှုရေးစာမျက်နှာမှာလည်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကေအိုင်အို/ ကေအိုင်အေ အဖွဲ့အစည်းတွေက ထိန်းသိမ်း ထားတဲ့ တပ်မတော်/ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က တပ်ဖွဲ့ဝင် (၃၀) ဦးကို ၎င်းတို့ထံမှ တဆင့် လွှဲပြောင်း ပေးအပ်လိုပါကြောင်း သက်ဆိုင်ရာသို့ ဆက်သွယ်အကြောင်းကြားလာခဲ့ခြင်းကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်လျှက် ရှိတယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ထံက သတင်းရရှိကြောင်း ဖော်ပြထားတာကို ဒီကနေ့ တွေ့ရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မနီနီလွင်နဲ့ မစန်းစန်းမော်တို့ ဟာ ကေအိုင်အို ဌာနချုပ်ကနေ ပြန်လည်ထွက်ခွာလာပြီ ဖြစ်ပါတယ်။

RFA

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.