01/08/13

ဒီတလော သတင်းမှာ တွေ့နေရတာက ရခိုင်ပြည်နယ်က အနက်ရောင် သဲများကို တရုတ်ပြည်က စိတ်ဝင်ပြီး လာရောက် စမ်းသပ်မှု တွေ ပြုလုပ်နေတယ် ဆိုတာပါပဲ။ မြန်မာပြည်သူ အများစုကတော့ အဲဒီ အနက်ရောင်သဲတွေက ဘာလဲ၊ ဘယ်မှာ သွားသုံးမှာလဲ၊ ဘာတန်ဖိုးရှိလဲ ဆိုတာ သိကြအုံးမယ်လို့ မထင်ပါ။ စာရေးသူ ကိုယ်တိုင်လည်း အဲဒီ သဲတွေကို မမြင်ဘူး အကြောင်းလဲမသိပါ။ အရေးကြီးတယ် သိထားသင့်တယ် ယူဆလို့ ရှာဖွေမိသလောက်ကို ဝေမျှပေးလိုက်ပါတယ်။ တစ်ခုတော့ ကြိုတင်စကားခံ ပါရစေ။ စာရေးသူက အဲဒီ အနက်ရောင်သဲ တွေဟာ rare earth နဲ့ ဆက်စပ်နေတယ်၊ အဲဒီထဲမှာ rare earth ပါဝင်မယ်လို့ ယူဆပါတယ်။

ဖတ်မိရတဲ့သတင်း အချက်အလက် အတိုင်းအတာကြောင့် အတိအကျ rare earth ဟုတ်မဟုတ် မသေချာပေမဲ့လည်း စာဖတ် သူများ အနေနဲ့ ဗဟုသုတတခု ရသွားမှာတော့ ယုံကြည်ပါတယ်။ အဆိုပါ အနက်ရောင်သဲများ က အင်္ဂလိပ်လိုတော့ rare earth လို့ ခေါ်ပါတယ်။ တိုက်ရိုက်ပြန်ရင် ရှားပါးတဲ့မြေ ပေါ့၊ ဒါပေမဲ့ အဲဒီပစ္စည်းက ရှားလည်းမရှားပါး မြေကြီးလည်း မဟုတ်ပါဘူး။ rare earth ဆိုတာက ဒြပ်စင်ပေါင်း ၁၇ မျိုး ပါဝင်တဲ့ သတ္တုဒြပ် အမျိုးအစားတွေကို ခေါ်ပါတယ်။ အဲဒါတွေက scandium (Sc-21), yttrium (Y-39), lanthanum (La-57), cerium (Ce-58), praseodymium (Pr-59), neodymium (Nd-60), promethium (Pm-61), samarium (Sm-62), europium (Eu-63), gadolinium (Gd-64), terbium (Tb-65), dysprosium (Dy-66), holmium (Ho-67), erbium (Er-68), thulium (Tm-69), ytterbium (Yb-70), and luteium (Lu-71) တို့ ဖြစ်ပါတယ်။ အဲဒီ သတ္တုတွေကို တချို့က the silent heroes of modern technolog လို့ တင်စားကြပါတယ်။

Rare earth ဟာ မရှားပါးပေမဲ့ အဲဒီ ဒြပ်စင်သတ္တုတွေက တမျိုးတည်းသီးခြား တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ ဆိုတော့ တူးဖော်ရတဲ့ မြေကြီး သို့မဟုတ် အနက်ရောင်သဲများမှာ အထက်ပါ သတ္တုတွေ ရောနှောပါဝင်နေမှာ ဖြစ်ပြီး ပါဝင်တဲ့ သတ္တုတစ်ခုစီရဲ့ အချိုး အစားရာခိုင်နှုန်း မတူညီဘဲ ရှိတတ်ပါတယ်။ မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့ rare earth ထဲမှာ ပါဝင်နေတဲ့ ဒြပ်သတ္တု တစ်ခုချင်းကို သန့်စင်ခွဲထုတ်ဖို့က အန္တရာယ်များ၊ ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဖို့ မလွယ်ကူဖူးလို့ သိရပါတယ်။ ကျနော်တို့ နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့ အရာများစွာမှာ rare earth သတ္တုတမျိုးမျိုး သေချာပေါက် ပါဝင်နေပါတယ်။ တီဗီ၊ ကွန်ပြူတာ၊ ရေနံတူးစက်၊ သေးငယ်တဲ့ အီလက်ထရွန်းနက် အစိတ်အပိုင်းများ၊ မော်တော်ကား၊ Hybrid ကား၊ အလင်းဖန်မျှင်ကြိုး၊ စစ်လက်နက် ကိရိယာများ၊ နုကလီယား ဓာတ်ပေါင်းဖို နဲ့ အာကာသယာဉ် ကိုယ်ထည်တွေမှာ အဲဒီသတ္တု တမျိုးမဟုတ်တမျိုး ထည့်သွင်း အသုံးပြုထားပါတယ်။

ဥပမာပြရရင် Neodyumium သတ္တုကို သေးငယ်တဲ့ အီလက်ထရွန်းနှစ် အစိတ်အပိုင်း ဖြစ်တဲ့ ကွန်ပြူတာ hard disk, နားကျပ်၊ စပီကာ၊ တာဘိုင်၊ ရေနံတူးဖော်တဲ့ လွန်ပူ နဲ့ သံလိုက်ဓာတ် သုံးရတဲ့ နေရာတိုင်းလိုလိုမှာ ထည့်သုံးထားပါတယ်။ Neodyumium ကို သေးငယ်ပေါ့ပါးပြီး အလွန်မာကျောတဲ့ ကိရိယာအစိတ်အပိုင်းတွေမှာ အဓိက သုံးရပါတယ်။ Erbium သတ္တုကို နေကာမျက်မှန်၊ အလှဆင်ပန်းအိုး၊ လေဆာခွဲစိပ်မှု နဲ့ သတင်းအချက်အလက် လျင်မြန်စွာစီးဆင်းစေတဲ့ အလင်းဖန်မျှင်ကြိုးတွေမှာ မရှိမဖြစ် သုံးရပါတယ်။ Europium သတ္တုကို တီဗီဖန်သားပြင်၊ LED မီးလုံး တွေ နဲ့ နူကလီးယား ဓာတ်ပေါင်းဖို မှာ အသုံးပြုပါတယ်။ Hybrid ကား (ဆီနဲ့ ဘက်ထရီ နှစ်မျိုးသုံး) မောင်းနေတဲ့ ကားပိုင်ရှင်တွေကိုယ်တိုင် rare earth ကို သူတို့နေ့စဉ် သုံးနေရတယ်ဆိုတာ မသိကြပါဘူး။ တိုယိုတာ Prius Hybrid ကားတိုင်းမှာ Lanthanum ၁၀ ပေါင် ထည့်သုံးထားပါတယ်။ ဟိုင်းဘရစ်ကားမှာပါတဲ့ ဘက်ထရီအမျိုးအစား "nickel-metal hydride" က Lanthanum သတ္တုကို သုံးထားတာပါ။ "ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ တိုယို တာကားရဲ့ ထုတ်လုပ်မှုနှုန်းမှာ Prius ဟိုင်းဘရစ်ကား က ၈ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒါနဲ့ အခြား ဟိုင်းဘရစ်ကားတွေရယ်၊တရုတ်ပြည်မှာ သုံးနေတဲ့ ဘက်ထရီကားငယ်လေးတွေ အားလုံးပေါင်းလိုက်ရင် လိုအပ်မယ့် Lanthanum က ဈေးကွက်မှာ လုံလောက်စွာမရှိပါဘူး" လို့ rare earth ကျွမ်းကျင်ပညာရှင် Jack Lifton က ဆိုပါတယ်။

ဒါ့အပြင် တိုယိုတာကားကုမ္ပဏီ က lanthanum တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံနေတဲ့ တစ်ခုတည်းသော ကားကုမ္ပဏီဖြစ်ကြောင်းလည်း သိရပါတယ်။ အချက်အလက်များအရ ကမ္ဘာပေါ်မှာ တရုတ်ပြည် က rare earth ပမာဏ အများဆုံး ပိုင်ဆိုင်ထားပြီး ပြည်တွင်း စက်မှု လုပ်ငန်း များမှာ အသုံးပြုဖို့ လုံလောက်အောင်ဆိုပြီး ၂၀၁၀ ခုနှစ်မှာ ပြည်ပသို့ တင်ပို့ရောင်းချမှုကို ကန့်သတ်လိုက်ပါတယ်။ အဲဒီ သတင်း ကြောင့် rare earth ဈေးနှုံးများ ခုန်တက်သွားခဲ့ပါတယ်။ rare earth ရဲ့ ဈေးနှုန်းကတော့ ဈေးကွက်မှာရှိတဲ့ ပမာဏ နဲ့ ၀ယ်လို အားပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် HEFA ရဲ့ ဈေးနှုန်းအရ ၁ ကီလိုဂရမ် ဈေးကို ဖော်ပြထားပါတယ်။ Scandium metal - အမေရိကန် ဒေါ်လာ ၁၅၀၀၀ (၁ ကီလိုဈေး)၊ Terbium metal - ၂၅၀၀၊ Neodymium metal - ၁၁၅၊ Lanthanum metal - ၂၈၊ Europium Oxide - ၂၁၅၀၊ Dysprosium Oxide - ၉၇၅၊ Erbium metal - ၂၇၅၊ Cerium metal - ၂၅ ဒေါ်လာ ....။

မြန်မာပြည်က အဖိုးတန်ကြွယ်ဝတဲ့ သံယံဇာတတွေကို ပြည်သူတွေ မသိရှိရဘဲ ပြင်ပတိုင်းပြည်တွေက ပေါချောင်ကောင်းနဲ့ တိတ်ဆိတ်စွာ သယ်ထုတ်သွားခဲ့တာ တိုင်းပြည်အတွက် ပြည်သူတွေအတွက် အလွန်နှစ်နာလှပါတယ်။ မိမိတိုင်းပြည်က ငွေကြေး အရ နည်းပညာအရ ကိုယ်တိုင် တူးဖော်ထုတ်လုပ်နိုင်ခြင်း မရှိလို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ ကို ဖိတ်ခေါ်ရတယ် ဆိုရင်လည်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပထမဦးစားပေး ထည့်သွင်းစဉ်းစား ရပါမယ်။ သတ္တုသွင်း တူးဖော်ခွင့်ပြုမယ့် နေရာဒေသတ၀ိုက်ရဲ့ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု၊ နေထိုင်ကြတဲ့ ပြည်သူလူထုများ ရဲ့ ကျန်းမာရေး အကျိုးသက်ရောက်မှု၊ ဘေးထွက် စွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းမှု စတာတွေကို ဦးစွာ စမ်းသပ်လေ့လာရပါမယ်။

ထို့အပြင် တူးဖော်မယ့် နေရာဒေသတ၀ိုက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သူတို့ရဲ့သဘောထင်မြင်ချက်ကို ထည့်သွင်းစဉ်းစား ရပါမယ်။ နောက်ဆုံးမှ ခွင့်ပြုချက်ပေးသင့် မပေးသင့်ကို ဆုံးဖြတ်ရပါမယ်။ ဒါကြောင့် နိုင်ငံခြားမှလာရောက် ရင်းနှီးမြုပ်နှံသူတွေကို ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့ သတ္တုတွင်းများမှာ တူးဖော်ခွင့် ပေးထားပေမယ့် အချောင်ရောပါသွားနိုင်တဲ့ (တနည်း) ခိုးထုတ်သွားမယ့် အဆိုပါ အနက်ရောင်သဲ ခေါ် rare earth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်း ရေးသားလိုက်ပါတယ်။

မောင်ကံချွန်။
Credit: KDN

Smoke is seen rising from a mountain in Kachin state in this still image taken from a video dated December 27, 2012. REUTERS/Courtesy of Democratic Voice of Burma/Handout

(Associated Press မှ 6 Jan 2013 ရက်စွဲပါ “Myanmar’s Kachin rebels accuse government of artillery attack on headquarter city” သတင်းကို ဘာသာပြန်ပါသည်)

ကေအိုင်အေဌာနချုပ်တည်ရှိရာမြို့ကို တနင်္ဂနွေနေ့တွင် အစိုးရတပ်များက အမြောက်ဖြင့်နှစ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု ကချင်လက်နက်ကိုင် အဖွဲ့ကပြောကြားသော်လည်း သေကြေထိခိုက်မှုမရှိဟုကြားသိရသည်။

မနက်ခင်းတွင် ၄ ချက်၊ မှောင်ရီမပျိုးခင် ၃ ချက်၊ အနည်းဆုံး ၁၀၅ မီလီမီတာ အမြောက်ကျည် ၇ ချက်ခန့်လိုင်ဇာကို ပစ်ခတ်ခဲ့သည်ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က AP သတင်းဌာနသို့ ပြောကြားသည့် ၁၀၅ မီလီမီတာအမြောက်ကျည်ဆံတစ်ခုလျှင် ကာလတန်ဖိုးသိန်း ၂၀ ခန့် တန်ကြေးရှိသည်ဟု သိရှိရသည်။

ပြောရေးဆိုခွင့်မရှိ၍ အမည်မဖော်လိုသူ အစိုးရအကြီးတန်းတာဝန်ရှိသူတစ်ဦးက ယင်းစွပ်စွဲမှုကို ငြင်းဆိုသည်။

မကြာသေးမှီ သတင်းပတ်များအတွင်းသူပုန်စခန်းများကို အစိုးရဖက်က ဟယ်လီကော်ပတာများ၊ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှု ကြောင့် နှစ်ဖက်အကြားတိုက်ခိုက်မှုအရှိန်မြင့်လာခဲ့သည်။

ယခုပစ်ခတ်မှုသည် ဒီဇင်ဘာ ၁၉ ရက်နောက်ပိုင်း လိုင်ဇာကို လက်နက်ကြီးဖြင့် ဒုတိယအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဦးလနန်က ပြောကြားသည်။

အမည်မဖော်လိုသူအခြား ကေအိုင်အေ တာဝန်ရှိသူတစ်ဦးကလည်း တနင်္ဂနွေနေ့မနက်ခင်းက ပစ်ခတ်သော အမြောက်ကျည်ဆံ အပိုင်းအစများသည် အနီးအနားမှ အိမ်များကို ထိမှန်ခဲ့ကြောင်း သို့သော် သိသိသာသာပျက်စီးမှုမရှိကြောင်းနှင့် ကေအိုင်အေက ပြန်လည်ပစ်ခတ်ခြင်း မပြုခဲ့ကြောင်း အသိပေးပြောကြားသည်။

အစိုးရတပ်ထောက်ပံ့ရေး ယာဉ်တန်းများသည် ကေအိုင်အေဌာနချုပ်နယ်မြေကို တိုက်ခိုက်မည့် ခဲ ယမ်း မီး ကျောက်များသယ်ဆောက်လာသဖြင့် အစိုးရတောင်းဆိုသော ယာဉ်တန်းများဖြတ်သန်းခွင့်ကို ကေအိုင်အေ ကငြင်းပယ်ခဲ့ပြီးနောက် ခရစ်စမတ်နေ့တွင် ယင်းကဲ့သို့တိုက်ပွဲများ အရှိန်မြင့် လာခဲ့ခြင်းဖြစ်သည်။ အစိုးရတပ်များက လေ့ကျင့်ရေးဂျက်တိုက်လေယာဉ်များ၊ ဟယ်လီကော်ပတာများ ဖြင့်လေကြောင်းထိုးစစ်ဆင်ကာ ကေအိုင်အေ တပ်စွဲထားသော တောင်ကုန်းတစ်ခုကို သိမ်းပိုက်ခဲ့သည်။

ယခုကဲ့သို့ အလွန်အကျွံ့အင်အားသုံးတိုက်ခိုက်မှုကြောင့် လိုင်ဇာဌာနချုပ်ကို အစိုးရတပ်များက သိမ်းပိုက်ရန်အဆင်သင့် ဖြစ်နေပြီဟူသော စိုးရိမ်ပူပန်မှုများ ကေအိုင်အေအသိုင်းအဝိုင်းတွင် ဖြစ်ပေါ်နေသော်လည်း တပ်မတော်က ထိုသို့မလုပ်ရန်အာမခံသည်ဟု သမ္မတအကြံပေးတစ်ဦးက နှစ်သစ်ကူးညတွင် ပြောကြားခဲ့သည်။ မြန်မာစစ်တပ် (တပ်မတော်) ကလည်း သူပုန်များ ထိန်းချုပ်ထားသောလမ်းကြောကို ရှင်းလင်းရန် လေကြောင်းထိုးစစ်ဆင်ခြင်းဖြစ်ပြီး ယခုအခါ ထောက်ပံ့ရေးယာဉ်တန်းများ သွားလာနိုင်ပြီဟု ရှင်းလင်းပြောကြားခဲ့သည်။

သောကြာနေ့က အစိုးရ ထုတ်ပြန်ကြေညာချက်တွင် သူပုန်များအားထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် တပ်မတော်ကို ညွှန်ကြားထားသော်လည်း ကေအိုင်အေက ခြုံခိုတိုက်ခိုက်မှုများ ဆက်တိုင်ပြုလုပ်ခဲ့ခြင်းကြောင့် တပ်မတော်က ခုခံကာကွယ်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှင်းလင်းဖော်ပြထားသည်။

Yangon chronicle


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပါအဝင် အကြမ်းဖက်ဖြိုခွင်းမှုအတွက် နိုင်ငံတော်မှ ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခုလ မကုန်ခင်အတွင်း အစီအရင်ခံစာ တင်မည်ဖြစ်ကြောင်း ဒေါ်အောင်
ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဌ အဖြစ် တာဝန်ပေးအပ်ထားခြင်း ခံရကြောင်း သိရပြီး ယခုလအတွင်းတွင်လည်း နိုင်ငံရပ်ခြား ခရီးစဉ် အဖြစ် ဟာဝိုင်ရီရှိ ဟိုနိုလူလူ အားသွားရောက်မည် ဖြစ်ကြောင်းနှင့် ၎င်းကမှတစ်ဆင့် ကိုရီးယားသို့ ထပ်မံသွားရောက်မည် ဖြစ်ကြောင်း သိရသည်။

“လက်ပံတောင်းတောင် အတွက် စုံစမ်းရေးကော်မရှင်က အချိန်ပြည့်အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ လွှတ်တော် နားတဲ့ အချိန်တွေမှာလည်း သွား တဲ့အဖွဲ့တွေရှိပါတယ်။ ဇန်နဝါရီ လကုန်ခါနီး အမေစု ခရီးသွားမယ်။ မသွားခင်မှာဘဲ လက်ပံတောင်းတောင် အရေးနဲ့ ပက်သက်ပြီး အစီရင်ခံစာ တင်မယ်လို့ သိရပါတယ်” ဟု ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဆက်လက်ပြီး လက်ပံတောင်းတောင်တွင် သပိတ်စခန်းများ ဖွင့်လှစ်ထားမှုနှင့် ပက်သက်၍ “ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ် မှုတွေ ဟာ နစ်နာဆုံးရှုံးမှုတွေ မရှိဘဲနဲ့ ဘယ်သူမှ ဆန္ဒပြမှာ မဟုတ်ဘူး။ ဆန္ဒထုတ်ဖော်မှုတွေဟာ ကိုတော့ ကန့်ကွက်စရာ ဘာအကြောင်းမှမရှိပါဘူး။ ဒါပေမယ့် ဆန္ဒထုတ်ဖော်တဲ့ အခါနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ဆွေးနွေးညှိနှိုင်းမှု အဆင့်လာရဦးမယ်။ အဲဒီအခါ အားလုံးယုံကြည်တဲ့ ဒေါ်စုပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ ရလဒ်ကို စောင့်ကြည့်စေချင်တယ်” ဟုထပ်မံပြောကြားသည်။

ယမန့်နေ့ ညနေပိုင်းတွင် လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန်အတွက်သပိတ်စခန်းဖွင့်လှစ်ထားသော တုံရွာတွင် အရေးပေါ် အစည်းအဝေးကြီးပြုလုပ်ခဲ့ကြောင်း သိရပြီး အဆိုပါ အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ မည်သို့ပင် ဆုံးဖြတ်စေကာမူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်ဆိုင်းသွားရန် ဆက်လက် တောင်းဆိုသွားမည်ဟု ဆုံးဖြတ် ခဲ့ကြကြောင်း ဒေသခံ များ ထံမှ သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ပက်သက်၍ “ စုံစမ်းစစ်ဆေးရေးကော်မရှင်က အစီရင်ခံစာမှာ ဒီမှာရှိတဲ့ ကျေးရွာတွေကိုလည်း မဖျတ်ခိုင်းဖို့ရယ်။ လယ်မြေတွေ ဆုံးရှုံးခဲ့တဲ့ သူတွေအတွက်လဲ ငွေရေးကြေး
ရေး အနေနဲ့အကူအညီ ပြန်ပေးဖို့။နောက်ပြီး လက်ပံတောင်းမှလုပ်နေတဲ့ သတ္တုတူးဖော်ရေးနဲ့ ကုန်ကြမ်းတွေကို အရင်လုပ်ခဲ့တဲ့ စပါယ်တောင်မှာပြန်လုပ်ဖို့ စတဲ့ ဟာတွေ ပါဖို့ ဒီမှာရှိတဲ့ လူတွေက မျှော်လင့်ထားတယ်။ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် လက်ပံတောင်းတောင် စီမံကိန်း ဖျတ်သိမ်းရေးကိုဘဲ အားလုံးက ဦးတည်ထားတယ်” ဟု မုံရွာမြို့တွင် လက်ပံတောင်း
တောင်အရေး ဆောင်ရွက်နေသော ဆရာတော်တစ်ပါးက မြန်မာ့ခေတ်သို့ မိန့်ကြားသည်။
စူးရှ
ဓာတ်ပုံ - စူးရှ(The Myanma Age)

Photo..DVB
လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးက ရင်သတ် ရှုမောဖွယ်ရာ ကောင်းလှပါတယ်။ မြန်မာ့နိုင်ငံရေးရဲ့ အဓိက အခန်းကဏ္ဍမှာပါဝင်နေတဲ့ တိုင်းရင်းတို့ရဲ့အရေး ကိစ္စကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ စတင်နေသလို၊ ပါလီမန် အတွင်းမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်းပါဝင်တဲ့စနစ်နဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ကိုစမ်းသပ်နေပါတယ်။ နှစ်ပေါင်းငါးဆယ်ကျော်ကြာ ဖိနှိပ်ထားခြင်းခံရတဲ့ ပြည်သူတွေကလည်း လွတ်လပ်ပွင့်လင်းလာတဲ့ အခိုက်မှာ လယ်ယာမြေကိစ္စ၊ ပြည်သူတွေပိုင်တဲ့ သဘာဝသယံဇာတတွေကို ပွင့်လင်းမြင်သာမှု မရှိဘဲ နိုင်ငံတကာ ကုမ္ပဏီတွေကို ရောင်းချခဲ့မှုတွေကို လူထုကန့်ကွက်ပွဲတွေနဲ့ ဆင်နွဲနေပါတယ်။

မြန်မာ့နိုင်ငံရေးရဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းစစ်က လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြသနာ ဖြစ်နေပါတယ်။ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး အကောင်အထည်ဖေါ်ရေး ဒုအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းရဲ့ “ဖက်ဒရယ်ဆိုတဲ့ စကားလုံးက ကြောက်စရာမဟုတ်ဘူး” စကားတခွန်းက နှစ်ပေါင်း ခြောက်ဆယ်ကျော် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တိုက်ပွဲဝင်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တအံ့တသြ ဖြစ်စေခဲ့ပါတယ်။

နိုင်ငံရေးအရ တန်းတူမှုနှင့်အတူ သဘာဝသယံဇာတ ခွဲဝေခံစားတဲ့အခါမှာလည်း တိုင်းရင်းသားတို့အဖို့ နှစ်ပေါင်း ငါးဆယ်ကျော် ပစ်ပယ်ထားခြင်း ခံခဲ့ရပါတယ်။ တိုင်းရင်းသားဒေသတွေက ထွက်ရှိလာတဲ့ သဘာဝသယံဇာတတွေကို တိုင်းရင်းသားတွေ တစိုးတစိမျှ ခံစားပိုင်ခွင့် မရှိခြင်းကလည်း အဓိက မကျေနပ်တဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်။ ပညာရှင်တွေကတော့ သဘာဝ သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံတွေမှာ ဖြစ်တဲ့ပဋိပက္ခတွေကို သဘာဝသယံဇာတ ကျိန်စာ ( Resources Curse) အဖြစ်သုံးနှုံးကြပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကလည်း သံယံဇာတကျိန်စာသင့်နေတဲ့ လက္ခဏာနှင့် တထေရာတည်း တူညီနေပါတယ်။ ဘဏ္ဍဝင်ငွေအမြောက်အမြားကို ရှာဖွေ ပေးနိုင်တဲ့ သဘာဝ သံယံဇာတများ ကြွယ်ဝပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြင်းထန်းစွာ ဝေဖန် ခံနေရသောနိုင်ငံ ၊ခြစားမှုများကြောင့် ထော့ကျိုး ဖြစ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အုပ်ချုပ်သူအစိုးရနှင့် တိုင်းရင်းသား များကြားဖြစ်ပွားနေတဲ့ နှစ် ၆၀ ကြာပြည်တွင်းစစ်ကြောင့် ဆိုးကျိုးများ ခံစာနေရတဲ့ နိုင်ငံဖြစ်ပါတယ်။

သဘာဝသယံဇာတကို ထုတ်ယူသုံးစွဲရာမှာ ထွက်ရှိတဲ့ ဒေသခံလူမျိုးတွေ အပေါ်လျစ်လျူရှုထားခြင်းနှင့် သဘောထားကြီးစွာ ခွဲဝေသုံးစွဲခြင်းက နိုင်ငံအတွက် ဘယ်အထိ အကျိုးရှိတယ်ဆိုတာကို နိုင်ငံကို စီမံခန့်ခွဲနေတဲ့ နိုင်ငံခေါင်းဆောင်တွေ သိထားအပ်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံလို သဘာဝသယံဇာတ ကြွယ်ဝပြီး လူမျိုးမတူတဲ့ ဆူဒန်နိုင်ငံဟာ မကြေနက်ချက်တွေကို မထိမ်းနိုင်တဲ့ အချိန်မှာ တောင်နှင့် မြောက် ဆူဒန်နိုင်ငံ အဖြစ်ပေါ်ထွက်လာတဲ့ ဖြစ်စဉ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ်ပေါင်း (၅၀) ပြည်တွင်းစစ်ဖြစ်ပြီးမှ သဘာဝ သယံဇာခွဲဝေသုံးစွဲခွင့်နဲ့ ပြည်တွင်းစစ်ကို ငြိမ်းအေးစေခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံထဲက အာချေး ဒေသ ပြသနာ ဖြေရှင်းပုံတွေဟာ ခေတ်တခုရဲ့ လမ်းပေါ်ကို တက်စပြုနေတဲ့ မြန်မာတွေ လေ့လာသင့်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

တောင်းပိုင်းဆူဒန်

ဆူဒန်နိုင်ငံရဲ့ ရ၅ ရာခိုင်နှုန်းသော ရေနံသိုက်ဟာ တောင်ပိုင်း ဆူဒန်မှာ တည်ရှိပေမယ့် ရေနံလုပ်ငန်းနှင့် ပတ်သတ်တဲ့ စက်မှုလုပ်ငန်းတွေက မြောက်ပိုင်း ဆူဒန်မှာ တည်ရှိနေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှု ကွာဟချက်က ဆယ်စုနှစ် နှစ်ခုကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မီးကို တောက်လောင် စေခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်အရ ပြည်တွင်းစစ် ကိုရပ်စဲနိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး စာချုပ်နှင့်အတူ တောင်ပိုင်းဆူဒန်ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဗဟိုအစိုးရနှင့် အာဏာခွဲဝေ သုံးစွဲခွင့်ရရှိခဲ့ပြီး ရေနံလုပ်ငန်းက ရရှိတဲ့ အကျိုးအမြတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ခံစားပိုင်ခွင့် ရရှိခဲ့ပြန်တယ်။

ဒေသခံတွေ အနေနဲ့ သဘာဝ သယံဇာတရဲ့ အကျိုးအမြတ်ကို မျှတစွာ ခံစားပိုင်ခွင့် မရရှိခြင်းဟာ သွေးထွက်သံယို ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ တောင်ပိုင်း ဆူဒန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဟာ ဥပမာ တရပ် ဖြစ်ပါတယ်။ သဘာဝ သယံဇာတ ခွဲဝေသုံးစွဲရာမှာ မျှတမှုမရှိ တာကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုမှုနဲ့ အတူ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားခြင်းနှင့် အကျိုးရလဒ် အဖြစ် တောင်ပိုင်း ဆူဒန်ဟာ ၂၀၁၁ ဇူလိုင် ၉ ရက်နေ့မှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။

သဘာဝသယံဇာတမှ ရရှိတဲ့ အကျိုးအမြတ်တွေကို မျှတစွာခွဲဝေ ခံစားပိုင်ခွင့်ရရှိခြင်းဟာ ပြဿနာ တွေကို လျော့ကျစေနိုင် သလို ပဋိပက္ခတွေကို ကာကွယ်မှုတွေ ပေးနိုင်ပါတယ်။

အာချေး ။

အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ ရေနံနှင့်သ၀ဘာဓါတ်ငွေ့ ကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး အာချေးဒေသကလည်း ရေနံနှင့်သဘာဝဓါတ်ငွေ့သိုက်ကြွယ်ဝတဲ့ ပြည်နယ်ဖြစ်ပါတယ်။

ဒတ်ခ်ျ ကိုလိုနီလက်အောက်သို့ ကျရောက်စဉ်တုန်းက အာချေးဒေသဟာ လွတ်လပ်တဲ့ ဆူလတန် ဘုရင်တွေ အုပ်ချုပ်ရာ နယ်မြေ ဖြစ်ပါတယ်။ အာချေးဒေသဟာ လွတ်လပ်တဲ့ ပြည်နယ်ဖြစ်ပြီး လွတ်လပ်ရေးအတွက် ဒတ်ခ်ျကိုလိုနီအစိုးရကို ရာစုနှစ်ချီတိုက်ပွဲဝင်ခဲ့ပါတယ်။ ၁၉၄၉ မှာ ဒတ်ခ်ျ ကိုလိနီလက်အောက်က အင်ဒိုနီးရှား လွတ်လာတဲ့အခါမှာ အင်ဒိုနီရှားသမ္မတနိုင်ငံရဲ့ အောက်မှာ အထူး အုပ်ချုပ်ရေး ဒေသဖြစ်လာခဲ့ပါတယ်။ အာချေးပြည်သူတွေ မှာလည်း လုံဝလွတ်လပ်ရေး တောင်းဆိုမှုနှင့်အတူ ခွဲထွက်ရေး လက်နက်ကိုင် လှုပ်ရှားမှုက နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ ချုပ်ဆိုတဲ့ အင်ဒိုနီးရှားအစိုးရနှင့် Gerakan Aceh Merdeka (GAM) အာချေးလွတ်မြောက်ရေး အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး စာချုပ်ဟာ အာချေးတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ခွင့်ပြုခဲ့ပြီး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ရရှိတဲ့ အခွန်ဘဏ္ဍာရဲ့ ၇၀ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ် ။ ( အာဏာရှင် ဆူဟာတို လက်အောက်မှာ အကျိုးအမြတ်ရဲ့ ၅ ရာခိုင်နှုန်းကို သာခွင့်ပြုခဲ့တယ်။) Gerakan Aceh Merdeka (GAM) အဓိက တောင်းဆိုမှုဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုနိုင်တဲ့ အချက်လည်း ဖြစ်ပါတယ်။

ဒီနိုင်ငံ နှစ်ခုကို လေ့လောကြည့်စဉ် သဘာဝသယံဇာတကို ထုတ်ယူသုံးစွဲတဲ့အခါ ပိုင်ဆိုင်ခွင့်ရှိတဲ့ လူမျိုးစုတွေ အပေါ်အနိုင်ကျင့်ဗိုလ်ကျခြင်းက နိုင်ငံကိုပြိုကွဲစေတဲ့ဘက်ကို ဦးတည်စေသလို အင်ဒိုနီးရှားက ဥပမာက မြန်မာခေါင်းဆောင်တွေ နှစ်သက်လက်ခံနိုင်မယ့် အချက်ဖြစ်နိုင်ပါတယ်။ သဘာဝသယံဇာတကနေ ရရှိလာတဲ့ အကျိုးအမြတ်ကို ခွဲဝေပေးလိုက်ရုံးနှင့် နှစ်ပေါင်း (၅၀) ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်စေနိုင်ခဲ့သလို အင်အားရှိပြီး စည်းလုံးတဲ့ ခေတ်သစ်စီးပွားရေးအရ သြဇာရှိတဲ့ နိုင်ငံအဖြစ်ကို ထွက်ပေါ်လာစေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ဟာ သယံဇာတမှ ရရှိတဲ့ အကျိုးအမြတ်တွေကို တိုင်းရင်းသားတို့ အနေနဲ့ ခွဲဝေခံစားပိုင်ခွင့် မရှိခြင်းက အဓိက အချက်မှ ပါဝင်နေပါတယ်။ သဘာဝ အရင်းအမြစ် ထုတ်ယူတဲ့ ဒေသနှင့် ဒေသခံလူထုကို သူတို့ပိုင် သဘာအရင်းအမြစ် ထုတ်ယူသုံးစွဲခြင်းနှင့် ထုတ်လုပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ၀န်ထုတ်ဝန်ပိုးအတွက် မျှတတဲ့ လျော်ကြေး ပြန်လည် ပေးအပ်ခြင်းနှင့် အကျိုးအမြတ်ကို ၄င်းဒေသ တိုးတက်ရေး အတွက် ပြန်လည် အသုံးပြုရန်လိုအပ်ပါတယ်။ ဒီလိုသာ မျှတတဲ့ ခံစားပိုင်ခွင့်တွေ ရှိနေမယ်ဆိုရင် နှစ်ပေါင်း (၆၀) ကျော်ကြာ ဖြစ်ပေါ် နေတဲ့ ပြည်တွင်းစစ်ကို အရှိန်လျော့ပြီး အဆုံးသတ် နိုင်မှာ ဖြစ်သလို မြန်မာပြည်တလွားက ပြည်သူတွေရဲ့ မငြိမ်မသက်မှုတွေကိုလည်း နိဂုံးချုပ်နိုင်မယ်လို့ ထင်မြင်မိပါတယ်။

by Hla Shwe


(DW World မှ 4 Jan 2013 ရက်စွဲပါ "Myanmar awaits freedom 65 years after independence"သတင်းကိုဘာသာပြန်ဆိုသည်)

လွန်ခဲ့သော ၆၅ နှစ်က မြန်မာနိုင်ငံသည် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။ သို့ရာတွင် လွတ်လပ်၍ဖွံ့ဖြိုးလာရမည့်အစား ယခုတိုင်ပြင်းထန်ဆဲ လက်နက်ကိုင်ပဋိပက္ခများသာ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ သို့သော် လက်ရှိပြုပြင်ပြောင်းလဲမှုများက အသစ်လှုံဆော်မှုပေးနေပြီ။

၁၉၄၈ ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်မြို့အစိုးရရုံးရှေ့မှ ယူရေနီယံအလံကိုဗြိတိသျှစစ်သားများက ဖြုတ်ချဖယ်ရှားလိုက်ကြပြီးနောက် အပြာနောက်ခံ ကြယ်ဖြူခြောက်ပွင့်နှင့် အနီရောင် မြန်မာနိုင်ငံတော်အလံသစ်ကို အစားထိုးလိုက်ကြသည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးအဆုံးသတ်ကာ ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်လာခဲ့သည်။

သို့ရာတွင် အလံတောင်သစ်နှင့်အတူ တိုင်းပြည်၏စည်းလုံးမှုသည် အလိုအလျောက်ပေါ်ထွက်မလာခဲ့ပေ။ နိုင်ငံရေးနှင့် လူမျိုးရေး အုံကြွတော်လှန်မှုများက မြန်မာနိုင်ငံကိုသွေးစွန်းသော ပြည်တွင်းစစ်နွံ့ထဲသို့ပစ်ချလိုက်သည်။ ရန်ပွဲအဆုံးသတ်အောင် ပြည်သူတို့အတွက် ဘုံသင်္ကေတ ဖန်တီးနိုင်အောင် စီမံခန့်ခွဲနိုင်သော အစိုးရမရှိခဲ့ပေ။

"မြန်မာနိုင်ငံပာာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဒီနေ့အထိ မပြီးနိုင်တဲ့ ပြည်တွင်းစစ်နွံ့ကို ကျသွားပါတယ်"ပာု လွတ်လပ်သောမြန်မာ့ရေးရာကျွမ်းကျင်သူ Hans Bernd Zollner က DW သတင်းဌာနသို့ပြောကြားသည်။

မျှော်လင့်မထားသော အပြောင်းအလဲ

မည်သို့ပင်ဖြစ်စေ ၂၀၁၀ ခုနှစ်တွင် တိုင်းပြည်၏နိုင်ငံရေးလမ်းကြောင်းသည် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်နှင့်အတူ အံအားသင့်စရာ ချိုးကွေ့သွားခဲ့သည်။

Burma Campaign မှ Mark Farmaner ကမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံသော်လည်း ပဋိပက္ခအရှိန်မြင့်လာခြင်းကို သတိပေးသည်။

“မြန်မာနိုင်ငံပာာ ပြောင်းလဲမှုပုံစံအမျိုးမျိုးကို တွေ့ကြုံနေရပါတယ်။ တစ်ဖက်မှာ ကြီးကြီးမားမား ပြုပြင်ပြောင်းလဲနေသလို တစ်ခြားတစ်ဖက် မှာလည်း တိုင်းရင်းသားပဋိပက္ခ အရှိန်မြင့်လာတာကို မြင်နေရပါတယ်”ပာု သူကဆိုပါသည်။ နိုင်ငံအနှံ့ဒေသတွေမှာ အကောင်းဖက်ကို တိုးတက်လာသလို တစ်ခြားဒေသတွေမှာလည်း ဇောက်ထိုးကျဆင်းနေတယ် ပာု သူက မှတ်ချက်ပေးသည်။

၂၀၁၃ ၏ ဒုတိယရက်တွင် အစိုးရစစ်တပ်နှင့် KIA တပ်ဖွဲ့အကြား သွေးစွန်းသောတိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်(တပ်မတော်)က လေတပ်အင်အားကိုပင်အသုံးပြုခဲ့သည်။

ပဋိပက္ခအရှိန်မြှင့်လာခြင်း၏ အကြောင်းရင်းတစ်ခုမှာ အစိုးရဖက်မှလိုလိုလားလား စေ့စပ်လိုစိတ်မရှိခြင်းကြောင့်ဖြစ်သည်ပာု Mark Farnaner က ဆိုသည်။ နိုင်ငံမှာဖြစ်နေတဲ့ အပြောင်းအလဲတွေကိုတိုင်ပင်ဆွေးနွေးမှုတစ်စုံတစ်ရာမရှိဘဲ သမ္မတကြီးက အစအဆုံးပြုလုပ်နေတာပါပာု Farmaner က ပြောကြားသည်။

Zollner ကမူပြုပြင်ပြောင်းလဲမှုများကို စစ်တပ်(တပ်မတော်)ကသာ အစပျိုးပြုလုပ်ခဲ့သည်ပာု ယုံကြည်နေသည်။ မြန်မာနိုင်ငံရဲ့အချိုးအကွေ့ပာာ တပ်မတော်က သတိကြီးကြီးနဲ့ဂရုတစိုက် စီစဉ်မှုရဲ့ရလဒ်ပါပာု သူကဆိုသည်။

သို့သော်လည်း စစ်တပ်၏လွှမ်းမိုးမှုတိုင်းကို အပျက်သဘော အပြစ်မြင်သင့်သည်ပာု Zollner က မယူဆပါ။ ၁၉၈၈ ခုနှစ်က တပ်မတော် ခေါင်းဆောင်များသည် ဒီမိုကရေစီပုံစံတစ်မျိုးကို ဖန်တီးခဲ့ကြပြီး၊ ပြုပြင်ပြောင်းလဲရေးကို မိတ်ဆက်ပေးခြင်းဖြင့် မှန်ကန်ကြောင်း သက်သေပြခဲ့သည် ပာူသောအချက်ကို အသိအမှတ်မပြုပဲမနေသင့်ပာု Zollner ကပြောကြားသည်။ တပ်မတော်၏ ထိပ်တန်းဦးစားပေးသည် လုံးဝစိုးရိမ်စရာကောင်းသာ တိုင်းပြည်၏ စည်းလုံးညီညွှတ်မှုကို သေချာအောင် အာမခံရေးဖြစ်သည်ပာုဆိုပါသည်။

တတိယမြောက်လွတ်လပ်ရေး

ယနေ့မြန်မာနိုင်ငံ၏ တကယ့်စိန်ခေါ်မှုအစစ်သည် ဒီိမိုကရေစီလမ်းကြောင်းပေါ်ဆက်သွားရင်း တစ်ချိန်ထဲတွင် စည်းလုံးမှုကိုထိန်းသိမ်းရေးပင် ဖြစ်သည်။ “ပြဿနာကတော့ ဒီတိုင်းပြည်ပာာ နိုင်ငံတစ်ခုမပာုတ်ဘဲ ပြည်ထောင်စုဖြစ်နေတာပါ။ ဒါပေမယ့် တိုင်းရင်းသားတိုင်းနဲ့ဆိုင်တဲ့ ဘုံသင်္ကေတ မရှိပါဘူး။ အခုမြင်နေတာကတော့ တစ်မျိုးသားလုံး လွတ်လပ်ခွင့်အတွက် ဆင်နွှဲနေတဲ့ တတိယစစ်ပွဲပါပဲ”ပာု Zollner ကပြောကြားသည်။

‘တတိယမြောက်လွတ်လပ်ရေး’ပာူသောစကားလုံးသည်၁၉၈၈ခုနှစ်ပြည်သူ့အရေးတော်ပုံကာလတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော နာမည်ကျော်မိန့်ခွန်းမှ စကားတစ်ခွန်းဖြစ်သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တတိယမြောက်လွတ်လပ်ရေးကို တောင်းဆိုရခြင်းမှာ နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းနယ်ပယ်တွင် အသစ်ပြန်စရန်ဆိုလိုခြင်းဖြစ်ပါသည်။သို့သော်ဆန္ဒပြပွဲများ နှိမ်နင်းခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခြင်းခံခဲ့ရသည်။

၂၀၁၂ အတွင်း မြန်မာနိုင်ငံသို့ စုစုပေါင်း ၈ ကြိမ်ခရီးသွားခဲ့သော Mark Farmaner က “ယခုအခါ ထိုသို့အသစ်ပြန်စရန် အခွင့်အရေးရှိနေပြီဖြစ်သော်လည်း အစိုးရက ၎င်း၏ပြုပြင်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်အောင် စီမံခန့်ခွဲနိုင်မှသာ ဖြစ်နိုင်လိမ့်မည်”ပာု ပြောကြားသည်။

“အစပိုင်းမှာတော့ အပြောင်းအလဲတွေကြောင့် ပြည်သူတွေ အရမ်းပျော်ကြပါတယ်။ ဒါပေမယ့် အခုတော့ သံသယမေးခွန်းတွေကို စမေးလာကြပါပြီ။ လာမယ့်နှစ်တွေမှာ ပိုပြီးအခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူတွေကမျှော်လင့်နေပါတယ်”ပာု Farmaner ကပြောကြားသည်။

အထူးသဖြင့်အရေးကြီးသည်မှာ လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ အစိုးရအဖွဲ့ ပွင့်လင်းမြင်သာမှုရှိရေး၊ ပြည်သူတို့၏ လူနေမှုအဆင့် တိုးတက်ရေးတို့ပင်ဖြစ်သည်ပာု Farmaner ကခြုံငုံသုံးသပ်သည်။

လူပုဂ္ဂိုလ်ထက် အဖွဲ့အစည်းကအရေးကြီး

ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး အဖွဲ့အစည်းအင်စတီကျူးရှင်းများကို အားထားရမည့်အစား ဒေါ်အောင်ဆန်းစုကြည်(သို့) သမ္မတဦးသိန်းစိန်တို့ကဲ့သို့ လူပုဂ္ဂိုလ်များအပေါ် မျှော်လင့်ချက်အားလုံး စုပုံထားခြင်းသည် အန္တရာယ်ကြီးကြောင်း Zollner ကထောက်ပြသည်။

ဤကိစ္စနှင့်ပတ်သက်၍ တပ်မတော်၏အာဏာစက်အပြင်ဖက်တွင် လုပ်ကိုင်နိုင်စွမ်းရှိသော အဖွဲ့အစည်းများရှိရန်ခက်ခဲသည့်အလျောက် အစမှ ပြန်လည်ဖန်တီးရန်လိုသော အင်စတီကျူရှင်းများစွာကို လိုအပ်ပါသည်။ ဤဖြစ်စဉ်အတွက် နှစ်ပေါင်း ၂၀ ခန့်အချိန်ယူရလိမ့်မည်ပာု Zollner က ခန့်မှန်းသည်။

တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ပထမဆုံးနှစ်သစ်ကူး မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က အပြန်အလှန်ယုံကြည်ကြရန်၊ စိတ်ရှည်သည်းခံကြရန်တောင်းဆိုသည်။ ထို့အပြင် ပြည်သူတို့၏မျှော်လင့်ချက်များနှင့် အစိုးရ၏ ဖြစ်နိုင်ခြေတို့အကြားတွင် ကွာပာချက်များရှိနေသည် ပာုလည်း ဦးသိန်းစိန်ကဆိုသည်။

နိုင်ငံ၏ ရေရှည်အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ကဲ့သို့ အတိုက်အခံပါတီများနှင့် ၁၉၈၈ အရေးတော်ပုံက မွေးဖွားပေး လိုက်သော အခြားအုပ်စုများအနေဖြင့် အနောက်အုပ်စုထံမှ ပံ့ပိုးအားပေးမှုကို ဆက်လက်ရရှိဖို့လိုအပ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ လက်ရှိတိုးတက် ဖြစ်ပေါ်မှုများကို စိုးရိမ်သည်ပာု Farmaner ကဆိုသည်။

“နိုင်ငံရဲ့ဒီမိုကရေစီကူးပြောင်းရေးနဲ့ NLD ပါတီအတွက် အရေးကြီးတဲ့ကဏ္ဍကပါဝင်ခဲ့တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းပာာ သူတို့ရဲ့ ဗျူပာာအစီအစဉ်ကိုပြောင်းလိုက်ပါပြီ။ လက်ရှိအချိန်မှာ တရုတ်၊ မြောက်ကိုရီးယားနဲ့ စီးပွားရေးကိစ္စတွေကို အာရုံစိုက်နေကြပြီး လူ့အခွင့်အရေးကိစ္စက နောက်တန်းကိုရောက်နေပါတယ်”ပာု Farmaner ကထောက်ပြပြောဆိုသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.