01/12/13


စာရွက်မှာ ကချင်လို ရေးထားတဲ့ စာ "Myit Hkum Kaji" ဆိုတာ "အားမငယ် နဲ့" တဲ့။ တဖက်မှာတော့ လိုင်ဇာ ဖက်ခြမ်း က ကချင်ပြည်သူတွေရဲ့ လက်ယပ် ပြီး ကြိုဆိုနေတဲ့ ပုံပါ။

သူတို့ ရိုးရာ ၀တ်စုံ ကိုယ်ဆီ ၀တ်ပြီး စုံတွဲအလိုက် မနောက ပွဲဝင်လာတဲ့ ပုံစံ နဲ့ လမ်းလျှောက် ဆန္ဒ ပြခဲ့ကြပါတယ်။

ဟိုး အရင် အပစ်ရပ်ထားစဉ်တုန်းက ဒီ ဇန်န၀ါရီလ ၁၀ ရက် ရောက်တိုင်း မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်း မှာ ကျင်းပ လျှက် ရှိတဲ့ မြန်မာ အစိုးရ က တရားဝင် ရုံးမပိတ်ပေးသော ကိုယ်ထူကိုယ်ထ ကချင်ပြည်နယ်နေ့ မနောပွဲသို့ တရုတ်ပြည်မှ ညီနောင်များက တရုတ်အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက စရိတ်ပေးပြီး အခုလိုပဲ တန်းစီ ရောက်လာတတ် တာကို သတိရလိုက်ပါတယ်။

တရုတ်ပြည်က ကချင် ဧည့်သည်များ ရောက်လာတယ် ဆိုရင် နောက်ဆုံးပေါ် မော်တော်ကားများ နဲ့ ယဉ်တန်းလေးတွေက မျော်မဆုံး။ မြန်မာပြည်ဖက် ကချင်နယ်ထဲမှာတော့ ကား ဆိုတာ ဟော်တစ ဒီတစ။ ဖုန်းကလဲ လူတိုင်းမှာ မရှိ။ ကေအိုင်အို ရဲ့ ရေအားလျှပ်စစ် မရသေးချိန်အထိ မှောင်အတိ၊ ချမ်းအေးတဲ့ ကာလမှာ ရေပူ စနစ်မရှိ ဆိုတော့ သူတို့ခင်မျာ တော်တော် အနေဆင်းရဲခဲ့ပါတယ်။ ဒါပေမယ့် ညအချိန်တွေမှာ သန်းခေါင်ကျော်အထိ မီးလှုံရင်း မနောကွင်း ယာယီ မဏ္ဍပ် တွေမှာ စကားစမြည်ပြောပြီး ခေါင်ရည် အတူသောက်ရင်း ပျော်ခဲ့ကြပါတယ်။

တရုတ်ပြည်ဖက်လုပ်တဲ့ မနောပွဲကိုလဲ ကချင်ပြည်နယ်ဖက်က ကချင်ယဉ်ကျေးမှု အဖွဲ့ ဦးဆောင်ပြီး သွားကြပါတယ်။ ထူးခြားချက်ကတော့ တရုတ်ပြည်ဖက်မှာ သိန်းကဏန်းပဲ ရှိတဲ့ ကချင်လူမျိုးတွေရဲ့ မနောပွဲအတွက် တရုတ်အစိုးရ ရဲ့ ပံ့ပိုးမှုက အံ့မခန်းပါ။ တနေရာထဲမှာတောင် မဟုတ်၊ ဂျယ်ဂေါင်၊ ယိန်ဂျန်း၊ မန်ရှီ၊ ခွန်မိန်း မြို့ကြီးတွေမှာ မနောတိုင် နဲ့ မနောကွင်း ဆိုရင်လဲ အစိုးရက ကုန်ကျခံပြီး ကွန်ကရိတ်နဲ့ စပါယ်ရှယ် လုပ်ပေးထားတာပါ။

ဒီဖက် မြန်မာပြည်ဖက်က ကချင်တွေကို သူတို့က မိခင်တိုင်းပြည် (Kanu Mungdan) က အစ်ကို အစ်မတွေ ဆိုပြီး ပြောတတ်လေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒီ မိခင်တိုင်းပြည်ထဲက ကချင်မနောပွဲကတော့ တစ်နှစ်တခါ၊ တစ်နေရာထဲ လုပ်ရတာကိုတောင် ပွဲမိန့်အထပ်ထပ်တင်၊ တိုင်းမှူးတွေကို ဖါးရ၊ ပွဲထဲမှာ ဟိုဟာ မရောင်းရ၊ ဟိုဟာ မလုပ်ရ၊ ဆိုတဲ့ ကန့်သတ်ချက်တွေ တပုံကြီးနဲ့ ရက်အကန့်အသတ်၊ နယ်မြေ အကန့်အသတ်၊ အချိန်အကန့်အသတ် တွေနဲ့ လုပ်နေရတာပါ။ အစိုးရ ကျောင်းတွေ၊ ရုံးတွေ မပိတ်ပေးဘူး။ ကျောင်းသားတွေ ကျောင်းပျက်ခံပြီး သွားရတယ်။ ရုံးဝန်ထမ်းတွေက ညအချိန် လျှောက်လည်ကြတယ်။

ဒီလို အဖြစ်အပျက်တွေကို သူတို့ကို ပြောပြတိုင်း ပါးစပ် အဟောင်းသား နဲ့ နားထောင်ခဲ့ဖူးတာကို သတိရလိုက်ပါတယ်။

ဘာကြောင့် မိခင်တိုင်းပြည်က ညီနောင်တွေ တိုက်နေရတယ် ဆိုတာ သူတို့ ကောင်းကောင်းနားလည်တာပေါ့။ ဒါကြောင့် သူတို့ မနေနိုင်လို့ လာအားပေးရှာတယ်။

အားမငယ် ကြနဲ့၊ ငါတို့ အတူတူရှိတယ်၊ တဲ့။

ဟုတ်ပါတယ်။ ကမ္ဘာပေါ် ရှိရှိသမျှ ကချင်လူမျိုးတိုင်း တော်လှန်ရေး တိုက်ပွဲဝင်နေသူ ကချင်လူငယ်များနဲ့ အတူတူ ရှိနေပါတယ်။

Duwa Kachin

တရုတ်ပြည်ဖက်မှ ကချင်ညီနောင်များရဲ့ အားပေးသံ။
*************************************

စာရွက်မှာ ကချင်လို ရေးထားတဲ့ စာ "Myit Hkum Kaji" ဆိုတာ "အားမငယ် နဲ့" တဲ့။ တဖက်မှာတော့ လိုင်ဇာဖက်ခြမ်းက ကချင်ပြည်သူတွေရဲ့ လက်ယပ် ပြီး ကြိုဆိုနေတဲ့ ပုံပါ။

သူတို့ ရိုးရာ ၀တ်စုံ ကိုယ်ဆီ ၀တ်ပြီး စုံတွဲအလိုက် မနောက ပွဲဝင်လာတဲ့ ပုံစံ နဲ့ လမ်းလျှောက် ဆန္ဒ ပြခဲ့ကြပါတယ်။

ဟိုး အရင် အပစ်ရပ်ထားစဉ်တုန်းက ဒီ ဇန်န၀ါရီလ ၁၀ ရက် ရောက်တိုင်း မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်း မှာ ကျင်းပ လျှက် ရှိတဲ့ မြန်မာ အစိုးရ က တရားဝင် ရုံးမပိတ်ပေးသော ကိုယ်ထူကိုယ်ထ ကချင်ပြည်နယ်နေ့ မနောပွဲသို့ တရုတ်ပြည်မှ ညီနောင်များက တရုတ်အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက စရိတ်ပေးပြီး အခုလိုပဲ တန်းစီ ရောက်လာတတ် တာကို သတိရလိုက်ပါတယ်။

တရုတ်ပြည်က ကချင် ဧည့်သည်များ ရောက်လာတယ် ဆိုရင် နောက်ဆုံးပေါ် မော်တော်ကားများ နဲ့ ယဉ်တန်းလေးတွေက မျော်မဆုံး။ မြန်မာပြည်ဖက် ကချင်နယ်ထဲမှာတော့ ကား ဆိုတာ ဟို တစ်စ ဒီ တစ်စ။ ဖုန်းကလဲ လူတိုင်းမှာ မရှိ။ ကေအိုင်အို ရဲ့ ရေအားလျှပ်စစ် မရသေးချိန်အထိ မှောင်အတိ၊ ချမ်းအေးတဲ့ ကာလမှာ ရေပူ စနစ်မရှိ ဆိုတော့ သူတို့ခင်မျာ တော်တော် အနေဆင်းရဲခဲ့ပါတယ်။ ဒါပေမယ့် ညအချိန်တွေမှာ သန်းခေါင်ကျော်အထိ မီးလှုံရင်း မနောကွင်း ယာယီ မဏ္ဍပ် တွေမှာ စကားစမြည်ပြောပြီး ခေါင်ရည် အတူသောက်ရင်း ပျော်ခဲ့ကြပါတယ်။

တရုတ်ပြည်ဖက်လုပ်တဲ့ မနောပွဲကိုလဲ ကချင်ပြည်နယ်ဖက်က ကချင်ယဉ်ကျေးမှု အဖွဲ့ ဦးဆောင်ပြီး သွားကြပါတယ်။ ထူးခြားချက်ကတော့ တရုတ်ပြည်ဖက်မှာ သိန်းကဏန်းပဲ ရှိတဲ့ ကချင်လူမျိုးတွေရဲ့ မနောပွဲအတွက် တရုတ်အစိုးရ ရဲ့ ပံ့ပိုးမှုက အံ့မခန်းပါ။ တနေရာထဲမှာတောင် မဟုတ်၊ ဂျယ်ဂေါင်၊ ယိန်ဂျန်း၊ မန်ရှီ၊ ခွန်မိန်း မြို့ကြီးတွေမှာ မနောတိုင် နဲ့ မနောကွင်း ဆိုရင်လဲ အစိုးရက ကုန်ကျခံပြီး ကွန်ကရိတ်နဲ့ စပါယ်ရှယ် လုပ်ပေးထားတာပါ။

ဒီဖက် မြန်မာပြည်ဖက်က ကချင်တွေကို သူတို့က မိခင်တိုင်းပြည် (Kanu Mungdan) က အစ်ကို အစ်မတွေ ဆိုပြီး ပြောတတ်လေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒီ မိခင်တိုင်းပြည်ထဲက ကချင်မနောပွဲကတော့ တစ်နှစ်တခါ၊ တစ်နေရာထဲ လုပ်ရတာကိုတောင် ပွဲမိန့်အထပ်ထပ်တင်၊ တိုင်းမှူးတွေကို ဖါးရ၊ ပွဲထဲမှာ ဟိုဟာ မရောင်းရ၊ ဟိုဟာ မလုပ်ရ၊ ဆိုတဲ့ ကန့်သတ်ချက်တွေ တပုံကြီးနဲ့ ရက်အကန့်အသတ်၊ နယ်မြေ အကန့်အသတ်၊ အချိန်အကန့်အသတ် တွေနဲ့ လုပ်နေရတာပါ။ အစိုးရ ကျောင်းတွေ၊ ရုံးတွေ မပိတ်ပေးဘူး။ ကျောင်းသားတွေ ကျောင်းပျက်ခံပြီး သွားရတယ်။ ရုံးဝန်ထမ်းတွေက ညအချိန် လျှောက်လည်ကြတယ်။

ဒီလို အဖြစ်အပျက်တွေကို သူတို့ကို ပြောပြတိုင်း ပါးစပ် အဟောင်းသား နဲ့ နားထောင်ခဲ့ဖူးတာကို သတိရလိုက်ပါတယ်။

ဘာကြောင့် မိခင်တိုင်းပြည်က ညီနောင်တွေ တိုက်နေရတယ် ဆိုတာ သူတို့ ကောင်းကောင်းနားလည်တာပေါ့။ ဒါကြောင့် သူတို့ မနေနိုင်လို့ လာအားပေးရှာတယ်။

အားမငယ် ကြနဲ့၊ ငါတို့ အတူတူရှိတယ်၊ တဲ့။

ဟုတ်ပါတယ်။ ကမ္ဘာပေါ် ရှိရှိသမျှ ကချင်လူမျိုးတိုင်း တော်လှန်ရေး တိုက်ပွဲဝင်နေသူ ကချင်လူငယ်များနဲ့ အတူတူ ရှိနေပါတယ်။

Duwa Kachin


(10 Jan 2013 ရက်စွဲပါ TIME World မှ Hannah Beech ၏ The regime’s inner reformist: Can Thein Sein change Burma? ကို ဘာသာ ပြန်ပါသည်)

ယခုအခါ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ အရေးယူမှုများလည်း ရုတ်သိမ်းသွားပြီ ဖြစ်ရာ အနောက်မှ စီးပွားရေး လုပ်ငန်းရှင်များ သည်ကမ္ဘာပေါ်မှ နောက်ဆုံးထွက်ပေါ်လာသည့် စီးပွားရေး မျက်နှာစာသစ်သို့ အပြေးအလွှား သွားရောက်နေကြပြီ ဖြစ်ပါသည်။ နိုင်ငံ၏ကြီးမားသောနိုင်ငံ ရေးရာသီဥတု အပြောင်းအလဲမှာ တချိန်ကအုပ်စိုးခဲ့သော စစ်အစိုးရအတွင်းမှ စတင်လုပ်ဆောင်သော ပြုပြင်ပြောင်းလဲရေးများကြောင့် ဖြစ်ပါသည်။ ပြုပြင် ပြောင်းလဲရေးသမားများ၏ အကြီးအကဲမှာ သမ္မတဦးသိန်းစိန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဂေါ်ဗာချော့ဗ်လဲ ဖြစ်ပါသည်။ ယခုအပတ် Time တွင်ဖော်ပြ သောအကြောင်းအရာတစ်ခု ဖြစ်ပါသည်။ ရုရှားသည် ဒီမိုကရေစီလမ်းကြောင်း သွားနေရာ အားနည်းမှုပြနေချိန်တွင် မြန်မာနိုင်ငံသည် သီးခြားလမ်း ကြောင်းဖြင့် ကြိုးပမ်းရန်အခွင့်အရေး ရလာပါသည်။

၎င်းသည် လူချစ်လူခင်ပေါသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်အစိုးရ နှိပ်ကွပ်ခဲ့သော အတိုက်အခံများနှင့် အံ့အားသင့်ဖွယ် ပြန်လည် ပေါင်းစည်းရေး လုပ်ဆောင်ခဲ့ပါသည်။ စက်တင်ဘာလက နယူးယောက်တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် ဦးသိန်းစိန် သည်စစ်အစိုးရ၏အာဏာရှင် သဘာဝကို သိရှိကြောင်းပြောကြားသည့်အပြင် အမေရိကန်တွင် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုခံရခြင်း အပေါ် ချီးကျူးစကား ဆိုခဲ့ပါသည်။

ယခု သမ္မတဖြစ်လာချိန်တွင် အဓိကလုပ်ဆောင်လာမှုများအတွက် ယခင်က၎င်းသည် ‘မူ’ ခံယူချက်ရှိကြောင်း သိရှိနိုင်သည့် ကိစ္စလေးများ ရှိခဲ့ပါ သည်။ ၁၉၈၈ ခုနှစ်အရေးအခင်း အပြီးတွင် ကျောင်းသားများနှင့် ဘုန်းတော်ကြီးများသည် အိမ်နီးချင်းတိုင်းပြည်များသို့ ထွက်ပြေးရန် ကြိုးစားခဲ့ကြပါ သည်။ အခြားတိုင်းမှူးများသည် ၎င်းတို့ဖမ်းမိသောသူများကို ထောင်ချနေချိန်တွင် ဦးသိန်းစိန်သည် အချို့ကို တိတ်တဆိတ်ပြန်လွှတ်ပေးခဲ့ပါသည်။ “ဦးသိန်းစိန်ဟာ ရိုးသားတဲ့သူတစ်ဦးပါ။ လူကောင်းတစ်ဦးပါ” ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကပြောပါသည်။ “သူက နိုင်ငံခေါင်းဆောင်တစ်ဦးပါ။ နိုင်ငံရေး သမားတစ်ဦး မဟုတ်ပါဘူး” ဟု ဆိုပါသည်။

တချိန်က အားလုံးကြောက်ကြရသော စစ်အစိုးရသည် မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် အသွင် ပြောင်းမှုကို စတင်ခဲ့ပါသည်။ ဗိုလ်ချုပ်များနေထိုင်ရာ နေပြည်တော်တွင် မြန်မာနိုင်ငံကို အုပ်ချူပ်သူများကပင် မြန်မာနိုင်ငံ၏ အနေအထားပြောင်းနေပြီ ဆိုသည်ကို ခံစားသိရှိနေကြပါသည်။ ယခုအခါ အသက်ရှစ်ဆယ်တန်းသို့ရောက်နေပြီ ဖြစ်သော စစ်အစိုးရခေါင်းဆောင် ဦးသန်းရွှေသည် ၎င်း၏ အမွေ ဆက်ခံမည့် ကိစ္စအတွက် အသေအချာပူပန်ခဲ့မည်မှာ သေချာပါသည်။ “ဗိုလ်ချုပ်မှူးကြီးဟာ သူ့ရဲ့နောက်ဆုံးနှစ်တွေမှာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ မကုန် ဆုံးလိုပါဘူး။ သူဟာ ဦးသိန်းစိန်ကို ယုံတယ်။ သူ တဖြည်းဖြည်းနိုင်ငံရေး ဇာတ်ခုံကနေပျောက်သွားတာကို ဖြစ်ချင်တာပါ” ဟု ဦးသိန်းစိန်၏ အကြံပေး တစ်ဦးက ပြောပါသည်။ ဦးသိန်းစိန်က ၎င်းသည် ၎င်း၏ အကြီးအကဲဟောင်းနှင့် မှန်မှန် စကားမပြောဖြစ်ကြောင်း Time သို့ပြောပါသည်။

ဦးသိန်းစိန်အပေါ် သူ၏ သမ္မတသက်တမ်းအတွင်း ချီးကျူးမှုများစွာ ရခဲ့ငြားလည်း ၎င်းနှင့် မြန်မာနိုင်ငံသည် အလေးအနက်ပြုရမည့် အခက်အခဲ များကို ကြုံတွေ့နေရပါသည်။ ယခုအချိန်တွင် ၎င်းသည် မရှိမဖြစ်လူတစ်ဦးဟု ဆိုပါက ၎င်း၏ ကျန်းမာရေးသည် ကျန်းမာရေးသည် အရေးကြီးလာပါ သည်။ ၎င်းသည် နှလုံးတွင် စက်တပ်ထားရသူတစ်ဦး ဖြစ်ပါသည်။

အကယ်၍ မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ စစ်မှန်သောအသိအမှတ်ပြုမှုကို ရယူလိုပါက ပျက်စီးနေသော စီးပွားရေးကို ကိုင်တွယ်ရမည့်အပြင် ယခု ဥပဒေသစ်များ၏ အာမခံချက်များနှင့် လက်ရှိဖြစ်ပျက်နေမှုများကြား ကွာဟနေမှုများကို လုပ်ဆောင်ရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ၏ ပထမ ၉ လ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၁ ခုနှစ်က ထိုကာလက ပမာဏထက် အမှန်တကယ် ကျဆင်းခဲ့ပါသည်။ စစ်အစိုးရ၏ ခရိုနီများသည် တိုင်းပြည်၏ သဘာဝသယံဇာတများကို ပျော်ပျော်ကြီးရယူခဲ့ကြပါသည်။ မြေများသိမ်းယူခဲ့ပါသည်။ အဆက်အသွယ်ဖြင့် ကန်ထရိုက်များ ရယူခဲ့ကြပါ သည်။ နိုဝင်ဘာလက မုံရွာကြေးနီစီမံကိန်းတွင် ဘုန်းတော်ကြီးများ ဦးဆောင်သောဆန္ဒပြမှုကို စစ်အစိုးရလက်ထက်က ရက်စက်စွာ နှိပ်ကွပ်သည့် ပုံစံမျိုး ဖြင့် နှိမ်နှင်းခဲ့ပါသည်။ (အစိုးရသည်နောက်ပိုင်းတွင် ဆန္ဒပြသူများကို မီးလောင်စေမှုအား တောင်းပန်ခဲ့ပါသည်။)

အရေးကြီးဆုံးသော စိန်ခေါ်မှုလည်းဖြစ်၊ လက်တွေ့လည်း ဖြစ်နေသောကိစ္စမှာ တိုင်းပြည်ကို ကွဲပြဲမှု ဖြစ်စေမည့် တိုင်းရင်းသားများနှင့် ပဋိပက္ခ များပင်ဖြစ်ပါသည်။ ဆယ်စုနှစ်များစွာ တိုက်ခိုက်နေမှုများနှင့် တစ်ဦး အပေါ်တစ်ဦး ယုံကြည်ရမှုများသည် မြန်မာနိုင်ငံတွင် လူဦးရေတစ်သန်းခန့်ကို အိုးမဲ့ အိမ်မဲ့ နိုင်ငံမဲ့ ဖြစ်စေခဲ့ပါသည်။

အငြင်းပွားဖွယ်အများဆုံးဒေသတစ်ခုမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပြီး၊ ထိုဒေသတွင် ရခိုင်ဗုဒ္ဓဘာသာများ နှင့် ရိုဟင်ဂျာဟုခေါ်သော နိုင်ငံမဲ့ မူဆလင်များ နေထိုင်ကြပါသည်။ ဇွန်လက စ၍ ဖြစ်ပွားသော ရခိုင်များနှင့် မူဆလင်များကြား ဖြစ်ပွားသောရန်ပွဲများကြောင့် ရခိုင်ပြည်နယ်တစ်လွှား အနည်းဆုံးလူ (၁၀၀) ခန့်သေဆုံးပြီး၊ ထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ကြရပါသည်။

၁၉၆၂ ကတည်းက အာဏာသိမ်း၍ အုပ်ချုပ်လာသော ဗိုလ်ချုပ်များလက်ထက်တွင် ပြဿနာသိပ်မရှိလှပေ။ တိုင်းပြည်ကို တစ်စစီကွဲစေမည့် အင်အားစုများ ရပ်တန့်အောင်ပြုလုပ်နိုင်သော စွမ်းရည်မှာ စစ်အစိုးရကို အသိအမှတ်ပြုသည့် နည်းပါးလှသော အရည်အသွေးများထဲမှ တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ တရားဝင်အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅) မျိုးကို ပေါင်းစပ်ထားသည့် နိုင်ငံဖြစ်ပါသည်။ (ရိုဟင်ဂျာသည် ထိုအထဲတွင်မပါ ဝင်ပေ)။ ဦးသိန်းစိန်၏ အစိုးရသည် အာဏာစတင်ရယူလာစဉ်မှ စ၍တိုင်းရင်းသားလက်နက်ကိုင် ၁၀ ခုနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့်သာစစ်ဖြစ်လျှက်ရှိပါသည်။ လက်ရှိအချိန်တွင် မြန်မာစစ်တပ်သည် ကချင်ပြည်နယ်၌ လေကြောင်းစစ်ဆင် ရေးဖြင့် တိုက်ပွဲအရှိန်မြှင့်လျှက်ရှိပါသည်။

နောက်ထပ်ပြုပြင် ပြောင်းလဲရေးများတွင် အန္တရာယ်ဖြစ်လာနိုင်သည့် တိုင်းရင်းသားပြဿနာများ ရပ်ဆိုင်းသွားရေးသည် အခရာကျကြောင်း ဦးသိန်းစိန်ကပြောပါသည်။ “ဒီမိုကရက်တစ်အစိုးရ လုံးလုံးဖြစ်မှသာ ငြိမ်းချမ်းရေးကို ထာဝရတည်အောင်လုပ်နိုင်မှာပါ” ဟု ၎င်းကပြောပါသည်။ တိုင်းရင်း သားကိစ္စများ လုပ်ဆောင်နေသည့်ဝန်ကြီးတစ်ဦးဖြစ်သူ ဦးအောင်မင်းက သယံဇာတကြွယ်ဝသော ဒေသများကို ပိုင်ဆိုင်ထားသည့်တိုင်းရင်းသားများ အနေဖြင့် ၎င်းတို့ခေါင်းပုံဖြတ်ခံနေရသည်ဟု မခံစားရစေရန် အာဏာခွဲဝေရေး အစီအစဉ်များ အကြောင်းပြောပါသည်။ “သမ္မတကြီးက ကိစ္စရပ်တွေအများ ကြီးကြိုးစားဖို့ ဆန္ဒရှိပါတယ်။ ပဋိပက္ခအတွက် စစ်ရေးဟာ နောက်ဆုံးမှ အသုံးပြုရမယ်ဆိုတာ သူသိပါတယ်” ဟု ၎င်းကပြောပါသည်။

တစ်ခါတရံတွင် ပြုပြင်ပြောင်းလဲရေးသမားများသည်ပင် ရှေ့ဆက်ရန် ဆန္ဒပြင်းပြသည်သာရှိပါသည်။ ကချင်ပြည်နယ်တွင် စစ်တပ်မှ တိုက်ခိုက် နေခြင်းသည် ဦးသိန်းစိန်၏ သူပုန်များနှင့် ငြိမ်းချမ်းရေးကိစ္စ ကတိကဝတ်များကို အားနည်းစေပါသည်။ ရခိုင်ကိစ္စတွင်လည်း ၎င်း၏တုံ့ပြန်မှုမှာ အေးတိ အေးစက်နိုင်လှသည်။ အစပထမတွင် ၎င်းသည် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်သို့ ပို့သင့်ကြောင်း ဆိုလိုဟန်ရှိပါသည်။ ဘင်္ဂလီများသည် ခိုးဝင်လာခြင်း ကြောင့်ဟု ငြင်းချက်ထုတ်ပါသည်။ (ဘင်္ဂလားဒေ့ရှ်ကလည်း ရိုဟင်ဂျာဒုက္ခသည်များ ထောင်နှင့်ချီ၍ လက်ခံထားရခြင်းကြောင့် နောက်ထပ် လက်ခံရန် ငြင်းဆိုခဲ့ပါသည်) Time နှင့် အင်တာဗျူးတွင် ဦးသိန်းစိန် စိတ်မရှည်ဖြစ်သွားသော အချိန်တစ်ခုသာ ရှိခဲ့ရာ Time ကရိုဟင်ဂျာတို့၏ ကံကြမ္မာကိုဖိအား ပေးမေးမြန်းခဲ့ချိန်တွင် ဖြစ်ရာ ၎င်းက “နောက်မေးခွန်း တစ်ခုမေးပါ” ဟုပြောကြားခဲ့ပါသည်။

Yangon chronicle

မိတ်္ထီလာမြို့၊ပြည်သာယာ (၅)လမ်းထိပ်နေ ဦးထူးအံ့သူ၏ တိုက်ခန်းအပေါ်ထပ်ရှိ မှန်တင်ခုံ ပေါ်တွင်ထားရှိသည့် စိန်လက် စွပ်တစ်ကွင်း၊ရွှေလက်ကောက်တစ် ကွင်း၊မြလက်စွပ်တစ်ကွင်း၊ပလက် တီနမ်ဆွဲကြိုးတစ်ကုံး၊စိန်ဆွဲသီး တစ်ခု စုစုပေါင်းတန်ကြေးငွေသိန်း (၇၀)ကျော် စိန်ရွှေရတနာ လက် ၀တ်ရတနာပစ္စည်းများမှာ ၂၀၁၂ ဒီဇင်ဘာလ(၈)ရက်ည အခိုးခံရ သဖြင့် မိတ်္ထီလာအမှတ်(၃)ရဲစခန်း သို့ ဒီဇင်ဘာလ(၉)ရက်တွင် အမှု ဖွင့်တိုင်ကြားရာ အမှတ်(၃)ရဲစခန်း က (ပ)၁၈၆/၂၀၁၂ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားခဲ့သည်။

ဦးထူးအံ့သူ၏ စိန်ရွှေရတနာ လက်ဝတ်ရတနာပစ္စည်းများစွာ ခိုးခံရမှုကို မိတ်္တီလာခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး မောင်မောင် မြင့်၏ ကြီးကြပ်ကွပ်ကဲမှု၊ မိတ်္ထီ လာခရိုင်နှိမ်နင်းရေးအဖွဲ့ခေါင်း ဆောင်ရဲအုပ်ကြည်ရှိန်၏ ဦးဆောင် မှုဖြင့်မြို့ပေါ်ရှိ စိန်ရွှေရတနာဆိုင် များအား မျက်ခြေမပြတ် စောင့် ကြည့်လေ့လာခဲ့သည်။မြို့ပေါ်ရွှေ ဆိုင်များတွင် စောင့်ကြည့်လေ့လာ နေစဉ် ဇန်န၀ါရီလ(၉)ရက်က ဈေးအရှေ့ဘက် ရတနာရွှေဆိုင် သို့ လူတစ်ဦးမသင်္ကာဖွယ် လက် စွပ်တစ်ကွင်းလာရောက်ရောင်းချ နေစဉ် ခရိုင်ဒုစရိုက်နှိမ်နင်းရေး အဖွဲ့မှ ဒုရဲအုပ်ဇင်ကိုကိုနှင့်အဖွဲ့က ဖမ်းဆီးပြီးစစ်ဆေးရန် မိတ်္ထီလာ ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ရုံးခန်း သို့ ကားဖြင့်ခေါ်ဆောင်လာခဲ့ သည်။ ခရိုင်ဒုစရိုက်နှိမ်နင်းရေး အဖွဲ့ဝင်များသည် ရပ်ကွက်အတွင်း လိုက်လံလုံးထွေးသတ်ပုတ် ဖမ်း ဆီးလိုက်ရသည်။

ဖမ်းဆီးရမိသူမှာ မိတ်္ထီလာမြို-------------------------------------့တပ်မှ ဗိုလ်ချမ်းမြေ့ အောင်(၂၁)နှစ်ဖြစ်သည်ဆို၏။ ၎င်းဗိုလ်ချမ်းမြေ့အောင်က ဦးထူး အံ့သူ၏ တိုက်အတွင်းသို့ ဇန်န၀ါ ရီလ(၆)ရက်ကလည်း ဒုတိယ အကြိမ်ဝင်ရောက်ခိုးယူခဲ့ပြီး ဒုတိ ယအကြိမ်ခိုးယူစဉ်က ဖန်စီလက် ၀တ်ရတနာများခိုးယူရရှိခဲ့ကြောင်း ဖွင့်ဟ၀န်ခံခဲ့ကြောင်းသိရသည်။ ဗိုလ်ချမ်းမြေ့အောင်သည် ရတနာ ရွှေဆိုင်သို့ ပထမအကြိမ်က စစ် ၀တ်စုံဖြင့်လာရောက်ရောင်းချခဲ့ ကြောင်း ဖွင့်ဟ၀န်ခံခဲ့ကြောင်းသိ ရသည်။ ဗိုလ်ချမ်းမြေ့အောင်အား အမှတ်(၃)ရဲစခန်းက (ပ)၁၈၆/ ၂၀၁၂ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ပြီး တပ်မတော်တပ်ထိန်းသို့ လွှဲပြောင်း ပေးအပ်လိုက်သည်ဆို၏။ ဗိုလ် ချမ်းမြေ့အောင်သည် ခိုးယူရရှိခဲ့ သည့် ရွှေထည်ပစ္စည်းများကိုရောင်း ချပြီး ဖဲရိုက်လောင်းကစားရာတွင် ရှုံးသွားခဲ့ကြောင်း ဖွင့်ဟ၀န်ခံခဲ့ သည်ဟုသိသည်။

ကိုကိုဦး(မိတ္ထီလာ)


လိုင်ဇာရှိ ကချင်လက်နက်ကိုင် အဖွဲ့ဖြစ်သော ကေအိုင်အေသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် အမြဲအသင့်ရှိနေ သော်လည်း အစိုးရအပေါ် ယုံကြည်မှုမှာ များစွာ ပျက်ယွင်းလျက် ရှိကြောင်း လိုင်ဇာသို့ ၆ ရက်ကြာ သွားရောက် ခဲ့သော ၈၈ မျိုးဆက် ကျောင်းသား ကိုထွန်းမြင့်အောင်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

ဇန်နဝါရီလ ၁ ရက်မှ ၆ ရက် အထိ ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင်၊ မစန်းစန်းမော် တို့သည် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည် စခန်းများ နှင့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် များထံသို့ သွားရောက် တွေ့ဆုံခဲ့ကြသည်။ ဇန်နဝါရီ ၃ ရက်တွင် တစ် ကြိမ်၊ ၅ ရက်တွင်တစ်ကြိမ် စုစုပေါင်း ၄ နာရီခန့်ကြာ အချိန်ယူကာ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ကေအိုင်အေ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလာနန် တို့နှင့် တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကေအိုင်အေခေါင်းဆောင် များနှင့် တွေ့ဆုံပြောဆို ခဲ့မှုများနှင့် ပတ်သက်၍ ကိုထွန်းမြင့်အောင်က “သူတို့က စစ် မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်တာ သေချာတယ်။ အဲဒီ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ အတွက်ကို အဓိပ္ပာယ် ရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ အမြဲတမ်း အဆင့်သင့် ရှိနေတယ်လို့ ပြောတယ်။ အမြဲတမ်း တံခါးဖွင့်ထားတယ် လို့လည်းပြောတယ်” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

ဆက်လက်ပြီး ယင်းက “စစ်သုံ့ပန်းတွေ ပြန်လွှဲပေးဖို့လည်း ပြောတယ်။ အဲဒီကိစ္စကို အစိုးရနဲ့ ညှိနှိုင်းနေတာ ပြေလည်မယ့် အနေအထား ရှိပါတယ်”ဟု ဆိုသည်။

ကေအိုင်အေ အနေဖြင့် စစ်သုံ့ပန်း ၂၇ ဦးကို ပြန်လည်လွှတ်ပေးခြင်းမှာ စစ်ရှိန် တဖြည်းဖြည်း ပြင်းထန်လာ သဖြင့် ထိန်းသိမ်းရန် ခက်ခဲခြင်း၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် အတွက် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်သုံ့ပန်းများ လွှဲပြောင်းပေးရန်ကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားကိုမြအေး က “ကျွန်တော်တို့ ဇူလိုင်လက လိုင်ဇာကို ရောက်တဲ့ အချိန်မှာ ဒီစစ်သုံ့ပန်းတွေ လွှဲပေးဖို့ ဆွေးနွေးဖြစ်တယ်။ ကေအိုင်အေဘက်က လိုလိုလားလားနဲ့ လွှဲပြောင်းဖို့ပြောခဲ့တယ်။ တချို့တွေ မြင်တာက ဟိုဘက်က လွှဲပေးတယ်။ ဒီဘက်က လက်မခံဘူးဆိုပြီး ထင်နေတယ်။ တကယ်က သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ တွေနဲ့ အဆင့်ဆင့် ဆောင်ရွက်မှာပါ။ မကြာခင် လွှဲပြောင်းပေးနိုင်မှာပါ” ဟု ပြန်လည် ပြောကြားသည်။

လက်ရှိတွင် လက်နက်ကိုင် အဖွဲ့များက အစိုးရအပေါ် မည်သို့ သဘောထားကြောင်းကို ၈၈ မျိုးဆက် ကျောင်းသား ကိုထွန်းမြင့်အောင်က “လက်နက်ကိုင်တွေ အနေနဲ့ အစိုးရအပေါ်မှာ ယုံကြည်မှု တော်တော်နည်း နေတယ်။ ဘာလို့လဲ ဆိုတော့ တွေ့ဆုံမှုတွေက အလွတ်သဘော တွေ့ဆုံမှုတွေ များနေပြီး အလွတ်သဘော တွေ့ တဲ့အခါကျတော့ ကတိကဝတ်တွေက လွယ်လွယ်နဲ့ ပျက်ပျက်သွားတတ်တယ်။ ဒါကြောင့် သူတို့က တရားဝင် မှတ်တမ်းမှတ်ရာတွေနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်စေချင်ကြတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်တို့နှင့် ဆွေးနွေး အပြီး သိရှိခဲ့ရသည်များ ကို မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

မကြာခင်က မြန်မာ့တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သဖြင့် လိုင်ဇာရှိ စစ်ပြေးဒုက္ခသည် စခန်း ၃ ခုတွင် ဗုံးခိုကျင်းများ တူးလျက်ရှိကြောင်း သိရသည်။ ထိုသို့ မြန်မာတပ်မတော်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုသည် စစ်ပြေးဒုက္ခသည် များကို ခြိမ်းခြောက်လျက်ရှိပြီး လူမျိုးရေး မုန်းတီးမှုများထိ ဖြစ်သွားနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်း သား ကိုထွန်းမြင့်အောင်က သုံးသပ်ခဲ့သည်။

“ဗုံးခိုကျင်းတွေ လုပ်ထားတာက လုံခြုံတယ်၊ မလုံခြုံဘူးလို့ မဆိုနိုင်ပေမယ့် သူတို့ရဲ့ အားကိုးရာ အဖြစ်ပေါ့လေ လုပ်ထားကြ တာ။ ကလေးတွေက ကျတော့ ဒီဗုံးခိုကျင်းတွေကို ဆော့စရာ နေရာလို့ပဲ ထင်နေကြတာလေ ဝင်လိုက် ထွက်လိုက်နဲ့။ အဲဒါတွေ မြင်ရတာ တကယ့်ကို စိတ်မကောင်းစရာ ပါပဲ” ဟု လိုင်ဇာ ခရီးစဉ်တွင် လိုက် ပါခဲ့သော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ မမီမီလွင်က ယင်း၏ ခံစားချက်ကို မြန်မာအင်ဒီပဲန်ဒင့်သို့ ပြော ကြားခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ ကြားတွင် ၁၉၉၄ ခုနှစ်ကစ၍ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂ဝ၁၁ ခုနှစ်၊ ဇွန်လ တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် စစ်ပြေး ဒုက္ခသည်ပေါင်း တစ်သောင်းကျော် ရှိကြောင်း သိရသည်။

မြန်မာ အင်ဒီပဲန်ဒင့်


တာမွေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ.. မိန့်ခွန်းမှ.....

လူငယ်တွေကိုလည်း ကျမတစ်ခုတော့ သတိပေးချင်ပါတယ်။ မေတ္တာလည်း ရပ်ခံချင် ပါတယ်။ နောက်ဆုံးတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရတာပါပဲ..။ ဘယ်သူ့ကိုမှ လက်ညိုးထိုးပြီးတော့.. ပုံပြီးတော့ အပြစ်ဖို့လို့ မရဘူး..။ ဘယ်သူကြောင့်..၊ ဟိုလူ.ကြောင့်..၊ ဒီလူ့ကြောင့်..၊ အဖေ့ကြောင့်.. အမေ့ကြောင့်.. မိသားစုကြောင့်..၊ ဆရာ.. ဆရာမကြောင့်.. ပတ်ဝန်းကျင်ကြောင့်.. အဲ့ဒီလို လက်ညိုးထိုးပြီးတော့.. အပြစ်ဖို့လို့မရပါဘူး။ ကိုယ့်ဘ၀ကို ကိုယ်ပဲဖန်တီးသွားရမှာပဲ..။ အဲ့တော့ ကိုယ့်ဘ၀အတွက် ကိုယ်တာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓါတ်ကိုတော့မွေးကြပါလို့ ကျမ လူငယ်တွေကို မေတ္တာရပ်ခံချင်ပါတယ်။ မွေးလို့ရပါတယ်။ စိတ်ဓါတ်မကျပါနဲ့..၊ ငါတို့ ဘာလုပ်နိုင်မှာလဲ ဆိုတဲ့စိတ်တွေမထားပါနဲ့..။ ငါတို့ ဘာမှမျော်လင့်စရာ မရှိပါဘူးဆိုတဲ့ စိတ်ဓါတ်တွေလဲမထားပါနဲ့..။ လူငယ်တွေရဲ့ အရှေ့မှာ အချိန်တွေအများကြီးရှိ ပါတယ်။ အချိန်တွေကို အလဟသဖြစ်အောင် မလုပ်ပါနဲ့..။ ကျမတို့ဖက်ကလည်း လူငယ်တွေ မိမိတို့အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချနိုင်အောင်လို့ ကြိုးစားပြီးတော့ အခွင့်အရေးတွေ ဖန်တီးပေးပါ့မယ်။ ဒါဟာကျမ တို့ဖက်ကကြိုးစားရမှာပါ။ လူငယ်တွေကလည်း ငါတို့ဘ၀အတွက် ငါတို့တာဝန်ယူမယ် ဆိုတဲ့ အင်မတန်မှ မွန်မြတ်တဲ့ စိတ်ကိုမွေးမြူကြပါလို့ ကျမတိုက်တွန်း ချင်ပါတယ်...။
Ko Nay Myo

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.