01/20/13


ဂျပန်နိုင်ငံမှကားများမှာယူလျှင်ကားများတွင်ပါဝင်သောတန်ဆာပလာများအစုံအလင်ပါဝင်သော်လည်းရန်ကုန်မြို့ဆိပ်ကမ်းအသီးသီးအရောက်တွင်ထိုကားများမှ တန်ဆာပလာများဆိပ်ကမ်းထဲတွင်ပျောက်ဆုံးလျက်ရှိကြောင်းမော်တော်ယာဉ် ထုတ်လုပ်တင်သွင်းသူများ အသင်းကတာဝန်ရှိသူတစ်သီးက my gardenတွင်ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဂျပန်နိုင်ငံကကွန်တိန်နာနဲ့ လာတဲ့ကားကတော့ကွန်တိန်နာထဲမှာထည့်ထားတာဆိုတော့ ပစ္စည်းကတော့မပျောက်နိုင်ဘူး ကယ်ရီရာနဲ့လာတဲ့ကားကျတော့ကားသေးရင်လည်းကားသေးသလို ၊ ကားကြီးရင်လဲကားကြီးသလို ကယ်ရီယာ စကပ်ပြီ ဆိုတာနဲ့ မောင်းချတာက ဆိပ်ကမ်းကဌားထားတဲ့ Driver အဖွဲ့က မောင်းချကာ မောင်းချပြီးတော့ဆိပ်ကမ်းရဲ့ သတ်မှတ်တဲ့ရက် ၊ သတ်မှတ်တဲ့နေရာမှာထားတယ်။ ၁ပတ်လောက်ပဲထားရင် ကိစ္စမရှိဘူး။၂လ ၊ ၃လ ၊ ၄လ၊၅လ နဲ့ ၆လ လောက်ထားတဲ့ကားတွေကျတော့ဘာပစ္စည်းကျန်မယ် ၊ မကျန်ဘူး။ဘာပစ္စည်းပျောက်မယ် ၊မပျောက်ဘူးဆိုတာဟာကတော့ ဘယ်ပိုင်ရှင်ကမှဆိပ်ကမ်းထဲကိုဝင်ပြီးတော့ကြည့်နိုင်တာမဟုတ်ဘူး။ custom ကနေ ဖိုင်ရပြီဆိုပြီး ပြောတဲ့အချိန်ကျမှ ဆိပ်ကမ်းထဲဝင်ကြည့်တာဆိုတော့ အဲဒီအချိန်ကျတော့ သဗ္ဗေသတ္တာကံမ္မသကာ တန်ဖိုးရှိရင် တန်ဖိုးရှိသလိုပျောက်တယ်။ ဆိပ်ကမ်းထဲမှာကားအက်စိဒင့်ဖြစ်သွားတယ်၊တိုက်သွားတယ်။ကျွန်တော်တို့ရှေ့တင်ဖြစ်သွားတယ်။

ကျွန်တော်တို့ကားမဟုတ်ပေမယ့်သက်သေဖြစ်တဲ့အတွက် ကောက်ရှင်းချင်တယ်။ဒီလိုမျိုးမျက်မြင်သက်သေမရှိပဲဘယ်နှစ်မျိုးလောက်က ဘယ်လိုမျိုးဖြစ်ရပ်မျိုးတွေကြုံတွေ့နေလည်း ကျွန်တော်လည်းမသိနိုင်ဘူး။ အဲဒီလိုဖြစ်တဲ့အခါမှာ လည်း customတာဝန်ယူတာ မဟုတ်ဘူး´ဟုပြောကြားခဲ့သည်။အထက်ပါပုဂ္ဂိုလ်မှဆက်လက်ပြောကြားရာတွင်“အဲဒီက၀န်ထမ်းတွေလုပ်တယ်မလုပ်ဘူးဆိုတာပုံသေပြောလို့မရဘူး။ကားသော့ကအပြင်လူကိုင်လို့မရဘူး။အဲဒီက၀န်ထမ်းကလွဲလို့ဒါပေမယ့်တစ်ခုရှိ တာက အပြင်ကဖြုတ်လို့ရတဲ့ပစ္စည်းက အဲဒီဝန်ထမ်းတွေမဖြုတ်လည်းတခြားလူတွေကဖြုတ်မှာပဲ အနီးစပ်ဆုံးပြောရမယ်ဆိုရင် အင်တာနာလိုဟာမျိုး အဲဟာတွေက စကူလေးနဲ့ အပြင်မှာစုတ်ထားတာလှည့်လိုက်တာနဲ့ရတယ်။

အပြင်မှာအဲ့တာတွေက ပြန်ဝယ်မယ်ဆိုရင် ၂ သိန်း ၊ ၃ သိန်း လောက်ရှိတယ်။ အပြင်ပစ္စည်းပျောက်တာတော့ မဆန်းဘူး။အတွင်းပစ္စည်းပျောက်တာကျတော့ ဘယ်လိုမှငြင်းလို့မရဘူး။ကားထဲမှာပါတဲ့ TV တွေဘာတွေဆို သူဘာသာသူတော့ခြေထောက်ပေါက်ပြီး မထွက်သွားဘူး ဟိုမှာကားမှာပြီဆိုထဲက ဂျပန်လူမျိုးက ဓာတ်ပုံနဲ့ရိုက်ပြီးတော့ ထည့်ပေးလိုက်တာ´´ဟုပြောကြားခဲ့သည်။ ယင်းကဲ့သို့ပျောက်ရှခြင်းမှာလည်း တစ်ခုနှစ်ခါမကတော့ပဲလုပ်ငန်းရှင်တိုင်း လိုယင်းကဲ့သို့ကားများတွင်ပါလာသော ပစ္စည်းများ ပျောက်ရှလျက်ရှိကြောင်းအဆိုးဆုံးပျောက်ရှသည်မှာ ဂျပန်နိုင်ငံမှကားထဲတွင်ထည့်ပေးလိုက်သောဆီများဖြစ်ကြောင်းသိရှိရသည်။

ဖြိုးအောင်
Hotnews weekly သတင်းဂျာနယ်


မြန်မာနိုင်ငံက တရားရုံးတွေရဲ့ ချို့ယွင်းချက်များ၊ ရဲစခန်းများမှာ တရားခံများကို ပြုမှုဆောင်ရွက်ပုံတွေ၊၊ ရဲသတင်းတပ်ဖွဲ့ရဲ့ တရားဥပဒေမဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွတ်တော် ဆပ်ကော်မတီလေးရပ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ကို အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့က အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်။

ဒီစာကို ပေးပို့ရာမှာ ၂၀၁၀ခုနှစ် ရန်ကုန်သင်္ကြန် X20 မဏ္ဍပ်ဗုံးခွဲမှုနဲ့ စွပ်စွဲပြီး အဖမ်းခံရတဲ့ ကိုဖြိုးဝေအောင်ရဲ့အမှုကို ဥပမာပေးပြီး ပေးပို့တာဖြစ်ပြီး၊အိတ်ဖွင့်ပေးစာနဲ့ ပက်သက်လို့ အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

"အိတ်ဖွင့်ပေးစာမှာကတော့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရားရုံးတွေမှာ အမှုစစ်ဆေးတဲ့အခါ မျှတမှန်ကန်မှုမရှိတာတွေ နောက်ပြီးတော့တစ်ခါ ကိုဖြိုးဝေအောင်အနေနဲ့ အမှန်တရားအတွက် ဖွေရှာတဲ့အခါမှာ ထိုက်သင့်တဲ့တရားမျှတမှုကို ခံစားခွင့်မရှိပဲနဲ့ ဆုံးရှုံးခဲ့တယ်ဆိုတာတွေကို ဖော်ပြပြီးတော့ ကျနော်တို့ လွတ်တော်ဆိုင်ရာ အဖွဲ့အစည်းလေးခုရယ် နောက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးရယ်ကို ကျနော်တို့ပေးပို့ပါတယ်"

ကိုဖြိုးဝေအောင်ရဲ့အမှုကို နိုင်ငံတော်ပုန်ကန်မှု၊ ဗုံးခွဲမှုတွေနဲ့စွပ်စွဲပြီး အပြစ်ဒဏ်ချမှတ်ထားတာဖြစ်ပြီး ဒီအမှုဟာမကျူးလွန်ပါဘဲ အပြစ်ပေးခံရတဲ့အမှုဖြစ်တယ်လို့ဆိုပါတယ်။

ဒီအမှုအတွက် အယူခံထားတဲ့ တရားရုံးက ကိုဖြိုးဝေအောင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတဲ့နောက်၊ နိုင်ငံတော်သမ္မတရဲ့အမိန့်ကို မထိခိုက်စေဘဲ အမှုကိုမူလဆုံးဖြတ်ထားတဲ့အတိုင်း အဆုံးအဖြတ် အတည်ဖြစ်တယ်ဆိုပြီး ချမှတ်လိုက်တာကြောင့် အမှုမှန်ပ်ါပေါက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အာရှလူ့အခွင့်အရေးအဖွဲ့က တရားရုံးများအနေနဲ့ ကွယ်လွန် သွားပြီဖြစ်တဲ့ ကိုဖြိုးဝေအောင်ဟာ မကျူးလွန်တဲ့ပြစ်မှုအတွက် အပြစ်ပေးခံရသူဖြစ်ပြီး သူရဲ့အမည် သန့်သန့် ရှင်းရှင်းဖြစ်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ပြန်လည် စီစစ်မူတွေ ပြုလုပ်သင့်ကြောင်းစသဖြင့် တောင်းဆိုထားပါတယ်။

RFA

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.