01/24/13



ငြိမ်းချမ်းပါစေ လိုင်ဇာမြေ

၂၁.၁.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှစ၍ ကချင်ပြည်နယ် လိုင်ဇာဒေသသို့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတစ်ရပ်အနေဖြင့် လမ်းလျှောက်ထွက်ခွာခဲ့ကြသော ကိုရန်နိုင်ထွန်း၊ ကိုမီးသွေး(ခ) ကိုဇော်မင်းနိုင်၊ ကိုဇင်ကိုကို၊ ကိုရဲထွဋ်အောင်၊ ကိုဖိုးကျော် အစရှိသည့် လူငယ်များမှဦးဆောင်၍ အမာခံလူငယ် (၁၇) ယောက်ဖြင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှ စတင်ထွက်ခွါခဲ့ရာ လှည်းကူးမြို့သို့ ည (၉း၃ဝ) နာရီအချိန်တွင် ရောက်ရှိခဲ့ကြပြီး လှည်းကူးမြို့တွင် ညအိပ်ရပ်နားခဲ့ကြသည်။ ၂၂.၁.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်မှ လှည်းကူးမြို့မှ ပဲခူးမြို့သို့ ဆက်လက်ထွက်ခွါခဲ့ရာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့အား ယင်းနေ့ နံနက် (၁ဝး၄၅) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား (၅ဝ) ကျော်တို့သည် လမ်းလျှောက်ထွက်ခွါသူများ၏ ကျောပိုး အိတ်နှင့် လက်များတွင်ကိုင်ဆောင်ထားသော ငြိမ်းချမ်းရေးအလံများကို ဖြုတ်သိမ်းမှသာ ဆက်လက်ထွက်ခွါ ခွင့်ပြု မည်ဆိုခဲ့ရာ နောက်ဆုံး၌ အလံများကိုဖြုတ်၍ ဆက်လက်ပြီး မိမိတို့၏ ခရီးအား ဆက်လက်နှင်ခဲ့ကြပြီး ည (၈း၃ဝ) နာရီအချိန်တွင် ပဲခူးမြို့ ဆရာတော် ဘန္ဒဒ္ဒတိလောက၏ သီရိမင်္ဂလာတပ်ဦးဝင်္ကပါ ဘုရားကျောင်းတွင် ညအိပ် ရပ် နားခဲ့သည်။ ထိုသို့ ညအိပ်ရပ်နားစဉ် ၄င်းတို့ကြုံတွေ့ခဲ့ရသော အခက်အခဲများ လိုအပ်ချက်များကို နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ ဆက်သွယ် အကူအညီတောင်းခံလာခဲ့ရာ အသင်းရှိ အလုပ်အမှုဆောင်များနှင့် ပြည်ပသို့ ရောက်ရှိနေကြသော ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ အကူအညီပေးရန် ဆုံးဖြတ်ခဲ့ကြပြီး (၂၃.၁.၂ဝ၁၃) ရက်နေ့ နံနက် (၅းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်မှ စတင်ထွက်ခွါ ခဲ့ကြပြီး အလုပ်အမှုဆောင် ဒေါ်စောသဉ္ဇာစိုးမှဦးဆောင်၍ အသင်းသား/သူအချို့လိုက်ပါ၍ ငြိမ်းချမ်းရေး လမ်း လျှောက်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ထွက်ခွာခဲ့ကြသည်။ ၄င်းငြိမ်းချမ်းရေးအတွက် လမ်း လျှောက်သူများ၏ အရေးပေါ်လိုအပ်လျှက်ရှိသော ဆေးဝါးများ၊ ဖိနပ်၊ လက်အိတ်၊ ဦးထုပ်၊ ဓါတ်မီးနှင့် အခြား လိုအပ်သော အသုံးအဆောင်များအပြင် လမ်းခရီးတွင်လိုအပ်သည်များ အသုံးပြုနိုင်ရန် အလှူငွေကျပ် (၁ဝ) သိန်း ကျပ်တိတိအား ပံ့ပိုးကူညီပေးခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့အား နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)မှ တာဝန်ခံ ဆရာဝန်မကြီး ဒေါက်တာရွှေပုံနှင့် ဆေးခန်းတာဝန်ရှိသူ များနှင့် သူနာပြုဆရာဝန်များမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြပြီး လိုအပ်သော ကျန်းမာရေး ဆေးဝါးများ ဖြည့်ဆည်း အကူအညီပေးခဲ့သည်။ ထို့နောက်ပဲခူးမြို့ရှိ သီရိမင်္ဂလာတပ်ဦးဝင်္ကပါ တပ်ဦးကျောင်းမှ ဆရာတော် ဘန္ဒဒ္ဒတိလောက အပါအဝင် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပြီး ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့သားများအား နေ့လည်စာ (ထမင်း+ဟင်း)များဖြင့် ဧည့်ခံကျွေးမွေး ခဲ့သည့်အပြင် ချီတက်ရာ လမ်းတလျှောက် အစစအရာရာ အဆင်ပြေချောမွေ့စေရန် ဖြတ်သန်းရာ လမ်းတလျှောက်မြို့များရှိ လူမှုရေးအသင်းအဖွဲ့များ ဒေသခံ လူမှုရေးအဖွဲ့အစည်းများတို့မှ လိုအပ်သော အကူအညီများရရှိနိုင်စေရန် ချိတ်ဆက် အကူအညီများ ပေးခဲ့ကြသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ထွက်ခဲ့ကြသူအများစုမှာ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ လှုပ်ရှားကြသော လူငယ်များဖြစ်ပြီး ခရီးပန်းတိုင်သို့ရောက်နိုင်စေရန်မှာ အခက်အခဲများစွာအား ကျော်ဖြတ်ရဦးမည်ြ ဖစ်သည်။ ထို့ကြောင့် ၄င်းတို့အတွက် ငွေကြေး၊ ဆေးဝါးနှင့် အဝတ်အထည်များအပြင် အခြားအသုံးအဆောင် ပစ္စည်းများလည်း လိုအပ်ဦးမည်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် ဆက်လက်ချီတက်လှုပ်ရှားနိုင်ရန် အကူ အညီများလည်း လိုအပ်လျှက်ရှိသည်။ အလှူရှင်များအနေဖြင့် ကူညီလှူဒါန်းလိုပါက -

ပြန်ကြားရေး - ကိုဇင်ကိုကို 09 – 420 70 3339

ဆက်သွယ်ရေး - ကိုအောင်အောင် 09 – 420 26 0191

ကိုရဲထွဋ်အောင် 09 – 730 03 893

ဘဏ္ဍာရေး - ကိုကျော်မင်းကျော် 09 – 421 11 1426

မခိုင်အေးဖြူ 09 – 425 02 0156 သို့ တိုက်ရိုက်ဆက်သွယ်၍ လှူဒါန်းနိုင်ကြပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အနစ်နာခံကာ စွန့်စားကြသော လူငယ်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လူသားချင်း စာနာထောက်ထားသောအားဖြင့် ပြည်တွင်းစစ်၏ အနိဌာရုံများ အမြန်ဆုံး ရပ်တန့်စေရန်အလို့ဌာ ကူညီခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လမ်းလျှောက်၍ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ခရီးနှင်ကြမည့်လူငယ်များ လမ်းခရီးတွင် ရင်ဆိုင်ကြုံတွေ့ရမည့် သဘာဝအခက်အခဲ အနှောက်အယှက်၊ အတားအဆီးများအား ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းကာ အစစအရာရာ အဆင် ပြေ ချောမွေ့စွာ ခရီးပန်းတိုင်သို့ ရောက်ရှိနိုင်ပါစေကြောင်းနှင့် ပြည်တွင်းရှိ စစ်ပွဲများလည်း အမြန်ဆုံး ရပ်တန့်ကာ စစ်၏သားကောင် တိုင်းရင်းသား တောရိုင်းပန်းကလေးများ လှပစွာ ဖူးပွင့်ဝေဆာ၍ အနာဂတ်မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းခြင်း အုတ်မြစ်များ ခိုင်မာစွာ တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

လတ်တလောတွင်ပင် ပြည်ထောင်စုဝန်ကြီးနှုတ်ထွက်ထားသော ဝေဖန်မှုအများအပြားဖြင့် ရင်ဆိုင် နေရသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများအား ဒုတိယသမ္မတစိုင်းမောက်ခမ်းဦးဆောင်သော လာဘ်ပေးယူမှုအရေးယူဆောင်ရွက်ရေးကော်မတီက ခေါ်ယူစစ်ဆေးနေပြီး လွှတ်တော်ဆိုင်ရာ ဆက်သွယ်ရေးကော်မတီကလည်း ဌာနတစ်ခုချင်းစီအလိုက် စစ်ဆေးသွားရန်ရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်းကွန်ယက်များတည်ဆောက်နေမှုများတွင် ပစ္စည်းပေးသွင်းသည့်ကုမ္ပဏီနှင့် ပတ်သက်ပြီး အရှုပ်အရှင်းများဖြစ်ပေါ်နေကြောင်း၊ ထိုကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သော တရုတ်နိုင်ငံအခြေစိုက် HUAWEI နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများမှာ တစုံတရာထုတ်ဖော်ပြောဆိုမှုများမရှိသေးဘဲ ယင်းအရှုပ်အရှင်းများမှာ လူကြီးများက ခွင့်ပြုချက် ပေးရာတွင် ဖြစ်ပေါ်လာသော ပြဿနာများဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်ဟု သိရသည်။

ထို့အပြင် ကွန်ယက်များချိတ်ဆက်ရာတွင် အသုံးပြုသော နည်းပညာပစ္စည်းများမှာ အရည်အသွေး ပြည့်မီခြင်း မရှိကြောင်း၊ အခြားနိုင်ငံများတွင် အသုံးမပြုသောပစ္စည်းများသာဖြစ်နေကြောင်း၊ တာဝါတိုင်များထောင်ရာတွင်လည်း စနစ်တကျစီစဉ်ပြီးပြုလုပ်ခြင်းမဟုတ်ဘဲ ရသည့်နေရာတွင် အဆင်ပြေသလို ထောင်ထားသည့်အတွက် ဖုန်းလိုင်းများမှာ မိသည့်နေရာတွင်မိ၍ မမိသည့်နေရာမမိဖြင့် ဖြစ်နေကြောင်း၊ ကျားကွက်ပုံစံချ၍ ထောင်မည်ဆိုပါက ယခုကဲ့သို့ တိုင်အရေအတွက် များများထောင်စရာလိုမည်ပင်မဟုတ်ကြောင်း မိုဘိုင်းဖုန်းကျွမ်းကျင် ပညာရှင်တစ်ဦးက ဝေဖန်ထောက်ပြသည်။

HUAWEI ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်ကျင်းပမည့် ဆီးဂိမ်းအတွက် ဒေါ်လာ သန်း ၃၀၀ လှူဒါန်းထားပြီး မြန်မာ့ဆက်သွယ်ရေး နည်းပညာတိုးတက်မှုအတွက် ရည်ရွယ်၍ ဒေါ်လာ သန်း ၂၀၀ ၊ စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ လှူဒါန်းထားသည်ဟုလည်း သိရသည်။

Yangon chronicle


ပြီးခဲ့သည့် ၂၀၁၀ အငြင်းပွားဖွယ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူမှုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်လျက်ရှိကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကျင်းပ ခဲ့သည် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုတင်သွင်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ တွင် "နိုင်ငံတော်သမ္မတ (သို့) ဒုတိယသမ္မတများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ (သို့) ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ" ပာုပြဋ္ဌာန်းထားသည့်အတွက် အဆိုပါပြဋ္ဌာန်းချက်အား အဓိပ္ပါယ်ဖွင့်ဆိုပေးရန် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအဆိုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က ယင်းဥပဒေအား အဓိပ္ပါယ်ဖွင့်ဆိုနိုင်ရန် အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ရှိသော်လည်း လက်ရှိအချိန်တွင် အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့အား မဖွဲ့စည်းရသေးသည့်အတွက် ခုံရုံးဖွဲ့ပြီးမှ သာလျှင် အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ပုဒ်မ ၃၂၅ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက် သဘောထားများရယူနိုင်ရန်အတွက် ခုံရုံးပေါ်ပေါက်လာသည့်အချိန်တွင် ပြည်သူ့လွှတ်တော်အနေဖြင့် အဓိပ္ပါယ်ဖွင့်ဆိုချက်တောင်းခံသွားမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် ခုံရုံးမဖွဲ့စည်းရသေးသည့်အတွက် ယင်းအဆိုအားလွှတ်တော်တွင်း ဆွေးနွေးခွင့်မပြုနိုင်သည့်အပြင် လွှတ်တော် ကိုယ်စားလှယ်အခွင့်အရေး မဆုံးရှုံးစေရေးအတွက် လွှတ်တော်ဥက္ကဋ္ဌမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ဋ)၌ "ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ"ပာု ပြဋ္ဌာန်းထားကြောင်း သိရသည်။

Yangon chronicle


ကိုယ့်ဆီကမပြည့်စုံတာတွေကို..၊
အကျင့်ဆိုးတွေကို၊
လိုအပ်ချက်တွေကို၊
ခံယူချက်တွေကို၊
အရင်ပြုပြင်မှ..
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက..
လာပြီးလုပ်ချင်မှာပေါ့ဗျာ..
တစ်ကမ္ဘာလုံးပတ်ပြီးစီးပွားရေးလုပ်စားနေသူတွေကို.
ဖေါရှောသွားလုပ်ဖို့..မကြိုးစားကြပါနဲ့..
ဖေါရှောလုပ်ရင်ဖေါ်ရှောပဲရမှာပေါ့..

နိုင်ငံတကာက အစဉ်အလာရှိတဲ့လုပ်ငန်းကြီးတွေကို..
ဒီကခရိုနီတွေ၊လုပ်ငန်းရှင်တွေနဲ့ဆက်ဆံသလို .
ဟင်းရွက်ကန်စွန်းရောင်းသလို...
ဆက်ဆံလို့မရပါဘူး..

ဒီမှာက..ဒါလေးလုပ်လိုက်ဆိုရင် လုပ်ပေးလိုက်..
ပြီးရင်..ကိုယ်လဲဂရုမစိုက်၊သူလဲပစ်ထား..
ပြီးရက် ပျက်စီးသွား..
standard တွေ Quality တွေ နကန်းတလုံးမှမရှိ
(သူတို့ကို်ယ်ပိုင်ပစ္စည်းတွေကျတော့ quality ချည်းပဲ)

နောက်ဆုံးကျ..
under-table လေးအဖတ်တင်ကျန်ခဲ့..

ဒါမျိုးတွေက နိုင်ငံတကာလုပ်ငန်းကြီးတွေမှာမရှိဘူးလေ..
သတ်မှတ်တဲ့စံချိန်စံနှုန်းတွေကိုယ့်မှာမပြည့်စုံမှတော့..
ဟိုက...ဘယ်လုပ်ပေးချင်မလဲနော်..
လာလုပ်တဲ့သူကလဲ နာမည်ပျက်ဘယ်ခံမလဲဗျာ..၊

ဓာတ်ပုံ (အင်တာနက်)

Pa Yit


--------------------------------------------------------------------------
"ဂျပန်ကုမ္ပဏီ ရန်ကုန်တွင် ဘတ်စ်ကားလိုင်း ပြေးဆွဲမည့်အစီအစဉ် ပျက်"
--------------------------------------------------------------------------
ဒီဗွီဘီ ၂၃ ဇန်န၀ါရီ ၂၀၁၃

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (အမ်အိုင်စီ) အထိ တင်ပြထားပြီးဖြစ်တဲ့ ရန်ကုန်မြို့တွင်းမှာ အဆင့်မြင့် ဘတ်စ်ကားတွေ ပြေးဆွဲမယ့် အစီအစဉ်ဟာ ဂျပန်စုပေါင်းကားကုမ္ပဏီ ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် ပျက်ပြယ်သွားပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ဒီဗွီဘီကို ပြောပါတယ်။

နဂိုမူလက ဒီကုမ္ပဏီစုဟာ ရန်ကုန်မြို့ကို ရောက်လာပြီး ပထမအဆင့်အနေနဲ့ ဘတ်စ်ကား အစီး ၃၀၀ လောက် အသုံးပြုပြီး ရန်ကုန်မြို့တွင်းမှာ အဆင့်မြင့် ဘတ်စ်ကားလိုင်း ပြေးဆွဲမယ်လို့ အဆိုပြုတင်ပြခဲ့ပြီး မြန်မာနိုင်ငံ အစိုးရဘက်ကလည်း ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း ဘတ်စ်ကားအစီး ၃၀၀ နည်းတယ်၊ ၃၀၀၀ လောက်နဲ့ ဆွဲပါလို့ ပြောခဲ့ပြီး မီဒီယာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

အဆိုပါ ဂျပန်စုပေါင်းကားကုမ္ပဏီဟာ လုပ်ငန်းမစတင်မီ အသေးစိတ် လေ့လာတွက်ချက်မှုတွေ ပြုလုပ်ချိန် မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့ လမ်းကြောအနေအထားများ၊ လမ်းစည်းကမ်းများ၊ အကျိုးအမြတ် ရရှိနိုင်ခြေ စတာတွေ သိရှိပြီးနောက် နောက်ဆုတ်သွားတာ ဖြစ်နိုင်ကြောင်း ဦးဝင်းနောင်က သုံးသပ်ပါတယ်။

(DVB)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.