04/22/13

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ
=================================
၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်းတစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွားရမယ့်အထပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....

၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထားတယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေက လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် မိမိကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...

၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သားထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကားနံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အလက်တွေကို နောက်ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့အတော်ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင်တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွားပါလိမ့်မယ်...

၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်းဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...

၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေမှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေးများအတွက် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...

credit to ကြယ်မင်းတာရာ

မနက်ဖြန် ဧပြီလ ၂၂ ရက် မနက်မှာ ပန်းတနော်မြို့နယ် တရားရုံးမှာ နေမျိုးဇင် ကျနော့်ကို ပန်းတနော် မြို့နယ် ရဲတပ်ဖွဲ့ က စွဲဆိုထားတဲ့ အသရေဖျက်မှု ပုဒ်မ ၅၀၀ စွဲဆိုထားခြင်းကို ပန်းတနော် တရားရုံးမှာ ကိုယ်တိုင် လျောက်လဲချက် ပေးရမှာဖြစ်ပါတယ်။ သဘက်ခါ ဧပြီ ၂၃ ရက်မှာ အပြစ် ရှိမရှိ အမိန့်ချဖို့ တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထဲမှာ အကျင့်ပျက် လာဘ်စားသူ မရှိခဲ့တဲ့ အတွက် ကျနော် ပြောဆိုချက်ဟာ ရဲတပ်ဖွဲ့ကို အသရေညိုးနွမ်း ဂုဏ်ပျက်စေတယ်လို့ တရားရုံးက ဆုံးဖြတ်တယ် ဆိုရင် ကျနော်ဟာ ထောင်ဒါဏ် နှစ် နှစ် ထိ ချမှတ်ခံရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အတွင်း အကျင့်ပျက် လာဘ်စားမှုများ ရှိနေကြောင်းနဲ့ ပြည်သူလူထုက အကျင့်ပျက် ရဲ ၀န်ထမ်းများရဲ့ ခြိမ်းခြောက် အနိုင်ကျင့် ငွေတောင်းခြင်းကို လိုက်လျောရန် မလိုကြောင်း ။ ခေတ်စနစ်ပြောင်းသွားပြီး ဖြစ်လို့ အကျင့်ပျက် ၀န်ထမ်းများနဲ့ ပတ်သက်ပြီး ပြည်သူလူထုကပါ ၀ိုင်းဝန်း ဖေါ်ထုတ် ကာကွယ်ကြဖို့ လိုအပ်ကြောင်း လူထုအား ပြောကြားခဲ့ခြင်း ကို ရဲတပ်ဖွဲ့က အသရေဖျက်မှုနဲ့ ပုဒ်မ (၅၀၀ ) ဆိုတာကို တပ်ပြီး တရားစွဲခဲ့ခြင်းဖြစ်ပါတယ်။

ယခု အမှုနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုသူများ တရားလွှတ်တော် ရှေ့နေကြီး ဦးရောဘတ်စန်းအောင် ၊ ဖုန်းနံပတ် 0943049313 သို့ ဆက်သွယ်မေးမြန်း တင်ပြနိုင်ပါကြောင်း။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်

{{{ လိုင်စင်မဲ့ ကားနဲ့ ရာဇ၀တ်မှု ကျူးလွန်တဲ့ ဒုရဲအုပ် }}}

တရားခံ က ဒုရဲအုပ် ဖြစ်နေတော့
ဥပဒေ အတိုင်းတိတိကျကျ အရေး ယူမှာလား
နားလည်မှု နဲ့ ကြည့်လုပ်လိုက်မှာလား ဆိုတာ
သဲသဲကွဲကွဲ မသိရသေးတဲ့ အမှု ။

×××××××××××××××××××××××××××××××××××××××××

ဥပဒေ ဘက်တော်သား က ဥပဒေမဲ့ယာဉ် နဲ့ ရာဇ၀တ်မှုကျူးလွန်တဲ့ အမှု
ဧပြီ ၁၈ ရက်၊ ၂၀၁၃

ဧပြီ ၁၈ ရက်နေ့ ည ၇ နာရီခွဲ ခန့် က တစ်မိုင်ကုန်းကျေးရွာမှ ကော့ကရိတ်သို့ထွက်လာသည့် ဆိုင်ကယ်အား မတ်တူး ဆလွန်းကား ဖြင့် တိုက်ပြီး မောင်းပြေးသည့် အမှု တစ်ခု ဖြစ်ပွါး
ခဲ့သည်။

ယာဉ်တိုက်ပြီးမောင်းပြးသည့် မတ်တူး ဆလွန်းကားနှင့် အတူ အတိုက်ခံရသည့် ဆိုင်ကယ်လည်း ချိတ်လျက် ဒရွတ်တိုက် ပါသွားခဲ့သည်။ ကော့ကရိတ်မြို့မ ရဲစခန်း အနီးသို့အရောက်တွင် ကားမှာဆက်မောင်း၍ မရတော့သဖြင့် ယာဉ်မောင်းမှ ထွက်ပြေး
ခဲ့သည်။ ရပ်ကွက်နေပြည်သူများ နှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဝိုင်းဝန်း ဖမ်းဆီးသဖြင့်
မန်ကျီးပင်မှတစ်ဆင့် အိမ်ခေါင်မိုးပေါ် တက်ပြေးသည့်ယာဉ်မောင်းအား ညတွင်းချင်း
ဖမ်းဆီးနိုင်ခဲ့သည် ။

ယာဉ်တိုက်ပြီးမောင်းပြေးသည့် ယာဉ်မောင်းမှာ ဒုရဲအုပ်ပြည်ဟိန်းထွန်း(အဖ)ဦးမြင့်အောင်
ဖြစ်ပြီး အဆိုပါယာဉ်မှာလည်း(၉ခ/၉၇၄၃) နံပါတ်ပြားတပ်ထားသည့် လိုင်စင်မဲ့ ယာဉ်
ဖြစ်နေသည်။ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသည့် ကိုမျိုးအောင်(ခ)အလိ (၄၄ နှစ်)
မှာညှပ်ရိုးကျိုးသွားပြီး၊ ဦးခေါင်းအတွင်းပိုင်းထိခိုက် ဒဏ်ရာရထားသည်။မစန္ဒာအောင်(၂၆ နှစ်)
နှင့် (၁)နှစ်အရွယ်သမီးဂျူစီ တို့လည်း သီးသီးထိခိုက်ဒဏ်ရာရရှိကြသည်။ထိခိုက်ဒဏ်ရာရှိသူ
(၃)ဦးလုံး ကော့ကရိတ်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ ဒုရဲအုပ်(ယခင်မှူးယစ်တွင်တာဝန်ကျသူ)မှာ ဆေးဝါးတစ်ခုခုအလွန်အကျွန်သုံးစွဲ
ထားပုံရပြီး ၊ အသိစိတ်လွတ်ကာ ၄င်း၏ဇနီးဖြစ်သူ မစန္ဒာအောင် နှင့် သမီးဖြစ်သူတို့အား ဓါးဖြင့်ရန်ပြုနေသဖြင့် ကိုမျိုးအောင် မှဘေးကင်းရာသို့ ခေါ်သွားစဉ် အနောက်မှ ကားဖြင့်
လိုက်တိုက်ခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်ရာတွင် အသုံပြုသည့် လိုင်စင်မဲ့ ကားကို ကော့ကရိတ်ရဲစခန်း တွင် သိမ်းဆည်း
ထားပြီး ၊ တရားခံကို လည်း ကော့ကရိတ်မြို့ မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။


Author Name

Contact Form

Name

Email *

Message *

Powered by Blogger.