04/23/13


အလင်းအိမ် မိသားစုမှ ကြီးမှူးကျင်းပတဲ့ မြန်မာနှစ်သစ်ကူး စာပေ ဟောပြောပွဲ
ဆရာမဂျူးမှ စာပေ၏ အခန်းကဏ္ဍနှင့် ဆရာအော်ပီကျယ်မှ ဤခရီးနီးသလား ခေါင်းစဉ်များဖြင့် ဟောပြောသွားခဲ့သည်..

Video..zayyar20283

ဥရောပ သမဂ္ဂက မြန်မာ နိုင်ငံ အပေါ်ချမှတ် ထားခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့တွေ ထဲမှာ လက်နက် ရောင်းဝယ်မှုက လွဲပြီး ကျန်တဲ့ ပိတ်ဆို့ အရေးယူမှု အားလုံးကို ရုပ်သိမ်း လိုက်ပါတယ်။ဧပြီလ ၂၂ ရက် တနင်္လလာနေ့မှာ ကျင်းပတဲ့ အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။

အီးယူက မြန်မာအပေါ် ပိတ်ဆို့မှုတွေ ဆိုင်းငံ့မယ်အခု အချိန်ဟာ မြန်မာ နိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းဖို့ သင့်တော်တဲ့ အချိန် ဖြစ်ကြောင်း၊ ဒီပိတ်ဆို့မှု တွေကို ဆိုင်းငံ့ ထားတာ တစ်နှစ် တိတိ ပြည့်သွားပြီ ဖြစ်တဲ့ အခုချိန်မှာ ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းဖို့ဥရောပ သမဂ္ဂ အဖွဲ့ အတွင်း သဘောတူမှု တရပ် ရခဲ့ သလို တကယ်တမ်း မြန်မာ့ နိုင်ငံရေး လောကထဲ မှာလည်း ဒါကို သဘောတူ ထားကြပြီလို့သူ ယူဆကြောင်း၊ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဝီလျံဟိတ် William Hague က ပြောပါတယ်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကလည်း လက်နက် ရောင်းဝယ်မှု ပိတ်ဆို့ တာကလွဲလို့ ကျန်တဲ့ ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းရေးကို သဘော တူတယ်လို့ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း Human Rights Watch လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကတော့ အခုလို ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်း တာဟာ အချိန် စောလွန်းတယ်လို့ပြောပါတယ်။

HRW က ထုတ်ပြန်တဲ့ အစီရင် ခံစာ ထဲမှာ မြန်မာ အာဏာပိုင် တွေဟာ ရခိုင်ဒေသမှာ လူသားချင်း မစာနာတဲ့ ရာဇဝတ်မှုတွေနဲ့လူမျိုးတုန်း သတ်ဖြတ်မှု တွေကို ကျုးလွန် ခဲ့တယ် လို့စွပ်စွဲထား ပါတယ်။ဒါ့အပြင် မနှစ်က မွတ်ဆလင် ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့မှု တွေမှာ မြန်မာအစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါဝင် ပတ်သက် ခဲ့တယ်ဆိုတဲ့ ထင်ရှားတဲ့ အထောက် အထားတွေ ရှိနေတယ့်လို့လည်း ဖေါ်ပြထား ပါတယ်။

ဘီဘီစီ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.