04/27/13



တာဝန်ကျယာဉ်ထိန်းရဲတစ်ဦးအား ပါးရိုက်မှုနှင့်စပ်လျဉ်း၍ပြည်သူလူထုလုံခြုံရေးကို ရှေးရှုကာ ဗိုလ်ချုပ်မှူးကြီးဟောင်းတစ်ဦး၏ မြေးဖြစ်သူကို ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှကိုထင်ကျော်က ဧပြီလ ၁၀ ရက်၊ ကမာရွတ်ရဲစခန်းတွင် အမှုဖွင့်ထားပြီးဖြစ်သည်။

ဝန်ထမ်းတစ်ဦးတာဝန်ချိန်တွင် ယခုကဲ့သို့ အကြမ်းဖက်ခြင်းကိစ္စအားတရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် ပြည်ထဲရေးသို့ တွန်းအားပေးခြင်းဖြစ်ကြောင်း၊ပြည်သူ့ဝန်ထမ်းတစ်ဦးအား အနိုင်ကျင့်အကြမ်းဖက်မှုသည် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေး ကိုစိန်ခေါ်မှုအသွင်သဏ္ဍာန် သက်ရောက်ကြောင်းတို့ကို ““ဒါဟာ လူထုရဲ့ လုံခြုံရေးကို အကာအကွယ်မဲ့နေတယ်ဆိုတာ မီးမောင်းထိုးပြနေသလိုပါပဲ။ အမှုကို FIR နဲ့မဖွင့်ဘူး။ လက်တော့လက်ခံတယ်။ ၀န်ထမ်းတာဝန်ရှိတဲ့သူကိုယ်တိုင်က အကြောက်တရားရှိနေတယ်လို့ သုံးသပ်တယ်။ ကမာရွတ်ရဲစခန်းက စခန်းမှူးကို ဥပဒေကြောင်းတွေကျွန်တော်သွားရှင်းပြပြီး အမှုဖွင့်ဖို့ လက်ခံပေးဖို့ တောင်းဆိုတယ်။ အထက်ကိုတင်ပြမယ်ဆိုပြီးလက်မှတ်ထိုးပြီး ယူထားလိုက်တယ်””ဟူ၍ ကိုထင်ကျော် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ကိုထင်ကျော်သည် ဗိုလ်ချုပ်မှူးကြီးဟောင်း၏မြေးဖြစ်သူကို ဧပြီ ၁၀ ရက်တွင် ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၃၂/၃၃၃/၃၅၃ တို့ဖြင့် ကမာရွတ်ရဲစခန်းတွင်အမှုဖွင့်ထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ မြေးဖြစ်သူသည်မတ်လ ၁၄ ရက်က ကမာရွတ်မြို့နယ်၊ ၉ ရပ်ကွက်၊ အင်းလျားလမ်းမီးပွိုင့်တွင် လမ်းမရှင်းပေးသောကြောင့်တာဝန်ကျယာဉ်ထိန်းရဲအားတာဝန်ကျနေရာတွင်ရိုက်နှက်ခဲ့သည်ကို ပြည်တွင်းသတင်းဂျာနယ်များကလည်းရေးသားဖော်ပြခဲ့ပြီး ၎င်း၏နေအိမ်သို့ခေါ်၍ ရေခဲရေဖြင့်ပက်ခြင်း၊ ဒူးထောက်ခိုင်း၍ ပါးရိုက်ခြင်းတို့ပြုလုပ်ခဲ့ကြောင်းတို့ကို ရိုက်နှက်ခြင်းခံရသူ ယာဉ်ထိန်းရဲ ကိုစံသိန်းထွေးက အင်တာနက်စာမျက်နှာများတွင်ဖော်ပြထားသည်။

မြန်မာသံတော်ဆင့်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ်မှာမနေ့ကကျင်းပတဲ့ နိုင်ငံရေးပါတီများ၊အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ရဲ့သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာနိုင်ငံရေးပါတီများရံပုံငွေရယူသည့်ကဏ္ဍ ဆွေးနွေးကြရာမှာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြတ်သားစွာဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံရေး ပါတီများ၏လက်အောက်ရှိ အဖွဲ့အစည်း၊ ကွန်ရက်များက ပြည်ပမှရံပုံငွေ ရယူခြင်းဟာလည်း ပါတီကရယူခြင်းဟု သတ်မှတ်မှာဖြစ်ကြောင်း၊ ယခုအချိန် မှစပြီး ပြည်ပအဖွဲ့အစည်းတွေက ပံ့ပိုးတဲ့ရံပုံငွေကို ဆက်လက်လက်ခံခြင်းမပြု ရန်နှင့် လုပ်ဆောင်မှုများရှိလာပါက ကော်မရှင်အနေနဲ့ သတိပေးတားမြစ်သွားမှာဖြစ်ပြီး လိုက်နာမှုမရှိပါက ပါတီဖျက်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ လက်ရှိမြန်မာပြည်တွင်းမှာဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်တွေဟာ ပြည်ပ ပယောဂတွေပါတယ်။ ပြည်ပအဖွဲ့အစည်းတချို့ရဲ့ အားပေးအားမြှောက်မှုတွေပါတယ်။ နောက်က ထောက်ပံ့ကြေးပေးပြီး ဆူပူမှုတွေကို ပုံဖော်နေကြတာလည်း တွေ့ရတယ်။ အထူးသဖြင့် ပြည်ထောင်စုအစိုးရကိုယ်တိုင်ဦးဆောင်ပြီး ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်တွေတိုးတက်မလာသေးတာဟာတစ်ဖက်အဖွဲ့အစည်းတွေကို ပြည်ပအစိုးရတွေက သွေးထိုးမြှောက်ပင့်၊ ထောက်ပံ့မှုတွေကြောင့် အလုံးစုမပြေလည်သေး၊ မငြိမ်းချမ်းသေးတာကို တွေ့ရမှာလည်းဖြစ်ပါတယ်။

ကေအိုင်အေခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ကချင်လူထုနဲ့တွေ့ဆုံရာမှာ ဒီသဘောဆန်ဆန်တွေပြောသွားတာ ကျွန်တော်တို့ တွေ့လိုက်ရတယ်။ သေချာတာက ကေအိုင်အေအဖွဲ့ကို အိမ်နီးချင်းအစိုးရက သူတို့ရဲ့နောက်ထပ်ခြံစည်းရိုးတစ်ခုအဖြစ် အသုံးချချင်နေတာတွေကို တွေ့ရတယ်။ ၀ အဖွဲ့ဟာ ပထမခြံစည်းရိုးဆိုရင် ကေအိုင်အေဟာ ဒုတိယခြံစည်းရိုးအဖြစ် ပုံဖော်ချင်နေတာတွေကိုလည်း ကျွန်တော်တို့တွေ့ရတယ်။

ဒီတော့တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက်ရော၊ နိုင်ငံရဲ့ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးနဲ့ ပြန်လည်ထူထောင်ရေးကာလမှာ ဒီလို တိုင်းပြည်အတွက် ဆိုးကျိုးဖြစ်စေမယ့်အဖွဲ့အစည်းတွေ ပြည်ပမှာရော၊ ပြည်တွင်းမှာရော၊ နယ်စပ်မှာရော၊ ရန်ကုန်မြို့ပေါ်မှာရော၊ မန္တလေးမြို့ပေါ်မှာရော ရှိတယ်။ အထူးသဖြင့် မီဒီယာလောကထဲတောင် စိမ့်ဝင်နေတာတွေကို တွေ့ရတယ်။

ဒါကြောင့် ပြည်ပရံပုံငွေနဲ့အထောက်အပံ့ကို လက်ခံရယူပြီး တိုင်းပြည်ရဲ့ဖြစ်ထွန်းမှုကို ပိုမိုရှုပ်ထွေးအောင်လုပ်မယ့် အဖွဲ့အစည်းသော်လည်းကောင်။ ကွန်ရက်သော်လည်းကောင်း၊ ပါတီသော် လည်းကောင်း ထိရောက်တဲ့တရားဥပဒေစိုးမိုးတဲ့ အရေးယူမှုတွေကို မှန်မှန်ကန်ကန်နဲ့ ဖော်ထုတ်အရေးယူတာမျိုးလည်းဖြစ်သင့်ပါတယ်။ အမြင်ကပ်လို့၊ ငါနဲ့မတည့်လို့၊ ငါ့ကိုအတိုက်အခံလုပ်လို့၊ ငါ့ကိုနိုင်သွားမှာစိုးလို့ ဆိုတဲ့ အမြင်ကပ်ပုဒ်မတပ်ပြီး အရေးယူဆောင်ရွက်တာမျိုးကိုတော့ လက်မခံဘူး။ တကယ့်ကို တိုင်းပြည်အတွက် ကောင်းကျိုးထက်၊ ဆိုးကျိုးဖြစ်ဖို့များတဲ့လုပ်ရပ်တွေကို ပြည်ပထောက်ပံ့ကြေးမျှော်ပြီး လုပ်နေတဲ့အဖွဲ့အစည်းတွေကိုတော့ အရေးယူသင့်ပါတယ်။ ဒီလိုပဲ ပြည်၊ ခိုင်၊ ဖြိုးပါတီအနေနဲ့ရော ဘယ်လိုရံပုံငွေရယူနေသလဲ။ ဘယ်က ရံပုံငွေတွေရနေသလဲဆိုတာ ထင်သာမြင်သာရှိတဲ့ရှင်းလင်းမှုမျိုးကိုလည်း လုပ်ပြဖို့လိုအပ်တယ်လို့ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်လွင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရဲ့ပြောကြားချက် အပေါ် အခုလိုထပ်ဆင့်မှတ်ချက်ပေးဆွေးနွေး တင်ပြလာတာကိုလည်း သိရှိရပါတယ်။
The First Media Group

(လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ လိုက်နာစောင့်စည်းအပ်တဲ့ လောကနီတိ ရှိသလိုပဲ လူ လူချင်း တိုက်ရိုက်ထိတွေ့ဆက်ဆံတာမဟုတ်တဲ့ အွန်လိုင်းပေါ်မှာလည်း အလေးထား လိုက်နာသင့်တဲ့ စည်းမျဉ်းကလေးတွေ ရှိတဲ့အကြောင်း ဗာဂျီးနီးယားရှား ကတင်ပြထားတာဖြစ်ပါတယ်။ ဘာသာပြန်မျှဝေဖို့ တိုက်တွန်းတဲ့ ဆရာမောင်မောင်မြင့်ကို ကျေးဇူးတင်ပါတယ်။)

အွန်လိုင်းယဉ်ကျေးမှုနယ်ပယ်ထဲမှာ ကိုယ်ပိုင်သင်္ကေတတွေရှိနေပါတယ်။ ဒါကို သတိမပြုမိတဲ့အခါ အဆင်မပြေတာလေးတွေ ဖြစ်တတ်တာပေါ့။ တဖက်ကပြောချင်တဲ့ ဆိုလိုရင်းကို မသိပဲ ရန်တွေ့မိတာလည်း ဖြစ်နိုင်တယ်။ စာသားတွေချည်း မြင်နေရတော့ တဖက်က လူသားစစ်စစ်ဆိုတာ မေ့သွားရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လူလူချင်းဆက်ဆံပုံနဲ့ကွဲပြားတဲ့ အွန်လိုင်းဆက်သွယ်ရေးဟာ လူသစ်တွေအတွက်တော့ အမှားတွေအများကြီး ဖြစ်နိုင်ပါတယ်။

ဒီဆောင်းပါးက လူသစ်တွေကို အမှားနည်းစေဖို့နဲ့ လူဟောင်းတွေက လူသစ်တွေကို လမ်းပြဖို့ ရည်ရွယ်ပါတယ်။ မိတ်ဆွေတိုးပွားပြီး ရန်သူနည်းစေဖို့ပါ။ နည်းလမ်းလေး နည်းနည်းသိသွားတာနဲ့ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ရှောင်ရှားနိုင်မှာပါ။ ပြသနာအကုန်လုံးကို ရှင်းမပေးနိုင်ပေမယ့် ပြသနာရှင်းနည်းလေးတွေကိုတော့ ဝေမျှထားပါတယ်။

ဥပဒေသ (၁) လူသားများဖြစ်ကြောင်း သတိပြုပါ။

ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့အတိုင်းပါပဲ။ ကိုယ်လိုချင်တာ သူများကို ပေးပါ။ ကိုယ်မလိုချင်တာ သူများကို မပေးပါနဲ့။ ကိုယ်ချင်းစာစိတ်မွေးပါ။ သူတပါးခံစားချက်တွေကို ပြက်ရယ်မပြုပါနဲ့။

အွန်လိုင်းပေါ်မှာတော့ ပိုပြီးသတိထားရပါတယ်။ တဖက်က မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထား၊ အသံအနိမ့်အမြင့်တွေကို မသိရပဲ စာလုံးတွေချည်း မြင်နေရတာနဲ့ပဲ လူသားတွေဆိုတာကို မေ့ပစ်လိုက်လို့ မဖြစ်ပါဘူး။

အွန်လိုင်းပေါ်မှာ စကားပြောကြ၊ ဆွေးနွေးကြတဲ့အခါ တဖက်လူရဲ့ ဆိုလိုရင်းကို အဓိပ္ပါယ်မပေါက်တာ၊ ကောက်ချက်လွဲသွားတာတွေ ဖြစ်တတ်ပါတယ်။ တယောက်နဲ့ တယောက်လည်း မသိကြ၊ မဆုံဖူးကြဘူး။ ကွန်ပြူတာကတဆင့် သိကြတာဆိုတော့ ပင်ကိုယ်စရိုက် မဟုတ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဥပမာ - ကားမောင်းတဲ့အခါ တဖက်က မောင်းသူကို ဆဲဆိုတာမျိုး၊ ရိုင်းစိုင်းတာမျိုးတွေ လုပ်မိတတ်ကြတယ်။ ဒါပေမယ့် အလုပ်ထဲမှာ၊ အိမ်မှာတော့ အများအားဖြင့် ဒါမျိုးဘယ်တော့မှ မလုပ်ကြပါဘူး။ အွန်လိုင်းပေါ်မှာတော့ အလွယ်တကူ လုပ်မိတတ်ပြန်ရော။ ဒါဟာ လက်သင့်ခံစရာ၊ လိုက်လျောစရာမဟုတ်ပါဘူး။

အွန်လိုင်းသုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖို့၊ နယ်မြေသစ်တွေကို ရှာဖွေဖို့နဲ့ ရဲရဲရင့်ရင့် တခြားကမ္ဘာအထိ အရောက်သွားဖို့ပါပဲ။ ဒါပေမယ့်လည်း တဖက်က လူသားပကတိဆိုတာ သတိပြုရပါမယ်။ တကယ်လို့များ မျက်နှာချင်းဆိုင်ဆိုရင် ဒါမျိုးပြောဖြစ်မလား လို့ စဉ်းစားသင့်ပါတယ်။အဖြေက ဟင့်အင်းဆိုရင်တော့ အသစ်တခုသာ ပြန်ရေးပါတော့။ သက်ရှိလူသားတယောက်ကို ပြောလို့အဆင်ပြေတဲ့အဆင့်ကို မရောက်မချင်း ထပ်ကာ ထပ်ကာပြန်ရေးပါ။

မျက်နှာတည့်တည့်ကြည့်ပြီး ပက်ပက်စက်စက် ပြောပစ်လိုက်ရမှ အရသာရှိတယ် ထင်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ဒါမျိုးဆိုရင်တော့ ဒီဆောင်းပါးကလည်း မကူညီနိုင်ပါဘူး။ ယဉ်ကျေးလိမ္မာသင်တန်း ပြန်တက်ဖို့သာ ပြောရတော့မှာပဲ။

ရိုင်းစိုင်းတဲ့ စကားလုံးတွေ မသုံးသင့်တဲ့ နောက်တကြောင်းကတော့ စာလုံးတွေက အွန်လိုင်းပေါ်မှာ မှတ်တမ်းတင်ပြီးသားဖြစ်နေလို့ပါ။ လက်လှမ်းမမှီတဲ့ တနေရာမှာ သိမ်းပြီးသားဖြစ်သွားရင် အရိပ်လိုလိုက်လာတတ်တယ်လေ။

အမေရိကန်သမ္မတအိမ်ဖြူတော်က အိုလီဗာနော့ဆိုရင် ရေးထားသမျှ ဂရုတစိုက်ပြန်ဖျက်တာပဲ။ သူမသိတာက တခြားကွန်ပြူတာတခုက ဖျက်သမျှပြန်သိမ်းနေတာလေ။ နောက်ဆုံး တရားရုံးရောက်တော့ အကုန်လုံးလက်ပူးလက်ကြပ် မိကုန်ပါရောလား။ ဒီလို ရာဇ၀တ်မှုမျိုးတွေနဲ့ မပတ်သက်ဘူးဆိုရင်တောင် ပို့လိုက်သမျှသော စာတွေ၊သတင်းတွေဟာ တနေရာမှာ သိမ်းထားနိုင်တယ်ဆိုတာ သိထားရပါမယ်။

ဥပဒေသ (၂ ) အတွင်း နဲ့ အပြင် တူပါစေ

တကယ့်ဘ၀ထဲမှာ လူများစုဟာ ဥပဒေကို လေးစားကြပါတယ်။ အဖမ်းခံရ၊ ဖယ်ကျဉ်ခံရမှာစိုးတာကြောင့် ထင်ပါတယ်။ အွန်လိုင်းပေါ်မှာတော့ မဟုတ်တာလုပ်ပေမယ့် မိတဲ့အကြိမ်ကနည်းပါတယ်။ ဒါကြောင့်လည်း တခါတလေ ကွန်ပြူတာတဖက်မှာ လူရှိနေတာ သတိမထားမိပဲ ကျင့်ဝတ်မထိန်းတာ၊ ပုဂ္ဂိုလ်ရေး ထိခိုက်တာတွေကို လုပ်လို့ရတယ်လို့ ထင်မိတတ်တယ်။

လက်တွေ့ဘ၀နဲ့ အွန်လိုင်းဘ၀ကြားထဲမှာ ဇဝေဇ၀ါဖြစ်တတ်တာကို နားလည်ပေးလို့ရပေမယ့် အမှားကတော့ အမှားပါပဲ။ အတွင်းနဲ့ အပြင် အတူတူပါပဲ။ ကျင့်ဝတ်ဆိုတာ စောင့်စည်းဖို့ပါ။ တစုံတယောက်ကများ ဘာမှစောင့်စည်းနေစရာ မလိုပါဘူးလို့ ဆိုလာခဲ့ရင် မယုံပါနဲ့။ အွန်လိုင်းပေါ်မှာ ဒွိဟဖြစ်စရာတွေပေါ်ခဲ့ရင် အပြင်လောကမှာ လိုက်နာနေကျအတိုင်းပဲ လိုက်နာရမှာပါပဲ။ အဖြေရှာရမှာပါပဲ။

တကယ်လို့ ပိုက်ဆံပေး ရှဲ လုပ်ရတာမျိုးဆိုရင် ပေးလိုက်ပါ။ ဒါမှလဲ စာရေးတဲ့လူ ပိုများလာမယ်။ မဖြစ်စလောက်ငွေလေးက နောင်အရှည်သဖြင့်မှာ အွန်လိုင်းတခုလုံးအတွက် အကျိုးရှိစေနိုင်ပါတယ်။

ဥပဒေချိုးဖောက်တယ်ဆိုတာ မကောင်းတဲ့အကျင့်ပါပဲ။ အွန်လိုင်းပေါ်မှာ ဥပဒေမဲ့ လုပ်တာဟာလည်း အတူတူပါပဲ။ တချို့ဥပဒေတွေကတော့ ရှူပ်ထွေးပြီး နားလည်ဖို့ခက်ပါတယ်။ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးလည်း ဥပဒေတွေထုတ်ထားပါတယ်။ ဒီဆောင်းပါးက ဥပဒေစာအုပ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အပြင်လောကမှာကော၊ အွန်လိုင်းမှာပါ ဥပဒေဘောင်ထဲမှာ သတိထားနေဖို့ တိုက်တွန်းပါရစေ။

ဥပဒေသ (၃) မိမိနေရာ မိမိသိပါစေ။

အွန်လိုင်းတနေရာမှာ လက်ခံနိုင်တာတခုက နောက်တနေရာမှာ ရိုင်းချင်ရိုင်းနေမှာပါ။ ဥပမာ - ရုပ်မြင်သံကြားက အိမ်ရှင်မများ သတင်းပလင်း အစီအစဉ်မှာ အတင်းအဖျင်းတွေ ပြောတာ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဂျာနယ်သမားတွေရဲ့ စာပုံးထဲကို ကောလဟာလမျိုးစုံ လျှောက်ထည့်ရင်တော့ ဘယ်သူမှ မကြိုက်ပါဘူး။ တနေရာနဲ့ တနေရာ မတူဘူးဆိုတာကို နားလည်ရပါမယ်။

ဒါကြောင့်မို့ နေရာအသစ်တခုကိုရောက်ရင် သူများတွေ ပြောနေ၊ ရေးနေတာတွေကို အရင်ကြည့်ပါဦး။ ဘယ်လိုလူမျိုးတွေလည်းလို့ လေ့လာပါဦး။ ပြီးမှသာ ၀င်ပြောသင့်ပါတယ်။

ဥပဒေသ (၄) သူတပါးအချိန်ကို မဖြုန်းပါနဲ့။

အခုခေတ်မှာ လူတိုင်းအချိန်ရှားပါတယ်။ အိပ်ချိန်နဲနဲ အလုပ်ချိန်များများဖြစ်နေကြတယ်။ ဆွေးနွေးဖို့ အကြောင်းအရာတခု တင်ပြထားရင် ဒါကိုဖတ်ဖို့ အချိန်ပေးရပါတယ်။ ဒါကြောင့် သူများအချိန်ကို ဖြုန်းသလိုဖြစ်စေနိုင်တဲ့ ပို့စ်တွေ မတင်တာကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ သတင်းစီးဆင်းနှုန်းနဲ့ သိမ်းဆည်းထားဖို့ နေရာကလည်း အကန့်အသတ်ရှိပါတယ်။ ကိုယ်တယောက်တည်း သုံးနေတာမှ မဟုတ်တာ။ ဒါကြောင့် သတင်းတခုထဲကို မတော်တဆ ၅ ကြိမ်ပို့မိတယ်ဆိုရင် အချိန်ကိုကော နေရာကိုပါဖြုန်းတာပါပဲ။

နားထောင်လို့တော့ သိပ်မကောင်းဘူးပေါ့လေ။ ဒါပေမယ့်လည်း ကိုယ်တိုင်လည်းအလုပ်တွေထဲ ခေါင်းနှစ်နေရရင် ကျန်တာတွေ မေ့တတ်တာပါပဲ။ ဒါကြောင့် ကိုယ့်မေးခွန်းတွေကို တဖက်က ချက်ချင်းပြန်ဖြေဖို့ မမျှော်လင့်ပါနဲ့။ ကိုယ်က အားတက်သရောပြောနေပေမယ့် အားလုံးက သဘောတူခေါင်းငြိမ့်လိမ့်မယ်၊ အရေးလုပ်လိမ့်မယ်လို့လည်း မထင်ပါနဲ့။

ဥပဒေသ (၄) အုပ်စုဖွဲ့ ဆွေးနွေးခန်းမှာ ဂရုပြုစရာ

အများအားဖြင့် အုပ်စုအဖွဲ့ဝင်တွေဟာ ကွန်ပြူတာသုံးချိန်၊ မိသားစုနဲ့ နေချိန်၊ ကိုယ်ပိုင်အိပ်ချိန်စားချိန် စသဖြင့် အားချိန်နည်းပါတယ်။ ပြီးတော့ စာတပုဒ်ကို ဖတ်တော့မယ်ဆိုတာနဲ့ ဖွင့်ဖို့ကလည်း အချိန်ယူပါသေးတယ်။ နိဒါန်းပျိုးနေတာတွေကို ဖတ်ပြီးမှ သော့ချက်ကိုရောက်ရတာပါ။ တကယ်လို့များ ကြိုးစားပမ်းစားဖတ်ပြီး ဘာမှလည်းမဟုတ်ဘူးဆိုရင် အစာမကျေဘူး ဖြစ်တတ်ပါတယ်။

အရင်ခေတ်ကတော့ ကာဘွန်စက္ကူတွေသုံးပြီး မိတ္တူပွားရတာပါ။ တခါပွားရင် ၅ စုံထက်မပိုပါဘူး။ ဒါကြောင့် ဒီစာကို ဘယ်သူ့ဆီအဓိကပို့မလဲဆိုတာ သေသေချာချာစဉ်းစားရပါတယ်။ အခုတော့ ဒါတွေမလိုတော့ပါဘူး။ ကူးချင်သလောက်ကူး၊ ပွားချင်သလောက်ပွားလို့ရပါပြီ။ ဒါကြောင့်လည်း အကျင့်ပါပြီး ပွားချင်တိုင်း ပွားနေမိတတ်ပါတယ်။ လူတွေမှာ အချိန်ရှားပါတယ်။ သတင်းကလည်း စုံလွန်း များလွန်းပါတယ်။ ဒါကြောင့် အုပ်စုဝင်တွေ ဘာကြောင့်သိသင့်တာလဲလို့ ကိုယ့်ဘာသာ အရင်မေးကြည့်တာ ကောင်းပါတယ်။ မလိုအပ်ဘူးထင်ရင် မပို့ပါနဲ့။ လိုချင်လည်း လိုနိုင်တယ် ဆိုရင်တောင်မှ မပို့ခင် ၂ ခါပြန်စဉ်းစားပါဦးလေ။

ဥပဒေသ (၅) ကြည့်ပျော်ရှူပျော်ဖြစ်ပါစေ။


အွန်လိုင်းပေါ်မှာ အေးတိအေးစက်၊ စော်ကားမော်ကားလုပ်တတ်သူတွေနဲ့ ပြည့်နေတာပဲလို့ ထင်ကုန်ကြရင် မကောင်းပါဘူး။ ဒီလောက်ကျယ်တဲ့ ကမ္ဘာကြီးမှာ အွန်လိုင်းသုံးသူအများစုဟာ တခြားသူတွေက like လုပ်သွားတာ လိုချင်တတ်ကြပါတယ်။ တခါမှ မသိဖူးသူတွေနဲ့ ဆုံခွင့်ရတယ်။ သူတို့ကလည်း ကိုယ့်ကိုမမြင်နိုင်။ ကိုယ့်အပေါ်မှာ ဆံပင်အရောင်၊မျက်လုံးအရောင်၊ ကိုယ်ခန္ဓာအချိုးအဆက်၊ အသက်အရွယ်၊ အ၀တ်အစား စတာတွေနဲ့ မဆုံးဖြတ်ပဲ စာအရေးအသားနဲ့သာ ဆုံးဖြတ်မှာပါ။ စာလုံးတွေကို မသုံးချင်ရင် ဘယ်သူမှ အွန်လိုင်းမလာပါဘူး။ ဒါကြောင့် စာလုံးပေါင်းနဲ့ သဒ္ဒါကလည်း အရေးပါ ပါတယ်။

အွန်လိုင်းလည်း အသုံးများတယ်၊ ဒီဟာတွေကိုလည်း စိုးရွံ့တယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာပဲ လမ်းညွှန်စာအုပ်တွေ ဖတ်ရင်း၊ လေ့လာသင်ယူရင်း ပျော်စရာကောင်းလာမှာပါ။ အွန်လိုင်းသင်တန်းတွေ၊ ပြင်ပသင်တန်းတွေရှိရင်လဲ တက်လို့ရပါတယ်။ အသက်အရွယ်ကြီးရင့်သူများဆိုရင်တော့ အသိအကျွမ်းတွေပိုရလာပြီး ပိုပျော်စရာကောင်းပါလိမ့်မယ်။

ကိုယ်ရေးချင်တဲ့အကြောင်းအရာကို အဓိပ္ပါယ်ပေါက်အောင် ရေးပါ။ ကိုယ်တကယ်သိတဲ့ ကိစ္စဖြစ်ပါစေ။ ကိုယ်ကိုယ်တိုင် သဘောပေါက် နားလည်ထားတာလား၊ သူများပြောလို့ ယုံထားတာလားဆိုတာ အရင်မေးကြည့်ပါဦး။ ပို့စ်မတင်ခင်၊ အချက်အလက်တွေကို ပြန်မစစ်ခင် တကယ်တင်ချင်ရဲ့လားလို့ ထပ်မေးပါဦး။ သတင်းဆိုးတွေဟာ တောမီးလိုပျံ့လွယ်ပါတယ်။ တဆင့်စကား တဆင့်နားဖြစ်သွားရင် မူလဆိုလိုရင်း ပျောက်သွားတတ်ပါတယ်။ အွန်လိုင်းပဲဟာ၊ မှန်ကန်တိကျစရာမလိုဘူးလို့ ပြန်ငြင်းချင်လည်းငြင်းပါ။ ဒါပေမယ့် ကိုယ့်တာဝန်တော့ ကိုယ်ယူတတ်ရမှာပေါ့လေ။

နောက်တချက်ကလည်း မှတ်စုတွေရေးတဲ့အခါ ရှင်းရှင်းလင်းလင်း ကျိုးကြောင်းဆက်စပ်တာမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ စာတပိုဒ်လုံးမှာ သတ်ပုံ၊ သဒ္ဒါတလုံးမှ မမှားပေမယ့်လည်း ဘာပြောမှန်းမသိတာတွေ ဖြစ်တတ်ပါသေးတယ်။ အထူးသဖြင့် ကိုယ့်ကို အထင်ကြီးစေချင်တာနဲ့ စကားလုံးအကြီးကြီးတွေ သုံးမိတဲ့အခါမျိုးတွေမှာပေါ့။ ရိုးရိုးပဲရေးတာကောင်းပါတယ်။

တို့မီး၊ ရှို့မီးတွေ မရေးပါနဲ့။ ယဉ်ယဉ်ကျေးကျေး၊ လှလှပပလေးတွေရေးပါ။ ညစ်ညမ်းတဲ့စကားတွေ မသုံးပါနဲ့။ ဆန့်ကျင်လိုတာသက်သက်နဲ့ ဆန့်ကျင်ဘက်တွေမရေးပါနဲ့။

အွန်လိုင်းပေါ်မှာ ဆဲလို့ရသလား လို့ မေးကြပါတယ်။ အမှိုက်ကို ရွှေထင်တဲ့ နေရာတွေမှာတော့ လက်ခံမှာပါ။ ဆဲဆိုလိုက်ဖို့ လိုတယ်ထင်ရင်လည်း စာလုံးဖျောက်ပြီးသုံးနိုင်ပါတယ်။ ---င်၊ ----ာ စသည်ဖြင့်။ လူတိုင်းက ကိုယ်ဘာဆိုလိုတယ်လို့ သိမှာပါပဲ။ မလိုအပ်ပဲ သူများစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တာကောင်းပါတယ်။

ဥပဒေသ (၆) အဖိုးတန် ဗဟုသုတတွေကို ဝေမျှပါ။

ဆိုးတာတွေပြောပြီးသွားတော့ ကောင်းတာလေးတွေပြောပါရစေ။ အွန်လိုင်းရဲ့ မူလဘူတအစွမ်းက လူမျိုးစုံ အသုံးများတာပါ။ မေးခွန်းတွေကို အွန်လိုင်းပေါ်မှာ မေးလိုက်ရင် ဗဟုသုတကြွယ်ဝသူတွေ အများကြီးရှိနေတာမို့ အဖြေရနိုင်ပါတယ်။ တယောက် နှစ်ယောက်လောက်က ၀င်ပြောပေးလိုက်တာနဲ့ အကြံကောင်း ဥာဏ်ကောင်းတွေ တိုးလာပါတယ်။ အင်တာနက်ဆိုတာကို ရှာဖွေတွေ့ရှိပြီး ဖန်တီးတည်ဆောက်ခဲ့တဲ့ မူလရည်ရွယ်ချက်ကိုက သိပ္ပံပညာရှင်တွေဟာ သူတို့အချင်းချင်း ပညာဖလှယ်ချင်လို့ပါ။ တဖြည်းဖြည်းနဲ့မှ လူတွေအားလုံးပါလာကြတာပါ။

ဒါကြောင့်မို့ ကိုယ်သိတာလေး ကိုယ်ဝင်ပြောဖို့ မတွန့်ပါနဲ့။ မေးခွန်းတခုမေးလိုက်လို့ အဖြေတွေရလာတယ်ဆိုရင် အကျဉ်းချုပ်ကလေး ပြန်ရေးပြီး ဆွေးနွေးခန်းမှာ ပြန်တင်ပေးပါ။ ဒါမှလည်း တတ်သိသူတွေက အချိန်ကုန်ခံရေးပေးထားတဲ့ ဗဟုသုတတွေကို အားလုံးအတွက် အကျိုးရှိအောင် ပြန်သုံးနိုင်မှာပါ။

ကိုယ်တိုင်က တတ်သိပညာရှင်ဆိုရင်တော့ ပိုတောင်မှလုပ်ပေးနိုင်ပါဦးမယ်။ ကိုယ်တိုင်ဦးဆောင်ဆွေးနွေးတာတွေ၊ အများစိတ်ဝင်စားမယ့် အကြောင်းအရာကို ရေးတင်တာမျိုးတွေ၊ မေးခွန်းထုတ်တာတွေ လုပ်နိုင်ပါတယ်။ ဗဟုသုတဝေမျှတယ်ဆိုတာ ပျော်စရာကြီးပါ။ ဒါဟာအွန်လိုင်းရဲ့ ရိုးရာဓလေ့ထုံးစံပါ။ ကမ္ဘာကြီးကိုလည်း ပိုကောင်းစေတယ်လေ။

ဥပဒေသ (၇) ၀င်ရောက်ဖြန်ဖြေပါ။

တခြားသူတွေက ပြင်းပြင်းထန်ထန်ရေးနေကြပြီ၊ အခိုင်အမာတွေ ဆုပ်ကိုင်ငြင်းနေပြီဆိုရင် သွေးဆူလာတတ်ကြပါတယ်။ ဒီအချိန်မှာ နဲနဲအရှိန်ဝင်လျှော့ပေးဖို့ လိုပါတယ်။ အွန်လိုင်းမှာ သွေးဆူ၊ သွေးပူခွင့်မရှိဘူးလားဆိုတော့ ရှိတာပေါ့။ သွေးဆူတယ်ဆိုတာ အွန်လိုင်းရဲ့ ရိုးရာပါပဲ။ ဒါကို အပြောင်အပျက် ရယ်စရာ မောစရာလုပ်ပေးလိုက်ရင် ပျော်စရာဖြစ်သွားပါရော။ တခါတလေတော့လည်း အရှိန်မသေသေးရင် ဆက်ဖြစ်ပေါ့လေ။

ဒါပေမယ့်လည်း အွန်လိုင်းကျင့်ဝတ်မှာ တဖက်နဲ့တဖက် မပြီးနိုင် မစီးနိုင် တိုက်ခိုက်နေတာတွေ၊ ရန်စနေတာတွေ၊ စော်ကားနေတာတွေကိုတော့ ခွင့်မပြုသင့်ပါဘူး။ ဒါက အဖွဲ့တခုလုံးကို စိတ်ပျက်စေပါတယ်။ တခြားမဆိုင်သူတွေအပေါ်မှာလည်း မတရားရာရောက်ပါတယ်။ အစပိုင်းမှာတော့ စကားနိုင်လုနေတာကို ၀ိုင်းကြည့်ရတာ ပျော်စရာကောင်းသလိုလိုပေါ့။ နောက်ပိုင်းမှာတော့ ၀င်မပါတဲ့သူတွေက ပျင်းသွားတာပါပဲ။ ကိုယ်တွေချည်းပဲ လက်ဝါးကြီးအုပ်ထားသလိုဖြစ်နေတာ မသင့်တော်ပါဘူး။

ဥပဒေသ (၈) တခြားသူများရဲ့ အတွင်းရေးကို မစပ်စုပါနဲ့၊

လုပ်ဖော်ကိုင်ဖက်ရဲ့ အံဆွဲကို ခွင့်မတောင်းပဲ ဖွင့်ကြည့်ဖို့ မသင့်တော်သလိုပဲ သူများစာတွေကို ဖွင့်မဖတ်ပါနဲ့။ နမူနာတခုကတော့ ဂျာနယ်တိုက်တခုမှာ စာတွေဖွင့်ဖတ်ခံရတယ်လို့ သံသယရှိတဲ့အခါ သတင်းအတုတခုကို ထည့်ထားလိုက်ပါတယ်။ ဖတ်တဲ့လူက အဲဒီသတင်းအတုအကြောင်း မေးလာတဲ့အခါ မိသွားတာပေါ့။ ဒါနဲ့ သူ့ကို တခြားနေရာပို့ပစ်လိုက်ပါတယ်။ သူများအတွင်းရေးစပ်စုတာ အလုပ်ပြုတ်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။

ဥပဒေသ (၉) လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ပါနဲ့။

တချို့လူတွေဟာ အင်တာနက်မှာ ဆရာကြီးတွေပါ။ ကွန်ပြူတာစနစ်နဲ့ အင်တာနက်ကို သူများတွေထက် ပိုကျွမ်းကျင်ရုံနဲ့ သူများဆီက အခွင့်အရေးပိုယူဖို့ မသင့်ပါဘူး။ ဥပမာ -- ဌာနမှုးက လက်အောက်ငယ်သားတွေရဲ့ ကိုယ်ပိုင်စာတွေကို မဖတ်ရပါဘူး။

ဥပဒေသ (၁၀) သူများအမှားတွေကို ခွင့်လွှတ်လိုက်ပါ။

လူတိုင်းက အွန်လိုင်းမှာ လူသစ်ဖြစ်ဖူးကြတာပါပဲ။ ဒီဆောင်းပါးကိုလည်း လူတိုင်းဖတ်ဖူးတာမှ မဟုတ်တာ။ ဒါကြောင့် သတ်ပုံမှားတာ၊ အူကြောင်ကြောင်မေးတာ၊ မလိုအပ်ပဲ စကားကြောရှည်တာတွေကို သည်းခံလိုက်ပါ။ အသေးအဖွဲဆိုရင် ပြောနေဖို့တောင် မလိုပါဘူး။ ပြောဖို့လိုတယ် ထင်ရင်တောင် ၂ ခါပြန်စဉ်းစားပါ။ ကိုယ်တော်တာနဲ့ပဲ သူများကိုဆရာလုပ်တာ ဘယ်ကောင်းပါ့မလဲ။ မှားနေတယ်လို့ ပြောတော့မယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးပြောပါ။ အများရှေ့မှာမပြောပဲ တဦးထဲကို စာပို့ပြောပါ။ ဘယ်လိုပြောပြော သူ့ဘက်က ဒီထက်ကို ပိုမသိတော့တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆရာကြီးလေသံ မဖမ်းပါနဲ့။ သူ့အမှားကို ကိုယ့်အမှားမဖြစ်ပါစေနဲ့။ ကျင့်ဝတ်နဲ့ ညီ မညီငြင်းကြရင်းနဲ့ ကျင့်ဝတ်နဲ့မညီပဲကို ရန်ဖြစ်တတ်ကြောင်း သတြိပုတော်မူကြပါကုန်။

Thandar Win

သမိုင်းဆိုတာ ဟောင်းလေတန်ဖိုး ကြီးလေပါပဲ။ နိုင်ငံတစ်နိုင်ငံပဲဖြစ်ဖြစ်၊ လူ ပုဂိ္ဂုလ်တစ်ဦးတစ်ယောက်ပဲဖြစ်ဖြစ် အချိန် ကြာလာတာနဲ့အမျှ သမိုင်းတန်ဖိုးမြင့် တက်လာတတ်ပါတယ်။ ကုန်ကုန်ပြောရ ရင် အိုးခြမ်းပဲ့လေးတစ်ခုကတောင် သူ့ သမိုင်းနဲ့သူရှိနေတတ်တယ်။
အိုးခြမ်းပဲ့ဆိုပြီး တန်ဖိုးမဲ့လိမ့်မယ် မထင်လိုက်ပါနဲ့။ သူ့မှာ ဖွဲ့တည်နေတဲ့ အချိန်ကာအလျှောက် သူ့ခေတ်သူ့ကာလ က လူနေမှုစနစ်ကို ပြောပြနေတယ်။ သာမာန်လူတွေနားမလည်နိုင်ပေမဲ့ သမိုင်း ပညာရှင်တွေကတော့ အိုးခြမ်းပဲ့ကပြော တဲ့ သမိုင်းကိုနားလည်နေကြတယ်။

အိုးခြမ်းပဲ့မှာပါဝင်နေတဲ့ ရွှံ့မြေအမျိုး အစား၊ သူ့မှာ ကပ်ငြိနေတဲ့ နွယ်၊ မြက်၊ သစ်ရွက်၊ သူ့ကိုအလှဆင်ထားတဲ့ ပန်းချီ၊ အနုပညာ အားလုံးပေါင်းစပ်ကြည့်လိုက် ရင် သမိုင်းမှတ်တမ်းတစ်စောင်ရနိုင်တဲ့ အထိ အိုးခြမ်းပဲ့တစ်ခုဟာ သမိုင်းဝင် ပစ္စည်းဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မို့လည်း ဆရာတင်မိုးပြောခဲ့သလို အလှ ကိုယ်စီရှိကြတာချည်းပါပဲ။

အခုဆိုရင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ပုဂံအာနန္ဒာဘုရားမှာနံရံ ဆေးရေးပန်းချီတွေကို ပြန်လည်ဖော်ထုတ် နေပြီ။ နှစ်ပေါင်းများစွာ ချေးညှော်တွေ ကပ်နေတဲ့ နံရံဆေးရေးပန်းချီတွေ၊ ထုံး သုပ်ထားလို့တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ပန်းချီတွေကို အိနိ္ဒယနိုင်ငံရဲ့အကူအညီ နဲ့ ပြန်လည်ဖော်ထုတ်နေတာကိုဖြင့် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
နံရံဆေးရေးပန်းချီတွေကလဲ ပုဂံ ခေတ်ရဲ့ လူနေမှုဘ၀ကို အတန်အသင့် ပြောပြနိုင်မယ်ထင်ပါတယ်။ ပုဂံမှာရှိတဲ့ ဂူဘုရားတွေရဲ့ နံရံဆေးရေးပန်းချီတွေဟာ ဖြင့် ပုဂံခေတ်ရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုတွေကို အများကြီး ပြောပြနေတာလေ့လာတွေ့ရှိရပါတယ်။ နှစ်ပေါင်းထောင်ချီကြာမြင့်နေပြီဖြစ်တဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဟာ ဖြင့် တန်ဖိုးကြီးမားတဲ့ သမိုင်းအမွေအနှစ် တွေကို ချန်ရစ်ခဲ့တာတော့ အမှန်ပါပဲ။

ဒီလိုပါပဲ မြန်မာ့သမိုင်းမှာ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ တဲ့ အနော်ရထာ၊ ဒုတိယမြန်မာနိုင်ငံ တော်ကြီးကို တည်ထောင်ခဲ့တဲ့ ဘုရင့် နောင်ကျော်ထင်နော်ရထာ၊ တတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ တဲ့ အလောင်းဘုရား ဦးအောင်ဇေယျ၊ နောက်ဆုံးစတုတ္ထမြန်မာနိုင်ငံတော်ကြီး ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်း။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားအချို့ ကတော့ ဒီအဆိုကို သဘောတူကောင်း မှ တူကြမှာပါ။ ဒါပေမဲ့လည်း ပြည်သူလူ ထုတစ်ရပ်လုံးရဲ့ရင်ထဲမှာရှိခဲ့တာက ဗိုလ် ချုပ်အောင်ဆန်းပါပဲ။ (၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်)နေ့ကတည်းက သူ့ကျွန်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံကို လွတ် လပ်ရေးလမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ သူဟာ ဗိုလ်ချုပ်အောင်ဆန်းပါ။ လွတ် လပ်ရေးမီးရှူးတိုင်ကို ထွန်းညှိပေးခဲ့တဲ့ သူဟာ ဗိုလ်ချုပ်အောင်ဆန်းပါ။ ကျန်တဲ့ သူတွေက လွတ်လပ်ရေးမီးရှူးတိုင်ကို ၀ိုင်း ၀န်းထိန်းသိမ်းရင်း လက်ဆင့်ကမ်းသယ် ယူလာတဲ့သူတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မို့လည်း ဗိုလ်ချုပ်အောင်ဆန်းကို စတုတ္ထ မြန်မာနိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ သူလို့ ပြည်သူတစ်ရပ်လုံးက ဂုဏ်ပြုခေါ် ဝေါ်ခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင် ဆန်း၊ ဦးအောင်ဆန်းလို့ခေါ်ဝေါ်နေကြ တာဟာဖြင့် ပြည့်စုံလုံလောက်မှုမရှိဘူး ထင်ပါတယ်။ ကျွန်တော်သဘောပြောရ ရင် ““မဟာအောင်ဆန်း””လို့တောင် ခေါ် လိုက်ချင်တယ်။
ခေါ်လည်းခေါ်ထိုက်မယ်လို့ထင်ပါ တယ်။

ပုဂံခေတ်ကနေ မျက်မှောက်ခေတ် အထိ သူ့လိုယောက်ျားမျိုးဘယ်နှစ်ယောက် ပေါ်ထွန်းခဲ့ဖူးလို့လဲ။ စစ်ရေးအမြင်၊ နိုင်ငံ ရေးအမြင်၊ စီးပွားရေးအမြင်၊ လူတန်းစား အမြင် ဘက်ပေါင်းစုံအမြင်ကျယ်ကျယ် နဲ့ ရှုမြင်သုံးသပ်ခဲ့တဲ့ ခေါင်းဆောင်တစ် ယောက်ပါ။ ပဒေသရာဇ်ခေါင်းဆောင် တွေလို လူမျိုးကြီးဝါဒကျင့်သုံးပြီး နိုင် ထက်စီးနင်းအနိုင်ယူတာမျိုးမလုပ်ခဲ့ဘူး။ အားလုံးတန်းတူအခွင့်အရေးပေးပြီး တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးကို ဖော် ဆောင်ပေးခဲ့တယ်။ ဗမာတစ်မျိုးသားလုံး လွတ်လပ်ပြီး တိုင်းရင်းသားတွေကတော့ နယ်ချု့လက်အောက်မှာ ကျွန်သားပေါက် ဘ၀ရောက်နေမှာကို မလိုလားဘူး။ ဗမာ တစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ ကချင်တစ်ကျပ်၊ မွန်တစ်ကျပ်၊ ကရင်တစ်ကျပ်၊ ရခိုင်တစ် ကျပ်၊ အားလုံးအေးတူပူအမျှ သာယာဝ ပြောတဲ့ မြန်မာနိုင်ငံအဖြစ် အမှန်တကယ် သူမြင်ချင်တယ်။ ဒါကြောင့်မို့လဲ ပင်လုံ စာချုပ်ကို သည်းခံခွင့်လွှတ်နားလည်မှု တွေပေးပြီး ညီညွတ်ရေးစာချုပ် ချုပ်ဆို နိုင်အောင် သူကြိုးပမ်းခဲ့တယ်။ သူကွယ် လွန်ပြီးကာမှ နိုင်ငံတော်ဝါးအစည်းပြေ သွားတာဟာ သူ့ရဲ့ပယောဂမဟုတ်တော့ ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ့ရဲ့နောက်ဆုံးထွက်သက်အထိ နိုင်ငံ တော်ရဲ့သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားခဲ့တဲ့သူပါ။ ဒါကြောင့်မို့ လဲ ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ ရဲ့ ကြီးမြတ်သော ခေါင်းဆောင်ကြီးအဖြစ် ““မဟာအောင်ဆန်း””ရယ်လို့ ဂုဏ်ပြုခေါ် ဝေါ်လိုက်ချင်တာပါ။

အဲဒီမဟာအောင်ဆန်းဆိုတဲ့ လူ တစ်ယောက် ကျွန်တော်တို့ချောက်မြို့ကို ရေက်လာခဲ့ဖူးတယ်။ သူနဲ့ပတ်သက်တဲ့ သမိုင်းတစ်ခုဟာဖြင့် ပြောစမှတ်ဖြစ်ပြီး ကျန်ရစ်စေချင်သလို နောင်လာနောင် သားတွေလည်း အတုယူစေချင်တယ်။ ဒီ သမိုင်းတစ်ကွက်ကိုလဲ အသက်(၈၀) ကျော်နေပြီဖြစ်တဲ့ အဘဦးဝင်းမောင်ဆီ က ကြားခဲ့ရလို့ မှတ်တမ်းတင်လိုက်ရတာ ပါ။ မြန်မာနိုင်ငံမှာ သခင်အရေအတွက် တွေ လျော့နည်းလို့လာပါပြီ။ မြန်မာနိုင်ငံ ရဲ့လွတ်လပ်ရေးသမိုင်းဟာ သခင်တွေ မပါရင် မပြည့်စုံပါဘူး။ မြန်မာ့လွတ်လပ် ရေးနဲ့ သခင်တွေရဲ့ အခန်းကဏ္ဍဟာ ဒင်္ဂါးတစ်ပြားရဲ့ခေါင်းနဲ့ ပန်းလိုခွဲခြားပစ် လို့မရပါဘူး။ သခင်တွေရဲ့ လွတ်လပ်ရေး ကြိုပမ်းမှု အတိုင်းအတာတစ်ခုကြောင့် မြန်မာလွတ်လပ်ရေးရတာပါလို့ပြောရင် ငြင်းနိုင်မယ်မထင်ပါဘူး။ ဒါကြောင့်မို့လဲ သခင်ဆိုရင် ဦးညွှတ်ဂုဏ်ပြုချင်တော့တာ ပါပဲ။

အဘဦးဝင်းမောင်ပြောပြလို့ သခင် အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦး အောင်ဆန်း၊ မဟာအောင်ဆန်းဟာ ချောက်မြို့ကို ၁၉၄၇ ခုနှစ် မတ်လ (၂၃) ရက်နေ့မှာရောက်လာခဲ့ပါတယ်။ ချောက် ကိုမလာခင်ချောက်မြို့ရဲ့ မြောက်ဖက်မှာ ရှိတဲ့ စဥ့်ကူဆိုတဲ့မြို့ကို အရင်သွားပါ တယ်။ စဥ့်ကူမြို့မှာရှိတဲ့ ဦးစံလှ-ဒေါ်ဖြူ လှရဲ့တိုက်မှာ တည်းခိုနားနေပြီး မြို့သူ မြို့သားတွေကို မိန့်ခွန်းပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို မြို့လူထုက သြ ဘာစာတွေဖတ်ပြီး ကြိုဆိုဂုဏ်ပြုတာကို ဗိုလ်ချုပ်ကမကြိုက်ပါဘူး။ ဒီတော့လည်း ရှင်းရှင်းပဲပြောလိုက်တယ်။ ““သြဘာစာ ဖတ်နေလို့ လွတ်လပ်ရေးမရနိုင်ဘူး အချင်းချင်း ညီညီညွတ်ညွတ်စည်းစည်း လုံးလုံးလုပ်မှ လွတ်လပ်ရေးရနိုင်မယ်လို့ ပြောသွားခဲ့ပါတယ်။””

ခြောက်မြို့က ပြည်သူ့ရဲဘော်တွေ ကလဲ ဗိုလ်ချုပ်အောင်ဆန်းကို စဥ့်ကူမြို့ ထိသွားပြီး ကြိုကြပါတယ်။ အဲဒီတုန်းက ပြည်သူ့ရဲဘော်ဆိုတဲ့သူတွေကတော့ ဗိုလ် မြတ်ကျော်၊ စလေဗိုလ်ဝ၊ သခင်သံခဲ၊ သခင်စံဦး၊ သခင်ခင်မောင်ညို၊ သခင်ခင် မောင်ဖြူတို့ဖြစ်တယ်လို့ သိရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့သားတပည့် တွေဖြစ်တဲ့ ပြည်သူ့ရဲဘော်တွေဟာ ချောက်မြို့ကနေပြီး စဥ့်ကူးမြို့အထိ လာ ကြိုနေတာကိုတွေ့ရတော့ ဗိုလ်ချုပ်အောင် ဆန်းက ဒီလိုပြောပါသတဲ့။ ““ငါ့ကို လာ ကြိုစရာလဲမလိုဘူး၊ စောင့်ရှောက်စရာ လည်းမလိုဘူး။ မင်းတို့တကယ်စောင့် ရှောက်ရမှာက ပြည်သူလူထုပဲ””လို့ ပြော ပါသတဲ့။
ဟုတ်ပါတယ်။ လက်နက်ကိုင်အဖွဲ့ အစည်းဆိုတာ ကိုယ့်ခေါင်းဆောင်ကို ကာကွယ်ဖို့ထက် ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ဖို့က ပဓာနကျပါတယ်။ တကယ် တော့ နိုင်ငံသားတွေဆိုတာ အားကိုးရာ မဲ့တဲ့သူတွေပါ။ သူတို့ရဲ့ဘ၀ဟာ လုံခြုံ မှုမရှိပါဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တည် ငြိမ်အေးချမ်းနေတဲ့ ကာလမျိုးမှာသာ နိုင်ငံသားတွေရဲ့ လူနေမှုဘ၀က လုံခြုံ တာပါ။ လွတ်လပ်ရေးမရသေးတဲ့ ကြား ကာလမျိုးမှာ လက်နက်ကိုင်သောင်းကျန်း သူတွေရဲ့ ရမ်းကားမှုတွေကြောင့် ပြည်သူ လူထုဟာ ကျီးလန့်စာစားဖြစ်နေကြရ ။အဲဒီလိုကျီးလန့်စာစားဘ၀ရောက် နေကြတဲ့ ပြည်သူလူထုကို ပြည်သူ့ရဲ ဘော်တွေအနေနဲ့ စောင့်ရှောက်ရမယ် လို့ ဗိုလ်ချုပ်အောင်ဆန်းက သြ၀ါဒခြွေ သွားခဲ့ခြင်းဖြစ်ပါတယ်။

တကယ်တော့ လက်နက်ကိုင်အဖွဲ့ အစည်းဆိုတာ မီးလိုပါပဲ။ သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်း ဆိုတာ ရှိသင့်ပါတယ်။ သူ့ရဲ့အခန်းကဏ္ဍ ကို ပစ်ပယ်ထားလို့မရပါဘူး။ သူလဲအရေး ပါတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံ တော်ရဲ့ လုံခြုံရေး၊ အေးချမ်းသာယာ ရေးဟာ (လက်နက်ကိုင်အဖွဲ့အစည်း)ရဲ့ ခံယူချက်အမြင်ပေါ်မှာ မူတည်နေပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူ့ ရဲဘော်တွေကို ပြောခဲ့သလို ပြည်သူလူထု ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စောင့် ရှောက်တဲ့အဖွဲ့အစည်းအဖြစ် ရပ်တည် နေသမျှကာလပတ်လုံး ပြည်သူလူထုရဲ့ မေတ္တာကိုရရှိနေကြမှာပဲဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ စိတ်သဘောထားချင်းကွဲ တဲ့နေ့ဟာလဲ တိုင်းပြည်ပျက်တဲ့နေ့ပဲဖြစ် ပါလိမ့်မယ်။

ဒီကနေ့ မြန်မာနိုင်ငံတော်ဟာ ဒီမို ကရေစီနိုင်ငံတော်သစ်ပြန်လည်တည် ဆောက်ဖို့အတွက် အရှိန်ယူနေဆဲကာလ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ နှစ်ပေါင်းများစွာ ခံစားလာ ခဲ့ရတဲ့ စိတ်ဝေဒနာတွေကို ပြန်လည်ကု စားနေကြရတဲ့ ကာလမျိုးပါ။ ရင်ထဲမှာ မွန်းကြပ်နေအောင် ဖိနှိပ်ခံစားလာခဲ့ရတဲ့ ပြည်သူလူထုဟာ ဒီမိုကရေစီ ရေကြည် တစ်ပေါက်သောက်ရဖို့အတွက် ဘယ် လောက်ရုန်းကန်ခဲ့ရတယ်ဆိုတာ အားလုံး အသိပဲဖြစ်ပါလိမ့်မယ်။ ရဟန်းရှင်လူ၊ ပြည်လူ/ပြည်သားတွေနဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ဘ၀တွေ အများကြီး ရင်းနှီးပေးဆပ်ခဲ့ကြရပါတယ်။ နံနက်ခင်းရဲ့ နေရောင်ခြည်နဲ့ အတူရှင် သန်ကြီးပြင်းကြရမယ့် သားကောင်းရတ နာတွေဟာ အမှောင်လွှမ်းသောကာလ တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရလို့ တိုင်းပြည် ချောက်ထဲကျရောက်သွားကြရပြန်ပါ တယ်။ နိုင်ငံအတွက် ပြန်လည်ထူထောင် ရေးမှာ တစ်တပ်တစ်အား ပါဝင်ရမယ့် သူတွေဟာ နိုင်ငံတော်အချုပ်အခြာအာ ဏာတည်တံ့ခိုင်မြဲရေးအတွက် အသက် ပေးစတေးခံလိုက်ကြရတယ်။ ဒီလိုနဲ့ပဲ မြန်မာနိုင်ငံတော်ကြီးဟာ တစ်ကနေပြီး ပြန်စကြရတဲ့ အခြေအနေမျိုးကြုံခဲ့ကြ ရပြန်ပါတယ်။ အခြားနိုင်ငံတွေက ရှေ့ကို ခြေလှမ်း လေး၊ ငါးဆယ်ရောက်နေပေမဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကဖြင့် အကြိမ်ကြိမ်အခါခါ တစ်ကပြန်စနေရလို့ ခရီးမတွင်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

မျက်မှောက်ခေတ်ကမ္ဘာကြီးရဲ့ တောင်းဆိုချက်နဲ့အတူ ပြည်သူတစ်ရပ် လုံးကလဲ ဒီမိုကရေစီအလင်းရောင်သစ် ကို မြင်တွေ့လိုလှပါပြီ။ ပြည်သူတစ်ရပ်လုံး လျှောက်လှမ်းကြရမယ့် ဒီမိုကရေစီလမ်း မကြီးပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာတပ်မတော်က လက် တွဲညီညီလိုက်ပါနိုင်ကောင်းရဲ့လို့ ခံစားမိ ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆန္ဒနဲ့တစ်ထပ် တည်းကျတဲ့ မိန့်ခွန်းတစ်ရပ်ကို သူ့ရဲဘော် တွေကို ပြောပြခဲ့ပါတယ်။

တကယ်တော့ စစ်သားကောင်း တစ်ယောက်ဟာ စစ်စည်းကမ်းတွေကို တိတိကျကျ လိုက်နာပြီး လက်နက်အား ကိုး အနိုင်ကျင့်ဗိုလ်ကျစိုးမိုးတာမျိုးတွေသာမလုပ်ဘူးဆိုရင်သိကြားမင်းကလက်အုပ်ချီရှိခိုးရမယ့် ယောက်ျားကောင်း၊ ယောက်ျားမြတ်များသာဖြစ်ပါတယ်။ ဒီလိုယောက်ျားကောင်း၊ ယောက်ျားမြတ် တွေ ဖြစ်လာနိုင်အောင်လည်း တပ်မတော် ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် တပ်မတော်ခေါင်းဆောင်တွေ ဟာ လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြဖူးပါ တယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့သူ့ရဲရဲဘော်တွေကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်ပြီးတဲ့ နောက် ချောက်မြို့ကိုရောက်ရှိလာပါ တော့တယ်။ ချောက်မြို့ကိုရောက်တယ် ဆိုရင်ပဲ ရေနံမြေမန်နေဂျာဆိုတဲ့သူတွေ နဲ့ အလိုတော်ရိတွေ၊ မြို့မျက်နှာဖုံးတွေက ဗိုလ်ချုပ်ကို ထမင်းစားပွဲနဲ့ ဧည့်ခံဖျော် ဖြေဖို့ကြိုးစားပါတယ်။ ဒီနေရာမှာ ပို စတာတိုက်ပွဲလေးတစ်ခုဖြစ်သွားတယ်လို့ မှတ်သားရပါတယ်။
ဒီလိုပါ။ ဈေးအနောက်ဖက် ခေတ် သစ်စတိုးပိုင်ရှင် ဦးခင်မောင်ဖြူ၊ ဒေါ်သန်း ရီတို့ရဲ့ ဆိုင်ရှေ့မှာ ““ဗိုလ်ချုပ်၊ အလိုတော် ရိတွေက ဗိုလ်ချုပ်ကို ညာတော့မယ် သတိထားပါ”” ဆိုတဲ့ ပိုစတာကိုကပ်ပြီး တိုက်ပွဲဝင်ခဲ့သတဲ့။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့အပါးတော်မြဲ ဗိုလ်ထွန်းလှက ဒီသတင်း ကို ဗိုလ်ချုပ်ကို အသိပေးလိုက်ပါတယ်။ ဗိုလ်ချုပ်လဲ မန်နေဂျာနဲ့ အလိုတော်ရိ တွေရဲ့ ဖိတ်ကြားချက်ကို လက်မခံတော့ ဘဲ (ယခု သာသနာ့ဗိမာန်)ရှိတဲ့ မြေကွက် လပ်မှာရောက်နေကြတဲ့ ချောက်မြို့သူ/ မြို့သားတွေဆီကို တိုက်ရိုက်သါားပြီး မိန့်ခွန်းပြောပါတော့တယ်။ နံနက် (၁၀) နာရီလောက်ရှိပြီလို့ သိရပါတယ်။

အဲဒီလူထုဟောပြောပွဲမှာ ဗိုလ်ချုပ် က ပုံပြင်တစ်ပုဒ်ကို ဥပမာဆောင်ပြီး ပြောသွားတယ်လို့ အဘဦးဝင်းမောင်က ပြောပြပါတယ်။ အဲဒီပုံပြင်ကတော့ ဘုရင် ဖြစ်ဖို့ ကံဇာတာရှိတဲ့သူတစ်ယောက်ကို ရွှေထီးဆောင်းရလိမ့်မယ်လို့ ဗေဒင်က ဟောပေမဲ့ ဘုရင်ဖြစ်ထိုက်လောက်တဲ့ ကြိုးစားအားထုတ်မှုမရှိဘဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားမိလို့ နောက်ဆုံးသုသာန်မှာ အားပြတ်ပြီးလဲနေတုန်း ဘုရင်ကသနား လို့ ရွှေထီးဆောင်းပေးလိုက်ရတယ်ဆိုတဲ့ ပုံပြင်ကိုပြောပြီး ချောက်မြို့သူ/မြို့သား တွေလဲ လွတ်လပ်ရေးတော့ရမှာပဲဆိုပြီး ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားကြရင်တော့ လွတ်လပ်ရေးမရဘဲ သူ့ကျွန်ဘ၀နဲ့ သေ ကြရလိမ့်မယ်လို့ ပြောခဲ့တယ်ဆိုပဲ။ လူထု ဟောပြောပွဲအပြီးမှာတော့ အမျိုးသမီး ခေါင်းဆောင် သခင်မဒေါ်တင်ရွှေ(ရွာ ဟောင်း)က ဘူးသီးငါးပေါင်းကြော်နဲ့ ဧည့်ခံလိုက်တယ်လို့လဲ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်အဖြစ် အဘဦးဝင်း မောင်က ပြန်ပြောင်းပြောပြတာကို မှတ် တမ်းတင်ရင်း ဒီမိုကရေစီခရီးလမ်းမှာ အပ္ပမာဒေန သမ္ပာဒေထလို့ပဲ နိုးဆော် လိုက်ပါရစေလားခင်ဗျာ။



သိန်းမြင့်ညို(ချောက်)
့Hot news weekly


HHmone Shwe Yee... by Saw Moon Light & Bell Musicians

Published on 25 Apr 2013

Hmone Shwe Yee is the most famous and popular song of Myanmar.

Most Burmese can sing this song easily and handily.

On 2013 April 21... Music Composer Saw Moon Light presented

This Hmone Shwe Yee Song with American "Bell" Musicians

at the Citrus College Haugh Performing Arts Center.

All the Burmese Audience at the show sang along with the Music

at the ending.

Nilar Sein


တရုတ်နှင့် ဆက်ဆံရေးတွင် တင်းမာသည်ဟု ယူဆရဖွယ်ရှိသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံသို့ လာမည့် မေလအတွင်း လာရောက်မည်ဟု ဂျပန်မီဒီယာများက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်ထားပုံရသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ မြန်မာနိုင်ငံ ခရီးစဉ်သည် မေ ၂၅ နှင့် ၂၆ ရက်များတွင် ဖြစ်နိုင်ဖွယ်ရှိသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုကို မြှင့်တင်ရန်အတွက် လာရောက်ခြင်း ဖြစ်သည်ဟု ဆို...

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုကို မြှင့်တင်ရန်အတွက် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းသည် ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍတွင် ဂျပန်နိုင်ငံ၏ ကူညီမှုများနှင့် ပတ်သက်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

ထို့အပြင် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူနည်းစု ဒေသများတွင် ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် နည်းပညာ အကူအညီပေးခြင်း စသည့် အစီအစဉ်ကိုလည်း ခရီးစဉ်အတွင်း ကြေညာဖွယ်ရှိသည်ဟု သိရသည်။

ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်မည်ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာကီယိုဖုကုဒသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

ဂျပန်ဝန်ကြီးချုပ်သည် ပြီးခဲ့သည့် သီတင်းပတ်များက ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ထပ်မံတွေ့ဆုံ သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ၂၀၁၁ ခုနှစ် မတ်လတွင် တက်လာပြီး နောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်လာ၍ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့တွင် ကူညီထောက်ပံ့မှုများကို ပိုမိုပြုလုပ်လာခဲ့သည်။ မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကိုလည်း လျော်ပစ်ခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် စီးပွားရေး တိုးတက်ရေးအတွက် ကူညီမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အနာဂတ် တည်ဆောက်ရေးတွင် ကူညီမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်။

ရှင်ဇိုအာဘေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသည့် ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ရှင်ဇိုအာဘေးသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလမှ ၂၀၀၇ ခုနှစ် စက်တင်ဘာလအထိ ဂျပန်ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အငယ်ဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ဂျပန် စစ်ရာဇ၀တ်သားများကို မြှုပ်နှံထားသော ရာစုကုနိ ဂူဗိမာန်ကို ရှင်ဇိုအာဘေးက သွားရောက်လည်ပတ် ခဲ့သည်ဟု ဂျပန်မီဒီယာများက ၂၀၀၆ ခုနှစ် သြဂုတ်လတွင် ဖော်ပြခဲ့ရာ ဂျပန်နှင့် တောင်ကိုရီးယား အစိုးရတို့က အဆိုပါ သွားရောက်လည်ပတ်မှုအတွက် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ထို့အတွက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် နိုင်ငံခြားရေးဝန်ကြီး တာယိုအာဆိုတို့က ရာစုကုနိသို့ သွားရောက်လည်ပတ်မှု မှန်သမျသည် ပြည်တွင်းရေးသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

သို့ရာတွင် ရှင်ဇိုအာဘေးသည် ၀န်ကြီးချုပ်သက်တမ်း တစ်နှစ်အတွင်း အစိုးရ အဖွဲ့ဝင် ၀န်ကြီးအချို့၏ ငွေကြေးအရှုပ်တော်ပုံနှင့် ကိုယ့်ကိုယ်ကို သတ်သေမှု၊ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် အာဘေး၏ ပါတီ အကြီးအကျယ် ရှုံးနိမ့်မှုတို့သည် ပြည်သူအကြား ရေပန်းမစားတော့ဘဲ ရှိလာရာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် ရှင်ဇိုအာဘေးက ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ရုတ်တရက် ကြေညာခဲ့သည်။

ရှင်ဇိုအာဘေးသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အတိုက်အခံ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ဂျပန်လွှတ်တော်က ရှင်ဇိုအာဘေးအား ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့သည့်အတွက် ၎င်းသည် ဂျပန်ဝန်ကြီးချုပ် တစ်ဖန် ပြန်ဖြစ်လာခဲ့သည်။

ရှင်ဇိုအာဘေးက ၎င်း၏ ပထမဦးဆုံး ဦးစားပေးမှာ အားနည်းနေသော ဂျပန်နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန် လာရေးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံရေးကို အားပေးသည့် စီးပွားရေး မူဝါဒများကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ပြောသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ထက်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေးမှာလည်း တိုးတက်ကောင်းမွန်လာခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ဂျပန်နိုင်ငံ၏ စတော့ဈေးကွက်မှာ ၄၀ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ကို တွေ့ရသည်။

ရှင်ဇိုအာဘေးသည် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်သူတစ်ဦး အဖြစ်လည်း ထင်ရှားသူ တစ်ဦးဖြစ်ပြီး ဂျပန်စစ်ရာဇ၀တ်သားများကို မြှုပ်နှံထားသည့် ရာစုကုနိ ဂူဗိမာန်ကို လာမည့် သြဂုတ်လတွင် ထပ်မံ၍ သွားရောက်လည်ပတ်ဖွယ် ရှိသည်ဟုလည်း အရိပ်အမြွက် ထုတ်ဖော် ပြောကြားထားသည်။

Eleven media Group

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.