05/02/13

အမှုဖွင့်ခံထားရတဲ့သူတွေထဲမှာတော့ ကျွန်တော်က အများဆုံး ၁၈ မှုအဖွင့်ခံထားရတယ်။ ဘာပုဒ်မတွေနဲ့  ဖွင့်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး။အရင် စစ်အစိုးရလက်ထက်ကတည်းက လက်ပံတောင်းဒေသမှာ တစ်ချက်လွှတ်အာဏာနဲ့  ဥပဒေကို လိုအပ်သလိုအသုံးချပြီး တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို တဖက်သတ် သိမ်းယူခဲ့ကြပါတယ်။ အခု ဦးသိန်းစိန်အစိုးရ
လက်ထက် ရောက်လာတဲ့အခါမှာ ဒီဒေသက တောင်သူတွေဟာသူတို့ ရဲ့ ဘ၀နဲ့ အသက်ဖြစ်တဲ့မြေယာတွေကို မတရားသဖြင့် ရယူသိမ်းပိုက်ထားတဲ့ဦးပိုင်လက်ထဲကနေ ပြန်ရဖို့ အတွက် ရုန်းကန်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီသတင်းကိုကြားတဲ့အခါမှာ မတရားခံခဲ့ရတဲ့၊ ခံနေရဆဲဖြစ်တဲ့ တောင်သူလယ်သမားတွေကို ကူညီမယ်ဆိုပြီး ကျွန်တော်တို့  ဒီဒေသကိုရောက်လာခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့  လက်ပံတောင်းအရေးက မြန်မာပြည်ကသာမကဘဲ ကမ္ဘာထိအောင်
သိသွားကြတဲ့အတွက် သူတို့ ရဲ့  စစ်အုပ်စုရဲ့  မတရားမှုတွေ ဖော်ထုတ်ခဲ့တဲ့ကျွန်တော်တို့ ကို အညှိုးအတေးထားပြီး အခုလို အမှုဖွင့်ခဲ့တာလို့  ကျွန်တော်ကတရားရုံးမတင်ဘဲ သူတို့ ကို စွဲချက်တင်ပြောဆိုပါတယ်။ အခု ရှစ်ယောက် အမှုဖွင့်ခံထားရပေမယ့် ကိုအောင်စိုးကိုတော့ ၂၅ ရက်နေ့ က ဖမ်းသွားပါပြီ။ အဲဒီနေ့ ကကျွန်တော့်ကိုလည်း မြို့ နယ်ရဲမှူးက ၀င်ဖမ်းပေမယ့် ဒေသခံတွေက သူတို့ 
လက်ထဲကနေ ပြန်လုပေးလို့  ပြန်လွတ်လာတာပါ။ကျွန်တော်တယောက်တည်းဘာ့ကြောင့်အမှုတွေအများကြီးဖွင့်ခံထားရတယ်ဆိုတာတော့ မပြောတတ်ပါဘူးဗျာ။

အဲဒီနေ့ က ကျွန်တော် မိုးကြိုးပြင်ရွာက ကိုဝင်းကျော်ပိုင် ကွင်းအမှတ် ၇၇၄/ခယာကွက်ထဲမှာရှိတယ်။ ကိုဝင်းကျော်ပိုင်ယာ (၁၃) ဧက လျော်ကြေးယူမထားပါဘူး။မိုးကလည်း အရင်ရက်တွေက ကျလာပြီဆိုတော့ သူပိုင်တဲ့ယာမြေကို သူထွန်တုံးချခဲ့တယ်။ မနက် ၉ နာရီလောက်မှာ မြို့ နယ်ရဲမှူး (အောင်ကျော်)အပါအ၀င်အရပ်ဝတ်ရဲတစ်ယောက်နဲ့ ရဲအင်အား ၃၀ ကျော်လောက် အဲဒီဒေသကို
ရောက်လာခဲ့တာကစပြီး လက်ပံတောင်းတောင်အကြမ်းဖက်မှုဖြစ်ခဲ့ရပါတယ်။ရဲမှူးက ကျွန်တော့်ဆံပင်ကိုဆွဲပြီး အကြမ်းဖက် ၀င်ဖမ်း လိုက်တဲ့ အချိန် မှာဘဲတုတ်၊ ဒိုင်း လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ရဲတွေက ကျွန်တော့်ကိုဝိုင်းရိုက်ကြတယ်။

အဲဒီအချိန်မှာဘဲ ကိုဝင်းကျော်အကွက်ထဲမှာ ရှိနေကြတဲ့ဒေသခံတောင်သူ ၁၀ ဦးလောက်က ကျွန်တော် ရဲလက်ထဲမပါရအောင်
အတင်းဝင်လုကြပါတယ်။ ၀င်လုတယ်ဆိုတာ သူတို့ ပြောနေတဲ့ အကြမ်းဖက်တယ်ဆိုတဲ့ပုံစံ မဟုတ်ဘူးနော်။ တုတ်တွေ ဒိုင်းတွေ ကြားထဲကနေ ကျွန်တော့်ကိုပြန်ဆွဲထုတ်တာ။ ရဲတစ်ယောက်က လက်ထဲကိုင်ထားတဲ့ဒိုင်းနဲ့  ပြန်လုတဲ့အထဲပါတဲ့
ဒေသခံတောင်သူ ဒေါ်စန်းစန်းဝင်းရဲ့ ခေါင်းကိုရိုက်လိုက်လို့  ဟက်တက်ကွဲသွားပါတယ်။ ကျန်တဲ့ ၀ိုင်းဆွဲသူမှန်သမျှလည်း ရဲတွေဝိုင်းရိုက်တာခံရပါတယ်။

အရင် စစ်အစိုးရလက်ထက်တုန်းကတော့ ဒေသခံပြည်သူတွေမှာပြန်လည်တုန့် ပြန်ပြောဆိုဖို့  အခွင့်အရေးတွေ မရခဲ့ကြဘူး။ အခု နိုင်ငံရေးရုပ်ဘ၀အခြေအနေအရ အနည်းငယ်ပွင့်လင်းမြင်သာမှုရှိလာတဲ့အချိန်ကျမှ သူတို့ တွေပိုင်ဆိုင်ထားတဲ့လယ်မြေတွေ ဆုံးရှုံးရတော့မယ့်အခြေအနေတွေကို ရဲရဲတင်းတင်းပြောဆိုလာကြတယ်။ ရင်ဆိုင်လာရဲကြတာတွေကို တွေ့ ရပါတယ်။ ကွန်တော်တို့ က
ဒေသခံပြည်သူတွေကို အသိပညာပေး ဆွေးနွေးမှုတွေဘဲ လုပ်ကြတာပါ။အဲဒီလို လုပ်လာရင်းနဲ့  သူတို့ လယ်ယာမြေတွေ မဆုံးရှုံးဖို့  သူတို့ အသိနဲ့ သူတို့ ကာကွယ်လာကြတယ်။ သိမ်းဆည်းခံထားတာတွေ ပြန်ရဖို့  ငြိမ်းချမ်းစွာနဲ့ ပြန်လည်တောင်းဆိုလာခဲ့ကြတာပါ။

အဲဒါကို မြှောက်ပေးတယ်လို့  ပြောကြတယ်ဆိုရင်တော့ ခင်ဗျားကို တစ်ခုပြောချင်တယ်ဗျာ။ ပြောင်းလဲမှုတိုင်းမှာ ပယောဂဆိုတာ
ပါတယ်။ ဒါ သီအိုရီအရ ပြောတာ။ လက်တွေ့ မှာလည်း ဒီအတိုင်းဘဲ။ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေးရဖို့  ဗိုလ်ချုပ်အောင်ဆန်း ဘာလုပ်ခဲ့ သလဲ။
စစ်အစိုးရလက်အောက်က လွတ်မြောက်ဖို့  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အနောက်နိုင်ငံတွေကို ဘယ်လိုအကူအညီတွေပေးဖို့ ၊ ဘာတွေလုပ်ပေးဖို့  ပြောခဲ့ရသလဲ။ စစ်အစိုးရကရော ကျွန်တော်တို့ ပြည်သူတွေကို နှစ်ပေါင်းများစွာဖိနှိပ်မှုယန္တရားအောက်မှာထားရှိဖို့  လုံခြုံရေးကောင်စီဝင်တွေထဲက ဘယ်သူတွေကိုအကူအညီတွေ တောင်းခဲ့ရသလဲ။ အထောက်အထားတွေ အများကြီးရှိပါတယ်။
နောက်ဆုံးပြောလိုက်မယ်ဗျာ။ သမိုင်းဆိုတာ ဘယ်လိုဘဲဖုံးကွယ် ဖုံးကွယ်ထားဖျောက်ဖျက်လို့ တော့ ဘယ်တော့မှမရဘူးဆိုတာပါဘဲ။

ကျွန်တော်တို့ တတွေက ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်မိလို့ လဲ။ ဒေသခံတောင်သူလယ်သမားတွေ မတရားဆုံးရှုံးရတော့မယ့် လယ်ယာမြေတွေ ပြန်လည်ရရှိရေးမှာပါဝင်ပြီး ကူညီဆောင်ရွက်ပေးခဲ့တာဘဲရှိတယ်။ နိုင်ငံတော်ကို ပုန်ကန်နေတာလည်း
မဟုတ်ဘူး။ အထိကရုဏ်းဖြစ်အောင်လည်း လုပ်နေတာမဟုတ်ဘူးဆိုတော့ဘာ့ကြောင့် ပစ်ခတ်ဖမ်းဆီးမယ်လို့ ပြောလဲဆိုတာ မသိပါဘူး။ ပြီးခဲ့တဲ့နှစ်နိုင်ဝင်ဘာလ ၂၉ ရက် (၂၉၊ ၁၁၊ ၂၀၁၂)က သံဃာတော်တွေနဲ့  ပြည်သူတွေရှိနေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး သပိတ်စခန်းတွေကို မီးလောင်ဗုံးတွေသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ကိစ္စကျတော့ ဒီကနေ့ ထိ
စုံစမ်းစစ်ဆေး အရေးယူမှုတွေမလုပ်ဘဲ ဖုံးဖိထားပြီး မသိချင်ယောင်ဆောင်နေတယ်။ အဲဒီကိစ္စမှာ တာဝန်ရှိသူအားလုံးကို ဘယ်သူတွေက ဘယ်တော့အရေးယူမှာလဲ။ ကျွန်တော်ကတော့ ဒီဒေသက တောင်သူလယ်သမားတွေသူတို့ လယ်မြေတွေပေါ်မှာ အေးအေးချမ်းချမ်းနဲ့  ထွန်ယက်စိုက်ပျိုးနိုင်တဲ့အထိဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာပါ။ အဖိနှိပ်ခံပြည်သူတွေဘက်ကကျောင်းသားကောင်းတစ်ဦးအဖြစ် ရပ်တည်ပေးခဲ့ရလို့  ကျွန်တော့်ဘ၀ကိုကျေနပ်ပါပြီ။ သူတို့ တတွေ (ညောင်ပင်ကြီး စခန်းမှူး)မှာ နဂိုကတည်းက
အစီအစဉ်တွေရှိပြီးသားပါ။ ပြည်သူတွေကို ဘယ်လိုအစီအစဉ်တကျ နှိပ်စက်ရမယ်ဆိုတာလေ။ နှစ်ပေါင်းများစွာ လုပ်လာခဲ့တာ ဘဲဗျာ။

ဒီဒေသက အထိကရုဏ်းဖြစ်ပေါ်နေတဲ့ဒေသ မဟုတ်ဘူး။ ကျွန်တော်တို့ စရောက်တဲ့ ၂၀၁၂ ခုနှစ်၊ ၈ လပိုင်းတည်းက ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ပြီးသားပါ။(၂၄ နာရီ ဖြတ်သန်းသွားလာခွင့်မပြု) နောက်ပိုင်းမှာလည်း မြို့ နယ်အုပ်ချုပ်ရေးမှူးရဲ့  အာဏာနဲ့  နှစ်လတစ်ကြိမ် ပုံမှန်ထုတ်ပြန်လာခဲ့တာ တွေ့ ရတယ်။ ပုဒ်မ ၁၄၄ထုတ်ပြန်ထားရင် အာဏာပိုင်အဖွဲ့ အစည်းကလွဲလို့  မည်သူမျှ ဖြတ်သန်းမသွားရ
လို့ ဘဲ သိထားတယ်။ အခုကျတော့ ဦးပိုင်၊ ၀မ်ပေါင်က လွတ်လပ်စွာသွားလာနေတယ်။ အဆောက်အဦတွေထဲမှာ နေထိုင်နေတယ်။ စီမံကိန်းလုပ်ငန်းခွင်တွေကိုအတားအဆီးမဲ့ ဆက်လက်လုပ်ကိုင်နေတယ်။ တောင်သူတွေထွန်ယက်စိုက်ပျိုးမယ်
ဆိုတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အတွက် စိုက်ပျိုးလို့ မရဘူးဆိုပြီးအာဏာပိုင်တွေက ခြိမ်းခြောက်တားမြစ်ကြတယ်။

အကြမ်းဖက်မှုတွေကိုပေါ်ပေါ်ထင်ထင် လုပ်ကြတယ်။ ကံကုန်းကျေးရွာမှာ လည်ပတ်နေတဲ့ဦးပိုင်ကုမ္ပဏီပိုင် မိုးကြိုးဆာလဖြူရစ်အက်ဆစ် စက်ရုံ က တရားမ၀င်လည်ပတ်နေတာကို ဘယ်အာဏာပိုင်အဖွဲ့ အစည်းကမှ အရေးယူတာမရှိဘူး။ နှစ်ပေါင်းများစွာ
ကြာနေပြီ။ အစီရင်ခံစာမှာပါတဲ့ ကြေးနီစီမံကိန်းအတွက် စာချုပ်အသစ် ပြန်လည်ချုပ်ဆိုရမယ်ဆိုတာကို ပြောထားပြီးသားဘဲ။ အခုထိ စာချုပ်သစ် ပြန်လည်မချုပ်ဆိုရသေးဘူး။ စာချုပ်မရှိရင် တရားမ၀င်ခိုးလုပ်နေတဲ့ စီမံကိန်းဖြစ်နေပြီ။
ဒါကို ဘယ်သူတွေအရေးယူပေးမှာလဲ။ စီမံကိန်းလုပ်ရင် ဖြစ်ပေါ်လာမယ့်ထိခိုက်မှုတွေကို ကာကွယ်ဖို့ အတွက် ဘယ်မှာလဲ EIA - SIA - HIA ။ ဘာတစ်ခုမှမရှိသေးဘူး။

ဒေသခံတောင်သူလယ်သမားတွေအတွက် ပြန်လည်ခွဲဝေပေးမယ့်လယ်ယာမြေဧက ၉၀၀ ကျော် ဘယ်မှာလဲ။ အစီရင်ခံစာမှာလည်း ပြောထားတာဘဲ။နှစ် ၆၀ စီမံကိန်းတဲ့။ သူတို့  အခုလယ်ယာမြေလျော်ကြေးပေးလျော်နေတဲ့စာချုပ်မှာတော့ သားစဉ်မြေးဆက် အပြီးအပိုင်စွန့် လွှတ်ကြောင်း လက်မှတ်ထိုးခိုင်းပြီး မတရားသိမ်းယူနေတယ်။ ကာလပေါက်ကြေးအတိုင်း ပေးလျော်မယ်လို့ ပါပြီးသားဘဲ။ တစ်ဧက ၁၀ သိန်းဆိုတာ ကာလပေါက်ကြေးလား။ ဘယ်မှာလဲ
စီမံကိန်းစာချုပ်၊ စီမံကိန်းက ဘယ်နှနှစ်လုပ်မယ်မသိသေးဘူး။ မိမိပိုင်လယ်ယာမြေတွေကို အပြီးအပိုင် စွန့် လွှတ်လိုက်ရပြီ။ အစီရင်ခံစာမှာပါတဲ့ ဒီအချက်တွေကိုတော့အရင်မလုပ်ဘဲနဲ့  ပုဒ်မ ၁၄၄ ကို ထောက်ပြနေတာ မတရားဘူးလို့ ပြောချင်ပါတယ်။
ဒီအချက်တွေကိုလုပ်လို့ စီမံကိန်းကိုလက်ခံမယ်လို့ ဆိုလိုတာမဟုတ်ဘူး။အဲဒါတွေရပြီဆိုရင် ဒေသခံပြည်သူတွေကိုအရင်ပြ၊ ဒေသခံပြည်သူအကုန်လုံးကလက်ခံရင် စီမံကိန်းဆက်လုပ်ချင်လုပ်ပေါ့။

လက်ပံတောင်းတောင်က ပြည်သူတွေ အဖိနှိပ်ခံဘ၀က အမြန်ဆုံးလွတ်မြောက်စေချင်သလို ဒီမြေကြီး၊ ဒီရေကိုသောက်ပြီး ဒီနိုင်ငံမှာနေထိုင်တဲ့ ကျွန်တော်တို့ နိုင်ငံသားတွေအားလုံးကို စစ်အာဏာရှင်စနစ်အောက်က အမြန်ဆုံးလွတ်မြောက်
စေချင်တာ ကျွန်တော့်ပင်ကိုယ်စိတ်ရင်းပါ။ ဘယ်အာဏာရှင်စနစ်ကိုမှကျွန်တော်လက်မခံဘူး။လက်ပံတောင်းတောင်ကြီးရဲ့ အလှကိုကြည့်ရင်း ယက်ကန်းခတ်သံ
လေးတွေကို နားထောင်ပြီး အညာရဲ့ အလှတမာဆိုတဲ့အပင်တွေကို ဖြတ်ကျော်တိုးဝင်လာမယ့် လေနုအေးလေးတွေကို ရှူရှိုက်နိုင်ဖို့  အကောင်အထည်ဖော်ချင်ပါတယ်။

(ပုံနှင့်စာကို လူထုပုံရိပ်ဂျာနယ် အတွဲ ၁၊ အမှတ် ၃၁ မှ ကူးယူဖော်ပြပါသည်)

Aungmyo Tun Facebookမှ ကူးယူဖော်ပြလိုက်ပါတယ်.

ပြည်တွင်းရှိ တိုင်းရင်းသားမပာုတ်သော နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများအကြား အငြင်းပွား လျက်ရှိသော အချိုးကျကိုယ်စားပြုစနစ်(PR)မှာ လက်ရှိဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌ သုံးစွဲရန် သင့်လျော်မှုမရှိကြောင်း ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များဆိုင်ရာ ဒါရိုက်တာ Mr.Tim Meislurgrer ၏ ထွန်းသစ်စနိုင်ငံများမှ အချိုးကျကိုယ်စားပြုစနစ် စာတမ်းငယ်တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ စာတမ်းငယ်တွင် ဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံများတွင် အချိုးကျကိုယ်စားပြုစနစ်ထက် ကိုယ်စားလှယ် တစ်ဦးကိုသာ ရွေးချယ်ရသည့် မဲဆန္ဒနယ်မြေစနစ်သည် ပိုမိုသင့်လျော်ကြောင်းနှင့် မည်သည့်စနစ်အကောင်းဆုံးဆိုသည်မှာ မူ မြန်မာပြည်သူများအပေါ်တွင်သာ မူတည်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အချိုးကျကိုယ်စားပြုစနစ်သည် ပါတီအများအပြား ဦးဆောင်ရသည့်စနစ်ဖြစ်သည့်အတွက် လူနည်းစုများအတွက် အခွင့်အလမ်းကောင်းနှင့် ပါတီအသစ်များအတွက် ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ပြီး အစိုးရမှ ပဋိပက္ခများ ဖြေရှင်းရာတွင် လွတ်လပ်စွာအာဏာခွဲဝေမှုပြုနိုင်သည့် အားသာချက်များရှိသော်လည်း အစွန်းရောက်စနစ်နှင့် တစ်ပါတီ စနစ်ကို ဖြစ်စေသည့် အားနည်းချက်များလည်းရှိကြောင်း သိရသည်။ အချိုးကျကိုယ်စားပြုစနစ်အား စတင်ကျင့်သုံး ဆောင်ရွက်မည့် နိုင်ငံများ အနေဖြင့် ငွေကြေးများစွာကုန်ကျမည်ဖြစ်သည့်အပြင် ပါတီများမှာလည်း ဒီမိုကရေစီပါတီများဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်း၏စာတမ်းငယ်တွင်ဖော်ပြထားသည်။

အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် နိုင်ငံများမှာ တောင်အာဖရိက၊ ဒိန်းမတ်၊ နော်ဝေ၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမော စသည့်နိုင်ငံများဖြစ်သည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.