05/11/13

01B13 ဟာ အမည်တပ် မုန်တိုင်း MAHASEN (Name origin: Sri Lanka) ဖြစ်လာခဲ့ပါပြီ။
(၁၁-၅-၂၀၁၃)ရက် ည(၈း၀၀)နာရီအချိန် ထုတ်ပြန်ချက်။

အာလုံး…အားလုံးဟာ အခုအချိန်အထိ ကြိုတင် မျှော်လင့်ထားခဲ့တဲ့အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် ပါဘဲ။ (၁၁-၅-၂၀၁၃)ရက်နေ့ (၁၂)နာရီခွဲအချိန်တိုင်းတာချက်မှာ
(၁) TC 01B ဟာ Mahasen လို့အမည်တပ်မုန်တိုင်းဖြစ်လာခဲ့ပါတယ်။
(၂) Mahasen ဟာ (၁၆-၅-၂၀၁၃) နေ့လည်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးက ဖြတ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
(၃) မုန်တိုင်းရဲ့ အချင်းဝက်ဟာ မိုင်(၁၁၀-၁၃၀)ခန့်ရှိနေလို့ စစ်တကောင်းမြို့အနီးကဖြတ်ပေမယ့် မုန်တိုင်းရဲ့ အန္တရယ်များတဲ့ညာဖက်စက်ဝိုင်းခြမ်း (Dangerous Right Hand Semicircle) ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ကို ဖြတ်ကျော်မှာမို့ မောင်တောမြို့ဟာ လေဒဏ်(တစ်နာရီ ၁၀၀ -၁၀၅ မိုင်နှုန်း)၊ ရေဒဏ် (မုန်တိုင်းဒီရေအမြင့် ၅-၇ ပေခန့်၊ ပင်လယ်ပြင်လှိုင်းအမြင့် ၁၅ ပေခန့်) ကြုံတွေ့ရစေနိုင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)
01B23 ဆိုင်ကလုန်းမုန်တိုင်းဟာ ဆက်လက်အားကောင်းနေပါတယ်။ ပထမပိုင်းမှာ မြန်မာနိုင်ငံ ရှိရာ အရှေ့မြောက်ဖက်ကို ဦးတည်ရွေ့လာနေတဲ့ အတွက် မြန်မာ့ကမ်းရိုးတန်းအတွက် urgency and emergency လုပ်ငန်းတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ရပါတယ်။

အခုတော့ မြန်မာနိုင်ငံနဲ့ဝေးရာ အနောက်မြောက်-မြောက်အနောက်ယွန်းယွန်းကို ဦးတည်ရွေ့နေ ပါပြီ။ဒါပေမယ့်လည်း ဒါဟာ မေလ(၁၂)ရက်(တနင်္ဂနွေနေ့) နေ့လည်ပိုငးလောက်အထိသာ သွားမှာ ဖြစ်ပါတယ် အဲဒီနောက်မှာတော့ အရှေ့မြောက်ဖက်ကိုြုပန်လည်ကွေ့ပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုငး နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ကမ်းခြေကို ဦးတည်ရွေ့ ပါလိမ့်မယ်။

မေလ(၁၅)ရက်နေ့ ညနေပိုင်းမှာ မောင်တော(မြန်မာနိုင်ငံ) နဲ့ စစ်တကောင်း (ဘင်္ဂလားဒေ့ရှ်နိုင်ငံ) မြို့များကြားက ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဖြတ်ကျော်စဉ်မှာ အင်အား ဆိုင်ကလုန်းမုန်တိုင်းအဆင့် နဲ့ ၀င်ရောက်မှာ ဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီ (၉၅-၁၀၅) မိုင် နှုန်းလောက်ရှိတဲ့ လေများတိုက်နိုင် ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေများကို မုန်တိုင်းဒီရေ အမြင့် (၅-၇) ပေခန့် တက်နိုင်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)


အာမခံကိုမယူ.ကျောင်းကန်မြေကိုသာအရယူမည် ။ ပြည်သူအတွက်ရပ်ကွက်အတွက်စွန့်စားမည်၊စွန့်လွတ်မည်။အနစ်နာခံ
မည်ကိုယ်ကျိုးစွန့်မည်။သူကားမိကျောင်းကန်မြေကိုအရပြန်ယူမဲ့သူသမိုင်းတွင်ကျန်ရစ်မဲ့သူ............ဦးစိန်သန်းပင်ဖြစ်သည်

အာမခံကိုမယူမိမိအိမ်မြေကိုသာအရယူမည်အာဏာပိုင်တွေဘယ်လိုဘဲအမှုစဉ်စဉ်မကြောက်မရွံထောင်
ထဲသွားရန်ဝင်မလေးတဲ့မိကျောင်းကန်မြေပြန်လည်ရရှိရေးခေါင်းဆောင်ဦးစိန်သန်းကိုအင်းစိန်၊တိုက်(၃
ကိုခေါ်ဆောင်သွားစဉ်သင်္ဃန်းကျွန်းမြိုနယ်မိကျောင်းကန်ပြည်သူများကပုဒ်မ(၁၈)အလိုမရှိအလိုမရှိ..
ဖမ်းဆီးခံနေရသောဦးစိန်သန်းကိုအာမခံမဲ့။ချွင်းချက်မရှိအမြန်လွတ်ဟုကြွှေးကြော်ပြီးမိကျောင်းကန်သူရဲကောင်းဦးစိန်သန်းဟုဂုဏ်ပြုနုတ်ဆက်ကြ။။

ကဲကြည့်ကြပါအုံး သမ္မတဦးသိနိးစိန်ပြောနေတဲ့ဒီမိုကရေစီဆိုတာ ဒါကိုပြောတာလား.. စစ်တပ်ကမြေကိုသိမ်းတယ်.. မြေပြန်ပေးပါလို့ ဆန္ဒပြတောင်းဆိုတဲ့အခါ ဥပဒေကိုချိုးဖောက်တယ်ပုဒ်မ(၁၈)ဆိုပြီးသင်္ဃန်းမြို့နယ် မိကျောင်းကန်သားဦးစိန်သန်းကိုဒီနေ့အထိ အင်းစိန်ထောင်မှာတိုက်ပိတ်နှိပ်စက်နေတယ် ဒါလားဒီမိုကရေစီ



သင်္ဃန်းကျွန်းမြို့နယ်မိကျောင်းကန်ရပ်ကွက်အား တပ်ပိုင်မြေဟု သိမ်းယူထားသေားကြောင့် မူလပိုင်ရှင်များဖြစ်သော မိကျောင်းကန်ပြည်သူများအားမိမိတို့ဘိုးဘွားပိုင်မြေများအားပြန်လည်ရရှိရန်ဦးဆောင်သူဦးစိန်သန်းအား အင်းစိန်ထောင်မှ အာမခံမဲ့ချက်ချင်းလွတ်ရန် သင်္ဃန်းကျွန်းတရားရုံးရှေ့တွင် ပြည်သူများ ဆန္ဒပြတောင်းဆိုနေကြစဉ်

သတင်း Video..nay nwe


မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး အဆင့် မဟုတ်ဘဲ ရှေ့တိုးနောက်ငင် to and fro / back and forth ရှေ့တိုးနောက်ဆုတ် ဟိုမရောက် ဒီမရောက်နဲ့ မြန်မာ့နိုင်ငံရေးခရီးဟာ ရွာလည်နေရတဲ့ နိုင်ငံရေးလမ်းကြောင်းအဖြစ်သာ ရှိနေဆဲဖြစ်ကြောင်း သုံးသပ် ရှုမြင်မိပါကြောင်း။ ။
ဦးသိန်းစိန်အစိုးရ နဲ့ စစ်အုပ်စုဟာ ဂျာမဏီကဖောင်ဒေးရှင်းတွေရဲ့ လက်ချာဖြစ်တဲ့ အေစီစီဒီ ACCD နည်းနာကို အသုံးပြုလာတယ်တဲ့။

နှစ်သိမ့်ချွေးသိပ်ခြင်း Appeasementy၊သဘောတူညီချက် အသွင်သဏ္ဍန် နဲ့ လက်နှက်ချစေခြင်း Capitulation ၊ ပူးပေါင်းဆောင်ရွက်ခြင်း Collaboration၊ နဲ့ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်စေခြင်း Development

အဆင့်လေးဆင့် ဒီနည်းနာနဲ့ လက်နှက်ကိုင် အုပ်စုတွေ ရယ် လူထုအားနဲ့ လှုပ်ရှားနေကြတဲ့အုပ်စုတွေကို (ဒီမိုကရေစီအင်အားစုတွေအားလုံးကို) အကြမ်းမဖက်တဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုဖြစ်အောင် သွတ်သွင်းပုံလောင်းနေကြတယ်ဆိုပါတယ်။

လက်နှက်မကိုင်ဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာမှုတွေလုပ်နိုင်ရင်တော့ လူထု နဲ့ နိုင်ငံအတွက် အကောင်းဆုံးပေါ့။ ဒါပေမယ့် အာဏာရ စစ်အာဏာရှင်တွေဟာ အစဉ်အဆက်လုပ်မြဲဖြစ်တဲ့ လူထုတောင်းဆိုနေတာတွေကို အသေအချာ နားမထောင်ဘဲလစ်လျှုရှု ပစ်ထား ထစ်ကနဲဆို လူထုတွေကို အကြမ်းဖက် ထောင်ထဲပို့ မြို့မှာမနေသာအောင် တောထဲကိုသာမောင်းထုတ် စတဲ့ အဆင့်သုံးဆင့်ပါ ဒီနည်းဟောင်းတွေအတိုင်းသာ လုပ်နေရင်တော့ ရှိနေပြီးသား လက်နှက်ကိုင်လမ်းစဉ် ကိုပဲ ထွန်းပို့ရာ ရောက်သွားပါလိမ့်မယ်။

ကျနော်တို့ အားလုံးမျှော်လင့်နေတဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ဖြစ်တဲ့ လွှတ်တော်နိုင်ငံရေး နဲ့ လူထုလှုပ်ရှားမှု ကလည်း ထိရောက်စွာ မပေါင်းစပ်နိုင်သေးတာတွေ့ရပါတယ်။ လူထုဟာ တိုင်းပြည်ငြိမ်းချမ်းသာယာ တိုးတက်တာ ကို စိတ်အားထက်သန်စွာ မျှော်လင့်နေတာ နေ့စဉ်သတင်းတွေမှာဖတ်နေရပါတယ်။

ငြိမ်းချမ်းရေး တောင်းတနေတဲ့ လူထုတွေ နိုင်ငံရေး ခေါင်းဆောင်တွေကလည်း ထိခိုက်နာကျဉ်မှု သွေးမြေကျသေကြေမှု ဖြစ်စေနိုင်တဲ့ လူထုလှုပ်ရှားမှုတွေကို ရှောင်ရှားနေချင်ကြတာကို ရေးနေပြောနေကြတာတွေ ကို နေ့စဉ်ဖတ်နေရပါတယ် နားထောင်နေရပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ကလည်းပြင်ရ ခက်ခဲနေတဲ့ လမ်းကြောင်းဖြစ်နေတာ အခုဆို ၂၀၁၃ ဆိုတော့ တစ်ဖြေးဖြေး ရွာလည်စပြုနေတယ် ဆိုတာကို အားလုံး ရိပ်စားနေပါပြီ။

စစ်တပ်ပြုပြင်ပြောင်းလဲရေး တစ်မတ်သားပါလီမန် ကို ဒီမိုကရေစီပါလီမန်အဖြစ် ပြန်လည် ပြင်ဆင်ရေးတွေဟာလည်း ဦးသိန်းစိန်အစိုးရ က လေသံတောင် မဟလေတော့ စိတ်ကူးယဉ်နိုင်ငံရေးအဖြစ်သာ လက်တွေ့ကာလအခု အထိ မြင်နေရဆဲဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီ နဲ့ လွတ်လပ်ခွင့်တွေကို ပေးနေတာဟာ ကျနော်ငယ်ငယ်က ကိုယ်တွေ့ဖြစ်တဲ့ မဆလ အစိုးရ ရဲ့ သမဝါယမက ရွှေဝါဆပ်ပြာနဲ့ပလာတာ လူထုကို ဝေပေးသလို အကန့်အသတ် နဲ့ ပေးတဲ့ ပုံစံကိုပဲ မြင်ရောင်နေမိပါတယ်။

ဒီနေ့ မြန်မာ့နိုင်ငံရေး မြင်ကွင်းဟာ -------------

အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်း မှေးမှိန်နေဆဲဖြစ်တယ်။
ဒီမိုကရေစီရေး ဖဒရယ်ရေး လက်နှက်ကိုင်တော်လှန်ရေး မရပ်စဲ နိုင်ဘဲ ဖြစ်နေရဆဲဖြစ်တယ်။
ပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ ပြည်သူလှုပ်ရှားမှုတွေဟာ အသက်ဝင်နေဆဲဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး အဆင့် မဟုတ်ဘဲ ရှေ့တိုးနောက်ငင် to and fro / back and forth ရှေ့တိုးနောက်ဆုတ် ဟိုမရောက် ဒီမရောက်နဲ့ မြန်မာ့နိုင်ငံရေးခရီးဟာ ရွာလည်နေရတဲ့ နိုင်ငံရေးလမ်းကြောင်းအဖြစ်သာ ရှိနေဆဲဖြစ်ကြောင်း သုံးသပ် ရှုမြင်မိပါကြောင်း။ ။

Zaw win

လက်ပန်တောင်းတောင် ဒေသခံရွာသားများသည် လက်ရှိနှင့်လက်ဟောင်း စစ်အုပ်စုတို့၏ အခြေပြု ဦးပိုင် ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့၏ မတရားခေါင်းပုံအမြတ်ထုတ်မှုနှင့် ရက်စက်နှိမ်နှင်းမှုတို့ကို ကာလ ကြာရှည်စွာခံစားနေရလေသည်။ စီးပွားရေးအရတရားမျှတမှုရှိအောင်မလုပ်ပေးနိုင်သော၊ နိုင်ငံတကာကုန် သွယ် မှုစည်းကမ်းများနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်လေ့ရှိသောတရုတ်ကုတရုတ်ကုမ္ပဏီများနှင့်အ ခြားသောနိုင်ငံတကာကိုယ်ကျိုးရှာကုမ္ပဏီများကိုသာအကာအကွယ်ပေးထားသောလက်ရှိဗိုလ်သိန်းစိန်စစ် အုပ်စုနှင့်တရုတ်ကွန်မြူနစ်အာဏာရှင်အစိုးရတို့အားအောက်ပါအစီအစဉ်အတိုင်းဆန့်ကျင်ဆန္ဒပြမည်ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးအသီးသီးမှ ဒီမိုကရေစီရေးလှုပ်ရှားသူးများနှင့်ပြည်သူလူထုအပေါင်းအားပူးပေါင်းပါဝင် ကြပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

တောင်းဆိုချက်များ
(၁) ခရိုနီစီးပွားရေးစနစ်ကို(ဆန့်ကျင်ကြ)။ တရားမျှတမှုရှိတဲ့စီးပွားရေးစနစ်ကို (တည်ဆောက်ကြ)၂

(က)ကြေးနီစီမံကိန်းအတွက်ထုတ်ပြန်ထားသည့်ပုဒ်မ(၁၄၄)ရုတ်သိမ်းပေးရေး (ဒို့အရေး)၂
(ခ)ပွင့်လင်းမြင်သာမှူမရှိတဲ့ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းပေးရေး. (ဒို့အရေး)၂
(ဂ)သဘာဝပတ်ဝန်းကျင်မညစ်နွမ်းစေရေး. (ဒို့အရေး)၂
(ဃ)အာဏာပိုင်အကြမ်းဖက်သမားများကိုအရေးယူပေးရေး. (ဒို့အရေး)၂

(၂)အကြမ်းဖက်စီးပွားရေးစနစ်ကိုစနစ်ကို(ဆန့်ကျင်ကြ)၂ အမျိုးသားအကျိုးစီးပွားကို(ကာကွယ်ကြ)၂

(က)ကြေးနီစီမံကိန်းကြောင့်မတရားဖမ်းဆီးခံထားရသူများကိုချက်ခြင်းလွတ်. (ချက်ခြင်းလွတ်)၂
(ခ)လက်ပန်တောင်းပြည်များရဲ့ဆန္ဒကိုအသိအမှတ်ပြု. ( အသိအမှတ်ပြု)၂
(ဂ)ဖမ်းဝရမ်းထုတ်ခြိမ်းခြောက်မှူတွေချက်ခြင်းရပ်. (ချက်ခြင်းရပ်)၂
(ဃ)ဦးပိုင်၊ဝမ်ဘောင်ကုမ္ပဏီအလိုမရှိ. (အလိုမရှိ)၂

(၃)အတုအယောင်ဒီမိုကရေစီ (အလိုမရှိ)၂
(၄)အမျိုးသားအကျိုးစီးပွားကိုအကာအကွယ်မပေးသော လုံခြုံရေးယန္တရား (ဖျက်သိမ်းကြ)၂
(၅)စစ်အာဏာရှင်စနစ်အမြစ်ပြတ် (ချေမှုန်းကြ)၂
(၆)စစ်မှန်သောဒီမိုကရေစီ (အောင်ရမည်)၂

နေရာ(၁)။ ။မြန်မာစစ်သံရုံးရှေ့ 2300 S St NW Washington, DC 20008
အချိန်။ ။နေ့လည် (၁)နာရီမှ(၁း၃၀)နာရီ

နေရာ(၂)။ ။တရုတ်ကွန်မြူနစ်အာဏာရှင်သံရုံးရှေ့3505 International Place, N.W.Washington, D.C. 20008 U.S.A.
အချိန်။ ။နေ့လည် (၂း၃၀)နာရီမှ(၃း၀၀)နာရီ

နေရာ(၃)။ ။ အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့(၀ါရှင်တန်ဒီစီ) (Lafayette Park): (at the corner of 16th Street, N.W.& H Street, N.W., one block from Farragut West metro station on Orange/Blue Line and Farragut North metro station on Red Line)
အချိန်။ ။နေလည်(၄း၀၀)နာရီမှ(၄း၃၀)နာရီ

နေရက်။ ။မေလ(၁၁)ရက်နေ့၊ ၂၀၁၃ခုနှစ်

ဆက်သွယ်ရန်။ ။ ကိုရဲထွဋ်(၁၃၄၇၂၂၆၀၅၇၂)၊ ဦးထွန်းဝင်း(၁၉၉၀-မင်းပြားလွှတ်တော်အမတ်- ၁၉၁၉-၅၀၀-၀၄၉၄)၊
ကိုအောင်သန်း(၁၉၁၉-၂၄၀-၉၃၈၃)၊ ဒေါက်တာခင်စိန် (၁၉၁၉၉၂၃၁၉၆၁)၊ ကိုမင်းနိုင် (၁၇၁၆၅၄၄၁၁၇၂) နှင့်IFBNCအမှုဆောင်များ။

အလုပ်အမှူဆောင်အဖွဲ့
နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း
International Foundation for Burma National Congress (IFBNC)
ifbncexecutive@gmail.com / http://www.ifbnc.org/ , http://www.ifbnc.org/bur

(BBC News မှ 9 May 2013 ရက်စွဲပါ “Daw Aung San Suu Kyi seeks UK help for Burma Universities” သတင်းကိုဘာသာပြန်ဆိုသည်။)

တပ်မတော်အစိုးရလက်ထက်တွင် ဖျက်ဆီးခံလိုက်ရသော မြန်မာတက္ကသိုလ်များ ပြန်လည်ထူထောင်ရေးအတွက် အကူအညီရရန်ဗြိတိန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါသည်။ လန်ဒန်မြို့တက္ကသိုလ် အဓိပတိများစုဝေးပွဲသို့ မိန့်ခွန်းပြောကြားရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မိန့်ခွန်းပေးပို့ခြင်းဖြစ်သည်။

“တပ်တော်အစိုးရရဲ့ ဦးတည်ချက်က စည်းကမ်းထိန်းသိမ်းဖို့သာဖြစ်ပြီး၊ ပညာရေးပံ့ပိုးပေးဖို့ မဟုတ်ပါ ဘူး”ဟု သူမကပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာတက္ကသိုလ်စနစ်ကို နိုင်ငံတကာအထက်တန်းပညာရေး လမ်ကြောင်းပေါ်သို့ ပြန်လည်တွန်းတင်ရန်လိုအပ်နေကြောင်း၊ လက်ရှိတက္ကသိုလ်ပညာရေးစနစ်မှာ လွန်စွာနိမ့်ကျနေကြောင်း ဘွဲ့ရသူများထံတွင် ဘွဲ့နှင်းသဘင်ဓါတ်ပုံမှလွဲ၍ ဘာမှမကျန်ကြောင်း” ရှင်းလင်းပြောကြားသည်။

အစိုးရအတွက် ဆူးညှောင့်ခလုတ်

ပညာရေးပြုပြင်ပြောင်းလဲရေးဥပဒေကို ရေးဆွဲနေသည့် လွှတ်တော်ကော်မတီကို ဦးဆောင်သူ ဒေါ်အောင်ဆန်း စုကြည်က “မြန်မာနိုင်ငံတွင် နိုင်ငံရေးအရှုပ်အထွေးများကြောင့် အထက်တန်းပညာရေးစနစ် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးသွားခဲ့ရကြောင်း၊ ပညာတတ်နှင့် ကျောင်းသားများမှာ အစိုးရအတွက် အနှောင့်အယှက်များဟု ရှုမြင်ခံခဲ့ရကြောင်း၊ တက္ကသိုလ်စနစ်နှင့် တက္ကသိုလ်ဘဝမှာ နှစ်ပေါင်း ၅၀ အတွင်း ပျက်စီးရပ်ဆိုင်းသွားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေးအာမခံချက်မရှိသော ခေတ်မီလွတ်လပ်သည့် တက္ကသိုလ်စနစ်ဖွံ့ဖြိုးရန် လိုအပ်နေကြောင်း ဆက်လက်ပြောကြားသည်။

“ပညာရေးလွတ်လပ်ခွင့်ဆိုတာ ရှင်တို့အတွက်မထူးဆန်းပေမယ့် ကျွန်မတို့အတွက်အလှမ်းဝေးနေတဲ့ အိပ်မက်တစ်ခုပါ။ လူငယ်တွေလွှတ်လွှတ်လပ်လပ်တွေ့ဆုံ အသိဥာဏ်ဖလှယ်ဖို့အတွက် တက္ကသိုလ်ကျောင်းနယ်မြေ နေထိုင်မှုဘဝကိုလည်း ပြန်လည်ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ လူငယ်တွေအညွန့်ကျိုးသွားအောင် တက္ကသိုလ်ကျောင်းသားဘဝကိုဖျက်ဆီးဖို့ ကြိုးစားတာဟာ တိုင်းပြည်ရဲ့အနာဂါတ်ကိုဖျက်ဆီးလိုက်တာပါပဲ။” ဟု သူမက ဆိုသည်။

ဗြိတိသျှကောင်စီက စီစဉ်သော မြန်မာကိုယ်စားလှယ်များ၏ ဗြိတိန်တက္ကသိုလ်ပညာရေးအကြာင်း ရှင်းလင်းဟောပြောပွဲအပြီးတွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြာခဲ့ခြင်းဖြစ်ပါသည်။

ရှေးကတည်းက ဆက်ဆံခဲ့မှုကိုအလေးထား

မြန်မာတက္ကသိုလ်များ အထီးကျန်အသင်းကွဲဖြစ်နေချိန်တွင် နိုင်ငံတာအထက်တန်းပညာရေးနယ်ပယ်တွင် ကူးလူးဆက်သွယ်မှုများနှင့် ပြိုင်ဆိုင်မှုများ ဆက်လက်တိုးတက်မြင့်မားလျှက်ရှိသည်။ ယခုအချိန်တွင်မူ မြန်မာတက္ကသိုလ်များနှင့် အခြားနိုင်ငံများ ပြန်လည်ချိတ်ဆက်ရန် ကြိုးပမ်းမှုအချို့ ရှိလာပြီဖြစ် ပါသည်။ ယခုနှစ်အတွင်း အမေရိကန်တက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ လက်တွဲလုပ်ဆောင်မည့် အစီအစဉ်များကိုကြေညာခဲ့သည်။

သို့သော် မြန်မာနှင့်ဗြိတိန်အကြား ယခင်ကတည်းက ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောကြားသွားပါသည်။ “တစ်ချိန်က မြန်မာ့ပညာရေးစနစ်ဟာ ဗြိတိသျှပညာရေးစနစ်နဲ့ တော်တော်နီးစပ်ခဲ့ပါတယ်။ ခေတ်မီ ပညာရေးစနစ်ကို ဗြိတိန်အစိုးရက မိတ်ဆက်ပေးခဲ့တယ်လို့တောင် အမှန်တကယ် ပြောနိုင်ပါတယ်။ အခုတော့ နောက်တစ်ကြိမ် အကုန်လုံးပြန်လည်သင်ယူရတော့မှာပေါ့”ဟု သူမကဆိုပါသည်။

“ကျွန်မတို့နိုင်ငံအနေနဲ့ ဗြိတိန်နိုင်ငံဆီသာမကဘဲ၊ ခေတ်နဲ့အညီ ပညာရေးစနစ်ပါ လိုက်ပါပြောင်းလဲနေတဲ့ အခြားနိုင်ငံတွေဆီကပါ လေ့လာသင်ယူရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Yangon Chronicle



နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ (၁)နဲ့ ထောင်ချလိုက်တာနဲ့ ပတ်သက်လို့ အဲဒီလိုပြစ်မှုကြွေးကျန်တွေထားရှိတဲ့ပုဒ်မကို ပယ်ဖျက်ပေးဖို့ ဧရာဝတီတိုင်းအတွင်းက တောင်သူ လယ်သမားနဲ့ ရေလုပ်သားအဖွဲ့အစည်းတွေ က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ကြပါတယ်။

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အထည်ချောင်ကျေးရွာမှာ မနေ့ကပြုလုပ်တဲ့ တောင်သူ လယ်သမား အစည်းအဝေးကနေ အခုလို သဘောထားကြေညာချက် ထုတ်ပြန်တာဖြစ်ကြောင်း တောင်သူလယ်သမား နဲ့ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂအဖွဲ့ဝင် ကိုမောင်ငြိမ်းက RFA ကို အခုလိုပြောပါတယ်။

"ထုတ်ပြန်ချက်က ဧရာဝတီတိုင်း တောင်သူလယ်သမား၊ ရေလုပ်သားအားလုံးရဲ့သဘောထားနဲ့ ဗိုလ်ကြီး နေမျိုးဇင်ကို မတရားဖမ်းဆီးထားတဲ့ကိစ္စရယ်၊ တောင်သူလယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့လူတွေကို မတရားဖမ်းဆီးတဲ့ကိစ္စရယ်၊ မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ တောင်သူလယ်သမားတွေထံမှ မတရားသိမ်းထားတဲ့ လယ်ယာမြေတွေကို တောင်သူတွေလက်ထဲပြန်ရောက်ဖို့ကိစ္စရယ် အဲဒါကိုကျနော်တို့စုပေါင်းပြီး အစည်းအဝေးလုပ်ပြီးတော့ သဘောထားကြေညာချက်ကို ထုတ်ပြန်တာပါခင်ဗျာ၊ ဒီထက်မှမရဘူးဆိုလို့ရှိရင် ဧရာဝတီတိုင်းမှာရှိတဲ့ ပြည်သူလူထုတရပ်လုံး လက်မှတ်ထိုးပြီးတော့ သမ္မတထံကို ဦးနေမျိုးဇင်အပါအဝင် ပုဂ္ဂိုလ်တွေကို လွှတ်ပေးဖို့ အသနားခံစာတင်မှာခင်ဗျ၊ ကျနော်တို့ ပြည်သူလူထုအင်အားတွေနဲ့ ဆန္ဒဖော်ထုတ်မှုတွေ ဒေသအနှံ့အပြားမှာ ဆုတောင်းပွဲတွေလုပ်ပါမယ်"

တောင်သူလယ်သမားတွေ ထုတ်ပြန်လိုက်တဲ့ သဘောထားကြေညာချက်ထဲမှာ မအူပင်မြို့ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ဦးနေမျိုးဇင် နည်းတူ ပုဒ်မ၄၀၁ နဲ့ လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြစ်မှုကြွေးကျန်တွေကို ရုတ်သိမ်းပေးဖို့စတဲ့ အချက်တွေကို တောင်းဆိုထားပါတယ်။

တောင်သူလယ်သမားနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂအဖွဲ့ဟာ ဧရာဝတီတိုင်း ၁၄ မြို့နယ်က တောင်သူလယ်သမားနဲ့ ရေလုပ်သားတွေနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၁ သောင်းကျော် ရှိတယ်လို့သိရပါတယ်။

RFA




၁၉၈၈မှာ ဘာဖြစ်လို့တတိုင်းပြည်လုံး အုံကြွခဲ့ပြီးမှ မအောင်မြင်ခဲ့ရတဲ့ အဓိကသော့ချက်တစ်ခုကတော့ လောဘသားစီးပွါးရေးသမားတွေ
က စစ်ခေါင်းဆာင်တွေနဲ့အကျိုးတူပူးပေါင်းခဲ့တဲ့ အချက်ပါ၊ ခရိုနီစီးပွါးရေးဒေါက်တိုင်တွေကြောင့် စစ်အာဏာရှင်စနစ်ဟာ ပိုပြီးသက်ဆိုးရှည်စေခဲ့တာပါ၊

ခရိုနီတွေကြောင့်အာဏာရှင်တွေအသက်ဆက်ခဲ့ကြတဲ့နိုင်ငံတွေကိုလည်းလက်တွေ့ကမ္ဘာမှာတွေ့ခဲ့ကြဘူးမှာပါ၊မိမိကိုယ်ကျိုးစီးပွားအတွက်လူထုကိုလုံးဝသစ္စာဖေါက်ခဲ့တာပါ၊မမှန်မကန်ပူးပေါင်းမှုကနေရလာတဲ့အကျိုးတူကြီးပွါးချမ်းသာမှုတွေစစ်ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီးမတရားလုပ်ပိုင်ခွင့်တွေကိုရယူပြီးမှကြီးပွါးချမ်းသာလာကြသူတွေဟာအပြစ်ကင်းကင်းတဲ့ခရိုနီရှိနိုင်ပါရိုးလား၊

တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်လောက်ဟာ လူဦးရေသောင်းဂဏန်း လောက်ပဲရှိတဲ့ မိသားစုတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ တိုင်းပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တက်လာပြီ ဘယ်လောက်ပဲဆိုဆို တိုင်းပြည်ရဲ့ လူလတ်တန်းစား တွေ ဆင်းရဲသားတွေရဲ့မျော်လင့်ချက်က ၀ိုးတ၀ါးပါပဲ။ ပြီးတာတွေ ပြီးပါစေတော့ဆိုသည့်တိုင် မပြီးနိုင်သေးတာက သူတို့ကို မှီခိုပြီး ပေါက်ဖွားလာတဲ့ ခရိုနီတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဆက်စပ်မှုပါပဲ။ ဘဏ်တွေ၊ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ ငွေကြေး၊ မြေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကို ခရိုနီတွေကပဲ ပိုင်ဆိုင်ပြီး အခုအစိုးရလက်ထက်မှာ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းက ခရိုနီတွေနဲ့သာ သက်ဆိုင်မှု ရှိနေတာတွေ့ရပါတယ်။

လယ်ယာမြေ အဓမ္မသိမ်းယူမှု ပြဿနာတွေဟာ ထင်တာထက်အရမ်း ဆိုးရွားလွန်းလှပြီး နိုင်ငံရဲ့ လူဦးရေအများစု အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ ဆင်းရဲမွဲတေခြင်းရဲ့ ပြဿနာအရင်းခံမှာ လယ်ယာမြေတွေကို မတရားသဖြင့် သိမ်းယူခြင်းဟာ အဓိကဖြစ်ပါတယ်။

မြန်မာနိုင်ငံတ၀န်း၌ အဓမ္မ မြေယာသိမ်းမှုများ ကျယ် ကျယ် ပြန့်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း များနှင့် စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရ မည်ဟု ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၃၅၆ တွင် ပြဌာန်း ထားပါတယ်။ ယခုလအတွင်းမှာပင် ကချင်ပြည် မြစ်ကြီးနားမြို့ ရပ် ကွက်တွင်းမှ အိမ် ၂၃လုံးနှင့် လယ်ယာမြေတွေကို လျော်ကြေးမပေးပဲ သိမ်းယူခြင်း၊ ပဲခူးတိုင်းအတွင်း ရပ်ကွက်ကြီး အမှတ် ၅၊ ၈၊ ၉နှင့် ကျေးရွာအချို့မှ လယ်မြေ ဧကပေါင်း ၂၃၅၀၀ကို စက်မှုဇုံ စီမံကိန်း၊ လေယာဉ်ကွင်းနှင့် တက္ကသိုလ်နယ်မြေများအတွက် ဟုဆိုကာ ပိုင်ရှင်တွေကို မောင်းထုတ်ခြင်းများ လုပ်လာကြပြန်ပါတယ်။

ရန်ကုန် မရမ်းကုန်းမှ အိမ်ခြံမြေတွေ မတရားသိမ်းဆည်းခံရသော မြေကွက် ၂၀၀ကျော်၊ဥက္ကံက မြေသိမ်းခံရတဲ့ တောင်သူတွေ၊ မကြာမီလ များအတွင်း ရခိုင်ပြည်နယ် အမ်းမှ မြေသိမ်းခံများ၊ ဘိတ်ထားဝယ်မှ မြေသိမ်းခံများ၊ မင်္ဂလာဒုံ ရွှေမြယာ၊ သန္ဓေပင်တို့မှ လယ် သိမ်းခံ မြေသိမ်းခံများ၊ ရပ်ကွက် ဖျက်သိမ်းခံများနှင့် ဘုန်းတော်ကြီးကျောင်းများပါမကျန် ဖျက်သိမ်း မီးရှို့ခံရသော ရဟန်းသံဃာ တော်တို့၏ မကျေနပ်မှုတွေ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ပခုက္ကူ၊ ပုသိမ်၊ တနင်္သာရီ စသ ဖြင့် ဗမာပြည်အနှံ့မှာရှိနေကြပါတယ်။ လက်ပံတောင်းတောင်လူထု၊ လယ်သိမ်းခံ တောင်သူလယ်သမားလူထု၊ အဖိနှိပ်ခံ အလုပ်သမားလူထု၊ မြစ်ဆုံစီမံကိန်း ဖျက် သိမ်းမည့်လူထု၊ ဗမာတပြည်လုံး ဒုက္ခပေးနေသော ဦးပိုင်နှင့် ကာလုံကို ဖျက်သိမ်းမည့် လူထုသည် ဗမာပြည်နှင့် မဆီလျော် သော ငြိမ်းချမ်းစွာ ဆန့်ကျင်သည့်မူကို ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဤတကြိမ်တွင် ပုလိပ်တွေ အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်လာဦးမည်ဆိုပါက လူထုအနေဖြင့် သည်းခံနိုင် တော့မည် မဟုတ်တော့ပါ။ အရှုံးပေး အညံ့ခံရေး လမ်းကြောင်းသို့ နှစ် ပေါင်းများစွာ တွန်းပို့ခံလာခဲ့ရပြီးနောက် ပေါ်ပေါက်လတ္တံ့သော အုံကြွမှုမှာ ကောက်ရိုးမီးလို ၀ုန်းကနဲထတောက်ပြီး အရှိန်သေပြီးပြတ်သွားမည့် အုံကြွမှုမျိုး မဟုတ်။ ကာလကြာမြင့်စွာ တမြေ့မြေ့ ကြိတ်မှိတ် ခံစားလာခဲ့ရပြီးသည့်နောက် ဖွဲမီးလို တငွေ့ငွေ့ဖြင့် အဆုံးတိုင် ဖြိုဖျက်လောင်မြိုက်မည့် အုံကြွမှုမျိုး ဖြစ်လာအုန်းမှာပါ။ တပ်လယ်မြေ၊ အဖွဲ့အစည်းပိုင်လယ်မြေ၊ ကုမ္ပဏီပိုင်လယ်မြေတွေအားလုံး မျှမျှတတဖြစ်အောင် ကိုယ်ချင်းစာနာစိတ်နဲ့ လုပ်ပေးသင့်ပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ (ကက) ရုံးနှင့် ကြံ့ခိုင်ရေး ပါတီတို့က အဓမ္မသိမ်းယူ ထားသော ဒေသခံလယ်သမားများ၏ လယ်ဧက ၂၀၀ ကျော်ရှိပါတယ်။အဆိုပါလယ်မြေများကို ၂၀၀၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဝါးတောကျေးရွာ အခြေစိုက် (ကက) ရုံးမှ ၉၈ ဧက နှင့် ကြံ့ခိုင်ရေး ပါတီက ဧက ၁၄၀ ကျော် အခမဲ့သိမ်းယူခြင်း ခံခဲ့ရပြီး ထိုနေရာများတွင် ၂၀၀၄ ခုနှစ်မှ စတင်ကာ ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပါတယ်။ လယ်ပိုင်ရှင်များက နွေနှင့် မိုး စပါးများစိုက်ပျိုးသော ထိုလယ်မြေများကို(ကက) က စစ်တပ်စီမံကိန်းကို အကြောင်းပြ သိမ်းယူခဲ့ သကဲ့သို့ ကြံ့ခိုင်ရေးပါတီ ကလည်း ဗဟိုလူငယ်အဖွဲ့မှ ကန်တူးဖော်ရန်ဟုဆိုကာ အလံတိုင်များစိုက်ထူသတ်မှတ်ကာ သိမ်းယူ သွားခဲ့ကြပြန်ပါတယ်။ အလားတူ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် ၂၃ ဝါးတစ်ရာ ကျေးရွာလယ်သမားများ၏ လယ်မြေ ဧက ၂၅၀ ကျော် ကိုလည်း နိုင်ငံတော်စီမံချက်ဟု အကြောင်းပြကာ ကျေးရွာဥက္ကဌ ဦးအောင်ဖြိုး က ဦးဆောင်ကာ သိမ်းဆည်းခဲ့ပြီး ထိုနေရာများတွင် စက်မှုဇုန် အဆောက်အအုံများ တည်ဆောက်လုပ်ကိုင်နေကြောင်း ဝါးတစ်ရာ ရွာခံ များက ပြောကြားခဲ့ကြပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ခိုလန်မြို့နယ်တွင် မြေစာရင်းဦးစီးဌာနနှင့် အုပ်ချုပ်ရေးဌာန အရာရှိများက တောင်သူလယ်သမားများ၏ မြေဧက ၁၀၀ ခန့်ကို သိမ်းယူ၍ မြေကွက်များ ရိုက်ကာ ပြန်လည်ရောင်း ချခဲ့ပါ တယ်။ ကာလိမြို့နယ်တွင် စစ်တပ်အသစ် ဆောက်လုပ်ရန် အတွက် မြေဧက ၃၀၀ ခန့်ကို သိမ်းယူခဲ့ပြန်ပါတယ်။ ကျိုင်းတုံမြို့နယ်များတွင် မြေဧက ၁၀၀ ကျော်ကို တရုတ်လုပ်ငန်းရှင်များသို့ အာဏာပိုင်များက လွှဲပြောင်းပေးအပ်ခဲ့ကြပါ တယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားခဲ့ပါတယ်။ကျောက်ဖြူမြို့နယ်ရှိ လယ်ယာမြေနှင့် အခြားမြေများကို ဓည၀တီ ရေတပ်ဌာနချုပ်မှ သိမ်းယူခဲ့သည့် အမှု ၁ မှု၊ ခြေမြန်တပ်ရင်း ၅၄၂ မှ သိမ်းယူခဲ့သည့် အမှု ၁ မှုနှင့် ထောက်လှမ်းရေးတပ်မှ သိမ်းယူခဲ့သည် အမှု ၂ မှုရှိကြောင်း၊ ထို့ပြင် ပုဂ္ဂလိကဖြစ်သည့် ရွှေစီးပွားရေးကုမ္ပဏီမှ သိမ်းယူမှု ၁ ခုနှင့် ဒေါ်စိုးစိုးဝင်း အပေါင်း ငါးဦး ကုမ္ပဏီမှ သိမ်းယူမှု ၁ မှုနှင့် နတီးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့နတီးကုန်းကျေးရွာ ရဲစခန်း စခန်းမှူးပေါင်းပြီး သိမ်းယူမှု ၂ မှုရှိကြောင်း သိရှိရပါတယ်။

သိမ်းတဲ့အခါမှာလည်း ထိုက်တန်တဲ့ လျော်ကြေးပေးတာမျိုး မရှိဘူးသိမ်းယူပြီးနောက် တစ်ချို့နေရာတွေမှာ ဦးပိုင်နာမည်ပေါက် လုပ်ထားတာ၊ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး အမည်ပေါက်တွေ ပြန်လုပ်ထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်။''ကျောက်ဖြူမှာ လယ်ယာမြေ အမှု ၈ မှုရှိပါတယ်။ အဲဒီ ၈ မှုမှာ တပ်ကသိမ်းတာ ၄ မှု၊ အုပ်ချုပ်ရေးပိုင်းက သိမ်းတာ ၂မှု၊ ကုမ္ပဏီက သိမ်းတာ ၂ မှုဖြစ်ပါတယ်။ ထောက်လှမ်းရေးတပ်က သိမ်းရာမှာ တပ်အတွက် အသုံးမချဘဲ ဗိုလ်ချုပ်ကြီးဝင်းမြင့် (ယခင်အစိုးရအဖွဲ့ အတွင်းရေးမှူး ၃) ရဲ့ သမီး ဒေါ်နန်းရတနာဝင်း မင်္ဂလာဆောင်အတွက် လက်ဖွဲ့ပေးလိုက်တဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ပါတယ်။ နိုင်ငံတော်အတွက်၊ စစ်တပ်အတွက် မဟုတ်ဘဲ နိုင်ငံတော် ခေါင်းဆောင်ဆောင်ကြီးတွေ ဖြစ်တဲ့အတွက် နိုင်ငံတော်ခေါင်းဆောင်ကြီးတွေရဲ့ သမီးဖြစ်သူတွေ အတွက် ပြည်သူတွေရဲ့ မြေကို သိမ်းပြီး လက်ဖွဲ့လိုက်တယ် ဆိုတော့ ယခင်က ချစ်တီး ကုလားတွေထက်တောင် ဆိုးနေပါတယ်။

ထို့ပြင် ဂွမြို့နယ်တွင် စစ်တပ်မှ အုန်းခြံများ သိမ်းယူမှုအတွက် တိုင်ကြားမှု ၂ ခုရှိခဲ့ကြောင်း၊ စစ်တပ်မှ နာမည်ခံ သိမ်းယူကာ မြန်မာ့စီးပွားရေး ဦးပိုင်မှ ရယူထားသည်များရှိကြောင်း သိရှိရပါတယ်။ သံတွဲမြို့နယ်တွင် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ တိုင်ကြားထားသော အမှုပေါင်း ၄ မှုရှိကြောင်း၊ ရေတပ်နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ခလရ ၅၅ နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးနှင့် ဆိုင်သောအမှု ၁ မှုနှင့် သံတွဲခရိုင် အုပ်ချုပ်ရေးမှူး သမီးနှင့် သက်ဆိုင်သော အမှု ၁ မှု တို့ ဖြစ်ကြောင်း သိရှိရပါတယ်။

ရခိုင်ဒေသတွင် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ကြသော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ်သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ ရခဲ့ကြောင်းလည်းသိရှိခဲ့ရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားခဲ့သည့် အမှုပေါင်း ၁၇၆ မှု ရှိကြောင်း သိရပါတယ်။ ရန်ကုန်တိုင်း၌ ၈၅၀၀ ဧက ၊ ဧရာဝတီတိုင်း ၅၀၀၀ ဧက ၊ ကချင်ပြည်နယ် ၁၁၃၈ ဧက၊ မွန်ပြည်နယ် ၆၀၀ ဧက ရှိမြေယာများကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် အာဏာပိုင်များ ပူးပေါင်း၍ သိမ်းဆည်းခဲ့ကြပါတယ်။

မြေဈေးကစားမှုတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းယူမှုတွေကြောင့် တိုင်းပြည် ဘယ်လောက်နစ်နာခဲ့ရတယ်။ ဒီနောက်ကွယ်မှာ အဂတိတရားလိုက်စားမှုတွေ၊ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိခဲ့သလဲ။ အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။မူးယစ်ဆေးဝါးက တရားမ၀င်ရတဲ့ငွေ လာဘ်ပေးလာဘ်ယူမှုက တရားမ၀င်ရတဲ့ငွေတွေဟာ ဒီအမိန့်ကြော်ငြာစာကြောင့် တရားဝင်ငွေတွေဖြစ်ပြီး မူးယစ်ရာဇာတွေ စိတ်ကြိုက် ၀င်ကစားသွားခဲ့ပါတယ်။ ဘယ်သူတွေ အဂတိတရား လိုက်စားခဲ့ကြတယ်။ ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။ ဒါဟာ တိုင်းပြည်အတွက် အကြီးအကျယ် ထိခိုက်နစ်နာပါတယ်။

ဇော်ဝမ်းမောင်



ယနေ့ဗကသ(၇၇) နှစ်မြောက်အထိမ်းအမှတ်ပွဲသို့အမေရိကန်နိုင်ငံမှ ရန်ကုန်မြို့သို့ခေတ္တရောက်ရှိနေကြတဲ့
ABSDF ပထမ ဆုံးဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် နှင့် ၈၈၈၈ လေးလုံးဒီမိုကရေစီတိုက်ပွဲကာလတွင် အကသ ကျောင်းသားများသမဂ္ဂ တွင်ပါဝင်ခဲ့သူ ကိုဇေယျာဝင်းတို့လည်းတက်ရောက်ခဲ့စဉ်အမှတ်တရရိုက်မိလိုက်တဲ့ဓါတ်ပုံလေးပါ။
(ဗသက်အောင်)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၇၇နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်ကျောင်းသားတွေ မေလ ၁ဝရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.