05/19/13

အထူး သဖြင့် ကျွန်တော်တို့နှင့် စီးပွားရေးအရ ထိစပ်ကုန်သွယ်မှု အပြုရဆုံး နိုင်ငံကြီး ဖြစ်သည့် တရုတ်ပြည်ကိုလည်း ကမ္ဘာ့ စံချိန်စံညွှန်းများနှင့်အညီ သိက္ခာရှိရှိ ကြီးပွားချမ်းသာသောနိုင်ငံတစ်နိုင်ငံ ဖြစ်စေလိုပါသည်။

အိမ်နီးချင်းလွန်ခဲ့သည့် ဆယ်လခန့်က သတင်းတစ်ပုဒ် ဖတ်ခဲ့ရ ဖူးသည်။ ထူးသည်ဟု ဆိုနိုင်သော်လည်း ဆန်းတော့ လည်းမဆန်းပါ။ အကြောင်း အရာက တရုတ်ပြည်ထုတ် ချယ်ရီဝက်ဂွန်ကား လေးတွေ အကြောင်းဖြစ်သည်။ အဆို ပါကားလေးတွေ မြန်မာပြည်ရောက် လာတာ ယခုဆို နှစ်နှစ်ကျော်လောက် ရှိမည် ထင်သည်။

ရန်ကုန်မြို့မှာတော့ အိမ်စီးကားအဖြစ် သုံးသည်ထက် အများစုမှာ တက္ကစီအဖြစ် သာပြေးဆွဲ နေကြသည်။ အဆိုပါ ချယ်ရီကားလေး တွေကိုထုတ်လုပ်ရာတွင် မိုဒယ်မြင့် ကားများရော၊ မော်ဒယ်နိမ့် ကားတွေ ပါထုတ်လုပ် လျက်ရှိရာ ကမ္ဘာ့နိုင်ငံ အတော်များများ သို့လည်း တင်ပို့ ရောင်းချပြီးဖြစ်သည်ဟု ဆိုသည်။ ပါချယ်ရီကားလေးတွေ အပါအဝင် တရုတ်နိုင်ငံထုတ် ကားတွေကို ဩစတြေးလျ နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်ပို့နေ လေပြီ။

အကြောင်းမှာ အဆို ပါကားများတွင် အဆုတ်ကင်ဆာ ရောဂါဖြစ်စေနိုင်သည့် Asbestos ခေါ် ကျောက်ဂွမ်းများ ပါရှိနေသော ကြောင့်ဟုဆိုသည်။ အဆိုပါ ကျောက် ဂွမ်းကို ထည့်သွင်း အသုံးပြု ထုတ်လုပ် ခြင်းမပြုရန် ကမ္ဘာ့နိုင်ငံပေါင်း ငါးဆယ် မှ တားမြစ် ထားကြောင်းလည်း သိရ သည်။ ဩစတြေးလျမှ ပြန်ပို့လိုက် သော ကားအစီးရေမှာ ၂၃ယဝ၀ဝရှိ သည်။

ဒီသတင်းကိုအကြောင်းပြုပြီး ကျွန်တော်တို့ဆီက ကားဈေးကွက် တွင် ချယ်ရီဝက်ဂွန်ကားဈေးမှာ ဆယ့် ငါးသိန်း၊ သိန်းနှစ်ဆယ်ခန့် ပြုတ်ကျ သွားခဲ့ဖူးသည်။ နောက်ဆက်တွဲ သတင်းအနေ နှင့် ကြားသိရသည်မှာ တရုတ်ပြည်မှ ချယ်ရီကား ကုမ္ပဏီ၏ ထုတ်ပြန်ချက် ဖြစ်သည်။ သူတို့၏ ကားများကို မိုဒယ် အနိမ့်၊ အမြင့်ခွဲခြား ထုတ်လုပ်သည့် အလျောက် ကျွန်တော်တို့မြန်မာနိုင်ငံ ဆီတင်ပို့သောကားများမှာ မော်ဒယ် နိမ့်သောကားများသာဖြစ်ကြောင်း၊ ကြေညာ ခဲ့သည်။

သို့သော် ဝယ်ယူစီး နင်းသူတို့မှာ ထိုကားများအပေါ် စိတ် မသိုးမသန့်ဖြစ်ကုန်ကြလေပြီ။ မြန်မာနိုင်ငံသို့ တရုတ်ပြည်မှ မြောင်း ဆီများ (ကြော်လှော် ချက်ပြုတ်ပြီး နောက် မြောင်းထဲသို့ သွန်ချထားသည့် ဆီများ)ကို တရုတ်ပြည်မှ မသမာသူလူ တစ်စုကစုစည်းပြီး အလုံးအရင်းဖြင့် တင်သွင်းရောင်းချကြောင်းသတင်းကို ဖတ်ရဖူးသည်။

ဒါ့အပြင် ကြက်ဥအတု ဆိုတာကလည်း တရုတ်ပြည်မှပင် အစုလိုက်အပြုံလိုက်ဝင်လာလိုက်သေး သည်။ နောက်တစ်ခုက တရုတ်နို့မှုန့် အချို့ဖြစ်သည်။ သူကလည်း မယ်လ မင်းဓာတ် ပါဝင်သဖြင့် သောက်သုံးသူ တို့တွင် ကျန်းမာရေး ပြဿနာရှိစေ ကြောင်းသိရပြန်သည်။ တရုတ်ပြည် လုပ် စားစရာမုန့်အချို့တွင်လည်း လူကိုဘေးအန္တရာယ်ဖြစ်စေတတ် သော အရာများပါဝင်လျက်ရှိကြောင်း သတင်းကိုလည်း ဖတ်ခဲ့ရသည်။ တကယ်တော့ တရုတ်ပြည်သည် စီးပွားရေး အင်အားကြီး အဖြစ် ကမ္ဘာ ကအသိအမှတ်ပြုခြင်း ခံထားရသော နိုင်ငံတစ်ခုဖြစ်သည်။

နောင်ဆယ်စုနှစ် သုံး/လေးခု လောက်ကြာလျှင် ကမ္ဘာ့ ထိပ်သီးနံပါတ် (၁)နေရာသို့ တရုတ် ပြည်ရောက်ရှိ သွားမည်ဟု မှန်းဆသူ ကမှန်းဆသည်။ တရုတ်ပြည်ကြီး အရှိန်အဟုန်ဖြင့် တိုးတက် နေသည်ဆို သည်ကိုကြည့်ပြီး အချို့ကလည်း တရုတ်၏ စီးပွားရေး ပြုပြင်ပြောင်းလဲ ရေးမိုဒယ်ကို အတုယူသင့်သည်ဟုဆို သည်။

ဗီယက်နမ်သည် တရုတ်မိုဒယ် ကို အတုယူခဲ့သဖြင့် တိုးတက်ခဲ့သည် ဟု အချို့ကလည်းဆိုသည်။ သို့သော် ဤသို့အများက ဝိုင်း၍ ချီးမွမ်း ဩဘာပေးခြင်း ခံနေရသော တရုတ်နိုင်ငံ ကြီးထဲတွင် ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေပေသည်။ မီဒီယာ လွတ်လပ်ခွင့် အပြည့်အဝမရှိ သည့်ကြားမှပင် တရုတ် အစိုးရ အရာရှိ ကြီးများနှင့် တရုတ်ကွန်မြူနစ်ပါတီ ထိပ်သီးကြီးများ၏ အကျင့်ပျက်ခြစား မှုကြောင့် ကြီးလေးသော ပြစ်ဒဏ်ချ မှတ်ခံရသည့် သတင်းတွေကို မကြာ ခဏကြားသိ နေရသည်။ ဗဟိုအစိုးရ နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ အကြား အမိန့်အာဏာစီးဆင်းမှု ပြေပြစ်ညီညွတ်မှုကင်းမဲ့နေသည့် အကြောင်းကိုလည်း စာအုပ်စာတမ်း များတွင် ဖတ်ရှုရသည်။ ကြီးတွေနှင့် အစိုးရ အာဏာပိုင်အချို့ ပူးပေါင်းပြီး လုပ်ပိုင်ခွင့် မတရားရယူမှု တွေက ရှိနေပြန်သည်။

တရုတ်ပြည် တွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံ ခြားကုမ္ပဏီများ အနေဖြင့် တရုတ် ကွန်မြူနစ် ပါတီမှ ဩဇာရှိသူများနှင့် မဖြစ်မနေပူးပေါင်းဆောင်ရွက်မှသာ ပြေလည်မှု ရှိသည်ဟူသော ရေးသား ထုတ်ဖော်ချက် များလည်း ကမ္ဘာ တစ်ဝန်းပျံ့နှံ့ လာသည်။ တရုတ်ပြည် အတွင်း ကုန်ပစ္စည်း ဖြန့်ဖြူးလိုပါက တရုတ်ပြည်သူ့ တပ်မတော်နှင့် အချိတ် အဆက်ရှိမှသာ ပြေလည်သည်ဟု လည်းဆိုကြသည်။ ဤသို့သော မကောင်းသတင်းတွေ တစိမ့်စိမ့်ထွက် လာနေသော အဆိုပါတရုတ်ပြည်ကြီး တွင် မြို့ပြများ၌ လူနေအိုးအိမ်ဖယ် ရှားပေးလိုက်ရခြင်း၊ ကျေးလက်ဒေသ တွင် လယ်သမားတို့၏လယ်ယာမြေ အဓမ္မအသိမ်းခံရခြင်း အစရှိသော ဖြစ်ရပ်များကြောင့် အခြေခံလူတန်း စားက မကျေမနပ်ဖြစ်ကာ ဆန္ဒပြမှု၊ ဆူပူမှုတွေ မကြာခဏပေါ်ပေါက် လျက်ရှိပေသည်။

ဒီတော့ တရုတ်မိုဒယ် (Chinese Model) သည် ကျွန်တော်တို့လို စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေ သည့် နိုင်ငံများ အတွက် အတူယူ လျှောက်လှမ်း သင့်သည် မိုဒယ်ဟုတ်ပါ ၏လော။ သံသယ မျက်လုံး ဖြင့်ကြည့် ပြီး လေ့လာဆန်းစစ်ဖို့ တော့လိုပါ သည်။ တရုတ်ပြည်၏ အဓိကချို့ယွင်း ချက်မှာ နိုင်ငံရေးစနစ် (Political System)ကို စီးပွားရေးစနစ် ( Economic System)နှင့် လိုက်လျောညီ ထွေ အချိန်မီပြုပြင်ပြောင်းလဲမှု မလုပ်ခြင်းပင်ဖြစ်သည်။

တရုတ်ပြည် ၏အချုပ်အခြာအာဏာကို ဆုပ်ကိုင် ထားသော တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီဝင်အများစုမှာ ရှေးရိုး စွဲများဖြစ်နေပြီး တစ်ပါတီစနစ်မှာပင် ပိုနေမြဲကျားနေမြဲ ဆက်ထိုင်နေလို သော ဆန္ဒရှိနေကြပေသည်။ ထို့ ကြောင့်လည်း စီးပွားရေးတိုးတက်မှုနှင့် အပြိုင် လူ့အဖွဲ့အစည်းအတွင်း လူမှု ရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြဿနာ တွေကြီးထွား လာသည်ကို တွေ့ရှိရ သည်။ သိပ်မကြာ သေးသောကာလက ပင် တရုတ်ကွန်မြူနစ် ပါတီအရာရှိ ကြီးတစ်ဦးမှာ အကျင့်ပျက်ခြစားမှု ကြောင့် တရားစွဲဆို ခံနေရပြီး သူ့ဇနီး မှာလည်း အနောက်တိုင်း သားခရိုနီ တစ်ဦးအား အဆိပ်ခတ် သတ်ဖြတ်မှု ကြောင့် တရားရင်ဆိုင် ခဲ့ရသည်။

ထို သို့ တရားရင်ဆိုင်ရာမှာပင် အဆိုပါ အမျိုးသမီးက လူစားထိုးပြီး ရင်ဆိုင် နေကြောင်းနှင့် ထိုကဲ့သို့ လူစားထိုးရန် အတွက် အကြံပေးသူမှာ တရုတ် ဝန်ကြီးချုပ်ဟောင်း ဝမ်ကြားပေါင်၏ ဇနီးဖြစ်သည်ဟုပင် ကောလာဟလ များထွက်ပေါ်ခဲ့သည်။ စင်စစ်အားဖြင့် တရုတ်မိုဒယ်မှာ နိုင်ငံတော် အရင်းရှင် ဝါဒနှင့် အာဏာရှင် ဆန်သော အုပ်ချုပ် မှုတို့ကို ရောမွှေထားခြင်းသာဖြစ်ပြီး လွတ်လပ်သောဈေးကွက်စီးပွားစနစ် နှင့်အပ်စပ်သော နိုင်ငံရေးစနစ်ကင်းမဲ့ နေပေသည်။ ခေါင်းဆောင် အချို့ကတော့ အလျဉ်း သင့်တိုင်း တရုတ်ပြည်၏ နိုင်ငံရေး စနစ်ကို ပြုပြင်ပြောင်းလဲရတော့မည် ဟု မိန့်ခွန်းတွေပေးလေ့ရှိသည်။

သို့ သော် ရှေးရိုးစွဲတွေက အများစုဖြစ်နေ နိုင်ငံတစ်ခုတွင် စီမံကိန်း စီးပွားရေး စနစ် (Market Economy) ဆီသို့ ပြောင်းလဲမှု လုပ်တော့ မည်ဆိုလျှင် နိုင်ငံရေး စနစ်ကလည်း တစ်ဦး၊ တစ်ဖွဲ့၊ တစ်ပါတီက ချုပ်ကိုင်ထားသော အာဏာရှင် စနစ်မှသည် အများပြည် သူအာဏာပိုင်စိုးသည့် ပါတီစုံဒီမိုက ရေစီစနစ်သို့ ပြောင်းလဲပေးရမည်သာ ဖြစ်သည်။ တရုတ်ပြည်ရှိ ရှေးရိုးစွဲ ဝါဒီအချို့ အကြောင်းပြသည်မှာ အကယ်၍ ပါတီစုံဒီမိုကရေစီ စနစ်သို့ ပြောင်းလဲ လိုက်ပါက နိုင်ငံရေး မတည်ငြိမ်မှုဖြစ် ပြီး တရုတ်ပြည်ကြီး ပြိုကွဲသွားနိုင်သည် ဟူ၍ဖြစ်သည်။

တကယ်တော့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲထူ ထောင်လိုက်ပြီး စီမံအုပ်ချုပ်မှု၊ ဥပဒေ ပြုမှုနှင့် တရားစီရင်မှု ဟူသော မဏ္ဍိုင် ကြီးသုံးရပ်ကို လွတ်လပ်စွာ အပြန် အလှန်ထိန်းကျောင်း ညှိနှိုင်းခွင့် (Check and Balance) ပေးလိုက် ပါလျှင် တိုင်းပြည် မတည်မငြိမ် ဖြစ်ပြီး ပြိုကွဲပျက်စီးရန် အကြောင်း မရှိပါချေ။ စတုတ္ထမဏ္ဍိုင်ဟု တင်စားခေါ်ဝေါ် ခြင်းခံရသော မီဒီယာများကိုပါ လွတ်လပ်ခွင့်ပေးလိုက်လျှင် ယနေ့ တရုတ်ပြည်ကြီးရင်ဆိုင်နေရသော ပြဿနာအထွေထွေမှာ အေးငြိမ်း သွားမည်ဖြစ်သည်။

ယခုတော့ တရုတ်ပြည်ကြီးမှာ စီးပွားရေး လွတ်လပ်ခွင့်ပေးလိုက်သည့် အလျောက် စီးပွားရေးသမားတွေက အားကြိုးမာန်တက် စီးပွားရှာကြ သည်။ သို့သော် သူတို့စီးပွားရှာနေ သည့် ဈေးကွက်မှာ အပြည့်အဝယှဉ် ပြိုင်နိုင်ခွင့်ရှိသော လွတ်လပ်သည့် ဈေးကွက် (Free Market) အစစ် အမှန် မဟုတ်ချေ။ အုပ်ချုပ်ရေး မဏ္ဍိုင်၏ထိန်းချုပ်မှုအောက်မှာ တည် ရှိနေသည့်ဈေးကွက်ဖြစ်သည့်အလျောက် အုပ်ချုပ်ရေးနယ်ပယ်မှ အာဏာရှိသူ တို့နှင့် အဆက်အသွယ်အပေးအယူ ကင်းမဲ့သူတို့အဖို့ ဘယ်လိုမှတိုးတက် အောင်မြင်စရာလမ်းမရှိချေ။ ဥပဒေပြု မဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ မှာလည်း အုပ်ချုပ်ရေးမဏ္ဍိုင်၏ အောက်တွင်သာရှိနေပေရာ တရား ဥပဒေစိုးမိုးမှု အားနည်းလျက်ရှိပေ သည်။ အာဏာပိုင်တို့အကျင့်ပျက်ခြ စားခြင်း၊ သမ္မာအာဇီဝမကျသော စီးပွားရှာမှုများတိုးပွားလာခြင်း၊ ဧရာမ ခရီုနီများကြီးထွားအားကောင်းလာကာ အနိုင်ကျင့်ဗိုလ်ကျမှုတွေများပြားလာ ခြင်း အစရှိသော ဆိုးဝါးသည့်အရင်းခံ အကြောင်းချက်များအပေါ်မူတည်ပြီး တရုတ်ပြည်ကြီးအား ပြိုကွဲပျက်စီးမည့် လမ်းကြောင်းပေါ်သို့ တွန်းတင်နေခြင်း ဖြစ်ပေသည်။

ကျွန်တော်တို့မြန်မာလူမျိုးများ တွင် "အိမ်နီးချင်းကောင်းမှ လင် ကောင်းရမည်"ဟူသည့် ဆိုရိုးစကားရှိ ပါသည်။ မိမိကိုယ်ကိုယ် ဘယ်လိုပင် ကောင်းအောင်နေပါစေ၊ အိမ်နီချင်း တွေမကောင်းခဲ့လျှင် ဘေးဒုက္ခတွေ့ နိုင်ပေသည်။ မကြာသောကာလက ပင် ဆင်းရဲမွဲတေသလောက် မိမိနိုင်ငံ သားများအပေါ်တာဝန်မယူတတ်သော အိမ်နီးချင်းဆိုးကြောင့် နိုင်ငံတော်၏ အနောက်ဘက်စည်းရိုး ကျိုးပေါက်ခဲ့ရ ပြီမဟုတ်ပါလား။ ထို့အတူ အရှေ့ ဘက်စည်းရိုးကို ချိုးဖျက်ဝင် လျက်ရှိသည့် အိမ်နီးချင်းတို့၏ အန္တရာယ်ကလည်း စိုးရိမ်ဖွယ်ပင် ဖြစ်ပါသည်။ ထို့ကြောင့် မိမိနိုင်ငံတိုးတက် သလို မိမိအိမ်နီးချင်းနိုင်ငံ များကိုလည်း တိုးတက်ဖွံ့ဖြိုး စေချင်ပါသည်။

အထူး သဖြင့် ကျွန်တော်တို့နှင့် စီးပွားရေးအရ ထိစပ်ကုန်သွယ်မှု အပြုရဆုံး နိုင်ငံကြီး ဖြစ်သည့် တရုတ်ပြည်ကိုလည်း ကမ္ဘာ့ စံချိန်စံညွှန်းများနှင့်အညီ သိက္ခာရှိရှိ ကြီးပွားချမ်းသာသောနိုင်ငံတစ်နိုင်ငံ ဖြစ်စေလိုပါသည်။ စီးပွားရေးပြုပြင် ပြောင်းလဲမှုများလုပ်သလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကိုပါလုပ်ဆောင် သည့် ဒီမိုကရေစီအင်အားကြီးနိုင်ငံ တစ်ခုအဖြစ် တရုတ်ပြည်ကို တွေ့မြင် လိုပါသည်။ သို့မှာသာ ကျွန်တော်တို့မြန်မာ ပြည်သူ ပြည်သားများ အဖို့ ဆေးဝါး အတု၊ ငွေစက္ကူအတု၊ မြောင်းဆီ၊ အန္တရာယ်ဖြစ်စေတတ်သောမုန့်များ၊ မယ်လမင်းပါသောနို့မှုန့်များမှသည် အဆုတ်ကင်ဆာရောဂါဖြစ်နိုင်သည့် ကျောက်ဂွမ်းပါရှိသော ကားများအထိ "သုံးစွဲသူကို ဘေးဒုက္ခပေးမည့်ထုတ် ကုန်နှင့်ဝန်ဆောင်မှုများ"၏ အန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်နိုင်လိမ့် မည်ဟု ယုံကြည်မျှော်လင့် မိကြောင်း တင်ပြ လိုက်ရပါသည်။
ဝင်းသိန်းဦး
အခွင့်အလမ်း

“၂၀၁၃ ခုနှစ် မေလ ၁၈ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီအထိကျင်းပခဲ့သောGwangju May 18 Memorial day အခမ်းအနားသို့
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) မှကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့တက်ရောက်ခဲ့သည်။
ထို့ပြင်မြန်မာနိုင်ငံလုံးဆိုင်ရာကျာင်းသားများဒီမိုကရက် တစ်တပ်ဦး( ABSDF ) ဥက္ကဌကိုသံခဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
( လွတ်မြောက်နယ်မြေ ) ကိုရီးယားဌာနခွဲဥက္ကဌကိုနေထွန်းနိုင်တို့တက်ရောက်ခဲ့ကြသည်။ ”

- The 88 Generation ( Peace & Open Society )
Photo..Nay tun naing

ရခိုင်ဒေသအတွင်း ဘင်္ဂါလီဒုက္ခသည်စခန်းများနှင့်မောင်တော၊ ဘူးသီးတောင်ဒေသမှာ တဖြည်းဖြည်းနဲ့ တိုးပွားလာ သည့် ဘင်္ဂါလီလူဦးရေ ပမာဏသည် ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးကိုသာမက မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကိုပါ ထိခိုက်လာနိုင်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် လုံခြုံရေးအရာရှိတွေက တစ်ညီတစ်ညွတ်တည်း ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပတ်ဝန်းကျင်မှာ ဖွင့်လှစ်ထားသည့် ဘင်္ဂါလီဒုက္ခသည် စခန်း ၁၁ ခုဟာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်လုံးမှာ ဖွင့်လှစ်ထားသည့်အတွက် မြန်မာနိုင်ငံရဲ့ အနောက်ဘက်က လူဦးရေပေါက်ကွဲမှုဖြစ်နေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အမြဲတစေကူးလူး ဆက်ဆံမှုရှိသည်။

ရေလမ်းခရီးဖြင့်သွားလျှင် အချိန်တစ်ရက်သာကြာမြင့်သည့် စစ်တွေနှင့်ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြား က လမ်းပန်း ဆက်သွယ်ရေးကြောင့် စစ်တွေမြို့ပတ်ဝန်းကျင်က သက္ကေပြင်၊ဒါးပိုင်၊ဘောဒူဖစသည့် ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းအချို့တွင် ဘင်္ဂလားဒေရှ့်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများကို တွေ့နိုင်ပေသည်။

"စစ်တွေကမ်းရိုးတန်းတစ်လျှောက်လုံးမှာက ဘင်္ဂါလီဒုက္ခသည်စခန်းတွေလေ။သူတို့မှာလှေရှိတယ်။ဒီတော့ ဘင်္ဂလားဒေရှ့်ကို သွားနိုင်တယ်။လာနိုင်တယ်။သူတို့ဒီလို သွားနေတာသိရက်နဲ့ ကျွန်တော်တို့ မဖမ်းနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ရေတပ်အင်အားနည်းတယ်လေ" ဟု စရဖ တပ်ဖွဲ့ဝင် ကိုဖိုးလုံးက ပင်လယ်လှိုင်းများ ရိုက်ခတ်နေသည့် စစ်တွေကမ်းရိုးတန်းတစ်လျှောက်လုံးကို ကြည့်ရင်း ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်မှစတင်ကာ စစ်တွေမြို့ကို တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် ကိုဖိုးလုံးသည် စစ်တွေမြို့ဝန်းကျင်က ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် တစ်ဦးတည်း အခြေစိုက်လှုပ်ရှား နေရသည့် ထောက်လှမ်းရေးတစ်ဦး ဖြစ်သည်။

"သူတို့က ကျွန်တော့်ကိုယုံတယ်။စစ်တပ်ကိုယုံတယ်။ ရဲနဲ့နစကကိုမယုံဘူး။ ကျွန်တော့်သတင်းပေးတွေက ဘင်္ဂလားက ဘယ်နှစ်ယောက်ရောက်နေတယ် ပြောတယ်။ကျွန်တော် လိုက်ရှာတယ်။မတွေ့ဘူး။ သူတို့မှာကွန်ရက် ကောင်းကောင်း ရှိတယ်"ဟု ယင်းကဆိုသည်။

ပြီးခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် လေကြောင်းရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့၊ကမ္ဘာလှည့်ခရီးသွားများထိန်းသိမ်းစောင့်ရှောက်ကူညီရေးရဲတပ်ဖွဲ့နှင့်အဝေးပြေးလမ်းများ ထိန်းသိမ်း စောင့်ရှောက်ရေး ရဲတပ်ဖွဲ့များကို စစ်တပ်ထုံးစံအတိုင်း ဖွဲ့စည်းပုံများ တိုးမြှင့်ဖွဲ့စည်းလိုက်သော်လည်း မိုင် ၄၀၀ ကျော် ရှည်လျားသည့် မြန်မာ့အနောက်ဘက် ရခိုင်ပြည်နယ်ကမ်းရိုးတန်းလုံခြုံရေးအတွက် အကျိုးထူးလာခြင်း မရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဆိုသည်။

"ပြဿနာက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ဆိုင်တယ်။ဒုက္ခသည်စခန်းတွေက ဘင်္ဂါလီတွေ ထွက်သွားရင်ပြီးရော ဆိုပြီး၊ကမ်းရိုးတန်းကို ဖွင့်ပေးထားတယ်။ ထွက်သွားတဲ့သူလည်း ရှိပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေရှ့်ကနေ ဝင်လာသူက ပိုများတဲ့ အပြင်၊ မရိုးမသား လုပ်ချင်သူတွေလည်း ပါကောင်းပါလာနိုင်တယ်လေ"ဟု ယင်းက သုံးသပ်ပြသည်။

ပြီးခဲ့သည့် ၂၀၁၂ အောက်တိုဘာလကစတင်ကာ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်မှုဥပဒေအရ လူဦးရေစစ်တမ်းကောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နေရာတွင်လည်း လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။

"ကျွန်တော်တို့ အခေါ် ဆွဲ၊တင်၊စစ် ပေါ့လေ။လုပ်တာက ကောင်းတယ်။ဟနေတာက ဒီအိမ်မှာ ဘယ်သူနေတယ်။ အကုန်လူစေ့မတ်တပ်ရပ်ပြဆိုပြီး ကြည့်တာမဟုတ်ဘဲ၊ အဲဒီအိမ်က တစ်ယောက်လာ၊ဘယ်သူတွေနေလဲ စာရင်းပေးဆိုတော့ ငါးယောက်ပဲနေတာကို ဆယ်ယောက် စာရင်းပေးလို့ရတယ်လေ"ဟု စစ်တွေမြို့ နယ်စပ်ဒေသကွပ်ကဲရေးဌာနချုပ် -ကြားစခန်းတွင် တာဝန်ကျနေသသည့်လက်ထောက် လဝကမှုး တာဝန်ယူထားသူ ကိုတေဇာထွဋ်က ဆိုသည်။

ပေါက်တော၊မြေပုံ၊မင်းပြားနှင့်စစ်တွေမြို့များရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအရ လူဦးရေစစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့သူ ကိုတေဇာထွဋ်က "ကျွန်တော်က ဒီလို ဆွဲ၊ တင်၊ စစ်ကို မကြိုက်ပေမယ့် ကျွန်တော်တို့မှာ နောက်တစ်နည်းရွေးစရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တေိာတို့မှာ လူအင်အားနည်းတယ်၊ ပိုက်ဆံ မရှိဘူး"ဟု ယင်းကဆိုသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များကာအာရှ အရှေ့အလယ်ပိုင်းတွင် အခြေစိုက်ပြီး တင်းကျပ်သည့် အစ္စလာမ် ဘာသာရေး စည်းကမ်းများပါဝင်သည့် ရှာရီယာဥပဒေကို ပြဌာန်းကာ အစွန်းရောက် လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်နေသူများသည် အမေရိကန်နိုင်ငံ၏ အကြမ်းဖက်နှိမ်နှင်းရေး မှုဝါဒကြောင့် ယင်းတို့၏ ခံကတုတ်များဖြစ်သည့် အာဖဂန်နစ္စတန်၊အီရတ်တို့လို နိုင်ငံများက စွန့်ခွာပြီး၊နယ်ပယ်သစ်ရှာနေချိန်တွင် လူဦးရေအင်အားပေါက်ကွဲနေသည့် ဘင်္ဂလားဒေရှ့်နှင့် တစ်ဆက်တည်း ဖြစ်သည့် ဘူသီးတောင်၊ မောင်တောဒေသသည် ယင်းတို့အတွက် တဖြည်းဖြည်း မျက်စိကျစရာ ဖြစ်လာကြောင်း ဘူးသီးတောင် အခြေစိုက် ခမရ ၃၅၂ ရဲ့တပ်ရင်းမှုး ဖြစ်သူ ဒု-ဗိုလ်မှုးကြီး ကျော်စိန်ဝင်းက ဆိုသည်။

"ပြီးခဲ့တဲ့ အရေးအခင်းအတွင်းက ဒီဘက်ဒေသတွေကနေ ထွက်ပြေးသွားသူတွေကို ဘင်္ဂလားအခြေစိုက် RSO နဲ့ ARNO အဖွဲ့တွေက ဘင်္ဂလားမြောက်ပိုင်းမှာ သင်တန်းပေးနေတယ်ဆိုတာ သေချာတယ်"ဟု ယင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လာသည့် သတင်းအချက်အလက်များကို သုံးသပ်ရင်းပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကုန်ပိုင်းက ဘင်္ဂလားဒေရှ့်အခြေစိုက် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအသင်း (RSO)က ဘူးသီးတောင်၊မောင်တောဒေသက ဘင်္ဂလားဒေရှ့်သို့ ရောက်ရှိလာသည့် ဘင်္ဂါလီမွတ်စလင်များကို မောင်တောဒေသ မြောက်ပိုင်းရှိ ကျေးရွာများ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် အနှောင့်အယှက်ပေးမည့် ရိုဟင်ဂျာ ကလပ် ဟုအမည်ပေးထားသည့် အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မောင်တော အခြေစိုက် ထောက်လှမ်းရေး အဖွဲ့အစည်းများက ဆိုသည်။

"နယ်စပ်ခြံစည်းရိုးကာနေတဲ့ စစ်အင်ဂျင်နီယာတပ်ရင်းကို ဝင်တိုက်ပြီး၊လူဖမ်းသွားတာတွေ၊ရခိုင်ရွာတွေကို ဝင်တိုက်တာတွေက ဒီအဖွဲ့ရဲ့ လက်ချက်လို့ သုံးသပ်ထားကြတယ်"ဟု မောင်တောအခြေစိုက် ရဲထောက်လှမ်းရေး တစ်ဦးဖြစ်သူ ကိုညွှန့်ဝင်းကဆိုသည်။

ဘူးသီးတောင်၊မောင်တောဒေသ အတွင်းမှာရှိတဲ့ စုစုပေါင်း လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းပတ်ဝန်းကျင်ဟာ ဘင်္ဂါလီမှုစလင်တွေ ဖြစ်သည့်အတွက် ရခိုင်၊ဗမာ၊မြို၊သက်၊ဒိုင်းနက်စတဲ့ တိုင်းရင်းသား ကျေးရွာတွေ အခြေချနေထိုင်ကြသော မောင်တောဒေသမြောက်ပိုင်းသည် မိုးတွင်းကာလတွင် အုပ်ချုပ်၊ထောက်ပံ့မှု အခက်အခဲများစွာ ရှိခြင်းကြောင့် အဆိုပါ အဖွဲ့အစည်းရဲ့ တိုက်ခိုက်မှုများသည် မိုးတွင်းကာလတွင် ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ကိုညွှန့်ဝင်းက ဆက်လက် ပြောကြားသည်။

စစ်တွေမြို့တွင် ၁၁ ခု၊မင်းပြားမြို့နယ်တွင် ၂ ခု၊မြေပုံမြို့တွင် ၃ ခု၊ပေါက်တောမြို့တွင် ၄ မြောက်ဦးမြို့နယ်တွင် ၃ ခုစသည်ဖြင့် ဘင်္ဂါလီဒုက္ခသည်စခန်း ၂၀ ကျော်ရှိသည့် ရခိုင်ပြည်နယ်တွင် ယင်းတို့အတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ စိစစ်ရေး၊ထောက်ပံ့ရေးနှင့်ပြန်လည်နေရာချထားရေး စသည့် ကိစ္စရပ်များမှာ သက်တမ်းနှစ်နှစ်ကျော်သာရှိသေးသည့် ဒီမိုကရေစီ အစိုးရအတွက် စိန်ခေါ်ရပ်များ ဖြစ်ပေသည်။

မကြာခင်က ထုတ်ပြန်လိုက်သည့် ရခိုင်ပြည်နယ် ပဋိပက္ခလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ အကြံပြုချက် များတွင် ရခိုင်ပြည်နယ်အတွင်းရှိသည့် တပ်မတော်၊ရဲ၊လဝကနှင့်နစက တပ်ဖွဲ့များကို ခေတ်မှီလက်နက် တပ်ဆင်ရန် လိုကြောင်း၊တရားဥပဒေစိုးမိုးရေးကို အထူးအလေးပေးရန် လိုကြောင်း ဖော်ပြထားသည်ကို တွေ့ရသော်လည်း ယင်းကိစ္စရပ်များကို ပြည်ထောင်စု အစိုးရက အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခြင်း ရှိ/မရှိကိုလည်း စောင့်ကြည့်ရန်လိုအပ်ပေသည်။

မည်သို့ပင်ဆိုစေကာမှု မြန်မာနိုင်ငံ၏ အနောက်တံခါး ရခိုင်ပြည်နယ်မှာ မမြင်ရသေးသည့် အမှောင်ရိပ်များစွာ ဖုန်းနေသည်ကို မြင်ရပေသည်။စစ်တွေမြို့ပတ်ဝန်းကျင်က ဘင်္ဂါလီဒုက္ခသည်စခန်းများတွင်းသို့ သွားရောက် သတင်းထောက်လှမ်းရသည့် ကိုဖိုးလုံးက "ကျွန်တော်တို့ အတွက် စိန်ခေါ်မှုက ဟောဒီ ပင်လယ်ပြင်ကြီးပဲ"ဟု ဘင်္ဂလားဒေရှ့်တွင် တိုက်ခတ်နေသည့် မဟာစင် မုန်တိုင်းကြောင့် စစ်တွေကမ်းရိုးတန်းပေါ်က တိမ်တိုက်ကြီးကို ကြည့်ရင်းဆိုလိုက်သည်။

yangon chronicle


photo..Voa
မေလ ၁၇ ရက်နေ့ညပိုင်းမှ စတင်၍ အမေရိကန်နိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်လည်ပတ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ အမေရိကရောက် မြန်မာလူမျိုးများအနေဖြင့် အမိမြေကိုပြန်လာ၍ နိုင်ငံတည်ဆောက်ရေးတွင် တစ်အားတပ်အား ပါဝင်ဆောင်ရွက်ရန် မေလ ၁၈ ရက်နေ့တွင်ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေလ ၁၇ ရက်နေ့ညပိုင်း၌ ဝါရှင်တန်ဒီစီမြို့တော်၊ အနောက်မြောက်ရပ်ကွက်ရှိ မြန်မာသံရုံး၌ မိန့်ခွန်းပြောကြားရာတွင်လည်း အာရှိတိုက်၏ ထိပ်တန်းနိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံမှာ လက်ရှိအချိန်တွင် နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက နောက်ကျကျန်နေပြီဖြစ်သည့်အတွက် အမေရိကန်ရောက် မြန်မာလူမျိုးများအနေဖြင့် အမိမြန်မာနိုင်ငံသို့ပြန်လာ၍ ဝိုင်းဝန်းကြိုးပမ်းကြရန်နှင့် အမြဲတမ်းနေထိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသော်လည်း လတ်တလောပြန်လာလိုသူများကို နေထိုင်ခွင့်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင်နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း မေလ ၁၈ ရက်နေ့ ညနေတွင် အမေရိကရောက် မြန်မာနိုင်ငံသားအချို့က မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးများကို ထိရောက်စွာလုပ်ကိုင်ရန်၊ နိုင်ငံတကာအား လိမ်ညာခြင်းများကိုရပ်ဆိုင်းရန်နှင့်စစ်တပ်မတော်မှ နိုင်ငံဆင်းရဲစေရန် ပြည်သူ့ဆန္ဒနှင့် ပြည်သူ့အခွင့်အရေးပိတ်ဆို့ထားမှုများအတွက် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင်လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်အား လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုနှင့် စုံစမ်းစစ်ဆေးမှုလက်မခံသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အမေရိကန်အခြေစိုက် US Campaign for Burma အဖွဲ့က ဦးဆောင်ကာ ရုံး၊ သမ္မတအိမ်ဖြူတော်၊ ဂျွန်ပောာ့ပ်စကင်းတက္ကသိုလ်နှင့် အမေရိကန်ကုန်သည်ကြီးများ ရုံးရှေ့တို့တွင် ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမား၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန်နိုင်ငံသို့ မေလ ၁၇ ရက်နေ့ညပိုင်းတွင် သမိုင်းဝင်ခရီးစဉ်အဖြစ်ထွက်ခွာသွားပြီး ၎င်းနှင့်အတူ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများလည်း လိုက်ပါသွားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း မေလ ၂၀ ရက်နေ့တွင် အိမ်ဖြူတော်၌ သမ္မတအိုဘားမားနှင့် တွေ့ဆုံကာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးသွားနိုင်ဖွယ်ရှိပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမေရိကန်နိုင်ငံ၏ ပင်တဂွန်စစ်ဌာနချုပ်သို့ သွားရောက်လေ့လာရန် အိုဘားမားအနေဖြင့်ဖိတ်ခေါ်သင့်ကြောင်း ဝါရှင်တန် အခြေစိုက် အမေရိကန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒများ လေ့လာသုံးသပ်ရာတွင် သြဇာရှိအဖွဲ့ အစည်းတစ်ခု ဖြစ်သည့်CSIS အဖွဲ့က တိုက်တွန်းထားကြောင်း သိရသည်။

yangon chronicle

"သိန်းစိန် သိန်းစိန် လူလိမ် လူလိမ်" "သိန်းစိန် သိန်းစိန် လူလိမ် လူလိမ်" "သိန်းစိန် သိန်းစိန် လူလိမ် လူလိမ်" "အမျိုးသား သစ္စာဖောက်တွေ အလိုမရှိ အလိုမရှိ" "အမျိုးသား သစ္စာဖောက်တွေ အလိုမရှိ အလိုမရှိ" "ဖောက်ပြန်တဲ့ လူတန်းစားတွေ အလိုမရှိ အလိုမရှိ" "ဖောက်ပြန်တဲ့ လူတန်းစားတွေ အလိုမရှိ အလိုမရှိ" ဆိုတဲ့ အမေရိကားရောက် မြန်မာတွေဆန္ဒပြ ကြွေးကြော်သံဟာ ဗိုလ်သိန်းစိန် ရဲ့ နားထဲ စူးနစ်ဝင်ရောက်သွားမှာ သေချာပါတယ်။

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ တရားဝင်ခရီးစဉ် နဲ့ ရောက်ရှိနေတဲ့ ဗိုလ်သိန်းစိန်ဟာဝါရှင်တန်ဒီစီမြို့တော် မြန်မာသံရုံးမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံနေစဉ်မှာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ တကယ်လုပ်ဖို့၊ နိုင်ငံတကာကို လိမ်ညာနေတာတွေကို ရပ်တန့်ဖို့၊ တိုင်းပြည်ဆင်းရဲနေတာ စစ်အုပ်စုရဲ့ တိုင်းပြည်လူထုဆန္ဒတွေကို ပိတ်ဆို့ထားတာမို့ ဖြစ်နေရတာဖြစ်ကြောင်း အမေရိကားရောက် မြန်မာတွေက စုပေါင်း ဆန္ဒပြကြခြင်းဖြစ်ပါတယ်။

"စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံးလုပ်ပါ" "လိမ်ညာမှုတွေ ရပ်တန်းကရပ်ပါ"

ဗိုလ်သိန်းစိန် က အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွါးရေးပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ အဓိက အနေနဲ့ အရေးယူပိတ်ဆို့မှုတွေအားလုံးကို ဖယ်ရှားပေးဖို့ကိစ္စမှာ သူကိုယ်တိုင် လာပြီးတော့၊ တွေ့ဆုံပြီးတော့ ပြောသွားတယ်လို့သိရှိရပါတယ်။ ဒီခရီးစဉ်မှာ ဗိုလ်သိန်းစိန် နဲ့အတူ ၀န်ကြီး ၄ ယောက် ဒုတိယ ၀န်ကြီးများ လိုက်ပါလာပါတယ်။ ဒါတင်မက ပြည်တွင်းက ရုပ်မြင်သံကြားဌာနတွေ၊ သတင်းဌာနတွေလည်း ဗိုလ်သိန်းစိန် နဲ့အတူ လိုက်ပါလာတာမြင်ရပါတယ်။

ဗိုလ်ချုပ်တွေရဲ့ လူထုကို ပိတ်ဆို့ထာတာတွေကိုသာ အမြန်ဆုံးရပ်ပစ်လိုက်ပါ။ လိမ်ညာမှုတွေ အားလုံးကို ရပ်တန်းကရပ်စေချင်ပါတယ်။

လွတ်လပ်မှု တရားမျှတမှု နဲ့ ဒီမိုကရေစီ ရရှိရေး

ဆန္ဒပြသူတွေဟာ မြန်မာပြည်မှာ လူ့အခွင့်အရေးထွန်းကားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပေါ်ထွန်းရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးရရှိရေး၊ တိုင်းရင်းသားတွေကို စစ်ပြုနေတာတွေ ရပ်တံ့ရေး၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိလွှတ်ပေးရေး၊ လူထုတွေကို အကာအကွယ်ပြုထားတဲ့ တရားစီရင်ရေးစနစ် အုပ်ချုပ်ရေးစနစ်တွေကောင်းမွန်လာစေရန် စတာတွေကို တောင်းဆိုကြပါတယ်။ နိုင်ငံရဲ့ နိုင်ငံရေး စီးပွါးရေး ပညာရေး ဘာသာရေး လူမှုရေး တွေ ကောင်းမွန်လာဖို့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု ပေါ်ပေါက်လာရန် ရည်ရွယ်ဆန္ဒပြဖော်ထုတ်ကြတာလည်းဖြစ်ပါတယ်။

လူထုဆင်းရဲနေရတာ ဗိုလ်ချုပ်တွေရဲ့ ပိတ်ဆို့မှု sanctions ကြောင့်သာဖြစ်

ဗိုလ်သိန်းစိန် အစိုးရဟာ နိုင်ငံတကာ ရဲ့ စီးပွါးရေးပိတ်ဆို့မှုတွေကြောင့် လူထုနစ်နာရတယ် ပြောဆိုနေပေမယ့် ဗိုလ်ချုပ်တွေရဲ့ လူထု နဲ့ တိုင်းပြည်ကို ပိတ်ဆို့ထားတာတွေ ကို ဖုန်းကွယ်ထားပါတယ်။ ဗိုလ်သိန်းစိန် အစိုးရဟာ လယ်သမား အလုပ်သမား ကျောင်းသားတွေ အခွင့်အရေးတွေကို ဗြောင်ကျကျ ချိုးဖောက် လူ့အခွင့်အရေးတွေကို ပိတ်ဆို့ထားပါတယ်။ လူထုခေါင်းကို တက်နင်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေ နဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေကို စနစ်တကျ ပိတ်ဆို့ထားပါတယ်။ ဗိုလ်သိန်းစိန် ရဲ့ လွှတ်တော်မှာ စစ်တပ်က လေးပုံတစ်ပုံ ယူထားယုံမက ကာလုံက လွှတ်တော်အထက်မှာရှိနေတာ ကာလုံမှာ စစ်တပ်က အပေါ်စီးကရှိနေတာ ကာချုပ်က ကာလုံ ဥက္ကဌဖြစ်နေတာ တွေ၊ ကာကွယ်ရေး ပြည်ထဲရေး နယ်စပ်လုံခြုံရေး တွေလို အရေးပါတဲ့ နေရာစုံမှာ စစ်တပ်က အရာရှိတွေ နေရာယူထားတာတွေ၊ စစ်တပ်က လိုအပ်ရင် အချိန်မရွေး အာဏာသိမ်းဖို့ ခွင့်ပြုထားတာတွေ ဟာ ဒီမိုကရေစီ အစိုးရအဖြစ် ဘယ်သူကမှ မသတ်မှတ်နိုင်သေးတာဖြစ်ပါတယ်။

မတရားဥပဒေတွေရေးဆွဲကန့်သတ်ထားတာတွေဟာလည်း နိုင်ငံတိုးတက်ရေး နိုင်ငံလွတ်လပ်ရေး နိုင်ငံဖွံ့ဖြိုးရေးစတာတွေမှာ အရေးပါအဓိကကျတဲ့ ကြီးမားတဲ့ အဟန့်အတားတွေဖြစ်ပါတယ်။ ။ လူထု အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ လွတ်လပ်စွာ စုရုံးနိုင်ခွင့် လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် လွတ်လပ်စွာ ရေးသားဖော်ထုတ်နိုင်ခွင့် တွေကို တရားဥပဒေ နဲ့ အသေအချာ ကာကွယ်ပေးရန်လည်း အလွန်လိုအပ်လှပါတယ်။

- ဗိုလ်သိန်းစိန် အစိုးရ ဟာ မြန်မာပြည် စီးပွါးရေးတိုးတက်ဖို့ တကယ် ဖော်ဆောင်ခြင်ရင် တရားမျှတတဲ့ လွတ်လပ်တဲ့ဈေးကွက်ရရှိအောင် နိုင်ငံတကာက စီးပွါးရေးရင်းနှီးမြှုတ်နှံမှူတွေ တကယ်ရရှိလာအောင် ဦးပိုင် နဲ့ စစ်တပ် စစ်ခရိုနီတွေ ရဲ့ မတရားပြုမှူအထွေထွေ ကို အမြန်အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။

- ဗိုလ်သိန်းစိန် အစိုးရ ဟာ ပြည်တွင်းစစ် တကယ်ချုပ်ငြိမ်းစေချင်တယ်ဆိုရင် စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မှသာ တကယ့် ငြိမ်းချမ်းရေးကို ဆွတ်ခူးရရှိနိုင်မှာဖြစ်ပါတယ်။

- ဗိုလ်သိန်းစိန် အစိုးရ ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ကို ဖော်ဆောင်စေချင်တယ်ဆိုရင် စစ်တပ်ကို အာဏာရှင်တွေ နောက်ကွယ်က ချုပ်ကိုင်ထားတာ မလုပ်ဘဲ တပ်မတော်ကို နိုင်ငံရေး နဲ့ ခွဲခြားပစ်ရမှာဖြစ်ပြီး တပ်မတော်ကို နိုင်ငံကာကွယ်ရေးတာဝန် ကိုသာ မြင့်မြတ်စွာထမ်းဆောင်စေရမှာဖြစ်ပါတယ်။

ဗိုလ်သိန်းစိန် ရဲ့ အမေရိကားခရီးစဉ် မှာ အိုဘားမား နဲ့ ပျားရည်ဆန်းခရီး သာ မဖြစ်စေဘဲ အစိုးရထိပ်ပိုင်းချင်း အဆင်ပြေရေးသာ မဖြစ်စေဘဲ ဆင်းရဲသား မြန်မာလူထုတစ်ရပ်လုံး အကျိုးအတွက် ကောင်းနိုးရာရာတွေ ရည်ရွယ်လုပ်ဆောင်နိုင်ရမှာဖြစ်ပါကြောင်း ဗိုလ်သိန်းစိန် အစိုးရအဖွဲ့ တစ်ဖွဲ့လုံးကို အမေရိကားရောက် မြန်မာတွေက ဒီသတင်းစကားတွေအားလုံးကို ဖေ့စ်ဘွက်ကတစ်ဆင့် ပါးလိုက်ချင်ပါတယ်ခင်ဗျာ။

သတင်းဓာတ်ပုံ...ကိုဇော်ဝင်း


၂၀၀၄ ခုနှစ်တွင် -
- ဒေါ်အောင်ဆန်းစုကြည် ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် )
၂၀၀၉ ခုနှစ်တွင် -
- ကိုမင်းကိုနိုင် ( ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်း)။

အခြားနိုင်ငံများမှ ဆုရရှိသူများ၏ စာရင်းကိုလည်း ဤပုံတွင်
ကြည့်နိုင်ပါသည်။ ”


“ ဂွမ်ဂျူးလူ့အခွင့်အရေးဆု(သမိုင်းအကျဉ်း) ”
-----------------------------------------------

- ဤဆုကို ၂၀၀၀ခုနှစ်မှစ၍ တောင်ကိုရီးယားနိုင်ငံ၊The May 18 MemorialFoundation (Gwangju, Republic of Korea)မှ ကိုရီးယားနိုင်ငံတွင်းသာမက၊ကမ္ဘာအရပ်ရပ်မှလူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများအတွက် နှစ်စဉ်ဂုဏ်ပြုချီးမြှင့်လေ့ရှိသော ဆုတစ်ခုဖြစ်သည်။

- ၁၉၈၀ ခုနှစ် မေ ၁၈ရက်နေ့တွင်၊ တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူး၌ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးအတွက်တောင်းဆိုဆန္ဒပြသူများက
စစ်အာဏာရှင်စနစ်အား ခုခံတော်လှန်ဖယ်ရှားခဲ့ရာတွင် ပြည်သူများအသက်များစွာပေးဆပ်စတေးခဲ့ရခြင်းနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုကြီး
အောင်မြင်ခဲ့သည့်အထိမ်းအမှတ်အဖြစ် သမိုင်းဝင်နေ့အဖြစ်သတ်မှတ်ခဲ့သည့်အပြင်၊ ဤဂွမ်းဂျူးလူ့အခွင့်အရေးဆုကြီးကိုပါ ပေးအပ်ရန်
The May 18 Memorial Foundation အဖွဲ့ကြီးကဆောင်ရွက်ခဲ့သည်။

- ဂွမ်ဂျူးလူထု၏ ဒီမိုကရေစီရေးစိတ်ဓာတ် ပြန့်ပွား၍၊သတိတရရှိစေရန်ရည်ရွယ်ပြီး The May 18 Memorial Foundationအဖွဲ့ကြီးအား ၁၉၉၄ခုနှစ်တွင် စတင်ဖွဲစည်းခဲ့သည်။ ဂွမ်ဂျူးပြည်သူတို့ စစ်အာဏာရှင်တို့ကြောင့်ဒီမိုကရေစီဆိတ်သုဉ်းပြီး လူ့အခွင့်အရေးနည်းပါးစွာဖြင့် အထီးကျန်ခဲ့ရမှုကိုမေ-၁၈ ဂွမ်ဂျူးလူထု၏ ကြိုးပမ်းရုန်းထွက်မှုက တရားမျှတမှုသို့ရောက်အောင်ဆောင်ချဉ်းနိုင်ခဲ့သည်။ ထို့အတူ ကမ္ဘာ့ပြည်သူအားလုံး၏ တရားမျှတမှု၊လူ့အခွင့်အရေးတို့အတွက်လည်း ထောက်ပံ့ကူညီပေးနိုင်ရန် ရည်ရွယ်၍
The May 18 Memorial Foundation အဖွဲ့ကြီးက ဤဆုကို ကမ္ဘာ့နိုင်ငံများမှဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတစ်ဦးချင်းစီကိုဖြစ်စေ၊ အဖွဲ့အစည်းအားဖြစ်စေ ရွေးချယ်ချီးမြှင့်ပေးအပ်ခဲ့သည်။

၂၀၀၀ ခုနှစ်မှ စတင်၍ ပေးအပ်ချီးမြှင့်ခဲ့ရာ ယခု ၂၀၀၁၃ ခုနှစ်ထိဆိုလျှင်“ ဂွမ်းဂျူးလူ့အခွင့်အရေးဆု ရွေးချယ်ချီးမြှင့်ခံရသူ ” ၁၆ ဦးရှိပြီး။ ပူးတွဲဆုရသူ ၂၀၀၆ ခုနှစ်၊ ၂၀၀၇ ခုနှစ်တွင် နှစ်ဦးစီရှိသည်။ ၂၀၁၁ ခုနှစ်တွင်“ ဂွမ်းဂျူးလူ့အခွင့်အရေး အထူးဆု( Special Award )ကို ချီးမြှင့်ခဲ့သေးသည်။

ထိုဆုချီးမြှင့်ခံရသည့်သူများတွင် -ထူးထူးခြားခြား ကျွန်ုပ်တို့ မြန်မာနိုင်ငံမှ ၂-ဦးပါဝင်နေသည်။
၎င်းတို့မှာ
- လက်ရှိအမျိုးသမီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊
- ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ
ကိုမင်းကိုနိုင်တို့ဖြစ်သည်။

ကိုမင်းကိုနိုင်မှာ ဆုအား ယခု ၂၀၁၃ခုနှစ်၊ မေလ ၁၈ နေ့တွင်မှကိုရီးယား- အမေရိကန်ခရီးစဉ်အတွင်း ကိုယ်တိုင်သွားရောက်
လက်ခံယူမည်ဖြစ်သည်။

ဆုနှင့် ဆုကြေး - Gold Medal & USS-10000 or Gold Medal +
ကိုရီးယား ယွမ်( သန်း ၅၀ )။

- လူထုဆက်ဆံရေးဋ္ဌာန -
( ၈၈-မျိုးဆက်-ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း )
Email : pr@the88generation.org
www.facebook.com/the88gen.pr
ဖုန်း - ၀၁ - ၅၆၅၉၁၉ ၊ ၀၉-၇၃၀-၈၁၇၀၁

အသေးစိတ်ဖတ်ရှုလိုပါလျှင် -
( http://eng.518.org/ease/board.es?mid=a50501000000&bid=0028&list_no=804&act=view )
ဖတ်ရှုနိုင်ပါသည်။ )
Source : The May 18 Memorial Foundation


photo..AP
ဦးသိန်းစိန် အမေရိကသွားတာ ရန်ကုန်လေဆိပ်ကို အဆင့်မြှင့်ဖို့နဲ့ operate လုပ်ဖို့ ဒေါ်လာသန်းတစ်ထောင်တန်ဖိုးရှိမယ့် နှစ်သုံးဆယ်စာခ contract အတွက် ညှိနှိုင်းဖို့လည်းပါတယ်လို့ The Financial Timesအရ သိရတယ်။ လေဆိပ်ကို လောလောဆယ်တော့Asia World Group နဲ့ပူးပေါင်းထားတဲ့ Pioneer Aerodrome Service က operate လုပ်နေတယ်ဆိုပဲ။ ဒေါ်လာသန်းတစ်ထောင်တန် နှစ်သုံးဆယ်စာ အဆင့်မြှင့်ဖို့နဲ့ operate လုပ်ဖို့ လေလံပစ်ရာမှာconsortium အများအပြား အပြိုင်အဆိုင် လေလံဆွဲကြပြီး အမေရိကန်၊ တရုတ်၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား အစရှိတဲ့နိုင်ငံများမှ ပါဝင်ကြောင်းသိရပါတယ်။
U.S consortium မှာ Boeing, McKinsey အစရှိသည်တို့နဲ့ Kurt Campbell ဦးဆောင်တဲ့ The Asia Group တို့ပါဝင်ကြောင်း သိရပါတယ်။ ဒီလေလံပွဲမှာ U.S consortiumအနေနဲ့ လုပ်ချင်တယ်ဆိုရင် targeted sanction မှာစာရင်းပါတဲ့ မြန်မာစစ်ဗိုလ်ဟောင်းအချို့နဲ့ တစ်ချိန်က ဟီးရိုးအင်းဘုရင်ဖြစ်ခဲ့တဲ့ လော်စစ်ဟန်ဖွဲ့စည်းခဲ့ပြီး လောလောဆယ်မှာ သူ့သားဖြစ်သူ Steven Law ဦးဆောင်နေတဲ့ Asia World ကုမ္ပဏီတို့နဲ့ မဖြစ်မနေပူးပေါင်းလုပ်ရမယ့် အခြေအနေမှာ ရှိနေဟန်တူပါတယ်။ ဒါကြောင့် ဦးသိန်းစိန်အနေနဲ့ ဒီကိစ္စတွေညှိနှိုင်းဖို့ အမေရိကကိုသွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Asia Worldအနေနဲ့ လက်ရှိ Pioneer နဲ့ China Harbour Engineering တို့ကိုပစ်ပယ်ပြီး U.S နဲ့ပူးပေါင်းဖို့စဉ်းစားတာဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကြည့်ရတာ ယခင်မြစ်ဆုံဆည်ကိစ္စမှာ သင်ခန်းစာရသွားဟန်တူပါတယ်။ စစ်ဗိုလ်ဟောင်းတစ်ချို့လို့ အသံထွက်လာတာကို ကြည့်ခြင်းအားဖြင့် ဒီလေလံပွဲမှာ MEC တို့၊ UMEHLတို့နဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်မှုရှိပုံရမယ်လို့ ယူဆရပါတယ်။

ဦးသိန်းစိန်ရဲ့ အမေရိကခရီးစဉ်နဲ့ပတ်သက်ပြီး သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက Arab Springနဲ့နှိုင်းပြီး Myanmar Spring ဖြစ်မယ်ဆိုပဲ။ ဒီလိုအသုံးအနှုံးမျိုးကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခင်က သုံးခဲ့ဖူးပါတယ်။ သို့ပေမယ့် Tunisia အရေးနဲ့ ၁၉၈၈ အရေးအခင်းကို နှိုင်းယှဉ်ပြီးပြောတာပါ။ တူတဲ့အချက်က အောက်ခြေကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ပျံ့နှံ့သွားတာဖြစ်ပြီး မတူတာကတော့ တူနီးစီးယားစစ်တပ်က လူတွေကိုမပစ်ဘဲ၊ မြန်မာစစ်တပ်က လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တာပါ။

အခုဦးသိန်းစိန်အစိုးရရဲ့ ပြောင်းလဲမှုတွေကတော့ bottom-up မဟုတ်ဘဲ top-down ပုံစံဖြစ်နေလို့ Arab Spring နဲ့သိပ်မတူဘူးလို့ Prof. Steinberg တစ်ခါက ပြောခဲ့ဖူးပါတယ်။ သို့ပေမယ့် Arab Spring ရဲ့ရိုက်ခတ်မှုရှိပြီး ဒီဖြစ်စဉ်ကိုကြောက်လို့ အကျမနာအောင် ဖြည်းဖြည်းချင်းမျှင်းပေးနေတာလို့ ဆိုပါတယ်။ သူ့စာအရ ဒီမိုကရေစီ စစ်စစ်မရပေမယ့် ပြည်သူတို့မှာ စားဝတ်နေရေး ချောင်လည်မယ်ဆိုရင် လက်ခံနိုင်လိမယ့်မယ်လို့ ဆိုလိုချင်ပုံရပါတယ်။ လက်ရှိအခြေအနေအရ စစ်တပ်အနေနဲ့ စီးပွားရေးနဲ့လူမှုရေးကဏ္ဍအချို့ကို လွတ်လပ်ခွင့်အနည်းငယ်ပေးပြီး ပြည်သူအများစု ချောင်လည်လာအောင်လုပ်ပေးမယ်၊ သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မဖြစ်လာသည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ လုပ်ပိုင်ခွင့်အချို့ကိုတော့ ဆက်လက်ချုပ်ကိုင်ထားဦးမယ်လို့ ယူဆမှုတွေရှိနေပါတယ်။ NLD အနေနဲ့လည်း ပါတီတွင်းဦးဆောင်မှုနဲ့ အုပ်ချုပ်မှုကဏ္ဍတွေမှာ အားနည်းချက်တွေရှိနေသေးကြောင်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဘယ်သူတွေ ဘယ်အချိုးချိုးကြမလဲဆိုတာ ဒီ ၂ နှစ်တော့ စောင့်ကြည့်ဖို့လိုပါသေးတယ်။ လောလောဆယ်တော့ အမေရိကန်ကုန်သည်တစ်ဦး ခန့်မှန်းထားသလို ဦးသိန်းစိန်အမေရိကသွားလို့ duty-free access ရလာခဲ့ရင် နှစ်ဦးနှစ်ဘက် အကျိုးများနိုင်လိမ့်မယ်လို့ ယူဆရပါကြောင်း ...။

ခင်မင်စွာဖြင့်

မောင်သစ်စိမ်း
MMCP


 
“ ဖွ ”

အဆောက်အဦးတစ်ခု တည်ဆောက်မည်ဆိုပါက အခြေခံအောက်ခြေအုတ်မြစ် ခိုင်မာမှုရှိရန် အရေးကြီး လှသည်။ ကျန်းမာသန်စွမ်းမှုဖြစ်ရန် သန့်ရှင်းမှုသည် အဓိကကြသည်။ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုတိုင်း ပြည်၏ အစိုးရနှင့် ပြည်သူလူထုတို့၏ ပူးပေါင်းစွမ်းဆောင်မှုသည် အရေးပါလှသည်။ ဒီမိုကရေစီ နိုင်ငံထူထောင်မှု သည် ကျွန်တော်တို့ ပြည်သူလူထုတို့၏ စောင့်ထိန်းရမည့် စည်းကမ်းများသည် အဓိကဖြစ်တော့သည်။

ထို့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာ့အလယ်တွင် နာမည်ကောင်းဖြင့်ထင်ရှား၊ ကျော် ကြား၊ စံနမှုနာဖြစ်စေမည့် ခေတ်မှီတိုးတက် ဖွံ့ဖြိုးသန့်ရှင်းသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အင်တိုက်အားတိုက် အားမာန်ပြည့်ဝစွာဖြင့် စတင်ချီတက်မှုကို ပြုလုပ်နေချိန်တွင် ပြည်သူလူထုတို့၏အားထားရာ၊ ပြည်သူလူထုတို့တင် မြှောက်ထားသော သန့်ရှင်းသော အစိုးရအဖွဲ့အစည်း (Clean Governance) နှင့် ပြောင်းလဲမှု (Change)ကို ပြုလုပ် လိုသော နိုင်ငံတော်သမ္မတကြီးမှလည်း ယင်းကဲ့သို့ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းတို့အား ပုံဖော်မှုပြုရာ တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ (လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ) နှင့်အတူ လက်တွဲပုံဖော်ရန် အရေးကြီးကြောင်း တရားဝင်အများပြည်သူလူထုတို့အား ရေဒီယိုမှ၎င်း၊ နိုင်ငံတော်ထုတ် သတင်းစာများမှ၎င်း၊ ဂျာနယ်၊ စာစောင်များတွင်၎င်း မိန့်ခွန်းပြောကြားခဲ့မှုများ ပါဝင်ခဲ့သည်။ ထို့အပြင် ယခုအချိန် ကာလတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်သော အမေရိကန်နိုင်ငံသို့ သွားရောက်၍ အမေရိကန်နိုင်ငံသမ္မတ ဘာရက် အိုဘားမားနှင့်လည်း တွေ့ဆုံကာ အရပ်ဘက်လူ့အဖွဲ့အစည်းများ သည် ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် အဓိကကျသည့်အကြောင်း အချက်အလက်များအား ဆွေးနွေးကြမည်ဟု လည်းသိရှိရသည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်သည်လည်း ယခုနှစ်မဟာသင်္ကြန်မကျရောက်မှီ တစ်ရက်အလိုတွင် ပြည်သူလူထုတို့အတွက် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဖွဲ့စည်းတည်ထောင်ထားသော “ပေးဆပ်သူများ” မဟာသင်္ကြန်သံချပ်အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်ဖျော်ဖြေမှုပြုလုပ်ခဲ့ရာတွင် ဖျော်ဖြေပွဲအပြီးတွင် ဂုဏ်ပြုဆုငွေပေးအပ် ခဲ့စဉ် “တိုင်းပြည်ထူထောင်ရာတွင် သားတို့ရဲ့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ အင်အားတွေ အများကြီးလိုအပ်တယ်၊ အခုလိုတက်တက်ကြွကြွ အများပြည်သူလူထုအတွက် လုပ်ဆောင်ပေးမှုများအပေါ် အမေ အရမ်းကျေနပ်ဝမ်းသာ တယ်၊ အခုလိုပေးဆပ်မှုများအပေါ် ကျေးဇူးလည်းအထူးတင်တယ်” ဟူ၍ ပြောကြားခဲ့သည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ရန်ကုန်တိုင်းအတွင်း (အခမဲ့) နာရေးကူညီပံ့ပိုး ပေးမှုများကို ပြုလုပ်ပေးခဲ့သည်hအပြင် မြန်မာပြည်တွင်းရှိ တိုင်း/ မြို့နယ်/ ရပ်ကွက်များရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှုအဖွဲ့များအတွက် လိုအပ်သော နိဗ္ဗာန်မော်တော်ယာဉ်၊ နိဗ္ဗာန်ရေယာဉ်၊ နိဗ္ဗာန်ယာဉ် ထော်လာဂျီ၊ နိဗ္ဗာန်လက်ဆွဲလှည်းယာဉ်၊ စတီးဗန်း၊ အလူမီနီယံအခေါင်းအဖုံး၊ မီးသင်္ဂြိုလ်စက် စသည့်နာရေးလုပ်ငန်းနှင့် ပတ်သက်သော နိဗ္ဗာန်အသုံးအဆောင်ပစ္စည်းများအားလည်း လှူဒါန်းမှုတို့ကို ပြုလုပ်ပေးကာ နှစ်လတစ်ကြိမ်ခန့် မြန်မာတစ်ပြည်လုံးရှိ မြို့နယ်/တိုင်းဒေသများတွင် ဖွဲ့စည်းထူထောင်ထားသော လူမှုရေးအသင်းအဖွဲ့များအား လူမှုရေးစွမ်းရည်မြှင့်သင်တန်းများအားလည်း မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် (Camp) စခန်းသွင်း၍ သင်ကြားပေးလျှက်ရှိသည်။ ကျန်းမာရေးကူညီစောင့်ရှောက်ကုသပေးမှုအဖြစ်လည်း ရန်ကန်မြို့ မြောက်ဒဂုံမြို့နယ်တွင် သုခကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ မျက်စိခွဲစိတ်ကုသပေးမှု၊ အရိုးအကြော၊ အရိုး အဆစ်၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး (Physiothraphy)၊ ကလေး၊ အရေပြား၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ခွဲစိတ်(အသေးစား)၊ OG(ကိုယ်ဝန်ဆောင်မိခင်)၊ သွား၊ အထွေထွေ ရောဂါဝေဒနာရှင်များအား (အခမဲ့) နေ့စဉ်လ ကုန် နောက်ဆုံးရက်မှအပ ကုသပေးလျှက်ရှိပြီး နယ်ဒေသများသို့လည်း နယ်လှည့်ဆေးကုသပေးမှုလုပ်ငန်းအား ပရဟိတဆရာဝန်ကြီးများ၊ ပရဟိတလူငယ်လူရွယ်များနှင့် လက်တွဲကာ သွားရောက်ကုသပေးလျှက်ရှိသည်။ ၄င်း အပြင် ပြည်မြို့၊ ကြို့ပင်ကောက်မြို့၊ ပဲခူးမြို့များတွင်လည်း သုခကုသိုလ်ဖြစ်ဆေးခန်း အခွဲများဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပရဟိတလူငယ်များ ပရဟိတဆရာဝန်များနှင့် ပူးပေါင်း၍ ကုသိုလ်ဖြစ် အများပြည်သူအကျိုးအတွက် တစ်ဖက်တစ်လမ်း ကူညီမှုများကို ပေးဆပ်ကာ အစိုးရဆေးရုံကြီးများတွင် လိုအပ်လျှက်ရှိသော ခွဲစိတ်ခန်းသုံး ကုတင်၊ ဆေးကုသမှု အသုံးအဆောင်ပစ္စည်းများနှင့် ကိုယ်ထူကိုယ်ထ နယ်ဆေးခန်းများအတွက်လည်း လစဉ် ဆေးဝါးထောက်ပံ့မှုများအားလည်း ပြုလုပ်ပေးလျှက်ရှိသည်။ ပညာရေးကိစ္စရပ်များနှင့် ပတ်သက်၍ သုခအလင်း ပညာဒါန ဟူ၍ အမည်တပ်ကာ ဘုန်းတော်ကြီးပညာသင်ကျောင်းများမှအစ အမေ့အိမ်ပညာရေးကျောင်းများ၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ၊ တက္ကသိုလ်ဝင်တန်းပညာရေး၊ ဆေးကျောင်းတက်ရောက်နေသော ဆရာဝန် လောင်းလျာများအတွက် ဆရာဝန်ဖြစ်သည်အထိ ဂုဏ်ပြုချီးမြှင့်ငွေများပေးဆပ်မှု၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ အား အလုပ်အကိုင်ရှာဖွေရေးဖြစ်သော LCCI စာရင်းအင်းပညာသင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှု အတတ်ပညာ (Hospitality) သင်တန်း၊ ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာ 4Skills သင်တန်း၊ ပန်းချီသင်တန်းများနှင့် ကလေး သူငယ်များအတွက် အနာဂတ်တွင်အလိုအပ်ဆုံးသော ယဉ်ကျေးလိမ္မာသင်တန်းများအား (အခမဲ့) သင်ကြားပို့ချ ပေးကာ အနယ်နယ်အရပ်ရပ်ရှိ ဆရာ/ဆရာမများအတွက်လည်း (TOT) သင်တန်းများအားလည်း (Camp)စခန်း သွင်း၍ သင်ကြားပေးလျက်ရှိသည်။ နယ်ဒေသများရှိ ကိုယ်ထူကိုယ်ထစာကြည့်တိုက်များအတွက်လည်း စာအုပ် စာပေများအား စဉ်ဆက်မပြတ်လှူဒါန်းမှုများကို ပြုလုပ်ပေးလျှက်ရှိကာ နယ်လှည့်ပညာ သင်ကြားမှုများအားလည်း ပရဟိတဆရာ/မများနှင့် လက်တွဲ၍ နယ်ဒေသများသို့ သွားရောက်ပညာဒါနပြုလုပ်ပေးကာ အချို့သော ဒေသများ တွင် ပျက်စီးယိုယွင်းနေသော အစိုးရစာသင်ကျောင်းများအားလည်း ပြန်လည်ဆောက်လုပ်လှူဒါန်းပေးလျှက်ရှိသည်။ ထို့အပြင် သဘာဝဘေးဒါဏ်မျာဖြစ်သော ရေဘေး၊ မီးဘေး၊ လေဘေးသင့်ဒေသများသို့လည်း အချိန်နှင့် တပြေးညီ ပရဟိတလူငယ်များနှင့် ပူးပေါင်း၍ သွားရောက်လှူဒါန်းကူညီ ဖေးမမှုများကိုလည်း စဉ်ဆက်မပြတ်ပြုလုပ်ပေးခဲ့သည့် အပြင် စစ်ဘေးသင့်ဒေသများရှိ စစ်ဘေးဒါဏ်ခံ တိုင်းရင်းသားမိဘပြည်သူအပေါင်းတို့အား၎င်း၊ လူမျိုးရေး ပဋိပက္ခ ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြရရှာသော ပြည်သူပြည်သား အပေါင်းတို့ထံသို့၎င်း၊ လှူဒါန်းကူညီဖေးမအားပေး စကားများကို ပြောကြားကူညီခဲ့ကြသည်။ ၄င်းအပြင် မြန်မာပြည်တွင်း နွေရာသီကာလများတွင် သောက်/သုံးရေ ရှားပါး၊ နည်းပါး၊ လုံးဝမရှိသော အရပ်ဒေသများသို့လည်း ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ကာ ရေတွင်းရေကန်များ၊ အဝီစိတွင်းများ တူးဖော်ပေးခြင်းများ၊ ရေပိုက်လိုင်းများ သွယ်တန်းပေးခြင်းများ၊ ရေသိုလှောင်ရန် အုတ်ကန်များ တည်ဆောက်ပေးမှုများ၊ ရေစုပ်စက်များ တပ်ဆင်ပေးမှုများအားလည်းပြုလုပ်ပေးကာ သောက်/သုံးရေရှားပါးသော လက်လှမ်းမှီရာ အရပ်ဒေသများဖြစ်ကြသော ဒေါပုံ၊ ဒလ၊ ပဲခူး၊ မှော်ဘီ၊ ခရမ်း၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မြောက်ဒဂုံ အရပ်ဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝယ်ယူထားသော ရေဂါလံ (၃၆ဝဝ) ဆံ့ မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ရေကုသိုလ်လုပ်ငန်းအား ပေးဆပ်လျှက်ရှိသည်။

ယခုဆိုလျှင် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု၊ အိုဇုန်းလွှာပျက်စီးမှုအား ကာကွယ်မှုပြုရန်အတွက် သဘာဝ ပတ်ဝန်းကျုင် စိမ်းလန်းစိုပြေရေးအတွက်လိုက်လံ၍ လမ်းဘေးတွင် စည်ပင်သာယာအဖွဲ့မှ စိုက်ပျိုးထားပေးသော အရိပ်ရသစ်ပင်များအားလည်း ရှင်သန်ကြီးထွားလာရန်အတွက် ရေလောင်းပေးခြင်းလုပ်ငန်းရပ်အား “အစိမ်းရောင် စစ်ဆင်ရေး” ဟူ၍ ပထမခြေလှမ်းအဖြစ် မြောက်ဒဂုံမြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်းတစ်လျှောက် လုပ်ဆောင်ပေးနေပြီ ဖြစ်သည်။ ထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တည်ဆောက်ရန်အတွက် နိုင်ငံတော်အစိုးရမှ ချမှတ် ပေးလိုက်သော အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်တွင် အဆောက်အဦးများတည်ဆောက်မှုတွင် ကြုံတွေ့ခဲ့ရသောအမှိုက်များ၊ စွန့်ပစ်ပစ္စည်းများ၊ ကြွပ်ကြွပ်အိတ် ပလပ်စတစ်များ၊ ကော်ဗူးများ၊ သံတိုသံစများနှင့် ပြည့်နှက်ဖုံးလွှမ်းနေသော (၂) ဧကကျော်မြေကွက်အား ပြုပြင်ပြောင်းလဲခဲ့ရသော အတွေ့အကြုံဆိုးများ၏ ဒဏ်ရာ ဒဏ်ချက်များကြောင့်၎င်း၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အဓိက အခြေခံအုတ်မြစ်ဖြစ်သော လူ့စည်းကမ်း၊ ပြည်သူလူထုတို့ စောင့်ထိန်းရမည့်ကျင့်ဝတ်များထဲတွင် ပါဝင်သော စည်းမဲ့ ကမ်းမဲ့ အမိုက်ပစ်မှုများအား ပညာပေးလှုံ့ဆော်မှုအဖြစ်၎င်း၊ မြေသြဇာဖြစ်စေမည့်အမှိုက်နှင့် ပြန်လည်၍ အသုံးပြု နိုင်သည့်အမှိုက် (စက္ကူ၊ သစ်ရွက်၊ အဝတ်စုတ်နှင့် ရေသန့်ဗူးခွံ၊ သံဗူး၊ ပုလင်း၊ မီးချောင်း … ) စသည့် စွန့်ပစ် အမှိုက် များအား စနစ်တကျခွဲခြား၍ စွန့်ပစ်ကြရန် သင်္ခန်းစာပေးလိုသည့်ဆန္ဒအရလည်းကောင်း၊ အမှိုက်ကအစ ပြဿဒ် မီးလောင်မှုမဖြစ်စေရန် ကာကွယ်ထိန်းသိမ်းမှုကို ပြုလုပ်ကြရန်အတွက်၎င်း၊ လူဦးရေ (၅.၆) သန်းကျော်ရှိသော ရန်ကုန်မြို့နှင့် ရန်ကုန်မြို့စည်ပင်သာယာသန့်ရှင်းရေး လုပ်သားဦးရေ (၅ဝဝဝ) ကျော်ဟူသော အချိုးအစားအရ၄င်း၊ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေးအသင်းအဖွဲ့အနေဖြင့် လူသားချင်းစာနာထောက်ထားမှု၊ မြတ်စွာဘုရား၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုပြီး နိုင်ငံထူထောင်မှုအချိန်ကာလတွင် တစ်ဖက်တစ်လမ်း ပံ့ပိုးကူညီပေးမှုအဖြစ် ၁၁.၅.၂ဝ၁၃ စနေနေ့တွင် ပန်းဆိုးတန်းဆိပ်ကမ်းဧရိယာအတွင်းရှိ ခရီးသည်နားနေဆောင်နှင့် ဆိပ်ခံဗောတံတားနှင့် အနီးပတ်ဝန်းကျင်များ၊ မြောက်ဥက္ကလာပမြို့နယ် လူစည်ကားသည့် မြောက်ဥက္ကလာပအဝိုင်း ကားမှတ်တိုင်အနီး ပတ်ဝန်းကျင်များတွင် စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားသောအမှိုက်များတို့အား ကောက်ယူသိမ်းဆည်း ခြင်းများကိုလိုက်လံ၍ လူမှုရေးသမားများနှင့် အတူတကွလက်တွဲ လုပ်ဆောင်ပေးခဲ့ကြသည်။ မြို့နယ်ဒေသခံ မိဘပြည်သူများမှာလည်း ဝမ်းသာကြည်နူးစွာဖြင့်အတူလက်တွဲ ကူညီပေးခဲ့ကြသည်။ ကျွန်တော်တို့ ကောက်ယူခဲ့ သောအမှိုက်များအားလည်း မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်သုဿန်အနီးရှိ အမှိုက်ပုံသို့ စနစ်တကျစည်းကမ်း ရှိစွာသွားရောက် စွန့်ပစ်ခဲ့ကြသည်။ ယခုထပ်မံ၍ ၁၈.၅.၂ဝ၁၃ စနေနေ့ ညနေ (၃းဝဝ) နာရီအချိန်တွင်လည်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ လူသွားလူလာ ရုံးတက်/ရုံးဆင်း ထူထပ်များပြားလှသော မဟာဗန္ဓုလပန်းခြံ တစ်လျှောက် လူမှုရေးသမားများ၊ ဂီတပညာရှင်များ၊ စာပေနှင့် စာနယ်ဇင်းပညာရှင်များနှင့် လက်တွဲကာ အင်တိုက် အားတိုက်သန့်ရှင်းမှုအား ပြုလုပ်ကြမည်ဖြစ်တော့သည်။ ယခုတစ်ကြိမ်တွင် ဂီတပညာရှင်များ၊ စာပေပညာရှင်များ ပါဝင်လာရခြင်းမှာ ပြည်သူပြည်သားများအား အသိပညာပေးမှုတွင်ထိရောက်သည့် လက်နက်ဖြစ်သော အနုပညာ စွမ်းအားများကို တာဝန်သိသိ၊ တာဝန်ရှိရှိနှင့် တာဝန်ယူကြကာ အများပြည်သူအတွက် ပေးဆပ်ကြမှုတစ်ခုပင် ဖြစ်သည်။ ကျွန်တော်တို့၏ အနာဂတ်ကာလအတွက် စိတ်ကူးအိမ်မက်များသည် မြို့နယ်တစ်ခုချင်း၊ ရပ်ကွက်တစ်ခု ချင်း၊ မြို့တစ်မြို့နှင့်တစ်မြို့ချင်း၊ ပြည်နယ်နှင့်တိုင်းတစ်ခုချင်း၊ သန့်ရှင်းစိုပြေလှပမှုများကို အပြိုင်အဆိုင်အနိုင် လုပ် ဆောင်ကြမည်ဆိုပါက နိုင်ငံတော်တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သလို “(၄) လအတွင်း စင်္ကာပူနိုင်ငံကဲ့သို့ ဖြစ်စေ ရမယ်” ဟူသောစကားမှာ မှန်ကောင်းမှန်ပေလိမ့်မည်။

သို့သော် ယနေ့ ၁၈.၅.၂ဝ၁၃ စနေနေ့ နံနက် (၉းဝဝ) နာရီခန့်အချိန်တွင် ကျွန်တော့်ထံသို့ တယ်လီဖုန်း ဝင်လာသည်။ “ဦးကျော်သူတို့ အမှိုက်ကောက်မည့်အစီအစဉ်အား ရပ်ဆိုင်းပေးပါရန်” ဟူ၍ ရန်ကုန်မြို့ စည်ပင် သာယာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အရာရှိကြီးတစ်ဦးမှ ဆက်သွယ်ပြောကြားလာခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် လုပ်ဆောင်ပေးဆပ်ကြရန် စုရပ်ဖြစ်သော ဗိုလ်အောင်ကျော်လမ်း ထိပ်ရှိ “ရွှေလင်ဗန်း” လ္ဘက်ရည်ဆိုင်သို့သွားရောက်ကာ အစီအစဉ်ဖျက်သိမ်းကြောင်း ဂီတ၊ စာပေလူမှုရေးသမား များ၊ ရပ်မိရပ်ဖပြည်သူလူထုများနှင့် လူမှုရေးလုပ်ငန်းအားစိတ်ဝင်စား၍ လာရောက်ကြသော မူလတန်းအရွယ် ကလေးငယ်များကို ဦးဆောင်၍ခေါ်ယူလာသော BG အဖွဲ့သားများအား ဝမ်းနည်းစွာဖြင့် အကြောင်းကြားခဲ့ရတော့ သည်။ အပြန်လမ်းတစ်လျှောက် ကျွန်တော်တွေးတောမိတော့သည်။ ကျွန်တော်တို့ လူမှုရေးသမားများသည် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးကြမည့်သူများမဟုတ်၊ နိုင်ငံတော်အား ဆူပူမှုဖြစ်အောင်လုပ်မည့်သူများ မဟုတ်၊ တည်ငြိမ်အေးချမ်းသော ရေပြင်အား ဂယက်ထဆူပွက်စေမည့် သူများမဟုတ်၊ ငြိမ်းချမ်းမှုကိုသာ လိုလား ကြသည့်၊ စည်းကမ်းရှိမှုကိုသာလိုလားကြသည့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရုပ်/စိတ်တို့ကိုသာ လိုလားကြသည်။ စိမ်းလန်းသာယာမှုကို လိုလားကြသည်။ ကျန်းမာသန်စွမ်းပြီး ပညာရေးတိုးတက်မှုတို့ကိုသာ လိုလားကြသည်။ အဘယ့်ကြောင့် ယခုကဲ့သို့ ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းအား ဝိုင်းဝန်းပံ့ပိုးပေးမှုကို တားမြစ်ရသနည်း … ? ပိတ်ဆို့ရသနည်း … ? ဟန့်တားရသနည်း … ? ဤကဲ့သို့သော အသေးငယ်ဆုံး ပါမွှားလုပ်ငန်းလေးတစ်ခုကိုပင် တား မြစ်ခံရခြင်းအတွက် ကျွန်တော့်အတွက် အဖြေရှာမရ။ ထို့ကြောင့် အများပြည်သူအပေါင်းတို့အား တရားဝင်ကြေငြာ ထားသော အမှိုက်ကောက်မည့်အစီအစဉ်အား ဖျက်သိမ်းရခြင်းအကြောင်းကို အများပြည်သူတို့ထံသို့ တရားဝင် ပြန်လည်ပြောကြားရမည့် တာဝန်တစ်ရပ်ဖြစ်ပေါ်လာရသည်။ တစ်နည်းအားဖြင့် အများပြည်သူလူထုအား သတင်း ပါးခြင်း၊ သတင်းပွားခြင်း၊ သတင်းဖွခြင်းပင် ဖြစ်တော့သည်။

(အမှိုက်မကောက်ရ၍ အမှိုက်ဖွရန်မဟုတ် ! ။ အမှိုက်မကောက်ရ၍ သတင်းပါးခြင်း၊ သတင်းပွားခြင်း၊ သတင်းဖွခြင်း သက်သက်မျှသာဖြစ်သည် . . . )

ကျော်သူ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.