05/26/13

တိုင်းရင်းသားဒေသ ကို အထောက်ပံ့ ပေးနေသည် ဂျပန် နိပွန်ဖောင်ဒေရှင်း အကူအညီများကို အစိုးရအဖွဲ့မှ တားဆီးပိတ်ပင် လိုက်ပြီး ဖြစ်ကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှုးကြီး ဖိန်ဖ က ယနေ့တွင် ပြောသည်။

“အခု တလောမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိန်းချုပ် နယ်မြေအတွင်း ရှိ စစ်ပြေးဒုက္ခသည် တွေ အတွက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ လာရောက် အကူအညီ ပေးတာကို မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC က ပိတ်လိုက်တယ်။” ဟု ဆိုပါသည်။

ပြီးခဲ့သည် မေလ ၁၁ ရက်နေ့က ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ထိန်းချုပ် နယ်မြေအတွင်းရှိ နေရပ်စွန့် စစ်ပြေး ဒုက္ခသည် များအတွက် ဆန်အိတ် (၆၀၀၀) ခန့် ထောက်ပံ့ ကူညီပေးရန် အတွက် အစိုးရကိုယ်စားလှယ်၊ ဂျပန် နိုပွန်ဖောင်ဒေရှင်း ကိုယ်စားလှယ် နှင့် SSPP/SSA အဖွဲ့ ကိုယ်စားလှယ် တို့က ရှမ်းပြည်နယ် လာရှိုးမြို့ တွင်း၌ တွေ့ဆုံခဲ့သည်။

အဆိုပါ နိပွန်ဖောင်ဒေရှင်း၏ ပေးသည့် အကူအညီများကို SSPP/SSA ထံ လွှဲပြောင်းပေးအပ်ရန် နိပွန်ဖောင်ဒေရှင်း ကိုယ်စားလှယ်ဘက်က အဆိုပြုခဲ့သည်။ ယင်း အဆိုကို အစိုးရကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။

ရှမ်းမြောက်ပိုင်း တန့်ယန်းမြို့နယ် ရှိ တအာင်း စစ်ပြေး ဒုက္ခသည်များအတွက် ဤခရီးစဉ်နှင့် အတူ သယ်ဆောင်လာသည့် ဆန်အိတ်ပေါင်း (၁၀၀၀) ခန့်ကို နိုင်ငံတော်သမ္မတ သိန်းစိန်က ပေးသည်ဟု ဆိုကာ SSPP/SSA ကိုယ်စားလှယ်များအား အစိုးရကိုယ်စားလှယ် များက လွှဲပြောင်း ပေးအပ်ခဲ့သည်။

အဆိုပါ အခြေအနေကြောင့် ဆက်လက် လုပ်သွားရမည့် လုပ်ငန်းစဉ်များအတွက် ဂျပန် နိပွန်ဖောင်ဒေရှင်း အဖွဲ့တို့သည် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့နှင့် လာရောက် ညှိနိုင်းခဲ့သည်။

“ကျနော်တို့တင်ပြ ထားသည့် Project Proposal လုပ်ဆောင်သွားရမည့် ရှေ့လုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ် ငွေများကို မြန်မာငြိမ်းချမ်းရေး စင်တာထံ အရင်ချ ပေးရမယ်။ အဲဒီက တဆင့် သူတို့ ခွဲဝေပေးသွား မှာဖြစ်ကြောင်း ငြိမ်းချမ်းရေး စင်တာက ပြောကြောင်း နိပွန် အဖွဲ့က ရှင်းပြခဲ့သည်ဟု” ဗိုလ်မှုးကြီး ဖိန်ဖ က ပြောသည်။

ထို ငြိမ်းချမ်းရေး စင်တာမှ အဆိုပြုချက်များကို UNFC အဖွဲ့က ပယ်ချလိုက်သည်။ အကူအညီ လက်ခံရေးနှင့် ပတ်သက်၍ UNFC အဖွဲ့အနေဖြင့် ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ပြုလုပ်ကျင်းပသည် (Project Proposal) ပြန်လည် ရေးဆွဲရေး အစည်းအဝေးမှ ချမှတ် ထားပြီး ဖြစ်သည်။

အကယ်၍ အစိုးရမှ တဆင့် ဖြတ်သန်းပြီးမှ ရရှိသည့် အကူအညီများကို UNFC အဖွဲ့ဝင်များက လက်ခံတော့မည် မဟုတ် ဤသို့ ချမှတ်ထားသည်ဟု ဗိုလ်မှုးကြီး ဖိန်ဖ က ဆိုသည်။

နိပွန်ဖောင်ဒေရှင် အဖွဲ့သည်လည်း UNFC အဖွဲ့၏ သဘောထားများကို ဂျပန် အစိုးရထံ ပြန်လည် တင်ပြပေးမည် ဖြစ်ကြောင်း ပြောကြား သွားပါသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာထံ မေးပြန်ခဲ့သော်လည်း ဖြေကြားပေးမည့်သူ မရှိပါ။

တော်ဝင်ပန်း (The hot news weekly)

ပူလိုက်တာဗျာ။ လူတစ်ကိုယ်လုံးလည်း ငါးဖန်းမကြပ်တိုက်လို ဖြစ်နေပြီ။ ဒီကြားထဲ မိုးသံလေသံတွေ ကြားလာရတယ်။ မုန်တိုင်းသံတောင် ပါသေးသဗျ။ ကျုပ်လည်း ပျော်ပြုံးရာက ဝါးလုံးကွဲ ဟားတိုက်လိုက်မိပါသဗျ။

ပျော်ရာကပြုံး၊ ပြုံးရာက ဟားတိုက်မိတာကတော့ ဒီလိုကြောင့်ပါဗျာ။ ရယ်စရာ ရွှင်စရာတွေ ဆိုတာကလည်း ပေါင်းစုံဝေဖြာကြပေသကိုးဗျာ။

ကြားလိုက်ကြရဲ့ မဟုတ်လား။ စစ်အာဏာနန်းကျဟောင်းကြီး တစ်ဆူက သူတော့ဖြင့် ပါတီနိုင်ငံရေးလုံးဝ (လုံးဝ) မလုပ်တော့ပါဘူးတဲ့။ သာရေး၊ နာရေး၊ သာသနာရေးပဲ ဆောင်ရွက်ပါတော့မယ်တဲ့။ ဒီလိုစကားမျိုးကြားတော့ ကျုပ် ဝမ်းသာတာပေါ့။ ဝမ်းသာတော့ ဟားတိုက်မိတာပေါ့ဗျာ။

ကျုပ်တို့ရဲ့ မြန်မာနိုင်ငံရေးလောကမှာ ဒီလိုရယ်စရာ (အဲအဲ ပျော်စရာစကား) တွေကကြားရမြဲလေဗျာ။ ကျုပ်ကတော့ အဲဂလို စကားမျိုးတွေကြားရတိုင်း ရယ်မိတာပဲ။ ပျော်စရာကောင်းတဲ့စကားတွေကိုးဗျာ။ ကျုပ်တို့သာ ပျော်စရာကောင်းတာ မဟုတ်ဘူးဗျ။ အချစ်ဓာတ်တွေ တကယ်ကို ဝင်းဝင်းရွှေပြီး စစ်ဖိနပ်တွေ လည်မျိုနင်းနင်းချေခံခဲ့ရဖူးတဲ့ ပြည်သူလူထုကြီးက ပိုလို့တောင် ပျော်တာပဗျာ။

မှန်တာပြောရရင် အဲဂလို နန်းကျအာဏာရှင်ဟောင်းတွေ အဲဂလို NO နိုင်ငံရေးစကားတွေ၊ ဟင့်အင်း နိုင်ငံရေးလေသံတွေ ပြောတိုင်း၊ ပေးတိုင်း ကျုပ်တို့ မျက်စိလည်ခဲ့ဖူးကြတာပဲဗျာ။ အမျိုးသားနိုင်ငံရေး လုပ်မယ်ပြောလိုပြော၊ သာသနာနိုင်ငံရေး လုပ်မယ်ဆိုလိုဆို၊ အမျိုးကို စုံနေတာပဲဗျာ။ ကျုပ်ဖြင့် မျက်စိသူငယ် နားသူငယ်၊ ဘယ်လိုတွေလဲဗျို့လို့ ဟစ်ခဲ့ရတဲ့ အကြိမ်းပေါင်းက နည်းမှတ်လို့။

အခု နန်းကျအာဏာရှင်ဟောင်းကြီးတစ်ယောက် လေသံအသစ်ဖောက်လာတာကို ကျုပ်ကတော့ ကြိုဆိုသဗျာ။ အဲ .... ကျုပ်ပြောချင်တာလေး တစ်ခွန်းတော့ရှိသပေါ့ဗျာ။ အဲဒီတစ်ခွန်းက “ပြောမယ့်ပြော နလပိန်းတုံးလူထုကြီး နာကြောတစ်ထောင် စိမ့်သွားအောင် ပြောရော့ပေါ့ဗျာ။ စစ်နိုင်ငံရေး၊ အာဏာနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ ငါဆရာနိုင်ငံရေး၊ ခွေးချီလာတောင် ကောက်မဝါးတော့ပါဘူးဗျို့” လို့ ပြတ်ပြတ်သားသားကြီး ပြောလိုက်ရောပေါ့ဗျာ”

အဲဂလိုစကားကြားရလို့ လံကဓောလောကဓံသား ကျုပ်တို့ လန်ငရုပြဲ လူးငရဲပြန်တွေ အူတက်လို့ လူသက်ပါ ပျောက်ချင်ပျောက်ပါစေဗျာ။ ကြားချင်ရိုး အမှန်ပါ။

ပျော်စေပြက်စေပါဗျာ။ ဗိုလ်ချုပ်ကြီးတို့လို ပုဂ္ဂိုလ်တွေ အဲဂလို သစ္စာစကားဆိုသံ၊ ဖိန်းသံကြားတော့ တကယ်ဝမ်းသာတာပါ။

ဗိုလ်ချုပ်ကြီးလို ချုပ်ကြီးတွေ၊ မှူးကြီးတွေ၊ ချုပ်မှူးကြီးတွေဆီက အဲဂလိုသစ္စာစကားတွေကို ကျုပ်တို့ပြည်သူတွေက ကြားချင်နေတာဗျ။ အဲဂလို စကားမျိုးတွေကို ဦးပုညရေးခဲ့သလို မေတ္တာသုတ် တစ်ပုဒ်လုံး ပုဒ်မပါကျုံးပြီး ဝုန်းလိုက် ဖြုန်းလိုက်ကြစမ်းပါဗျာ။

ဗမာလူမျိုးအချင်းချင်းတွေပဲဗျာ။ ရှင်းရှင်းနဲ့ ဘွင်းဘွင်းပေါ့။ ဒီလိုများ မပြောချင်ဘူးလား။

“ကဲ... ကဲ ကိုယ့်ပြည်သူတို့ လွန်တာရှိ ဝန္ဒာမိပေါ့ဗျာ။ ဗဲရီးဆောရီးတောကြီးမြိုင်လယ်ပါပဲ။ ခွင့်လွှတ်ပေတော့ဗျို့။ နောင်များတော့ ရှောင်ရှားပေါ့ကွယ်။ စစ်နိုင်ငံရေး၊ အာဏာနိုင်ငံရေးအတွေးနဲ့တောင် မပြစ်မှား၊ အားလုံးယုံစားကြစေချင်တယ်” ဘာညာပေါ့ဗျာ။

အဲဂလိုစကားမျိုးကို ဟိုအာဏာရှင်ပဂေးကြီးတွေ၊ ပဂေလေးတွေ၊ပဂေးပိစိကွေးတွေ၊ ပဂေးချာတိတ်တွေ အားလုံးအားလုံး စကားကြွေးမချန်ဘဲ ဖွင့်အန်ပြောကြစေချင်သပေါ့ဗျာ။

ဟိုတစ်လောက် အဲဒီပဂေးကြီးတွေရဲ့ အိမ်တော်ပါပဂေးလေးပြောတဲ့စကား ကြားယောင်နေပါသေးတယ်။

သူ့အပြောက အဲဒီအာဏာပဂေးပါဝါဆွေးကြီးတွေခမျာ ချစ်သူဝိုင်းဝိုင်းလည်နေ ဆိုပါလား။ ချစ်သူ၊ ခင်သူ၊ ကြည်ဖြူသူ၊ ဆည်းကပ်သူ၊ ကိုးကွယ်သူတွေ အသင်္ချေအနန္တ ဆိုပါလား။ ဗမာအစ ကျောက်ဆည်က ဆိုတာ မှန်စရာရှိတယ်။ ဗမာဂါရဝ ပုဂံကဆိုတာလည်း မှန်စရာရှိတယ်။ ဒီခေတ်အထိ ဗမာတွေ ကျောက်ဆည်နတ်ဆိုး ကိုးကွယ်တုန်းပေကိုး။ ပုဂံအရည်းဆိုး ဆည်းကပ်တုန်းပေကိုး။

ကျုပ်ကတော့ ယုံသွားပြီ။ ဒီအဆိုတွေ မှန်နိုင်တယ်။ တခြားမကြည့်နဲ့ဗျာ။ ဒီနေ့အထိ ကျုပ်တို့နိုင်ငံ ဘယ်သူတွေ စိုးမိုးအုပ်ချုပ် မင်းလုပ်စံမြန်း နေကြသလဲ။ အာဏာရှင်ခေတ်အိမ်ရှေ့ရာဇာ သေနာပတိ ဝန်ကြီး၊ ဝန်ငယ်တွေ စိုးစံနေတာ မဟုတ်လား။ ကျုပ်တို့ ကြည်ဖြူလေးစား ဘုရားငယ်တစ်ပါးလို တဟားဟား တဟီးဟီး ဘာကြီးညာကြီး လုပ်နေတဲ့ အကြီးအချုပ်ပုဂ္ဂိုလ်ကြီးက စစ်အာဏာပဂေးခေတ်က မင်းလုပ်စိုးအုပ်ဝန်တစ်ဆူ ချုပ်ခဲ့သူမဟုတ်လား။

ကျုပ်တို့ ဗမာတွေ ကမ္ဘာနဲ့မတူတစ်မူထူးကာ အဲဒါပဲဗျ။ လစ်ဗျားလို နိုင်ငံမှာ အာဏာရှင် ကဒါဖီခေတ် ဝန်ကြီး၊ ဝန်ငယ်တွေကို ဒီမိုကရေစီ အပြောင်းအလဲခေတ်အစိုးရတွေမှာ အနားတောင်သီခွင့်မပေးဘူးဗျ။ ရာထူးရာခံနဲ့ စိုးစံမင်းမူခွင့်ပေးဖို့ဆိုတာ ဝေလာဝေး။

ကျုပ်ကတော့ ဗမာနည်းပဲ ကြိုက်သဗျာ။ ဟေ့ကမ္ဘာ့ကောင်တွေ ဗာလချောင် လာမလုပ်ကြနဲ့။ တို့ကတော့ တို့နည်းနဲ့ တို့ပဲ။ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒီမင်း ဒီစိုး ဒီဟိုဒင်းနဲ့ဆိုတာပဲ ကြိုက်တယ်ကွာ။ ဂုဏ်ယူတယ်ကွာ။ ဘာဖြစ်သေးလဲ။ ဟဲ ဟဲ ဟဲ ။ ဟေ့ တို့ခေတ်သစ်ရွှေနိုင်ငံမှာ ထီးရိုးနန်းရိုးမဟုတ်တဲ့ ငါ့တပါး မင်းခွေးချေးတွေ မပေါ်ဘူးကွ။ ဘေးတော်အစဉ် ဘိုးတော်အဆက် မင်းအာဏာ အာဏာမင်းတွေပဲ စိုးစံတော်မူသကွာ။

ကျုပ်လာစမ်းလို့ကတော့ ဒီအတိုင်း ဘွင်းဘွင်းပြောပစ်လိုက်မှာပေါ့။ ဘာရမလဲကွယ်။

ကျုပ်တို့ ‘ကမ္ဘာမှာလည်း အာဏာရှင် တို့လည်းအာဏာရှင်’ ဆိုတဲ့ နိုင်ငံရေးသံစဉ်သီချင်းနဲ့ ကြီးပြင်းလာခဲ့တဲ့ လူမျိုးမဟုတ်လား။ ဟား... ဟား.... ဟား။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ (၂)၊ အမှတ် (၁၉)


ဒီညနေ ၅ နာရီခန့်က 8 ကြိမ်မြောက် ... AIDS ဖြင့် ကွယ်လွန်သူများအား အောက်မေ့ဘွယ် မီးထွန်းဆုတောင်းပွဲ သို့ တက်ရောက်လာသော အမေစု ၀မ်းနည်းခြင်းမီးတိုင် ထွန်းညှိ့ပေးစဉ် ... (ဓါတ်ပုံ - ကိုကျော်စိုးနိုင် BG)

ဒီညနေ ၅ နာရီခန့်က 8 ကြိမ်မြောက် ... AIDS ဖြင့် ကွယ်လွန်သူများအား အောက်မေ့ဘွယ် မီးထွန်းဆုတောင်းပွဲ သို့ တက်ရောက်လာသော အမေစု မိန့်ခွန်းပြောကြာ့းနေစဉ် ... (ဓါတ်ပုံ - ကိုကျော်စိုးနိုင် BG)

ဒီညနေ ၅ နာရီခန့်က 8 ကြိမ်မြောက် ... AIDS ဖြင့် ကွယ်လွန်သူများအား အောက်မေ့ဘွယ် မီးထွန်းဆုတောင်းပွဲ သို့ တက်ရောက်လာသော အမေစု အား ကြိုဆိုနှုတ်ဆက်နေကြပုံ ... (ဓါတ်ပုံ - ကိုကျော်စိုးနိုင် BG)


နိုင်ငံသားဖြစ်ခွင့်ဆိုတာပြည်တွင်းကနေပြီးတော့ အဲဒီအပြင်နိုင်ငံတစ်ခုကို လက်ယပ်ခေါ်တဲ့သူခိုးဓားရိုးကမ်း
မဖြစ်ပဲနဲ့ ငါကိုယ်တိုင် ရှေ့ဆုံးက ရင်ကော့ပြီးတိုက်မယ်ဆိုတဲ့သစ္စာရှိမှုမျိုးရှိဖို့လိုပါတယ်

အထူးသဖြင့် တိုက်တိုက်ဆိုင်ဆိုင်..အဲဒီမိတ္ထီလာမှာ တစ်ယောက်ကထပြီး စပြီးတော့ကျွန်တော့်ကိုမေးပါတယ်။“ သူတို့ဟာ အနှိမ်ခံရပါတယ်တဲ့။ နိုင်ငံသားဖြစ်ပါလျက်နဲ့နိုင်ငံသားချင်းတန်းတူအခွင့်အရေးမရဘဲနဲ့ နှိမ်ချခံရတယ်၊ခွဲခြားဆက်ဆံခံရပါတယ်။
အဲဒါတွေဟာ တရားမျှတမှုရှိပါသလား။ ကျွန်တော်တို့က ဘယ်လိုသဘောထားပါသလဲ စသည်ဖြင့် မေးပါတယ်။

ကောင်းပါပြီ....
တစ်အချက် - နိုင်ငံသားဖြစ်တယ်ဆိုတာ သေချာပါသလား။ဗမာစကားပြောတတ်ရုံနဲ့(ဒီကတိုင်းရင်းသားဘာသာစကားတစ်ခုခုပြောတတ်ရုံနဲ့ ) နိုင်ငံသားစစ်စစ်မဖြစ်သေးပါဘူး။ကျွန်တော်တို့ဆီမှာ အားလုံးသဘောကျသည်ဖြစ်စေ၊မကျသည်ဖြစ်စေပေါ့ နိုင်ငံသားဥပဒေ
တစ်ခုရှိတယ်။ အဲဒါဟာလည်းလိုအပ်ချက်အရ...(ကျွန်တော်တို့ ဒီလောက်ဗျာ.. သန်းထောင်နဲ့ချီတဲ့ ပြည်ကြီးနှစ်ခုကြားထဲမှာ ညပ်ပြီးတော့) ရှင်သန်အောင်ကြိုးစားနေရသူတွေအဖို့နိုင်ငံသားဥပဒေဟာ ရှိဖို့လိုပါတယ်။

အဲဒီဟာကိုသာဒီထက်ကောင်းအောင်ဝိုင်းထပ်ပြီးတော့စဉ်စားဖို့ရှိတာပေါ့။အဲဒီလောလောဆယ်မှာတော့နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်/မဖြစ်..။ ဘိုးဘွားလက်ထက်ကတည်းကနေထိုင်လာပြီးတော့နိုင်ငံသားစစ်စစ်ဖြစ်တယ်ဆိုရင် ကျွန်တော်ရဲရဲတင်းတင်းအာမခံပါတယ်။
နိုင်ငံသားအခွင့်အရေးကို အပြည့်ရသင့်တယ်လို့ကျွန်တော်တို့ကိုယ်တိုင် ရပ်တည်ပေးမယ်။ သူ့အခွင့်အရေးအတွက်ကျွန်တော်တို့ကိုယ်တိုင် တိုက်ပွဲဝင်ပေးမယ်။

သို့သော်....အဲဒီ သို့သော်ရဲ့နောက်မှာ ပိုပြီးအရေးကြီးတဲ့အချက်ရှိပါတယ်။“ အခွင့်အရေးလိုချင်ရင်၊ တာဝန်ယူမှုရှိရမယ်။ ”ဘယ်ကိစ္စမျိုးမဆိုပါ။ဒီမိုကရေစီလိုချင်ရင် ၊ ဒီမိုကရေစီအခွင့်အရေးလိုချင်ရင် တာဝန်ယူမှုရှိရမှာဘဲ။ ဘာလဲ တာဝန်ယူမှုက။ ကိုယ်နိုင်သမျှ တတပ်တအားနဲ့ဝင်ပြီးတော့ ၀င်ရောက်ရုန်းကန်လှုပ်ရှားကြဖို့ပါ။ ရှေ့ကလှော်တဲ့သူက လှော်၊ပဲ့ကိုင်တဲ့သူက ကိုင်၊ ကြိုးနဲ့ဆွဲတဲ့သူက ဆွဲ၊ရွက်လွှင့်တဲ့သူ လွှင့်။ ဒါလုပ်ကိုလုပ်ရမှာပါ။

အဲဒီတော့ ကျွန်တော်တို့ပြည်သူတွေက အခုပြောနေတဲ့ ဒီမိုကရေစီနဲ့ပတ်သက်ပြီး နိုင်ငံသားအခွင့်အရေးတွေကို ဒါဟာ ဘာသာလူမျိုးတစ်ခုတည်းမဟုတ်ဘူး။ ကျွန်တော်ဟာမွန်လူမျိုးတစ်ယောက်။ဗမာတွေအတွက်ရော၊ပြည်ထောင်စုသားတိုင်း၊နိုင်ငံသားတိုင်းမှာရသင့်တဲ့အခွင့်အရေး-လွတ်လပ်စွာဟောပြောစည်းရုံးခွင့်၊ ပြောဆိုခွင့်ဒါတွေကိုကျွန်တော်တို့ပြောတယ်။ပြီးတဲ့အခါတာဝန်ယူမှုပါတွဲတယ်။အခွင့်အရေးနဲ့တာဝန်ယူမှုဟာ တွဲကိုတွဲရမယ်။ကျွန်တော်အစဦးဆုံးကလည်း ပြောပြီးပါပြီ။ တာဝန်ယူမှုဆိုတဲ့နေရာမှာ ထပ်ပြီးတော့
တိကျစွာပြောပါဆိုရင်...

“ ဟောဒီနိုင်ငံသားအဖြစ်နဲ့ အခွင့်အရေးအပြည့် လိုချင်တယ်ဆိုရင်ဟောဒီနိုင်ငံနဲ့ အခြား
တိုင်းတစ်ပါးနိုင်ငံရဲ့အကျိုးစီပွား ယှဉ်လာပြီဆိုရင်(သို့မဟုတ်) စစ်တိုက်ရတာမျိုးပဲဖြစ်ဖြစ်ပေါ့... ရင်ဆိုင်ရပြီဆိုရင်ပြည်တွင်းကနေပြီးတော့ အဲဒီအပြင်နိုင်ငံတစ်ခုကို လက်ယပ်ခေါ်တဲ့ သူခိုးဓားရိုးကမ်းမဖြစ်ပဲနဲ့ ငါကိုယ်တိုင် ရှေ့ဆုံးက ရင်ကော့ပြီးတိုက်မယ်ဆိုတဲ့သစ္စာရှိမှုမျိုးရှိဖို့
လိုပါတယ်။

အဲဒီလို သစ္စာရှိမှုမျိုးဆိုရင်ကျွန်တော်တို့ဟာ ခင်ဗျားတို့ကို အဲဒီ... နိုင်င်ငံသားစစ်စစ်ရဲ့ဘ၀လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာတွေအတွက် - ခင်ဗျားရှေ့ကနေတက်ပြီးတော့ကျွန်တော်ရပ်ပါမယ့်လို့ ကတိပြုပါတယ်။

- ကိုမင်းကိုနိုင် -
(၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲတွင်နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်ပြီး မေးမြန်းမှုအားဖြေကြားချက်မှ

၂၀၁၃ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားကို မေလ ၂၆ ရက်နေ့ နေ့လယ်မှ စ၍ တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို့ ဆိုးဆာမြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

ပြည်သူ့ဂုဏ်ရည်အသင်းက ယခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်” ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

ပြည်သူ့ဂုဏ်ရည်အထူးဆု ၃ ဆုကိုလည်း ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဆုရှင်များအဖြစ် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဦးနေမျိုးဇင်၊ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” လူမှုကွန်ရက် လှုပ်ရှားမှုများကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ တနိုင်တပိုင် သောက်ရေသန့်နည်းပညာ ဖြန့်ဝေနေသူ ဦးသန်းနိုင် တို့ကို ရွေးချယ်ခဲ့သည်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်အနေဖြင့် ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသား အမေရိကန်ဒေါ်လာ ၁၀၀၀၀ (တစ်သောင်း) ရရှိမည်ဖြစ်ပြီး ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်များအနေဖြင့် ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ် နှင့် ငွေသား အမေရိကန်ဒေါ်လာ ၁၀၀၀ (တစ်ထောင်) ရရှိမည်ဖြစ်ပါသည်။

ဆုရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့၌လည်း မကြာမီ ကျင်းပသွားမည်ဖြစ်ပါသည်။

၂၀၁၄ ခုနှစ် ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့တွင် ကျင်းပမည်ဖြစ်ပါသည်။

ပြန်ကြားရေးအဖွဲ့

ပြည်သူ့ဂုဏ်ရည်အသင်း

အထူးဆု၁ ကိုရဲလွင်

ပြည်သူဂုဏ်ရည် အထူးဆု ၃ ကိုနေမျိုးဇင်

ပြည်သူ့ ဂုဏ်ရည် အထူးဆု ၂ ကိုသန်းနိုင်


မေလ စနေအပတ်စဉ် စစ်အာဏာရှင်တွေ ရာဇ၀တ်မှုကို အာမခံပေးနေတဲ့သမတ ဦးသိန်းစိန်အစိုးရကို ဆန့်ကျင်တဲ့ ကင်ပိန်းဟာ ဒီကနေ့ မေ၂၆(စနေ)မှာ အဆုံးသပ်ပါတယ်။
တစိတ်ထဲပဲလား.. အတ္တဖြုတ်ချ(သို့မဟုတ်) အစိုးရကို ဖြုတ်ချ တိမ်တွေပျံသန်းတဲ့အတိုင်း..ငါလေပျံသန်းချင်ရဲ့။

သတင်းဓာတ်ပုံ video..KO NYO OSLO


လုပ်ချင်သလိုလုပ်ခွင့်မရလို့ ဖြစ်ချင်သလိုဖြစ် ဆိုပြီး ဖိနပ်ချွတ်ကြမ်းပြင်ပေါ် ပစ်ချထားခံလိုက်ရတဲ့ လပွတ္တာမြို့မှ ၁၅၀၀ ဖုန်းကဒ်လျှောက်လွှာများ......

မြို့နယ်အာဏာပိုင်ဦးဆောင်သောကော်မတီ အစီအစဉ်ဖြင့် ၂၄.၅.၂၀၁၃ နောက်ဆုံးသတ်မှတ် တင်ထားသောလျှောက်လွှာများကို ရပ်ကွက်ကျေးရွာရုံးများသို့ပြောင်းလဲလျှောက်ထားရန် ညဖက်မှာမိုက်နဲ့ကြေငြာပြီး ၂၅ မနက် ဆက်သွယ်ရေးရုံးရှေ့ကြမ်းပြင် နှင့် မြက်ခင်းပေါ်တွင်စက္ကူစုတ်များလိုပစ်ချထားရာမြို့သူမြို့သားများ လေးဘက်ထောက်၍
ရွေးကောက်ပွဲ ဝင်နေကြရပုံ များပါ။

ကြိုက်တဲ့လူယူ ကြိုက်သလောက်ယူ ကြိုက်သလိုသုံး(ကွမ်းယာပဲထုတ်ထုတ်)စနစ်ဖြင့် စည်းကမ်းမဲ့တာဝန်မဲ့စွာ ပြည်သူကို စော်ကားနှိပ်ကွပ်သော လူသားမဆန်သောလုပ်ရပ်ကို ဦးဆောင်စီစဉ်သည့် မြို့နယ်မှတာဝန်ရှိပုဂ္ဂိုလ်တို့၏ တာဝန်မဲ့လုပ်ရပ်ကို နိင်ငံတော်နှင့်ပြည်သူအားလုံး မျက်ဝါးထင်ထင်မြင်ကြရအောင် အဆင့်ဆင့်တင်ပြပေးကြပါဦး။

အရင်တစ်ပတ်က ၁၅၀၀ ကဒ်များကိုလည်း မြို့ပေါ်ဆိုင်တစ်ချို့မှာ ၄/၅၀၀၀၀ ဖြင့် လက်သိပ်ထိုးလိုသလောက် ရနေပါတယ်။ရှုပ်ထွေးသောခွဲဝေမှူ့ပုံစံအမျိုးမျိုးဖြင့် တစ်သုတ်ကိုသုံးခါခွဲမဲနှိုက် ခေါင်းစဉ်အမျိုးမျိုးပြခွဲတမ်းချစားနေသည့်အတွက် မြို့သူမြို့သားများ နစ်နာခံပြင်းနေကြရသည်ကို သက်ဆိုင်ရာအထက်လူကြီးမင်းများမှ စီစစ်ရှင်းလင်း သိက္ခာဆယ်ကြပါဦးဗျို့..

Sawtinmaung Lupyogyi



1999 ခုနှစ်တုန်းက ဆရာကြီး ဦးစောဆိုင်မွန်သာက ပြောပြခဲ့တာ။ ကုလားတွေဟာ တရုတ် ကိုကြောက် တယ်တဲ့။ တရုတ်တွေကတော့ ဂျပန်ကိုကြောက်ပါတယ်တဲ့။ ဘာလို့လဲဆရာလို့ မေးတော့ ကုလားတွေ ရပ်ကွက်ထဲ တရုတ်ဝင်လာရင် ရှိသမျှစီးပွားရေး သိမ်းသွားတာပဲ တဲ့။ အဲဒီလိုပဲ ဂျပန်ဝင် လာရင် တရုတ်တွေ ပြေးရတာပဲတဲ့။ ဘာနဲ့ ဆိုင်သလဲဆိုတော့ Neuro surgeon (ဦးဏှောက်နှင့် အာရုံကြော ဆိုင် ရာ ခွဲစိတ်အထူးကုဆရာဝန်) ပီပီ ဖြေပါတယ်။ Frontal Lobe ( ဦးဏှောက်ရှေ့ဆုံးပိုင်း ဧရိယာ) အကြီး အသေးနဲ့ ဆိုင်ပါတယ်တဲ့။ အဲဒီတုန်းက ကိုယ့်ခေါင်းကို အသာပြန်စမ်းမိသေးတယ်။ အခုတော့လဲ သိနေပြီမို့ မလိုတော့ပါဘူး။

European တွေရဲ့ အပြောတခုလည်း ဖတ်ဖူးသေးတယ်။ ငါတို့က မျိုးဆက်တဆက်စာပဲ စဉ်းစားတာ၊ ဂျပန်တွေ ကတော့ မျိုးဆက် ၃ ဆက်စာစဉ်းစားတာ။ ဒါကြောင့်လဲ ငါတို့ကိုကျော်ပြီး နံပါတ် ၃ နေရာကို မျိုးဆက်တခုအတွင်းမှာ ရသွားတာပေါ့တဲ့။
ရှာမှရှားတဲ့ စူပါဘရိန်း လီကွမ်ယုကလည်း ကုမ္ပဏီတခုတည်းအောက်က စက်ရုံနှစ်ရုံမှာတောင် ဂျပန်မန်နေဂျာရှိတဲ့စက်ရုံကထုတ်လုပ်မှုသာတဲ့အကြောင်းရေးထားသေးတယ်။ ဂျပန်မန်နေဂျာတွေက အောက် သက်ကြေပြီး စက်ဆီပေမှာ မကြောက်ပဲ အောက်ခြေ အလုပ်သ မားတွေနဲ့ အတူဝင်လုပ်နိုင် လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်လို့တဲ့။

မရိုးနိုင်တဲ့ ဗမာဆုံးမစကားတခွန်းလဲ ရှိပါသေးတယ်။ တရုတ်လိုရှာ ကုလားလိုစု ဗမာလို မဖြုန်းနဲ့တဲ့။ တရုတ်ရယ် ဗမာရယ် ကုလားရယ် စင်္ကာပူရယ် ဂျပန်ရယ် European ရယ် ကိုများ နံပါတ်စီ လိုက်ကြ မယ်ဆိုရင် ---- ဒါကြောင့်ပြောတာပေါ့။ သိပြီးသားမို့ ခေါင်းကို စမ်းစရာ မလိုတော့ ပါဘူး လို့။

ကြားဖူးနားဝကို လက်တွေ့သိရတဲ့အချိန်ကျတော့ သူတို့ပြောတာ အပိုမဟုတ်ဘူးဆိုတာ မြင်လာပါတယ်။ ဆင်တကောင်လုံးတွေ့လို့ ဆင်ခြေရာခံမိတာပေါ့လေ။ JICA ဆိုတာ အရင်က NGO အဖွဲ့အစည်းတခုလို့ပဲ နားလည်ခဲ့တာ။ဂျပန်ဆေးရုံသစ်ကြီးဆောက်ပေးတဲ့အဖွဲ့ပေါ့။ သူတို့ပေးခဲ့တဲ့ ရေခဲသေတ္တာတွေ နောက်တနှစ် လာစစ်တော့ ဆေးရုံထဲမှာ မရှိဘဲ ဆေးရုံ လူကြီး အိမ်ရောက်နေတဲ့အကြောင်း၊ သူတို့ပေးခဲ့တဲ့ ကုတင်ပေါ်မှာ ပျော်ပျော်ပါးပါးအိပ်ရင်းနဲ့ အလုပ်သင် ညဂျုတီ အတူဆင်းခဲ့တဲ့ သူငယ်ချင်းတွေတောင် လွမ်းမိပါသေး။ နောက်တခါ ကြားရပြန်တာက JICA က ကုသိုလ်ဖြစ်ဆေးခန်းတွေကို ဆေးလှူမှာတဲ့။ သာဓုပါရှင်။ ဟိုတနေ့ကမှ သိတယ်။ ၁၅ နှစ်လုံးလုံး JICA တကယ်လုပ်နေတဲ့အလုပ်က တနေ့မှာ ဖွံ့ဖြိုးလာမယ့်မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံနိုင်မယ့် နေရာတွေ၊ သတင်းတွေ၊ စီးပွားကွက်တွေနဲ့ စီးပွားဖက်တွေကို ရှာဖွေစုဆောင်းထားဖို့တဲ့။ မြတ်စွာဘုရား။ တို့များမြန် မာပြည်ကို ဖွံ့ဖြိုးဖို့ မျှော်လင့်နေတာ တို့တွေချည်းပဲမှတ်နေတာ။ အင်းလေ --နံပါတ်စဉ်ထဲမှာ ဘိတ်ချီး ဆိုတော့လဲ ထိပ်ဆုံးကကောင် ဘာလုပ်လဲ မသိနိုင်တာ မထူးဆန်းပါ။

သွားရင်းလာရင်းနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဂျပန်ဘဏ်ခွဲတခု ဖွင့်လှစ်တာကို သတိထားမိပါတယ်။ သတင်း စာထဲမှာလည်း ဆီဒိုးနားဟိုတယ်မှာ ဂျပန်စီးပွားရေးရုးံခွဲတခု ဖွင့်လှစ်ကြောင်းနဲ့ အကူအညီ အကြံဥာဏ် လိုအပ်တဲ့ ဂျပန်စီးပွားရေးသမားများကို ကူညီမယ့်အပြင် ရုံးခန်းတလခွဲဖွင့်ခွင့်ကိုတောင် အလကားပေးဦးမယ်တဲ့။

သံလျင်တံတားအဆင်းက Star City စီမံကိန်းနေရာကို လွန်ခဲ့တဲ့လက မိတ်ဆွေတယောက် နဲ့ ရောက် သွားပါတယ်။ တကယ်ဆောက်နေတဲ့ ကွန်ဒို အဆောက်အဦးက ၂ ခုထဲပဲရှိသေးတာပါ။ အရောင်းပြခန်း ကတော့ န၀ဒေးအိမ်ယာ ပြခန်းထက်တောင် အပုံကြီးသာပါတယ်။ အခန်းတွေ နမူနာဖွဲ့ပြထားပြီး ထိုင်းဒီဇိုင်နာက ဆင်ပေးထားတော့ မြင်တာနဲ့တင် လိုချင်စရာ။ အရစ်ကျ ငွေချေစနစ်ကို အုံနဲ့ကျင်းနဲ့ ၀ိုင်းဝယ်နေတဲ့လူတွေကတော့ ဂျပန်တွေပါ။ ကျွန်မတို့လို မြန်မာတွေကတော့ သွားရေကျရုံထက် မပိုပါဘူး။ ဘယ့်နှယ် ဒီလောက်ကျဉ်းတဲ့ စတုရန်း ပေ ၉၀၀ အခန်းလေးကို သိန်း ၈၀၀ တဲ့။ ရန်ကုန်မြို့ထဲ ကအခန်းတွေ ဈေးထက်များနေပြီ။ ပတ်ဝန်းကျင်လမ်းတွေ ရေကန်တွေ ပန်းခြံတွေကတော့ အပြတ်အ သတ် သာတာပေါ့လေ။ ဟိုဘက်က သီလ၀ါစီမံကိန်းကို ၁၅ မိနစ်လောက်သာ သွားရတော့မှာမို့ အလုပ်လာ လုပ်ကြမယ့် ဂျပန်များနေဖို့ ရည်ရွယ်ဆောက်လုပ်ပါတယ်တဲ့။ ဆောက်လုပ်ရေးက တာဝန်ခံမန်နေဂျာက စင်္ကာပူလူမျိုးပါ။ လိုချင်လှချည် တကဲကဲဖြစ်နေတဲ့ မေမေ့ကို အဝေးကြီးပါမေမေ ရယ်၊ နေနိုင် မှာ မဟုတ် ပါဘူးလို့ ညာတာပါတေးချော့ခေါ်လာခဲ့တယ်။ အဲဒီအထိလဲ လော ကကြီးဘာဖြစ်နေ မှန်း မသိသေးပါဘူး။

ပန်တင်းခေါင်းလျှော်ရည် ကြော်ငြာလိုပဲပြောရတော့မယ်။ ခုတော့ ကျွန်မသိပြီ။ ကိုကို ဂျပန်များသာ အလည် ဆုံး အတော်ဆုံးဆိုတာ။ အခုဘာသာပြန်မယ့် ဆောင်းပါးကို ဖတ်မိသွားတာမို့ပါ။ သမ္မတဦးသိန်းစိန် က လက်ယပ်ခေါ်ပြီး ၀ါတာနာဘီစံ မင်းကိုပေးစရာတခုရှိသတဲ့။ ဒီတကွက်ထဲနဲ့တင် ၁၅ နှစ်ရင်းနှီးခဲ့ရသမျှ တန်ပါပေ့လို့ ဆိုရမှာပါပဲ။ အကြွေးတွေမဆပ်နဲ့တော့ လို့ ပြုံးပြုံး ကလေးပြော သွားတာအပြင် နောက်ထပ်လည်း ထပ်ချေးဦးမှာတဲ့။ ဟုတ်ကဲ့ ကျေးဇူးကြီးလှပါပေရဲ့ရှင်။ အပေါ်မှာ နိဒါန်းချီထားသမျှ မှန် မမှန်ဆောင်းပါးလေးဖတ်ပြီး ဝေဖန်ကြည့်ကြပါဦး။ ( Reuters (အမေရိကန် သတင်း ဌာန) မှာ ၂.၁၀.၁၂ နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် အန်တိုနီ စလိုကော့စကီးရဲ့ လက်ရာဖြစ်ပါတယ်။)

ဂျပန်များ၏ မြန်မာပြည်သို့ တိတ်တဆိတ် ချီတက်ခြင်း

ဂျပန်များဟာ မြန်မာပြည်ကို အားဖြည့်နေပါပြီ။ မာရသွန်ပြေးပွဲဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလရဲ့ ညတည မှာ အစပြုခဲ့တာပါ။ မြန်မာသမ္မတသစ်က ညစာစားပွဲအပြီးမှာ မြေပုံကြီးဖြန့်ခင်းပြီး အသက်ကြီးကြီးဂျပန် လူမျိုး အာဏာပွဲစားကို ဆုတခုချလိုက်လို့ပါ။ ဒီဆုဟာ မာကူးမြို့လောက်ကြီး တဲ့ မြို့တော် တခု တည်ဆောက်နိုင်ခွင့်ပါပဲ။

အသက်၆၇ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဟာ မြန်မာအရပ်သားအစိုးရရဲ့ သမ္မဖြစ်တာ ၆ လပဲ ရှိပါသေးတယ်။ သမ္မတဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်လက်တွဲခဲ့ပြီးအာဏာရှင်စနစ်အောက်မှာနှစ်၅၀ကြာခဲ့တဲ့ မြန်မာ့စီးပွားရေးကို လမ်းပြန် ဖွင့်ပေးမှုတွေအတွက် အားပေးခံရသလို သတိကြီးကြီးနဲ့စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။ အခုတော့ သမ္မတဟာ အာရှတိုက်ရဲ့ ဒုတိယအဆင်းရဲဆုံးနိုင်ငံအတွက် ရင်းနှီးမြှပ်နှံသူတွေကို ရှာဖွေနေပါတယ်။

နေပြည်တော်မှာတရုတ်ပုံစံညစာစားပွဲအပြီးမှာဦးသိန်းစိန်ဟာ မြန်မာပြည်အရေးစိတ်ဝင်စားသူ ဂျပန်နိုင် ငံရေး သမား ဟီဒီယို ၀ါတာနာဘီ (၇၈ နှစ် ) ဘက်ကိုလှည့်လိုက်ပါတယ်။ သမ္မတသစ်ဟာ ရန်ကုန်မြို့အနီး မှာရှိပြီးအိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်တဲ့ သီလ၀ါဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံတည်ဆောက်ဖို့ အပေးအ ယူတခုလုပ်ခဲ့ပါတယ်။ အကြွေးတွေ ချေးငွေတွေ နဲ့ လဲလှယ်ဖို့ပါပဲ။

ကျွန်တော် တခုခုတော့ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ယာဆုဟီရို နာကာစုံရဲ့ အနီး ကပ်ဖြစ်ခဲ့သ၊ူ ယခင် ဂျပန်အစိုးရ၀န်ကြီးဟောင်း ၀ါတာနာဘီက ပြန်ပြောပြခဲ့ပါတယ်။

ဝါတာနာဘီဟာစကားတည်သူပါ။ တနှစ်မပြည့်ခင်မှာတင် မြန်မြန်ဆန်ဆန်ပဲ ဂျပန်က အကြွေးတွေကိုလျော် ပစ်ပြီး အနည်းဆုံး ၁၈ ဘီလီယံဒေါ်လာအကူအညီပေးဖို့ သဘောတူခဲ့ပါတယ်။

ရွှေရောင်ဝင်းတဲ့ မြန်နှုန်းမြင့် ချစ်ကြည်ရေး

ဒါအပြင် ဂျပန်ဟာ ၃.၂ ဘီလီယံဒေါ်လာကို မြန်မာနိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး အရှေ့တောင်အာရှရဲ့ အကြီးဆုံးစက်မှုဇုံဖြစ်လာမယ့် ထားဝယ်ဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့ ရင်းနှီးမြှပ်နှံ မယ်လို့ လည်း သတင်းရရှိပါတယ်။ ဒီသဘောတူညီမှုတွေဟာ တညတာအတွင်းမှာ တင် ဖြစ်ပေါ်ခဲ့ တာပါ။ သီလ၀ါစီမံကိန်းရဲ့ တစိတ်တပိုင်းမှာတင် အကြွေးလျော်တာတွေနဲ့ ထပ်ချေးတာတွေဟာ ၅ ဘီလီ ယံဒေါ်လာထိအောင် ရှိတာမို့ ၂၀၁၁ -၂၀၁၂ မှာ အမေရိကန်တွေပေးတဲ့ ဒေါ်လာ ၇၆ သန်းနဲ့ အီးယူအဖွဲ့က ၂ နှစ်အတွင်းပေးမယ်ပြောထားတဲ့ ဒေါ်လာသန်း ၂၀၀ ကို သိမ်နုတ်စေပါတယ်။

ဂျပန်အစိုးရနဲ့စီးပွားရေးခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံနဲ့ သတိကြီးကြီးဆက်ဆံနေရာကနေ ဘယ်လိုများ တနှစ်အတွင်းမှာ ရွှေရောင်ချစ်ကြည်ရေးအဆင့်ကို တက်သွားရတာလဲလို့ သိရအောင် သတင်းဌာနအနေနဲ့ အာဏာပိုင်တွေ၊ အုပ်ချုပ်သူတွေ၊ နိုင်ငံရေးသမားတွေ အယောက် ၅၀ လောက်ကို လိုက်လံမေးမြန်းကြည့်ပါတယ်။ သူတို့ပြောပြတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ်အတွက် သက်တမ်းနုလှတဲ့ လွှတ်တော်ထဲမှာ ငြင်းခုန်နေဆဲအဆင့်မှာတောင်

သေးငယ်ကျစ်လျစ်ပြီး အဆက်အသွယ်ကောင်းလှတဲ့ ဂျပန်အဖွဲ့ဟာ တိုကျိုအုပ်ချုပ်ရေးပိုင်းနဲ့ ကူညီ ပံ့ပိုးရေးအဖွဲ့တွေကို ဆုံးဖြတ်ချက်တွေ မြန်မြန်ချနိုင်အောင် တိုက်တွန်းနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါဟာအာရှရဲ့နောက်ဆုံးနဲ့အရေးအပါဆုံးဈေးကွက်ကိုလွှမ်းမိုးလိုက်တာပါပဲ။ ဂျပန်များကတော့ မြန်မာခေါင်းဆောင် များဟာ တရုတ်ပြည်ရဲ့ မဆုံးတမ်းလွှမ်းမိုးမှုက လွတ်မြောက်အောင် ကူညီမယ့်သူများကို ရှာဖွေနေတယ်လို့ ပြောကြပါတယ်။ ဂျပန်ရဲ့တွန်းအားဟာ မြန်မာပြည်အပေါ် အမေရိ ကန်နဲ့ အီးယူအဖွဲ့တို့ထက် တလှမ်းသာနေပါတယ်။ အမေရိကန်နဲ့ အီးယူအဖွဲ့တွေက ၁၉၉၀မှာ ချမှတ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးဖို့ တွန့်ဆုတ်နေကြတာမို့ပါ။ ဒီအတွက်ဖြစ်လာနိုင်တဲ့ ရလာဒ်ကတော့ ဂျပန်များရဲ့ ကုန်သွယ်ရေးရုံးခန်းတွေ၊ ဘဏ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရှိန်ထိုးခုန်တက် သွားစေ တာပါ။

အမေရိကန်တွေက ကျွန်တော်တို့ကိုညှာတာပြီး မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့မှု လုပ်ပေးခဲ့တဲ့အတွက် ကံကောင်းသွားတာပါ။ ဒါကြောင့်လည်း အနောက်နိုင်ငံစီးပွားရေးလုပ်ငန်းများဟာ မြန်မာပြည်ထဲမှာ လုံးဝကို ရှိမနေခဲ့ဘူးလေ လို့ ထားဝယ်သုတေသနဌာနရဲ့ မန်နေဂျာ ဂျပန်လူမျိုး ရှီဂက်တို အင်နာမီက ပြော ပါတယ်။ ဒီဥာဏ်ကြီးရှင်များအဖွဲ့ဟာ မြန်မာပြည်ရဲ့ သေးငယ်လှတဲ့ စတော့ရှယ်ယာဈေးကွက်ကို ၂၀၁၅ မှာ အကြီးအကျယ်ပြောင်းပစ်ဖို့ စီစဉ်နေပါတယ်။

အမေရိကန်နဲ့ အီးယူ သံတမာန်များကတော့ ဂျပန်က အခွင့်ကောင်းရသွားတယ်လို့ မမြင်ပါဘူးတဲ့။ ၀ါရှင်တန်က တိုကျိုအပါအ၀င် အားလုံးကို မြန်မာပြည်ကို ပြန်လည်ဝင်ရောက်ပြီး စီးပွားရေးမှာကူညီ ဖို့ မြန် မာအစိုးရရဲ့ ပြုပြင်ရေးသမားတွေကို ထောက်ပံ့ဖို့ တိုက်တွန်းနေခဲ့တာပါလို့ အမေရိကန်အစိုးရရဲ့ အကြီးတန်း တာဝန်ခံတဦးက ပြောပြပါတယ်။

လက်တဆုပ်စာ အမေရိကန်စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဂျီအီးနဲ့ ကိုကာကိုလာ ကုမ္ပဏီတွေ ကတော့ ပြန်ဝင်လာပါပြီ။ သီလ၀ါမှာဆိုရင် အနောက်နိုင်ငံလျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းများဖြစ်တဲ့ ဂျီအီးနဲ့ စီ မန်း တို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ ဘက်ခ်ျတယ်နှင့် ဘယ်လ်ဖိုး ဘက်တီ တို့ဟာ ဂျပန် များ ထံက ကန်ထရိုက်လုပ်ငန်းကို ခွဲဝေရရှိကြပါတယ်လို့ စီးပွားရေးဆိုင်ရာလေ့လာသူများ က ပြော ပါတယ်။

ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အများအပြားဟာ ဈေးကွက်ထဲမှာ နှစ်ပေါင်းများစွာရှိနှင့်နေကြတာမို့ ကျွန်တော်တို့ အတော်ကို နောက်ကျနေပါပြီလို့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဦးဆောင်ညွှန်ကြားရေးမှုး ဂျွန် ဂိုယာကပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာများက အမေရိကန်ကုမ္ပဏီများကို အလွန်လိုလားတယ် ဆိုတာ ကတော့ သိသာပါတယ် တဲ့။

မြန်မာပြည်အား ဈေးကွက်တင်ခြင်း

ဂျပန်များရဲ့ အလျင်စလို နိုင်မှုဟာ စွန့်စားမှုတွေများလှပါတယ်။ အမေရိကန်မှာ နာမည်ပျက်စာရင်း ၀င်နေတဲ့ လက်ဝါးကြီးအုပ်စီးပွားရေးသမားနဲ့ အတူတွဲလုပ်ကိုင်ခြင်းဖြင့် ဂျပန်ကုမ္ပဏီများရဲ့ နာမည်ကောင်း ကို ထိခိုက်နိုင်စရာအကြောင်းရှိပါတယ်။

ဂျပန်များရဲ့ ဧက ၅၉၃၀ အကျယ်အ၀န်းရှိတဲ့ သီလ၀ါအထူးစီးပွားရေးဇုံ တည်ဆောက်ရေးဟာ ပတ်ဝန်း ကျင်မြေများမှာ အငြင်းပွားနေဆဲ ပိုင်ဆိုင်မှုပြသနာများကို မဖြေရှင်းရသေးခင်မှာ သဘောတူခဲ့ကြတာပါ။ အခုထိ သီလ၀ါမှာ ကွင်းပြင်ဟောင်းလောင်းကြီးဖြစ်နေပါသေးတယ်။ စပါးစိုက်ပျိုးတဲ့လယ်မြေတွေကို စက်ရုံတွေဆောက်ကြမှာပါ။အလုပ်သမားများဟာရွှံ့မြေတွေကိုခြင်းနဲ့သယ်ကြပြီးကားကြီးတွေနဲ့ ကျောက်ခဲတွေ ကို လမ်းဆိုးပေါ်ပုံချတုန်းပဲရှိပါသေးတယ်။

ကျွန်တော်တို့ရဲ့ အယ်ဒိုရာဒို(အာဖရိက တောနက်အတွင်းမှ မြို့အမည်) နယ်မြေသစ်မှ ကြိုဆိုပါတယ်လို့ ယခင် အစိုးရတာဝန်ရှိသူတဦးဖြစ်ပြီး အခုအခါမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေကို မြန်မာ့ဝန်ကြီးဌာနများနဲ့ ဆက်သွယ်ပေးနေသူက အစိမ်းရောင်လွင်ပြင်ထဲကားဖြတ်မောင်းရင်းနဲ့ ပြောပါတယ်။

ဂျပန်အမှုဆောင်အရာရှိများဟာ စွန့်စားခန်းတွေက များနေမှန်းသိကြပါတယ်။ အပေါ်ပိုင်းမှာ ပိုတောင်များ ပါသေးတယ်တဲ့။ အခုနေ ပြသနာစာရင်းကိုသာ ချရေးကြည့်မယ်ဆိုရင် စာကြောင်းရေ ၅၀-၆၀ လောက် ထွက် လာမှာပါ လို့ Marubeni ကော်ပိုရေးရှင်းရဲ့ အာရှနှင့် သမုဒ္ဒရာ စီမံကိန်းမန်နေဂျာ ယာဆုဟီရို မိုရိမိုတို ကပြောပါတယ်။ ဒါတောင်မှ သူကထပ်ပြောပါသေးတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးအမြတ်တွေက ကုန်သွယ် မှုကို ပျက်စီးနိုင်ခြေတွေထက် များပါတယ်တဲ့။

မြန်မာနိုင်ငံဟာဆုလာဒ်တခုလို့ မြင်ထားကြတာ ကြာပါပြီ။ မြေဧရိယာအားဖြင့် ဗြိတိန်နှင့်ပြင်သစ်နိုင်ငံပေါင်း ထားသလောက် ကျယ်ပြောပါတယ်။ နယ်စပ်ခြင်းထိစပ်နေတာကလဲ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာနှုန်းဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်း နိုင်ငံတွေနဲ့ပါ။ အိန္ဒိယသမုဒ္ဒရာနှင့် အက်ဒမန်ပင်လယ်ထဲကို သွားနိုင်မယ့် ဆိပ်ကမ်းတွေကလည်း ကမ္ဘာ့အလုပ်အများဆုံး သင်္ဘောလမ်းကြောင်းဖြစ်တဲ့ မလ္လကာရေ လက်ကြား ရဲ့ မြောက်ဘက်လေးတင်ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာပြည်ရဲ့ အဓိက ထောက်ပံ့သူဖြစ်နေတုန်းပါပဲ။ ၂၀၁၁ ခုနှစ် မတ်လစာရင်းများအရ စွမ်းအင်ဆိုင်ရာရင်းနှီးမြှပ်နှံမှုတွေအပါအ၀င် တရုတ်နိုင်ငံက ၁၄ ဘီလီယံဒေါ်လာကျော်ဟာ မြန်မာနိုင်ငံမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမှုများရဲ့ ၇၀% ရှိပါတယ်။ ဂျပန်နိုင်ငံကတော့ ၁၉၈၈-၂၀၁၁ အတွင်းမှာ ဒေါ် လာ ၂၁၂ သန်းသာ မြှပ်နှံခဲ့ပါတယ်။

အခုတော့ ဂျပန်များ ရှပ်အင်္ကျီလက်ပင့်တင်လို့ ဟန်ပြင်နေကြပါပြီ။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ကို လိုနီဖြစ်ခဲ့တာတောင်မှ ယနေ့ ဂျပန် မြန်မာဆက်ဆံရေးဟာ မယုံနိုင်စရာ နွေးထွေးလွန်းလှပါတယ်။

ကမ္ဘာစစ်အပြီးမှာ ဂျပန်နိုင်ငံကို စစ်လျော်ကြေးတောင်းတဲ့နေရာမှာ မြန်မာနိုင်ငံဟာ ပထမဆုံးသော အရှေ့တောင် အာရှနိုင်ငံဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဏာရှင်ဟောင်း ဦးနေ၀င်း တို့ဟာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များ ဖြစ်ခဲ့ပြီး အင်္ဂလိပ်ကို ဆန့်ကျင်ဖို့ ဂျပန်နိုင်ငံမှာ သင်တန်း တက်ခဲ့ကြပါတယ်။

မြန်မာတွေဟာ ဂျပန်နဲ့ဖြစ်ခဲ့တဲ့အတိတ်ဆိုးတွေကို ချန်ထားခဲ့ပြီး ဂျပန်ကွန်ဆာဗေးတစ်နိုင်ငံရေးသမားများ ကို ဖက်လှဲတကင်း ကြိုဆိုနေကြပါတယ်။ အနောက်နိုင်ငံများလိုမဟုတ်ပဲ ဂျပန်ဟာ ဘယ်တုန်းကမှ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေကို ပိတ်ဆို့မှု မလုပ်ခဲ့ပါဘူး။ ဒါကြောင့်မို့လဲ ဂျပန်ကော်ပိုရေးရှင်း များ ဟာ မြန်မာပြည်ထဲမှာ ထင်ထင်ရှားရှားရှိနေခဲ့ပါတယ်။ ဘဏ်ကြီးတွေဖြစ်တဲ့ မီဆုဘီရှီ UFJ၊ Sumitomo Mitsui Financial and Mizuho Financial Group ရဲ့ရုံးခွဲတွေဟာ ဆုံချက်ကြီးတွေအဖြစ် ရန်ကုန် စီးပွားရေးနယ်မြေထဲမှာရှိနေခဲ့ပါတယ်။ ခိုင်မာတဲ့ ဂျပန်မြန်မာ ဆက်ဆံရေးကို ငွေပြန်ဖော်ဖို့ အချိန်ရောက်ပြီ လို့ ထိပ်ပိုင်းဘဏ်အရာရှိက ပြောပါတယ်။

တိုကျိုရဲ့ တာဝန်ခံ
တိုကျိုတာဝန်ခံ ၀ါတာနာဘီဟာ သြဇာရှိအပေါင်းအသင်းများနှင့် နိုင်ငံရေးသြဇာထူထောင်ရာမှာ အစွမ်း ထက် ခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးဟာ သူ့အတွက် ဒုတိယမြောက် မှတ်တိုင်ပါ။ စစ်ပြီးစက ၀ါတာနာဘီ ဟာ ၁၁ နှစ်သားပဲ ရှိပါသေးတယ်။ သူ့အကိုကြီးတယောက်ကတော့ ကာမီကာဇေ လေ သူ ရဲကောင်းဖြစ်ခဲ့ပြိး အိုကီနာဝါကျွန်းတိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ ဒီအကြောင်းကို သူက မိန့်ခွန်းထဲမှာ တခါ တလေ ထည့်ပြောတတ်ပါတယ်။ သူဟာ ကွန်ဆာဗေးတစ်နိုင်ငံရေးသမားဝါရင့်ကြီးဖြစ်ပြီး ၁၉၉၀ ခုနှစ်များ မှာ ဂျပန်နိုင်ငံဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာပြည်နဲ့ ပထမဆုံးပတ် သက်ခဲ့တာကတော့ ၁၉၈၇ ခုနှစ်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်များကို တိုကျိုမှာ ဧည့်ခံခဲ့ရစဉ်ကပါ။ စစ် ဗိုလ်ချုပ်များက ကျောင်းသားများရဲ့ ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချ ထား ခဲ့ပေမယ့်၂ နှစ် အတွင်းမှာပဲ နာကာစုံဟာ ၀ါတာနာဘီကို မြန်မာပြည်နဲ့ တရားဝင်မဟုတ်သော ဆက်ဆံရေး များထူထောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဝါတာနာဘီရဲ့ အာဏာရှင်များကို ထောက်ခံမှုဟာ ဘယ်တုန်းကမှ တွေဝေယိမ်းယိုင်ခြင်းမရှိခဲ့ပါဘူး။ မြန် မာပြည်မှာတရားဥပဒေကိုထိန်းသိမ်းဖို့ စစ်အာဏာရှင်စနစ်ကလွဲပြီး တခြားရွေးစရာမရှိခဲ့ပါဘူး လို့ ရင်းနှီးမြှပ်နှံ မှုများရရှိဖို့ သူကိုယ်တိုင်ထူထောင်ခဲ့တဲ့ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့အစည်းရဲ့ website မှာ ရေး သား ထားပါတယ်။ သူဟာ သမ္မတ ဦးသိန်းစိန်ကို ၁၉၉၆ ခုနှစ်က ရှမ်းပြည်နယ်ကို ဆေးရုံ သုံး ပစ္စည်း များပေး ပို့တဲ့ လမ်းခရီးမှာ နယ်မြေခံ တပ်ရင်းမှူးအနေနဲ့ တွေ့ခဲ့ပါတယ်။ ဒီနောက်မှာ ဗိုလ်ချုပ်က သူ့ကို ဂေါက် ရိုက်ကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီတချိန်ပဲ ပျော်စရာရှိခဲ့တာပါလို့ ၀ါတာနာဘီက တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ဦးသိန်းစိန် ဟာ ဂေါက်သီးရိုက်တော်ပါတယ်။ စစ်ဝတ်စုံနဲ့ဆိုရင် ဦးသိန်းစိန်ဟာ တကယ်ကြည့်ကောင်းပါတယ် တဲ့။ ဒါဟာ လယ်သမားမိသားစုမှာ မွေးဖွားခဲ့ပြီး နှစ် ၄၀ လောက်စစ်မှုထမ်းခဲ့တဲ့ ဦးသိန်းစိန်အတွက် ပုံမှန် မှတ်ချက်တော့ မဟုတ်ပါဘူး။ ဦးသိန်းစိန်ဟာ ၂၀၀၇ ခုနှစ်မှာ ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ စာဂျပိုးပုံပေါက်နေတဲ့ ဗိုလ်ချုပ်ဟာ စစ်တပ်က အစိုးရထဲမှာ နေရာရဖို့ အာမခံခဲ့တဲ့ ၂၀၁၀ ရွေးကောက် ပွဲ အပြီးမှာ ပထမဆုံးအရပ်သား သမ္မတဖြစ်လာခဲ့ပါတယ်။

သံတမာန်ဆက်ဆံရေး ပျက်ပြားမှု


ဝါတာနာဘီရဲ့စိတ်ကြိုက်ဆက်ဆံမှုတွေဟာတခါတလေမှာ ဂျပန်နိုင်ငံခြားရေးဌာနကို ကမောက်ကမ ဖြစ်စေ တတ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကွိုင်ချီရို ဂန်ဘာ ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ညစာဖိတ်ကျွေးခဲ့ပါတယ်။ ဒါဟာ ၁၆ နှစ်အတွင်းမှာ ပထမဆုံး အဖြစ် နှစ်နိုင်ငံထိပ်ပိုင်း သံအရာရှိများတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဂန်ဘာက မြန်မာပြည်ဟာ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးတွေကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် ဂျပန်က ရင်းနှီးမြှပ်နှံမှုအသစ်တွေလုပ်ပါမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီညမှာပဲ နေပြည်တော်မှာ ၀ါတာနာဘီကို သမ္မတဦးသိန်းစိန် က မြေပုံ ထုတ်ပြခဲ့တာပါ။ ဒါပေမယ့် ၀ါရင့် အာဏာပွဲစားကြီးကတော့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လုံးဝကွဲပြားတဲ့ တုန့်ပြန်မှုကို ပေးခဲ့ပါတယ်။

သမ္မတသစ်က ၀ါတာနာဘီကို ထိုင်းတွေ မရူနိုင်မကယ်နိုင်ဖြစ်နေတဲ့ ထားဝယ်မှာ စီးပွားရေးဇုံဆောက် ဖို့ ပြောခဲ့ပါတယ်။ဦးသိန်းစိန်ဟာ တရုတ်ပြည်က ထောက်ပံ့ပေးနေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လည်း ပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ရပ်ဆိုင်းပေးခဲ့ပါတယ်။ ဒါကလည်း ဂျပန်တွေအတွက် တံခါးပွင့် သလိုဖြစ်စေပါတယ်။

ဦးသိန်းစိန်က ၀ါတာနာဘီစံ - မင်းကိုပေးစရာတခုရှိတယ် လို့ပြောခဲ့ပါတယ်။ သူ့ရဲ့ အတွင်းရေးမှုးကို စာရွက် စာတမ်းတွေယူလာဖို့ ပြောလိုက်ပါတယ်။ ဒါဟာ သီလ၀ါစီမံကိန်း ဘယ်လိုဖြစ်လာသလဲဆိုတာပါပဲလို့ ၀ါတာနာဘီက ပြန်ပြောပြပါတယ်။ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးနဲ့ နေပြည်တော်သမ္မတရုံးကတော့ ဦးသိန်းစိန် ဟာ ၀ါတာနာဘီနဲ့တွေ့ဆုံခဲ့ခြင်းအပေါ် နှုတ်ဆိတ်နေပါတယ်။ ၂၀၁၁ အောက်တိုဘာမှာ တိုကျိုကို အစည်း အဝေးတက်ဖို့ ပြန်လာတဲ့ဝါတာနာဘီက နိုင်ငံခြားရေးဝန်ကြီး ဂန်ဘာနဲ့ အဆက်အသွယ်ရှိပါတယ်တဲ့။ ကျွန်တော် က ဂန်ဘာကို နှစ်မကုန်ခင် မြန်မာပြည်ကို သွားရောက်ပြီး သီလ၀ါစီမံကိန်းကို လုပ်ဖို့နီး စပ်နေကြောင်း ပြပါလို့ ပြောလိုက်ပါတယ်။ သူဒီလိုမလုပ်ခဲ့ဘူးဆိုရင် ဒါဟာ နှစ်ဘက်အစိုးရပိုင်းရဲ့ တရားဝင် စီမံ ကိန်းဘယ်ဟုတ်ပါ့မလဲ တဲ့။

ဂန်ဘာကို ဖိအားပေးဖို့အတွက် ၀ါတာနာဘီဟာ ကုန်သွယ်ရေးဝန်ကြီး ယူကီအို အဒါနို နဲ့ ဒီမိုကရက်ပါတီမှာ သြဇာရှိတဲ့နိုင်ငံရေးသမား ယိုရှီတို စန်ဂိုကုတို့ကိုလည်း မြန်မာနိုင်ငံကို မြန်နိုင်သမျှ မြန်မြန်သွားဖို့ တိုက် တွန်း ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနကိုသွားပြီးတော့ အဒါနိုက မြန်မာပြည်ကို သွားရောက်ဖို့ ကတိပေးလိုက်ပြီလို့ ပြောလိုက်ပါတယ်။ ကုန်သွယ်ရေး ၀န်ကြီး က နိုင်ငံခြားရေး ၀န်ကြီး ထက်အရင်ရောက်သွားတယ်ဆိုရင် ဂန်ဘာက မျက်နှာပျက်ရပါတော့မယ်။ ဒါကြောင့်လည်း ဒီဇင်ဘာ လ ထဲမှာ မြန်မာပြည်ကို သူရောက်သွားတာပေါ့တဲ့။

အကြွေးများ လျှော်ပစ်ခြင်း

မတ်လထဲမှာ ၀ါတာနာဘီဟာ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့ နာကာ စုန်နဲ့ တရုတ်ပြည်ကို ဖိအားပေးရာမှာ နာမည်ကြီးခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း တာရို အစို တို့ဖြစ်ကြ ပါတယ်။ ဒီအဖွဲ့မှာ အငြိမ်းစား အစိုးရအဖွဲ့ဝင်များနဲ့ ကုန်သွယ်ရေးလုပ်ငန်းကြီးများဖြစ်တဲ့ Marubeni နဲ့ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတွေက အုပ်ချုပ်သူများပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ အထောက်အပံ့တွေပေး အပ်ရာ မှာ ထိထိရောက်ရောက်ပုံဖော်နိုင်အောင် တနွေလုံးလုပ်ဆောင်ခဲ့ကြပါတယ်။

ဝါတာနာဘီက အကြွေးတွေလျှော်ပစ်ဖို့ကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာန အဆက်အသွယ်တွေကို သုံးပြီး လုပ်ပေးခဲ့ပါတယ်။ဧပြီလ ၂၁ ရက်နေ့ - နေပြည်တော် ညစာစားပွဲအပြီး ၆ လ အကြာမှာ ဘဏ္ဍာရေး ၀န်ကြီးဌာနကအကြွေးတွေရဲ့၆၀%ကိုလျှော်ပေးခဲ့ပါတယ်။ဝါတာနာဘီကသူ့အနေနဲ့အကုန် လုံးတောင်လျှော် ပစ်ဖို့တိုက်တွန်းခဲ့တာပါတဲ့။ ဒါပေမယ့် ပဲရစ်အဖွဲ့ဝင် အကြွေးရှင်နိုင်ငံများက တင်းခံနေခဲ့လို့ပါ တဲ့။


ဒီအထောက်အပံ့တွေပေးတဲ့အထဲမှာ ပါဝင်ဆောင်ရွက်သူများက တိုကျိုဟာ အကြွေး ၃.၇ ဘီလီယံဒေါ်
လာကို ချေပစ်ပြီး ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်များက အကြွေးတွေကို ပြန်ဆပ်ဖို့ ဒေါ်လာသန်း ၉၀၀ ကိုလည်း တိုကျိုမီဆုဘီရှီ UFJ ဘဏ်ကတဆင့် ထပ်ချေးဦးမှာတဲ့။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ က တာဝန်ရှိသူတွေဟာ ဂျပန်ရဲ့ လျှင်မြန်နှုန်းကို အံ့သြသွားကြပါတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဂျပန် အစိုးရအဖွဲ့ဝင်တဦးက ပြောပါတယ်။ သူတို့ဒါမျိုး တခါမှ မမြင်ဖူးဘူးလို့ လည်း ပြော လိုက်ပါသေးတယ်တဲ့။

ဂျပန်ကကြွေးတွေလျော်ပစ်တာဟာ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲစေဖို့ အဓိကနည်းလမ်းအဖြစ်သုံးခဲ့တာမို့ တခြားအလှုရှင်ထပ်ရှာဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့်လည်း တခြားပါတီများကို ဖိတ်ခေါ်ပြီး ဒီကိစ္စကို ရှေ့ အပတ်မှာ ဆွေးနွေးကြပါလိမ့်မယ်။

အမည်ပျက်စာရင်းဝင် လက်ဝါးကြီးအုပ် စီးပွားရေးသမားများ

မတ်လမှာ တိုကျိုနိုင်ငံရေးသမားများဟာ အမေရိကန်က နာမည်ပျက်စာရင်းသွင်းထားတဲ့ စီးပွားရေး လုပ် ငန်းရှင် ဦးဝင်းအောင်နှင့် လက်တွဲခဲ့ပါတယ်။ မြန်မာလုပ်ငန်းရှင်ဟာ ဂျပန်မြန်မာ ဖက်စပ်အ ဖွဲ့ ထူထောင် တဲ့ပွဲမှာ အဖွင့်မိန့်ခွန်းပြောဖို့ ဂျပန်ကိုလာရောက်ခဲ့ပါတယ်။ သူဟာ အိဒါနို၊ ဆန်ဂိုကူ၊ နာကာစုံ တို့နဲ့ အနီးကပ်ဆုံတွေ့ခဲ့ပါတယ်။ စက်မှုနိုင်ငံထူထောင်ဖို့ဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးပါတယ်လို့ ဦးဝင်းအောင်က ပြောပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ၀န်ကြီးအိဒါနို ရဲ့ သီလ၀ါ စီမံ ကိန်း အပေါ် ထောက်ပံ့မှုကို အလွန်အမင်းဝမ်းသာပါတယ် တဲ့။

ဦးဝင်းအောင်ဟာဒဂုံ ကုမ္ပဏီကိုပိုင်ဆိုင်ပြီး မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းမှာ ဦးဆောင် သူဖြစ် ပါ တယ်။ သူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းဟာ နေပြည်တော်တည်ဆောက်ရေးမှာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ လုပ်ငန်း ၈ ခုထဲက တခုဖြစ်ပါတယ်။ ၀ီကီလိခ်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်သံတမာန်များရဲ့ လျို့ဝှက် သတင်းအရ သူဟာ စစ်တပ်အဆက်အသွယ်တွေရဲ့ အကူအညီနဲ့ တားမြစ်ဒေသတွေက ကျွန်းသစ်တွေ ကို နိုင်ငံခြားတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဦးဝင်းအောင်ဟာ ဒီကိစ္စကို မှတ်ချက်ပေးဖို့ email မှတဆင့်တောင်းဆိုပေမယ့် အကြောင်းမပြန်ပါဘူး။ သူဟာ အမေရိကန်ရဲ့ တားမြစ်ထားတဲ့ နာမည်ပျက် စာရင်းမှာ ပါဝင်နေတာကြောင့် အမေရိကန်များဟာ သူနဲ့အတူလုပ်ငန်းလုပ်ကိုင်ခွင့် မရှိပါဘူး။ ဦးဝင်းအောင် ဟာ သီလ၀ါဆောက်လုပ်ရေးမှာ မြန်မာနိုင်ငံဘက်ခြမ်းက ဘယ်သူပါဝင်ခွင့်ရမလဲဆိုတာကို ဆုံးဖြတ်ပေး မယ့်လူဖြစ်ပါတယ်။

ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတဦးရဲ့ အဆိုအရတော့ ဦးဇော်ဇော်ပါဝင်ခွင့်ရလိမ့်မယ်လို့ သိရပါတယ်။ ဦးဇော်ဇော်ဟာ စက်မှုလုပ်ငန်းရှင်ဖြစ်ပြီး အာဏာရှင်များနဲ့နီးစပ်သူလည်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းများဟာ ကျွန်းသစ်၊ ရာဘာစိုက်ပျိုးရေးများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအထိ ကျယ်ပြန့်ပါတယ်။ သူဟာလည်း အမေရိကန်နာမည်ပျက်စာရင်းဝင်ပဲ ဖြစ်ပါတယ်။ ဦးဇော်ဇော်ဟာ ဂျပန်ကားဟောင်းများ တင်သွင်းခြင်းဖြင့် ချမ်း သာလာခဲ့ပြီး သူ့ရဲ့ Max-Myanmar တံဆိပ်တပ်ထားတဲ့ ထရပ်ကားတွေ ကို သီလ၀ါဒေသ မှာ မြင်နေကြ ရပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးထားခြင်း


နိပွန်ဖောင်ဒေးရှင်းကို ပိုင်ဆိုင်တဲ့ ယိုဟီ ဆာဆာကာဝါဟာလည်း ၀ါတာနာဘီရဲ့ မြန်မာဖွင့်ပွဲကို ကူညီ ခဲ့ ပါတယ်။ ဖောင်ဒေးရှင်းကို စစ်ပြီးခေတ်ဂျပန်မှာ သြဇာကြီးပြီး အရှည်မျှော်တွေးတတ်တဲ့ နိုင်ငံရေး ဆရာကြီး ဖြစ် ခဲ့သူ ဆာဆာကာဝါရဲ့ ဖခင်ကထူထောင်ခဲ့တာဖြစ်ပါတယ်။ ဆာဆာကာဝါက မြန်မာပြည်ကို စိတ်ဝင် စားနေတာကြာခဲ့ပါပြီ။ သူဟာ ၀ါတာနာဘီ၊ ဆန်ဂိုကုတို့နဲ့အတူ သီလ၀ါကိစ္စကို ဦးသိန်းစိန်နဲ့ ဂျုလိုင် လအတွင်းက ထပ်မံညှိနှိုင်းပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီနေရာမှာ ဆာဆာကာဝါက အာဏာရှင် လက်ထက် မှာ နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်နေခဲ့တဲ့ လူနည်းစုတိုင်းရင်းသားများဒေသမှာ အထောက်အပံ့ အကူအ ညီတွေ ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီလူနည်းစုတွေဟာ အစိုးရသစ်က ငြိမ်းချမ်းရေးကို ရည်ရွယ်ကြောင်း နား လည်ဖို့လိုမယ်လို့ သူကပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။

နှစ်နိုင်ငံသဘောတူညီချက်များကို သြဂုတ်လအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာဘက်က ဦး ၀င်းအောင်ကဦးဆောင်ပြီး စက်မှုဇုံကို အကောင်အထည်ဖော်နေပြီး ဂျပန်ဖက်ကတော့ infrastructures များ ကို အကြမ်းရေးဆွဲနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကတော့ စစ်တပ်ကကျောထောက်နောက်ခံပေးထားတဲ့အစိုးရနဲ့ ဒီလို ရင်းနှီးမြှပ်နှံမှုတွေလုပ်ကိုင်တဲ့အပေါ် မစိုးရိမ်ပါဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော် မှာတောင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေကို ထောက်ခံတဲ့အပြင် အနောက်နိုင်ငံများကိုလည်း ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ကို တောင်းဆိုနေပါပြီ။

ပါတီရဲ့ဗဟိုကော်မတီဝင်ဖြစ်သူ ဦးဟန်သာမြင့်က ကျွန်တော်တို့ လုံးဝမစိုးရိမ်ပါဘူး။ အရေးကြီးတာက ဒီရင်းနှီးမြှပ်နှံမှုတွေနဲ့ အကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိ မရှိဆိုတာပါပဲ တဲ့။ အာဏာ ရှင်ဟောင်း များနဲ့လက်တွဲခဲ့တဲ့ လက်ဝါးကြိးအုပ်စီးပွားရေးသမားများနဲ့ သီလ၀ါစီမံကိန်းမှာ ပူးပေါင်းဆောင် ရွက်မှုကြောင့်ဂျပန်ကုမ္ပဏီများလည်း နာမည်ပျက်ကိန်းရှိနေတာကို ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာန ကတော့ ဘာ မှတ်ချက်မှ ချမှာမဟုတ်ပါဘူး။

သီလ၀ါဖွံ့ဖြိုးရေးစီမံကိန်းဟာ မြန်မာအစိုးရဖက်က စတင်ကမ်းလှမ်းခဲ့ပြီး နှစ်ဖက်အစိုးရများက စဉ်းစား ဆဲဖြစ်ပါတယ်။ ဂျပန်မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ဆုံးဖြတ်ချက်အတိအကျ ချမှတ်နိုင်ခြင်းမရှိသေးပါဘူး လို့ ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆာဂီ ဆာကိုင်က ဆိုပါတယ်။

တိုကျိုရုံးခန်းမှာတော့ မြန်မာပြည်မှာ စောစီးစွာ ၀င်ရောက်ရင်းနှီးမြှပ်နှံမယ့်သူများအနေဖြင့် ကြုံနိုင်ချေရှိတဲ့ ဆုံးရှူံး မှုများအကြောင်းကို မေးတော့ ၀ါတာနာဘီက ပုခုန်းတွန့်ပြပါတယ်။ ဒီလိုစိုးရိမ်နေတဲ့ ကုမ္မဏီရှိနေ တယ်ဆိုရင် ဂျပန်မှာနေခဲ့ပေါ့။ ဒါ သူတို့ဘာသာ ရွေးရမှာပဲ တဲ့။

( ဘာသာပြန် အမှားများ ချို့ယွင်းချက်များကို အားမနာတမ်း ထောက်ပြနိုင်ပါတယ်။)

( အန်တိုနီ စလိုကော့စကီးရေးသားပြီး ဂျဆန်ဇွိ နှင့် အောင်လှထွန်း (ရန်ကုန်)၊ ဆီဘရှန် မိုဖက် ( ဘရာဇီး)၊ အန်ဒရူးကွင်း (၀ါရှင်တန်)၊ မာတင်ပက်တီ (ဘန်ကောက်) တို့ ပူးပေါင်းတင်ပြသည်။ ကီဗင်ကရိုလစ် ကီ၊ ဘေလ်တာရန့်၊ မိုက်ကယ်ဝီလီယံ တို့မှ တည်းဖြတ်သည်။)
https://www.facebook.com/thanda.win.92/posts/4228140001708

အမေရိကန်နိုင်ငံရဲ့ ကြည်း ၊ ရေ ၊ လေ တပ်ပေါင်းစု အားလုံးရဲ့ စစ်သေနာပတိချုပ် ဖြစ်တဲ့ အမေရိကန် သမ္မတ အိုဘားမားဟာ မရိန်းတပ်ဖွဲ့ဝင်များကို ထီးမိုးခိုင်းခဲ့မိလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်...။

တူရကီဝန်ကြီးချုပ်နဲ့ အတူ အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် အတွင်း မိုးရွာလာခဲ့သဖြင့် အိုဘားမားဟာ မရိန်းတပ်ဖွဲ့ဝင်များကိုထီးမိုးပေးရန် အကူအညီတောင်းခဲ့မိတာပါ...။ မရိန်းတပ်သားနှစ်ဦးက ထီးများယူလာပြီး သမ္မတ နဲ့ ဧည့်သည်တော် ၀န်ကြီးချုပ်တို့ကို ထီးမိုးပေးခဲ့ပါတယ်...။ ဒါပေမဲ့ မရိန်းတပ်ဖွဲ့ရဲ့ လက်စွဲကျင့်ဝတ် စည်းမျဉ်းတွေအရ ၀တ်စုံပြည့်ဝတ်ဆင်ထားစဉ် ထီးယူဆောင်ခွင့် မရှိပါဘူး....။ တိုင်းတစ်ပါးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမေရိကန် သံတမန်တွေအတွက် မရိန်းတပ်ဖွဲ့ဝင်များ အသုံးပြုပြီး လုံခြုံရေးအပြည့်အ၀ မပေးနိုင်သည့်တိုင်.. သမ္မတ အိုဘားမားကတော့ မရိန်းတပ်ဖွဲ့ဝင်များကို ထီးမိုးရန်အတွက် ပေါပေါများများ ရှိနေခြင်းဟာ ရှက်ဖွယ်ဖြစ်တယ်ဆိုပြီး.... ဝေဖန်မှုတွေ ပျံ့နှံ့ခဲ့ပါတယ်...။ ထီးမိုးပေးခြင်းကိစ္စကို လုံခြုံရေးဝန်ထမ်း အချို့ကသာ ရံဖန်ရံခါ လုပ်ပေးလေ့ရှိပြီး ပုံမှန်အားဖြင့် ထီးကို ကိုယ်တိုင်ဆောင်းရလေ့ရှိပါတယ်...။

ကျနော်တို့နိုင်ငံရဲ့ တပ်စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုရှိတယ်ဆိုတာ ကျနော်မသိပါဘူး...။ သေနတ်အများအပြားကို ဘေးမှာချထားပြီး စစ်ဝတ်စုံနဲ့ စစ်သားတွေက ထီးမိုး နေကာပေးနေပြီး သေနတ် ပစ်နေသူဟာ ဘယ်က ဘယ်သူမှန်းလည်း ကျနော်မသိသလို သူ့ကို သမ္မတ အိုဘားမားနဲ့ နှိုင်းယှဉ်တာလည်း မဟုတ်ပါဘူး...။ ပြောချင်တာက လုပ်ရပ်တစ်ခု မှားယွင်းခဲ့တယ်ဆိုရင်..၊ မသင့်တော်ခဲ့ဘူးဆိုရင် The Most Powerful President In The World လို့တင်စားခေါ်ဝေါ်ကြတဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ..၊ အမေရိကန်ရဲ့ ကြည်း ၊ ရေ ၊ လေ စစ်သေနာပတိချုပ် မစ္စတာ ဘားရက်အိုဘားမား တောင်မှ ဝေဖန် ခံရတယ်..၊ ရှုံ့ချ ကဲ့ရဲ့ ပြစ်တင်တာ ခံရတယ်ဆိုတာကို ပြောချင်တာပါ....။ အဝေဖန် မခံချင်ရင် စစ်တပ်အနေနဲ့ရော ကာယကံရှင်ကိုယ်တိုင်ရော ဒီလိုပုံတွေ online ပေါ်တက်မလာနိုင်အောင် ဆင်ခြင်ပေါ့....။ ဒီလိုမှ မဟုတ်ရင်လည်း ဘယ်သူမဆို တပ်အတွင်းကို လာရောက်လည်ပတ်နိုင်တယ်...၊ သေနတ် စမ်းသပ်ပစ်ကြည့်ခွင့် ပြုလုပ်နိုင်တယ်.. လို့ ကြေညာထားသင့်တာပေါ့....။

Ko nay myo



တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး လို့  ပြောတဲ့သူကပြောခဲ့ပါတယ်။ ဘယ်သူတွေတော့ဖြင့် ဥပဒေအထက်မှာ ရှိနေကြပါတယ်ဆိုပြီးလည်း ပြောတဲ့သူကပြောမိလို့  ကော်မရှင်တွေဘာတွေ အဖွဲ့ ခံရ၊ ဖော်ထုတ်ရတွေလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ တရားဥပဒေအထက်မှာဘယ်သူတွေရှိနေကြလည်း မသိရရင် နေပါစေ။ အဲဒီတရားဥပဒေဆိုတာကြီးအမှန်တစ်ကယ်ရှိနေမယ်၊အမှန်တစ်ကယ်အသက်ဝင်နေမယ်ဆိုရင်ကို ပြည်သူတစ်ယောက်အနေနဲ့  ကျေနပ်စရာကောင်းလှပါပြီလို့ ယုံကြည်ပါတယ်။

ကမ္ဘာ့အကြီးကျယ်ဆုံး ပြုပြင်ပြောင်းလဲမှုကြီးကို ပြုလုပ်နေပါတယ်ဆိုတဲ့ သမ္မတရဲ့  အုပ်ချုပ်ရေးမဏ္ဍိုင်ကတော့ဟုတ်ပြီလို့  ထားလိုက်ပါတော့။ ကျန်တဲ့ ဥပဒေပြုရေးအာဏာ နဲ့  တရားစီရင်ရေးမဏ္ဍိုင် ကြီးများရဲ့  အခြေအနေကရောဘယ်လို ရှိနေပါသလဲ။ နုနယ်လှပါသေးတယ်၊ နုနယ်လှပါသေးတယ် ဆိုပေမယ့်လည်း တစ်ချို့ အရာတွေကတော့ ဖြစ်ထွန်းမှု မြန်ဆန်ဖို့  လိုပါတယ်။ နှစ်ပရိစ္ဆေဒကြာအောင် စောင့်ဆိုင်းခဲ့ပြီးဖြစ်ပေမယ့်လည်း တစ်ချို့ အရာတွေက ဆက်လက်သည်းခံဖို့  ခက်ခဲတာအမှန်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခု အမှန်ကို မြင်ပါပြီ။ သူယုံကြည်ပေးနိုင်ပါတယ်လို့  ပြောခဲ့တဲ့သမ္မတရဲ့ လုပ်ဆောင်ချက်တွေ အပြောပဲရှိနေတာ၊ အပြောင်းအလဲဆီကို သွားနေတဲ့ အရွေ့ က မရွေ့ သလောက်ရှိနေခဲ့တာတွေကို ဖော်ထုတ်ဝန်ခံခဲ့ပြီ။ အတိုက်အခံခေါင်းဆောင် သူ့ နေရာသူသို့  ပြန်လည်ရောက်ရှိခြင်းလို့  ဆိုရမှာပါ။

အပြောင်းအလဲဆီကိုစအရွေ့ မှာ နေရာပေါင်းစုံ ၊ ဘက်ပေါင်းစုံ အစစအရာရာမှာ ဒီလောက်တောင် အခြေအနေဆိုးလွန်းနေလှတဲ့ တိုင်းရေးပြည်ရာများထဲမှာ ဥပဒေပြုရေးမဏ္ဍိုင်ကြီးက အရေးတကြီး ဆိတ် ဖမ်းနေပါတယ်။ အချိန်တွေကုန်၊ ငွေတွေပန်းပြီး လူအဟားခံရကျိုးမှမနပ်အောင် တွေ့ တဲ့အခါကြတော့မှ ခွေးရိုက်ချင်ရင်တောင် ခွေးရှင်မျက်နှာ ကြည့်ရသေးတယ် ဆိုတဲ့စကားပုံက ကွက်တိအံဝင်လာဖြစ်နေတော့ လွှတ်တော်ကို စော်ကားလို့ မှ အရေးယူရတဲ့အမှုဆိုတာကြီးက ကိုယ့်အရှက်ကိုယ် ပြန်ခွဲခံလိုက်ရသလိုမျိုးနဲ့  မြန်မာ့အရေးမှာ လွှတ်တော်ရဲ့  အခန်းကဏ္ဍဆိုတာက မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ အစိုးရသစ်လက်ထက် အုပ်ချုပ်ေ၇း၊ တရားစီရင်ရေးမဏ္ဍိုင်များရဲ့  ယိမ်းယိုင်မှုများကို လွှတ်တော်အတွင်းမှာ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဌဖြစ်တဲ့ သူရဦးအောင်ကိုက လွှတ်တော်နဲ့  အစိုးရအဖွဲ့ ကြားမှာ ပေါင်းစပ်ညှိနှိုင်းမှု လွန်စွာအားနည်းနေပြီး နိုင်ငံရေးရာကိစ္စများတွင် အစိုးရအဖွဲ့ က လွှတ်တော်ကို အသိပေးခြင်းမရှိပဲ၊ အထူးသဖြင့် လက်ရှိ ဆောင်ရွက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့  ငြိမ်းချမ်းရေးဆောင်ရွက်နေမှု ဖြစ်စဉ်တွေကို လွှတ်တော်က ဘာတစ်ခုမှ သိရှိခြင်း မရှိနေပါဘူးလို့  ပြည်ထောင်စု လွှတ်တော်မှာ တရားဝင် ဝေဖန်ပြောဆိုခဲ့ပါပြီ။

ထင်ရှားတဲ့ ရှမ်းခေါင်းဆောင်ဦးခွန်ထွန်းဦးကတော့ လွှတ်တော်ကို သိပ်အယုံအကြည် မရှိပါဘူးလို့  ပြောခဲ့တဲ့အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးအတွက် ဘာတွေဆောင်ရွက်နေတယ်ဆိုတာ လွှတ်တော်က ဘာမှမသိရပါဘူး။ ဘာတွေကို ဘယ်လို မြင်ရမလဲဆိုတာ လွှတ်တော်ကိုလည်း ပြကြပါဦး လို့  တရားဝင် ပြောဆိုခဲ့ပါပြီ။

ဧရာဝတီတိုင်းပြည်သူ့ လွှတ်တော်ဥက္ကဌဘ၀နဲ့  ပြောင်ပြောင်မြောက်မြောက် တိုင်းအစိုးရအဖွဲ့ ကို ပွင်းလင်းစွာ ဝေဖန်လွန်းလို့  ပြည်ခိုင်ဖြိုးပါတီအတွင်း အကြီးအကျယ် အက်သံတွေ ထွက်လာခဲ့လို့  ပါတီခေါင်းဆောင်ပိုင်းတွေကိုယ်တိုင် ညှိကြနှိုင်းကြ ပေးကြရရင်း လွှတ်တော်ဥက္ကဌမှသည် သာသနာရေးဝန်ကြီးအဖြစ်ပြောင်းရွှေ့ ခံခဲ့ရတဲ့ ဦးဆန်းဆင့်က ခေတ္တပြည်ထဲရေးဝန်ကြီး အဖြစ် လွှတ်တော်အတွင်းမှာ မီဒီယာများကို တွေ့ ဆုံစဉ်မှာ မိထ္ထီလာပဋိပက္ခအတွင်းမှာ ရဲတပ်ဖွဲ့ ဝင်များ လုံခြုံရေးထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ပါဘူးလို့  ပြည်ထောင်စုဝန်ကြိးတစ်ယောက်အနေနဲ့  ပထမဆုံး ၀န်ခံခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဦးဌေးဦးက ပြည်ခိုင်ဖြိုးပါတီအနေနဲ့  အခြေခံဥပဒေပြင်ဖို့  ကိစ္စမှာ တို့ တာဝန်အရေးသုံးပါးကို မထိခိုက်တဲ့ အရာကိုသာပြင်ဖို့  ထောက်ခံမယ်လို့  ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

တစ်ခါ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီတွေကို ရဲတပ်ဖွဲ့ လိုမျိုး စုံစမ်းထောက်လှမ်းပြီး ကြပ်မတ်နေတာကို ကန့် ကွက်တဲ့အကြောင်းနဲ့  ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပတဲ့ ကိစ္စတွေနဲ့ သာ သက်ဆိုင်ရမှာဖြစ်ပြီး ပါတီတွေအပေါ်မှာ ရဲပုံစံမျိုး ပြုမူနေခွင့် ရှိမရှိ လို့  မေးခွန်းထုတ် လာခဲ့ပါတယ်။ အဓိကပြသနာက ကွန်ရက်တွေကို ပေးနေတဲ့ နိုင်ငံခြားအထောက်အပံ့တွေနဲ့ ပတ်သက်နေတာကို ပြောနေကြတာပါ။ ပြည်ခိုင်ဖြိုးပါတီကရနေတဲ့ အထူးအခွင့်အရေး လို့  ပြောလို့ ရတဲ့ နဂိုအစိုးရရဲ့  မြေ၊ နေရာ၊ အဆောက်အဦ၊ ကား၊ ငွေကြေး အဲဒါတွေကတော့ ထိပါးနှောင့်ယှက်လို့  မရအောင် ဖွဲ့ စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးထားခဲ့ပြီးသားလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အစိုးရသစ်ရဲ့  ခေတ်သစ်ရာဇ၀င်မှာ ထိန်းညှိထားပါတယ်ဆိုတဲ့ အာဏာကြီး ၃ ရပ်မှာ ဥပဒေခုံရုံးရဲ့  ပြသနာမှာတော့ အုပ်ချုပ်ရေးအာဏာနဲ့  ဥပဒေပြုရေးအာဏာတို့  ထိပ်တိုက်တွေ့ ကြ၊ ညိကြ စွန်းကြရာကနေ ဆိတ်ဖမ်းတဲ့ ပုံပြင်တွေ ဘာတွေ ပေါ်ပေါက်ခဲ့ကြတာပါ။ ကျန်တဲ့ တရားစီရင်ရေးအာဏာကိုတော့ ဘယ်သူက ဆက်လက်ပြီး လွှမ်းမိုးထားပါလဲ။ လက်ရှိအခြေအနေမှာတော့ တရားသူကြီးချုပ်ကို သမ္မတကခန့် ပါတယ်။ တရားရေးမဏ္ဍိုင်ရဲ့  အမြင့်ဆုံးလို့  ဆိုရမယ့် တရားသူကြီးချုပ်ကို အုပ်ချုပ်ရေးအာဏာရဲ့ အောက်မှာ မထားသင့်တဲ့အကြောင်း ဝေဖန်သံတွေလည်း ထွက်လာနေခဲ့ပါတယ်။ ဒါဆိုရင် တရားရေးအဖွဲ့ အစည်းကို ဘယ်သူက ဘယ်လို ရွေးကြ ချယ်ကြမှာပါလဲ။ ခန့် လို့ ရရင် ၊ ဖြုတ်လို့ ရော ရပါသလား။

တရားရေးမဏ္ဍိုင် မယိမ်းယိုင်စေဖို့  ဘယ်သူက ထိန်းညှိမှာလဲ။ ဘယ်သူတွေက တည့်မတ်ပေးကြမှာပါလဲ။ လွှတ်တော် ဆိုတာကလည်း တရားစီရင်ဖို့  ဥပဒေတွေကိုသာ ပြုပေးကြရမှာဖြစ်ပြီး အဲဒီဥပဒေကို အသုံးပြုစီရင်ပိုင်ခွင့်ကိုတော့ တရားသူကြီးတွေဆီကို အပ်ကြရမှာပါ။ လက်တွေ့ မှာတော့ အခုအုပ်ချုပ်နေသူတွေစိတ်ကြိုက်၊ စိတ်တိုင်းကြ နှစ်ပေါင်းကြာရှည် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့ ခြခံဥပဒေထဲမှာ ပါပြီးသားဖြစ်တဲ့ အစိုးရအဖွဲ့ နဲ့  လွှတ်တော်ကိုယ်စားလည်တွေ ပိုင်ဆိုင်မှုစာရင်း ဖော်ထုတ်ကြေငြာဖို့ တောင်မှ သမ္မတခင်မျာ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ လွှတ်တော်က သောင်းသောင်းဖျဖျ ကန့် ကွက်ခဲ့ကြတာပါ။ အဲဒီလိုလွှတ်တော်ကလည်း တစ်ခုခုအပေါ်မှာ နေလို့ မဖြစ်နိုင်သလို ၊ ကိုယ်တောင်မှ မဖော်နိုင်နေတာကြီးကို သူများကို လာဘ်မစားရဘူး စစ်ဆေးနေလို့ လည့်း မဖြစ်နိုင်ပါဘူး။

တရားသူကြီးတွေကလည်း ပြောပါတယ်။ ဒီလစာနဲ့  လာဘ်မစားရင် ဘာစားရမှာပါလဲတဲ့။ တရားသူကြီးဟာ တရားသလား၊ မတရားဘူးလား ဖြောင့်ဖြောင့်မှန်မှန် စီရင်နိုင်ဖို့  ၊ နောက်ကြောင်းအေးဖို့ ၊ ရန်ငြိမ်းဖို့ ၊ မကြောက်ကြရတော့ဖို့ လည်း လိုအပ်ပါသေးတယ်တဲ့။ ၀င်ရောက်စွက်ဖက် သြဇာလွှမ်းမိုးမှုတွေကရော တရားစီရင်ရေးမှာ အမှန်တစ်ကယ် ကင်းရှင်းကြပါပြီလား။

ကျွန်တော်တို့ တိုင်းပြည်မှာ မီးတွေပျက်နေသေးတာ၊ လယ်သမားတွေမြေသိမ်းခံနေကြရသေးတာ၊ တိုက်ပွဲတွေဖြစ်နေသေးတာ ၊ အလုပ်လက်မဲ့တွေ များနေသေးတာ၊ ပညာမသင်နိုင်ကြတာ၊ လေလွင့်လူငယ်တွေများနေတာ၊ ရာဇ၀တ်မှုခင်းတွေစာရင်းတက်နေတာ၊ မူးယစ်ဆေးဝါးတွေ နိုင်ငံအနှံ့ မှာ ပေါများစွာ အလွယ်ဝယ်ယူလို့  ရနေတာ၊ နိုင်ငံနဲ့ အ၀ှမ်း ခန္ဓာကိုယ် ရင်းနှီးစားကြရတဲ့ မိန်းကလေးငယ်တွေ ပေါများလာနေတာ၊ ဆေးကုသဖို့ ခက်ခဲနေကြတာတွေကို လျစ်လျူရှုလိုက်ရပါစေဦး၊ဘယ်သူ့ မှာ ပါဝါရှိတာလဲ၊ လွှတ်တော်လား၊ သမ္မတလား၊ ကာချုပ်လား ၊ မသိရလည်း နေပါစေဦး၊ သမ္မတရဲ့  တရားဝင်ပြောရေးဆိုခွင့် ရှိသူကြီး ဖော်ထုတ်ပြောခဲ့သလိုမျိုး အခုဖြစ်နေတဲ့ ဒီအခင်းအကျင်းဟာ သွားလေသူ စာဖတ်နေတဲ့ ကျေးဇူးရှင်ဘဘကြီးရဲ့  အကွက်ချမှုတွေပဲ ဟုတ်နေပါတယ်ဆိုတာပဲ ဖြစ်နေပါစေဦး အမှန်တစ်ကယ် အရေးကြီးတာက အဲဒီဥပဒေအသက်ဝင်ရဲ့ လား၊ လူတစ်စုအတွက် လက်ကိုင်တုတ် ဖြစ်နေတုန်းပဲလား ဆိုတာပါ။

နဂိုကတော့ ကျွန်တော်တို့ တွေ ကမ္ဘာကြီးက ကျွန်တော်တို့ ကို လျစ်လျူရှုမထားဖို့  အော်ဟစ်မြည်တမ်းခဲ့ကြရပါတယ်။ အခုကြတော့လည်း ကျွန်တော်တို့ က လူဆိုးတွေကို သိပ်ပြီး အမွှန်းတင်၊ ဂုဏ်မမြှောက်ကြဖို့  ပြန်လည်အော်ဟစ်သတိပေး နေကြရပါတယ်။ အတွင်းထဲက အနှစ်သာရက ဘာမှ ထူးမခြားနားနေသေးတဲ့အကြောင်း၊ဒီမိုကရေစီတို့ ၊ငြိမ်းချမ်းရေးတို့ ၊တရားဥပဒေစိုးမိုးရေးတို့  ဆိုတာ ကျွန်တော်တို့  ဆီမှာတော့ မျက်မမြင်ပုဏ္ဍားတွေ ဆင်ကြီးစမ်းနေကြရသလိုမျိုး ဟိုဟာကြီး ဖြစ်မယ်ထင်ရဲ့ ၊ ဒီဟာကြီး ဖြစ်မယ်ထင်ရဲ့ နဲ့  အခုထိ စမ်းတ၀ါးဝါး လုပ်နေကြရတာပါ။

ဘာပဲဖြစ်ဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည် က သူယုံပါတယ်လို့  တစ်ဖွဖွပြောလာခဲ့တဲ့သမ္မတကို ပွင့်လင်းစွာ ဝေဖန်လာတာ၊ အုပ်ချုပ်ရေးအခန်းဏ္ဍကိုတော့ဖြင့် စတင်ဝေဖန်လာတာ၊ အပြုသဘောဆိုပြီး ဆက်ဆံနေရာက အတိုက်အခံရဲ့  သရုပ်သဏ္ဍန် ပြန်ပေါ်လာတာ ကိုတော့ဖြင့် သူကိုယ်တိုင်ပါဝင်နေရတဲ့ လွှတ်တော်ရဲ့  အခန်းဏ္ဍကို တစ်ခွန်းမှ မတို့ ထိသေးသည့်တိုင်အောင် ကျွန်တော်တို့  ကြိုဆိုလက်ခံကြရမှာပါ။

သမ္မတ၊ လွှတ်တော်နဲ့  တရားစီရင်ရေး အာဏာကြီး သုံးရပ်ကတော့ဖြင့် အခုထိ ကျွန်တော်တို့  ခိုင်ခိုင်မြဲမြဲ မဆုပ်ကိုင် နိုင်သေးတဲ့ မျက်မမြင်ပုဏ္ဍားတွေ ဆင်စမ်းနေကြရသလိုပါ။ သူရှိတယ်၊ ငါရှိတယ်၊ သူအပေါ်မှာ ၊ ငါအပေါ်မှာနဲ့  ပြိုင်ဆိုင်ပြလို့  ကောင်းတုန်း၊ ရန်ဖြစ်ပြလို့  ကောင်းနေကြတုန်းပါ။ ဒါမှမဟုတ် ရန်ဖြစ်ချင်ယောင် ဆောင်လို့  ကောင်းနေကြဆဲပါ။ အကောင်းမြင်မပေးချင်တာ မဟုတ်ပါဘူး။ မြင်ပေးစရာအကောင်းက ရှာလို့ မတွေ့ ခဲ့တာပါ။ ဒီလိုနဲ့ ကျွန်တော်တို့ မှာ အခုထိတော့ မှန်းဆ ဆ၀ါးကြည့်လို့ ကောင်းနေကြရဆဲပါ ။ ။

ပြည်ချစ်သူ
25.5.2013


Photo..www.channelnewsasia.com
မြန်မာအာဏာပိုင်များ၏ စိတ်ရင်းစေတနာအမှန်ကို မှန်းဆရခက်ခဲသောကြောင့် လူ့အခွင့်အရေးအုပ်စု များက မုံလာဥနှင့် ကြိမ်လုံးနှစ်မျိုးစလုံးကို လိုလားကြခြင်းဖြစ်သည်။

(UPI သတင်းမှ 24 May 2013 ရက်စွဲပါ “Japan told to lean on Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

ဂျပန်အစိုးရသည် လူ့အခွင့်အရေးကို ဦးစားပေးခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ပြန်လည် ရင်းနှီးမြှုပ်နှံနေမှုကို သေချာအောင် ပြုလုပ်ရန်လိုကြောင်း Human Right Watch ကပြောကြားလိုက်ပါသည်။

၃ ရက်ကြာခရီးစဉ်အဖြစ်သောကြာနေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာသော ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး သည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးရောက်ရှိလာသော အာဏာလက်ရှိ ဂျပန်ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်.။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင်စတင်ခဲ့သော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သည့် အနေဖြင့် နိုင်ငံတကာအစိုးရများစွာက ယခင်ချမှတ်ထားသော အရေယူပိတ်ဆို့မှုများကို စတင်ဖြေလျှော့ရုတ်သိမ်းပေးနေ သည့်အလျှောက် ယခုဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်ပေါ်ထွက်လာခြင်းဖြစ်သည်။ ဝန်ကြီးချုပ်အာဘေးနှင့်အတူ ကုမ္ပဏီကိုယ်စား လှယ် မြောက်များစွာ လိုက်ပါလာကြမည် ဖြစ်သည်။

မနှစ်က မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၅၀၀ ထည့်ဝင်ခြင်းဖြင့် အကြီးဆုံးနိုင်ငံခြားအလှူရှင်ဖြစ်နှင့်ပြီးသား ဂျပန်နိုင်ငံ သည် မြန်မာနိုင်ငံသို့ အကူအညီပေးမှုကို နှစ်ဆတိုးလိမ့်မည်ဟု မျှော်လင့်ရကြောင်း Human Right Watch က သတင်းထုတ် ပြန်သည်။

ဂျပန်နိုင်ငံ၏ လှူဒါန်းကူညီမှုများသည်မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းနှင့် ပတ်သက်၍ တွန်းအားရှိနေခြင်း ကို ရည်ညွှန်းသည်ဟု HRW ၏ အာရှရေးရာ အစီအစဉ်ဒါရိုက်တာ ဘရက်အဒမ်က ဆိုပါသည်။

“မြန်မာနိုင်ငံအပေါ် ထောက်ပံ့မှု၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာရေး၊ တာဝန်ယူရေး ကိစ္စတွေမှာ လိုအပ်နေတဲ့ပြုပြင်ပြောင်းလဲမှုတွေကို လစ်လျူမရှုသင့်ပါဘူး။” ဟု ၎င်း၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထား သည်။

စီးပွားရေးပိတ်ဆို့မှုဖိအားကို လျှော့ပေးလိုက်ခြင်းကြောင့် ပြုပြင်ပြောင်းလဲမှု အတော်များများမှာ အလားအလာသိပ် မကောင်းတော့ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားကြသည်။ အခြေခံကျသော ပြုပြင်ပြောင်းလဲမှုများကို တွန်းအား ပေးသည့် Sanction များကို လူ့အခွင့်အရေးအုပ်စုများက အားပေးထောက် ခံကြသည်။

မြန်မာအာဏာပိုင်များ၏ စိတ်ရင်းစေတနာအမှန်ကို မှန်းဆရခက်ခဲသောကြောင့် လူ့အခွင့်အရေးအုပ်စု များက မုံလာဥနှင့် ကြိမ်လုံးနှစ်မျိုးစလုံးကို လိုလားကြခြင်းဖြစ်သည်။

“မြန်မာနိုင်ငံက ဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ များသောအားဖြင့် အဓမ္မလုပ်သားသုံးစွဲမှု၊ မြေယာသိမ်းယူမှု၊ အခြေခံ လူ့အခွင့်အရေးပိတ်ပင်မှုတွေနဲ့ တစ်သားတည်းရောထွေးနေလေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီလိုညှင်းပန်းနှိပ်စက်မှုတွေအဆုံးသတ် သွားအောင် ဂျပန်နိုင်ငံအနေနဲ့ သူ့ရဲ့ဖိအားကို အသုံးပြုသင့်ပါတယ်” ဟု ဘရက်အဒမ်က သုံးသပ်ပြောဆိုသည်။

Yangon Chronicle


Photo.. 安倍晋三 Facebook
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အနေဖြင့် တရားဝင်း အလည်အပတ် မရောက်ရှိခဲ့သည်မှာ ၃၆ နှစ်ကြာပြီဖြစ်သော မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ကျွန်တော်လာရောက် လည်ပတ်ပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို အမှူးပြု၍ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သဘောထားအမြင်များ ဖလှယ်မည် ဖြစ်ပါသည်။ ကျွန်တော့အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် လာရောက် လည်ပတ်ခဲ့ပါ သော်လည်း မြန်မာနိုင်ငံတွင် မကြာသေးမီကနှင့် ယခုလတ်တလော ဖြစ်ပေါ်လျက်ရှိသည့် အပြောင်းအလဲများစွာကို ယခုတစ်ခေါက် လာရောက် လာရောက်လည်ပတ်ရာတွင် ကိုယ်တိုင် တွေ့ကြုံခံစားနိုင်မည်ဟု ပျော်ရွှင်စွာ မျှော်လင့် စောင့်စားမိပါသည်။

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခုအချိန်အထိ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုကို အခြေခံပြီး ရေရှည်ကောင်းမွန်သော နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါသည်။ အဘိုးဖြစ်သူ ဝန်ကြီးချုပ် H.E Mr. Nobusuke KISHI၊ ဖခင်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Shintaro ABE နှင့် ကျွန်တော်တို့ မျိုးဆက် သုံးဆက်တိုင်တိုင် လာရောက် လည်ပတ်နိုင်ခြင်း တို့ကြောင့် ကျွန်တော်နှင့် မြန်မာနိုင်ငံ ရေစက်ဆုံသည်ဟု ကိုယ်တိုင်လည်း ခံစားမိပါသည်။ ယခုတစ်ခေါက် အလည်အပတ် လာရောက်ခြင်းသည် ရှေးယခင် လူကြီးများက ဆောင်ရွက်လာခဲ့သည့် သမိုင်းဝင် ဂျပန်-မြန်မာဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန် တွန်းအားပေးပြီး အောက်ဖော်ပြပါ ကဏ္ဍလေးရပ်ကို အလေးထားပြီး ပူးပေါင်းဆောင်ရွက်သွားရန် လေးလေးနက်နက် မျှော်လင့်လျက် ရှိပါသည်။

(၁)နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန်အတွက် ဂျပန်နိုင်ငံက အထူးအလေးထား ဆောင်ရွက်ခဲ့ သည်မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲရေး တို့ကို ပိုမိုခိုင်မာအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး အကျိုးရလဒ်ကို မြန်မာပြည်သူ ပြည်သားများ အမှန်တကယ် ပို၍ ခံစားနိုင်ရန် အရေးကြီးသည်ဟု ထင်မြင်ယူဆမိ ပါသည်။ အခက်အခဲများစွာကို ကျော်လွှားလာခဲ့သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဂျပန်နိုင်ငံက တတ်စွမ်းသမျှ ကူညီသွားပါမည်။ ရှိထားသည့် အင်အားများကို အစွမ်းကုန် ထုတ်၍ ထောက်ပံ့သွားမည့် မူဝါဒ ဖြစ်ပါသည်။

(၂) လျှင်မြန်စွာ အသက်ဝင်လာသည့် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ပြုလုပ်ပြီး နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေရန် ဦးတည်ဆောင်ရွက်သွားပါမည်။ ဂျပန်နိုင်ငံက နိုင်ငံတကာ အသိုက်အဝန်းကို ဦးဆောင်၍ မြန်မာနိုင်ငံအတွက် ကြွေးမြီကိစ္စ ဖြေရှင်းမှုကို ထုတ်ဖော် ပြောကြားခဲ့ပြီး ယန်းချေးငွေ အသစ်ခန့်မှန်းခြေ ယန်းသန်းငါးသောင်း အပါအဝင် မြန်မာနိုင်ငံသို့ အထောက်အပံ့ အပြည့်အဝ ပြန်လည် စတင်ခြင်းကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထပ်မံ၍ ယခုအကြိမ် ပြုလုပ်မည့် ဂျပန်-မြန်မာ ထိပ်သီးဆွေးနွေးပွဲ တွင်လည်း နောက်ထပ်ပေးအပ်မည့် အထောက်အပံ့များကို ထုတ်ဖော်ပြောကြားမည် ဖြစ်ပါသည်။ ထို့ပြင် ယခုခရီးစဉ်တွင် ဂျပန်နိုင်ငံကို ကိုယ်စားပြုမည့် စီးပွားရေးလောက ခေါင်းဆောင်များနှင့် အတူတကွ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်း သည် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားလျက် ရှိကြောင်း ပြသနေ ပါသည်။ ဂျပန်-မြန်မာ နှစ်နိုင်ငံစလုံး အနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ရလဒ် (Win-Win) ပေါ်ထွက်လာစေရန် ဂျပန်အစိုးရက နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် အတွက် တွန်းအားပေးသွား ပါမည်။

(၃)ဂျပန်-မြန်မာ ဆက်ဆံရေး အခြေအံအသစ် တစ်ဆောက်ရန်အတွက် ၎င်းကို အထောက်အကူ ပြုနိုင်မည့် နှစ်နိုင်ငံ နိုင်ငံသားများ ကူးလူးဆက်ဆံရေးနှင့် ယဉျကျေးမှု ဖလှယ်ခြင်းများကို ပိုမို တိုးတက်အောင် လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီး ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများအတွက် မူလတန်းကျောင်း ဆောက်လုပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိပါသည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ တွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုလုပ်ဆောင်သွားပါမည်။

(၄)မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်တွင်ရှိသော ဒေသများ လုံခြုံရေးနှင့် ပတ်သက်၍ ယခုအကြိမ် အလည်အပတ် ခရီးစဉ်တွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ တူညီသော ထင်မြင်ယူဆချက်ကို နားလည် သဘောပေါက်ပြီး ဆွေးနွေးပွဲများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက် သွားရန် ရှိပါသည်။

ဂျပန်နိုင်ငံတွင် မြန်မာကိုချစ်သောသူ အများအပြား ရှိပါသည်။ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ပါသည်။ သို့သော် လက်ရှိအခြေအနေကို ရောင့်ရဲတင်းတိမ်မနေဘဲ ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်သွားချင်ပါသည်။ ယခုအကြိမ် ကျွန်တော်၏ အလည်အပတ် ခရီးစဉ်သည် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ပြီး သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်နိုင်ရန် အခွင့်အလမ်းများ ပေါ်ထွန်း လာလိမ့်မည်ဟု မျှော်လင့်လျက် ရှိပါသည်။

source::http://www.moi.gov.mm/news/25/05/2013/id-330


မေ(၂၄)ရက်ထုတ်ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာမှာပါတဲ့ ဆောင်းပါး

မောင်ကျန်တစ်တို့...ပုဂံခေတ် သူရဲကောင်းကြီး တစ်ဦးရဲ့ ပါးစပ်ပြော ရာဇဝင်လေးတစ်ခု ကြားဖူးတယ်။ အဲဒီသူရဲကောင်းကြီးဟာ နှလုံးရည်ရော လက်ရုံးရည်ပါ ပြည့်စုံသူမို့ ယနေ့အချိန်ထိ ထင်ရှားနေဆဲဖြစ်တယ်။ သူရဲကောင်းကိုးကွယ်တဲ့ခေတ်က ကုန်သွားပြီ ဖြစ်ပေမယ့် ကျန်စစ်သား မင်းကြီးကိုတော့ အမှတ်ရမိတယ်။ သူ့ကိုအမှတ်ရလိုက်တာနဲ့တပြိုင်နက် သူရဲ့ လက်စွဲတော်ကြီးဖြစ်တဲ့ "အရိန္ဒမာ" လှံကြီး ပါ အတွေးစဉ်ထဲ တွဲရပ်ကပ်ပါလာတယ်။ အခုပြောချင်တဲ့ စကားလေးက အဲဒီလှံကြီးနဲ့ ပါတ်သတ်တယ်။ ပါးစပ်ပြော ရာဇဝင်ဖြစ်လို့ သမိုင်းသက်သေမပြနိုင်ပေမယ့် ဇာတ်လမ်းလေးက ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတယ်။

အိမ်နိမ့်စံ ဘဝကျန်စစ်သားဟာ သူ့ယောက္ခထီးကြီးဖြစ်တဲ့ ရာဇကုမာရ်ရဲ့အဖိုးနဲ့အတူ ဥယျာဉ်ထဲမှာ လမ်းလျှောက်ရင်း သံပုရာအပင် ရှေ့ရောက်တော့ ဒီအပင်ကအသီးတွေဟာ တခြားသံပုရာသီးတွေထက် အလွန်ချဉ်ကြောင်း အဖိုးကြီးက ပြောတယ်။ အဲဒါနဲ့ပဲ ကျန်စစ်သားက သံပုရာသီးတစ်လုံးကို အပင်ကနေ ဇက်ခနဲ ခူးယူပြီး လက်ထဲ အသင့်ပါလာတဲ့ လှံကြီးရဲ့ အသွားနဲ့ တို့ လိုက်တယ်။ ပြီးတော့ သူ့ယောက္ခထီးကြီးကို စားကြည့်စေတယ်။ အဲဒီအခါ အလွန်ချဉ်လှပါတယ်ဆိုတဲ့ သံပုရာသီးဟာ ဇီးသီးလောက် တောင် မချဉ်တော့ပဲ ချိုသွားတာကို အံ့အားသင့်စွာ တွေ့ရတယ်။ အဲဒီအချိန်ကစပြီး ရာဇကုမာရ် အဖိုးဟာ သူသံပုရာသီး စားချင်တဲ့ အခါတိုင်း ကျန်စစ်သား ဆီလာပြီး "မောင်ကျန် တစ်တို့ ...၊ တစ်တို့" လုပ်လေ့ရှိတယ်လို့ ဆိုတယ်။

မောင်ကျန်တစ်တို့...

ဒီကနေ့ခေတ်မှာတော့ ရွှေမန်းတင်မောင် သီချင်းထဲကလို ရာဇကုမာရ်အဖိုးက စားခါနီးမှ လုပ်လေ့ရှိတဲ့ မောင်ကျန် တစ်တို့ နဲ့ ခပ်ဆင်ဆင် "ထိုနည်းလည်းကောင်း...၊ ထိုနည်းလည်းကောင်း" လေးတွေ မြင်နေရတယ်။ ပြည်ပက တွေ့ဆုံပွဲတစ်ခုမှာ တရုတ်ကိုလည်း ကြောက်ရပါတယ်လို့ ပြောခဲ့ဖူးတဲ့ ဝန်ကြီးဦးအောင်မင်းက မှတ်သားစရာ စကားတခွန်း ထပ်ပြောတာကို ကြားလိုက်ရသေးတယ်။ ကျွန်တော်တို့က စစ်အစိုးရကနေ ပေါက်ဖွားလာတာဖြစ်တယ်၊ စနစ်သစ်ရောက်လို့ တံခါးဖွင့်ကြည့်လိုက်တဲ့အခါမှာ ဘာမှမတတ်ဘူး ဆိုတာကို သွားတွေ့ရတယ် ဆိုပြီး ဝန်ကြီးက ပြောတဲ့အခါ အောက်က ပရိတ်သတ်ကြီးက လက်ခုပ်သြဘာပေးကြတာ မိုးလုံးညံ ဘဝဂ်ထိ မြည်ဟိန်းသွားသလားတောင် အောက်မေ့ရတယ်။

တကယ်တော့ ဦးအောင်မင်းပြောသလို စစ်အစိုးရအမွေခံ လက်ရှိအစိုးရအဖွဲ့အနေနဲ့ ဘာမှမတတ်ဘူးဆိုတာ မမှန်ပါဘူး။ သူတို့လည်း အစိုးရလုပ် တိုင်းပြည်အုပ်ချုပ်နေသူတွေဖြစ်လေတော့ နည်းနည်းပါးပါးတော့ တတ်ပါတယ်။ အများကြီးမဟုတ်တောင် နိုင်ငံရေးအကျဉ်းသားတွေကို အတိုးအလျော့လေးလုပ်ပြီး အကြိမ်ကြိမ်လွှတ်ပေးတာလေးတွေတော့ လုပ်တတ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလေးကပဲ “အမေရိကန် ခရီးစဉ်အဖွင့် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်” ဆိုပြီး နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို ၁၇ ရက်မှာ ထပ်မံလွှတ်ပေးခဲ့ပြန်တယ်။ နိုင်ကျဉ်းတွေကို "စားရကံကြုံ၊ မုတ်ဆိတ်ပျားစွဲ" အခါမျိုးကြရင် တခါလွှတ်လိုက်၊ နှစ်ခါလွှတ်လိုက်၊ သုံးကြိမ် လွှတ်လိုက် စသဖြင့် အလီလီအခါခါ တို့တိတို့တိ လုပ်နေတာကြည့်ပြီး ရာဇကုမာရ် အဖိုး သံပုရာသီးကို အချိုလုပ်ပြီး စားချင်တဲ့အခါ ပြောလေ့ရှိတဲ့ "မောင်ကျန် တစ်တို့...၊ တစ်တို့" အသံ စိတ်ထဲ ကြားယောင်ပြီး ပြုံးမိတယ်။

အံ့ဖွယ်ကံထူးရှင်...

ဦးသိန်းစိန်အစိုးရတက်လာပြီးမှ နိုင်ငံရေးအကျဉ်းသားတွေကို အကြိမ်ကြိမ် တစ်တို့၊ တစ်တို့ လွှတ်လာတာ ခြောက်ကြိမ် မြောက်ခဲ့ပြီ။ လွတ်မြောက်လာသူတွေအားလုံးကလည်း ကိုယ်နဲ့တစ်မှုတည်း၊ ပုဒ်မအတူတူ၊ ပြစ်ဒဏ်အတူတူ ကျခံရတဲ့သူအချင်းချင်း ကိုယ်လွတ်ပြီး သူကျန်နေခဲ့လေတော့ လွတ်ပေမယ့် မပျော်နိုင်ရှာကြဘူး။ ပြီးတော့ ကိုယ်နဲ့ဘဝတူ နိုင်ကျဉ်းတွေ လူ့ငရဲအကျဉ်းထောင် တွေထဲမှာ ရာနဲ့ချီပြီး အများကြီးကျန်ရှိနေသေးတယ်။ ကိုယ်ကလွတ်ပေမယ့် သူတို့ရဲ့ မိသားစုဝင်တွေနဲ့တွေ့တဲ့အခါ ဘယ်အချိန်မှာမှ ထောင်တွင်းကျန်ရစ်သား ဖြစ်ခဲ့ရသူတွေအတွက် မောင်ကျန် တစ်တို့ ဘယ်တော့လာမယ်ဆိုတာ အတိအကျမပြောနိုင်တော့ ကိုယ့်ကို အားငယ်နေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေကြတဲ့ သူတို့ကို ငေးရင်း ကြေကွဲစွာ ခံစားကြရတယ်။ စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သွားနေပါပြီဆိုပြီး ဘာ့ကြောင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ တခါတည်း မလွှတ်နိုင်ရတာလဲ ဆိုပြီး အားမလို အားမရဖြစ်မိတယ်။

အခုတစ်ခေါက် ခြောက်ကြိမ်မြောက် "မောင်ကျန် တစ်တို့" မှာ လွတ်မြောက်လာတဲ့သူတွေအထဲ နှစ်ခါပြန် အတို့ခံရသူလည်း ပါတယ်။ သူကတော့ အံ့ဖွယ်ကံထူးရှင်လို့တောင် ဆိုရမယ်။ အတိအကျပြောရရင် ယခုအစိုးရလက်ထက်၊ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှာ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ ပထမအကြိမ် လွတ်မြောက်ခဲ့တယ်။ အဲဒီနောက် ယခုလမှာပဲ ပုဒ်မ(၅၀၀) ဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြည်ညိုပျက်စေမှုနဲ့ ငြိပြီး ပုဒ်မ(၁၀၄)နဲ့ အပိုထပ်ဆောင်းကာ ထောင်အကြွေးကျန် ခုနှစ်နှစ် ပြန်ဆပ်ဖို့ အကြောင်းဖန်ခဲ့တယ်။ အဲဒါနဲ့ ပါတ်သတ်လို့ မောင်ကျန် တစ်တို့ ဟာ သံပုရာသီးကို မချိုစေတဲ့အပြင် ပိုတောင်ချဉ်ဖန်ခါး ဖြစ်သွားတယ်ဆိုတာ သိလိုက်ရတယ်။ သူရဲ့ တို့တို့နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကြီးအပေါ် လူထုတရပ်လုံး အသံထွက်ပြီး မေးခွန်းထုတ်လာကြတယ်။

လွတ်ငြိမ်းချမ်းသာလော သက်သာလော…

ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ပါတ်သတ်ပြီး ပုဒ်မ(၁၀၄)အကြောင်း လူထုပိုပြီး နားစွင့်လာကြတယ်။ အဲဒီအချိန်မှာ နိုင်ငံကျော် စာရေးဆရာ ဂမ္ဘီရပညာရှင် ဒေါက်တာမင်းသိင်္ခရဲ့ ထောင်ထွက်လက်မှတ်ဟာလည်း လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ တွေ့လိုက်ရတယ်။ အဲဒီလက်မှတ်မှာ မှင်အနီလေးနဲ့ ရေးထားတဲ့ စာကြောင်းလေးကို တွေ့ရတယ်။ ဥပဒေပုဒ်မ (၁၀၄) (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားပဲ ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်သည် ဆိုတာကို တွေ့ရတယ်။ အဲဒါကြောင့် နိုင်ကျဉ်းတွေဟာ လွတ်ငြိမ်းသက်သာခွင့်သာဖြစ်တဲ့အတွက် အကျဉ်းသားအဖြစ် လုံးဝပျက်ပြယ်သွားတာမျိုးမဟုတ်ပဲ ကိုယ့်အိမ်ကိုယ် ပြန်ခွင့်ရှိတယ်။ ဒါပေမယ့် သူတို့တတွေဟာ ထောင်စာရင်းထဲမှာ ရှိနေသေးသလို ဥပဒေနဲ့ ငြိတဲ့ တစ်စုံတစ်ရာ ပြစ်မှုတစ်ခု ကျူးလွန် မိတာနဲ့တပြိုင်နက် အခုပြစ်ဒဏ်ရော အရင်အကြွေးကျန်နေသေးတဲ့ ပြစ်ဒဏ်ပါ ပေါင်းပြီး ခံရတယ်။

အဲဒီတော့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ စကားလုံးဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်။ ဂျီအေ (GA) လို့ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် (General Amnesty) ဟာ အကျဉ်းသားကို အားလုံးလွတ်ငြိမ်းခွင့်ပေးတာ ဖြစ်တယ်။ ဘာအပြစ်ဒဏ်မှ နောက်ထပ် ကျခံစရာ မလိုတော့ပဲ အပြီးချမ်းသာခွင့်ပေးလိုက်တာ ဖြစ်တယ်။ ဒါပေမယ့် တကယ်လက်တွေ့လွှတ်လိုက်တဲ့အခါကျတော့ ထောင် လက်မှတ်မှာ ဖိုးအိုဝမ်း ဆိုတာကြီး ပါနေတယ်။ ပြီးတော့ ထောင်ပြင်မရောက်ခင် အာမဘန္တေလုပ်ပြီး ခံဝန်လက်မှတ်လည်း ထိုးရသေး တယ်။ အခုလို ချွတ်ချော်နေတဲ့ လုပ်ရပ်တွေကြောင့် သမ္မတအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ စကားလုံးကို သုံးခွင့်မရှိဘူး။ ပုဒ်မ ဖိုးအိုဝမ်း အရ လွှတ်တာ ဖြစ်တဲ့အတွက် လွတ်ငြိမ်းသက်သာခွင့်လို့ပဲ သုံးရမယ်။ ဒါကြောင့် သမ္မတရဲ့ နိုင်ကျဉ်းတွေနဲ့ပါတ်သတ်ပြီး တစ်တို့တို့ လွှတ်ပေးနေတာတွေဟာ စကားလုံးအရလည်း လိမ်နေတာဖြစ်ပြီး တိုင်းပြည်နဲ့လူထုကိုလည်း လှည့်စားနေတာ ဖြစ်တယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို တကြိမ်တည်းမှာ အားလုံးတပြိုင်တည်းမလွှတ်နိုင်ပဲ ဖြစ်နေတဲ့အပေါ်လည်း မရိုးသားဘူးလို့ မြင်မိတယ်။

မတရားဥပဒေ ဖော်ထုတ်ပြင်ဆင်ရေး…

စစ်အာဏာရှင်လက်ထက်တလျှောက်လုံး မိမိအာဏာနဲ့ရာထူးကို ကာကွယ်လိုတာကြောင့် မတရားတဲ့ ဥပဒေပေါင်း ရာနဲ့ချီပြီး ရေးဆွဲ ဖြည့်စွက်ခဲ့တယ်။ ပြည်သူလူထုပခုံးပေါ် အလွန်လေးလံလှတဲ့ ထမ်းပိုးကြီးတွေနဲ့တူတဲ့ ဥပဒေတွေ ပစ်တင်ခဲ့ကြတယ်။ အထူးသဖြင့် နိုင်ငံရေးသမားတွေ၊ စာနယ်ဇင်းသမားတွေနဲ့ အနုပညာရှင်တွေအပေါ်မှာ နောက်ပြန်ကြိုးတုပ်သလို ဖြစ်နေတဲ့ ဥပဒေတွေကို မိမိတို့ဆန္ဒရှိသလို ရေးဆွဲခဲ့ကြတယ်။ သန့်ရှင်းသောအစိုးရအဖြစ် ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ကြွေးကြော်တဲ့ သမ္မတလူချောအဖွဲ့ကြီးကို မွေးထုတ်ပေးလိုက်တဲ့ ဖွဲ့စည်းပုံဥပဒေမှာလည်း လူထုဆန္ဒနဲ့ မညီ၊ လူထုမကြိုက်တဲ့ ရည်ရွယ်ချက်ရှိရှိ သပ်သပ်တင်းကြပ်ထားတဲ့ ဥပဒေတွေဟာ အများကြီး ရှိနေတယ်။

တကယ်တော့ ဥပဒေဆိုတာ လူထုကို အကာအကွယ်ပေးဖို့ဖြစ်တယ်။ တရားမျှတမှုရှိတဲ့ ဥပဒေဖြစ်မှ တရားဥပဒေလို့ ခေါ်နိုင်တယ်။ အဲဒီတော့ မတရားတဲ့ ဥပဒေတွေကို အတည်ပြုထားသ၍ မတရားဘူးလို့ ပြောပိုင်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ တရားဥပဒေအရ လုပ်နေတာဖြစ်တယ်။ ဒါပေမယ့် အဲဒီသူတို့သုံးနေတဲ့ တရားဥပဒေဆိုတာထဲမှာမှ မတရားဥပဒေတွေ လူထုဆန္ဒမပါပဲ ရှိနေတာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ မတရားတဲ့ဥပဒေကို ဖော်ထုတ်ရမယ်။ ဖိုးအိုဝမ်းတို့လို အလားသတန်တူ ဥပဒေတွေကို ပြင်ဆင်ရမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း ဖွဲ့စည်းပုံဥပဒေမှာပါတဲ့ မတရားဥပဒေ တွေ ဖျက်သိမ်းပေးဖို့ ကြိုးစားကြရမယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ စကားနှင့်အညီ တရားသော ဥပဒေတွေဖြစ်နေအောင် မတရားဥပဒေတွေ အမြန်ဆုံး ဖြုတ်ပစ်ရမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ မတရားတဲ့ဥပဒေပုဒ်မတွေအရ တရားဥပဒေအတိုင်း စီရင်သမျှကို လူထုတရပ်လုံးဟာ အကာအကွယ်မဲ့စွာ ရင်ဆိုင်နေကြရဦးမှာ ဖြစ်ပါတယ်။

နေစကြာနိုင်