05/27/13




အမေရိကပြည်ထောင်စု နယူးယောက်မြို့ မှာ -၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် နဲ့  ကိုကိုကြီးတို့ က မြန်မာမိသားစုတွေနဲ့  လူထုတွေ့ ဆုံပွဲကို -မေလ-၂၅-ရက်-၂၀၁၃-ခုနှေ့  နယူးယောက်တက္ကသိုလ် ခန်းမမှာ ပြုလုပ်ခဲ့ တယ် - အဲဒီတွေ့ ဆုံပွဲမှာ ဟောပြောပွဲအပြီး မေးမြန်းခဲ့ ကြတဲ့  သူတွေအထဲက ကိုမောင်မောင်ကျော် ရဲ့  -လက်ရှိဖြစ်ပျက်နေတဲ့  အခြေအနေတွေနဲ့  -OIC- အဖွဲ့ ကနေပြီး စာချုပ်ချုပ်တာတွေ- ဖိအားပေးနေတာနဲ့  ပါတ်သက်လို့  -၈၈-ကျောင်းသားခေါင်းဆောင်များက ဘယ်လိုထင်မြင်ပါသလဲ ဆိုတဲ့  မေးခွန်းကို မေးတယ် ။ ဒါကို -၈၈-ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ကမ္ဘာကျော်သော မိန့် ခွန်းအဖြစ် အခုလို ဖြေဆိုသွားတာဖြစ်ပါတယ် ။

အဲဒီတွေ့ ဆုံပွဲမှာ အိမ်ရှင်နဲ့  ဧည့်သည် လို့  ခေါ်ဝေါ်သုံးနုံးတာနဲ့  ပါတ်သက်လို့  လက်မခံလိုတဲ့  သူတဦးက မေးမြန်းရာကိုလဲ -၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က နိုင်ငံသားဖြစ်ခြင်းနဲ့  တာဝန်ယူတတ်ရခြင်း ဆိုတာကို ကမ္ဘာကျော်သော မိန့် ခွန်းအဖြစ် အခုလို ဖြေဆိုသွားပါတယ် ။

မင်းကိုနိုင် ။။။။။။။။။။။။။။

ကမ္ဘာ့ဟင်းလေးအိုးကြီးလို့ ခေါ်တဲ့ တကမ္ဘာလုံးမှာရှိတဲ့  ယဉ်ကျေးမှုတွေ အကုန်လုံးကို ရောကြိုချက်ပြီးတော့ မြိန်မြိန်ယှက်ယှက် အရာသာရှိရှိ စားသုံးနေတဲ့  အမေရိကပြည်ထောင်စုမှာတောင်မှ ဟိုဖက်မက္ကဆီကို နယ်စပ်မှာ ဘာကြီးနဲ့  ကာထားသလဲဆိုတာ လူတွေသိကြပါတယ် ။ ဆိုလိုတာက ဒီလောက်တောင်ပွင့်လင်းပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့  နိုင်ငံတောင်မှ သူ့ နိုင်ငံသားဖြစ်ဖို့  အတိုင်းအတာသတ်မှတ်ပြီး စီစစ်ပြီးမှ လက်ခံရပါတယ်။ ဒီမှာဘယ်လောက်နေပြီးမှ နိုင်ငံသားဖြစ်ရမယ်။ သာမန်စကားအားဖြင့် ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့  -၁၃၅-မျိုးသော ဘာသာစကားကို တခုမှ မတတ်ဘဲနဲ့  သူ့ ဘာသာကို ပြောနေတဲ့  သူ့ ဘာသာတခုထဲ တတ်တဲ့  လူမျိုးတွေအများကြီး ရှိနေပါတယ်။ နိုင်ငံသားဖြစ်နေတယ် ။ ပြီးခဲ့ တဲ့  အမှောင်ခေတ်တလျှောက်လုံးမှာလဲ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေရဲ့  အကျင့်ပျက်တွေကြောင့် လူတဦးထဲ ကဒ် နှစ်ကဒ် သုံးကဒ်တွေရှိနေတဲ့ လူရှိတယ် ။

အဲဒီလိုဆိုတော့ နိုင်ငံသားဖြစ်မှုဆိုတဲ့  ကိစ္စ ပေါ့ပေါ့တန်တန် ပြီးစစလွယ် မဟုတ်တော့ဘူး။ ကျွန်တော်တို့  အများကြီး စီစစ်ဖို့ လိုပါတယ် ။ ဘယ်တုံးကစပြီးတော့ နေခဲ့ တာလဲ ။ မနေ့ တနေ့ ကမှ ခိုးဝင်လို့  ပိုက်ဆံပေးပြီး ကဒ်တွေဖြစ်နေတာလား ။ ဘိုးဘွားလက်ထက်ကတည်းက နေလာပြီးတော့ ဒီမြေဒီရေပေါ်မှာ အေးအတူ ပူအမျှ နေလာခဲ့ တာလား။ အဲဒီအချက်က တကယ်အရေးကြီးပါတယ် ။ အဲဒီတော့ ကျွန်တော်တို့  မြင်ရတဲ့ အခါမှာ အထူးသဖြင့် တိုက်တိုက်ဆိုင်ဆိုင် မိတ္ထီလာမှာ တယောက်က ကျွန်တော့်ကို ထပြီးမေးတယ် ။ မိတ္ထိလာကိစ္စမဖြစ်ခင် အိန္ဒိယဘက်က အိန္ဒိယဘက်က ဖြစ်ရင်ဖြစ်မယ်- ပါကစ္စတန်ဘက်ကဖြစ်ရင်ဖြစ်မယ်- ဘင်္ဂလီဘက်ဖြစ်ရင်ဖြစ်မယ်ပေါ့- အဲဒီဖက်က သွေးနီးတဲ့  သူတဦးက ပြောပါတယ် ။ သူတို့ ဟာ အနှိမ်ခံရပါတယ်တဲ့  ။ နိုင်ငံသားဖြစ်ပါလျှက်နဲ့  နိုင်ငံသားတစ်ယောက်ရဲ့  အခွင့်အရေး မရဘဲနဲ့  နှိမ်ချခံရတယ် ။ ခွဲခားဆက်ဆံမှု ခံနေရပါတယ် ။ အဲဒါတွေက တရားမျှတမှု ရှိပါသလား ။ ကျွန်တော်တို့ ကို ဘယ်လို သဘောထားပါသလဲ ။

ကောင်းပါပြီ ။ တစ်အချက် -နိုင်ငံသား ဖြစ်တယ်ဆိုတာ သေချာပါသလား ။ ဗမာစကားပြောတတ်ရုံနဲ့  တိုင်းရင်းသားဘာသာစကားတစ်ခုကို ပြောတတ်ရုံနဲ့  နိုင်ငံသားမဖြစ်သေးပါဘူး ။ ကျွန်တော်တို့ ဆီမှာ အားလုံးသဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ နိုင်ငံသားဥပဒေတစ်ခုရှိတယ် ။ အဲဒီမှာလဲ လိုအပ်ချက်အရ ကျွန်တော်တို့  ဒီလောက်ဗျာ- သန်းပေါင်းထောင်ချီရှိနေတဲ့  နိုင်ငံကြားမှာ ညှပ်နေတယ် ။ ဒီနိုင်ငံကြားမှာ ရှင်သန်အောင် ကြိုးပမ်းနေရတဲ့  လူမို့ လို့  နိုင်ငံသားဥပဒေကို လုပ်ထားရတယ်။ အဲဒီဟာကို ကျွန်တော်တို့ က ကောင်းအောင်တော့ အပြီးသတ် ၀ိုင်း စဉ်းစားဖို့ လိုတယ် ။ အဲဒီလောလောဆယ်မှာတော့ နိုင်ငံသား ဥပဒေဟာ နိုင်ငံသား တကယ်ဖြစ်မဖြစ် ဘိုးဘွားလက်ထက်ကတည်းက နေထိုင်လာသူဖြစ်ပြီးတော့ နိုင်ငံသားစစ်ဖြစ်တယ်ဆိုရင် ကျွန်တော် ရဲရဲတင်းတင်း အာမခံမယ် ။ နိုင်ငံသားအခွင့်အရေးကို အပြည့်ရသင့်တယ် ။ ကျွန်တော်ကိုယ်တိုင် ရပ်တည်ပေးမယ် ။ လူ့ အခွင့်အရေးအတွက် ကျွန်တော်ကိုယ်တိုင် တိုက်ပွဲဝင်ပေးမယ် ။ သို့ သော် -----

အဲဒီသို့ သော်ရဲ့  နောက်မှာ ပိုပြီး အရေးကြီးတဲ့  အချက်ရှိပါတယ် ။

အခွင့်အရေး ယူချင်တယ် ဆိုရင် တာဝန်ယူမှု ရှိရပါမယ် ။ ( လက်ခုပ်သံများ )

အဓိကကတော့ ဘယ်ကိစ္စ မဆိုပါ ။ ဒီမိုကရေစီလိုချင်ရင် အခွင့်အရေးလိုချင်ရင် တာဝန်ယူမှု ရှိရမယ် ။ တာဝန်ယူမှုဟာ ကိုယ်တာဝန်ကျ နိုင်သမျှအားနဲ့  ၀င်ရောက်ရုန်းကန်ပြီးတော့ လှုပ်ရှားရမယ် ။ ရှေ့ကတာဝန်ကျသူက ပဲ့ ကိုင်တဲ့ သူက ကိုင်-ကြိုးဆွဲသူကဆွဲနဲ့  ဒါကို လုပ်ကို လုပ်ရပါ့မယ် ။ အဲဒီတော့ ကျွန်တော်တို့  ပြည်သူတွေကို ခုပြောချင်တာက ဒီမိုကရေစီနဲ့ ပတ်သက်လာရင် နိုင်ငံသားအခွင့်အရေးတွေ ဒါ ဘာသာရေးမျိုးကို ခွဲ ခြားမှာ မဟုတ်ဘူး။ ကျွန်တော် မွန်လူမျိုးတယောက်ဘဲ ။

ဗမာတွေအတွက်ကော အားလုံးလိုလို ပြည်ထောင်စုသားတိုင်း နိုင်ငံသားတိုင်းမှာ ကျတဲ့  အခွင့်အရေးအတွက် ဟောပြောစည်းရုံးပြီး ကျွန်တော်ဒါတွေကို အားလုံးအကုန်လုံးပြောတယ် ။ ပြီးတဲ့ အခါကျရင် တာဝန်ယူမှု တွဲရင် အခွင့်အရေးနဲ့ တာဝန်ယူမှုဟာ တွဲကို တွဲနေရမယ် ။ ကျွန်တော်အစကနဦးက ပြောပြသွားပြီးပြီ ။

အဲဒီတော့ တာဝန်ယူမှုဆိုတဲ့  နေရာမှာ ထပ်ပြီးတော့ တိကျအောင်ပြောမယ် ဆိုရင် ဟောဒီနိုင်ငံသားအဖြစ်နဲ့  အခွင့်အရေးအပြည့်ကို လိုချင်တယ်ဆိုရင် ဟောဒီနိုင်ငံနဲ့  အခြားတိုင်းတပါး နိုင်ငံနဲ့  အကျိုးစီးပွါး ယှဉ်လာပြီဆိုရင် သို့ မဟုတ် စစ်တိုက်ရတာမျိုး ဖြစ်ဖြစ်ပေါ့- ရင်ဆိုင်ရပြီဆိုရင် ပြည်တွင်းကနေပြီးတော့ သူခိုးဒါးရိုးကမ်း မဖြစ်ဘဲနဲ့  ငါကိုယ်တိုင် ရှေ့ဆုံးက ရင်ကော့ပြီး တိုက်မယ်- ( လက်ခုပ်သံများ ) -- အဲဒီစိတ်ဓါတ်မျိုး ရှိတယ်ဆိုရင် ကျွန်တော်တို့ ဟာ ခင်ဗျားတို့ ရဲ့  နိုင်ငံသားစစ်စစ်နဲ့  ဘ၀-လူ့ အခွင့်အရေး -လူ့ ဂုဏ်သိက္ခာနဲ့  ခင်ဗျားရှေ့က ကျွန်တော်တက်ပြီးတော့ ရပ်ပါ့မယ်လို့  ဂတိပြုပါတယ် ။


ခိုင်အောင်ကျော် ( နယူးယောက် )


သမ္မတ ဦးသိန်းစိန်နဲ့ ၈၈ ခေါင်းဆောင်တွေရဲ့ အမေရိကန်ခရီးစဉ်နဲ့ ဂျပန်ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေအပေါ် အမေရိကန်ပြည်ထောင်စုရှိ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ အမြင်ကို ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး ကတင်ဆက်ထားပါတယ်။
(RFA)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.