05/31/13


လုံခြုံရေးဆောင်ရွက်လျှက်ရှိသော တပ်မတော်သားများပျက်စီးမှုများအားလိုက်လံရှင်းလင်းနေသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ်

ပဋိပက္ခကြောင့်ပျက်စီးဆုံးရှုံးမှုများမြင်ကွင်း

ဈေူးသည် တစ်ဦးမှ သံဃာတော်များထံ ဆွမ်းဆပ်ကပ်လှုဒါန်းနေပုံ

ယနေ့ မနက် လားရှိုးမြို့မဈေးအပြင်တန်းရှိ ဈေးသည်များ ဈေးရောင်းနေစဉ်
ယနေ့ မနက် လားရှိုးမြို့မဈေးအပြင်တန်းရှိ ဈေးဝယ်/ဈေးသည်များ အရောင်းအဝယ်ပြုလုပ်နေကြစဉ်
ယနေ့ လားရှိုးမြို့ အခြေအနေမှာ တည်ငြိမ်လျှက်ရှိပြီး တာဝန်ရှိသူများမှလည်း ဆူပူအကြမ်းဖက်သူများအား စုံစမ်းဖမ်းဆီးစစ်ဆေး အရေးယူလျှက်ရှိနေပါတယ် ။ ယနေ့မနက် ပိုင်းတွင် လားရှိုးမြို့မဈေး သားငါး၊ကုန်စိမ်းဈေူးသည်များ ပုံမှန်အခြေအနေအတိုင်းရောင်းဝယ်မှုရှိနေသော်လည်း ဈေးအတွင်းကောလဟာလ အချို့ပြန့်နှံမှု့ကြောင့် ခေတ္တ အရောင်းအဝယ်များရပ်ဆိုင်းခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများရောက်လာသည့်အခါ ပုံမှန် အခြေအနေအတိုင်းပြန်လည်ရောင်းဝယ်မှု ပြုလုပ်လျှက်ရှိနေပါတယ်။ မြှိုခံလူထုမှာလည်း အခြေအနေကို စောင့်ကြည့်လျှက်ရှိနေပါတယ်။

သာမန် လက်လုပ်လက်စား နေစားသမားများအနေနှင့် ယခုလို မြို့ အခြေအနေ လုံးဝ စိတ်ချရမှု မရှိသေးတဲ့အတွက် ပုံမှန်လုပ်ငန်းဂွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးပါ..။ ထို့ကြောင့် စားဝတ်နေရေးအတွက် စုဆောင်းထားသော ရွှေတိုရွှေစများအားနီးစပ်ခင်မင်ရာ ငွေကြေးပြေလည်သူများထံ ပေါင်နှံ့လျှက် စားဝတ်နေရေးဖြေရှင်းနေရကြောင်း ကွမ်းယာရောင်းသူအမျိုးသမီး တစ်ဦးထံမှ စုံစမ်းသိရှိခဲ့ရပါတယ်။

လုံခြုံ့ရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိတော့ပေမယ့် ပြန်လည်ထူထောင်းရေးနှင့် ပဋိပက္ခအခြေအနေကြောင့် ဒုက္ခသည်ဦးရေ အနည်းငယ်များပြားလျှက်ရှိနေပါတယ်။ ဒုက္ခသည်များအတွက် လုံလောက်သည့်ဆေးဝါး၊အစာနှင့် ရေများ လိုအပ်လျှက်ရှိနေကြောင်းကိုလည်း မြို့ခံ ဆ၇ာတော်တပါးမှ ပြောပြသဖြင့် သိရှိခဲ့ရပါတယ် ။ ပဋိပက္ခ အခြေအနေကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့၇သော ဘာသာရေးအဆောက်အဦးများ နှင့် နေအိမ်ဆိုင်ခန်းများ အားလည်း ရှင်းလင်းရန် ပြင်ဆင်မှုများပြုလုပ်လျှက်ရှိကြောင်းတွေ့ရှိခဲ့ရပါတယ် ..။

ကောလဟာလများမှာတော့ ပျံနှံ့လျှက်ရှိနေပြီး တာဝန်ရှိသူများမှ လည်းအချိန်မှီတာဆီးနိုင်ရန်အတွက် လုံခြုံရေးအင်အား ထပ်မံတိုးချဲ့လျှက် မြို့အနှံ့ ဖြန့်ကျက်ထားကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးဇော်လင်းမှ ပြောပြသဖြင့်သိရှိခဲ့ရပါတယ် ။ ယခုလက်ရှိအခြေအနေတွင် လုံခြုံရေးဆောင်ရွက်မှုအား မှတ်တမ်းတင်ဓါတ်ပုံရိုက်မိသော မြို့ခံပြည်သူတစ်ဦးအား အမှတ်(၅၂၁)တပ်ရင်းမှူးဆိုသူမှ ဖမ်းဆီးလျှက် လားရှိုးအမှတ်(၁)ရဲစခန်းသို့ ပို့ဆောင်ပြီး ၊၄င်းမှ ရဲစခန်းသို့ လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ဝင်များအား ခွင့်ပြုချက်မရရှိဘဲ ဓါတ်ပုံရိုက်သည်ြ့လူတစ်ဦးပို့လိုက်မည့်အကြောင်း အဆိုပါမြို့ခံလူအား မည်သို့မည်ပုံ အရေးယူထားကြောင်းကို ၄င်ထံ အချိန်မှီ အကြောင်းကြားရန် ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပါသည်။

၎င်းနှင့် မလှမ်းမကမ်းတွင် ကျွန်တော်ရှိနေပါသဖြင့် ကျွန်တော့်အားလည်း မင်းတို့လည်းကြည့်ထား ခွင့်ပြုချက်မရဘဲ လုံခြုံရေးတွေကို ဓါတ်ပုံရိုက်လျှင် အရေးယူခံရမည့်အကြောင်းပြောကြားခဲ့ပါသည် ။ ယခုလို ၄င်းအနေနှင့် သတင်းထောက်နှင့် ပြည်သူများအပေါ် ဆံဆက်ပုံမှာ အာဏာရှင်ဆန်လွန်းကြောင်း၊ ထင်မြင်မိပါတယ်။ ယခုလို လုံခြုံ့ရေးဆောင်ရွက်နေမှု ကို သိရှိမှ သာလျှင် အကြမ်းဖက်ဖျက်ဆီး သူများ မှ ရှေုဆက် မတိုးဝံနိုင်မှာဖြစ်ပါတယ် ။

တကယ် အရေးယူခံရမှာပါလား ၊ တကယ်ပစ်တော့မှာပါလာဆိုတဲ့ အသိ အကြမ်းဖက်ဖျက်ဆီးသူတို့သိရှိမှ သာလျှင် အကြမ်းဖက်မှုများ အချိန်မှီရပ်တန်ကသွားမည်ဟု ထင်မြင်မိပါတယ်။ ဆက်လက်ပြီး လားရှိုးမြို့ လုံခြုံရေးဆောင်ရွက်မှု အခြေအနေများကို ကျွန်တော်တတ်သိနားလည်သလောက် တင်ဆက်သွားပါအုံးမည် ။

Sanay Ninetwofive


ဒေါ်စုပြောလိုက်တဲ့ ကန့်ကွက်စကားအပေါ် အခုတလော ဝေဖန်ကန့်ကွက်သံတွေ သောသောညံအောင်ကြားနေရပါတယ်။ NLD ဟာ
ရခိုင်အမျိုးသားတို့ရဲ့ ဘုံရန်သူလို့တောင် ဖွ ဆရာတွေက မီးလောင်ရာ လေပင့်ပေးကြတယ်။ ၂၀၁၅မှာ ဒေါ်စုသမ္မတဖြစ်လို့က ကုလားပြည်ဖြစ်သွားမယ်လို့ လစာယူ အူနေတဲ့ ခွေးတွေက မဟုတ်ကို အဟုတ်ထင်အောင် ဂွင်ဖန်တင်ဆက်ကြတယ်။ အမျိုးသားရေးဆိုပြီး လူတချို့တို့ကလဲ အသံကြားလေးတခုအပေါ် ဘာမှနက်နက်နဲနဲ မစဉ်းစားပဲ အော်ဟစ်နေကြလေရဲ့။

သာမာန်ကာ ရှန်ကာကြည့်လိုက်ရင်တော့ အမျိုးမချစ်တဲ့ ဒေါ်စု။ နိုင်ငံခြားသားကိုယူလို့ကုလားဆိုသနားတယ်ပေါ့။ ရှုမြင်ပုံခြင်းမတူတော့ သာမာန်ကြည့်ရင် ဟုတ်သလိုလိုပါပဲ။ ကျွန်တော်တောင် တခါ တခါ ဝေေ၀၀ါးဝါး ဖြစ်သွားရသေး။
တကယ်လို့ ဒေါ်စုကသာ " ကျွန်မကတော့ ဘင်္ဂါလီတွေအပေါ် ခလေး(၂)ဦးပဲ ယူရမယ်လို့ ကန့်သတ်တာ လူ့အခွင့်အရေးစံနှုံးနဲ့ကြည့်ရင် မကိုက်ညီဘူး၊ ဒီမိုကရေစီတိုင်းပြည်တပြည်မှာ ဥပဒေကို လွှတ်တော်ထဲမှာ စနစ်တကျပြဌာန်းပြီးမှသာ အမိန့်ဆိုတာ ထုတ်ပြန်သင့်တယ်။ ဒါကြောင့်ကျွန်မ ကန့်ကွက်တယ် " လို့ပြောခဲ့ရင် ဒီလောက်ပွဲဆူမှာမဟုတ်ဘူးလို့ထင်မိတယ်။

ကိုင်း... တဆိတ်လောက်ကြည့်ကြည့်ရအောင်.......

အခုလက်ရှိအရပ်သားအစိုးရဆိုတာက ရုပ်ပြကောင်းအောင် ဘောင်းဘီချွတ်ပြထားတဲ့သူတွေဆိုတာ သူတို့ရဲ့ဝန်ကြီးကိုယ်တိုင် ကမ္ဘာသိဝန်ခံပြီးသားနော်။

အမိန့်ထုတ်ပြန်ရတာ သူတို့သဲခြေကြိုက်အလုပ်တွေထဲက တခု။ အမိန့်ဆိုတာ ဥပဒေထက်ပိုအရေးပါတယ်လို့ ထင်နေကြတဲ့သူတွေဆိုတော့
ဘဂါင်္လီမွေးမြူရေးခြံကို သားပေါက်နှုံးနဲ့ပတ်သက်ပြီး အမိန့်ပြန်တမ်းထုတ်တာ မဆန်းလှဘူး။ အရင်ကသူတို့သုံးနေကျ စကားတခွန်းရှိတယ်။ " ဥပဒေကဲ့သို့အာဏာတည်သောအမိန့် " တဲ့။ တရေးနိုးပြီး စိတ်ကူးထဲပေါ်တာ ထထထုတ်တတ်တဲ့ အကျင့်ဟောင်းက သူငယ်နာမစင်သေးဘူး။ အဲဒါကို ဒေါ်စုကဒီလိုလုပ်တာ နည်းမကျလို့ ကန့်ကွက်လိုက်တာပဲလို့ ထင်တယ်။

တကယ်လုပ်ရမှာက ဥပဒေထုတ်ပြန်ရမှာ၊ ဥပဒေကိုပြဌာန်းဖို့ လွှတ်တော်ဆိုတာရှိတယ်။ ဒေါ်စုပြောတာ..ဒါပဲ။ ဥပဒေပြဌာန်းပြီးမှသာ
အမိန့်ဆိုတာလာရမှာ.. ဒီမိုကရေစီစနစ်မှာ ဥပဒေဆိုတာအသက်ပဲ။ ဥပဒေမရှိပဲ ထုတ်တဲ့အမိန့်ဟာ ဥပဒေမဲ့အမိန့်ပဲ။ပြောတော့ ဒီမိုကရေစီ၊ လုပ်တော့စစ်အုပ်ချုပ်ရေး ပုံစံ။ ဒါကို ပြည်သူအားလုံးမြင်ဘို့လိုပါတယ်။ အခုအမိန့်ထုတ်တာ သက်ဆိုင်ရာအစိုးရရဲ့ အာဘော်သာဖြစ်ပြီး
ပြည်သူအားလုံးအကျုံးဝင်/မ၀င် မပီပြင်တဲ့ကိစ္စ။ ဒေါ်စုပြောတာရှင်းရှင်းလေးပါ။ ဘင်္ဂါလီမိသားစုတစုကို သားသမီး(၂)ယောက်နှုံးပဲ
ယူရမယ်လို့ကန့်သတ်မိန့်ထုတ်တာ လူ့အခွင့်အရေးစံနှုံးနဲ့ မကိုက်ညီလို့ ကန့်ကွက်တယ် တဲ့။ လူ့အခွင့်အရေးအရဆိုရင် အမှန်ပဲလေ။ ဘာလို့လဲဆိုတော့ဒီအမိန့်ဟာ ပြည်သူတို့ရဲ့အသံဖြစ်တဲ့ လွှတ်တော်ထဲမှာ အသေအခြာ ဝေဖန်ဆွေးနွေးပြီး ပြဌာန်းလိုက်တဲ့ ဥပဒေရဲ့အောက်က အမိန့်မဟုတ်လို့ပဲ။

ဒီမိုကရေစီစနစ်မှာ အာဏာဟာ ပြည်သူတွေဆီက စီးဆင်းရတာဖြစ်လေတော့ နိုင်ငံတခုမှာနေထိုင်တဲ့ ပြည်သူတွေက သူတို့အကျိုးစီးပွါး မထိခိုက်အောင် ကာကွယ်ပြဌာန်းဖို့ လိုအပ်တယ်ထင်လို့ ပြဌာန်းလိုက်တဲ့ဥပဒေတရပ်ဟာ အဲဒီနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျပြဌာန်းထားတာဖြစ်လို့ ပြင်ပက စောဒကတက်လို့မရပါဘူး။

ဂျပန်၊စင်္ကာပူ၊ပြင်သစ်၊သြဇီ စတဲ့ နိုင်ငံတွေမှာလဲ နိုင်ငံသားမဟုတ်သူတွေအတွက် သီးခြားပြဌာန်းထားကြတဲ့ ဥပဒေတွေရှိကြတာပါပဲ။ အခုလက်ရှိဖြစ်နေတဲ့ခိုးဝင်အဖြစ်အပျက်တွေကရော.. ဘယ်ကမြစ်ဖျားခံလာခဲ့ပါသလဲ။ အရင်ကဆို ပါတီထောင်သူတွေ.. ပါတီဝင်တွေဟာ မကောင်းဆိုးဝါးလိုလို ပြည်ဖျက်တွေလိုလို ပြောပြီး ပါတီနိုင်ငံရေး နဲ့ အမျိုးသားနိုင်ငံရေးကို ခွဲထုတ်၊အပုတ်ချ၊ ပါတီဝင်တွေကို အာဏာရူးတွေလို့သမုတ်၊ ကျောင်းသား/၀န်ထမ်း ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုတဲ့ အမိန့်တွေထုတ်၊ သူတို့ကျတော့ အမျိုးသားနိုင်ငံရေးဆိုပြီး ကြံ့ဖွတ်အသင်းကြီးထောင် ၀န်ထမ်းတွေ၊
ကျောင်းသားတွေကို မ၀င်မနေရ သိမ်းသွင်း၊ ဟော... နေ့စေ့လစေ့ဖြစ်လာတော့ မဖုံးနိုင် မဖိနိုင်တော့ပဲ အမျိုးသားနိုင်ငံရေးလို့ အသံကောင်းဟစ်ထားခဲ့တဲ့သူတွေက ပါတီကြီးထောင်ပြီး အာဏာရူးခဲ့တာ လူတိုင်းအသိပဲ။

ပြောပြန်တော့လဲ အောင်မင်းလွန်ကာကျမယ်။

အဲဒီအမျိုးသားနိုင်ငံရေးကိုသာ လုပ်ဆောင်ပါတယ်လို့ ပြောနေတဲ့သူတွေ လက်ထက်မှာပဲ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်သူတွေရဲ့ လက်ချက်နဲ့ မဲရဘို့၊လာဘ်ငွေရဘို့၊ဆိုတဲ့ ကိုယ့်တဘို့ထဲ ကြည့်ခဲ့တဲ့ သူတို့ ငါတကောကောခဲ့တဲ့ အကျိုးဆက်ဟာ ဒီနေ့ပြည်သူတွေ မျက်စိလည် လမ်းမှားနေစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဒေါ်စုမှာ မြန်ပြည်ချစ်စိတ်မရှိရင် သူ့အကို အတ္တဘောကြီးလို စစ်အစိုးရထောက်ပံ့ကြေးနဲ့ အေးအေးလူလူ မိသားစုနဲ့ အတူနေလိုက်မှာပေါ့။ အကြံကြီးကြီးကြံထားတဲ့သူဟာ အသေးအမွှားပေးဆပ်ရမှာကို မကြောက်သလိုပဲ၊ ကျွန်တော်တို့တတွေ စိတ်ပူနေရတဲ့၊လာဘ်ပေးပြီး ခိုးဝင် နေထိုင်သူတွေရဲ့ အန္တရာယ်ကိုအမှန်တကယ် ကျော်လွှားနိုင်ဖို့ဆိုတာ ဒီမိုကရေစီနည်းကျ ဥပဒေတရပ်ပြဌာန်းမှုအောက်မှာမှသာ အမှန်အကန်လုပ်နိုင်မှာပါ။ ကျွန်တော်တို့က ကုလားကိုပဲမဲနေကြတယ်။့ တယုတ်တွေကတော့ ၀မ်းစွေ့..၀မ်းစွေ့...၀မ်းဝမ်းစွေ့ နဲ့ သိမ်းလာတာ မန္တလေးနန်းမြို့တောင် ကျလုရောပေါ့။

သူတို့လွတ်နေကြတယ်။ ကုလားအတွက်အမိန့်ထုတ်ပြီး တရုတ်အတွက်ဆို အသံတိတ်နေကြတဲ့ သူတစုကို ဥပဒေဆိုတဲ့ တူကြီးနဲ့ထုနိုင်အောင် အမေစု စီစဉ်နေတာလို့သာ ထင်မိပါတယ်။ ပီပြင်တဲ့ နိုင်ငံသားဥပဒေတရပ် ပြဌာန်းပြီး ဥပဒေအတိုင်း ပီပီပြင်ပြင် ကိုင်တွယ်နိုင်ကြပြီဆိုရင် ခိုးဝင်လူမျိုမဲ့ရန်၊ စီးပွါးရေး အုပ်စီးမဲ့အကြံ၊ ဘာသာရေးလွှမ်းမိုးမဲ့ဥာဏ် စတာတွေကို ဥပဒေနဲ့ ထိန်းချုပ် ကြပ်မတ်သွားရန်သာရှိကြောင်းပါ။

( ကျွန်တော့်လို ရေးမြို့ဆိုတဲ့ တောမြို့လေးကလူရဲ့ အမြင်ဆိုတော့လဲ ... အောင်လသီချင်းလေးလိုပဲ..." မှားတာရှိရင် တောင်းပန်ပါတယ် "ဆိုတဲ့သီချင်းလေးကို သီဆိုရင်း ခွင့်လွှတ်ပေါ့ဗျာ။)

(မျိုးဝင်း)။


မေ(၃၀)ဒီပဲယင်းနိုင်ငံရေးအကြမ်းဖက်လုပ်ကြံမှုကြီးဆယ်နှစ်မြောက် နှစ်ပါတ်လည်နေ့အခမ်းအနားကို မေ(၃၀)2013ရက်နေ့တွင် ကြည်ရွာတွင်ပြုလုပ်ခဲ့ပါ သည်။အခမ်းအနားကို မနက်(၈)နာရီတွင် စတင်ခဲ့ပါသည်။အခမ်းအနားမှူးအဖြစ်ဒေါ် နှင်းနိုင်စိုး မှဆောင်ရွက်ပြီး အခမ်းအနားဖြစ်မြောက်ရေးကော်မတီ ဦးဝင်းမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်အစီအစဉ် များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီးဦးတင်ဦး၏ သ၀ဏ်လွှာကို ဒီလှိုင်းအယ်ဒီတာ ဦးငြိမ်းသစ်မှဖတ်ကြားခြင်း၊အဖွဲ့ချုပ်သဘာပတိဦးဝင်းတင်၏ သ၀ဏ်လွှာကို ဦးဇော်မျိုးအောင်မှဖတ်ကြားခြင်း ဒီပဲယင်းဆယ်နှစ်မြောက်နှစ် ပါတ်လည်အမှတ်တရစကားကို ဗဟိုကော်မတီဝင်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမုံရွာအောင်ရှင်မှ ပြောကြားခြင်း၊ ကွယ်လွန်သူကဗျာဆရာကြီးဆရာကြည်မောင်သန်း၏ (ဒီပရင်္ဂ)ကဗျာကိုကဗျာဆရာကျော်ခန့်လူမှဖတ်ကြားရွတ်ဆို ခြင်းအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဦးကျော်စိုးလင်း(မန္တလေးမှ)အောင့်မေ့ဖွယ်အ မှတ်တရစကားပြောကြားခြင်း။ ILOနှင့် အလုပ်သမားအရေး၊လယ်သမားအ ရေးဆောင်ရွက်သူ အထက်မြန်မာပြည်တာဝန်ခံဦးကိုကိုကြီးမှကျေးဇူးတင်စ ကားပြောကြားခြင်း ၊စစ်ကိုင်းတိုင်း အဖွဲ့ချုပ်ဥက္ကဌ ဦးဘာဘာမှာ အမှာ စကားပြောကြားပြီး နေ့လည်ဆယ်နာရီခန့်တွင်အခမ်းအနားအောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။မေ(၃၀)နှစ်ပါတ်လည်အခမ်းအနားကိုရန်ကုန်၊မန္တလေး၊မုံရွာ စစ်ကိုင်းတိုင်းအတွင်းရှိမြို့ပေါင်းစုံမှ အဖွဲ့ချုပ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြ ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တန့်ဆည်မြို့
ဒီပရင်္ဂ
ပုံပြင်ထဲက မြို့လည်း မဟုတ် ဒဏ္ဍာရီထဲက မြို့လည်းမဟုတ် ရာဇဝင်ထဲက မြို့တမြို့ ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့ သမိုင်းဝင် မြို့တမြို့။ ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း မြောက်ဘက်အရပ်အရောက် အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင် ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့ ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။ အရှေ့မှာ ဧရာဝတီ အနောက်မှာ ချင်းတွင်း မနီးဝေးမှာ မူးမြစ်နဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။ သာသနိက အဆာက်အအုံတွေပေါများ ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။ အလောင်းဘုရား လက်ထက်မှာ အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။ ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ စစ်သူကြီး မဟာဗန္ဓုလ မုံတိုင်ပင် ဆရာအရှင်ဝံသ အတုလဆရာတော် အရှင်ယသ မြသိန်းတန် ဆရာတော် အရှင်ဇိန အယူတော်မင်္ဂလာ ဦးနိုး လယ်တီဆရာတော် ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။ ဒီမြို့မှာ မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့ ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ် ဒီမြို့ကနေ ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ် ဒီလိုနဲ့ ဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ် ဒီမြို့မှာ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ် ဒီမြို့မှာ လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ် ဒီမြို့မှာ အမျိုးသမီး တယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ် ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်။ တနေ့တော့ မိုးနည်းတဲ့ ဒီဒေသ ဆောင်းတွင်းအခါ သမယမှာ မိုးရွာဖို့ မဆိုထားနဲ့ မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့် ရုတ်တရက် မိုးကြီးရွာချလိုက်တယ် ဆင်ခြေရာတွေတောင် တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့ အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။ မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။ (ကြည်မောင်သန်း)

၁၅၀၀တန်မိုဘိုင်းဖုန်းဆင်း ကဒ်များသည် ရန်ကုန်မြို့ရှိ ဟန်း ဆက်အရောင်းဆိုင်အချို့တွင် ကျပ်ခုနှစ်သောင်းခွဲအထိ ဈေး တင်၍ရောင်းချလျက်ရှိကြောင်း ၁၅၀၀တန် ဆင်းကဒ်ဝယ်ယူသုံး စွဲသူများထံမှ သိရှိရသည်။

တန်ဖိုးနည်းဆင်းကဒ်များ ကို အများပြည်သူများအသုံးပြု ရန် နိုင်ငံတော်အစိုးရမှ တိုင်းဒေ သကြီးနှင့်ပြည်နယ်အသီးသီးသို့ အရစ်ကျခွဲဝေ၍ ရပ်/ကျေးရုံး များတွင် မဲနှိုက်ရောင်းချပေးရာ မဲမပေါက်သောပြည်သူများအနေြ့ဖင့် ဟန်းဆက်အရောင်းဆိုင်များ တွင်သွားရောက်ဝယ်ယူရာ ဈေး နှုန်းအဆမတန်မြင့်မားမှုကြောင့် နေ့စားအလုပ်သမားများအနေဖြင့် ၀ယ်ယူသုံးစွဲနိုင်ခြင်းမရှိသေး ကြောင်း ဆင်းကဒ်ဝယ်ယူသုံးစွဲ သူတစ်ဦးဖြစ်သူ ကိုနောင်ချိုလတ် မှပြောကြားသည်။

၎င်းမှဆက်လက်၍““ကျွန်တော် လုပ်ငန်းကိစ္စကြောင့် လှိုင်သာ ယာမြို့က နာမည်ကြီး အရောင်း ဆိုင်မှာ ၁၅၀၀တန်ဆင်းကဒ်သွား ၀ယ်တာ အစိုးရချပေးတဲ့ဈေး ထက် အဆ၅၀ လောက်ကွာနေ တယ်၊ဒါဟာမဖြစ်သင့်တဲ့ကိစ္စပါ။နိုင်ငံတော်အစိုးရအနေနဲ့ ဆင်းကဒ်ဈေးနှုန်းတွေကို ထိန်း ချုပ်ပေးပြီး၊ဟန်းဆက်ဆိုင်တွေကို ထိုက်သင့်တဲ့ဈေးနှုန်းနဲ့ရောင်းချ ပေးဖို့ ညွှန်ကြားသင့်တယ်လို့ ထင်ပါတယ်”” ဟု၎င်း၏အမြင်ကို ပြောကြားသည်။

The hot news weekly journal


၁၂နှစ်ကြာမှ ရွှေကလောင်လက်ဝယ်ရခဲ့သည့် ဟံသာဝတီဦးဝင်းတင်

World Association of Newspaper ကချီးမြှင့်သည့် Golden Pen of freedon ဆုကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အားမေ ၃၀ ရက်က ဌင်းကောင်းနေထိုင်ရာ ရန်ကင်းမြို့နယ်ရှိ နေအိမ်သို့ Ethical Journalisom Network Director Aidan White ကိုယ်တိုင်လာရောက်၍ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းဆုကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ၂၀၀၁ ခုနှစ် ကတည်းက ပေးအပ်ခဲ့ချင်းဖြစ်ပြီး ဆရာကြီးထောင်ကျနေသည့်အတွက် ယခုမှပေးကပ်နိုင်ခဲ့သည်။ Golden Assiociation of Newspaper က နှစ်စဉ်ချီးမြှင့်သည့် Golden Pen of freedon ဆုကို မြန်မာနိုင်ငံက သတင်းစာဆရာကြီး ဦးစိန်ဝင်းက ၁၉၆၃ ခုနှစ်အတွက် ရွှေးချယ်ချီးမြှင့်ချင်းခံခဲ့ရပြီး Eleven Media Group ကလည်း ၂၀၁၂ ခုနှစ်အတွက် ရရှိခဲ့သည်။ ထို့ပြင်စာရေး ဆရာမ စန်းစန်းနွဲ့ ( သာယာဝတီ)လည်းရရှိခဲ့သည်။

ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား Golden Pen of freedon ဆုလာရောက်ချီးမြှင့်သည့်နေ့သည် ဒီပဲယင်း ၁၀ နှစ်တင်းတင်းပြည့်ပြည့်နေ့လည်းဖြစ်သည်။

National League for Democracy

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.