06/09/13


အောင်မြင့်ထွန်း

ထိုင်းနိုင်ငံ ပြီးလျှင် မြန်မာလုပ်သား အများဆုံး သွားရောက် အလုပ် လုပ်ကိုင်ကြသော မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံသား ငါးဦး သေဆုံးခဲ့ပြီးနောက် မလေးရှားနိုင်ငံရောက် မြန်မာများ၊ ရွှေ့ပြောင်း လုပ်သားများ၏ ဘဝ လုံခြုံမှုမှာ စိုးရိမ်မှတ်သို့ ရောက်ရှိ လာခဲ့သည်။

ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ကွာလာလမ်ပူမြို့ ဆူဗန်းဂျာယာတွင် မြန်မာနိုင်ငံသား ခြောက်ဦး နေထိုင်သော နေအိမ်ကို အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက်မှု ထပ်မံ ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား တစ်ဦး ဓားဒဏ်ရာ ရရှိခဲ့သဖြင့် ကွာလာလမ်ပူ ဆေးရုံ တွင် ဆေးကုသနေရပြီး နှစ်ဦး ပျောက်ဆုံးနေ ကြောင်း ကပုန်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှုများ စတင်ခဲ့သည့် ကွာလာလမ်ပူမြို့ရှိ ဟင်းသီးဟင်းရွက် ရောင်းချသည့် နေရာ ဆာလာယန်းနှင့် အန်းပန်းရွာသစ် အပါအဝင် ဆက်တိုက် ဖြစ်ပွားလာသည့် ယင်း အကြမ်းဖက်မှုများ သည် မြန်မာနိုင်ငံ၏ အရပ်သား အစိုးရသစ် လက်ထက် ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ လုံခြုံရေးနှင့် အကာအကွယ် ပေးရေးကို ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

“မြန်မာတွေအတွက် လုံခြုံမှု မရှိတော့ဘူး။ အလုပ်သမားတွေ အပြင် မထွက်ရဲကြဘူး”ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား ဦးအောင်ဘိုက ဖွင့်ဟသည်။

အကြမ်းဖက်မှု ဂယက်များကြောင့် မြန်မာနိုင်ငံသားများ စိုးရိမ် ကြောက်လန့်မှု မြင့်တက်နေသော်လည်း မြန်မာအစိုးရနှင့် မလေးရှား အစိုးရတို့က မြန်မာနိုင်ငံသားများ၏ လုံခြုံရေး အတွက် လုပ်ဆောင်ပေးမှု မရှိကြောင်း အလုပ်သမားများက ဝေဖန်ကြသည်။

မြန်မာနိင်ငံသားများ၏ လုံခြုံရေးနှင့် ပတ်သက်၍ မြန်မာသံအမတ် ဦးတင်လတ်က မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဇွန်လ ၅ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြောင်း မြန်မာသံရုံးထံမှ သိရှိရသည်။

အကြမ်းဖက်မှု ဂယက်များကြောင့် မြန်မာ အလုပ်သမား အချို့ ပြည်တော်ပြန်ရန် ပြင်ဆင် နေကြပြီပြီး အချို့မှာမူ နိုင်ငံကူးလက်မှတ် မရှိသဖြင့် ပြည်တော်ပြန်ရန် အခက်အခဲ ကြုံတွေ့ နေရကြောင်း မလေးရှားရောက် မြန်မာလုပ်သားများက ပြောကြားသည်။

“မိန်းကလေး ခုနစ်ယောက်က မနေရဲလို့ ပြန်ဖို့ လုပ်နေကြပြီ” ဟု မလေးရှားနိုင်ငံ ဂျိုဟိုးရှိ အလုပ်သမားတစ်ဦး ဖြစ်သူ ဦးရွှေထွန်းက ဇွန်လ ၆ ရက်နေ့က ပြောကြားသည်။ တစ်ယောက်တည်း ဆိုပါက အပြင်မထွက်ရဲ ကြကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

မေလ ၃၀ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက် ခံရမှုများကြောင့် ဇွန်လ ၆ ရက်နေ့တွင် မလေးရှားရောက် မြန်မာ အတိုက်အခံ အုပ်စုများက မလေးရှား ရောက် မြန်မာနိုင်ငံသားများကို တရား ဥပဒေကြောင်း အရ အကာအကွယ်ပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးရှေ့တွင် တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသားများ အကြမ်းဖက်ခံရမှုကို သတင်း အမှောင်ချ ခဲ့သည်ဟုဆိုကာ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကိုပါ ရာထူးက နုတ်ထွက်ပေးရန် မြန်မာအတိုက်ခံ အုပ်စုများဖြစ်သော ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD YOUTH (LA) Malaysia. GSC အထွေထွေ သပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှု အသင်းတို့က တောင်းဆို ခဲ့ကြသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံသားများ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ယင်းအကြမ်းဖက်မှု ကျူးလွန်သူများကို ချက်ချင်း စုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားရေး အတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကို ဇွန်လ ၄ ရက်နေ့တွင် သတိပေးခဲ့သည်။ သတိပေးပြီး တစ်ရက်အကြာ ဇွန်လ ၅ ရက်နေ့တွင် ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး တစ်ရပ် အနေဖြင့် ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံ သား ၁၀၀၀ ကျော် ဖမ်းဆီး ခံခဲ့ရကြောင်း မလေးရှားနိုင်ငံ သတင်းဌာန The Star တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများ အနက် တရားဝင် အထောက်အထား မရှိသူများကို ဖမ်းဆီး အရေးယူမည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ခံရနိုင်ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

အော်ပရာစီခေါ် ယင်းစစ်ဆင်ရေးကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာ စားသောက်ဆိုင်များ၊ စီးပွားရေး လုပ်ငန်းများ တည်ရှိသည့် Kota Raya အဆောက်အအုံ၊ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ဆာလာယန်း အပါအဝင် မြန်မာ အများစု နေထိုင်သည့် နေရာများတွင်လည်း ဝင်ရောက် စီးနင်းခံခဲ့ရသည်။

မလေးရှားတွင် ဖြစ်ပွားသည့် ဆူပူ အကြမ်းဖက်မှု များသည် ပြည်ပရောက် မြန်မာ အလုပ်သမားများကို ရိုက်ခတ်မှု ရှိခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် မလေးရှား အလုပ်သမား ဈေးကွက်ကိုလည်း ရိုက်ခတ်မှု များရှိခဲ့သည်။

“မလေးရှားနိုင်ငံသို့ ထွက်ခွာ ခါနီးမှ မိဘတွေက စိုးရိမ်ပြီး အစီအစဉ်ဖျက်ဖို့ တောင်းဆိုတာရှိတယ်”ဟု ကျောက်တံတား မြို့နယ်ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးက ဆိုသည်။

မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မည့် နေရာတွင် အလုပ်ရှင်က လုံခြုံရေး အတွက် အာမခံမှသာ စေလွှတ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ် စက်ရုံလုပ်ငန်းတွင် အလုပ် လုပ်ကိုင်နေသည့် ဒေါ်မအိအိကမူ “ထူးထူးခြားခြားတော့ ဘာမှမဖြစ်သေးဘူး။ ဒါပေမဲ့ သတိထားပြီး နေနေကြတယ” ဟု ရှင်းပြသည်။

အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားရေးအတွက် မြန်မာအစိုးရက မလေးရှားအစိုးရကို သံတမန် နည်းလမ်းများအရ သတိ ပေးထားသော်လည်း အကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားလာမှုသည် မလေးရှား အပြင် ပြည်ပရောက် မြန်မာများ၏ လုံခြုံရေး၊ အကာအကွယ် ပေးမှုများမှာ မေးခွန်း ထုတ်စရာ ဖြစ်လာ ခဲ့သည်။ ပြဿနာ ဖြစ်ပွားမှုများတွင် ထိရောက်သည့် သံတမန် နည်းလမ်းများဖြင့် ချက်ချင်း အရေးယူ လုပ်ဆောင်ပေးရန် အဓိကအရေးကြီးသည်။

လျစ်လျူရှု ခံလာရသည့် ပြည်ပရောက် မြန်မာအလုပ်သမားများ အရေးကို အရပ်သား အစိုးရသစ် လက်ထက်တွင် အရေးယူ လုပ်ဆောင်ပေးမှုများ ရှိလာပြီ ဖြစ်သော်လည်း ထိထိရောက်ရောက် ဖြေရှင်း ပေးနိုင်မှုများ အားနည်း နေသေးကြောင်း ပြည်ပရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူများက ဝေဖန်ကြသည်။ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အသက် ၁၂ နှစ်အရွယ် ကရင် တိုင်းရင်းသူ၏ ရေနွေးပူ လောင်း နှိပ်စက်ခံရမှု ကျူးလွန်သူများကို သုံးလကျော် ကြာထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးမှုက ယင်းအားနည်းမှုများကို သက်သေ ထူနေသည်။

အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံကမူ အင်ဒိုနီးရှား အိမ်အကူများ မလေးရှားနိုင်ငံတွင် နှိပ်စက် ခံရမှုများကြောင့် စေလွှတ်မှုများ ရပ်ဆိုင်းပြီး အိမ်အကူနှင့် ပတ်သက်သည့် အကာအကွယ်ပေးရေး မူဝါဒများကို တင်းကျပ်၍ အခွင့်အရေးနှင့် လုံခြုံမှုများကို ကာကွယ် ဖြေရှင်းပေးမှု ရှိခဲ့သည်။

အချို့နိုင်ငံများက ဥပဒေများ ပြဋ္ဌာန်း၍ အကာအကွယ်ပေးသည်။

ဖိလစ်ပိုင်နိုင်ငံကမူ ရွှေ့ပြောင်း လုပ်သားများအတွက် ဥပဒေတစ်ရပ် ထုတ်ပြန်၍ အကာအကွယ် ပေးထားပြီး မူဝါဒပိုင်း ဆိုင်ရာ သတ်မှတ်ချက်များ၊ သတ်မှတ်ချက် မမီသည့် နိုင်ငံများကို လုပ်သား စေလွှတ်မှု တားမြစ်ချက်၊ တရားမဝင် လုပ်သားခေါ်ယူမှု၊ အရေးယူ အပြစ်ပေးမှုများ အပါအဝင် အခွင့်အရေး အကာအကွယ်ပေးသည့် အချက်များစွာ ထည့်သွင်းကာ ၁၉၉၅ ခုနှစ် က စတင် ပြဋ္ဌာန်းကာ အကာအကွယ် ပေးထားသည်။

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် ဥပဒေတစ်ရပ် အမြန်ဆုံး ပေါ်ထွက်လာရန် ကြိုးပမ်း လုပ်ဆောင်နေဆဲသာ ရှိနေသေးသည်။

ပြုပြင် ပြောင်းလဲမှုများကြောင့် ကမ္ဘာ့ ထိပ်တန်းနိုင်ငံများကပါ အသိအမှတ် ပြုခံလာရသည့် မြန်မာနိုင်ငံ အစိုးရအတွက် မလေးရှားနိုင်ငံ ဆာလာယန်းက စတင်ခဲ့သည့် အကြမ်းဖက်မှုများမှာ အစိုးရ တရားဝင် စာရင်းအရ လေးသန်းကျော်ရှိသည့် ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝ လုံခြုံရေးအတွက် ထပ်ဆင့် သတိပေးလိုက်ခြင်း ဖြစ်သည်။

The voice weekly


ကျနော်တို့က အမေစု ကို သမတ ဖြစ်စေလိုပါတယ်... ဖွဲ့စည်းပုံနဲ့ပတ်သတ်ပြီး အမေစု ဘယ်လိုပြင်ဆင်ထားလဲ... ကျတော်တို့ကို ဘာများလမ်းညွှန်မလဲ ဆိုသည့် မေးခွန်းကို အမေစု ၏ အဖြေ...

ဒီလိုပဲ ကျွန်မတို့ဟာ ကောင်းတဲ့ အစဉ်အလာတွေကို ချလိုက်လို့ ရှိရင် နောင်လာနောက်သားတွေဟာ ကောင်းတဲ့ အစဉ်အလာအရ ဒီနိုင်ငံကို ဆက်ပြီးထိန်းသိမ်းသွားမယ်လို့ ကျွန်မ ယုံကြည်ပါတယ်... ဒါကြောင့် ကျွန်မတို့ရဲ့ ယခုခောတ်ဟာ စနစ်တစ်ခုပြောင်းဖို့တင်မကဘူး ... အစဉ်အလာကောင်းတွေကို ချမှတ်ရမယ့် ခောတ်ဖြစ်တယ်လို့ ကျွန်မဒီလိုပဲ ယုံကြည်ပါတယ်... အဲ့ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတင်မက အနာဂတ်အတွက်ကောင်းမယ့် အစဉ်အလာကောင်းတွေကို ချမှတ်တဲ့ နေရာမှာ ၊ ကြိုးစားတဲ့ နေရာမှာ ၀ိုင်းပြီးတော့ ကူညီကြပါလို့ မေတာရပ်ခံချင်ပါတယ်...

ဥပဒေရေးဆွဲနေတဲ့ သူတွေတောင် ဥပဒေပညာမတတ်ပါဘူးးး(ရယ်လျှက်... ကျွန်မကိုယ် ကျွန်မပြောတာပါ...)... တက္ကသိုလ်က ဥပဒေပညာတွေတောင် အဆင့် မမှီလို့ ကြိုးးးစားနေရတုန်းးးပဲ..
(ဒေါ်အောင်ဆန်းစုကြည်)

video သတင်း။။ Ko MawPyay
နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲမှာယှဉ်ပြိုင်ပြီးတော့ အစိုးရဖွဲ့ဖို့ ကြိုးစားကြတာပဲ။ ဒါ ဒီမိုကရေစီနိုင်ငံရေးပဲ။ အစိုးရဖွဲ့ပြီဆိုရင် ဒီပါတီရဲ့ခေါင်းဆောင်ဟာ အစိုးရရဲ့ခေါင်းဆောင်ဖြစ်တယ်။ ပါတီတစ်ခုရဲ့ ခေါင်းဆောင်လုပ်ပြီဆိုလို့ရှိရင် အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်မလုပ်ချင် မလုပ်နဲ့။

ပါတီထဲမှာကို ခေါင်းဆောင်မလုပ်နဲ့။ အဲဒါဟာ ကိုယ့်ရဲ့ တာဝန်အရ လုပ်ရဲရမယ်။ ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ဥပဒေပဲဖြစ်တယ်။ ဒါ ကျွန်မ ရှင်းရှင်းလင်းလင်းပြောမယ်။

(ဒေါ်အောင်ဆန်းစုကြည်)

ပညာရေးတွင်မူလတန်းမှစတင်ပြီးမကောင်းပါကနိုင်ငံ၏ အနာဂတ်အတွက်စိုးရိမ်ရသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြင်ဦးလွင်မြို့ ရှိ မီးပုံးပျံကွင်းတွင်လူထုနှင့်တွေ့ဆုံစဉ်ပြောသည်။
"မူလတန်းကတက်သွားတဲ့ကျောင်းသားတွေထဲမှာ၁၀ရာခိုင်နှုန်းလောက်ပဲဆယ်တန်းရောက်တာ၊ဒါတောင်အကုန်လုံးမအောင်နိုင်ဘူး"
ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ပညာရေးသာမကကျန်းမာရေးတွင်လည်းမြန်မာနိုင်ငံတွင်လိုအပ်ချက် ရှိသည်ဟု၎င်းကသုံးသပ်သည်။
"ဆေးရုံတွေမှာဆေးဝါးတွေ၊ဆရာဝန်တွေမလုံလောက်ဘူးရွာတွေမှာဆိုပိုတောင်ပိုဆိုး တယ်၊မီးဖွားပေးမဲ့ဆရာဝန်တွေမရှိဘူး "ဟု၎င်းကဆို သည်။

ထို့အပြင်မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုအလွန်နည်းပါးနေသေးကြောင်း" နိုင်ငံခြားသားတွေကဒီနိုင်ငံမှာရင်းနှီးမြှပ်နှံချင်တယ်
ဒါပေမဲ့တရားဥပဒေစိုးမိုးမှုရယ်၊အခြေခံအဆောက်အအုံရယ်လိုအပ်တယ်ဟု ၄င်းကပြောသည်။

နိုင်ငံခြားသားများသာမကမြန်မာနိုင်ငံသားများလည်းတရားဥပဒေစိုးမိုးမှူလိုအပ်သည်ဟု၎င်းကထပ်မံပြောသည်။(popular news journal)


နယ်က တော်ကီတွေ ကပိုလန်းတယ်ဗျ... မေမြို့ သို့ မဟုတ် ပြင်ဦးလွင်တနေရာ၊ ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုနေကြစဉ်။(Thiha Thwe)

နိုင်ငံတကာဆက်ဆံရေးပညာ ကျောင်းသားများက အမေစုကို သမ္မတကြီးဖြစ်စေချင်ပါတယ်တဲ့။
အမေစု က သူလဲဖြစ်ချင်ပါတယ်တဲ့။

အမေနဲ့ ပြည်သူတွေ အပြန်အလှန်မေးခွန်းတွေ မေးနေကြတယ်။အမေက ဖြေနေတယ်။ အရမ်းအားရစရာ ကောင်းတယ်။အခုဖြစ်နေတဲ့ ဘာသာရေး လူမျိုးရေး ပြဿနာတွေမှာ အမြင်ကျယ်ကျယ်နဲ့ ကြည့်ကြပါတဲ့။ (Mar Mar Swe - ပြင်ဦးလွင် မြို့ လူထုတွေ့ဆုံပွဲ အခမ်းအနားတက်ရောက်သူ)

Photo.. Shwezin Zawwin,Mar Mar Swe.Aung Min Mğ Mģ,cj myanmar


“ကျွန်မတိုပာာအတိုက်အခံပဲပေါ့။ ဒါပေမဲ့ ရန်ဖြစ်ဖို့လာတဲ့ အတိုက်အခံ မပာုတ်ဘူး။ နိုင်ငံတော်ကို ၊ ပြည်သူကိုသစ္စာခံမယ့် အတိုက်အခံပေါ့”တဲ့။ “တရားဥပဒေစိုးမိုရေးအခြေခံ၊ ဒီမိုကရေစီအခြေခံနဲ့အားလုံးကိုပူးပေါင်း လက်တွဲသွားမယ်”တဲ့။

ကောင်းသဗျာ။ ဒေါ်စုပါးစပ်ကထွက်တဲ့စကား ဖြစ်ပေမဲ့ ဒီချုပ်တစ်ချုပ်လုံးရဲ့စကား။ ဒီချုပ်ပြည်သူ့ ကိုယ်စားလှယ်အားလုံးရဲ့ စကားဖြစ်ပေသဗျာ။

ကျုပ်လည်း အသက်တွေက ကြီးသထက်ကြီးလာတော့ ညဏ်မနီး ဒုံးဝေးဆိုတာမျိုး ဖြစ်လာ တယ်ဗျ။ အားအားရှိတောင်တွေး၊ မြောက်တွေးပေါ့။ ကျုပ်ကငေးမယ်၊ တွေးမယ်၊ရေးမယ်ဆိုတဲ့ဝါဒ ဆုတ်ကိုင်တဲ့လူ။ အခုကြုံလာတဲ့ဒာနေအထားက စကိုင်းနက်လွှင့်တဲ့လွှတ်တော်တီဗီ သတင်းတွေပဲ ထိုင်ငေးနေရတာဗျို့။ ဒီတော့ တစ်နေ့တစ်နေ့ ထိုင်တွေးနေမိတဲ့အချိန်တွေလည်း များလာတာ ပေါ့။ ဒီလိုဆို ရေးကြည့်ဦးမယ်လေဆိုပြီး ဒီစာရေးပါတယ်။

ပိာုရှေးအခါ သမယတုန်းကတော့မှတ်မိတာတွေ စုံလို့ပေါ့ဗျာ။ လွှတ်တော်ထဲမှာ ဘယ်လိုကြဲကြသလဲ။ ဘယ်လိုချော်ကြ၊ ပျော်ကြ၊ဆော်ကြ၊ ကလော်ကြ၊ အော်ကြ၊ လှော်ကြသလဲ။ သံစုံတီးဝိုင်းကြီး ဆော်ပလော်တီးနေသလား ထင်ရတာဗျ။

အဲဒီလိုကိစ္စတွေပာာ ဒီနေ့ နေပြည်တော်က စစ်ဗိုလ်တစ်မတ်၊ အရပ်ခြောက်မူး လွှတ်တော်ကြီနဲ့ လားလားမှမဆိုင်ပေဘူးဗျ။ ဒီတော့လည်း ဒါတွေထားလိုက်ပါတော့လေ ဆိုတာမျိုးလောက် ပြောကြတာပေါ့။

ကျုပ်ရဲ့ချွတ်ခြုံကျ ဦးနှောက်ထဲက မူးတင်း ပဲတင်း မှတ်ညဏ်လေးဖျင်းဖော်ထုတ်ပြောမယ်။

၁၉၆၀ မှာကျုပ်တို့ရဲ့ ဆရာသမား သတင်းစာဆရာကြီး ဦးညိုမြ လွှတ်တော်အမှတ်ဖြစ်လာသဗျ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ကဆို ထင်ပါရဲ့။ လွှတ်ထဲမှာ အမှတ်မင်းကြီးဦးညိုမြ စကားပွဲဦး ထွက်တယ်။ စကားပွဲဦးဆိုပေမဲ့ စာရွက်ကြီးဆုတ်ကိုင်ဖတ်တာဗျ။ ဒီနေ့ လွှတ်တော်ဒီဗီသတင်းတွေ ထဲမှာ ကျုပ်တို့ မြင်နေကြရတဲ့ပုံနဲ့ချွတ်စွတ်ပေါ့ဗျာ။

“ အမတ်မင်းလွတ်တော်ထဲမှာ စာရွက်မဖတ်ရဘူး။ အလွတ်ပြောပါ”

လွတ်တော်ဥက္ကကြီးက ဝမ်တိန်သတိပေသဗျ။

အမတ်မင်း ဦးညိုမြကတော့ မသိတာလား၊ မသိယောင်တာလား။ မကြားတာလား၊ မကြားယောင်ဆောင်တာလား မသိဘူးဗျ။ အသံအက်ကွဲကြီးနဲ့ ဇွတ်ဆက်ဖတ်မြဲ ဖတ်နေတော့ တာပေါ့။

ဒုတိယမ္ပိ ဝမ်တိန်သတိပေးပြန်ရော။ ဥက္ကဌကြီးက ဥက္ကဌကြီးက။

ဦးညိုမြတော့’နိုး’ကြာပဲဗျ။ မကြာချေမကြာပဲဗျ။နိုး-ကြားစွာပဲစာတွေကို တစ်ရွက်ပြီးတစ်ရွက် ဆက်လို့ သာ ဖတ်နေတော့တယ်။

တတိယမ္ပိ သုံးကြိမ်မြောက်လည်းရောက်ရော ဥက္ကဌကြီး ဦးညိုမြကိုထိုင်ခိုင်းပါလေရော။

လွှတ်တော်ဆိုတာ စာနဲ့မပြောရဘူးလေဗျာ။ လျှာနဲ့ ပြောရတဲ့နေရာဗျာ။ အကိုးအကား စာရွက်စာတမ်းမျိုးသာ ဖတ်ပြခွင့်ရှိတာ။ ဒါတောင် လွှတ်တော်ဥက္ကဌထံခွင့်ပန်ရတာမျိုကိုး။

နောက်တစ်နေ့ထုတ်ကြေးမုံသတင်းစာမှာ ဦးညိုမြသတင်း ပါလာတယ်။ ပင်တိုင်ဆောင်းပါရှင် ဆရာဇဝန ‘ဘိုက်တိုးအမတ် ဦးညိုမြ’ လို့ခေါင်းစဉ်တပ်ပြီး ဆရာဇဝနကိုလည်း လွမ်းသဗျာ။ ဆရာဇဝန ပြောပြခဲ့တာတွေ မှတ်မိနေသေးတယ်။ ဘိုက်တိုးရုံ ဘယ်ကမလဲ။ ခြေထိုးတဲ့၊ ဇောက်ထိုးတဲ့၊ ဗျပ်ထိုးတဲ့၊ ထိပ်ထိုးတဲ့၊ ကပ်ထိုးတဲ့၊ ကိုင်ထိုးတဲ့။

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကာလုံးတစ်လုံလည်း မှတ်မိသေသဗျ။ သတင်းထောက်တွေက နေပြည်တော်လွှတ်တော်ကြီးကို ဘယ်လိုသဘောရသလဲ မေးတယ်။

“ဘယ်လိုပြောရမလဲ။ အဲ….အဲ ထောင့်ထောင့်ကြီးလို့ ပြောရမှာဘဲထင်တယ်”။

ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေ။

ဆရာဇဝနသာရှိရင် ခါးခိုင်၊ ခါးနှိပ်၊ ခါးချိုး၊ ခါးထိုးလွှတ်တော်ရယ်လို့များရေမလား

မသိ။ ကုလားလိုမပာုတ်ဘဲ အင်္ဂလိပ်လို ရင်းမရော့လို့ ရေးမလားမသိဘူးဗျာ။ (အဲဒီ အင်္ဂလိပ်စကာလုံး အဓိပ္ပါယ်က တောင့်တောင့်မတ်မတ်ကြီး၊ မာမာတင်းတင်းကြီး၊ အတင်းရှင်း ‘သတိ’ဆွဲကာ အကျင့်ပါနေသလို ကြီးလို့ ဆိုလိုမယ်ထင်ရဲ့)။

တောင့်တောင့်ကြီးဆိုတဲ့စကားနဲ့ စပ်မိလို့ပြောရအုံးမယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တစ်ပါတီ အာဏာရှင်ခေတ် လွှတ်တော်မှာ ကြားခဲ့ရတာ။

ပျော့စိစိလွှတ်တော်ကြီးပေါ့ဗျာ။

တေးပြုစာဆိုကြီး မြို့မငြိမ်းက “ပျော့ပျော့လေးနဲ့ နှံမယ့်ပုံပေါ်တယ်” လို့ရေးစပ်ခဲ့တယ်။ နံမပာုတ်ဘူး။နှံဗျ။ နံတဲ့ကြောင်ချေးကို မပာုတ်ဘူး။ ချေးပျော့ပျော့နဲ့ နှံမယ့်ကြောင်ကိုပြောတာ။ ဆရာ မြို့မငြိမ်းက ထောင့်ထောင့်ကြီးစကားလုံးနဲ့ပတ်သက်လို့တော့ ဘယ်လိုရေးစပ်ခဲ့သလဲမသိဘူး။ ကြောင်နဲ့ နှိုင်းသလား၊ ကျားနဲ့နှိုင်းသလား၊ ကြံ့နဲ့နှိုင်းသလား။ ကျုပ်တော့အမှတ်တရမသိလှပါဘူးဗျာ။

ကဲပါလေ လွှတ်တော်အမျိုးအမည်ဆိုင်ရာ ဝါစာကမာ မကြားဝံ့မနာသာတွေ ပြောမနေကြပါနဲ့ တော့။


ပြည်သူ့လွှတ်တော်မှာ သတင်းထောက်တွေက ဒေါ်စုပြောတဲ့စကားကတော့ အရေးတယူ စဉ်းစားသင့် လှတယ်ဗျာ။

ဒေါ်စုကပြောတယ်။

“ကျွန်မတိုပာာအတိုက်အခံပဲပေါ့။ ဒါပေမဲ့ ရန်ဖြစ်ဖို့လာတဲ့ အတိုက်အခံမပာုတ်ဘူး။ နိုင်ငံတော်ကို ၊ ပြည်သူကိုသစ္စာခံမယ့် အတိုက်အခံပေါ့”တဲ့။ “တရာဥပဒေစိုးမိုရေးအခြေခံ၊ ဒီမိုကရေစီအခြေခံနဲ့ အာလုံးကိုပူးပေါင်းလက်တွဲသွားမယ်”တဲ့။

ကောင်းသဗျာ။ ဒေါ်စုပါးစပ်ကထွက်တဲ့စကား ဖြစ်ပေမဲ့ ဒီချုပ်တစ်ချုပ်လုံးရဲ့စကား။ ဒီချုပ်ပြည်သူ့ ကိုယ်စားလှယ်အားလုံးရဲ့ စကားဖြစ်ပေသဗျာ။

ဒေါ်စုပြောတဲ့ နောက်ထပ်စကားတစ်ခွန်းရှိသေးသဗျ။ လွှတ်တော်မှာ လွတ်-ပျော်ချင်ပါသတဲ့။ သူ့စကာလုံးအတိအကျမပာုတ်ဘူး။ အနက်အဓိပ္ပယ်ထွက်တာကိုပြောတာပါ။လွတ်လွတ်လပ်လပ်ရှိချင်တယ်။ ပေါ့ပါးလန်းရွှင်ချင်တယ် ဆိုတဲ့ သဘောပေါ့။

ပာုတ်ပေသားကလား ခင်ဗျာ။ ကိုယ်နားဝေးတာတွေ ထိုင်ငိုက်၊ ကိုယ်မကြိုက်တာတွေ နာငြီးဆိုသလိုဖြစ်နေရလို့ကတော့ ဘယ်ပာန်ကျနိုင်ပါမလဲဗျာ။ ဆီးပိတ်ဝမ်းပျက်၊ ဇက်နာခါးကိုက်၊ ဝမ်းဗိုက်စူရွှဲ ဖြစ်ချင်ဖြစ်ကုန်မှာပေါ့။ နေပြည်တော်နန်းမှာ အနှိပ်ခန်းတွေပေါတယ်ကြားဖူးပါရဲ့။ တော်သေးတာပေါ့ဗျာ။ အညောင်းဖြေစရာအကောင်းဂေပာာလေးတွေ ရှိပေသေးလို့။

ကိုယ်နဲ့လည်း တိုက်ရိုက်မသက်ဆိုင်။ ကိုယ်တိုင်လည်းနားမလည်တဲ့ ကိစ္စရပ်မျိုးတွေ ဆွေးနွေးတဲ့အခါ စာကြည့်ခန်းပြေး၊ ဆွေးနွေးခန်းချီ၊ စုံညီညှိနှိုင်းဆိုတာတွေ လုပ်နိုင်ကြဖို့ လွှတ်တော်ခန်းမထဲက ခွင့်ပန်ထွက်သွားနိုင်တာမျိုးရှိသင့်သပေါ့။

နိုင်ငံတကာလွှတ်တော်တွေမှာလည်း ဒီလိုမျိုးပဲ ကျင့်သုံးလုပ်ဆောင်နေကြတာ မပာုတ်လားဗျ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။အတွဲ(၁)၊ အမှတ်(၂၆)။

We look at the winners and losers of the country's political and economic reforms.


Reclusive and sealed off during its five decades of military rule, Myanmar is now in the throes of democratic and economic reforms, which - if analysts are to be believed - could completely transform the country.

According to McKinsey Global Institute Myanmar's economy could quadruple in size to $200bn, with annual growth of 8 percent by 2030,

To actually get to that point, it is going to need to spend an estimated $320bn. But the rewards for the people could be huge: 10 million non-farm jobs could come from all that investment - in a country that right now depends on agriculture.

Neighbouring China has invested $14bn, representing one-third of all foreign investment in Myanmar.

And despite sanctions over the last 30 years more than $20bn have been invested in Myanmar's natural resources projects. Japan has written off nearly $2bn in debt from past loans and is contributing more than $500mn for infrastructure projects.

But some critics say the rush by foreign governments and companies to start doing business in Myanmar is happening too quickly. Even with the US and EU praising the reforms and sanctions being lifted, there are still many challenges facing the country.

Many political and social problems remain, including ethnic tensions between Buddhists and Muslims which are not being fully addressed; youth unemployment, a throwback to an era when higher education was discouraged; and land grabs - many people had to move to make way for the new city and some are still waiting for compensation for land they lost.

Can Myanmar solve its social and political problems? Can business actually be part of the reform? And what is the key to moving forward economically and politically?


အမေစုလုံခြုံရေးလိုက်ပါကြမည့်မန္တလေးတိုင်းလုံခြုံရေးလူငယ်များ

ပြင်ဦးလွင်မြို့တွင် ဆန္ဒပြပွဲတစ်ချို့ဖြစ်ပေါ်စေရန် NLD ၏ အတိုက်အခံများဘက်မှ ကြိုးစားအားထုတ်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်...

မွတ်ဆလင်အများစု ရှိသောနေရာများတွင် အမေစု က မွတ်ဆလင် ပြသနာများမှာ ကူညီပေးခြင်းမရှိဟူသော စာရွက်အချို့ ပြန့်နေခဲ့ပြီးးး၊ ဗမာအများစု ရှိသောနေရာများတွင် မွတ်ဆလင်ဘက်လိုက်သူဟူသော စာရွက်အချို့ ဖြန့်ဝေမှုရှိနေခဲ့သည်...

တိုင်းပြည်ကို အမှန်တကယ် ဒီမိုကရေစီစနစ် အုတ်မြစ်ခိုင်စေလိုလျှင် အာဏာပိုင်များအနေနဲ့ အခုလို နှစ်ဘက်ချွန်ပြသနာဖြစ်စေရေးး ရန်တိုက်မှုများ မအောင်မြင်စေရန် ကြိုတင်ကြပ်မတ်ပေးစေလိုသည်...

ဒီမနက်မှ ပြင်ဦးလွင် သို့ ရောက်ရှိလာတဲ့ ကျတော်လိုလူစိမ်းတောင် ဒါကို ကြားသိရပြီ ဆိုတော့ ဒေသအာဏာပိုင်တွေ အနေနဲ့ သော်ငှင်း၊ အစိုးရအာဏာပိုင်တွေ အနေနဲ့သော်ငှင်း ဒါကို မသိစရာ အကြောင်းမရှိပါ...
ဒီကနေ့ အမေစု လမ်းကြောင်းမှာ ဆန္ဒပြမှုသော်ငှင်း၊ ပြသနာ တစ်စုံတစ်ရာသော်ငှင်း ပေါ်ပေါက်အောင် ဖန်တီးခဲ့လျှင် အာဏာပိုင်များလဲ ကြိုတင်သိရှိပြီး ကိစ္စတစ်ရပ်ဖြစ်နိုင်သည်..(ကိုမော်ပြေ-ပြင်ဦးလွင်မြို့တွင်ရောက်ရှိနေသော သတင်းသမား)
photo.. ကျော်မိုးဝင်း၊ နေမျိုးလင်း၊ ကိုမော်ပြေ



ယခုတလော မြန်မာနိုင်ငံ၏ ရေပန်းအစားဆုံး နိုင်ငံရေးပြသနာ တခုမှာ -၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအကြောင်းဖြစ်သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမှီက ပြုလုပ်သောဘီဘီစီ၏ အနာဂါတ်မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်သည့် ၀န်ကြီးဦးစိုးသိန်းနှင့် စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ ရာတွင်လည်း ယင်းအကြောင်းကို ထည့်သွင်းပြောဆိုခဲ့ သည် ။ ဒေါ်အောင်ဆန်းစုကြည်မှာ ဤစကားစစ်ထိုးပွဲ တခုထဲတွင်သာ -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြောဆိုနေခြင်းမဟုတ် ။ အချိန်ရသရွေ့ ပြောဆိုနေခြင်းဖြစ်သည် ။

မြန်မာနိုင်ငံအစိုးရ ၀န်ကြီးများကလည်း ဤဥပဒေကို မည်သို့ မှ မပြင်ဆင်တော့ကြောင်းကိုလည်း တင်ပြပြောဆိုနေကြပြီးဖြစ်သည် ။ မနေ့ က ကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ဦးဋ္ဌေးဦးကလည်း ပြင်ဆင်စရာ မရှိကြောင်း ရုပ်သံလွှင့်ပြောဆိုနေသည်ကို တွေ့ ရသည် ။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် အခြားနိုင်ငံရေးပါတီများမှလည်း ပြင်ဆင်စရာ မလိုကြောင်း ကြေညာချက်တွေ ထုတ်ပြန်နေသည် ။ မြန်မာနိုင်ငံပြည်တွင်းထုတ် သတင်းစာ ဂျာနယ်စာစောင်တို့ မှာလည်း -၁၉၈၂-ခုနှစ် ဥပဒေကို ပြင်ဆင်စရာမလိုကြောင်း ရေးသားနေကြသည်ကို တွေ့ ရသည် ။ ရခိုင်ပြည်နယ်တွင် လူထုဆန္ဒပြပွဲ ပြုလုပ်နေကြပြီ ။ အခြားပြည်နယ်များမှလည်း လူထုဆန္ဒပြပွဲ ပြလုပ်လာကြအုံးမည်ဟု ခန့် မှန်းနိုင်သေးသည် ။

မြန်မာနိုင်ငံအတွင်းမှ မည်သို့ ပင်အရေးကြီးသော အဖြစ်အပျက်များကို နိုင်ငံရေးပါတီများနှင့် ဂျာနယ်-သတင်းစာများမှ ရေးသားထုတ်လွှင့်နေကြသည့်တိုင် ကမ္ဘာက ဂရုမပြု ။ ဒေါ်အောင်ဆန်းစုကြည်က ပြောမှ ဆိုမှ အသံထွက်အောင် ရေးသားပြောဆိုကြသည် ။ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်၏ -၈၂-ခုနှစ် ဥပဒေကို ပြင်ဆင်စရာမရှိပါဟု ဆိုသော စကားကိုမူ အသိအမှတ် ပြုပြီး ရေးသားပြောဆိုကြသည်ကို မတွေ့ ရတတ် ။ မည်သို့ ပင်ဆိုစေ မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဤနိုင်ငံသားဖြစ်မှုဆိုင်ရာနှင့် ပတ်သက်၍ ဆက်လက်အငြင်းမပွါးရလေအောင် ပြုလုပ်ဆောင်ရွက်စရာ နည်းလည်းကို ရှာဖွေရန်လိုသည် ။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးသိန်းညွန့် ၏ လွှတ်တော်မှာ အဆိုတင်ပြနိုင်သည် ဆိုသော စကားကို လက်သင့်ခံရန် လိုအပ်သည်ဟု ထင်မြင်သည် ။ ဤပြသနာသည် တစ်ယောက်တမျိုး ပြောနေရုံနှင့် ရေးနေရုံနှင့် ပြီးမြောက်မည့် ပြသနာမဟုတ်ချေ ။ တချိန်တည်းမှာပင် ဤပြသနာကို အကြောင်းပြုလုပ်ပြီး ပြည်တွင်းနေ မြန်မာနိုင်ငံသူ နိုင်ငံသားတို့ ကလည်း တစ်ဦးကို တစ်ဦးပုပ်ခတ်ပြီး ပြောနေစရာ မလို ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝေဖန်အပြစ်တင်စရာလည်း မလိုတော့ ။ အခြားတဖက်မှာ ပြည်ပမှ ၀င်ရောက်စွက်ဖက်တတ်သည့် နိုင်ငံတကာမှ အန္တရယ်များကိုလည်း တွက်ချက်ထားရန်လိုနေသည် ။

ထို့ ကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မိမိ၏ပြောရေးဆိုခွင့်ရှိသော ဘူမိနက်သန်နယ်မြေဖြစ်နေသည့် ပြည်သူ့ လွှတ်တော်တွင် -၁၉၈၂-ခု နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေ၌ ဤအချက်သည် အားနည်းနေသည်- ဤအချက်သည် ပြင်ရမည်ဆိုသောအချက်အလက်များကို တိတိကျကျ တင်ပြဆွေးနွေးရန်လိုသည် ။ သို့ အတူ ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက်များအား အကျိုးအကြောင်းများဖြင့် ဤ-၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေပို ပြင်ဆင်ရန် မလိုကြောင်းကို တင်ပြကန့် ကွက်သူများက ရှိလာလျှင် တင်ပြနိုင်ခွင့် ရှိလာမည်ဖြစ်သည် ။ သို့ ဖြစ်၍ ဤဥပဒေအား ပြင်ဆင်ရန် လိုအပ်ခြင်း သို့ မဟုတ် မလိုအပ်ခြင်းကို ဗြောင်မဲစနစ်အရ ဆုံးဖြတ်ချက်များကို ချမှတ်ပြီး ဆောင်ရွက်ကြရန် လိုနေပြီဖြစ်သည် ။ ထူးခြားချက်တစ်ခုမှာ ဤနိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန်တောင်းဆိုခြင်းသည် အတိုက်အခံပါတီတစ်ခု၏ တောင်းဆိုချက် မဟုတ်ဆိုခြင်းကို လူတိုင်းနားလည်ကြပြီးဖြစ်သည် ။

အကယ်၍ ဤသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ -၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို နိုင်ငံတကာစံနုံးနှင့်အညီ ပြောင်းလဲ ပြင်ဆင်လိုလျှင် ဒီမိုကရေစီနည်းအရ ပြည်သူ့ ဆန္ဒပါစေလိုသည်ဟုဆိုမှ ဖြစ်မည်ဆိုပါက လူထုဆန္ဒခံယူပွဲကို တနိုင်ငံလုံး ကျင်းပပေးသင့်သည် ။ လူထုဆန္ဒခံယူပွဲသည် ဒီမိုကရေစီနိုင်ငံတွင် အမှန်တကယ် ဆောင်ရွက်ကြသော နည်းပညာမျိုး မြောက်မြားစွာရှိသည် ။ ရေဒီယို မှ တွေ့ ဆုံမေးမြန်းခြင်း ။ ရုပ်မြင်သံကြားအစီအစဉ်ဖြင့် စကားစစ်ထိုးခြင်း ၊ လူထုလူတန်းစား အသီးသီးတို့ အား တွေ့ ဆုံမေးမြန်းခြင်းမျိုးဖြင့် သတင်းစာ-ဂျာနယ်-စာစောင်များတွင် လူထုစစ်တမ်းကောက်ယူကြသည် ။ ယခုလည်း မြန်မာနိုင်ငံတွင် နည်းလမ်းမျိုးစုံဖြင့် လူထုဆန္ဒခံယူခြင်းကို အမြန်ဆုံးဆောင်ရွက်ရန်လိုသည် ။ ယင်းသို့  ပြည်သူလူထု၏ သဘောထားများကို -Survey- လုပ်ပြီးနောက် မဲဆန္ဒခံယူပွဲကို ဆောင်ရွက်ပေးသင့်တော့သည် ။

ဤသို့  ပြည်သူ့ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခြင်း ၊ လူထုဆန္ဒ မဲယှဉ်ပြိုင်ခံယူခြင်း စသည့် နည်းလမ်းမျိုးကို အမြန်ဆုံး မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်ပေးသင့်ကြောင်း ထင်မြင်ယူဆသည် ။ သို့ မှသာ နိုင်ငံရေးပါတီကို တိုက်ခိုက်ဝေဖန်ခြင်း၊ နိုင်ငံရေးသမားများကို ပြစ်တင်ဝေဖန်တိုက်ခိုက်ခြင်းများ ၊ အစိုးရကို ဝေဖန်ပြောဆိုခြင်းများသည် ချက်ချင်းရပ်တန့် သွားစေနိုင်သလို ဤဥပဒေနှင့် ပါတ်သက်၍ ပြောဆိုနေကြသော သူများတို့ လည်း ပါးစပ်ပေါက်ပိတ်သွားနိုင်မည်ဖြစ်၍ နားအေးပါးအေး နေချင်သော မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံအစိုးရမှ အမြန်ဆုံး ဆောင်ရွက်ပေးစေရန် စေတနာကောင်းဖြင့် တင်ပြလိုက်ရပါကြောင်း ။

ခိုင်အောင်ကျော် ( နယူးယောက် )



Source: Australia Network News

သူမအနေဖြင့် နိုင်ငံ၏ အဆင့်မြင့် တာဝန်များအား ထမ်းဆောင်ရန်အတွက် သမ္မတဦးသိန်းစိန် ၏ အာဏာအား အသုံးပြု၍ လမ်းဖွင့်ပေးရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုချက် အား သမ္မတဦးသိန်းစိန်မှ ပယ်ချလိုက်ပါသည်။

ABC သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှု၌ ဒေါ်စုကြည်မှ နိုင်ငံတော်၏ အမြင့်ဆုံးရာထူးအား ရည်ရွယ်သည်ကို မိမိမှ မကန့်ကွက်ပါကြောင်း၊ သို့သော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြောင်းလဲရေး ကိစ္စမှာ လွှတ်တော်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ယင်းကိစ္စကို မိမိမှ ၀င်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း “ ဖွဲ့စည်းပုံဥပဒေဟာ ပြည်သူ့ထောက်ခံမှုနဲ့ ရေးဆွဲခဲ့တာပါ။ ဒါကြောင့် လွှတ်တော်က လုပ်ပိုင်ခွင့်ပေးပြီး၊ ပြည်သူတွေက သူမကို သမ္မတအဖြစ် သဘောတူညီမယ်ဆိုလို့ရှိယင် ကျွန်တော့်ဖက်က ပြောစရာမရှိပါဘူး ” ဟု သမ္မတဦးသိန်းစိန်မှ ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်များနှင့်အစိုးရခေါင်းဆောင်များ၏ စုပေါင်းတွေ့ဆုံမှု တစ်ခုဖြစ်သော အရှေ့အာရှကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နေပြည်တော်၌ ကျင်းပနေစဉ်အတွင်း ဒေါ်စုကြည်မှ ယင်းသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ယိုင်နဲ့နေသောစီးပွားရေးအား မြှင့်တင်နိုင်ရန် ဤဖိုရမ်က ကြားခံတစ်ခုဖြစ်သလို အတိုက်အခံခေါင်းဆောင် အတွက်လည်း မိမိ၏အသံမြှင့်ရန် အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့သည်။

“ ကျွန်မအဖို့ သမ္မတရာထူးရရှိဖို့ဆိုယင် ဖွဲ့စည်းပုံဥပဒေကို တရားဝင်ပြောင်းဖို့ လိုအပ်ပါလိမ့်မယ် ” ဟု ပြောခဲ့သည်။

ဒေါ်စုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၌ လွန်ခဲ့သောနှစ်က အပြတ်အသတ် အနိုင်ရခဲ့သော်လည်း သူမ၏သမ္မတဖြစ်ရေးကို လက်ရှိဥပဒေက တားဆီးလျက်ရှိသည်။ မည်သူမဆို မိမိ၏ ရင်သွေးများသည် နိုင်ငံခြားသားဖြစ်နေလျှင် သမ္မတဖြစ်ခွင့်မရှိဟု တားမြစ်ထားသောကြောင့်ဖြစ်သည်။

ဒေါ်စုကြည်၏သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားဖြစ်နေခြင်းအပေါ် မူတည်၍ သူမအား သမ္မတရာထူးသို့ မတက်လှမ်းနိုင်အောင် ယင်းသို့စီမံရေးဆွဲပြဋ္ဌာန်းထား ခဲ့သည်ဟု မြန်မာလူမျိုးအများအပြားမှ ယုံကြည်ထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြောင်းလဲပြင်ဆင်ရန်မှာ လွှတ်တော်၏ ၇၅ % ထောက်ခံမှု လိုအပ်၏။ သို့သော် အမတ် နေရာအားလုံး၏ လေးပုံတစ်ပုံမှာ စစ်တပ်မှ ရယူထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်သည် ဒေါ်စုကြည်၏ တက်လမ်းအလို့ငှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆော်သြပေးရန် မိမိထံ အခွင့်အာဏာမရှိကြောင်း “ ကျွန်တော်တို့နိုင်ငံမှာ မဏ္ဍိုင်ကြီးသုံးရပ် ရှိနေပါတယ်။ အုပ်ချုပ်စီမံရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေးကဏ္ဍများ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကို သြဇာပေးဖို့ အခွင့်အာဏာ ကျွန်တော့်ဆီမှာ မရှိပါဘူး ” ဟု ပြောဆိုခဲ့သည်။

Ref: http://www.abc.net.au/news/2013-06-08/an-thein-sein-rejects-suu-kyi-demand/4742094

M-Media



မနေ့ကညနေပိုင်း မိုးတွေအလွန်ရွာနေတဲ့အချိန် လူ့အရိုးသေတ္တာတွေကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက်ရှေ့ရှိ ဝါရှင်တန်ပန်းခြံကြီးထဲမှာ သယ်ယူ စုပုံနေတာ သွားရောက်အားပေးခဲ့ပါတယ်။

အမေရိကန်ကျောင်းသူကျောင်းသားတွေ အနုပညာရှင်တွေ လှုပ်ရှားတက်ကြွသူတွေက လုပ်အားဒါန အဖြစ်ကူညီနေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးဖိနှိပ်မှုအရေးတွေမှာ သေဆုံးကြရသူ လူသားများရဲ့ အရိုးပေါင်း တစ်သန်း ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိလာပါတယ်။ ဒီ လူအရိုး တစ်သန်း ဟာ အစစ်တွေတော့မဟုတ်ဘူး။ အမေရိကန်ကျောင်းသားတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေ အနုပညာရှင်တွေ က အရိုးအတူပုံစံတွေကို စုပေါင်းပြုလုပ်ထားကြတာဖြစ်ပါတယ်။

ဒီအရိုးစုတွေကို ဝါရှင်တန်ဒီစီက အမျိုးသားပန်းခြံမှာ အခုလာမယ့် စနေ နဲ့ တနင်္ဂနွေ ( ဇွန်လ ၈ ရက် စနေနေ့ နဲ့ ဇွန်လ ၉ ရက် တနင်္ဂနွေနေ့) ၂ ရက်ကြာ ပြသမယ်။ မနက် ၁၀ နာရီက နေ ညနေ ၂ နာရီ အထိပြသထားကြမယ်ဆိုပါတယ်။

လူမျိုးတွေကို မျိုးတုန်းအောင်သတ်ဖြတ်တာတွေကို ကာကွယ်တဲ့ လူသားဝါဒ လှုပ်ရှားမှုကြီးပြုလုပ်ပြီး လူ့အခွင့်အရေးတွေချိုးဖောက်နေတဲ့ မြန်မာအစိုးရ အပါအဝင် ဆူဒန် ကွန်ဂို နဲ့ ဆိုမာလီယာ နိုင်ငံတွေကို ဒီလိုပြုလုပ်နေတာတွေကို အထင်အရှားဖော်ပြ ဆန့်ကျင်ကြတော့မယ်။

အရိုးစုတစ်ခုတိုင်းဟာ လူသားခြင်းမသတ်ဖြတ်အောင် လှုံ့ဆော်ပါလိမ့်မယ်။ အရိုးစုတစ်ခုတိုင်းဟာ ဖိနှိပ်သတ်ဖြတ်ခံရမှုကို ကိုယ်စားပြုလိမ့်မယ်။ အရိုးစုတစ်ခုတိုင်းဟာ ဖိနှိပ်သူ အာဏာပိုင်တွေ ရဲ့ ရက်စက်မှုတွေကို ဖော်ပြတော့မယ်။ အရိုးစုတစ်ခုတိုင်းဟာ တရားမျှတမှုကို တောင်းဆိုတော့မယ်။

One Millions Bones arrived to Washington, D.C.

One Millions bones already laid on together at National Mall, Washington, D.C. All one millions bones will make awareness show (The Art of Revolution present) on today June 8th Saturday and 9th Sunday from 10 AM to 2PM.

All one Million Bones (1,000,000 handmade bones crafted by students, artists, and activists from around the world already laid on) going to get big awareness on U.S law makers and Human Rights activists around the world. U.S government and all government around the world may aware this campaign which a striking symbol of our common humanity, those bones were made to honor those lost to genocides and mass atrocities and those still fighting to survive them in Sudan, South Sudan, the Democratic Republic of the Congo, Burma, and Somalia.

Each bone represents a call to action, a story, a voice.

Bring your voice to this movement.

Join in Washington, D.C on June 8th, 2013 and be one in a million voices demanding an end to these ongoing conflicts.

We need you to make this possible.

သတင်းနှင့်ဓာတ်ပုံ။။ ZAW WIN facebook

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.