06/12/13



သူရဲကောင်းတို့အတွက် ပြည်သူ့ဂုဏ်ရည်

၂ဝ၁၃ ခုနှစ်၊ စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု အခမ်းအနားအား ၂၆.၅.၂ဝ၁၃ ရက်နေ့၌ တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့ရှိ ဆိုးဆာမြို့တော်ခန်းမတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ်အဖြစ် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားအား ၁ဝ.၆.၂ဝ၁၃ ရက်နေ့ နေ့လည် (၃းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်ရှိ “တော်ဝင်နှင်းဆီ” စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများအတွက် လိုအပ်သည့်လုပ်ငန်းရပ်များအား ကိုယ်ကျိုးစွန့် အနစ် နာခံ၍ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူများနှင့် အဖွဲ့အစည်းများတို့အား ပြည်ပရောက် မြန်မာမိသားစု များတို့၏ စုစည်းညီညွတ်မှုအားဖြင့် ၂ဝ၁ဝ ခုနှစ်မှစတင်၍ စုပေါင်းဂုဏ်ပြုပေးအပ်သည့် “Citizen of Burma Award (ပြည်သူ့ဂုဏ်ရည်ဆု)” စတုတ္ထအကြိမ်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နယ်ပယ်အသီးသီးမှ လူမှုရေး၊ နိုင်ငံရေး၊ အနုပညာရှင်များတို့ တက်ရောက်ချီးမြှင့် အားပေးခဲ့ကြသည်။

၂ဝ၁၃ ခုနှစ်အတွက် “ပြည်သူ့ဂုဏ်ရည်ဆု” အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ၎င်း၊ အထူးဆု (၃) ဆုအား ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုသန်းနိုင် (Community Engineering Team)၊ ကိုနေမျိုးဇင် (မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်) အစရှိသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များတို့မှ ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိခဲ့ကြသည်။

အခမ်းအနားမှူးအဖြစ် ဒေါ်ဆွေဇင်ထိုက်မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး အဖွင့်အမှာစကားအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် (၂ဝ၁၂ ခုနှစ်၏ ပြည်သူ့ဂုဏ်ရည် အထူးဆု ရှင်)မှ ပြောကြားခြင်း၊ ကြိုဆိုနှုတ်ခွန်းဆက်စကားအဖြစ် ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌ ကိုဝေလဝင်းမှ ပြောကြားခဲ့ပြီးနောက် ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်တစ်ဦးဖြစ်သူ “မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ တေးရေး/ ဆို Bass ဂစ်တာသမား ကိုရဲလွင်” အတွက် ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေ US$ 1000 အား နာရေးကူညီမှု အသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ ချီးမြှင့်ပေးအပ်ခြင်း၊ ထပ်မံ၍ အထူးဆုရှင်ဖြစ်သူ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် ရေကောင်း/သန့်ရရှိရေးအတွက် ရိုးရိုးရှင်းရှင်းဖြင့် ကုန်ကျစရိတ် သက်သာလှသည့် နည်းပညာရပ်အား တနိုင်တပိုင် ဖြန့်ဖြူးပေးနေသူ “ကိုသန်းနိုင် (Comm unity Engineering Team)” အတွက် ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေ US$ 1000 အား အလင်းတန်းဂျာနယ် နှင့် ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ချီးမြှင့်ပေးအပ်ခြင်း၊ ထပ်မံ၍ အထူးဆုရှင်တစ်ဦးဖြစ် သူ တိုင်းရင်းသားပြည်သူ အများရင်ဆိုင်ကြုံတွေ့နေရသည့် အထွေထွေသောအခက်အခဲများ၊ အကြပ်အ တည်းများအား မနိုင်ဝန်ထမ်း၍ တတ်အားသမျှ ဝိုင်းဝန်းကူညီ လုပ်ကိုင်ဆောင်ရွက်နေသူ “ကိုနေမျိုးဇင် (မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်)” အတွက် ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေ US$ 1000 အား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီမှ ချီးမြှင့်ပေးအပ်ခဲ့ပြီးသည့်နောက် ၂ဝ၁၃ ခုနှစ် ပြည်သူ့ဂုဏ် ရည်ဆုအား ဆွတ်ခူးရရှိသွားခဲ့သည့် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား နောက်ပြန်မလှည့်ရန် အာမခံချက်တစ်ခုဖြစ်သည့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး ဆိုင်ရာလုပ်ငန်းများအတွက် အင်တိုက်အားတိုက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်” အတွက် ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေ US$ 10000 အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ (၂ဝ၁ဝ ခုနှစ် ပထမဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည် ဆုရှင်)မှ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆုရရှိသူများကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပေး အပ်ပွဲ အခမ်းအနားအား ရန်ကုန်မြို့တွင် ကျင်းပနိုင်ရန်အတွက် ဦးဆောင်စီစဉ် ဆောင်ရွက်ပေးသူ ဒေါ် ဆွေဇင်ထိုက်မှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များတို့မှ အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခြင်းဖြင့် အခမ်းအနားအား အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ကြီးနှင့်ဝေးကွာ၍ နိုင်ငံအသီးသီးသို့ရောက်ရှိ နေကြသည့် အဝေးရောက် မြန်မာလူမျိုးများအနေဖြင့် မိမိတို့မွေးဖွားကြီးပြင်းခဲ့ကြသည့် အမိမြန်မာပြည် ကြီးအား ချစ်ခင်လွမ်းဆွတ်မှုများနှင့်အတူ မြန်မာပြည်အကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်ကိုင် ဆောင်ရွက်နေသောလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ယခုကဲ့သို့ ပြည်သူ့ဂုဏ်ရည်အသင်း၏ နုနယ်သေး သည့် (၄) နှစ်တာ သက်တမ်းအတွင်း အခက်အခဲများအား မလျော့သောဇွဲတို့ဖြင့် ဌာနခွဲအသီးသီးမှ စိတ် တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်များနှင့် အတူတကွလက်တွဲ၍ “သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏” ဆရာဇော်ဂျီ၏ ကဗျာကဲ့သို့ အမိမြန်မာပြည်ကြီး အတွက် မိမိတို့တတ်စွမ်းသည့် ကဏ္ဍအသီးသီးတို့တွင် ကိုယ်ကျိုးစွန့် အနစ်နာခံ၍ လုပ်ကိုင်ဆောင်ရွက် နေကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အတူတကွလက်တွဲပြီး “မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်” ဆောင်ပုဒ်အတိုင်း အင်တိုက်အားတိုက်ဖြင့် ၂ဝ၁၄ ခုနှစ် ပဉ္စမအကြိမ်မြောက် ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားအား ဒီထပ်မက စွမ်းဆောင်သွားနိုင်ကြပါစေကြောင်း ဆုမွန် ကောင်းတောင်းလိုက်ပါသည်။


မှတ်ချက်...ရေးသားသူ၏ အာဘော်သာဖြစ်ပါသည်..

မြန်မာနိုင်ငံတွင် -၂၀၀၅-ခုနှစ်၌ ပါတီစုံရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ စည်းကြသောအခါ သမ္မတရာထူးကို ခန့် အပ်ပေးကြတော့မည် ။ လက်ရှိမြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်ကလည်း ပြည်ပအနောက်နိုင်ငံသို့  ထွက်ခွာလာစဉ်က ပြည်သူအများ၏ ဆန္ဒအရ တောင်းဆိုနေလျှင် သမ္မတရာထူးကို ဆက်လက်ထမ်းဆောင်အုံးမည်ဟု ရေဒီိယိုအင်တာဗျူးတစ်ခုမှာ ထုတ်ဖေါ်ပြောဆိုသွားသည် ။ သို့ သော် ၄င်းစကားသည် ကျယ်ကျယ်လောင်လောင် မထွက် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ထံမှ သမ္မတ လုပ်ချင်သည်ဆိုသော စကားသံထွက်ပေါ်လာသောအခါ ကမ္ဘာမှာ အသံတွေ ထွက်ပေါ်နေသည် ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာတွင်သာမဟုတ် မြန်မာနိုင်ငံအတွင်းမှာပါ ရောက်လေရာနေရာတိုင်း၌ သမ္မတလုပ်ချင်သည်ဟုချည်း ထုတ်ဖေါ်ပြောဆိုနေရာ အကယ်၍ သမ္မတဖြစ်ခဲ့ လျှင် မည်သို့ မျှ ပြသနာမရှိ ။ သမ္မတရာထူး မရခဲ့ ပါက အလွန်တရာ ရှက်ဘွယ်ကိစ္စဖြစ်သွားအုံးမည်ဖြစ်သည် ။

ခုတော့ ကမ္ဘာကျော်သော စကားတစ်ခွန်းကို မြန်မာနိုင်ငံ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက မနေ့ ၌ အမေရိကပြည်ထောင်စု ၀ါရှင်တန်ဒီစီကို ရောက်သည်ချက်ချင်း ထုတ်ဖေါ်ပြောဆိုသည်။ ယင်းစကားမှာ သမ္မတ လုပ်ချင်သောဆန္ဒရှိသည်ဟု ပြောဆိုသောစကားပင်ဖြစ်သည် ။ ထို့ ကြောင့် ယခုအချိန်၌ မြန်မာနိုင်ငံ၏ လာမည့်-၂၀၀၅-ခုနှစ် အစိုးရ၏ သမ္မတရာထူးတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း သုံးဦးတိုင်တိုင် ရှိနေကြပြီဟု ခန့် မှန်းတွက်ချက် ပြောဆိုနိုင်သည့် အခြေအနေဖြစ်သည် ။ စင်စစ်မှာ ဤသုံးဦးထဲက သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကဖြစ်သည် ။ ပို၍ထူးခြားချက်တစ်ခုမှာ သမ္မတရာထူးကို ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတို့ မှာ ဒီမိုကရေစီအတိုက်အခံ ပါတီများ မဟုတ်ကြခြင်းဖြစ်သည် ။

စင်စစ်အားဖြင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သမ္မတရာထူးကို ၀င်ရောက်ယှဉ်ပြိုင်ရန် တစ်ဦးတည်းသား လိုအပ်ပါက သူတို့ မှာ လက်ရှိသမ္မတဦးသိန်းစိန်ကိုသော်၎င်း- သို့ မဟုတ် လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းကိုသော်၎င်း ၀င်ရောက်ယှဉ်ပြိုင်စေခိုင်းမည်ဖြစ်သည် ။ သမ္မတရာထူးကိုမှ မဟုတ် ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်-မြို့ တော်ဝန်-မန္တလေးတိုင်းဝန်ကြီးချုပ်-စသဖြင့် မည်သည့်တိုင်းနှင့်ပြည်နယ်မဆို စသူတို့ မှာ အုပ်ချုပ်ရေးယန္တယားကို ကောင်းစွာမောင်းနှင်နိုင်သော အုပ်ချုပ်ရေးစွမ်းရည်ကို ရရှိကျင့်ကြံပြီးထားသူများမို့  အစစအရာရာ အဆင်ပြေနေရာလျာထားပြီးဖြစ်သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာမူ သမ္မတရာထူးကို ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ ၀င်ရောက်ယှဉ်ပြိုင်ရမည်မို့  အစားထိုး ၀င်ရောက်ယှဉ်ပြိုင်မည့်သူ မရှိချေ ။ သို့ အတူ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတရာထူး ရရှိသွားပါက တိုင်းနှင့်ပြည်နယ်များတွင် မည်သူ့ ကို ၀န်ကြီးချုပ်ခန့် အပ်မည်ဆိုသည်ကို လွှတ်တော်ကိုယ်စားလှယ်များအား လျာထားပြီးအသံမျိုး မကြားရ ။ နိုင်ငံရေးပါတီတစ်ရပ်မှာ ရွေးကောက်ပွဲဝင်မည်ဟု ဆိုပြီးသည်နှင့် အနိုင်ရရှိခဲ့ ပါက အစိုးရဖွဲ့ နိုင်ခွင့် ဖြစ်ပေါ်လာရာ ယင်းကဲ့ သို့  စီစဉ်ညွှန်ကြားချက်မျိုး မထုတ်ပြန်သေးသည်ကို မြင်နေကြရသည် ။ သမ္မတရာထူးတစ်ခုဘဲ ထည့်ပြောနေခြင်းမှာ မိမိအတွက် တစ်ခုတည်းကိုသာ ကွက်၍ပြောဆိုနေသလိုဖြစ်နေသည်ဟုထင်သည် ။ အမှန်က တိုင်းနှင့်ပြည်နယ်-၁၄-ခုစလုံးအတွက် လျာထားချက်များကို ထည့်သွင်းပြောဆိုရန် လိုအပ်သည်ဟုထင်သည် ။

လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက သမ္မတလုပ်ချင်သည်ဟု ထုတ်ဖေါ်ပြောဆိုခြင်းမှာ တိတိကျကျ ပြောရလျှင် သူပြောလို၍ ထုတ်ဖေါ်ပြောဆိုခြင်းဟု မထင်ရချေ ။ သူရရွှေမန်း၏ စကားမှာ အစိုးရတစ်ခုလုံး၏ အာဘော်ဖြစ်ကောင်း ဖြစ်နိုင်သည် ။ ဤစကားကို အမေရိကပြည်ထောင်စုမှာ ပြောဆိုခြင်းသည် ပထမအကြိမ်က တစ်ကြိမ် ပြောဆိုခြင်းဖြစ်သော်လည်း ယင်းအချိန်ကပြောဆိုခြင်းမှာ မည်သို့ မျှ အရေးမကြီး ။ ခုတစ်ကြိမ်ပြောဆိုခြင်းမှာတော့ အနက်အဓိပ္ပါယ် များစွာ ထွက်ပေါ်နေသည် ။ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတလုပ်ချင်သည်ဟု ပြောဆိုသော စကားကို နုတ်ပိတ်ရန် ဤစကားကို အမေရိကန်မှာ ရောက်ရောက်ချင်း ပြောဆိုခြင်းဟု ထင်သည် ။

သူရရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့  အတူတူ ပူးပူးကပ်ကပ် တွေ့ ဆုံပြောဆိုနေကြခြင်းအပေါ် ဝေဖန်သုံးသပ်နေကြသေးသည် ။ သူတို့ နှစ်ဦး လက်တွဲသွားပြီး သမ္မတဦးသိန်းစိန်မှာ တစ်ယောက်ထဲကျန်ရစ်တော့ပြီလားဆိုကာ ဆန်းစစ်နေကြသေးသည် ။ ခုတော့ သူရရွှေမန်းက လက်တွဲဖြုတ်လိုက်သည် ဆိုခြင်းထက် စိန်ခေါ်ကာ ရင်ဆိုင်လိုက်သည့်သဘောဟု ပြောဆိုနိုင်တော့ပြီ ။ ခုအချိန်တွင် သူရရွှေမန်း၏ သမ္မတလုပ်ချင်သည် ဆိုသော စကားကို ဒေါ်အောင်ဆန်းစုကြည်မှ ဝေန်ချက် မထွက်ပေါ်သေး ။ သို့ သော် မည်သူမဆို ပြောရေးဆိုခွင့် ရှိကြရာ ယင်းသို့ ပြောဆိုသည်ကိုလည်း လက်သင့်ခံရပေတော့မည် ။ သို့ သော် လက်သင့်ခံမည်ဆိုသော်လည်း အနီးကပ်ဖြုတ်ချသော သူရရွှေမန်း၏ စကားကား အူနုကျွဲခတ်သည်ထက် နာမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်းမှာ သူတို့ နှစ်ဦး ရေရှည်အလွမ်းသင့်ကြလိမ့်မည်တော့ မထင် ။ အဘယ့်ကြောင့်ဆိုသော် သူရရွှေမန်းက အကောင်းဆုံးစိန်ခေါ်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယဉ်ပြိုင်ရန် ကြိုးဝိုင်းတွင်းသို့ ဝင်လာခဲ့ ခြင်းကြောင့်ဖြစ်သည် ။

ဒေါ်အောင်ဆန်းစုကြည်မှာ -၂၀၀၈-ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်မှ သမ္မတရာထူး ယှဉ်ပြိုင်နိုင်ခွင့်ရှိသည် ။ သမ္မတဦးသိန်းစိန်က သူ့ အာဏာဖြင့် မပြင်ဆင်နိုင်ဟု ပြောဆိုထားပြီ ။ လွှတ်တော်မှပြင်ဆင်လျှင် ဆိုသော စကားကို အခြေခံထားသည် ။ လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက -၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်စေလို၍ ပြင်ဆင်ခွင့် ပေးလေမည်လား ။ သူကိုယ်တိုင် ( သူရရွှေမန်း ကိုယ်တိုင် ) သမ္မတရာထူးလိုချင်သည်ဟု ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အဖို့  နိမိတ်မကောင်းလှ ။ ၀န်ကြီးအောင်မင်းကလည်း အမေရိကပြည်ထောင်စု နယူးယောက်မြို့ မှာ မြန်မာမိသားစု လူထုတွေနှင့် တွေ့ ဆုံစဉ် -၂၀၀၈-ဖွဲ့ စည်းအုပ်ချုပ်ပုံကို တလုံးတပါဒမျှ ပြင်ဆင်စရာအကြောင်းမရှိဟု ထုတ်ဖေါ်ကြေညာသွားသည် ။

သို့ သော်လည်း -၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်သည်ထားပေဦး ။ လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်-ရ၅% မျှ ထောက်ခံရန် လိုသေးသည် ။ ယင်း-ရ၅% ထဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီများ ပါရှိနေရာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပွဲက ကြည့်ကောင်းလှမည်မထင် ။ သို့ သော်လည်း တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ထောက်ခံလိုက်၍ -ရ၅%- အပြည့်ထောက်ခံသည် ဆိုပါစို့  ။ ဒုသမ္မတသုံးဦးအတွက် အမည်စာရင်း ပေးသွင်းရာ၌ ပြည်သူ့ လွှတ်တော်-စစ်တပ်ကိုယ်စားလှယ်-အမျိုးသားလွှတ်တော်တို့ မှ တင်သွင်းမည့် အမည်စာရင်းတွင် ပြည်သူ့ လွှတ်တော်၌ သူရရွှေမန်းကို အပြည့်အ၀ထောက်ခံမည့် ကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီအပြင် အခြားပါတီများ ရှိနေသည် ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့ လွှတ်တော်၌ သမ္မတအမည်စာရင်းတင်သွင်းခံရလျှင်ပင် ထောက်ခံမည့်သူက ရှားနေပြီဖြစ်သည် ။ စစ်တပ် တမတ်သားကိုယ်စားလှယ်များမှ တင်သွင်းမည့် ဒုသမ္မတရာထူးကိုမူ မည်သူမှ ယှဉ်ပြိုင်၍မရ ။ အလိုအလျောက် စစ်တပ်မှ ရွေးချယ်ခန့် အပ်သော ဒုသမ္မတ တစ်ယောက်က လျာထားပြီးဖြစ်သည် ။ အမျိုးသားလွှတ်တော်မှလည်း ဒုသမ္မတတစ်ယောက်အမည်စာရင်း တင်သွင်းသည့်အခါ ယင်းနေရာမှလည်း ဒေါ်အောင်ဆန်းစုကြည်အဖို့  မည်သို့ မျှမပါတ်သက် ။

သူရရွှေမန်း၏ ၀ါရှင်တန်ဒီစီမှာ သူများထက်စွမ်းဆောင်ရည်ရှိပြီး အရည်အချင်းလည်း အပြည့်အစုံရှိသည်ဟု သူ့ ကိုယ်သူ သူထုတ်ဖေါ်ပြောဆိုကာ ဒေါ်အောင်ဆန်းစုကြည်အားလုပ်ဟန်ကိုင်ဟန်ကို စောင့်ကြည့်ရအုံးမည်ဟု ပြောဆိုဝေဖန်သွားသည်ကို တွေ့ ရသည် ။ လုပ်ဟန်ကိုင်ဟန် ဆိုသည်မှာ နိုင်ငံရေးအရ ကျွမ်းကျင်နားလည်ပါးနပ်မှုများနှင့် သက်ဆိုင်ရာ ဘာသာရပ်များကို အာရုံစူးစိုက်ကာ လေ့လာမှုများကို ဆိုလိုဟန်ဖြန်သည် ။ စင်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ တာဝန်ရှိလူတိုင်းသည် -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံကို တိတိကျကျ လေ့လာခဲ့ ပြီးဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ လုပ်ချင်သည်ဟု ပြောထွက်လိမ့်မည်မထင် ။

ဒေါ်အောင်ဆန်းစုကြည်အဖို့ ၂၀၀၈-ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မမ​၅၉-အခဏ်း-( ၃ ) ( ခ) ၌ မိမိကိုယ်တိုင်သော်၎င်း-မိမိ၏ ဇနီး ခင်ပွန်း သားသမီးများက နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော် ယုံကြည်သူ လက်အောက်ခံ -တိုင်းတစ်ပါးသား နိုင်ငံသားမဖြစ်ရ- လက်အောက်ခံသော်၎င်း ခံစားရသော ကျေးဇူးတင်နိုင်ခွင့် ရှိသူများ မဖြစ်စေရ ဆိုသောအချက်ကို ပြင်ဆင်ရန် လိုသည် ။ ဤပုဒ်မ္မကို ပြင်ဆင်ရန်အတွက် ပုဒ်မ္မ-၄၃၅-ကို ပြင်ဆင်ရန်လိုသည် ။ ပုဒ်မ္မ-၄၃၅-၌ အထက်ပါ ပုဒ်မ္မ-၅၉-ကို ပြင်ဆင်ရန်အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း-၂၀-ရာခိုင်နုံးက တင်ပြနိုင်ရမည်ဟု ဆိုထားသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ -၄၃-ဦးသော လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းမှ-၆%-ခန့် သာရှိနေရာ ကျန်-၁၄ % လောက်ကို လွှတ်တော်အတွင်း စည်းရုံးနိုင်မည် ဆိုသည်ကလည်း သံသယ၀င်နိုင်စရာဖြစ်နေသည် ။ အကယ်၍ လွှတ်တော်ကိုယ်စားလှယ် -၂၀-ရာခိုင်နုံးရရှိပြီး ပုဒ်မ္မ-၅၉-ကို ပြင်ဆင်နိုင်သည်ထားဦး ။ ပုဒ်မ္မ-၄၃၆-တိုရှည် ပြဋ္ဌန်းချက်များကို ပြင်ဆင်ရာ၌ လွှတ်တော်ကိုယ်စားလှယ်ပေါင်း-ရ၅%-ကျော်များက ပြင်ဆင်ရန် သဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်အားလုံး၏ မဲထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖွင့်ဆိုထားတော့ ဤပြသနာကား မလွယ် ။

ပြည်သူ့ လွှတ်တော်တွင် ရ၅% ခန့် သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေကို ပြင်ဆင်ရန် လက်ခံသည်ဆိုသော်လည်း စစ်ဗိုလ်တမတ်သား ကိုယ်စားလှယ် တစ်ဦးဦးပါမှသာ -ရ၅% ကျော်မည်ဖြစ်သည်မို့  ၄င်းစစ်တပ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရရှိအောင်ပင် မနည်းကြိုးစားရရှာမည်ဖြစ်သည် ။ စစ်တပ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရရှိရေးဆိုသည်မှာလည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ခွင့်ပြုမှ ရရှိနိုင်သော အခြအနေဖြစ်ရာ ယင်းပြသနာလည်း သေသေချာချာ စဉ်းစားလျှင် စစ်တပ်လွှတ်တော်ကိုယ်စားလှယ် ပြသနာမှာ မဖြစ်နိုင်မှန်း သိသာနိုင်သည် ။ စစ်တပ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပါခဲ့ ၍ ဥပဒေပြင်ဆင်ရန် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲ ကျင်းပမည်ဆိုပြန်တော့လည်း ဆန္ဒမဲ ပေးပိုင်ခွင့်အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဟု ဆိုထားပြန်သည် ။

သည်တော့ ပြည်လုံးကျွတ် လူထုဆန္ဒမဲ ခံယူပွဲကျင်းပလျှင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် တိုင်းနှင့်ပြည်နယ်-၁၄-ခုတွင် -ရ-ခု၌ မဲဆန္ဒမရနိုင်သလို ကျန် တိုင်း-ရ-တိုင်း၌မူလည်း သေချာရေရာနိုင်မည့် လက္ခဏာ မမြင်မိချေ ။ ဤမျှ -၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ တိကျသေချာစွာဖြင့် ရေးဆွဲထားချက်များကို လိမ်မာပါးနပ်စွာ ထိမ်းချုပ်ထားခြင်းကြောင့် ဥပဒေအား ပြင်ဆင်နိုင်မည်ဆိုပြီး လွယ်လွယ်နှင့် အထင်သေးထားလျှင်တော့ လုံးဝအမှားကြီး မှားနေဖြင်း ဖြစ်သွားလိမ့်မည် ဖြစ်သည် ။ မြန်မာနိုင်ငံသမ္မတ ရာထူးအတွက် -၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မလိုဟု ပြောနေသည့်ကြားထဲ ယခုအချိန်တွင် လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုတော့ သူ့ အတွက် ဥပဒေကို ဘာမျှ ပြင်ဆင်စရာမလိုချေ ။ သေချာနေသည်က ဒေါ်အောင်ဆန်းစုကြည်အဖို့  သမ္မတရာထူးအတွက် သူရရွှေမန်းနှင့် ယှဉ်ပြိုင်မိပြီဆိုမှတော့ သည်တောင်ကိုဖြင့် ကျော်နိုင်ပါ့မလားဆိုသော အတွေးကို လူတိုင်းတွေးလာနေကြပြီဟု မြင်မိပါကြောင်း ။။။။။။။။။။


ခိုင်အောင်ကျော် ( နယူးယောက် )

(10 June 2013 ရက်စွဲပါ CNN News မှ Hilary Whiteman ၏ Myanmar works to turn the lights on and keep them on ကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင်နာရီတိုင်း၌ လျှပ်စစ်မီးမှာ လာလိုက်၊ပျက်လိုက်ရှိနေရာ နိုင်ငံသားများအဖို့ အလုပ်မပျက်သွားလာ နေကြသော်လည်း ဧည့်သည်များမှာမူ ခေါင်းမိုးမှ မီးကိုသာ ကြည့်နေစေပါသည်။

မီးပျက်မှုမှာ မြန်မာနိုင်ငံတွင် သာမန်ကိစ္စလိုဖြစ်နေပြီး၊ အိုဟောင်းပြီး ပစ်ထားခဲ့သည့် စွမ်းအင်နက်ဝပ်(စ်)များကြောင့် ဖြစ်ပါသည်။

ရန်ကုန်ကဲ့သို့ မြို့်ကြီးတွင်ပင် နေထိုင်သူဦးရေ၏ သုံးပုံနှစ်ပုံကသာ လျှပ်စစ်မီး သွယ်တန်းခွင့် ရကြပါသည်။ ကျန် သောသူများမှာ မီးစက်များနှင့် ဘက်ထရီမီးများအပေါ်သာ မှီခိုနေကြရပါသည်။ အချို့ဆင်းရဲသူများမှာ တစ်ရက်လျှင် တစ် နာရီခန့်သာ လျှပ်စစ်မီးကို ရရှိကြပါသည်။

အသက် (၃၉) နှစ်ရှိ အေးကြိုင်သည် မြောက်ဒဂုံရှိ အခန်းတစ်ခန်း ထဲသာပါသော အိမ်တွင်နေထိုင်ရာ မီးချောင်း တစ်ချောင်းနှင့် မီးလုံးတစ်လုံးသာရှိပြီး မီးထွန်းထားသော်လည်း မူန်တိမူန်ဝါးသာ ဖြစ်နေပါသည်။ မီးဖိုထဲတွင် ဖယောင်းတိုင် အသေးလေးတစ်တိုင်ထားရှိပြီး မီးပျက်လျှင် ထွန်းရန်ဟုဆိုပါသည်။

``၂၀၁၁ ခုနှစ်ကဆို တော်တော်လေး ဆိုးပါတယ်။ တစ်ရက်ကို နှစ်ကြိမ်သုံးကြိမ်လောက် ပျက်ပြီး၊ တစ်ခါပျက်ရင် တော်တော်ကြာတယ်။ ဒီရာသီမှာတော့ နှစ်ခါလောက်ပဲဖြစ်တယ်``ဟု ၄င်းကဆိုပါသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ကူးပြောင်းနေရာ မြန်မာနိုင်ငံ၏ လူဦးရေများကို အပြည့်အဝ လျှပ်စစ်မီး မပေးနိုင်သည်မှာ ကြီးမားသောစိန်ခေါ်မူများမှ တစ်ခုဖြစ်ပါသည်။

``လျှပ်စစ်မီးသုံးစွဲနိုင်မူဟာ ပညာရေးအတွက်လည်းကောင်း၊ ကျန်းမာရေးအတွက်လည်းကောင်း အရေးပါလှပြီး၊ လူမှုရေး လှုပ်ရှားမှုနဲ့ လူမှုရေးအရ အထောက်အကူအဖြစ် အရေးပါလှပါသည်။ ဒါကြောင့် စက်မူသုံး ဒါမှမဟုတ် စီးပွားရေး လုပ်ငန်းအတွက် လိုအပ်ချက်ထက် ပိုမိုကျယ်ပြန့်ပါတယ်။`` ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ဒုတိယဥက္ကဌ Stephen Groff က ပြောပါသည်။ ၄င်းသည် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ``စွမ်းအင်အသစ်အတွက် ဗိသုကာပုံစံ`` ဟူသော အစီရင်ခံစာသစ် တင်သွင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်မီး၏ ၇၅% ကို သစ်တောများမှ သဘာဝသစ်သားကို မီးရှို့၍ လည်းကောင်း၊ ရေအားလျှပ်စစ်မှလည်းကောင်း ထုတ်ယူပါသည်။ ရေအားလျှပ်စစ်မှာ ဒီဇင်ဘာလမှ မတ်လ ထိခြောက်သွေ့ သောရာသီတွင် ရပ်နားထားရပါသည်။

မြန်မာနိုင်ငံတွင် သဘာဝသယံဇာတများ ပေါများပါသည်။ သို့သော် ယခုအချိန်အထိ ထုတ်ယူသော သဘာဝ ဓါတ်ငွေ့များကို တရုတ်နှင့်ထိုင်းသို့သာ ရောင်းချနေပါသည်။ အစိုးရကမူ ပြည်တွင်းသုံးရန် ထိန်းသိမ်းထားမည်ဟု ပြောခဲ့ပါ သည်။

``အရေးယူပိတ်ဆို့မူကြောင့်၊ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေမာလိုပါတယ်။ မဟုတ်ရင် တိုင်းပြည်က နောက်ကျ ကျန်ခဲ့နိုင်ပါတယ်``ဟု စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောပါသည်။

``ဒါပေမယ့် ကျွန်တော်တို့ရဲ့ မူဝါဒအသစ်အရ နောက်ထပ်တွေ့ရှိမယ့် သဘာဝသယံဇာတတွေကို ပြည်တွင်းသုံး အတွက် ဦးစားပေးမှာဖြစ်ပြီး၊ ပိုတာတွေပဲ ရောင်းပါမယ်။ ပိုတာကိုလည်း တန်ဖိုးမြင့် ထုတ်ကုန်လုပ်ပြီးမှ တင်ပို့မှာပါ`` ဟု ၄င်းက ပြောပါသည်။

လက်ရှိစာချုပ်များကိုမူ တိုင်းပြည်၏ သိက္ခာအတွက် ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ သို့သော် ပြည်တွင်း သုံး အတွက် လုံလောက်သည်အထိ နောက်ထပ်တင်ပို့မှု စာချုပ်အသစ် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ၄င်းကပင် ပြောပါသည်။

မြန်မာနိုင်ငံ၏ အိုမင်းဟောင်းနွမ်းနေသော လျှပ်စစ်မီးကွန်ရက်ကို ပြင်ဆင်ရန်မှာ လွယ်ကူသော လုပ်ငန်းမဟုတ်ပေ။ တစ်ချိန်တည်းမှာပင် အစိုးရ လျှပ်စစ်ဓါတ်အားလိုင်းနှင့် မချိတ်ဆက်ပဲ အသေးစား ဖြေရှင်းနည်းများဖြင့် ခေတ်မီနည်းစနစ်ကို အသုံးပြုရန် တိုက်တွန်းမူများ ရှိပါသည်။

၎င်းနည်းလမ်းကို လူဦးရေခြောက်သန်းရှိ အိမ်နီးချင်း လာအိုနိုင်ငံတွင် အသုံးပြုနေပါသည်။ လာအိုတွင် ၂၀၀၀ ပြည့်နှစ်က လူဦးရေ၏ ၃၀% သာ လျှပ်စစ်မီးရရှိခဲ့ရာမှ ယခုအခါ လျှပ်စစ်မီး ထုတ်လုပ်မူအမျိုးမျိုးမှ ၇၀%ထိ လျှပ်စစ်မီးရရှိ ခဲ့ပြီ ဖြစ်ပါသည်။

Simon Henschel သည် အစိုးရနှင့်အတူ လုပ်ကိုင်နေသည့် ပုဂ္ဂလိကကုမ္ပဏီ Sunlabob Renewable Energy မှ အော်ပရေးရှင်းအရာရှိချုပ်ဖြစ်ပါသည်။ အဆိုပါကုမ္ပဏီသည် ၂၀၀၁ ကတည်းက ကျေးလက်သို့ စွမ်းအင်ပေးရေး လုပ်ကိုင်နေ ပါသည်။

``နိုင်ငံမြောက်ပိုင်းမှာ ဒေသဆိုင်ရာ လျှပ်စစ်လိုင်းတစ်ခု ထူထောင်ခဲ့ပါသည်။ ရွာသုံးရွာကို ရေအားလျှပ်စစ် တာဘိုင် တစ်ခုထားရှိပြီး နေရောင်ခြည်စွမ်းအင်နဲ့ ပေါင်းစပ်ထားတဲ့ လျှပ်စစ်လိုင်းနဲ့ ချိတ်ဆက်ထားပါတယ်။ ရေအားလျှပ်စစ်က ၂၄ နာရီ လည်ပတ်ပါတယ်။ အလွန်အားကောင်းပါတယ်။ နေရောင်ခြည်စွမ်းအင်ကတော့ အသုံးအများဆုံး အချိန်တွေမှာ ပိုပြီးထိရောက်စွာ လျှပ်စစ်မီးဖြန့်ဝေနိုင်ဖို့ လုပ်ဆောင်ထားတာပါ`` ဟု Simon က ပြောပါသည်။

`ရေအားလျှပ်စစ်စက်ရုံတစ်ခုသည် ရွာနှစ်ရွာမှ အိမ်ခြေ (၉၀၀) ခန့်ကို လျှပ်စစ်မီးပေးနိုင်ပါသည်။ ယခုအခါ အဓိကအများသုံး လျှပ်စစ်လိုင်းအတွင်းသို့ ချိတ်ဆက်ထားပြီး၊ ထည့်ဝင်သော ပမာဏအလိုက် နှုန်းထားတစ်ခု သဘောတူခဲ့ ပြီး ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဝင်ငွေ ရရှိနိုင်မည် ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမည့်သူများမှာ မည်သူများဖြစ်မည်ဆိုသည်မှာမူ အစိုးရမူဝါဒအပေါ် မူတည်ပါသည်။ မြန်မာ အစိုးရမှာမူ ယခုအထိ မူဝါဒကို ဆုံးဖြတ်ချက်မချရသေးပေ။ ကျေးရွာအလိုက် ကွာခြားမှုရှိနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံရန် ငွေကြေးရှိသူနှင့် ဝင်ငွေပြန်လည်ရရှိမှုအတွက် များများစောင့်နိုင်သူအပေါ်တွင် မူတည်မည်ဟု ထင်ကြောင်း Simon ကပြောပါသည်။

“မြန်မာနိုင်ငံမှာ တချို့ရွာတွေ ကျွန်တော်ကြည့်ခဲ့ရတာ ဘုန်းကြီးကျောင်းတွေက သြဇာအတော်ရှိတာပဲ။ ကျွန်တော် တို့က အနီးအနားကရွာတွေနဲ့ လျှပ်စစ်လိုင်းသွယ်ဖို့စနစ်မှာ ငွေပေးဖို့အသင့်ရှိတဲ့ မြန်မာဘုန်းကြီးတွေနဲ့ အဆက်အသွယ် ရခဲ့တယ်။ ပိုင်ရှင်အမျိုးမျိုး ပိုင်ဆိုင်မှုရှိမဲ့ စီးပွားရေးပုံစံတစ်ခုဖြစ်ပြီး အစိုးရကသာ မူဝါဒနဲ့ တံခါးဖွင့်ပေးဖို့ လိုတာပါ” ဟု ၎င်းကပြောပါသည်။

အကယ်၍ ဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံ၏ အလားအလာရှိသော စွမ်းအင်အဖြေအတွက် ကြိုးပမ်းနေသည် ဟု ဆိုလျှင် အခြားဆန့်ကျင်ဖက်အစွန်းတွင် Total၊ Chevron နှင့် တရုတ်၏ CNPC တို့ရှိနေပါသည်။

မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ် အာဏာရပြီးကတည်းက ကုန်းတွင်းနှင့် ကမ်းလွန်ဒါဇင်များစွာ တင်ဒါခေါ်ယူခဲ့ပြီး၊ ယခုနှစ်ကုန်တွင် ကမ်းလွန်လုပ်ကွက် နောက်ထပ် (၂၀) ခန့်ထပ်မံဖော်ထုတ်လိမ့်မည်ဟု မျှော်လင့် ရပါသည်။

လောလောဆယ်အားဖြင့် နိုင်ငံခြားကုမ္ပဏီ (၁၆) ခုသည် ကုန်းတွင်းရေနံလုပ်ကွက် (၁၇) ခုတွင် လုပ်ကိုင်နေပြီး၊ အခြားကမ္ပဏီ (၁၅) ခုသည် ကမ်းလွန်ရေနံလုပ်ကွက် (၂၀) ခုတွင် ရှာဖွေရေး သို့မဟုတ် ထုတ်လုပ်ရေးတွင် ပါဝင်လုပ်ကိုင် နေကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။

၂၀၁၄ တွင် တရုတ်နိုင်ငံ CNPC မှာ ဆောက်လုပ်နေသော အဓိကပိုက်လိုင်းနှစ်ခု ပြီးစီးမည်ဟု ခန့်မှန်းရပါသည်။ CNPC သည် မြန်မာနိုင်ငံသို့ ပို့ဆောင်မည့် ၇၇၁ ကီလိုမှတာ (၄၇၉ မိုင်) ရှည်သော ရေနံပိုက်လိုင်းကို တည်ဆောက်လျက် ရှိပါသည်။

နောက်ထပ်ကီလိုမီတာ ၈၇၀ (မိုင် ၅၄၀) ရှည်သော ဓါတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ရွှေ သဘာဝဓါတ်ငွေ့ များကို တရုတ်နိုင်ငံသို့ ပို့လွှတ်ရန်တည်ဆောက်နေပါသည်။

ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းသည် ယခုနှစ်ကုန်တွင် ဖွင့်လှစ်မည့် ဓါတ်ငွေ့စီမံကိန်းနှစ်ခု အနက်မှ တစ်ခုဖြစ်ပါသည်။ တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုတိုးမြှင့်နိုင်ရေးအတွက် လက်ရှိထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်မည်ဟု မျှော်လင့်ရပါသည်။

မြန်မာနိုင်ငံမီးလင်းရေးစီမံချက်များ သဘောတူချမှတ်ခဲ့ပြီးပါက အရေးပါသော အချိန်နှင့်ငွေကို အသုံးပြုရလိမ့် မည်ဟု ပညာရှင်များနှင့် အစိုးရက သတိပေးပါသည်။

“ယနေ့လျှပ်စစ်ဓါတ်အား အသုံးပြုနိုင်မှု ၂၆% ရှိနေရာကနေ ၂၀၂၀ မှ ၆၀% ထိ အသုံးပြုနိုင်ဖို့ မျှော်လင့်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ဆိုရင် လုပ်စရာတွေ အများကြီး လိုအပ်ပါတယ်” Groff က ပြောပါသည်။

“ကျွန်တော်တို့ဟာ မဝေးတော့တဲ့ အနာဂါတ်မှာ လျှပ်စစ်မီးမပြတ်ရရှိရေးအတွက် အလွန်ကြိုးစား အားထုတ်နေ ပါတယ်။ ရေရှည်မှာလည်း တစ်နိုင်ငံလုံး စွမ်းအင်မပြတ်လပ်စေရေး အတွက် အစီအစဉ်တွေ အများကြီး လုပ်နေပါတယ်” ဝန်ကြီးက ဖြည့်စွက်ပြောပါသည်။

ပြည်သူအများစုကမူ မိနစ်မဆိုင်း အလိုရှိနေကြပြီဖြစ်ပါသည်။
Yangon chronicle



ပြည်တွင်းမှာတော့ အထူးသဖြင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေသူတွေကို အပုတ်ချ နံမည်ဖျက်တဲ့ဟာတွေကို facebookကနေ တွင်တွင်ကျယ်ကျယ် သုံးလာတာသတိပြုမိပါတယ်.. (ကိုကိုကြီး)

မလေးရှားနိုင်ငံမှ သတ်ဖြတ်မှုများ အနက်ရောင်အင်္ဂါနေ့လှုပ်ရှားမှု နဲ့ ပြည်တော်ပြန်ရေးအကူအညီများ နဲ့ပတ်သက်လို့...

မြန်မာနိုင်ငံသားတချို့ မလေးရှားမှာ အသတ်ခံရတာနဲ့ပတ်သက်ပြီး ၀မ်းနည်းကြောင်းပြသတဲ့အနေနဲ့ facebook မှာအနက်ရောင်ပရိုဖိုင်းတွေတင်ကြပါတယ်။

ကိုယ့်နိုင်ငံသားတွေရဲ့သေဆုံးမှုအပေါ်မှာ တစည်းတလုံးတည်း စာနာစိတ်ရှိကြတာကောင်းပါတယ်။ ဒါပေမယ့် အဲ့လို စာနာမှုနဲ့ပါဝင်လာတဲ့အင်အားတွေထဲမှာ ရန်လိုစိတ်နဲ့ လှုံ့ဆော်မှုဆန်တဲ့ အရေးအသားတချို့လည်းတွေ့လာရပါတယ်။ အထူးသဖြင့် မြန်မာပြည်တွင်းမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာတုန်းက ပင်တိုင်လှုံ့ဆော်ခဲ့ကြတဲ့ အကောင့်တွေမှာ နောက်ထပ်အကြမ်းဖက်မှုလှိုင်းတွေထပ်ပေါ်လာစေနိုင်မယ့် အရေးအသားမျိုးတွေ အစပျိုးနေတာတွေ့ရပါတယ်။ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အချက်တခုဖြစ်ပါတယ်။ လှုပ်ရှားမှုဟာ ရည်ရွယ်ချက်အားဖြင့် ပြသနာမရှိပေမယ့် လူမျိုးရေး၊ဘာသာရေး အစွန်းရောက်သူတွေအတွက်တော့ ၀ါဒဖြန့်ချိိလို့ အင်မတန်ကောင်းတဲ့အခြေနေတခုဖြစ်နေပါတယ်။ ကျနော့်ရဲ့ အမြင်နဲ့ ခံစားချက်ကတော့
မလေးမှာ အသတ်ခံရတဲ့သူတွေတင်မကပါဘူး၊ ပြည်တွင်းပြည်ပမှာဖြစ်ခဲ့တဲ့ လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေမှာ အသတ်ခံခဲ့ရတဲ့ ဓါးစာခံတွေအားလုံး၊ အသက်မသေလိုက်ပေမယ့် ဘ၀တွေသေခဲ့ပျက်ခဲ့ရတဲ့ မိသားစုတွေအားလုံး၊ စိတ်နှလုံးမှာ အမုန်းတရားတွေ အာဃာတတွေအငြှိုးတွေနဲ့ နာကျင်ခံစားခဲ့ရတဲ့ ပြည်သူတွေအားလုံးအတွက် လေးလေးနက်နက်ကို ၀မ်းနည်းမိပါတယ်။

ပြီးတော့ ဒီလိုဝမ်းနည်းမှုဟာ တနေ့စာတရက်စာတည်းလည်း မဟုတ်ပါဘူး တမြေ့မြေ့နဲ့တွေးမိတိုင်း ၀မ်းနည်းပြီး နိုင်ငံတခုလုံးပြည်သူအားလုံးရဲ့အနာဂတ်တွက်ပါ ယူကျုံးမရဖြစ်ရတဲ့ ၀မ်းနည်းမှုမျိုးပါ။ ဒီလို ခွဲခြားကန့်သတ်မှုတေ သံသယတွေ ရန်လိုမှုတွေနဲ့ ကျနော်တို့တွေ ဘယ်လိုအနာဂတ်ကို ချီတက်ကြမှာလဲ။ အမုန်းနဲ့လျှောက်တဲ့လမ်းတွေက ကျနော်တို့ကို ဘယ်ကိုပို့ဆောင်ကြမှာလဲ။ နိုင်ငံတကာမှာ နည်းပညာသစ်တွေတီထွင်ရှာဖွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ တဖက်မှာလည်း လူသားရဲ့ဂုဏ်နဲ့မြင့်မြတ်မှု လူ့အခွင့်အရေးတွေကို ပိုမိုလေးစားနေကြပြီး လူ့ယဉ်ကျေးမှုကို ရှေ့ကိုတဟုန်ထိုးတိုးတက်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အချိန်မှာ ကျနော်တို့နိုင်ငံကတော့ ဒီလို သွေးထွက်သံယို အကြမ်းဖက်မှုတွေနဲ့ ခေတ်နောက်ပြန်ဆွဲမယ့် ခွဲခြားကန့်သတ်မှုတွေနဲ့ ရှေ့မတိုးနိုင်ပဲသံသရာလည်နေရတာ အင်မတန်ဝမ်းနည်းစရာပါ။ ဒါကြောင့် ဒီလိုဝမ်းနည်းစရာ အဖြစ်တွေမဖြစ်ရလေအောင် အဓိကရုဏ်းတွေဖြစ်စေမယ့် အပြုအမှု အပြောအဆိုတွေ လှုပ်ရှားမှုတွေနဲ့ ဝေးဝေးမှာနေပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း တတ်နိုင်သမျှ ရှောင်ရှားဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။ ခုလိုအမြင်တွေကို ရေးသားပြီးတော့လည်း တတ်နိုင်သမျှကာကွယ်ပါတယ်။

ခုမလေးရှားက အဖြစ်အပျက်တွေနဲ့ ပတ်သက်ရင်လည်း ဒီလို အနက်ရောင်လှုပ်ရှားမှုမျိုးနဲ့ပြသနာကိုပြေလည်သွားစေမယ်လို့ မထင်မိပါဘူး။ ခုလိုမျိုး သတ်ဖြတ်မှုတွေရဲ့ အဓိက အကြောင်းရင်းကို ဖြေရှင်းနိုင်မှသာ ပြေလည်မှာဖြစ်ပါတယ်။ အကြောင်းရင်းဆိုတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ပြည်တွင်းမှာဖြစ်ခဲ့တဲ့ မီးရှို့မှုတွေ သတ်ဖြတ်မှုတွေကနေ မြစ်ဖျားခံတယ်ဆိုတယ် အငြင်းပွားစရာမရှိပါဘူး။ ဆိုတော့ ကျနော်တို့တကယ်တမ်းပိုလုပ်သင့်တာက ကျနော်တို့ပြည်တွင်းမှာ လူမျိုးတမျိုးနဲ့ တမျိုးကြား ဘာသာတခုနဲ့တခုကြား အမုန်းမပွားအောင် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နိုင်အောင်ကြိုးစားသင့်ပါတယ်။ မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ တရားဥပဒေမဲ့ ရမ်းကားမှုတွေကို ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ မကိန်းအောင်းနိုင်အောင် အားလုံးဝိုင်းဝန်းပြီး ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်။

ခုဆိုရင်ပဲ မလေးရှားပြသနာနဲ့ပတ်သက်လို့ အလုပ်သမားတွေပြန်ဖို့ဆိုတဲ့ အသံတွေကြားရ ပါတယ်။ နောက်ဆက်တွဲအနေ နဲ့ ပြန်မယ့်သူတွေကို ငွေကြေးလှုဒါန်းမယ်ဆိုတဲ့ သူတွေလည်းပေါ်လာပါတယ်။ အဲ့လိုလှုမယ်ဆိုတဲ့သူတွေဟာ အလိုလိုနေရင်းနဲ့ မျိုးချစ်ဝံသာနုသူရဲကောင်းကြီးတွေ နေ့ချင်းညချင်းဖြစ်လာပါတယ်။ စဉ်းစားစရာ အလွန်ကောင်းပါတယ်

MAI လိုလေကြောင်းလိုင်းကတောင် ၅၀% လျော့ပြီး ပြန်မယ့်သူတွေကို ကူညီမယ်ဆိုတာမျိုးတွေ၊
ဘယ်လိုများ ချက်ချင်းကြီးဒီစိတ်ကူးတွေပေါ်လာကြလဲတွေးဖို့လိုပါတယ်။ လူဆိုတာ အမျိုးနဲ့နာမည်တပ်ပေးလိုက် သူသူငါငါ စိတ်ဆတ်တတ်ကြပြီး၊ လူမျိုးရေးမှာ ရက်ရောတဲ့သူဆိုရင်လည်း အထင်ကြီးလေးစားတတ်ပါတယ်။ တကယ်တော့ အဲ့လို အလုပ်သမားတွေပြန်လာဖို့၊ ပြန်မယ့်သူတွေကိုကူဖို့ ဒါတွေကိုလုပ်လိုက်လို့ တကယ့်ပြသနာက ပြီးသွားမှာမဟုတ်ပါဘူး။ ဒူဘိုင်းလို၊ ဘရူနိုင်းလို၊ နိုင်ငံတွေမှာလည်း မြန်မာတွေအများကြီးကိုရှိပါသေးတယ်။ အာရပ်နိုင်ငံတွေမှာဆိုရင် မိန်းကလေးတွေပိုများပါတယ်။
အဲ့နိုင်ငံတွေမှာဖြစ်ခဲ့ရင်ရော အဲ့လိုပဲပြန်လာခိုင်းကြမှာလားတွေးသင့်ပါတယ်။ အားလုံးပြန်လာကြပါပြီတဲ့ ဒီမှာ သူတို့ကို ဘယ်လိုအလုပ်တွေပေးကြမှာလဲ၊ အိမ်ပေါင် လယ်ပေါင်ပြီး တရပ်တကြေးမှာ စီးပွားသွားရှာကြရတာ ခုလိုပြန်လာကြရတော့ သူတို့ အကြွေးတွေဘယ်လိုဆပ်ကြရမှာလဲ။ မိသားစုဝမ်းရေးကို ဘယ်လိုဖြေရှင်းကြရမှာလဲ။ သန်းနဲ့ချီရှိတဲ့လူတွေကို ပြည်တွင်းမှာ ဘယ်အလုပ်တွေ အစားထိုးပေးမှာလဲ။ အစကတည်းက ပြည်တွင်းမှာ မစားလောက်လို့၊ အလုပ်အကိုင်ရှားပါးလွန်းလို့ သူများနိုင်ငံသွားရှာဖွေကြရတာ ခုလိုဖြစ်တော့ ဘယ်လိုရှင်းကြမှာလဲ။ နောက်ဆက်တွဲပြသနာတွေ အများကြီးပါ။ ဒီလိုအချိန်မှာ တကယ့် ဒိတ်ဒိတ်ကြဲစီးပွားရေးသမားကြီးတွေက ဒါကို မတွေးမိပဲမနေပါဘူး။ ဒါဆို ဘာလို့တကယ့်အဖြေကို မရှာပဲ အဖြေမရှိတဲ့အလုပ်တွေလုပ်ကြတာလဲ။ သူတို့ ကိုယ်ပိုင် အဖြေတခုတော့ ရှိနေနိုင်ပါတယ်။

ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မလေးအစိုးရကို မပြောလိုဆိုပြီး လမ်းကြုံဝင်ခွပ်တာတွေက ရှိပါသေးတယ်။ မလေးအစိုးရက သံသယရှိသူတွေကို ၀ရမ်းတွေထုတ်ပြီး ဖမ်းဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ သူတို့ရဲ့ တုန့်ပြန်မှုက ကိုယ်ကျေနပ်လောက်အောင် မမြန်ပေမယ့်၊ သေချာတာကတော့ မြန်မာတွေအသတ်ခံခဲ့ရတာ မလေးရဲတွေရှေ့မှာမဟုတ်ပါဘူး။ မလေးရဲတွေရှေ့မှာ မြန်မာတွေအရိုက်ခံရတာမဟုတ်ပါဘူး။ ပြည်တွင်းဖြစ်စဉ်တွေမှာတော့ ရဲတွေရှေ့မှာတင် မီးရှို့လူသတ် လုပ်နေခဲ့ကြတာ မှတ်တမ်းတွေမှာ တွေ့ရမှာပါ။ ဆိုတော့ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဝေဖန်ဖိအားပေးဖို့မှမလိုပါဘူး။ မလေးအစိုးရက သူတတ်နိုင်သမျှသူလုပ်နေပါတယ်။

ခုဖြစ်စဉ်တွေအားလုံးကို သေချာပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေဟာ တိုင်းပြည်ရဲ့အနာဂတ်ကို စုတ်ပြတ်သွားစေနိုင်လောက်အောင် စိုးရိမ်စရာရှိလာတာတွေ့ရပါတယ်။ ဒါ့အပြင် ဒီအဓိကရုဏ်းတွေကို ခုတုံးလုပ်ပြီး နည်းမျိုးစုံနဲ့ အတိုက်အခံအင်အားစုတွေကို အပုတ်ချတိုက်ခိုက်တာတွေ ပြောင်ပြောင်တင်းတင်းလုပ်လာတာတွေ့ရပါတယ်။ အမျိုးသားရေးဝါဒမှိုင်းနဲ့ နိုင်ငံတော်ရဲ့ သြဇာအာဏာကို ပိုမိုကြီးမားလာအောင် လုပ်ဆောင်လာတဲ့သဘောတွေမြင်လာရပါတယ်။ ဒါ့အပြင် ခုနောက်ဆုံးတွေ့ရတဲ့တချက်ကတော့ ကျနော်တို့ပြည်သူတွေ နှစ်ပေါင်းများစွာ ရွံရှာခဲ့ကြတဲ့ ပြည်သူ့စီးပွားကို ဂုပ်သွေးစုပ်ကြီးပွားလာတဲ့ ခေတ်ပျက်ဂျပိုးလို့ နာမည်တပ်ခံခဲ့ရတဲ့သူတွေပါ။ အမျိုးသားရေးသူရဲကောင်းတွေလိုလိုဖြစ်လာတာပါပဲ။ ကျနော်တို့အနာဂတ်ကို ဘာတွေ ရွေးချယ်ပြီး ဘယ်လိုရေးမယ်ဆိုတာ ကျနော်တို့ စိတ်အေးအေးနဲ့ စဉ်းစားဖို့လိုပါတယ်။ အိပ်မက်ဆိုးတွေ မမက်ရအောင် ကာကွယ်ဖို့ ကျနော်တို့ကြိုးစားနိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

အကြမ်းဖက်မှုတွေ၊ ခွဲခြားကန့်သတ်မှုတွေ ကင်းဝေးပြီး
မြင့်မြတ်တဲ့လူသားဝါဒပေါ်ထွန်းပါစေ။

မိုဃ်းသွေး

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.