06/13/13

မန္တလေးမြို့မှ ကိုင်းတန်းညဈေး ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ခွင့်ပြုချက်မယူဘဲ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြသူ ၇ ဦးကို ချမ်းအေး သာဇံ မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ဆန္ဒပြသူများ ဖြစ်သည့် ကိုအေးသိန်း၊ ကိုစိန်အောင်၊ ကိုဝင်းဆွေမြင့် တို့အား အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လ စုစုပေါင်း ၁ နှစ် နှင့် ၃ လ ချမှတ်ကြောင်း၊ ကိုညီညီကျော် (အေဘီမြောက်ပိုင်းပြန် ၊ ပဋိပက္ခ ကြိုတင် ကာကွယ်တားဆီးရေး အဖွဲ့ဝင်)နှင့် မနွယ်နွယ်ဦး၊ မနီနီအောင်၊ မသဲသဲ တို့ကို ပုဒ်မ ၁၈ အရ ထောင်ဒဏ် (၃) လ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် သြဂုတ်လက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ ၏ အစီအစဉ်ဖြင့် ကိုင်းတန်းညဈေးအား ကမ်းနား ချော်ဆိပ် အနီးသို့ ပြောင်းရွှေ့ခိုင်းရာ ဈေးသူဈေးသားများက မကျေနပ်သည့်အတွက် ဈေးသူဈေးသား ၁၀၀ ခန့် မြို့တော်ဝန်ရုံးသို့ ချီတက် ဆန္ဒပြကြခြင်းဖြစ်သည်။

ထိုစဉ်က အထက်မြန်မာပြည် အလုပ်သမားအရေးဆောင်ရွက်သူ ကိုအေးသိန်း၊ ကိုင်းတန်းဈေး တာဝန်ခံ ကိုဝင်းဆွေမြင့်၊ ကိုညီညီ ကျော်တို့အား မြို့တော်ဝန် ဦးအောင်မောင်းက ခေါ်ယူဆွေးနွေးပြီးနောက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရုံးတင် တရားစွဲခဲ့ခြင်းဖြစ်ပြီး ထိုသို့ မန္တလေး ၈၄လမ်း ၊ ၂၈/၂၉/၃၀ လမ်း ကိုင်းတန်းဈေး မပြောင်းရွေ့ရေး တွင် ကူညီ ဆောင်ရွက်ခဲ့ကြသူများ ကို (၁၂-၆-၁၃)နေ့ နေ့လည်က ချမ်းအေးသာဇံတရားရုံးမှာ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် ဆန္ဒပြခွင့်ပြုသော်လည်း ကြိုတင်ခွင့်တောင်းရမည်ဖြစ်ပြီး ခွင့်ပြုချက်ရယူခြင်းမရှိပါက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခွင့် ရှိသည်ဟု ပြဋ္ဌာန်းလျက် တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်များ ချမှတ်နေရာ ယမန်နေ့ကလည်း ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က သိမ်းဆည်းထားသည့် လယ်ယာမြေများပြန်လည်ရရှိရေး ၀င်ရောက်ကူညီသည့် မိတ္ထီလာ ပြည်သူ့ အကျိုးဆောင် ကွန်ရက် မှ ဒေါ်မြင်မြင့်အေး အပါအ၀င် (၃) ဦး ကို ပေါင်းတည် ထောင် တွင် ထိန်းသိမ်းကာ တရားစွဲဆိုရန် ပြင်ဆင်နေသည်။

ယခင်ကလည်း လက်ပံတောင်းတောင် သံဃာတော်များ မှ သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှု ကို ဆန့်ကျင်ရှုတ်ချပွဲတွင် ဝိုင်းဝန်းကူညီခဲ့ကြသော မန္တလေး မှ ဗကသ ကော်မတီဝင်များ ကို ပုဒ်မ(၁၈)ဖြင့် တရားစွဲခဲ့ပြီး ထောင်ဒဏ်(၁)လ ချမှတ်ခဲ့သည်။ ထိုအတူ ကိုနေမျိုးဇင် အား ပုဒ်မ(၁၈)ထောင်ချခြင်း၊ မုံရွာလက်ပတောင်းတောင် အရေး လှုပ်ရှားသူ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်မှ ကိုအောင်စိုးနှင့် ဒေသခံ ရွာသား(၂)ဦး အား လည်းကောင်း ၊ နိုင်ငံအဝန်း အကြမ်းဖက်မှုများ ဆန့်ကျင်ရှုပ်ချခြင်း၊ ဆုတောင်းပွဲကျင်းပခြင်း နှင့် တောင်ကြည့်ပွဲ ကျင်းပမှု တို့ကို အကြောင်းပြုပြီး မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ(ဗကသ) မှ ကိုနွေဦးကိုနှင့် ကိုဟိန်းဇော်ဝင်း တို့အား ပုဒ်မ(၁၈)ဖြင့် ဒဏ်ငွေ(၃၀၀၀၀)ကျပ် ချမှတ်ခဲ့ပြီး လက်ပံတောင်းတောင်ကယ်တင်ရေး ကော်မတီ မှ ဦးမြင့်အောင် ကိုမူ ထောင်ဒဏ် (၁)နှစ်ချမှတ်ခဲ့သည်။

ရန်ကုန်တွင်လည်း ဦးဝင်းချို အပါအဝင် လယ်သမားအရေး ၊ အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသော သူများ ကို လည်း ပုဒ်မ(၁၈)ဖြင့် တရားရုံး အသီးသီးတွင် အမှုဖွင့်ထားပြီး ရန်ကုန်မှလိုင်ဇာ အထိ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ ကိုလည်း ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားပြန်သည်။ စစ်ပွဲရပ်ရေး ငြိမ်းချမ်းရေး ဆန္ဒ ဖော်ထုတ်သူများ ကို လည်း ပုဒ်မ(၁၈) ဖြင့် တရားစွဲဆိုထားသလို မနှစ်က ဖယောင်းတိုင် ထွန်းခဲ့သူများ အပါ အဝင် နိုင်ငံတဝှမ်း လှုပ်ရှားသူများ ကို ဤပုဒ်မဖြင့် တရားရုံးများတွင် အသီးသီး စွဲဆိုထားသည် တွေ့ရသည် ။

နိုင်ငံတော် အခြေခံဥပဒေ အခန်း(၈) ပုဒ်မ (၃၅၄)တွင် ပြဌာန်းထားသော နိုင်ငံသား မူလအခွင့်အရေးများတွင် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် ပါရှိသော်လည်း ထိုအခြေခံ ဥပဒေ၏ အထက်တွင် ခွင့်ပြုခြင်း / ခွင့်မပြုခြင်းကို ပုဒ်မ (၁၈) ဖြင့် လုပ်ပိုင်ခွင့်ပေး၍ မြို့နယ်ရဲတပ်ဖွဲ့မှ အရေးယူ ဆောင်ရွက်ချက်များ ဖြင့် လွမ်းမိုးနေသည်ကို တွေ့ရသည်။


ကိုဝိုင်ဝိုင်ကေ
၁၂-၆-၁၃

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပြည်ပခရီးစဉ် တစ်ခုအ တွင်း ၂၀၁၅ ၌ သမ္မတဖြစ်လို ကြောင်း ပြောကြားခဲ့ပြီး နေပြည် တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်၌လည်း ဒုတိယအကြိမ်ထပ်မံ၍ သမ္မတ ဖြစ်လိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းကလည်း သူ၏အမေရိကန်ခရီးစဉ်၌ VOA သတင်းဌာနနှင့် မေးမြန်းခန်းပြု လုပ်ရာ၌ မိမိအနေဖြင့်လည်း ၂၀၁၅ တွင် သမ္မတ ဖြစ်လို ကြောင်း ပြောကြားခဲ့ပြီး ယင်းသို့ ပြောကြားချက်နှင့် ပတ်သက်၍ သမ္မတဖြစ်လိုကြောင်း ဆန္ဒပြုသူ နှစ်ဦးစလုံးမှာ အမိနိုင်ငံတော်၌ ဦးစွာ ပြောကြားခြင်းမျိုး မဟုတ် ဘဲ ပြည်ပနိုင်ငံများ၌သာ ပြော ကြားခြင်းမှာ ထူးခြားမှုတစ်ခုပင် ဖြစ်ကြောင်း လေ့လာသူ အချို့က သုံးသပ်ကြသည်။ ယင်းနှင့်ပတ် သက်၍ နိုင်ငံရေးနှင့် လွှတ်တော် နယ်ပယ်၌ ထင်ရှားသူ အချို့ အားHot Newsမှ ဆက်သွယ်၍ သဘောထားမေးမြန်း ဖြစ်ခဲ့ပါ သည်။

ဦးဌေးဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(USDP)

လွှတ်တော်ဥက္ကဋ္ဌကြီးရော ဒေါ်အောင်ဆန်းစုကြည်ရော နှစ် ဦးစလုံးက သူတို့ရဲ့ဆန္ဒကို ပြော တာပါ။ သူတို့တိုင်းပြည်ကို တာဝန်ယူချင်တဲ့ ဆန္ဒတို့ပြောကြ တာပါ။ ဒါနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်သမ္မတဖြစ်ချင်ကြောင်း ဆန္ဒပြုကြတဲ့ ပုဂ်္ဂိုလ်နှစ်ဦးစလုံး ဟာလည်း တကယ့်ကို လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ပြီး တော့ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မယ့် လူတွေ လည်းဖြစ်ကြပါတယ်။ ဒါပေမဲ့ ၂၀၁၅ ဆိုတာက လိုပါသေး တယ်။ လိုသေးတယ်ဆိုပေမဲ့ လည်း ရှိနေတဲ့အချိန်ပေါ်မှာ မူ တည်ပြီး သမ္မတဆန္ဒပြုတဲ့ လွှတ် တော် ဥက္ကဋ္ဌကြီးရော၊ ဒေါ် အောင်ဆန်းစုကြည်ရော ကြိုးစား ကြရလိမ့်မယ်။ ကြိုးလည်းကြိုးစား နေကြပါတယ်။

ဦးသိန်းညွန့်(NNDP) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်

လွှတ်တော်ဥက္ကဋ္ဌကြီး ၂၀၁၅ သမ္မတဖြစ်ချင်တယ်ဆိုတဲ့ စကားကို လေ့လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာလည် ပြည်ပနိုင်ငံတစ်ခုမှာ ပထမဆုံး ပြောခဲ့တယ်။ ခုလွှတ်တော်ဥက္ကဋ္ဌ ကြီးဟာလည်း အမေရိက ခရီး စဉ်မှာ ပြောခဲ့တယ်။ ဒါနဲ့ပတ် သက်ပြီး ပြောရမယ်ဆိုရင် ပြည် တွင်းမှာ ၂၀၁၅ သမ္မတဖြစ်ရေး အတွက် ဆန္ဒပြုသူနှစ်ဦးစလုံးဟာ အမိနိုင်ငံမှာ ဦးဆုံးပြောတာ မဟုတ်ဘဲ ပြည်ပနိုင်ငံ ခရီးစဉ် တွေမှာ ပြောကြားခဲ့တာဟာ ထူး ခြားတယ်လို့ ကျွန်တော်ယူဆ တယ်။

နောက်တစ်ခုက သမ္မတ လောင်းနှစ်ဦး စလုံးဟာ ၂၀၁၅ မှာဝင်ပြိုင်မယ်ဆိုတဲ့အတွက် မြန်မာ့နိုင်ငံရေးစင်မြင့်မှာ လှုပ်လှုပ်ရွရွဖြစ်ပြီး အရမ်းကို ကြည့်ကောင်းတဲ့ပွဲတစ်ပွဲပဲ။ ဒါပေ မဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သုံးသပ်ရမယ်ဆိုရင် သူရဦးရွှေ မန်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉အပိုဒ်ခွဲ(စ)နဲ့ညီညွတ်နေ တဲ့အတွက်သူရဲ့သမ္မတ ၀င် ရောက်ယှဉ်ပြိုင်မှုမှာ ဘာအတား အဆီးမှ မရှိတော့ဘူး။ ဒေါ် အောင်ဆန်းစုကြည်ကတော့ သူ့ခင်ပွန်းကရော၊ သူ့သားသမီး နှစ်ဦးကရော နိုင်ငံခြားသားတွေ ဖြစ်နေတယ်။

ဒီတော့ သူ့ရဲ့ သမ္မတ ၀င်ရောက်ယှဉ်ပြိုင်မှုမှာ အခြေခံဥပဒေပုဒ်မ ၅၉(စ)က အတားအဆီးသဘောဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး အနီးဆုံးသာဓက တစ်ခုကို ကြည့်မယ်ဆိုရင် တိုင်း ဒေသကြီး ၀န်ကြီးချုပ်တစ်ဦးရဲ့ သားမက်တော်စပ်သူဟာ နိုင်ငံ ခြားသားဖြစ်တဲ့အတွက် သူ့ရဲ့ ဒုတိယ သမ္မတဖြစ် ခွင့်မရခဲ့တာ လည်း အထင်အရှားကြီးရှိနေ တယ်။ ဒီလိုသာဓကမျိုးကို သိရဲ့ သားနဲ့ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ၀င်ပြိုင်မယ်လို့ ပြော တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို သူလိုချင်တဲ့ပုံစံအတိုင်း လုပ်နိုင်မယ်လို့ယူဆလို့ ပြော သလားလို့ပေါ့နော်””

အထက်ပါ သုံးသပ်ချက်များအပြင် မကြာမီ ကာလအတွင်းHot News နှင့်NLDဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်တို့ တွေ့ဆုံခဲ့ရာတွင်လည်း ယင်းမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လိုသည်မှာ အာဏာရလိုမှု၊ လုပ်ပိုင်ခွင့်ရလိုမှုသက်သက် မဟုတ်ဘဲ လူစုအကျိုးကိုထိ ရောက်စွာ သယ်ပိုးကူညီနိုင်ရန် အတွက် လုပ်ပိုင်ခွင့်၊ အာဏာ ရှိမှသာ အထိရောက်ဆုံးလုပ်နိုင် မည်ဖြစ်သဖြင့်သာ သမ္မတလုပ်လို ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံ ရေးနှင့်ဥပဒေရေးနယ်ပယ်မှ လေ့လာစောင့်ကြည့်သူများ ကလည်း ဒေါ်အောင်ဆန်းစု ကြည်၏ သမ္မတ၀င်ပြိုင်မည်ဆို သည့်စကားနှင့်ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ပြဋ္ဌာန်းထားသော ပုဒ်မ (၅၉)(စ)ပါပြဋ္ဌာန်းချက်အား မည် သို့ကျော်လွှားမည်ကို စိတ်ဝင်စား စောင့်ကြည့်လျက်ရှိနေကြသည်။

ခန့်ခန့်(ဒဿနိက)

The Hot News Weekly

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံမှတဆင့် လေကြောင်းခရီးဖြင့် ယနေ့ဇွန်လ ၁၂ ရက် နံနက် ၈း၅၀ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်သည်။
မင်းကိုနိုင်နှင့်ကိုကိုကြီးတို့နှစ်ဦးအား ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ လှိုင်သာယာစက်မှုဇုံမှ အလုပ်သမားများ၊လယ်သမားများ ၊ကျောင်းသားသမဂ္ဂဖြစ်မြေက်ရေးအဖွဲ့ဝင်၊ ကျောင်းသားကျောင်းသူများ၊ တ.က.သ အဖွဲ့ဝင် ကျောင်းသားကျောင်းသူများ၊ ဗ.က.သ အဖွဲ့ဝင် ကျောင်းသားကျောင်းသူများ၊ ဦးမြကြိုင်ကျောင်းမှ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများနှင့် ၈၈မျိုးဆက်အဖွဲ့ဝင်များ အင်အား ၅၀၀ ခန့်က ပန်းစည်းများ၊ အလံငယ်များ ကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြသည်။

The 88 Generation Peace and Open Society

ကျွန်တော်တို့ ကို ဖုန်းဆက်တဲ့ သူအားလုံး မေးတဲ့မေးခွန်းအားလုံးကို ကျွန်တော်ဒီမှာ ဖြေပေးပါ့မယ်။

1. ပြန်မယ့်သူမှာ ပတ်စပို့စာအုပ်ရှိပါသလား ?
Passport စာအုပ်ရှိပြီး ပါမစ်မရှိပါက မလေးရှားနိုင်ငံ လူဝင်မှု့ကြီးကြပ်ရေး (IMMIGRASI) မှာ Special Pass (ပြည်ထွက်ခွင့်လက်မှတ်) အတွက် သွားရောက် ပြီးဒဏ်ကြေး ၄၀၀ တိတိ ပေးဆောင်ရပါတယ် ။ ထိုသို့ပေးဆောင်တဲ့နေရာမှာ မိမိပြန်ချင်တဲ့ရက် ပြန်လို့မရနိုင်ပါဘူး ၊ လဝက က သတ်မှတ်ပေးလိုက်တဲ့ရက်မှာ ပြန်ရတာပါ ။ ပထမ ပူထရာဂျာရာ အင်မီဂရေးရှင်းရုံးကို သွားပြီး ပြန်ဖို့ဆောင်ရွက်တဲ့နေရာမှာ နောက်ထပ်တစ်ရက် လာဖို့ ထပ်ချိန်းပါတယ် ၊ ထိုချိန်းတဲ့ ရက်ကိုမှ တစ်ပတ် ခန့်ခွာပြီး လေယာဉ်လက်မှတ်ဝယ်ရတာပါ ။

ထိုသို့ ချိန်းဆိုသောရက် သည် MAI မှပရိုမိုးရှင်းဖြင့် ရောင်းချသော ရက်ဖြင့်တိုက်ဆိုင်ပါက ပရိုမိုးရှင်း ဈေး ၂၄၀ ဖြင့်ဝယ်ယူနိုင်ပြီး MAI မှရောင်းချသည့် ၁၂.၇.၂၀၁၃ နောက်ဆုံးရက်နောက်ပိုင်းမှပြန်ရပါက ထိုရက်အတွက်ရှိသောဈေးဖြင့် သာဝယ်ယူနိုင်မည်ဖြစ်သည် ။

အထက်ပါအတိုင်း မလေးရှားနိုင်ငံ အင်မီဂရေးရှင်းရုံးမှ ချိန်းဆိုသောရက်တွင် လက်ဗွေနှိပ်ရပြီး ပြန်မည့်သူ၏ BIO DATA အားယူထားမည်ဖြစ်ပြီး ၅ နှစ်အတွင်းမလေးရှားသို့ပြန်လည်ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်းသိထားရန်လိုသည် ။

2. ပြန်မည့်သူမှာ Passport မရှိဘူး မှတ်ပုံတင်ပှဲရှိတယ် ရပါသလား ?
ရပါတယ် .... မိမိတွင်ရှိသော မှတ်ပုံတင် (သို့) မိတ္တူယူပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် CI ( certificate of identity ) လျှောက်ပြီး CI ရပါက အထက်ပါ Passport ရှိသူများအတိုင်း မလေးရှား အင်မီဂရေးရှင်းရုံးမှာ Special Pass သွားလျှောက်ထားပြီး ပြန်နိုင်ပါတယ် ။

3. Passport ရှိတယ် Permit ရှိတယ် သူဌေးက ပြန်မလွတ်ဘူး ပြန်လို့မရဘူး ပြန်ချင်တယ် ဘယ်လိုလုပ်ရမလဲ ?
လက်ရှိ မလေးရှားမှာ အများဆုံး ဖြစ်နေတဲ့ ပြဿနာပါ ၊ မလေးရှားက လုပ်ငန်းရှင်းတွေကတော့ စာချုပ်နဲ့ ခေါ်ယူထားတဲ့သူတို့ အလုပ်သများတွေကို လွယ်လွယ်နဲ့တော့ပြန်လွတ်မှာ မဟုတ်ပါဘူး ၊ ဒါက သူတို့ အတွက် ဆုံးရှုံးမှု့ ဖြစ်တာကြောင့် ပတ်စပို့ပြန်ပေးဖို့ လွယ်မည်မဟုတ်ပါ ။

မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်မှ အန္တရယ်များလို့ မဖြစ်မနေပြန်မယ်ဆိုရင်တော့ ပထမဆုံး မြန်မာသံရုံးမှာ အသစ်ရောက်ရှိနေတဲ့ အလုပ်သမားရေးရာ သံမှူး ထံ အကူညီတောင်းပါ ။ သူတို့ ညှိနှိုင်း ပေးရင်တော့ အဆင်ပြေလောက်ပါတယ် ။

အဲ့လို မဟုတ်လို့ မိမိတို့ သဘောနဲ့ ပြန်မယ်ဆိုရင်တော့ .....
ဒုတိယ ပတ်စပို့ မရှိတဲ့ သူတွေ လုပ်ရမည့် လုပ်ငန်းစဉ်အတိုင်းလုပ်ရမည်ဖြစ်ပါတယ် ။

ကျွန်တော်တို့ ဘာကူညီပေးသလဲ ?
ယနေ့အထိ ကျွန်တော်တို့ ထံ ရောက်ရှိလာတဲ့ အကူညီအနေဖြင့် ပထမဆုံး မနက်ဖြန် ၁၃.၆.၂၀၁၃ အတွက် အခမဲ့လောယာဉ်လက်မှတ် ဒါနပြုပါတယ် ။ ဒီ့အတွက် ဧရာဝတီ ဖောင်ဒေးရှင်းက လာရောက်ကူညီသူများက ထောက်ပံတာဖြစ်ပါတယ် ။

ဒုတိယ MAI က ပြန်လိုသော မြန်မာနိုင်ငံသားများ ပြန်နိုင်ဖို့ ၁၂.၆.၂၀၁၃ မှ ၁၂.၇.၂၀၁၃ အထိ လေယာဉ်လက်မှတ် 240RM ဖြင့်ရောင်းချ ပေးသည့်အတိုင်း ပြန်လည်ရောင်းချပေးပါတယ် ။

တတိယ ယခု လာရောက်သည့် မြန်မာပြည်မှ လုပ်ငန်းရှင်ကြီးမှာရဲ့ အလှူးငွေနဲ့ အကူညီကို သယ်ဆောင်လာကြတဲ့ ဧရာဝတီ ဖောင်ဒေးရှင်းရဲ့ အကူညီ များ ဘယ်လိုကူညီမယ်ဆိုတာကို ဒီညနေ အစည်းဝေးပြီးမှာ ကျွန်တော် ဒီစာမျက်နှာပဲ ဖော်ပြပါ့မယ် ။ အလှူရှင်များကညီမည့်အတိုင်း ထိထိရောက်ရောက် ကျွန်တော်တို့ ကူညီပါ့မယ် ။

ဒါဆို ပြန်မည့်သူများအတွက် ရှင်းလောက်ပြီထင်ပါတယ်။
ဆက်လက်ပြီး update ဖြစ်မယ့် အကြောင်းအရာ ၊ ပြောင်းလဲမှု့တစ်ခုခု ရှိပါက ကျွန်တော်တို့ ချက်ချင်း တင်ဆက်ပေးသွားပါ့မယ် ။

ကျွန်တော်တိုခံလာရောက် ဆောင်ရွက်သူများအတွက် ကျွန်တော်တို့ ဆက်တိုက် အီမီဂရေးရှင်းရုံးကို လွတ်ပေးနေပါတယ် ။

ကျွန်တော်တို့တွေက ...

ရွှေလူငယ် - ၀၁၂ ၄၄၆၈၈၄၂ (ကိုမျိုး ဧဒင်ဥယျာဉ်)
ပညာအိမ် - ၀၁၇ ၃၀၇၄၆၂၂ ( ဦးမျိုးညွှန့်)

https://www.facebook.com/mmrinmy

(12 June 2013 ရက်စွဲပါ The Japan Times မှ Martin N.Baily နှင့် Richard Dobbs တို့ရေးသားသော Has Myanmar’s moment come at last? ကိုဘာသာပြန်ဆိုသည်)

ရန်ကုန်သည်ကာလတိုအတွင်းလှုပ်ရှားမှုများ၊ အဖြစ်အပျက်များဖြင့်မြိုင်ဆိုင်နေပါသည်။ ပြီးခဲ့သည့်လက ဦးသိန်းစိန် သည် နှစ်ပေါင်းငါးဆယ်ခန့်အတွင်း အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်သော မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ဖြစ်လာပါ သည်။ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အိန္ဒိယဝန်ကြီးချုပ်မန်မိုပာန်ဆင်းအစ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးအထိ ခေါင်းဆောင်များ ရန်ကုန်သို့သွားရောက်ခဲ့ကြပါသည်။

အမှန်တကယ်ပင် နိုင်ငံခြားအစိုးရများမှသံရုံးများ မြန်မာနိုင်ငံတွင်ပြန်လည်ဖွင့်လှစ်ရန် အပြေးအလွှားပြန်လာနေကြ သည်။ ထို့အပြင်နိုင်ငံစုံအဖွဲ့အစည်းများနှင့် ကမ္ဘာအနှံ့မှဝန်ကြီးပောာင်းများသည် အာဏာပိုင်များအား ရည်မှန်းချက်ကြီးသော အစီအစဉ်များ တိုးတက်ရေးအတွက် အကူအညီပေးရန် ဝင်ရောက်လာကြပါသည်။

လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြည်းဆည်းရေးမှ အစပြု၍ အစိုးရအုပ်ချုပ်မှု စွမ်းရည် တည်ဆောက်ရေးများတွင် အကူ အညီ ပေးရမည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံသူများကလည်း အခွင့်အလမ်းများကို တက်ကြွစွာရှာဖွေနေကြပါပြီ။

ထိုသို့ အာရုံပြုနေကြသည်မှာ အံ့သြဖွယ်တော့ မပာုတ်ပေ။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ စီးပွားရေးအရ အထီး ကျန်ဖြစ်ပြီး ဆိုးရွားစွာခံစားခဲ့ရပြီး၊ အာရှ၏မတို့မထိရသေးသော ကြီးမားသော ဈေးကွက်အဖြစ် ယခုထွက်ပေါ်လာနေပါသည်။ ယခုအခါတိုင်းပြည်သည် တံခါးဖွင့်နေပြီဖြစ်၍ ရင်းနှီးမြှုပ်နှံသူများသည် နှစ်ပေါင်းများစွာ ရေရှည်ခံမည့်တည်ဆောက်ပုံ ခိုင်မာ ရေး ထူထောင်နိုင်ရန် မျှော်မှန်းနေကြပါသည်။

သို့သော် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမှာ မြင့်တက်နေသော မျှော်မှန်းချက်အတိုင်း အကျိုးအမြတ် ရှိနိုင်သလော။ အဓိကကျသော မသေချာ၊ မရေရာမှုနှင့် စွန့်စားရမည့် အန္တရာယ်များ ရှိနေသည်ဆိုသည် သံသယဖြစ်ဖွယ်မရှိပေ။ နိုင်ငံရေး အရ ပြုပြင်ပြောင်းလဲမှုများ မည်သို့တဖြည်းဖြည်း ဖြစ်ပေါ်တိုးတက်နိုင်မည်ဆိုသည့်အချက်ကို ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်နေ ကြပါသည်။ အစိုးရသည် တိုင်းရင်းသားအုပ်စုများနှင့် မခိုင်မာသေးသော ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းနိုင်မည်လား ဆိုသည်မှာ အချက်နှင့် ဥပဒေများနှင့် ပိုင်ဆိုင်ခွင့်ဆိုင်ရာ ရပိုင်ခွင့်များ မည်သို့တိုးတက်လာနိုင်သည် ဆိုသည့်အချက်များမှာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။ ထို့ပြင် စီးပွားရေး၏ အလားအလာများကို တွက်ချက်ရန်လည်း ခက်ခဲပါသည်။ အဘယ်ကြောင့် ဆို သော် စိတ်ချရသော အချက်အလက်နည်းပါးခြင်း၊ အခြေခံသိသင့်သည့် လူဦးရေပမာဏကိုပင် တိတိကျကျမသိရခြင်းနှင့် သမိုင်းမှ စီးပွားရေးတိုးတက်မှုများမှာလည်း လျှို့ဝှက်ထားခဲ့ခြင်းများကြောင့်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၎င်း၏ဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းကို အလွန်တရာအားနည်းချက်များရှိသော အခြေအနေမှ စတင် ခဲ့ရသည်ပာုဆိုလျှင် သံသယရှိလိမ့်မည်မပာုတ်ပာု McKinsey Global Institue(MGI)၏ အစီရင်ခံစာသစ်ကဆိုပါသည်။

မြန်မာနိုင်ငံသည် အမှန်တကယ်ပင် ၂၀ ရာစုအတွင်းက ကမ္ဘာ့စီးပွားရေးမြင့်မားစွာ တိုးတက်မှုနှင့် မထိတွေ့ခဲ့ရပေ။ ကမ္ဘာလုံးဆိုင်ရာ GDP သည် လေးဆခန့် မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံမှာ တိုးတက်မှုလုံးဝမရှိခဲ့ပေ။

ထို့အပြင် ထုတ်လုပ်မှု စွမ်းအားလည်း နိမ့်ပါသည်။ မြန်မာနိုင်ငံမှ အလုပ်သမားတစ်ဦးသည် ၂၀၁၀ ခုနှစ်တွင် ပျှမ်းမျှ အားဖြင့် စီးပွားရေးတန်ဖိုး ဒေါ်လာ(၁၅၀၀)ခန့်သာ ထည့်ဝင်နိုင်ရာ အာရှမှအလုပ်သမား(၈)ဦး၏ ပျှမ်းမျှထည့်ဝင်မှု၏ ၃၀ ရာခိုင်နှုန်းသာ ရှိပါသည်။ မြန်မာနိုင်ငံ၏ GDP သည် အာရှ၏ ၀.၂ ရာခိုင်နှုန်း ဝန်းကျင်တွင်ရှိပြီး၊ Bristol၊ ဒေလီနှင့် Seville မြို့များ၏ GDP နှုန်းလောက်တွင်သာ ရှိပါသည်။

မြန်မာနိုင်ငံသည် ထုတ်လုပ်မှုစွမ်းအား တိုးတက်ရန် ခြေလှမ်းပြောင်းလဲရန် လိုအပ်ပါသည်။ မျှော်မှန်းထားသော ပြောင်းလဲလာမည့် လမ်းကြောင်းများနှင့် သမိုင်းကြောင်းအရ အလုပ်သမားထုတ်လုပ်မှု စွမ်းရည်ကြီးထွားမှုကို ကြည့်မည် ဆိုပါက နှစ်စဉ် GDP သည် ၄ ရာခိုင်နှုန်းထက်ပင်နည်းနိုင်ပြီး၊ လက်ရှိအများမျှော်မှန်းထားမှုထက် လျှော့ပါလိမ့်မည်။ သို့သော် မြန်မာနိုင်ငံသည် နှစ်စဉ်အလုပ်သမား ထုတ်လုပ်မှုစွမ်းရည်ကို လက်ရှိခန့်မှန်းမှု ၂.၇ ရာခိုင်နှုန်းမှ တရုတ်နှင့် ထိုင်းအပါအဝင် မကြာသေးမီ ဆယ်စုနှစ်များက အခြားအာရှနိုင်ငံများ ရရှိခဲ့သော ၇ ရာခိုင်နှုန်းထိ မြှင့်တင်မည်ဆိုပါက နှစ်စဉ် GDP သည် ၈ ရာခိုင်နှုန်းထိပင် တိုးတက်နိုင်စွမ်းရှိပါသည်။ သို့မှသာ ၂၀၁၀ တွင်ရှိသော စီးပွားရေးတန်ဖိုးဒေါ်လာ ၄၅ ဘီလီယံမှ ဒေါ်လာ ၂၀၀ ဘီလီယံသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

သို့သော် မြန်မာနိုင်ငံသည် ထိုသို့သောတိုးတက်မှု အရှိန်အပာုန်ရရှိရန် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများမရှိဘဲ ဖြစ်နိုင် လိမ့်မည်မပာုတ်သည်မှာ အသေအချာဖြစ်ပါသည်။ MGI ၏ သုတေသနပြုချက်အရ ယခုမှစ၍ ၂၀၃၀ တွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ(၁၇၀) ဘီလီယံနှင့်အတူ စွမ်းဆောင်ရည်များနှင့် နည်းပညာများတွဲလျက် ဝင်ရောက်ရန် လိုအပ်သည်ပာုဆိုပါသည်။

လောလောဆယ်တွင် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံမှစွမ်းအင်နှင့် သတ္တုတွင်းကဏ္ဍ၊ ကမ္ဘာပေါ်တွင် ၄၀ ရာခိုင်နှုန်း ဝေစုရထားသည့် ကျောက်စိမ်းထုတ်လုပ်မှုနှင့် ပတ္တမြားနှင့် ကျောက်မျက်တူးဖော်ရေးများတွင် စွမ်းအင်နှင့် သတ္တု ကဏ္ဍတွင်ပင် မှီခို၍ မဖြစ်နိုင်ပေ။ ကဏ္ဍအားလုံးပာန်ချက်ညီစွာ တိုးတက်ရန် လိုအပ်ပြီး နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အတွက် အမျိုးမျိုးသောအခွင့်အလမ်းများ ပေးနိုင်ရန်လိုအပ်ပါသည်။

ကဏ္ဍငါးခုဖြစ်သည့် စွမ်းအင်နှင့် သတ္တုတွင်း၊ စိုက်ပျိုးရေး၊ စက်မှုထုတ်လုပ်မှု၊ ခရီးသွားကဏ္ဍနှင့် အခြေခံ အဆောက်အဦးတို့သည် မြန်မာနိုင်ငံ၏ စုစုပေါင်းတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့တွင် ၉၀ ရာခိုင်နှုန်းပါဝင်မှု ရှိပါသည်။ ထိုအထဲမှ စက်မှုထုတ်လုပ်မှု ကဏ္ဍသည် ကုမ္ပဏီအများအပြားအတွက် လုပ်အားခ ဈေးတက်လာသော တရုတ်နှင့် အခြားအာရှ စီးပွားရေးနိုင်ငံများမှ ပြောင်းရွှေ့နေရာချထားရန် တစ်ပန်းသာလျှက်ရှိရာ အရေးကြီးပါသည်။ MGI ၏အစီရင် ခံစာအရ ထုတ်လုပ်မှုကဏ္ဍသည် ၂၀၃၀ တွင် လူ ၇.၆ သန်းကို အလုပ်ပေးထားနိုင်ပြီး GDP တွင် ဒေါ်လာ ၇၀ ဘီလီယံထည့် ဝင်နိုင်မည်ပာုဆိုပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် လောလောဆယ် အကြီးဆုံးဖြစ်သည့် စိုက်ပျိုးကဏ္ဍ၏ သုံးဆကျော်ပါ သည်။

အကယ်၍ မြန်မာနိုင်ငံသည် MGI ယုံကြည်သည့်အတိုင်း တိုးတက်မှုနှင့် အလုပ်အကိုင်တိုးလာမှုကို လုပ်ဆောင် နိုင်မည်ဆိုပါက အလုပ်အကိုင် ရှိသူများအတွက် မရှိမဖြစ် သုံးစွဲမှုများအတွက် လုံလောက်သော ဝင်ငွေတိုးလာရေးကို အထောက်အကူပြုလာမည်ဖြစ်ပြီး ယခုအလုပ်အကိုင်ရှိသူ ၂.၅ သန်းမှ ၂၀၃၀ တွင် ၁၉ သန်းထိ တိုးလာနိုင်ပါသည်။ ထို အချိန်တွင် စားသုံးသူများ၏ သုံးစွဲမှုမှာလည်း ဒေါ်လာ ဘီလီယံ(၁၀၀)ခန့် ရှိနိုင်ပါသည်။ ထိုအချိန်တွင် ကုမ္ပဏီများ အနေဖြင့် ဆိုင်ကယ်၊ ကား၊ အီလက်ထရွန်းနစ် ပစ္စည်းမှအစ ငွေကြေးဝန်ဆောင်မှု အဆုံး ဈေးကွက်များ ချဲ့ထွင်နိုင်ပါမည်။

အိမ်ယာ၊ ပါဝါ၊ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်အခြေခံအဆောက်အဦး စသည်တို့တွင်လည်း စီးပွားရေးအခွင့် အလမ်းများ ရှိသင့်ပါသည်။ စီးပွားရေးတစ်ခုလုံးတွင် အခြေခံအဆောက်အဦးအတွက် အကြမ်းအားဖြင့် ဒေါ်လာဘီလီယံ (၃၀၀)ခန့် ရင်းနှီးမြှုပ်နှံရန်လိုအပ်ပါသည်။ ထိုအထဲမှ တစ်ဝက်ခန့်မှာ မြို့ကြီးများတွင် သုံးစွဲရန် လိုအပ်ပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံအဖြစ်မှ ခွဲထွက်ပါက မြို့ကြီးများချဲ့ရန်လိုလာပါမည်။

ယနေ့တွင် မြန်မာနိုင်ငံ၌ လူဦးရေ၏ ၁၃ ရာခိုင်နှုန်းကသာ မြို့ကြီးများတွင် နေထိုင်သည်ပာု ခန့်မှန်းရပြီး ၂၀၃၀ တွင် ၂၅ ရာခိုင်နှုန်းထိ တိုးလာနိုင်ပါသည်။ လူဆယ်သန်းခန့် တိုးလာနိုင်ပါသည်။

အကယ်၍ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုကိုအဆင့်ကျော်၍ ဒစ်ဂျစ်တယ်နည်းပညာကို အပြည့်အဝသုံးရန်၊ နောက်ထပ် ဒေါ်လာဘီလီယံ(၅၀)ကို တယ်လီကွန်း အခြေခံအဆောက်အဦးတွင် သုံးစွဲရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် ဘဏ်များ၊ ဆိုင်များ ထပ်ဆောက်ရန် ငွေမသုံးဘဲ မိုဘိုင်းဘဏ်စနစ်နှင့် e-commerce ကိုအသုံးပြုခြင်း၊ ဝေးလံသောရွာများ အတွက် ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ချဲ့ခြင်းတို့ဖြစ်ပါသည်။ ယနေ့အချိန်တွင် ကမ္ဘာ့ဘဏ်၏ဖွံ့ဖြိုးမှု ညွှန်းကိန်း များအရ အင်တာနက်သုံးစွဲမှုအဆင့် ဒုတိယအနိမ့်ဆုံးနှင့် မိုဘိုင်းဖုန်းသုံးစွဲမှု အနိမ့်ဆုံးစာရင်းဝင်ပါသည်။

မြန်မာနိုင်ငံသည် စီးပွားရေး၏ သွင်ပြင်လက္ခဏာတိုင်းတွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုများ ကြုံနေရပါသည်။ သို့သော် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက်လည်း အကျယ်ပြန့်ဆုံးသော အခွင့်အလမ်းများလည်း ရှိနေပါသည်။ သို့သော် ၎င်းတို့သည် သတိနှင့် ရှေ့ဆက်လှမ်းသင့်ပါသည်။ အလားအလာကောင်းပြီး အကျိုးအမြတ်များ ရနိုင် သော ဈေးကွက်သစ်သို့ မျှော်လင့်ချက်များဖြင့် ချိတ်ဆက်ကြရတော့မည်ဖြစ်ပါသည်။

(Martin N.Baily သည် သမ္မတဘီလ်ကလင်တန်လက်ထက်က သမ္မတ၏ စီးပွားရေးအကြံပေးများကောင်စီဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ဘရွတ်ကလင်းအင်စတီကျုးရှင်း၌ စီးပွားရေးမူဝါဒဖွံ့ဖြိုးရေး Bernard L.Schwartz Chair ဖြစ်ပြီး Richard Dobbs သည် MGI ၏ဒါရိုက်တာ ဖြစ်ပါသည်)

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.