06/14/13


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ ဧရိယာတဝိုက်မှာ နေထိုင်တဲ့ မြန်မာမိသားစုတွေနဲ့ မေရီလန်းပြည်နယ် Rockville မြို့က "သပြေညို" မြန်မာစာသင်ကျောင်းမှာ ဇွန်လ ၉ ရက်နေ့က တွေ့ဆုံပွဲတခု ပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲရဲ့ အမေးအဖြေ အစီအစဉ်မှာ ပြည်ပရောက် မြန်မာတွေက ၈၈ ကျောင်းသားခေါင်းဆောင်နှစ်ဦးကို မေးခွန်းတွေ မေးခဲ့ကြပါတယ်။

နတ်တလင်းမြို့နယ် သဲမခမ်း ကျေးရွာတွင် လယ်ယာမြေဆုံးရှုံးမှု့အတွက် ထွန်တုံးတိုက်ပွဲဝင်ရန် ကြိုးပမ်းနေကြသော တောင်သူလယ်သမားများ၏ ဖိတ်ခေါ်မှု့အရ နိုင်ငံသားတစ်ဦးအနေနှင့် တာဝန်သိစွာရောက်ရှိနေကြသော မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေါ်မြင့်မြင့်အေး ၊ နိုင်ငံရေးအကျဉ်းသား မိသားစုများအကျိုးဆောင်ကွန်ယက်မှ ဒေါ်ခင်မိမိခိုင် နှင့် နတ်တလင်းမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဒေသခံ ကိုသန့်ဇင်ထက်တို့အား မနေ့က (10.6.2013) နေ့က အာဏာပိုင်များက ဆင့်ခေါ်ခဲ့ပါတယ် ။ သို့ပေမယ့် ရာသီဥတုအခြေအနေကြောင့် နောက်ရက်များမှ လာရောက်၍ ရပါသည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သော်လည်း ယနေ့မနက် ၁၀ နာရီတွင် ၎င်းတို့သုံးဦးအား အာဏာပိုင်များမှ ဖမ်းဆီးခေါ်ဆောင်သွားကာ ပိုင်နက်ကျုးလွန်မှု ၊ နိုင်ငံရေးအရ ဆူပူလှုံ့ဆော်မှု့တို့ဖြင့် တရားရုံးတွင် ချက်ခြင်း ရုံးထုတ်ကာ ပေါင်းတည်ထောင်သို့ ပို့ဆောင်ခဲ့ပါတယ် ။ ထို့အတူ ပြည်မြို့ တွင်လည်း ထွန်တုံးတိုက်ပွဲဝင်နေသော ပြည်မြို့မှ လယ်သမားခေါင်းဆောင် ကိုဝင်းလှိုင်အား ပုဒ်မ ၁၈ သုံးခုဖြင့် တစ်မှု့လျှင် အလုပ်ကြမ်းနှင့်ထောင်ဒါဏ် တစ်လစီကျခံစေခြင်းဖြင့် ထောင်သုံးလ ကျခံစေကာ ပြည်ထောင်တွင် ထိန်းသိမ်းဖမ်းဆီးထားပါသည် ။
ယနေ့ကာလတွင် ဒီမိုကရေစီစနစ်သို့ ဦးတည်နေပြီဟုအသံကောင်းဟစ်ကြွေးကာ ဒီမိုကရေစီ မျက်နှာဖုံးစွတ်ထားသော်လည်း တစ်တိုင်းပြည်လုံးတွင် ကိုလိုနီခေတ်စနစ်ကဲ့သို့ လယ်သိမ်းယာသိမ်းများ မကြာခဏဖြစ်ပေါ်နေပါသည်။ မြန်မာပြည်သူလူထု၏ စားနပ်ရိက္ခာအား ဖန်တီးပေးနေသော အဖိနှိပ်ခံ တောင်သူလယ်သမားများဘက်မှ ရပ်တည်နေသော လူထုခေါင်းဆောင်များအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန် -
ဒေါ်မြင့်မြင့်အေး - 09 205 9904
ဒေါ်ခင်မိမိခိုင် - 09 421 035 164
ကိုသန့်ဇင်ထက် - 09 495 119 02
ကိုဝင်းလှိုင် (ပြည်) 09 423 701 409 ( မဇင်မာဝင်း ဖုန်းကိုင်ထားသည်)

..................
နတ်တလင်းမြို့နယ် ပဲမခန်းကျေးရွာတွင် လွန်ခဲ့သည့် ၁၈ နှစ်ကသိမ်းဆည်း ခံထားရသည့် မိမိတို့ပိုင်လယ်မြေတွင်လယ်သမားများပြန်လည်ထွန်ယက် သည့် ကိစ္စနှင့်ပတ်သတ်၍ ကူညီဆောင်ရွက်ပေးသူ သုံးဦးကို ဇွန် ၁၁ ရက်
နေ့တွင်ဖမ်းဆီးခဲ့ပြီး အာမခံ မပေးပဲ ပေါင်းတည်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသူ သုံးဦးမှာ မိထ္ထီလာခရိုင် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှဒေါ်မြင့်မြင့်အေး၊ နတ်တလင်းပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုသန့်စင် ထက်၊ နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ရက်မှ ဒေါ်မိမိခိုင် တို့ဖြစ်ပြီး ပိုင်နက်ကျူးလွန်မှု၊ နိုင်ငံတော်ဆူပူအုံကြွအောင် ဆောင်ရွက်မှု တို့ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်းသိရသည်။

" လယ်ဝင်ထွန်တဲ့လယ်သမားတွေက သူတို့သုံးယောက်ကို အာဏာပိုင်တွေ နဲ့ လယ်သမားတွေကြား ၀င်ရောက်ညှိနှိုင်းပေးဖို့ အကူအညီတောင်းတာပါ ဒါကိုအာဏာပိုင်တွေလည်းသိတယ်၊ ဇွန် ၁၁ ရက်နေ့က နတ်တလင်းရဲစခန်း မှူးနဲ့သွားတွေ့တဲ့အခါ သူတို့သုံးယောက်ကိုဖမ်းပြီး တရားရုံးတင်ပြီးတာနဲ့ထောင်ကိုတန်းပို့လိုက်တာပါ " ဟု နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ယနေ့ခေတ်သို့ ပြောကြား သည်။

လယ်ယာမြေစုံစမ်းရေးကော်မရှင်နှင့် စစ်ထောက်ချုပ်ရုံးလုပ်ငန်း အစည်း အဝေးကြေညာချက်အမှတ် (၁/၂၀၁၃) တွင် လွန်ခဲ့သည့် ၁၈ နှစ်က သိမ်း ဆည်းထားသည့်လယ်ယာမြေကို လယ်သမားများသို့ပြန်ပေးရမည်ဟူသော
အချက်အလက်အရ လယ်သမားများက ၎င်းတို့ပိုင်မြေတွင် ဇွန် ၇ ရက်နေ့ က၀င်ရောက်ထွန်ယက်ခဲ့ကြခြင်းဖြစ်သည်။

" ပဲမခန်းကျေးရွာက လယ်မြေ ၈၃ ဧကကို တပ်မ ၅၊ လယ်မြေ ၃၈ ဧကကိုရဲတပ်ဖွဲ့ကလွန်ခဲ့တဲ့ ၁၈ နှစ်ကသိမ်းယူပြီး သီးစားပြန်ပေးခဲ့တယ်။ ၂၀၁၃ဇန်န၀ါရီ ၂၈ မှာ ပြည်သူ့လွှတ်တော်က လယ်ယာမြေသီးစားချထားရေး ဥပဒေကို ရုတ်သိမ်းခဲ့ပြီးဖြစ်တယ် " ဟု ကိုဟန်ဝင်းအောင်ကဆိုသည်။

အဆိုပါအချက်အရ လယ်သမားများက ၎င်းတို့ပိုင်လယ်မြေများ၌ ပြန်လည် ထွန်ယက်ရာတွင် အာဏာပိုင်များနှင့်ညှိနိုင်းဆောင်ရွက်ပေးရန် ဖမ်းဆီးခံ ရသည့် သုံးဦးအား ဖိတ်ခေါ်အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံထားရသော ဒေါ်မြင့်မြင့်အေး၊ ကိုသန့်ဇင်ထက်နှင့် ဒေါ်မိမိခိုင်တို့ အား ဖမ်းဆီးခံရသည့် ဇွန် ၁၁ ရက်မှ နှစ်ပတ်မြောက်သည့်နေ့တွင် ရုံးထုတ်မည်ဖြစ်ကြောင်းသိရသည်။

ယနေ့ခေတ်


အန္တိမမျက်ရည်တို့ဖြင့် ဦးခိုက်ပူဇော်ခြင်း

၁၂.၆.၂ဝ၁၃ ရက်နေ့တွင် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓသာသနာတော်အတွက် အစားထိုး၍မရသော ဆုံးရှုံးမှုတစ်ရပ်အား ကြုံတွေ့ခံစားခဲ့ရသော နေ့ရက်တစ်နေ့ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုရသော် ရန်ကုန် မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၈) ရပ်ကွက်၊ စိန္တကျော်သူ ဦသြလမ်းရှိ ရန်ကုန်သုဝဏ္ဏဘူမိ ခေမာရာမနှင့် သထုံခေမာရာမ သီလရှင်စာသင်တိုက်တို့၏ ပဓာနနာယက ဆရာကြီး ဒေါ်ကုသလစာရီ (သာသန ဇောတိပါလ ဓမ္မာစရိယ၊ သာသနဟိကာရီ ဓမ္မာစရိယ(အာဒိကမ္မိက)၊ သဒ္ဓမ္မဟိတ ဓမ္မာစရိယ၊ သာသနဓဇ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတနှင့် မြောက်ဒဂုံမြို့နယ်၏ သီလရှင်ဥက္ကဌ ဖြစ်တော်မူသော သက် တော် (၆၈) သိက္ခာတော် (၅ဝ) ဝါရှိ သီလရှင်ဆရာကြီး ဒေါ်ကုသလစာရီသည် ၁ဝ.၆.၂ဝ၁၃ ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူပြီး ၁၂.၆.၂ဝ၁၃ ရက်နေ့တွင် အန္တိမအဂ္ဂိဈာပနအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် အထူးနိဗ္ဗာန်ယာဉ်ဖြင့် စံကျောင်းတော်မှ ရေဝေးသုဿန်သို့ ပင့် ဆောင်၍ အန္တိမအဂ္ဂိဈာပန ပူဇော်ကျင်းပမည်ဖြစ်ပါသည်။ သီလရှင်ဆရာကြီး ဒေါ်ကုသလစာရီသည် ၁ဝ. ၆.၂ဝ၁၃ ရက်နေ့ ည (၉းဝဝ) နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ရုပ်ကလပ်အားစံ ကျောင်း တော်တွင် အပူဇော်ခံထားရှိနိုင်ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လေအေးစနစ်သုံး (Cool Box) ဖြင့် သွားရောက်၍ ပြင်ဆင်ကုသိုလ်ပြုခဲ့ကြသည်။ သီလရှင်ဆရာကြီး ဒေါ်ကုသလစာရီ ဗုဒ္ဓသသနာတော်ကြီး အတွက် ကြီးစွာသောဆုံးရှံးမှုကြီးဖြစ်သလို နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် များစွာနစ်နာဆုံးရှံးမှု တစ်ရပ်ဖြစ်သည်ဟု ခံယူမိသည်။

ဆရာကြီး ဒေါ်ကုသလစာရီသည် “သုဝဏ္ဏဘူမိ ခေမာရာမစာသင်တိုက်ကြီး”အား တည်ထောင် ဖွင့် လှစ်နိုင်ခဲ့ပြီး သီလရှင် (၅ဝ) ကျော်တို့နှင့်အတူ သီတင်းသုံးနေထိုင်၍ မူ၊ ငယ်၊ လတ်၊ ကြီး၊ ဓမ္မာစရိယ တန်းနှင့် သီလရှင်အကျော်၊ စာဝါများ သင်ယူပို့ချခဲ့သော သီလရှင်ဆရာကြီးဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အနန္တဂုဏ်အင် မြတ်ကျေးဇူးရှင် ထေရ်ဆရာကြီးဖြစ်သည်။ ၂ဝ၁၂ ခုနှစ် မဟာသင်္ကြန်ရက် အတွင်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ်အမျိုးကောင်းသမီးငယ်တို့ လူမှုရေးလုပ်ငန်းများ အားပေးဆပ်ရင်း တဖက်မှလည်း မဟာသင်္ကြန်ရက်များအတွင်း မြင့်မြတ်သော သာသနအနွယ်ဝင် သီလ ရှင်ဘဝအား မြတ်နိုးစွာခံယူကြရာ၌ ဆရာကြီး၏ကျောင်းတွင် သီလရှင်အဖြစ် ချီးမြှောက် သွတ်သွင်းပေးခဲ့ သော သာသန မိခင်ကြီးလည်းဖြစ်သည်။ ထိုကဲ့သို့ သာသနာအနွယ်ဝင် သီလရှင်ဘဝသို့ ချီးမြှောက်ပေးရုံ မျှမက တသက်တာထာဝရ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်တက်ကြစေရန် ပဲ့ပြင်သွန် သင်ဆုံးမလမ်းပြ ပေးခဲ့သော သုဝဏ္ဏဘူမိ ခေမာရာမစာသင်တိုက်၏ ပဓာနနယက ဆရာကြီး၏ ကြီးမားသော မေတ္တာတရား နှင့် ဂုဏ်တော်ကျေးဇူးတော်တို့အား အောက်မေ့လျှက် ဆရာကြီးဘုရား၏ ဆွေတော်မျိုးတော် တပည့်သား သမီးများတို့ ပူဆွေးဝမ်းနည်းရသလို တပည့်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း ဆရာကြီး ၏ နောက်ဆုံးအန္တမအဂ္ဂိဈာပနအား နှမြောတသသယူကြုံးမရ တမ်းတကာ အန္တိမမျက်ရည်တို့ဖြင့် ဦးခိုက် လိုက်ရပါသည် ဘုရား……။

ရေးသားသူ- ကျော်ဝင်း

ယခုစာစုမှာ ၂၀၁၃ ခုနှစ် မေလ၂၅ရက် ထုတ် The Economist မဂ္ဂဇင်း၏ Special Report မှ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ကမ္ဘာသိ မဂ္ဂဇင်းကြီးတစ်စောင်၏ မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် ပတ်သက်သော သဘောထားအမြင်ဖြစ်၍ ဦးနှောက်မုန်တိုင်းဆင်နိုင်ရန် မူလအာဘော်မပျက်၊ ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။

လွှတ်တော်နိုင်ငံရေးနေပြည်တော်တွင် အသစ်ထွက်ပေါ်လာသော ပါလီမန်များမှာ သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြုပြင်ပြောင်းလဲမှု များအနေနှင့် ယခင်အစိုးရအကန့်အသတ်နှင့်သာရှိသော ရည်မှန်းချက်ဖြစ်သည့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”ဆိုသည်ထက် အဆများစွာ ပိုခရီးရောက်နေပြီဖြစ်ကြောင်း အခိုင်အမာဖော်ပြနေသည်သို့ ရှိပါသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ပထမဆုံး လွှတ်တော်အစည်းအဝေး များ စတင်စဉ်ကမူ အခြေအနေမှာ ယခုလို မဟုတ်သေး။ အငြင်းပွားဖွယ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ အနိုင်ရလာကြသောာအမတ်များ၊ ၂၅ ရာခိုင်နှုန်းသော တပ်မတော်အစုအဖွဲ့ဝင်များနှင့် ပွဲထွက်လာခဲ့သော လွှတ်တော်
များမှာ မူလရည်မှန်းထားသည့်အတိုင်း ရာဘာတံဆိပ်တုံး အင်စတီကျူးရှင်းထက် ပိုလိမ့်မည်ဟု ထင်မထားခဲ့ကြပါ။ သို့နှင့်တိုင် တက်ကြွထက်သန်သောအောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ) သူရဦးရွှေမန်း၏ ခေါင်းဆောင်မှုနှင့်အတူ လွှတ်တော်များမှာအံ့သြဖွယ်ကောင်းလောက်အောင်အသက်ဝင်လာသည်။ သမ္မတကိုပင် မကြောက် မရွံ့စိန်ခေါ်သည်များ ရှိလာသည်။ (အမှန်စင်စစ် ဦးရွှေမန်းကိုယ်တိုင်သည်ပင် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ယခင်တပ်မတော်အစိုးရလက်ထက်က နံပါတ်
သုံးခေါင်း ဆောင် ဖြစ်ခဲ့သည်။)

အခြားအတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များလိုပင် လူနည်းစုလူမျိုးစုပါတီများမှာလည်း မျှော်လင့်သည်ထက် ပိုလှုပ်ရှားခွင့်ရလာသော လွှတ်တော်နိုင်ငံရေးကို သိမှတ်လက်ခံကြိုဆိုကြသည်များရှိပါသည်။ “ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ”(RNDP)မှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယခုလိုပြောသည်။
“ပါလီမန်ရဲ့ ကနဦးရက်တွေတုန်းကတော့ ဖက်ဒရယ်စနစ်တို့၊ ဓနခွဲဝေဖြန့်ဖြူးမှုတို့လို ကိစ္စမျိုးတွေပြောလို့ မရခဲ့ဘူးပေါ့ဗျာ။ အခုတော့ ဒီအကြောင်းတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ရနေပါပြီ။ အပြုသဘော
ဆောင်တဲ့ တိုးတက်မှုမို့ ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်”

၂၀၁၂ ခုနှစ် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲဖြင့်တက်လာသော အင်န်အယ်လ်ဒီပါတီမှ ၀ါရင့်လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “အခုဆိုရင် ပါလီမန်ဟာ တကယ့်ကို အသက်ဝင်လာပြီဗျ”ဟု ဆိုသည်။ ပြောရလျှင် ပါတီဝင် လွှတ်တော်အမတ်များသည်ပင် ပုံမှန်ဥပဒေပြုရေးဆွေး နွေးပွဲများတွင် တက်တက်ကြွကြွပါဝင်လျက် ရှိနေကြသည်။ တပ်မတော်၏ သဘောထားနှင့် သီးခြားကင်းလွတ်စွာ၎င်းတို့၏ အရည်အသွေး၊ အတွေးအမြင်များအလိုက် ဥပဒေအဆိုပြုချက်များကို လွတ် လွတ်လပ်လပ် ဆွေးနွေးဆုံးဖြတ်နေ ကြသည်။ ပြည်သူလူထု၏ ရွေးချယ်မှုသည်ကား ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေဆဲပင်။ ဤကိစ္စနှင့်ပတ်သက်လျှင်ကား သံသယဖြစ်စရာ မရှိပါချေ။

ယခုအခါ လာဘ်မြင်သော နိုင်ငံရေးပဲ့ကိုင်တစ်ဦးဟုဆိုကြရမည့် ဦးရွှေမန်းအနေနှင့် ၂၀၁၅ တွင် သမ္မတဖြစ်လာဖို့ မျှော်လင့်ချက်ရှိကောင်း ရှိနိုင်ပါသည်။ လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပဖို့ရှိသည်။ ဦးရွှေမန်းမှာ သူ့ကိုယ်ပိုင်လုပ်ငန်းစဉ်ရှေ့ ဆက်နိုင်ရေးအတွက် ပါလီမန်ကို “ယာဉ်” တစ်ခုအဖြစ်အသုံးပြုနေသည့် သဘောရှိသည်။ ကိစ္စတော်တော် များများမှာဆိုလျှင် သမ္မတအဖွဲ့မှ တင်သွင်းလာသော အဆိုပြုချက်များကိုပင် ဦးရွှေမန်းဦးဆောင်သော ပါလီမန်က ဖြတ်တောက် ပြင်ဆင်သည် များရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိစနစ်အရ သမ္မတကိုပါလီမန်အမတ်များက ရွေးချယ်ကြရပါသည်။

ယခုဆိုလျှင် ဦးရွှေမန်းမှာ လူသိများ အထင်ရှားဆုံးပါလီမန်အမတ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်
နှင့် ခိုင်ခိုင်မာမာ မဟာမိတ်ဖွဲ့ထားနိုင်သည်။ ထိုမျှမက သူ၏စိတ်အားထက်သန်မှုနှင့် ဆန့်ကျင်ဘက် အမြင်များကို လက်ခံ နားထောင်နိုင်စွမ်း၊ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းများကြောင့် အတိုက်အခံပါလီမန် အမတ်များ၏ လေးစားမှုကိုပင် ရနေသည်။ တပ်မတော်နှင့် အတိုက်အခံပါတီများကြား သဘောကွဲလွဲမှုများကို ပေါင်းကူးတံတားခင်းပေးနိုင်လောက်သူ ဖြစ်နေ၍လည်း အပေးအယူစေ့စပ်ညှိနှိုင်းမှု များဖြင့် ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် လျာထားလာနိုင်စရာရှိသည်။ အထူးသဖြင့် သမ္မတရွေးချယ်ရာတွင် လူထုဆန္ဒကို ထည့်သွင်းစဉ်းစားမှုမျိုး မလုပ်လျှင် ကျန်အလားအလာမှာ ပို၍ပင်ဖြစ်နိုင်ပါသည်။

လူထုခေါင်းဆောင်မှနိုင်ငံတော်သမ္မတသို့

လူထု၏ ရွေးချယ်မှုသည်ကား အငြင်းပွားဖွယ်ရာ မရှိလောက်အောင်ပင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ သူမနှင့် သူမ၏ ပါတီအင်န်အယ်လ်ဒီတို့မှာ မြန်မာ့ဒီမိုကရေစီအဖွင့်တွင် အကျိုးအများဆုံးရနေသည်မှာ အထင်အရှားပင်ဖြစ် သည်။ သူမနှင့်သမ္မတဦးသိန်းစိန်တို့၏ ပုဂ္ဂိုလ်ရေးအဆင်ပြေမှု၊ မကြာသေးမီကမှ ပို၍သိသာထင်ရှားလာသော သူမနှင့် ဦးရွှေမန်းတို့ကြား ပိုမိုနီးစပ်လာမှုများမှာဒီမိုကရေစီဖြစ်စဉ် မြန်မြန်ဆန်ဆန်ရွေ့နိုင်ရေးအတွက်ဆုံချက်အကျဆုံးဖြစ်နေသည်။ ပြုပြင်ပြောင်းလဲရေးတွင် ဒေါ်အောင်ဆန်းစုကြည် ၏ အကူအညီကို ရယူနိုင်ရန် ဦးသိန်းစိန်က အတုံ့အလှည့်အနေဖြင့် အင်န်အယ်လ်ဒီတရားဝင်ပါတီဖြစ်စေရေးအတွက် အဟန့်အတားအမှောင့် ပယောဂများကို ဖယ်ရှားပေးခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်
ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတမှုရှိစေရမည်ဟု အာမခံချက်ပေးခဲ့သည်။ အင်န်အယ်လ်ဒီမှာ အဆိုပါ
ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးလွတ်လပ်၍ တရားမျှ
တသောရွေးကောက်ပွဲဖြစ်လာခဲ့သည်။ ဆိုခဲ့ပါ ကြားဖြတ်ရွေးကောက်ပွဲအဖြေမှာ “မြန်မာ့ဒီမိုကရေစီအိုက်ကွန်” အနေနှင့် ဆယ်စုအချို့ကြာ ၎င်းအပေါ် သိက္ခာချဖို့ ကြိုးစားမှုများနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် လူထုအပေါ်စွဲဆောင်နိုင်စွမ်း အနည်း ငယ်မျှ လျော့ပါးမသွားကြောင်းလှစ်ပြလိုက်သည့် သာဓကပင်ဖြစ်သည်။ အင်န်အယ်လ်ဒီက အမတ်နေရာ ၄၄ နေရာ ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာအနိုင်ရခဲ့သည်။ နေရာအတော်များများတွင် အပြတ်အသတ် အနိုင်ရခဲ့သည်လည်း ဖြစ်ပါသည်။ ယူအက်စ်ဒီပီ အနေနှင့်ကား မရှုမလှပင် ရှုံးနိမ့်ခဲ့သည်ဟု ဆိုရပါလိမ့်မည်။ လွှမ်းမိုးထားသော အစိုးရ၀န်ထမ်း အများစုရှိရာ နေပြည်တော်မဲဆန္ဒနယ်လေးခု မှာပင် အနိုင် မရခဲ့ပါ။

အင်န်အယ်လ်ဒီကို ထောက်ခံခဲ့ကြသူများမှာ ယေဘုယျအားဖြင့် ဒီမိုကရေစီအတွက် မဲပေးခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။ အခိုင်အမာကျကျ ဆိုရလျှင်မူ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြခြင်းသာ ဖြစ်သည်။ ပြည်သူလူထု၏ အမြင်တွင် သူမမှာ မိသားစုဘ၀နှင့် လွတ်လပ်မှုကို တိုင်းပြည်အတွက် စတေးခဲ့ရသူဖြစ်သည်။ ဤစွန့်လွှတ်မှုအတွက် လူထုက သူမကိုအသည်းကြားမှ မဲပြားများဖြင့် ထောက်ခံခဲ့ကြခြင်းဖြစ်သည်။ ထိုထက်သူမမှာ၊ ခေတ်သစ်မြန်မာနိုင်ငံကို အုတ်မြစ်ချပေးခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်း ဖြစ်လေရာတပ်မတော်ထဲမှပင်သူမကိုလိုလားသူတွေ မနည်းမနော ရှိနေသည်။

ပြောရလျှင် အာရှနိုင်ငံရေးမှာ မင်းဆက်သဘောနှင့်လည်း ကင်းတတ်သေးသည်မဟုတ်ရာ သူမ၏ မိဘမျိုးရိုးကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်များထက် နှာတစ်ဖျားမက အဆများစွာကွာစေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဆိုလျှင် လူထုအချစ်တော် သူမဖခင်ကြီး၏ စစ်ဝတ်စုံအကျဖိုးရိုးဖားရားကြီး ၀တ်ထားသော ဓာတ်ပုံနှင့် ယှဉ်တွဲချိတ်ဆွဲလေ့ရှိကြသည်။ ဤဓာတ်ပုံကို မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးရန် လန်ဒန်သွားစဉ် ၁၉၄၇ ခုနှစ်ကရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်မှာ အ
သက်(၂)နှစ်အရွယ် ကလေးငယ်မျှသာ ရှိပါသေးသည်။ ထိုနှစ်မှာပင် ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရေး ပြိုင်ဘက်များ၏ လုပ်ကြံ သတ်ဖြတ်မှုခံခဲ့ရသည်။

မည်သို့ပင်ရှိစေ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီလုံးဝဥဿုံအောင်ပွဲဆင်နိုင်ခဲ့
သည်မှာ ထူးခြားလှသော အလှည့်အပြောင်းဟု ဆိုရပါလိမ့်မည်။အကြောင်းမူ ယခင်တပ်မတော် အစိုးရလက်
ထက်တစ်လျှောက်လုံး လောက်ပင်အင်န်အယ်လ်ဒီမှာဘာတစ်ခုမှ လှုပ်ရှားလို့မရအောင် အတားအဆီး
ခံခဲ့ရသည်။ အင်န်အယ်လ်ဒီခေါင်းဆောင် အားလုံးလောက်မှာလည်း အကျဉ်းထောင်ထဲရောက်ခဲ့ရသည်။ အချို့ဆိုလျှင် ဆယ်စုနှစ်များနှင့် ချီပြီးအကျဉ်းစံ ဖြစ်ခဲ့ရသည်။ အကျဉ်းကျချိန်တစ်လျှောက်လုံး သီးခြားခွဲပြီးတိုက်ပိတ်ခံ ခဲ့ရသည်များပင်ရှိသည်။

သို့နှင့်တိုင် သူတို့ထဲမှ အများစုမှာ တစ်ခါက ရန်သူဟောင်းများအပေါ် ပြောစမှတ်ပြုလောက်အောင် ခွင့်လွှတ်နိုင်ခဲ့ကြပါသည်။ ယခုအခါ ပါလီမန်အမတ်တစ်ယောက်အဖြစ် ယခင်ရန်ဘက်ဟောင်းများနှင့် လက်တွဲအလုပ်လုပ်နေကြပြီဖြစ်သော ဦးဝင်းထိန်ဆိုလျှင် အနှစ် ၂၀ မျှနံရံတံတိုင်းများကြားတွင် နေခဲ့ရသူဖြစ်သည်။ “ဗုဒ္ဓဘာသာဝင်တစ်ယောက်ပီပီ၊ ဒေါသတွေ အာဃာတတွေကို ရင်ထဲမှာ မထားတော့ပါ။ လက်စားချေဖို့ အတွေးဆို၍လည်း စိတ်ထဲမှာမရှိပါ”ဟု သူကဆိုပါသည်။သူ့စကား “ဒေါသဆိုတာ မီးလိုပဲလေ။ လောင်မြိုက်တတ်တာပေါ့။ ပူလောင်တာပေါ့”

စည်းကမ်းတကျ ပါတီတစ်ရပ် အမြဲတမ်းဖြစ်စေရေးအတွက် ယခုအခါ အင်န်အယ်လ်ဒီမှာ ယခင်မြေ အောက်အတိုက်အခံလှုပ်ရှားမှုအဖြစ်မှ အစိုးရဖွဲ့နိုင်လောက်သည့် ပါတီတစ်ရပ်ဖြစ်လာစေရန် ပြောင်းလဲ တည်ဆောက်လျက်ရှိနေသည်။ ပြီး ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲအတွေ့အကြုံအရဆိုလျှင် လက်ရှိ မြန်
မာနိုင်ငံတွင် ကျင့်သုံးနေသော “မဲအများဆုံးရသူအနိုင်ရ”ရွေးကောက်ပွဲစနစ် (First-post -the-post) အရ
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အေးအေးသက်သာ အနိုင်ရဖို့များပါလိမ့်မည်။ လက်ရှိအာ
ဏာရ ယူအက်စ်ဒီပီပါတီအနေနှင့်မူ အမတ်တစ်နေရာရဖို့ပင် ခက်ခဲကောင်းခက်ခဲနိုင်သည်။

အင်န်အယ်လ်ဒီအနေနှင့် ပြီးခဲ့သော မတ်လက ပထမဆုံးအကြိမ် ပြည်လုံးကျွတ်ကွန်ဂရက်ကြီးကို ကျင်းပခဲ့ပါသည်။ ပါတီ၏ အင်အားကို စနစ်တကျစုစည်းနိုင်ရန်နှင့် ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ထိရောက်ထက်မြက်သော လုပ်ငန်းစဉ်ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခဲ့သော ကွန်ဂရက်ဖြစ်သည်။ သို့တစေ အင်န်အယ်လ်ဒီကွန်ဂရက်မှာ အပြည့်အ၀ အောင်မြင်သည်ဟူ၍ကား မဆိုနိုင်ပါ။ ယခင်က မရှိခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများပင် ရှိသလောက်ရှိလာသည်။ အထူးသဖြင့် သူမ၏အော်တိုကရက်စတိုင် ခေါင်းဆောင်မှုနှင့်သွေးသစ်များ၊ အိုင်ဒီယာသစ်များကို လက်ခံဖို့ စိတ်အားထက်သန်မှုမရှိစသဖြင့် ဝေဖန်ကြသည်။

ဤသို့ဝေဖန်ခဲ့ကြသူများအနက်တစ်ယောက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ဖူးသော ဒေါ်ခင်လေးဖြစ်သည်။ ၎င်းက ပါတီတွင်းအခြေ အနေကို ယခုလိုညည်းညည်း ညူညူပြောပြသည်။ “ဒေါ်စုက တစ်ခု
ခုပြောလိုက်ရင် အဲဒါပေါ်လစီပဲ။ အိုင်ဒီယာသစ်တွေနဲ့ပတ်သက်ရင် တကယ့်အစစ်အမှန် ဒီဘိတ်လုပ် နိုင်ဖို့ အခွင့်အလမ်းက မရှိသလောက်ကို နည်းတယ်။ တစ်ခါတလေ ကျွန်မတို့က ဒေါ်စုကိုဝေဖန်မိရင် ပါတီအ
ပေါ်သစ္စာမရှိဘူး။ အပြောခံရတယ်”

အင်န်အယ်လ်ဒီကို ကျယ်ပြန့်သော အခြေခံပေါ်မှာ စုစည်းညီညွတ်သောပါတီတစ်ရပ်အဖြစ်ပြောင်းလဲနိုင်ဖို့လိုပါသည်။ သဘောကွဲလွဲမှုများ မဖြစ်စေဘဲ စီးပွားရေး၊ နိုင်ငံခြားရေးနှင့် နယ်ပယ်တိုင်းတွင် ခိုင်မာသောပေါ်လစီများ ချမှတ် ဆောင်ရွက်နိုင်ဖို့ လိုသည်။ ဤအရာများကို ဆောင်ရွက်နိုင်ရန်အချိန်အများကြီး ရှိတော့သည်လည်း မဟုတ်။ ၂ နှစ်မျှသာ ကျန်တော့သည်။ ဤလုပ်ငန်းတာဝန်များသည်ပင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မည်။

အမြော်အမြင်နှင့် အပေးအယူ

အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလိမ့်မည်ဟု ဆိုနိုင်ဦးမည် မဟုတ်ပါချေ။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမကိုသမ္မတဖြစ် မလာစေရန် တားဆီးထားသည့် ပြဋ္ဌာန်းချက်တစ်ခုရှိသည်။ အထူးသဖြင့် သူမကို ရည်ရွယ်ပြီး သတ်မှတ်ထားသော ပြဋ္ဌာန်းချက်ဟူ၍ပင်ဆိုနိုင်သည်။ (ပုဒ်မ ၅၉၊ ပုဒ်မခွဲ - စ-ဖြစ်ပါသည်)ဤပြဋ္ဌာန်းချက်အရ ဇနီးခင်ပွန်းဖြစ်စေ၊ သားသမီး ဖြစ်စေ၊ နိုင်ငံခြားသားဖြစ်လျှင် အဆိုပါ ပုဂိုလ်အနေနှင့် သမ္မတ(သို့မဟုတ်) ဒုတိယသမ္မတဖြစ်ခွင့် မရှိပါချေ။ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ်(၁၉၉၉ ခုနှစ်က ကွယ်လွန်)နှင့် လက်ထပ်ခဲ့ပြီး ဗြိတိသျှပတ်စ်ပို့ကိုင်ထားသော သားနှစ်ယောက်ထွန်းကားခဲ့သည်။

အင်န်အယ်လ်ဒီအနေနှင့်မူ အဆိုပါ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဘယ်တုန်းကမှ လက်မခံခဲ့သလို ဤ ဥပဒေပြင်ဆင်နိုင်ရေးအတွက်လည်း ရွေးကောက်ပွဲမဲဆွယ်ကာလကတည်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ သို့နှင့်တိုင် တပ်မတော်ဘက်ကမူမည်သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုမဆို ပယ်ချမည့်သဘောရှိနေသည်။ သို့တစေ ယခုနောက် ပိုင်းစိတ်ဝင်စားဖို့ ကောင်းလာသည်မှာ တပ်မတော်ကိုယ်တိုင်က စိတ်ပြောင်းချင်ပြောင်းလာနိုင်သည့် အနေအထားဖြစ်ပါသည်။

တပ်မတော်ကိုယ်ပွားတစ်ခုဟု ဆိုနိုင်သော ဦးရွှေမန်းဦးဆောင်သည့် ယူအက်စ်ဒီပီအနေနှင့်မူ ၂၀၁၅ ခုနှစ်တွင် အရှိန်အဟုန်နှင့် မောင်းနှင်လာတော့မည့် အင်န်အယ်လ်ဒီ ယန္တရားကြီးကို တားဆီးနိုင်လောက်မည့် တစ်ခုတည်းသော
နည်းလမ်းမှာ လက်ရှိရွေးကောက်ပွဲစနစ်ကိုပြောင်းပြီး “အချိုးကျကိုယ်စားပြုစနစ်” (PR စနစ်)နှင့် အစားထိုးဖို့သာ ဖြစ်လိမ့်မည်ဟု သဘောပေါက်နားလည်လာကြဟန်ရှိသည်။ ဤနည်းဖြင့်သာလျှင် ယူအက်စ်ဒီပီမှာ လုံးဝဖယ်ရှားခံရနိုင်သည့် အန္တရာယ်မှ (အနိမ့်ဆုံးအားဖြင့်) ရှောင်ရှားနိုင်စရာရှိပါလိမ့်မည်။ ထို့ထက် ပီအာရ်စနစ်၏အောက်တွင် လူနည်းစုပါတီများအတွက်လည်း ပိုအခွင့်သာနိုင် စရာရှိသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့သောရွေးကောက်ပွဲ စနစ်ကျင့်သုံးရမည်ဆိုသည်ကို တိတိပပ သတ်မှတ်ထားသည်တော့ မရှိပါ။ တစ်ခုပဲရှိသည်။ အောက်လွှတ်တော်ကို မဲဆန္ဒနယ်တစ်ခု၊ ကိုယ်စားလှယ်တစ်ယောက်ဖြင့် ဖွဲ့စည်းရမည်ဟုဆိုထားရာ ပီအာရ်စနစ်ကို ကျင့်သုံးတော့မည်ဆိုလျှင် လက်ရှိအခြေခံဥပဒေကို တစ်စုံတစ်ရာပြင်ဖို့ လိုပါလိမ့်မည်။ ပြီးခဲ့သည့် မတ်လက ပါလီမန်တွင် ယူအက်စ်ဒီပီက အခြေခံဥပဒေကို ပြန်လည်စိစစ်ရန်လွှတ်တော်ကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါသည်။ ဘာကြောင့်
ဤသို့ စိစစ်ဖို့လိုသည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။ယူအက်စ်ဒီပီအနေနှင့် လက်ရှိအခြေခံဥပဒေကို ပြင်လိုလျှင် လွှတ်တော်တွင် နေရာအများစုရထားသောလက်ရှိအချိန်သာ အကောင်းဆုံးဖြစ်သည်ကိုမူ လူတိုင်းရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။

လူမျိုးစုပါတီများဖြစ်သော ကရင်၊ ချင်းနှင့် ရှမ်းပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြား ပါတီငယ်များကလည်း ပီအာရ်စနစ်ကို ထောက်ခံမည့်ပုံရှိသည်။ လူမျိုးစုပါတီတော်တော်များများအနေနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယူအက်စ်ဒီပီ အပြတ်နိုင်ခဲ့သလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လည်း အင်န်အယ်လ်ဒီ အပြတ်နိုင်သွားနိုင်မည်ကို စိုးရိမ်မကင်းဖြစ်နေကြဟန် ရှိသည်။ သူတို့အမြင်တွင် အဆိုပါ ပါတီကြီးနှစ်ခုလုံးမှာ ဗမာ
လူမျိုးစုအကျိုးစီးပွားကိုသာ ကိုယ်စားပြုကြသည်ဖြစ်ရာ အပြည့်အ၀မယုံကြည်နိုင်ကြပါချေ။ လူမျိုးစုပါတီများစုပေါင်းပြီး ဖက်ဒရယ်ပါတီ ကို ပါတီသစ်တစ်ရပ်ဖွဲ့စည်းဖို့ ညှိနှိုင်းပြောဆိုနေကြသည်များလည်း ရှိသည်။ ဤသို့သော တပ်ပေါင်းစု မျိုးဖြင့်သာ အင်န်အယ်လ်ဒီနှင့် ယူအက်စ်ဒီပီတို့ကို စိန်ခေါ်နိုင်မည်ဖြစ်သလို ပီအာရ်စနစ်အောက်တွင် ပို၍ အောင်မြင်မှုရလိမ့်မည် ဟု ယူဆထားကြဟန် ရှိပါသည်။

ပြောရလျှင် အခြေအနေမှာ ဘာတစ်ခုမှ ကံသေကံမမဆိုသာ သည့် စွန့်စားမှုနှင့် အရင်းတည်ကြရမည့် အနေအထားဟု ဆိုကြရမည့် သဘောရှိသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက်တားဆီးပိတ်ပင်ထားသော ပြဋ္ဌာန်းချက်ကိုသာ ဖယ်ရှား ပေးလျှင် အင်န်အယ်လ်ဒီဘက်မှ လည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပီအာရ်စနစ်ကို လက်ခံကောင်း လက်ခံပါလိမ့်မည်။ နေပြည်တော်တွင် “လိမ္မာပါးနပ်သော နိုင်ငံရေး အပေးအယူ”တစ်ခု ရှိလာလေမည်လား မှန်းဆရပါသည်။

စာညွှန်း- Suu Kyi for President? (The Economist; May 25 th, 2013)

7 day news journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.