06/17/13







အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၇ နာရီက တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်မှ ကော့မှူးမြို့နယ်သို့ ထွက်ခွာလာရာ တွံ့တေးမြို့နယ်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦး ခင်ရွှေနှင့်အတူ မိုးရာသီ သစ်ပင်ဆိုက်ပွဲတော်တွင် ဒေသခံ ပြည်သူလူထုနှင့်အတူ စိန်းပန်းပင်များများ စိုက်ပျိုးပေးခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။

 ထို့နောက် ကော့မှူးမြို့နယ်သို့  ဆက်လက်ထွက်ခွာလာပြီး ကော့မှူးမြို့နယ် ပြည်သူ့  ဆေးရုံသိုသွားရောက်၍ ဆေးရုံ၏ လိုအပ်ချက်နှင့် ပတ်သက်ပြီး ဆရာဝန်ကြီးများ၊ ဆေးရုံဝန်ထမ်းများ နှင့်တွေ့ဆုံမေးမြန်းပြီး ဆရာဝန်များ ၀န်ထမ်းများမှလည်း လိုအပ်တာများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။

ထိုနောက် ဆေးရုံတွင်း လှည့်လည်၍ ဆေးကုမှု ခံယူနေသော လူနာများကို လိုက်လံ ကြည့်ရှုခဲ့ပြီး နောက် ကော့မှူးမြို့နယ် အထက်တန်းကြောင်းတွင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲပြီး နောက် နေ့လည် ၁၂ နာရီခန့်တွင် နေအိမ်သို့ ပြန်လည်ထွက်ခွာ လာခဲ့သည်။

National League for Democracy


လွဲမှားစွာ ဖော်ပြနေသော လုပ်ကြံ ဘက်လိုက် မီဒီယာများသို့....သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသနှင့် ရွှေညဝါဆရာတော် အမေးအဖြေ..

Video.. ဒီမိုဝေယံ၊ ဇေယျာ..

ယနေ့ ကော့မှူးမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
photo..ခွန်ဒီးယမ် facebook

ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ဖို့ကိစ္စမှာ ဖွဲ့စည်းထားပြီးဖြစ် သော ကော်မရှင်ကဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလေ့လာသုံးသပ်ပြီး ပြင်ဆင်စရာရှိတာ၊ ပယ်ဖျက်စရာ ရှိတာ၊ အစားထိုးစရာရှိတာများ ကို ဆက်လက်ဆောင်ရွက်သွားမည် ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကအမေရိကန်နိုင်ငံ သို့သွားရောက်နေသည့်အလည် အပတ်ခရီးစဉ်တွင် ပြောကြားခဲ့ သည်ဟုသိရသည်။

ဝါရှင်တန်ဒီစီ မြို့တော် ဟိုဒိုဝယ်ဆင်စင်တာတွင် ပြုလုပ်သည့်အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် နေရှင်နယ် ဒီမိုကရက်တစ်အင်စတီကျူNDI အပါအ၀င်အမေရိကန်အဖွဲ့အစည်း ၅ ခုတို့ကကမထပြုလုပ်၍ တာဝန် သိအရည်အခြင်းရှိအစိုးရအဖြစ် မြှင့်တင်ရေးနှင့် ဒီမိုကရေစီအခြေခံ အဆောက်အအုံများအားဖြည့်ပေး ရေးခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ် သည့်ဆွေးနွေးပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေ မန်းကပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ သူရဦးရွှေမန်းကပြော ကြားခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။
သူရဦးရွှေမန်းကပြောကြားခဲ့ရာ တွင် “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန်သတ်ချက် တွေကြောင့် စိုးရိမ်မူတွေရှိတယ်ဆို တာသိရပါတယ်။ ကျွန်တော်တို့ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်တာတွေကို ပြင်ဆင် နိုင်ဖို့အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

ဒါကြောင့်မို့ ဖွဲ့စည်းပေးလိုက် တဲ့ ကော်မရှင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်လေ့လာပြီးတော့ တစ်ယောက်တည်းအကျိုးစီးပွား မကကျန်တဲ့ အများပြည်သူများရဲ့ အကျိုးစီးပွားကိုဖြစ်ထွန်းစေမယ့် ဥပဒေများကို ပြန်လည်လေ့လာ သုံးသပ်ပြီးတော့ ပြင်ဆင်စရာရှိ တာပြင်ဆင်ဖို့ ပယ်ဖျက်စရာရှိတာ ကို ပယ်ဖျက်ဖိုအစားထိုးစရာရှိတာ ကို အစားထိုးဖို့ဆက်လက်ဆောင် ရွက်သွားမှာပါ”ဟု ထည့်သွင်းပြော ဆိုသွားခဲ့ကြောင်း သတင်းရရှိပါ သည်။

့The hotnews weekly

(UN ဝက်ဘ်ဆိုက်မှ 14 June 2013 ရက်စွဲပါ For the first time in nearly a year, UN reaches refugees in Myanmar’s Kachin State ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်း ပြောင်းရွှေ့နေထိုင်သူ ဒုက္ခသည်များအတွက် အကူအညီ အထောက် အပံ့များကို တစ်နှစ်နီးပါးမျှကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပေးပို့ထောက်ပံ့နိုင်ပြီဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးဆိုင်ရာ အေဂျင်စီက ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။

ယခုအခါ ကုလသမဂ္ဂဦးဆောင်သော ယာဉ်တန်းသည် ကချင်ပြည်နယ်တွင်းရှိ အစိုးရထိန်းချုပ်မှုမရှိသော ဧရိယာထဲ သို့ ဝင်ရောက်သွားနိုင်ပြီ ဖြစ်ကြောင်း UNOCHA မှ ပြောရေးဆိုခွင့်ရှိသူက ဂျနီဗာမြို့တွင် သတင်းထောက်များကို ပြောကြား သည်။

အဆိုပါ ယာဉ်တန်းသည် မိုင်ဂျာနှင့် ဘာမိုမြို့အကြားရှိ စခန်းများတွင် နေထိုင်လျက်ရှိသော ပြောင်းရွှေ့နေထိုင်ရသူ ဒုက္ခသည် ၅၁၀၀ ခန့်အတွက် အသက်ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်သွားခြင်းဖြစ်သည်။ ကယ်ဆယ်ရေး ပစ္စည်းများ တွင် အစားအသောက်၊ ကလေးများအတွက် အထူးအာဟာရများ၊ အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေးသန့်ရှင်းရေး ပစ္စည်းများ နှင့် ရေကောင်းရေသန့် ရရှိအောင် လုပ်ဆောင်နိုင်သည့် ပစ္စည်းများ အစရှိသည်တို့ပါဝင်သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)နှင့် အစိုးရတပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက် မှုများကြောင့် ကချင်ပြည်နယ်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်းခန့်ရှိခဲ့သည်။ ထို ဒုက္ခသည်များအနက် ၆၀၀၀၀ ခန့်မှာ အစိုးရထိန်းချုပ်မှု မရှိသော နေရာများတွင် နေထိုင်လျက်ရှိသည်။ UNOCHA က အဆိုပါနယ်မြေဒေသထဲသို့ ယာဉ်တန်းများစွာ ကို ပထမဆုံးအကြိမ်အဖြစ် စေလွှတ်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ယခုလို ယာဉ်တန်းတွေ သွားလာခွင့်ရတာဟာ ကချင်ပြည်နယ်မှ လိုအပ်ချက်ရှိသော ပြည်သူများကို အကူအညီ ပေးရေးအတွက် အစိုးရရဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုအဆင့်တစ်ခုပဲဖြစ်ပါတယ်”ဟုကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားသော အကူအညီဆိုင်ရာ ညှိနှိုင်းရေးမှူး Ashok Nigam ကပြောကြားသည်။

ယခင်အကြိမ်ကဆိုလျှင် UNOCHA အနေဖြင့် အဆိုပါပြည်သူများကို ထောက်ပံ့မှု မပြုလုပ်နိုင်ခဲ့ပေ။ အကြောင်းမှာ ကချင်ပြည်နယ်ရှိ အဆိုပါနယ်မြေဒေသထဲသို့ ဝင်ရောက်ခွင့် မရှိသောကြောင့်ဖြစ်သလို ရန်ပုံငွေ နည်းပါးနေခြင်းကြောင့် လည်း ဖြစ်သည်။ UNOCHA က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅၀ ဒဿမ ၉ သန်းတောင်းခံထားသော်လည်း ၄ ဒဿမ ၂ သန်းသာ လက်ခံရရှိသေးကြောင်း သိရသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.