06/25/13


ဇွန် ၂၃ ရက်က အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေမှ ရှင်းလင်းနေစဉ်

တော်ဝင်ဆုထူးပန်တာဝါ ဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် သတင်းမီဒီယာများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။

"အန်တီဝါပိုင်တဲ့ မြေပေါ်မှာ ဆုထူးပန်တာဝါ (၁၂ ထပ် အဆောက်အအုံ) ဆောက်ဖို့ Father Land ကုမ္ပဏီကို ကန်ထရိုက် ငှားခဲ့တာပါ။ အဲဒီအတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန် တစ်နှစ်ကျော်တဲ့ အချိန်အထိ ဘာမှအကောင်အထည် မဖော်နိုင်သေးပါဘူး။ စာချုပ်စချုပ်တဲ့နေ့မှာ စရန်ငွေကျပ်သိန်း ၁၀၀၀ ပေးတယ်။ ဒုတိယအကြိမ် လုပ်ငန်းသဘောအရ ကျပ်သိန်း ၇၀၀၀ ထပ်ပေးခဲ့ပါတယ်။ စည်ပင်သာယာဘက်ကို ဆောက်လုပ်ခွင့် တင်ပြဖို့ အပိုင်းကိုလည်း တာဝန်ယူမယ်လို့ ပြောပြီးတော့ ဘာမှလှုပ်ရှားမှု မရှိခဲ့ပါဘူး။ သိန်းပေါင်း ၈၀၀၀ ယူပြီးနောက်ပိုင်း ကျပ်သိန်း ၁၀၀၀ ကို ငွေအရမ်းကျပ်နေလို့ဆိုပြီး ထပ်တောင်းပါတယ်။ စုစုပေါင်းကျပ် သိန်း ၉၀၀၀ ပါ။ ဒါပေမဲ့ ဘာမှမလုပ်ပြနိုင်ပါဘူး။ အခုအချိန်ထိလည်း အန်တီဝါ မြေပေါ်မှာ ပိုင် ၁ ချောင်းတောင် မရိုက်ရသေးပါဘူး။ ဒါကြောင့် မီဒီယာတွေကို အခုလို ခေါ်ရှင်းတာပါ။ ဒီနေ့ကစပြီး Father Land ကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချုပ်ကို တရားဝင် ဖျက်သိမ်းလိုက်ပါပြီ။ အန်တီ ဒီကိစ္စကိုလုပ်တာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး လုံးဝမပါပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက ရှင်းလင်းခဲ့သည်။
"လူမှုရေးအပိုင်း အရမှာလည်း ဒီနှစ်ဖေဖော်ဝါရီလ ၉ ရက်မှာ ဆူထူးပန်တာဝါရှေ့ မြေကွက်မှာ ညသန်းခေါင်ယံအချိန် ဦးကျော်မြင့် အပါအ၀င် လူ ၄ ဦးက အမဲသားပေါ်မှာ ဖယောင်းတိုင် လာထွန်းတယ်။ အဲဒါကို အဲဒီနားမှာနေတဲ့ သူတွေတွေ့တယ်။ အန်တီဝါ့ကိုပြောတော့ အန်တီဝါက သူ့တို့ဘာသာအရ လုပ်ငန်းအောင်မြင်အောင် လုပ်တာပဲဆိုပြီး တွေးခဲ့တယ်။ နောက်တစ်ပတ်လောက်ကြာတော့ အဲဒီလိုပဲ သူကိုယ်တိုင်လာပြီး ထပ်ထွန်းပါတယ်။ နောက်ဆုံးအကြိမ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့မှာ ထပ်လုပ်ပါတယ်ပါတယ်။ အဲဒီလိုလုပ်ပြီး သူတို့ပြန်သွားတော့ အဲဒီနားမှာနေတဲ့ လင်မယားနှစ်ယောက်က အနားကိုသွားပြီး မီးလောင်နေတဲ့ ပစ္စည်းတွေကို သဲနဲ့ပက်ငြှိမ်းပြီး ပစ္စည်းတွေ သွားယူခဲ့တယ်။ သူတို့ယူလာတဲ့ ပစ္စည်းတွေကို ကြည့်လိုက်တော့ အန်တီဝါ ဓာတ်ပုံအောက်မှာ အင်းကွက်တွေချထားပြီး ဆေးဖယောင်းတွေနဲ့ မီးထွန်းထားတာ ဓာတ်ပုံကို မီးလောင်နေပြီ။ အဲဒါကို အန်တီဝါသိတော့ အင်မတန် ၀မ်းနည်းခဲ့ရတယ်။ အဲဒါနဲ့ နောက်တစ်နေ့မှာ ဦးကျော်မြင့်ကိုခေါ်ပြီး ပြတယ်။ ဒီကိစ္စ မင်းကိုယ်တိုင် လုပ်သလားလို့မေးတော့ သူကိုယ်တိုင်လုပ်တာပါလို့ ၀န်ခံခဲ့ပါတယ်။ သူက အဲဒါကောင်းဖို့ လုပ်တာလို့လည်း ပြောပါတယ်။ စဉ်းစားကြည့်ပါ။ ကောင်းဖို့လုပ်တာဆိုရင် ဓာတ်ပုံကို မီးရှို့မလားလို့ မေးလိုက်တယ်။ အဲဒီမှာသူက ဒီအဆောက်အအုံကို သူနဲ့ဆက်မဆောက်လို့ ရပါတယ်လို့ ပြောသွားပါတယ်။ အန်တီဝါ အဲဒီအချိန်တုန်းက မိတ္ထီလာမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်မို့လို့ နှုတ်ပိတ်နေခဲ့တယ်။ ဒီလို အောက်လမ်းနည်းအရ အန်တီဝါ့ကို တိုက်ခိုက်တယ်ဆိုတော့ အန်တီဝါဘယ်လိုမှ ဆက်မလုပ်နိုင်တော့သလို Father Land ဆောက်လုပ်ရေးနဲ့လည်း လုံးဝမသက်ဆိုင်တော့ပါဘူး" ဟု ဒေါ်ဝါ၀ါဝင်းရွှေက ဆက်လက်ရှင်းပြခဲ့သည်။

လုပ်ငန်း ဆက်မလုပ်ဖြစ်တော့၍ စရံအဖြစ် ပေးချေထားသည့် ငွေများအား ပြန်ပေးရန် ၁၁ ကြိမ်တိတိ ဒေါ်ဝါ၀ါဝင်းရွှေ၏ရှေ့နေ ဦးသန်းဋ္ဌေးမှတစ်ဆင့် ညှိနှိုင်းခဲ့ကြောင်း၊ ငွေများကို အရစ်များခွဲ၍ ပြန်ပေးဖို့ သဘောတူညှိနှိုင်းရန် ဇွန်လ ၂၁ ရက်နေ့အထိ ပြောခဲ့သော်လည်း Father Land လာရောက်ခြင်း မပြုခဲ့ဘဲ ရှောင်နေကြောင်း၊ ယင်းနောက်ပိုင်း ၎င်းတို့နှင့် ဆက်မလုပ်ဘဲ မြေအားပြန်ပေးရန်ပြောတော့ မြေပြန်လိုချင်ပါက စရန်ငွေအဖြစ် ကျပ်သိန်း ၉၀၀၀ အဆုံးခံရမည်ဖြစ်ကြောင်း ပြောသဖြင့် မြေကြီးအား ကျပ်သိန်း ၉၀၀၀ ဖြင့် ရွေးယူရမည့်သဘော ဖြစ်နေကြောင်း ဒေါ်ဝါ၀ါဝင်းရွှေ ဆက်လက်ရှင်းပြခဲ့သည်။

ယခု ဆုထူးပန် တာဝါအား ဆောက်လုပ်မှု ရပ်ဆိုင်းထားပြီး လုပ်ငန်းအပ်နှံသူ ဒေါ်ဝါ၀ါဝင်းရွှေမှ ပေးချေသည့် ငွေပမာဏ မူလသဘောတူထားသည့် ၁၂ ထပ် အဆောက်အအုံ ဆောက်လုပ်ရမည့် ငွေပမာဏပင် မပြည့်မီကြောင်း၊ ထပ်မံသဘောတူခဲ့သည့် ၂၁ ထပ် ဆောက်လုပ်ရန်မှာ မဖြစ်နိုင်ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း၊ အကယ်၍ လုပ်ငန်းအပ်နှံသူဘက်မှ လုပ်ငန်းဆက်မလုပ် ဖြစ်ပါက ပေးချေထားသည့် စရံငွေ ကျပ်သိန်း ၉၀၀၀ ပြန်ပေးမည် မဟုတ်ဘဲ ဆုံးရှုံးမည် ဖြစ်သည်ကို အကြောင်းပြန်ထားကြောင်း ဇွန်လ ၂၂ ရက်နေ့တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက သတင်းမီဒီယာများကို ရှင်းလင်းခဲ့သည်။

"အဓိက ပြဿနာက လုပ်ငန်းအပ်နှံသူဘက်က ပေးချေတဲ့ ငွေပမာဏ မပြည့်မီတာရယ်၊ သတင်းစာမှာ လူနေအိမ်ခန်းတွေ ရောင်းပေးဖို့ ကြော်ငြာတဲ့ ကိစ္စတွေကြောင့် အခုလို လုပ်ငန်းရပ်ထားရပြီး မီဒီယာတွေကို ရှင်းလင်းတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ လုပ်ငန်းအပ်နှံသူက ငွေအပြည့်အ၀ ပေးမယ်ဆိုရင် ရှေ့ဆက်ပြီး လုပ်ချင်ပါတယ်။ ကျွန်တော်တို့ကလည်း ဆက်ပြီးလုပ်မယ် ဆိုရင်လုပ်မယ်။ ဆက်မလုပ်ရင် စရံဆုံးမယ်လို့ သူတို့ကို အကြောင်းပြန်ထားပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ညှိနှိုင်းပြီးလုပ်ဖို့ တံခါးဖွင့်ပေး ထားပါတယ်" ဟုလည်း Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက ဇွန်လ ၂၂ ရက်နေ့ သတင်းမီဒီယာများ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကျပ်သိန်း ၉၀၀၀ ပြန်ပေးရန် ရှောင်နေသည့်အတွက် ဒေါ်ဝါ၀ါဝင်းရွှေ အနေဖြင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်အား တရားစွဲဆိုမည်လားဟု သတင်းမီဒီယာများ၏ မေးမြန်းချက်ကို "ဆောက်လုပ်ရေး လုပ်ငန်းအကြောင်း နားမလည်လို့ သူ့ကိုပုံအပ်ခဲ့တာ ဖြစ်ပါတယ်။ သူက အခုသိန်း ၉၀၀၀ ပြန်ပေးဖို့ကို ရှောင်နေတယ်။ သူမတရားလုပ်ပြီး သိန်း ၉၀၀၀ ကို စားမယ်ဆိုရင်လည်း စားပါစေ။ ဒါပေမဲ့ သိန်း ၉၀၀၀ ဆိုတာ မနည်းပါဘူး။ ပြန်မယူဘူးလို့လည်း မဟုတ်ပါဘူး။ ရှေ့ဆက်လုပ်မယ့် ကိစ္စကို အချိန်ယူပြီး စဉ်းစားမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ကျပ်သိန်း ၉၀၀၀ မပေးချင်၍ ရှောင်နေသည့် အပေါ်တွင် Father Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ယင်းကိစ္စမှာ မဟုတ်မှန်ကြောင်းလည်း ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဒေါ်ဝါ၀ါဝင်းရွှေ၏ ရှေ့နေဖြစ်သူ ဦးသန်းဋ္ဌေးက "ဒီကိစ္စမှာ ငွေကိုအလွဲသုံးစား လုပ်တဲ့အတွက် တရားစွဲလို့ ရပါတယ်။ ဒါပေမဲ့ ဒေါ်ဝါ၀ါဝင်းရွှေ အနေနဲ့ ဥပဒေကြောင်းအရ မလုပ်ဘူးလို့ ပြောပါတယ်။ ကာယကံရှင် ခွင့်ပြုချက် ရရင်တော့ တရားစွဲမှာပါ" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဇွန်လ ၂၄ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင်လည်း ဆုထူးပန်တာဝါ ဆောက်လုပ်မည့် မြေပေါ်မှ Father Land ဆောက်လုပ်ရေး ကုမ္ပဏီအား ၂၄ နာရီအတွင်း ထွက်ခွာပေးရန် ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ ကြေညာသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
news-eleven.com


မြန်မာ့နိုင်ငံရေးမှာ နောက်ကြောင်းမပြန်ဖို့ ပြည်ခိုင်ဖြိုး ပါတီမှာ တာဝန်အရှိဆုံး ဖြစ်သလို၊ နောက်ကြောင်းပြန်အောင် ပြောတဲ့လုပ်တဲ့ လူတွေကို ချေမှုန်းရမယ်လို့ လက်ရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရ ဦးရွှေမန်းက သတိပေးလိုက်ပါတယ်။

နေပြည်တော် ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ဗဟိုအဆင့် ပါတီ ခေါင်းဆောင်တွေ တက်ရောက်တဲ့ အစည်းအဝေးမှာ ပြောကြားလိုက်တဲ့ အကြောင်း ပါတီအာဘော်စာစောင် ပြည်ထောင်စုနေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်၊

ပါတီအနေနဲ့ အရင် စစ်အစိုးရက ခင်းထားပေးခဲ့တဲ့ လမ်းကြောင်းအတိုင်းလျှောက်ဖို့၊ မလျှောက်နိုင်ရင် ညံ့ရာကျမယ်လို့ သူရဦးရွှေမန်က အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောသွားပါတယ်၊

ကမ္ဘာမှာ ဘယ်နိုင်ငံမှ မြန်မာနိုင်ငံမှာလို အာဏာရရှိထားတဲ့အဖွဲ့၊ အာဏာရရှိထားတဲ့ ပုဂ္ဂိုလ်က စွန့်လွှတ်ခဲ့ကြတာမျိုး မရှိဘူးလို့လည်း ဦးရွှေမန်းက စစ်အစိုးရရဲ့ လုပ်ရပ်ကို ချီးကျူးသွားပါတယ်။

DVB TV News

၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ တရုတ်ပြည်ခရီးစဉ်အတွင်း အစိုး ရမှ လယ်သိမ်းသည့်ကိစ္စများတွင် လယ်သမားများအတွက် မည်သို့ ပြန်လည်လုပ်ပေးမှုကို လေ့လာခဲ့ ကြောင်းနှင့် တရုတ်နိုင်ငံမှ မြန်မာ နိုင်ငံတွင် သံပုရာပင်၊ ဖရဲသီးပင် နှင့် နွားစားမြက်ပင်များအား ရင်း နှီးမြှုပ်နှံမှုများပြုလုပ်ချင်ကြောင်း (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း) မှ ကိုထွန်းမြင့်အောင် ကပြောသည်။

““တရုတ်ပြည်မှာ ဖွံ့ဖြိုးမှုလုပ် ငန်းတွေအတွက် လယ်ယာမြေ သိမ်းတာရှိတယ်။ စီမံကိန်းတွေ ကြောင့် မြေသိမ်းတယ်ဆိုရင် လယ်သမားတွေ တစ်မိုးမှာ ဒီနှစ် ဘယ်လောက်ထွက်သလဲ၊ သီးနှံ ရောင်းတယ်ဆိုရင် ဘယ်လောက် သူတို့အကျိုးအမြတ်ရှိလဲ၊ အကျိုး အမြတ်ကို သူတို့က(၁၆)ဆ၊(၁၈) ဆနဲ့မြှောက်ပြီးတော့ လယ်သမား တွေကို လျော်ကြေးပေးတယ်။ ဒါ ကလတ်တလောဖြေရှင်းပေးတာ။ နောက်တစ်ပိုင်းက လောလော ဆယ်လယ်သမားတွေက အလုပ် လက်မဲ့ဖြစ်သွားပြီ။ အဲဒီအတွက် အလုပ်မရှိတဲ့လယ်သမားကို လူမှု ဖူလုံရေးကနေပြီးတော့ စားဖို့ သောက်ဖို့၊ နေဖို့ထိုင်ဖို့ပေးထား တယ်။ နောက်တစ်ခါလယ်သမား ပင်စင်ဆိုတာရှိတယ်။ ဆိုလိုတာ ကဒီလေ့လာမှုတွေကနေပြီးတော့ ကျွန်တော်တို့ တိုင်းပြည်မှာ လယ် သမားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဘယ်လိုလုပ်ပေးရမလဲ၊ နိုင်ငံတော်စီမံကိန်းတွေအတွက် လယ်သမားတွေဆီက လယ်သိမ်း ရင် လယ်သမားတွေကို ဘယ်လို လုပ်ပေးသင့်တယ်ဆိုတဲ့ အချက် အလက်တွေ ကျွန်တော်တို့ လေ့ လာခဲ့ပါတယ်”” ဟု ၎င်းကပြော သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုများ တရုတ်တို့လုပ်ချင်ကြောင်း၊ မည်သည့်နိုင်ငံကမဆို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီး မြှုပ်နှံမှုများကို ကြိုဆိုကြောင်း၊ ရင်းနှီးမြှုပ်နှံရာတွင် သဘာဝသယံ ဇာတများအပေါ် မှီခိုအားထား၍ လုပ်သောရင်းနှီးမြှုပ်နှံမှုမျိုးထက် စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ မှု ပိုမိုလိုချင်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား မထိခိုက်အောင်ပြောခဲ့ကြောင်း၊ မြေသိမ်းသည့်အခါတွင် လယ်သ မားများထိခိုက်မှုများကိုလည်းအမှန် တကယ်ကိုယ်တိုင်ကိုယ်ကျကုမ္ပဏီ များသိရှိဖို့လိုကြောင်း၊ လျော်ကြေး ပေးသည့်အခါတွင်လည်း စီမံကိန်း များမစခင်မှာ လယ်သမားများ ဒေသခံပြည်သူလူထုနှင့် ဆွေးနွေး ညှိနှိုင်းကာ စီမံကိန်းများကို ချပြ သင့်ကြောင်း များကိုလည်း ရှင်းပြ ခဲ့ကြောင်း ၎င်းကဆက်လက်ပြော သည်။

““စိုက်ပျိုးရေးလုပ်ငန်းမှာ ဘာ တွေလုပ်ချင်သလဲဆိုတော့သံပုရာ စိုက်ပျိုးရေးကို လုပ်ချင်တယ်။ သံ ပုရာစိုက်ခင်းကိုလုပ်ရင် သံပရာ ပင်က ၃နှစ်ကြာမှ အကျိုးအမြတ် ထွက်တာ။ အဲဒီတော့ ဒီကလယ် သမားတွေက မြေယာစိုက်၊ လုပ် အားစိုက်သူတို့က မျိုးနည်းပညာ တွေပေးမယ်၊ ပိုးသတ်ဆေးတွေ ပေးမယ်။ ထွက်လာတဲ့အကျိုးအ မြတ်ပေါ်မှာ ဈေးနှုန်းညှိနှိုင်းပြီး တော့ ၀ယ်ယူမယ်။ ၃နှစ်အတွင်း မှာလယ်သမားတွေစားဖို့၊သောက် ဖို့အတွက်ကို ညှိနှိုင်းပြီးတော့ လစာအနေနဲ့ ပေးသွားမယ်။ အဲဒီ လိုပဲဖရဲ၊နွားစားမြက်တွေကိုလည်း စိုက်ချင်တယ်တဲ့။ နောက်ပိုင်းသူ တို့ရဲ့ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ မှာ ပြည်သူလူထုနဲ့ တိုင်ရိုက်ဆွေး နွေးပြီး အကျိုးအမြတ်တွေကို ညှိ နှိုင်းဆောင်ရွက်ပြီးတော့ လုပ်ပါ မယ်””ဟု ၎င်းကထပ်မံပြောသည်။

ယဉ်ပပထွန်း
hotnewsweekly



ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ရန်ကုန်တောင်ပိုင်း ခရိုင် ကျောင်းသားများသမဂ္ဂ ) မှကျောင်းသား/သူများနှင့် အခြေခံ ပညာကျောင်းသားများသမဂ္ဂ ( ရန်ကုန်တောင်ပိုင်းခရိုင် ) တို့မှကျောင်းသား/ သူများဦးဆောင်၍ ယနေ့နယုန်လပြည့်နေ့ ( မဟာသမယ ) နေ့ အထိမ်းအမှတ် အဖြစ် ဗမာတစ်ပြည်လုံးတွင်စစ်မက်ဖြစ်ပွားမှု၊ ပဋိပက္ခဖြစ်ပွားမှုတို့ကြောင့်အသက် သေဆုံးခဲ့ကြသော၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြသော၊ ငြိမ်းချမ်းစွာပညာသင်ကြားခွင့် မရကြသော ကျောင်းသား/သူများနှင့်ပြည်သူများအား အမျှပေးဝေ၍ အမိနိုင်ငံတော်နှင့်တကွ ရဟန်းရှင်လူကျောင်းသားပြည်သူများ ငြိမ်းချမ်းကြပါစေကြောင်း ဆုတောင်းပွဲကို သန်လျင်မြို့ သမိုင်းဝင်ကျိုက်ခေါက်စေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ယနေ့ မဟာသမယ အခါတော်နေ့သည် ရောဟဏီမြစ်ရေ ပြသနာကြောင့် ကပိလ၀တ်ပြည်နှင့် ကောလိယပြည် သားချင်းညီနောင် နှစ်ပြည်ထောင်ကြား စစ်ဖြစ်ပွားတော့မည့် ပဋိပက္ခမှ ငြိမ်းအေး၍ နှစ်ပြည်ထောင်မင်းသား ( ၅၀၀ ) ရဟန်းပြုကြပြီး မဟာသမယ နေ့ထူးနေ့မြတ်တွင် ထိုရဟန်း ( ၅၀၀ )တို့ အာသဝေါ ကုန်ခမ်း၍ ရဟန္တာဖြစ်ခဲ့ကြသည့် အတွက်ငြိမ်းချမ်းရေးနှင့် လောကမေတ္တာတရားထုံမွှမ်းနေသော နေ့ထူးနေ့မြတ် ဖြစ်ခြင်းကြောင့် ဗကသ နှင့် အကသ ကျောင်းသားများမှ ဘုရားစေတီ သန့်ရှင်းရေး ကုသိုလ်ယူ၍ ယခုကဲ့သို့ ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပခဲ့ပြီး တတိုင်းပြည်လုံးငြိမ်းချမ်းသာယာစေကြောင်း ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

(AP သတင်းဌာနမှ 23 June 2013 ရက်စွဲပါ Clashes between troops, ethnic army continue despite agreement to scale back fighting ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရနှင့် ကေအိုင်အေ အကြား တိုက်ခိုက်မှုများလျှော့ချရန် ပြီးခဲ့သည့် မေလအတွင်း သဘောတူ လက်မှတ် ရေးထိုး မှုပြုလုပ်ပြီးနောက် ကချင်လက်နက်ကိုင်များနှင့်မြန်မာစစ်တပ်အကြား ရင်ဆိုင်တိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ဖြစ်ပွား ခဲ့ကြောင်းကချင်လက်နက်ကိုင်တပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့တွင်ထုတ်ဖော်ပြောဆိုပြီး ငြိမ်းချမ်းရေးဖော်ဆောင် ပါမည်ဟူသော မြန်မာအစိုးရ၏ကတိကဝတ်နှင့် ပတ်သက်၍ မေးခွန်းထုတ်လိုက်သည်။

“ဆွေးနွေးပွဲ ကျင်းပရုံလောက်နဲ့ ကျွန်တော်တို့ ယုံကြည်မှု မတည်ဆောက်နိုင်ပါဘူး။ နိုင်ငံရေးအရ ဒိုင်ယာလော့ခ်တွေ လုပ်ပြီး ဖြေရှင်းနိုင်ဖို့အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိထားဖို့ လိုအပ်ပါတယ်” ဟု ကေအိုင်အေအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် La Nan က AP သတင်းဌာန၏ မေးမြန်းချက်ကို အီးမေးလ်မှတစ်ဆင့်ပြန်လည်ဖြေကြားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာ အစိုးရဘက်က လောလောဆယ် တုံ့ပြန်မှုမရှိသေးပေ။ မြန်မာအစိုးရသည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရယူရန်ကြိုးပမ်းလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများ၏ပုန်ကန်ထကြွမှုများကို ရင်ဆိုင်ခဲ့ရသည်။ သမ္မတဦး သိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်သူပုန်တပ်ဖွဲ့ အများစုနှင့်အပစ်အခတ်ရပ်စဲရေး သဘော တူညီ ချက်ရရှိခဲ့သော်လည်း ကေအိုင်အေတို့နှင့်ရယူနိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် မေလအတွင်း နောက်ဆုံးပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ကချင်လက်နက်ကိုင်များနှင့် မြန်မာအစိုးရတို့သည် ငြိမ်းချမ်းရေးဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် အချက် ၇ ချက်ပါ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေး ထိုးခဲ့ကြ သည်။ယခု ဇွန်လတစ်လတည်းအတွင်း၌ပင် အစိုးရစစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်မှု ၂၁ ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟု La Nan က ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချရေးသဘောတူညီချက်ကြောင့် အစိုးရစစ်တပ်အနေဖြင့် ကေအိုင်အေစခန်းများနှင့် ပိုမိုနီးကပ်လာအောင်ပြုလုပ်နိုင်သလိုတပ်များပြန်လည်ဖြန့်ကြက်ထားနိုင်ကြောင်း ၎င်းကဆိုသည်။ “နောက်ထပ် တိုက်ခိုက်မှုပြု လုပ်နိုင်ရေးအတွက် အစိုးရကယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အခွင့်အလမ်းတစ်ရပ်အနေနဲ့ အသုံးပြုနိုင်အောင် တိုက်ခိုက် မှုလျှော့ချရေးသဘောတူညီချက်က ဖန်တီးပေးလိုက်တယ်လို့ ပြောရင်မှန်ပါလိမ့်မယ်” ဟု La Nan ကဆိုသည်။

မြန်မာအစိုးရနှင့် ကေအိုင်အေအကြား ဆွေးနွေးပွဲပြုလုပ်ခဲ့သည်မှာ ၁၅ကြိမ်ရှိသွားပြီဖြစ်သည်။

Yangon Chronicle


ရင်နစ်ဖွယ်အပြန်ခရီးနှင့် အပူမီးကိုငြိမ်းသူများ

မြင်ကွင်းထဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဆိုက်ရောက်ဧရိယာထဲ၌ နိုင်ငံ ရပ်ခြားမှ ပြန်လည်ရောက်ရှိလာကြသော မိမိတို့၏ မိသားစုဝင်များအား ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက် ပျော်မြူးနေကြသော မိသားစုဝင်များ၏ ပျော်ရွှင်ဖွယ်ရာမြင်ကွင်းလေးအား မြင်ရပြန်တော့ မိမိကိုပါ ထိုပီတိ ကလေးကူးစက်၍ ပျော်ရွှင်ကြည်နူးသလို ခံစားမိပါသည်။ အော်…“သွားလမ်းသာ၍ လာလမ်းဖြောင့် ကြသူများပါတကား” ဟုတွေးမိသလို အခြားတဖက် လူမသိသူမသိလေဆိပ်၏ နောက်အပေါက် ပစ္စည်းအ ဟောင်းများ ထားရှိရာနေရာ ညောင်ပင်အိုကြီး၏ အရိပ်အောက်ရှိ လေဆိပ်သုံး ထော်လီတစ်စင်းပေါ်တွင် အထပ်ထပ်ထုတ်ပိုးထားသော အခေါင်းသေတ္တာတစ်လုံးနှင့်အတူ ဘေးဝဲယာတွင် အော်ဟစ်ငိုကြွေး ပူဆွေး နေကြသော မိသားစုတစ်စု အော်… “သွားလမ်းသာခဲ့ပေမယ့် ရင်နင့်ဖွယ်အပြန်ခရီး” နဲ့ မိသားစုဝင်တွေ မျက်ရည်တွေနှင့် ဆီးလို့ကြိုနေသော မြင်ကွင်းကလေးသည် မိမိတို့၏ နှလုံးသားကို စူးနစ်ကြေကွဲစေခဲ့လေ ပြီ။ ထိုမြင်ကွင်းလေးအား ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်တော့ချေ။

၂.၆.၂ဝ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် ကွယ် လွန်ခဲ့ရသော ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ ရုပ်အလောင်းအား မိဘဆွေမျိုး ညီအစ်ကို မောင်နှမ များ၏နေရပ် မှော်ဘီမြို့နယ်သို့ ပြန်လည်သယ်ဆောင်၍ သင်္ဂြိုဟ်လိုသည့်ဆန္ဒကြောင့် မလေးရှားနိုင်ငံရှိ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများ၏ စီစဉ်ဆောင်ရွက် ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခဲ့ရာ ၂၂.၆.၂ဝ၁၃ ရက်နေ့ နံနက် (၉းဝဝ) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ရုပ်အလောင်းအား သယ်ဆောင်၍ နေရပ်သို့ ပြန်လည်ပို့ဆောင်ကူညီပေးခဲ့သည်။ ယင်းနေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် ကွယ်လွန်သူ၏ နေရပ်ဇာတိဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ မြို့ချောင်းကျေးရွာရှိ သုဿန်တွင် ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ခဲ့သည်။ ထိုသို့ သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ ၏ မိဘဆွေမျိုး ညီအစ်ကို မောင်နှမများ ရပ်မိ/ဖများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများ၊ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများတို့သည် ကွယ်လွန်သူ၏ နေအိမ်မှ သုဿန်သို့ ခက်ခက်ခဲခဲ စုပေါင်းညီညာစွာဖြင့် ဝိုင်းဝန်းသယ်ဆောင်၍ မီးသင်္ဂြိုဟ် ပေးခဲ့ပြီး မိသားစုဝင်များ၏ အပူမီးအား မျှဝေခံစားခဲ့ကြသည်။

ယခုကဲ့သို့သော ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံ၏ သားကောင်းရတနာများ ရင်နင့်ဖွယ်ရာ ကြွေလွင့်ရခြင်းသည် မိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သလို တိုင်းပြည်အတွက်လည်းများစွာ နစ်နာခဲ့ရသည်။ ထို့ကြောင့် ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ “ရင်နစ်ဖွယ်ရာအပြန်ခရီး” တွင် ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် မိသားစု၏ အပူမီးကို မျှဝေခံစားရင်း မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲခဲ့ရတော့သည်။ ကမ္ဘာသူ/သားအားလုံး ပျော်ရွှင်ဖွယ်အပြန်ခရီးတွင် မိသားစုနှင့် အတူ ဆုံဆည်းနိုင်ကြပါစေ။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.