07/09/13



Asia World ကုမ္ပဏီ နှင့် အာရှဓန ဘဏ် တို့ စတင်ဖြစ်ပေါ်လာပုံ
===================================
တရုတ် ဘိန်းဘုရင်၊ ဘိန်းရာဇာ (လမ်းတံတား၊ လေဆိပ်၊ဧရာဝတီ မြစ်ဆုံေ၇ကာတာ) တည်ဆောက်တဲ့ လုပ်ငန်း လုပ်တဲ့ Asia World ကုမ္ပဏီ နှင့် (အာရှဓန ဘဏ်) ပိုင်ရှင် လားရှိုးသား တရုတ်လူမျိုး (မြန်မာ အစိုးရ အဆက်ဆက်တို့ ၏လူယုံတော် ဘိန်းကုန်သည် ) လော်စစ်ဟန် စနေနေ့က (၆.၇.၂၀၁၃) ရက်နေ့ တွင်ကွယ်လွန်သွား ပြီ ဖြစ်ကြောင်းသတင်းရရှိပါသည်။
ဒီ ရုပ်သံမှာ လောစစ်ဟန်ကိုယ်တိုင် ပြောထားပါတယ် တစ်နှစ် ကို ဘိန်းစိမ်း အနည်းဆုံး ပိသာချိန် တစ်သိန်း (၁၀၀,၀၀၀) ၀ယ်ယူ ကာဘိန်းဖြူ များအဖြစ်ချက်လုပ်ပြီး ဖြန့် ဖြူးနေ ကြောင်း ပြော ထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ နယ် ၊ လွယ်ဒေါင်ဒေသ၊ လွယ်မော် နှင့် မန်မတ် ဒေသ တွေ မှာ ထွက် တဲ့ဘိန်းစိမ်း အားလုံး ဟာ သူ့ ဆီ ကို ရောင်းခဲ့ ကြရ ပါတယ်။ ဒီကရတဲ့ ငွေ တွေနဲ့ Asia World ကုမ္ပဏီ နှင့် အာရှဓန ဘဏ် တို့ ကိုတည်ထောင် ထားဒါ မဟုတ်ရပါဘူး လို့ ရဲရဲ ကြီးဘယ်သူများ ငြင်း နိုင်ပါသလဲ..???

(by-Lachid Kachin)


မြန်မာအာဏာရှင်တွေ ကယ်တင်ထားခဲ့တဲ့ ဘိန်းဘုရင် လောစစ်ဟန်ရဲ့  အရှုပ်တော်ပုံပါတဲ့ (လောစစ်ဟန်အား ဖမ်းမိစဉ်)။
‘ဘိန်းဖြူ၏ ခေါင်းကိုင်ဖခင်ကြီး’ ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ရည်ညွှန်းခံရသူ ရွှေတြိဂံဒေသ၏ နာမည်ကျော် ဦးလော်စစ်ဟန်မှာ ဇူလိုင်လ ၆ ရက်နေ့ (စနေနေ့) ည ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် တာမွေမြို့နယ် မွန်မြတ်မေတ္တာ အိမ်ရာရှိ နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင် များနှင့် ရင်းနှီးသူများက ပြောကြားသည်။

ကွယ်လွန်ချိန်တွင် အသက် ၈၀ ရှိပြီဖြစ်သော ဦးလော်စစ်ဟန် မှာ ပြည်တွင်းသောင်းကျန်းမှု သမိုင်းတွင် နာမည်ကျော်ကြားခဲ့သော ကွမ်းလုံ ရက်လေး ဆယ် တိုက်ပွဲတွင် ကွန်မြူနစ် တပ်များကို မြန်မာအစိုးရ ဘက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

ယင်းအပြင် ဗမာပြည် ကွန်မြူနစ်ပါတီကို ပထမဆုံး ပုန်ကန် ခွဲ ထွက်ခဲ့သော ဦးဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကို မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရရှိအောင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်သည်။

ကွမ်းလုံ ရက် လေးဆယ် တိုက်ပွဲတွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် တိုင် ၁၉၇၃ ခုနှစ်တွင် တောခိုခဲ့ပြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော SSA နှင့် ပူးပေါင်းခဲ့သူလည်း ဖြစ်သည်။

ဦးလော်စစ်ဟန်မှာ ၁၉၇၃ ခုနှစ်တွင် ထိုင်းအစိုးရ၏ ဖမ်းဆီးခံခဲ့ ရပြီးနောက် မြန်မာနိုင်ငံသို့ လွှဲပြောင်း ခံခဲ့ရကာ နိုင်ငံတော် ပုန်ကန်မှုဖြင့် သေဒဏ် ချမှတ်ခံရသည့်တိုင်အောင် ၁၉၈၀ ပြည့်နှစ် တွင် ထုတ်ပြန်ခဲ့သော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကို ယခင် တပ်မတော်အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး ရယူအောင် ဆောင်ရွက်ပေးခဲ့အပြီးတွင် ဦးလော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင်မှာ အေးရှားဝေါလ် အမည်ဖြင့် အကျိုးအမြတ် ကြီးမားသည့် ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်း၊ လေကြောင်း လိုင်း ပြေးဆွဲခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းကြီးများ စသည့် ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးများကို လုပ်ကိုင်ခွင့် ရရှိခဲ့သူဖြစ်သည်။

ကွယ်လွန်ချိန်တွင် သားသမီး ကိုးဦးနှင့် မြေး ၁၆ ဦး ကျန်ရစ်ခဲ့သော ဦးလော်စစ်ဟန်၏ ဈာပနကို ယူနန် သုသာန်၌ ပြုလုပ်မည် ဖြစ်သည်။

The Voice Weekly

အဆင့်မြင့်ပညာရေးဆွေး နွေးပွဲသို့ ကိုဒီငြိမ်းလင်း၊ ကိုစည် သူမောင်နှင့်မဖြိုးဖြိုးအောင်တို့ တက်ရောက်၍ ၎င်းတို့ကျောင်း ပြန်တက်ခွင့်ရရှိရေးအတွက်တင် ပြခွင့် ရရှိခဲ့ကြောင်းသိရသည်။
ကိုဒီငြိမ်းလင်းတို့မှာ ၂၀၀၇ ခုနှစ်က အနောက်ပိုင်းတက္ကသိုလ် တွင်ပညာသင်ကြားရင်း ရွှေဝါ ရောင် တော်လှန်ရေးသံဃာလှုပ် ရှားမှု အလွန်တွင် ဖမ်းဆီးထိန်း သိမ်း ခံခဲ့ရသောနိုင်ငံရေး အကျဉ်းသားများဖြစ်ပြီး ၂၀၁၂ ခုနှစ် ပြန်လည်လွတ်မြောက်ခဲ့ကြ စဉ်ကတည်းက ပြန်လည်ကျောင်း တက်ခွင့် လျောက်ထားခဲ့သော် လည်း ကျောင်းပြန်တက်ခွင့် မရ သေးကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ၃လပိုင်းတွင် နိုင်ငံတော် သမ္မတဆီကျောင်းတက်ခွင့် တောင်းခဲ့သော ကိုဒီငြိမ်းလင်းတို့ ကို ၅လပိုင်းတွင် ပညာရေး ၀န် ကြီးဌာနမှ ခေါ်ယူဆွေးနွေးခဲ့ပြီး အခြေအနေထူးခြားမှုမရှိသဖြင့် ၁၂ ပိုင်းတွင် မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင် နှင့်သမ္မတရုံးသို့ ထပ်မံစာတင် ခဲ့ ရကြောင်း၊ ယခု၂၀၁၃ဇူလိုင်လ ရောက်မှသာ နေပြည်တော်တွင် ပညာရေး ဒုဝန်ကြီး၊ပညာရေးမြှင့် တင်ရေးကော်မတီဝင်ဒေါက်တာ မြဦး၊ဒေါ်အောင်ဆန်းစုကြည်တို့ ထံ တိုက်ရိုက်ပြောဆို တင်ပြခွင့် ရခြင်းဖြစ်ကြောင်း ကိုဒီငြိမ်းလင်း မှပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ပိတ် ဆို့မှုများ ဖြေလျှော့နေသည့် ယခု လိုအချိန်အခါတွင် မဖြစ်သင့် သည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ မိမိအနေဖြင့် ယခုမှ သိရခြင်းဖြစ် ကြောင်း၊ လွှတ်တော်တွင်မေးမြန်း ပေးမည်ဖြစ်ကြောင်း ကိုဒီငြိမ်း လင်းအား ပြောကြားခဲ့သည်ဟု သိရသည်။အမေရိကန်နိုင်ငံသံရုံး တွင် ကျင်းပသော အခမ်းအနား တစ်ခုတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့ ကလည်း ၎င်းတို့ကြိုးစားပေးမည် ဟု ကိုဒီငြိမ်းလင်းအားပြောကြား ခဲ့ကြောင်းနှင်““ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက် ပညာရေး ကဏ္ဍ ကိုမြှင့်တင်သွားမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားဟောင်း တွေလည်း ကျောင်းပြန်တက်ခွင့် ရဖို့လိုအပ်ပါတယ်။ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာ လူတိုင်း ပညာသင်ကြားခွင့် ရရှိရေးဟာ နိုင်ငံသားအားလုံးရဲ့ ကိုယ်ပိုင် အခွင့် အရေးပါ။ကျွန်တော်တို့ ရဲ့ ရပိုင်ခွင့်ပါ။ဒီရပိုင်ခွင့်ကို ဘယ်လို ကြိုးမျိုးနဲ့မှ ချည်နှောင်မထားဘဲ ပေးပါလို့အစိုးရကိုပြောချင်တယ်”” ဟု ကိုဒီငြိမ်းလင်းမှပြောသည်။

အဆိုပါဖြစ်စဉ်အပေါ်”နိုင်ငံ ရေးအကျဉ်းသားဟောင်းတွေ ကျောင်းပြန်တက်ခွင့် မရခြင်းဟာ နှစ်ကြိမ်နှစ်ခါပြစ်ဒဏ်ချမှတ်ထား သလိုပါပဲ”ဟုဒေါ်အောင်ဆန်းစု ကြည်မှ ပြောကြားခဲ့ကြောင်းသိရ သည်။

ဇော်မြင့်
The hotnews weekly

8.7.2013 -5:00 PM အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဗုဒ္ဓဂယာ မဟာဗောဓိစေတီအစရှိသော ဗုဒ္ဓဘာသာဝင် အဆောက်အအုံများအား အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု အိန္ဒိယရောက် နိုင်ငံပေါင်းစုံမှ သံဃာတော်များ(မျက်ရည်စနဲ့ သက်သေပြခဲ့လေပြီ)။= ဗုဒ္ဓသာနံစိရံတိဌတု=။
8.7.2013 -5:00 PM အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဗုဒ္ဓဂယာ မဟာဗောဓိစေတီအစရှိသော ဗုဒ္ဓဘာသာဝင် အဆောက်အအုံများအား အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု အိန္ဒိယရောက် နိုင်ငံပေါင်းစုံမှ သံဃာတော်များ ဆန္ဒပြ ရှုတ်ချ ကြပါသည်။
Ashin Mu Nain Da

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.