07/14/13

၁၉၈၉/၉၀ ခုနှစ်ဝန်းကျင်လောက်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) ကောင်းစားစဉ် ကာလတုန်းကပေါ့ ဗျာ။ ကျနော်တို့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဗိုလ်ကြီးသာအေး မြို့နယ်(မ၀တ)တာဝန်ယူခဲ့ဖူးတဲ့ အချိန်ကအကြောင်းလေးပါ။

တစ်ရက်တော့ ဗိုလ်ကြီးသာအေးဟာ ဟင်္သာတမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ၀င်ရောက် ကြည့်ရှုပါတယ်။ စစ်ယူနီဖေါင်း အပြည့်အစုံ နဲ့ဆိုတော့ ခန့်ညားတင့်တယ်နေတာပေါ့ ခင်ဗျ။ ဘဏ်ထဲကို ၀င်လိုက်တာနဲ့ ဘဏ်တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးကနေ "တပ်မတော်အရာရှိ တစ်ဦးက စည်းကမ်းနားလည်ရမယ်"လို့ပြောပြီး၊"ဘဏ်အတွင်း မည်သူမျှ လက်နက်ကိုင်ဆောင် ၀င်ခွင့်မပြု" ဆိုတဲ့ ဆိုင်းဘုတ်ကို ညွှန်ပြလိုက်တယ်။ ဆက်ပြီး " ပါလာတဲ့သေနတ်ကို ဘဏ်လုံခြုံရေးရဲမှာ အပ်လိုက်ပါ"လို့ ပြောလိုက်တယ်။ အဲဒီမှာ ဗိုလ်ကြီးသာအေး တစ်ယောက် စီးပွားရေးဘဏ်အတွင်းမှာ ဒေါသူပုန်ထခဲ့လေရဲ့။

ဘဏ်တာဝန်ရှိပုဂ္ဂိုလ်ရဲ့ အမည်ကိုတော့ မပြောလိုတော့ပါဘူး။ မကြာခင်မှာပဲ အဲဒီ ဟင်္သာတဘဏ် တာဝန်ရှိပုဂ္ဂိုလ်ဟာ ရန်ကုန်၊ ကမ်းနားလမ်း၊ဘဏ်ရုံး ကို ပြောင်းရွှေ့သွားရပါတယ်။ အဲဒီ အကြောင်း တရားရဲ့ အကျိုးဆက်လားဆိုတာတော့ ပြုလုပ်သူ ကာယကံရှင် ကိုယ်တိုင်ပဲ သိကြမှာပါ။ စီးပွားရေးဘဏ်တာဝန်ရှိသူဟာ ကရင်တိုင်းရင်းသားဆိုတော့ ဖားတာတွေ၊ ဝေ့၀ိုက်တာတွေ မလုပ်တတ်တော့ အရှိအတိုင်း ဒဲ့ဒိုးပဲ ပြောချလိုက်တာဖြစ်ပါတယ်။

ဗိုလ်ကြီသာအေးဟာ ယူနီဖေါင်းနဲ့တင်မက အရပ်ဝတ်နဲ့လည်း ရုပ်ဖျက်ပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်တယ်တဲ့ဗျ။ တစ်ရက်မှာ လမ်းဘေးအရက်ပုန်းဆိုင်ကိုဝင်ပြီး ဆိုင်ရှင်အဖွားကြီးနဲ့ စကားစမြည် ပြောကြတယ်။ အရောင်းအ၀ယ်ကောင်းရဲ့လား ဘာလားပေါ့။ အဘွားကြီးက ဗိုလ်ကြီးသာအေးမှန်းမသိဘူးဆိုပဲ။ ဆိုင်ရှင်အဘွားကြီးက " ရောင်းဝယ်ရတာ အခုတလော သိပ်မကောင်းချင်ဘူးကွဲ့ ...သာအေးဆိုတဲ့လူ လိုက်မွှေနေလို့ အရင်လောက် ဘယ်ရောင်းကောင်းပါ့ မလည်းကွယ်" လို့ ပြန်ပြောလိုက်တယ် တဲ့။

အဲဒါ အဲဒီတုန်းက ဟင်္သာတမြို့သားတွေ ကြားမှာ တော်တော်လေး လူပြောများခဲ့ တာ။

" ကျနော်လည်း ရန်ကုန်ဘက် ခရီးဆက်လိုက်ပါဦးမယ်။ ဦးသာအေး ကိုတွေ့ရင် သတိရနေတဲ့ အကြောင်းတော့ ပြောပြပေးကြပါခင်ဗျား။
(ဟင်္သာတ ထွန်းခင်)

ThanLarWaddy Times


အာဇာနည်နေ့အတွက် အလေးပြုနိုင်ရန် ဥသြဆွဲသံအား ဖုန်းမြည်သံစနစ်အဖြစ် ထည့်သွင်းနိုင်ရေးအတွက် နည်းပညာကျွမ်းကျင်သူများဖြင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ သိရသည်။

လာမည့် ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည်နေ့တွင် တရားဝင် ဥသြဆွဲ အလေးပြု ခွင့်မရနိုင်ပါက ပြည်သူများအနေဖြင့် ဥသြသံအား ဖုန်းမြည်သံ(Ringtone)အဖြစ် ရယူပြီး လက်ကိုင်ဖုန်းများအတွင်း အချက်ပေးစနစ် (Alarm) ထည့်သွင်းခြင်းဖြင့် အလေးပြုနိုင်ရန် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ဆိုသည်။

"အခု အိုင်တီသမားတွေနဲ့ ဆွေးနွေးနေပါတယ်။ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ရယူနိုင်မယ့် စနစ်ကို ပြုလုပ်ပေးမှာပါ။"ဟု ၄င်းက ပြောသည်။

လက်ရှိတွင် "အဖြူရောင်တွဲလက်များ" ဖေ့စ်ဘွတ်စာမျက်နှာပေါ်၌ အဆိုပါ ဖုန်းမြည်သံ ရယူနိုင်ရန် လင့်ခ်ပေးထားပြီး လက်ကိုင်ဖုန်းများတွင် အလွယ်တကူရယူနိုင်ရန် မိုဘိုင်းအယ်ပလီကေးရှင်း ပုံစံဖြင့်လည်း ဆောင်ရွက်ရန် လျာထားကြောင်းသိရသည်။

သုတလင်း (ပေါ်ပြုလာ မြန်မာသတင်းဂျာနယ်)။

သြဥ ဆွဲသံကို sound cloud မှ ဒေါင်းလုပ် ရယူနိုင်ပါသည်။
https://soundcloud.com/kohtike-1/martyr-siren-sound

(လက်ဖက်ရည်ဆိုင်များ၊ မော်တော်ကားများမှလည်း အဆိုပါ အသံများကို မနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဖွင့်၍ ဝမ်းနည်းကြောင်း ဂုဏ်ပြုနိုင်ပါသည်။)



( 12 July 2013 ရက်စွဲပါ The Christian Science Monitor မှ Joseph J. Schatz ရေးသားသော Chinese firms in Myanmar attempt to fix image problem ကို ဘာသာပြန်ဆိုသည်)

တရုတ်သည် မြန်မာနိုင်ငံ၌ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများတွင် ရုတ်တရက် မမျှော်လင့်သော ငြင်းဆန်သည့် အနေအ ထားကို ကြုံတွေ့လာရခြင်းကြောင့် အနောက်နိုင်ငံ ကော်ပိုရေးရှင်းများ အသုံးပြုလေ့ရှိကြသည့် စီးပွားရေးတွင် ပါဝင်သူများ၊ ပတ်ဝန်းကျင်နှင့် ကျယ်ပြန့်သော အသိုင်းအ၀ိုင်းများ အပေါ် အပေါင်းလက္ခဏာ ဆောင်သော သက်ရောက်မှုရှိစေမည့် စီးပွားရေးလုပ်ငန်း ဖြစ်စေရန် မဟာဗျူဟာကို (Corporate Social Resposibility) ကျင့်သုံးရန် ကြိုးစားလျက်ရှိပါသည်။

မကြာခင်ကအထိ အများက မြန်မာနိုင်ငံကို တရုတ်၏ ဖောက်သည်နိုင်ငံတစ်ခု အဖြစ် ရှုမြင်ခဲ့ကြသော်လည်း ယခုအခါ မြန်မာနိုင်ငံမှ တရုတ် စီးပွားရေးလုပ်ငန်းများအတွက် လိုက်နာရမည့် လမ်းညွှန်ချက်အသစ်များကို ပြီးခဲ့သည့်အပတ် က ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ လုပ်ဆောင်မှုသည် တရုတ်၏ ကျဆင်းနေသော ပုံရိပ် ပြဿနာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သာမက အာရှနှင့် အာဖရိက နိုင်ငံများတွင် ကြေးနီ သတ္ထုတူးဖော်ခြင်း၊ ရေလှောင်တမံနှင့် ရေနံ တူးဖော်ရေးများ လုပ်ကိုင်နေ သော တရုတ် စီးပွားရေးလုပ်ငန်းများအတွက်လည်း ဖြစ်ပါသည်။ အဆိုပါ နေရာများတွင် အန္တရာယ် ကင်းရှင်းရေး ကိစ္စများ ချိုးဖောက်ခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကြောင့် ကန့်ကွက်မှုများ ရှိနေပါသည်။

ရန်ကုန်ရှိ တရုတ်သံရုံး၏ နိုင်ငံရေးဌာနမှ လူမှုရေးမီဒီယာဆောင်ရွက်မှုများ အကြီးအကဲ Gao Mingbo က မြန်မာ နိုင်ငံတွင် မဟာဗျူဟာပြောင်း၍ လုပ်ဆောင်မှုများကို ရှေ့ပြေး အဖြစ် ခံယူ၍ တရုတ်ကုမ္ပဏီများ နိုင်ငံခြားတွင် စီးပွားရေး လုပ်ကိုင်ရာတွင် မည်သို့ လိုက်နာရမည်ကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကျင့်သုံးမည့် ဗျူဟာမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမေရိကန်တို့ ကျင့်သုံးသော တာဝန်ယူမှုဗျူဟာပင် ဖြစ်ပါသည်။

သို့သော် တရုတ်တို့ မြန်မာနိုင်ငံတွင် ကြုံတွေ့ရသော ပြဿနာကို မြန်မာနိုင်ငံတွင် စီးပွားရေးလု့ပ်မည့် အခြားနိုင်ငံ များကလည်း သတိထားရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်သူများသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို ဆိုးရွားစွာ ထိခိုက် မည် ဟု ယူဆရသော ရင်းနှီးမြှုပ်နှံမှုများကို ဆန္ဒပြရန် မကြောက်ရွံ့ကြ တော့ပေ။ ယခု လောလောဆယ် အများဆုံးဖြစ်လေ့ရှိ သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဆန္ဒပြမှုများမှာ မြေယာရပိုင်ခွင့်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပါသည်။

ရန်ကုန်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို အရင်ထက်ပို၍ အလေးပေးလျက် ရှိကြောင်း ရန်ကုန်အခြေစိုက် VDB – LOI မှ ရှေ့နေ Edwin Vanderbruggen က ပြောကြားခဲ့ပါသည်။ ထိုနေရာတွင် တရုတ်အပါအ၀င် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ နေရာအား ကောင်းစွာ ရပ်တည်နိုင်ရေးအတွက် အားလုံးမျှဝေ တာဝန်ယူသော နိုင်ငံသား ပီသစွာ ပြုမူရမည်ဖြစ်ပါသည်။

ယခု မဟာဗျူဟာ ပြောင်းလဲကျင့်သုံးမှုမှာ တရုတ်၏ မြန်မာနိုင်ငံမှ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်းများ စတင် အသုံးပြုရန် ပြင်ဆင်နေချိန် ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံ၏ လူထုအခြေပြု အဖွဲ့အစည်းများအတွင်း ပိုက်လိုင်းအတွက် မြေယာ သိမ်းယူမှုများနှင့် ပတ်သက်၍ တိုး၍ ဆန္ဒပြမှုများ ရှိလာပါသည်။ ထိုနည်းတူပင် အခြား တရုတ်၏ အငြင်းပွားဖွယ် သယံဇာတ် ထုတ်ယူသော စီမံကိန်းများအတွက်လည်း ဆန္ဒပြမှုများ ရှိပါသည်။ ထိုသို့ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးတွင် စိတ်ကျေနပ် ဖွယ်ရှိသည် ဟု ခံယူထားသော ဘေဂျင်းအတွင် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါသည်။

“ဒါကတော့ ခံယူချက်အတိုင်း ဖြစ်သွားပါတယ် ဟု Mr. Gao က ပြောပါသည်။ တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ထိခိုက်ရသည့် ဒေသခံများကို များစွာ အကူအညီများပေးခဲ့ကြောင်း၊ သို့သော် ၎င်းတို့၏ လုပ်ဆောင် မှုများကို အများသိအောင် မလုပ်ဆောင်ခဲ့ခြင်းကြောင့်ဟု ၎င်းက ဆိုပါသည်။

“ဒါကတော့ ကြီးမားတဲ့ သင်ခန်းစာ ပါပဲ။ ဒေသခံ အသိုင်းအ၀ိုင်းတွေကို တရုတ် ကုမ္ပဏီတွေ ဘာမှ လုပ်မပေးဘူးလို့ စွပ်စွဲတာတော့ တရားမျှတမှု မရှိပါဘူး” ဟု ၎င်းက ပြောပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ မြန်ဆန်စွာ ထွက်ပေါ်လာခြင်းကြောင့် တရုတ် - မြန်မာ ဆက်ဆံရေး၏ အမှန်တကယ် သဘာဝ၏ ရှုတ်ထွေးပုံများ ပုံပေါ်လာခဲ့ရပါသည်။ မြန်မာနိုင်ငံသည် သမိုင်းဝင် တရုတ် အပေါ် မှီခိုရမှုကို ချိန်ခွင်လျှာ ညှိနိုင်ရန် ကမ္ဘာကြီးကို တံခါးဖွင့်ခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပ တို့နှင့် ဆက်ဆံရေး တိုးချဲ့ခဲ့ ပါသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း စီးပွားရေးအရ ဆက်ဆံရေးတွင် ကြီးမားသော ထိခိုက်မှုများကို ကြုံခဲ့ရရာ 2011 ခုနှစ်က တရုတ်တို့၏ ရေလှောင်တမံ ဆောက်လုပ်ရေးကို သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းခဲ့ခြင်းနှင့် တရုတ် - မြန်မာ ကြေးနီစီမံ ကိန်းတို့ ဖြစ်ပါသည်။

ယခုအခါ တရုတ်အစိုးရသည် ၎င်း၏ ကျဆင်းနေသော ပုံရိပ်ကို ပြန်လည် မြှင့်တင်ရန် လိုအပ်ပုံကို သဘောပေါက် လာပါသည်။ ဘေဂျင်းသည် Coporate Social Resposibility ကိုမြှင့်တင်ရန် ရုတ်တရက် စိတ်ဝင်စားလာပြီး အကူအညီ ပေးမှုများကို လည်း လူသိအောင် ပြသရေးကို ဗျူဟာ၏ အစိတ်အပိုင်းအဖြစ် လိုအပ်ပုံကို သိရှိလာပါသည်။

ပြီးခဲ့သည့်အပတ်က သတင်းစာရှင်းလင်းပွဲတွင် တရုတ်သံရုံးနှင့် တရုတ် - မြန်မာ လုပ်ငန်းရှင်အသင်းက မြန်မာပြည် သားများ ယုံကြည်မှုရှင်းလင်းရေးအတွက် ကိုယ်ပိုင် လိုက်နာရမည့် မူများကို ထိန်းသိမ်းရန် ၊ အလုပ်အကိုင် ဖန်တီးမှုကို အာရုံပြုရန် နှင့် ဒေသခံ အသိုင်းအ၀ိုင်းများနှင့် ပိုမို ထိတွေ့ဆက်ဆံရန် ကတိပြုခဲ့ပါသည်။

နောက်ထပ် ဘာတွေ လုပ်ဦးမည်ဆိုသည်မှာတော့ မသဲကွဲသေးပေ။ တရုတ်၏ ကြိုးပမ်းမှုများမှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ဘေဂျင်းအနေဖြင့် အရေးတကြီး နေရာတွင် သတ်မှတ်ထားသည်ကိုမူ ပြသလျက် ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် အနောက်၏ ပြိုင်ဆိုင်မှုများက တိုးလာလျက်ရှိပါသည်။ ဥပမာအားဖြင့် တရုတ်၏ ရေနံပိုက်လိုင်းသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ တင်သွင်းလာသော ရေနံများသည် စစ်ရေးအရ ညှစ်ထားနိုင်သည့် မလက္ကာ ရေလက်ကြားကို ရှောင်သွားနိုင်သဖြင့် အကျိုးများလှပါသည်။

yangon chronicle

ထိုင်းနိုင်ငံရှိ (Silkworm Books) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ဘင်နဒစ် ရော်ဂျာစ် (Benedict Rogers) ရေးသားထားတဲ့ "ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တဦးကို မျက်နှာဖုံးခွာကြည့်ခြင်း" ဆိုတဲ့ စာအုပ်အကြောင်းကို စတင် တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ စာအုပ်အကြောင်းနဲ့ စာရေးသူ အကြောင်း မိတ်ဆက်၊ နာမည်ကျော် စာရေးသူအချို့ရဲ့ ဝေဖန်ချက်တွေကို တင်ပြ ပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။

ဒီတပတ်မှာတော့ စာအုပ်သစ်တအုပ်ကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီစာအုပ်က အခု ၂ဝ၁ဝ ခုနှစ် ထဲမှာပဲ ထွက်ပေါ်လာတဲ့စာအုပ်သစ်တအုပ်ဖြစ်ပြီး၊ မြန်မာ စာဖတ်ပရိသတ်အများ စိတ်ဝင်စားဖွယ်အကြောင်း ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။ စာအုပ်နာမည်ကိုက "ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်း ညစ်တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း" ဆိုတော့ ဘာတွေများ ရေးထားမှာလဲဆိုပြီး စိတ်ဝင်စားမိကြမှာပါ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ (Silkworm Books) စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ စာရေးသူ က ဗြိတိန်အခြေစိုက် ကမ္ဘာတဝှမ်းရှိ ခရစ်ယာန် ဘာသာဝင်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (Christian Solidarity Worldwide) က ဒု-ဥက္ကဌတာဝန်ယူထားသူ ဘင်နဒစ် ရော်ဂျာစ် ဖြစ်ပါတယ်။ သူက မြန်မာပြည် နယ်စပ်တလျှောက်မှာ တိုင်းရင်းသားလူမျိုးများ အရေးနဲ့ ပတ်သက်ပြီး ကာလ ကြာရှည်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကရင်လူမျိုးတွေ၊ စစ်ပြေး ကရင်ဒုက္ခသည်အများကို ကူညီဆောင်ရွက်ပေးခဲ့ တာပါ။ မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိတ်ဝင်စားသူတွေ၊ အစိုးရတွေအကြား တိုက်တွန်းပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒါအပြင် နိုင်ငံတကာသတင်းစာ အများအပြားမှာလည်း မြန်မာနိုင်ငံက ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ ဆောင်းပါးအများအပြား ရေးသားခဲ့တဲ့အပြင်၊ "မိစ္ဆာမကင်းနိုင်တဲ့မြေ- မြန်မာနိုင်ငံရှိ ကရင်လူမျိုးများအပေါ် လူမျိုးတုန်းသုတ်သင်နေသည့် လုပ်ရပ်ကို ရပ်တန့်ပါရန်" ဆိုတဲ့ စာအုပ်တအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့ပါ သေးတယ်။ ဒီစာအုပ်ရေးသားဖို့ သူ့အဖွဲ့ အစည်းက အားပေးခဲ့တဲ့ အပြင်၊ မြန်မာပြည်အရေး လှုပ်ရှားနေတဲ့ အမေရိကန်အခြေစိုက် (US Campaign for Burma) အဖွဲ့က ဂျယ်ရမီ ဝုဒ်လမ်း ကလည်း ကိုယ်တိုင်ကိုယ်ကျ ကူညီ အချက်အလက်တွေ စုဆောင်းပေးတဲ့ အပြင် အကြိမ်ကြိမ်ဖတ်ရှု အကြံပေးခဲ့တယ် လည်း ဆိုပါတယ်။

ဒီစာအုပ်အဖွင့်ပိုင်း နိဒါန်းမှာ သူဖော်ပြထားတာကတော့ အင်တာနက်က အချက်အလက်တွေရှာဖွေနိုင်တဲ့ ဂူးဂဲလ်စာမျက်နှာမှာ "အာဏာရှင်တွေအကြောင်း စာအုပ် ဒါမှမဟုတ် အာဏာရှင်နဲ့ ဖက်ဆစ်" စသဖြင့် ရိုက်ထည့်ပြီး ရှာဖွေကြည့်ရင် နိုင်ငံတကာက နာမည်ကြီးအာဏာရှင်တွေအကြောင်းကို တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။ အရင်က နာဇီအာဏာရှင်ကြီး ဟစ်တလာ၊ ချီလီက အာဏာရှင်ပီနိုချေးအကြောင်း၊ ယူဂိုဆလား ဗီးယားက မီလိုဆီးဗစ်၊ ယူဂန်ဒါနိုင်ငံက အီဒီအာမင်၊ အခုအခါမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေ တယ်ဆိုတဲ့ ဆူဒန်နိုင်ငံက အိုမာ အယ်လ်-ဘာရှား စသဖြင့်တို့ရဲ့အကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ် တွေကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်က ဆိုးညစ်လှတဲ့ အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းက ပျောက်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကုလသမဂ္ဂက ၂ဝဝ၆ ခုနှစ် လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်နိုင်ခြေရှိနေတဲ့နိုင်ငံတွေအကြောင်း လေ့လာချက်မှာ အနီရောင်သတိပေးချက်ပြထားတဲ့ နိုင်ငံတခုဖြစ်သလို၊ ဘာသာရေးလွတ်လပ်ခွင့်၊ သတင်း မီဒီယာလွတ်လပ်ခွင့်၊ စီးပွားရေး လွတ်လပ်ခွင့်တွေမှာ အတော် အောက်တန်းနောက်တန်းကျနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းလို ကပ်ဘေးသင့်တဲ့ကာလ မျိုးမှာတောင် ကိုယ့်ပြည်သူတွေအပေါ် စာနာမှုကင်းမဲ့စွာ လျစ်လျူပြုနေနိုင်တဲ့ အုပ်ချုပ်သူတဦးဖြစ်သလို၊ လူ များစု ကိုးကွယ်ရာ ဗုဒ္ဓြွဘာသာ သံဃာတော်တွေကိုလည်း အာဏာနဲ့ ပတ်သက်လာရင် ရက်ရက်စက်စက် သတ်ဖြတ်ရဲတဲ့ အုပ်ချုပ်သူ ဖြစ်ပါတယ်။ အဲဒါအပြင် တိုင်းရင်းသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ပြစ်မှုတွေ အမြောက်အများ မှတ်တမ်းရှိထားတဲ့အပြင်၊ မြန်မာ့တပ်မတော်က မုဒိမ်းမှု ကျူးလွန်နေ တာကို မသိကျိုးကျွံ ဆက်လက်ခွင့်ပြုထားတာလည်း သူပဲဆိုပါတယ်။ ဒီလိုဆိုးရွားလှတဲ့ မင်းဆိုးမင်းညစ်တဦး ဖြစ်ပေမယ့် သူနဲ့ပတ်သက်တဲ့ လေ့လာထားတဲ့စာအုပ်၊ စာတန်း၊ စာပေက အတော့်ကို ရှားရှားပါးပါးဖြစ်နေလို့ ဒီကွပ်လပ်ကို ဖြည့်ဆည်းရလေအောင် ဗိုလ်ချုပ်သန်းရွှေအကြောင်းစာအုပ်ကို သူရေးဖို့ကြိုးပမ်းရတာ ဖြစ်တယ် လို့ ဘင်နဒစ် ရော်ဂျာစ်က ဆိုထားပါတယ်။

ဒါပေမယ့်စာအုပ်ရေးသားဖို့က မြန်မာစစ်အာဏာရှင်ကြီးရဲ့အကြောင်းကို သိရှိသူ နည်းလွန်းလှတာမို့ နယ်စပ် က မြန်မာ အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသားတွေ၊ စစ်တပ်က လက်နက်ချလာသူတွေ၊ စစ်တပ် အရာရှိ ဟောင်းတွေ၊ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စသဖြင့်တွေနဲ့ တွေ့ဆုံမေးမြန်းပြီး အတော့်ကို ကြိုးပမ်းစု ဆောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဧရာဝတီမဂ္ဂဇင်းနဲ့ ဒီစာအုပ်အကြောင်း တွေ့ဆုံမေးမြန်းခန်းတခုမှာတော့ "ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူ စစ်ဘုရင်တပါးလိုမြင်တယ်။ ... ... တချို့အချက်အလက်တွေက ဘယ် လိုမှ မဆီလျော် ပေမယ့် အဲဒါတွေက သူတကယ်စဉ်းစားနေတဲ့ အချက်တွေပဲ။" လို့ ဗိုလ်ချုပ်သန်းရွှေ အပေါ် သူ့အမြင်ကို ပြောခဲ့ပါသေးတယ်။ အဲဒါအပြင် "မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန် တဲ့ ရာဇဝတ်မှုလို ပြစ်မှုတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍကို စုံစမ်းဖေါ်ထုတ်ဖို့ စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ရှိသင့်တယ်လို့ တခြားသူတွေ ယုံကြည်သလို ကျနော်လည်း ယုံကြည်တယ်ဆိုတဲ့ အကြောင်း ကိုလည်း ကျနော် အကြမ်းဖျဉ်းဖေါ်ပြထားပါတယ်။" လို့ သူရည်ရွယ်ချက် ကိုလည်း ဧရာဝတီမဂ္ဂဇင်းကို ထုတ် ဖော် ပြောပြခဲ့ပါသေးတယ်။

ဒီစာအုပ်အကြောင်းကို သူက မြန်မာပြည်ကို သတင်းလွှင့်နေတဲ့ လွတ်လပ်တဲ့အာရှအသံ စသဖြင့် သတင်းမီဒီယာ တွေလည်း ထုတ်ဖော်ပြောခဲ့ပါသေးတယ်။ ဗိုလ်ချုပ်သန်းရွှေက အာဏာကို ဘယ်လိုနည်းသုံးရသုံးရ ဆက်ပြီး ထိန်းသိမ်း ထားမယ့်သူဖြစ်တယ်ဆိုတာ သူ့အမြင်ကို ဖော်ပြပြောဆိုထားခဲ့ပါသေးတယ်။ ဒီစာအုပ် အကြောင်းကို မြန်မာပြည် ကိစ္စအပေါ် အကြားအမြင်များတဲ့ စာရေးဆရာ ဘာတေးလ်လင့်တနာက သုံးသပ်ရာ မှာတော့ အကောင်းဖက်က ဖော်ပြ သုံးသပ်ခဲ့ပါတယ်။ ဘာတေးလ်က ထပ်ပြီးဖြည့်စွက်ဖော်ပြထားတာကတော့ ဗိုလ်ချုပ် သန်းရွှေအာဏာရလာရာ လမ်းတလျှောက် စစ်သားဘဝမှာလည်း တကယ်စစ်မြေပြင်က တိုက်ခိုက်ပြီး တက်လာခဲ့တဲ့သူ မဟုတ်ဘူး၊ သူက စိတ်ဓာတ်စစ်ဆင်ရေးဌာနကနေ တက်လာသူဆိုတာလည်း ဖော်ပြခဲ့ပါ တယ်။ တချိန်က မြန်မာပြည်က စစ်အာဏာရှင်ကြီး ဦးနေဝင်းသေတဲ့အခါ နောင်လာမယ့်မျိုးဆက်တွေနဲ့ အပြောင်းအလဲတွေ ဖြစ်ကောင်းရဲ့ဆိုပြီး၊ စိတ်ကူးယဉ်ခဲ့ကြတာဟာ မှားခဲ့ကြောင်း၊ အခုအချိန်မှာလည်း ရွေး ကောက်ပွဲကို ထောက်ခံပြောဆိုနေသူတွေ၊ ဗိုလ်ချုပ်သန်းရွှေအလွန်ကာလမှာ ဒီမိုကရေစီအပြောင်းအလဲ အတွက် ဦးတည်သွားလိမ့်မယ်လို့ ယူဆထားတဲ့သူတွေ ဖတ်သင့်တဲ့စာအုပ်ကောင်းတအုပ်လို့ ဘာတေးလ် လင့်တနာက ညွှန်းဆိုခဲ့ကြောင်းပါခင်ဗျား။

နောက်တပတ်မှာတော့ ဗိုလ်ချုပ်သန်းရွှေ ငယ်စဉ်ဘဝအကြောင်းတွေ ရေးသားတင်ပြထားတာကို ဆက်လက် တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

မျက်နှာဖုံး ခွာကြည့်ခြင်း (အပိုင်း-၂) စာပို့သမားတဦးမှ အာဏာရှင်ဘဝသို့


သောတရှင် မိတ်ဆွေများခင်ဗျား။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အကြောင်း၊ အထုပ္ပတိကို နိုင်ငံပိုင်သတင်းစာတွေကနေ တရားဝင်ဖော်ပြရေးသားတာ အနည်းအကျဉ်းပဲ ရှိပါတယ်။ အဲဒါအပြင် သူ့ဘဝအကြောင်းနဲ့ ပတ်သက်လို့ သူ ကိုယ်တိုင် ထုတ်ဖော်ပြောတာ ကလည်း မရှိသလောက်ပါပဲ။ သူနဲ့တွေ့ကြုံဖြတ်သန်းခဲ့ဖူးတဲ့သူတွေ၊ လုပ်ဖော် ကိုင်ဖက်၊ တပည့်တပန်းတွေက လည်း သူ့အကြောင်း စာတစောင်ပေတဖွဲ့ရေးတာမျိုး မရှိပါဘူး။ ပြောရရင် အတော်သိုသိုသိပ်သိပ်နိုင်လွန်းတဲ့သူ လို့ ဆိုရင်ရနိုင်ပါတယ်။

စာအုပ်ရဲ့ နိဒါန်းပိုင်းမှာ စာရေးသူ ဘင်ရော်ဂျာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မဖြစ်လာခင် အစောပိုင်းကာလတွေ အကြောင်း၊ နိုင်ငံရေးအရ တဖြည်းဖြည်းမြင့်တက် နေရာရလာပုံအကြောင်း သတင်းအချက်အလက်တွေစု ဆောင်းတော့ အတော်ခက်တယ်ဆိုပါတယ်။ ဒါပေမယ့်ပြောလို့ရတာက ဗိုလ်ချုပ်သန်းရွှေက ဘဝတလျှောက် လုံးမှာ လူဆိုးလူမိုက်ကြီးတော့ မဟုတ်ခဲ့ပါဘူး။ သိပ်ကြီးပပလွှားလွှား ဥစ္စာစည်းစိမ် ခံလိုတဲ့လူစားမျိုးလည်း မဟုတ်ခဲ့ပါဘူး။ သူနဲ့လွန်ခဲ့တဲ့ နှစ် (၃ဝ) အတွင်းက သိခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့အပြောအရဆိုရင် သူ့ဘဝက အတော့် ကို ရိုးရိုးရှင်းရှင်း နိုင်လှတယ်၊ တိတ်တိတ်ဆိတ်ဆိတ်ဘဲ နေလေ့ရှိတယ်လို့ သိခဲ့ရပါတယ်။ အဲသည်တော့ ဇင်ဘာဘွေ နိုင်ငံက ဒီကနေ့အာဏာရှင်ကြီး မူဂါဘီနဲ့အတော်ဆင်တူတယ်ဆိုပြီး သူက ကိုးကားဖော်ပြပါတယ်။ မူဂါဘီ အစောပိုင်းသမ္မတသက်တမ်းမှာ အလုပ်အတူပူးတွဲလုပ်ကိုင်ဖူးခဲ့တဲ့ ဒင်းနစ် နော်မင်ကရေးသားထားတဲ့ စာတအုပ်ကို ကိုးကားပြီး၊ မူဂါဘီက အတော့်ကို စည်းစနစ်ကျနတဲ့သူ၊ လူတွေကိုလည်း လေးလေးစားစား ဆက်ဆံတတ်သူ၊ ယဉ်ကျေးပျူငှာ ဝတ်မပျက်တတ်ဘူး၊ သိပ်ပလွှားတဲ့ ဇိမ်ခံမှုမျိုးလည်း လိုလားသူ မဟုတ်ဘူး လို့ ရေးခဲ့ပါတယ်။ ဒီအချက်တွေအားလုံးက ဗိုလ်ချုပ်သန်းရွှေရဲ့ အစောပိုင်းကာလကို ဖော်ပြရင်လည်း တထပ်တည်း လောက် တူနေနိုင်တယ်လို့ သူကဆိုပါတယ်။ မူဂါဘီက ပလွှားတဲ့သူတော့ မဟုတ်ဘူး၊ ဒါပေမယ့် အာဏာ ကို တော့ တပ်မက်မောတယ်လို့ ဒင်းနစ် နော်မင်က ရေးပါတယ်။ မူဂါဘီဘဝအတိတ်ကို ပြန်ကြည့်တဲ့ အခါ သူရဲ့ နိုင်ငံရေးဖြတ်သန်းမှုတလျှောက်လုံးမှာ မတွေ့ရတာက လူသားတယောက်ဆန်တဲ့ အနှစ်သာရပဲလို့ ဆိုပါတယ်။ သူက မထင်မရှား နိုင်ငံရေးသမားတဦးအဖြစ် ဖြတ်ခဲ့ရတယ်၊ အခြေအနေအဆို အမျိုးမျိုးကြားမှာ ရှင်ကျန်ရစ် ရသူ၊ ဒါပေမယ့် အကြင်နာကင်းကင်းနဲ့ ရက်စက်တတ်သူလို့ ဆိုပါတယ်။ သူ့လူမျိုးတွေအပေါ်မှာတောင် အညှိုး ထားတတ်သူလို့ ဆိုပါတယ်။ မူဂါဘီက ဇင်ဘာဘွေပြည်သူတွေအရေးအတွက်လောက်တော့ ဘယ်လောက် ဒုက္ခရောက်နေနေ၊ သေကောင်ပေါင်းလဲ ဖြစ်ပါစေ၊ စိတ်မလှုပ်ရှားတတ်ဘူး၊ ဒါပေမယ့် ပဋပိက္ခတွေ၊ ရန်သူ တွေရဲ့ လုပ်ကြံမှုဖြစ်ရပ်တွေအကြောင်းဆိုရင် သူ့စိတ်ဝင်စားမှုက ထကြွလာတယ်လို့လည်း မူဂါဘီ အကြောင်းကို ရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေအကြောင်း စာရေးသူ ဘင် ရော်ဂျာကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ဒီလိုစရိုက်လက္ခဏာတွေကို တွေ့ရပြန်တယ်လို့ ဆိုပါတယ်။ သူတို့က အလယ်ခေတ် ကာလတွေ က သက်ဦး ဆံပိုင် ဘုရင်တွေလို ကျင့်ကြံချင်တယ်လို့ ဆိုပါတယ်။ "သူတို့ လုပ်ချင်တာကိုလုပ်မယ်၊ သူရဲ့လမ်းမှာ ဘယ်သူ ကမှ လာတားဆီးနေလို့မရဘူး၊ အကယ်၍ သူလုပ်ချင်တာကို လုပ်ခွင့်မပေးဘူးဆိုရင် ဘယ်လိုဖြစ်သွားမယ် ဆိုတာ တွေ့ရလိမ့်မယ်" စသဖြင့် ကလေးဆိုးဆန်ဆန် အမူအကျင့် တွေကိုလည်း အာဏာရှင်ကြီး ၂-ဦးလုံးမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကြောင့် လူတွေဘဝပျက် သေကြေကြရတာသာမကဘဲ၊ နိုင်ငံတခုလုံး ကြေကွဲဝမ်းနည်းဖွယ် အဖြစ်ဆိုးတွေလည်း ကြုံကြရပါတယ်။

စာရေးသူက ဘာကြောင့်ဒီလိုဖြစ်တာလဲ လို့ မေးခွန်းထုတ်ရင်း၊ "အာဏာဟာ လူကိုပျက်စီးစေတယ်၊ အကြွင်းမဲ့ အာဏာဟာ လူကို ပိုလို့ဆိုးရွားစွာ ပျက်စီးစေတယ် "ဆိုတဲ့ လော့ဒ် အက်တွန် (Lord Acton) ရဲ့ အတိတ် ကာလက နာမည်ကျော်စကားကိုပဲ ယူပြီး အဖြေပေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူက အာဏာရှင်ကြီး ဗိုလ်ချုပ် မှူးကြီး သန်းရွှေရဲ့ မျက်နှာဖုံးကို ခွာချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဗိုလ်ချုပ်သန်းရွှေက မြန်မာပြည်အထက်ပိုင်းက ကျောက်ဆည်သားပါ။ ၁၉၃၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ မှာ မွေးဖွားတယ်လို့ ဆိုပါတယ်။ သူရဲ့ငယ်စဉ်ဘဝအကြောင်းကလည်း သိသူအတော်နည်းလှပါတယ်။ သူမှာ မွေးချင်း ဘယ်နှစ်ယောက်ရှိသလဲဆိုတာတောင် အတိအကျ မသိနိုင်ကြပါဘူး။ အချို့ကတော့ သူ့ကို သူ့ကို မြင်းစုလို့ခေါ်တဲ့ ရွာငယ်တခုမှာ မွေးတယ်လို့ဆိုပါတယ်။ ဗိုလ်ချုပ်သန်းရွှေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦး ပြောတာကတော့ သူ့ကိုညောင်ခြေထောက်လို့ခေါ်တဲ့ မြို့ငယ်တခုမှာ မွေးတယ်လို့ ပြောပြန်ပါတယ်။ နောက် ပိုင်းမှာ ကျောက်ဆည်ကိုပေါင်းလာတဲ့မြို့လို့လည်း ဆိုပါတယ်။ ကျောက်ဆည်ဒေသက ခြောက်သွေ့တဲ့ မြေပြန့် ဒေသပါ၊ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား အသက်မွေးကြပါတယ်။ ရန်ကုန်-မန္တလေးသွားတဲ့ ရထားလမ်းမ ပေါ်မှာ တည်ရှိပြီး၊ ရှမ်းပြည်ကနေ ဧရာဝတီမြစ်ထဲ စီးဝင်တဲ့ ဇော်ဂျီချောင်းက ရေကို မှီခိုအားထားကြရပါတယ်။ ကျောက်ဆည်မှာ လူဝင်ပြီးကတဲ့ "ဆင်ပွဲ"ကလည်း နာမည်ကျော်လှပါတယ်။

သိရှိသူတွေကတော့ ဗိုလ်ချုပ်သန်းရွှေရဲ့မိဘတွေက လယ်သမားတွေလို့ ဆိုကြပါတယ်။ ဖြစ်နိုင်တာက ဆန်စိုက် တဲ့ လယ်သမားတွေဖြစ်ဖို့ များပါတယ်။ ကျောက်ဆည်မှာ ဆန်အပြင်၊ နနွင်း၊ သရက်၊ ကြက်သွန်၊ ပြောင်းနဲ့ ပဲ အမျိုးမျိုးလည်း စိုက်ကြပါတယ်။ ဗိုလ်ချုပ်သန်းရွှေမွေးဖွား ကြီးပြင်းခဲ့တဲ့ကာလနဲ့ မြန်မာ့သမိုင်းဖြစ်စဉ်တွေကို လည်း ယှဉ်လို့စာရေးသူက ဖော်ပြခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ မမွေးခင် ၂-နှစ်လောက်၊ ၁၉၃ဝ ခုနှစ်မှာ မြန်မာ နိုင်ငံက ကိုလိုနီအုပ်ချုပ်ရေး ကာလအထဲ လယ်သမားတွေ မခံမရပ်နိုင်လို့ ဆရာစံသူပုန်ထမှုကြီး ပေါ်ပေါက်ခဲ့ပါ တယ်။ လယ်သမားတွေက ရရာလက်နက်စွဲလို့ အင်္ဂလိပ်ကိုလိုနီကို ပုန်ကန်ခဲ့ကြတာပါ။ ဒီသမိုင်းအဖြစ်အပျက် က ဗိုလ်ချုပ်သန်းရွှေအပေါ် သြဇာလွှမ်းမိုးဖို့တော့ ခက်ပါတယ်။ အတော့်ကို ငယ်ရွယ်သေးတဲ့ကာလပါ။

ဗိုလ်ချုပ်သန်းရွှေ ငယ်စဉ်ဘဝက ပညာရေးကောင်းကောင်းမရခဲ့ဘူးလို့ ပြောဆိုတာတွေလည်း ရှိနေခဲ့ပါတယ်။ ကျောင်းနေတဲ့ ပုံမှန်ပညာရေးထက်စာရင်၊ ပုံမှန်မဟုတ်တဲ့ ပညာရေးစနစ်မျိုးနဲ့ ကြီးပြင်းဖြတ်သန်းခဲ့ရတယ်လို့ လည်း ဆိုကြပါတယ်။ ဒါပေမယ့် စစ်အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ဗိုလ်ချုပ် သန်းရွှေက ၁၉၄၂ ခုမှာ အခြေခံမူလတန်းကျောင်းပြီးလို့၊ ကျောက်ဆည် အထက်တန်းကျောင်းကိုတက် ၁၉၅၁ ခုနှစ်မှာ အထက်တန်းအောင်ခဲ့တယ်လို့ ဆိုပါတယ်။ အချို့ကလည်း ဒီလောက်တောင် ပညာရေးရှိချင်မှရှိမယ် လို့လည်း ပြောဆိုတာတွေ ရှိပါသေးတယ်။ အဲဒီနောက် ကျောက်ဆည်မြို့ရဲ့တောင်ဖက် မိုင် ၆ဝ-အကွာက မြို့ကလေးရဲ့ စာတိုက်တခုမှာ စာတိုက်စာရေးလေးအဖြစ် တနှစ်လောက်လုပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။ စာတိုက်စာရေးဖြစ်ဖို့ဆိုတာ အနည်းဆုံး ပညာအရည်အချင်း ၁ဝ-တန်းလောက်မှ ရှိမှ ဖြစ်မှာမို့ သူက ၁ဝ- တန်း အောင်ခဲ့တယ်လို့ ယူဆနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ မြန်မာပြည်မှာ စာတိုက်စာရေးလေး ဘဝ ကနေ အာဏာရှင်ကြီးဖြစ်ခဲ့တာ သူမှ မဟုတ်ပါဘူး။ အရင်က အာဏာရှင်ကြီး ဦးနေဝင်းကလည်း စာတိုက် စာရေး လေးအဖြစ် အလုပ်ဝင်ခဲ့ဖူးပါသေးတယ်။

နောက်တပတ်မှာတော့ သူ့ရဲ့ငယ်စဉ်ဘဝနဲ့ စစ်ထဲဝင်ခဲ့ပုံကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် ကြပါစေ။

-------
ထိုင်းနိုင်ငံရှိ (Silkworm Books) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ဘင်နဒစ် ရော်ဂျာစ် (Benedict Rogers) ရေးသားထားတဲ့ "ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တဦးကို မျက်နှာဖုံးခွာကြည့်ခြင်း" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ ဗိုလ်ချုပ်သန်းရွှေရဲ့ ငယ်စဉ်ဘဝ စစ်တပ် ထဲဝင်ရောက်ခဲ့ပုံ အကြောင်းတွေကို ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။

နိုင်ငံတွေ၊ အင်ပိုင်ယာတွေရဲ့ သမိုင်းဟာ ထွန်းပြောင်တဲ့ အတိတ်သမိုင်းတွေ ရှိ သလို၊ ပြိုလဲကျဆုံးမှုတွေနဲ့လည်း တွဲနေ တတ်ပါတယ်။ ဒီလိုသမိုင်းမှာပဲ လူစွမ်း ကောင်း ယောက်ျား၊ မိန်းမတွေရဲ့အကြောင်းတွေနဲ့လည်း ဆက်စပ် နေတတ် ပြန်ပါတယ်။ ဒီကနေ့ အခုလို စာအုပ်မှတ်တမ်းတင်ရတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အကြောင်းကို ပြန်ကြည့်တဲ့အခါမှာ ဒီလိုထူးချွန်တဲ့ လူစွမ်း ကောင်းလူယောက်ျားတဦးရဲ့ မှတ်တမ်းကို ဖတ်နေရသလိုတော့ မဟုတ်ပါဘူး။

ဗိုလ်ချုပ်သန်းရွှေ ငယ်စဉ်ဘဝ ကျောက်ဆည်မြို့မှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်က ဒုတိယကမ္ဘာစစ်ကာလနဲ့လည်း တိုက်ဆိုင် နေပါတယ်။ ဗိုလ်ချုပ်သန်းရွှေက အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သူလို့ လူသိများကြသလို၊ မကြာ ခဏဆိုသလိုပဲ ဗြိတိသျှတွေကို ဆန့်ကျင်ပြောဆိုတာလည်း ရှိခဲ့ပါတယ်။ အဲသည်တော့ သမိုင်းအဖြစ်အပျက် တွေက သူ့ငယ်စဉ် ဘဝအပေါ် ဘယ်လောက်သြဇာ လွှမ်းမိုးခဲ့မယ်ဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း တွေကို တွက်ချက်ပြီး ဗိုလ်ချုပ်သန်းရွှေဟာ ငယ်စဉ်ဘဝက ရှင်ပြုပြီး ကိုရင်ဘဝ ဖြတ်သန်းခဲ့မယ်ဆိုတာကိုလည်း စာရေးသူက တွက်ချက်ဖော်ပြပါသေးတယ်။ ဗိုလ်ချုပ်သန်းရွှေမှာ မွေးချင်း မောင်နှမ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြပါဘူး။ သူကိုယ်တိုင်ကလည်း သူ့မိသားစု အကြောင်း ဖော်ပြပြောဆိုတာ မရှိခဲ့ပါဘူး။ မြန်မာပြည်မှာ သံအမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံ သံအမတ်ကြီးကတော့ ဗိုလ်ချုပ်သန်းရွှေဟာ မွေးချင်းမောင်နှမတွေ မရှိနိုင်ဘူး၊ ရှိရင် သူသိရမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်လုပ်ခဲ့တဲ့ ရာဇာလီ အစ္စမိုင်းလ်ကတော့ ဗိုလ်ချုပ် သန်းရွှေမှာ အကို ဒါမှမဟုတ် ယောက်ဖတဦးရှိတယ်၊ သူက ကွန်မြူနစ်နဲ့ ပတ်သက်လို့ ထောင်ကျနေတယ်လို့ သူ့ကို ပြောခဲ့ဖူး ကြောင်း ပြန်ပြောပါတယ်။ ဒါပေမယ့် စာရေးသူ ဘင်ရော်ဂျာကတော့ ကျောက်ဆည်မြို့သား (ABSDF) ဥက္ကဌ ကိုသံခဲကို ကိုးကားဖော်ပြရာမှာ ဗိုလ်ချုပ်သန်းရွှေမှာ အစ်မတယောက်ရှိပြီး၊ ဈေးဆိုင်တည် ထားတယ်။ နောက် သူအာဏာရလာပြီး နောက်ပိုင်းမှာမှ တည်းခိုခန်းတွေ၊ အခြားလုပ်ငန်းတွေ ပံ့ပိုးပေးတာ ကြောင့် ကြီးပွားစီးပွား ဖြစ်လာတယ် ဆိုပါတယ်။ ဒါပေမယ့်ဗိုလ်ချုပ်သန်းရွှေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတဦး ပြောတာကတော့ ဗိုလ်ချုပ်သန်းရွှေရဲ့ဖခင်က အရင်အိမ်ထောင်ရှိဖူးတယ်။ အဲသည် အိမ်ထောင်နဲ့ အဖေတူ မောင်နှမ ၅-ယောက်၊ ၆- ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။ တရားဝင်အတည်ပြုနိုင်တာတွေတော့ မဟုတ်ပါဘူး။ ဒီအချက်တွေ ကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။ ကျောက်ဆည်ဒေသမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ စက်ရုံတွေ အများအပြား သူ အာဏာရ လာပြီးတဲ့ နောက်ပိုင်းမှာ တည်ဆောက်ထားခဲ့ပါတယ်။

ဗိုလ်ချုပ်သန်းရွှေ ငယ်စဉ်ဘဝ ကျောင်းတက်နေစဉ် အချိန်မှာပဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပါတယ်။ ၁၉၄၁ ခု၊ ဒီဇင်ဘာ လမှာ ဂျပန်က ဗြိတိန်ကို စစ်ကြေညာခဲ့ပြီး၊ နောက်ပိုင်း ၃-နှစ်မှာ မြန်မာနိုင်ငံထဲ ဝင်ရောက်ကျူးကျော် ခဲ့ပါတယ်။ ကျောက်ဆည်က အချက်အချာကျတဲ့ဒေသဖြစ်လို့ အင်္ဂလိပ်နဲ့ အမေရိကန်က ကျောက်ဆည်ကနေ မအောင်မြင်ခဲ့တဲ့ ခုခံစစ်ကို ဆင်နွှဲဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ၁၉၄၂ ခုနှစ်မှာ ကျောက်ဆည်မှာပဲ ဗြိတိသျှတပ်ရဲ့ နာမည်ကြီးတပ်မှူးတွေ ဖြစ်တဲ့ ဗိုလ်ချုပ် ဆာ ဝီလီယံ စလင်း၊ ဗိုလ်ချုပ်ဟာရိုးလ် အလက်ဇန်းဒါးနဲ့ အမေရိကန် တပ်က ဗိုလ်ချုပ်စတီးဝဲလ်တို့ အစည်းအဝေး ထိုင်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် မောင်သန်းရွှေ ၉-နှစ်သား အရွယ်မှာ ဂျပန်တွေက အလျှင်အမြန် ချီတက်လာပြီး ကျောက်ဆည်ကို သိမ်းပိုက်လိုက်ပါတယ်။ ဂျပန်တွေ အုပ်စိုးစဉ်မှာတော့ ဂျပန်ဗိုလ်ချုပ် ဟီတာရို ကီမူရာက ကျောက်ဆည်ကို အမာခံနောက်ကျော ထောက်ပံ့ရေး လမ်းကြောင်းအဖြစ်ထားပြီး၊ အိန္ဒိယနယ်စပ် နာဂလန်း၊ မဏိပူ ဖက်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးခါနီး မဟာမိတ်တပ်တွေ ပြန်ထိုးစစ်ဆင်လာတော့ ဗိုလ်ချုပ်စလင်း ဦးဆောင်တဲ့တပ်တွေက ကျောက်ဆည်ကို ၁၉၄၅ ခုနှစ်၊ မတ်လမှာ ခပ်လွယ်လွယ်ပဲ သိမ်းလို့ရတယ်။ ဂျပန်တပ်တွေက အဲဒီ ကျောက်ဆည်ဒေသမှာ ၂ဝဝဝ လောက်တောင် ကျကျန်ရစ်တယ်လို့ ဆိုကြတယ်။ မောင်သန်းရွှေ ၁၂ နှစ် သားအရွယ်ပေါ့။ သူ့မြို့ကို အင်္ဂလိပ်တွေ၊ ဂျပန်တွေ အုပ်ချုပ်ခဲ့တာ၊ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်တလင်းမြေ ဖြစ်ခဲ့တာတွေကို သူမြင်ခဲ့ရဖို့ ရှိတယ်။ အဲသည်အချိန်နောက်ပိုင်းမှာ ဘီအိုင်အေတပ် ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းက လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဖြစ်လာသလို၊ အမျိုးသားရေး လွတ်လပ်ရေး လှုပ်ရှားမှု တွေလည်း ပြင်းထန်လာခဲ့တယ်။

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပြည်တွင်းစစ်မီးက အကြီးအကျယ် တောက် လောင်ပြန်ပါ တယ်။ တိုင်းရင်းသားတွေနဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ် အယူဝါဒပေါင်းစုံ ရောင်စုံသူပုန်ထမှုတွေနဲ့ ကြုံရတယ်။ မြန်မာ့တပ်မတော်က ကချင်ဗိုလ် ဗိုလ်နော်ဆိုင်းတို့က အစိုးရကိုဖီဆန်ပုန်ကန်ကြတော့ သူတို့ တပ်တွေက ကျောက်ဆည်ကို ၁၉၄၉ ခုနှစ်မှာ သိမ်းပိုက်ခဲ့ကြပြန်တယ်။ မောင်သန်းရွှေ ၁၆-နှစ်သားလောက်ပဲ ရှိဦးမယ်။ တခါ အဲဒီနှစ်ဇွန်လမှာပဲ မြန်မာ့တပ်မတော်က ဗိုလ်နော်ဆိုင်းတပ်တွေကို ပြန်ထိုးစစ်ဆင်တော့ သူတို့က မြောက်ဖက်ကို ဆုတ်ခွာသွားခဲ့ကြရတယ်။ အဲဒီကာလ မတည်ငြိမ်ဖြစ်ခဲ့တဲ့၊ စစ်ကြီးတွေကြုံခဲ့ရတဲ့ အတွေ့အကြုံတွေက ဒီကနေ့ ဗိုလ်ချုပ်သန်းရွှေအပေါ် ဘယ်လို ရောင်ပြန်ဟပ်မယ်ဆိုတာတော့ အတိအကျ မပြောနိုင်ပါဘူး။

ဒီလိုနဲ့ နောက် ၅-နှစ်အကြာ အထက်တန်းကျောင်းပြီးလို့၊ စာတိုက်မှာ စာရေးကလေးအဖြစ် တနှစ်လောက် ဝင်လုပ်ပြီးတဲ့ အခါမှာတော့ မောင်သန်းရွှေက စစ်ထဲဝင်ခဲ့တယ်။ မြန်မာ့တပ်မတော်က ပေးတဲ့ ၉ ကြိမ်မြောက် အိုတီအက်စ် စစ်ဗိုလ် အရာရှိလောင်းသင်တန်းကို မေမြို့မှာ တက်ဖို့ ရွေးချယ်ခံရတယ်။ အရာရှိလောင်း သင်တန်းကို ဂျပန်တွေက မင်္ဂလာဒုံမှာ ၁၉၄၂ ခုနှစ် စတင်စဉ်ကတော့ မြန်မာစစ်တပ်ကို ထိန်းချုပ်ဖို့ ရည်ရွယ်ခဲ့ တာပါပဲ။ ဒါပေမယ့် အိုတီအက်စ်သင်တန်းတွေက အမျိုးသားရေးစိတ်ဓာတ် နိုးကြားပေါက်ဖွားရာ၊ ဂျပန် ဆန့်ကျင်ရေး အခြေခံသင်တန်းတွေ ဖြစ်ခဲ့တယ်လို့ မြန်မာ့စစ်တပ် အကြောင်း လေ့လာနေသူ ပညာရှင် မေရီ ကယ် လာဟန်က ရေးခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်တပ်အရာရှိတွေကို အနောက်နိုင်ငံစစ်ကျောင်းတွေလို လေ့ကျင့် ပေးဖို့ ဒီအက်စ်အေလို့ခေါ်တဲ့ စစ်တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် သန်းရွှေ အိုတီအက်စ်ကို ဝင်ခွင့်ရစဉ်ကာလ ၁၉၅၃ ခုနှစ်ကတော့ ပြည်ပကျူးကျော်ရန် တရုတ်ဖြူအရေး၊ ပြည်တွင်းစစ် တိုင်းရင်းသား သူပုန်ထမှု တွေ ရှိနေတဲ့ကာလပါ။ သူက ပြန်တန်းဝင် အဆင့် မဟုတ်တဲ့အရာရှိ (အဲန်စီအို) ဘဝနဲ့ သင်တန်း ကို ရောက်လာပါတယ်။ အဲဒီအချိန်က သင်တန်းမှာ အထက်တန်းအောင်သူ၊ ပညာရေးကောင်းကောင်း ရှိသူ ကလည်း အတော်နည်းတဲ့ ကာလ၊ စစ်တပ်ကို အလျှင်အမြန်အားဖြည့်ဖို့ ရတဲ့သူ ယူနေရတဲ့ကာလလို့ ဝေဖန် ကြပါတယ်။

နောက်တပတ်မှာတော့ စစ်ဗိုလ်ပေါက်စဘဝ သူ့ရဲ့ဘဝ ဖြတ်သန်းခဲ့ရပုံတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

ဒီလိုဆောင်းပါးမျိုးက ၁၉၉၀ခုလွန်နှစ်တွေကစပြီး နိုင်ငံပိုင်သတင်းစာတွေမှာ နေ့စဉ် မမြင်ချင်၊ မဖတ်ချင်မှအဆုံး တွေ့ခဲ့ရလို့ပဲ။ ပေါက်ကရ ကလောင်နာမည်မျိုးစုံ
တပ်ပြီး ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားခဲ့တဲ့သူတွေရော၊ တလောကမှ ဦးဘယ်သူ၊ ဦးဘယ်ဝါဆိုပြီး အိမ်ဦးခန်းမှာ တင်ထားပေမယ့် တချိန်က ဘိန်းဘုရင်၊ လူသတ်ကောင်ဘွဲ့ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကိုရော အောက်တန်းကျကျ အသုံးအနှုန်းတွေနဲ့ ဆဲစာ၊ ဆိုစာ၊ အတင်းအဖျင်းစာ၊ ပေါက်ပန်းဈေးစာတွေ သတင်းစာတွေမှာ ထည့်ခဲ့တာ အထင်အရှားပဲလေ။ နောက်ပိုင်း ဗုံးပေါက်ကွဲမှုတွေဆိုလည်း ဒီတိုင်းပဲ။ ဗုံးပေါက်ကွဲမှုမဖြစ်ခင် တရားခံရဲ့ လှုပ်ရှားမှု အသေးစိတ်ကို သတင်းစာမှာ
aရးထားတာ ကိုယ်တိုင်လုပ်ထားသလိုပဲ။ နိုင်ငံတော်ပုန်ကန်မှုနဲ့ အကွက်ဆင်ဖမ်းခံရတဲ့သူတွေ၊ သေဒဏ်ချခံရတဲ့သူတွေလည်း ဘာထူးလဲ။ သတင်းစာမှာ
ထည့်ဖို့ ရုပ်ဆိုးဆောင် တမင်ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဘယ်လို ကျူးလွန်ဖို့၊ ဘယ်လိုချိတ်ဆက် ကြံစည်ကြောင်း အထောက်အထား၊ အကိုးအကားနဲ့ တကွ ပိရိသေသပ်လှတဲ့ စုံစမ်းဖော်ထုတ်မှုတွေနဲ့ ဝေဝေဆာဆာ ဖော်ပြရေးသားထားတဲ့ သတင်းတွေလည်း ဒီလိုပဲ သတင်းစာတွေမှာ ထည့်ခဲ့တာပဲ။ တကယ်ဆို တရားရုံးမတင်ရသေးဘူး၊ မစစ်ဆေးရသေးဘူး၊ အစွပ်စွဲခံရတဲ့သူတွေည်း ဝန်မခံသေးဘူး။

ဒါမျိုးက ကျနော့်လက်တွေ့လို့ ပြောရမယ်။ ကျနော်ကိုယ်တိုင် အင်းစိန်ထောင်ထဲမှာရှိတဲ့ တရားရုံးကို သက်သေ သွားထွက်ဘူးတယ်။ အရင်ကတော့ ရေးဖို့၊ ပြောဖို့ စိတ်ကူးမရှိပါဘူး။ အခုဟာက တိုက်ဆိုင်တာနဲ့။ ကိုသူရ(ဇာဂနာ)နဲ့ ကိုဇော်သက်ထွေးတို့ကို ၂၀၀၇ သံဃာ့အရေးတော်ပုံအပြီး အီလက်ထရောနစ်ပုဒ်မနဲ့ရော တခြားပုဒ်မတွေနဲ့ပါတပ်ပြီး ဖမ်းထားတုန်းက။ အယ်ဒီတာတစ်ယောက်လည်းဖြစ် အီးမေးလ်၊ အင်တာနက်လည်းသုံးနေတဲ့ ကိုဇော်သက်ထွေးနဲ့ ကိုသူရတို့ဖက်ကနေ သက်သေအဖြစ် အစစ်ခံဖို့ အင်းစိန်ထောင်ထဲကို ကျနော် သွားခဲ့တယ်။ တကယ်ဆို အဲဒီတုန်းက အဖမ်းခံရတဲ့သူတွေကို တပ်ထားတဲ့ ပုဒ်မနဲ့ ထောင်ဒဏ် စီရင်ချက်က အတော်ကြီး တစ်ဖက်သပ်နိုင်တယ်ဆိုတာ အားလုံးသိတယ်။ ကျနော်လည်း မိတ်ဆွေကောင်းတို့ရဲ့ ဝတ္တရားအရရော၊ ကိုသူရနဲ့ ကိုဇော်သက်ထွေးတို့ရဲ့ မှန်ကန်တဲ့လုပ်ရပ်ဖက်ကနေ ရပ်တည်ထောက်ခံတဲ့အနေနဲ့ပါ အင်းစိန်ထောင်ထဲက တရားရုံးကို သွားပြီး သက်သေထွက်ပေးခဲ့တယ်။

ပြောချင်တာက အမြင်ကပ်နေရင် ကြိုက်တဲ့ပုဒ်မ တပ်ပြီး ဖမ်းတဲ့ခေတ်မှာ (အဲလို ဖမ်းလို့ရအောင်လည်း တည်ဆဲဥပဒေတွေမှာ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြား
ချက်၊ လက်စွဲ၊ အမိန့်ကြော်ငြာစာ စတဲ့ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး ထောင်ချလို့ရအောင်လုပ်ထားခဲ့တယ်) ကျနော်တို့အားလုံးဖြတ်သန်းလာခဲ့တော့ အဲဒီတုန်းက သတင်းစာဆောင်းပါးတွေက သူတို့ဖမ်းတဲ့သူက အဖမ်းခံထိုက်ကြောင်း သက်သေ၊ သက္ကာရ စုံလင်စွာနဲ့ ရေပက်မဝင် ရေးသား၊ ဖော်ပြခဲ့တာတွေကို သတိရမိလို့ပါ။

တလောကလုံးက အမှန်ကိုသိနေတဲ့အချိန်မှာ အဲဒီကိစ္စ မဟုတ်မမှန်ကြောင်း၊မြန်မာပြည်မှာ ဒီလိုကိစ္စမျိုးတွေ မရှိကြောင်း ရေးခဲ့တာလည်း ဒီသတင်းစာပဲ။
အေအိုင်ဒီအက်စ်လို ရောဂါမျိုး ကျနော်တို့လို အင်မတန်ယဉ်ကျေးပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ နိုင်ငံမျိုးမှာ မရှိကြောင်း စာလုံးမဲကြီးနဲ့ မျက်နှာဖုံးမှာ
ဖော်ပြခဲ့တာလည်းဒီသတင်းစာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အောက်တန်းကျကျ၊ ညစ်ညစ်ပတ်ပတ်၊ ယုတ်ယုတ်မာမာ၊ အဆင့်တန်းနိမ့်နိမ့် စကားလုံး၊ အတွေးအခေါ်တွေနဲ့ ကာတွန်းရုပ်ပြောင်တွေ၊ ဆောင်းပါးတွေ၊ သတင်းတွေဖော်ပြခဲ့တာလည်း ဒီသတင်းစာပဲ။ ၈၈ မျိုးဆက်ကျောင်းသားတွေကိုကော၊ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့သူတွေရော၊ လက်နက်ကိုင်တိုက်ပွဲဝင်သူတွေရော၊ ၂၀၀၇ မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေကိုရော မဟုတ်တမ်းတရား လုပ်ကြံ စွပ်စွဲရေးခဲ့တာလည်း ဒီသတင်းစာပဲ။ သာမန် အရပ်သားတွေ ဘယ်လိုမှ မရနိုင်တဲ့၊ မသိသေးတဲ့ ကျောက်နီမှော် အရေးအခင်းကိုလည်း အတိအကျ ဓာတ်ပုံနဲ့တကွ သတင်းစာ ကျင့်ဝတ်နဲ့ မညီတဲ့အသုံးအနှုန်း၊ ဓာတ်ပုံတွေနဲ့ ပထမဦးဆုံး ဖော်ပြခဲ့တာလည်း ဒီသတင်းစာပဲ။ တစ်လောကကော့သောင်းမှာ အဲပုဂံ လေယာဉ်နဲ့တိုက်မိလို့ မီးလောင်ပျက်စီးသွားတဲ့မော်တော်ဆိုင်ကယ်ပုံကို ကချင်ပြည်နယ်မှာ ကေအိုင်အေမိုင်းနင်းမိလို့ သေတယ်လို့ ဖော်ပြခဲ့တာလည်း ဒီသတင်းစာ၊ လွှတ်တော် ဥက္ကဋ္ဌရဲ့ မိန့်ခွန်းကို ဆင်ဆာ
ဖြတ်ပြီး ဖော်ပြခဲ့တာလည်း ဒီသတင်းစာပဲ။

ဒီကနေ့ဆိုရင် ပြည်ပမီဒီယာတချို့ဆို ဝန်ကြီးဌာနတချို့က အရာရှိကြီးတချို့နဲ့ ပုလင်းတူဘူးဆို့ပမာ၊ စားသောက်ဆိုင်မှာ ခွက်လှည့်သောက်စားပြီး ပရောဂျက်တချို့၊ သတင်တန်းတချို့၊ ဟောပြောဆွေးနွေးပွဲတချို့တောင် အတူတွဲ ရေးဆွဲ၊ ကျင်းပနေပေမယ့် ကုန်ခဲ့တဲ့ ၃နှစ်လောက်က နောက်ကျောဖုံးမှာ စာလုံးဆိုဒ်အကြီးကြီးတွေနဲ့ လေလှိုင်းပေါ်ကလူသတ်သမား၊ မိုးလုံးပြည့်မုသာဝါဒသမား၊ အလိမ်၊ အညာသမား၊သွေးခွဲသမားတွေအဖြစ် မျက်နှာပြည့် ဖော်ပြခဲ့တာလည်း ဒီသတင်းစာပဲ။
ပြောမယ်ဆိုရင် သာဓကတွေက အများကြီး။ သူတို့လိုသာ ကက်ကက်လန်ဆောင်းပါးရေးရင် ထောင့်တစ်ညပုံပြင်ထက်တောင် ရှည်သွားအုံးမယ်။

by Kyaw Min Swe


၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊ အမှတ်(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည်
facebook တွင် ယာဉ်ထိန်းရဲ ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့်ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံမီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းလယ်တွင် ယာဉ်ထိန်းရဲလမ်းရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင့်သရုပ်ပျက်ကခုန် လက်ပြနေသည် ကိုတွေ့ရှိရသဖြင့်စုံစမ်းရာအဆိုပါသူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆိုသူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ)ကြော်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊ သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်း
ရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ်ဝယ်ယူခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအားခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲယာဉ်ထိန်း
ရဲတပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများ စည်ကားရာနေရာတွင်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင်ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

By : Yangon Police

တောင်ပံကျိုးပုံပြင်

ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်နဲ့ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ဘယ်သူမှ အသိမပေးပဲ လွှတ်တော်မှာ တင်လိုက်တာ တွေ့လိုက်ရတယ်။ အဲဒီအပေါ်မှာ စာနယ်ဇင်းသမားတွေရဲ့ ကန့်ကွက်သံတွေဟာ ဆူပွတ်စွာ တသောသော တညံညံ စီလာခဲ့တယ်။ အဲဒီလို အသံတွေ တစီစီဖြစ်လာတော့ ငယ်ငယ်က ဖတ်ဖူးတဲ့ ပုံပြင်လေးကိုတောင် အမှတ်ရမိသွားတယ်။ လွတ်လပ်ခွင့်ကို တပ်မက်တဲ့ ကြက်တူရွေးလေးနဲ့ အာဏာရှင် သူဠေးရဲ့ လှောင်အိမ်ဇာတ်လမ်းကလေးဟာ မျက်စိထဲ တဖျတ်ဖျတ် ပုံရိပ်ပေါ်လာတယ်။ ယနေ့ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့အတူ နိုင်ငံတကာအဆင့်မီ အတားအဆီးမဲ့ ကောင်းကင်ယံမှာ တောင်ပံဖြန့်ကျက်ဖို့ တောင်ပံဝင့်ဖို့ ဟန်ပြင်နေတဲ့ မြန်မာ့စာနယ်ဇင်းသမားတွေရဲ့အဖြစ်ဟာ ပုံပြင်ကလေးထဲက ကြက်တူရွေးလို လှောင်အိမ်အပြင်ရောက်ပေမယ့် အတောင်ပံ ချိုးခံရတော့မယ်။

တစ်ခါက သူဠေးကြီးတစ်ဦးဆီမှာ ရွှေလှောင်အိမ်လေးနဲ့ အသေအချာထည့်ပြီး မွေးထားတဲ့ ရွှေဂဲလို့ ခေါ်တဲ့ ကြက်တူရွေးလေး တစ်ကောင် ရှိတယ်။ တစ်နေ့ သူဠေးကြီးက သူခရီးသွားခါနီး အိမ်မှာရှိတဲ့ မိသားစုဝင်တစ်ဦးချင်းစီကို အပြန်လက်ဆောင် ဘာမှာကြဦးမလဲလို့ တလှည့်စီ မေးလေတယ်။ နောက်ဆုံး ရွှေလှောင်အိမ်ကလေးထဲက ရွှေဂဲကလေးကိုလည်း လောကွတ်အနေနဲ့ သူဠေးကြီးက ဘာမှာဦးမလဲလို့ မေးပြန်တယ်။ ကြက်တူရွေးလေး ကိုရွှေဂဲက တောလမ်းခရီးရဲ့ အလယ်လောက်မှာရှိတဲ့ ညောင်မုတ်ဆိတ်ပင်ကြီးက သူ့သူငယ်ချင်းတွေကို သူအကျဉ်းကျနေကြောင်း သတိရပါကြောင်း သူဠေးကြီးကတစ်ဆင့် စကားပါးခွင့် တောင်းတယ်။ သူဠေးကြီးကလည်း သဘောတူစွာ ခေါင်းညိတ်ပြီး ကတိပေးလို့ ခရီးထွက်ခဲ့တယ်။

အတောင်ချိုးထားနှင့်လေပြီ

အပြန်ညောင်မုတ်ဆိတ်ပင်ရှေ့ရောက်တဲ့အခါ ညောင်ပင်ပေါ်မှာ ပြွတ်သိပ်အနားယူနေကြတဲ့ ရွှေဂဲသူငယ်ချင်းတွေကို သူဠေးကြီးက ကတိအတိုင်း အမှာစကားပါးလိုက်တယ်။ သူဠေးကြီးရဲ့ စကားအဆုံးမှာ အံ့သြစရာကောင်းလောက်အောင် ကြွက်တူရွေး တွေအားလုံး အပင်ပေါ်ကနေ မြေကြီးပေါ် တဖျုတ်ဖျုတ်ပြုတ်ကြပြီး သေဆုံးသွားကြတာ တွေ့လိုက်ရတယ်။ အိမ်ပြန်ရောက်လို့ သူဠေးကြီးက စိတ်မကောင်းစွာနဲ့ ရွှေဂဲထံ အဖြစ်အပျက်အလုံးစုံကို သတင်းပါးလိုက်တဲ့အခါ ရွှေဂဲတစ်ကောင်လည်း လှောင်အိမ်တန်း ကလေးပေါ်ကနေ ဖျုတ်ဆို ဂုတ်ကလေးကျိုးပြီး သေဆုံးသွားတာ ရုတ်တရက် ထပ်မံ တွေ့လိုက်ရပြန်တယ်။ အဲဒါနဲ့ သူဠေးကြီးလည်း ရွှေဂဲကို လှောင်အိမ်ထဲကထုတ်၊ အိမ်ပြင်က မြေမြင်ပေါ်မှာ အသာလေးချထားပြီး ကြက်သေသေကာ ငေးနေမိတယ်။ အဲဒီအခါ ရွှေဂဲက တောင်ပံတဖျတ်ဖျတ်ခတ်ရင်း ဆတ်ခနဲ ကုန်းရုန်းထလေတယ်။

ပြီးတော့ "ဒီမှာ သူဠေးကြီး၊ ကျုပ်သူငယ်ချင်းတွေက ခင်ဗျားကြီးရဲ့ အာဏာလှောင်အိမ်ထဲကနေလွတ်မြောက်ဖို့ဆိုရင် သေချင်ယောင်ဆောင်မှ ဖြစ်မယ်ဆိုတဲ့ နည်းလမ်းပေးလိုက်တာပဲ ဖြစ်တယ်။ အခု ကျုပ်ဟာ အောင်မြင်စွာနဲ့ ခင်ဗျားကို အပြီးတိုင် စွန့်ခွာသွားရတော့မယ်။ လွတ်လပ်တဲ့ကောင်းကင်ကြီးတစ်လျှောက် ကျုပ်တောင်ပံတွေဆန့်ခွင့်ရလို့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ပါတယ် ကိုယ့်လူရေ" လို့ လှမ်းအော်ပြောရင်း ကျလိ ကျလိ နဲ့ အားပါးတရ ရယ်လေတယ်။ တကယ့်ကို ဟန်အပြည့်နဲ့ မြေပြင်ကနေ အားယူပြီး တဟုန်ထိုး ထပျံတော့တယ်။ ရွှေဂဲဟာ သူ့ရဲ့တောင်ပံနှစ်ခုကို အားကုန်ခတ်ပြီး ဖလတ် ဖလတ် မြည်သံနဲ့အတူ ထပြီးပျံလိုက်တိုင်း လူတစ်ရပ်အမြင့်လောက်ရောက်ရင် ဘုတ်ခနဲ မြေကြီးပေါ် အကြိမ်ကြိမ် ပြုတ်ကျလာလေ့ရှိတယ်။ သူဠေးကြီးကတော့ ပါးစပ်က ကြုံးဝါးလိုက်၊ ဖလတ်ဖလတ်နဲ့ အားယူပျံလိုက်၊ တဘုတ်ဘုတ်ပြုတ်ကျလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ရွှေဂဲကို မျက်မှောင် အသာလေးကျုတ်ရင်း ဘာမှမပြောနိုင်ပဲ အစအဆုံး ဆက်ပြီးငေးနေမိတယ်။ ကြိမ်ဖန်များစွာ ပျံလိုက် ပြုတ်ကျလိုက်ဖြစ်နေတဲ့ ရွှေဂဲတစ်ကောင် အချိန်ကြာလာတာတော့ နာလည်းနာ မောလည်းမောလာတဲအဆုံးမှာ မျက်နှာချိုလေးနဲ့ "သူဠေးကြီး နေကန်းတယ်နော်" ဆိုပြီး အိမ်ထဲက ရွှေလှောင်အိမ်ထဲ ပြန်ရောက်သွားလေတယ်။


လှောင်အိမ်ထဲမှ ရုန်းကန်သံ

စစ်အာဏာရှင်ခေတ်ကြီးကနေ အမွေဆက်ခံပေါက်ဖွားလာတဲ့ ဦးသိန်းစိန်အစိုးရဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကို ရှေ့သို့သာ ဦးတည်ပြီး ဆက်လက်ဖော်ဆောင်နေတယ်လို့ အလျှင်းသင့်သလို ထုတ်ဖော်ပြောကြားလေ့ရှိတယ်။ ပြည်သူက ရွေးကောက် တင်မြှောက်ထားတဲ့ ဒီမိုကရေစီ ဘိသိတ်သွန်း ဒေါင်ဒေါင်မြည် အစိုးရဖြစ်ပါကြောင်းလည်း သမ္မတက မကြာခဏ လောဆော်လေ့ရှိသလို တစ်ချိန်တည်းမှာပဲ အစိုးရသက်တမ်း ထက်ဝက်ကျော်ကာလအတွင်း ပြောင်းလဲမှုလေးတွေ အတော်အတန် သိသိသာသာ လုပ်ပြလာတာ ကြောင့် ကမ္ဘာကြီးရဲ့ မျက်စိကျ အာရုံစိုက်မှုကို ခံခဲ့ရတယ်။ အထူးသဖြင့် ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အပေါ် အနည်းငယ်ပြောင်းလဲ လှုပ်ရှားမှု ပြုလုပ်လိုက်တဲ့အပေါ် များစွာ စိတ်ဝင်စားခဲ့ကြတယ်။

အမှန်တော့ အဲဒီအနည်းငယ်ပြောင်းလဲလှုပ်ရှားမှုဆိုတာဟာလည်း အစိုးရရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖိနှိပ်ဆုပ်ကိုင် ထားတဲ့ လက်သီးဆုပ် ကျစ်ကျစ်ညစ်ညစ်ကြီးထဲကနေ တစ်ဆင့်ချင်း စာနယ်ဇင်းသမားတွေက အတင်းရုန်းကန်တိုက်ပွဲဝင်ခဲ့ကြလို့ပဲ ဖြစ် တယ်။ မြန်မာပြည်ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ အနှစ်ငါးဆယ်ကျော် စစ်အာဏာရှင်တို့ရဲ့ လှောင်အိမ်ကြီးထဲမှာ ဆုတ်သုဉ်းခဲ့ရတယ်။ အစိုးရရဲ့ နေ့စဉ်မှတ်တမ်းလွှာ၊ ဘုန်းတော်ဘွဲ့အရောင်တင်သတင်းတွေနဲ့ အာဏာတည်မြဲရေးဒေါက်တိုင်သဖွယ် ဖြစ်နေတဲ့ သတင်းစာတွေပဲ ရှိရာကနေ လူထုအသံကို ကိုယ်စားပြုတဲ့ သတင်းစာတွေ ထုတ်ဝေခွင့် ပြုလာရတယ်။ စာပေစိစစ်ရေးဆိုတဲ့ ပြည်သူ့နား၊ မျက်စိကို အပင်းဆို့ နေတဲ့ အဖွဲ့ဆိုးကြီးကို ဖျက်ပေးခဲ့ရတယ်။ စာနယ်ဇင်းအဝိုင်းအဝန်းက အသိမှတ်ပြုတဲ့ ယာယီစာနယ်ဇင်းကောင်စီ အစရှိတာတွေ မြင်လာခဲ့ ရတယ်။

ရွှေဂဲတောင်ပံချိုးတော့မည်

အခုလို ဒီမိုကရေစီခေတ်ပြောင်းနောက်ခံတီးလုံးနဲ့ လှောင်အိမ်ကြီးဖွင့်ပြီးကာမှ စာနယ်ဇင်းသမားတွေကို လွတ်လွတ်လပ်လပ် မပျံသန်းနိုင်အောင် ရွှေဂဲအတော်ချိုးဥပဒေကို အတည်ပြုဖို့ ကြိုးစားနေတာ အင်မတန်သိက္ခာမဲ့လှတယ်။ "ပုံနှိပ်နှင့်ထုတ်ဝေခြင်း ဥပဒေမူကြမ်း" ဆိုတာ လက်တွေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက မင်းကြိုက်၊ စိုးကြိုက် စည်းကမ်းချက်တွေနဲ့ စာနယ်ဇင်းတွေကို မျက်စိ ထောက်ဒေါက် စောင့်ကြပ်ဒဏ်ပေးဖို့အတွက် တရားဝင် သားသတ်လိုင်စင်တင်သလို ဖြစ်နေတယ်။ ယာယီစာနယ်ဇင်းကောင်စီနဲ့ သဘောတူညီယူပြီးမှ ပြန်ဆွေးနွေးအသိမပေးပဲ သူတို့စိတ်ကြိုက်ရေးချင်ရာရေးပြီး လွှတ်တော်ထဲ အတည်ပြုဖို့ တင်သွင်းတာဟာ ပြန်ကြားရေးရဲ့ မရိုးသားတဲ့ အကောက်ဥာဏ်ကို လှစ်ခနဲ ဖော်ပြလိုက်တာပဲ ဖြစ်တယ်။

သတင်းနည်းပညာနဲ့အတူ တဟုန်ထိုး တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ သတင်းမီဒီယာကို ဖိနှိပ်ထိန်းချုပ်ဖို့ ကြိုးစားတာဟာ အင်မတန်မှားတဲ့လုပ်ရပ်တစ်ခုပဲဖြစ်တယ်။ သတင်းစာဟူသည် အသိဥာဏ်ပွင့်လင်းမှုများ စီးဆင်းရာ သန့်စင်ကြည်လင် သော မြစ်ကြီးပမာ ဖြစ်သည် လို့ ကမ္ဘာကျော် သမိုင်းပါရဂူကြီး ပါမောက္ခတွိုင်းဗီး (Prof.A.Toynbee)က ရေးသားဖူးတယ်။ အဲဒီလို နိုင်ငံသားတွေဆီ တစိမ့်စိမ့် စီးဆင်းမယ့် မွန်မြတ်တဲ့ မြစ်သန့်စင်ကြီးကို တမံတုတ်၊ လှောင်ပိတ်ဖို့ ကြိုးစားတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်က အတည်ပြု ပေးလိုက် တာလည်း အတော်ကို မနှစ်မြို့ဖွယ်ရာကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်တယ်။ စာနယ်ဇင်းလောက အညှီအဟောက်တွေနဲ့ ပျက်စီးနေပြီလို့ အကြောင်းပြတဲ့ဝန်ကြီးဟာ တကယ်တော့ သူတို့ကိုယ်တိုင် မြစ်သန့်စင်ကြီးကို ညစ်ညမ်း အောင် ရေစီးမကောင်းအောင် လုပ်နေတာပဲ ဖြစ်တယ်။

ခေတ်ဆိုးက စနစ်ဆွေးမင်းတုံးကြီး

ဒါ့ကြောင့် စာနယ်ဇင်းသမားတွေအားလုံးက တညီတညွတ်တည်း ရှုတ်ချကန့်ကွက်နေကြတာပဲ ဖြစ်တယ်။ သမ္မတအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပါပြီ ဘယ်လောက်ပင် ဆော်သြနေသော်ငြား အစိုးရအဖွဲ့ရဲ့ သိက္ခာမဲ့တဲ့ ခေါက်ရိုးကျိုးမသမာမှု တွေဟာ ဟိုတစ်ခေတ်ကလို မပြောင်းလဲပဲ ရှိနေတာဟာ စိုးရိမ်စရာကောင်းလှတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ချုပ်ကိုင်ချယ်လှယ်ထားသမျှ အစိုးရရဲ့ ဒီမိုကရေစီအော်သံဟာ အလွန်ရယ်စရာ၊ အော့နှလုံးနာစရာကောင်းတဲ့ ပျက်လုံးကြီး တစ်ခုသဖွယ် ဖြစ်နေဦးမှာပါပဲ။ အရင်စာပေစိစစ်ရေးဆိုတဲ့ လူထုနား အပင်းဆို့စနစ်ကြီးကို လက်တစ်လုံးခြား အရောင်တင်ထားတဲ့ လက်ရှိ ပုံနှိပ်နှင့်ထုတ်ဝေခြင်းဥပဒေမူကြမ်း လုပ်ရပ်ဟာ ရှေ့ကိုလျှောက်သလိုလိုနဲ့ နောက်ပြန်မျှော်တဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။

အဲဒီတော့ သမ္မတက နောက်ပြန် မလှည့်ပါဘူးဆိုသော်ငြား အခုလို အများဆန္ဒမပါပဲ ကိုယ်ထင်ရာရေး၊ လိုသလိုလွှတ်တော်တင် အတည်ပြုတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ရပ်ဟာ နောက်ကြောင်းပြန် အစခြေလှမ်း ခြေဦးခြေဖျားပဲ ဖြစ်တယ်။ အဲဒီနောက်ကြောင်း ပြန် ခြေဦးကို အများကန့်ကွက်ရှုတ်ချ နေတဲ့ကြားက လှမ်းခွင့်ပြုလိုက်မယ်ဆိုရင်တော့ ကမ္ဘာကရော လူထုကပါ မျှော်တလင့်လင့် စောင့်ကြည့် နားဆင်နေရတဲ့ ဦးသိန်းစိန်အစိုးရ အဖွဲ့ရဲ့ ဒီမိုကရေစီကျူးရင့်သံဟာ လူထုရဲ့ သတင်းသိမှုလွတ်လပ်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်တံခါးပေါက် တွေကို အလုံပိတ်ဖို့အတွက် ခေတ်ဆိုးက စနစ်ဆွေးမင်းတုံးကြီး ပြန်ချဖို့ ဟန်ပြင် အချက်ပေးသံ အဖြစ် ပြောင်းလဲလာပြီ ဖြစ်ကြောင်း အားပျက်ဖွယ်ရာ ကောက်ချက်ချရတော့မှာပဲ ဖြစ်ပါတယ်။

နေစကြာနိုင်

ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ။ ။ အတွဲ(၁)၊အမှတ်(၆၂)။။

ဦးကုမုဒ အရှင်ဘုရား မျိုးစောင့်ဥပဒေကို လက်ခံပါသလား..

အင်း ငါ့နယ် အဖြေရကြပ်လိုက်တာနော်..
.ဒီမေးခွန်းကို မေးသူလာသူက တစိမ်းတစ်ယောက်မဟုတ်တော့ ဖြေတော့ ဖြေပေးရမှာပဲ ။ ဘယ်သူကမေးတာလဲဆိုရင် .ဦးကုမုဒဆိုတဲ့ ဦးဇင်းကိုယ်တိုင်ဖြစ်နေလို့ပါ....
ဘယ်လိုအဖြေပေးရမလဲ စဉ်းစားကြည့်တဲ့အခါ ..လက်ခံပါတယ်ဆိုရင် ဘာသာရေးလူမျိုးရေး အစွန်းရောက်သူလို့ စွပ်စွဲမည့်သူတွေက တစ်ပုံကြီးရှိနေတယ်......
လက်မခံပါဘူးလို့ ဖြေရင်လဲ ရဟန်းတစ်ပါးဖြစ်နေပီး အမျိုးဘာသာ သာသနာစိတ်မရှိဘူးလို့ စွပ်စွဲမည့်သူတွေက ဒုနဲ့ဒေးဖြစ်နေတယ်..

တတ်နိုင်ပါဘူး.. ဒီကိစ္စက မြန်မာပြည်သူတရပ်လုံးအတွက် တကယ့်အရေးကြီးတဲ့မေးခွန်း ဖြစ်နေတော့ ကိုယ်သဘောထား ကိုယ့်အမြင်ကို ပွင့်ပွင့်လင်း ဖြေကြည့်တာပေါ့.....
သဘောထားချင်း မတိုက်ဆိုင်လို့ ဝေဘန် ပြစ်တင်မယ်ဆိုလဲ အပြစ်မမြင်ဘဲ ချစ်ခင် မေတ္တာစိတ်နဲ့ ခွင့်လွှတ်ရမှာပေါ့...
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ဆိုတာ ဒီမိုကရေးစီစနစ်ရဲ့ အနှစ်သာရဆိုလား ဘာဆိုလား ကြားဘူးတာပဲ...

ဦးဇင်းသုံးသပ်မိသလောက်တော့ တကယ်တမ်း မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက အမျိုးဘာသာသာသနာကို စောင့်ထိန်းဖို့ လိုတယ် မလိုဘူးဆိုတာမဟုတ်ပါဘူး..
ဥပဒေတစ်ရပ်အဖြစ် ပြဌာန်းဖို့ လို၊ မလိုဆိုတာ အဓိကဖြစ်နေတာပါ.
.ပြဌာန်းရင် လူ့အခွင့်အရေးနဲ့ မကိုက်ညီဖြစ်မယ်...ဒီမိုကရေစီလမ်းစဉ်နဲ့ သွေဖယ်မယ်လို့ ပြောကြပီး. .မပြဌာန်းရင် အမျိုးဘာသာသာသနာအတွက် အန္တရာယ်တွေ ကြီးထွားလာမယ်....ဒီလို ငြင်းခုံနေကြတာပါ..

သမိုင်းကြောင်းအရကြည့်မယ်ဆိုရင် မြန်မာနိုင်ငံသား အများစုဟာ ဘိုးစဉ်ဘောင်ဆက် ဘွားလက်ထက်ကထဲက ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်..ဗုဒ္ဓဘာသာသနာကို ထူထောင်ခဲ့တဲ့ သာကီဝင်နွယ်ဘွား ဂေါတမဘုရားရှင်ရဲ့ အမျိုးနွယ်တွေဖြစ်တယ်ဆိုပီး သာကီမျိုးဟေ့ တို့ဗမာလို့ ခေတ်အဆက်ဆက်ကြွေးကြော်လာခဲ့ကြတယ်...ဂေါတမဗုဒ္ဓကလဲ မျိုးစောင့်ဥပဒေလို့သာ နာမည်မတတ်ခဲ့တာ အမျိုးကို စောင့်ထိန်းရမယ်လို့ ..စောင့်လေမျိုးနွယ်ဆိုပီး သားသမီးကျင့်ဝတ်ထဲမှာ ထည့်သွင်းဟောကြားခဲ့တယ်ဆိုတာ အထင်းအရှားရှိနေပြန်တယ်..ဒီအချက်ကို ကြည့်ရင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းမှာ မျိုးစောင့်ဥပဒေရှိရှိ မရှိရှိ အမျိုးဘာသာသာသနာကို စောင့်ထိန်းရမယ်ဆိုတာ မွေးရာပါ တာဝန်ဝတ္တရားတစ်ခုဖြစ်တယ်ဆိုတာ ငြင်းစရာမလိုဘူးဖြစ်နေပါတယ်.

ဒီလိုဆို မျိုးစောင့်ဥပဒေကို အရှင်ဘုရားက လက်ခံတယ်ပေါ့လို့ စောဒကတက်စရာရှိပါတယ်..
ဟုတ်ကဲ့ ဥပဒေကျောင်းသားမဟုတ်လို့ ဥပဒေအပိုင်းကို ဂဃနန မသိတာကြောင့် မဝေဘန်လိုပါဘူး၊ ဖလော်ကျောင်းသားတစ်ယောက်အဖြစ် Ethical Teachings Of The Buddah .ဗုဒ္ဓဟောကြား ကိုယ်ကျင့်တရားဆိုတဲ့ခေါင်းစဉ်နဲ့ ကျမ်းပြုနေတာကြောင့် လေ့လာသိရှိထားတဲ့ ကိုယ်ကျင့်တရားအပိုင်းက ပြောရမယ်ဆိုရင် အမျိုးဘာသာသာနာကို လူတိုင်းလူတိုင်း စောင့်ထိမ်းသင့်ပါတယ်လို အဖြေပေးချင်ပါတယ်...
..ဗုဒ္ဓဘာသာမြန်မာလူမျိုးမှ မဟုတ်ပါဘူး..အခြားဘာသာ၊ အခြားလူမျိုးများလည်း မိမိတို့ရဲ့ အမျိုးဘာသာသာသနာကို စောင့်ထိန်းသင့်ပါတယ်..ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဒီလို စောင့်ထိန်းကြတာလည်း တွေ့ရပါတယ်..ဒါက ကိုယ်ကျင့်တရားအပိုင်းက ပြောတာပါ..

ဒီကိစ္စကို .ဥပဒေတစ်ရပ်အဖြစ် ပြဌာန်းဘို့ သင့်မသင့်ဆိုတာကတော့ နိုင်ငံရေးအပိုင်း လူ့အခွင့်ရေးအပိုင်းနဲ့ဆိုင်နေလို့ ဝေဖန်ဆွေးနွေး အဖြေပေးနိုင်ဖို့ ဥပဒေ ဘွတ်အုပ်ကြီးတွေနဲ့ လူ့အခွင့်ရေး ကြေငြာစာတမ်းကြီးတွေကို လေ့လာကြည့်ရပါအုံးမယ်..

တကယ်တမ်းပြောရရင် အမျိုးဘာသာသာသနာကို စောင့်ထိန်းဖို့ဥပဒေတစ်ရပ်အဖြစ်ပြဌာန်းထား လို့ မဖြစ်မနေလိုက်နာရတယ်ဆိုကထဲက အဲဒီလူရဲ့ ဘာသာတရားအပေါ် ယုံကြည်သက်ဝင်မှုဟာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်၊

တကယ်ခိုင်မြဲတဲ့ ယုံကြည့်သက်ဝင်မှုမဟုတ်ရင် တာရှည်မခံပါဘူး..တကယ်တော့ အမျိုးသားရေးနဲ့ ဘာသာရေးဆိုတာ လူတစ်ဦးချင်းစီရဲ့ ကိုယ်တိုင်စိတ်ခံစားမှုက အဓိကကျတာပါ.
အဲဒီတော့ ကြားချပီး ဖြေပေးချင်ပါတယ်..ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းက အမျိုးဘာသာသာသနာကို တန်ဘိုးထားပီး လိုက်နာမယ်လို့ နှစ်နှစ်ကာကာ ယုံကြည်မှုနဲ့ ကတိက၀တ်ကဲသို့ပြုဖို့လိုတာပါပဲ.. .ဒါဆိုရင် ဥပဒေမပြဌာန်းလဲ အမျိုးဘာသာသာသနာအတွက် အန္တရာယ်ရှိမလာနိုင်တော့ဘူးဆိုနိုင်ပါတယ်.....
ဒီအတွက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း ကိုယ့်စည်းရိုးကို လုံးအောင်ကာရမယ်ဆိုတဲ့ အသိစိတ်လေးမွေးပီး ဘုရားဟောဒေသာနာတော်အညီ နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်.
.ဒါမှသာ လတ်တလော မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ ဖြစ်ပေါ်နေတဲ့ ဒီပြဿနာတွေက အေးငြိမ်းမှာပါ...

အဲလိုမှ မဟုတ်ရင်တော့ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပီး သဘောထားကွဲလွဲကာ ငြင်းခုံနေတာနဲ့ပဲ ခေတ်မီဖွဲ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တစ်ရပ်စီကို ဦးတည်သွားနေပါတယ်ဆိုတဲ့ မြန်မာ့နိုင်ငံရေးစနစ်ဟာ ဆီဆုံမှာတပ်ထားတဲ့နွားလို ခြာလပတ်လည်ပီးရင်း လည်နေမယ်လို့ သုံးသပ်မိပါတယ်ခင်များ.......

အရှင်ကုမုဒြာ Bawdhitahtaung Facebook

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင် တန်းကျောင်း ဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြော ကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်း သ တိ ရမိ သည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြ ရတော့ မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိ ကြသေး ဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင် နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့် ဝတ္တ ရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့် မှာ ရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ် မတော် ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ် ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည် ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့် သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာ ကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာ ကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီ လိုစောင့် တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံ ကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့် ခန့် အပ် ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံ နဲ့ အကျိုး ကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကား တခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကို သစ္စာ မဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီး အမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်ေ လာက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင် တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတ ရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက် ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါ မှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ

ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲေ ဘ်ာတွေ ထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော် အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့် ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။

ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အ မျိုး မျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော် လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခု လည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုး တတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တ ကယ်တော် တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေ စရာ မလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းက ဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ် ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန် ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေ ချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။

တန်ခိုးပြဘို့မဟုတ်
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။

လူကြီးဆိုတာ ဘာလဲ
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလို တာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော် တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာ ရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟု တ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးက လူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ် အ ကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေ မယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူ မရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက် ပါစေနဲ့။
ဘယ်တော့မှ သစ္စာမဖောက်
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာ ကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်ြး ဖစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစား မှ သာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မေ ဖာက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေး ဘို့ အသင့်ပဲ။

စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံ မှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြား စစ်သား မ ဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲ ဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနား လည်စေ ချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတ ရား ချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံး မှာကြားခြင်းပဲ။
http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.