07/18/13

လက်တွေ့ကိုမြင်မိတိုင်း ကြိတ်မနိုင်ခဲမရဖြစ်နေမိတာ...။ တစ်ဆင့်ချင်း... တစ်ဆင့်ဆင်ချင်းပေါ့... ဆိုတဲ့စကားကို ဘယ်လိုနားလည်းရမှန်းမသိဘူး။ (စာကြွင်း)

ပုဂ္ဂလိကကျောင်းကြော်ငြာဆိုင်းဘုတ်တစ်ခုကို ဖတ်မိတယ်။ စိတ်ထဲမှာဝမ်းနည်းသွားတယ်။ တွေးမိတာက ဘာကြီးလည်းပေါ့။ ဒီလိုဆိုင်းဘုတ်တစ်ခုလူတိုင်း မြင်မိတဲ့အခါ ဘယ်လိုတွေးမလဲ။ ၀န်ဆောင်မှုတွေလည်းရေးထားတာပါ တစ်ဆတ်ထဲဖတ်မိတယ်။ ဟင်... ဒါဆိုအခြေခံပညာကျောင်း တွေက ဘာဖြစ်နေလို့လည်း...? အခြေခံကျောင်းတွေက သုံးစားမရလို့ ဒီလိုပုဂ္ဂလိကကျောင်းတွေ ပေါ်လာရတာလား။ ၀န်ဆောင်မှုတွေကလည်း အရမ်းကောင်းတယ်။ ကလေးတစ်ယောက်အတွက် လိုလေးသေးဘာမှမရှိ။ ကျောင်းမှာစာနားမလည်ရင် အိမ်ထိတောင် လိုက်သင်ပေးတယ်ဆိုပဲ။ စိတ်ဝင်စားလို့ မိတ်ဆွေတစ်ယောက်ဆီ ဖုန်းဆက်မေးကြည့်တယ်။ ဒီကျောင်းတွေမှာတက်ရင် ဘယ်လောက်ကုန် ကျနိုင်လည်းပေါ့။ သူငယ်ချင်... အဲ့ဒါတွေကတစ်လတစ်လသိန်းချီပေးရတာကွ။ သာမန်ဆင်းရဲသားတွေ အနားတောင်သီနိုင်မယ်မထင်။

ဒီတော့တွေးမိတယ်... အခြေခံပညာရေးကျောင်းတွေက ဆရာဆရာမတွေအရည်ချင်း မရှိလို့ဒီလိုကျောင်းတွေ ပေါ်လာရတာလား။ အခြေခံပညာရေးကျောင်းတွေက ၀န်ဆောင်မှု ညံ့ဖျင်းတာကြောင့် ဒီလိုပေါ်လာရတာလား။ ဒါကိုဈေးကွက်စီးပွားရေးတစ်ခုအဖြစ် ဖြည့်တွေးလို့ရပေမဲ့... ငွေကြေးချမ်းသာတဲ့ မိဘတွေရဲ့ သားသမီးတွေသူငယ်တန်း၊ မူကြို ကျောင်းတက်ရမဲ့အရွယ်ကတည်းက အဲ့ဒီလိုနေရာတွေပို့ပြီး စာသင်ခိုင်းကြတယ်။ အခြေခံပညာကျောင်းတွေဆိုရင် ဖုတ်လေသည့်ငပိ ရှိတယ်တောင်မထင်။ တချို့ဆို လေယာဉ်နဲ့ ပြည်ပမှာကျောင်းသွားတက်တယ်ဆိုပဲဗျ။ ဒါဆိုရင် အခြေခံပညာကျောင်းတွေမှာ စာမရှိလို့လား။ ဘာလို့ဒီလောက် လူတန်းစားတွေက ကွာသွားတာလည်း။ ဒီနေရာမှာ ဆင်းရဲသားနဲ့ အထက်တန်းလွှာအများကြီးကွာဟနေတာမြင်ရတယ်။ တချို့မိဘတွေဆိုရင် အခြေခံပညာကျောင်းက သားသမီးနဲ့ ကိုယ့်သားနဲ့တောင် တန်းမတူသလို ဆက်ဆံခံရတာ ကလေးတစ်ယောက်ပြောလို့ ကြားဖူးတယ်။ ကျွန်တော်က ၅တန်းဦးလေးရာ... သူကနှစ်တန်းပဲရှိသေးတယ် အင်္ဂလိပ်လိုတွေပြောတတ်တယ်ဗျ။ ကျွန်တော်အဲ့ဒီကျောင်း တက်ချင်တယ်ဗျာတဲ့။ ကျွန်တော်တို့ကျောင်းမှာ ဒီလိုတွေမသင်ဘူးဗျ ကျွန်တော်သူ့ ထက်အတန်းကြီးတယ် သူတို့လိုမတတ်ဘူး။ အမေကလည်း ကုန်စိမ်းတွေပဲရောင်းနေတာပဲ။ မုန့်ဖိုးတောင်မပေးနိုင်ဘူး။ ချဲလေးဘာလေးရောင်း ပြီးကောတဲ့။

ဆိုတော့...ပြည်တွင်းကကျောင်းသားချင်းတောင် ကွာဟမှုကဆင်းရဲသားနဲ့ လူချမ်းသာ ပညာရည်ချင်း ယှဉ်မရသလို။ လက်ရှိပညာရေးစနစ်မှာကော လူချမ်းသာပညာတတ်မိဘတွေကကော..
အခြေခံပညာရေးစနစ်နဲ့ ပြည်တွင်းဘွဲ့ရတွေအပေါ်မှာ ယုံကြည်ကိုးစားမှုတချို့မရှိတော့တာ သိသာနေပါတယ်။ ဒီနိုင်ငံမှာ အခြေခံပညာရေးစနစ် တက္ကသိုလ်ဝင်ပညာရေးစနစ်တွေရှိနေပါရဲ့ ပြည်ပကျောင်းတွေကို ဘာလို့အထင်ကြီး နေရတာလည်း။ ဒီနိုင်ငံထဲကကျောင်းတွေ တက္ကသိုလ်တွေက ဘွဲ့ရသုံးစားမရလို့ ပြည်ပထွက်ပညာသင်စေကြတာလား။ ဆင်းရဲသားအခြေခံလူတန်းစားတွေ၊ ငမွဲတွေ ဒီနိုင်ငံကျောင်းတွေမှာသင်ပါစေ... ငါတို့သားသမီးတွေ ပြည်ပမှာကျောင်းတက်ခိုင်းမယ်။ ထွက်လာတဲ့ဒီကပညာတတ်တွေ ဘွဲ့ရသုံးစားမရတဲ့ကောင်တွေ ဆယ်ယောက်နဲ့ ငါ့သားသမီးတစ်ယောက်ယှဉ် အကွာကြီးကွာတယ်ဆိုတဲ့စနစ်လား။ ကျွန်တော်တွေ့ရသလောက် ပိုက်ဆံချမ်းသာတဲ့ လူတွေရဲ့အပိုင်တွေ လူတန်းစားတွေ ပြည်ပလွှတ်ပညာသင်စေကြတယ်။ အခြေခံလူတန်းစားလောက်ပဲ ပြည်တွင်းပညာရေးသင်ကြတယ်။

အခြေခံပညာရေးကျောင်းတွေမှာ ဆရာဆရာမတွေအပေါ် ကျောင်းတွေအပေါ်မှာ အရည်သွေးမြင့်တက်လာဖို့လိုအပ်ချက်၊ သင်ကြားရေးအထောက်ကူလိုအပ်ချက်၊ သင်ထောက်ကူလိုအပ်ချက်၊ ကျောင်းကျန်းမာရေးတိတိပပလိုအပ်ချက်၊ စည်းကမ်းကောင်းဖို့ အဓိကလိုအပ်ချက်၊ ကျောင်းရဲ့အရည်သွေးနဲ့ စာသင်သားတွေအရည်သွေး တက်လာဖို့ တိတိပပ ကူညီပြတဲ့ ထောက်ပံ့ပြတဲ့ အစိုးရမတွေ့ဘူး။ ဆရာ/ဆရာမတွေအရည်သွေးမြင့်ဖို့ရယ်... လစာလုံလောက်မျှတမှု အသေချာ မပေးနိုင်ဘူး။ လစာနဲ့ အိမ်တွင်း ကုန်ကျစရိတ် မမျှတော့ ဆရာ/ ဆရာမတွေလည်းကျူရှင်ဖွင့်အောက်ဆိုဒ်ရှာ...ဈေးလေးဘာလေးရောင်း...။ကျောင်းကထိုင်ခုံတစ်လုံးကျိုး ဆရာမက ပိုက်ဆံတက်နိုင်ရင် အိပ်စိုက်ပြင်။ မရှိရင် ကျောင်းသားဆီကကောက် တစ်ဆယ်၊ နှစ်ဆယ်။ ပြီးရင် ကောက်တဲ့ဆရာမ တိုင်လို့အလုပ်ပြုတ်။ ဆရာဆရာမတွေ ဆိုတာ စေတနာ ၀ါသနာအနစ်နာအပြည့်နဲ့ပါ။ သူတို့အတွက်လစာလုံလောက်မှုပေးနိုင်မှ ကျောင်းသားလည်း ဂရုစိုက်နိုင်မှာပေါ့။ ခုတော့ဆရာဆရာမတွေလည်း လုံးလည်လိုက်၊ ကျောင်းသာတွေလည်း လုံးလည်လိုက်။

လက်ရှိပညာရေးစနစ်ကျင့်သုံးနေပုံကိုက ကျောင်းဆောက်ပေးတယ်။ စာသင်ကြ... ဆန်ဘယ်နှပြည်...
ယူ။ ကျန်တာလာမမေးနဲ့ ကိုယ်ထူကိုယ်ထလုပ်ကြ။ ကျောင်းစစ်ဆေးရေးဝင်တယ်... အတန်းသားတွေ
ထဲကအတော်ဆုံးတစ်ယောက်နှစ်ယောက် မေးကြဗျူးကြ။ ပြီးရင်... ရုပ်သံမှာလွှင်ပြ။ ဒီကျောင်းကြီးကတော့တိုးတက်နေပါပြီ။ ပညာရေးစနစ်ကြီးကောင်းနေပါပြီ.....။

ဒီမိုး.... ဒီရေ..... ဒီလှေနဲ့ ဆက်လှော်ကြပြီး မြုတ်....။

ပြီးတော့မှ ကွန်ပျူတာကယ်ပါ။ international language ကယ်ပါ။ experience ကယ်ပါ။

အိမ်ကိုကစုတ်ပြတ်သတ်နေပါတယ်ဆိုမှ
ဒေါက်လေးထောက်မယ်။
အမိုးလေးပြင်မယ်။ လုပ်မနေပါနဲ့တော့ တစ်အိမ်လုံးပိုးချကိုက်နေတာ .....။

ပညာရေးဒေါက်တိုင် ဖြုတ်ချိုးခဲ့မှတော့ ဒီမိုးဒီရေ ဒီလူချည်းပါပဲ။

ဥယျာဉ်မှူး

အစသည် ၁၉၈၈ ခုနှစ် ကာလ များဖြစ်သည်။ ၁၉၄၇ ခုနှစ်မှ စတင်ရေ တွက်လျှင် ၆၆ နှစ် တိုင်လာခဲ့ပြီဖြစ် သော်လည်း မှိန်ဖျော့ရီမှုန် ပစ်ပယ်ခံ ခဲ့ရ သော နှစ်ကာလများသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ပီပြင် လာခဲ့ခြင်းဖြစ် သည်။ ထိုခုနှစ်များနောက်ပိုင်း အရာ အားလုံးသည် ရှိခြင်း၏ အခြားတစ်ဖက် သို့ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်က မြန်မာနိုင်ငံ သမိုင်းတွင် ဆိုးရွားသော ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သော နိုင်ငံတော် လုပ်ကြံ မှုကြီးဖြစ် ပွားခဲ့သည်။ (အားလုံးသိထားပြီးဖြစ်သည့် ) ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ပုဂ္ဂိုလ်ကိုးဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်၏။

ယာယီအစိုးရဖွဲ့ရန်၊ တိုင်းပြည်၏ အသက် သွေးကြောဖြစ်သော လမ်းပန်း ဆက်သွယ်ရေးကိစ္စများ ဆွေးနွေးမှု အ တွက် တိုင်ပင်ရန် ထိုနေ့က (ထိုစဉ်က) ဖဆပလဥက္ကဋ္ဌလည်းဖြစ် အစိုးရ အဖွဲ့ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ ဗိုလ်ချုပ်အောင် ဆန်း အပါအဝင်၊ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချို ၊ ထောက်ပံ့ရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘဝင်း၊ ဘဏ္ဍာရေးဝန်ကြီး သခင်မြ၊ စက်မှုလက် မှုနှင့် အလုပ်သမား ဌာနဝန်ကြီး မန်း ဘခိုင်၊ တောင်တန်းဒေသဆိုင်ရာဝန်ကြီး မိုင်းပွန်စော် ဘွားကြီး စဝ်စံထွန်း၊ ပညာ ရေး အမျိုးသားစီမံကိန်းဌာန ဝန်ကြီး ဦးရာဇတ် အစရှိသော ဝန်ကြီး ၇ ဦး၊ လမ်းပန်းသယ်ယူပို့ဆောင်ရေး အတွင်းဝန် အိုင်စီအက်စ် ဦးအုန်းမောင်တို့သည် အတွင်းဝန်များရုံးရှိ အစည်းအဝေး ခန်း မ၌ အစည်းအဝေးကျင်းပရန်နှင့် တိုင် ပင်ရန် ရောက်ရှိနေချိန်ဖြစ်၏။ ထိုစဉ် အမှတ် ၁၂ တပ်မတော် ယူနီဖောင်းဝတ် ဆင်ထားသူ ( ဂဠုန်ဦးစော၏ အပေါင်း အပါ)လူတစ်စုမှ အစည်းအဝေးခန်းမ တွင်းဝင်ရောက် ၍ သေနတ်များဖြင့် ပစ် ခတ်လုပ်ကြံခဲ့ကြခြင်း ဖြစ်သည်။

(လုပ်ကြံသူများ ပြန်ရာလမ်းတွင် ဆုံမိသော ဦးရာဇတ်၏ သက်တော်စောင့် ဖြစ်သူရဲဘော်ကိုထွေးလည်း သေနတ် ဖြင့် ပစ်ခတ်ခံရ မှုကြောင့် သေဆုံး ခဲ့ခြင်း ဖြစ်သည်။)

ထိုနေ့သည် မြန်မာတစ်ပြည်လုံး ဝမ်းနည်းပူဆွေး ယူကြုံးမရဖြစ်ခဲ့ ရသော နေ့ဖြစ်ခဲ့သည်။လွတ်လပ်ရေးနှင့် တိုင်းပြည်၏ အနာဂတ် အတွက် မျှော်လင့်ချက် နေ မင်းကြီးတစ်စင်း ပျောက်ကွယ်ခဲ့ခြင်းဖြစ်၏။ ထို့အတူ တိုင်းပြည်အနာဂတ်အတွက် အဖိုးတန်လွန်းလှသော အလင်းပုဂ္ဂိုလ် များ ကွယ်ပျောက်ခဲ့ခြင်းဖြစ်၏။

ထို့ကြောင့်ပင် လုပ်ကြံသတ်ဖြတ်မှု ကြီးဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့ (ဇူလိုင် လ ၂ဝ ရက်)တွင် ထွက်ရှိလာသော ဟံ သာဝတီသတင်းစာ၌ ”တစ်မြို့ လုံးကြိမ် မီးအုံးပမာ ယူကျုံးမရ ဖြစ်ကြရသော နေ့” ဟု ခေါင်းစီးအမည်းဖြင့် သတင်း ဖော်ပြခဲ့သလို မြန်မာ့အလင်း၊ ရန်ကုန် အစရှိသော သတင်းစာ များတွင်လည်း အာရှခေါင်းဆောင်အသီးသီး၏ ဝမ်း နည်းကြောင်း သဝဏ်လွှာများ၊ ပြည်သူ လူထု၏ ဝမ်းနည်းပူးဆွေးမှုများ ကို ဖော် ပြခဲ့ကြသည်။

ထိုစဉ်က ဖဆပလအဖွဲ့ တာဝန်ရှိ သူများမှ ဈာပနအခမ်းအနား ကျင်းပ ရေးကော်မတီဖွဲ့စည်း၍အာဇာနည်များ ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ် များ ကို (ဦးရာဇာတ်နှင့်ရဲဘော် ကိုထွေးတို့၏ ရုပ်ကလာပ်မှအပ) ဂျူဗလီဟော ( ယခု စစ်သမိုင်းပြတိုက်နေရာ)တွင် ပြင်ဆင်၍ ရဟန်း ရှင်လူပြည် သူများ ဂါရဝပြုကြည့် ရှုနိုင်ရန် ဆယ်လတိတိထားရှိ စီစဉ်ပေး ခဲ့သည်။ တိုး၍ မပေါက်အောင်ပင် များ ပြားလှစွာသော လူထုကြီးက လည်း နေ့ စဉ်ပင် အာဇာနည်များ၏ ရုပ်ကလာပ် ကို လာရောက်ဂါရဝပြု ကြည့်ရှုခဲ့ကြ သည်။ ယူကျုံးမရ ဝမ်းနည်းပူဆွေးသော ကရောက်မှုနှင့် နှမြော တသခြင်း စိတ် အလျဉ်ကလည်း ထိုစဉ်က တစ်နိုင်ငံလုံး လွှမ်းခြုံလျက် ရှိခဲ့ခြင်း ဖြစ်သည်။

ဝမ်းနည်းခြင်း အထိမ်းအမှတ် အ ဖြစ် နိုင်ငံတော်အလံအား တိုင်တစ်ဝက် လွှင့်ထူခဲ့သည်။အဖွဲ့ဝင် ၃၅ ဦးပါ ကော် မတီတစ်ရပ်ကို ဖွဲ့စည်း ၍ ပြည်သူ့ဈာပန အဖြစ် နိုင်ငံတော်အခမ်းအနားဖြင့် ဈာ ပနကို ကျင်းပခဲ့သည်။ ဆွမ်းသွတ်အလှူဒါနများကို အစိုးရ အဖွဲ့အစည်းများ အပါအဝင် တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ပြုလုပ်ခဲ့ကြ သည်။

ယင်းသည် ၁၉၄၇ ခုနှစ်ဖြစ်သည်။ ယင်းမှ စတင်ရေတွက်လျှင် ယနေ့ ၂ဝ၁၃ခုနှစ် ဇူလိုင်လ ၁၉ ရက်သည် အာဇာနည်များကျဆုံးခဲ့ခြင်း ၆၆ နှစ် တိုင်ခဲ့ပြီဖြစ်၏။ သေသောသူကြာလျှင် မေ့ဆိုသော်လည်း မြန်မာတစ်မျိုးသား လုံး၏ရင်ထဲ၌ ထိုနေ့နှင့် ထိုသူတို့သည် မေ့ဖျောက်ပစ်ရန် မသင့်ေ သာနေ့ နှင့် ပုဂ္ဂိုလ်များ ဖြစ်ခဲ့သည်။

သို့သော် ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်အင်္ဂါနေ့ထုတ် ရန်ကုန်သတင်း စာအမှတ် ၇၉ တွင် ဖော်ပြထားချက်အရ အာဇာနည်ပုဂ္ဂိုလ်များသည် ထိုစဉ် ကပင် မေ့ဖျောက်ခံထားရခြင်းကို တွေ့ရ၏။ ထိုစဉ်က သတင်းစာပါ ရေး သား ဖော်ပြထားချက်အရ အာဇာနည်နေ့ အား နှစ်စဉ် ပုံမှန်ကျင်းပသော် လည်း တာဝါလိမ်းရှိ ဗိုလ်ချုပ်နေအိမ်သည် ပျက် စီးယိုယွင်းလျက် ရှိခြင်းကြောင့် ဇနီးဖြစ် သူ ဒေါ်ခင်ကြည်ပင်လျှင် ဟယ်ပင်လမ်း ခေါ် ပြည်ထောင်စု ရိပ်သာလမ်းရှိ တိုက် တန်းလျားနှင့် အင်းလျားကန်ဘေးရှိ ပန်း ချီဦးခင်မောင်နေအိမ် တို့တွင်ပြောင်းရွှေ့ နေ ထိုင်ရလျက် ရှိကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင်မြတို့၏ အထိမ်း အမှတ်နေရာများ သတ်မှတ်ထားရှိသော် လည်း အခြားသောခေါင်းဆောင် များ၏ အထိမ်းအမှတ် သတ် မှတ်နေရာများ မရှိသေးကြောင်း၊ ခေါင်းဆောင် ကြီးများ ၏အထိမ်းအမှတ် မော်ကွန်း ကျောက် တိုင်အား အတွင်းဝန်များရုံး အတွင်းထား ရှိသော် လည်း ပြည်သူများ ကြည့်ရှု အ လေးပြုနိုင်ခြင်း မရှိကြောင်း၊ တည် ဆောက်ရန် ဒီဇိုင်းရေးဆွဲထားပြီးဖြစ် သော အာဇာနည်ဗိမာန်အဆောက်အအုံ ကြီးအား တည်ဆောက်နိုင်ခြင်း မရှိ သေးကြောင်း သိရခြင်း ဖြစ်၏။

ဖြေသိမ့်နိုင်သေးသည်က ထိုစဉ်က အာဇာနည်နေ့ အခမ်းအနားဆို လျှင် နိုင်ငံတော်သမ္မတ ကိုယ်တိုင်တက်ရောက် ၍ ကျဆုံးလေပြီးေ သာ ခေါင်းဆောင်ကြီး များ၏ မိသားစုများနှင့် တွေ့ဆုံနှုတ် ဆက်စကားဆို၊ ကိုယ်တိုင်လွမ်းသူ့ပန်း ခွေချ၊ အာဇာနည်များ၏ မိသားစုဝင် များ ဝမ်းနည်း ပူဆွေးနေမည် စိုးရိမ်သ ဖြင့် လှိုင်မြစ်ကြောင်းအတိုင်း မအူပင်မြို့ ထိ စုန်ဆန်အပန်းဖြေခရီးအဖြစ် ပို့ ဆောင်ပေးခဲ့သည်။ ယင်းသည် တစ်နှစ် တည်း တစ်မျိုးတည်းမဟုတ်ချေ။ နှစ်စဉ် မရိုးနိုင်သော အစီအစဉ်များကို စီစဉ် ပေးခဲ့ခြင်းဖြစ်၏။

သင်္ဘောတစ်နည်း၊ ရ ထား တစ်ဖုံ၊ အမှတ် ၁၄ အင်းလျားလမ်း ဧည့်ခံပွဲ တစ်သွယ် စသဖြင့် အမျိုးမျိုး သောနည်းများဖြင့် ကျန်ရစ်သောမိသား စုဝင်များ ဖြေသိမ့်နိုင်မှုကို နိုင်ငံတော် သမ္မတ(ထိုစဉ်က သမ္မတသည် မန်းဝင်း မောင်ဖြစ်၏)က စီစဉ်ပေးခဲ့ခြင်း ဖြစ်၏။ မြို့တော်ဝန်၏ အစီအစဉ်ဖြင့် ဆွမ်းကပ် အလှူဒါန ပြုလုပ်ခြင်းများလည်း ရှိခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း များ၊ အာဇာနည်သီချင်းများကို ရေဒီယို များမှ ထုတ်လွှင့်ပေး ခဲ့သည်။ အာဇာ နည်များကျဆုံးခဲ့သော ဇူလိုင်လ ၁၉ ရက် ၁ဝ နာရီ ၃၇ မိနစ်တွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်ဥသြ ဆွဲ၍ ရောက် ရှိရာအရပ်တွင် မတ်တပ်ရပ်ကာ ၂ မိနစ် ငြိမ်သက် အလေးပြုခြင်းများကို စီစဉ်ဆောင်ရွက်ခဲ့ကြသည်။

ယင်း အစဉ်အလာသည် တော် လှန်ရေးကောင်စီဥက္ကဋ္ဌ ဦးနေဝင်းလက် ထက် ၁၉၆၂ ခုနှစ် ကာလနှောင်းပိုင်းများ တွင် မှိန်ဖျော့လာခဲ့သော်လည်း အာဇာ နည်နေ့၌ ဦးနေဝင်းကိုယ်တိုင် လွမ်းသူ့ ပန်းခွေချ၊ကျန်ရစ်သူမိ သားစုဝင်များဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာနှုတ်၏စောင်မ ခြင်းများ (၁၉၇၁ ခုနှစ်)ထိတိုင်ရှိခဲ့သည်။ ယင်းနောက်ပိုင်းနှင့် နိုင်ငံတော် ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ လက်ထက်၊ နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက် ထက် ၁၉၈၈ခုနှစ် နောက်ပိုင်းကာလ များတွင် ထိုအရာများသည် လုံးလုံးလျား လျားပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ကျဆုံးခဲ့သော အာဇာနည် များ၏ ပုံရိပ်များ၊ သမိုင်းမှတ်တမ်းများ၊ အထိမ်းအမှတ်များ၊ မိသားစုဝင်များ သည် မေ့ဖျောက်ခံ အထင်ကရ များနှင့် ပစ်ပယ်ခံမျိုးဆက်များ ဖြစ်လာခဲ့သည်။

”ပြီးခဲ့တာတွေပေါ့ သားရယ်။ ဒါ တွေက အခု ပြန်ပြောရင် ကိုစိတ်မကောင်း ဖြစ်ရတာတွေပါ။ ဘယ်လိုမှ မဖော်ပြနိုင် တဲ့ ခံစားမှုပါပဲ”ဟု လုပ်ကြံ သတ်ဖြတ်မှု ကြောင့် လမ်းပန်းသယ်ယူပို့ဆောင်ရေး အတွင်းဝန် အိုင်စီအက်စ် ဦးအုန်းမောင် ၏ဇနီးဖြစ်သူ အသက် ၈၉ နှစ်အရွယ် အဘွားဒေါ် သိန်းကြွယ်က ပြောသည်။

ကျဆုံးခဲ့သော အာဇာနည်ခေါင်း ဆောင်အသီးသီး၏ဇနီးသည် အသီးသီး အနက် အဘွားဒေါ်သိန်းကြွယ် တစ်ဦး တည်းသာ လက်ရှိအချိန်တွင် သက် ရှိ ထင်ရှားကျန်ရစ်သူဖြစ်၏။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားချိန်တွင် အသက် ၂၄နှစ်အရွယ် ရှိပြီဖြစ်ပြီး ခေတ်အဆက် ဆက်အာဇာနည် နေ့အခမ်းအနား များကို ဖြတ်သန်းကြုံတွေ့ လာခဲ့သူတစ်ဦး ဖြစ်သည်။

သမ္မတ မန်းဝင်းမောင်လက်ထက် အလေးထားမှုများရှိခဲ့သည်။ ဦးနေဝင်း လက်ထက်နှုတ်၏စောင်မခြင်းရှိခဲ့သည်။ သို့သော်ယင်းနောက်ပိုင်း အာဇာနည်နေ့ အခမ်းအနားနှင့် မိသားစုဝင်များသည် မေ့ဖျောက် ပစ်ပယ်ခံ ဖြစ်လာခဲ့ပြီး အ လေးထား ဂါရဝပြုမှုအဆင့်သည်လည်း လျော့ကျ လာခဲ့ကာ မြို့တော်ဝန် အဆင့် သာတက်ရောက်သော အခမ်းအနား တစ်ခုဖြစ်လာခဲ့ခြင်းဖြစ်သည်။ ကျဆုံး ခဲ့သော အာဇာနည်ပုဂ္ဂိုလ်များ၏ မိသား စုဝင်များအနေဖြင့်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

”အပစ်ပယ်ခံထားရတဲ့ ခံစားချက် က သိပ်များနေပြီ။ မြန်မာပြည်မှာ လူ လာဖြစ်တော့လည်းကံဆိုးတယ်လို့ပဲ ခံ စားရမိတယ်”ဟု လုပ်ကြံ သတ်ဖြတ် မှု ကြောင့် ကျဆုံးခဲ့သော ထိုစဉ်ကထောက် ပံ့ ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဘဝင်း၏သားဖြစ်သူ ဦးထွေးဝင်း က မေ့ဖျောက် ထားမှုနှင့် ပစ်ပယ်ခံထားရမှု အပေါ် ဝမ်းနည်းစကား ဆိုသည်။

သားသမီးများကို ပစ်ပယ်ထားရုံ သာမက မြေးဖြစ်သူများထိပင် ပစ်ပယ် ခံခဲ့ရပြီး လူမှုဘဝဆိုင်ရာ ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရကြောင်း ဦးထွေးဝင်း ကပြော သည်။

”အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ အန်တီ့ အဖေနေအိမ်အကျယ်ချုပ်နဲ့ ရှိ စဉ်တုန်းကဆို စောင့်ရတဲ့ ထောက်လှမ်း ရေးအရာရှိတွေက သခင်မြဆို တာသူပုန် လားလို့တောင် မေးတာခံရဖူးတယ်” ဟု လုပ်ကြံသတ်ဖြတ် မှုကြောင့်ကျဆုံးခဲ့သော ဘဏ္ဍာရေးဝန်ကြီး သခင်မြ၏ တူမ သခင်ခင်အောင် ၏သမီးဖြစ်သူ အသက် ၆၉ နှစ်အရွယ် ဒေါ်ခင်ဆွေဝင်းက ပြော သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း သတင်း စာ၊ ရုပ်မြင်သံကြား စသည်တို့ ဘယ်နှခု နှစ်မြောက် အာဇာနည်နေ့ဆိုသော စာ တမ်းမျှပင် ဖော်ပြခြင်းမရှိဘဲ တိုင်းပြည် အတွက်ကောင်းမွန်ရာလုပ် ဆောင်ပေး ခဲ့သူများကို မေ့ဖျောက် ထားခဲ့ခြင်း အ ပေါ်ဖော်မပြတတ်အောင် ခံစားရကြောင်း သခင်မြ၏ မိသားစုဝင်များကလည်း ဆို သည်။

”အရမ်းခံစားရတယ်” ဟု သခင်မြ ၏သားဖြစ်သူ ဦးရဲမြင့်အောင်က ပြော သည်။

”ပြောမယ်ဆိုရင် သေးသိမ်သွား အောင် လုပ်တာပေါ့။ တဖြည်းဖြည်းနဲ့ သေး သိမ်သွားအောင် လုပ်တာပေါ့။ ၈၈ ခုနှစ်နောက်ပိုင်းမှာ တော်တော်ဆိုး ရွား သွားတာ။ အဖြစ်လောက်ပဲ လုပ်တော့ တာ။ မိသားစုဝင်တွေကတော့ ဒီလိုလုပ် ရက်လေခြင်းဆိုပြီး စိတ်ထိခိုက်တာပေါ့” ဟု လုပ်ကြံသတ်ဖြတ် မှုကြောင့် ကျဆုံး ခဲ့သော ပညာရေးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဦးရာဇတ် ၏သားဖြစ်သူ ဦးတင် မြင့်က ပြောသည်။၎င်းသည် အာဇာနည် နေ့ အခမ်းအနားများကို အသက် ၇ နှစ် အရွယ်ကပင်စတင်၍ ခေတ်အဆက် ဆက် ကြုံတွေ့ခဲ့သူတစ်ဦး ဖြစ်သည်။

ကျဆုံးခဲ့သော အာဇာနည် ၉ ဦး အနက် ၇ ဦး (ထိုစဉ်က ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့သည် ဘာသာရေးအရ မွတ်စလင်သုသာန်တွင် သင်္ဂြိုဟ် ပြီးဖြစ် သည်)၏ ရုပ်ကလာပ်ကို ဂျူဗလီဟော (ယခု စစ်သမိုင်းပြတိုက်) ၌ ၁ဝ လကြာ ထားရှိပြီးနောက် ၁၉၄၈ ခုနှစ် ဧပြီလ ၁ဝ ရက်တွင်ရွှေတိဂုံစေ တီတော် မြောက် ဘက်မုခ် သွေးဆေးကန်အနီးရှိ အာ ဇာနည်ကုန်း သို့ ရွှေ့ပြောင်း ဂူသွင်းမြှုပ်နှံ ကာ အာဇာနည်ဗိမာန်အဖြစ်ထားရှိခဲ့သည်။

ယင်းသည် ၁၉၈၃ခုနှစ် အောက် တိုဘာလ ၉ ရက် တောင်ကိုးရီးယားနိုင်ငံ ငါးယောက်မြောက်သမ္မတ ချန်ဒူးဝမ် မြန်မာနိုင်ငံသို့ရောက်ရှိပြီး အာဇာနည် ဗိမာန်သို့လာရောက်ဂါရဝပြုစဉ် မြောက် ကိုးရီးယားသူလျှိုများမှ ဗုံးခွဲလုပ်ကြံ မှု ကြောင့် (အာဇာနည်ဗိမာန်သည်) ပျက် စီးသွားခဲ့သည်။

ယင်းကြောင့် ယခု ဗိမာန်ဒီဇိုင်း သစ်အားပြန်လည်တည်ဆောက်၍ ဗိုလ် ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးခဲ့ သော ခေါင်းဆောင်များ၏ ရုပ် ကလာပ် ကို ရွှေ့ပြောင်းထားရှိခြင်း ဖြစ်၏။ ”ဗိမာန်အဟောင်းကနေ အသစ် ကိုရွှေ့တော့ အန်ကယ်တို့ သိတောင် မသိခဲ့ဘူး။ အကြောင်းကြား တာဘာ ညာ လည်းမရှိဘူး”ဟု ဦးထွေးဝင်း က ပြော သည်။

”ဘယ်လောက်ဆိုးလဲဆိုရင် ပြီးခဲ့ တဲ့ တစ်နှစ်တုန်းက ပန်းခွေ ချတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဘက် မှာ ချရတယ်။ ဘယ်ဘက်မှာချဖို့ စီစဉ် ပေးတယ်။ မနှစ်ကကျတော့ ညာဘက်မှာ ချရတယ်။ ဗိမာန်အနောက်မှာအပေါက် ရှိပြီး အခေါင်းတွေကို တစ်နှစ်တစ်ခါ များ ရွှေ့နေသ လား လို့တောင် မေးချင်မိ တယ်” ဟု ဦးထွေးဝင်းက ထပ်လောင်း ပြောသည်။

၎င်းကဲ့သို့သော အဖြစ်အပျက် သည် ကျဆုံးခဲ့သော အာဇာနည်ပုဂ္ဂိုလ် များ၏ ကျန်ရစ်သောမိသားစုဝင်များ အားလုံးနီးပါး ကြုံတွေ့ရသော အဖြစ် အပျက်ပင် ဖြစ်သည်။ အာဇာနည်ဗိမာန်အသစ်သည် ဗိုလ်ချုပ်အောင်ဆန်း အား အလယ်ထား၍ ကျန်သောပုဂ္ဂိုလ်များကို ဘေးတစ်ဖက်တစ်ချက် ထားရှိ မြှုပ်နှံ တည်ဆောက်ထားခြင်းဖြစ်သည်။ သို့ သော် မည်သူသည် မည်သည့်ဘက်တွင် ရှိသနည်းဆိုသည်ကို သက်ဆိုင်သူ မိ သားစုဝင်များ ယနေ့တိုင်သိရှိခြင်း မရှိခဲ့ ပေ။ (မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ ရုပ်ကလာပ်အား ရှမ်းပြည်နယ်သို့ ပြန် လည်သယ်ဆောင်၍ ရှမ်းပြည်နယ် တွင် မြှုပ်နှံခဲ့သည်ဟု သိရသည်။)

ထို့အတူ ယခင်တုန်းက အာဇာ နည်နေ့ဆိုလျှင် ကျဆုံးခဲ့သော အာဇာ နည်များ၏ အတ္တုပ္ပတ္တများကို မိသားစု ဝင်များနှင့် ပြည်သူများ ထံ ပေးေ ဝခြင်း များရှိခဲ့သည်။ မိန့်ခွန်းနှင့် သီချင်းများ လွှင့်ခဲ့သည်။ ဥသြဆွဲခဲ့သည်။ အထူး သဖြင့် ဥသြဆွဲခြင်းသည် အာဇာနည် နေ့၏ အမှတ်အသားပင် ဖြစ် ခဲ့သည်။ ထိုနေ့ နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် ပြည်သူလူထုသည် ဥသြသံကို နားဆွံရင်း ငြိမ်သက်ခြင်း ၂ မိနစ်ဖြင့် အာဇာနည်များ ကျဆုံးခဲ့ခြင်း အပေါ် ဝမ်းနည်းတသခြင်းကို ပြသခဲ့သည်။

”အန်တီတို့ကတော့ သူတို့ ဥသြ မစွဲရင် တို့ဟာတို့လုပ်မယ်ဆိုပြီး အိမ်က ကားတွေကို ဟွန်းတီးတာ။ ဟွန်းတီးတဲ့ အချိန်မှာ အားလုံးမတ်တပ်ရပ်ပြီး အ လေးပြုတယ်။ အရမ်းဝမ်းနည်းတယ်။ အရင်တုန်းကဆို ဇူလိုင်လ ဆန်းလောက် ကတည်းကသတင်းစာထဲမှာလည်း တစ် ကွက်ကလေးတွေ (အာဇာနည်နေ့ တို့ မမေ့ဆိုတာ)ပါနေပြီ။ ညဘက်ဆိုသီချင်း တွေ လာနေပြီ”ဟု သခင်မြ၏ တူမနှင့် သားဖြစ်သူတို့က ပစ်ပယ်မေ့ဖျောက်ခံ ထားရမှုအပေါ် ဝမ်းနည်းစကား ဆို သည်။

ယခင်က သီချင်းများညစဉ် လွှင့် ပေးပြီး ယင်းသီချင်းသံကို နားထောင် ရင်း အာဇာနည်များကို အောက်မေ့တသ စွာ ငိုကြွေးမိကြောင်း ဦးရဲမြင့်အောင် ၏ဇနီးဖြစ်သူ သခင်မြ၏ချွေးမ ဒေါ်ပြုံးက ပြောသည်။

”ဘယ်လောက်ထိ မေ့ဖျောက်ခံရ လဲဆိုရင် သခင်မြဆိုတာ ပန်းခြံနာမည် လို့ပဲသိကြတော့တယ်”ဟု သခင်မြ၏ မြေး ဖြစ်သူ အသက် ၂၇နှစ်အရွယ် မကေခိုင် က သူဖြတ်သန်းခဲ့ရသော ပစ်ပယ်ခံ မျိုး ဆက်နှင့်ပတ်သက် ပြီး ပြောပြသည်။

ယခင်ကကျောင်းများတွင် ” ဖေ ဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ” အစရှိသော ဗိုလ်ချုပ်အောင်ဆန်းကဗျာ ကို သင်ကြားရွတ်ဆိုမှုပြုခဲ့ခြင်း၊ အာဇာ နည်နေ့ဆိုလျှင် ကျောင်းများ၌ စာစီစာ ကုံးပြိုင်ပွဲများ၊ ကဗျာရွတ်ဆို ပြိုင်ပွဲများ ပြုလုပ်၍ အာဇာနည်ပုဂ္ဂိုလ်များ၏ ဂုဏ် ကျေးဇူးကိုသိတတ် နားလည်ရန် သင် ကြားပြသစီစဉ်ပေးခဲ့ခြင်းများ ရှိခဲ့သော် လည်း ယင်းအစဉ်အလာများသည် အစ အန ရှာဖွေမတွေ့ရှိအောင်ပင် ကွယ်ပ သွားခဲ့ခြင်း ဖြစ်သည်။

အဆိုးရွားဆုံး ဖျောက်ဖျက်မှုသည် အာဇာနည်ကုန်းအား အများပြည်သူ လာရောက်ဂါရဝပြုခြင်း၊ အလေးပြုခြင်း မပြုနိုင်ရန် ပိတ်ပင်လိုက်ခြင်း ပင် ဖြစ် သည်။ အာဇာနည်နေ့မှပင် မိသားစု ဝင်များ လွမ်းသူ့ပန်းခွေချခြင်းနှ င့် အာ ဇာနည်နေ့ ဂုဏ်ပြုအခမ်းအနားကျင်းပခြင်းအချို့မှလွဲ၍ တစ်နှစ်ပတ် လုံးပိတ် ပင်ထားခဲ့ခြင်း ဖြစ်၏။ ယင်းသည် ဆယ် စုနှစ် နှစ်ခုကျော် ပင် ဖြစ်ခဲ့သည်။

(အရပ်သားအစိုးရ လက်ထက် ၂ဝ၁၂ ခုနှစ်တွင်မှ စတင်၍ အာဇာနည်နေ့ တွင် (ယင်းနေ့ တစ်နေ့တည်းသာ ဖြစ်၏) အများပြည်သူများ အာဇာနည် ကုန်းသို့ တက်ရောက် ဂါရဝပြု၊ အလေးပြုခြင်း များကို ခွင့်ပြုခဲ့ပြီး ၂ဝ၁၃ ခုနှစ် မေလ မှစတင်၍ အာဇာကုန်းအား အစိုးရ ရုံးပိတ်ရက်များမှအပ အများပြည်သူ များလာရောက်ဂါရဝပြု၊ အလေးပြုခြင်း ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်၏။)

”ဒီလိုပစ်ပယ်တယ်ဆိုတာကဘာကြောင့်လဲ။ အဲဒါက အရေးကြီးတယ်။ ဘာကြောင့်လုပ်တာလဲ။ လုပ်တဲ့အတွက် ကြောင့်ဘာထူးသွားလဲ။ ဒီလိုေ မ့ပျောက် အောင်လုပ်လိုက်တယ်ဆိုတော့ ရယ် စရာစကားပြောရရင် အာဇာနည်နေ့ဆို တာအဆိုတော် အာဇာနည်ရဲ့ မွေးနေ့လို့  ပြောတဲ့ဟာ ပြောကုန်ကြပြီလေ။ ဒါတွေ က တော်တော်လေးကို ဝမ်းနည်းစရာ ကောင်းတာပေါ့။ မဖြစ်သင့်တဲ့ဟာတွေ”ဟု မေ့ဖျောက် ပစ်ပယ်ခံခဲ့ရသော ဆယ် စုနှစ်များ၏ အကျိုးဆက်အား ဦးတင် မြင့်ကစိတ်မကောင်းကြီးစွာ ပြောသည်။

အထင်ကရဖြစ်မှုနှင့် မျိုးဆက် သွေးတို့အား ပစ်ပယ်ဖျောက်ဖျက်မှုသည် ဆယ်စုနှစ်နှစ်ခုကျော် ကြာခဲ့ပြီး နောက် ပြန်လည် လင်းပွင့်မှုရောင်ခြည် အချို့ကို မြင်တွေ့လာခဲ့ရသည်။ သို့သော် ထူးမခြား နားသော အနေအထား ပင် ရှိသေးသည် ဟုဆိုရမည်ဖြစ်သည်။ မြို့တော်ဝန် အ ဆင့်သာတက်ေ ရာက်ခဲ့သောအာဇာနည် နေ့ အခမ်းအနားအား ၂ဝ၁၂ ခုနှစ်မှ စတင်၍ ဒုတိယသမ္မတအဆင့် တက် ရောက် ဂါရဝပြုခဲ့သည်ကို တွေ့ရသည်။ သို့သော် အာဇာနည်များ၏ မိသားစုဝင် များသည် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံတင်၍ တိုင် တစ်ဝက် ပြန်ချ လွှင့်ထူခြင်း၊ ဂုဏ်ပြုတပ် ဖွဲ့ဂုဏ်ပြုခြင်း၊ နိုင်ငံတော် အဆင့်ရှိသော ပုဂ္ဂိုလ်၏ နွေးထွေးနှစ်သိမ့်ဆက်ဆံ ခြင်း များသိရှိခြင်း၊ လက်ခံရရှိခြင်း မရှိသေး ဘဲ အလုပ်တစ်ခုသဖွယ် လွမ်းသူ့ပန်း ခွေချဂါရဝပြုခြင်း ကိုသာ ဆောင် ရွက်ရ သော အနေအထား၌ပင် ရှိသေးသည်ဟု ဆိုရမည် ဖြစ်၏။ ၂ဝ၁၃ ခုနှစ်တွင် ကျ ရောက်သော ၆၆နှစ်မြောက် အာဇာနည် နေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က အာဇာနည် များ၏ ကျန်ရစ်သောမိသားစုဝင်များနှင့် တွေ့ဆုံ မည်ဖြစ်သော်လည်း အခြားသော အစီအစဉ်များသည် ယခင် ဆယ်စုနှစ် နှစ်ခုကျော်ကာလက အခြေအနေ အတိုင်း ပင် ဖြစ်သည်။

”ကိုယ်တွေကတော့ ဖြစ်စေချင်တဲ့ ဆန္ဒပဲရှိတာပါ။ ဥသြဆွဲတာလေးဖြစ်စေ ချင်တယ်။ ဒီနေ့ဆိုတာကို လူသိထင်ရှား ဖြစ်စေချင်တယ်။ အရင်တုန်း ကလိုပဲ အိမ်တွေရုံးတွေမှာ အလံတိုင်တစ်ဝက် လွှင့်ထူတာတွေပြန် ထုတ်ဖော်စေချင် တာပေါ့။ အာဇာနည်နေ့ဆိုတာ လူသိ စေချင်တယ် ။ ဒါမှ လည်း နောင်မျိုးဆက် တွေသိလာမှာပေါ့။နို့မဟုတ်ရင် တဖြည်း ဖြည်းေ ပျာက်တော့မလိုဖြစ်နေပြီ”ဟု ဦး ရဲမြင့်အောင်က ပြောသည်။

”ပြီးခဲ့တာတော့ ပြီးပါပြီပေါ့လေ။ ရှေ့ဆက်ပြီးဘာလုပ်ကြမလဲဆိုတော့ သ ဘောထားကြီးကြရမယ်” ဟု ဦးရာဇတ် ၏သားဖြစ်သူ ဦးတင်မြင့်က မှတ်ချက်ပြု သည်။

ထိုသို့ပြန်လည်ဖော်ထုတ်မှလည်း မေ့ဖျောက်ခံ အထင်ကရနှင့် ပစ်ပယ်ခံ မျိုးဆက်များကျိန်စာမှ အားလုံးကင်း လွတ်မည်ဖြစ်၏။ ဆယ်စုနှစ် နှစ် ခုကျော် ကြာ အကြောင်းမဲ့ ပစ်ပယ်ခံမေ့ဖျောက် ခံထားရသော သမိုင်းအရောင်ခြယ်မှု များသည် ဤနေရာမှစတင်၍ လွတ် မြောက်မည် လားဆိုသည်က နိုင်ငံခေါင်း ဆောင်များ၏နှလုံးသားဖြူစင်မှု ပေါ်မူ တည်မည်ထင်မိသည်။ ကျဆုံးခဲ့သော ဦးဘဝင်း၏သားဖြစ်သူ ဦးထွေးဝင်း က တော့ယင်းသည် အစိုးရတာဝန်ရှိသူများ လုပ်ဆောင်ချင်လျှင် လွယ်လင့်တကူဖြစ် ပေါ်လာမည့်ကိစ္စဖြစ်သလို မလုပ်ဆောင် ချင်လျှင် မလုပ်ေ ဆာင်ချင်သည့် စိတ် ဆန္ဒအလျောက် နှောင့်နှေးနေဦးမည်ဟု မှတ်ချက်ပြုခဲ့သည်။

နိုင်ငံလွတ်လပ်ရေးအတွက်၊ နိုင်ငံ ကောင်းကျိုးအတွက် အကြွင်း မဲ့ခေါင်း ဆောင်မှုပေးခဲ့သော၊ အုတ်တစ်ချပ် သဲ တစ်ပွင့်ဖြစ်ခဲ့ကြသော၊ ထိုထို ပုဂ္ဂိုလ်တို့၏ မေ့ဖျောက်ခံအထင်ကရနှင့် ပစ်ပယ်ခံ မျိုးဆက်များ ကျိန်စာမှ အမြန်ကင်းလွတ် ပါစေလို့သာ ဆုတောင်းရင်း…….

ဥာဏ်လင်းအောင်
popular myanmar news journal

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဗြိတိန်နိုင်ငံမှ ယူရိုသန်း ၃၀ ထောက်ပံ့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန် ခရီးစဉ်အတွင်း ဗြိတိန်အစိုးရက ဇူလိုင်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာ ခဲ့သည်။ ယင်းထောက်ပံ့မှုများကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပဋိပက္ခဒဏ်သင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေးများ၊ စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်ရရှိရေးများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ဒေသရှိ စစ်ဘေးဒုက္ခသည်များအတွက် အစားအစာ၊ ရေ၊ ရွက်ဖျင်တဲများနှင့် လုံလောက်သော အညစ်အကြေးစွန့် စနစ်များ ဖန်တီးပေးရန်အတွက် ယူရို ၁၃ ဒဿမ ၅ သန်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးပြုလုပ်မည့် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် ယူရို ၁၀ သန်း၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယူရို ၅ ဒဿမ ၆၅ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးကဆိုခြင်းဖြစ်သည်။

ထို့ပြင် ဗြိတိန်အစိုးရက မြန်မာနိုင်ငံအစိုးရ အကောင်အထည် ဖော်နေသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပွင့်လင်း မြင်သာမှုရှိစေရန်၊ တန်းတူညီမျှမှုရှိစေရန်၊ အကျင့်ပျက်ခြစားမှုများ မရှိစေရန်အတွက် ယူရိုလေးသိန်းငါးသောင်း ထောက်ပံ့မည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ကြောင်း ယင်းထုတ်ပြန်ချက် တွင် ပါရှိသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး Philip Hammond ကလည်းမြန်မာတပ်မတော်ကို ပြုပြင်ပြောင်းလဲခြင်းနှင့်ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးသည် မြန်မာနိုင်ငံ ကြွယ်ဝချမ်းသာလာရေးနှင့် တည်ငြိမ်မှုရရှိလာစေရေးအတွက် အဓိက သော့ချက်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွင် အပြည့်အဝတာဝန်ယူနိုင်သော တပ်မတော်ဖြစ်လာစေရန်အတွက် ဗြိတိန်တပ်မတော်က မြန်မာ့ တပ်မတောfနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများ၊ စစ်ရေးလေ့ကျင့်ပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နှင့် သြစတေးလျ အစိုးရတို့က မြန်မာနိုင်ငံရှိ ကလေးနှစ်သိန်းကျော် မူလတန်းပညာ တတ်မြောက်ရေးအတွက် ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၁ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း မတ်လအတွင်းက ထုတ်ပြန်ကြေညာထားသကဲ့သို့ ဗြိတိန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ၂၀၁၅ ဘဏ္ဍာနှစ်အထိ စတာလင်ပေါင် ၁၈၇ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ယင်းအေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံသို့ လာရောက်စဉ်က ထုတ်ပြန် ကြေညာခဲ့သည်။

Yangon chronicle

ဇူလိုင်၁၉ရက်နေ့တွင်ကျရောက် မည့် (၆၆)နှစ်မြောက်အာဇာနည် နေ့၌ပြည်သူလူထုအားလုံးအာဇာနည်ခေါင်းဆောင်ကြီးများကိုအလေး အမြတ်ပြုရာတွင်လှုပ်ရှားပါဝင်ကြ ရန်ဟံသာဝတီဦးဝင်းတင်ကတိုက် တွန်းပြောကြားလိုက်သည်။

ဇူလိုင်၁၂ရက်နေ့ကတော်ဝင် နှင်းဆီ၌ပြုလုပ်သောဟံသာဝတီ ဦးဝင်တင်ဖောင်ဒေးရှင်းကနိုင်ငံ ရေးအကျဉ်းသားဟောင်းများသို့ ထောက်ပံ့ခြင်း အခမ်းအနား အပြီးတွင်မီဒီယာများ၏မေးမြန်း ချက်ကိုဖြေကြားရာ၌အဆိုပါအတိုင်း ထည့်သွင်းတိုက်တွန်းပြောကြားခဲ့ ခြင်းဖြစ်သည်။

““အာဇာနည်ခေါင်းဆောင် ကြီးတွေကျဆုံးတဲ့မနက်၁၀နာရီ ၃၇မိနစ်မှာဥသြဆွဲကြပါ။ ဥသြမရှိ ရင်လဲကြေးစည်ရှိရင်ကြေးမည်တီး ပါ။ မောင်းရှိရင်မောင်းတီးပါ။ ဘာ မှမရှိရင်လဲမိမိတို့မှာရှိတဲ့တူရိယာ ပစ္စည်းတွေကိုတီးခတ်ပြီးတော့လူ ထုကိုယ်တိုင်ကနေပြီးပါဝင်လှုပ်ရှား မှုကိုဖြစ်စေချင်ပါတယ်””ဟုဟံသာ ၀တီဦးဝင်းတင်မှပြောကြားခဲ့ပါ သည်။

အာဇာနည်နေ့တွင်သမ္မတဦး သိန်းစိန်ဦးဆောင်သောအစိုးရ အဖွဲ့အသံလွင့်ဌာနများ၊စက်ရုံ အလုပ်ရုံများ၊လူပုဂိ္ဂုလ်အဖွဲ့စည်း များကလဲအလေးအမြတ်ပြုရာတွင် ပါဝင်ရန်လိုအပ်ကြောင်းဦးဝင်းတင် ကဆိုသည်။

““မော်တော်ကားနဲ့သွားတဲ့လူပဲ ဖြစ်ဖြစ်။လမ်းပေါ်လျှောက်တဲ့လူ ပဲဖြစ်ဖြစ်။နှစ်မိနှစ်လောက်ရပ် လိုက်ရလို့ဘာမှအရေးမကြီးဘူးလို့ ယူဆပါတယ်။လူတစ်ယောက်နှစ် ယောက်အဆင်မပြေဘူးဆိုတဲ့ အကြောင်းပြချက်နဲ့အမျိုးသားရေး တစ်ခုလုံးကိုဆောင်ရွက်ခဲ့တဲ့အာ ဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုတဲ့ကိစ္စကိုမထိခိုက်စေချင်ပါဘူး””ဟု၎င်းကပြောကြားခဲ့သည်။

အာဇာနည်နေ့တွင်အာဇာနည် ခေါင်းကြီးများကိုအလေးအမြတ် ပြုသောအားဖြင့်လွန်ခဲ့သောနှစ် (၂၀)ကျော်ခန့်ကကဲ့သို့ဥသြဆွဲခြင်း ပြုလုပ်ရန်အစီအစဉ်ရှိမရှိလွတ်တော် တွင်မေးမြန်းခဲ့ရာယာဉ်ကြောရပ် တန့်ပိတ်ဆိုနိုင်မည့်အချက်အပါ အ၀င်အကြောင်းပြချက်အချို့ဖြင့် ဥသြဆွဲရန်မဖြစ်နိုင်ကြောင်းတာဝန် ရှိသူကဖြေကြားခဲ့သည်။

The hot news weekly





ကျော်မာဃ

မြန်မာနိုင်ငံ၏ အစပျိုးစ ယိုင်ယဲ့ယဲ့ ဒီမိုကရေစီစနစ်မှာ အထူးအဆန်းများ ကြုံနေရသည်။ လွှတ်တော်အတွင်းက ရည်မှန်းချက်ကြီးကြီးနှင့် အာဏာအပေးအယူလုပ်နေသူများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ တိုင်းရင်းသားအရေးလှုပ်ရှားသူများ၊ စစ်အရာရှိများအပါအ၀င် ယာယီခေတ္တမဟာမိတ်ဖွဲ့ထားသူများက အခြားတစ်ဖက်က အာဏာလက်ဝယ်ကိုင်ထားသူ အစိုးရကို စိန်ခေါ်ပြိုင်ဆိုင်လာမှုက အရှိန်ကောင်းလာသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သမ္မတ၊ အာဏာလက်ဝယ်ရှိသူများနှင့် လွှတ်တော်အမတ်များကြားက ပြဿနာများသည် စစ်တပ်ကို ဇောင်းပေးထားသည့် အခြေခံဥပဒေနှင့် မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှုမရှိသော အာဏာချုပ်ကိုင်မှုကို ပြသနေပြီး ကြီးမားသော ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာရန် အစပျိုးနေသည်ဟု အခြေခံဥပဒေကျွမ်းကျင်သူများကဆိုသည်။

ယခုကဲ့သို့ ပြဿနာမီးပွားများသည် နေပြည်တော်လွှတ်တော်ကြီးထဲတွင် ၂၀၁၁ ခုနှစ် အစောပိုင်းကတည်းက အရှိန်ပျိုးလာခြင်းဖြစ်သည်။ လွှတ်တော်စတင်စဉ်က ခန့်မှန်းထားခဲ့သည့် ရုပ်သေးရုပ်လွှတ်တော်ဆိုသည့် စကားနှင့် သွေဖည်ကာဝန်ကြီးများနှင့် အစိုးရအုပ်ချုပ်သူများ အကြား ဥပဒေကြမ်းများကို ပြင်ဆင်ရေးဆွဲရေးအတွက် အချိန်ကြာမြင့်သည့် ငြင်းခုံမှုများ၊ နှစ်ဖက်စလုံး၏ အကြိုက်ကိုရယူရန် အစိုးရအဖွဲ့အချို့၏ ပြောစမှတ်ပြုရသည့် အဆန်းတကြယ်လုပ်ဆောင်ချက်များက တိုးပွားလာနေပြီး အချို့က ထိုအခြေအနေကို စိုးရိမ်ကြောင်း ပြောဆိုလာကြပါပြီ။

အဆုံးစွန်ပြောရလျှင် တချို့အကြီးအကဲများက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုအပါအ၀င် အစိုးရ၏ လုပ်ဆောင်ချက်များကို သတိပေးလာကြသည့်အဖြစ်က သမ္မတဦးသိန်းစိန်နှင့် သူ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သူများက အသုံးမကျရာရောက်သလို သူတို့ကို သိက္ခာချသည့်အနေအထားလည်းဖြစ်လာပါသည်။ တချို့ အကြီးအကဲများက သမ္မတနှင့် လွှတ်တော်အကြားက ပဋိပက္ခကို လျှော့ချဖို့ကြိုးစားနေသည့် ပုံစံဖမ်းထားပြီး ထိုကဲ့သို့ ဖြစ်ရပ်များသည် ဒီမိုကရေစီစနစ်၏ အသီးအပွင့်များဟု ဆိုပါသည်။

“ဒါပုံမှန်ပါပဲ။ ကမ္ဘာတစ်ဝန်းမှာ ဖြစ်နေကြတာပါ။ ရွေးကောက်ခံအမတ်တွေက အစိုးရကို မေးခွန်းထုတ်မယ်၊ ဝေဖန်မယ်။ ဒါဒီမိုကရေစီစနစ်ရဲ့ လုပ်ဆောင်ချက်ပဲ။ အခုနေပြည်တော်မှာ တွေ့နေရတာလည်း အဲဒါပဲလေ” ဟု အထက်လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

ပြဿနာမှာ မြန်မာ့လွှတ်တော်ဆိုသည်က လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသည်ဟု အနောက်နိုင်ငံမှ လေ့လာသူများ မခေါ်ဆိုနိုင်သည့် လွှတ်တော်မျိုးဖြစ်ပါသည်။ လွှတ်တော်အမတ် ၆၆၄ နေရာ၏ လေးပုံတစ်ပုံကို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားပြီး လိုသလိုနေရာအပြောင်းအလဲရှိသည့် စစ်သားအမတ်များက ပိုင်ဆိုင်ထားသည်။

လွှတ်တော်နှစ်ရပ်စလုံးကို ၂၀၁၀ ရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရခဲ့သည်ဆိုသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားသည်။ အနောက်နိုင်ငံများကမူ ထိုပါတီသည် ကြိုတင်မဲများဖြင့် မဲလိမ်အနိုင်ရခဲ့သည်ဆိုပြီး ပြစ်တင်ရှုတ်ချခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ ၄၄ နေရာတွင် ၄၃ နေရာအနိုင်ရခဲ့သည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိုအထဲတွင် လက်တစ်ဆုပ်သာသာနေရာယူထားသည်။ ၎င်းတို့အပြင် ဒေသအရေးကို အမျိုးသားရေးအဖြစ် ပုံစံပြောင်းနေသည့် အမျိုးမျိုးသော တိုင်းရင်းသားပါတီများရှိသည်။

လွှတ်တော်ထဲရှိ ထိုကဲ့သို့ ကွဲပြားခြားနားနေသည့် အုပ်စုများကြား မျှော်မှန်းမရနိုင်သည့် ပြဿနာမီးပွားများက ပြီးခဲ့သည့် ဇွန်လတွင် စိုးရိမ်ရေမှတ်အထိပင် ရောက်လာခဲ့သည်။ လွှတ်တော်ပြန်စသည့် ပထမအချိန်မှာပင် အာဏာပြင်းသည့် ပြည်သူ့လွှတ်တော်က မြန်မာအစိုးရ လုပ်ဆောင်နေသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်း နိုင်ငံခြားကုမ္ပဏီများကို ဆက်သွယ်ရေးလိုင်စင် ထုတ်ပေးခြင်းကို စတင်ထိုးနှက် တိုက်ခိုက်ခဲ့သည်။

ထိုအဖြစ်များက မြန်မာလွှတ်တော်တွင် တင်းမာမှုကြီးထွားလာခြင်း၏ နောက်ဆုံးလက္ခဏာဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံခြားက အကြံပေးများအားလုံးက အစိုးရ၏ အာဏာစီရင်မှုအပေါ်တွင် လွှတ်တော်က ၀င်ရောက်စွက်ဖက်နေခြင်းအတွက် လွှတ်တော်ကို သတိပေးရသည့်အဖြစ် ရောက်ရှိလာစေသည်။

ထိုအရှိန်အဟုန်သည် တရားရုံးချုပ် တရားသူကြီးများနှင့် သမ္မတကိုပင် စွဲချက်တင်နိုင်သည့် အခြေခံဥပဒေတရားရုံး၏ အာဏာအပေါ်မှာ လွှတ်တော်က အနိုင်ရလိုက်သည့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတည်းက အားကောင်းလာခြင်းဖြစ်သည်။

ထို့အပြင် အာဏာရအစိုးရကို အားစမ်းသည့်အနေဖြင့် အစိုးရ၏ တရားရုံးများသို့ ရွေးချယ်ခန့်အပ်မှုအပေါ်မှာလည်း လွှတ်တော်က ဖိအားပေးထားသည်။ ယခုအခါ တရားစီရင်ရေးမှာ အားနည်းလာပြီး လွှတ်တော်အမတ်များသည် အစိုးရ၏ အာဏာစီရင်ရေးတွင် လိုသည်ထက်ပိုမိုကစားနေကြသည်ဟု အကဲခတ်များက ဝေဖန်သတိပေးကြသည်။

ဝေဖန်သံသောသောညံခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြင့် အစပြုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာလွှဲပြောင်းပေးခဲ့သည့် ဦးသိန်းစိန် သမ္မတဖြစ်လာသော ၂၀၁၁ ခုနှစ် အစောပိုင်းကစပြီး မြန်မာ့လွှတ်တော်သည် တဖြည်းဖြည်းအားကောင်းလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ လွှတ်တော်တွင်း ၀င်ရောက်လာသော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းတွင် ထိုအရှိန်က ပို၍မြင့်တက်လာသည်။

စစ်သားအမတ်များနှင့် ကြံ့ခိုင်ရေးပါတီသည် ယခင်အစိုးရ၏ ကျောထောက်နောက်ခံဖြစ်ကာ လွှတ်တော်ကို လွှမ်းမိုးထားဆဲဖြစ်သည်။ သူတို့က လူကြိုက်များသည့် အချက်များကို ထောက်ခံပြီး တစ်ချိန်က သူတို့နှင့် ခိုင်မာစွာ လက်တွဲခဲ့သည့် လက်ရှိအစိုးရကိုပင် တစ်ခါတစ်ရံ ပြန်လည်ဝေဖန်တိုက်စစ်ဆင်တတ်ကြသည်။

အနောက်နိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းရန် အရေးကြီးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဲ့သို့ ကိစ္စများတွင် မျှတလွတ်လပ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွန်ရေးဥပဒေများ ဖြစ်မလာစေရန် အာဏာကို သုံးပြီး ၀င်ရောက်စွက်ဖက်သည်ကို တွေ့မြင်ရသည်။ မကြာသေးခင်က အစိုးရ၏ နိုင်ငံခြား ကုမ္ပဏီနှစ်ခု ဆက်သွယ်ရေးလိုင်စင် ချပေးမှုကို လွှတ်တော်က အချိန်ဆွဲရန်ကြိုးစားမှုက လွတ်လပ်စွာ လုပ်ကိုင်ခွင့်အပေါ်တွင် ကန့်သတ်ချက်များ၊ ပြဿနာများရှိနေသည်ဆိုသည်ကို ပြသနေသည်။

စစ်သားအမတ်များ အပါအ၀င် ရှေးရိုးစွဲသမားများဟု ခေါ်ဆိုသတ်မှတ်ရမည့် သူများက အံ့အားသင့်စရာကောင်းလောက်အောင် နိုင်ငံရေးနှင့် လူမှုရေးကိစ္စများမှာ ပိုမိုလွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆုံးဖြတ်လာကြခြင်းကို တွေ့ရပါသည်။ ဥပမာအားဖြင့် အလုပ်သမားဥပဒေနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စများအတွက် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အချက်အချာ လွှတ်တော်မှာ ပုံစံများပြောင်းလဲ နေပြီဆိုသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာကြီးလှသော လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းတို့နှစ်ဦး သမ္မတအဖြစ် ဆောင်ရွက်လိုကြောင်း ကြေညာလိုက်သည့်အချိန်တွင် သိသိသာသာ ထင်ရှားလာပါသည်။ ထိုကြေညာမှုသည် ပြီးခဲ့သည့် ဇွန်လ လွှတ်တော်ပြန်လည်စတင်သည့်အချိန်မှာ သိသိသာသာကြီး ဂယက်ရိုက်ခတ်ခဲ့သည်။ ထိုအချိန်တွင် အစိုးရအတွင်း ပြဿနာသုံးရပ်ကြောင့် အကျပ်ရိုက်နေချိန်လည်းဖြစ်သည်။

ဘယ်သူမျှ မျှော်လင့်မထားခဲ့သည့် ပထမဆုံးပြဿနာက ဦးရွှေမန်းက အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တိုက်ခိုက်ဝေဖန်လိုက်ခြင်းဖြစ်သည်။ ထိုလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေးမရနိုင်သဖြင့် လွှတ်တော်က ပိုမိုပါဝင်အားစိုက်ရန် ၎င်းက တောင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အဓိကတာဝန်ယူနေသော ၀န်ကြီးဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးရာတွင် အာဏာကို အလွန်အကျွံသုံးနေကြောင်း ပြောကြားသကဲ့သို့ ရှိသည်။ ထိုအချက်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သမ္မတဦးသိန်းစိန်အစိုးရကို ပထမဆုံးအကြိမ် လူသိရှင်ကြားဝေဖန်လိုက်ခြင်းပင်ဖြစ်၏။

နောက်ထပ်တိုက်ခိုက်မှုကမူ သမ္မတဦးသိန်းစိန်ကို တိုက်ရိုက်ရည်ရွယ်ဟန်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စစ်တပ်က ချုပ်ကိုင်ထားသည့်အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ ပါဝင်နိုင်ရန်အတွက် ကာလုံအစည်းအဝေးခေါ်ရန် ဦးရွှေမန်းက တောင်းဆိုခဲ့ပါသည်။ ထိုကောင်စီတွင် သမ္မတနှင့် လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ပါဝင်ပြီး အရေးကြီးသော လုံခြုံရေးကိစ္စများအတွက်ကလွဲပြီး တွေ့ဆုံစည်းဝေးမှုနည်းပါးလှသည်။

တတိယမြောက် တိုက်ခိုက် မှုကမူ ဆက်သွယ်ရေးလိုင်စင်များ ထုတ်ပေးခြင်းကို အချိန်ဆွဲခိုင်း ခြင်းဖြစ်သည်။ အစိုးရက လိုင်စင်ရသူကို မကြေညာမီလေးတွင်အမျိုးသားလွှတ်တော်က မဲခွဲပြီး အဆိုကိုအတည်ပြုလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာပြည်မှာ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီနှစ်ခုကို အစိုးရက သတ်မှတ်ထားသည့်အချိန်မှာပင် ဆက်သွယ်ရေးဝန်ကြီးက ကြေညာလိုက်သည်။

ထိုဖြစ်စဉ်သုံးရပ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်း၏ သမ္မတဦးသိန်းစိန်အပေါ် တိုက်ခိုက်ထိုးနှက်မှုများက သိသာလွန်းအားကြီးနေပြီး မနှစ်ခြိုက်သူများဆီက ဝေဖန်သံများညံလာသည်။ အစိုးရအတွင်း လူများနှင့် ပြည်သူ့လွှတ်တော်အမတ်များက ဦးရွှေမန်း၏ သမ္မတဦးသိန်းစိန်အပေါ် ထိုးနှက်ချက်များသည် ကိုယ်ရေးကိုယ်တာဆန်ပြီး တရားနည်းလမ်းမကျဟု ထင်မြင်ကြသည်။ ဦးရွှေမန်း၏ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကျင်းပရန် တောင်းဆိုမှုကို အလွန်အကျွံလုပ်လွန်းသည်။ နိုင်ငံရေးတွေပါနေပြီဟု အချို့ကကောက်ချက်ချခဲ့သည်။

ထို့ထက်ပိုပြီး သိသာထင်ရှားလာသည်က နေပြည်တော်က လွှတ်တော်သည် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ကူညီနေသည်လား (သို့မဟုတ်) လိုက်လံတားဆီးနေသည်လား မေးခွန်းထုတ်စရာဖြစ်လာသည်။ အချို့ လွှတ်တော်အမတ်တွေက ထိုအမြင်များကို ငြင်းဆိုပါသည်။ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်အမတ် ဦးလှမြင့်ဦးက “အဲဒီထင်မြင်ချက်တွေက မမှန်ပါဘူးဗျာ။ လွှတ်တော်က စတင်ကတည်းက အခုထိဥပဒေ ၅၃ ခုလောက်ကို အတည်ပြုပေးခဲ့တယ်။ သမ္မတသဘောမတူတဲ့ ဥပဒေတွေ
အပေါ်မှာ အပေးအယူ လုပ်နိုင်တယ်ဆိုတာလည်း ပြသခဲ့တယ်။ မျှမျှတတနဲ့ ကျွန်တော်တို့ အလုပ်လုပ်နေကြတာပါ” ဟုဆိုသည်။

သို့သော်လည်း ဥပဒေရေးရာ ကျွမ်းကျင်သူအချို့က အာဏာရှိသူများအကြား ထိပ်တိုက်ရင်ဆိုင်တိုးမှုများသည် ယခင်စနစ်ဟောင်းနှင့် လက်ရှိစနစ်သစ်ကို ပူးပေါင်းထားသည့် မြန်မာနိုင်ငံ၏ အများနှင့်မတူသော စနစ်ကြောင့် ဖြစ်သည်ဟုဆိုသည်။

“တကယ့် အစစ်တွေ ဖြစ်လာဖို့လည်း သိပ်မဝေးလောက်တော့ပါဘူး” အခြေခံဥပဒေဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်သူ မာကပ်စ်ဘရန်းက လွှတ်တော်နှင့် သမ္မတအစိုးရအကြား ကြီးထွားလာသည့် ပြိုင်ဆိုင်မှုများကို ရည်ညွှန်းရင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ မြန်မာအခြေခံဥပဒေက သမ္မတနှင့် အစိုးရအဖွဲ့ကို အုပ်ချုပ်ခွင့်အာဏာပေးထားသည့် တစ်ချိန်တည်းမှာပင် လွှတ်တော်ကို ထိန်းချုပ်နိုင်သည့်အာဏာပေးထားသည့်အတွက် ရှောင်လွှဲလို့မရသည့် ပဋိပက္ခများဖြစ်လာရသည်ဟု သူက ဆိုသည်။

နောက်ထပ်ဂယက်အရိုက်ခတ်ဆုံး ဖြစ်ရပ်တစ်ခုက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရေး လှုပ်ရှားသူ ဘ၀ကနေ လက်တွေ့ကျသော နိုင်ငံရေးသမားတစ်ဦးဖြစ်လာခြင်းပင်။ ဒေါ်စုနှင့်ဦးရွှေမန်းတို့ ဆက်ဆံရေးတိုးတက် ကောင်းမွန်လာခြင်းက မတူညီသော မဟာမိတ်နှစ်ဦးအကြား အာဏာခွဲဝေ အပေးအယူလုပ်နေခြင်းလားဟု ပြောစရာများရှိလာပြန်သည်။

သူတို့နှစ်ဦးက မကြာခဏ ဆွေးနွေးတိုင်ပင်ကြသည့်အပြင် အချို့ကိစ္စရပ်များတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းကို ထောက်ခံမှုများ ပိုလုပ်လာပါသည်။

“ကျွန်တော်တို့ထဲက တချို့ကတော့ ဒါကိုမကြိုက်ဘူးပေါ့လေ။ ဒါပေမဲ့ ဒေါ်စုက တိုင်းပြည်အတွက် လုပ်ဆောင်ဖို့သာ ဆုံးဖြတ်တတ်သူပါ။ သူ့ကို မထောက်ခံရင်လည်း ပါတီက ထွက်ဖို့ပဲရှိတယ်။ ဦးရွှေမန်းက စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီကို ကိုင်တွယ်နိုင်တယ်။ အခြေခံဥပဒေကိုပြင်ဖို့ ဒီလိုထောက်ခံမှုတွေ လိုအပ်ပါတယ်” ဟု သူတို့နှစ်ဦးအပေါ် သဘောထားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တစ်ဦးက ရှင်းပြသည်။ မြန်မာနိုင်ငံရေး အကဲခတ်အများစု၏ သုံးသပ်ချက်အရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြားတွင် လျှို့ဝှက်သဘောတူညီချက်တစ်ခုရှိသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်သည်။ ယခုဥပဒေအရ နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သူတစ်ဦးအနေဖြင့် မြန်မာနိုင်ငံတွင် သမ္မတရွေးကောက်ပွဲဝင်ခွင့်မရှိသည့်အတွက်ဖြစ်သည်။

လွှတ်တော်ထဲက အမတ် ၇၅ ရာခိုင်နှုန်းအပြင် အနည်းဆုံးစစ်သားအမတ်တစ်ဦးဆီက ထောက်ခံမှုလိုအပ်သဖြင့် ထိုဥပဒေအချက်ကို ပြင်ဆင်ရန်မဖြစ်နိုင်ဟု လေ့လာသူအချို့က ဆိုသည်။ မျှော်မှန်းထားသလို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် အများဆုံး အနိုင်ရခဲ့ပါလျှင် သမ္မတကို ၎င်းက ရွေးချယ်ကောင်း ရွေးချယ်နိုင်မည်။ ၎င်းနှင့် ဦးရွှေမန်းတို့၏ နှစ်ဦးအင်အားကို အသုံးချပြီး အခြေခံဥပဒေမှ လိုအပ်သည့် အချက်များပြင်ဆင်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဦးရွှေမန်းနှင့် သဘောတူညီချက်အရ ပူးပေါင်းခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။

“အဆုံးစွန်ပြောရရင် သူက ခေါင်းဆောင်မှုကို ဒေါ်စုကို လွှဲပေးလို့ရတယ်။ မြန်မာစနစ်က အဲလိုမျိုးလုပ်လို့ရတယ်လေ” ဟု နိုင်ငံရေးသမားများနှင့် ရင်းနှီးသူ မြန်မာဘလော့ဂါတစ်ဦးက ပြောပါသည်။ ထိုအချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီအတွင်း လူများက သဘောတူထားကြသည်ဟု သူကဆိုပါသည်။

“ဒါပေမဲ့ အဓိကထောက်ပြတဲ့ အချက်ကတော့ ဒေါ်စုနဲ့ ဦးရွှေမန်းက ဒါကိုထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မလား ဆိုတာပဲ” ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ထိုကဲ့သို့ သဘောတူညီချက်မျိုးရှိသည်ဆိုတာ မဖြစ်နိုင်ဘူး” ဟု ငြင်းပါသည်။

“အခုအချိန်မှာ ပေါင်းစည်းတယ်လို့ ပြောဖို့ အရမ်းစောလွန်းပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြံ့ဖွတ်ကို မဟာမိတ်အဖြစ် လက်ခံပါ့မလားဆိုတဲ့ မေးခွန်းမေးဖို့တောင် စောပါသေးတယ်”

အချို့ကလည်း မြန်မာက ပြင်သစ်နိုင်ငံမှာကဲ့သို့ သမ္မတနှင့် ၀န်ကြီးချုပ် နှစ်ဦးစလုံးထားရှိမည့် စနစ်မျိုးကို ဦးတည်နေသည်ဟု ဆိုပါသည်။ ထိုစနစ်က နိုင်ငံရေးသမားများကို နှစ်ဦးနှစ်ဖက်ကျေနပ်မှု ရှိစေမည့် သဘောရှိပါသည်။

ထိုအချိန်တွင် ယခင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နေရာကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ယူလာသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုင်ငံရေးအင်အားကောင်းလာသည်ဟု ဆိုပါသည်။

“သူ့ကြည့်ရတာ ပိုယုံကြည်မှုရှိလာပြီး ပိုပြီးနိုင်ငံရေးသမားဆန်လာတယ်” ဟု အာရှသံတမန်တစ်ဦးက ပြောကြားသည်။

ပြုပြင်ပြောင်းလဲရေးများကြောင့် လူကြိုက်များလာသော သမ္မတဦးသိန်းစိန်ကရော ဒုတိယအကြိမ်သက်တမ်းအတွက် ပြန်လည်အရွေးခံဦးမည်လား။ ထိုအရာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အချို့က မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်မှ ယခုကဲ့သို့ ကူးပြောင်းလာခြင်းသည် အကွက်ချစီစဉ်ထားခြင်း တစ်ခုဖြစ်သည်ဟုဆိုချိန်တွင် နိုင်ငံရေးလှုပ်ရှားသူအချို့က ထိုအရာသည် ပြည်သူ့သဘောထားသာ ဖြစ်သည်ဟု ပြောဆိုခြင်းမှာ အနည်းငယ်ထူးဆန်းနေပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကောင်စစ်ဝန်ဟောင်း ပရက်ဆီလာကလပ်က “အစိုးရအဖွဲ့ကို ထိန်းချုပ်ဖို့ဆိုတာ လွှတ်တော်ရဲ့ တာဝန်ပါပဲ။ လွှတ်တော်နဲ့ အစိုးရကြားက လက်တလောအပေးအယူတွေက ဒီမိုကရေစီအစပြုနေတာကို ပြသနေတာပါ။ ဒါမှမဟုတ်ရင်တော့ တချို့ ပြောသလို နိုင်ငံရေးပြဿနာတွေ ဖြစ်လာမယ့် လက္ခဏာပဲ” ဟု ဆိုသည်။

မြန်မာအစိုးရ၏ အာဏာဖွဲ့စည်းပုံတွင် တစ်ချိန်က စစ်ဗိုလ်ချုပ်များကြီးစိုးခဲ့ပြီး ယခုအခါတွင် သိသိသာသာ လွှတ်တော်နှင့် အစိုးရအဖွဲ့ကပါဝင်မှု ပိုများလာသည်ကို တွေ့နိုင်သည်။ သို့သော်လည်း စစ်တပ်က အရေးပါသော ကဏ္ဍတွင်ရှိနေဆဲဖြစ်သည်။ ဥပမာဆိုရလျှင် မေလတုန်းက အမေရိကန်ပြည်ထောင်စုက သမ္မတအိုဘားမားကို လာတွေ့သည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်ကိုယ်စားလှယ်အဖွဲ့မှာပင် ဗိုလ်ချုပ်ဝေလွင်နှင့် ဗိုလ်ချုပ်ကိုကိုကဲ့သို့ ဗိုလ်ချုပ်ကြီးများ ပါဝင်သည်။

သို့သော်လည်း သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမေရိကခရီးစဉ်တွင် ခေါ်လာမည့် တောင်းဆိုချက်ကို စောသေးသည်ဟု အကြောင်းပြကာ အိမ်ဖြူတော်က ပယ်ချခဲ့သည်။

ဝါရှင်တန်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ဦးသိန်းစိန်က တပ်မတော်သည် အစိုးရအဖွဲ့တွင် အရေးပါသောကဏ္ဍ၌ အမြဲတမ်းရှိနေသည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်ကို မိသားစုသဖွယ်ချစ်ခင်ပါသည်ဟု ပြောကြားခဲ့ပါသည်။ ထို့သို့ ပြောကြားခြင်းကို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်သည့် ရည်ရွယ်ချက်ဖြင့် ပြောကြားခြင်းဖြစ်သည်ဟု အချို့က ဝေဖန်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်တွင်လည်း စိန်ခေါ်မှုများ တစ်ပုံတစ်ပင်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်နေရာများက စစ်တပ်က ပိုင်ဆိုင်ထားသည်ဖြစ်သည့်အတွက် စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ရန်အတွက်ပင် စစ်တပ်အမတ်များက ထောက်ခံမှု လိုသေးသည်။ တစ်ချိန်တည်းမှာပင် မြန်မာစစ်ဗိုလ်ချုပ်များကလည်း လက်ရှိ အာဏာရ အစိုးရဆီက ဖိအားပေးမှုများ ခံနေရသည်။ စစ်တပ်ကို စစ်တန်းလျားဆီ ပြန်သွားစေချင်သူများက စစ်တပ်လက်ဝါးကြီး အုပ်ထိန်းချုပ်ထားသော မော်တော်ကား၊ ဘီယာနှင့် ယမကာ၊ ဆောက်လုပ်ရေးလုပ်ငန်းများမှ ရုန်းထွက်မည့် စီးပွားရေးစနစ်ကို တွန်းအားပေးနေကြသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေးလုပ်ငန်းများမှာလည်း စစ်တပ်က နောက်ခံပေးထားသော ကုမ္ပဏီများကို ယခင်စစ်အစိုးရက ပေးအပ်ခဲ့ခြင်းဖြစ်သည့်အတွက် စစ်တပ်ကပင် လက်ဝါးကြီးအုပ်ထားသည်။ သို့သော်လည်း သမ္မတ ဦးသိန်းစိန်က စစ်တပ်ပိုင်ကုမ္ပဏီများကို အခွန်ပေးဆောင်ရန်နှင့် အခြားစီးပွားရေးလုပ်ငန်းများနှင့် တန်းတူလုပ်ရမည်ဟု သတ်မှတ်လိုက်သောအခါ ယခင်က အခွင့်ထူးခံဖြစ်သော စစ်ဗိုလ်ချုပ်ကြီးများအတွက် အသက်ရှူကျပ်လာစရာဖြစ်လာသည်ဟု ၀ါရှင်တန်တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ မာရီကလယ်ဟန်က ပြောကြားသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း မြန်မာစစ်တပ်က လက်ဝါးကြီးအုပ်ထားသည့် ဘီယာနှင့် စီးကရက်လုပ်ငန်းများတွင် ဟန်နီကန်၊ ကားလ်ဘတ် ဘီယာများ၊ ဂျပန်ဆေးလိပ်ကုမ္ပဏီနှင့် လန်ဒန်စီးကရက်ထုတ်လုပ်သည့် ဘီအေတီကုမ္ပဏီများ ၀င်ရောက်လာခြင်းသည် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို အတိအလင်းစိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် စီးပွားရေးသမားများနှင့် တရုတ်ကုမ္ပဏီများက ဒေါ်လာ ၁၄ ဘီလီယံမြှုပ်နှံထားသော အခြေခံအဆောက်အအုံ စီမံကိန်းများ ဖျက်သိမ်းခံရသည်။ ထို့အပြင် အစိုးရက စစ်တပ်အသုံးစရိတ်ကိုလည်း နိုင်ငံတော် အသုံးစရိတ်၏ ၂၂ ရာ ခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၂ ရာခိုင်နှုန်းသို့ လျှော့ချဖြတ်တောက်လိုက်သည်။

ထို့အတူ အရပ်သားအစိုးရ အသွင်ပြောင်းရေးကလည်း အစိုးရအဖွဲ့တွင်းမှာ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်တပ်အရာရှိကြီးများမှာ အစိုးရအုပ်ချုပ်ရေး ယန္တရားအတွင်းမှ ဖယ်ရှားခံလာရသည်။ ပြီးခဲ့သည့် တစ်နှစ်တည်းမှာပင် စစ်တပ်အရာရှိ ၇၀၀ ကျော်က အစိုးရရုံးဌာနအတွင်းမှ ရဲဌာနသို့ ပြောင်းရွှေ့ခံရသည်။

ခြုံငုံသုံးသပ်ရလျှင် စစ်တပ်အုပ်ချုပ်မှုဖြင့် မြန်မာနိုင်ငံသည် ယခင်ကလို ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ပါ။ သို့သော်လည်း စစ်တပ်သည် မြန်မာနိုင်ငံတွင် အာဏာရှိနေဆဲဖြစ်ပြီး ၂၀၁၁ ခုနှစ်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းစသော အဓိကနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် စစ်တပ်မပါဘဲ မလုပ်ဆောင်နိုင်ဟု နိုင်ငံရေးပညာရှင် အချို့က ဆိုသည်။

သို့ရာတွင် စစ်တပ်အနေဖြင့် ထိုအတိုင်းဆက်မသွားရန် ဆုံးဖြတ်နိုင်သည့် အနေအထားရှိသလားဟု မေးစရာရှိလာပါသည်။

အဆိုးမြင်သူများကမူ စစ်တပ်ဗိုလ်ချုပ်များသည် စစ်စရိတ်ဖြတ်တောက်ခြင်းနှင့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိစ္စများကို သဘောမကျဘဲ တိုင်းပြည်မှာ ဆူပူလှုပ်ရှားမှုများဖြစ်လာအောင် မွတ်ဆလင်ဆန့်ကျင်ရေး ဘာသာရေးလှုပ်ရှားမှုများကို နောက်ကနေ ငွေကြေးပံ့ပိုးနေပြီး တိုင်းပြည်ကို နောက်ပြန်လှည့်အောင်လုပ်နေသည်ဟု ဆိုကြသည်။

အကောင်းမြင်သူများမူ ဦးသိန်းစိန်ဦးဆောင် ပြုပြင်ပြောင်းလဲရေးသမားများသည် နောက်ပြန်လှည့်မည်မဟုတ်ဘဲ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို အပြည့်အ၀အကောင်အထည်ဖော်နိုင်မည်ဟု ပြောသည်။

စီးပွားရေးအမြင်အရမူ မြန်မာသည် အိမ်နီးနားချင်း ကမ္ဘောဒီးယားနိုင်ငံကလိုပင် ခရီးသွားများ အဆမတန်များလာပြီး ပျက်စီးကာ လောဘကြီးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် အမျိုးသားများ လွှမ်းမိုးသော အစိုးရအဖွဲ့နှင့်သာ အဆုံးသတ်ရရန် ရှိပါသည။်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုသာ အားကိုးနေပြီး ၎င်းပြီးလျှင် ဆက်ခံအုပ်ချုပ်နိုင်မည့်သူ မရှိပါ။ ထို့အပြင် မြန်မာ၏ နည်းလမ်းမကျသော အခြေခံဥပဒေကြောင့် လွှတ်တော်နှင့် အစိုးရအကြားတွင် ပြိုင်ဆိုင်မှုများ တိုးပွားလာနေသည်ကလည်း ပြဿနာတစ်ခုဖြစ်သည်။ ထို့ကြောင့် အခြေခံဥပဒေကို ပြန်လည်ပြုပြင်မှသာလျှင် မြန်မာသည် စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို ရနိုင်မည်ဟု နိုင်ငံရေးပညာရှင်အချို့က ဆိုသည်။

ထို့ကြောင့် အာဏာအရှိန်ကြီးမားသည့် စစ်တပ်က တစ်ခါလောက် ကိုယ့်ကိုယ်ကိုယ် စတေးခံပြီး နိုင်ငံရေးမှ စစ်တပ်၏အာဏာကို ဖယ်ရှားရန် ဆောင်ရွက်သင့်ပြီဟု ဆိုသည်။

သို့သော်လည်း အနည်းဆုံးတော့ အထီးကျန်ကာလများမှ ယခုအချိန်ထိ လျှောက်လှမ်းလာခဲ့သည့် မြန်မာနိုင်ငံကို စောင့်ကြည့်နေကြဦးမည်သာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအာဏာလို ၎င်း၏ ဦးတည်ချက်ကို မှန်းဆကာ မပြောနိုင်သေးသော်လည်း မြန်မာနိုင်ငံက ပြောင်းလဲလှုပ်ရှားလာနေပြီဆိုသည်ကမူ မေးခွန်းထုတ်စရာ မလိုအောင် သိသာထင်ရှားနေသည် မဟုတ်ပါလား ။ ။

Poreign Policy မဂ္ဂဇင်းပါ GWENROBINSON ၏ The Contenders ကို ထားထားမြင့်ဘာသာပြန်ဆိုသည်။

Photo- foreignpolicy.com

7 DAYS NEWS JOURNAL

(16 July 2013 ရက်စွဲပါ UPI မှ Myanmar not yet off the hook ကို ဘာသာပြန်ဆိုသည်)
Photo Credit By Telegrapg

မြန်မာနိုင်ငံအနေဖြင့် အငြင်းပွားဖွယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့သော်လည်း ကျူးလွန်မှုများကို အရေး ယူခြင်းမရှိသော ယဉ်ကျေးမှုကို ကိုင်တွယ်သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တစ်ဦးက အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။

မြန်မာသမ္မတဦးသိန်းစိန်သည် ယခုအပတ်တွင် ဗြိတိန်နိုင်ငံသို့ လာရောက်လျက်ရှိရာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများအတွက် ချီးကျူးခဲ့ပါသည်။ သို့သော် ၄င်းကရခိုင်ပြည်နယ်မှ လူနည်းစု မူဆလင်များ အပေါ်ပစ်မှတ်ထား အကြမ်းဖက်မှုများ အပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က မြန်မာအစိုးရ၏ နစကနယ်စပ် လုံခြုံ ရေးတပ်ဖွဲ့ ဖျက်သိမ်းရန်ဆုံးဖြတ်ခြင်းကို ကြိုဆိုကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်တွင် လူ့အခွင့် အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟု သံသယရှိကြောင်း ၄င်းက ပြောခဲ့ဘူးကြောင်း ပြောပါသည်။

ကျူးလွန်မှုတွေအတွက် အရေးယူမှုမရှိခြင်းဟာ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု အားနည်းစေတယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။အသိုင်းအဝိုင်းတွေကြားမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခြင်းကိုလည်း ကြီးမားစွာ အကျိုး ဆက်တွေ ဖြစ်စေပါတယ်ဟု ၄င်းက ကြေညာချက်တွင် ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် မတ်လက အဆိုပါနကစ စစ်ဆင်ရေးများကိုရုတ်သိမ်းရန် အကြံပြုတင်ပြ ခဲ့ပါသည်။ နေရာချထားခြင်းခံရသည့် မည်သည့်လုံခြုံရေးတပ်ဖွဲ့မဆို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများကို လိုက်နာသင့် ကြောင်း Quintana ကပြောပါသည်။

“အသစ်ရောက်လာမယ့် လုံခြုံရေးတပ်ဖွဲ့ဟာလည်း သူလုပ်ဆောင်ရတဲ့အပေါ် တာဝန်ယူမှုမရှိရင်၊ အစိုးရအနေနဲ့ နောက်ကွယ်က ပြဿနာကို ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး”ဟု ၄င်းကပြောပါသည်။

Yangon chronicle

အမေ နှစ်ခု နှင့် သား

==================

......... မြန်မာ့ အိမ်နီးချင်း နိုင်ငံ တခုဖြစ်သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁၆ ထိ ရက် ပေါင်း နှစ်ဆယ် ခန့် ကြာ အလည်အပတ် ခရီး ကျနော် ရောက်ရှိခဲ့ပါသည်။

တည်းခိုသည့် (BANG kHAE CONDO) ကွန်ဒိုတွင် အခပေး စနစ်ဖြင့် နှစ်ဆယ့်လေးနာရီ တရက်လျှင် မြန်မာငွေ တစ်ထောင့်ငါးရာကျပ် ကျသင့်သော ၀ိုင်ဖိုင်အမျိုးအစား ဖြင့် အင်တာနက်ကို အသုံးပြုခွင့် ရရှိခဲ့သည်။

အင်တာနက် မှ မိမိ လိုအပ်သော ဗီဒီယို ဖိုင်များ( ဥပမာ .How Its made တီထွင်မှု နှင့် နည်းပညာ၊ ထုတ်လုပ်မှု နည်းနာများကို စိတ်ဝင်စားဖွယ် တင်ပြထားသည့် ယူကျူ ဗီဒီယိုဖိုင်များ၊ အင်္ဂလိပ်စကားပြော ဖတ်၊ ရေး၊ အသံထွက်လေ့လာခြင်း ဗီဒီယိုဖိုင်များ)ကို ဒေါင်းလုပ် ယူခဲ့သည်။

နယ်လှည့် အခမဲ့ ကွန်ပျူတာသင်တန်းမှ တက်ရောက်သူ ကျေးလက် လူငယ်ထု အတွက် စိတ်ဝင်စားဖွယ် ဗဟုသုတ ရရှိဖွယ် နိုင်ငံ့ခေါင်းဆောင် ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းဗီဒီယိုများ ကို အချိန်ပြည့် အားလပ်ချိန်တိုင်းတွင် သင်ကြားပြသ လေ့ကျင့် ပေးရေး အသုံးပြုနိုင်ရန် ခုတင်ပေါ် ပက်လက် နေရသော လူနာဘ၀ အချိန်ကို အကျိုးရှိစွာအသုံးပြုခဲ့သည်။

မြန်မာ့ အင်တာနိမ့် ကို အသုံးပြုနေသော ကျနော်တို့ မြန်မာနိုင်ငံသားများ အတွက် ကျနော် ဒေါင်းလုပ် ရယူခဲ့သော ပမာဏနှင့် အချိန်ကို ပြောပြလျှင် ယုံကြည်ချင်မှ ယုံကြည်ကြပေလိမ့်မည်။

ဆယ့်ငါးရက်ခန့် အတွင်း အွန်လိုင်းမှ ကျနော် ဒေါင်းလုပ်ရယူခဲ့သော ယူကျူ ဗီဒီယိုဖိုင်ပေါင်း ( ၁၃၅ Gb) တစ်ရာ့သုံးဆယ်ငါး ဂစ်ဂါဘိုက် ပမာဏခန့် ကို အလွယ်တကူ ဒေါင်းလုပ် ရယူနိုင်ခဲ့သည်ဆိုလျှင် ယုံကြည်ပါလေမည်လားဟု တွေးမိပါသည်။

မြန်မာ့ အင်တာနိမ့်ဖြင့် တစ် ဂစ်ဂါဘိုက် ပမာဏရှိသောဖိုင်ကို ဒေါင်းလုပ် ရယူမည်ဆိုပါက ဈေးနှုန်းအားဖြင့် လည်းကောင်း ကြာမြင့်မည့် အချိန် အားဖြင့် လည်းကောင်း ကိုယ်ချင်းစာပြီးသာ တွက်ဆ ကြည့်ကြပါလေ ဟု ........................

မိမိတို့က ယိုးဒယား ဟု နှိမ့်ချ ခေါ်ဝေါ်သော ထိုင်းနိုင်ငံ မှ ထိုင်းနိုင်ငံသား အများစုက ဖမ ဟုခေါ်သော ဗမာ ( မြန်မာပြည်) ပတ်စပို့ အနီရောင် ကိုင်ဆောင်ထားသော မြန်မာ နိုင်ငံသားများကို အထင်အမြင်သေးစွာ ဆက်ဆံတတ်ကြပြီး အများစုက မြန်မာနိုင်ငံသားတို့ကို အလုပ်သမား ကျွန် လူတန်းစား ဟုသာ ရှုမြင်ကြကြောင်း ၀မ်းနည်း စဖွယ် မချိတင်ကဲဖြစ်စွာ ကြားသိခဲ့ရပါသည်။ ......

..... အဘယ်ကြောင့်ဆို ပတ်စပို့ အနီရောင် ကိုင်ဆောင်သော နိုင်ငံသား နည်းပညာမဲ့ အလုပ်သမား နှစ်သန်းကျော် ( ၂၀၀၀၀၀၀) ကျော်သည် ယိုးဒယားဟု မြန်မာများက ခေါ်သော ထိုင်းနိုင်ငံတွင်( အဆိုပါ ထိုင်းနိုင်ငံသားများ မလုပ်လိုသော ) အခြေခံ အလုပ်ကြမ်းများ၊ ညစ်ပေ ဘေးများသော အလုပ်များတွင် အလုအယက် ခယစွာ လုပ်ကိုင်နေကြရသည်။

မြန်မာ့အမိမြေတွင် ကျန်ရစ်သော မိသားစု တ၀မ်းတခါး စားသောက်နေထိုင်နိုင်ရေး ငွေပေးပို့နိုင်ရန် အတွက် ထိုင်းမြေရောက် မိမိတို့ကို ရရာ အလုပ်ခိုင်းပါ အလုပ်ပေးပါ ပိုက်ဆံပေးပါ ဟု အောက်ကျို့ လုယက် တောင်းပန် တိုးလျိုးကာ လူမျိုးခြားတို့ ထံတွင် အလုပ်လုပ် နေကြရသည်။

အဘယ်ကြောင့်ဆိုသော် မြန်မာပြည် မြန်မာအုပ်ချုပ်ရေး စနစ်က မြန်မာနိုင်ငံသားတို့ အတွက် မိသားစု ဘ၀ ရပ်တည်နိုင်ရေး အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီး မပေးနိုင်သည်သာ မက သာမန် မိရိုးဖလာ ရပ်တည်ရှင်သန်နေခဲ့သော ကျေးလက်တောင်သူလယ်သမား လယ်လုပ်သားတို့ ပိုင်ဆိုင်သည့် ဘိုးဘွားပိုင် လယ်ယာမြေများကို မတရား အလုခံရသည်။

ဘိုးဘွားပိုင်မြေလေးများကို အာဏာရှိသူက အာဏာသုံးပြီး မတရား သိမ်းယူကာ တောင်သူတို့ အလုပ်လက်မဲ့ဖြစ်စေပြီး စားဝတ်နေမှုကို ကြပ်တည်းလာစေခဲ့သည်။ ဥပဒေမဲ့ ထင်သလို ဖိနှိပ်အုပ်ချုပ်သော စစ်အာဏာရှင် စနစ်အောက်တွင် နင်းပြားပြည်သူတို့မှာ ပြေးစရာလည်း မြေမရှိ ပေးစရာလည်း ငွေမရှိ။

အတိ ငတ်ပြတ်လူဖြစ်ရှုံးလာမှု ဒါဏ် မခံနိုင်ကြသော မြန်မာ နိုင်ငံသားတို့သည် အိမ်နီးချင်း နိုင်ငံများသို့ (အချို့ကား ထွက်ပြေးကာ) အချို့မှာ ရွှေ့ပြောင်းကာ ရရာ အလုပ် ၀င်လုပ်ပြီး အသက်ဆက်ဖို့အရေး ကြိုးစား ခဲ့ကြရသည်။ ရွှေ့ပြောင်း အလုပ်သမားများ အဖြစ် တိုင်းတပါးတွင် မျက်နှာငယ်စွာ နေကြရသည်။ အမိမြေကို ပြည်သွားပြီး ၀မ်းစာရှာ နေထိုင်နိုင်ရေး ရည်မျှော်ကာ တောင့်တနေပါသော်လည်း ရွှေပြည်တော်ကား မျှော်လေတိုင်းဝေးနေပေသည်။

ကျနော် တပ်မတော်တွင် အမှုထမ်းခဲ့နေစဉ် ၁၉၉၈ ခုနှစ်ခန့် က သင်ကြားခဲ့ရသော စစ်လေ့ကျင့်ရေး သင်ခန်းစာများတွင် ရန်သူတပ်အဖြစ် အစားထိုး လေ့ကျင့်ခြင်းများ ၌ မြန်မာ့ ရန်သူ အဖြစ် အသူရာ နိုင်ငံ အသူရာ … လူမျိုး ..အသူရာ နိုင်ငံ။ ချေမှုန်း သုတ်သင်ရန် ဟု အခါခါ ထပ်ထပ် သတ်မှတ် သင်ကြားခဲ့ရဖူးသည်။

အိမ်နီချင်းနိုင်ငံတခု ကို အသူရာ နိုင်ငံ ၇န်သူ့ နိုင်ငံ ဟု ခေါင်းစဉ်လွဲတပ် ရှုမြင်ကာ တိုက်ခိုက်ချေမှုန်းခြင်း လေ့ကျင့်ခန်းများကို ကျနော်တို့ လေကျင့်ခဲ့ဖူးကြသည်။

ထိုအချိန် ကျနော်တို့နိုင်ငံက စစ်အာဏာရှင် စနစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေပြီး တဖက် အိမ်နီးချင်း နိုင်ငံကို ရန်သူသဖွယ် ရှုမှတ် ရန်စောင်၇န်သာ သင်ကြားပေးနေချိန်တွင် သူ ( ထို အသူရာ ဟု မိမိတို့ခေါ်သော လူမျိုး ) တို့က သူတို့ မျိုးဆက်သစ်တွေကို ပညာရေး အဆင့် အလွန်မြင့်မားအောင် သင်ကြားပေးနေသည်။

အသူရာ နိုင်ငံဖြစ်သော အိမ်နီးချင်း နိုင်ငံ အစိုးရများက သူတို့ လူငယ် နိုင်ငံသားများကို ခေတ်မှီ နည်းပညာများကို သင်ကြားတတ်မြောက် အသုံးချဖို့ လေ့ကျင့်ပေးပြီး အရှိန်အဟုန်ဖြင့် နိုင်ငံကို တည်ဆောက် စီးပွားဖြစ်ထုတ်လုပ် အသုံး ပြုဖို့ ခေါင်းဆောင်တွေက စီစဉ်လုပ်ဆောင် နေချိန်တွင် ကျနော်တို့က တနိုင်ငံတည်းသား တိုင်းရင်းသား အချင်းချင်း ပြည်တွင်းစစ်ပွဲတွေ ခင်း တိုက်ကြ ခိုက်ကြ သတ်ဖြတ်ကြ၊ အပြန် အလှန် မီးရှို့ဖျက်ဆီးကြ။ ထို အကြားထဲ တိုင်းရင်းသားချင်း သတ်ဖြတ်ပြီး အောင်ပွဲခံကာ ရရှိလာမည့် သူရဲကောင်း ဘွဲ့ထူးဂုဏ်ထူးတို့ကို မက်မောသူ စစ်သွေးကြွသူတို့ က သေနက် တပြင်ပြင်။ ဟန်ရေး တပြပြ

မိမိတို့က သေနက်တွေ ပြင်ပြီး တိုင်းရင်းသား အချင်းချင်း စစ်ခင်းဖို့ ပြင်ဆင် တိုက်ခိုက်နေချိန်တွင် အသူရာ နိုင်ငံသားတို့က တိုင်းပြည်ကို တည်ဆောက်သည်။ ဖွံ့ဖြိုးတိုးတက်ရေး အားသွန်ခွန်စိုက် မြန်မာ့မြေမှ ထွက်သော ကုန်ကြမ်းတို့ကို ဈေးပေါစွာ သူခိုးဈေးဖြင့် ၀ယ်ယူပြီး နောက်ဆုံးပေါ် ခေတ် အတတ်ပညာများ နည်းပညာ များ လုပ်သည်။ နည်းပညာ မြင့်မားစွာ အသုံးပြု ပြီး ကုန်ချောအဖြစ် အသွင်ပြောင်းကာ မြန်မာ့မြေနှင့် နိုင်ငံတကာသို့ အဖိုးတန် ထုတ်ကုန်အဖြစ် အမြတ်အစွန်းကြီးစွာ ပြန်လည် ရောင်းချသည်။

အိမ်ကြက်များ အချင်းချင်း ခွပ်စဉ်က ကျွတ်ကျသည့် အမွေးအတောင်များကို အိမ်နီးချင်းတို့က အသာယာ ကောက်ယူပြီး တံဆာ ပသာဒ အဖြစ် အလှဆင်နေချိန်မှာ လည်ပင်း မက တကိုယ်လုံး ကတုံး အမွေးတုန်းနေလေသည့် မြန်မာ့ အိမ်ကြက်များက ဒေါသ အတ္တ မာနများဖြင့် ခွပ်ကောင်းတုန်း။

အိမ်ကြက်တွေ အစာလု အပြိုင်ခွပ်ပြီး မာန်စောင် ရန်စောင် ငါတကောကောနေကြချိန်မှာ မြန်မာ့မြေ၀ယ် စစ်အာဏာရှင် စနစ်က တံခွန် တလူလူ လွှင့်နေခဲ့လေသည်။ ……………………….

သဘာဝတို့ ပျက်ပြုန်းပြီး ရာသီဥတုတွေ ဖေါက်ပြန်၊ ခက်ထန်လာသော လူမှုဘ၀ ရပ်တည်မှုတို့ဖြင့် မြန်မာတို့မှာ အိမ်ကြက်ချင်း ခွပ်လို့ ကောင်းတုန်း ။ မော ရင် ခနရပ် အမောပြေသည်နှင့် ပြန်ခွတ်ရန်သာ စဉ်းစားနေခဲ့ကြစဉ် အခိုက် အိမ်နီးချင်း နိုင်ငံများကလည်း အိမ်ကြက်များ အပြန်အလှန် ခွပ်နိုင်ကြရန် အတွက် အမျက်ထွေး ၊ ရမ္မက်မွေး အတက်သွေးရန် စစ်လက်နက်များကို မှောင်ခို ရောင်းချ အမြတ်ထုတ်လေသည်။ လက်နက် ရောင်းချသူ အိမ်နီးချင်း တို့သည်သာ အမြတ်ထွက် ကြီးပွားသွားပြီး လက်နက်များဖြင့် အချင်းချင်း တိုက်ခိုက် သတ်ဖြတ် အချင်းချင်း ခွပ်နေကြသော မြန်မာ့ အိမ်ကြက်တွေမှာကား မွဲသည်ထက် မွဲလာသည်။

ဆင်းရဲမွဲတေ ပညာ လူမှု အဆင့် အနိမ့်ဆုံးဘ၀ဖြင့် မွဲပြာကျ မြန်မာတို့ ထမ်းဆောင်ပေးရသော ပြည်သူ့ ဘဏ္ဍာငွေ များ၊ တမျိုးသားလုံး ပိုင်ဆိုင်သည့် မြေပေါ် မြေအောက် သယံဇာတ ရောင်းချရမှု နိုင်ငံ့ ၀င်ငွေများမှ စစ်အာဏာဖြင့် ခွဲဝေယူခဲ့သော စစ်အသုံးစ၇ိတ် ဘတ်ဂျက် များကို ပမာဏ အများဆုံးယူကာ စစ်လက်နက် များကို ၀ယ် သည်။ စစ်အသုံးစရိတ်များအဖြစ် အသုံးပြုသည်။

အိမ်ကြက်ချင်း ခွပ်ကြသည်။ မောသည်။ တိုင်းပြည်မွဲသည်။ ……………………

အိမ်နီးချင်း နိုင်ငံတွေက တဟုန်ထိုး စီးပွားရေး အခြေခံ အဆောက် အအုံကြီးများ အခိုင်အမာ တည်ဆောက်ပြီး နေသားတကျ ဖြစ်နေသည့် ယခု အချိန်ကျမှ မြန်မာ မိမိတို့က မောပန်းနေရ မွဲတေ နေရ သည့် အိမ်ကြက်ချင်း ခွပ်နေကြမှုများကို သုံးသပ်ကြရန် သင်ခန်းစာဖေါ်ထုတ်ဖို့ အချိန်ကျနေပြီ ဖြစ်ကြောင်း သတိရလာသည်။

အသူရာ ဟု မိမိတို့က သုံးသပ်ခဲ့သော အိမ်နီးချင်း နိုင်ငံသားတို့က မြန်မာတို့ကို ယခုလို ဘာကြောင့် နှိမ်နိုင်သနည်း၊ ဘာကြောင့် သူတို့ တိုးတက် ချမ်းသာ ကြီးပွား လုံခြုံငြိမ်းချမ်းပြီး မြန်မာတို့က ဘာကြောင့် ယခုတိုင် ဆင်းရဲမွဲတေ အောက်ကျနေရပါသနည်း …………………. ကျနော် လေ့လာကြည့်မိသည်။

ကွာခြားလွန်းသည့် အထွေ ထွေ အခြေအနေများမှ အကြမ်းမျဉ်း မြင်မိသော အချို့အချက်များကို တင်ပြပါမည်။

သုဝဏ္ဍဘူမိ လေဆိပ်ကြီးသို့ လေယာဉ် ဆိုက်ရောက်ပြီး ထိုင်းနိုင်ငံမြေကို စတင် ခြေချ ကတည်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ထိုင်းနိုင်ငံလေဆိပ်ကြီးသည် ဆိတ်နှင့် ဆင်နှယ် ကွာခြားလွန်းလှသည်။

နည်းပညာ အရရော ခေတ်မှီမှု အရပါ မြန်မာတို့သည် နှစ်ပေါင်း များစွာ ခေတ်နောက်ကျ ကျန်ခဲ့သလို ......... အဆင့်အတန်း ကွာခြားလွန်းလှသည်။ ………………..

ကျယ်ပြန့်ကြီးမား ခန့်ထည်လှပလွန်းသည့် သုဝဏ္ဍဘူမိ လေဆိပ်ကြီး အတွင်းမှ ထိုင်းနိုင်ငံသား အမှုထမ်း ၀န်ထမ်းတို့သည် သပ်ရပ်ကျနသော ယူနီဖေါင်း ကိုယ်စီဖြင့် စည်းစနစ်တကျ ပျားပန်းခပ်မျှ သွားလာလှုပ်ရှားနေသော်လည်း အလုပ်ရှုပ်နေဟန် မပြ၊ ခရီးသွားများ အပေါ် ငြူစူ ဟန် လုံးဝ မရှိ။

ထိုင်း ၀န်ထမ်းများ သည် နိုင်ငံခြားသာ ခရီးသွားများ အပေါ် အပြုံးကိုယ်စီဖြင့် နှုတ်ခွန်းဆက်ပုံက ချိုမြလှသည်။ လက်အုပ်လေးတွေ ကိုယ်စီ ချီလို့ ... ဆ၀ါဒီခပ် ၊ ခပ်ပုံ ခပ် ခပ်ပ် စသည်ဖြင့် သိမ်မွေ့သည့် ဟန် အပြည့် …

……………အားလုံးသော ထိုင်းလူမျိုး ၀န်ထမ်းတိုင်းတော့ မဟုတ်ပါပေ………… ( ပတ်စပို့ အနီရောင်မြင်သည်နှင့် အချို့ ထိုင်းလူမျိုး ၀န်ထမ်းတို့ မျက်နှာထား ပြောင်းလဲသွားသည်ကိုတော့ သတိပြုမိခဲ့သည်။)

....မြန်မာပြည်က ( အားလုံးကို မဆိုလိုပါ။ စနစ်ဟောင်းမှ အကျင့်ဟောင်းများ အတိုင်း အသွင်မပြောင်းသေးသည့် ၀န်ထမ်းတချို့ကိုသာ ဆိုလိုပါသည်။ ) သခင့် အလိုကျ လုပ်ပြ ပြာယာပြတတ်ပြီး အမြီးကျက် ကျက် ခေါင်း မကျက် တကျက် ကြုံရာ ရရာ နေရာ အခွင့်အာဏာသုံး ခြိမ်းခြောက် ဟိန်းဟောက် တောင်းစား လုစား ဖဲ့ယူစားကာ ကိုယ်ကျိုးရှာတတ်ကြသည့် မြန်မာ့ ၀န်ထမ်းများ။ သူ့အား ယခုလို အာဏာရှိသော လုပ်ပိုင်ခွင့် နေရာ ရရေး ခန့်ထားပေးသော ဆရာ့  အတွက် ဝေစုခွဲပို့ဆက် နိုင်ဖို့ ဇာတ်တူသားချင်း ဖဲ့စားကိုက်မျို မည့် မျက်ဝန်းများဖြင့် ...၀ါးစေ ဝေစား ၀န်ထမ်းများနှင့် တော့ ကွာချက်.....

မြန်မာ့ မြေမှ ရှုခင်းများ အဖြစ် မြင်ယောင်မိလိုက်သည်မှာ မှိတ်တုန် မှိတ်တုန် လမ်းမီး အိမ်မီးများ ၊ ကွမ်းသွေး နီနီရဲရဲများနှင့် စွန့်ပစ် အမှိုက်များဖြင့် ညစ်ပေနေသော လမ်းများ၊ ပျက်နေသော မီးပွိုင့်များ၊ စည်းကမ်းမဲ့စွာ လမ်းမပေါ် လမ်းလျောက် ဖြတ်သန်းနေသော အနှေးအမြန်ယာဉ်များ၊ ဈေးသည်များ၊ ခွေးများ၊ တောင်းရမ်းစားသူများ၊ အရေးပေါ် အချက်ပြမီးဖွင့် အရေးပေါ် ဥသြသံဖြင့် ဖြတ်သန်းသွားသော ယာဉ်တန်းများ ။

ထိုင်းနိုင်ငံမှ တွေ့ရှိရသော စနစ်တကျ လိုအပ်ချက် မရှိလောက် ပြင်ဆင် ဆောက်လုပ်ထားသော ( လက်ရှိလည်း အရှိန်အဟုန်ဖြင့် ဆောက်လုပ်နေဆဲ) မိုးပျံ လမ်းမကြီးပေါ်တွင် အသွားအပြန် ကား ရှစ်စီး ပြိုင်တူယှဉ်မောင်းနိုင်သည့် အမြန်လမ်းမကြီးများ.............

၊ မိုးပျံ မီးရထားလမ်းများ၊ ပေါ်တွင် မှန်လုံပိတ်ထားသော မိုးပျံ ရထားများက မြန်ဆန်စွာဖြင့် ဟိုဟိုသည်သည် ငါးမိနစ်တွင် တစီးကျ အချိန်ကိုက် မောင်းနှင်သွားလာလျှက် ..............

လျှပ်စစ်မီးထိန်ထိန်ညီးသော မြို့ပြယဉ်ကျေးမှုသည် မြန်မာမြေနှင့် ဆန့်ကျင်ဘက်။

မြွေလိမ်မြွေကောက် စနစ်တကျ တည်ဆောက် ထားသည့် လမ်းများ လမ်းပေါ်တွင် အလုအယက် ဖြတ်ပြေးစရာ လူဖြတ်ကူးစရာ မလိုပဲ ဘေးရန်ကင်းရှင်းစွာ ဖြတ်ကျော်နိုင်သည့် လူကူးခုံးကျော်တံတားများက အစီအရီ တင့်တယ် လှပသပ်ရပ်စွာဖြင့် .............

အချို့နေရာများတွင်ကား မြေအောက် ရထားဘူတာ၊ မြေအောက် လူကူးဥမင်လှိုဏ်ခေါင်း များက စနစ်တကျ သစ်လွင် ခိုင်မာစွာ တည်ရှိသည်။ မီးခိုးထွက်ခြင်းမရှိသော ကားသစ် အကြီးအသေးများကလည်း လမ်းပေါ်တွင် စနစ်တကျ ရေးဆွဲပေးထားသော ယာဉ်မောင်းနှင်ရာ လမ်းကြောင်း အတွင်းသာ ဆိုင်ကယ်က ဆိုင်ကယ် လမ်းကြောင်း၊ အသေးစိတ် သတ်မှတ် ပိုင်းခြား ရေးဆွဲ ခင်းကျင်းပေးထားသော လမ်းကြောင်းများ တစီးချင်းစီမောင်းနှင်ရာ လမ်းတွင် စည်းစနစ်တကျရှိစွာ ရှေ့နောက် မောင်းနှင်လျှက်၊ အလုအယက် ကျော်တက်ခြင်း မရှိ။ ဟွန်းတီးသံ မကြားရ။ အားလုံးက အလိုက်တသိ စည်းကမ်းတကျ မောင်းနှင်သွားလာသည်။ လက်တချောင်းထောင်ကာ အတင်း ခွကျော်ခြင်းမျိုး မရှိ။ စည်းမဲ့ကမ်းမဲ့ အော်ဟစ်နေသော စပါယ်ယာများ မရှိ။ ယာဉ်စစ်ဆေးရန် ဆိုပြီး လက်တားကာ ပိုက်ဆံတောင်း လဘက်ရည်ဖိုးတောင်းသော မော်တော်ပီကယ် မရှိ ၊ မထသ စည်းကမ်းထိန်း ၀န်ထမ်း မရှိ။ ကွာခြားချက်များမှာ ပမာဏကြီးလှသည်။

ထိုင်းနိုင်ငံမှ မော်တော်ကားလမ်း အားလုံးနီးပါး တွင် ချိုင့်ခွက် တခုမှ မရှိ။ ချောမွေ့နေလေအောင် အမြဲ ပြုပြင်တည်ဆောက်နေသည်။

ခရီးသည်နှင့် လမ်းလျောက်သူလူများ အတွက် ဘေးရန်ကင်းစေရန် အထူးစီစဉ်ပြုလုပ်ထားသော လုံခြုံရေး အစီအမံများအပြည့်။ အမှတ်အသား လမ်းညွှန်များက ထင်ရှားပြည့်စုံသည်။ လမ်းမှားစရာ မရှိ၊ လမ်းပျောက်စရာ မရှိ။ မြန်မာပြည်မှာလို မထင်မရှား ဆေးအပျက်ပျက် ဆိုင်းဘုတ် အရွဲ့ရွဲ့ မရှိ။

( အချို့ ဘတ်စ်ကား ယာဉ်လိုင်းများကို အခမဲ့ စီးနင်းရန် စီစဉ်ပြေးဆွဲနေသော်လည်း လိုက်ပါ စီးနင်းသူသိပ် မရှိသည်ကို ထူးဆန်းစွာ တွေ့ရသည်။ ဘတ်စ်ကား ကို လေ့လာသည့် သဘော စီးနင်းရင်း ခရီးသည်တင် ဘတ်စ်ကားပေါ်တွင် လှပစွာ ၀တ်စားဆင်ယင်ထားသော အမျိုးသမီးငယ်ငယ်ချောချော လက်မှတ်ရောင်း ငွေကောက်ခံသူများကို တွေ့သော အခါ မြန်မာ့ ဘတ်စ်ကား ငပိသိပ် ကျပ်ကျပ် အတွင်း သားသမီးချင်း မစာနာ ညီမချင်း မစာနာ သော လူ့တဏှာ ထောက်လှမ်းရေး ရန်မှ ကိုယ့်ဘာသာ ကာကွယ်နေရသော မြန်မာ့အမျိုးသမီး တို့ ဘ၀ နှင့် ရိုင်းပျစွာ ပြောဆိုတတ်သော ယာဉ်နောက်လိုက် စပါယ်ယာတို့ကို မြင်ယောင်မိသည်။ )

စက်ရုံ အလုပ်ရုံကြီးများ ဟီးဟီး ထ နေသည်။ ကျောင်းသားကျောင်းသူကလေးများ က စည်းကမ်း တကျ သွားလာရင်း ပညာရေးကို အပတ်တကုတ် လိုက်စားသည်။ ကျောင်းချိန် အတွင်း ကျောင်းနေအရွယ် အပြင်မှာ လမ်းသလားနေသူ ထိုင်း ကလေးငယ် မရှိ။ မြန်မာ့ရွှေ့ပြောင်း လုပ်သား သားသမီးများမှာသာလျှင် တက်စရာ ကျောင်းမရှိ။ သင်စရာ စာမရှိ။ မြန်မာလို မပြောမရေးတတ်သော မြန်မာ ကလေး တချို့ကို တွေ့ရသည်။

ကျနော် စိတ်မကောင်း ဖြစ်ရဆုံးသော စကားတခွန်းကို မချိတင်ကဲ အမှတ်ပြု ဖေါ်ပြရင်း အသူရာ နိုင်ငံ ခေါ် အိမ်နီးချင်း နိုင်ငံနှင့် ကျနော်တို့ ဘ၀ ကွားခြားနေရခြင်း အကြောင်း စဉ်းစားခြင်း ကို အဆုံးသတ်ပါမည်။

ပြည်တွင်းရှိ အဖိုးအဖွားများထံ နေထိုင်ကြီးပြင်းခဲ့ပြီး အရွယ်လေး ရောက်မှ ပြည်ပရောက် ရွေ့ပြောင်းမြန်မာ အလုပ်သမ မိဘတွေဆီ ပြန်လည်ရောက်ရှိလာသည့် မြန်မာကလေး အရွယ် မရောက်တရောက်လေးက သူ့ သူငယ်ချင်းတွေကို အခုလို ပြောပြသည်တဲ့ ။ မြန်မာစကားလည်း ကောင်းကောင်း မပီ မြန်မာ စာလည်း ကောင်းကောင်းမတတ် ။

ငါ့မှာ အမေ နှစ်ခု ရှိတယ်။

တခုက ...............( သူ့မေမေက ထိုင်းက ရွှေ့ပြောင်းမြန်မာ အလုပ်သမ၊ ကလေးမွေးပြိး ထိန်းသိမ်းစောင့်ရှောက်ရန် အချိန် မပေးနိုင်သည်မို့) .................ငါ့ကို မွေးပေးလိုက်တဲ့ အမေ။

နောက်တခုက ငါ့ကို ငယ်ငယ်လေးထဲက မွေးကျွေးစောင့်ရှောက်ခဲ့တဲ့ အဖိုးအဖွား

( ရွှေ့ပြောင်း အလုပ်သမ အဖြစ် တိုင်းတပါးမှာ အလုပ်လုပ် အိမ်ထောင်ကျ ကလေးမွေးပြီးကျွေးချိန် ပြုစုချိန် မရလို့ လသား အရွယ်လေးတွေနဲ့ မြန်မာပြည်ပြန် အဖိုးအဖွားဆီမှာ ချန်ထား ကျွေးမွေးပြုစု ကြီးပြင်း ခြင်း ) ။

ရွှေ့ပြောင်းလုပ်သား တွေက မွေးဖွားလာတဲ့ ကလေး အများစုမှာ နိုင်ငံသား အဖြစ် အထောက်အထား မရှိ။ မွေးစာရင်းမရှိ။ တက်စရာ ကျောင်းမရှိ။ အားကိုးစရာ အမှီအတွယ်မရှိ။ သူတို့လေးတွေ အများစုအကြားက ထွက်လာတဲ့ စကားစုက

ငါ့မှာ အမေ နှစ်ခု ရှိတယ်။………………………

ငါ့မှာ အမေနှစ်ခု ရှိတယ်။ ………………………

ငါ့မှာ အမေ နှစ်ခု ရှိတယ်။ ………………………… တဲ့

တွေးမိသော အတွေးလေး တချို့သာ ဖြစ်ပါသည်။ စနစ်တကျစီးပွားရေး လူမှုရေး နိုင်ငံရေး နည်းဗျူဟာများ ချမှတ် ထုတ်နှုတ် နှိုင်းယှဉ် သုံးသပ်မည်ဆိုပါက ယခုထက် ပိုမိုများပြားနက်နဲသော ကွာခြားချက်တို့ ထွက်ပေါ်လာပေအုန်းတော့မည်။

အမေ နှစ်ခု ရှိသော မျိုးဆက်များ အတွက် ရတက် မအေးသော သက်ပြင်းဖြင့် ယခု စာစုကို ရေးမိပါသည်ခင်ဗျား


နေမျိုးဇင်

၁၈: ၂၅ အချိန်

ဇူလိုင်လ ၁၇ ၊ ၂၀၁၃။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.