07/20/13

အမျိုးသား ခေါင်းဆောင်၊ လွတ်လပ်ရေး ဖခင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းဟာ အထက်တန်း
ကျောင်းသား ဘ၀မှာ အ-ထ-က ( ၁ ) ရေနံချောင်းမှာ ပညာဆည်းပူးခဲ့ပါတယ်။ 



အဲဒီ့ ကျောင်းမှာ ဗိုလ်ချုပ် ကျောင်းသားဘ၀က ရေးခဲ့တဲ့ ဗလာစာအုပ်လေးကို သမိုင်းဝင်မှတ်တမ်းအနေနဲ့ သိမ်းဆည်းပြသလာတာ နှစ်ပေါင်း ကြာခဲ့ပြီဖြစ်ပြီး ဗိုလ်ချုပ်ရဲ့ လက်ရေးစာမူ စာအုပ်လေး သက်တမ်း က နှစ် ၈၀ ရှိပြီ။ 

နှစ်စဉ် အာဇာနည်နေ့ ရောက်တိုင်းမှာ ရေနံချောင်းက အဆိုပါ အထက်တန်းကျောင်းသားတွေနဲ့ ဗိုလ်ချုပ် ကို ချစ်ခင်လေးစားသူတိုင်းက အဲဒီစာအုပ်လေးကို အမှတ်တရ ကြည့်ခဲ့ကြတာပါတယ်တဲ့။ 

ဒါပေမယ့် ဒီလောက်နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတဲ့ သမိုင်းဝင်စာအုပ်ကို ယခု လက်ရှိ ကျောင်းအုပ် ဆရာမကြီးနဲ့ ပညာရေးမှူး ဆိုသူတို့က သူတို့ သဘောနဲ့ သူတို့ အစိုးရဆီကို လွဲအပ်လိုက်တယ်လို့ မြို့ခံတွေ က ပြောနေကြပါတယ်။ 

မြို့ခံ လူထုသဘောထားမပါ၊ တက်ရောက်ဆည်းပူးခဲ့တဲ့ ကျောင်းသားအားလုံးရဲ့သဘောထား မပါဘဲနဲ့ ဗိုလ်ချုပ် ရဲ့သမိုင်းဝင်စာအုပ်ကို ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။ 

သမိုင်းဝင်လည်းဖြစ် ဘယ်တော့မှ အစားပြန် မရနိုင်တဲ့ ပစ္စည်းကို အဲဒီလို အလွဲသုံးစား လုပ်ခဲ့တာအတွက် မြို့ခံ လူထုက ပြင်းထန်စွာ ရှုတ်ချနေကြပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ရေနံချောင်းက ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ယခု အမေရိကန် 
ရောက် ဦးမောင်မောင်ဝမ်းက ဧရာဝတီကို အခုလိုပြောထားပါတယ်။ 

“ရေနံချောင်းတမြို့လုံး ညီညီညွတ်ညွတ်နဲ့ ဆန့်ကျင့်ပါ.....။ တစ်မြို့လုံး ဆန္ဒပြ တောင်းဆိုပြီး စာအုပ် ပြန် ရ အောင် လုပ်စေချင်တယ်။ မြန်မာနိုင်ငံက မီဒီယာများကိုလည်း သိစေချင်ပါတယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက် တဲ့ အစအနအားလုံး ဖျောက်ဖျက်ဘို့ ကြိုးစားနေတာလားဆိုတာ သံသယရှိတယ် အားလုံးကာကွယ်ကြပါ” လို့ သူက ပြောပါတယ်။ 

အိမ့်သံစဉ် ~ 
http://blog.irrawaddy.org/2013/07/blog-post_7087.html



နှစ်ပေါင်းခြောက်ဆယ်ကျော်လာခဲ့ပေမယ့် အာဇာနည်နေ့ အခမ်းအနားကို ခမ်းခမ်းနားနား မလုပ်ပေးချင်တာဟာ မလိုလားအပ်တဲ့ စစ်ဝါဒ စစ်မာနကို ရှေ့တန်းတင်ထားလို့ ဖြစ်ကြောင်း ဗ.က.သ
အဖွဲ့ချုပ်မှ ကိုကျော်ကိုကိုက ဒီကနေ့နံနက်ပိုင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်းကာ ကျင်းပပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာလဲ ဖြစ်ပါတယ်။


ဒီနေ့ မှထွက်တဲ့ Album အသစ်လေးဖြစ်ပါတယ် Admin - Mask တင်ထားတာတွေ့ ပါတယ် ဒေါင်းလင့်မပါလို့ ဟိုဆိုဒ်ကလဲ ဒေါင်းလော့လင့်မတင်ထားလို့ အဲတာ ကိုယ်တိုင်ဒေါင်းပီး ကိုယ်တိုင် Upload လုပ်ပေးလိုက်ပါတယ် ..ကဲဒေါင်းလို့ အဆင်ပြေနိုင်ကြပါစေ နော်သီချင်းအားလုံးနားထောင်ပြီးပါပြီ အရမ်းကောင်းပါသည် အိမ်မက်ထဲက စစ်သားသီချင်းးးလေးကအထူးခြားဆုံး တိုက်ပွဲသံလေးးတွေနဲ့ စထားတာ ကြက်သိမ်းတောင် ထမိတယ် သီချင်းနားထောင်ရင်းး အားပေးကြပါဦးး.။
တစ်ပုဒ်ချင်း ဒေါင်းလော့လင့်တွေဖြစ်ပါတယ်..။

Track List:

01.Modern Kabyar
http://www.hulkshare.com/wpdgs5ato4xs

02.Yin Htal Ka Gita
http://www.hulkshare.com/c0hjcflkkgsg

03.A Chit Yae Ya Lat
http://www.hulkshare.com/tnkbiq3swqgw

04.Ein Met Htal Ka Sit Thar Kyi
http://www.hulkshare.com/1xkd69x0vo80

05.A Chit Thi Chin Ta Pote
http://www.hulkshare.com/6y29wnxonclc

06.Yaung Ne
http://www.hulkshare.com/ou3pu7bjimm8

07.Than Ma Ni Late Pyar
http://www.hulkshare.com/s868f8zf2cqo

08.Yin Kwal Nar
http://www.hulkshare.com/uu112bgrejnk

09.Lu Ngal Tan Chin
http://www.hulkshare.com/nma7e80t35kw

10.Ta Phoe Myar Nae Lu
http://www.hulkshare.com/8vg9am0u441s

11.Bonus Track
http://www.hulkshare.com/9xp10t10hbsw

12.Death Of Mandalay
http://www.hulkshare.com/oacc3phy6sjk

မျှဝေသူ..Music Crazies

၂၀၁၅-မဲဆန္ဒရှင်များ၏ မဲ - ကောင်းကင်ယံမှာ ပျံနေဆဲ

မြန်မာနိုင်ငံတွင် လာမည့်-၂၀၁၅-ခုနှစ်အတွက် ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ရာ ပါတီများက စည်းရုံးလှုပ်ရှားရန် တာစူနေကြပြီဖြစ်သည် ။ နိုင်ငံရေးပါတီကြီးများဖြစ်သော ကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့ မှ ပါတီညီလာခံတွေ ပြုလုပ်ခဲ့ကြပြီးဖြစ်သည် ။ တစ်ချိန်တည်းမှာပင် တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးပါတီများကလည်း သက်ဆိုင်ရာပြည်နယ်အလိုက် ကွဲပြားနေသောပါတီများမှ တစ်ခုတည်းသောပါတီအဖြစ် ပေါင်းစည်းဆောင်ရွက်နေကြပြီဖြစ်သည် ။ ဤကဲ့ သို့  တိုင်းရင်းသားလူမျိုးများပါတီများက တစ်ပါတီဖြင့် ပေါင်းစည်းပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံပါတီအဖြစ်ဖြင့် လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟုဆိုသည် ။ တိတိကျကျ ပြောရလျှင် တိုင်းရင်းသားလူမျိုးများပါတီသည် ဗမာမဟုတ်သော နိုင်ငံရေးပါတီများဖြစ်ပြီး အဓိကယှဉ်ပြိုင်ရန် တာစူထားသည်မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့ ကို ဖြစ်သည် ။

ကျားကြီးသုံးကောင်သည်ကား မကြာခင်တွေ့ ဆုံကြမည်ဖြစ်ရာ လက်တည့်စမ်းသည့်သဘောဖြင့် တစ်ပါတီ၏ အနေအထားကို တစ်ပါတီက သွေးတိုးစမ်းနေသည့် အသွင်ကိုမူ မတွေ့ ရသေးချေ ။ သို့ သော် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သူရဦးရွှေမန်းက မြန်မာနိုင်ငံ၏ သမ္မတ လုပ်ချင်သည်သာမက သည့်ထက်ပိုကောင်းမွန်သော ရာထူးရှိသေးလျှင်ပင် လုပ်လိုက်ချင်သေးသည်ဟု မကြာမှီက အမေရိကပြည်ထောင်စုသို့ ရောက်ရှိလာစဉ်က ထုတ်ဖေါ်ပြောဆိုသွားသည်ကို တွေ့ ရသည် ။ သူ၏ သမ္မတဖြစ်ချင်သည်ဆိုသော စကားသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်ချင်သည် ဆိုသော စကားကို နောက်ကလိုက်ပြီး သံယောင်လိုက်ပြောဆိုခြင်းဖြစ်နေသည် ။ ဒေါ်အောင်ဆန်းစုကြည်မှာ ဤသမ္မတဖြစ်ချင်သည်ဆိုသော စကားကို ပြောနေသည်မှာ ကြာနေပြီဖြစ်သည် ။ ထို့ ကြောင့် သမ္မတဖြစ်လိုသော သူနှစ်ဦး၏ ပါတီနိုင်ငံရေးအခြေအနေကို လေ့လာကြည့်မိသည် ။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အာဏာရအစိုးရပါတီဖြစ်သည် ။ ငွေကြေးတောင့်တင်းသည် ။ လွှတ်တော်ကိုယ်စားလှယ်အများစု နေရာရယူထားသည် ။ တပ်မတော်မှလာသော သူများချည်းသာဖြစ်၍ အမိန့် နာခံမှုများရှိသည် ။ တစ်ဗိုလ်ကျလျှင် တစ်ဗိုလ်တက်မည့် စီမံချက်များစွာဖြင့် ဗျူဟာများရှိနှင့်ပြီးဖြစ်သည် ။ ရေတိုစီမံချက်များနှင့် ရေရှည်စီမံချက်များကို အကောင်အထည် ဖေါ်ဆောင်တတ်ကြပြီးဖြစ်သည် ။ လက်ရှိပါတီအဖွဲ့ ဝင်များသည် သူတို့ ၏ ကိန်းဂဏန်းစာရင်းအရ အခြားပါတီအဖွဲ့ အစည်းများထက် များစွာသာနေသည် ။ ယုတ်စွအဆုံးပြောရလျှင် ၄င်းပါတီသည် အစိုးရဖြစ်နေသောကြောင့် ယခုမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို အကောင်အထည် ဖေါ်ဆောင်နေသော ပါတီဖြစ်သည် ။ သူတို့ ပါတီသည်-၁၉၉၃-ခုနှစ်မှ ၂၀၀၈-ခုနှစ်အထိ အမျိုးသားညီလာခံဖြင့် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အချိန်ကြာမြင့်စွာ ရေးဆွဲထားသည့် ပါတီဖြစ်သည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် -၁၉၉၀-ခုနှစ်တွင် အတိုက်အခံပါတီအဖြစ် နာမည်ကြီးပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ သည့် နိုင်ငံရေးပါတီဖြစ်ခဲ့ သည် ။ လာမည့်-၂၀၁၅-ခုနှစ်တွင်မူ အတိုက်အခံနိုင်ငံရေးပါတီ မဟုတ်သောကြောင့် လူထုအကြိုက် ပါတီအဖြစ် ရွေးကောက်ပွဲ၌ မဲအပြတ်အသတ် ရရှိနိုင်သည့် အဖွဲ့ အစည်း မဖြစ်နိုင်ချေ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပါတီဝင် အဖွဲ့ ဝင်များသည် ပြသနာ ကတောက်ကဆဖြစ်ပြီး နုတ်ထွက်မှုများ ရှိနေသည် ။ အထက်အောက် ပြသနာဖြစ်နေသည် ။ အဖွဲ့ ချုပ်ဝင်အင်အားသည် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလောက် ကိန်းဂဏန်းစာရင်း မရှိသေးသည်ကို တွေ့ ရသည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် အခြားစည်းရုံးရေးအင်အားကို ထုတ်ပြနိုင်သည့် ကေဒါကောင်းများ ရှိနေမည်ဖြစ်သော်လည်း အားလုံးမှာ ငုပ်ကောင်များသဖွယ်ဖြစ်နေသည် ။ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည်ပင်ထားဦး- မည်သူက မည်မျှအရည်အချင်းရှိသည်ကို ပြည်သူလူထုတို့ က ယခုအချိန်ထိ မတွေ့ မမြင်ရသေးချေ ။ လက်ရှိအားဖြင့် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နေသာအနေအထားမျိုး ဖြစ်နေရာ အတိုက်အခံပါတီမဟုတ်သောကြောင့် ပြည်သူလူထုတို့ မှာ အားမလိုအားမရဖြစ်နေကြသည်ကို တွေ့ မြင်ရသည် ။ မည်သို့ ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အတိုက်အခံပါတီဟု အာပေါက်အောင်ပြောသည့်တိုင် မည်သည့်အချက်အလက်များကို အတိုက်အခံပြုလုပ်နေသည်ကို ပြည်သူလူထုတို့ က မျက်ခြေမပြတ် ဆန်းစစ်ကြ၍ သိရှိနားလည်ကြပြီးဖြစ်သည် ။ ၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်လိုသည်ဟု ကြေညာထားသော်လည်း ၄င်းဥပဒေကို ကျမ်းသစ္စာ ဆိုထားသောကြောင့် အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်နေသည်ဟု သုံးသပ်သူများရှိနေကြသည် ။

ဤကဲ့ သို့  အင်အားကြီးမားသော နိုင်ငံရေးပါတီမှ ဥက္ကဋ္ဌဖြစ်သူ နှစ်ဦးက လာမည့်-၂၀၁၅-ခုနှစ်တွင် မြန်မာနိုင်ငံသမ္မတ ဖြစ်လိုပါသည်ဟု ပြောဆိုကြေညာနေကြရာ မဲဆန္ဒရှင်များကို ဦးစွာဆန်းစစ်ကြည့်မိသည် ။ ကိန်းဂဏန်းစာရင်းအရ ဖေါ်ပြလိုသည်ထက် အခြေအနေများကို သုံးသပ်ပြလိုသည် ။ မဲဆန္ဒရှင်များသည် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖက်တွင် သူတို့ အဆိုအရ မဲအင်အားသာနေသည် ။ ထို့ ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် လာမည့်-၂၀၁၅-ခုနှစ်တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထက် မဲဆန္ဒရှင်များ၏ အသည်းကြားမှ မဲတစ်ပြားကို ရရှိရန် အခြေအနေမဖန်တီးနိုင် ။ စင်စစ်အားဖြင့် ဖန်တီးနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ကာ နဖူးတွေ့ ဒူးတွေ့ ပြသမှသာ မဲဆန္ဒရှင် ပြည်သူများက သူတို့ မဲကို ပုံအောပေးကြမည်ဖြစ်သည် ။ လက်ရှိအခြေအနေတွင် ပြည်သူများ၏ လူမှုအကြပ်အတည်းကာလများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ရပ်တည်ချက်များသည်ကား အားရစရာ မတွေ့ မမြင်ရချေ ။ ၄င်းမှာ အနာဂတ် ရွေးကောက်ပွဲကာလအတွက် ကောင်းသောလက္ခဏာ မဟုတ်ဟု ထင်ရသည် ။

လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိရွေးကောက်ပွဲဝင်မည့် မြို့ နယ်များတွင် အနိုင်ရရှိသည်ထက် မိမိပါတီက တနိုင်ငံလုံးတွင်၎င်း ပြည်နယ်များတွင်၎င်း မည်မျှအနိုင်ရရှိသည်က ပြသနာဖြစ်သည် ။ ယခုအချိန်မှာ တိုင်းရင်းသားလူမျိုးများ နေထိုင်သောပြည်နယ်များ၌ သူတို့ ၏ တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးပါတီများကိုသာ မဲဆန္ဒရှင်ပြည်သူများက မဲပုံအောရန် စိတ်အားထက်သန်နေကြသည်ကို တွေ့ ရသည် ။ ထို့ ကြောင့် တိုင်းရင်းသားလူမျိုးများပြည်နယ်၌ မဲတစ်ပြားကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် မျှော်လင့်နေ၍ မရနိုင်ဟုထင်သည် ။ သို့ အတူ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်လည်း ယင်းကဲ့သို့ ပင် မဲဆန္ဒရှင်ပြည်သူများထံမှ မဲများရရှိလိမ့်မည်ဟု တွက်ချက်၍ မဖြစ်နိုင်သည့် အခြေအနေများစွာဖြစ်နေသည် ။ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်၌ တိုင်းရင်းသားလူမျိုးများ၏ စိတ်ဆန္ဒပြင်းပြနေမှုများသည် -၁၉၉၀-ခုနှစ် အခြေအနေနှင့် လုံးဝမတူတော့ကြောင်း ပြသနေကြပြီဖြစ်သည် ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မြို့ ပြတွင် မဲမရရှိလျှင် နယ်စပ်ဒေသများ၌ မဲများရရှိစေရန် ကြိုးပမ်းမှုများရှိတတ်သည် ။ အထူးသဖြင့် ရခိုင်ပြည်နယ် အနောက်ဖက်တွင် ဘင်္ဂလီကုလားများအား ယာယီကဒ်ပြားများ ပေးကာ-၂၀၁၀-ရွေးကောက်ပွဲတွင် ပြုလုပ်ခဲ့ ခြင်းမျိုးကြောင့် ယခုအချိန်ထိ မှတ်ပုံတင်လိမ် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ထဲရောက်ရှိနေသည်ကို မဖြေရှင်းနိုင်ဘဲ ဤအတိုင်းလွှတ်ထားရသည် ။

အကယ်၍ လာမည့် -၂၀၁၅-ရွေးကောက်ပွဲတွင် ယင်းကဲ့သို့  မဲလိမ် မဲခိုးများ ပြသနာဖြစ်လာအောင် ပြုလုပ်မည် ဆိုလျှင် လွပ်လွပ်၍တရားမျှတသော ရွေးကောက်ပွဲမျိုး ဖြစ်လာလိမ့်မည် မဟုတ်ချေ ။ စင်စစ်အားဖြင့် ရခိုင်ပြည်နယ် အနောက်ဖက်နယ်မြေသည် အနက်ရောင်အဖြစ် သတ်မှတ်ရမည့် မဲဆန္ဒနယ်မြေဖြစ်သည် ။ ၄င်းနယ်မြေသည် မည်သည့်နည်းနှင့်မျှ မဲမပေးသင့်သော နယ်မြေအဖြစ် သတ်မှတ်ရမည်ဖြစ်သည် ။ နယ်စပ်ဖြတ်ကျော် ခိုးဝင်သည့် လူမျိုးများနှင့် ယခုအချိန်ထိ သန်ကောင်စာရင်း ကောက်ခံနိုင်ခြင်း မရှိသေးဘဲ ပဋိပက္ခများကို ဖန်တီးနေသော နယ်မြေဖြစ်ရာ ၄င်းနယ်မြေအား လုံးဝ မဲဆန္ဒနယ်မြေအဖြစ် မပြုလုပ်မှသာ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ယခုလို မဲလိမ် မဲခိုးသည်ဟု သံသယများမှ ကင်းလွပ်နေလိမ့်မည်ဖြစ်သည် ။ နှစ်ဖက်တိုက်ပွဲများဖြစ်၍ မဲဆန္ဒနယ်မြေအဖြစ် မသတ်မှတ်နိုင်ခြင်းထက် သေနတ်သံတစ်ချက်မျှ မပစ်ဖေါက်သော အနက်ရောင်အဖြစ် သတ်မှတ်ရန် အထူးလိုအပ်သည် ။

မဲဆန္ဒရှင်များပြည်သူများသည် ယခုအချိန်တွင် မည်သည့်ပါတီကို မဲပေးမည်ဆိုသည် သဘောမျိုး ထုတ်ဖေါ်ပြောဆိုနေကြပြီဖြစ်သည် ။ လေ့လာကြည့်မိသလောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထက် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးရန် ပြောဆိုနေကြသည် ။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးသောပြသနာများ၌ ရခိုင်လူမျိုးတို့ က သူတို့ လူမျိုးဖက်မှ ရပ်တည်ပြောဆို ဆောင်ရွက်ခြင်းကို လိုလားကြသည် ။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ မဟုတ်ပြန်သောအခါ မဲဆန္ဒရှင် ရခိုင်လူမျိုးတို့ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို လုံးဝမဲတစ်ပြားမျှ မပေးကြောင်း အတိအလင်း ပြောဆိုရေးသားနေကြသည်ကို တွေ့ မြင်ရသည် ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုမူ ရခိုင်လူမျိုးတို့ က ၄င်းကဲ့ သို့ မကြေညာကြ ။ သို့ အတူ ကချင်ပြည်နယ်မှလည်း ထိုနည်းအတိုင်းပင်ဖြစ်သည် ။ အခြားပြည်နယ်မှလည်း သို့ အတူ ပြောဆိုရေးသားနေကြသည်ကိုလည်း မြင်ရသည် ။

အခြားတဖက်မှာ သမ္မတဦးသိန်းစိန်က ဘင်္ဂလီကုလားများကို ပြတ်သားစွာ ပြောဆိုထားရာ မဲဆန္ဒရှင်ပြည်သူများက ဦးသိန်းစိန်အပါအ၀င် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား အထူးထောက်ခံလိုက်ကြသည် ။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတစ်ခုလုံးသည်ပင် မူဆလင်ကုလားများအရေးနှင့် ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်မှုကြောင့် ယခုအချိန်မှာ အစိုးရလည်းဖြစ် အစိုးရပါတီလည်းဖြစ်သော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် -၂၀၁၅-ခုနှစ်အတွက် မဲအသာရနေသည် ။ အခြားတစ်ဖက်မှာ မျိုးစောင့်ဥပဒေအတွက် ဆရာတော်င်္သဃာတော်မြတ်များက ဦးဆောင်ပြုလုပ်နေကြရာ မထောက်ခံသော လွှတ်တော်ကိုယ်စားလှယ်များကို မဲမပေးကြရန် ပြောဆိုစည်းရုံးသွားမည် ဟု ဆိုထားရာ ဗုဒ္ဒဘာသာဝင် မြန်မာတိုင်းရင်းသားလူမျိုးများအဖို့  ထောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်များကိုသာ မဲပေးကြလိမ့်မည်ဖြစ်သည် ။ ဒီမိုကရေစီရွေးကောက်ပွဲဆိုသည်မှာ မိမိက ဘာလုပ်ချင်သည်ဆိုခြင်းထက် မဲဆန္ဒရှင်များက ဘာကို လိုချင်သည်ဆိုခြင်းကို ဆောင်ရွက်ပေးရန် စည်းရုံးရေးဆင်းရသည် ။ ကိုယ်လုပ်ချင်သည်ကို ပြောနေ၍ မဲဆန္ဒရှင် ပြည်သူများကို ဂရုမစိုက် နေလိုက်ပြီဆိုလျှင် ရွေးကောက်ပွဲ၌ မဲမရရှိဘဲ အရည်အချင်းရှိသည့်တိုင် ဆုံးရှုံးသွားနိုင်သည် ။

ယခု သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ မိမိတို့ သမ္မတလုပ်ချင်သည်ဆိုခြင်းထက် မဲဆန္ဒရှင်ပြည်သူများက ဘာလုပ်ပေးပါဆိုသည်ကို ဆောင်ရွက်ပေးရန်လိုလားနေသည် ။ ဒီမိုကရေစီနိုင်ငံများတွင် မဲလိုသောအခါ မဲဆန္ဒရှင် ပြည်သူများအား လိုအပ်တာ လုပ်ပေးပါမည်ဟု ပြောသော်လည်း လွတ်တော်ကိုယ်စားလှယ်ဖြစ်သွားသောအခါ ပြည်သူများကို လှည့်မကြည့်တော့ဟု ပြောဆိုရေးသားနေသြည်ကို အမြဲတွေ့ ရဖူးသည် ။ မဲဆန္ဒရှင်များ၏ စိတ်ဆန္ဒများတွင် အကောင်းဆုံး လွှတ်တော်ကိုယ်စားလှယ်ကိုသာ ရွေးကောက်ပွဲ၌ မဲပေးကြမည်ဖြစ်သည် ။ မိမိကိုယ်ကို ကောင်းပါသည်ဟု ကြေညာနေ၍မရ ။ မဲဆန္ဒရှင် ပြည်သူများက ကောင်းပါသည်ဟု လက်ခံထားဖို့ လိုပါသည် ။ အထူးသဖြင့် လက်ရှိသမ္မတ ဦးသိန်းစိန်က လာမည့်-၂၀၁၅-ခုနှစ် အခြေအနေကို မည်သို့ မျှ မသိရှိရသေးဟု ပြောဆိုနေသည် ။ အကယ်၍ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် နောက်လာမည့်-၂၀၁၅-ခုနှစ်အတွက် ဆက်လက်ထမ်းဆောင်မည့် အသင့်တော်ဆုံး သာ ဖြစ်သည်ဟု ဆိုလျှင် သမ္မတဦးသိန်းစိန်ကား ဖြစ်နိုင်ခြေများစွာရှိနေသည် ။ သို့ သော် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိမှ ဦးသိန်းစိန်လည်း သမ္မတဖြစ်နိုင်မည့် အခြေအနေများသာဖြစ်သည် ။ ဆိုရလျှင် အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်သည် -၁၉၉၀-ခုနှစ်ကလို တနိုင်ငံလုံး၌ အနိုင်ရရှိမည့် လက္ခဏာ မဟုတ်သောကြောင့် ကံသေကံမ ပြောဆို၍မရသေး ။ ရသည့်တိုင်အောင် တပ်မတော်မှ ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးရမည့် အခြေအနေရှိမရှိ တွက်ချက်ကြည့်ရန်လိုသည် ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နောက်မှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေကား အာဏာရှင်ပလ္လင်ပေါ်မှာ စံပျော်နေတုံးဖြစ်သည် ။ ထို့ ကြောင့် -၁၅-နှစ်တိုင်တိုင် ရေးဆွဲထားသော ညောင်နှစ်ပင် အမျိုးသားညီလာခံ၏ အသက်သွေးကြောဖြစ်သော -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်ထဲတွင် ၀ှက်ဖဲတစ်ချပ်ဖြစ်နေသည် ။ နောက်ဆုံးတွင် -၂၀၁၅-ခုနှစ်၏ အစိုးရ၌ သမ္မတရာထူးကို ဗိုလ်ချုပ်မင်းအောင်လှိုင်က လက်ခံနိုင်သော အရည်အချင်း ရှိသူအဖြစ် ဆိုကာ တိုက်ပုံဝတ်ရပြီဆိုလျှင်မူ ထုံးစံအတိုင်း လက်ခံလိုက်ကြရတော့ဖြစ်သည် ။ ဆိုဗီယက်ရုရှားနိုင်ငံကို ဗိုလ်ချုပ်မင်းအောင်လှိုင်က ချစ်ကြည်ရေးခရီးသွားနေစဉ် သူရဦးရွှေမန်းက ကာလုံအစည်းအဝေးခေါ်ယူခြင်းသည် သူရဦးရွှေမန်းအတွက် အားပြိုင်မှုတစ်ရပ်ဟု အများက သုံးသပ်နေကြသည် ။ တိတိကျကျ ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို သမ္မတဖြစ်ရေးအတွက် ပုဒ်မ္မ( ၅၉-စ ) နှင့် အခြားဥပဒေပုဒ်မ္မများ ကို ပြင်ဆင်ပေးလိမ့်မည်ဟု ကျွန်တော်ကား လုံးဝဥသုံမထင် ။ ထို့ အတူ သူရဦးရွှေမန်းလည်း သမ္မတဖြစ်ရေးကို ဈေးဆစ်နေရသကဲ့ သို့  ကြံ့ဖွံ့ပါတီညီလာခံတွင် သုံးသပ်ချက်များအရ သူလည်း သမ္မတကံဇါတာနှင့် လုံးဥသုံ မပါတ်သက်ဟု ထင်မြင်ပါကြောင်း ။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )


ချိန်းဆိုထားသည့် အချိန်ထက် နာရီ ဝက်ခန့် နောက်ကျနေပြီဖြစ်သည့်အတွက် တံခါးတစ်ချပ်ဟထားသော ခြံဝင်းအတွင်း ခွင့်မတောင်းဘဲ ကျွန်တော်အသော့ ဝင် သွားခဲ့ သည်။ ခြံဝင်းက ပထမအကြိမ် လာခဲ့တုန်းကထက် ပိုသပ်ရပ်သန့်ရှင်းနေသည်ကို တွေ့ရသည်။ အမှတ်-၆၂၊ ချင်းတွင်းလမ်း၊ ကမာ ရွတ်။ ရန်ကုန်မြို့သည် အိမ်နံပါတ်တူ၍ အင်္ဂလိပ်အက္ခရာ သို့မဟုတ် မြန်မာအက္ခရာ များ ထပ်ပေါင်းတပ်ထားသည့်နေရာများ မြို့နယ်တိုင်းတွင်ရှိသည်။ ချင်းတွင်းလမ်း အိမ်အမှတ်-၆၂ ချင်းတူပုံက ထူးခြား သည်။ အိမ်ချင်းက တစ်ခြံကျော်ဖြစ်သည်။ တစ်ဦးက သခင်မြ။ နောက်တစ်ဦးက ဦးအုန်းမောင်။

အာဇာနည်ပုဂ္ဂိုလ်ကြီး နှစ်ဦး။ တစ်ပြိုင်တည်း လုပ်ကြံခံခဲ့ရ၍ အသက်ဆုံးရှုံးခဲ့ရသူများ။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁ဝ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်း (ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ)အပါအဝင်
ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချို၊ ထောက်ပံ့ရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘဝင်း၊ ဘဏ္ဍာရေးဝန်ကြီး သခင်မြ၊ စက်မှုလက် မှုနှင့် အလုပ်သမားဝန်ကြီး မန်းဘခိုင်၊ တောင်တန်းဒေသဆိုင်ရာဝန်ကြီး မိုင်းပွန် စော်ဘွားကြီးစဝ်စံထွန်း၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး ဦးရာဇတ်၊ လမ်းပန်းဆက်သွယ်ရေး အတွင်းဝန် အိုင် စီအက်စ် ဦးအုန်းမောင်နှင့် ဦးရာဇတ်၏ သက်တော်စောင့်ရဲဘော်ကိုထွေးစသည့် အာဇာနည် ၉ ဦးလုပ်ကြံခံခဲ့ရသည်ကို ယနေ့ထိ မမေ့ကြသေး။

ယခု ကျွန်တော် ကွယ်လွန်သူ အာ ဇာနည်ပုဂ္ဂိုလ်ကြီး ၉ ဦးထဲမှ ဦးအုန်းမောင် ၏ ကျန်ရစ်သူမိသားစုများ နေထိုင်ရာအိမ် ခြံဝင်းအတွင်း ရောက်နေသည်။ အာဇာနည်ပုဂ္ဂိုလ် တို့၏ မိသားစု ဝင်များရှိကြသေးကြောင်း လူတိုင်းသိသော် လည်း ကြင်ရာဇနီးများထဲက ဦးအုန်း မောင်၏ ဇနီးတစ်ဦးသာ ကျန်သည်ကို သိသူအတော်နည်းသည်။ ခြံဝင်းတံခါးမှ အိမ်သို့သွားရာ လမ်းတစ်လျှောက်ထိုသို့ စဉ်းစားရင်း လျှောက်သွားရာ ဦးအုန်း မောင်၏ အငယ်ဆုံးသား ရန်ကုန် တက္ကသိုလ် ကုန်ထုတ်ဓာတု ပါမောက္ခ ဟောင်း ဒေါက်တာမင်းမြင့် အိမ်ဝမှ ဆီး ကြိုနှုတ်ဆက်သည်။

ကျယ်ဝန်းသည်ဟု မဆိုနိုင်သော ခြံဝင်းထဲ၌ နှစ်ထပ်တိုက်တစ်လုံးမှာ အ ပြင်ပန်းကကြည့်ပါမူ တစ်ချိန်က အတွင်း ဝန် (အိုင်စီအက်စ်) ဦးအုန်းမောင် သို့ မဟုတ် တိုင်းပြည်အတွက် အသက်ပေး သွားသော အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အရှိန်အဝါအငွေ့အသက်ဟူ၍ မတွေ့ရ ဘဲ ဆင်ဝင်အောက်၌ခေတ်ဟောင်း အိမ် စီးကား ခပ်နွမ်းနွမ်းတစ်စီးသာ တွေ့ရ သည်။ သို့သော် ကားကိုမြင်ရုံဖြင့် တစ် ချိန်က ငွေကြေးဂုဏ်ပကာသန ကြွယ်ဝခဲ့ သူများအဖြစ် မှန်းဆနိုင်သည်။

အိမ်အတွင်းထဲ ဝင်လိုက်ချိန်တွင် ဘယ်ဘက်ဘေး၌ ဧည့်ခန်းကို တွေ့ရပြီး အသက်အရွယ် အလွယ်တကူ ခန့်မှန်း၍ ခက်နိုင်သော အသားဖြူဖြူ ခန္ဓာကိုယ် သေးသေး အဖွားအိုတစ်ဦးနှင့် အသက် ၇ဝ ဝန်းကျင် အမျိုးသားကြီးတစ်ဦး ထိုင် နေကြသည်။ ယင်း အဖွားအိုသည် လက် ရှိ၌ ဦးအုန်းမောင်၏ ကျန်ရစ်သူဇနီး အသက် ၉ဝ နှစ်ရှိ ဒေါ်သိန်းကြွယ်ပင်။ အခြားတစ်ဦးမှာ ဦးအုန်းမောင်နှင့် ဒေါ်သိန်းကြွယ်တို့၏ သုံးဦးသော သား ရတနာများထဲက အကြီးဆုံးသား။ ၎င်း သည်လည်း တစ်ချိန်က ရန်ကုန်စက်မှု တက္ကသိုလ်ကြီးမှ ဆရာတစ်ဦးဖြစ်သူ ဦးတင်မောင်သိန်း။

”လက်ရှိတော့ အမေနဲ့ ကျွန်တော် နှစ်ယောက်ပဲ ဒီမှာနေတယ်” ဟု ဒေါက် တာမင်းမြင့်က ထိုင်စရာနေရာညွှန်ပြရင်း က သူ့အမေ သူ့အစ်ကိုကြီးဖြစ်သူတို့နှင့် မိတ်ဆက်ပေးရင်း ပြောသည်။ ဒေါက်တာမင်းမြင့်၏ အဆိုအရ ၎င်း၏ဇနီးမှာ နေပြည်တော်၌ အလုပ် တာဝန်ဖြင့်ရောက်နေပြီး သူ့တွင် သားနှစ် ဦးရှိကြောင်း၊ အစ်ကိုကြီး ဦးတင်မောင် သိန်းမှာလည်း ၎င်း၏ မိသားစုဖြင့်ပင် သပ်သပ်နေကြောင်း ဆက်ပြောသည်။ ယင်းနောက် အပြန်အလှန် နှုတ် ဆက်၍ ကွယ်လွန်သူ အာဇာနည်ပုဂ္ဂိုလ် ကြီးများနှင့် ခင်ပွန်းဖြစ်သူ ဦးအုန်းမောင် အကြောင်း စမေးလိုက်ချိန်တွင် အဘွား ဒေါ်သိန်းကြွယ်၏ ကြည်လဲ့နေသောမျက် ဝန်းအစုံမှာ အဝေးတစ်နေရာ သို့ ရောက် နေ သည်။

”အဘွားက အဲဒီတုန်းက အသက် ၂၄ နှစ်ပဲ ရှိသေးတယ်။ သားအငယ်ဆုံးက တစ်နှစ်ကျော်ကျော်၊ အကြီးဆုံးသားကြီး က ခုနစ်နှစ်လောက်ရှိပြီပေါ့’ ဟု ပြောရင်း လွင့်ပြယ် ဟန်ရှိနေသော စိတ်တို့ကို ပြန် စုစည်းလိုက်ဟန်ပြုသည်။ ထို့နောက်တွင် ခင်ပွန်းသည်ဦးအုန်းမောင်နှင့် အာဇာ နည်ပုဂ္ဂိုလ်ကြီးများအကြောင်း လွတ်လပ် ရေးအကြို ကာလ မြန်မာနိုင်ငံအကြောင်း တစ်စွန်းတစ်စ။

”အဲဒီနေ့က(ဇူလိုင် ၁၉ရက်) နေ့ လယ်ဘက် အစည်းအဝေးရှိလို့ ပြန်လာ မယ်။ အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်တို့ လုပ် မယ့် အစည်းအဝေးမှာ လမ်းပန်းဆက် သွယ်ရေးကိစ္စတင်ပြစရာရှိလို့ဆိုပြီး သွား တာပဲ။ အဲဒီရုံးမှာ ဝန်ထမ်းအဖြစ် လုပ်နေ တဲ့ အသိတစ်ယောက်က ကိုအုန်းမောင်တို့ သေနတ်နဲ့ပစ်ခံရတယ်ဆိုပြီး ဖုန်းလှမ်း ဆက်တယ်။ ဒါနဲ့ သေသလားရှင်သလား မသိဘူး။ ဆေးရုံလိုက်သွားတာ” ဟု အဘွားဒေါ်သိန်းကြွယ်က ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က အဖြစ်အပျက် ကို ပြန်ပြောင်း ပြောပြသည်။ သို့သော် ထိုနေ့က ခင်ပွန်းဦးအုန်း မောင်အပါအဝင် မည်သည့်ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုမျှ ဆေးရုံတွင် သေသည် ရှင်သည် သိခွင့်မရခဲ့။ ဆေးရုံရောက်လာ သော ၎င်း(ကလေး ၃ ဦး မိခင်အသက် ၂၄ နှစ်အရွယ် မသိန်းကြွယ်)ကို ပြန်လွှတ် လိုက်ကြောင်း အဖွား ဒေါ်သိန်းကြွယ်က ဆို သည်။ ဆေးရုံ၌ထားစဉ်ရက်၌ သေဆုံး သူခင်ပွန်းအား မတွေ့ခဲ့ရသော်လည်း ဂျူဗလီဟောတွင် ထားသည့် ၁ဝ လတာ ကာလအတွင်း နေ့စဉ်မပျက် သွားရောက် ကြည့်ရှုမှုပြုခဲ့ကြောင်း ပြောသည်။

”ဂျူဗလီဟောမှာထားတဲ့ လပေါင်း များစွာကို အဖွားနေ့တိုင်း သွားကြည့် တယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူ တွေလည်း လာကြ။ ငိုကြယိုကြပေါ့။ ဗိုလ် ချုပ်အောင်ဆန်းနဲ့ တိုင်းပြည်ခေါင်းဆောင် ကြီးတွေကို တစ်နိုင်ငံလုံးချစ်ကြတာကိုး” ဟု မှတ်ချက်ပြုသည်။ထို့အပြင် အဖွားဒေါ်သိန်းကြွယ်က ခင်ပွန်းဦးအုန်းမောင်နှင့် ပတ်သက်၍ ဂုဏ်ယူစရာများပြောသည်။ ပညာတတ် တစ်ဦးဖြစ်သူ ဦးအုန်းမောင်မှာ ထိုစဉ်က နိုင်ငံခြား၌ အိုင်စီအက်စ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ပုံနှင့် ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ဗမာအစိုးရ ကို ငြိမ်းချမ်းရေးကိစ္စ တတ်စွမ်းသရွေ့ ကူ ညီခဲ့ပုံစသည်ဖြင့် ဂုဏ်ယူသည့်ဟန် ပြော ပြသည်။

”ကိုအုန်းမောင်က လူချစ်လူခင်ပေါ တယ်။ ဗိုလ်ချုပ်နဲ့လည်း ခင်တယ်။ ခင် တယ်ဆိုတာက အဲဒီတုန်းက ကချင် က ဆမားဒူးဝါးကြီး (ကချင်ခေါင်းဆောင် ဆမားဒူးဝါး ဆင်ဝါးနောင်) တို့ ဗိုလ်ချုပ် နဲ့တွေ့ဆုံညှိနှိုင်းဖြစ်အောင် ကိုအုန်းမောင် က ကြားကလုပ်ပေးရတာ” ဟု ခင်ပွန်း သည်ဖြစ်သူ တိုင်းရင်းသားအရေးကိစ္စ များ ဆောင်ရွက်ပေးခဲ့ ပုံကို ပြောသည်။ ဂုဏ်ယူစရာခင်ပွန်းသည် အကြောင်း နှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ အကြောင်း ပြောချိန်များသည် အများအားဖြင့် တည် ငြိမ်သည် ဟုထင်ရသော်လည်း ဆို့နင့်စရာ ဖြစ်ရပ်ကြီးအတွက် စိတ်အတော်ထိန်း ထားရကြောင်း မျက်ဝန်းတို့က တစ်စတစ် စ လှစ်ဟပြသည်။

”အခုချိန်ဒါတွေ ပြန်မပြောချင်တော့ ပါဘူး။ စိတ်မကောင်းစရာတွေ” ဟု တိုးလျ လျလေသံလေးဖြင့် ရေရွတ်လိုက်သေးသည်။ အမှန်ပင်ဖြစ်သည်။ မိသားစုဝင် မဆိုထားဘိ။ တစ်တိုင်းတစ်ပြည်လုံးရှိ ပြည်သူတစ်ရပ်လုံး ငိုကြွေးခဲ့ရသည့် ဖြစ် ရပ်ပင်။ ထိုနေ့အစောပိုင်းကတည်းက ကောင်းကင်ကြီး

ငိုကြွေးခဲ့သည်ပဲလေ။ နောက်ကျေးငှက်တွေ၊ နတ်ကောင်းနတ် မြတ်တွေ။ အားလုံးငိုကြွေးခဲ့ကြမှာပါ။ ငိုကြွေးသော ဘဝတွေက ခုဆို နှစ်ပေါင်း ၆ဝ ကျော် ၇ဝ ဝန်းကျင် ရှိပြီ ဖြစ်သည်။ ငိုကြွေးသောဘဝတွေထဲ အာ ဇာနည်ဆိုသော နာမ်စားတွေသည်လည်း အကြိမ်ကြိမ် ပစ်ချခံခဲ့ရသည်။ ငိုကြွေးသူ တို့ကို စိတ်ဖြေဆေးမထိုးဘဲ မေ့ဆေးတွေ အကြိမ်ကြိမ်တိုက်ခဲ့ကြသည်။ အပြစ်ရှိ သူက ငိုကြွေးသူလား။ ကြွေလွင့်နာမ်စား တွေလား။ ဘယ်သူက အာဏာပါးကွက် သားပါလို့ ဝန်ခံပါမည်နည်း။

”အာဇာနည်နေ့နဲ့ ပတ်သက်လို့ တော့ အာဇာနည်ကုန်းကြီး ဗုံးခွဲမခံရခင် အထိ အမှတ်ရစရာလေးတွေ ရှိပါတယ်။ အမှတ်ရစရာကောင်းတာကတော့ သမ္မတ မန်းဝင်းမောင်လက်ထက်ကပဲ။ အာဇာ နည်မိသားစုတွေ ကို အရမ်းဂရုစိုက်ခဲ့တာ ဦးနေဝင်းခေတ်ရောက်တော့ အာဇာနည် နေ့ ရောက် ရင်လာနှုတ်ဆက်ပြီး အဆင် ပြေလား ဘာလားမေး တယ်။ မိသားစုစုံစုံ ညီညီနဲ့ အာဇာနည်ကုန်းတက် ဂုဏ်ပြုနဲ့ မဆိုးပါဘူး။

ဒီဘက်နောက်ပိုင်းတော့ အဲ ဒီတုန်းကလိုတောင် မရှိတော့ပါဘူး” ဟု အာဇာနည်နေ့ အထိမ်းအမှတ်များနှင့် အ မှတ်တရများအကြောင်း အဘွားဒေါ်သိန်း ကြွယ်က ပြန်ပြောင်းပြောပြသည်။ ထိုသို့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ အား အမေ့လျော့ခံများအဖြစ် အသက်သွင်း ပေးခဲ့သည့် အာဏာရှင်အစိုးရ အဆက် ဆက်ကို အာဇာနည်မိသားစုဝင်တိုင်း က ပြစ်တင်ပြောကြားမှု အသီးသီးပြုလုပ်ကြ သည်။ မလွန်ပါ။ ကျွန်တော် တို့ မေ့ခဲ့ကြသည်ပဲလေ။

”သခင်မြဆို ပန်းခြံလားမေးတယ်။ စိတ်မကောင်းဘူးပေါ့”
ကွယ်လွန်သူ အာဇာနည်ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သူ ဘဏ္ဍာရေးဝန်ကြီး သခင်မြ ၏ အသက် ၂၇ နှစ်အရွယ် မြေးဖြစ်သူက ပြောကြားခဲ့ဖူးသော စကားတစ် ခွန်း။ နောက် တစ်ဦးက ဆိုပြန်သည်။ ”တောင်း ဆိုပိုင်ခွင့်မရှိဘူး” ဟု ဆိုသည်။ ”အာဇာနည်နေ့ကို ဂရပ်ဖ်နဲ့ ပြရင် အခုပြန်တက်လာတဲ့ သဘောပေါ့။ နိုင်ငံ တော်သမ္မတ အဆင့်ကနေ မြို့တော်ဝန် လောက် ရောက်သွား။ အခု ဒုသမ္မတပြီးခဲ့ တဲ့နှစ်က ပြန်တက်တယ်ဆိုတော့ ပြန် တက်လာပြီပေါ့။ မကြာခင် အရင်ပုံစံပြန် ရောက်မယ်ထင်တာပဲ” ဟု ဦးအုန်းမောင် ၏ သား ရန်ကုန်တက္ကသိုလ် ကုန်ထုတ် ဓာတုဌာနပါမောက္ခဟောင်း ဒေါက်တာ မင်းမြင့်က ပြောသည်။

မှန်ပါသည်။ မိသားစုဝင်များသာ မက မြန်မာပြည်အရပ်ရပ်မှ အာဇာနည် ပုဂ္ဂိုလ်ကြီးများအား လေးစားတန်ဖိုးထား သူတိုင်း နိုင်ငံတော်အဆင့်ဆိုသော ဂုဏ် ပြုမှုနှင့် ထိုက်တန်သည်ဟု ပြောကြသည်။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုဖို့ အဆက် ဆက် လမ်းညွှန်မှာကြား မိန့်ဆိုခဲ့ကြသည် ပဲလေ။ မိသားစုဝင်များအဖြစ်သည် နှုတ် ဆက် အနမ်းလောက်မှ မထိုက်တန်သူ များလား။ကျွန်တော်တို့ အာဇာနည်ပုဂ္ဂိုလ် ကြီးဦးအုန်းမောင်၏ ဇနီးလက်ရှိနေသော အိမ်ခန်းအ တွင်းမှ ပြန်ထွက် မည်ပြုဟန် ပြင်ချိန် တွင် မှောင်ရီပျိုးနေပြီ ဖြစ်သည်။ ခြံပြင်ရောက်ချိန်တွင် မပီပြင်ဝိုးတ ဝါး။ အရာဝတ္ထု၊ လူပုဂ္ဂိုလ်၊ ကားများ၊ လမ်းများ။ ဘယ်အရာမှ မသဲကွဲ။ ကျွန် တော်၏ ခြေလှမ်းတို့က ဆန္ဒနှင့် ထပ်တူ မကျ။ ကမ္ဘာမြေပေါ် လျှောက်လှမ်းဖို့ ထိုက်တန်သူလား ပြန်မေးမိသည်။ မဖြေ နိုင်။

မိုးမြင့်မြတ် (Popular Myanmar News Journal)


အမျိုးသားလွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ၆၆ နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသောအားဖြင့် လွမ်းသူ့ပန်းခွေနှင့်လွမ်းသူ့ပန်းခြင်းများ ချပြီး ကန်တော့ခဲ့ပါသည်။
News and Information Department of NLD,DVB


အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မိသားစုများ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ လာရောက်တွေ့ဆုံနှုတ်ဆက်။

ယနေ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့တွင် အမှတ်(၅၄)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ၆၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆရာတော်ကြီးများအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ဒီနှစ်ရဲ့ထူးခြားချက်ကတော့ ရွှေတောင်ကုန်းဆရာတော်အပြင် ဆရာတော် အရှင်ဆန္ဒာဓိက၊ သီတဂူဆရာတော် ဦးဥာဏိဿရ စသည့် ဆရာတော်ကြီးများကြွရောက်ခြင်းပဲဖြစ်ပါတယ်။
နောက်ထူးခြားမှုတခုကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့မိသားစုလည်း လာရောက်ကြပါတယ်။
ဒီကနေ့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ (၅၄)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် ရောက်ရှိနေတဲ့ကားတွေအားလုံး ၁၀နာရီ ၃၇ မိနစ်မှာ ဟွန်းတီးအလေးပြုဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။
တရားပေးမယ့် ရွှေတောင်ကုန်းဆရာတော်ကြီးကိုလည်း ၁၀နာရီ ၃၇မိနစ်ကြရင် ကားတွေဟွန်းတီးမှာမို့လို့ တရားဟောအနှောင့်အယှက်ဖြစ်မလားဟု အမက လျှောက်ထားပါတယ်။ တမြို့လုံးဟွန်းတွေတီးတဲ့အချိန်မှာ ဆရာတော်ဘုရားက တရားပေးတာ ရပ်နားပေးခဲ့ပါတယ်။

Soe Nyunt





ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးအတွင်းမှာ မိန့်ခွန်းပြောကြားပြီးနောက် ရုံးရှေ့ရှိ ထောက်ခံအားပေးသူများ၏ တောင်းဆိုမှု့ကြောင့် အဖွဲ့ချုပ် ရုံးပြင်မှာ တစ်ကြိမ် ထပ်မံ မိန့်ခွန်းပြောကြားခဲ့တာလဲ ဖြစ်ပါတယ်... ဒီကနေ့ အာဇာနည်နေ့ မှာ အမေစု က လူထုကို မိန့်ခွန်း နှစ်ကြိမ်ပြောကြားပါတယ်.
ဒီကနေ့ အာဇာနည်နေ့ မှာ အမေစု က လူထုကို မိန့်ခွန်း နှစ်ကြိမ်ပြောကြားပါတယ်... ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးအတွင်းမှာ မိန့်ခွန်းပြောကြားပြီးနောက် ရုံးရှေ့ရှိ ထောက်ခံအားပေးသူများ၏ တောင်းဆိုမှု့ကြောင့် အဖွဲ့ချုပ် ရုံးပြင်မှာ တစ်ကြိမ် ထပ်မံ မိန့်ခွန်းပြောကြားပါတယ်... ( ရိုက်ကူး . တည်းဖြတ် .. ခွန်ခေါင် (ခ) မောပြေ)

ယခင် နအဖအစိုးရ အကြီးအကဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) တာဝန်ထမ်းဆောင်စဉ်က၄င်း၏ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်စိုးရှိန်သည်ဇူလိုင်လ (၉)ရက်နေ့ က နေပြည်တော် လယ်ဝေးရှိ လယ်ယာလုပ်ကိုင်နေသူအချို့ ကို သေနတ်ဖြင့်ခြိမ်းခြောက်ခြင်း၊ အုပ်စုဖြင့် လက်နက်ကိုင်
ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းကိစ္စကို သက်ဆိုင်ရာရဲစခန်းနှင့် တရားရုံးများသို့ တိုင်ကြားခဲ့သော်လည်း အရေးယူမှု မရှိခဲ့ပေ။

နေပြည်တော် လယ်ဝေးမြို့ နယ်မှ လယ်ယာလုပ်ကိုင်သူ ကိုအောင်သန်းဦးကသူသည် လယ်ယာမြေအတွင်း ပေါင်းပင်များရှင်းလင်းနေစဉ် ဗိုလ်ချုပ်စိုးရှိန်က
လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မျက်မြင်သက်သေများကဗိုလ်ချုပ်စိုးရှိန်သည် ကိုအောင်သန်းဦးကို အလုပ်လုပ်ရာမှ ရပ်တန့် ရန်နှင့်ချက်ချင်းလယ်မြေမှ ထွက်ခွာသွားရန်၊ ပြောသည့်အတိုင်း မပြုလုပ်ပါကသေနတ်ဖြင့် ပစ်ခတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မြန်မာတိုင်းမ်းကိုပြောခဲ့သည်။ ဗိုလ်ချုပ်စိုးရှိန်နှင့် ပါလာသောအဖွဲ့ ဝင်က ကိုလှိုင်ဖြိုးဝင်းကိုကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း ပြောခဲ့သည်။ ကိုအောင်သန်းဦးကသူ့ အနေဖြင့် ဗိုလ်ချုပ်စိုးရှိန် သေနတ်ကို ဆွဲထုတ်လိုက်သည့်အချိန်
ကြောက်ရွံ့ စိုးရိမ်မိကြောင်း ပြောခဲ့သည်။

“ဗိုလ်မှူးချုပ်စိုးရှိန်က သူ့ သေနတ်ကိုဆွဲထုတ်ပြီး ကျွန်တော့်ခေါင်းကိုချိန်ခဲ့တယ်။ပြီးတော့ ကျွန်တော်အလုပ်လုပ်နေတာကို ရပ်ဖို့ ခိုင်းတယ်။ ကျွန်တော်ကြောက်ပြီး
ထွက်ပြေးတယ်။ ဒါပေမယ့် သူအနောက်ကလိုက်လာတယ်။(အဖော်ငါးယောက်လောက်ပါ) ပြီးတော့ သူတို့ လက်ထဲမှာ ဓားတွေပါတယ်” ဟုပြောခဲ့သည်။ ယင်းလယ်တွင် စာရင်းငှားလုပ်ကိုင်နေသူ ကိုဇော်မင်းက နေ့ လယ်၁၁ နာရီခန့် အချိန်တွင် ဗိုလ်ချုပ်စိုးရှိန်နှင့်အဖွဲ့ သည် အဆိုပါလယ်မြေသို့ ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်းပြောခဲ့သည်။

“သူတို့ နှမ်းခင်းတွေနားမှာ ယာဉ်ကိုရပ်လိုက်ပါတယ်။ ပြီးတော့ သူတို့ လယ်ထဲဝင်လာကြတယ်။ ပြီးတော့ ကျွန်တော်တို့ အလုပ်လုပ်နေတာကို ရပ်ဖို့ ပြောတယ်။
ဗိုလ်ချုပ်စိုးရှိန်က သူ့ သေနတ်ကိုဆွဲထုတ်ပြီး သူ့ (ကိုအောင်သန်းဦး)ကိုချိန်ပြီးတော့အလုပ်လုပ်တာရပ်ဖို့ ပြောတယ်။ သူကြောက်ပြီးတော့ ရွာဘက်ကို
ထွက်ပြေးတယ်။ ဒါပေမယ့်ဗိုလ်ချုပ်စိုးရှိန်နဲ့ သူ့ အဖော်တွေက သူ့ နောက်ကိုဓားတွေနဲ့ လိုက်ကြတယ်” ဟုကိုဇော်မင်းက ပြောသည်။

ယင်းဖြစ်စဉ်အပေါ် ဗိုလ်ချုပ်စိုးရှိန်က “သူတို့ တွေကို ဒီလိုမလုပ်ဖို့ ကျွန်တော် အမြဲတမ်းသတိပေးခဲ့တာ။ ဥပဒေကြောင်းအရ ဒီလယ်မြေကိုကျွန်တော်ပိုင်တယ်။ ဒါပေမယ့် သူတို့ က ဒီမှာဆက်နေတုန်းဘဲ။ဒါ့ကြောင့် သူတို့ ကို ချက်ချင်းထွက်သွားအောင် နည်းနည်းလေးသတိပေးလိုက်တာပါ” ဟု Myanmar Time တွင် ပြောကြားထားသည်။

ဗိုလ်ချုပ်စိုးရှိန်က ၄င်းကိုယ်တိုင်ဝန်ခံပြောကြားမှုရှိခဲ့သော်လည်း သက်ဆိုင်ရာရဲစခန်းနှင့် တရားရုံးတို့ က အရေးယူမှုမရှိကြောင်း ဒေါ်စန္ဒာမင်း (ဇဗ္ဗူသီရိမြို့ နယ်
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)က..

“ကျွန်မတို့ ရုံးကိုလာပြီးတော့ မြေယာသိမ်းတဲ့ကိစ္စတွေနဲ့ ပက်သက်ပြီးလာပြီးတိုင်ကြားပါတယ်။ တိုင်ကြားတဲ့အခါမှာ ကျွန်မကြည့်လိုက်တဲ့အခါ သူတို့ စာလည်းရေးထားတယ်ပေါ့နော်။ ပထမတော့ သူတို့ သက်ဆိုင်ရာနယ်မြေရဲ့ လယ်ဝေးရဲစခန်းကို သွားတိုင်တဲ့အခါ လယ်ဝေးရဲစခန်းက အရေးယူမပေးဘူး။တရားရုံးကို ဦးတိုက်လျှောက်ပါလို့ ပြောတယ်။ တရားရုံးကို ဦးတိုက်လျှောက်တော့သူတို့ နဲ့ မသက်ဆိုင်ဘူး။ ရဲစခန်းမှာဘဲ အမှုပြန်ဖွင့်ပါလို့ ပြောတော့သူတို့ အမှတ် (၁) ရဲစခန်းကို အကြောင်းကြားတော့ အရေးယူပေးပါ့မယ်လို့ 
ပြောတယ်။ သူတို့ အမှတ် (၁) ရဲစခန်းကို ရောက်လာတဲ့အခါမှာလည်း အမှတ် (၁)ရဲစခန်းက အရေးယူမပေးပါဘူး။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာကိုမှအရေးမယူဘူး” ဟု
ပြောသည်။

ရဲစခန်းမှာ လယ်ယာမြေကိစ္စများကို လွှတ်တော်မှ ဖြေရှင်းပေးနေ၍လွှတ်တော်တွင်သာ သွားဖြေရှင်းရန်ပြောကြား၍ လယ်သမားများမှ
လယ်ယာမြေရရှိရေး တိုင်ကြားခြင်း မဟုတ်ဘဲ လက်နက်ပြခြိမ်းခြောက်တဲ့အတွက် လာရောက်တိုင်ကြားရခြင်းဖြစ်ကြောင်းကို ဆိုသော်လည်း အရေးယူပေးခြင်းမရှိဟု
ဒေါ်စန္ဒာမင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယခုပြဿနာဖြစ်ပွားနေသော လယ်ယာမြေနှင့်ပက်သက်၍ လယ်သမားများသည်လွန်ခဲ့သော နှစ်ပေါင်း (၂၀)ကပင် လုပ်ကိုင်နေကြသည်မှာ မှန်သော်လည်း
၎င်းတို့ တွင် ပိုင်ဆိုင်မှုအထောက်အထား မပြသနိုင်ကြောင်းနှင့် ပြဿနာဖြစ်ပွားသော တပ်မတော်အရာရှိကမူ ထိုနေရာတွင် ဧက (၃၀) မျှ ပိုင်ဆိုင်ကြောင်း အထောက်အထား လုပ်ထားနိုင်ကြောင်းနှင့် လွန်ခဲ့သော (၂)နှစ်ကပင်၎င်းနာမည်ဖြင့် မြေခွန်ဆောင်လျက်ရှိသည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

လယ်ယာမြေကိစ္စအပေါ် ဗိုလ်ချုပ်စိုးရှိန်သည် လယ်ယာမြေဥပဒေကို ချိုးဖောက်ကာလယ်ဝေးမြို့ နယ်အတွင်း လယ်မြေဧက (၅၀၀)ကို ၂၀၁၀ - ၂၀၁၁ ခုနှစ်က
ရယူသွားကြောင်း Myanmar Time တွင် ဖော်ပြထားသည်။

ယခုဖြစ်ရပ်နှင့် ပက်သက်၍ ၀ါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က..

“ဦးသန်းရွှေလို ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်ရေးအရာရှိဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့  ဒီလိုဟာမျိုးကို ထိန်းသိမ်းသင့်တယ်လို့ ယူဆတယ်။ ဦးသန်းရွှေရဲ့ 
မြေးတစ်ယောက်က ဟိုတလောက ယာဉ်ထိန်းရဲတစ်ယောက်ကို ပါးရိုက်တာဆိုတာမျိုးတွေ၊ အခု သူနဲ့ ပက်သက်တဲ့လူတစ်ယောက်က ဒီလိုလုပ်တယ်ဆိုတဲ့
အခါကျတော့ တိုင်းပြည်မှာ သူတို့ ရဲ့ ပုံရိပ်က မကောင်းနိုင်ဘူး။ အမှန်တော့တိုင်းပြည်မှာ သူတို့ ရဲ့ ပုံရိပ်ကလည်း ကောင်းတာလည်း မရှိပါဘူး။
ဒီလိုမကောင်းတဲ့အထဲမှာ ဒီလိုထပ်ပြီးဖြစ်တယ်ဆိုရင်တော့ သူတို့ နဲ့ ပက်သက်တဲ့လူတွေ အကုန်လုံးကနေ တားဆီးပြုပြင်မှုလုပ်သင့်တယ်လို့ 
ထင်တယ်..” ဟု ပြောသည်။

(မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ ၂၊ အမှတ် ၁၉ တွင် ဖော်ပြပါရှိသော“ဗိုလ်ချုပ်မှူးကြီး၏ကိုယ်ရေးအရာရှိ ဗိုလ်ချုပ်စိုးရှိန် နေပြည်တော်တွင်
လယ်သမားများကို သေနတ်ဖြင့်ခြိမ်းခြောက် ဟု မြန်မာတိုင်းမ်တွင်သတင်းဖော်ပြ” သတင်းဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါသည်)

Aung myo Tun

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.