07/23/13



ဆရာတော် အရှင် ဆန္ဒာဓိက ( ရွှေပါရမီတောရ ) မှ လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် မတရား ရယူ သွားသောဗိုလ်ချုပ်အောင်ဆန်းလက်ရေးစာမူစာအုပ်အား မူရင်းပိုင်ရှင် ရေနံချောင်းမြို့အားပြန်လည်ပေးအပ်ရန်နှင့်…ပေးအပ်ခြင်းမရှိပါက ဆရာ တော်မှ…ဆန္ဒပြထုတ်ဖော်သင့်ကြောင်းပြောဆိုခဲ့သည်။

ရေနံချောင်းဒေသခံများအနေဖြင့် ယခုစာအုပ်အား ပြန်လည်ရယူရန်ကြိုးစား အားထုတ်ခြင်း မပြုပါက…ဆရာတော်အနေဖြင့်ဇာတိ ရေနံချောင်းမြေကိုဘယ်သောအခါမှ ခြေချမည်မဟုတ်ဆိုတာကိုလည်း မိန့်ကြားခဲ့ပါသည်…ဆရာတော်မှ ဗိုလ်ချုပ်လက်ရေးစာမူ ကိစ္စနဲ့ ပတ်သက်ပြီး….ဒေါ်လာ သန်းတစ်ထောင်ပေးမည်ဆိုရင်တောင်မှ မလဲနိုင်ဟု ပြတ်ပြတ်သား သား မိန့်တော်မူခဲ့ပါသည်။
Credit – YNG Obo
အသံဖိုင်..Maung Maung Wann


ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးစာမူအား ခေတ္တခနကြည့်ချင်လိုပါဆိုလို့ ရေနံချောင်းမြို့အထက ( ၁ ) မှ ကျောင်းအုပ်ဆရာမကြီးမှ ခွင့်ပြုလိုက်ပါသည်၊ ဆရာမကြီးမှ ယူဆောင်သွား
ခြင်းကို ခွင့်မပြုခဲ့ပါ.....အဓမ္မယူဆောင်သွားခြင်းအတွက် နှမြောတ တဖြစ်သည့်အကြောင်းယ...ူဆောင်သွားသူများမှာ ဆရာမကြီးပြောစကားအရ ( လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ )......
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကိုဆိုလိုခြင်းဖြစ်ပါသည်။...မည်သို့ပင်ဆိုစေ...လူထုဆန္ဒမပါပဲ...အဓမ္မယူဆောင်သွားခြင်းအတွက်....ကြံ့ဖွတ်ပါတီမှ လွှတ်တော်ကိုယ်
စားလှယ်ဆိုသူများကို ပြင်းထံစွာ ရှုတ်ချပါသည်။

ဆရာမကြီး ဒေါ်မူမူထွန်း ၏ အင်တာဗျူး အသံဖိုင်အား ပူးတွဲတင်ပေးလိုက်ပါသည်။ ယခု လက်ရေးစာမူအတွက် ယဉ်ကျေးမူ့ဝန်ကြီးဌာနမှ အမျိုး
သားပြတိုက်အတွက် ထားရန်သင့်တော်သည်ဟုယူဆပါလျှင်.....မြန်မာတစ်နိုင်ငံလုံးတွင်တည်ရှိနေသော သမိုင်းအမွေအနှစ်များအားလုံးကို ရန်ကုန် အမျိုးသားပြတိုက်တွင်သာ ထားရန်ကိုပါ
လက်ရှိ အစိုးရကို တောင်းဆိုလိုက်ပါသည်။

ုကိုမောင်မောင်ဝမ်း
ဗိုလ်ချုပ်လက်ရေးမူစာအုပ် ယူဆောင်မှု ဒေသခံများ မကျေနပ်

ရေနံချောင်းမြို့ အမှတ် ၁ အထက်တန်းကျောင်းမှာ ထိန်းသိမ်းထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူနဲ့ရေးထားတဲ့ ပါဠိဘာသာ မှတ်စုစာအုပ်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အစိုးရက ထိန်းသိမ်းပေးမယ်ဆိုပြီး ယူဆောင်သွားလို့ ဒေသခံတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ ရေနံချောင်းအထက ၁ ကို ဦးခင်အောင်မြင့်ဟာ မြို့ခံ လွှတ်တော်အမတ်တွေနဲ့ ရောက်ရှိလာပြီး ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀က ရေးသားခဲ့တဲ့ လက်ရေးမူစာအုပ်ကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူထွန်းထံကနေ တောင်းယူသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

တောင်းယူစဉ်မှာ မြို့နယ်ပညာရေးမှူးလည်း ရှိနေသလို တခြားဆရာနဲ့ ဆရာမတွေလည်းရှိတယ်လို့ ဒေါ်မူမူထွန်းက ပြောပါတယ်။

“ရေရှည်တည်တံ့စေချင်တဲ့ ဆန္ဒတော့ ရှိတာပေါ့။ အမျိုးသား ပြတိုက် ယာဉ်ကျေးမှု ၀န်ကြီးဌာနမှာ အများပြည်သူ ပိုပြီး ကျယ်ကျယ်ပြန်ြ့ပန့် သိသွားမယ်ဆိုတဲ့ စေတနာလေးတော့ ပါတာပေါ့။ ဒါပေမယ့် ဒီစာအုပ်ကို လွယ်လွယ်ကူကူနဲ့ ပေးတာ မဟုတ်ဘူး၊ စိတ်ထဲမှာ အင်မတန် နှမြောတယ်။”

ဒါနဲ့ပတ်သက်ပြီး ရေနံချောင်းမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရဲ့ ကျောင်းအကျိုးတော်ဆောင် ဦးကျော်ဆန်းဦးက

“ကျနော်တို့မြို့က ဆရာတော် အရှင်ဆန္ဒာဓိက ရှိတယ်လေ။ ဗိုလ်ချုပ်ရဲ့ သမီးအရင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျနော်တို့ မြို့က ဗိုလ်ချုပ်ကို ချစ်သလို သူ့ကိုလည်း လေးစားတန်ဖိုးထားတယ်လေ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာတော် အရှင်ဆန္ဒာဓိက ကနေတဆင့် ပြန်ပြီးတော့ တောင်းကြည့်ရမှာပေါ့။ အဆင်ပြေနိုင်ပါတယ်။ တကယ်လို့ အဆင်မပြေခဲ့ဘူးဆိုရင်လည်း ကျနော်တို့ ကြိုးတော့ ကြိုးစားရမှာပဲ။ ဒါဟာ ကျနော်တို့ မြို့သူမြို့သားတွေရဲ့ အသည်းနှလုံးပဲ။”

ရေနံချောင်းမြို့နယ် ပညာရေးမှူး ဒေါ်သောင်းမြင့်ကတော့ နှမြောပေမယ့်လည်း ရေရှည်တည်တံ့အောင် လုပ်ပေးမယ်ဆိုပြီး အလှူခံလာလို့ ပေးလိုက်ရတာလို့ ပြောပါတယ်။

တန်ဖိုးမဖြတ်နိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူကို ယူသွားတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက သဘောထားဆန္ဒ ထုတ်ဖော်မယ်ဆိုရင် ကိုယ်တိုင်ဦးဆောင်ဖြစ်လိမ့်မယ်လို့ ရေနံချောင်းဇာတိဖြစ်တဲ့ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ပါတယ်။

“တနေရာရာမှာ ယူသွားပြီး ထိန်းသိမ်းမှ ဒီစာအုပ်က မပျက်စီးမှာ မဟုတ်ပါဘူး။ ဦးဇင်းတို့ကျောင်းမှာပဲ ထားပြီးတော့ လာပြုပြင်ပေးပြီး မပျက်စီးအောင် ထိန်းသိမ်းလို့ ရတာပဲ။ ဗိုလ်ချုပ်စာအုပ်ကို ယူသွားတာဟာ မြို့သူမြို့သားအားလုံးရဲ့ အသည်းနှလုံးကို ချွတ်ယူသွားတာဖြစ်တဲ့အတွက် နှလုံးသားကို ချမ်းသာပေးပါလို့ ပြောချင်တယ်။ ဒီစာအုပ် အမြန်ဆုံး ပြန်ရဖို့ မြို့သူမြို့သားတွေ ဆန္ဒထုတ်ဖော်မယ့်စိတ်တွေ ပြင်းပြနေကြတာပေါ့။ ဖြစ်နေကြတာ။ ဒီဆူပူမှုတွေ မဖြစ်စေချင်တဲ့အတွက် မြို့မှာရှိတဲ့ အများလေးစားတဲ့ ပုဂ္ဂိုလ်တွေကလည်း ထိန်းသိမ်းထားတယ်၊ ဆရာဆရာမတွေဆိုလည်း သြဇာသက်ရောက်မယ့် ပုဂ္ဂိုလ်တွေက ထိန်းသိမ်းထားပေးတာပေါ့။ သဘောထားသက်သက်လေးကို အေးအေးချမ်းချမ်း သိခွင့်ရမယ်ဆိုရင် ဆန္ဒပြတာတွေ၊ ထုတ်ဖော်တာတွေ မဖြစ်တော့ဘူးပေါ့။ တကယ်လို့ စိတ်ကျေနပ်မှုမရဘူးဆိုရင် ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်လာနိုင်တာပေါ့။ အဲတော့ ဦးဇင်းကိုယ်တိုင်ကလည်း အထက ၁ ရဲ့ ကျောင်းသားတယောက်ဖြစ်ခဲ့တယ်၊ ဗိုလ်ချုပ်ကိုလည်း ကိုယ့်အဖိုးရင်းတယောက်လို၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမေရင်းတယောက်လို သဘောထားတယ်ဆိုတော့၊ ကိုယ့်အဖိုးရဲ့ မြေးတွေအပေါ်ပေးထားတဲ့အမွေကို ထိန်းသိမ်းထားချင်တာပေါ့။ အဲတော့ ဒီအမွေကို သိန်း ၁ ထောင်နဲ့လည်း လေလံပစ်လို့ မရောင်းနိုင်ဘူး။ ဒေါ်လာသန်းပေါင်း ၁ ထောင်နဲ့ လေလံပစ်မယ်ဆိုတောင်မှ မရောင်းနိုင်ဘူး။ ခုလိုကြီး ဆန္ဒထုတ်ဖော်ပွဲနဲ့ မထုတ်ဖော်တောင်မှ နှစ်စဉ် ရွှေပါရမီ ပညာရည်ချွန် ဆုပေးပွဲဆိုပြီး ဦးဇင်း ကြွပေးနေတယ်။ အဲဒီဟာသာ စိတ်ကျေနပ်မှုမရရင် ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ ဆုပေးပွဲလည်း မကြွတော့ဘူး၊ ရေနံချောင်း အထက ၁ ကို ဘယ်တော့မှ မလာတော့ဘူးလို့ ပြောရမှာပေါ့။ အဲဒါကိုက ဆန္ဒထုတ်ဖော်ခြင်းတမျိုးပါပဲ။”

ဗိုလ်ချုပ်ရဲ့လက်ရေးမူကို အစိုးရက ထိန်းသိမ်းချင်တယ်ဆိုရင်လည်း ဗိုလ်ချုပ်ရဲ့လက်ရေးမူ ဖြစ်တဲ့အတွက် တရားဝင်အခမ်းအနားနဲ့သာ ဆောင်ရွက်စေလိုကြောင်း ဒေသခံတွေက ဆိုကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ဆက်သွယ် မေးမြန်းဖို့ အမျိုးမျိုးကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒါပေမယ့် လာမယ့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၄ ရက်အထိ ကျင်းပမယ့် ဒီအထက ၁ ရေနံချောင်းကျောင်းကြီးရဲ့ နှစ် ၁၀၀ ပြည့်အခမ်းအနားမှာ ဗိုလ်ချုပ်ရဲ့ကိုယ်တိုင်ရေး လက်ရေးမူစာအုပ်ကို ပြခန်းဖွင့်လှစ်ပြသမယ်ဆိုပြီး ဒေသခံတွေက နဂို ကတည်းက စီစဉ်ထားပြီးသားလို့ သိရပါတယ်။ ဒါကြောင့် ဒီစာအုပ်ကို ပြန်ရရှိရေးအတွက် ဒေသခံတွေဟာ ဆောင်ရွက်မှု အဆင့်ဆင့်ကို ပြုလုပ်သွားဖို့လည်း စီစဉ်နေကြတယ်လို့ သိရပါတယ်။

ဒီစာအုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းနေတုန်းက သူငယ်ချင်း ဦးဖိုးခက်ကို သူ့မှာ ပေးစရာလက်ဆောင် ရွှေငွေ မရှိကြောင်း၊ လက်ဆောင်အဖြစ် ၁၉၃၉ ခုနှစ် ရန်ကုန်တက္ကသိုလ် ပါဠိဘာသာအတန်း တက်စဉ်မှာ အင်္ဂလိပ်ဘာသာနဲ့ လိုက်မှတ်ထားတဲ့ လက်ရေးမူရင်းနဲ့ စာအုပ်ကို လက်ဆောင်ပေးခဲ့တယ်လို့ အဲဒီစာအုပ်ကို ထိန်းသိမ်းတဲ့ ရေနံချောင်းအထက ၁ ကျောင်းက အကျိုးတော်ဆောင် ဦးကျော်ဆန်းဦးက ပြောပြပါတယ်။
အဲဒီစာအုပ်ကို ဦးဖိုးခက်က ရေနံချောင်းမြို့က စာရေးဆရာနဲ့သတင်းထောက် ဦးဘဖေကို သင့်တော်တဲ့နေရာကို လှူပေးဖို့ အပ်နှံပါတယ်။ ဦးဘဖေက ဒီစာအုပ်ကို ဗိုလ်ချုပ်အောင်ဆန်း နေခဲ့တဲ့ အမျိုးသားအထက်တန်းကျောင်း (ယခု မူလတန်းကျောင်း) ကို လှူဒါန်းဖို့ ဖြစ်ပေမယ့် ကျောင်းက သေးငယ်တဲ့အတွက် အမှတ် ၁ အထက်တန်းကျောင်းကို အပ်နှံခဲ့တာလို့ ဆိုပါတယ်။
ိdvb


Photo..aung thu ya
ယခင်နိုင်ငံရေးအစိုးရခေတ် က ဖ.ဆ.ပ.လ ပါတီနှင့် ပ.ထ.စ ပါတီတို့သည် ပါတီ တစ်ခုနှင့်တစ်ခု မိတ်ဆွေကဲ့သို့ သဘောမထားဘဲ ရန်သူကဲ့သို့ သဘောထားခဲ့ခြင်းကြောင့် တိုင်း ပြည်ဖွံ့ဖြိုးမှုနောက်ကျခဲ့ကြောင်း သူရဦးရွှေမန်းကပြောသည်။ ယခု ခေတ်တွင်လည်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ မိတ်ဆွေကဲ့သို့ မဆက်ဆံဘဲ ရန်သူကဲ့သို့ ဆက်ဆံနေမည်ဆိုပါ က တိုင်းပြည်နောက်ကြောင်း ပြန်လှည့်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေ မန်းက နေပြည်တော်တွင်သတင်း ထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားသည်။

““ပါတီတစ်ခုနဲ့တစ်ခုရန်သူလို သဘောထားဆက်ဆံနေမယ်ဆို ရင်ပြီးခဲ့တဲ့အတိတ်ကာလအတိုင်း ပဲ နောက်ကြောင်းပြန်လှည့်သွား ဖို့ရှိပါတယ်။ အရင်တုန်းက သာဓကရှိခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံရဲ့ အကြီးဆုံးပါတီ ဖြစ် တဲ့ ဖ.ဆ.ပ.လ ပါတီနဲ့ ပ.ထ.စ ဆိုတဲ့ ပါတီနှစ်ခုဟာ မိတ်ဆွေလိုမဆက်ဆံဘဲ ရန်သူလို ဆက်ဆံခဲ့တဲ့အတွက် တိုင်းပြည် နောက်ကျခဲ့တာတွေရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွှတ်တော် ထဲကို ၀င်တဲ့အခါမှာ ဒီလိုပုဂ္ဂိုလ် မျိုးကို ကျွန်တော်တို့ ဆက်ဆံတဲ့ အခါမှာ မိတ်ဆွေလိုဆက်ဆံမှာ လား၊ ရန်သူလိုဆက်ဆံမှာလား။ ရန်သူလိုဆက်ဆံနေဦးမယ်ဆိုရင် တိုင်းပြည်ဟာ အရင်တုန်းက အ တိုင်း မကောင်းတဲ့လမ်းကြောင်း ပေါ်ကို နောက်ကြောင်းပြန်လှည့် သွားမှာပါ။ ဒါကြောင့် မိတ်ဆွေ လိုဆက်ဆံတာပါ”” ဟု သူရဦးရွှေ မန်းကပြောသည်။

ယခင်က ဒေါ်အောင်ဆန်း စုကြည်သဘောထားကို မသိရှိ ခဲ့သည့်အတွက် လက်တွဲလုပ်ကိုင် မှု အားနည်းခဲ့သော်လည်း သူမ၏ သဘောထားအား နားလည် သိ ရှိသည့်အခါတွင် ယခင်ကထက် ပိုမိုလက်တွဲဖြစ်ကြောင်း သူရ ဦးရွှေမန်းက ထပ်လောင်းပြော ကြားသည်။

မြန်မာနိုင်ငံတွင် အင်အား အကြီးဆုံးပါတီနှစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးနှင့်NLDတို့သည် လွှတ်တော်ထဲတွင် ကိုယ်စားလှယ် ၀င်ရောက်နိုင်မှုအများဆုံးဖြင့် ရပ်တည်လျက်ရှိသည်။

ဖြိုးအောင်
The hot news weekly

(19 July 2013 ရက်စွဲပါ Channel News Asia မှ Myanmar leader says changing claims are ‘smear campaign ’ကို ဘာသာပြန်ဆိုသည်)

မြန်မာသမ္မတဦးသိန်းစိန်သည် ရိုပာင်ဂျာများအပေါ် မျိုးတုံးသတ်ဖြတ်နေမှုများနှင့်ပတ်သက်၍ စွပ်စွဲချက်များအပေါ် သောကြာနေ့က ငြင်းဆိုခဲ့ပြီး စွပ်စွဲချက်များသည် ၎င်း၏အစိုးရအပေါ် သိက္ခာကျအောင်လုပ်ဆောင်သော လှုပ်ရှားမှု၏အစိတ် အပိုင်းဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။

၎င်း၏အစိုးရသည် ထိုစွပ်စွဲမှုများအတွက် အပြစ်ရှိသည်ပာု မခံစားရကြောင်း ဦးသိန်းစိန်က ပဲရစ်သို့ရောက်ရှိစဉ် France 24 television သို့ပြောကြာခဲ့ပါသည်။

“ပြင်ပက အစိတ်အပိုင်းတွေပာာ သတင်းတွေကိုချဲ့ကားပြီး တန်ဆာတင်နေကြတယ်။ မြန်မာနိုင်ငံမှာ ဘယ်မှာမှ တိုင်းရင်းသားမျိုးတုံးအောင် ရှင်းလင်းမှုမရှိပါဘူး”ပာု ၎င်းကပြောပါသည်။

“ဒါပာာ အစိုးရကိုသိက္ခာကျအောင် လုပ်ဆောင်တဲ့လှုပ်ရှားမှုသာဖြစ်ပါတယ်။ ရဃိုင်မှာဖြစ်ပျက်ခဲ့တာတွေပာာ တိုင်းရင်းသားမျိုးတုံးသတ်ဖြတ်မှုမပာုတ်ပါဘူး”ပာုဆိုပါသည်။

မြန်မာနိုင်ငံတွင် ရိုပာင်ဂျာများအပေါ် မျိုးတုံးသတ်ဖြတ်သည့် လုပ်ဆောင်မှုဖြစ်သည်ပာု ပြီးခဲ့သည့် ဧပြီလက Human Rights Watch ကစွပ်စွဲခဲ့ပါသည်။

၎င်းက လူသေများနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများကို သက်သေအဖြစ် ပြသခဲ့ပါသည်။

နယူးယောက်အခြေစိုက် HRW ကပြောကြားရာတွင် မြန်မာအစိုးရတာဝန်ရှိသူများ၊ လူ့အဖွဲ့အစည်းခေါင်းဆောင် များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် စနစ်တကျစီစဉ်၍ လူအုပ်ကြီးကို အားပေးအားမြှောက်ပြုလုပ်၍ လုံခြုံရေး တပ်ဖွဲ့ များ၏ အကူအညီဖြင့် ရခိုင်ပြည်နယ်တွင် အောက်တိုဘာလက ရွာများတွင် တိုက်ခိုက်ခဲ့သည်ပာုဆိုပါသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်မှ လူမျိုးရေးမငြိမ်သက်မှုများကြောင့် လူပေါင်း(၂၀၀)ခန့် သေဆုံးခဲ့ရပြီး၊ (၁၄၀၀၀၀) ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ရပါသည်။ အများစုမှာ နိုင်ငံသားအဖြစ် ငြင်းပယ်ခံရသော ရိုပာင်ဂျာများဖြစ်ပါသည်။

မတ်လက မြန်မာပြည်အလယ်ပိုင်းတွင် ဖြစ်ပွားသော ရန်ပွဲများတွင် ဒါဇင်ပေါင်းများစွာသော လူများသေဆုံးခဲ့ပါသည်။

ဦးသိန်းစိန်က မငြိမ်သက်မှုများကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး အာဏာပိုင်များသည် နောက်ထပ်အကြမ်းဖက်မှုများ မဖြစ် ပွားအောင်ကြိုတင်ကာကွယ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

“အစိုးရက ဒီလူမျိုးရေး ပဋိပက္ခတွေကို ထိန်းသိမ်းထားနိုင်ပါပြီ။ အရာရာပာာ နဂိုအခြေအနေကို ပြန်ရောက်နေပါပြီ။ ကျွန်တော်ရဲ့အစိုးရပာာ ဒီလူမျိုးရေးအကြမ်းဖက်မှုတွေရဲ့ ဖြစ်ရတဲ့အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ ကော်မရှင်တစ်ခု ဖွဲ့ထားပါတယ်။ ဒီကော်မရှင်က ထောက်ခံတင်ပြတဲ့ ကိစ္စရပ်တွေကိုလည်း ကျွန်တော်တို့ အကောင် အထည်ဖော်နေပါတယ်”ပာု ၎င်းကပြောပါသည်။

Yangon chronicle


ဖေဖေ က အင်မတန် ရယ်ခဲ ပြုံးးခဲ ပါတယ်... ဖေဖေ ပြုံးးပြီးးရယ်နေတဲ့ ပုံကတော့ ကချင် အမျိုးသမီးတွေ ၀ိုင်းနေတဲ့ ပုံပဲ...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားအားလုံး ပင်လုံစိတ်ဓာတ်ကို ပြန်လည်ထူထောင်ဖို့ လိုအပ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ တိုင်းရင်းသားလူငယ်များကွန်ရက်က ဦးစီးကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသား သက်ကြီးဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို ဂါရဝပြုတဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဂါရဝပြုရင်း ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပင်လုံစိတ်ဓါတ်ဆိုတာ တိုင်းရင်းသားအချင်းချင်းတစ်ဦးနဲ့ တစ်ဦး သစ္စာရှိရမယ်ဆိုတဲ့ စိတ်ဓာတ်ကိုဆိုလိုတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီနေ့တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သက်ကြီးပူဇော်ပွဲဟာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲကို ရှမ်းပြည်တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ဆေထင် မွန်ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဦးနိုင်ငွေသိမ်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်က ဦးသာဘန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်စိန်ရွှေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးပူးကျင့်ရှင်းထန်စတဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ၂ဝ က တက်ရောက်ကန်တော့ခံခဲ့ပါတယ်။

ဖိတ်ကြားထားတဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ၃၁ ဦးမှာ ဆရာကြီး ဒဂုန်တာရာနဲ့ သခင်သိန်းဖေတို့တော့ တက်ရောက်နိုင်ခြင်းမရှိပါဘူး။ ကန်တော့ခံ နိုင်ငံရေးခေါင်းဆောင်ကြီးတွေကလည်း ပင်လုံစာချုပ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုစနစ်ဖော်ဆောင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး အကြောင်းတွေကို ဒီအခမ်းအနားမှာ ဆွေးနွေးပြောကြားခဲ့ပါတယ်။
RFA Burmese,ဓါတ်ပုံ သတင်း မဖြူဖြူသင်း
(ရိုက်ကူး၊ တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.