07/29/13

Photo..kachinlandnews-burmese.com/
သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအပေါ် ဥပဒေကြောင်း အခြေခံမှ
 သုံးသပ်ချက်

ဒီနှစ်ကုန်ရင် နိုင်ငံရေးအကျဉ်းသားတွေတစ်ယောက်မှ မကျန်စေရပါဘူးလို့ ဥရောပခရီးစဉ်မှာ နိုင်ငံ တော် သမ္မတဦးသိန်းစိန်က ကတိပေးပြောဆိုပြီး ၂ ရက်အကြာ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဒုက္ခသည်စခန်းက ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

ဦးဘရန်ရှောင်ကို ထောင်ဒဏ်ချမှတ်သည့် ညနေပိုင်းတွင် မြေသိမ်းခံ တောင်သူများအရေးတက်ကြွ လှုပ်ရှားသူ ဒေါ်ဘောက်ဂျာကို ဖမ်းဆီးခဲ့သည်။ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင် လှုပ် ရှားသူများကို အပြစ်ရှာ၊ ထောင်ချောက်ဆင် ဖမ်းဆီးအရေးယူခဲ့သည့်ပုံစံဖြင့်ပင် ပုဒ်မများတပ်ကာ ဒေါ်ဘောက်ဂျာ ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၅ ရက်အကြာ ဇူလိုင်လ ၂၃ ရက်နေ့တွင် သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ကချင်ပြည် နယ် ဒုက္ခသည်စခန်းမှ ဦးဘရန်ရှောင် အပါအဝင် အခြားနိုင်ငံရေးအကျဉ်းသား အယောက် ၇၀ ကို လွှတ်ပေးခဲ့ သော်လည်း ဒေါ်ဘောက်ဂျာ လွတ်မြောက်ခြင်း မရှိသေးပေ။

သမ္မတဦးသိန်းစိန်၏ အရပ်သားအသွင်ယူ အစိုးရသစ် တက်လာသည့် နောက်ပိုင်း လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် နိုင်ငံရေးနှင့် အခြားအကျဉ်းသားပေါင်းများစွာကို အလီလီလွှတ်ပေးခဲ့ပြီးဖြစ်သော်လည်း အဆိုပါ လွတ်မြောက်ခဲ့ပြီးသော နိုင်ငံရေးအကျဉ်းသားအများစုသည် ယခင်ဝန်ကြီးချုပ်ဦးသိန်းစိန်နှင့် ယခု သမ္မတ ဦးသိန်းစိန် လက်ထက်တွင်ပင် ဖမ်းဆီး အရေးယူ၊ ထောင်သွင်းအကျဉ်းချထားသူများသာ ဖြစ်သည်။

သမ္မတဦးသိန်းစိန်လက်ထက်၌ နိုင်ငံရေးအကျဉ်းသား မည်မျှပင် လွှတ်ပေးစေကာမူ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်လှုပ်ရှားသူများနှင့် ဦးဘရန်ရှောင်ကဲ့သို့ သာမန်နိုင်ငံ သားများကို အပြစ်ရှာ၊ ထောင်ချောက်ဆင် မတရားဖမ်းဆီးအရေးယူခံရခြင်းမှ အကာအကွယ်ပေးနိုင်သည့် ဥပဒေပြဌာန်း ပေးရန်လို သည်။ မတရားဖမ်းဆီး အရေးယူခံရပြီးနောက် ဘ၀နစ်နာဆုံးရှုံးသွားသူများ အနေဖြင့် ထိုက်သင့်သည့် လျော်ကြေးများ ခံစားနိုင်ရေးအတွက်လည်းကောင်း၊ မတရားဖမ်းဆီးမှု ပေါ်လွင် ထင်ရှားပါက ယင်းသို့  မတရားပြုမူသူများကို အရေးယူနိုင်ရေးအတွက်လည်းကောင်း၊ ယင်းဥပဒေတွင် ထည့်သွင်းပြဌာန်း ရပါမည်။ ထို့ အပြင်နှိပ်စက်ညှဉ်းပန်းခြင်းမှကာကွယ်သည့် ဥပဒေတရပ်ကို မလွဲမသွေ ပြဌာန်းရန် လိုသည်။

သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တို့က နိုင်ငံတော်နှင့် ယှဉ်သော ကတိစကားများကို ထားရှိနေသော်လည်း ဦးဘရန်ရှောင်အား ထောင်ဒဏ် ၂ နှစ် စီရင်ခဲ့သော မြစ်ကြီး နားမြို့နယ် တရားသူကြီး ဦးထူးမြင့် နှင့် ၄င်းအား ဖမ်းဆီးခဲ့သော အမှတ် ၁ ရဲစခန်းမှ ဒု ရဲအုပ် ကျော်မျိုးနိုင်၊ ဖမ်းဆီးထားစဉ် ညှင်းပန်းနှိပ်စက်ခဲ့သော စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)နှင့် ဗိုလ်ကြီး ကျော်စွာလင်း တို့အား တစ်စုံတရာ အရေးယူအပြစ်ပေးခြင်း မရှိပေ။ မတရားမှုသည် တောက်လျှောက်ပင် ဖြစ်ပေါ်လျှက်ရှိသည်။ စတင်ဖမ်းဆီးခံခဲ့ရချိန်မှစ၍ ဦးဘရန်ရှောင်အပေါ် မတရားညှင်းပန်းနှိပ်စက် မှု ပေါင်းစုံကျူးလွန်မှုများအပေါ် မည်သို့ မျှပြန်လည်ဖေါ်ထုတ်အရေးယူဆောင်ရွက်ခြင်းမပြုခဲ့၊ မပြုသေးသော်လည်း ဦးဘရန်ရှောင်ကို ပြန်လွှတ် ပေးသည့်အတွက်ပင် လွှတ်ပေးသူအာဏာပိုင်များကို ကျေးဇူးတင်ရမည့် ပုံမျိုး အချိုးခံရလျှက်ရှိသည်။ ဤသို့ ပြုမူ နေသမျှ ကာလပတ်လုံး မည်သည့် အခါတွင်မျှ ငြိမ်းချမ်း၊ လွတ်လပ်၊ တရားမျှတ၊ တိုးတက်ဖွံ့ဖြိုးသည့် ဒီမိုကရေစီ နိုင်ငံမဖြစ်နိုင်ပေ။

တရားရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ အကျဉ်းထောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံထိန်းတပ်ဖွဲ့ စသည်တို့သည် ဒီမိုကရေစီနိုင်ငံသို့ ပြောင်းလဲနေပါသည်ဟု ကြွေးကြော် နေသော သမ္မတဦးသိန်းစိန် အစိုးရ၏ လူထုဖိနှိပ်ရေးယန္တရားများအဖြစ်သာ အခိုင်အမာ ဆက်လက် တည်ရှိနေသည်။ ဤယန္တယားများအား လူထုအခွင့်အရေးကာကွယ်ရေး ယန္တယားများဖြစ်လာစေရေး အတွက် အမြန်ဆုံးပြုပြင်ပြောင်းလဲ တည်ဆောက်ရန် တောင်းဆိုသည်။

အထက်ဖော်ပြပါ တရားရုံးများ၊ နိုင်ငံတော်လုံခြုံရေး အဆောက်အအုံများကို ပြုပြင်ပြောင်းလဲမှုမပြု၊ ပြည်သူလူထုအား မတရားဖမ်းဆီးအရေးယူခြင်း မပြုလုပ်နိုင်အောင် ဥပဒေပြဌာန်း၍ အကာအကွယ်မပေး၊ နှိပ်စက်ညှဉ်းပန်းခြင်းမှကာကွယ်သည့် ဥပဒေ မတည်ရှိ၊ မတရားဖမ်းဆီးအရေးယူနိုင်သည့် တည်ဆဲဥပဒေများကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းလည်း မရှိသေးပါဘဲလျှက် သမ္မတဦးသိန်းစိန် အစိုးရက နိုင်ငံရေးအကျဉ်းသား ပေါင်းများစွာကို လွှတ်ပေးခြင်းမှာ ပြည်သူလူထုနှင့် နိုင်ငံတကာ ခေါင်းဆောင်များကို လိမ်ညာခြင်း၊ မျက်လှည့်ပြခြင်းသာ ဖြစ်ကြောင်း၊ ဖမ်းလိုက်လွှတ်လိုက် သံသရာသည် မည်သည့်အခါတွင်မျှ အဆုံးသတ်မည် မဟုတ်ကြောင်းနှင့်၊ တဘက်က သရဲမွေးကာ ပရောဂ ၀င်ရောဂါရစေပြီး အခြားတဘက်က ဆေးဝါးကုသပေးကာ ငွေကြေးရှာဖွေစားသောက်သည့် မှော်ဆရာနှင့် အလားသဏ္ဍာန်တူသည့် အုပ်ချုပ်မှုအောက်တွင် အပြစ်ကင်းမဲ့ သော နိုင်ငံသားများကျရောက်လျှက်ရှိကြောင်း သုံးသပ်သည်။

အသေးစိပ်သိလိုလျှင်ဆက်သွယ်ရန်
ဦးအမ်နော်မိန်း (ရှေ့နေ) ဖုံး ၉၅ (၀) ၉ ၄၇၀၀ ၅၀၉၉

ဥပဒေအထောက်အကူပြုကွန်ယက် နေ့ စွဲ။ ဇူလိုင်လ (၂၇) ရက် ၂၀၁၃ ခုနှစ်

အခုလက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်နေတဲ့ ဥပဒေ ချိုးဖောက်မှုတွေမှာ အာဏာပိုင်တွေ အရေးယူဖို့ ခက်ခဲနေတဲ့ ကိစ္စတွေကတော့ ငါက ဘယ်သူ့သား၊ ဘယ်သူ့သမီး၊ ဘယ်ဌာနက၊ ဘယ်ဗိုလ်ချုပ်နဲ့ ဘယ်လိုတော်စပ်တာ၊ ဘယ်ပါတီကြီးက (အတိုက်အခံ နာမည်ကြီး ပါတီ) အစရှိသဖြင့် အရှိန်အဝါတွေနဲ့ ကိုင်ပေါက်ကြတာ များပါတယ်....... ဒီအတွက် အစိုးရတစ်ရပ်ရဲ့ ဥပဒေအာဏာကို ဖော်ဆောင်တဲ့ အောက်ခြေ လက်အောက်ငယ်သားတွေခမြာ အခက်အခဲ ကြုံရတာကတော့ အခန့်မသင့်ရင် အလုပ်ပြုတ်မယ့် ကိန်းအထိ ရှိပါတယ်.......

လွှတ်ပေးလိုက်ပြန်ရင်လည်း တရားဥပဒေ စိုးမိုးမှုက ကင်းမဲ့သွားမှာ ဖြစ်နေပါတယ်...... ဒါဖြင့် ဘယ်သူ့ ဘယ်ဝါနဲ့ ပါတ်သက် ပါတ်သက် အကုန်ဖမ်းရမှာ ဥပဒေဘက်တော်သား တာဝန်လေလို့ မေးလာရင်ကော..... ဟုတ်ပါတယ် ဥပဒေဘက်တော်သား တစ်ယောက်ရဲ့ တာဝန်ဟာ ဥပဒေ ဖော်ဆောင်ဖို့ပါပဲ..... ဒါပေမယ့် ပြဿနာက အခန့်မသင့်လို့ အလုပ်ပြုတ်သွားရင် ဘယ်သူက အဲ့ဒိ ဥပဒေဘက်တော်သားအတွက် ရပ်တည်မလဲ ဆိုတဲ့ ကိစ္စပါပဲ....... ဝန်ထမ်းတစ်ယောက်ရဲ့ လစာဟာ မလောက်ငှတာလည်း အားလုံး အသိပဲ ဖြစ်ပါတယ်...... ဒီလိုပဲ ဝန်ထမ်းတစ်ယောက်ရဲ့ ရှေ့ရေးဟာ အလုပ်က ပြုတ်သွားတာနဲ့ တည်မြဲမှု မရှိတော့တာကိုလည်း သတိပြုမိဖို့ လိုပါတယ်........

နောက်တစ်ခုက လစ်ရင် သူကြွယ်တောင် ခိုးတယ်ဆိုတဲ့ မြန်မာစကားပုံလည်း ရှိပါတယ်...... လူပြတ်လတ်တဲ့ နေရာတွေမှာ ရာဇဝတ်မှုတွေ ဖြစ်နေတာတွေဟာ ငါလုပ်တာကို လူမသိဘူး၊ သက်သေမရှိနိုင်ဘူးလို့ ယူဆပီးတော့ လုပ်လာတဲ့အတွက်ကြောင့်လည်း အများကြီး ပါဝင်ပါတယ်...... လူတွေက မျက်စိနဲ့ ဒေါက်ထောက် ကြည့်နေတယ်ဆိုရင် ရာဇဝတ်မှု ကျူးလွန်မယ့်သူဟာ တန့်သွားမှာ ဖြစ်သလို၊ ရာဇဝတ်မှု ကျူးလွန်သူကိုလည်း ချက်ခြင်း ခြေရာခံလိုက်နိုင်မှာ ဖြစ်ပါတယ်..... အထူးသဖြင့် မြန်မာနိုင်ငံရဲ့ မြို့ကြီး ပြကြီးတွေမှာ ရာဇဝတ်မှု နည်းနိုင်သမျှ နည်းစေဖို့က ဥပဒေစိုးမိုးမှု ကွန်ယက်ကို ဖြန့်ကျက်နိုင်ဖို့ လိုပါတယ်......

့မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှု ကွန်ယက် ဖြန့်ကျက်ရာမှာ အထောက်အကူ အပြုဆုံးကတော့ CCTV လို့ခေါ်တဲ့ လုံခြုံရေး ကင်မရာများပဲ ဖြစ်ပါတယ်..... တစ်နိုင်ငံလုံး မဖြန့်ကျက်နိုင်ရင်တောင် အဓိက နေရာတွေမှာ CCTV ကင်မရာတွေ တပ်ဆင်ထားခြင်းအားဖြင့် ရာဇဝတ်မှုတွေကို အထိုက်အလျောက် ကာကွယ်လာနိုင်မှာ ဖြစ်သလို၊ ပြစ်မှုတစ်ခု ဖြစ်လာခဲ့ရင်လည်း တရားခံကို ခြေရာခံဖို့ အလွန် လွယ်ကူလာမှာပါ....... အခုနောက်ပိုင်း အဓိက မြို့ကြီးတွေမှာ ရာဇဝတ်မှုတိုင်း တရားခံကို လျင်လျင်မြန်မြန် ခြေရာခံနိုင်တာ၊ ဖမ်းမိတာတွေဟာ CCTV အကူအညီတွေကြောင့် ဆိုရင် မှားမယ် မထင်ပါဘူး.....

တစ်ချိန်တုန်းကတော့ အထင်ကရ မြို့ကြီးတွေမှာ CCTV တပ်ဖို့ဆိုတာ အိပ်မက်တစ်ခုလို ဖြစ်နေမှာပါပဲ...... ဘာလို့လည်းဆိုတော့ တပ်ထားတဲ့ CCTV ကို ဖြတ်ခိုးသွားမှာ စိုးရိမ်နေရတဲ့ အခြေအနေ...... အခုလို ဆင်းကဒ်တွေ ဈေးသက်သက်နဲ့ ချပေးနေတဲ့အချိန်မှာ ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပီး CCTV တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ Central Control ကို အချိန်နဲ့ တပြေးညီ ပေးပို့နိုင်အောင် လုပ်လို့ ရနေပါပီ.... လက်ရှိ မြန်မာနိုင်ငံ အင်တာနက်ဟာ Backbone ရဲ့ Bottle Neck ကြောင့် နှေးကွေးနေပေမယ့် Inland Intranet ကတော့ မြန်နှုန်းက မြင့်ပီးသား ဖြစ်တဲ့အတွက် ဒါကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်...... တစ်ခုတော့ ရှိပါတယ်.... တစ်ချိန်က မှန်အမည်း တပ်တဲ့ ကားတွေကို သက်ဆိုင်ရာ ယဉ်ထိမ်းရဲတွေက အရေးယူပေမယ့် ၅၁ လမ်းရုံးမှာ တာဝန်ကျ ကွန်ပျူတာ စာရေးကို တစ်လ ငါးသောင်းပေးထားရင် အမှုတက်လာတာနဲ့ အဲ့ဒိ ကားနံပါတ်ကို ဖျက်ပစ်တဲ့ အလေ့အကျင့်မျိုး မဖြစ်အောင်တော့ ကြပ်မတ်ရမှာ ဖြစ်ပါတယ်.....

လျှပ်စစ်မီး မရလို့ CCTV တွေ အလုပ်မလုပ်မှာကိုလည်း စိုးရိမ်ဖို့ အထူးမရှိပါဘူး.... Solar Panel တွေနဲ့ ချိတ်ဆက်ပီး CCTV တွေကို တပ်ဆင်ထားလို့ ရပါတယ်.... ဒီလိုပဲ အရေးကြီး ပွဲတွေမှာ Solar Panel ပါတဲ့ Mobile CCTV တွေကို တပ်ဆင်ထားမယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးအတွက် အတော်လေး တာသွားမယ်လို့ မြင်မိပါတယ်..... စင်္ကာပူမှာ လူတွေ ဥပဒေ လိုက်နာတယ်ဆိုတာ CCTV တွေကနေ အရာရာကို မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့အတွက် ရာဇဝတ်မှု ပြုလုပ်သူတိုင်း ပြေးမလွတ်တာကြောင့် ဆိုရင်လည်း မမှားပါဘူး.....

ဒါကြောင့် မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့ကြီးတွေမှာ CCTV တပ်ဆင်ပီး မှုခင်းကျဆင်းရေးကို ဖော်ဆောင်သင့်နေပီလို့ မြင်ပါတယ်..... တစ်နိုင်တစ်ပိုင်အရ မလုပ်နိုင်ဘူး ဆိုရင်တောင် လက်ရှိ ဆန်ရှင်ဖွင့်လာတဲ့နောက်ပိုင်း US, UK တို့ကိုယ်တိုင် မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို လိုလိုလားလား ရှိနေချိန်မှာ ဒါတွေကို အကောင်အထည်ဖော်ဖို့ အကူအညီတောင်းသင့်တယ်လို့ မြင်မိပါတယ်..... ဒါမှသာ မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့ကြီးတွေမှာ မျက်ကွယ်ကြောင့် ဖြစ်တဲ့ ရာဇဝတ်မှုတွေ လျော့ကျလာမှာ ဖြစ်သလို ပြစ်မှု ကျူးလွန်သူ တရားခံတွေကို လျင်မြန်စွာ ဖော်ထုတ် အရေးယူနိုင်ပါလိမ့်မယ်....... ရာဇဝတ်မှုတွေ ကင်းဝေစေဖို့ ရဲတပ်ဖွဲ့ကိုပဲ ဖိအားပေးနေလို့ မရပါဘူး..... သူတို့အတွက် လုံလောက်တဲ့ နည်းပညာ၊ ပစ္စည်းကိရိယာ ပံ့ပိုးပေးနိုင်ဖို့ လိုတယ်ဆိုတာလေး အသိပေးလိုက်ပါရစေ......

Photo Copied from Internet
Voice of James Mint

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.