08/03/13


ပုဒ်မ ၄ဝ၁ အရ လွတ်ငြိမ်းချမ်း သာခွင့်ပေးရာတွင် ပြစ်မှုအမျိုးအစား ခွဲခြား သတ်မှတ်ထားခြင်း မရှိဘဲသတ်မှတ်ချက် တစ်ခုခုကို ဖောက်ဖျက်ပါ က ကျန်ရှိသည့် ပြစ်ဒဏ် ပြန်လည်ကျခံရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ပြော သည်။

”လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါမှာ ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ် ထားတာ မရှိပါဘူး။ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်မစေ့မီ စည်းကမ်းချက်ြ ဖင့်လွတ်ငြိမ်း ချမ်းသာခွင့်ရတဲ့ အကျဉ်းသားက သတ်မှတ်ချက်မှာပါတဲ့ အချက်တစ်ချက်ချက် ကို ဖောက်ဖျက်ကျူးလွန်ပါက ယင်းကျခံရန်ကျန်ရှိ သည့် ပြစ်ဒဏ်ကို ဆက်လက်ကျ ခံရမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ အပိုဒ်ခွဲ (၁)တွင် မည်ကဲ့သို့သော အကျဉ်းသားများ အကျုံးဝင်သည် သို့မဟုတ် အကျုံးမဝင်သည် ပြစ် မှုကျူးလွန်လျှင် ပြစ်ဒဏ်မှခံစားခွင့် သို့မဟုတ် ကင်းလွတ်ခွင့်ရှိသည်ကို သိလိုသည်နှင့် စပ်လျဉ်းပြီး ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၅ ရက် မြောက်နေ့၌ မေးမြန်းရာ တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အထက်ပါအတိုင်း ပြန်လည်ဖြေကြား ခဲ့သည်။

မေးမြန်းသူဒေါ်စန္ဒာမင်းက ”နိုင်ငံရေးအကျဉ်းသားတွေ ကျွန်မအပါအဝင် ဒီပုဒ်မ ၄ဝ၁ အပေါ်မှာ ဝိဝါဒကွဲပြားနေပါတယ်။ ဘယ်လို အကျဉ်းသားေ တွကိုပြန် ဖမ်းဆီးနိုင်သလဲ။ ပုဒ်မ ၄ဝ၁ နဲ့ ဘယ်လိုအကျဉ်းသားတွေကိုကျတော့ ပြန်ပြီးတော့ မဖမ်းနိုင်ဘူးလား။ ကျွန်မတို့ နိုင်ငံရေးအကျဉ်းသားေ တွ အားလုံးဒီအပေါ်မှာ ခံစားနေရပါတယ်။

နောက်တစ်ခု သူပြောတဲ့ အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ၄ဝ၁ နဲ့ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေ အားလုံးက တည်ဆဲဥပဒေကို ချိုး ဖောက်လို့လို့ ပြောသွားတဲ့အပေါ် ကျွန်မတို့ကဒါကိုတော့ကျေနပ် မှုမရှိပါဘူး။ကျွန်မတို့က တည်ဆဲဥပဒေကို ချိုးဖောက်လို့တော့ အကျဉ်းထောင်ထဲကို ရောက်နေ တာတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

အစိုးရသစ်လက်ထက်တွင် ၂ဝ၁၁ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့အထိ နိုင်ငံတော်သမ္မတက ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် အကျဉ်းသား ကျား ၂၆၃၆ ဦး၊ မ ၆၅ ဦး စုစုပေါင်း ၂၇ဝ၁ ဦး လွတ်ြေ မာက်ခဲ့ပြီး ဖြစ်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ဒေါ်စန္ဒာမင်းက ”နိုင်ငံတော် သမ္မတက ဒီပုဒ်မ ၄ဝ၁ အပိုဒ်ခွဲ ၁ ကို နိုင်ငံရေး လက်နက်အနေနဲ့ မကျင့်သုံးပါဘူးလို့ ရုပ်မြင်သံကြားကနေေ ရာ၊ ရေဒီယိုကနေရော ကတိအထပ်ထပ်ပေးထားပြီးသားဖြစ်ပါတယ်။ လက်ရှိအကျဉ်းကျပြီး ပြန်လွတ်လာ တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပုဒ်မ ၄ဝ၁ နဲ့ အရေးယူသလားဆိုတဲ့အပေါ်မှာ ကျွန်မတို့ ဆက်လက်စောင့်ကြည့်ရပါမယ်။ ဒီ ပုဒ်မ ၄ဝ၁ ကို ဖျက်သိမ်းမလား။ဒါဟာ ဖျက်သိမ်းရမယ့် ပုဒ်မတစ်ခုမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် အခွင့်အရေးတစ်ခုပါ။ ကျွန်မဆိုလည်း ၆၅ နှစ် ထောင်ကျရာမှာ ဒီ ၄ဝ၁ ကျင့်ထုံးရှိလို့သာ သမ္မတ အာဏာနဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်” ဟုပြောသည်။

ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က အစိုးရအနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ ၁ ကို နိုင်ငံရေးလက်နက်အဖြစ် အသုံး ချပြီး အရေးယူရန် မရှိသကဲ့သို့ ပြည်သူများကလည်း နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေးအတွက် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် လိုအပ်ကြောင်း ပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဇွန်လ(၄)ရက်က နိုင်ငံတစ်ဝန်း သို့ ရေဒီယိုမိန့်ခွန်းပြောကြားရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးသော နိုင်ငံရေးအကျဉ်းသားများကို ကျင့် ၄၀၁ဟုခေါ်ဝေါ်သုံးစွဲနေသည့် ကြွေး ကျန်ပြစ်ဒဏ်ကို အသုံးချပြီး အရေးယူမည်မဟုတ်ဟု ပြောကြားသွား ခဲ့ဖူးသည်။

စိုင်းနောင်
Popular Myanmar News Journal


ဒေါက်တာ ၀င်းဇော် (အတွင်းရေးမှူး၊ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း)(နိုင်ငံတကာ စာမျက်နှာများတွင် ၈ လေးလုံးနှင့် ပက်သက်ပြီး အထင်ရှားဆုံးဖြစ်ခဲ့သော ဆရာဝန် ၂ ဦးက သေနတ်ဒဏ်ရာရ ခဲ့သော ကျောင်းသူကလေး မဝင်းမော်ဦးကိုသယ်ယူလာသည့် ဓာတ်ပုံတွင် ပါဝင်သည့် ဆရာဝန်)

အဲဒီအချိန်မှာ ကျနော်က ဆေးကျောင်းသား (Final Part II) ပဲ ရှိပါသေးတယ်။ အရေးအခင်း ကလည်း စဖြစ်နေပြီ၊ ပြည်သူ အားလုံးကလည်း ပါဝင်နေပြီ။ ဇွန်လ ၂၁ ရက်နေ့က ဆေး ၁ မှာ စပြီး တရားဟောလာပြီ။ ဟောတဲ့သူက မျက်နှာကို ကွယ်ပြီး ဟောတာ။ သူဝတ်ထားတာရော၊ သူ့အသံကို နားထောင်ရတာရောနဲ့ ဘယ်သူလဲဆိုတာ ကျနော်တို့က သိနေကြတယ်။

ဟောတဲ့သူက ကျနော်တို့နဲ့ ပထမနှစ် စတက်တုန်းက အတန်းတူပဲ။ ဒါပေမယ့် သူက ကျခဲ့လို့ အတန်းငယ်သွားတဲ့ တိုးကျော်လှိုင်ပဲ ဆိုတာ သိတယ်။ နေ့လယ် ၁ နာရီလောက်က စဟောခဲ့တာ ၄ နာရီလောက်လည်း ကျရော “ထောက်လှမ်းရေး၊ ထောက်လှမ်းရေး” ဆိုပြီး ၁ ယောက်ကို ဆွဲခေါ်လာတယ်။ ကျောင်းသားတွေက ၀ိုင်းချတဲ့အခါကြတော့ ဆရာတွေက မေတ္တာရပ်ခံပြီး “လူ့အသက်ကို ကယ်မယ့်လက်တွေက သွေးစွန်းတဲ့လက်တွေ မဖြစ်ပါစေနဲ့” ဆိုပြီး သူ့ကို တောင်းတယ်။ အဲဒီသူက တပ်ကြပ်မောင်ပြုံး ဆိုတဲ့သူ။ သူ့ကို ဆရာတွေလက်ထဲ အပ်လိုက်တယ်။ နောက်ကျမှ သူ့ကို ရဲစခန်း အပ်လိုက်တယ်။

၂၂ ရက်နေ့မှာလည်း ကျောင်းမှာ ၁၂ နာရီလောက်ကတည်းက တရားတွေ ဆက်ဟောကြတယ်။ ညနေပိုင်းလည်း ကျရော ကျောင်းတွေ ပိတ်လိုက်ပါတယ်။ ကျောင်းသားတွေ ကလည်း နယ်ပြန်တဲ့သူတွေက ပြန်ကြတယ်။ ဒါပေမယ့် လှုပ်ရှားမှုကတော့ ဆက်ရှိနေတယ်။

အဲဒီလိုနဲ့ စက်တင်ဘာ ၁၂ ရက်နေ့လည်း ကျရော မြန်မာတနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးမှာ ဆေးကျောင်းသားတွေက ကျနော်တို့ ဆေး ၁ ရဲ့ သီရေတာမှာ ဖွဲ့စည်းလိုက်ပါတယ်။ ကျောင်းသား ခေါင်းဆောင်ပေါင်း ၁၁၉ ယောက်တက်ပြီး ဖွဲ့စည်းနိုင်ခဲ့တယ်။

စက်တင်ဘာ ၁၃ ရက်မှာ ကျနော်တို့ အပြောအရ ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး အတွက် ကြီး ၅ ကြီးပေါ့။ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ဦးနု၊ ဗိုလ်ရန်နိုင်၊ ဦးဝင်းကို တို့က စည်းဝေးတယ်၊ ကျနော်တို့ ကျောင်းသားတွေက ကြားဖြတ် အစိုးရ အတွက် ဘယ်လိုလဲ ဆိုပြီး တောင်းဆိုကြတယ်။ ဒါပေမယ့် သူတို့က အချိန်ယူ စဉ်းစားမယ်လို့ ဆိုတယ်။

ဆေး ၁ ကလည်း ကျနော်တို့ ဆေးကျောင်းသားတွေ အားလုံးရဲ့ သပိတ်စခန်း ဖြစ်တယ်။ နေ့တိုင်းလာကြ၊ စုဝေးကြတယ်။ မြို့ထဲကို ချီတက် ဆန္ဒပြကြတယ်။ စက်တင်ဘာ ၁၈ ရက်ကျတော့ ဆေး ၁ ရဲ့ အစာငတ်ခံ ဆန္ဒပြပွဲကို မနက် ၈ နာရီခွဲ လောက် ကတည်းက စတယ်။ ကျောင်းသား ခေါင်းဆောင်တွေ၊ ပါတီအဖွဲ့တွေလည်း လာတယ်၊ တရား ဟောကြတယ်။ ပါဝင်ဆင်နွှဲတဲ့ လူတွေအားလုံးကလည်း သီချင်းတွေ ဆိုကြရင်း ညနေ ၄ နာရီလောက် ရောက်တဲ့အခါမှာ စစ်တပ်ကနေ အာဏာသိမ်းလိုက် ပါတယ်။

အဲဒီအချိန်အထိ ဘာမှ မဖြစ်သေးဘူး။ ဆက်ပြီး ဆန္ဒပြနေကြတုန်းပဲ။ မှောင်လာတဲ့ အချိန်လည်းကျရော စစ်တပ်ကနေ လူစု ခွဲဖို့၊ မခွဲရင် ပစ်ခတ်ရပါမယ်လို့ အော်တယ်။ အဲဒီမှာ ကျနော်တို့က ဘာလုပ်ကြမှာလဲ၊ ဆက်ပြီးတော့ ပြမှာလား၊ အဖြိုခွင်း ခံမလား ဖြစ်လာတော့ ကျနော်တို့ ဆေး ၁ ပါမောက္ခချုပ်က “သားတို့သမီးတို့၊ ဒီအချိန်က လူစုခွဲဖို့ အချိန်တန်ပြီ။ ဆရာ တောင်းပန်ပါတယ်၊ လူစုခွဲပေးပါ” ဆိုပြီး ပြောတော့ အားလုံးက ပြန်ကြတယ်။ မိဘတွေကလည်း စိုးရိမ်တကြီးနဲ့ လာကြနဲ့ အကုန်လုံး ပြန်ကြတယ်။

အဲဒီမှာ ကျနော့် သူငယ်ချင်း ညိုဝင်း၊ ညီဝင်းနဲ့ ကျနော်က ဆေးရုံကြီးရဲ့ အခန်း ၅ နဲ့ ၆ မှာ သွားအိပ်တယ်။ အဲဒီမှာ ကိုစောလွင်တာ တာဝန်ကျတယ်။ ကျနော်တို့က ကိုစောလွင်ကို ဘာလုပ်ပေးရမလဲလို့ မေးတော့ သူက ဒီမှာတော့ ကေ့စ်တွေက အများကြီးပဲ။ မင်းတို့ လုပ်နိုင်တာ လုပ်ကြပါဆိုတော့ ကျနော်တို့က ဆေးကျောင်းသားပဲ ဖြစ်နေသေးတဲ့ အတွက် အများကြီး လုပ်လို့မရဘူး။ လူနာတွေကို နေရာချပေးတဲ့ အလုပ်၊ ဆေးထိုး၊ သွေးပေါင်ချိန်၊ သွေးလိုရင် ယူပေးတဲ့ အလုပ် လောက်ပဲ လုပ်ပေးတယ်။

၁၉ ရက်နေ့ ရောက်လာတော့ ၀ပ်ဒ်ထဲမှာ ချီတက်သွားတဲ့ အသံကို ကြားလိုက်တယ်။ ဆေး ၁၊ ဆေး ၂ နဲ့ ကြည့်မြင်တိုင် ဘက်က အဖွဲ့တွေ ချီတက်တာ။ ဆေး ၁ ကိုတော့ ဆရာတွေက တားလိုက်လို့ ရပေမယ့် ဆေး ၂ နဲ့ ကြည့်မြင်တိုင် ဘက်က အဖွဲ့တွေ ဆက်ချီတက်သွားတယ်။ ကျနော်တို့က ၀ပ်ဒ်ထဲမှာရှိနေတုန်း ပစ်နေပြီဆိုတဲ့ သတင်းကို ကြားရတယ်။

၁၀ နာရီခွဲလောက်လည်း ကျရော ကျနော်တို့ ၀ပ်ဒ်ထဲကို ဆရာဦးဝင်းကိုက ရောက်လာတယ်။ ပစ်နေတယ် ကြားတယ်၊ လူနာ ကောက် ထွက်ကြမယ်လို့ ပြောတယ်။ ကျနော်က လိုက်မယ်လို့ ပြောတော့ ဂျူတီကုတ် ၀တ်ခဲ့ပြီး လိုက်ခဲ့ဆိုတာနဲ့ အရေးပေါ် ကားနဲ့ ထွက်လာကြတယ်။ ဆရာဦးဝင်းကို၊ ဒေါက်တာ စောလွင်၊ ဒေါက်တာ သက်နိုင်သွင်တို့လည်း ပါတယ်။ ကားဆရာနဲ့ အပါအ၀င် ၅ ဦးက ဗိုလ်ချုပ်လမ်း အတိုင်း ထွက်လာကြတယ်။

သိမ်ဖြူလမ်း ခုံးတံတားကြီး (စတော့ဂိတ်ခုံး) မှာ ပထမတခေါက် လူနာကောက်တယ်။ ဒုတိယ တခေါက်က အတွင်းဝန် ရုံးဘက်မှာ ကောက်တယ်။ တတိယ တခေါက် ကောက်ဖို့လုပ်တော့ ဆူးလေမှာ ပစ်နေတယ်လို့ ပြောတာနဲ့ ဆူးလေကို တန်းလာခဲ့တယ်။ ဆူးလေဘုရားကို ပတ်ပြီး ထွက်လာတဲ့အချိန်မှာပဲ ကျနော့် တသက်မှာ မေ့လို့မရတဲ့ မြင်ကွင်းကို ကြုံလိုက် ရတာပဲ။

ထိတဲ့သူ အများကြီး စုပြုံနေတာကိုတွေ့ရတယ်။ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က အသက်ရှင် ကျန်တဲ့သူကို ဦးစားပေး သွားကြည့်တယ်။ အဲဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကလည်း မြေမှာခနေတယ်။ ခွပ်ဒေါင်းလည်း မကနိုင်တော့ဘူး။ သွေးကွက်တွေ ကလည်း ပြန့်ကျဲနေတယ်။ ဖိနပ်တွေကလည်း ပလူပျံနေတယ်။ နိုင်မြန်မာရဲ့သီချင်းထဲကလို ပေတရာပေါ်မှာ ပြည်သူ့ အလောင်းတွေကိုတောင် သတိမရ အားခဲ့ဘူး။

အဲဒီလို အလောင်းတွေ စုပြုံနေတဲ့ရှေ့မှာ အသက်ရှင်စရာ ဘယ်သူရှိမလဲလို့ ကြည့်တော့ အသက်ကို ဖြည်းညင်းစွာ ရှူနေ၊ ရင်ဘတ်က ဖောင်းချည်၊ နိမ့်ချည်ဖြစ်နေတဲ့ ကလေးမလေးကို တွေ့လိုက်တယ်။ ကျနော် အဲဒီကောင်မလေး နားကို ကပ်လိုက်တဲ့အခါမှာ “အစ်ကိုရယ် … ကယ်ပါဦး” လို့ ဆိုတော့ “အစ်ကိုတို့က ကယ်ဖို့လာတာ၊ စိတ်ချ၊ ဘာမှမဖြစ်စေရဘူး၊ စိတ်တင်းထား” လို့ အားပေးလိုက်ပြီး အနားမှာရှိနေတဲ့ ကိုစောလွင်က ခြေထောက်က၊ ကျနော်က လက်မောင်း ၂ ဘက်ကနေ ကိုင်လာရင်း အရေးပေါ်ကားဆီကို သယ်လာတယ်။

အဲဒီလို သယ်နေတဲ့ အချိန်မှာ ဖျတ်ခနဲ မီးတချက် ပွင့်သွားတယ်။ အဲဒီအချိန်မှာ အပေါ်ကနေ ဓာတ်ပုံမရိုက်နဲ့၊ ဓာတ်ပုံရိုက်ရင် ပစ်မယ်ဆိုတဲ့ အမိန့် ပေးပါတယ်။ အဲဒီ “အစ်ကိုရယ်၊ ကယ်ပါဦး” ဆိုတဲ့သူက မ၀င်းမော်ဦးပဲ။ ကျနော်နဲ့ ကိုစောလွင်တို့ သူ့ကို သယ်လာတဲ့ အဲဒီဓာတ်ပုံကလည်း သမိုင်းဝင်ဓာတ်ပုံ ဖြစ်သွားတယ်။

သူနဲ့အတူ လူနာတွေကို သယ်လာပြီး အရေးပေါ်မှာ ချခဲ့တယ်။ ကျနော်တို့က ထပ်ထွက်တယ်။ တနေ့လုံး လူနာကောက်တဲ့ အလုပ်လုပ်တာ။ မ၀င်းမော်ဦးကို IC အတွင်းမှာ ထားတယ်။ အဲဒီထဲမှာ ဆေး ၂ က သူငယ်ချင်းဖြစ်တဲ့ မိုးသူဝင်းက ဒဏ်ရာနဲ့ ရောက်လာတယ်။ သူထိထားတာ လက်မောင်းမှာ။ ရောက်လာတဲ့ အချိန်မှာ သွေးပေါင်ချိန်က သုည ဖြစ်နေပြီ။ သူ့ကို ခွဲတာက ဆရာကြီး ဦးကျော်မြင့်နိုင်နဲ့ ကိုမြတ်ထူးရာဇတ်တို့က ခွဲတာ။ ခွဲပြီးတော့ သူ့ကိုလည်း အဲဒီ IC ထဲမှာပဲ ထားတာ။

အဲဒီနေ့ ညနေမှာ IC ထဲကို ရောက်တော့ မိုးသူဝင်းကို တခေါက် သွားကြည့်သေးတယ်။ အဲဒီမှာ ကျနော်တို့ သယ်ခဲ့တဲ့ မ၀င်း မော်ဦးကို ဖျတ်ကနဲ သတိရလိုက်လို့ သွားကြည့်တော့ သူက အသက် ရှိသေးတယ်။ သူက ညာဘက် လက်မောင်းကို ကျည်ဆံ တချက် ထိတယ်၊ အဆုတ်ကို တချက်ထိတယ်၊ ခြေထောက်ကို တချက်ထိတယ်။ အဆုတ်ကို ထိတဲ့အတွက်ကြောင့် အဆုတ် တခြမ်းကို လှီးထုတ်လိုက်ရတယ်။ ဆိုးသွားတာက မ၀င်းမော်ဦး ရောက်တဲ့ အချိန်မှာ သွေးပေါင်ချိန်က သုည ဖြစ်နေတယ်။ ခွဲပြီးတဲ့အခါ ကျတော့လည်း အခြေအနေက သိပ်ပုံမှန် မဖြစ်ဘူး။ သူတကယ် သေသွားတယ် ဆိုတာကို နောက်နေ့မှ ကျနော် သိရတယ်။

Irrawaddy



ဘယ်နေ့လဲ မမှတ်မိဘူး ။ အချိန်ကတော့ နေ့လည် ၁၂နာရီကျော်ကျော် . . . ဒိုင်း . . . ဒိုင်း . . . ဒိုင်း . . . ၀ုန်း . . .ဒုန်း . . . ပြေး . . . ပြေး . . . အသံတွေ က ငရဲတမျှ ။ ကျောင်းတွေ ပိတ်လိုက်လို့ အိမ်မှာ ညီ အကို ၊ မောင်နှမတွေ အဘရဲ့ စစ်ရေးပြ အတက်နဲ့ ခုတင်အောင် ၀င် ထွက် ၊ ရပ်ရွာအတွင်းက ကာလသား အကို အမကြီးတွေက တုတ်၊ဓား၊လှံတွေ နဲ့ ရပ်ကွက်လုံခြုံရေး ယူနေတာ အားကျပြီး ငှက်ပျောဖတ်ထည့်ပစ်ရတဲ့ လေးခွနဲ့ ကျွန်တော် နဲ့ ကျွန်တော့ အထက်က အမငယ်နဲ့ ကိုယ်စီ အဘ သွန်ပြမှုနဲ့ အတူ ကျန် ဆွေးမျိုး မောင်နှမတွေနဲ့ အလုပ်တွေ ရှုတ်နေ ရတာပေါ့ ။

အမကြီးနဲ့ အမလတ်က အစာငတ်ခံ ဆန္ဒပြတဲ့ကျောင်းသားတွေနဲ့ ကျွန်တော်တို့ ရပ်ကွက်အစ မြောက်ဥက္ကလာ ဂုံးကျော်တံတား အဆင်းက ကျောင်းသားကျောက်တိုင်(၈၈ အရေးအခင်းကာလ ပထမဆုံး နဲ့ နောက်ဆုံး တည်နိင်ခဲ့တဲ့ ကျောင်သားကျောက်တိုင် ။ ပြင်ပလောကမှာ ဖြိုဖျက်ခံခဲ့ရပေမဲ့ ကျွန်တော်တို့ မျိုးဆက် ကျောင်းသား လူငယ်တွေရင်ထဲ မေ့မရသေးတဲ့ ကျောက်တိုင်။) နားမှာ ရှိနေကြတော့ သေနတ်သံတွေ ကြီးစိုးလာလေ ၊ စိုးရိမ်မှုတွေ တိုးလာလေလေ ။

အမေ နဲ့ အဖေက အမတွေကို သွားခေါ်ကြတယ် ။ ကျောင်းသား အချို့ပါလာတယ် ။
သွေးစက်တွေက မြင်မကောင်းအောင် . . . ရင်ဘက် မှန်ထားတဲ့ အကိုကျောင်းသားတစ်ယောက်က
လက်မောင်းမှန်ထားတဲ့ ကျောင်းသားတစ်ယောက်ကို တွဲရင်း နှစ်သိမ့်နေတယ် ။

ဟေ့ကောင် အားတင်ထားစမ်းပါကွ ၊ ငါ အလံကိုင်ပြီး ရှေ့ကတက်နေတာ ရင်ဘက်ကို သေနက်ထိထားတယ် ။ ဒါပေမဲ့ ငါတို့ ယုံကြည်ချက်ကို ခုထိ အထိမခံရသေးဘူးကွ ။ မင်း လက်မောင်းက ဒဏ်ရာတွေက ပျောက်သွားမှာပါ ။ အေး ဒဏ်ရာတွေကို ကျောင်းသားတွေ ရစေခဲ့တယ် ဆိုတဲ့ သမိုင်းက ဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး ။ မင်းကမှ ပျော့ညံ့နေရင် ညီငယ် ညီမငယ်တွေ အားလျော့မယ် ။ တင်းထားစမ်းပါ ။ ငါစကား သိပ်ပြောလို့ မကောင်းတော့လို့ပါဆိုပြီး မှေးသွားတယ် ။ မိဘတွေက ဆရာဝန်သွားခေါ်ပြီး အိမ်မှာ ဆေးကုကြတယ် ။ သေလောက်တဲ့ နေရာတွေကို မထိလို့ ဒဏ်ရာသက်သာတာနဲ့ ဒေါင်းအလံတွေကိုဆွဲပြီး အိမ်ကနေ မိဘများနဲ့ ဆရာဝန်ကို ရိုသေစွာ ကတော့လို့ ဖြိုဖျက်ခံရတဲ့ ကျောင်းသားကျောက်တိုင်မှာ သေဆုံးသွားသူတွေနဲ့ နိင်ငံအ၀ှမ်းက ကျောင်းသား ကျောင်းသူ ရဟန်းရှင်လူ အပေါင်းအတွက် တရားမျှတတဲ့ အခွင့်အရေးတွေရဖို့ စနစ်ဆိုးကို ဆက်လက် တော်လှန်ဖို့ ခွင့်ပြုပါဆိုပြီး ထွက်သွားကြတယ် ။

ကျွန်တော် စကားတွေကို အဲဒီအချိန်ကကြားယုံကြားပြီး ခံစားနိင်သမျှသာ ခံစားတက်တာမို့ . . .
ငှက်ပျောလေးခွကိုင်ပြီး အိမ်ခေါင်မိုးပေါ်ပြေးတက်လိုက်တယ် ။ ငှက်ပျောဖက်နဲ့ ပစ်တာတောင် ထိတဲ့ အကွာအဝေးက လေယာဉ်ကို သဲသဲမဲမဲ လိုက်ပစ်နေတယ် ။ မငယ်ကလဲ တောက်တစ်ခေါက်ခေါက် ၊ အဘက ကျွန်တော်တို့ နှစ်ယောက်လုံးကို ထိန်းပြီး ခုတင်အောက် အ၀င်အထွက်ကို သေနက်သံတွေရဲ့ စည်းချက်နဲ့ အညီ ပြန်လည်လုပ်ရတော့တာပါပဲ ။ ပြီးတော့လဲ အရာရာ မေ့ပျောက် ပျော်သလိုနေခဲ့တဲ့ အချိန်တွေ က ဘ၀ရဲ့ နှစ်(၂၀)ကျော်ထိပါပဲ ။ ၂၀၀၇ သံဃာလှုပ်ရှားမှုက ငုတ်နေတဲ့ သိစိတ်တွေကို တပ်လှန့်နိုးလိုက်လို့ ကျွန်တော် အိပ်ယာက နိုး လာရတာပါ။

အရာရာကို မမှတ်မိတော့ပေမဲ့ ရင်ဘက်မှန်တဲ့ အကိုရဲ့ လက်မောင်းဒဏ်ရာနဲ့ အကို ကို အားပေးနေတဲ့ စကားတွေ ၊ လွှင့်ထူသွားတဲ့ ဒေါင်းအလံ ၊ ပြီးတော့ ကျောင်းသား ကျောက်တိုင် ၊ နောက် ဂုံးတံတားအောက် တိုင်တွေမှာ ရေးဆွဲခဲ့တဲ့ ဒီစာတန်းလေး . . . ARMY – GUN = PEOPLES
ဒါတွေကတော့ ရင်ထဲမှာ စွဲနေခဲ့တယ် ။ စနစ်ဆိုးတဲ့ ဘာဆိုတာ အဲဒီတုန်းက သေချာမသိပေမဲ့..

ခု အဲဒီ အကိုတွေ ၊ အမတွေ ဘယ်သူဆိုတာလဲ မသိဘူး ။ တွေ့ရင်လဲ မှတ်မိမှာ မဟုတ်ဘူး ။
သေသလား ၊ ရှင်သလားလဲ မသိဘူး ။ ဒါပေမဲ့ သူတို့ အသက်သွင်းခဲ့တဲ့ စနစ်ဆိုးကို တော်လှန်ရမယ် ဆိုတဲ့ မျိုးစေ့လေး ကျွန်တော့ရင်ထဲ ရှင်သန်နေခဲ့ပြီ ။ ဒေါင်းအလံကို တန်ဖိုးထားချစ်စိတ် ရှင်သန်နေ ခဲ့ပြီ ။ ကျောက်သားကျောက်တိုင်ကို အသက်သွင်းလိုစိတ် ရှင်သန်နေခဲ့ပြီ ။ ပြီးတော့ ညီငယ် ညီမငယ် ကျောင်းသား ကျောင်းသူတွေအတွက် ဒဏ်ရာကို မေ့ပြီး ဦးဆောင်နိင်ရမယ်ဆိုတဲ့ စိတ် အနည်းငယ်မွေးနိင်ခဲ့ပြီ ။

ဒီလို အကြောင်းတွေနဲ့ ဇာတ်လမ်းတွေဟာ မြို့ရွာတိုင်းမှာ ဖြစ်ခဲ့မှာပါ ။ အဲဒီတော့ မြို့ရွာတိုင်းမှာ မျိုးစေ့တွေ ရှိကြမှာပါ ။ အပင်ပေါက်နေကြမှာပါ ။ အပင်ပေါက်ဖို့ အားယူနေကြမှာပါ ။

ကျွန်တော်တို့ကရော ဘယ်လိုမျိုးစေ့တွေ ချန်ထားခဲ့နိင်မလဲ ။ ၈၈၈၈ အရေးအခင်း ထက် ၈၈၈၈ တုန်းက ရဟန်း ၊ ရှင်လူ ကျောင်းသား ကျောင်းသူ ၊ ပြည်သူလူထုရဲ့ မတရားမှုကို အုန်တု အုံကြွဝံ့တဲ့ သခင်စိတ်တွေကို ပိုသတိရမိတယ် ။ အဲဒီမျိုးစေ့တွေကို နိင်သမျှ ချနိင်ဖို့ ကြိုးစားရင်း အကို အမတွေရဲ့ မြင် ကြား မှုတွေကနေ သင်ယူခဲ့ရတာတွေကို လေးစားအသိအမှတ်ပြု ရေးသား
အပ်ပါသည် ။

မှတ်ချက် ။ ။ သေဆုံးသွားပြီဖြစ်တဲ့ ကိုအေးကြည်ကို သတိရစိတ်တွေကြောင့် ၈၈ နဲ့ ကိုအေးကြည်ဆိုတာ ခွဲမရတာမို့ ကိုအေးကြည်ပုံကို ပြန်တင်လိုက်ပါတယ် ။ သူလည်း အညတရ ၈၈ မြောက်ဥက္ကလာရဲ့ ကျောင်းသားလူငယ်တစ်ယောက် အဖြစ် အဲဒီအချိန်က ပါဝင်ခဲ့သူပါပဲ ။

လေးစားလျှက်

ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်


(1 Aug 2013 ရက်စွဲပါ Roll Call မှ Niels Lesniewski ရေးသားသော McConnell outlines priorities for Myanmar’s constitution ကိုဘာသာပြန်ဆိုသည်)

ဆီးနိတ်လူနည်းစုခေါင်းဆောင် Mitch McConnell သည် ကြာသပတေးနေ့က ကာလကြာရှည် စိတ်ဝင်စားခဲ့သော မြန်မာနိုင်ငံနှင့်ပတ်သက်၍ တိတ်ဆိတ် ဝင်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ Kentucky ရီပတ်ဗလစ်ကင်သည် စစ်အစိုးရအပေါ်ဆန့်ကျင်သောအုပ်စုကို ဦးဆောင်ခဲ့ပါသည်။ မကြာမီက မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာပြီးနောက် McConnell သည် မြန်မာအစိုးရအပေါ် အမေရိကန်အရေးယူမှု ဆက်လက်ချမှတ်ရန် တိုက်တွန်းတော့မည်မပာုတ်ပာု ပြောကြားခဲ့ပါသည်။

McConnell သည် ကြာသပတေးနေ့က Congressional Record သို့ မြန်မာနိုင်ငံ၏ အခြေခံဥပဒေပြင်ဆင်ရာတွင် ဦးစားပေးရမည့်လေးချက်ကို ပုံဖော်ပြခဲ့သော အသေးစိတ်ကြေညာချက်ကို တင်သွင်းခဲ့ပါသည်။ ၎င်းတွင် စစ်တပ်ကို အရပ်သားချုပ်ကိုင်မှုပြုရေး ပါဝင်ပါသည်။

“မြန်မာနိုင်ငံ၏ ပြင်ဆင်ရခက်ခဲသော ပြဿနာများကြားတွင် မြန်မာ့နိုင်ငံရေး၌ လိုအပ်သည်ထက် ပိုမိုပါဝင်နေသော စစ်တပ်၏ကဏ္ဍကို အမြစ်မှစ၍ ကိုင်တွယ်လုပ်ဆောင်ရန်လိုအပ်နေဆဲဖြစ်ပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်တပ်ချင်းဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါသည်”ပာု McConnell ကကြေညာ ချက်တွင် ပြောကြားခဲ့ပါသည်။

“ကံမကောင်းစွာပင်ရလဒ်မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကို တရားဝင်သြဇာမရှိပေ။ အကြောင်းမှာ အခြေခံဥပဒေအရ သမ္မတသည် လက်နက်ကိုင်တပ်များ၏ အကြီးအကဲမပာုတ် ခြင်းကြောင့် ဖြစ်ပါသည်။ တပ်မတော်ဦးစီးချုပ်တစ်ဦးက စစ်တပ်အကြီးအကဲဖြစ်ပြီး သမ္မတနှင့်ကင်းလွတ်၍ လွတ်လပ်စွာ ရှိနေပါသည်”ပာု ဖော်ပြထားသည်။

ကြေညာချက်အပြည့်အစုံကို အောက်တွင်ဖော်ပြထားပါသည်။

နှစ်နှစ်ခွဲပိုပိုခန့်အတွင် မြန်မာနိုင်ငံမှကြီးမားသော ပြောင်းလဲမှုများကို ကမ္ဘာကြီက မျက်ဝါးထင်ထင် တွေ့ခဲ့ရပါပြီ။ ထိုအပြောင်းအလဲကို မကြာသေးမီနှစ်များက စိတ်ကူးထဲတွင်ပင် ထည့်ခဲ့လိမ့်မည်မပာုတ်ပေ။ နိုဘယ်ဆုရှင် ဒေါ်အောက်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး လွှတ်တော်တွင်ရောက်ရှိနေပါသည်။ နိုင်ငံရေး အကျဉ်းသားများလည်း လွှတ်ပေးခဲ့ပါသည်။ ၂၀၁၂ ဧပြီလက လွတ်လပ်၍ တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပါသည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့ပါသည်။

ထိုသို့ကြိုဆိုရမည့် ပြုပြင်ပြောင်းလဲရေးများရှိသော်လည်း လုပ်ဆောင်ရန်များစွာ ကျန်ရှိနေပါသေးသည်။ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်နေသော ပြဿနာများ၏ အသဲနှလုံးမှာ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလိုအပ်ချက်ဖြစ်ပါသည်။ လက်ရှိ အပြစ်အနာအဆာများရှိသော အခြေခံဥပဒေသည် တိုင်းပြည်၏ဒီမိုကရေစီရည်မှန်းချက်များကို အထောက်အကူ ပြုနိုင်လိမ့်မည်မပာုတ်ပေ။ ရိုးရိုးလေးပြောရလျှင် အကယ်၍ မြန်မာနိုင်ငံသည် စီးပွားရေးနှင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ခြေလှမ်းကြီးကြီးလှမ်းရန်နှင့် အမေရိကန်နှင့် ပုံမှန်ပြည့်ဝသော ဆက်ဆံရေးထူထောင်ရန်၊ ၎င်း၏အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန်လိုအပ်ပါသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အားတက်ဖွယ်သတင်းကောင်းများ ကြားနေရပါသည်။ ပြီးခဲ့သောအပတ်ကပင် မြန်မာနိုင်ငံမှလွှတ်တော်သည် အခြေခံဥပဒေပြင်ဆင်ရေးအတွက် သုံးသပ်မည့်ကော်မတီတစ်ခု ဖွဲ့စည်းရန် ကြေညာခဲ့ပါသည်။ မြန်မာခေါင်းဆောင်မှုအတွက် ၎င်း၏ပြည့်ဝသော ဒီမိုကရေစီကတိကဝတ်များအတွက် လုပ်ဆောင်ရန် အခွင့်အလမ်းကြီး များပေးမည်ဖြစ်ပါသည်။

လွှတ်တော်ကကြိုးပမ်းမှုများ စတင်ခဲ့ပြီဖြစ်ရာ ကျွနိုပ်အနေဖြင့် မိမိပုဂ္ဂိုလ်ရေးအမြင်တွင် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ပာု ထင်မြင်သောအခြေခံဥပဒေမှ နယ်ပယ်လေးခုကိုမီးမောင်းထိုးပြလိုပါသည်။

ပြုပြင်ပြောင်းလဲရန်လိုအပ်သော ပထမနယ်ပယ်မှာ တပ်မတော်ပာုခေါ်သော မြန်မာစစ်တပ်ကို အရပ်သားထိန်းချုပ်မှု အောက်သို့ သွတ်သွင်းရေးဖြစ်ပါသည်။ စစ်တပ်ကို အရပ်သားထိန်းချုပ်ခြင်းသည် တည်ငြိမ်၍ ခေတ်မီသော ဒီမိုကရေစီနိုင်ငံ အတွက် အခြေခံကျသော အခြေအနေဖြစ်ပါသည်။

“မြန်မာနိုင်ငံ၏ ပြင်ဆင်ရခက်ခဲသော ပြဿနာများကြားတွင် မြန်မာ့နိုင်ငံရေး၌ လိုအပ်သည်ထက် ပိုမိုပါဝင်နေသော စစ်တပ်၏ကဏ္ဍကို အမြစ်မှစ၍ ကိုင်တွယ်လုပ်ဆောင်ရန်လိုအပ်နေဆဲဖြစ်ပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်တပ်ချင်းဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း ထားဆဲဖြစ်ပါသည်”ပာု McConnell ကကြေညာချက်တွင် ပြောကြားခဲ့ပါသည်။

“ကံမကောင်းစွာပင်ရလဒ်မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကို တရားဝင်သြဇာမရှိပေ။ အကြောင်းမှာ အခြေခံဥပဒေအရ သမ္မတသည် လက်နက်ကိုင်တပ်များ၏ အကြီးအကဲမပာုတ်ခြင်း ကြောင့် ဖြစ်ပါသည်။ တပ်မတော်ဦးစီးချုပ်တစ်ဦးက စစ်တပ်အကြီးအကဲဖြစ်ပြီး သမ္မတနှင့်ကင်းလွတ်၍ လွတ်လပ်စွာ ရှိနေပါသည်”ပာု ဖော်ပြထားသည်။

စစ်တပ်အပေါ် အရပ်သားထိန်းချုပ်မှုမရှိခြင်းအကြောင်းရင်းကြောင့် ဖြစ်လာရသော ပြဿနာများအတွက် နောက်ထပ်ဥပမာမှာ စစ်တပ်နှင့် ကချင်တိုင်းရင်းသားအုပ်စုကြား ဆက်ဆံရေးတွင်တင်းမာသော အခြေအနေဖြစ်ပါသည်။

ကချင်ပြည်နယ်မှ ပဋိပက္ခနှင့် အခြားတိုင်းရင်းသားပဋိပက္ခများ ပြီးဆုံးရေးသည် နှစ်ပေါင်း(၆၀)ခန့် ပြည်တွင်းစစ်ဖြစ်နေသော မြန်မာနိုင်ငံအတွက် ထာဝရငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေးနှင့် လုံခြုံရေးတို့ အောင်မြင်မှု ရရန် လိုအပ်ချက်ဖြစ်ပါသည်။

မကြာမီက ဥရောပခရီးစဉ်တွင် ဦးသိန်းစိန်က နိုင်ငံနှင့်ချီသော အပစ်အခတ်ရပ်စဲရေးသည် မဝေးတော့ကြောင်း ခန့်မှန်းပေးခဲ့ပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း သမ္မတ၏ နီးကပ်သောဝန်ကြီးတစ်ဦးမှ ဦးဆောင်လျက်ရှိပါသည်။ သို့သော် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် စစ်ပွဲများ ဖြစ်နေဆဲဖြစ်ပါသည်။ တပ်မတော်သည် မိမိကိုယ်ကို ကာကွယ်ခွင့်ရှိပါသည်။ သို့သော် ပွင့်လင်းမြင်သာမှုနှင့် အရပ်သားကြီးကြပ်မှုမရှိပါက တပ်မတော်၏စစ်ရေးများသည် သမ္မတ၏လမ်းညွှန်မှုနှင့် ရည်ရွယ်ချက်များကို မည်မျှထိ လိုက်နာခြင်း ရှိ၊ မရှိ မေးခွန်းများထွက်ပေါ်လာပါသည်။

ပြုံယမ်းနှင့် ဆက်ဆံရေးကို ရပ်ဆိုင်းခြင်းမရှိပဲနှင့်လည်းကောင်း၊ ကချင်နှင့် တိုင်းရင်းသားများဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှု မရှိပဲနှင့်လည်းကောင်း၊ အမေရိကန်-မြန်မာ ဆက်ဆံရေးကို အပြည့်အဝပုံမှန်ဖြစ်လာအောင် လုပ်ဆောင်နိုင်မည်မပာုတ်ပေ။ စစ်တပ်က အရပ်သား၏ကြီးကြပ်မှုကို မခံယူသရွေ့လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ကတိကဝတ်များကို သရုပ်မဖော်နိုင်ပါကလည်းကောင်း၊ စစ်တပ်ချင်းဆက်ဆံရေးမှာ အကန့်အသတ် ရှိနေဦးမည် ဖြစ်ပါသည်။ ထိုသို့သော ရလဒ်သည် နှစ်နိုင်ငံစလုံးအား ထိခိုက်ပါသည်။

အမေရိကန်သံတမန်များအနေဖြင့်လည်း အခြေခံဥပဒေပြင်ဆင်ရာတွင် စစ်တပ်အား အရပ်သားထိန်းချုပ်မှုအောက် သွပ်သွင်းရေးသည် အရေးကြီးသည်ဆိုသည်ကို မြန်မာနိုင်ငံအပေါ် ဆက်လက်တိုက်တွန်းနေရမည်ဖြစ်ပါသည်။ သို့သော် တပ်မတော်ကိုပြုပြင်ပြောင်းလဲရန် အခြားမူဝါဒကိရိယာများရှိနေသည်ပာု ကျွန်ုပ်ယုံကြည်နေပါသည်။ စစ်တပ်-စစ်တပ်ချင်း မကြီးလွန်းမသေးလွန်းသောဆက်ဆံရေးဖြင့် စတင်လျှင် အဆိုပါရည်ရွယ်ချက် ဖြစ်မြောက်နိုင်မည်ပာု ကျွနိုပ်ယုံကြည်ပါသည်။ ရှင်းအောင်ပြောရလျှင် ကျွန်ုပ်သည် မြန်မာစစ်တပ်အား လူသတ်ရန်လေ့ကျင့်မှုများပေးရန်(သို့) လက်နက် ရောင်းချရန် နှိုးဆော်နေခြင်းမပာုတ်ပါ။ ကျွန်ုပ်ဆိုလိုသည်မှာ အမေရိကန်စစ်တပ်သည် မြန်မာတပ်မတော်နှင့် ဆက်ဆံ၍ လက်နက်ကိုင်ပဋိပက္ခများတွင် ဥပဒေနှင့်အညီ လုပ်ဆောင်ရမှုများ၊ ပရော်ဖက်ရှင်နယ် ပီသသော စစ်တပ်အတွက် နိုင်ငံတကာစံများနှင့် ပတ်သက်သော အခြားကိစ္စရပ်များ သိစေရန်ဖြစ်ပါသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.