08/06/13


တစ်နိုင်ငံလုံးက ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေ သိန်းနဲ့ချီပြီး အုံကြွဆန္ဒပြမှုကတော့ မဆလအာဏာရှင်ကို အပြီးတိုင်ဖြိုလှဲပြီး ယာယီကြားဖြတ်အစိုးရ တောင်းဆိုခဲ့တဲ့အထိ ဒီမိုကရေစီတော်လှန်ရေးလှိုင်းကြီးဟာ အရှိန်အပြင်းဆုံး ပေါ်ပေါက်လာပါတော့တယ်။

အားလုံးကြားလိုက်ကြမှာပေါ့။ သမ္မတကြီးကတော့သွားပြီ။ သွားပြီဆိုတာကခေါင်းပါင်းချွတ်မယ်။ နိုင်ငံရေးကုလားထိုင် ဂွတ်ဘိုင်တော့မယ် ပြောတာ။ နိုင်ငံကြီးတစ်ခုမှာ လူသိရှင်ကြားပြောတာဗျ။ ဟုတ်လောက်ရဲ့ ထင်ရသပေါ့ဗျာ။ သူ့လူချောတွေက ဘာတွေဘယ်လိုနားလှည့်ပါးလှည့် ပြောဦးမယ်မသိ။

ထားပါတော့လေ။ ဦးသိန်းစိန်စကားကလည်း ယတိမပြတ်လှဘူး။ ဓာတ်တော့ပေါက်လောက်ပါတယ်။ တာထွက်တန်းစီတဲ့အချိန်မှာ ဘယ်လိုလိမ်ဖည်လိမ်ဖည် ပါလာဦးမလဲတော့မသိနိုင်ဘူးပေါ့။ လတ်တလောတော့ သူ့ကိုမူးတင်းပဲတင်း သမ္မတလောင်းရယ်လို့ပဲ သတ်မှတ်ထားကြဗျ။

ဘယ်သူတွေကျန်သလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းပဲပေါ့။ သူတို့က ပါတီကြီးနှစ်ခုရဲ့ ဥက္ကဌတွေ လည်းဖြစ်တယ်။ လွှတ်တော်တွင်း ထိပ်တန်းခေါင်းဆောင်တွေလည်းဖြစ်တယ်။

ဦးရွှေမန်းကပြောတယ်။ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို သမ္မဆိုတဲ့ပုဂ္ဂိုလ် အလုပ်နိုင်ဆုံးဆိုရင် သမ္မတဖြစ်ချင်တယ်။ သမ္မတထက်ပိုပြီး လုပ်နိုင်တဲ့ ဌာနတွေ၊ ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုရင်လည်း အဲဒါတွေ ဖြစ်ချင်တယ်တဲ့ဗျား။ သတင်းထောက်ကိုပြောတာ။ သူပြောပုံအရတော့ သမ္မတလုပ်ချင်လွန်းတာသေချာတယ်။ သမ္မတထက်ပိုလုပ်နိုင်တဲ့ အလုပ်ရှိရင်လုပ်ချင်တယ်ဆိုတာကဘာလဲ။ အကြံကြီးတာကိုပြောတာလား။ တခြားအလုပ်တစ်ခုခုကို မျက်စောင်းထိုးတာလား။

ဦးရွှေမန်းကို ဒုတိယသမ္မတနံပါတ်ချိတ်နေတဲ့ သတင်းတွေကလည်းရှိသေးသကိုး။ သတင်းတစ်ခုအဆိုအရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းသမ္မတဖြစ်ကောင်းဖြစ်မယ်ဆိုပဲ။ ကာ/ချုပ်ကြီးသမ္မတဖြစ်ရင် ဦးရွှေမန်းဒုတိယသမ္မတဖြစ်မယ် ဆိုတဲ့ တစ်ပေးသံသတင်းတွေကလည်းထွက်နေသဗျ။

ဒေါ်အောင်ဆန်းစုကြည် ကတော့ပြတ်ပါတယ်။ ရှင်းရှင်းပဲ။ သမ္မတလုပ်ချင်တယ်တဲ့။ ဦးရွှေမန်းက သူနဲ့ပြိုင်ရဲတယ်ဆိုရင် ကောင်းပါတယ်တဲ့။ အဲဒီ လိုပြိုင်မယ်ဆိုရင်လည်း အခြေခံဥပဒေပြင်ဆင်ရေးကို ဖြစ်နိုင်အောင် ဦးရွှေမန်းကြိုးစားပေးစေချင်တယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားက အပိုင်ချည်လွန်းတယ်လို့ ပြောသူတွေတော့ရှိတယ်ဗျ။ အခြေခံဥပဒေကို ပြင်ပေးသပ ဆိုကတည်းက ဒေါ်စုနိုင်ပြီပေါ့တဲ့။

နောက်ထပ် ပေါ်ထွက်လာတဲ့သတင်းတွေကရှိသေး။ ဒေါ်စုကသမ္မတ၊ ဦးရွှေမန်းက ဒုတိယသမ္မတဆိုတဲ့သတင်း။ ဦးရွှေမန်းကသမ္မတ၊ ဒေါ်စုကဒုတိယသမ္မတဆိုတဲ့သတင်း။ ရေပန်းအစားဆုံးကတော့ ဦးရွှေမန်းကသမ္မတ၊ ဒေါ်စုကလွှတ်တော်ဥက္ကဌ။ နောက်သတင်း ဆန်းတစ်မျိုးကတော့ သမ္မတကိစ္စ အခြေခံဥပဒေမပြင်ဘူးတဲ့။ ဦးရွှေမန်းက သမ္မတ၊ ဒေါ်စုက ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးတဲ့။ နောက်တော့ ဒေါ်စု ကုလသမဂ္ဂ မတွင်းရေးမှူးချုပ် ဖြစ်မှာတဲ့။

စုံရောဗျာ စုံရော။

မှန်တာပြောရင်ကျုပ်က အဲဒီလို နိုင်ငံရးကစားကွက်တွေ၊ကျားကွက်တွေ၊ စကားကွက်တွေ၊ မျှားကွက်တွေကို နားလည်းမလည်ပေါင်ဗျာ။ စိတ်လည်းမဝင်စားပေါင်ဗျာ။ ကျုပ်က အိုးတိုး အတ ငနဲလေဗျာ။ အဲဒါမျိုးတွေ ရိုးတိုးရွတ သရုပ်မခွဲတတ်ဘူးပေါ့ဗျာ။ နိုင်ငံရေးဂုရုတွေ၊ ကဝိတွေ သိတဲ့အလုပ်တွေကိုး။ သူတို့လေကန်ရင်းဝေဖန်ခြင်းပြုကြလိမ့်မပေါ့ဗျာ။ သူတို့သုံးသပ်ရင်း ဆုံးဖြတ်ခြင်းပြုကြလိမ့်မပေါ့ဗျာ။

ကျုပ်တို့ ဒီချုပ်ဥက္ကဌကြီးက သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူ့ရဲနိုင်ငံရေးသဘောထားတွေကို ရှင်းပြသွားတာ ကြားရတယ်။ တွေးစရာတွေ၊ ရေးစရာတွေအများကြီးပဲ ရလိုက်သဗျာ။ ဒေါ်စုက စိတ်ထားဝတိံသမားဆိုတော့ နှလုံးကြီးကြီး၊ ဦးနှောက်ကျယ်ကျယ် သဘောထားတွေ ပြောသွားတယ်ဗျာ။

အတိုက်အခံဆိုတဲ့ အသုံးအနှုန်းကို သူသိပ်မကြိုက်ဘူးတဲ့။ ဒီမိုကရေစီလွှတ်တော်စနစ်မှာ အတိုက်အခံသဘောတရား လိုအပ်တယ် တော့ ပြောသဗျ။ သူ့အနေနဲ့ တိုက်လည်း မတိုက်ချင်၊ ခံလည်း မခံချင်ဘူးတဲ့။ ပူးပေါင်းဆောင်ရွက်ခြင်းကို ပိုလို့ လိုလားတယ်တဲ့။

ကျုပ်က အငေးသမား၊ အတွေးသမားလေ။ ဥက္ကဌကြီးစကားကို အောက်ခြေမှာ ကြားနေရတဲ့စကားနဲ့ယှဉ်တွဲစဉ်းစားနေမိသဗျ။ အောက်ခြေစကားက အဘရေ၊ ကျွန်တော်တို့ပါတီထဲမှာ ကြံ့ဖွံ့နဲ့ ခရိုနီ အနုတ်အဖွဲ အသေးအမွှားလေးတွေ အတော်ထွေးလားလုံးလား ဖြစ်နေသဗျတဲ့။

ကောင်းကင်ပါတီ နိုင်ငံရေးမှာ အတိုက်အခံစိတ်ဓာတ်မပြင်းဘဲပူးပေါင်းဆောင်ရွက်ခြင်းက သိပ်ကောင်းပေတာပေါ့ဗျာ။ မြေကြီးပါတီ စည်းရုံးမှာတော့ ‘ပူးပေါင်း’ မျက်နှာပဲ ကွက်ကြည့်ကွက်ကြည့်လုပ်နေရရင် မစွံဘူးဗျ။ ပါတီအောက်ခြေထုမှာ နိုင်ငံရေး ‘ခွင်’၊ စည်းရုံးရေး ‘ခွင်’ တွေ ပျက်မှာပြိုမှာစိုးရသဗျ။

သဘောတရားတွေ အသာထားလိုက်ကြပေါ့ဗျာ။ ဥက္ကဌရဲ့ လက်တွေ့ကျတဲ့ စကားကိုပဲ မှတ်ထားလိုက်ကြစို့ရဲ့။

ဥက္ကဌက မှန်မှန်ကန်ကန်ပြိုင်ရအောင် မျှမျှတတလုပ်ပေးပါတဲ့။ ဒီစကားက သမ္မတရွေးကောက်ပွဲအတွက်သာ အရေးကြီးတာ မဟုတ် ဘူးဗျာ။၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတစ်ခုလုံးအတွက်လည်း အရေးကြီးတယ်ဗျာ။

ကျုပ်တို့ပြည်ထောင်စုကြီး ဖွဲ့စည်းကြတဲ့အချိန်မှာ ကျုပ်တို့ရဲ့နိုင်ငံရေးဒဿနအခြေခံက ‘ခွင့်တူညီမျှ ဝါတဖြူစင်’ ဗျ။ ‘တရားမျှတ လွတ်ခြင်းနဲ့မသွေ’ ဗျ။ နိုင်ငံတော်သီချင်းထဲက အဆိုအမိန့်၊ စကားအသုံးအနှုန်းတွေဗျ။

ခွင့်တူညီမျှရင်၊ တရားမျှတရင်၊ လွတ်လပ်ရင် (လက်ပြန်ကြိုးအမျိုးမျိုးချည်တဲ့ ၂၀၀၈ အခြေခံဥပဒေထဲ ကန့်သတ်၊ပိတ်ပင်၊ ချုပ်ချယ်၊ ဖိနှိပ်၊ စိုးမိုး၊ ဟန့်တားချက်တွေက လွတ်လပ်ရင်-

-၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာဒီချုပ်အောင်ပွဲကြီးခံမှာ ကျိန်းသေပေါ့ဗျာ။

- ၂၀၁၅ လွှတ်တော်သုံးရပ်ရဲ့ သမ္မတရွေးမြှောက်ပွဲမှာ ဒီချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သမ္မတအောင်ပွဲခံ၊ အောင်လံ စိုက်မှာမြေကြီးလက်ခတ်မလွဲပေါ့ဗျာ။

- ဒီနေ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်က ၂၀၀၈ အခြေခံဥပဒေကြီးကို ချိုကျိုးနားရွက်ပဲ့ မသန်ချည့်နဲ့အဖြစ်ကနေ ဒေါင်ဒေါင်မြည် စစ်စစ်မှန်မှန်ဖက်ဒရယ်ဒီမိုကရေစီဥပဒေကြီးအဖြစ် ပြောင်းလဲပြင်ဆင်ဖြည့်စွက် ဖြုတ်ပယ်ရန် လိုအပ်တဲ့အချိန်မှန်သမျှကို ပြည့်ပြည့်စုံစုံ ကုန်ကုန်စင်စင် ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်နဲ့တကွ နိုင်ငံရေးအင်အားစု အားလုံးရဲ့တာဝန်ပဲ ဖြစ်ပေသပေါ့ဗျာ။ အဲဒါက ပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲပေါ့ဗျာ။ ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အတွဲ(၂၉)။

ရှစ်လေးလုံးအရေးတော်ပုံ ငွေရတု မြောက်ရှိခဲ့ပါပြီ၊ဒီအရေး တော်ပုံကြီးမှာ မထင်မရှားကြွေ လွင့်သွားရဲသည့် ကြယ်တွေများ စွာရှိခဲ့ပါသည်။ယနေ့အချိန် အပြောင်းအလဲမှာလည်း ကြွေ လွင့်သွားသည့်ကြယ်ပွင့်များ၏ မျှော်လင့်ချက်များ မပြည့်ဝသေး ပါ။ လမ်းခရီးတစ်ဝက်မှာ ပဲရှိသေးသည်။သူတို့တွေက ငြိမ်းချမ်းသာယာသည့် တိုင်း ပြည်ကို မျှော်လင့် ခဲ့ကြသည်။

ကျွန်တော်ငယ်စဉ်က ဖိလစ် ပိုင်အမျိုးသားခေါင်းဆောင်ဒေါက် တာဟို ဆေးရီးဇော်၏(ပြည်သူ့သို့ နောက်ဆုံးမှာတမ်း)ဖတ်ခဲ့ရပါ သည်။အဲဒီထဲမှာ ဘာပါသလဲဆို ရင်၊ ““ကျုပ်တို့တိုင်းပြည်၊ နေ၀န်း နီထွက်ပေါ်လာတာ၊မမြင်ရသေး ခင်မှာ ကျွန်တော်သေခဲ့ရတယ်။ အရုဏ်ဦးတွေ့မြင်ကြရမယ့် ခင်ဗျားတို့က နေ၀န်းနီနီကို ကြို ဆိုကြပါ။ဒါပေမဲ့ အာကာသည အမှောင်မှာ ကျဆုံးသွားခဲ့ကြတဲ့ ရဲဘော်တွေကိုတော့ မမေ့ကြပါနဲ့”” ဟု ဖတ်ဖူးပါသည်။
သာကေတကျောက်တိုင်အနီး တွင် ၁၉၈၈သြဂုတ်(၁၀)ရက်နံ နက်(၁၀)နာရီတွင် ကျဆုံးခဲ့သော မောင်အောင်မြင် မိသားစုနှင့်တွေ့ ဆုံခွင့်ရခဲ့ပါသည်။စတုတ္ထတန်း ကျောင်းသား မောင်အောင်မြင့် ၏မိသားစုသည် အမှတ် (၅၉၇)၊ ဝေဇယန္ထာ(၁၃)လမ်း၊(၆)အနောက် ရပ်ကွက်၊သာကေတမြို့နယ်၊ရန် ကုန်တိုင်းဒေသကြီးတွင် နေထိုင် လျက်ရှိပါသည်။

““သာကေတ ကျောက်တိုင် အနီးမှာ ကိုကြီးသေတယ်လို့ ကျွန်တော်တို့ကြားခဲ့ရပါတယ်။ အဲဒီနေ့က ကိုကြီးဟာ ကျောင်း ၀တ်စုံဝတ်ပြီးအိမ်ကနေ ထွက် သွားခဲ့ပါတယ်။သူနဲ့အတူသူငယ် ချင်းတစ်ယောက်လည်းသေတယ် လို့ သိရပါတယ်။ကျွန်တော်တို့ မိသားစုဟာ ဒီအချိန်ထိကို ကြီးသေတာကို မယုံသေးဘူး။ ကို ကြီးဟာ ပကတိရှိနေသေးတယ် လို့ထင်နေကြတယ်။ကိုကြီး ပြန် လာမယ်လို့ မျှော်လင့်နေတုန်းပဲ၊ ကိုကြီးအပေါ်မှာ မျှော်လင့်ချက် တွေအများကြီးရှိပါတယ်။ကျွန် တော်တို့ငယ်စဉ်ကလေးဘ၀တုန်း ကလည်းကိုကြီး ကိုအများကြီး အားကိုးရပါတယ်။ကိုကြီးသာရှိ ရင် မိသားစုသာယာမှာပါ။ဒီထက်မက ပျော်ရွှင်မှုတွေ အိမ်မှာရှိလာ မှာ””ဟုညီဖြစ်သူ ကိုဇော်မင်းထိုက် ကပြောသည်။

မောင်အောင်မြင့်သေဆုံးမှု နှင့် ပတ်သက်၍မှတ်မိခဲ့သူ တစ် ဦးက ““သူက သာကေတမြို့နယ် မှာဖွင့်ထားတဲ့ အ.မ.က(၁၈) မှာ စတုတ္ထတန်းတက်နေပြီး၊ အသက်(၁၁)နှစ်ရှိသေးတယ်။ အဲဒီတုန်းက ရဟန်းရှင်လူပြည်သူ တွေနဲ့ပေါင်းပြီး ရန်ကုန်မြို့တွင်း ကိုချီတက်ခဲ့ကြတော့ ပုစွန် တောင်၊ ငမိုးရိပ်ချောင်းကူးတံတား က လှန်ထားလို့ သုဝဏ္ဏတံတား ဖက်ကို ချီတက်ကြတယ်။ဒီလိုချီ တက်လာတဲ့အချိန်မှာ အဆင် သင့်နေရာယူထားတဲ့ စစ်တပ်မှ ပစ်ခတ်တာကြောင့် သာကေတ ကျောက်တိုင်အနီးမှာ မောင် အောင်မြင့်ဟာ ရင်ဘတ်၊ဆီးစပ် တွေမှာ သေနတ်ဒဏ်ရာ တစ်ချက်ဆီ ထိမှန်ပြီး သေဆုံးခဲ့ ရသည်””ဟု ပြောသည်။

မိသားစုမှထပ်ဆင့်ပြောကြား ရာမှာ““ကိုကြီးသေဆုံးတော့ မိသားစုမှ အလောင်းပြန်မရခဲ့ ဘဲ ဆွမ်းသွတ်ခဲ့ရပါတယ်။ကိုကြီး နဲ့အတူပါသွားတဲ့လူတစ်ယောက် က ကိုကြီးအိတ်ထဲက သွေးစွန် နေတဲ့စာရွက်တစ်ပိုင်းတစ်စ ကျွန်တော်တို့ကို ပေးခဲ့ပါတယ်။ အဲဒီမှာပါတဲ့ ကဗျာကို ကျွန်တော် မှတ်မိနေသေးတယ်။ကျောင်း သားနဲ့ဆောင်ဓါး၊လားလားမှ မထိုက်ပေမဲ့၊အစ်ကိုတွေ၊အမတွေ သွားခဲ့တဲ့လမ်း၊ဆက်လျှောက်ရမဲ့ တာဝန်၊သားတို့မှာရှိတာမို့၊က လောင်ကိုစွန့်၊စာအုပ်ကိုချ၊ခွပ် ဒေါင်းလံ ကိုင်စွဲလို့၊ချီတက်သွား ခဲ့ပြီး အမေ။ လို့ပါတယ်။ ကျွန်တော်တို့မေ့သွားမှာစိုးလို့ စာအုပ်ထဲမှာကို မှတ်ထားခဲ့တာ ပါ””ဟုပြောသည်။

မောင်အောင်မြင့်၏မိသားစု များသည် အလောင်းကို မမြင်ရ ၍ဒီနေ့အထိသေသည်ကို မယုံ သေးကြောင်း၊မိသားစုထံသို့ တစ် နေ့ပြန်လာမည်ဟု မျှော်လင့် ကြောင်းသိရသည်။

မျိုးကျော်
The hot news weekly

(4 Aug 2013 ရက်စွဲပါ Shanghai Daily မှ Myanmar to restart controversial copper project under revised contract ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ အငြင်းပွားဖွယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဇူလိုင်လ(၂၄) ရက်နေ့က အစိုးရ၏ မြန်မာ့သတ္တုတွင်းလုပ်ငန်း (MME)၊ စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်၏ ဝမ်ပေါင်(Wanbao Mining Ltd) သတ္တုတွင်း လီမိတက်တို့ကြား ကန်ထရိုက်စာချုပ် ပြန်လည်ရေးထိုး၍ စတင်မည်ဟု မျှော်လင့်ရပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာ၏ အကြံပြုချက် အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးလှထွန်းက သောကြာနေ့က လုပ်ငန်းညှိနှိုင်းမှုအစည်းအဝေးတွင် ပြန်လည်ရေးထိုးသော ကန်ထရိုက်စာချုပ်တွင် ပိုမို၍ ပွင့်လင်း မြင်သာမှုရှိရေးနှင့် စီမံကိန်းနယ်မြေတွင် လူမှုရေးတာဝန်ယူမှုအတွက် လှုပ်ရှားမှုများ လိုအပ်ပုံကို အလေးထား ပြောကြား သွားပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံတကာစံနှင့်အညီ ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၄င်းက အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ကော်ပိုရေးရှင်း ကြီးများ၏ လူမှုရေးတာဝန်ယူမှု Corporate Soual Reoponsibilities (SR) လှုပ်ရှားမှုများအတွက် ဒေါ်လာတစ်သန်း သုံးစွဲမည်ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

ထို့အပြင် စီမံကိန်းလည်ပတ်နေချိန်တွင် အမြတ်ငွေ၏ ၂% ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် စီစဉ်ထားရာ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုစီးပွားအနေအထားနှင့် ဒေသပတ်ဝန်းကျင်ဆိုင်ရာများ တိုးတက်ကောင်းမွန်ရေးအတွက် အသုံးပြုမည်ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက တာဝန်များကို ထမ်းဆောင်ရာတွင် ဒေသခံပြည်သူများအပေါ် စာနာစိတ်၊ နားလည်မှုရှိသောစိတ်များဖြင့် အကောင်အထည်ဖော်ရန် ကတိပြုခဲ့ပြီး လုပ်ငန်းကော်မတီကို ဒေသဆိုင်ရာအစိုးရ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားပါသည်။

ကော်မတီသည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ၏ အကြံပြုချက်နှင့်အညီ တိုင်းပြည်၏စီးပွားရေး မြှင့်တင်ရန်နှင့် သတ္တုတွင်းဧရိယာမှ ဆင်းရဲမှုများကို ပပျောက်အောင် ကတိကဝတ်များ ပြောကြားခဲ့ပါသည်။

ကော်မတီကပြောကြားရာတွင် စီမံကိန်း၏ စာချုပ်သစ်သည် ယခုလိုတာဝန်ယူသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်ရန် တွန်းအားပေးနေသည့်အချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် နမူနာကောင်းတစ်ခု ဖြစ်နိုင်သည်ဟု ဆိုပါသည်။

ဇူလိုင်(၂၄)ရက်နေ့က ပြင်ဆင်ခဲ့သော သဘောတူညီချက်အရ မြန်မာ့သတ္တုတွင်း၊ မြန်မာ့စီးပွားရေးဦးပိုင်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့အကြား အကျိုးအမြတ်ခွဲဝေမှုမှာ ၅၁:၁၉:၃၀ ဖြစ်သွားမည် ဖြစ်ပါသည်။

စာချုပ်သစ်အရ လုပ်ငန်းမစတင်မီ မြန်မာ့သတ္တုတွင်းလုပ်ငန်းသည် မြန်မာ့စီးပွားရေးဦးပိုင်ထံမှ ဒေါ်လာ ၅ သန်း ရရှိမည် ဖြစ်ပြီး၊ ဝမ်ပေါင်ကုမ္ပဏီသည် မိုင်းပြန်လည်ပြုပြင်ခြင်းအတွက် နှစ်စဉ်ဒေါ်လာ ၂ သန်း ထည့်ဝင်ရမည်ဖြစ်သည့်အပြင် CSR အတွက် နှစ်စဉ်ဒေါ်လာ ၁ သန်း ထည့်ဝင်ရမည်ဖြစ်ပါသည်။

ထို့အပြင် နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံသူအားလုံးသည် CSR အတွက် အမြတ်ငွေ၏ ၂% ကို အသုံးပြုကြရမည် ဖြစ်ပါသည်။

ဦးလှထွန်းက သဘောတူညီချက်အသစ်သည် အစိုးရကိုလည်း အမြတ်၏ ရာခိုင်နှုန်းတစ်ခုကိုခံစားရန်၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန်၊ စီမံကိန်းကာလတစ်လျှောက်လုံး နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ ပတ်ဝန်းကျင်ကာကွယ်မှုများအတွက် အာမခံချက်ရှိမည်ဟု ဆိုပါသည်။

ကော်မတီအနေဖြင့် ဒေသခံပြည်သူများ မတရားဟု ခံစားမှုများကို ညှိနှိုင်းပြီး လိုအပ်ချက်များ အကောင်းဆုံးကြိုးစား လုပ်ဆောင်သွားမည်ဟု ဦးလှထွန်းက ကတိပြုခဲ့ပါသည်။

၎င်းက လက်ပံတောင်း သတ္တုတွင်းစီမံကိန်းကို တိုင်းပြည်အတွက် နမူနာစီမံကိန်း တစ်ခုဖြစ်စေရန် တိုက်တွန်းခဲ့ ပါသည်။

၎င်းက ပြောကြားရာတွင် ကော်မတီသည် လယ်မြေ ၂၈၃.၆၉ (ဧက ၁၁၄.၈ ဟက်တာ )ကို လယ်သမားများသို့ ပြန်လည်၍ ပေးနေပြီဖြစ်ကြောင်း လုပ်ငန်း၏ ၇၉ % ပြီးစီးနေကြောင်း ဆိုပါသည်။

ကော်မတီသည် လယ်သမား(၁၀၃၇) ဦးထံမှ သိမ်းယူထားသော လယ်မြေ(၂၈၃.၆၉) ဧကအတွက် လျော်ကြေးငွေ ကျပ်(၃) ဘီလီယံ(ဒေါ်လာ၃သန်း) ခွင့်ပြုခဲ့ပြီဖြစ်ကြောင်း၊ ကျန်ရှိသော လျော်ကြေးများ ဆက်လက်ပေးမည်ဖြစ်ကြောင်း ၄င်းကပြောပါသည်။

ISO လက်မှတ်ရရှိအောင် လုပ်ဆောင်ခြင်း၊ သဘောတူညီချက် ပြင်ဆင်ခြင်းများအတွက် MoU ရေးထိုးခြင်းများ၊ ရွှေ့ပေးရသော ရွာများအတွက် နေအိမ်များ ပြန်လည်ဆောက်ပေးခြင်း၊ အဆိုပါရွာများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ စက်မှုဝန်ကြီးဌာနထံမှ ဆာလဗျူရစ်အက်စစ်ကန် ဆောက်လုပ်ရေးအတွက် ခွင့်ပြုချက်ယူခြင်း၊ စီမံကိန်းနယ်မြေတွင် ပညာရေး၊ကျန်းမာရေး စောက်ရှောက်မှု၊ လူမှုရေးလုပ်ငန်းများ မြှင့်တင်ခြင်းများ လုပ်ဆောင်နေကြောင်း ၄င်းကပြောပါသည်။

သို့သော် အစိုးရက တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားအတွက် လုပ်ဆောင်နေချိန်တွင် အချို့လူများသည် အဆိုပါဒေသတွင် စီမံကိန်းနှောင့်နှေးရန်နှင့် မတည်ငြိမ်အောင် လုပ်ဆောင်နေကြောင်း ၄င်းကပြောပါသည်။

အဆိုပါ စီမံကိန်းတွင် ၂၀၁၂ ဖေဖော်ဝါရီလမှစ၍ ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အကြံပြုချက်များအတိုင်း ယခုအခါ လုပ်ဆောင်နေပါသည်။

Yangon chronicle

ကျောင်းသား၊ရဟန်းရှင်လူ ပြည်သူအားလုံး၊လူတန်းစားမရွေး၊ အလွှာမရွေးတစ်ပြည်လုံးလှည်း နေလှေအောင်းမြင်းဇောင်းမကျန် ပါဝင်ခဲ့သော၈လေးလုံးငွေရတု ပြည့်၊ဤနေ့ဤရက်တွင်မြန်မာပြည် တစ်ဝန်းလုံးတွင်ကျင်းပကြမည်။

ရှစ်လေးလုံးအရေးတော်ပုံ(၂၅)နှစ် ပြည့်ငွေရတုအခမ်းအနားသို့နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) မှသ၀ဏ်လွှာပေးပို့ထား ကြောင်းသိရသည်။
၎င်းသတင်းလွှာတွင် ၁၉၈၈ ခုနှစ်သြဂုတ်လ(၈)ရက်နေ့တွင်စ တင်ခဲ့သည့်ပြည်သူလူထုတစ်ရပ် လုံးပါဝင်သောရှစ်လေးလုံးအရေး တော်ပုံကြီး၏(၂၅)နှစ်မြောက်နေ့ ရက်ဖြစ်ကြောင်းနှင့်ပြည်သူလူထု ၏မ.ဆ.လတစ်ပါတီအာ ဏာ ရှင်အစိုး၏ဆက်လက် ရှင်သန်ခွင့်ကိုတားဆီးရပ်တန်ခဲ့ သည့်အရေးတော်ပုံကြီးဖြစ်ကြောင်း၊ ဖော်ပြထားသည်။

အရေးတော်ပုံ ကြီးသည် မ.ဆ.လတစ်ပါတီ အာဏာရှင်စနစ်ကိုရပ်တန့်စေနိုင် ခဲ့သော်လည်းယခုအချိန်အထိစစ် ရိပ်စစ်ငွေကင်းသော၊တိုင်းရင်းသား များအပါအ၀င်ပြည်သူလူထုတစ်ရပ် လုံး၏လိုလားချက်တို့ကိုပုံဖော်ပေး မည့်လူထုအစိုးရကိုမဖန်တီး၊မတည် ဆောက်မတင်မြောက်နိုင်သေး သည်ကိုရိုးသားစွာဝန်ခံရမည်ဖြစ် ကြောင်းနှင့်နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ခြင်းမရှိသေး သည့်အပြင်၊ပြည်သူလူထု၏လက် တွေ့ကျသောဘ၀နေထိုင်မှုအဆင့် ဆင့်ကိုလည်းတိုးမြင့်လာအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း လည်းဖော်ပြထားသည်။

ထို့ပြင်ယ နေ့အချိန်တွင်ရှစ်လေးလုံးအရေး တော်ပုံကာလအတွင်းတောင်းဆို ခဲ့ကြသည့်တောင်းဆိုချက်များထက် အလွန်လေးနက်ကျယ်ပြန့်နက်ရှိုင်း သောအမျိုးသားရေးပြဿနာများ ရှိနေသည်ကိုသဘောပေါက်နား လည်ထားကြောင်း၊စစ်မှန်သော ငြိမ်းချမ်းရေးပေါ်ထွန်းမှုနှင့်အတူ၊ တိုင်းရင်းသားလူမျိုးစုအသီးသီးက မျှော်လင့်နေသော ဖဒရယ်ပြည် ထောင်စုတစ်ရပ်ဖြစ်ပေါ်လာစေ ရန်အာမခံနိုင်သည့်ဖွဲ့စည်းပုံအ ခြေခံဥပဒေတစ်ရပ်ဖြစ်အောင်ပြု ပြင်ပြောင်းလဲရန်အားလုံးပေါ်တွင် တာဝန်ရှိနေကြောင်းနှင့်ကျဆုံးခဲ့ ရသောအာဇာနည်အပေါင်းတို့ အားအလေးအနက်ဦးညွှတ်လျှက်၊ ထက်သန်သောဆန္ဒ၊စုစည်းညီညွှတ် သော အားမာန်ဖြင့်ဆက်လုပ် ဆောင်သွားကြရန် တိုက်တွန်း ကြောင်း အဆိုပါသ၀ဏ်လွှာတွင် ပါရှိသည်။

မျိုးကျော်
The hot news weekly

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.