08/07/13

၈၈အရေးခင်းကာလတွင်ကျ ဆုံးသွားသော ရဟန်းရှင်လူပြည် သူများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ကျောင်းသားများ အားနိုင်ငံတော်မှ တရားဝင်တောင်းပန်သင့် ကြောင်းနှင့်ထိုသို့တောင်းပန်ရန် အတွက်ဖိအားပေးတောင်းဆိုသွား မည်ဖြစ်ကြောင်းလူ့ဘောင်သစ်ဒီ မိုကရက်တစ်ပါတီနှင့် ABSDF ဥက္ကဋ္ဌဟောင်းကိုမိုးသီးဇွန်ကပြော ကြားသည်။

၈၈ ဒီမိုက်ရေစီအရေးတော် ပုံကာလတွင်ကျဆုံးခဲ့သော၊ကျောင်း သားလူထုများမှလူ့ဘ၀အတွက် တန်ဖိုးရှိလှသောမိမိတို့၏အသက် တစ်ချောင်းအားနိုင်ငံတော်အပြောင်း အလဲဖြစ်ပေါ်ရန်ရေးအတွက်ပေး ဆပ်ခဲ့ကြကြောင်း၊ထို့သို့ပေးဆပ်ခဲ့ သူများကိုသတိရအောက်မေ့ဂုဏ် ပြုသောအနေဖြင့်ယခုလိုဖိအားပေး တောင်းဆိုရခြင်းဖြစ်ကြောင်း၎င်းင်း မှထပ်လောင်းပြောကြားသည်။

““နိုင်ငံတော်ကပြန်လည် တောင်းပန်မှုတွေ၊တာဝန်ရှိတဲ့သူ တွေက၀န်ချတောင်းပန်မှုမရှိရင် ပြည်သူတွေအနေနဲ့ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး၊အစိုးရအနေ နဲ့လည်း တောင်းပန်ရလို့ရှက်နေ စရာမလိုပါဘူး၊ဒီလိုပဲတောင်းပန် ရတာပဲ၊အခုဂျပန်မှာဝန်ကြီးချုပ် တွေတစ်ယောက်ပြီးတစ်ယောက် တက်လာတဲ့အခါမှာသူတို့ရဲ့ဒုတိ ယကမ္ဘာစစ်ကကိစ္စကိုတစ်ယောက် ပြီးတစ်ယောက်တောင်းပန်နေရ တယ်၊ အဲလိုပဲဒီမှာလဲ ဟဒါငါနဲ့ မဆိုင်ဘူးပြောလို့မရဘူး အဲဒါတာ ၀န်မဲ့တဲ့စကား၊ ခေါင်းဆောင် ကောင်းတစ်ယောက်ရဲ့စကားမ ဟုတ်ဘူး၊ ဒီနေ့ကျွန်တော်တို့အဲဒီ စိတ်ထက်ကိုစိုက်ထူရမယ်””ဟု ကို မိုးသီးဇွန်မှပြောကြားသည်။

ယခုအချိန်၌မြန်မာနိုင်ငံတွင် အစိုးရတာဝန်ရှိသူများတွင်အမှား အားပြန်လည်တောင်းပန်သည့်ယဉ် ကျေးမှုမရှိတော့သော်လည်း ယခင်ကရှေးမြန်မာလူမျိုးများတွင် ပြဿနာဖြစ်ပေါ်လာပါကလဘန် စား၍ကျေအေးစေဟုအဓိပ္ပာယ်ရ သည့်လက်ဖက်စားပြီးကျေးအေး ကြပါဟုတောင်းပန်သည့်အလေ့ အထရှိသည်ဟု၎င်းကပြောကြား သည်။

Photo..8888 silver jubilee
The hot news weekly


၁၉၈၈ မှာ အဖိအနှိပ်ခံ ပြည်သူ တွေက တစ်ပါတီ အာဏာရှင်စနစ်ကို တော်လှန်ရင်း ဖြစ် ပွားခဲ့တဲ့ ဒီမိုကရေစီ တောင်းဆိုခဲ့တဲ့ အရေးတော်ပုံကြီးကို စစ်အစိုးရ လက်ထက်မှာ ဘယ်လိုပဲ ပုံ ဖျက်ခဲ့ ဖျက်ခဲ့ ၈ လေးလုံးရဲ့ သမိုင်းကတော့ ရှင်သန်နေဆဲ ဖြစ်တယ်လို့ ၈ လေးလုံး အရေးတော်ပုံမှာ ကိုယ်တိုင် လှုပ်ရှား ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ပွဲမှာ ပြောလိုက် ပါတယ်။

“ပြီးခဲ့တဲ့ ၂၅ နှစ်တုန်းကတော့ အိပ်ယာဝင်ပုံပြင်လို လေသံသဲ့သဲ့နဲ့ ပြောခဲ့ရတဲ့ ကလေးတွေ မျက်စိထဲမှာ ၀ိုးတ၀ါးဖြစ်ခဲ့ရတဲ့ အခု သူတို့ လူလားမြောက်တဲ့ အချိန်မှာ အမှန်အတိုင်း သိပါစေ။ ကျနော်တို့ တတ်နိုင်သမျှ တကယ့် မှတ်တမ်းမှတ်ရာတွေနဲ့ ပြခန်းတွေ ထားပါတယ်။ အဲ့ဒါက အတိတ်အတွက်ပါ။ အတိတ်ကိုကြည့်ပြီးတော့ ပစ္စုပ္ပန်မှာ ရပ်နေတဲ့ နောက်မျိုးဆက်တွေဟာ အနာဂတ်နိုင်ငံကို ဒီလောက် ပေးဆပ်ခဲ့ရပါလား။ ဒီလောက် အရင်းအနှီးတွေ ကြမ်းတမ်းခဲ့ပါလားလို့ သူတို့ သိသွားရင် တန်ဖိုးထားတတ်မယ်လို့ ကျနော် ထင်ပါတယ်။”(VOA)

ခေတ်အဆက်ဆက်တွင်အစိုး ရများက နိုင်ငံရေးဦးတည်ချက် များကြွေးကြော်သံအမျိုးမျိုးဖြင့် နိုင်ငံတော်အလံကို (၃)ကြိမ် (၃)မျိုးပြောင်းခဲ့သော်လည်း ကိုယ် စီတိုက်ပွဲဝင်ခဲ့ကြသော မျိုးဆက် များ၏ ဒေါင်းအလံသည် ပြောင်း လဲမည်မဟုတ်ကြောင်း (၂၅)ကြိမ် မြောက်(၈၈)ငွေရတုအခမ်းအနား ၏နှုတ်ခွန်းဆက် စကားတွင် ကိုမင်းကိုနိုင်က ထည့် သွင်းပြောကြားခဲ့သည်။

““ကျွန်တို့ကိုင်စွဲရမယ့် အလံ ကလဲ ဒေါင်းအလံပါပဲ ဒီကနေ့ ကျွန်တော်တို့အမျိုးသားပြန်လည် သင့်မြတ်ရေးလို့ကြွေးကြော်သံ တွေနဲ့ချီတက် နေရတဲ့ အချိန်မှာ တောင်မှကျွန်တော်တို့အားလုံးရဲ့ စိတ်ဓာတ်ဟာ ရှစ်လေးလုံး စိတ် ဓာတ်ပါ။ကျွန်တော်တို့အလံဟာ ဒေါင်းအလံပါ။ခေတ်အဆက် ဆက်မှာ အစိုးရအဆက်ဆက်က နိုင်ငံရေးဦးတည်ချက်တွေ အမျိုး မျိုးနဲ့နိုင်ငံတော်အလံဟာ (၃) ကြိမ်(၃)ခါ(၃)မျိုးပြောင်းသွား တယ်။ကျွန်တော်တို့အားလုံးတိုက် ပွဲတွေ ကိုယ်စီဝင်ခဲ့ကြတဲ့ မျိုး ဆက်တွေရဲ့ဒေါင်းအလံဟာ မပြောင်းဘူး။ဘယ်သောအခါမှ လည်းပြောင်းမှာ မဟုတ်ဘူး”” ဟု ကိုမင်းကိုနိုင်က ပြောကြားခဲ့ သည်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.