08/15/13

Photo..http://www.myanmarbusinessconsultants.com/
( UPZ မှ 14 Aug 2013 ရက်စွဲပါ “ Myanmar business dealings still opaque ’’ သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသော ကုမ္ပဏီများ အပြည့်အဝပွင့်လင်းမြင်သာမှုရှိစေရေးအတွက် အမေရိကန် အစိုးရကို တောင်းဆိုထားကြောင်း Earth Rights International အုပ်စုက ပြော ကြားလိုက်ပါသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီများအနေဖြင့် ၄င်တို့၏ ရောင်းရေးဝယ်တာကိစ္စရပ်များတွင် လိုလိုလားလား ပွင့်လင်းမှုရှိစေရေးအတွက် အမေရိကန်သမတအိုဘားမားထံ စာရေးသား တောင်းဆိုထားအပ်ဟု ပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးအုပ်စု Earth Right International ERI က ပြောကြားသည်။

ကုမ္ပဏီများ၏ ငွေကြေးဆိုင်ရာကိစ္စများတွင် ပွင့်လင်းမှု ယခုအချိန်ထိဆိုးဆိုးဝါးဝါး အားနည်း နေသေးကြောင်း၊ ထို့ကြောင့်မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရင်းနှီးမြုပ်နှံမှုသဘောသဘာဝနှင့် မဆိုင်သော ငွေကြေးကိစ္စရပ်များတွင် ပွင့်လင်းမြင်သာအောင် အမေရိကန် သမတက တင်းကြပ်ပေးစေလို ကြောင်း ERI ကဆက်လက်ပြောကြားသည်။

ထို့အပြင် ၄င်းကုမ္ပဏီအားလုံး အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ပွင့်လင်းရေး စည်းကမ်းချက်များကို မည်သို့မည်ပုံစီမံကိုင်တွယ်နေသည်ကို ရှင်းလင်းရန် အမေရိကန်အစိုးရ အားတောင်းဆိုထားသည် ဟုလည်း ERI ကအဂါင်္နေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာ ၅၀၀,၀၀၀ (ငါးသိန်း)နှင့်အထက် အသစ်ရင်းနှီးမြုပ်နှံသော အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများကို ဇူလိုင် လ (၁) ရက်နောက်ဆုံးထား၍ အစီရင်ခံစာ တင်ရမည်ဟု အမေရိကန်အစိုးရဘတ်ဂျက်နှင့် စီမံခန့်ခွဲ ရေးဌာနက မေလတွင်ပြောကြားထားပါသည်။ အစီရင်ခံရမည့် စည်းကမ်းများတွင် လူ့အခွင့်အရေး၊ အဂတိလိုက်စားမှု၊ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးဦးနှင့် စီစဉ်ဆောင်ရွက်ရမှု များကိုထည့်သွင်း ထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအစိုးရက ဒီမိုကရေစီသို့ ဦးတည်သောပြုပြင်ပြောင်းလဲမှုများ လုပ်ဆာင်နေခြင်းကြောင့် အမေရိကန် ပြည်ထောင်စုအပါအဝင် အနောက်အုပ်စုနိုင်ငံများက ယခင်အရေးယူ ပိတ်ဆို့ထားသော sanctions များကိုဆက်တိုက် ဖြေလျှော့ရုတ်သိမ်းပေးနေသည်။

လူ့အခွင့်အရေးအုပ်စုများကမူ မြန်မာနိုင်ငံမှ အပြောင်းအလဲများကို sanctions များက ရှေ့တန်းမှ တွန်းအား ပေးခဲ့ကြခြင်း ဖြစ်ကြောင်း ထောက်ပြပြောဆိုထားသည်။

Revenve Watch Institute ကဇွန်လတွင် ထုတ်ပြန်သော သယံဇာတ စီးပွားရေး ကဏ္ဍပွင့်လင်းမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံကို အနိမ့်ဆုံး အဆင့်သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရက အသံကျယ်ကျယ် ပြောဆိုလာသော်လည်း အပြောနှင့် လက်တွေ့ဆန့်ကျင်ဘက်ဖြစ်နေကြောင်း၊ အထူးသဖြင့် အကြီးတန်းအဆင့်အာဏာပိုင်များ၏ အမှားအယွင်းများကို အစိုးရက လူသိခံလိုပုံမရကြောင်း ရန်ကုန်မြို့မှ အကဲခတ်လေံလာသူများက မှတ်ချက်ပေးကြသည်။

Yangon chronicle

ဆရာမောင်ဝံသ ရဲ. နောက်ဆုံးခရီး(သို.) ခရီးဝေးသို. စတင်ထွက်ခွာခြင်း (၁၅ ရက် သြဂုတ်လ ၂၀၁၃ ခုနှစ်၊ကြာသာပတေးညနေခင်း)

ဆရာမောင်ဝံသ ၀တ်ခဲ့သော မျက်မှန်နှစ်လက်ဖြစ်ပါသည်။
Myo Zaw Linn,Center For Myanmar Media Development Journalism School


ပြီးခဲ့တဲ့အပတ်က ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း ကျုပ်ရေးခဲ့သေးတယ်။ အရေးတော်ပုံကြီး မပြီးသေးကြောင်း ဆိုတာပေါ့။ ဒီအပတ်လည်း အဲဒီမပြီးသေးကြောင်းကိုပဲ ရေးလိုက်ပါရစေဦးဗျာ။ မပြီးနိုင် မဆုံးနိုင်လုပ်နေရမလားဆိုပြီ မာန်ချင်မဲချင်သပဆိုလည်း ခံရမှာပေါ့လေ..။

အရေးတော်ပုံကြီးရဲ့ အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးတွေမှာသာမက အခြားမြို့ငယ်၊ မြို့လတ်တွေမှာလည်း တခမ်းတနား အုတ်အော်သောင်းတင်း ကျင်းပခဲ့ကြသဗျ။ ကျုပ်ကတော့ မန္တလေးပွဲနဲ့ ရန်ကုန်ပွဲပဲ နွှဲနိုင်ခဲ့ပါသဗျာ။

မန္တလေးပွဲမှာ ကျုပ်တောပြောတောင်ပြော လုပ်မိသေးတယ်။ အရေးတော်ပုံကြီးမပြီးသေး။ မပြီးသေးတော့ တိုက်ပွဲတန်းလန်းကျန်။ တိုက်ပွဲတန်းလန်းကျန်ရင် တိုက်ပွဲ ဆက်ကြရမယ်။ ဘာညာသာရကာပေါ့။ ကျုပ်က ဒီလောက်ပြောတတ်တာပါ။ စကားထဲမှာ ကဗျာအားတောင် သွင်းမိသေးသဗျာ။ ကဗျာဆရာ ဇေယျာလင်းရဲ့ ‘ကောင်းကင်ကြိုးပေါ် လမ်းလျှောက်ပြနေတာ မဟုတ်ဘူး ကောင်းကင်ရဲ့ ဒေါက်တိုင်တွေကို အကဲစမ်းနေတာ’ ဆိုတဲ့စာကို ကိုးကားမိတာပါဗျာ။ ဟုတ်တယ်လေ။ ကျုပ်တို့တောပြောတောင်ပြော လုပ်နေတာ ကောင်းကင်ကြိုး လမ်းလျှောက်ပြနေတာမဟုတ်ဘူး။ နှစ်ဆယ့်တစ်ရာစုအာဇာနည်အပေါက်မျိုး ချိုးပြနေတာ မဟုတ်ဘူး။ ဦးသိန်းစိန်အစိုးရတို့လို စစ်အာဏာရှင်ခေတ်ရဲ့ဒေါက်တိုင်တွေယိုင် မယိုင်၊ ခိုင်မခိုင် စစ်ကြည့်နေတာပါ။

ဒီနေ့အစိုးရဟာ စနစ်ဟောင်း၊ ခေတ်ဟောင်းအန်ဖက်ပဲ။ သူတို့ဟာ လူထုတွေကို သေနတ်နဲ့ မပစ်ဖောက်နိုင်ရင် ပါးစပ်နဲ့ ဟစ်ခြောက်နေတယ်။ နောက်ပြန်လှည့်မယ်ဆိုတာ ဘယ်ကလာတဲ့ ခြောက်လုံးပတ် အသံတွေလဲ။ သူတို့ဆီကလတဲ့အသံတွေပဲပေါ့။ လူထုကြီးက ကြောက်ဒူးတုန်မယ် ထင်သလား ဝေးသေး။

ဒါနဲ့ မန္တလေးဓမ္မသာလာ ရှစ်လေးလုံးလူထုတွေ့ပွဲမှာ မင်းကိုနိုင်ကဗျာကို ကျုပ်ညွန်းခဲ့သေးတယ်။ ‘ငြိမ်ခံရင် ပင့်ကူမျှင်နဲ့ ငြိနိုင်တယ်။ ရုန်းကန်ရင် သံမဏိကြိုးတောင် ပြတ်နိုင်တယ်’ ဆိုတဲ့စကားပေါ့။ ပြီးတော့ ၂၀၁၀ စက်တင်ဘာ ၂၇ ဒီချုပ်မွေးနေ့မှာ ကျုပ်ပြောခဲ့ (စာအုပ်လည်း ထုတ်ခဲ့) တဲ့စကားကို ညွှန်းခဲ့တယ်။ ရှေးဗမာစကားရှိတယ်။ လှေခွက်ချည်းကျန် အလံမလှဲဆိုတာလောက်နဲ့ တင်းတိမ်းမနေနဲ့။ လှေခွက်မကျန်တောင် မလံမလှဲစိတ်ဓာတ်မွေးကြဟေ့လို့ပေါ့ဗျာ။

သြဂုတ် ၇ ရက်မှာ ကျုပ်မန္တလေးက ပြန်လာခဲ့တယ်။ သြဂုတ် ၈ ရက်မှာ ရန်ကုန်ရှစ်လေးလုံး အထိမ်းအမှတ်ပွဲ တတ်တယ်။ ရှစ်လေးလုံးသံ ညံညံခြိမ်း၊ ဟိန်းဟိန်းမြည်တဲ့ အရေးတော်ပုံပဲ့တင် သံကြီးကို ကြားရသဗျ။ မျိုးဆက်သစ်ခေါင်းဆောင် မင်းကိုနိုင်ရဲ့စကားဗျ။ နောက်ကြောင်းပြန်ခေတ်ဆုတ်ရင် ‘ရှစ်အုပ်’ တွေနဲ့ တွေ့မယ်လို့ မင်းကိုနိုင်က အပြတ်ပြောလိုက်သဗျ။ ကျုပ်ကရှေ့ဆုံးတန်းထိုင်နေရလို့ပေါ့ဗျာ။ နောက်တန်းမှာသာဆိုရင်လား။ တို့အရေး၊ တို့အရေး။ လက်သီးမြှေက်၊ လက်ရုံးတန်း ဟစ်လိုက်လိုက်ချင်တာဗျို့။ ကျုပ်နဲ့ နာယကကြီး ဦးတင်ဦးရဲ့ဘေးမှာ ထိုင်နေတဲ့ ကြံ့ဖွံ့ ဒုအုပ်ကြီး ဦးဌေးဦးကို လေးစားအားနာလို့ ထိန်းနေလိုက်တာဗျ။ ပြီးတော့ ကျုပ်တို့ ဒီချုပ်ဥက္ကဌကြီးကလည်း “ထိန်းကြ”၊ “ထိန်းကြ” လို့ သူ့မိန့်ခွန်းနဲ့ ဆုံးမထားတယ်လေ။ ဒါနဲ့ကျုပ်လည်း ဣနြေ္ဒသမ္ပတ္တိနဲ့ ငြိမ်စေခံတပ်ညှိနေလိုက်ရတာပေါ့။ ကျုပ်ရဲ့ လက်ခုပ်သံကတော့ တဖြောင်းဖြောင်းပေါ့ဗျာ။

တိုတိုပြောကြပါစို့ရဲ့။

ကျုပ် ဒီဆောင်းပါးရေးချိန်မှာ မန္တလေးရှစ်လေးလုံးပွဲ့ရဲ့ ကြေညာချက်၊ ဆုံးဖြတ်ချက်တို့ကို မဖတ်ရသေးဘူး။ ဘာတွေပြောလဲ မသိရသေးဘူး။ ရန်ကုန်ရှစ်လေးလုံးပွဲရဲ့ ကြေညာစာတမ်းကတော့ အားရစရာပဲဗျာ။ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများရဲ့ ထုတ်ပြန်ကြေညာစာတမ်းဗျ။

ကြေညာစာတမ်းက-

(၁) ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ထူထောင်ရန် လိုအပ်တယ်လို့ ခံယူတယ်။

(၂) ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အမျိုးသားအင်အားစုများ အားလုံးပါဝင်တဲ့ ညီလာခံကြီးတစ်ရပ်ကျင်းပရန် လိုအပ်တယ်လို့ ခံယူတယ်။

ဒီခံယူချက်များနဲ့အညီ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးတဲ့ တာဝန်များကို ဆက်လက်ထမ်းရွက်သွားမယ်လို့ ကြေညာလိုက်တယ်ဗျ။

ကောင်းလှပါပေ့ဗျာ။ ထောက်ခံပါတယ်။ ဝန်းရံပံ့ပိုးပါမယ်လို့ ပြောလိုပါတယ်။

အဲဒီကြေညာချက်နဲ့အတူ ငွေရတု ရှစ်လေးလုံးဆွေးနွေးပွဲရဲ့ အကြံပြုချက်တွေကိုလည်း တစ်ထမ်းတစ်ပိုးကြီး ကြေညာလိုက်သဗျ။

အကြံပြုချက်တွေ တစ်ပုံတစ်ပင်ကြီးထဲက ကျုပ်သဘောကျဆုံး၊ သဘောတူဆုံးအချက်တချို့တွေက ဒီလိုဗျ။

ကန့်သတ်ချုပ်ချယ်မှုကင်းတဲ့၊ နှောင်းကြိုးမဲ့တဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံးကြေညာပါဆိုတဲ့ အချက်ဗျာ။

စစ်မှန်တဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ စစ်မှန်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြင်ဆင်ရေးဆွဲရန်။

အခြေခံဥပဒေကို ပြန်လည် ဆန်းသစ်ဖို့ လူထုဆန္ဒခံယူပွဲပြုလုပ်ရန်။

တိုင်းပြည်ပြဿနာများကို တွေ့ဆုံဆွေးနွေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းရန်။

ယခင်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တရားမျှတမှု ဖော်ထုတ်ရန်၊ နစ်နာဆုံးရှုံးမှုများအတွက် ပြန်လည်ကုစားပေးရန်။

တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး ချစ်ခင်ကြည်ညိုလေးစားတဲ့ လူထုခေါင်းဆောင်သမ္မတ ဖြစ်လာရန်ဆိုတဲ့ အချက်တွေပါပဲဗျာ။

နောက်ဆုံးအချက်ကတော့ ကျုပ်တို့ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းပဲဗျ။

အစိုးရကို ဆန့်ကျင်သွားကြမလား။

လုပ်စေချင်တာ အစိုးရကို ခိုင်းသွားကြမလား။

အစိုးရနဲ့ တွဲလုပ်သွားကြမလား။

ဒီနည်းလမ်းသုံးခုကို သူ့နေရာနဲ့သူ ပေါင်းလုပ်ကြမလားဆိုတာတွေပါပဲ။

ကိုင်း နိုင်ငံရေးအင်အားစုတွေ ဘာလုပ်ကြမလဲ။ အားလုံး စုပေါင်းလုပ်ကြမှာလား။
ဒါမှမဟုတ် ဘယ်နည်းဘယ်ပုံလဲ။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အတွဲ(၃၁)။

"လူဆိုတာ ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ် မချစ်မနှစ် သက်တဲ့ ရန်သူ ကတော့ ရှိမှာပဲ၊ ဗိုလ်ချုပ်အောင်ဆန်း၊ အေဗရာဟင်လင်းကွန်း၊ မဟတ္တမဂန္ဓီ တို့ဟာ နိုင်ငံ့အကျိုးဆောင် ခေါင်းဆောင် ကောင်းတွေ ဖြစ်ပေမယ့် လုပ်ကြံတဲ့ ရန်သူတွေ ရှိနေသလို သုံးလူ့ရှင်ထွတ်ထား မြတ်ဗုဒ္ဓ ဘုရားရှင်ပင်လျှင် မလိုလား အမုန်းထားရန်ငြိုးဖွဲ့သူ ရှိတာပါပဲ" လို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စံထားပုဂ္ဂုလ် ပြည်သူလူထု ချစ်ခင်ထောက်ခံတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတစ်ခုမှာ ပြောကြားပါတယ်။

"လောကကြီးမှာ ရန်သူတစ်ယောက် ရှိသလား၊ များလွန်းပါပြီ၊ မိတ်ဆွေ ရာ ပေါင်းများစွာ ရှိသလား၊ နည်းလွန်း ပါတယ် " ဆိုတဲ့ တပ်လှန့်စကားရှိသလို ဘဝမှာရန်သူ ဆိုတာ ငွေဒင်္ဂါပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်း လိုပဲဖြစ်ပြီး ရန်သူရှိမှ နိုးကြားကြိုးစား သတိဝီရိယပိုပြီးထားတတ်လာမယ် ဆိုတဲ့ PMA (Positive Mind Attitude) အား ပေးစကားတွေလည်းရှိပါတယ်။ အဓိက, ကတော့ ဘယ်လိုခံယူ ဆုံးဖြတ် ကျင့်သုံး သလဲဆို တာပါပဲ။ ဥပမာပေး ပြောရရင် လူတိုင်းမှာ မကင်းနိုင်တဲ့ လောဘ Greedy နဲ့ ဒေါသ Anger ဆိုတဲ့ စိတ်ဓာတ်ခံစား မှုဟာ မကောင်းဘူးလို့ အားလုံးက ခံယူပြီး အတတ်နိုင်ဆုံး လျော့ပါးအောင်၊ ဖြစ်နိုင်ရင် ကင်းစင်အောင် ကျင့်ကြံလုပ်ဆောင်ဖို့ လူမှု ရေးနဲ့ စိတ်ပညာရှင်တွေ အားလုံးက လမ်း ညွှန် တိုက်တွန်းကြပါတယ်။ စီးပွားဥစ္စာ ပျက်သုဉ်းခြင်း၊ ရန်သူပေါများပြီး မိတ်ဆွေ များ ရှောင်ခွာခြင်းနဲ့ ရာဇဝတ်မှုကျူးလွန်စေ ခြင်း အပြစ်တွေအပြင် လောကုတ္တရာရှု ထောင့်က ကြည့်ရင်လည်း အပါယ်လား ပြီး မဂ်ဖိုလ်တံခါးပိတ်တယ်လို့ ဆုံးမသွန် သင် ညွှန်ပြထားပါတယ်။

တစ်ချိန်တည်း မှာ ကမ္ဘာကျော်ရုပ်ရှင် Wall Street ထဲက စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီသူဌေးကြီး Gordon Gekko (Michael Douglas)က တော့ သူ့ရဲ့ လူကြိုက်များတဲ့ စီးပွားရေး ဆိုင်ရာ ဟောပြောပွဲတစ်ခုမှာ ဒီလိုဆိုပါ တယ်။ Greedy Create Wealth and Better Life ' လောဘတရားသည် ဥစ္စာဓန ချမ်းသြွာကယ်ဝမှုနဲ့ ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုကို တီထွင်ဖြစ်ပေါ်စေသည်' ပါတဲ့။ လူသားတွေဟာ အဆုံးမသတ်နိုင် တဲ့ လောဘစိတ်ရဲ့ လှုံ့ဆော်လောင်ကျွမ်းမှု Greedy based burning desires ရဲ့ ဆန္ဒ စေ့ဆော်စောင့်စား မှုကြောင့် လမ်းလျှောက် နေရာကနေ စက်ဘီး၊ မော်တော်ကား၊ မီး ရထား၊ လေယာဉ်ပျံ ကနေအာကာသယာဉ် အထိဖြစ်လာစေသလို သားငါး အစိမ်းစား ရာကနေ ရသတဏှာ တောင့်တစေ့ဆော်မှု ကြောင့် မီးနဲ့ဖုတ်ကင်ကြော်လှော်တဲ့ အစား အစာ ဟင်းလျာမှသည် ဆန်းသစ်ဖန်တီး တဲ့ စားဖွယ်အမျိုးမျိုး အပြင် ဘေးအန္တရာယ် ကင်း safe ၊ အာဟာရ ကြွယ်ဝ Nutritious နဲ့ ကျန်းမာရေး ညီညွတ်သော healthy food အစားအစာတွေအထိ အဆင့်အတန်းသတ်မှတ် စားသောက်လာ တတ်သလို အစားအစာ ပိုမိုရရှိအောင် လည်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်လုပ် မှုတွေမှာ နည်းပညာနဲ့ သုတေသနတွေ အသုံးပြုပြီး တိုးတက်ဖွံ့ဖြိုးစေခဲ့ပါတယ်။ အရာရာမှာ သင့်တင့်သော လောဘစိတ် Required Moderate Greedy Mind ရှိ သင့်ပါတယ်လို့ တိုက်တွန်းထားပါတယ်။

တစ်ခါ Terminator 3 ဆိုတဲ့ ကမ္ဘာ့ ဝင်ငွေစံချိန်တင် ဇာတ်ကားတွဲတွေမှာ အပိုင်း (၃) ဖြစ်တဲ့ လူသားတွေကို ကယ်တင်မည့် Micheal Ocorner ကို စက်ရုပ်ကြီး Arnold Schwarzenegger ကပြောလိုက် တာက Fierce Anger is useful than give up ပြင်းထန်သော ဒေါသသည် မျှော် လင့်ချက်ကင်းမဲ့ပြီး လက်လျှော့အရှုံးပေး ခြင်းထက် ပိုပြီးအသုံးဝင်လိုလား အပ်သည် လို့ ဆိုထားပါတယ်။ လောကမှာ လုံးလုံး အမျက်ဒေါသ မရှိတဲ့သူဟာ ဒီနေ့ လူမှုပတ် ဝန်းကျင်မှာ အစစအရာရာ လက်တွေ့ အကျိုးစီးပွားနဲ့ ရုပ်ဝတ္ထုပိုင်ဆိုင်ခံစားမှုကို သာ အဓိကထား နေကြတဲ့ It's a mad, mad, mad material world ဆက်ဆံရေး မှာ အများစုရဲ့ မထေမဲ့မြင်ပြုမှုနဲ့အသာစီး ယူ အနိုင်ကျင့်မှု Takin advantage and bullying ကို ခံစားရမည့်အကြောင်း လမ်း ညွှန်စကားဖြစ်သလို ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းနဲ့ မတရားပြု ခံရမှုကနေ ဖောက်ထွက်ဖို့ပြင်းထန်တဲ့ ဒေါသ ကို စိတ်အင်အားအဖြစ် အသုံးချဖို့ မီးထိုး ဓာတ်ဆီလောင်းပေးတဲ့ စကားလည်း ဖြစ်ပါ တယ်။ အချုပ်ကျင့်ဝတ်ကတော့ မြတ်ဗုဒ္ဓ ဟောကြားဆုံးမသွန်သင် လမ်းပြထားတဲ့ မဇ္ဈိမပဋိပဒါ လမ်းစဉ်သာလျှင် အရာရာ အတွက် ဥာဏ်အကြီးဆုံး သွန်သင်လမ်း ညွှန်မှု ဖြစ်ပါတယ်။

ရန်သူ အားလုံးထဲမှာ မိတ်ဆွေဟန် ဆောင်သောရန်သူ အဆိုးဆုံးလို့ ပြောကြ ပါတယ်။ ရန်သူဟန်ဆောင်တဲ့ မိတ်ဆွေ တွေလည်း လိုအပ်ပါတယ်။ အဲဒါကို င်္မငနညနာပ လို့ ခေါ်ပါတယ်။ Enemy in public , Friend in private အနေအထား ပါ။ အများသူငါရှေ့မှာ တော့တစ်ယောက် ကိုတစ်ယောက် အစိမ်းလိုက် ဝါးစားတော့ မတတ် ဘီလူးသရဲပုံ ဖြစ်နေတတ်ပြီး နှစ် ယောက်တည်း ရှိချိန်မှာတော့ ရှေ့ဆက် ဘာလုပ်ကြရမလဲ တိုင်ပင်ကြတဲ့ အပြန် အလှန် အယုံအကြည်ရဆုံး မိတ်ဆွေတွေ ဖြစ်ပါတယ်။ နောက်ထပ် တစ်မျိုးကတော့ တစ်ယောက်ကို တစ်ယောက် ဘယ်လိုမှ လက်တွဲယုံကြည် စိတ်ချလို့ရမတဲ့ ကမ္ဘာ့ ရန်သူတွေဖြစ်ကြပေမယ့် အခြေအနေရဲ့ လို အပ်ချက်အရ မိတ်ဆွေတွေအဖြစ် ဆက်ဆံ တွဲဖက်ပူးပေါင်းနေကြရတာပါပဲ။ အဲဒါတွေ အားလုံးက စိုးရိမ်စရာမရှိပါဘူး။ တကယ် အသေသတ်မည့် အန္တရာယ်အကြီးဆုံး ရန်သူကတော့ You Seehim but don't know him ရန်သူမျိုးပဲ ဖြစ်ပါတယ်။ ရန်သူ ဟန်ဆောင်တဲ့ မိတ်ဆွေ၊ မိတ်ဆွေ ဟန် ဆောင်တဲ့ရန်သူထက် အဆင့်မြင့်ပြီး ရှောင် လွှဲလို့မရနိုင်ဘဲ အပြီးသုတ်သင်ရမည့်ရန်သူ မျိုး ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် မိမိ ကိုယ်ကို အသုတ်သင်ခံလိုက်ဖို့ ဇာတ်သိမ်း နည်းတစ်လမ်းပဲရှိတော့တယ်။ ၂၀၁၅ ခုနှစ် သမ္မတ ယှဉ်ပြိုင်ပွဲနဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့နိုင်ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဆက်လက် ရှင်းလင်းတင်ပြပါတယ်။

တရုတ်နိုင်ငံရဲ့ ရာဇဝင်သမိုင်းမှာ Songt စုန့်မင်းဆက်ဟာ နှလုံးရည် လက် ရုံးရည်နဲ့ စာပေအနုပညာမှာ လူချွန်လူ ကောင်းတွေနဲ့ ပါရမီရှင် ဂန္ထဝင်ပုဂ္ဂိုလ်တွေ ထွက်ပေါ်တဲ့ခေတ် ဖြစ်ပါတယ်။ မြန်မာ ရုပ်/သံ ဇာတ်လမ်း ပရိသတ်တွေ နှစ်သက် တောင့်တတဲ့ ပြည်သူ့တရားရှင် ပေါင်ချိန် ဟာ စုန့်ခေတ်မှာ ပေါ်ထွန်းတဲ့ တရားစီရင်မှု ကဏ္ဍက ဘယ်တော့မှ မမေ့ပျောက်နိုင်တဲ့ နှလုံးရည်ဆိုင်ရာ ဂန္ထဝင်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒီလိုပဲ လက်ရုံးရည်ဆိုင်ရာ ဂန္ထဝင်ပုဂ္ဂိုလ် တစ်ဦးကတော့ စစ်သူကြီး ယဲ့ဖေး Ye' Fyae င်္ ဖြစ်ပါတယ်။ စုန့်မင်းဆက် အလယ် ခေတ်မှာ နိုင်ငံရပ်စွန်းက ရွေ့လျားလူမျိုးစု ဖြစ်တဲ့ ကျင်းလူမျိုးတွေက ဝင်ရောက်တိုက် ခိုက် ကျူးကျော်ပြီး စုန့်ဘုရင် ဧကရာဇ် နှစ်ပါးကို ဖမ်းဆီးသွားပြီး စုန့်တိုင်းပြည်ရဲ့ မြောက်ပိုင်းနယ်မြေအားလုံးကို သိမ်းပိုက် ထားပြီး တောင်ပိုင်းကို ဆက်လက်တိုက် ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းချိန်ဖြစ်ပါတယ်။ (အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အခြေ အနေမျိုးဖြစ်ပါတယ်) စုန့်နိုင်ငံမှာ အဖမ်းခံ ခေါ်ဆောင်သွားခံရတဲ့ ဧကရာဇ်ရှင်ဘုရင် နှစ်ပါးရဲ့ သားတော်နှစ်ပါးကို မင်းမြှောက် ပြီး ဆက်လက်အုပ်ချုပ်စေကာ စုန့်စစ်သည် တပ်သားများက ကျင်း စစ်တပ်ကြီးကို ကြံ့ကြံ့ခံပြန်လည်တွန်းလှန်နေကြလို့ ကျင်း ကျူးကျော်တပ်ဟာ စုန့်နိုင်ငံ တောင်ပိုင်းကို မသိမ်းပိုက်နိုင်ဖြစ်နေပါတယ်။

အဲ့ဒီအချိန် မှာ စစ်သူကြီးယဲ့ဖေးရဲ့ ဦးစီးမှုအောက်မှာ စုန့်တပ်တော်ကြီးဟာ အမြဲတိုက်တိုင်းရှုံးခဲ့ တဲ့ ကျင်းစစ်ကျူးကျော်တပ်ကို ပြန်လည် အနိုင်ရရှိပြီး တိုက်ပွဲတိုင်းမှာ ကျင်းစစ်တပ် တွေ မရှုမလှရှုံးနိမ့်ဆုတ်ခွာနေရလို့ ကျင်း စစ်တပ် သိမ်းပိုက်ထားတဲ့ မြောက်ပိုင်း နယ်မြေ အတော်များများကို စုန့်စစ်တပ်က ပြန်လည်သိမ်းယူပြီး ကျင်းတွေရဲ့ မင်းနေ ပြည်တော် နန်းကင်း (ယခုဘေဂျင်းမြို့) အနီးအထိ ချဉ်းကပ်ချီတက်နေပြီ ဖြစ်ပါ တယ်။ စုန့်တွေနဲ့တိုက်ခိုင်းတိုင်း အမြဲအနိုင် ရရှိခဲ့တဲ့ ကျင်းစစ်တပ်ဟာလည်း ရှုံးနိမ့်သေ ကြေမှုအကြိမ်တွေ များလာတော့ ယဲ့ဖေး တပ်တော် ဆိုတဲ့အသံ ကြားရတာနဲ့ကို မတိုက်မီကတည်းက ဆုတ်ခွာပြေးနေကြ တဲ့ အနေအထား ရောက်ရှိနေပါတယ်။ စစ်သူကြီးယဲ့ဖေး အသက် ၂၀ ပြည့်ချိန်မှာ စုန့်တပ်မတော်ထဲ ဝင်ရောက်အမှုထမ်းပြီး ကျူးကျော်တဲ့ ရန်သူကျင်းတွေကို ခုခံ တွန်းလှန်မည်လို့ ဆုံးဖြတ်ပြီး ခရီးထွက်ခွာ မည့်နေ့မှာ သူ့ရဲ့မိခင်ဟာ သူ့ရဲ့ကျောပြင် မှာ အဆုံးစွန်သစ္စာ ရှိမှုဖြင့် နိုင်ငံကိုကျေးဇူး ဆပ်ပါဆိုတဲ့ မင်ကြောင် ထိုးဆေးစာတန်း ကို ထိုးပေး လိုက်ပါတယ်။ အဲ့ဒီအဓိဋ္ဌာန်ကို အမြဲမမေ့ အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ် ပါတယ်။ ယဲ့ဖေးဟာ စစ်ဗျူဟာပါရဂူ တစ်ဦးသာမကဘဲ ဓားလှံလက်သိုင်းမှာ လည်း အလွန်အဆင့်မြင့်တဲ့ ပညာရှင် တစ်ဦးဖြစ်ပြီး ယဲ့လှံသိုင်းနဲ့လက်သိုင်းဟာ ဒီနေ့အထိ တရုတ်နိုင်ငံမှာ ရှောင်လင် ကျောင်းတော်ရဲ့ သိုင်းပညာ ၁၀၈ မျိုးနဲ့ တန်းတူ အစိုးရလက်ထက်အဆက်ဆက် က တန်ဖိုးထားထိန်းသိမ်းပြီး လက်ဆင့် ကမ်းသင်ယူစေတဲ့ ဂန္ထဝင်ရိုးရာယဉ်ကျေးမှု ရတနာတွေဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ ယဲ့စစ်ချီဗျူဟာကျမ်း ဆိုရင်လည်း ဆွန်ဇူး စစ်ဗျူဟာကျမ်းနဲ့အလားတူ ရှေးဘုရင်မင်း အဆက်ဆက် တန်ဖိုးထားရှာဖွေလက်ကိုင် ထားပြီး မိမိတို့ရဲ့တပ်မတော်ကို လေ့ကျင့် သင်ကြားတဲ့ လက်စွဲစာအုပ်ကျမ်းဖြစ်ခဲ့ပါ တယ်။

ယဲ့ဖေးဟာ စစ်တပ်ခေါင်းဆောင်ဦးစီး ချုပ်ပီပီ ကိုယ်ကျင့်တရား ကောင်းမွန်မြင့် မြတ်ခြင်း၊ နိုင်ငံတော်ရဲ့ ကာကွယ်ရေးကို ပြင်းထန်စစ်မှန်တဲ့ နိုင်ငံချစ်စိတ်နဲ့ မျိုးချစ် စိတ် လက်ကိုင်ထားပြီး ရွပ်ရွပ်ချွံချွံသက်စွန့် ဆံဖျား ဦးဆွေးဆံမြေ့ ထမ်းဆောင်ခြင်း လက်အောက်ငယ်သား စစ်သူကြီး ဗိုလ်မှူး တပ်သားတွေအပေါ် ကြင်နာစောင့်ရှောက် ငဲ့ညှာချစ်ခင်ခြင်းနဲ့ မိမိကိုယ်တိုင် လက်ရုံး ရည်နဲ့ပြည့်စုံပြီး စစ်ဗျူဟာ ကျွမ်းကျင်ခြင်း ကြောင့် ယခင်က ဆက်တိုက်ရှုံးနိမ့်ခဲ့ရတဲ့ ကျင်းကျူးကျော်စစ်တပ်ကို ပြန်လည်အနိုင် တိုက်ခဲ့ပြီး ဆုံးရှုံးသွားတဲ့ အသိမ်းပိုက်ခံ မြောက်ပိုင်းနယ်မြေတွေကို အားလုံးနီးပါး ပြန်လည်ရယူနိုင်ပြီး ကျင်းနိုင်ငံ နေပြည် တော် နန်ကင်းမြို့အထိဆက်လက်ချီတက် တိုက်ခိုက်သိမ်းပိုက်ပြီး အဖမ်းခံ ခေါ်ဆောင် သွားတဲ့ စုန့်မင်းဧကရာဇ်အရှင်နှစ်ပါးကို ပြန်လည်ပင့်ဖိတ်ခေါ်ဆောင်လာပြီး စုန့်နိုင်ငံ မှာ ပြန်လည်နန်းတည်ပြီး အုပ်ချုပ်စေမည့် အနေအထားကိုလည်း ရောက်နေပါပြီ။ အနိုင်ရဖို့ သေချာသလို အဲ့ဒီရည်ရွယ်ချက် အောင်မြင်ဖို့လည်း မြေကြီးလက်ခတ်မလွဲ ကိစ္စမို့ စုန့်နိုင်ငံသား ပြည်သူလူထုတွေနဲ့ မျိုးချစ် မှူးမတ်ရဲမက်တွေလည်း ပျော်ရွှင် စိတ်အားတက်ြွက ဝမ်းသာမြူးထူးနေကြ တဲ့အချိန် ပြန်လည်ရောက်ရှိလာမည့် မင်း ဧကရာဇ်အရှင်နှစ်ပါးကို ကြိုဆိုဖို့ပြင်ဆင် နေကြပါပြီ။

အဲ့ဒီအချိန်မှာပဲ နောက်တန်း မင်း နေပြည်တော်က စံမြန်းအုပ်ချုပ်နေတဲ့ သား တော် မင်းဘုရင် အရှင်နှစ်ပါးဆီက အထူး ခြေမြန်တော် ကိုယ်စားလှယ် အမိန့်ပြန် ဆက်သားတွေ ပေးပို့အမိန့်ပေးအကြောင်း ကြားစေတဲ့ အမိန့်တော်ကတော့ " စစ်သူ ကြီး ယဲ့ဖေး ယခု ရောက်ရှိရာအရပ်ကနေ တပ်တော်ကို ဦးစီးဆုတ်ခွာပြီး ကိုယ်တိုင် နေပြည်တော်သို့ အမြန်ဆုံးချီတက်ပြန်လာ စေ" ဖြစ်ပါတော့တယ်။ အဲ့ဒီ အမိန့်တော် ပြန်တမ်းအမိန့်စာကို ရွှေပြားခတ် သဝဏ် လွှာ တံဆိပ်ပြား ၁၂ ခုကို ခြေမြန်စစ်သည် ၁၂ ဦးက ဆက်တိုက်အဆက်မပြတ်ပေးပို့ ရောက်ရှိလာတာဖြစ်ပြီး အမိန့်အတိုင်း အချိန်မဆိုင်း ချက်ချင်း တပ်တော်ကြီးကို ဆက်လက်မတိုက်ခိုက်ဘဲ ရောက်ရာအရပ် မှာရပ်ထားပြီး စစ်သူကြီးယဲ့ဖေးဟာနောက် တန်း အရှင်မင်းဧကရာဇ်ငယ်နှစ်ပါးစံမြန်း ရာ နေပြည်တော်ကို အမြန်ခရီးနှင်ဖို့ ပြင် ဆင်ပါတော့တယ်။ အဲ့ဒီအမိန့်ကို တပ်မှူး အားလုံးနဲ့တပ်သားတွေအကုန်လုံး မလိုက် နာချင်ပါဘူး။ ကိုယ့်ဘက်က ဆက်တိုက် အောင်ပွဲခံနေပြီး မကြာမီမှာဘဲ ရန်သူ ကျူး ကျော်သူတွေရဲ့ မြို့တော်ကို သိမ်းပိုက်ပြီး အပြတ်ချေမှုန်းဖို့ သေချာနေတဲ့အခြေအနေ မှာ ရှိနေပါတယ်။ ဘာကြောင့် ဒီလို အမိန့် ပြန်တမ်း အလျင်အမြန်ထုတ်ပြန်ဆင့်ခေါ်မှု (လွှတ်တော်မှာဆိုရင်တော့ အရေးကြီးအဆို ပေါ့ဗျာ)လုပ်ရတာလဲ ဆိုတာလည်း အား လုံးက အကြောင်းရင်းကိုသိနေလို့ ဖြစ်ပါ တယ်။

အဲဒီအချိန်အခါက စုန့်နိုင်ငံတစ်ခြမ်း ကို အုပ်ချုပ်မင်းလုပ် စည်းစိမ်ယစ်မူးနေတဲ့ ဘုရင်ငယ်နှစ်ပါးကို အယုံသွင်း အကြိုက် ဆောင်ပြီး ချုပ်ကိုင်ချယ်လှယ် ကိုယ်စား အုပ်ချုပ်နေသူက တစ်တိုင်းတစ်ပြည်လုံးနဲ့ အစိုးရအဖွဲ့အတွင်းက ဖြောင့်မတ်မှန်ကန် သစ္စာရှိသူ မှူးမတ်တွေရဲ့ မုန်းတီးရွံ့ရှာသူ နန်းရင်းဝန် ချင်ဟွေ့ ဖြစ်ပါတယ်။ ချင်ဟွေ့ ဟာ ပထမအကြိမ် စုန့် နဲ့ ကျင်း ထိပ်တိုက် စစ်ပွဲရဲ့အရာရှိ ဦးစီးမှူးတစ်ဦးဖြစ်ပြီး အဲ့ဒီ စစ်ပွဲမှာ စုန့်စစ်တပ် မရှုမလှရှုံးနိမ့်ပြီး တိုင်း ပြည်တစ်ခြမ်း အသိမ်းပိုက်ခံရသလို ဘုရင် မင်းမြတ်နှစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွား ရာမှာ ချင်ဟွေ့ဟာလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပါတယ်။ နှစ်နှစ်လောက်ကြာ တော့ ချင်ဟွေ့ဟာ ဘေးမသီရန်မခ ပြန် ရောက်လာပြီး နန်းအသစ်တက်လာတဲ့ ဘုရင်ငယ်နှစ်ပါးကို စည်းစိမ်ယစ်မူးစေဖို့ အပျော်အပါးမျိုးစုံနဲ့ ဆက်သပြီး ရာထူး အာဏာကို သူက ချုပ်ကိုင်ချယ်လှယ်နေ တာဖြစ်ပါတယ်။ ပြီးတော့ ချင်ဟွေ့ဟာ ကျင်းနိုင်ငံက လက်သပ်မွေးပြီး ပြန်လွှတ် လိုက်တဲ့သူလျှိုသစ္စာဖောက်လို့လည်းအများ သံသယဝင်ခံနေရပါတယ်။ သူအမုန်းဆုံးနဲ့ အစဖျောက်ချင်ဆုံးကတော့ စစ်သူကြီး ယဲ့ဖေးပါပဲ။ အခုအမိန့်တော်တွေကိုလည်း ဘုရင်ငယ်နှစ်ပါးရဲ့ စိတ်ဆန္ဒမဟုတ်ဘဲ ချင်ဟွေ့ကကိုယ့်သဘောနဲ့ကိုယ် ထုတ်ပြန် လိုက်တဲ့ ရွှေနန်းတော်အမိန့် ပြန်တမ်း အတု အယောင်ဖြစ်ပြီး ကျင်းတွေကို စစ်ရှုံးမည့် အခြေအနေကနေကယ်တင်ဖို့နဲ့ စစ်သူကြီး ကို အသက်အန္တရာယ်အထိ လုပ်ကြံဖို့ဖြစ် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တပ်မှူး တပ်သားအားလုံးက စစ်သူကြီး ယဲ့ဖေးကို အကြံဥာဏ်နှစ်ခု တင်ပြပါတယ်။ (၁) က စစ်သူကြီးအနေနဲ့ အမိန့်ပြန်တမ်းကို လျစ် လျူရှုပြီး ကျင်းနိုင်ငံကို ချီတက် သိမ်းပိုက် ကာ အဖမ်းခံအရှင်နှစ်ပါးကို ပြန်လည်ပင့် ဖိတ် ခေါ်ဆောင်လာဖို့နဲ့ (၂) တပ်မှူးတပ် သားအားလုံးကိုဦးဆောင်ပြီး နောက်တန်း နေပြည်တော်ကို စစ်ချီသိမ်းပိုက်ပြီး ဘုရင် ငယ်နှစ်ပါးကို နန်းချ၊ နန်းရင်းဝန် ချင်ဟွေ့ ကို သတ်ပြီး စစ်သူကြီး ယဲ့ဖေးကိုယ်တိုင် နန်းတက်အာဏာသိမ်းပိုက် ဘုရင်အဖြစ် ခံယူဖို့ပါပဲ။

စစ်သူကြီး ယဲ့ဖေးက အဲ့ဒီ တင်ပြချက် နှစ်ခုစလုံးကို ခါးခါးသီးသီးပယ်ချပါတယ်။ စစ်သားရဲ့ တာဝန်ဟာ အထက်ကပေးတဲ့ အမိန့်ကို ချွင်းချက်မရှိ နာခံလိုက်နာခြင်း သာဖြစ်လို့ ဘုရင်ရဲ့အမိန့်ကို လွန်ဆန်ခြင်း မပြုသင့်သလို ရှေးခေတ် တရုတ်စစ်သူကြီး နဲ့ မှူးမတ်တွေ ခံယူထားတာက အရှင် သခင် ဘုရင်မင်းမြတ်က သေစေလိုလျှင် အမှုထမ်းဖြစ်သူက အမိန့်နာခံပြီး အသေခံ ရရုံသာရှိသည်ဆိုတဲ့ အမှုထမ်းသစ္စာကျင့် ဝတ်ကိုလည်း ယဲ့ဖေးကခံယူထားပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ နောက်တန်းကို ချီတက်သိမ်းပိုက်ပြီး ဘုရင်ငယ်နှစ်ပါးကို နန်းချ၊ တိုင်းပြည်အာဏာကို သိမ်းပိုက်ပြီး ကိုယ်တိုင်နန်းတက်ဖို့ကိစ္စကိုတော့ စစ်သူ ကြီးက သူ့ရဲ့ကျောပြင်မှာ မိခင်ကြီး ဆေး မင်ကြောင်ထိုးပေးလိုက်တဲ့စာတန်းကိုပြပြီး ရဲဘက် ညီအစ်ကိုတော်တွေဟာ ငါ့ကို ရာဇဝင်သမိုင်းမှာ နိုင်ငံနဲ့ ပြည်သူလူထုကို ပြစ်မှားစော်ကားတဲ့ ရာဇဝတ်ကောင် လူဆိုး လူယုတ်ဖြစ်အောင် တွန်းပို့နေကြသလား လို့ ပြန်မေးလိုက်တော့ အားလုံး ပြောစရာ မရှိ ဖြစ်သွားပါတယ်။ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်နေတဲ့ စစ်ဦးစီး ခေါင်းဆောင် တစ်ယောက်အတွက် အဲ့ဒီအကြံအစည်နဲ့ လုပ်ဆောင်မှုဟာအယုတ်ညံ့ဆုံးနဲ့အောက် တန်းအကျဆုံး ရက်စက်ကောက်ကျစ်ဆုံး သမိုင်းကျန်ပြစ်မှုကြီးသာ ဖြစ်တာကြောင့် လက်မခံနိုင်ခြင်းလည်းဖြစ်ပါတယ်။

စစ်သူကြီး ယဲ့ဖေးဟာ အမိန့်တော် အတိုင်း နေပြည်တော်ကိုပြန်သွားပြီး ဝင် ရောက် ခစားရာမှာ ချက်ချင်းအဖမ်းခံရပြီး အသတ်ခံရပါတော့တယ်။ ပြစ်မှုပုဒ်မ တပ် စရာမရှိတော့ " ရှိရန်မလိုအပ်သော ပြစ်မ" ဆိုတဲ့ပုဒ်မတပ်ပြီး အကွပ်မျက်ခံရပါတယ်။ ရှေ့တန်းစစ်သည်တွေဟာဝမ်းနည်းကြေကွဲ ငိြုွေကးကြပြီး စစ်သူကြီးရဲ့မှာတမ်းအတိုင်း ကျင်း စစ်သည်တွေကို ဆက်လက်တိုက် ခိုက်ပေမယ့် မိမိတို့ကို အုပ်ချုပ်မင်းလုပ်တဲ့ အရှင်သခင် တိုင်းပြည်ခေါင်းဆောင်ကို မုန်းတီး အထင်သေးတဲ့စစ်တပ်ဟာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်ချင်လို့သာ စိတ်ရှိရ တယ် ရန်သူကို ဘယ်လိုနိုင်အောင်တိုက် ခိုက်မှာလဲ။ နောက်နှစ်အနည်းငယ်အတွင်း မှာပဲ စုန့်နိုင်ငံဟာ ကျင်းစစ်တပ်ရဲ့ သိမ်း ပိုက်မှုကိုခံရပြီး စုန့်မင်းဆက် Sungt Dynasty လည်း ဆုံးခန်းတိုင်သွားပါတော့ တယ်။ မိမိစစ်တပ်က နိုင်ခါနီးမှ အရှုံးဖြစ် အောင် အမိန့်ထုတ်ပြန်တဲ့ ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး မင်းမိန့် ဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲမှာ သီပေါ မင်းတရားရဲ့ နန်းတွင်းက ထုတ်ပြန်လိုက် တဲ့ ' အင်္ဂလိပ်တပ်ကို ခုခံလျှင် သူပုန်' ဆိုတဲ့ အမိန့်ကို သတိရစရာပါ။ စစ်သူကြီးယဲ့ဖေး အတွက် တစ်တိုင်းပြည်လုံးက ပူဆွေး တမ်းတငိြုွေကးကြပြီး ယနေ့ထိတိုင်တရုတ် နိုင်ငံရဲ့ ဟန်ကျိုးမြို့မှာ သူ့ရဲ့အုတ်ဂူကို လူပေါင်းများစွာ နေ့စဉ်လာရောက်ဂါရဝပြု ကြဆဲဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် အာ ဇာနည် သူရဲကောင်းမှတ်တမ်း ဝင်သွား သလို သူ့ရဲ့သိုင်းပညာတွေကိုလည်း မျိုး နွယ်ဆက်နဲ့ တပည့်တပ်မှူးတပ်သားတွေ က ဆက်လက်လေ့ကျင့်သင်ကြား ဖြန့်ဝေ လက်ဆင့်ကမ်းခဲ့လို့ ဒီနေ့အထိ ပြန့်ပွား သင်ကြားနေကြဆဲ ဖြစ်ပါတယ်။

အဲ့ဒီဖြစ်ရပ်မှာ အဓိကလက်သည် တရားခံဟာ ရန်သူ သူလျှို တိုင်းပြည်သစ္စာ ဖောက်အလိုတော်ရိ နန်းရင်းဝန် ချင်ဟွေ့ လို့အားလုံးက တညီတည်းသတ်မှတ်ပြီး စစ်သူကြီးယဲ့ဖေးရဲ့အုတ်ဂူရှေ့မှာဒူးထောက် နေတဲ့ ချင်ဟွေ့ဇနီးမောင်နှံရုပ်ထုကို ထားရှိ ပြီး လူပေါင်းများစွာက တံတွေးထွေး၊ ကျင်ငယ်ရည်နဲ့စွန့်ပြီး အမုန်းစိတ်ကို ဖော် ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ စုန့်နိုင်ငံ ကျဆုံးရတာ၊ မျိုးချစ်အာဇာနည်စစ်သူကြီး ယဲ့ဖေး အသတ်ခံရတာ၊ တရုတ်နိုင်ငံသား တွေ အရှက်ရစေခဲ့တာရဲ့ အဓိကတရားခံ ဟာ နန်းရင်းဝန် ချင်ဟွေ့လို့လည်း ဒီနေ့ အထိ သမိုင်းမှတ်တမ်းရှိနေဆဲပါ။ ဒါပေ မယ့် နိုင်ငံရေးကျွမ်းကျင်သူ ပညာရှင်တွေ ရဲ့ မှတ်ချက်၊ သုံးသပ်လေ့လာမှုကတော့ တကယ့် လက်သည်အစစ်ဟာ နောက် ကွယ်က လက်ရှိနန်းတက်ပြီး ဘုရင် စည်းစိမ် အပြည့်ခံစားနေကြတဲ့ သားတော် မင်းနှစ်ပါးသာဖြစ်တယ်လို့ သတ်မှတ်ပါ တယ်။ သုံးသပ်ချက်က လက်တွေ့လည်း အလွန်ကျပါတယ်။ စစ်သူကြီး ယဲ့ဖေးရဲ့ အောင်တပ်မတော်ဟာ ကျင်းနိုင်ငံကို သိမ်း ပိုက်အောင်မြင်ပြီး အဖမ်းခံရဆဲ ဖခမည်း တော်မင်းကြီးနှစ်ပါးကို ပြန်လည်ပင့်ဆောင် လာရင် လက်ရှိဘုရင်ရာထူးက ဆင်းပေး ရမှာက သားတော်မင်းနှစ်ပါးသာ ဖြစ်ပါ တယ်။ ခံစားနေရတဲ့ အခွင့်ထူးထွေ၊ သိမ်း ပိုက်ထားတဲ့ဓနဥစ္စာတွေ၊ ရရှိနေ ပျော်မွေ့ နေတဲ့ စည်းစိမ်နဲ့ ဩဇာအာဏာ၊ ကာမ ဂုဏ်နဲ့ ငွေကြေး အကုန်လက်လွတ်ပြီး တိုင်းပြည်ခေါင်းဆောင်ရာထူးကို ပြန်လည် ပေးအပ်ရမှာကို လုံးဝလိုလားမှာမဟုတ်တဲ့ လက်ရှိအုပ်ချုပ်မင်းလုပ်နေတဲ့ သားတော် ဘုရင်နှစ်ပါးသာလျှင် စစ်အောင်နိုင်ခါနီး တပ်မတော်ကြီးကို စစ်ရပ်နားခိုင်းပြီး စစ်ကို အနိုင်တိုက်နေတဲ့ စစ်သူကြီး ယဲ့ဖေးကို အမိန့်ထုတ်ပြန် နောက်တန်းကိုပြန်လာခိုင်း ပြီး မရှိတဲ့ပြစ်မှုနဲ့ ကွပ်မျက်ခဲ့တာဖြစ်လို့ နန်းရင်းဝန် ချင်ဟွေ့ဟာ အသုံးချခံအမုန်းခံ ကြားလူသာဖြစ်တယ်လို့ သမိုင်းသုတေသီ တွေနဲ့ နိုင်ငံရေးကျွမ်းကျင်သူပညာရှင်တွေ က တစ်ထစ်ချအတိအကျမှတ်ချက်ပြုပါ တယ်။

ဒီနေ့ လူမှုဆက်ဆံရေးမှာ နောက် ကွယ်က ကုန်းချောကုန်းတိုက် မြှောက်ပင့် မကောင်းကြံခံရတဲ့ ဖြစ်ရပ်များစွာဟာ တကယ်တော့ ကုန်းချောစကားပြောသူက တော်တော်၊ နားထောင်တဲ့ ကာယကံရှင် ကိုယ်တိုင်က ပိုကဲတဲ့ဖြစ်ရပ်က ပိုများပါ တယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဘဝမကူး ခင် ဝဋ်လည်သွားတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဘဝနိဂုံးဟာ အဲ့ဒီသဘောပါပဲ။

၂၀၁၅ ခုနှစ်မှာ သမ္မတဖြစ်လိုကြောင်း တကယ်တရားဝင် ထုတ်ဖော်ပြောကြားသူ ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေ မန်းဖြစ်ပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်ကတော့ မိမိရဲ့ ကျန်းမာရေးကြောင့် သမ္မတတာဝန် ဆက်လက်မထမ်းဆောင် လိုကြောင်း Wind Direction Detecting Balloon ကို လွှတ်တင်လိုက်ပါပြီ။ သမ္မတ ဖြစ်ချင်ပါတယ်လို့ ထုတ်ဖော်ပြီး တရားဝင် လူသိရှင်ကြား ပြောကြားခြင်း မရှိသူတွေက ရော သမ္မတရာထူးရည်ရွယ်သူမဟုတ်လို့ ဘယ်သူက အာမခံမှာလဲ။ The one who smile last passess the post နောက်ဆုံး အချိန်အထိ ပြုံးနိုင်သူသာလျှင် အစစ်အမှန် အောင်မြင်သူဖြစ်သည် ဆိုတဲ့စကား ဘယ် တော့မှ မမှားပါဘူး။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ၂၀၁၅ အထိ စစ်သူကြီး ယဲ့ဖေးနဲ့ ဖြစ်ရပ် တူညီတဲ့ ဖခင် မြန်မာ့ အာ ဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ကံကြမ္မာမျိုး မကြုံရဖို့နဲ့ လက်ရှိစည်းစိမ် ဩဇာအာဏာကို မစွန့်လွှတ်ချင်လို့ စစ်ပွဲ အောင်နိုင်ခါနီး စစ်သူကြီးယဲ့ဖေးကို နန်းရင်း ဝန် ချင်ဟွေ့ကို လူမိုက်ငှားပြီး အသေသတ် ခဲ့ကြတဲ့ စုန့်ဘုရင်ငယ်နှစ်ပါးကိုလည်း သတိရပါလို့ အကြံပြုပါရစေ။ ဘာပဲဖြစ်ဖြစ် ပြည်သူ ယုံကြည်ချစ်ခင် အားကိုးသူသာ ၂၀၁၅ ခုနှစ်မှာ သမ္မတဖြစ်ဖို့ကတော့ မြန်မာ နိုင်ငံသား အားလုံးရဲ့ တာဝန်သာ ဖြစ်ပါ တယ်။ ဇာနည်စိုးထွဋ်

ဇာနည်စိုးထွဋ်
Venus News Journal



၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့က ဖြစ်ပွားသည့် အဖြစ်အပျက်လေး တစ်ခု ဖြစ်သည်။ ဆိုရှယ် မီဒီယာ သို့မဟုတ် လူမှုကွန်ရက် သို့မဟုတ် အင်တာနက် ဆက်သွယ်မှုများ ခေတ်စားလာသည့် အချိန်တွင် လူငယ်များ သတိထားစရာ အဖြစ်အပျက် တစ်ခုလည်း ဖြစ်သည်။

သူ့အမည်က ကက်နက် ဖြစ်သည်။ အင်တာနက်ပေါ်တွင် လူငယ်တို့ ထုံးစံအတိုင်း Skype ကို သုံးစွဲရာ မှ ဂျိုအန်း ဆိုသည့် မိန်းကလေး တစ်ဦးနှင့် ချိတ်ဆက်မိသည်။

Skype ကိုတော့ အထွေအထူး ပြောစရာ လိုမည် မထင်ပါ။ ရုပ်မြင်သံကြား အပြန်အလှန် ဆက်သွယ် နိုင်သည့် အွန်လိုင်း စနစ်တစ်ခု ဟုသာ ဆိုရပါမည်။

လူငယ်တို့သဘာဝ ပြောဆို ကြူမိရာမှ တစ်ဦးနှင့်တစ်ဦး အမြင်တွေ လွန်ကျူးအောင် စကားတွေ စလာ တော့သည်။ ကောင်မလေးဘက်က အကြံနှင့် ဆက်သွယ်နေမှန်း မသိသော ကက်နက်က ကောင်မလေးကို အပေါ်ပိုင်း ချွတ်ပြရန် ကမ်းလှမ်းလိုက်မိသည်။ ကောင်မလေးကလည်း မပေါ့တပေါ် မလုံ့တလုံလေး လုပ်ပြလိုက်သည်။

ကောင်မလေးကလည်း ကောင်လေးကို သူတော့ အပေါ်ပိုင်း ချွတ်ပြ ပြီးပြီ ကောင်လေးကို အပေါ်ပိုင်း တီရှပ် ချွတ်ပြရန် တောင်းဆိုတော့ သည်။ ကောင်လေးကလည်း ကောင်မလေးက တောင်းဆိုလာသဖြင့် တီရှပ်ကို ချွတ်ပြလိုက်သည်။ နောက် တစ်ဆင့် တက်လာသည်။ ချိန်းတွေ့ ကြမည်ဟု ကောင်မလေးက တောင်းဆိုလာသည်။ ကောင်လေးကလည်း ရက်ရောစွာဖြင့် မိမိ ဖုန်းနံပါတ်ကို ကောင်မလေးအား ပေးလိုက်သည်။ အမှားကတော့ စပြီ။

ကောင်လေးက ကောင်မလေးထံမှ ဖုန်းနံပါတ်ကို တောင်း သည်။ ကောင်မလေးက ချွဲတဲတဲဖြင့် ဖုန်းနံပါတ် ပေးမည်၊ ရှိတာအကုန် ချွတ်ခိုင်းတော့သည်။ မိမိ ဖုန်းနံပါတ် လိုချင်လျှင် ကောင်လေးကို တစ်ကိုယ်လုံး ချွတ်ပြဟု ပြောသည်။ ကက်နက် တစ်ယောက် အယုံသွင်း ခံလိုက်ရသည်။ ကောင်မလေး ခိုင်းသည့်အတိုင်း တစ်သဝေမတိမ်း လိုက် လုပ်သည်။ လုံးဝ အမှားကို ကျူးလွန်လိုက်ခြင်း ဖြစ်သည်။

ဖုန်းနံပါတ်ကို ကောင်လေးက တောင်းလိုက်ချိန်တွင် ကောင်မလေးက ဖုန်းထဲကတစ်ဆင့် သူ၏ မဖွယ်မရာ ကိုယ်လုံးတီးပုံကို ရိုက်ယူ ထားကြောင်း ပြလိုက်သည်။ ပြီးလျှင် ဒေါ်လာ ၅၀၀၀ ကို မိမိထံ လွှဲပေး ရမည် ဖြစ်ကြောင်း၊ မလွှဲပေးပါက သူ့ပုံကို အွန်လိုင်းသို့ လွှင့်တင်လိုက် မည် ဖြစ်ကြောင်း စတင် ခြိမ်းခြောက်တော့သည်။ သူမပေးမည့် ဘဏ်စာရင်း နံပါတ်အတိုင်း ငွေများကို ပို့ပေးရန် ပြောသည်။ ကောင်လေး ကြောက်လန့်ပြီး တစ်လုံးတစ်ခဲတည်း မပေးနိုင်ကြောင်း ပြောသဖြင့် ယနေ့ ဒေါ်လာ ၂၀၀၀ လွှဲပေးရန်၊ မနက်ဖြန် ကျန် ဒေါ်လာ ၃၀၀၀ ကို လွှဲပေးရန်၊ မလွှဲပေးလျှင် ဗီဒီယိုဖိုင်ကို အင်တာနက်သို့ လွှင့်တင်လိုက်မည်ဟု ပြောပြီး အဆက်အသွယ် ဖြတ်လိုက်သည်။

မကြာမီ ကက်နက်ထံ ပို့ပေးရမည့် ငွေစာရင်း နံပါတ်ကို ဖုန်းကတစ်ဆင့် စာဖြင့် ပို့လိုက်သည်။ ကောင်လေး ဒုက္ခကောင်းကောင်း တွေ့ရပြီ ဖြစ်သည်။ စုထားသည့် ငွေများကို ဘဏ်က သွားထုတ်ရ သည်။ ပြီးလျှင် သူမပြောသည့် ဘဏ်စာရင်းသို့ လွှဲပေးလိုက်ရသည်။ အဖြစ်အပျက်က မိဘကိုလည်း ပြန် မပြောရဲ။ ကိစ္စကလည်း ငွေပေးလိုက်လျှင် ပြီးသွားလိမ့်မည်ဟု ထင်ခဲ့သည်။

နောက်တစ်နေ့တွင် ကျန်ငွေများကို ပေးပြီးနောက် သူ့ထံ ဖုန်းဝင်လာ သည်။ ကောင်မလေး၏ ရည်းစားဆိုသူက ဆက်ခြင်း ဖြစ်သည်။ သူကလည်း ဘဏ်စာရင်း နံပါတ်တစ်ခု ပေးမည် ဖြစ်ကြောင်း၊ ထိုစာရင်းထဲသို့ ဒေါ်လာ ၆၀၀၀ ထည့်ပေးရန်နှင့် မထည့်ပေးလျှင် သူ့ဗီဒီယိုဖိုင်ကို အင်တာနက်ပေါ် လွှင့်တင်လိုက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြန်သည်။ ထိုသူကလည်း ငွေ မပေးလျှင် ကောင်မလေး ဖခင်ထံ ဗီဒီယိုဖိုင်ကို ပို့ပေးလိုက်မည်ဟု ပြောပြန် သည်။

ကက်နက်တစ်ယောက် နောက်ထပ် ဒေါ်လာ ၆၀၀၀ လွှဲပေးလိုက်ရပြန်သည်။ မကြာမီ ဖုန်းဝင်လာဖြင့် ကက်နက် ကိုင်လိုက်ရာ ကောင်မလေး ဖခင်ဆိုသူက သူ့ ဗီဒီယိုဖိုင်ကို တွေ့ပြီး ဖြစ်ကြောင်း၊ မိမိပေး သည့် ဘဏ်စာရင်း အတိုင်း ဒေါ်လာ ၆၀၀၀ ထပ်လွှဲပေးရန်နှင့် မလွှဲပေးလျှင် ဗီဒီယိုကို အင်တာနက်တွင် တင်လိုက်မည်ဟု တတိယအကြိမ်မြောက် ခြိမ်းခြောက် ငွေတောင်းပြန်သည်။ ကက်နက်ဘဝက ဘယ်လိုမှ မတတ်နိုင်တော့သည့် အခြေအနေ ဖြစ်သည်။ သူတို့ တောင်းသည့် နောက် ထပ် ငွေကို ထပ်လွှဲပေးလိုက်ရပြန်သည်။

ဤသို့ဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်သို့ ရောက်ခဲ့သည်။ ကက်နက် တစ်ယောက် ဘဏ်ပေါင်း ၈၉ ခုတိတိသို့ ငွေများ လွှဲပြောင်း ပို့ပေးခဲ့ရသည်။ မကြာခဏ ငွေညှစ် တောင်းဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ စိတ်ထောင်း ကိုယ်ကျေ ဖြစ်ကာ မတတ်နိုင်တော့သည့်အဆုံး၊ ငွေလည်း တစ်ပြားမျှ မရှိတော့သဖြင့် ဖခင်ကို ဖွင့်ပြောလိုက်ရတော့သည်။

စုစုပေါင်း ဒေါ်လာ တစ်သိန်းလောက် ပြောင်မှ ဖခင်ကို ဖွင့်ပြောပြခြင်း ဖြစ် သည်။ ဖခင်က သူ့ကို ရဲစခန်းသို့ ခေါ်သွားသည်။ ကက်နက် ကလည်း ဖြစ်ကြောင်းရယ် ကုန်စင် ပြောပြလိုက်ရတော့သည်။ ရဲအရာရှိများ က သေချာစွာ မှတ်တမ်းတင်ပြီး ဆယ်လခန့် အကြိမ်ကြိမ် ငွေညစ်ခဲ့ခြင်းကို ရင်ဖွင့်ခဲ့ရ သည်။ ဘဏ် ငွေစာရင်း နံပါတ် ခြောက်ခုခန့် ပြောင်းလဲ ပို့ပေး ခဲ့ရသည်။ ရဲက ကောင်လေးထံက ဖုန်းကို သိမ်းထားလိုက်ပြီး ဖုန်းနံပါတ်များ ဆက်သွယ်ထားမှုကို မှတ်တမ်းဖြင့် စစ်ဆေးကြည့်ကာ ခြေရာ စခံခဲ့သည်။

ရဲတပ်ဖွဲ့က အဖွဲ့များ ခွဲပြီး သူ့ကဏ္ဍအလိုက် အမှုကြောင်းကို ခြေရာခံတော့ သည်။ ဖုန်းနံပါတ်များ၊ ဘဏ်စာရင်း နံပါတ်များကို နောက်ကြောင်း လိုက်ကြ သည်။ လွန်ခဲ့သည့် ၁၀ လအတွင်း ဖုန်းနံပါတ်များ၊ ဆက်သွယ်မှုများ အားလုံး ကို ပြန်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သူတို့သည် ကောင်မလေး နာမည်ကို Facebook ကတစ်ဆင့် ခြေရာခံမိပြီး ပုံပါ အတိအကျ ရရှိလိုက် ကြသည်။ ကက်နက်ကို ကောင်မလေးပုံအား ပြပြီး အတည်ပြုခိုင်းပြီးနောက် ဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့သည်။ နောက် ဆုံး ကောင်မလေး နေထိုင်သည့် တိုက်ခန်းကို ခြေရာခံမိပြီး ရဲများက သွားရောက် စစ်ဆေးရာ ပြစ်မှု ကျူးလွန်သည့် ကွန်ပျူတာ လက်ပ်တော့နှင့် အခန်းအတွင်း အတူ ပြစ်မှု ကျူးလွန်သည့် ယောက်ျားလေး သူငယ်ချင်းကိုပါ အတူ ဖမ်းမိလိုက်သည်။

ယခုအဖြစ်အပျက်လေးကို Facebook ပေါ်တွင် တစ်ယောက်ယောက်က မျှဝေထားသည်ကို ပြန်လည် ကြည့်မိကာ ရေးပြခြင်း ဖြစ်ပါသည်။ ပြဿနာ အစ အွန်လိုင်း Chatting တွေက ဖြစ်သည်။ မမျှော်လင့်ဘဲ တွေ့၊ ရိကြ၊ ကလိကြရင်းက အကြံသမား တစ်ယောက်၏ ပိုက်ကွန်ကို လူငယ်တို့ တိုးဝင်ပြီး ဒုက္ခရောက်ရပုံကို ထိမိစွာ ဗီဒီယိုဖြင့် တင်ပြနိုင်ခဲ့သည်။

တကယ်တော့ ဖြစ်ရပ် အားလုံးကို ဂျိုအန်း၏ ရည်းစားဖြစ်သူ အလက်ဇန်းဒါး ဆိုသူက ကြိုးကိုင် ဖန်တီးသွားခြင်း ဖြစ်သည်။ ပြစ်မှု ထင်ရှားသဖြင့် သူ့ကို ထောင်ဒဏ် ငါးနှစ် ချလိုက်သည့်အပြင် ကြိမ်ဒဏ် ငါးချက်လည်း ပါလိုက်သေးသည်။ ဂျိုအန်း အမည်ခံ ရပ်ဆွေတင်းကိုတော့ ၂၄ လ ကောင်း စွာ နေထိုင်စေရန်နှင့် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၆ နာရီ အပြင်မထွက်ရ အမိန့်အပြင် နာရီပေါင်း ၁၃၀ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်စေနှင့် မိဘများကလည်း အာမခံကြေး ဒေါ်လာ ၅၀၀၀ ပေးဆောင်ရန် အမိန့် ချမှတ်ခြင်း ခံရသည်။

ဤဖြစ်ရပ်လေးသည် ခေတ်သစ် လူငယ်များကို သင်ခန်းစာများစွာ ပေးပါ သည်။

ကွန်ပျူတာ Web ကင်မရာရှေ့တွင် မဖွယ်မရာ အပြုအမူ၊ အနေအထိုင် အပြောအဆိုများ မလုပ်မိ ပါစေနှင့်။

အွန်လိုင်းပေါ်တွင် အပေးအယူ တောင်း ဆိုမှုများကို သတိပြုပါ။

ဖြစ်ပေါ်လာသည့် ပြဿနာများကို မိမိ တစ်ယောက် တည်း ကြိတ်ပြီး ဖြေရှင်းမည့်အစား မိဘများ သို့မဟုတ် ယုံကြည် စိတ်ချရသည့် သူများကို ဖွင့်ဟ တိုင်ပင်သင့်ပါသည်။

ဆိုရှယ် မီဒီယာများ ခေတ်စားနေချိန်တွင် အမှား တစ်ချက်ကြောင့် ဘဝ ပျက်သွားနိုင်ပါသည်။ ကက်နက်နေရာတွင် လူတိုင်း ဖြစ်နိုင် သည်။ ယောက်ျားလေးလည်း ဖြစ်နိုင်သည်။ မိန်းကလေးလည်း ဖြစ်နိုင်သည်။ ဆိုရှယ် မီဒီယာနှင့် နည်းပညာများက ခြေသွက်လှသည်။ မိနစ်ပိုင်းအတွင်း အမှား တစ်ခု ကြောင့် ဘဝ ဆုံးရှုံးသည့်အပြင် အသက်ပါ ဆုံးရှုံးရသူတွေ လည်း မနည်းတော့ပြီ။ စဉ်းစား ဆင်ခြင် သတိနှင့် ခေတ်မီစေချင်ပါသည်။

မောက္ခ ပညာရေးမဂ္ဂဇင်း


“အလင်္ကာ အလွမ်းမှတ်တမ်း”
အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်သည် ငယ်ရွယ်စဉ် (၁၄)နှစ်သားအရွယ်ကပင် မြန်မာ့ဇာတ်သဘင် လောကသို့ရောက်ရှိ ကပြခဲ့သူ။ ရွှေမန်းတင်မောင် ဇာတ်သဘင်ကို တီထွင်ဆန်းသစ်မှုများစွာဖြင့် ကိုယ်တိုင် ထူထောင်ခဲ့သူ။ အလင်္ကာကျော်စွာဘွဲ့ကိုရရှိခဲ့သူ။ ဇာတ်ကရင်း ကွယ်လွန်ခဲ့သူ။ လက်ဝဲသုန္ဒရ၊ ဗုဒ္ဓဝင်ဇာတ်ထုပ်များ၊ ရွဲကုန်သည် စသည်တို့မှာ အထူးထင်ရှားခဲ့သူ။ ရုပ်ရှင်နှင့်သဘင်နယ်ပယ်တွင် အောင်မြင်သည့် အနုပညာ မျိုးဆက်သစ်များအား ညွှန့်ဝင်းမှ ကျော်ကျော်ဗိုလ်နှင့် တင်မောင်ဆန်းမင်းဝင်းတို့ လက်ထက်ထိတိုင် မျိုးဆက် အမွေပေးနိုင်ခဲ့သူ။ စသည့်ထင်ရှားမှုများစွာဖြင့် လူသိများသော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ ၄င်း၏ သဘင် သက်အနှစ် (၈ဝ)ပြည့်အခမ်းအနားအား သြဂုတ်လ၊ ၁၃ရက်နေ့၊ နံနက် ၉နာရီအချိန်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပ ခဲ့သည်။ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်၏ ရွှေမန်းသဘင်အနှစ်(၈ဝ)ပြည့် "အလင်္ကာ အလွမ်းမှတ်တမ်း" ဖျော်ဖြေပွဲကြီးတွင် ပါဝင်ကူညီအားဖြည့်ကြသော အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးကြသူများကို ရွှေမန်းသဘင်မိသားစုမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားအား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့လည်း အလှူငွေ ပေးအပ်ခဲ့သည်။

အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်၏ ရွှေမန်းသဘင် အနှစ်(၈ဝ)ပြည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒုဥက္ကဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှ အလှူငွေအား လက်ခံရယူခဲ့ပြီး ဂုဏ်ပြုကဒ်အား ပြန်လည်ပေးအပ်ခဲ့သည်။ အခမ်းအနားတွင် ရွှေမန်းသဘင်မိသားစုမှ သဘင်ဘိုးဘွားရိပ်သာ ထူထောင်ရေးအတွက် မတည်ငွေကျပ် သိန်း(၃ဝ)၊ ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းအား ကျပ် သိန်း(၂ဝ)၊ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းအား ကျပ် သိန်း(၂ဝ)နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အား ကျပ် (၁ဝ)သိန်း၊ ပုဂ္ဂလိက စာနယ်ဇင်း နာမကျန်းရံပုံငွေ အဖွဲ့အား ကျပ် (၁ဝ)သိန်းအား တို့အား အသီးသီးလှူဒါန်းခဲ့ပါသည်။

အလင်္ကာဖျော်ဖြေပွဲမှ ရရှိခဲ့သော အလှူငွေများကို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းရခြင်းနှင့် ယင်းဖျော်ဖြေပွဲတွင် ပါဝင်ခဲ့ကြသော အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ မေတ္တာဖြင့် ကူညီဆောင်ရွက် ပေးကြသောသူများနှင့်တကွ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်နှင့် ရွှေမန်းသဘင် မိသားစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် သာဓု အနုမောဒနာ ခေါ်ဆိုလိုက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း ယင်းအလှူအား “အလင်္ကာ အလွမ်းမှတ်တမ်း” ဟူ၍ မှတ်ကျောက် တင်လိုက်ရပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)


·ဦးဝံသနဲ့ ကိုမင်းလူတို့ ကွယ်လွန်ခြင်းသတင်းတွေအတွက် စိတ်ထိခိုက်ကြေကွဲရပါတယ်။

ဦးဝံသဟာ အမြဲ နူးနူးညံ့ညံ့နဲ့ ခိုင်မာတည်ကြည်တဲ့သူပါ။ တဖက်သားကို လေးလေးစားစား ဆက်ဆံတတ်ပြီး အယူအဆရေးရာမှာ ရှင်းလင်းပြတ်သားခဲ့သူပါ။

ကိုမင်းလူနဲ့ ပတ်သက်ပြီး ကြားခဲ့ဖူးတာလေးတခုကို မျှဝေလိုပါတယ်။

နဝတ စစ်အုပ်စုလက်ထက်က အမြီးအမောက်မတည့်တာတွေကို ဘာတွေဖြစ်ကုန်ကြပြီလဲ ဆိုတဲ့ သရော်တဲ့ ကဗျာတပုဒ်ကို ကိုမင်းလူ ပြောင်မြောက်စွာ ဖန်တီးခဲ့ပါတယ်။ အဲဒီကဗျာအတွက် မီးခိုးကြွက်လျှောက် အဖမ်းအဆီးတွေ စ လာတော့ ကိုမင်းလူလဲ သူ့အလှည့် အတွက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

စစ်ထောက်လှမ်းရေးတွေ သူ့ကိုလာဖမ်းတော့ ထုံးစံအတိုင်း ဇင်ပြာအိတ်ကြီးနဲ့ ခေါင်းကို စွပ်ပြီး ခေါ်ဖို့ပြင်ပါတယ်။ အဲဒီအခါမှာ ကိုမင်းလူက သူအသင့် ချုပ်ထားတဲ့ ဇင်ပြာအိပ်အသစ်စက်စက်ကို ထုတ်ပြီး အဲဒါလေးသုံးဖို့ ပြောခဲ့ပါတယ်တဲ့။

ခင်ဗျားတို့ ခေါင်းစွပ်တဲ့အိပ်ကြီးက နံလွန်းလို့ပါတဲ့လေ။

.... လွမ်းပါတယ်အကို။
by;Kyaw Wunna

ကင်ဆာ ဆိုတဲ့စကားကြားလိုက်တာနဲ့
အများစုဟာ တုန်လှုပ်သွားတတ်ကြတာပါ။
မင်းလူ ကတော့ ဟာသတွေလုပ်နေနိုင်ပါသေးတယ်
ကင်ဆာဝေဒနာခံစားနေရတဲ့ဝေဒနာရှင် ၃ ယောက် ၀ိတိုရိယဆေးရုံကြီးမှာဆုံကြတယ်
ဆရာမောင်ဝံသ
ဆရာဦးကြည်စိုးထွန်းနဲ့
မင်းလူ
မင်းလူက
ကင်ဆာသမဂ္ဂထူထောင်လိုက်တယ်
ဆရာမောင်ဝံသက နာယက
ဆရာဦးကြည်စိုးထွန်း ကိုဥက္ကဌ
သူကတော့ အတွင်းရေးမှူးတဲ့
ဆရာ ၂ ယောက်နဲ့ခွဲခွါကြပြီး
သူတယောက်ထဲကျန်ခဲ့တော့မှ
ကျွန်တော့်ဖက်လှည့်ပြီး
စကားတခွန်းပြောတယ်
"ကင်ဆာမဖြစ်လည်းတနေ့နေ့တော့သေမှာပါပဲကွာ" တဲ့
(Nay Ye)


“ဆရာမင်းလူအတွက်ဆရာပန်းချီမျိုးမြင့်ရဲ့ အလွမ်း”
---------------------------------------------------
စာရေးဆရာမင်းလူ.. ခဏခဏရေးဆွဲခဲ့ရတဲ့ သူ့ပုံတူတွေထဲက တပုံ။ "ငါ မင်းရုပ်ကြီးကိုကြည့်ပြီး ခဏခဏပုံတူမရေးချင်ဘူးကွာ .. အအိပ်ပျက် အစားပျက်ဖြစ်လွန်းလို့ .." ကျနော် ဘယ်လိုပဲ နှိပ်ကွပ်နှိပ်ကွပ် .. သူကတော့ ဒီပုံထဲကအတိုင်း စပ်ဖြဲဖြဲပဲ။ သြော် .. ခုတော့လဲ မင်း မရယ်နိုင်တော့ပါလား သူငယ်ချင်းရယ် .. ..။by;Artist MyoMyint

(ပန်းချီပုံမှာဆရာပန်းချီမျိုးမြင့်ရဲ့ လက်ရာဖြစ်ပါတယ်)



“သြဂုတ်၁၅”
---------------------
ဆရာမင်းလူရုပ်ခန္ဓာကို
ရေဝေးအအေးတိုက်က
နံနက်၉နာရီခွဲမှာဝင်ခွင့်ပြု။

ဆရာမောင်ဝံသရုပ်ခန္ဓာကို
ရေဝေးအအေးတိုက်က
နေ့ လယ်၃နာရီထွက်ခွင့်ပြု။

သြဂုတ်၁၅မှာ
နှလုံးသားမရှိလို့ လား
ဦနှောက်မပါလို့ လား။
အအေးတိုက်မှာ
နှလုံးသားမရှိလို့ လား
ဦနှောက်မပါလို့ လား။
သြော်....
နှလုံးသားနဲ့ ဦနှောက်ရှိပါတယ်ဆိုတဲ့လူတစ်ချို့ တောင်
တန်ဖိုးသိနိုင်စွမ်းချို့ တဲ့ ဥာဏ်မမီတဲ့အခါ ရှိခဲ့သေးတာမှပဲလေ။
(ယူကြုံးမရစွာဖြင့်)
ကိုမျိုး(မြန်မာစာ)
၁၅.၈.၂၀၁၃

[ဓါတ်ပုံ-အစ်ကိုဆရာမင်းလူရဲ့ သမီးငယ်Yu Ya ဖေ့ဘုတ်မှ



ဘာတွေဖြစ်ကုန်ကြပြီလဲ"
မင်းလူ(၁၉၈၉)
(၁)
အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား

(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။

(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..

(၅)
သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့

(၆)
ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ… …..

မင်းလူ(၁၉၈၉)

နာမည်ကျော် စာရေးဆရာ မင်းလူ သည် (၁၄-၈-၁၃) ရက် ၊ ည (၁၁း၃၀) နာရီခန့် တွင် ၀ိတိုရိယဆေးရုံ ၌ ကွယ်လွန်သွားကြောင်း ကြားသိရသည့် အတွက်များစွာ ၀မ်းနည်း ကြေကွဲ နှမျော တသမိပါသည်။(၁၈-၈-၁၃) တနင်္ဂနွေ နေ့တွင်သဂြိုလ်မည်ဟု ကြားသိရပါသည်။

ဆရာ ဦးမင်းလူ ကွယ်လွန်ကြောင်းသိရှိရ၍ မိသားစုနှင့်အတူ ၀မ်းနည်းကြေကွဲရပါကြောင်း

စာရေးဆရာ၊ ကဗျာဆရာ မင်းလူကို စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့က ရန်ကုန်မြို့ အမှတ် (၁၄၇)၊ (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ စာရေးဆရာ/ဒါရိုက်တာ မောင်ဝဏ္ဏ (ကွယ်လွန်)၊ စာရေးဆရာ/အဆိုကျော်/ရုပ်ရှင်မင်းသား သုမောင် (ဗလ) (ကွယ်လွန်)၊ ရုပ်ရှင်မင်းသား ရူပ မွေးချင်း အရင်း လေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ စာရေးဆရာ၊ စတူရီယိုတေးရေး/တေးဆို၊ ဒါရိုက်တာ အာယု (ကွယ်လွန်) နှင့် အဖေတူ၊ အမေကွဲ အကို တော်စပ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။

၁၉၅၉-၁၉၆၈ ခုနှစ်များတွင် စိန့်ပေါ အထက်တန်းကျောင်း (ယခု အ.ထ.က(၆)၊ ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈ -၁၉၇၂ ခုနှစ်များတွင် အထက(၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင် ခဲ့သည်။ ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူး နှင့် သိပ္ပံပညာ အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၇၂-၁၉၇၇ ခုနှစ်များတွင် ရန်ကုန် တက္ကသိုလ် ၌ ဆက်လက် တက်ရောက် ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင် နှင့် နှစ်ပတ်လည် မဂ္ဂဇင်း များ တွင် “တောကျောင်း ဘုန်းကြီး” အမည်ဖြင့် ကဗျာများ စတင် ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင် ဖော်ပြခံရပြီး စာပေနယ်သို့ စတင် ဝင်ရောက်ခဲ့သည်။ ကျောင်းတက်ရင်း ဖခင်ဖြစ်သူ ၏ လုပ်ငန်းတခု ဖြစ်သည့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းကို လေ့လာ လုပ်ကိုင်ခဲ့သည်။
မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သမီး နှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။
မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံ နေအိမ်တွင် နေထိုင်ခဲ့သည်။ ၂၀၁၃ သြဂုတ် (၁၄) ရက် သန်းခေါင်ကျော်၊ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန် အနိစ္စ ရောက်သည်။ မကွယ်လွန်ချိန် အထိ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ သရော်စာ၊ စာပေရုပ်ပုံလွှာ၊ ရုပ်ရှင်ဇာတ်ညွှန်း အမျိုးအစား စုံ များစွာ ရေးသားခဲ့သည်။ ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ရိုက်ကူးခြင်း ခံခဲ့ရပြီး အများစုကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။
မင်းလူ ရေးသား ခဲ့သော လုံးချင်း စာအုပ်များ၊ ဝတ္ထုတိုပေါင်းချုပ်များ၊ အက်ဆေး ပေါင်းချုပ်များစာရင်း (ပြုစုဆဲ၊ အမှားအယွင်း နှင့် လိုအပ်တာများရှိနိုင်ပါသည်။)

၁) ကံကော်နီ (၂၀၀၄)
၂) ကျွန်တော် ကျွန်မတို့သည် (၁၉၈၅)
၃) ခုနစ်စဉ်အလွမ်း - (၁၉၈၆) (ရုပ်ရှင် ၁၉၉၀၊ အစ်ကို များ ဖြစ်သူ ဒါရိုက်တာ မောင်ဝဏ္ဏ နှင့် ရုပ်ရှင် သုမောင် တို့ အကယ်ဒမီရခဲ့သည်။ ဆုပေးချိန်တွင် မင်းလူ မှာ နိုင်ငံရေး ပုဒ်မ ဖြင့် နဝတ စစ်အစိုးရ ၏ ထောင်သွင်း အကျဉ်းချခြင်းခံနေရသည်။)
၎) ချစ်ဒုက္ခ
၅) ချစ်မှာလားကွယ်၊ ကြိုက်မှာလားကွယ် တိုးတိုးတိတ်တိတ်ရယ် (၁၉၈၇) (ချိုးကူသံ အမည်ဖြင့်ရုပ်ရှင်ရိုက်)
၆) ချစ်မြားရှင် အစ ချစ်မြားရှင်အဆုံ (၁၉၉၆)
၇) ချစ်သောပန်းကလေး (၁၉၇၉)
၈) ခိုးခိုးခစ်ခစ် (အသစ်စက်စက်လုံးချင်းဝတ္ထု) (၂၀၀၉)
၉) ခေါင်းလုံးထိုးသောဝတ္ထုတိုများ
၁၀) ဂန္တဝင်အိမ်မက် (၂၀၀၂)
၁၁) ငိုအားနှင့် ရယ်အား (၁၉၉၆)
၁၂) ငှက်ကလေး (၁၉၈၁)
၁၃) စာပေကယ်ရီကေးချား
၁၄) စာပေကြော်ငြာ စတိတ်ရှိုး ပွဲတော်နှင့် အခြား ဝတ္ထုတိုများ (၂ဝဝ၁)
၁၅) စာပေလေလံပွဲ (၂ဝဝ၁)
၁၆) စိန်အလွမ်း
၁၇) နွေသစ်ရွက်
၁၈) နှစ်ကိုယ်ခွဲ (၁၉၉၆)
၁၉) နှုတ်ခမ်း၏ထောင့်စွန်းများ
၂၀) ပန်းကျောင်း (၁၉၉၇)
၂၁) ပြန်ခေါ်သက်သေ
၂၂) ပြောတိုင်းယုံတဲ့ပုတ်သင်ညို (၁၉၉၉)
၂၃) ဖော်ကွာဝေး (၁၉၈၉)
၂၄) ဖူးစာရှင်ကိုရွေးတော့မည်
၂၅) ဘာမှမတတ်နိုင်ဘူး (၁၉၉ဝ)
၂၆) မိညီမ (၁၉၉၆)
၂၇) မိုးထဲကနှင်းဆီ
၂၈) မင်းမဆိုးပါဘူး (၂ဝဝဝ)
၂၉) မျောက်လက် (၂၀၁၁)
၃၀) ယမကာလုလင် (၁၉၉၉)
၃၁) ရေတမာ (၂ဝဝဝ)
၃၂) ရင်ခုန်သူများ (၁၉၈၈)
၃၃) ရင်ထဲကဆောင်းရာသီ (၁၉၈၉) (၁၉၉၉ တွင် အစ်ကို ဖြစ်သူ မောင်ဝဏ္ဏရုပ်ရှင် ရိုက်)
၃၄) ရယ်စရာ မောစရာ (ပ-၁၉၈၇၊ ဒု-၁၉၉၅)
၃၅) ရင်မောခြင်းနှင် ရယ်မောခြင်း (၁၉၉၇)
၃၆) ရယ်မောခြင်း လက်ရွေးစင် (၁၉၉၉)
၃၇) ရယ်မောခြင်း လက်ကျန်
၃၈) ရွှေနှလုံးသား
၃၉) ရွှေရောင်မမရဲ့ ပုံတူ (စာရေးဆရာစုံ) (၁၉၉၉)
၄၀) လမ်းဖြတ်ကူး သောဝတ္ထုတိုများ (၁၉၉၅)
၄၁) လွန်လေပြီးသောနှလုံးသား (၁၉၉၅)
၄၂) လွမ်းရအောင် (၁၉၈၄)
၄၃) ၀ထ္ထုဖြစ်စေသတည်း
၄၄) သဘာဝကျကျ ဟာသရသ
၄၅) သာဓုအင်ဆန်း (ဖခင် ဆရာ သာဓု၊ အစ်ကို များ ဖြစ်သူ မောင်ဝဏ္ဏ၊ သုမောင်တို့ နှင့်တွဲလျက်) (၁၉၇၈)
၄၆) သူကလည်းသူ ကျွန်တော်ကလည်း ကျွန်တော်
၄၇) သူငယ်ချင်း တယောက်အကြောင်း (၁၉၉၇)
၄၈) သူတို့ ပျော်ကြလေပြီ (၁၉၈၆)
၄၉) သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
၅၀) သုံးနားညီ
၅၁) သံမဏိ ဝတ်မှုန်နှင့် လတ်ဆတ်သော ဝတ္ထုများ (စာရေးဆရာစုံ) (၁၉၉၄)
၅၂) သံယောဇဉ် အဖွဲ့ (၁၉၉၆)
၅၃) အချစ်မြို့သားများ
၅၄) အချစ်ရူးကြီး ရူးတော့သည် (၁၉၉၄)
၅၅) အချစ်လားဟေ့ ဝင်ခဲ့လေကွယ် (ကဗျာ) (၁၉၇၈)
၅၆) အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ
၅၇) အချစ်သက်သက် ဝတ္ထုတိုများ (၁၉၉၆)
၅၈) အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း (၁၉၈၁)
၅၉) အခြားဝတ္တုတိုများ (၂ဝဝဝ)
၆၀) အတွေ့လေးရယ်မှ အို အကြုံ (၁၉၉၆)
၆၁) အမုန်းခွန်အား (ဝတ္ထုများ) (၁၉၉၆)
၆၂) အမည်မဖော်လိုသူ အချစ် (၂ဝဝ၁)
၆၃) အမုန်းအလိုမရှိ (၁၉၉၆)
၆၄) အလွမ်းသစ်
၆၅) အလွမ်း၌ချစ်စေသတည်း
၆၆) အီးကော်လာ
၆၇) အော်ဆွေး
၆၈) အောင်ဘာလေ (၂၀၀၉)
၆၉) အက်ဆေးချစ်သူ(အက်ဆေး ပေါင်းချုပ်) (၂ဝဝ၁)
၇၀) ဦးမင်းလူ ကောင်းမှု (ကဗျာ ပေါင်းချုပ်) (၂ဝဝဝ)
၇၁) ဒေ၀တာမြို့တော် (ဖြည့်စွက်)


(မန္တလေးကျုံးနဘေးမှာ ဓားနဲ့လိုက်အခုတ်ခံရတဲ့.. မျိုးသူရဦး-ဆိုသူ လူငယ် နောက်ထပ်တစ်ယောက်ရဲ့ ရင်ဖွင့်သံကို ပြည်သူ့ဆန္ဒဂျာနယ် မှာ ဖော်ပြထားတာတွေ့လို့ ကူးယူဖော်ပြလိုက်ပါတယ်)

ကျွန်တော့်နာမည် မျိုးသူရဦးပါ။ မန္တလေးကျုံးနဘေးမှာ ဓားနဲ့အခုတ်ခံရတဲ့အကြောင်းကို တင်ပြချင်ပါတယ်။ ဇူလိုင်လ (၂၇)ရက်၊ စနေနေ့ည (၈)နာရီအချိန်လောက်က ဖြစ်ပါတယ်။ ကျွန်တော် အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာပါ၊ လမ်း၈၀ အတိုင်း တောင်ဖက်ကနေ မြောက်ဖက်ကို ပြန်အလာ ၁၄လမ်းနဲ့၁၅လမ်းကြားအရောက်မှာ နောက်ကနေ ဖီနိုဆိုင်ကယ်၃စီးနဲ့ လိုက်လာပြီး ခုတ်တာပါ၊ ကျွန်တော်လည်း ဓားနဲ့အခုတ်ခံလိုက်ရတာနဲ့ ကြောက်ပြီး အိမ်ကိုအရောက် အတင်းမောင်းပြေးခဲ့ပါ တယ်၊ အဲဒီအချိန်မှာ နောက်ကနေ အစ်ကိုကြီးတစ်ယောက် ဆိုင်ကယ်နဲ့လိုက်လာပြီး ကျွန်တော့်ကို သတင်းမေးပါတယ်၊ ကျွန်တော်တို့ ဆိုင်ကယ်မောင်းလာရင်းနဲ့ ကျုံးရဲ့မြောက်ဖက်ပေါက်ကို ရောက်လာပါတယ်။ နောက်က သတင်းလိုက်မေးတဲ့ အစ်ကိုကြီးက မြောက်ပေါက်မှာ တာဝန်ကျနေတဲ့ ရဲတွေတွေ့တာနဲ့ ၀င်ပြီးအကြောင်းကြားဖို့ပြောပါတယ်။ ဒါနဲ့ အဲဒီအစ်ကိုကြီးက ပဲ ဦးဆောင်ပြီး ရဲတွေကို ကျွန်တော်ရလာတဲ့ ဒဏ်ရာတွေပြပြီး အကျိုးအကြောင်းပြောပြပါတယ်။

အဲဒီအခါမှာ ရဲတွေက ခင်ဗျားဖြစ်ခဲ့တာ ကျွန်တော်တို့ အပိုင်မဟုတ်ဘူး၊ အမှတ်(၄)စခန်းပိုင်နယ်မြေမှာဖြစ်တာ၊ အဲဒီကိုပဲသွားလို့ပြောပါတယ်၊ ဒါနဲ့ပဲ အကူအညီပေးတဲ့အစ်ကိုကြီးက ဦးဆောင်ပြီး ကျွန်တော်တို့ အမှတ်(၄)ရဲစခန်းကိုသွားခဲ့ပါ တယ်။ အမှတ်(၄)ရဲစခန်းကိုရောက်တော့ တာဝန်ကျနေတယ်ဆိုတဲ့ ရဲတစ်ယောက်ပဲ တွေ့ပါတယ်၊ ယူနီဖောင်းဝတ်မထားပါဘူး။ နောင်မှ အဲဒီသူဟာ ရဲတပ်ကြပ်အောင်မြင့်ဦးလို့ သိရပါတယ်။ တာဝန်ကျတပ်ကြပ်အောင်မြင့်ဦးကလည်း “ကျုံးဘေးမှာ တာဝန် ကျနေတဲ့ရဲတွေရှိတယ်၊ အဲဒီကိုသွားပါ” လို့ လွှဲချပြန်ပါတယ်။ လိုက်ကူညီပေးတဲ့အစ်ကိုကြီးက ဒဏ်ရာရလာတဲ့လူ ပါလာပါတယ် ဆိုပြီး ကျွန်တော့်ကိုပြပြီးပြောမှ ဆေးစာရေးပေးပါတယ်။
ကျွန်တော့်ကို လိုက်ကူညီပေးတဲ့အစ်ကိုကြီးဟာ မဇ္ဇျိမသတင်းစာက သတင်းထောက် အောင်ကိုဦးဆိုတာကို နောက် နေ့ကျမှပဲသိခဲ့ရပါတယ်။ သတင်းထောက်အောင်ကိုဦးက ကျွန်တော့်အဖြစ်အပျက်ကို မဇ္ဇျိမသတင်းစာမှာ ဖော်ပြပေးလို့ ဓာတ်ပုံနဲ့ တကွ ပါလာခဲ့ပါတယ်။

ကျွန်တော်ပြောချင်တာက ပြည်သူ့ရဲတွေကိုပါ။ လောလောလတ်လတ် ဓားနဲ့အခုတ်ခံထားရတဲ့ ဒဏ်ရာကြီးကို မြင်နေပါ ရက်နဲ့ အကူအညီမပေးပဲ ငါတို့နဲ့မဆိုင်ဘူးလို့ လွှဲချနေကြတာကို နားမလည်နိုင်ပါဘူး။ ဒီလိုသာဆိုရင် ပြည်သူလူထုက ဘယ်သူ့ ကို အားကိုးရတော့မှာလဲ။

ကျွန်တော်ဓားနဲ့အခုတ်ခံရတဲ့အမှုဟာလည်း အခုထိ ဘာမှ မထူးခြားပါဘူး။ ခုတ်တဲ့သူတွေကိုလည်း မဖမ်းမိပါဘူး။ ကျွန်တော့်လိုပဲ ကျုံးဘေးမှာ ဓားနဲ့အခုတ်ခံရသူပေါင်း တစ်ရာကျော်ရှိပြီလို့ သိရပါတယ်။ တစ်မှုမှ မပေါ်ပါဘူး၊ တရားခံတစ် ယောက်မှ မဖမ်းမိပါဘူး။ ဒီအတိုင်းဆိုရင် ကျုံးဘေးမှာ သွားလာရမှာတောင် ကြောက်နေရပါပြီ။ ကျွန်တော်ဓားနဲ့အခုတ်ခံရတာ ည(၈)နာရီလောက်ပဲရှိပါသေးတယ်။ ကျုံးဘေးမှာ တခြားသွားလာနေသူတွေ၊ ယာဉ်တွေ အများကြီးရှိနေတဲ့ကြားထဲကနေ ဓားနဲ့ ခုတ်ပြေးကြတာပါ။
ကျွန်တော်တို့ ဘယ်သူ့ကို အားကိုးရမလဲခင်ဗျာ။


အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေ
ဒီကနေ့ အခမ်းအနားဟာ အသစ်ခန့်အပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးများ ကတိသစ္စာ ခံယူတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများဟာလည်း ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီး အဆင့်များ ဖြစ်တဲ့အတွက် ဒီကနေ့အခမ်းအနားမှာ ပါဝင်ကြပါတယ်။

ကတိသစ္စာပြုရာမှာ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ တည်ဆဲ ဥပဒေများ ကို လေးစားလိုက်နာဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် ကတိကဝတ်ပြုခြင်း ဖြစ်ပါတယ်။ မင်းမှာသစ္စာ၊ လူမှာကတိ ဆိုတဲ့အတိုင်း အများရှေ့မှောက်မှာ မိမိတို့ပြုခဲ့ကြတဲ့ ကတိသစ္စာကို မကျိုး မပေါက်အောင် ထိန်းသိမ်း သွားကြဖို့လိုအပ်ပါတယ်။

ယခုလို ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးတွေ ခန့်အပ်ခြင်းခံရတဲ့အတွက် မိမိအနေနဲ့ ဝမ်းသာဂုဏ်ယူ ပါကြောင်း ပြောကြားလိုပါတယ်။

မိမိတို့ရဲ့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော် ကိုင်ဘက်တွေ ယခုလို တိုးပွားလာတဲ့အတွက် မိမိတို့အစိုးရအဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို ပိုပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ မိမိတို့ရဲ့ ရိုးသားမှု၊ ကြိုးစားမှုတို့ကြောင့် ယခုကဲ့သို့ ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်ပါတယ်။ ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရခြင်းနှင့်အတူ တာဝန်တွေ ကိုလည်း တိုးမြှင့်ယူကြရမှာ ဖြစ်ပါတယ်။ တာဝန်ဆိုရာမှာ နိုင်ငံ့တာဝန်၊ မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်တွေအပြင် တစ်ဦးချင်း လိုက်နာစောင့်ထိန်း ရမယ့် တာဝန်တွေ ဖြစ်ပါတယ်။

နိုင်ငံ့တာဝန်ဆိုရာမှာ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးမသွားအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲပြီး ပြည်ထောင်စုကြီး ဖရိုဖရဲဖြစ်မသွားရအောင်နဲ့ အချုပ်အခြာ အာဏာဆုံးရှုံးပြီး သူတစ်ပါးကျွန် ဖြစ်မသွားရအောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဖြစ်ပါတယ်။ အမှန်တော့ ဒီတာဝန်တွေ ဟာ နိုင်ငံသားအားလုံး လိုက်နာစောင့်ထိန်း ကြရမယ့် အမျိုးသားရေးတာဝန်လည်း ဖြစ်ပါတယ်။

မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်ဆိုတာဟာ တကယ်တော့ နိုင်ငံတော်အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ ဝန်ကြီးဌာန အသီးသီးဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ကဏ္ဍအလိုက် ခွဲဝေပြီး တာဝန်ပေးထားမှု အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေကြရခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ခွဲဝေတာဝန်ယူပြီး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံတော်အစိုးရရဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ မူဝါဒတွေကို ဦးစွာသိရှိထားဖို့ လိုအပ်ပါတယ်။ ဒီကနေ့ နိုင်ငံတော်ရဲ့ လူဦးရေဟာ အကြမ်းဖျင်းအားဖြင့် သန်း (၆၀) ခန့် ရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဆန္ဒတွေဟာ အမျိုးမျိုး ရှိကြမှာ ဖြစ်သော်လည်း တူညီတဲ့ဆန္ဒကို စုစည်းလိုက်ရင် အဓိကကျတဲ့ တူညီတဲ့ ဆန္ဒနှစ်ခုကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

အဲဒီဆန္ဒနှစ်ခုအနက် တစ်ခုကတော့ ကျွန်တော်တို့ ပြည်သူတွေဟာ ကျွန်တော်တို့ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့တိုင်းပြည် ဖြစ်လိုကြပါတယ်။ ကျန်တဲ့ တစ်ခုကတော့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လိုကြပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ဒီဆန္ဒတွေအောင်မြင်အောင် ဆောင် ရွက်ပေးရေးဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘာတွေလုပ်ကြရလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံရေး တည်ငြိမ်အောင် လုပ်ရပါမယ်။ နှစ်ပေါင်း (၆၀) ကျော် ရှည်ကြာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်ရပါမယ်။

တစ်ချိန်တည်းမှာပဲ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေ စားဝတ်နေရေး တွေ အဆင်ပြေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ဖို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင့်အတန်းတွေ မြင့်မားလာစေဖို့နဲ့ တိုင်းပြည် ကြွယ်ဝချမ်းသာအောင် စီးပွားရေး မြှင့်တင်နိုင်ဖို့ လုပ်ငန်းတွေကို လုပ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အစိုးရ တက်လာလာချင်း နိုင်ငံရေးတည်ငြိမ်စေဖို့အတွက် ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပြည်သူအားလုံး ပါဝင်လာအောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ပါတီတွေ ထူထောင်နိုင်ခွင့်၊ အသင်းအဖွဲ့တွေ ဖွဲ့စည်းနိုင်ခွင့်၊ လွတ်လပ်စွာ ဟောပြောဆွေးနွေး ထုတ်ဖော်ခွင့်၊ စာပေလွတ်လပ်ခွင့် စတာတွေကို ဥပဒေများ ထုတ်ပြန်ပြီး ဆောင်ရွက်ခွင့်ပေးခဲ့တဲ့အပြင် အကျဉ်းသားပေါင်းများစွာကိုလည်း ဒီအခွင့်အရေးတွေ ရရှိအောင် လွှတ်ပေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ နှစ်ပေါင်းရှည်ကြာစွာ နာတာရှည်ရောဂါလို အမြစ်တွယ်နေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အဆင့် (၃) ဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအစိုးရအဆင့်နဲ့ လွှတ်တော်ကို တင်ပြပြီိး လွှတ်တော်က ဖွဲ့စည်းပေးမည့်အဖွဲ့ နဲ့ ဆွေးနွေးတဲ့ အဆင့်ဆိုပြီး သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနဲ့ ပထမ ထိတွေ့နိုင်အောင်၊ ထိတွေ့တဲ့အဆင့်ကနေပြီး စကား ပြောနိုင်အောင်၊ စကားပြောကြည့်တဲ့ အဆင့်ကနေပြီး စားပွဲမှာထိုင်ပြီး ဆွေးနွေးနိုင်အောင် အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်ရပါတယ်။

ဒီကနေ့ စားပွဲမှာ ထိတွေ့ဆွေးနွေးရာမှ တူညီတဲ့အချက်တွေကို လက်တွဲပူးပေါင်းလုပ်မယ်၊ မတူညီ တာတွေကို စားပွဲမှာပဲ တဖြည်းဖြည်း ညှိနှိုင်းဆွေးနွေးယူမယ် ဆိုတဲ့ နိုင်ငံရေး ပုံစံသစ် တစ်ရပ် ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ယခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဆင့်မှာ ထိတွေ့ဆွေးနွေး နိုင်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်း သွားခဲ့ပြီ ဖြစ်ပါတယ်။ မကြာမီမှာ တစ်နိုင်ငံလုံး ပတ်ခတ် တိုက် ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရုံနဲ့ မပြီးသေးပါဘူး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အတွက် လွှတ်တော်ကိုတင်ပြပြီး လွှတ်တော်က ဖွဲ့စည်းပေးတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ် ရဦးမှာ ဖြစ်ပါတယ်။ နှစ်နှစ်တာကာလအတွင်း ဒီအခြေအနေ အထိ ရောက်လာအောင် အခက်အခဲ အမျိုးမျိုးကြားက ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယ ရည်မှန်းချက်ဖြစ်တဲ့ ပြည်သူတွေ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကချုပ်ကိုင်တဲ့ စီးပွားရေးစနစ်အစား ယှဉ်ပြိုင်နိုင်ခွင့် ရှိတဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲ ဖော်ဆောင်ပေးခဲ့ ပါတယ်။ ပုံသေသတ်မှတ်ထားတဲ့ ငွေကြေးလဲလှယ်မှု စနစ်ကိုလည်း ဈေးကွက်အရ ဖြစ်ပေါ်နေတဲ့ ငွေကြေး လဲလှယ်မှု စနစ်သို့ ညင်သာစွာ ပြောင်းလဲပေးခဲ့ပါတယ်။ အတိုးနှုန်း လျော့ပေးမှုတွေ၊ လိုင်စင် လွတ်လပ် ခွင့်တွေ၊ ငွေကြေး မူဝါဒတွေ၊ ဘဏ်စနစ်တွေ စတဲ့ စီးပွားရေးရဲ့ အခြေခံလိုအပ်ချက်တွေကို ကနဦး
ပြောင်းလဲပေး ခဲ့ပါတယ်။

နိုင်ငံလူဦးရေရဲ့ (၇၀) ရာနှုန်းခန့်ဟာ ကျေးလက်မှာနေထိုင်ကြပြီး ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံး ဟာ ကျေးလက်နေပြည်သူများ ဖြစ်ကြပါတယ်။ ဒါကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေးလုပ်ငန်းကို ဦးစားပေးပြီး လုပ်ငန်းစဉ် (၈) ရပ် ချမှတ်ကာ အကောင်အထည်
ဖော် ဆောင်ရွက်နေပါတယ်။

ပိုမိုပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ကို မွေးမြူရေး
ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနလို့ ပြောင်းလဲပြီး Focal Ministry တစ်ခု သတ်မှတ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးကို မြှင့်တင်နိုင်ဖို့အတွက် မိမိတို့နိုင်ငံမှာ အခြေခံကောင်းတွေ ရှိပါတယ်။ သဘာဝ သယံဇာတတွေ ပေါကြွယ်ဝပါတယ်။ လုပ်သားတွေ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ လူဦးရေများပြီး ကြီးမား တဲ့ ဈေးကွက်လည်း ရှိပါတယ်။

သို့သော်လည်း ကျွန်တော်တို့ လိုအပ်နေတာ အရင်းအနှီး၊ နည်းပညာနဲ့ လူသားအရင်းအမြစ်တို့ ဖြစ်ပါတယ်။ လိုအပ်တဲ့ အရင်းအနှီးနဲ့ နည်းပညာရဖို့အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ရပါတယ်။

ပြည်ပ အရင်းအနှီးတွေ ဝင်ရောက်လာနိုင်ဖို့အတွက် နိုင်ငံတကာနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (Foreign Investment Law) ကို ရေးဆွဲ ပြဋ္ဌာန်းရပါတယ်။ တစ်ဖန် စီးပွားရေး ပိတ်ဆို့ထားမှုတွေ ဖယ်ရှားပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက် ရပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်လွန်ခဲ့တဲ့ လပေါင်း (၃၀) ကာလ အတွင်း အရေးကြီးတဲ့ လုပ်ငန်းတွေကို မနားတမ်းဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။

ယခုအခါ အခြေခံ စီးပွားရေးရဲ့ အဓိက လိုအပ်ချက်တွေကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ပြည်ပက အထောက်အပံ့တွေ၊ အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေ၊ နည်းပညာ အကူအညီတွေ တစ်ဖွဲဖွဲ ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။

လူ့စွမ်းအား အရင်းအမြစ်တွေကိုလည်း ကဏ္ဍစုံမှ မွေးမြူလေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ ပြည်သူတွေ အလုပ်အကိုင်များများ ရနိုင်တဲ့ အခြေခံ အဆောက်အဦတွေ၊ စက်ရုံတွေ၊ စိုက်ခင်းကြီးတွေ၊ စက်မှုဇုန်တွေ ဖြစ်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

တစ်ချိန်တည်းမှာပဲ တန်ဖိုးမြင့်တဲ့ ကုန်ပစ္စည်းတွေ၊ အရည်အသွေး ကောင်းတဲ့ ကုန်ပစ္စည်းတွေ ထုတ် လုပ်နိုင် ဖို့အတွက် ပုဂ္ဂလိကနဲ့ သမဝါယမကဏ္ဍတွေကို တိုးမြှင့်အားပေးပြီး SME တွေ များများပေါ်ပေါက် လာဖို့ တွန်းအားပေး ဆောင်ရွက် နေပါတယ်။

မိမိတို့ အစိုးရအနေနဲ့ ကျန်ရှိတဲ့ လပေါင်း (၃၀) အတွင်း ပြည်သူတွေ တိုက်ရိုက် အကျိုးခံစားလို တဲ့ ရေ
ကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သွားလာမှု အဆင် ပြေစေရေး၊ အလုပ်အကိုင် ရရှိရေး လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်ကြဖို့နဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့် လုပ်ငန်းတွေကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန် ဝိုင်းလုပ်ကြဖို့ လိုအပ်ပါတယ်။

ဒီလုပ်ငန်းတွေဟာ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်မှန်းချက်ဖြစ်ပြီး မိမိတို့ အစိုးရရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေ အောင်မြင်အောင် အစိုးရ တစ်ဖွဲ့လုံး တက်ညီလက်ညီနဲ့ ဝိုင်းလုပ်ကြဖို့ ဖြစ်ပါတယ်။ အလုပ်လုပ်ကြတဲ့အခါ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ပြုပြင် ပြင်ဆင်ပေးနိုင်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်း
အောင် စောင့်ထိန်း သွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ တွင် သြဂုတ်လ ၁၂ ရက်နေ့ညက နိဗ္ဗာန်လမ်း နာမှုကူညီသူများ အသင်းက ပြုလုပ်သည့် ဟောပြောပွဲသို့ လာရောက်သော ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ နှင့်အဖွဲ့ကို အဆိုပါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) က လာရောက်စစ်ဆေးခဲ့ကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရသည်။

"ဟောပြောပွဲမှာတော့ အဆင်ပြေတယ်။ ရွှေဥက္ကာ တည်းခိုခန်းမှာ တည်းဖို့စီစဉ်တော့ လဝကဘက်က လာပြီးမေးတယ်။ နောက်ပြီး သူနဲ့ပါလာတဲ့ အမျိုးသမီး နှစ်ယောက်မှာ မှတ်ပုံတင် ပါမလာတာကို အကြောင်းပြုပြီး တည်းခိုခွင့် မပြုနိုင်ဘူးလို့ ပြောတယ်။ နေရပ်လိပ်စာတွေ မေးတော့ ဦးကျော်သူက ရန်ကုန်လို့ ဖြေတယ်။ ရန်ကုန်ဆို ဘယ်မြို့နယ်လဲ ပြန်မေးတော့ ဦးကျော်သူက ရေဝေးလို့ ရေးလိုက်ကွာ။ အသုဘကိစ္စတွေ ဆောင်ရွက်နေတာ ရေဝေးမှာပဲ နေရတာလို့ ပြန်ဖြေတယ်" ဟု နိဗ္ဗာန်လမ်း နာမှုကူညီရေးအသင်းမှ ဦးဇော်မိုးကဆိုသည်။

ဦးကျော်သူနှင့်အဖွဲ့သည် ကလေးမြို့အခြေစိုက် ကာယကံမေတ္တာ လူမှုကူညီသူများအသင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် ဟောပြောပွဲသို့ လာရောက် ဟောပြောရန် သြဂုတ်လ ၁၁ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး နောက်တစ်ရက်တွင် တမူးမြို့ နိဗ္ဗာန်လမ်း နာမှုကူညီသူများ အသင်း၏ ဖိတ်ကြားချက်ကြောင့် တမူးမြို့ မြို့မ ဘုန်းတော်ကြီးကျောင်းတွင် ဟောပြောပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဟောပြောပွဲသို့ ပရိသတ် ငါးထောင်ခန့် တက်ရောက်ကြောင်း၊ ပရိုဂျက်တာ သုံးလုံးဖြင့် အတွင်းအပြင် ပြသပေးထားရကြောင်း ပွဲစီစဉ်သူတစ်ဦး ဖြစ်သော ဦးခင်မောင်ဆွေက ပြောကြား သည်။

"ဒီလိုဖြစ်ခဲ့တာ တမူးမြို့သူမြို့သား တွေ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့က နိုင်ငံအနှံ့ သွားနေတာ။ အိပ်လို့မရတဲ့မြို့ မရှိဘူးလို့ ပြောတယ်။ ကိုယ့်မြို့မှာမှ ဒီလိုဖြစ်သွားတဲ့အတွက် ဦးကျော်သူနဲ့အဖွဲ့ကို အားနာမိပါတယ်" ဟု တမူးလူငယ်ကွန်ရက် မှ ဦးယဉ်ကိုဦးက ပြောဆိုသည်။

ဟောပြောပွဲ ပြုလုပ်မည့်အကြောင်း မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ထံသို့ တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း၊ ယခုကဲ့သို့ ဦးကျော်သူနှင့်အဖွဲ့ကို စစ်ဆေးမေးမြန်းမှု များအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့၊ SB စသော အဖွဲ့များက ကူညီပေးမှုကြောင့် တည်းခိုခွင့် ရရှိခဲ့သော်လည်း ဦးကျော်သူနှင့် အဖွဲ့က တည်းခိုလိုခြင်းမရှိသဖြင့် ကလေးမြို့သို့ ညတွင်းချင်း ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း အဆိုပါ နိဗ္ဗာန်လမ်း နာမှုကူညီရေး အသင်းထံမှ သိရသည်။
"တမူးမြို့ပေါ်မှာ တစ်ဖက်နိုင်ငံသား ဖြစ်တဲ့ ကသည်းလူမျိုးတွေကျတော့ မှတ်ပုံတင် ရှိတဲ့သူရော၊ မရှိတဲ့သူရော လှုပ်ရှားသွားလာနေကြတယ်။ မှတ်ပုံတင်ဆိုတာလည်း တရားဝင်လုပ်ထားကြတာ မဟုတ်ဘူး။ ဒီလို သူများနိုင်ငံသားတွေကျတော့ လွတ်လပ်စွာ သွားလာနေကြပြီး ကိုယ့်နိုင်ငံ သားတွေကိုကျတော့ မှတ်ပုံတင်မပါလို့ တည်းခိုခွင့်မပြုဘူး ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ" ဟု ဦးမိုးဇော်ကဆိုသည်။

အဆိုပါစစ်ဆေးခဲ့မှုနှင့် ပတ်သက်၍ တမူးမြို့နယ် လဝကဦးစီးအရာရှိ ဦးအောင်ကျော်ဦးကို The Voice က ဆက်သွယ်မေးမြန်းရာ ဦးကျော်သူနှင့်အဖွဲ့ကို ရွှေဥက္ကာတည်းခိုခန်းတွင် သွားရောက် စစ်ဆေးခဲ့သော်လည်း တည်းခိုခွင့်မပြုဟု မပြောကြားခဲ့ကြောင်း၊ နိုင်ငံသား များအနေနှင့် မိမိနိုင်ငံအတွင်း မည်သည့် နေရာတွင်မဆို တည်းခိုနိုင်သည်ဟု ၄င်းက ပြန်လည်ဖြေကြားသည်။

ဟောပြောပွဲတွင် ဦးကျော်သူက ဗြဟ္မစိုရ်၏ခြေလှမ်းများ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး မန္တလေးဗြဟ္မစိုရ်နာရေး ကူညီမှုအသင်း ဆရာတော် ဘဒ္ဒန္တနေမိန္ဒနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မူဝါဒ ရေးရာ အကြံပေးစာရေးဆရာ အလင်းဆက် (IR) တို့က အားဖြည့်ကူညီခဲ့ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ သိရသည်။

The Voice Weekly

မိုးလင်းလို့ တခြားလူတွေအိပ်ယာထတော့မှ ကျွန်တော်ခေါင်းအုံးပေါ်ရောက်ခဲ့တာ အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ ဒီကနေ့မနက်အိပ်ခါနီးမှာ အင်တာနက်ပေါ်က ဓာတ်ပုံလေးတစ်ပုံတွေ့မိတော့ သတိရစရာလေးတွေရှိတာနဲ့ မအိပ်ဖြစ်သေးပဲ အတင်းလို့ပြောရမလား၊ သတင်းလို့ပြောရမလား တစ်ခုခုရေးမိတယ်ဆိုပါတော့။ ဦးခင်ညွန့်ပြန်လွတ်လာပြီးတဲ့ အချိန်ရိုက်ထားတာမို့ ဒီဓာတ်ပုံလေးကတော့ အဟောင်းလေးပါပဲ။ အဲဒီတုန်းကလည်း ဒီဓာတ်ပုံလေးက တော်တော်လူပြောသူပြော များခဲ့ပါတယ်။ ဦးခင်ညွန့်အောက်မှာ ကြုံ့ကြုံ့လေးထိုင်နေတဲ့သူကတော့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်းရဲ့ သမီး၊ ဗိုလ်မှူးချုပ်ဝင်းအောင်ရဲ့ဇနီး၊ Faces မဂ္ဂဇင်း (စထုတ်တုန်းက ကိုအောင်ဝေး တာဝန်ခံအယ်ဒီတာလုပ်ခဲ့တယ်)၊ ပေဖူးလွှာမဂ္ဂဇင်း၊ Hot News ဂျာနယ်တို့ရဲ့ပိုင်ရှင်၊ ဈေးကွက်မ၀င် မအောင်မြင်ခဲ့ပဲ အရင်းရှုံးခဲ့သော Pink အ၀တ်အထည်တို့ရဲ့ ဒီဇိုင်းနာနဲ့ ထုတ်လုပ်ဖြန့်ချိသူ၊ မြကိုးသွယ် ကုမ္ပဏီရဲ့မန်နေဂျင်းဒါရိုက်တာကြီး ဒေါ်ဟေမာခင်မောင်သန်း (ခေါ်) မမ ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ အစိုးရနဲ့ပတ်သတ်ပြီး ဝေဖန်တာ၊ တိုက်ခိုက်တာတွေနဲ့ သူမရဲ့ဂျာနယ်လည်း အောင်မြင်လာနေတာကို တွေ့ရပါတယ်။

ဟိုအရင်တုန်းကတော့ မမက ဦးသန်းရွှေအပေါ်ရော ခုအစိုးရကိုပါ အပြည့်အ၀ယုံယုံကြည်ကြည်ထောက်ခံခဲ့တာပါ။ ဒါပေမဲ့ ဒုဗိုလ်ချုပ်ကြီး ခင်မောင်သန်းကို ကစထမှူးကနေ တပ်မှာပဲဖြစ်ဖြစ်၊ အရပ်ဘက်မှာပဲဖြစ်ဖြစ် ဒီ့ထက်ပိုမြင့်တဲ့နေရာ တစ်ခုခုရခဲ့လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အစိုးရသစ်လက်ထက်မှာ ချောင်ထိုးခံလိုက်ရတဲ့အတွက် သူယုံကြည်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေကို တော်တော်လေး ဒေါသထွက်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း သူမရဲ့ဂျာနယ်မှာ လက်ရှိအစိုးရအဖွဲ့နဲ့ပတ်သတ်တဲ့ အပြစ်အနာအဆာတွေကို ရသလောက်ရှာကြံပြီး ဖော်ပြနေခဲ့တာထင်ပါတယ်။ သူမဖခင်ရဲ့ တပည့်လိုဖြစ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေတောင် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်းကိုတော့ နေရာမပေးခဲ့တာကို အငြိုးထားပုံရပါတယ်။ အဲဒါတွေကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့လင်မယားနှစ်ယောက်စလုံးကို ရွေးကောက်ပွဲဝင်မလားလို့ ကြံ့ဖွံ့ကကမ်းလှမ်းခဲ့တာကိုတောင် ငြင်းဆန်ခဲ့ပါတယ်။ မမရဲ ခင်ပွန်း ဗိုလ်မှူးချုပ်ဝင်းအောင် မိုင်းဆတ်မှာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူးကနေ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ဝင်ဖြစ်လာခဲ့တာပါ။ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အပတ်စဉ် (၇) ဆင်းဖြစ်ပါတယ်။ မမရဲ့မြကိုးသွယ်ကုမ္ပဏီကတော့ ရထားလမ်းဖောက်တဲ့စီမံကိန်းတွေနဲ့ ရွှေလုပ်ကွက်တွေရှိပါတယ်။ အဲဒီလုပ်ငန်းတွေကို အဓိကကြီးကြပ်တာကတော့ ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်းရဲ့တပည့် စစ်တပ်မှ ဆေးကျလို့သော်၎င်း၊ တခြားအကြောင်းတွေကြောင့်သော်၎င်း ထွက်ခဲ့ရတဲ့ တပ်မတော်ကအရာရှိတွေပါပဲ။

၂၀၀၈ ခုနှစ်ကုန်မှာ ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်းရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးဝေဖြိုးမင်း (ခဏတဖြုတ်ပဲ ဆုံဖူးလိုက်တာမို့ နာမည်တော့ မေ့တေ့တေ့ပဲ၊ ဝေဖြိုးမင်းလား၊ ဖြိုးဝေမင်းလား ခပ်ရေးရေးပါပဲ၊ ထားပါတော့) ရဲ့ အကြံပြုချက်နဲ့ Hot News ဂျာနယ်ထုတ်ဖို့ဖြစ်လာပါတယ်။ ဗိုလ်မှူးဝေဖြိုးမင်းက ၂၀၀၇ သံဃာ့အရေးအခင်းတုန်းက ပြည်သူတွေကို နှိမ်နှင်းတဲ့ထဲမှာ ပါခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပစ်မိန့်သာပေးရတယ်၊ တယ်စိတ်မကောင်းလှဘူးလို့ မူးမူးနဲ့ပြောပြဖူးပါတယ်။ ၂၀၀၈ ခုနှစ်၊ နာဂစ်ဖြစ်တော့လည်း သူ့တပ်ရင်းက လေဆိပ်မှာ ရောက်နေတဲ့ ရိက္ခာပစ္စည်းတွေကို နာဂစ်ဖြစ်ပွားနေရာတွေဆီဖြန့်ဝေတဲ့အခါမှာ လုံခြုံရေးတာဝန်ယူရပါတယ်။ တစ်ခါမှာ စကခမှူးကိုယ်တိုင် သူ့ကိုခေါ်တွေ့ပြီး ဒီတစ်ခါ ရိက္ခာကားတွေပို့ရမဲ့ လမ်းကြောင်းကို မင်းသေချာကြပ်မတ်ဦးဆောင်ပါဆိုပြီး တာဝန်ပေးပါတယ်တဲ့။ အဲဒီ့လမ်းကြောင်းကတော့ ရိက္ခာတွေကို ဧရာဝတီတိုင်းကို ပို့တာမဟုတ်ပဲ နေပြည်တော်ကို ပို့တာဖြစ်နေလို့ တော်တော်စိတ်မကောင်းသွားရတယ် ပြောပါတယ်။ သူ့ကားသွားတဲ့နောက်မှာ ရိက္ခာတင်တဲ့ကားတွေက တန်းစီပြီး သူသွားသလိုလိုက်လာရတာမို့ စိတ်ချဉ်ပေါက်ပြီး ရောက်ရာပေါက်ရာ မောင်းပလိုက်ချင်ပေမဲ့ အိမ်မှာကျန်ခဲ့တဲ့ မိန်းမနဲ့ကလေးတွေ မျက်နှာကြောင့် စိတ်လျော့လိုက်တယ်လို့ ပြောဖူးလေရဲ့။ အဲဒါကြောင့် တပ်မတော်ကြီးကို စိတ်အကြီးအကျယ်နာ၊ ကက(ဆေး) က အရာရှိတွေကို ပိုက်ဆံပုံအောပေးပြီး ထွက်ခွင့်ရအောင် လုပ်ခဲ့တယ်လို့ ပြောပြဖူးတယ်။ တကယ်ပဲလား၊ ဇာတ်နာအောင် ပြောလေသလားတော့ မသိ။ Hot News မှာ အနှီဗိုလ်မှူးရဲ ရှယ်ယာပါပါတယ်။ ခု Hot News ဂျာနယ်က အုပ်ချုပ်ရေးမှူး အာရုဏဆိုတာ သူပဲလားတော့ ထင်မိတယ်။

ထပ်ရေးရရင်ရှည်တော့မှာမို့ ဖြစ်ရပ်လေးတစ်ခုကို ပြောပြီးရင်တော်ပါပြီ။ ၂၀၀၉ ၀န်းကျင်လောက်မှာ ထင်ပါတယ်။ မမနဲ့ ဝေဖြိုးမင်းတို့ရဲ့ မြကိုးသွယ်ကုမ္ပဏီက မန်နေဂျာ၊ တပ်ကဗိုလ်ကြီးပြုတ်တစ်ယောက် နေပြည်တော်ကနေ ရန်ကုန် ဆင်းလာတော့ သူ့ကားပေါ်မှာ လူကြုံနှစ်ယောက် တင်လာပါတယ်။ မြန်မာ့လေကြောင်းက လေယာဉ်မယ်လေးတစ်ယောက်နဲ့ သူ့ညီမတစ်ဝမ်းကွဲတို့ပါ။ အဲ..ကံဆိုးချင်တော့ လမ်းမှာ ကားမှောက်ပြီး လေယာဉ်မယ်လေးနဲ့ သူ့ညီမတို့ သေသွားပါတယ်။ သတင်းစာ နေ့စဉ်ဖတ်သူတွေ သတိထားမိမှာပါ။ နှစ်ယောက်လုံးရဲ့လိပ်စာတွေက ကမ်းနားလမ်းမှာ နေတာဖြစ်ပြီး သတင်းစာထဲမှာ တွဲရက်ပါလာပါတယ်။ အဲဒီဗိုလ်ကြီးကိုတော့ ထောင်မကျရအောင် မမနဲ့ ဗိုလ်မှူးဝေဖြိုးမင်းတို့က ၀ိတ်သုံးပြီး ကာဆီးရပါတယ်။ နောက်ဆုံးတော့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်သူဗိုလ်ကြီးပြုတ်ဟာ ရူးသွားပါတယ် ဆိုတဲ့ လက်မှတ်ကို သိန်းပေါင်းများစွာ အကုန်ခံပြီး ထောင်မကျအောင် တားဆီးလိုက်နိုင်ပါတယ်။ ဟိုဗိုလ်ကြီးပြုတ်လဲ လူရှေ့သူရှေ့ဆို ရူးချင်ယောင်ဆောင်ရတာပေါ့ဗျာ။ အခုတော့ လူကောင်းလို ပြန်နေနေပြီထင်ပါရဲ့။

(10 Aug 2013 ရက်စွဲပါ The Economist မှ Conquerors of King? ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင် ၁၉၈၈ခုနှစ်က အညှာကိုင်လှုပ်ခဲ့သော ဆန္ဒပြမှုများသည် တွေ့ရသမျှပြည်သူ့အာဏာ လှုပ်ရှား မှုများတွင် အကြီးဆုံးဖြစ်ပြီး၊ အတိုင်းအတာအရ၊ အချိန်ကာလကြာရှည်မှုအရ၊ ပြင်းထန်မှုအရနှင့် ချေမှုန်းခံရ၍ သွေးထွက် သံယိုဖြစ်ရသောအခါတွင်လည်း အကြီးဆုံးဖြစ်ပါသည်။ နောက်တစ်နှစ်အကြာတွင် ဘဲဂျင်း(Bejing)၌ လူသတ်ပွဲကြီးကို ကမ္ဘာတစ်ဝှမ်းက မှတ်မိကြဦးမည် ထင်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် အသတ်ခံရသော ဦးရေမှာ ထောင်ဂဏန်းပိုပါသည်။

တရုတ်ပြည်မကြီးနှင့် ခြားနားမှုတစ်ခုမှာ တိန်အင်မင်ရင်ပြင်ကို အမှတ်ရမှုအတွက် ညှာတာမှု ကင်းမဲ့စွာ ဖိနှိပ်ဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ၁၉၈၈ ပြည်သူ့လှုပ်ရှားမှုများကို အမှတ်ရမှုများအတွက် မကြာမီက အထိ တရုတ် အတိုင်း ပင်ဖြစ်သည်။ ယခုလတွင် သြဂုတ်လ ၈ရက် တစ်ပြည်လုံးအတိုင်းအတာ ဆန္ဒပြခဲ့မှု အထိမ်းအမှတ် ၈လေးလုံး ဟု လူသိများသော လှုပ်ရှားမှုအတွက် ပြုပြင်ပြောင်းလဲရေးဖြင့် တံခါးဖွင့်လာသော မြန်မာနိုင်ငံ၏ ရန်ကုန်မြို့တွင် အများအာရုံ စိုက်ခြင်းခံရသော အထိမ်းအမှတ် ပွဲပြုလုပ်ခဲ့ပါသည်။ ထိုနေရာတွင် ရာစုနှစ် တစ်ခု၏ လေးပုံတစ်ပုံ အချိန်တွင် မြန်မာနိုင်ငံမှ လှုပ်ရှားမှုသည် အောင်မြင်သည်ဟု ဆိုရပုံရသော်လည်း၊ တရုတ်ပြည်တွင်မှု မအောင်မြင်ခဲ့ပေ။

သို့သော် အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သော ခေါင်းဆောင်များ ကိုယ်၌က ၎င်းကို ပို၍အရေးပါသော အောင်မြင်မှု တစ်ခုအဖြစ် ဖွင့်ဆိုခဲ့ကြခြင်း မရှိသေးပေ။ အတိုက်အခံများလွှတ်တော်တွင် ဝင်ရောက်နိုင်ခဲ့သည်။ သတင်းစာလွတ်လပ် ခွင့်ရသည်။ ပြည်ပရောက် အစိုးရဆန့်ကျင်သူများ ဘေးကင်းစွာ နေအိမ်ပြန်လာနိုင်သည်။ အများစုက ၂၀၁၅တွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန် မျှောင်လင့်နိုင်ကြပြီ။ သို့သော် အာဏာသည် စစ်တပ်ထံမှ ပြည်သူထံသို့ နောက်ကြောင်းမပြန်ပဲ ရောက်ရှိလာပြီဟု အနည်းငယ်ကသာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေကြခြင်းဖြစ်ပါသည်။

၁၉၈၈ခုနှစ် အုံကြွမှုသည် စစ်တပ်က အာဏာကို စွန့်ရန် အကြောင်းဖြစ်လာရပါသည်။ ဆန္ဒပြမှုများ၏ အစပြုမှုမှာလည်း ၂၀၁၁ခုနှစ် အာရပ်နွေဦးတော်လှန်ရေး၏ မီးပွားဖြစ်သော တူနီးရှားမှာ လမ်းဘေးဈေးသည် တစ်ဦး မိမိကိုယ် မိမိသတ်သေသော အဖြစ်နှင့် ထူးထူးဆန်းဆန်း တူနေပါသည်။ ၁၉၈၈ခုနှစ် မတ်လတွင် ရန်ကုန်တွင် လက်ဖက်ရည်ဆိုင် တစ်ခု၏ ရန်ပွဲမှတဆင့် ကျောင်းသားတစ်ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ အဖြစ်အပျက်သည် အရှိန်ဖြင့်လာပြီး၊ လုံခြုံရေး တပ်ဖွဲ့များ၏ လုပ်ငန်းမကျွမ်းမကျင်မှု၊ အကြမ်းဖက်အပြုအမှု များကြောင့် ကျောင်းသားများဦးဆောင်သော ပို၍အထွေထွေ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု အဖြစ်ရောက်ခဲ့ပါသည်။ ထိုသို့ဖြစ်ရန် စုပေါင်းလာရသော အကြောင်းရင်းခံများတွင် ရာစုနှစ်တစ် ကွာတားခန့် အရည်အချင်းမရှိသော အစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ အဖြစ် သဘောတူခဲ့ခြင်းကြောင့် တစ်မျိုးသားလုံးနှင့် ချီ၍ သိက္ခာကျသည်ဟု ခံစားရခြင်း၊ အထူးသဖြင့် ရုတ်တရက် ငွေစက္ကူ ဖျက်သိမ်းခြင်းများ ကြောင့် ပြည်သူလူထု၏ ငွေများ ဆုံရှုံးရခြင်းများ ပါဝင်ပါသည်။

အဆိုပါတော်လှန်ရေး မအောင်မြင်ရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ ကာလရှည်ကြာ တရားမဝင်ဖြစ်ခဲ့သော အတိုက်အခံနှင့် ပြည်ပမှ ပြန်ရောက်ကာစ ဒေါ်အောင်ဆန်းစုကြည်တို့ အတူတကွ အလုပ်မလုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ စစ်တပ်၏ အချို့ယူနစ်များ ဆန္ဒပြရာတွင် ပါဝင်ခဲ့သော်လည်း နောက်ဆုံးတွင် ပြည်သူများကို သတ်၍ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခြင်းမှာ အဓိက အကြောင်းဖြစ်ပါသည်။ ယခုအပတ် ၁၉၈၈ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခွင့်ရခြင်းမှာ မြန်မာနိုင်ငံတွင် ဦးသိန်းစိန်လက်ထက်တွင် မည်မျှပြောင်းလဲ ခဲ့ပြီဆိုသည်ကို ငြင်းချက်မထုတ်နိုင်သော သက်သေဖြစ်ပါသည်။ အဆိုပါ အခမ်းအနားကို ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင် ပေါ်ဦးထွန်း၏ မိန်ခွန်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းသည် ၁၉၈၈တွင် “မင်းကိုနိုင်” သို့မဟုတ် “မင်းကို အောင်နိုင်သောသူ” ဟု အဓိပ္ပာယ်ရသည့် အမည်ကို လျှိုဝှက်ပေးခဲ့ သော်လည်း၊ ယနေ့ထို အမည်ကို လက်ခံနေကြပြီဖြစ်ပါသည်။

သူနှင့်သူ၏ “၈၈မျိုးဆက်”အကျဉ်းပျော်(Jailbirds) ကျောင်းသားများသည် ပြီးခဲ့သည့်နှစ်ကမှ ထောင်မှလွတ်ခဲ့ ကြ ပြီး ဗဟိုချက်ကျသော အခန်းကဏ္ဍပြန်လည် ရရှိရန် ကြိုးပမ်းနေကြပါသည်။ မင်းကိုနိုင် ကိုယ်တိုင်က ပါတီနိုင်ငံရေး၏ အပေါ်တွင် နေလိုသည့်ဆန္ဒရှိပါသည်။ သို့သော်၎င်း၏ လုပ်ဖော်ကိုင်ဖက် အချို့ကမှု ကိုယ်ပိုင်ပါတီထောင်ရန် သို့မဟုတ် ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပူးပေါင်းရန် စကားပြောလာကြပါသည်။ ကြီးမားသော အစိတ်အပိုင်းအဖြစ် ယနေ့နိုင်ငံရေးသည် ၂၀၀၈အခြေခံဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရန် ရှိနေပါသည်။ အဆိုပါ အခြေခံဥပဒေမှာ စစ်တပ်၏ အရေးပါသော ကဏ္ဍကို အာမခံထားပြီး မရိုးမသားသော ဆန္ဒခံယူပွဲဖြင့် အတင်းဓမ္မ အတည်ပြုထားခြင်းဖြစ်ပါသည်။

ရန်ကုန်တွင် ပြုလုပ်သော အခမ်းအနားသို့ တက်ရောက်လာသူများတွင် အောင်မြင်ရန် မလွယ်သဖြင့် ရည်ရွယ်ချက်မဲ့ ဖြစ်သွားရသော (Futile)လက်နက်ကိုင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသားများ ပါဝင်ပါသည်။ ထိုလက်နက်ကိုင် လှုပ်ရှားမှုမှာ ၁၉၈၈ စတင်ဘာ(၁၈)ရက်တွင် စစ်တပ်က အာဏာသိမ်း၍ မာရှယ်လော ကြေညာကာ နှိမ်နင်းစဉ်က ထွက်ပြေးသွားသူ အချို့၏ လုပ်ဆောင်မှုဖြစ်ပါသည်။ ယခုအပတ်တွင် အဓိက ကျောင်းသားလက်နက်ကိုင် အုပ်စုသည် တရားဝင် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြပါသည်။

ထိုင်းနိုင်ငံနယ်စပ်မှ တိုင်းရင်းသားသူပုန်များ(ဆောင်းပါးတွင် insurgenciseဟု သုံးထားပါသည်-အယ်ဒီတာ) အများစုသည် အပစ်ခတ်စဲရေး သဘောတူထားပြီး ဖြစ်ပါသည်။ အချို့ပြည်ပ ရောက်များသည် ပထမဆုံးအကြိမ် အဖြစ်ရန်ကုန်သို့ ပြန်ရောက်လာကြပါသည်။ ရဲဘော်ရဲဘက်ဟောင်းများသည် မျက်ရည်များ၊ မယုံကြည်နိုင် သောမျက်နှာများ၊ ပွေ့ဖက်ခြင်းများဖြင့် ပြန်လည်ဆုံဆည်းခဲ့ပါကြပါသည်။ အချို့သည် ငှက်ဖျားထူထပ်သော နယ်စပ်စခန်းအတွေ့အကြုံများ၊ အချို့သည် နှိပ်စက်မှုများခံရသော အပြစ်ပေးစနစ်၏ အတွေ့အကြုံများကို ရရှိခဲ့ကြပါသည်။ ပြခန်းများတွင် ထောင်နှင့်ပုံစံတူ လုပ်ထားသော ပြခန်းလည်းပါဝင်ပါသည်။

နယ်စပ်သို့ထွက်ပြေးသွားပြီး၊ ပြီးခဲ့သည့် နှစ်က ပြန်ရောက်လာသည့် ကျောင်းသားလှုပ်ရှားသူမှာ ဦးစိုးမိုးမြင့် ဖြစ်ပါသည်။ ၎င်းသည် ၁၉၉၀ခုနှစ်က ကြီးမားသော စတန့်တစ်ခုဖြင့် မြန်မာတို့၏ ဆိုးရွားသော အခြေအနေကို မီးမောင်း ထိုးပြခဲ့ပါသည်။ ၎င်းနှင့် သူ၏သူငယ်ချင်းတစ်ဦးသည် ဘန်ကောက်မှ ရန်ကုန်သို့သွားသော လေယာဉ်တစ်စီးကို အပိုင်စီးခဲ့ ကြပါသည်။ ၎င်းတို့သည် ဘုရားရုပ်ထုထည့်ထားသော ဆပ်ပြာတုံးကို ဗုံးဟုဆိုကာ လေယာဉ်ကို ကာလကတ္တား(ယခု ကိုးလ်ကတ္တား)သို့ ပျံသန်းစေပါသည်။ ဦးစိုးမြင့်သည် အိန္ဒိယမှ နေ၍ မြေအောက်သတင်းထောက်များသုံး၍ သတင်းစာစောင် တစ်ခုတည်ထောင်ခဲ့ပါသည်။ ၎င်းသည် ယခုအခါ မြန်မာနိုင်ငံ၏ ပင်မရေးစီကြောင်း မီဒီယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။ ယခုအပတ် အခမ်းအနားအတွက် ၎င်းတို့က အထူးအချပ်ပို ထုတ်ဝေခဲ့ပါသည်။

သြဂုတ်လ(၈)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အစိုးရကပင်လျှင် ၎င်း၏ ဝန်ကြီးဦးအောင်မင်းကို တက်ရောက်ရန် စေလွှတ်ခဲ့ပါသည်။ အကျဉ်းသားများဟောင်းက ၎င်းကို ထောင်ပြခန်းကို ပြသခဲ့ပါသည်။ အစိုးရက ၈၈မျိုးဆက်များကို တချိန်က ဖျက်လို့ဖျက်ဆီး လုပ်သည့်ရာဇဝတ်သားများအဖြစ် ရှုမြင်ခဲ့ကြပါသည်။ ယခုမှု ၎င်းတို့ကို ရှောင်၍ မရနိုင်တော့ပေ။

အတိတ်ကို မည်သူထိန်းချုပ်……………..

အချို့ယခုအခြေအနေကို လက်မခံသော အတိုက်အခံများက ညှိနှိုင်းမှု မရှိဘဲ ယခုအပတ် ပွဲကျင်းပခြင်းကို ကန့်ကွက် ခဲ့ ကြပါသည်။ အဘယ်ကြောင့် ဆိုသော်စစ်တပ်ခေါင်းဆောင်များ ဖိတ်ကြားခြင်းကြောင့် ဟုဆိုပါသည်။ ဤသည်မှာ မြန်မာနိုင်ငံမှ ကြီးမားသော ပြောင်းလဲမှုများအတွက် ကြီးမားသော မေးခွန်းတစ်ခုကို ညွှန်ပြနေပါသည်။ ရာစုနှစ်၏ တစ်ကွာတားခန့် နောက်ကျသော်လည်း တော်လှန်ရေးသမားများနိုင်သွားပြီဆိုပါစို့။ မည်သူရှုံးခဲ့သနည်း။ အစိုးရကသော် လည်းကောင်း၊ စစ်တပ်ကသော်လည်းကောင်း၊ အတိတ်က ဥပဒေအရ၊ မှုအရ လက်သင့်ခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်၍ ကျူးလွန်ခဲ့မှုများအတွက် တောင်းပန်ခြင်းမရှိပေ။ ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာများ၊ အခွင့်ထူးများကို ဆက်လက်ထိန်း သိမ်းထားနိုင်ပြီး၊ ၎င်းတို့၏ စီးပွားရေး ခရိုနီများကလည်း အမြတ်ငွေများရ နေဆဲဖြစ်ပါသည်။ တချိန်တည်းမှာပင် ယခုအပတ်အခမ်းအနား၏ အဓိကအကြောင်းအရာမှာ “အမှန်တရားနှင့် တရားစီရင်မှု”မဟုတ်ဘဲ “ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး”ဖြစ်နေပြန်သည်။ ၁၉၈၈ခုနှစ်(မတိုင်မီထိုကတည်းက လုပ်ဆောင်ခဲ့သော) မတရားမှုများအတွက် မည်သူမျှပြစ်ဒဏ်ပေးခြင်း မခံရပေ။ ၈၈မျိုးဆက် ခေါင်းဆောင် ကျော်မင်းယု(ခေါ်) ကိုဂျင်မီက မည်သူထံတွင် အာဏာရှိနေဆဲလည်းဟု ရိုးရိုလေး မေးခွန်းတစ်ခုပေးခဲ့ပါသည်။ ၎င်းက စစ်တပ်ဟု အဖြေပေးခဲ့ပါသည်။

၎င်း၏ အဖြေမှန်ကောင်းမှန်လိမ့်မည်။ သို့သော် ၎င်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ၁၉၈၈ အထိမ်းအမှတ်ပွဲ ပြသခြင်းနှင့် အတူတိုးတက်မှု၊ ပြုပြင်ပြောင်းလဲမှု၊ ကျိုးကြောင်းဆီလျော်သော အခြေအနေတစ်ခုတို့၏ အင်အားစုများ လက်ရှိမြန်မာ့သမိုင်းကို အောင်မြင်စွာရေးထိုးခဲ့ပါပြီ။ ယခုတိုက်ပွဲကတော့ အနာဂတ်အတွက် ဖြစ်ရပေမည်။

Yangon chronicle