မြန်မာနိုင်ငံ၏၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးအာဏာ ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာအားလုံးမှာ အခြေခံဥပဒေအောက်တွင်သာ ရှိရမည် ။ သမ္မတအပါအ၀င်၊ လွှတ်တော်သည်လည်းကောင်း ၊ တရားစီရင်ရေး အာဏာသည်လည်းကောင်း အခြေခံဥပဒေ အရသာဖြစ်ရမည် ။ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဆန့် ကျင်၍မရ ။

ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ အငြင်းပွားစရာဖြစ်လာခဲ့ပါလျှင် ဖွဲ့ စည်းပုံအခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ပေးရမည်လို့  အဆိုရှိပါတယ် ။

သို့ သော် ခုံရုံးသည်လွှတ်တော်၏ အဓ္ဓမကျင့်ခြင်း ကို လက်မြှောက်ပေးခဲ့ရသည် ။ တစ်နည်းဆိုရသော် စစ်တပ်အကြိုက်ရေးဆွဲခဲ့သည့် ဥပဒေ ၊ လူထုလက်မခံနိုင်သည့်ဥပဒေ၏ စတင်ယိမ်းယိုင်လာမှုအဖြစ် ပြည်သူကတော့ စောင့်ကြည့်ရုံသာ ။သမ္မတနှင့်လွှတ်တော်၏ အင်အားပြိုင်မှုကို သံသယဖြင့်သာ ပွဲကြည့်သကဲ့သို့  စောင့်ကြည့် ခဲ့ကြပါတယ် ။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ၊ အခန်း(၁) နိုင်ငံတော်အခြေခံမူများ အခန်းပုဒ်မ (၄) တွင် ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင် တည်သည်ဟု ဖော်ပြထားသော်လည်း လွှတ်တော်၏ လုပ်ဆောင်ချက်များသည် တဖြေးဖြေးနှင့် အချုပ်အခြာအာဏာကို ပြည်သူ့ ထံမှ မောင်ပိုင် စီးလိုသည့် အသွင်သို့  ပြောင်းလဲလာနေတာကို တွေ့ နေရပါတယ် ။

ဥပမာ(၁) ။ ။ ၂၀၁၁ ၊ ဒီဇင်ဘာ (၂)ရက်နေ့ တွင် သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် နာမည်ကျော်ပုဒ်မ(၁၈) မှာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ၊ ပုဒ်မ (၃၅၄)(ခ) အရ ပေးထားသည့် နိုင်ငံသားများ၏ အခွင့်အရေးဖြစ်သည့် ၊ နိုင်ငံသားတိုင်းတွင် လက်နက်မပါပဲ ၊ ငြိမ်းချမ်းစွာစုဝေးခွင့် ၊ စီတန်းလှည့်လည်ခွင့် တို့ ကို တားမြစ်သည့် ၊ သမ္မတနှင့် လွှတ်တော်မှ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုချိုးဖောက်ခြင်း ဖြစ်ပါသည် ။

ဥပမာ (၂) ။ ။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၈) ၊ နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် တာဝန်များ ၊ ပုဒ်မ (၃၆၉)(ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလည် ကို ဥပဒေနှင့်အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည် ။

အခန်း(၉) ပုဒ်မ(၃၉၆) (ခ) ၊သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့ က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသောလွှတ်တော်ကိုယ်စားလည်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြရမည် ။ ထို့ အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၆.၁၁. ၂၀၁၂ နေ့ မှာလွှတ်တော်ကိုယ်စားလည်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော်သို့  တင်သွင်းခဲ့ပါတယ်။

ထိုဥပဒေကြမ်းကို အကြောင်းမဲ့ ဆိုင်းငံ့ထားခဲ့တဲ့အပြင် ၊ မလွှဲမရှောင်သာ လွှတ်တော်ကို တင်သွင်းလာခဲ့တဲ့အခါမှာလည်းအကြောင်းအမျိုးမျိုးပြပြီး ဥပဒေအဖြစ် မပြဌန်းသင့်သေးကြောင်း ဆွေးနွေးလာခဲ့ပါတယ် ။ တပ်မတော်သားကိုယ်စားလည် တွေနဲ့ ပြည်ခိုင်ဖြိုးအမတ်တွေ အခြေအတင်ဖြစ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့ စည်းဆောင်ရွက်နေစဉ်ကာလအတွင်း ခေတ္တဆိုင်းငံ့ထားရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်တဲ့ ။

ဥပမာ(၃) ။ ။ ဒေါက်တာအေးမောင်တင်သွင်းသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ(၄) ၊ပုဒ်မခွဲ(က)" နိုင်ငံသား၊ ဧည့်နိုင်ငံသား ၊ နိုင်ငံသားပြုခွင့်ရသူ ၊ (သို့ ) ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း " ဆိုသည့် စကားရပ်အစား " နိုင်ငံသားဖြစ်ခြင်း " ဟု ပြင်ဆင်သင့်ကြောင်းတင်သွင်းချက်ကို ပြည်ခိုင်ဖြိုးပါတီ မှ ဦးလှဆွေ မှ အဆိုပါအချက်သည် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေသည့်အတွက် ကန့် ကွက်ကြောင်းပြောကြားခဲ့သည် ။အဆိုပါ ၀ှိုက်ကဒ်များကြောင့်ပင် လက်ရှိမြန်မာပြည်မှာ မငြိမ်းနိုင်သည့် လူမျိုးရေး ဘာသာရေးမီးတောက်နေသည်ကိုသိပါလျက် သူတို့ ထုတ်ပေးခဲ့သည့် ၀ှိုက်ကဒ်ရဘင်္ဂလီ လူဦးရေ ခုနစ်သိန်းသုံးထောင်တစ်ရာကိုးဆယ့်ငါးယောက်ကို ၂၀၀၈ဖွဲ့ စည်ပုံအရဆိုပြီး လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဆက်လက်မြေတောင်မြှောက်လိုသည့် သဘော ဆန္ဒကို ထုတ်ဖော်သွားခဲ့ပါတယ် ။

ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့ ပြီဆိုတဲ့ အချိန်ကာလတွေတုန်းကတော့ ပြည်သူတွေအကျိုးအတွက် အသုံးမ၀င်မဲ့အမှိုက်တွေကို တစစပြန်လည်ရှင်းထုတ်ဖို့ တော့ ဖြစ်နိုင်ခြေ နီးလာပြီလို့  တိတ်တဆိတ် မျှော်လင့်ကြည့်ခဲ့ဖူးကြတာပါ ။ အခုဖြစ်နေတဲ့ပုံစံတွေအရတော့ အခုရှိပြီးသား ၊သူတို့ စိတ်ကြိုက်ရေးဆွဲထားပြီးသား ဥပဒေကိုတောင် မလုံလောက်သေးဘူးထင်ပြီး ၊ ပြည်သူကိုထပ်မံဖိနှိပ်ဖို့ ၊ ကြိုးစားနေကြသလားပဲဆိုတာ သံသယ ရှိချင်စရာပါ ။

၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေကို လူတစ်ဦးယောက် ၊ဒါမှမဟုတ် အဖွဲ့ အစည်းတစ်ခုအတွက် ပြည်သူ့ သဘောထားမပါပဲ ဇွတ်အတင်းအတည်ပြု အသက်ဝင်စေခဲ့ပြီးတယ် ဆိုတာကို အငြင်းပွားစရာမရှိပါဘူး။ ဒါနဲ့ တောင်မှ မလုံလောက်သေးဘူး ထင်ပြီးတော့ အဲဒီအခြေခံဥပဒေကိုပါ ကိုယ့်စိတ်တိုင်းကျကိုယ် ရေပက်မ၀င်အောင် ထုတ်ခဲ့ကြတာကိုတောင်မှ ကိုယ်တိုင်လေးစား မလိုက်နာပေးနိုင်ပါပဲနဲ့  ပြည်သူကိုကြမှ ၊ ဟိုလို လိုက်နာရမယ်၊ ဒီလိုလိုက်နာရမယ် လုပ်သင့်ပါရဲ့ လား။ စဉ်းစား ကြည့်စေချင်ပါတယ် ။

ပြောတော့ ဒီမိုကရေစီအစိုးရပါလို့  ပြောတယ် ။ အစိုးရအဖွဲ့ တွေကို စာရင်းစစ်ရမယ့် စာရင်းစစ်ချုပ်က်ုဖြုတ်ပြတယ် ။ " ငါ့ စိတ်ကြိုက်ဖြစ်ရမယ် " ဆိုတဲ့သတင်းစကားကို ပါးတယ် ။ ပိုပြီးအရေးကြီးတာက ၂၀၀၈ ဥပဒေတစ်ခုလုံးမှာနိုင်ငံရေးအရ စစ်တပ်ကို ထိန်းချုပ်နိုင်တဲ့ အခြေခံဥပဒေပုဒ်မ တစ်ခုတစ်လေမှ ပါတာမတွေ့ ရပဲ ၊ စစ်တပ်ကသာတိုင်းပြည်အာဏာကို သိမ်းနိုင်တဲ့ပုဒ်မတွေ ၊ အမြဲတမ်းဝင်ရောက်စွက်ဖက်ခွင့်တွေကိုသာ ရက်ရက်ရောရော ပေးထားခဲ့ပါတယ် ။ တစ်ကယ်တော့ နိုင်ငံတစ်ခုမှာ စစ်တပ်က နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်နိုင်နေသမျှ ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကို လုပ်ပိုင်ခွင့်တွေ ၊လွှမ်းမိုးပိုင်ဖို့ အခွင့်အလမ်းတွေ ပေးထားသမျှ အဲဒီတိုင်းပြည်မှာ ဘယ်တော့မှဒီမိုကရေစီ စနစ်ဆီကို မသွားနိုင်ပါဘူး ။ သွားဟန်ပဲ ဆောင်နိုင်ပါလိမ့်မယ် ။ ဟန်ဆောင်ပန်ဆောင် ဒီမိုကရေစီ ဆီသို့ ပါ။


၁၉၆၂ ခုနှစ်အာဏာသိမ်းမှုရဲ့  နောက်ကွယ်မှာ စစ်ဘက်သက်သာချောင်ချိရေးအရောင်းဆိုင် ၊ ဒီအက်(စ်)အိုင် အရင်းအနှီးကိုအခြေပြုပြီး ၊ မြန်မာ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းကို ဖွဲ့ စည်းကာ စစ်တပ်ဘတ်ဂျက်ကို အသုံးပြုပြီးစီးပွားရေးလုပ်ငန်းကြီးကို လုပ်ကိုင်ခဲ့ကြရာမှာ ပါလီမန်အစိုးရ စီးပွားရေးကိုပင် ကျော်လွှားနိုင်မည့်အခြေအနေသို့ ဆိုက်ရောက်ခဲ့ပါတယ် ။

ဒီနေ့ မှာလည်း အဲဒီအချိန်တုန်းကလိုပါပဲ ။ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် ဓနဥစ္စာက မြန်မာပြည်စီးပွားရေးလုပ်ငန်းအားလုံးရဲ့  80 % ကိုချုပ်ကိုင်ထားတာပါ ။ အဲဒီအရင်းအနှီးဟာ စစ်တပ်ပိုင်ဖြစ်လို့ စစ်တပ်ဟာ ဒါကိုကာကွယ်ဖို့  မဖြစ်မနေ လုပ်ဆောင်ပါလိမ့်မယ်ဆိုတာ လက်ပန်းတောင်းတောင်က ကျွန်တော်တို့  မသိမသာ မြင်လိုက်ရတဲ့ အသေးအဖွဲလေးပဲ ရှိပါသေးတယ် ။

စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းကြီးတွေ ကြီးထွားလာခြင်းဟာ ပြည်သူနဲ့ တိုင်းပြည်ကို အမြဲခြိမ်းခြောက်နေတဲ့အန္တရာယ်တွေပါ ။ ပြည်သူ့ အကျိုးစီးပွားဆိုတာဟာ စစ်တပ်ရဲ့  အကျိုးစီးပွားနဲ့  နှိုင်းယှဉ်လာခဲ့ရင် အမြဲတန်းအောက်မှာပဲဆိုတာဟာ လက်ပတောင်းတောင်ထက် ကောင်းတဲ့ဥပမာ လောလောဆယ်မှာ မရှိပါဘူး ။ဒီနေရာမှာ စဉ်းစားကြည့်ပါ ဦးပိုင်ဟာ တပ်မတော်ပိုင် ဆိုသော်လည်း အောက်ခြေက တပ်မတော်သားအများစုအကျိုးခံစားခွင့် အမှန်တကယ်ရမရ ဆိုတာဟာ ဆင်းရဲမွဲတေမြဲ မွဲတေနေတဲ့ ရဲဘော်အများစုနဲ့ ၊ လခအပြင် ဘာမှ မရှိတဲ့ သာမန်စစ်ဗိုလ်အများစုက သက်သေပါ ။


ဒါဆိုရင် ဦးပိုင် ဘာလဲ ဘယ်လဲဆိုတာ စဉ်းစားကြည့်စရာ မလိုတဲ့ကိစ္စပါ ။ ကမ္ဘာပေါ်မှာ တစ်နှစ်ကို အမြတ်ငွေ 30 %ပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းဆိုတာ ကမ္ဘာမှာတောင် ရှာမှရှားပါလိမ့်မယ် ။ ဦးပိုင်မှာ အရာရှိကြီးပေါင်းများစွာဟာတပည့်လက်သားတွေ နာမည်နဲ့ ပါ အပ်ငွေထည့်ထားကြတာ အများအပြားပါ ။ အရာရှိကြီးတစ်ယောက်ကို သိန်း၅၀ထည့်ဝင်ထားခဲ့ရင် တစ်နှစ်ကို အမြတ်ငွေ ၁၅ သိန်းပေးနိုင်ပါတယ် ။

အဲဒီတော့ပြောချင်တာက သူတို့ တွေတောင် ဒီလောက်ဆိုရင် ၊ ရိုးသားလှပါတယ်ဆိုတဲ့ ဘပြောင်တို့ ၊ ထမင်းဆိုင်ကဘဘကြီးတို့  ၊ ကော်ဖီဆိုင်ကဘဘကြီးတို့ ၊ ချိုမိုင်မိုင် ကပြချင်နေတဲ့ ဘဘမန်းတို့  ဆိုရင် ဘယ်လောက်များလှလေမလဲ။လွှတ်တော်ထဲက ၂၅ % ကရော ၊ဘာကို ကာကွယ်ကြမှာပါလဲ ။ ဘယ်သူ့ ကို ကာကွယ်ကြမှာပါလဲ ။

အမေရိကန် ယေးတက္ကသိုလ်က သမိုင်းပါမောက္ခ ပေါလ်ကင်နဒီ တော့ပြောခဲ့ပါတယ် ။ ယနေ့ နိုင်ငံတကာ စနစ်ကြီးထဲမှာဓနဥစ္စာနှင့် အင်အား ၊ စီးပွားရေးနှင့် စစ်အင်အား တို့ သည် တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်သဘောအရသာ တည်ရှိနေကြခြင်းဖြစ်ပါတယ် တဲ့။ စစ်အင်အားကို တိုးချဲ့ ရန်အတွက် ဓနဥစ္စာ အမြဲတမ်းလိုသည် ။ ဓနဥစ္စာကို ရရှိနိုင်ရန်နှင့် ရရှိထားသောဓနဥစ္စာကို ထိန်းသိမ်းရန်အတွက် စစ်အင်အားလည်း အမြဲတမ်းလိုသည်....တဲ့။

အဲဒါကြောင့် ပြောပါတယ် ။ လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေ ၊ မငြိမ်းချမ်းသေးတဲ့ပြည်တွင်းငြိမ်းချမ်းရေးတွေလွှတ်တော်ထဲက ဟန်ဆောင်ပန်ဆောင် ရန်ပွဲတွေ ၊ သမ္မတကြီးရဲ့  လ ၃၀ စီမံချက်တွေ ၊ တိုင်းပြည်ဘဏ္ဍာတစ်ဝက်တိတိရမှ ငြိမ်းချမ်းရမယ့် ပြည်တွင်းစစ်တွေ ၊ ဥပဒေကြမ်းစီစစ်ဆေးရေး ကော်မတီကြီးတွေ ။ ဘာတွေပဲပြောပြောပါ ။ကျွန်တော်ပြောခဲ့ပါတယ် ။ သူတို့ အားလုံးကို တွယ်ယှက်စေးကပ်ထားစေတဲ့အရာ ၊ အတူတစ်ကွ ပူးပေါင်းကာကွယ်ကြမယ့်အရာက တူညီတဲ့ ဘုံအကျိုးစီးပွား ပါလို့  ။

ပြည်ချစ်သူ
1.9.2013