09/04/13

သီရိဆောင်ပွဲနေ့ကျတော့ ကိုစိုးပိုင်ကို ကျနော်တယောက်ထဲ သူ့အိမ်သွားခေါ်ရတယ်၊ သူ့အိမ်ရောက်တော့ ခဏစောင့်ပါအုန်း..ကိုယ်နဲနဲတင်လိုက်အုန်းမယ် ဆိုလို့ ခဏထိုင်စောင့်ရတယ်၊ ခဏနေတော့ ချာတိတ်တယောက်က ပုလင်းလာပေးတယ်၊ ကျနော်တို့ခေတ်က BE ပေါ့ဗျာ တပိုင်းထဲပါ၊ မင်းကော ချအုန်းမလားလို့မေးတော့ ကိုစိုးပိုင်ပဲချပါဗျာ လို့ပဲပြောလိုက်ပြီးသူ့ကို ကျနော်ကြည့်နေလိုက်တယ်၊ ဘီအီးတပိုင်းကို ပဲလှော်လေးဝါးနေတဲ့ကိုစိုးပိုင်၊ အပေါ်အဖြူ၊ အောက်က ဘောင်းဘီကလဲအဖြူ၊ ကုတ်အင်္ကျီကလဲ အဖြူ...

အိုကေ..သွားကြစို့ ဆိုပြီး ကျနော်ငှားလာတဲ့ လေးဘီးရှေ့ခန်းမှာသူ့ကို ထိုင်ခိုင်းပြီး ကျနော်က နောက်က သီရိဆောင်ကိုချီတက်ကြတယ်၊ အဆောင်ရှေ့ရောက်တော့ သီရိဆောင်သူပျိုပျိုချောများက ကြိုလို့စောင့်လို့ ..ဟယ် ကိုစိုးပိုင်လာပြီ....ဆိုပြီးဝိုင်းကြိုကြတယ်၊ ဒါပေမဲ့ ကိုစိုးပိုင်က ကျနော့အနားကပ်ပြီး ကိုယ် အပေါ့သွားချင်တယ် လို့ပြောလာတယ်၊ ခုနက သောက်ထားတာတွေ ရွှေပြွန်ကသွန်တော့မယ်လေ..ဒါနဲ့ အကြိုတော်တွေကို အိမ်သာလိုက်ပို့ခိုင်းလိုက်ရတယ်၊ အဲဒီညက ကိုစိုးပိုင် သီချင်း ၆ပုဒ် မနားတန်းဆိုသွားခဲ့တယ်၊ ကျန်တဲ့အဆိုတော်တွေမှတ်မိတာဆိုရင် မေခလာ၊ ဟေမာနေဝင်း၊ ကံ့ကော်တောမျိုးအောင်။

အဆာင်ကကျူတာ မမချိုကိုကျနော်ကြိုပြောထားလို့ ကိုစိုးပိုင်အတွက်လက်ဆောင်အပြင် သူ့ဇနီး မညိုအတွက်ချိတ်ထမီတထည်လက်ဆောင်ပေးလိုက်ကြပါတယ်၊ ကျနော့်အတွက်က ၅ ကျပ်တန် လက်ကိုင်ပဝါ ၁ ထည်၊ ဒါပေမဲ့ ကျနော်ဝတ်ထားတာက ဂျင်းဘောင်းဘီနဲ့ အဲဒီခေတ်က ခေတ်စားတဲ့ catalogue shoes လည်ရှည်နဲ့ ပေါ့ဗျာ၊ သီရိဆောင် Fan Fair တုန်းက မရွှေချောတို့ ကောင်းမှုနဲ့ ရတဲ့ ဘတ်ထားတဲ့ပိုက်ဆံနဲ့ ဝယ်ထားတာလေ...။

ကြားဖြတ်ပြီး မိုးကျော်အကြောင်း ရှင်းပြချင်ပါတယ်၊ မိုးကျော် မွန်းအောင်ဆီမှာသွားနေတယ်ဆိုတာမဟုတ်ခဲ့ပါဘူး၊ မိုးကျော်က ညဘက်အဆောင်မှာဂစ်တာတီးပြီးရင် မွန်းအောင်ရဲ့သူငယ်ချင်း နော်ဂျာ နေတဲ့ ပညာရေးတက္ကသိုလ်ဝင်းထဲက နဝဒေးအမျိုးသားအဆောင်မှာ သွားသွားအိပ်တတ်တယ်၊ သူအနေများခဲ့တာက ရန်ကုန်တက္ကသိုလ်ဝင်းထဲက judson ဘုရားရှိခိုးကျောင်းနားက ဆရာအိမ်တအိမ်ဖြစ်တဲ့ အာသာကိုလေး တို့အိမ်ပါ၊ အာသာကိုလေးရဲ့ သားတွေဖြစ်တဲ့ ကိုကို၊ ညီညီတို့နဲ့ သွားနေခဲ့တာပါ။

နောက်တချက်ကျနော်ပြန်ရှင်းချင်တာက ကျနော်ရေးတဲ့ထဲမှာ မွန်းအောင် ရဲ့ သူငယ်ချင်း Bass ဂစ်တာ သမား ဂွတို ဟာ ဗိုလ်ချုပ်ဂွမ်မော် လို့ ရေးခဲ့မိတဲ့ကိစ္စပါ၊ တကယ်တော့ မဟုတ်ပါ၊ KIA G-1 R ခေါင်လွမ်း ဖြစ်ပါတယ်ဆိုတာ ပြန်ပြင်ပါရစေ၊ ကျနော့အမှားပါ (လေးစားစွာနဲ့ တောင်းပန်ပါတယ်)။

မွန်းအောင်နဲ့ကိုရဲတို့ စတွေ့ခဲ့ကြတာက အင်းစိန်မှာနေတဲ့ အဆိုတော် ဂျမ်ဘို့ အိမ်မှာ၊ ဂျမ်ဘို ဆိုတာက စိုင်းထီးဆိုင်ရဲ့ စတ္တဇအလွမ်းစီးရီးမှာ တွဲဆိုခဲ့သူပါ၊ အရင်တခါနေလာခဲ့တဲ့ဘဝ ကို ပြန်နေချင်သေးတယ် ဆိုတဲ့ ဂျမ်ဘို။

မိုးကျော်အဆောင်တွေမှာ ညဘက် ဂစ်တာလာလာတီးတဲ့အခါ တခါတလေကျ Ground Sheet အခင်းနဲ့ ရေနွေးဘူးနဲ့ လာတတ်တယ်၊ သူအမြဲဆိုနေကြက တေးမြံငှက်၊ နောက်တပုဒ်က ကော်ပီသီချင်း မှတ်မိတဲ့စားသားတွေက နေညိုချိန်မှာ ရေးခပ်ဆင်းတဲ့ တောဓလေ့ဟာ၊ ပုလွေသံရှည် ရေတွင်းနားမှာဝေ၊

လပြည့်ညမှာ စကားဝိုင်းဖွဲ့ကာ အကြမ်းအိုးလေးနဲ့ ပျော်ရွှင်စရာ.......

သူနဲ့ကျနော်စာမေးပွဲ ကျခဲ့ကြပေမဲ့ စာပေးစာယူပြောင်းတက်ကြမယ်ဆိုပြီးတိုင်ပင်ခဲ့ကြသေးတယ်၊ ဘိုတင့် (ရာပြည့်) အသံသွင်းတဲ့ မေ စတူဒီယိုမှာ ကြယ်ကြွေချိန်အခွေအပြီးနောက်တခွေ (ခွေနံမည်မမှတ်မိဘူး) သွင်းတော့ ကျနော်တို့ ကိုရဲ၊ ကိုမောင်၊ ကိုနေဝင်းအတူရှိကြတယ်၊ အဲဒီအခွေမှာ သီချင်းအချို့က ကိုမောင့်သီချင်းတွေ ပန်းဇာတ်သိမ်း အပါအဝင်ပေါ့၊ ဟာမိုနီ ဆိုအလှည့်ရောက်တော့ ကျနော်တို့ သူငယ်ချင်းအားလုံး Vocal ခန်းထဲဝင်ပြီးဝိုင်းအော်လိုက်ကြတာ အသံဖမ်းနေတဲ့ ကိုရဲခေါင် တော့စိတ်ညစ်မှာပဲလို့ ခုမှ ပြန်တွေးမိတယ်၊ တကယ်တော့ သူအသံမဖမ်းခဲ့ပါဘူး၊ တယောက်တပေါက် ကောင်းကောင်းနဲ့ ဝိုင်းအော်နေကြတာကိုး၊ ခဏနားတဲ့အချိန်ကျတော့ အသံသွင်းခန်းမအပြင် ခြံထဲမှာ ကိုဗစ် (ကိုဇာလျမ်း)၊ Drumer အော်စကာသန်းတင်တို့ မိုးကျော်တို့ ကက်ဆက်ဖွင့်ပြီး သီချင်းတွေနားထောင်နေကြတယ်၊ (အဲဒီခေတ်က ကက်ဆက်ခေတ်ကိုး)၊ သူတို့ တဝိုင်းထဲ အတူတီးနေကြပေမဲ့ အကြောင်းကိစ္စမရှိရင် တယောက်နဲ့တယောက်သိပ်စကားမပြောကြဘူး၊ ကိုယ့် အတွေးနဲ့ကိုယ်ပဲနေကြတာ၊ ခဏနေတော့ ကိုရဲခေါင်ကလှမ်းမေးတယ်၊ အတီးပိုင်းမှာ ဘယ်သူတွေ ဘာတွေထပ်ဖြည့်ချင်ကြသေးလဲ တဲ့၊ အဲဒီမှာ မိုးကျော်က ကျနော်ထပ်လိုက်ချင်သေးတယ်ဆိုလို့ ကျနော်ပါ မိုးကျော်နဲ့ အတီးခန်းထဲသူတီးတာ လိုက်နားထောင်တယ်၊ မိုးကျော်က အဲဒီတုန်းက Second Lead တီးတာ၊ Lead တီးတာက ပက်ထရစ်၊ မိုးကျော်က သူ့ ဂစ်တာနဲ့ သူလိုမယ်ထင်တဲ့နေရာတွေမှာ Slide လိုက်ဖြည့်တာ။

၁၉၈ဝ မှာ ကျနော်တို့ ဒေသကောလိပ် အမှတ်(၂) မှာပန်းချီပြပွဲလုပ်ကြတယ်၊ ကျောင်းပြပွဲပေါ့၊ ကျနော်ရယ်၊ လူရွှင်တော်ပိန်ပိန် (ခေါ်) အောင်ကျော်ဦး (စိန်ဂျွန်း) သူကတော့ကျောင်းမဂ္ဂဇင်းမှာနံမည်ကြီးပေါ့၊ ဓါတ်ပုံဒီဇိုင်းတွေလုပ်ပြီး သူ့နံမည် ဂျွန်းကို ဂျွမ်းထိုးသလို လှိမ့်ထိုးသွားတာ၊ နောက် ဝင်းနိုင်ဗိုလ်၊ နောက်တယောက်က ကျော်ဝင်း (အရင်က ရုပ်ရှင်မင်းသား၊ ခု အသုဘမင်းသားလုပ်နေတဲ့ ပြည်သူ့အချစ်တော် ကျော်သူ အဲဒီတုန်းက မင်းသားကျော်သူရယ်လို့မဖြစ်သေးဘူး)၊ အမှတ်တရအုပ်စုလိုက်ဓါတ်ပုံကတော့ RC2 နှစ်လည်မဂ္ဂဇင်းမှာပါပါတယ်၊ ပြပွဲအတွက်ပုံရေးဘို့ ဘာရေးရမှန်းမသိဖြစ်နေချိန်၊ ကိုရဲနဲ့ အင်ကြင်းဆောင်နောက်မှာ မိုးရွာကြီးထဲ ဂစ်တာတီးခဲ့ကြတာကို သတိရပြီး ကိုရဲကို ဂစ်တာပေးမကိုင်ပဲ တယျော ထိုးနေတဲ့ပုံ မှင်လိုင်းရေမျော ရေးဖြစ်ခဲ့တယ်၊ နောက်တပုံက သူငယ်ချင်း စပ်ဆိုင်စီရီကစ် (ငကစ်) ရဲ့အမေ ဆရာမ စပ်ခေမာဝတီ (ရင်းနှီးတဲ့သူငယ်ချင်းတွေက မာမီလို့ ခေါ်ကြတယ်) ရဲ့ မင်္ဂလာဆောင်တုန်းက သတို့သမီးပုံကို ခဲခြစ်ရေးပြီးတင်ခဲ့တယ်၊ ကိုရဲပုံ ပန်းချီကားကို အီတလီသံအမတ်ကဝယ်သွားတယ်၊ ကျပ် ၁ဝဝ နဲ့ စပ်ဆိုင်အမေပုံကို ဝယ်ပါရစေဆိုတော့ ဒါရောင်းဘို့မဟုတ်ပါဘူး၊ ကာယကံရှင်ကို အမှတ်တရလက်ဆောင်ပေးဘို့ပါဆိုပြီး မရောင်းခဲ့ပါ၊

ကေမြိုးက ရိုးတယ်၊ သူ့ကိုကြပ်လို့ကြပ်မှန်းမသိဘူး၊ သူ့နံမည်အရင်းက မျိုးကြွယ်၊ ဘာလို့ ရှေ့က K (ကေ) ထည့်သလဲဆိုတော့ သူအိမ်ထောင်မကျခင် သူသွားသွားပိုးနေတာက RC3 က ဆရာမ ကေခိုင်၊ ထို့ကြောင့် အမောင်သကောင့်သား ကေမြိုး ဖြစ်သွားတာ၊ သူ့အမျိုးသမီး ကေခိုင်ကို ကျနော် တခါမှ မမြင်ဖူးဘူး၊ တခါသား ကျနော်က ရန်ကုန်မြို့ထဲသွားမလို့ ၁၂ စီးသန့်ကား(ဟံသာဝတီအဝိုင်းနဲ့ သီတာသင်္ဘေဆိပ်ပြေးတဲ့ကား၊ ဘယ်စီးစီး တယောက် ၁ ကျပ်) စီးတော့ သူလည်း ကျနော်နဲ့ပါလာတယ်၊ သူက RC2 မှာ သွားကြူတာ၊ ကျနော်သိတော့ အေးဗျာ ကိုမြိုး ကျနော်ကအချိန်စောနေသေးတယ်၊ ခင်ဗျားနဲ့ လိုက်ခဲ့မယ်ဗျာ...ဆိုပြီးပြောတော့ ဟေ့ကောင် မင်းလိုက်လို့မရဘူး...ငါ့ကို မနှောက်ယှက်နဲ့လို့ဆိုတယ်၊ မရဘူးဗျာ...လိုက်မှာပဲ ခင်ဗျားဘယ်လိုဖြစ်နေတာလဲ..ဒါလေးလိုက်ကြည့်တာကို..၊ အဲဒီမှာ ကျနော့ဘော်ဒါ ကိုကေမြိုးက ကဲ ပြောမရမဲ့အဆုံး ငါလဲမသွားတော့ဘူး မင်းနဲ့ပဲမြို့ထဲလိုက်ခဲ့တော့မယ်ဆိုပြီး ကျနော်နဲ့ပါလာတော့တာပဲ။ သူဘာလို့ကျနော့ကိုကြောက်လဲဆိုတော့ သူကြိုက်ခဲ့ဖူးတဲ့ ကောင်မလေးတွေအားလုံးက ကျနော်အသိအကျွမ်းတွေဖြစ်ဖြစ်နေလို့၊ ကေခိုင်နဲ့သူမတွေ့ခင် သူပိုးနေတဲ့ကောင်မလေးတယောက်ရှိတယ်၊ သင်္ချာက၊ လ္ဘက်ရည်ဆိုင်မှာ 8126..8126 နဲ့ ခဏခဏလာလာညည်းနေတာနဲ့ အဲဒါ ကားနံပါတ်မဟုတ်လား volkswagen လေလို့ သူ့ပြောလိုက်တော့၊ မင်းက ဘယ်လိုလုပ်သိလဲတဲ့၊ ဟားဟား...အဲဒီခင်ဗျားပိုးနေတဲ့ကောင်မလေးရဲ့မောင်အရင်းက ကျနော့်နဲ့ အရမ်းခင်တဲ့ကျောင်းနေဘက်သူငယ်ချင်း...TTC က သူ့နာမည် ကြည်ဝင်း၊ တောင်ဥက္ကလာ ဘောက်ထော်မှာနေတယ်ဆိုတော့.....ဟ တကယ်လား လုပ်ပါအုန်းကွာ...အားကိုးပါရစေ ဆိုတာနဲ့ တည ကေမြိုးကို ကြည်ဝင်းတို့အိမ်ခေါ်သွားပြီး..ဘာရယ်မဟုတ်ပါဘူး၊ ကြည်ဝင်းကို ငါတို့ အရက်ဖိုးပြတ်သွားလို့ မင်းဆီဝင်လာတာ ဘာညာလုပ်ရတာပေါ့၊ ကြည်ဝင်းက ဒါနဲ့ သူ့အမဆီက ပိုက်ဆံတောင်းလာပြီး ကျနော်တို့နဲ့ အရက်ဖြူ ဘုံဆိုင်ကိုလိုက်လာပြီးစကားတွေပြောကြတာပေါ့၊ ကြည်ဝင်းက ကေမြိုးကိုမသိဘူး၊ ဒါဘယ်သူဘယ်ဝါအဲလောက်ပဲ မိတ်ဆက်ပေးလိုက်တယ်၊ ကေမြိုးက သူ့ ယောက်ဖလောင်းလေးဆိုပြီး သူ့ပန်းချီပုံတွေပါတဲ့ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတအုပ် လက်ဆောင်ပေးလိုက်တယ်၊ အမှန်သူပေးချင်တာက ကြည်ဝင်းအမကို၊ ကျနော်ကလည်း ကြည်ဝင်းကို အဲဒီစာအုပ် မင်းအမကိုပေးလိုက်၊ ဘာလို့ဆို သူကငါတို့အတွက်အရက်ဖိုးပေးလိုက်တာမို့လို့ လို့ ဆိုတော့ ကေမြိုးမျက်နှာ ပြုံးဖြီးဖြီး... ကြည်ဝင်းက အရက်မသောက်ဘူး၊ အေးအေးနေတတ်တာ၊ ကြည်ဝင်းနဲ့ လမ်းခွဲပြီးပြန်ကြတော့ ကေမြိုးက ကြည်ဝင်းကို မူးမူးနဲ့ ကျေးဇူးတင်ကြောင်းပြောတာတွေက ထပ်နေပြီ၊ ဟေ့လူ တော်လောက်ပြီ ပြန်ကြမယ်ဆိုပြီးပြန်လာကြတော့ လမ်းမှာ...ကိုမြိုးရေ..ဒီညသောက်တဲ့ အရက်ဖိုးက ကြည်ဝင်းပိုက်ဆံမဟုတ်ဘူး..သူ့အမ ခင်ဗျားမဒီကြီးပိုက်ဆံနဲ့သောက်တာ...သောက်လို့ကောင်းမှကောင်း..ဆိုတော့ ကိုယ့်ဆရာကေမြိုး ပြုံးပြုံး ပြုံးပြုံးနဲ့ပေါ့.....ဒါက အရင် ကေခိုင်နဲ့ မတွေ့ခင်ကပါ၊ သူနဲ့ 8126 လည်း ဘာဆို ဘာမှ မဘာခဲ့ကြပါဘူး....

(ဘာလိုလိုနဲ့ ခုလာမဲ့စက်တင်ဘာ ၁၁ရက်နေ့ဆို ကေမြိုးဆုံးတာ ကိုးနှစ်တင်းတင်းရှိခဲ့ပြီ) သူမဆုံးခင် ကကျနော် မက္ကစီကိုနိုင်ငံမှာရောက်နေတယ်၊ သူနဲ့ဖုန်းပြောဖြစ်တယ်၊ သူဆုံးခါနီး လှမ်းနှုတ်ဆက်လိုက်ခဲ့မိသလိုပါပဲ၊ နောက်သူငယ်ချင်းအရင်းခေါက်ခေါက် သောက်ဖော်သောက်ဖက် ပန်းချီဝင်းမော်ဟန်လည်း ကိုကေမြိုးနဲ့ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ဆုံးသွားခဲ့တယ်။

သွားလေသူ မော်ကြီး (ဝင်းမော်ဟန်) ရေးတဲ့ သွားလေသူ ပန်းချီကေမြိုး ပုံ

ကေမြိုးက သူ့ကဗျာကို ကိုရဲသံစဉ်နဲ့ သီချင်းသာဖြစ်သွားခဲ့တာ၊ သူလည်းဂစ်တာလုံးဝမတီးတတ်ဘူး။

ကျနော်တို့ ကေမြိုးတို့ ရန်ကုန်တက္ကသိုလ်နှစ်လည်ပန်းချီပြပွဲတွေလုပ်ကြတဲ့အချိန် ကျနော်တို့ဆီလာလာလည်နေကြက ကွယ်လွန်သွားပြီဖြစ်တဲ့ ရန်ကင်းသား အဆိုတော်ချစ်လူမိုက် စိုးလွင်လွင်၊ စိုးလွင်လွင်က သမိုင်းဝင်းထဲကမိန်းခလေးအဆောင်တွေဘက်ကိုမလာဘူး..သူသွားဆိုနေကျက အင်းလျား၊ မာလာ၊ သီရိဆောင်တွေ၊ ဘယ်အချိန်ကြည့်ကြည့် စစ်အင်္ကျီ တပါတ်နွမ်း ဆေးပေါ့လိပ်လက်ကြားညှပ်နဲ့ပဲ။

ကျနော်ကိုတိုး၊ ကိုရဲတို့အုပ်စုနဲ့ တွဲနေတဲ့အချိန်မှာပဲ ၁၉၈ဝ ထဲလို့ထင်တယ်၊ ကျနော်တို့ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမကို အလည်လာနေကြ စီးပွားရေးတက္ကသိုလ်ကျောင်းသား မြင့်မိုးအောင်၊ သူက သမိုင်းဝင်းထဲက ခပေါင်းဆောင်မှာနေတယ်၊ တရက် ကျနော် မြင့်မိုးအောင်အခန်းမှာရှိနေတုန်း ကျနော်နဲ့ TTC ကျောင်းနေဘက် ငယ်သူငယ်ချင်း ငချို (တင်မောင်ချို) နဲ့ မျက်မှန်ထူထူတပ်ထားတဲ့ သူ့သူငယ်ချင်းရောက်လာတယ်၊ ငချိုက (သူ့အဖေက တက္ကသိုလ်ကဆရာ) တာဝန်နဲ့သူ့အဖေ ပြောင်းသွားတဲ့ ပုသိမ်ကောလိပ်ကနေလာတာ၊ သူနဲ့ပါလာတဲ့ သူ့သူငယ်ချင်းကို ကျနော်နဲ့ မိတ်ဆက်ပေးတယ်၊ သူ့နာမည်က ကျော်မြင့်လွင်၊ ငချိုက သူ့သူငယ်ချင်းနဲ့လာတာ လက်ချည်းမဟုတ်ဘူး၊ ထန်းရည် နှစ်ပုံး (ပလပ်စတစ်ပုံးနဲ့) တောင်ပါလာတာ၊ ကျော်မြင့်လွင်ဆိုတာ တချိန်မှာ အောင်မြင်တဲ့အဆိုတော်ဖြစ်လာမဲ့ ထူးအိမ်သင်ပါပဲ။

အဲဒီတုန်းက မြင့်မိုးအောင်နဲ့ သူတို့ သီချင်းတွေ စပ်ကြဆိုကြပေမဲ့ ကျနော့်အပေါ်လွှမ်းမိုးနေတာက ကိုတိုးရဲ့ အဉ္ဇလီအတွက် ဂီတဉ္ဇလီ ထဲက သီချင်းတွေ။

ကျော်မြင့်လွင် အဆိုတော်ဖြစ်ပြီး ကျနော်နဲ့ မတွေ့ဖြစ်ခဲ့ပါဘူး၊ ၁၉၈၈ ကျနော် တောခိုတဲ့အချိန် ဘုရားသုံးဆူသွားတဲ့လမ်း ဒေါနတောင်တန်းတောတွင်းတနေရာမှာ သူနဲ့ပြန်ဆုံကြတာ၊ တောထဲသူ့တွေ့တော့ ကိုယ့်ဆရာ အဆိုတော်ထူးအိမ်သင်က ဟေ့ကောင် ဒါပဲ..ဒါပဲ...ဒါပဲ ငါတို့အတွက်လိုတာ လို့ ပြောရင်း သူ့ လက်ညှိးကို သေနတ်ပစ်သလို အမူအယာနဲ့ ပြတယ်၊ သူဝတ်ထားတာကြည့်လိုက်တော့ အင်္ကျီအဖြူ၊ ဂျင်းဘောင်းဘီ အဖြူနဲ့။

ဘုရားသုံးဆူရောက်ကြတော့ ဘာအဖွဲ့အစည်းမှ မရှိသေးဘူး၊ ရှိပြီးသား မွန်ပြည်သစ်ပါတီတော့ရှိတာပေါ့လေ၊ ကျနော်တို့ကလည်း ကျနော်တို့ ကျောင်းသားအဖွဲ့တွေ အားလုံးဆုံပြီးမှ ဆုံးဖြတ်ချက်ချမယ်ဆိုပြီး မွန်ပြည်သစ်ပါတီရဲ့ စည်းရုံးမှုကိုရှောင်ရတယ်။

သုံးဆူမှာ ထူးအိမ်သင်တို့က အိမ်တလုံးငှားနေကြတယ်၊ ကျနော်တို့က ဝါးဖေါင်မှာနေတဲ့ လှေသမား ကိုန ရဲ့ဖေါင်အိမ်မှာနေကြတယ်၊ နောက်ရက်တော်တောကြာမှ ဘုန်းကြီးကျောင်းက ဦးပဉ္ဇင်းတပါးဆီမှာပြောင်းနေဖြစ်တယ်၊ ဦးပဉ္ဇင်းဘွဲ့နံမည်က ဦးဇင်းခမ်းချွန်၊ ဦးဇင်းက ဟိုး အရင် ဝန်ကြီးချုပ်ဟောင်းဦးနုတောခိုတုန်းက မျိုးချစ်ပါတီက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်္ယျာ၊ ဆရာရန်ကုန်ဘဆွေ တို့ရဲ့တပည့်အရင်း၊ တကယ်တန်း ဘုရားသုံးဆူ နယ်စပ်မှာ ကြာကြာနေလာရတော့ စားရေးသောက်ရေးအခက်အခဲဖြစ်လာကြတယ်၊ ကျနော်အဖွဲ့မှာက ကျောင်းသူနှစ်ယောက်အပါအဝင် သူငယ်ချင်းအားလုံး ၁၄ ယောက်၊ ဘန်ကောက်တက်ပြီးအဆက်အသွယ်တွေရှာမယ်ဆိုပြီး ကြိုးစားရင်း ဝါးကုန်သည်ပွဲစား ထိုင်းစကားတတ်တဲ့ မွန်လူမျိုးတယောက်နဲ့ ချိတ်မိတယ်၊ ဒါနဲ့ စားသောက်ဆိုင်တခု ရှေ့က ကျောက်ခုံစားပွဲဝိုင်းတခုံမှာ ထိုင်စကားပြောကြတယ်၊ အဲဒီအချိန်တုန်းက တော်လှန်ကျောင်းသားတွေကို ထိုင်းကတော်တော်လေးစားနေကြတဲ့အချိန်၊ ပွဲစားက ကျနော့ကို အရက်သောက်တတ်လားမေးပြီး ထိုင်းအရက် မဲခေါင်တပြားနဲ့ အမြည်းနဲ့ပေါ့၊ သူနဲ့ပြောနေတုန်း မထင်မှတ်ပဲ အနားရောက်လာတာ မွန်းအောင်၊ ကျနော့ကိုတွေ့တော့ ဟာ...မင်းက ရှပ်ကီတွေ ဘာတွေနဲ့ ..ငါလဲ ကစ်ချင်တယ်ကွာ ပိုက်ဆံတော့မရှိဘူး၊ ခု ငါ ဂျပန်ရေတွင်း Camp မှာ ငါ့ အုပ်စု ၁ဝ ယောက်စာ တယောက်ကို တလ ဘတ် ၅ဝ နှုန်းနဲ့ အားလုံးအတွက်ရိက္ခာ တလစာ လာဝယ်တာ လို့ပြောတယ်၊ ရတယ်...ဒါတွေ ငါ့ပိုက်ဆံနဲ့ဝယ်တာလဲမဟုတ်ဘူး၊ ဒီမှာ ဝါး ပွဲစားကပြုစုနေတာ လို့ပြောတော့၊ ပွဲစားက ပွဲစားပီပီ အထာပေါက်တယ်၊ အားလုံးကျသလောက်ရှင်းပေးခဲ့ပြီး သူအလိုက်တသိထပြန်သွားပါတယ်၊ အဲ...ကျနော်တို့နှစ်ယောက်ထိုင်နေကြတုန်...ငေးတေး ငေးတေးနဲ့ အနားရောက်လာတာက ထူးအိမ်သင်၊ ဟား မင်းတို့ တယ်ငြိမ့်နေကြပါလားဆိုပြီး ဝင်ထိုင်တယ်၊ အေး ချ ကွာ ဆိုတော့ ငါ အရက်တော့မသောက်ချင်ဘူး၊ ဒါပေမဲ့ မင်းတို့မှာ ပိုက်ဆံရှီရင် ယိုးဒယားခေါက်ဆွဲပြုတ် တပွဲတော့ စားချင်တယ်ကွာ..တဲ့၊ အဲလောက်တော့ ငါ့ရှိပါတယ်ကွာ ဆိုပြီး ခေါက်ဆွဲပြုတ်တပွဲ မှာပေးလိုက်ပါတယ်၊ (အဲဒီအချိန်က ခေါက်ဆွဲပြုတ်တပွဲ ၅ ဘတ်)။ မိန်ရေယှက်ရေနဲ့ စားနေတဲ့ သူ့ကို ပြန်မြင်ယောင်မိတယ်၊ သူ့ကို စောစောစီးစီးကြွေသွားလိမ့်မယ်လို့ အဲဒီတုန်းက လုံးဝ ထင်မထားခဲ့မိဘူးလေ။

(မင်းကျော်ခိုင်)

ဆက်ပါဦးမည်


နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား သာသနာရေးဝန်ကြီးဌာန ဗိုလ်မှူးချူပ် သူရမြင့်မောင်၏သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားလွှာ အပိုင်း (၁)

ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များဘုရား………

ဆရာတော် သံဃာတော်ကြီးများအား ကျန်းကျန်းမာမာဖြင့် စုံညီစွာ ဖူးမြင်ပူဇော်ခွင့်ရပြီး ပူဇော်လျှောက်ထားခွင့် ရသဖြင့် ဝမ်းမြောက်ရပါသည် ဘုရား။

ဘုရားတပည့်တော်အား မြန်မာနိုင်ငံတွင် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သံဃာထုအား စည်းရုံးလှုံ့ဆော် ကြိုးကိုင်ခဲ့သော သံဃာအရေခြုံ သံဃာတု၊ သံဃာယောင်များနှင့်၎င်းတို့၏ နောက်ကြောင်း ဖြစ်ရပ်အမှန်များကို ဆရာတော်ကြီးများ သိရှိနိုင်စေရန် လျှောက်ထားခွင့်ပြုတော်မူပါဘုရား။ အမှန်တော့ တပည့်တော်တို့ အနေနဲ့ သံဃာနဲ့သက်ဆိုင်တဲ့ ဒီလိုဖြစ်ရပ်မှန်တွေ ဖော်ပြလျှောက်ထားရတာမျိုးကို လုံးဝမလိုလားပါဘူး ဘုရား။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်များပီပီ ဗုဒ္ဓဘုရား သာသနာတော်ကို ကြည်ညိုလေးမြတ်စွာနဲ့ သာသနာအရှည် တည်တံ့ပြန်ပွားစေရေးနဲ့ သာသနာအကျိုးကို ရည်မျှော်ကိုးပြီး ဘယ်လိုမှမတတ်သာလို့ ဒီလိုသာသနာကို ဖျက်မယ့် ကိစ္စအကြောင်းရပ်တွေကို ဝမ်းနည်းစွာ၊ စိတ်မကောင်းစွာ၊ ရှက်ရွံ့စွာနဲ့ပဲ အခုလို လျှောက်ထားခြင်းဖြစ်ပါတယ် ဘုရား။

အမှန်တော့ သာသနာရေးဆိုတာ အနှိုင်းမဲ့ အတုမရှိလွန်စွာမှပင် အထက်တန်းကျ မြင့်မြတ်လှပြီး ကြည်လင်သန့်ရှင်းသော ရေကြည် ရေပေါက်များနှင့် တူညီလှပါတယ် ဘုရား။ အဲဒီကြည်လင်သန့်ရှင်းသော တရားရေအေးများကို သောက်သုံးရခြင်းဖြင့် လောကီနယ်ပယ်တွင် ပူလောင်ရှုပ်ထွေးနေတဲ့ ဒါယကာ၊ ဒါယိကာမများရဲ့ ရင်ကို အေးမြချမ်းသာစေပါတယ် ဘုရား။ သို့သော် မကြားသေးမီအချိန်က ဖြစ်ပျက်သွားတဲ့ ပြဿနာရပ်များကို ကြည့်ရှုမည်ဆိုပါက ကြည်လင်သန့်ရှင်း မွန်မြတ်လှသော ရေကြည်ရေသန့်အားမရိုးသားမဖြောင့်မတ်သောအဖျက်သမားတစ်စုကဝင်ရောက်အရောင်ဆိုးပေးလိုက်တဲ့အတွက်ခေတ္တခဏအနည်းငယ်မျှသောသံဃာတစ်စုအတွင်းနောက်ကျိညစ်နွမ်းသွားရခြင်းပဲ ဖြစ်ပါတယ် ဘုရား။

ဆရာတော်ကြီးများသိပြီးဖြစ်သည့်အတိုင်းပြည်တွင်းပြည်ပရှိအဖျက်သမားအမှောင့်လုပ်ဆောင်နေကြတဲ့ မသာမာသူ လူတစ်စုရဲ့စဉ်စက်မပြတ်သွေးထိုးလှုံ့ဆော်မှု လုပ်ရပ်များကြောင့် ၂၀၀၇ ခုနှစ်သြဂုတ်လနှင့်စက်တင်ဘာလများအတွင်းမှာ သံဃာဆူပူဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့ရပါတယ် ဘုရား။ ဒီသံဃာလှုပ်ရှားမှု မဖြစ်ပေါ်မီကတည်းကပင် သံဃာအရေခြုံထားတဲ့ ထောင်ထွက် သံဃာအတုအယောင်များဟာ အဲဒီလုပ်ရှားမှုများ ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်စီမံစိုင်းပြင်းခဲ့ကြတာကို တပည့်တော်တို့စစ်ဆေးတွေ့ရှိပါတယ် ဘုရား။

ဖြစ်ပေါ်ခဲ့တဲ့ သံဃာဆူပူလှုပ်ရှားမှုများရဲ့ ကနဦး ဦးဆောင်အဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂအဖွဲ့ချုပ်ကို ၂၀၀၇ ခုနှစ် ဇွန်လမှာ သံဃာခုနှစ်ပါးနဲ့ ဖွဲ့စည်းခဲ့ပါတယ် ဘုရား။ အဲဒီ သံဃာတွေကတော့မဂ္ဂင်ကျောင်းသင်္ဃာန်းကျွန်းမှ ဦးပညာဇောတ၊ (ခ) နတ်စော - ဥက္ကဌ၊ ပဲခူးကျောင်း မင်္ဂလာတောင်ညွန့်မှ ဦးဝိသုဒ္ဓစာရ - အတွင်းရေးမှူးဖြစ်ပြီး အဖွဲ့ဝင်များမှာ နဂါးရုံကျောင်း၊ ကမ္ဘာဦးကျောင်းမှ ဦးဥတ္တရ (ခ) နဂါး၊ ညောင်တုန်းကျောင်း ပုဇွန်တောင်မှ ဦးစန္ဒိမာ (ခ) အပုလေး၊ ပဏ္ဍိတာရာမကျောင်းတိုက် မန္တလေးမှ ဦးဂမ္ဘီရ(ခ) ဦးစန္ဒောဘာသ(ခ) လှိုင်ဘွား (ခ) ညီညီလွင်၊ ဦးကေသရ (ခ) ဦးကေ (ကျောင်းတိုက်စုံစမ်းဆဲ)၊ ဦးသြဘာသ၊ ဦးပါမောက္ခ (ကျောင်းတိုက်စုံစမ်းဆဲ) တို့ဖြစ်ကြပါတယ် ဘုရား။ ဖော်ပြပါ နတ်စော၊ နဂါး၊ အပုလေးဆိုတဲ့ အမည်တွေဟာ ၎င်းတို့ထောင်ကျစဉ်က ထောင်ထဲမှာ အချင်းချင်း မှည့်ခေါ်ကြတဲ့ အမည်ဝှက် (အမည်ပြောင်)များသာဖြစ်ပြီး အဲဒီအကြောင်းများကို နောက်ပိုင်းမှာ တပည့်တော် အသေးစိတ်လျှောက်ထားရှင်းလင်းသွားမှာဖြစ်ပါတယ် ဘုရား။ အဲဒီ ရဟန်းပျိုများ သမဂ္ဂရဲ့စည်းရုံးလှုံ့ဆော်မှုနဲ့ သြဂုတ် ၂၈ ရက်မှာ စစ်တွေမြို့၌ သံဃာတော်အပါး ၁၄၀ ခန့်က ကုန်ဈေးနှုန်း ကျဆင်းရေးဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြမှု၊ စက်တင်ဘာ (၅) ရက် (၆) ရက်များတွင် ပခုက္ကူမြို့၌ သံဃာတော်အပါး ၆၀ ခန့်က လမ်းရှောက်ပရိတ်ရွတ် မေတ္တာပို့သည်ဆိုသော အနုနည်း ဆန့်ကျင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါတယ် ဘုရား။

ဆက်လက်၍ ပုခုက္ကူမြို့သံဃာများ စီတန်းလမ်းလျှောက် ဆန္ဒပြမှုမှာ လုံခြုံရေးတပ်ဖွဲ့များရဲ့ အရေးယူဆောင်ရွက်မှုတွေအပေါ် မကျေနပ်ကြောင်း အကြောင်းပြုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အမည်ခံအဖွဲ့က (၁) တာဝန်ရှိသူများက ဝန်ချတောင်းပန်မှုပြုရေး၊ (၂) ပြည်သူများ စားဝတ်နေရေး ပြေလည်ရေး၊ (၃) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ (၄) အမျိုးသားပြန်လည်သင့်မြတ်ရေးစတဲ့ အချက်လေးချက်ကို တောင်းဆိုခဲ့ကြပါတယ်။ ဒါအပြင် အဲဒီ တောင်းဆိုချက်တွေအပေါ် တာဝန်ရှိသူများက မလိုက်လျောပါက စက်တင်ဘာ ၁၈ ရက်မှာ ကံဆောင်မှုပြုလုပ်မည်ဖြစ်ကြောင်း မီဒီယာများမှ တစ်ဆင့် ကြိုတင်အချက်ပေးလှုံဆော်မှုများ ပြုလုပ်ခဲ့ပါတယ် ဘုရား။
၂၀၀၇ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား သာသနာရေးဝန်ကြီးဌာန ဗိုလ်မှူးချူပ် သူရမြင့်မောင်၏သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားလွှာ အပိုင်း (၂)

အဲဒီ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု ဆိုတာဟာလည်း မူလကရဟန်းပျိုသမဂ္ဂအဖွဲ့ချုပ် ဖွဲ့စည်းလှုပ်ရှားခဲ့ပြီး စစ်တွေနဲ့ ပခုက္ကူသံဃာ ဆန္ဒပြမှုများ ဖြစ်ပေါ်လာချိန်မှာ မန္တလေးမှာ သံဃာသာမဂ္ဂီအဖွဲ့၊ ပခုက္ကူမှာသောတုဇနဘိက္ခူ အဖွဲ့ စသည်ဖြင့် အဖွဲ့များ ပေါ်ပေါက်လာတဲ့အတွက် ထိန်းချုပ်ကွပ်ကဲရာမှာ တစ်သွေးတစ်သံတစ်မိန့် တစုတစည်းတည်း ဖြစ်စေရန် ဆိုပါ သံဃာ့အဖွဲ့များ အားလုံးပါဝင်တဲ့ သံဃာတပ်ပေါင်းစုဆိုပြီး ၉ -၉ - ၂၀၀၇ ရက်မှာ အမည်ပြောင်းဖွဲ့စည်းခြင်းပဲ ဖြစ်ပါတယ် ဘုရား။

အဲဒီ သံဃာတပ်ပေါင်းစုကို သံဃာလှုပ်ရှားမှုများတွင် သံဃာအားလုံး ပါဝင်လာစေရန်နဲ့ လှုပ်ရှားမှုတွင် စနစ်တကျ ထိန်းချုပ်နိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သံဃာကိုယ်စားလှယ် ဦးဆောင်အဖွဲ့ကို သံဃာ ၁၅ ပါးဖြင့် ဖွဲ့စည်းခဲ့ပါတယ် ဘုရား။အဆိုပါ ဦးဆောင်အဖွဲ့ဝင် သသံဃာ ၁၅ ပါးအနက် ဦးဃောသိတကို သင်္ကန်းကျွန်း နယ်မြေ၊ ဦးကောဝိဒ (နန်းဦးကျောင်း) ကို မင်္ဂလာတောင်ညွန့် နယ်မြေ၊ ဦးနန္ဒာသီရိ (ပွင့်ဖြူငွေကြာယံကျောင်း) ကို တောင်ဥက္ကလာပနယ်မြေ၊ ဦးစန္ဒာသီရိ (ခ) ပုရစ်ကို ရွှေသိမ်ဓမ္မသိင်္ဂီကျောင်း၊ အလားတူ ဦးအဓိပတိ၊ ဦးနေမိန္ဒ၊ ဦးထာဝရတို့ကိုလည်း နယ်မြေ (စုံစမ်းဆဲ) များ ပိုင်းခြားသတ်မှတ်တာဝန်ပေးပြီး သံဃာလှုပ်ရှားမှုများ တစ်ပြိုင်နက်ဖြစ်ပေါ်စေရန်စီမံခဲ့ကြောင်း စိစစ်တွေ့ရှိပါတယ်ဘုရား။

ရန်ကုန်တိုင်းအတွင်းသံဃာများရဲ့လှုပ်ရှားမှုများကိုကြည့်ပါကလက်မောင်းလက်ဖျံတွင်အဝတ်ဖြူရောင်ပတ်ထားသူများဟာသံဃာများရဲ့ဦးဆောင်သူများဖြစ်ကြောင်း တွေ့ရှိရပြီး ဦးဆောင်သံဃာ ၁၅ ပါးစလုံးဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို သွားရောက်ဖူးကြောင်း တွေ့ရှိရပြီး အချို့မှာ အချို့မှာအဲဒီမှာ ဖွင့်လှစ်တဲ့ ဆူပူရေးနှင့် ဖောက်ခွဲရေးသင်တန်းများ၊ Community Organizer (CO) သင်တန်းများ တတ်ရောက်ပြီး ကြသူများလည်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါတယ် ဘုရား။သံဃာဆန္ဒပြမှုများရဲ့ ဇစ်မြစ်ကို တူးဖော်ကြည့်မယ်ဆိုရင် စစ်တွေဖြစ်စဉ်မှာ တက္ကသီလပရိယတ္တိစာသင်တိုက်၊ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှ ဦးကောဝိဒနဲ့ အဓိဋ္ဌာန်ကျောင်း၊ စစ်တွေမြို့မှ ဦးကောမာလ (ခ) ကျော်စိန် (ခ) ဂျူဒိုကျော်စိန်တို့က အဓိကဦးဆောင်စည်းရုံး လှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ် ဘုရား။ ဆက်လက်ပြီး စစ်တွေဖြစ်စဉ်လို ဆူပူဆန္ဒပြမှုများ နိုင်ငံအနှံ ဆက်လက်ဖြစ်ပွားစေရေးအတွက် ရဟန်းပျို သမဂ္ဂအဖွဲ့မှ ဦးပညာဇောတ (ခ) နတ်
စောနဲ့ ဦးဂ္ဘီရ (ခ) ဦးစန္ဒောဘာသ (ခ) လှိုင်ဘွား (ခ) ညီညီလွင်တို့က အထက်မြန်မာနိုင်ငံ မန္တလေးဘက်မှာလှည့်လည်စည်းရုံး လှုံဆော်ခဲ့ကြပါတယ် ဘုရား။ အလားတူ ရဟန်းပျိုသမဂ္ဂ အတွင်းရေးမှူး ဦးဝိသုဒ္ဒစာရက လည်း ပြည်တွင်း ပြည်ပရှိ ဘုန်းကြီးကျောင်းများ၊ မီဒီယာများသို့ တယ်လီဖုန်း၊ အီးမေးလ်များ အသုံးပြု ဆက် သွယ်အကြောင်းကြားခဲ့ပါတယ်။ ဒါကြောင့် မသိနားမလည်တဲ့၊ ရိုးသားတဲ့၊ လူမှုဗာဟီရကိစ္စများနဲ့ အကျွမ်းတ ဝင်မရှိတဲ့ ရဟန်းသံဃာများမှာ ဆန္ဒပြလှုပ်ရှားမှုများတွင် အသိမဲ့ပါဝင်လာပြီး ဘာသာရေးနဲ့ မဆိုင်သော တောင်းဆိုမှုများ ပြုလုပ်လာခဲ့ကြသည်အထိ လမ်းကြောင်းလွဲမှားသွားခဲ့ခြင်းသာ ဖြစ်ပါတယ်ဘုရား။

ဒီလို သံဃာဆန္ဒပြလှုပ်ရှားမှုကို ပြည်သူလူထု တစ်ရပ်လုံးတွင် ပျံနှံစေရေးအတွက် သံဃာထုအတွင်း စိမ့်ဝင်ပျံနှံရောက်ရှိနေတဲ့ သင်္ကန်းအရေခြုံ သံဃာအတုများက နယ်အနှံ ကွင်းဆင်းစည်းရုံး လှုံ့ဆော်ခဲ့ကြတာတွေကိုလည်း စစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ပါတယ် ဘုရား။ အဲဒီ စည်းရုံးလှုံ့ဆော်မှုများကြောင့် သံဃာတပ်ပေါင်းစု၏တောင်းဆိုချက်များကို နိုင်ငံတော်အစိုးရမှ အရေးယူဆောင်ရွက်မှု မရှိကြောင်း အကြောင်းပြလျက် စက်တင်ဘာ ၁၈ ရက်မှ စတင်၍ ရန်ကုန်နှင့် တိုင်းနှင့် ပြည်နယ်အချို့မှာ သံဃာစီတန်းလမ်းလျှောက် ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့ရပါတယ် ဘုရား။ သံဃာတပ်ပေါင်းစု အနေနဲ့ ၂၄ ရက် ၏မှာ ရွှေတိဂုံ ရင်ပြင်၌ သံဃာလှုပ်ရှားမှုများအား ကြီးကြပ်ရန်အတွက် သံဃာကိုယ်စားလှယ် ၁၅ ပါးခန့်အပ်ကာ ဆန္ဒပြမည့်အချိန်နှင့် လမ်းကြောင်းများ သတ်မှတ်ပေးထားခဲ့တဲ့အပြင် စက်တင်ဘာ ၁၅ ရက်မှာ သံဃာအပါး ၂၀ ပါဝင်တဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းပြီး ဦးဆောင်လှုပ်ရှားခဲ့ကြပါတယ် ဘုရား။

ဒါအပြင် သံဃာတော်များ ဆွမ်းကွမ်းကိစ္စ အဆင်ပြေရေး အကြောင်းပြလျက် အနုပညာအရှင်အချို့ ရှေ့ထွက်လာအောင်လည်း ဆွဲဆောင်စည်းရုံးလှုပ်ရှားခဲ့ပါတယ် ဘုရား။ ကျန်သံဃာများနဲ့၊ ပြည်သူများအနေနဲ့ ဆူပူလှုပ်ရှားမှုများမှာ ပါဝင်လာစေရန်နဲ့ လမ်းပေါ်ထွက်လာစေရန်အတွက် စည်းရုံးခြင်း၊ လှုံဆော်ခြင်း၊ ခြိမ်းခြောက်ခြင်းနည်းလမ်းများကို အသုံးပြု ဆောင်ရွက်ခဲ့ကြတာကိုလည်း တွေ့ရပါတယ် ဘုရား။ စစ်ဆေး တွေ့ရှိချက်များအရ၂၅ - ၉ - ၂၀၀၇ ရက် ၉း၀၀ အချိန် မဂ္ဂကျောင်းမှာ ဦးဣန္ဒက၊ ဦးဃောသိတ၊ သန်းနိုင် (NLD) နဲ့ငမဲ (အမည် အရင်းမသိ) တို့ဟာ သံဃာများဆန္ဒပြတဲ့ ကိစ္စကို ညှိနှိုင်းဆွေးနွေးကြပြီး သန်းနိုင်နဲ့ ငမဲတို့က ယနေ့ချီတတ်ဆန္ဒပြလမ်းလျှောက်ရာ၌ NLD ရုံးချုပ်တွင် NLD လွှတ်တော် ကိုယ်စားလှယ်များနဲ့ ပါတီဝင်များ စောင့်နေမည်ဖြစ်၍ ရုံးရှေ့သို့လာပြီး ၁၀ မိနစ်ခန့် ရပ်နားမေတ္တပို့ပေးရန်နှင့် မြို့တော်ခန်းမရှေ့တွင် တရားဟောရန် စီစဉ်ထားပြီးဖြစ်ကြောင်း လျှောက်ထားချက်အတိုင်း အဲဒီနေ့ ၁၁း၀၀ နာရီမှာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားသို့ ရောက်ရှိစဉ် သံဃာဦးဆောင် ကိုယ်စားလှယ်များနှင့် ဆန္ဒပြချီတတ်မယ့် လမ်းကြောင်းကို ညှိနှိုင်းခဲ့ရာအားလုံးက သဘောတူခဲ့ကြပါတယ် ဘုရား။ တစ်ဆက်တည်း သံဃာများမှ တောင်းဆိုထားချက်များအား ၂၆/၂၇ ရက်များအထိ အစိုးရက မလိုက်လျောပါက စေ့စပ်ညှိနှိုင်း ဆွေးနွေးပေးရန်နှင့် အဆိုးပါအချက်များကို မလိုက်နာ ၂၈ - ၉ - ၂၀၀၇ ရက်မှာ NLD ပါတီ ကိုယ်စားလှယ်များက ကြားဖြတ်အစိုးရဖွဲ့ စည်းပြီး၎င်းအစိုးရဖွဲ့စည်းခြင်းကို သံဃာများနှင့် လူထုမှ ထောက်ခံကြစေရေး ပြုလုပ်ပေးရန် NLD ရဲ့ပန်ကြားချက်အပေါ် ဦးဃောသိတက အစိုးရက မလိုက်လျောခဲ့ပါက ၂၈ ရက်၌ သံဃာအများဆုံးနှင့် လူထုအများဆုံး ပါဝင်သော ဆန္ဒပြပွဲမျိုးဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့တာကိုလည်း တွေ့ရပါတယ် ဘုရား။

၈၈ မျိုးဆက် ကျောင်းသားအမည်ခံ အဖွဲ့မှ ဌေးကြွယ်ဟာလည်း စက်တင်ဘာလအတွင်းမှာ သံဃာတပ်ပေါင်းစု သောတုဇနဘိက္ခူ သံဃာသမဂ္ဂအဖွဲ့၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၊ ၈၈ မျိုးဆက် သတင်းပြန်ကြားရေးသမဂ္ဂ၊ အနုပညာရှင်များအဖွဲ့၊ စာပေနှင့် ကဗျာအဖွဲ့၊ တိုင်းရင်းသားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၊ ရှေ့နေသမဂ္ဂ စတဲ့အဖွဲ့အစည်းကို ခုပါဝင်တဲ့ လူခုလှုပ်ရှားမှုကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းရေး ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ် ဘုရား။ အဲဒီလို ကြေညာချက်ထုတန်ပြန်နိုင်ငရေးအတွက် ဌေးကြွယ်ဟာ လကုန်ပိုင်းအထိနေ့စဉ်/ တစ်ရက်ခြား ဖုန်းဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး သံဃာထုလှုပ်ရှားမှုမှာ ပူးကပ်ထိန်းချုပ် ပါဝင်ခဲ့ကြောင်း စစ်ဆေးဖော်ထုတ် တွေ့ရှိရပါတယ် ဘုရား။ ဒါတွေကို ခြုံပြီးသုံးသပ်ကြည့်မယ်ဆိုရင် သံဃာတပ်ပေါင်းစုဟာ NLD ၈၈ မျိုးဆက်သစ် ကျောင်းသားအမည်ခံ အဖွဲ့တို့နဲ့ ချိတ်ဆက်ကာ မီဒီယာများမှတစ်ဆင့် သံဃာများနဲ့ ပြည်သူများအပေါ် အခါပေးလှုံဆော်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့တာကို ထင်ရှားစွာ တွေ့ရှိရမှာဖြစ်ပါတယ် ဘုရား။

စစ်ဆေးတွေ့ရှိချက်များအရ ရန်ကုန်တိုင်းအတွင်း သံဃာလှုပ်ရှားမှုများကို မဂ္ဂင်ကျောင်းတိုက်၊ ရွှေတောင်ကျောင်း၊ ညောင်တုန်းကျောင်းများမှ စတင်လှုံဆော်ခဲ့ကြကြောင်းနှင့် ရွှေတောင်ကျောင်းမှ ဦးပဏ္ဍဝံသ (ခ) ပြည်ကျော်နှင့် ဦးဇဝန (ခ) မုတ်ဆိတ်၊ ပဲခူးကျောင်းမှ ဦးဝိသုဒ္ဒစာရ၊ ညောင်တုန်းကျောင်းတိုက်မှ ဦးစန္ဒိမာ (ခ) အပုလေး၊ မဂ္ဂင်ကျောင်းမှ ဦးဣန္ဒက (ခ) ပနားမားတို့က လှုပ်ရှားမှုများ နောက်ကွယ်မှ ကြိုးကိုင်ပါဝင်ခဲ့ကြကြောင်း တွေ့ရှိရပါတယ် ဘုရား။ ဒါအပြင် ဦးဂမ္ဘီရ (ခ) ညီညီလွင် ဟာလည်း ၈၈ မျိုးဆက်ကျောင်းသား အမည်ခံအဖွဲ့ ပါဝင်လာအောင် စက်တင်ဘာလအတွင်း ရန်ကုန်နှင့် မန္တလေးမှာ သံဃာဆန္ဒပြမှုများ ဖြစ်ပေါ်လာအောင် ကြိုးကိုင်စီမံခဲ့ကြတဲ့ အဓိကမောင်းနှင့် အားများ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ် ဘုရား။အဆိုပါ သံဃာတပ်ပေါင်းစုရဲ့ ဦးဆောင်အဖွဲ့ဝင် သံဃာအများစုဟာ ထောင်ထွက်များသာဖြစ်ပြီး ထောင်ကျနေစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်းသား ဆိုသူများ ဖြစ်လာကြမည့် မင်းကိုနိုင်၊ ကိုကိုကြီး စသူတို့အပြင် အခြားသော နိုင်ငံရေးသမားများနဲ့ ထောင်ထဲမှာ တွေ့ဆုံရင်းနှီး ကျွမ်းဝင်မှုရှိခဲ့တဲ့ ဆက်စပ်မှုကိုလ်ညး လေ့လာတွေ့ရှိရပါတယ် ဘုရား။ ဦပဏ္ဍဝံသ၊ ဦးဣန္ဒက၊ ဦးပညာဇောတ၊ ဦးစန္ဒာသီရိ၊ ဦးဝါသဝ၊ ဦးဥတ္တရတို့က ၁၉၈၈ အရေးအခင်း ကာလအတွင်း ရဟန်းပျိုများ သမဂ္ဂဖွဲ့စည်းမှု၊ ၁၉၉၀ ပြည့်နှစ်မှာ သံဃာများ သပိတ်ကံဆောင်မှု ပြုလုပ်ရာတွင် ပါဝင်မှုတို့ဖြင့် ထောင်ဒဏ်အသီးသီး ချမှတ်ခြင်း ခံခဲ့ရဖူးသူများ ဖြစ်ပါတယ် ဘုရား။ ထောင်အတွင်းမှာ ဦးပညာဇောတကို နတ်စော၊ ဦးဣန္ဒကို ပနားမား၊ ဦးဥတ္တရကို နဂါး၊ ဦးပဏ္ဍဝံသကို ပြည်ကျော်၊ ဦးစန္ဒာသီရိကို ပုရစ်ဆိုပြီး အမည်ဝှက် (အမည်ပြောင်) သတ်မှတ်ခေါ်ဝေါ် ခဲ့ကြပါတယ် ဘုရား။ ၁၉၉၆ ခုနှစ်မှာ ထောင်ကထွက်လာကြပြီးနောက် ဦးပဏ္ဍဝံသ (ခ) ပြည်ကျော်ဟာ ရွှေတောင်ကျောင်းတိုက် ဝင်းအတွင်း သီးခြားကျောင်း ဆောင်ဖြင့် နေခွင့်ရတဲ့ ခန်းနေဘုးကြီး ဖြစ်လာပြီး ဦးစန္ဒာသီရိ (ခ) ပုရစ်ဟာ ရွှေသိမ်ဓမ္မသိင်္ဂီကျောင်းမှာ လည်း ကောင်း၊ ဦးပညာဇောတ (ခ) နတ်စော အလုံဇောတနာရာမ ကျောင်းတိုက်မှာ လည်းကောင်း ပြန်လည်နေ ထိုင် ခဲ့ပါတယ် ဘုရား။ ဦးဥတ္တရ ကမ္ဘာအေး နဂါးရုံကျောင်းတိုက်မှာ လည်းကောင်း၊ ဦးဝါသဝဟာ သင်္ဃာန်း ကျွန်း မဂ္ဂင်ကျောင်းမှာလည်းကောင်း၊ ကျောင်းထိုင်ဆရာတော်ဖြစ်လာပြီး ဦးဣန္ဒက (ခ) ပနားမားကတော့ မဂ္ဂင် ကျောင်းမှာစာချကိုယ်တော် ဖြစ်လာခဲ့ပါတယ် ဘုရား။

၁၉၉၈ ခုနှစ်မှာ ဦးပညာဇောတ (ခ) နတ်စောနဲ့ ဦးစန္ဒာသီရိ (ခ) ပုရစ်တို့ဟာ ဒုတိယအကြိမ် ရဟန်းပျိုသမဂ္ဂ ပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်းမှုတို့ကြောင့် ဒုတိယအကြိမ် အဖမ်းခံရပြီး ထောင် ၁၄ နှစ်စီချမှတ်ခြင်း ခံခဲ့ရပါတယ် ဘုရား။ သို့သော် လျှော့ရက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်များကြောင့် ၂၀၀၅ ခုနှစ်မှာ ပြန်လည်လွှတ်မြောက် လာပြီး ဦးစန္ဒာသီရိ (ခ) ပုရစ်ဟာ သင်္ဃာန်းကျွန်း ရွှေသိမ်ဓမ္မသိင်္ဂီကျောင်းမှာ ပြန်လည် နေထိုင်ခဲ့သလို ဦးပ ညာဇောတ (ခ) နတ်စောဟာ ဦးပဏ္ဍဝံသ (ခ) ပြည်ကျော်နဲ့အတူ လိုက်ပါနေထိုင်ခဲ့ရာမှ သင်္ဃာန်းကျွန်း မဂ္ဂင် ကျောင်းးတွင် ဦးဝါသဝ (ကျောင်းထိုင်) ပျံလွန်တော်မူပြီး ဦးဣန္ဒက (ခ) ပနားမားကျောင်း ထိုင်ဖြစ်လာတဲ့ အ ချိန်မှာ မဂ္ဂင်ကျောင်းးသို့ စာချကိုယ်တော်အဖြစ် ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ် ဘုရား။ ဒါ ကြောင့် တပည့် တော် အစဦးပိုင်းမှာ လျှောက်တင်ခဲ့သလို ဒီသံဃာလှုပ်ရှားမှုတွေ ဖြစ်ပေါ်ဖို့ အတွက် ရည်ရွယ် ချက်ရှိရှိ ကြို တင်စီမံ အကွက်ချဦးဆောင်ခဲ့ကြတဲ့ သံဃာအများစုဟာ သံဃာအစစ်တွေမဟုတ်ဘဲ ထောင် ထွက် သံဃာ အတုအယောင်များသာ ဖြစ်ကြောင်းလည်း လျှောက်ထားလိုပါတယ် ဘုရား။

အဲဒီ ဦးဆောင်သံဃာအဖွဲ့ဝင် အများစုဟာ ယခင်က တရားဥပဒေနဲ့ ငြိစွန်းတဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ဖူးသူများဖြစ်တဲ့အပြင် တချို့ဟာ ထိုင်းနိုင်ငံမှာ မကြာသေးမီက ဆူပူရေးနှင့် ဖောက်ခွဲရေးသင်တန်းများ တတ်ရောက် ပြီးကြသူများ ဖြစ်ကြောင်းလည်း စစ်ဆေးဖော်ထုတ်ချက်များအရ ပေါ်ပေါက်ခဲ့ပါတယ် ဘုရား၊ ဦးဂမ္ဘီရ (ခ) ညီ ညီလွင်ဟာ ၂၀၀၅ ခုနှစ် ဇူလိုင်မှာအခြားသံဃာတစ်ပါးနဲ့ အတူ မဲဆောက်ကို ရောက်ရှိပြီး AAPP တာ ဝန်ခံ ဘိုကြည်နဲ့ တွေ့ဆုံခဲ့တဲ့အပြင် Community Organizer (CO) သင်တန်းသို့ တတ်ရောက်ခဲ့ပါတယ် ဘုရား။ မဂ္ဂင်ကျောင်းတိုက်မှ ဦးဣဿရိသ (ခ) ဂျောင်းဂျောင်း၊ ကျောင်းအမည် မသိမှ ဦးပါကဋနှင့် ဦးဩဘာသ၊ထောက်ကြန့်တောရ ကျောင်းတိုက်မှ (ဂျီတီစီကျောင်းဆရာထွက်) ဘွဲ့ မည်မသိတို့ကို (CO) သင်တန်းတတ်ရောက်ရန် ကိုယ်တိုင်မဲဆောက်သို့ ပို့ဆောင်ပေးခဲ့ပါတယ် ဘုရား။

ဦးဂမ္ဘီရရဲ့ နောက်ကွယ်မှ ထောက်ပံ့နေသူများကတော့ ကိုငြိမ်းချမ်း (နိုင်ငံရေးအန်တုမှု ကော်မတီ ဥက္ကဋ္ဌ) ။ မင်းကိုနိုင် (FDB ခေါ် Forum for Democracy in Burma အဖွဲ့၏ ပြည်တွင်းဆက်သွယ်ရေး တာဝန်ခံ) ကျော်ထက် (ဒုဥက္ကဋ္ဌ၊ FDB) တို့ဖြစ်ကြပါတယ် ဘုရား။ ၎င်းတို့ဟာ ဦးဂမ္ဘီရအားတိုက်ရိုက်ဆက်သွယ် ထောက်ပံ့ခဲ့ကြတဲ့အပြင် ဦးဂမ္ဘီရ၏ အစ်ကို အရင်းဖြစ်သူ အောင်ကျော်ကျော်မှ တစ်ဆင့် ကိုငြိမ်းချမ်းက ၂၀၀၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြမှု မတိုင်မီ ကျပ်သိန်းပေါင်းများစွာ ပေးပို့ခဲ့တာကိုလည်း စစ်ဆေးတွေ့ရှိရပါတယ် ဘုရား။ ဒါအပြင် ပြည်တွင်း ပြည်ပဆန့်ကျင်ဘက် အကြမ်းဖက်သမားတွေက ယနေ့အခါမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ ဦး ဂမ္ဘီရနဲ့ ဆက်သွယ်ပြီး ပြည်တွင်းမှာ ဖောက်ခွဲဖျက်ဆီးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဖောက်ခွဲရေး ပစ္စည်းများနဲ့အချင်းချင်း ဆက်သွယ်နိုင်ဖို့ ဆက်သွယ်ရေး စက်များကိုပေးပို့နိုင်ရေး ဆက်သွယ်စီစဉ်ဆောင်ရွက်နေတာကို လည်း သတင်းများ ရရှိခဲ့ပါတယ် ဘုရား။

ဒါတွေကို ကြည့်ရင် သံဃာတပ်ပေါင်းစုအဖွဲ့ဟာ ပြည်တွင်း၌ NLD မင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အမည်ခံအဖွဲ့၊ ဖြူဖြူသင်းခေါင်းဆောင်တဲ့ Peer Group တို့နဲ့ လည်းကောင်၊ ပြည်ပရှိ AAPPအဖွဲ့၊ နယ်စပ်ဒေသတစ်လျှောက် ဆန့်ကျင်ဘက်အဖွဲ့တို့ ခြောက်ဖွဲ့ကို ပူးပေါင်းဖွဲ့စည်းထားတဲ့ FDB အဖွဲ့တို့နဲ့လည်းကောင်း ဆက်သွယ်ပြီး နိုင်ငံအနှံ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာအောင် ဆောက်ရွက်ခဲ့ကြောင်း ထင်ရှားလှပါတယ် ဘုရား။ အဲဒီလို ဆောင်ရွက်ရာမှာ လှုံဆော်ရန်နှင့် အခါပေးရန်အတွက် BBC, VOA, RFA, DVB စ တဲ့ ပြည်ပအသံလွှင့်ဌာနတွေနဲ့ အပြတ်ဆက်သွယ်ပြီး အသုံးချခဲ့တာကိုလည်း စစ်ဆေးတွေ့ရှိရပါတယ် ဘုရား။

ဒါအပြင် အစိုးရဆန့်ကျင်ရေး အင်အားစုများနဲ့ ပူးပေါင်းအဖွဲ့အများဟာ မူလကပင် နိုင်ငံအတွင်း မတည်ငြိမ်ဖြစ်စေရေးနဲ့ အမျိုးသား ညီလာခံ ပျက်ပြားအောင် ညီလာခံကျင်းပပြုလုပ်နေစဉ် ကာလအတွင်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စီမံခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့ကြောင်း သတင်းများ ထုတ်ပြန်ချပြခဲ့ပြီး ဖြစ်ပါတယ် ဘုရား။ ဒါပေမယ့် ၎င်းတို့ဟာ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများကို အခြေအနေပေးတာနဲ့ဆက်လက် ကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက် နိုင်ငံတော်အပိုင်းက လုံခြုံရေးသတိနဲ့ မပြတ်စောင့်ကြည့်ခဲ့ပါတယ် ဘုရား။ ဒါကြောင့် သတင်းများအရ နန်းဦးကျောင်းတိုက်သို့ ဝင်ရောက်ရှာဖွေခဲ့ရာမှာ ဦးကောဝိဒရဲ့ သေတ္တာအတွင်းမှ အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာ၊ တရုပ်ယွမ် တစ်ယွမ်၊ အီလက်ထရွန်နစ် ဆက်ပစ္စည်း ၂၂ မျိုးနဲ့ အပျက်စွမ်းအားမြင့်မားတဲ့ ယမ်းတုံးတစ်တုံးကို သိမ်းဆည်းရမိခဲ့ ပါတယ် ဘုရား။ သတင်းကွင်းဆက်များအရ နန်းဦးကျောင်းတိုက်မှာရှိတဲ့ အရှည်ကြီး (ခ) မင်းမင်းဟာ ချောင်းဦးမြို့နယ်မှ ဖြူတုတ်နဲ့အတူ ၁၉ - ၈ - ၂၀၀၇ ရက်နေ့မှာ ယမ်းတောင့်များကို ချောင်းဦးမြို့သို့ ယူသွားပြီး အရှည်ကြီး၏ ဖခင် ဦးကျော်ဌေး၏ နေအိမ်မှာ မြေကျင်းတူပြီး မြှုပ်နှံထားကြောင်း ဖော်ထုတ်ခဲ့သိရှိရပါတယ် ဘုရား။ ဒါကြောင့် ၁၁ - ၁၀ - ၂၀၀၇ ရက်နေ့မှာ ချောင်းဦးမြို့ ရွှေတောင်ကွက်သစ်နေ ဦးကျော်ဌေး (၆၁) နှစ် (ဘ) ဦးဘရှိန်နဲ့ နေအိမ်နဲ့ ခြံဝင်းအတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ တစ်ပေနက်ခန့် မြေကျင်းတူး၍ မြှပ်နှံထားတဲ့ အလေးချိန် ၃ ပိဿာ ၅၂ ဒသမ ၅ ကျပ်သားခန့်ရှိ TNT ယမ်းပြင်း ၄၇ ဒသမ ၅ တုံးကို ထပ်မံရှာဖွေ သိမ်းဆည်းရမိခဲ့ပါတယ် ဘုရား။

၎င်းယမ်းတုံးများဟာ သာမန်လူသေစေရုံမျှသာမက ပြည်ပနိုင်ငံကြီးက ပြုလုပ်တဲ့ အလွန်ကြောက်မက်ဖွယ်ကောင်းအောင် ပေါက်ကွဲစွမ်းအားပြင်းထန်တဲ့ စစ်မြေပြင်သုံး အမျိုးအစားဖြစ်တဲ့အပြင် အသင့်သုံးပြုနိုင် အသင့်သုံးပြုနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်တဲ့အတွက် စနစ်တကျ ကြိုတင်စီမံ ဆောင်ရွက်ထားသော ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းကြီးရဲ့ တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်ကြောင်း ထင်ရှားလှပါတယ် ဘုရား။ ဒါတွေဟာ နယ်စပ်ရှိ FDB နဲ့ NCGUB တို့ရဲ့ အထောက်အပံ့နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ ဆန့်ကျင်ဘက်အုပ်စုများသာ ဖြစ်ပါတယ်ဘုရား။ ဒီလိုဖောက်ခွဲ ဖက်ဆီးရေး ကြိုးပမ်းမှုများမှာ သံဃာအရေခြုံထားတဲ့ သံဃာ အတုအယောင်များ ပူးပေါင်းပါဝင်လျက်ရှိတာကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရပါတယ် ဘုရား။

ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုများမှာ ဦးဆောင်ခဲ့သူ၊ ပါဝင်ခဲ့သူ၊ လိုက်ပါအားပေးခဲ့သူများအားသက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးမေးမြန်းလျက်ရှိရာမှာ သံဃာအချို့ကို မလွှဲမရှောင်သာ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ ရပါတယ် ဘုရား။ သို့သော်လည်း အဘက်ဘက်က စည်းရုံးသွေးထိုး လှုံဆော်မှုများကြောင့် မသိနားမလည်၍ လူစုဝေးအတွင်း ပါဝင်ခဲ့ရတဲ့ သံဃများအားလုံးကို အမြန်ဆုံး ပြန်လည်လွှတ် ပေးလျက်ရှိပါတယ် ဘုရား။ တစ်ဆက်တည်း လျှောက်ထားလိုတာကတော့ တပည့်တော်တို့ အနေနဲ့ နိုင်ငံနဲ့ပြည်သူ အားလုံးရဲ့ တည်ငြိမ်အေးချမ်းမှုအတွက် ဆူပူဆန္ဒပြမှုများအပေါ် မတတ်သာလို့ ရှင်းလင်းမှုတွေ ဆောင်ရွက်ခဲ့ရပေမယ့် ဗုဒ္ဓဘာသာဝင်များပီပီ သာသနာတော်ကို ကြည်ညိုအလေးအမြတ်ထားပြီး အတတ်နိုင်ဆုံး ထိမ်းထိမ်းသိမ်းသိမ်း ဆောင်ရွက်ခဲ့တဲ့အတွက် သံဃာတစ်ပါးမျှ ပျံလွန်မှု မရှိခဲ့ကြောင်းကိုလည်း လျှောက်ထားအပ်ပါတယ် ဘုရား။

ဒါပေမယ့် တပည့်တော် လျှောက်ထားခဲ့သလို သံဃာဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားအောင် နောက်ကွယ်ကကြိုးကိုင်စီမံ ဦးဆောင်ခဲ့တဲ့သံဃာအရေးခြုံ သံဃာအတုအယောက်များ၊ ဝိနည်းတော်နှင့် မညီဘဲ နိုင်ငံရေး၊ စီးပွားရေး၊ အိမ်ထောက်ရေးဆိုရာ ကျူးလွန်ဖောက်ဖျက်သမား၊ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများမှာ ပါဝင်ပတ်သတ်ခဲ့သူများကိုတော့ တည်ဆဲတရား ဥပဒေများနှင့် အညီဆက်လက် ရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း လျှောက်ထားအပ်ပါတယ် ဘုရား။
ဆက်လက်ပြီး အဲဒီသံဃာအတုအယောင်များရဲ့ သံဃာနှင့် မလျော်ညီသော ပြုမူနေထိုင် လုပ်ကိုင်ဆောင်ရွက်နေမှုများဟုလည်း လျှောက်ထားအပ်ပါတယ် ဘုရား။ ဦးပဏ္ဍဝံသ (ခ) ပြည်ကျော်စာ နယ်စပ်သို့သွားရောက်ပြီး ဆိုင်ကယ်များ၊ သစ်များကို တစ်နှဏ်ခန့် တရားမဝင် သယ်ဆောင်ရောင်းဝယ်ဖူးသူ ဖြစ်တဲ့အပြင် ချဲထီ၊ နှစ်လုံး၊ ဒိုင်ချုပ်ကိုင်ပြီး စီးပွားရှာတေသူဖြစ်ပါတယ်။ ဒါအပြင် မအိ (၃၄) နှစ် (ဘ) ဦးသန်းဌေး၊ တောင်စွန်းကျေးရွာ၊ ဘီးလင်းမြို့နယ်ရဲ့ ဝန်ခံထွက်ဆိုချက်အရ ၎င်းနဲ့ပြည်ကျော်တို့ဟာ ငြိစွန်းခဲ့ကြပြီးနောက် တရားမဝင် နေထိုင်ပေါင်းသင်းကြကြောင်း၊ ၂၀၀၅ ခုနှစ် ဖေဖော်ရီလခန့်တွင် တစ်ကြိမ်၊ ၂၀၀၅ခုနှစ် ဩဂုတ်လခန့်တွင် တစ်ကြိမ်၊ မအိမှာ ကိုယ်ဝန်ရှိခဲ့တဲ့အတွက် ဦးပဏ္ဍဝံသ (ခ) ပြည်ကျော်ရဲ့ အစီအစဉ်နဲ့ ကိုယ်ဝန်ဖျက်ချခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ် ဘုရား။ ဒါအပြင် ငွေကြာယံကျောင်းဆရာတော်ရဲ့ ဝေယျာဝစ္စကိစ္စများ ဆောင်ရွက်ပေးလျက်ရှိတဲ့ နှင်းနှင်း (ခ) နှင်းနွယ်မိုးနဲ့ ၎င်းကျောင်းတိုက်ရှိ ဦးတေဇိန္ဒ (ခ) တုတ်ကြီးတို့ဟာ နှစ်လုံး၊ သုံးလုံး၊ချဲထီဒိုင်၊ ဘောလုံးပွဲဒိုင်များအဖြစ် ပူတွဲလုပ်ကိုင်ရင်း နောက်ဆုံးမှာ ကျောင်းတိုက်အတွင်း တရားမဝင် ပေါင်းသင်းနေထိုင်မှုများ အဖွယ်မရာ ပြုမူဆက်ဆံခဲ့မှုများ ရှိခဲ့ကြောင်း၊ နှင်းနှင်းနှင့် အတူနေသော ညီမဖြစ်သူ သန္တာကျော်ဟာ ဦးပဉ္ဇင်းမောင်တင့်နဲ့ ငြိစွန်းနေတဲ့အပြင် ဦးပဉ္ဇင်း ဝခဲနှင့်လည်း ကြိုက်နေကြောင်း စသည်ဖြင့် မဖွယ်မရာကိစ္စရပ်များ စစ်ဆေးပေါ်ပေါက်ခဲ့ရပါတယ် ဘုရား။

ဦးဇဝန (ခ) မုတ်ဆိတ်ဟာလည်း နေစဉ် အရက်သေစာ သောက်စားပြီး ချဲထီ၊ နှစ်လုံး၊ အတိတ်ပေးခြင်း၊ ဖိုထိုးခြင်းများ ပြုလုပ်လျက် သိဒ္ဓိရှင်ပမာ အယာင်ဆောင် နေထိုင်သူဖြစ်ပါတယ် ဘုရား။ ၎င်းရဲ့ ကျောင်းမှာ ချဲထီ၊ နှစ်လုံးထီ အတိတ်စိမ်းပေးသဖြင့် ချဲပေါက်သူများးက လာရောက်လှူဒါန်းမှုကြောင့် တစ်လပျမ်းမျှဝင်ငွေ တစ် သိန်းခန့် ရရှိကြောင်း၊ ထိုငွေများဖြင့် ဖိုထိုးကြောင်း၊ ဆွမ်းခံကြွခြင်း မရှိဘဲ ပြင်ပလက်ဖက်ရည်ဆိုင်တွင် နေ့ဆွမ်းချက်စားသည့်အပြင် ညနေပိုင်း၌ ပျားရည်နှင့်အရက် ရောသောက်လေ့ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ ပါတယ် ဘုရား။ ဦးပညာဇောတ (ခ) နတ်စောဟာလည်း ထိုင်းနိုင်ငံ အခြေစိုက် AAPP အဖွဲ့မှ ဘိုကြည်နှင့် ဆက်သွယ်ပြီး ၎င်းနှင့်အတူ ဦးဣန္ဒက (ခ) ပနားမား၊ ဦးဣဿရိယ (ခ) ဂျောင်းဂျောင်း၊ ဦးကောဝိဒ၊ ဦးဂမ္ဘီရနှင့် ၎င်း၏ အဆက်အသွယ်များအတွက် ထောက်ပံ့ကြေးငွေ အမြောက်အများ လက်ခံရယူ ခွဲဝေပေးကမ်းခဲ့သူဖြစ်ပါတယ် ဘုရား။

အဲဒီလို စစ်ဆေးဖော်ထုတ်ချက် သတင်းများအရ ၂၀၀၇ ခုနှစ် စက်တင်ဘာ (၂၈) နဲ့ (၂၉) ရက်များမှာ မှုခင်းတပ်ဖွဲ့နဲ့ သာသနာရေး ဦးစီးဌာနမှ ပူးပေါင်းအဖွဲ့ဟာ ငွေကြာယံ ပရိယတ္တိ စာသင်တိုင်အား သက်သေများနဲ့ အတူ စနစ်တကျ အသေးစိတ် စစ်ဆေးရှာဖွေခဲ့ရာ ကျောင်းတိုက်အတွင်းရှိ သံဃာတော်များ၏ အခန်း၊ သေတ္တာများအတွင်းမှ နိုင်ငံတော်အား ဆန့်ကျင်တဲ့ စာရွက်စာတမ်းများ၊ ဓားလက်နက်များ ၊ သံဃာတော်များနှင့် မအပ်စပ်သည့် အခြားစာရွက်စာတမ်းများနဲ့ အသုံးအဆောင်များကို သိမ်းဆည်းရမိခဲ့ပါတယ် ဘုရား။ ဒါအပြင် မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက်၊ တောင်က္ကလာပမြို့နယ် သီရိဂန္ဓာရုံကျောင်းတိုက်၊ ရန်ကုန်ကျောင်းတိုက်၊ ပျဉ်းမနားကျောင်းတိုက်၊ ရွှေ ညောင်ပင်ကျောင်းတိုက်၊ စိတ္တသုခကျောင်းတိုက်၊ ရွှေတောင်မော်၊ ဇဋိလရာမ၊ ဝံသယကျောင်းတိုက်၊ သင်္ဃာန်းကျွန်းမြို့နယ် ကျောက်စာတော်အရှေ့ကျောင်းတိုက်၊ ဓမ္မဝေပုလ္လကျောင်းတိုက်၊ ဇေယျသုခကျောင်းတိုက်၊ ဒဂုံအရှေ့မြို့နယ် တက္ကသီလာ မဟာဇေယျသိဒ္ဓပဋ္ဌာန်းကျောင်းတိုက် သုဝဏ္ဏမြို့ ဇေယျသုခကျောင်းတိုက်၊ ဒဂုံတောင်မြို့နယ် ခေမာသီရကျောင်းတိုက်တို့မှလည်း အစိုးရဆန့်ကျင်သော စာရွက်စာတမ်းများ၊သံဃာတော်များနှင့် မအပ်စပ်သော အသုံးအဆောင်ပစ္စည်းများကို သက်သေများရှေ့တွင် ဖွေပုံစံနှင့် တကွ သိမ်းဆည်းရမိခဲ့ပါတယ် ဘုရား။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ဩဂုတ်လနဲ့ စက်တင်ဘာလအတွင်း သံဃာဆူပူဆန္ဒပြမှုများ ဖြစ်ပွားအောင်ကြိုး ကိုင်စီမံလှုံဆော်ဆောင်ရွက် သွားတဲ့ သံဃာတပ်ပေါင်းစုရဲ့ ဦးဆောင်သံဃာတစ်စုဟာ သင်္ကန်း အရေခြုံထားတဲ့ ထောင်ထွက်တွေ၊ သံဃာ့ဝိနည်းသိက္ခာနဲ့ မညီညွတ်တဲ့ ၊ အရက်သောက်ခြင်း၊ ချဲထီလောင်းကစားဒိုင်ကိုင်ခြင်း၊ ပြည်တွင်း ပြည်ပဆန့်ကျင်ဘက် အဖွဲ့များနဲ့ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း၊ ငွေကြေးထောက်ပံ့မှုများ လက်ခံခြင်း၊ ပြည်ပအထိသွားရောက်ပြီး နိုင်ငံရေးဆန့်ကျင်မှု သင်တန်းများ တတ်ရောက်ခြင်းစတာတွေကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြသူများဖြစ်ကြောင်း၊ သာသနာနှင့် ဆန့်ကျင်သည့်လုပ်ရပ်များကို ချိုးဖောက်ကျူးလွန်ခဲ့ပြီးမှ သာသနာ့ဘောင် ပြန်ဝင်ကာ ဆူပူအုံကြွမှုကို ကြိုးကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ထင်ရှားစွာ သုံးသပ်တွေ့ရှိနိုင်ပါတယ် ဘုရား။

နောက်တစ်ချက်က ပြည်ပရောက်သံဃာများနဲ့ လှုပ်ရှားမှုအချို့ကိုလည်း ဆက်လက်လျှောက်ထားတင်ပြလိုပါတယ် ဘုရား။ ပြည်ပြေးမျာရဲ့စည်းရုံးမှုကြောင့် မြန်မာနိုင်ငံအား ဆန့်ကျင်လျက်ရှိသော အမေရိကန်နိုင်ငံရှိ ဘုန်းကြီးကျောင်း အနည်းငယ်မှ သံဃာအချို့ကလည်း မြန်မာနိုင်ငံအပေါ် ဝင်ရောက်စွက်ဖက် နိုင်ရေးအတွက်အမေရိကန်နိုင်ငံ သမ္မတဘုရှ်အား တွေ့ဆုံဆွေးနွေးခွင့်ရရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရှိရပါတယ် ဘု
ရား။ ဒါ့အပြင် အမေရိကန်ရောက် ဆရာတော် ဦးပညာဝံသရဲ့ သက်တော် (၈၀) ပြည့် မွေးနေ့ပွဲကို လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပရရှိကြောင်း၊ ၎င်းမွေးနေ့ပွဲသို့ ယခင်မြန်မာနိုင်ငံ မစိုးရိမ်တိုက်ဟောင်းတွင် သီတင်းသုံးခဲ့ဖူးသော ထောင်ကျခဲ့ဖူးသည့် ဦးကောဝိဒက အမေရိကန်ရောက် သံဃာအချို့ကို စည်းရုံးဦးဆောင်ပြီး တတ်ရောက်မည်ဖြစ်ကြောင်း ကြားသိရပါတယ် ဘုရား။ အဆိုပါဖွဲ့စည်းမည့် သံင်္ဃာ့ဦးသျှောင်အဖွဲ့ကို အမေရိကန်နိုင်ငံ အကြီးအကဲတစ်ယောက်နဲ့ တွေ့ဆုံပြီး တပည့်တော်တို့ မြန်မာနိုင်ငံအပေါ် ပူးပေါင်းလုပ်ကြံ ထိုးနှက်ရန်ရှိ ကြောင်းလည်း သိရပါတယ် ဘုရား။ သို့သော် အမေရိကန်ရှိ မြန်မာဘုန်းကြီးကျောင်း အများအပြားနှင့် သံဃာအများစုကမူ နိုင်ငံတော်အား ဆန့်ကျင်သည့် လှုပ်ရှားများတွင် ပါဝင်ခြင်းမရှိဘဲ မိမိတို့၏ သာသနာ တာဝန်များကိုသာ ထမ်းဆောင်လျက်ရှိကြကြောင်း သိရပါတယ် ဘုရား။

အရှင်ဘုရားများ သိတော်မူသိအတိုင်း အမေရိကန်ရောနေတဲ့သံဃာများအနက် အချို့ဟာ ၈၈ အရေးခင်းက တည်းက ပြည်တွင်းမှာရှိနေတဲ့ နတ်စောတို့၊ ပနားမားတို့၊ နဂါးတို့၊ ညီညီလွင်တို့လို ဖြစ်မှုမျိုးတွေနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင် သွားကြသူများ ဖြစ်ပါတယ် ဘုရား။ ယခု စက်တင်ဘာလ သံဃာဆူပူမှုမှာ ထွက်ပြေး
တိမ်းရှောင် သွားကြတဲ့ နောက်ကွယ်က ကြိုးကိုင်သူ သံဃာဦးဆောင် အဖွဲ့ဝင်တွေဟာလည်း အခုချိန်မှာ အ မေရိကန်ကို ရောက်ကောင်းလည်း ရောက်သွားနိုင်ပါတယ် ဘုရား။ ဒါကြောင့် အဲဒီမှာရှိတဲ့ သံဃာအချို့ဟာ တည်ဆဲဥပဒေနဲ့ ဆန့်ကျင်တဲ့ ဖြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ထားတဲ့ အဖြစ်ရှိသူတွေဖြစ်တဲ့အတွက် သံဃာစစ်စစ်လို့ သတ်မှတ်နိုင်မှာ မဟုတ်သလို အဲဒီလက်တစ်ဆုပ်စာ သံဃာအတုအယောင် တွေဟာလည်း တပည့်တော်တို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဝိနည်းသိက္ခာနဲ့အညီ ကျင့်ကြံနေထိုင်အားထုတ် လျက်ရှိတဲ့ သံဃာ ထုတစ်ရပ်လုံးကို ဘယ်လိုမှ ကိုယ်စားမပြုနိုင်ဘူးဆိုတာ ထင်းရှားလှပါတယ် ဘုရား။ တပည့်တော်တို့ မြန်မာ ပြည်သူများက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ဆည်းကပ်ခြင်းခံရတဲ့ သံဃာတွေလည်း မဟုတ်ပါဘူး ဘုရား။
ဒါကြောင့် အမေရိကမှာ သံဃာ့ဥသျှောင်အဖွဲ့ပဲခေါ်ခေါ်၊ သံဃာ့သမဂ္ဂပဲခေါ်ခေါ် သံဃာအတုအယောင်အချို့ ပါဝင်ပူးပေါင်းဖွဲ့စည်းထားတဲ့ အဲဒီလို အဖွဲ့တွေဟာ ဘယ်လိုနည်းလမ်းနဲ့မှ တရားဝင် မဖြစ်နိုင်ပါကြောင်း လျှောက်ထားအပ်ပါတယ် ဘုရား။

ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ဖွဲ့စည်းမဲ့ သံဃာဥသျှောင်အဖွဲ့ ဆိုတာဟာလည်း တပည့်တော်တို့ မြန်မာနိုင်ငံက စစ်မှန်တဲ့ သံဃာထု တစ်ရပ်လုံးအတွက် ကိုယ်စားမပြုပါဘူး ဘုရား။ တပည့်တော်တို့ နိုင်ငံမှာ သံဃမဟာနာယကအဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ သံဃာ့ဂိုဏ်းပေါင်း၏ အဆင့်ဆင့်ကို စနစ်တကျ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပြီး ဖြစ်ပါတယ် ဘုရား။ အဲဒီ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ဟာလည်း သက်ဆိုင်ရာ ဝိနည်းများရ လုပ်ထုံးလုပ်နည်း၊ စည်းကမှ်းုပဒေသတ်မှတ် ပြဋ္ဌာန်းချက်တွေနဲ့အညီ အခိုင်အမာ တည်ရှိနေခြင်း ဖြစ်ပါတယ် ဘုရား။

အမေရိကန် သမ္မတတစ်ဦးအနေနဲ့လည်း သံဃာအတုအယောင် အချို့ပါဝင်ဖွဲ့စည်းထားတဲ့ တုယောင် သံဃာလက်တစ်ဆုပ်စာကို မြန်မာနိုင်ငံမှာရှိတဲ့ သံဃာထုကို ကိုယ်စားပြုသယောင်ဝါဒဖြန့် အသုံးချနိုင်ဖို့အတွက် အခုလို စီမံဆောင်ရွက်လာခြင်းဟာ ဘယ်လိုမှ လေက်ခံနိုင်ဖွယ်ရာမရှိပါကြောင်း လျှောက်ထားအပ်ပါတယ် ဘုရား

တပည့်တော် အထက်မှာ တင်ပြလျှောက်ထားခဲ့တဲ့အတိုင်း သံဃာဆူပူဆန္ဒပြမှုများ ဖြစ်ပွားအောင် သံဃာအတုယောင်များရဲ့နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်ခြေရှုပ်မှုတွေဟာ သာသနာရေးနဲ့ နိုင်ငံရေးရောထွေးအောင်လုပ်ပြီး ရိုးသားတဲ့၊ မသိနားမလည်တဲ့၊ လူမှု ဗာဟီရကိစ္စများနဲ့ အကျွမ်းတဝင်မရှိတဲ့ ရဟန်းသံဃာများကို မလိမ့်တစ်ပတ် အသုံးချသွားခြင်းသာ ဖြစ်ပါတယ် ဘုရား။ အဒီ သံဃာအတုယောင်တွေဟာ ပရိယတ်၊ ပဋိ ပတ်ဆိုင်ရာသာသနာတော် ကိစ္စရပ်တွေကို အလေးထားဆောင်ရွက်ရမယ့်အစား သံဃာအရေကိုခြုံ၍ ၎င်းတို့
နေထိုင်တဲ့ ဘုန်းကြီးကျောင်းတိုက်များကို အခြေပြုကာ နိုင်ငံရေးလှုပ်ရှားမှုများ ၈၈ မျိုးဆက်ကျောင်းသားဆိုသူ
များနှင့် ဆက်သွယ်၍ ဆူပူဆန္ဒပြအကြမ်းဖက်ခြင်း နိုင်ငံတော်ကို ဆန့်ကျင်သော စာရွက်စာတမ်းများ ရိုက်နှိပ် ဖြန့်ဝေခြင်း၊ ပြည်ပမီဒီယာများနှင့် ချိတ်ဆက်၍ ဆန့်ကျင်မှုများ၊ အကြမ်းဖက်မှုများအတွက် သွေးထိုးလှုံဆော်
ခြင်း၊ ပြည်ပရှိ ဆန့်ကျင်ဘက်အဖွဲ့ အဖွဲ့အစည်းများထံမှ ငွေကြေး၊ ပစ္စည်း အထောက်အပံ့များကို ရယူခြင်း၊ ဥပ ဒေနှင့် မလွတ်ကင်းသောလုပ်ငန်းများ၊ လောင်းကစားဒိုင်များ လက်ခံဖွင့်လှစ်ခြင်း၊ သာသနာနှင့် မအပ်စပ်
သော အိမ်ရာထောင်မှုများ၊ စီးပွားရေးပြုမှုများ ဆောင်ရွက်ခြင်း စတာတွေဟာ သာသာနာ့အရေခြုံပြီးသာသနာကို ညှိုးနွမ်းအောင် ဖျက်ဆီးနေကြခြင်းသာ ဖြစ်ပါတယ် ဘုရား။

တပည့်တော် အနေဖြင့်လည်း သံဃာနှင့် ပတ်သတ်သော ကိစ္စမျးကိုတိုင်တည် ဖြေရှင်းရာမှာ အမှားအယွင်းနည်းနိုင်သမျှနည်းအောင် ကြီးစွာသောသတိထား၍ ဆောင်ရွက်ခဲ့ကြပါတယ် ဘုရား။ အထက်တွင် ဖော်ပြလျှောက်ထားခဲ့သည့် နိုင်ငံတော်အပေါ်ဆန့်ကျင်သည့် ကိစ္စများနှင့် ဒုစရိုက်မှုခင်းများကို လျှောက်ထားရသည် မှာ အလွန်အင်မတန်မှပင် စိတ်ပင်ပန်း ဝန်လေးလှပါတယ် ဘုရား။ သို့သော် တစ်ဖက်မှာလ်ညး အကြောင်းအကျိုး အကောင်းအဆိုးကို ဆရာတော်ကြီးများ သိရှိထားခြင်းအားဖြင့် တပည့်သံဃာငယ်များအား သာသနာပြစ်မှုဖြစ်သည့် အန္တရာယ်မှ လွတ်ကင်းအောင် ကာကွယ်တားဆီး ဆိုမိန့်ပါရန်ဟု ယုံကြည်ပါသောကြောင့် မ ကောင်းသောသတင်းဆိုးကို စိတ်ချမ်းမြေ့ခြင်းမရှိဘဲ ဝန်လေးစွာဖြင့် လျှောက်ထာရခြင်းဖြစ်ပါတယ် ဘုရား။ တပည့်တော်တို့ အနေနဲ့ သာသနာတော်ကြီးနဲ့ နိုင်ငံတော်ကို အပျက်အစီး အဆုံးအရှုံးမခံနိုင်တဲ့အတွက် တာဝန်အရ အလွှဲမရှောင်သာ ဆောင်ရွက်ရသည်များကို ဆရာတော်ကြီးများအနေဖြင့် စာနာထောက်ထား နားလည် သည်းခံ ခွင့်လွှတ်တော်မူနိုင် ကြပါရန် လျှောက်ထားအပ်ပါတယ် ဘုရား။

တပည့်တော်တို့ အနေဖြင့်မူ သာသနာတော်ကို လေးမြတ်ယုံကြည်စွာဖြင့် ပရိကတ္တိ၊ ပဋိဝေဒဟူသော သာသနာသုံးရပ်ကို အပတ်တကုတ်ကြိုးပမ်းကျင့်ကြံလျက် သာသနာ့ဝန်ကို ထမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ် ဘုရား၊ သို့ပါ၍ သာသနာတော်ကို လေးမြတ်ယုံကြည်စွာဖြင့် သာသနာ့ဝိနည်းတော်များနဲ့အညီ ကျင့်ကြံအားထုတ်လျက် ရှိကြသော ဆရာတော်၊ သံဃာတော်များအနေဖြင့် စိုးရိမ်ကြောင့်ကြရန် မရှိပါ ဘုရား။
ထို့အတူ သာသနာတော်ကို စောင့်ရှောက်လျက်ရှိကြကုန်သော ဆရာတော် အရှင်မြတ်များက အမျိုးဘာသာသာသနာအကျိုးကို မျှော်ကိုးလျက် လမ်ညွန်ဩဝါဒ မိန့်ကြားရန် ရှိပါက မိန့်ကြားတော်မူပါရန် ဘုရားတပည့်တော် ရိုသေလေးမြတ်စွာလျှောက်ထားအပ်ပါသည် ဆရာတော်အရှင်သူမြတ်တို့ ဘုရား။

နိုင်ငံတော်သံဃမဟာနာကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုဏ္ဍလဇောတိ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) မိန့်ကြားတော်ပူအပ်သော ဩဝါဒကထာ

သာသနာ့ ဒါယကာစြဖ်တဲ့ ဝန်ကြီးလျှောက်ထားသွားတာကို ကြားသိရတော့ ဆရာတော်များအနေဖြင့်အထူးအံ့ဩမိပါတယ်။အခုနိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများသည် “ရာဇာနံ အနုဝတ္တိတုံ” ဟူသောမြတ်စွာဘုရား၏ ဒေသနာတော်အရ နိုင်ငံတော်အစိုးရ၏ သာသနာ၊ ဘာသာနဲ့ ပတ်သတ်တဲ့ကိစ္စတွေ၊ သာသနာတော်သန့်ရှင်းအောင်၊ တည်တံ့အောင်၊ ပြန့်ပွားအောင် ဆိုတဲ့ရည်ရွယ်ချက်တို့ဖြင့် နိုင်ငံတော် အစိုးရကလည်း နိုင်ငံတော် အစိုးရကနေ အားလံးသော သံဃာတော်တို့ရဲ့ဆန္ဒအရ သံဃာအဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့ လျှောက်ထားတော့ အားလုံးသော သံဃာတော်များ၏ ဆန္ဒအရ ဖွဲ့ခဲ့တော့ မိမိတို့ပြည်နယ်/ တိုင်းအလိုက် ရွေးချယ်ပြီးတော့ မဟာနာရယကအဖွဲ့မျိုးကို ဖွဲ့စည်းဖို့ တာဝန်ယူခဲ့ရတယ်။ ဒီလိုဆရာတော်များက တာဝန်ယူရ
တော့ ဆရာတော်များသည် နေ့စဉ် နေ့တိုင်းမိမိတို့၏ ဆောင်ရွက်နေကျတာဝန်၊ တာဝန်တွေအနေအားဖြင့် ညွန်ကြားလွှာတွေကိုလည်း လေ့လာနေရတယ်။

ပြီးတော့ဝိနည်း လုပ်ထုံးလုပ်နည်းတွေ၊ အခြေခံတွေ၊ ကြားထဲမှာ ပိဋကတ်တော်များ ဒါတွေကိုလေ့လာနေရတော့ နိုင်ငံရေးတွေက ဘယ်လိုဘယ်ပုံဘာညာစသည် ဒါမျိုးတွေကိုစိတ်ကမဝင်းစားနိုင်ပါဘူး၊ မလေ့လာနိုင်ပါဘူး၊ မြတ်စွားဘုရားက ဗြဟ္မဇာလသုတ်စသည် … မဟာသီလဆိုတဲ့ ဒီသီလစနစ်တွေထဲမှာ ရာဇကထံ၊ စောရကထံ၊ နဂမကထံစသည်ဖြင့် မပြောမဆိုရ နားမထောင်ရ စသည်စကားမျိုးတွေကို မြတ်စွာ ဘုရားအနေဖြင့် အကျယ်တဝင့် ဟောကြားထားတော့ ဒါတွေကိုလည်းပဲ ဒီဆရာတော်များက ဘေးပြောတောင် မှဘဲ တော်တော်တန်တန် ဒီဆရာတော်များဟာ မကောင်းတတ်လို့သာဘဲ စိုက်ပြီးနားထောင်နေရတယ်၊ စိတ် ထဲနှလုံးထဲကပါတဲ့ အနေမျိုးမရှိကြပါဘူး၊ ဒါကြောင့် ဗုဒ္ဓ ပဋိကုတ္တ ဖြစ်တဲ့အလုပ်တွေကို အလုပ်ဘဲနဲ့ သာသနာ နဲ့ပတ်သက်တဲ့ ကိစ္စတွေကိုသာ ဦးစားပေးပြီး ဆောင်ရွက်နေတော့ ယခုနိုင်ငံတော်အစိုးရက တိုင်းပြည်အကျိုး၊ ဘာသာ သာသနာအတွက် ဆောင်ရွက်ရာမှာ ဗလငါးမျိုးဆိုတာ မြတ်စွာဘုရား ဟောကြားထားတာရှိတယ်။

“သဒ္ဓါဗလံ၊ သတိဗလံ၊ ဝီရိယဗလံ၊ ပညာဗလံ၊ သမာဓိဗလံ” ဆိုတဲ့ ဒီဗလငါးမျိုးမှာ မိမိတို့တိုင်းပြည်အတွက် အမျိုးဘာသာ သာသနာတော်အတွက် သဒ္ဓါနဲ့ ပညာအဓိကထားပြီးတော့ ဆောင်ရွက်သွားရင် အင်မတန်ကောင်းကျိုးတရားရမည်။

“ဗလဝသဒ္ဓေါ၊ မန္ဒပညော၊ မုဓသ္မိံ၊ ပသီဒတိ” ဟု ဒီလိုတစ်ချက်ဖွင့်ပေးတယ်။
ဗလဝသဒ္ဓေါ - ယံကြည့်တဲ့ သဒ္ဓါအားကြီးတဲ့၊ မန္ဒပညောပညာတွေးတော ဆင်ခြင်တဲ့ ဉာဏ်နည်းရင်လဲ မုဓသ္မိံ ပသီဒတိ - အချည်းအနှီး မကောင်းတာပေါ်မှာ သွားပြီးယုံတတ်ပါတယ်၊ နောက်တစ်ခါ -

ဗလဝပညော၊ မန္ဒသဒ္ဓေါ ကေဠာဋိကပကံ္ခ ဘဇတိ၊ ကောက်ကျစ်စဉ်းလဲတဲ့ အဖြစ်ကို ရောက်သွားနိုင်ပါတယ်၊ အဲဒီလို ကောက်ကျစ်စဉ်းလဲခြင်းဆိုတဲ့အဖို့ကို ရောက်သွားရင် ဘာနဲ့တူသလဲဆိုရင် ပြောရရင်တော့ ကျမ်းဂမ်များအရ ဆိုလို့ရှိရင် “ ဘေသဇ္ဇသမ္ပဋီတော်ရောဂေါ အတေကိစ္ဆောဝိယ ဟောခဲ့တဲ့ ဆေးကြောင့်ဖြစ်တဲ့ ရောဂါအကုခက်သလို အဲဒီလို တွေးတောစဉ်းစားတတ်သူတွေ ကင်းပြီးတော့ ယုံကြည်မှုတွေ၊ အားနည်းတဲ့ သဒ္ဓါအားနည်းတဲ့……၊ ဆေးကြောင့် ရောဂါအကုခက်သလို့ပဲ ပြောဆိုဆုံးမဖို့ ခက်တယ်လို့အလိုလို ဒေသနာတော်တွေမှာ အဲဒါ သတိထားပြီးတော့ အဓိက သာသနာ တိုင်းပြည်အတွက် ကောင်းအောင်ကြီပွားတိုးတက်အောင် ဆောင်ရွက်ရမှာ - ဟိုရှေ့တုန်းက ခုခေတ်တော့ သီရိလင်္ကာနိုင်ငံခေါ်မှာပေါ့။ ရှေ့တုန်းကတော့ သိဟိုဠ်ကျွန်းလို့ ခေါ်တယ်။

အဲဒိမှာ ဒုဋ္ဌဂါမဏိ မင်းကြီးဟာ သာသနာတော်ကို ဖျက်မယ့်၊ တိုင်းပြည်ကို ဖျက်မယ့်ကျေးကုလားတွေ တိုင်းပြည်၌ ကြီးစိုးလာလို့ အဲဒါတေါကို ရှေ့ထွက်ပြီး တော့ စစ်ခင်းသတဲ့၊ ဒီလိုစစ်ခင်းခါနီးမှာ “ အတ္တသုခါယ ဝယမော၊ နေသောမမ ကဒါစိ ပိ၊ သမ္ဗုဒ္ဓဝစနေဿဝ၊ ဌာပနာယ အယံ မမ၊” ငါ့ အတွက်များမြောက်၊ ချမ်းသာရောက်ဖို့၊ ခလောက်ကြီးကုတ်၊ အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ သာသနာ၏ ၊ ပြည်ကြည်ဖျန်းလှမ်း၊ ကျွတ်ဆုမြန်းဖို့ ငြိမ်းချမ်းကြစေ၊ ငါ့အသက်သည်လည်း၊ မသေဆုတ်နစ်၊ ရန်သူစစ်ကို၊ ခုတ်ထစ်ပိုင်းလျား၊ ငါစွန့်စာသည်၊ တရားေဿစ်မြေ၊ အောင်ပွဲတည်း၊” မိမိရဲ့အကျိုးအတွက်ဆိုရင် ငါဒီလောက် တောင် အားမထုတ်ပါဘူး မြတ်စွာဘုရား၏ သာသနာနှင့် တိုင်းပြည်၊ အမျိုးဘာသာ သာသနာအတွက်အသက်ကို စွန့်ပြီးတော့ အားထုတ်မယ်ဆိုတဲ့ အဲဒီ ဒုဋ္ဌဂါမဏိမင်းကြီးက သစ္စာပြုပြီးတော့ ဆောင်ရွက်ချက်တွေဟာ အင်မတန် အောင်မြင်ပြီးတော့ သာသနာပြုနိုင်လို့ အခုအချိန်ထိအောင် သာသနာနှင့် ပတ်သက်တဲ့ကိစ္စတွေမှာ ထင်ရှားကျော်ကြား လူသိများပြီးတော့ ချီးမွမ်းအံ့ဩခံရတယ်၊ ဘုရင်ကြီးတစ်ပါးကဲ့သို့ ဒကာကြီးတို့လည်း အမျိုးဘာသာ သာသနာနှင့် တိုင်းပြည်အတွက် ဆောင်ရွက်ရာမှာ ခုပြောခဲ့တဲ့ ငါအတွက် များမြောက်ချမ်းသာရောက်ဖို့ ခုလောက်ကျိုးကုတ်အားမထုတ်ဘူးဆိုတဲ့ သစ္စာအဓိဌာန်မျိုးနဲ့ ကြိုးစားအားထုတ်ပြီးတော့ အောင်မြင်ပြီးဝမ်းမြောက်နိုင် ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါသတယ်။

အဲဒိမှာ ဒုဋ္ဌဂါမဏိ မင်းကြီးဟာ သာသနာတော်ကို ဖျက်မယ့်၊ တိုင်းပြည်ကို ဖျက်မယ့်ကျေးကုလားတွေ တိုင်းပြည်၌ ကြီးစိုးလာလို့ အဲဒါတေါကို ရှေ့ထွက်ပြီး တော့ စစ်ခင်းသတဲ့၊ ဒီလိုစစ်ခင်းခါနီးမှာ -
“ အတ္တသုခါယ ဝယမော၊ နေသောမမ ကဒါစိ ပိ၊ သမ္ဗုဒ္ဓဝစနေဿဝ၊ ဌာပနာယ အယံ မမ၊”
“ငါ့ အတွက်များမြောက်၊ ချမ်းသာရောက်ဖို့၊ ခလောက်ကြီးကုတ်၊ အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ သာသနာ၏ ၊ ပြည်ကြည်ဖျန်းလှမ်း၊ ကျွတ်ဆုမြန်းဖို့ ငြိမ်းချမ်းကြစေ၊ ငါ့အသက်သည်လည်း၊ မသေဆုတ်နစ်၊ ရန်သူစစ်ကို၊ ခုတ်ထစ်ပိုင်းလျား၊ ငါစွန့်စာသည်၊ တရားေဿစ်မြေ၊ အောင်ပွဲတည်း၊” မိမိရဲ့အကျိုးအတွက်ဆိုရင် ငါဒီလောက် တောင် အားမထုတ်ပါဘူး မြတ်စွာဘုရား၏ သာသနာနှင့် တိုင်းပြည်၊ အမျိုးဘာသာ သာသနာအတွက်အသက်ကို စွန့်ပြီးတော့ အားထုတ်မယ်ဆိုတဲ့ အဲဒီ ဒုဋ္ဌဂါမဏိမင်းကြီးက သစ္စာပြုပြီးတော့ ဆောင်ရွက်ချက်တွေဟာ အင်မတန် အောင်မြင်ပြီးတော့ သာသနာပြုနိုင်လို့ အခုအချိန်ထိအောင် သာသနာနှင့် ပတ်သက်တဲ့ကိစ္စတွေမှာ ထင်ရှားကျော်ကြား လူသိများပြီးတော့ ချီးမွမ်းအံ့ဩခံရတယ်၊ ဘုရင်ကြီးတစ်ပါးကဲ့သို့ ဒကာကြီးတို့လည်း အမျိုးဘာသာ သာသနာနှင့် တိုင်းပြည်အတွက် ဆောင်ရွက်ရာမှာ ခုပြောခဲ့တဲ့ ငါအတွက် များမြောက်ချမ်းသာရောက်ဖို့ ခုလောက်ကျိုးကုတ်အားမထုတ်ဘူးဆိုတဲ့ သစ္စာအဓိဌာန်မျိုးနဲ့ ကြိုးစားအားထုတ်ပြီးတော့ အောင်မြင်ပြီးဝမ်းမြောက်နိုင် ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါသတယ်။
မှတ်ချက်မှတ်တမ်းအလတ်အချက်များကို ပြည့်စုံအောင်တင်ပြပေးချင်မယ်။စာဖိုင်းကမီးလောင်းထားတာဖြစ်လို့အတက်နိုင်ဆုံးပြန်ဖော်ပြပေးထားပါတယ်။နောင်မှာဒီစာအုပ်ချက်လတ်များကိုရှာဖွေးတင်ပြပေးပါမယ်။

အရှင်ထာဝရ
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့

အမျိုးသားရေးဝါဒ၏ အကောင်းဆုံးသောပုံသဏ္ဍန်မှာ နွေးထွေးလှိုက်လှဲသော မျိုးချစ်ဝါဒပင်ဖြစ်သည် ။ နိုင်ငံတကာ အားကစားပွဲတော်များတွင် ကိုယ့်အမျိုးသားသီချင်းကို ကြားလိုက်သည်နှင့် မျက်ရည်စို့  လာစေပြီး ကြက်သီးတစ်ဖြန်းဖြန်း ထလာစေသော စိတ်ဓာတ်မျိုးပင် ဖြစ်သော်လည်း အမျိုးသားရေးဝါဒ၏ အဆိုးဆုံးသော ဘေးထွက်ဆိုးကျိုးမှာ ငါ့နိုင်ငံမှ ငါ့နိုင်ငံ ၊ ငါ့လူမျိုးမှ ငါ့လူမျိုး ၊ ငါ့ဘာသာမှ ငါ့ဘာသာ၊ ဟူသည့် ဂျင်ဂိုအစ်ဇင် ( Jingoism ) ပင်ဖြစ်သည် ။

သမိုင်းတစ်လျှောက် နိုင်ငံရေးဝါဒ အမျိုးမျိုးရှိသည့်အနက် အမျိုးသားရေးဝါဒသည် အပြင်းထန်ဆုံး အားအကောင်းဆုံး ဖြစ်မည်ထင်သည်။ အခြားသောအကြောင်းအရာတို့ ထက် ၊ ဘာသာတရားကြောင့် ၊ အမျိုးသားရေးဝါဒကြောင့် သွေးတွေချောင်းစီးခဲ့ဖူးလှပေပြီ ။ လှုံ့ ဆော်ရေးသမားတို့ သည် ရာစုနှစ်ပေါင်း များစွာပင် မိမိတို့ ၏ ဒုက္ခသုက္ခများအတွက် ဘာသာရေး လူမျိုးရေးကို အပြစ်ဖို့ ကာ သွေးဆူနေသော လူအုပ်များကို လှုံ့ ဆော်ခဲ့ပေါင်း များခဲ့လှပေပြီ။

အလုပ်လက်မဲ့ဖြစ်မှုများ ၊ တိုင်းပြည်၏ အထွေထွေ ဆင်းရဲကျပ်တည်းမှုပြသနာများ ၊ နိုင်ငံရေး ပဋိပက္ခများ ၊ပြည်တွင်းစစ်ပြသနာများ ကိုလမ်းကြောင်းလွှဲရန်အတွက် အမျိုးသားရေးဝါဒ လှုပ်ရှားမှုကြီးဟူသည်မှာ အကောင်းဆုံးသော ထောင်ချောက်ကြီးသာဖြစ်သည် ။ အင်္ဂလိပ်သမိုင်းဆရာကြီး အက်ဒွပ်ဂစ်ဘွန်း (၁၇၃၇- ၁၇၉၄)ကတော့ " သမိုင်းဆိုသည်မှာ လူ့ လောကကြီး၏ ရာဇ၀တ်မှုများ ၊ မိုက်မဲမှုများနှင့် ကြမ္မာဂြိုလ်ဆိုးတို့ ကို မှတ်တမ်းတင်ထားသည့် မှတ်ပုံတင်စာရင်းကြီးသာဖြစ်သည် " ဟု လှောင်ပြောင်သရော်ခဲ့ဖူးသည် ။

စစ်ပွဲတိုင်းဟာ အမျိုးသားရေးဆိုင်ရာ ကံဆိုးမိုးမှောင်ကြမှုပါဆိုသော်လည်း ယနေ့ ကမ္ဘာကြီးက အလိုအလျောက်ဖြစ်သောစစ်ပွဲများထက် လူလုပ်စစ်ပွဲတွေနှင့်သာ ပြည့်စုံလွန်းနေခဲ့သည် ။ စစ်ကိုစတင်ကျူးလွန်သောသူ၏ အမုန်းတရားတို့ ကကြောက်ခမန်းလိလိ ဆိုးရွားသည်ဟုဆိုပါလျှင် အကျူးလွန်ခံလိုက်ရသူတွေ၏ အမုန်းကလည်း အခြားမည်သည့်ခံစားချက်နှင့်မျှအစားထိုးနိုင်ဖို့  ဖြစ်နိုင်မည်မထင် ။ တစ်ကယ်တော့လည်း နိုင်ငံရေးဟူသည်ကိုက ချဲ့ ကားစွာဝါဒဖြန့် ချီမှု သက်သက်သာ ဖြစ်သည်ကို သမိုင်းသက်သေများအရ ထင်သာမြင်သာရှိခဲ့ကြပြီ ။

လောကမှာ ကျွန်တော်တို့ ရွေးချယ်ခွင့်မရခဲ့ပဲ အလိုအလျောက် လက်ခံပိုင်ဆိုင်လိုက်ရသည့် အရာတွေ ရှိသည် ။ ရုပ်ရည်ပုံသဏ္ဍန် အသားအရောင် ၊ အရပ်အမောင်း ၊ နိုင်ငံသားဖြစ်ခွင့် ၊ လူမျိုး ၊ မိရိုးဖလာဘာသာ စသဖြင့် များပြားလွန်းလှသည် ။ မိမိထက် အားနည်းသည်ဟုထင်ပါလျှင် အနိုင်ကျင့်တတ်သည်မှာ လူသားတို့ ၏ မူပိုင်ခွင့်လား ၊ တိရိစ္ဆာန် များ၏ တောတွင်းဥပဒေသမှာရော အဆိုပါဥပဒေရှိပါ၏လား။ ကျွန်တော်သေချာ မပြောနိုင်ပေမယ့် လူသားတွေမှာတော့ သေချာပေါက် ရှိနေခဲ့သည် ။ " I Have a Dream " ဟု 28 , Aug , 1963 နေ့ က ပြောခဲ့သည့် မာတင်လူသာကင်း (ဂျူနီယာ) ၏ အိမ်မက်သည် အသက်သွေးချွေးမြောက်များစွာကို အရင်းပြုခဲ့ရပြီးသကာလ Nov. 4 , 2008 မှာမှ အိမ်ဖြူတော်ပေါ် ရောက်ရှိလာခဲ့ရသည် ။ အိပ်မက်တစ်ခု အကောင်အထည်ပေါ်ဖို့  45 နှစ်စောင့်ခဲ့ရသည် ။

တစ်ချို့ အိပ်မက်တွေကြတော့လည်း 1962 မှသည် 2013 ဆီသို့ တိုင် မပြည့်ကြသေးသလို ၊ ဘယ်တော့များမှလို့ ရယ်လည်းမသေချာ မရေရာ ရှိနေကြဆဲဖြစ်သည် ။ 51 နှစ်ကြာအောင် ကျွန်တော်တို့ စောင့်ခဲ့ကြသည် ။ နောက်ထပ်မည်မျှကြာဦးမည်ကိုမည်သူမျှ အတတ်မပြောနိုင် ။ ပိုလန်သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုခေါင်းဆောင် အဒမ်အစ်ရှနစ် ကတော့ " မရင့်ကျက်သေးတဲ့ဒီမိုကရေစီတစ်ခုအတွက် ထောင်ချောက်ကတော့ အမျိုးသားရေးဝါဒ ပဲဖြစ်တယ် " ဟုဆိုခဲ့သည် ။

အမျိုးသားရေးဝါဒဆိုသည်မှာလည်း လူသားတို့ ၏ စရိုက် သဘာဝတွင် နက်ရှိုင်းစွာ အမြစ်တွယ်ပြီးသားဖြစ်သည် ။ အခြားသောနိုင်ငံရေးဝါဒ အသီးသီးတို့ သည်သာ ပေါ်ပေါက်ပြီးလျှင် ပျောက်ကွယ်သွားခဲ့ကြသည် ။ အမျိုးသားရေးဝါဒကား ပြင်းထန်အားကောင်း၍ မတိမ်ကောနိုင်သည့် ခွန်အားရှိသည် ။ ယနေ့ လူ့အသိုင်းအ၀ိုင်းသည် မရေရာမှုများ ၊ သံသယများ ၊အုပ်စုတူ ဂိုဏ်းစိတ် ရူးသွပ်မှုများ ဖြင့်သာ လွှမ်းမိုးကြီးစိုးခံနေကြရသည် ။

နိုင်ငံတစ်ခုကို ဦးဆောင်ရန်အတွက် ခေါင်းဆောင်ကောင်းလိုသည် ။ သူရဲကောင်းတွေ လိုအပ်သည် ။ သို့ သော်လည်းသူရဲကောင်းဆိုသည်မှာ အလိုရှိသည့်အချိန်တိုင်းတော့ ပေါပေါများများ ပေါ်ထွန်းလာတတ်သည့်အရာမဟုတ် ။ မွေးမြူယူချင်သော်မှ ကာလ ဒေသ ပယောဂ တွေ ၊ အချိန်တွေ လိုအပ်သေးသည် ။ ကမ္ဘာပေါ်တွင် အာဏာရှင်စနစ်ဆီမှ ဒီမိုကရေစီဆီသို့  ခေါင်းလှည့်လာသည့် ခရီးစဉ်တိုင်းတော့ အောင်မြင်သည်မဟုတ် ။ နောက်ကြောင်းပြန်သည့် ဖြစ်ရပ်တွေက ကမ္ဘာနှင့်အ၀ှမ်းမှာ နေ့ စဉ်နှင့်အမျှ ဆိုသလို ။

ထိုအဖြစ်တွေကို ကာကွယ်ရန် နည်းလမ်း မရှိတော့ပြီလား ။ မရှောင်တိမ်းနိုင်ပဲ ထုံးစံမပျက်ချောက်ထဲ အကျခံလိုက် ကြရတော့ မှာလား။ အရပ်ဘက် လူ့အဖွဲ့ အစည်း ၊တစ်နည်းဆိုရလျှင် အားကောင်းသော အရပ်ဘက် လူ့ အဖွဲ့ အစည်း ၊ အရည်အချင်းရှိတဲ့ လူမှုပတ်ဝန်းကျင်အဖွဲ့ အစည်းတစ်ခု မဖြစ်မနေ လိုအပ်နေပြီ ။ မဟုတ်ခဲ့ရင်တော့ ကျွန်တော်တို့ ဟာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲခြင်းဆီကိုပဲ ပြန်လည်ဦးတည်နေကြရမှာဖြစ်သည် ။

ဘာသာတရားတို့ ၏စံနှုန်းများ ၊ အယူဝါဒရေးရာတို့ ၏ စံနှုန်းများ ၊ ယဉ်ကျေးမှုဆိုင်ရာ စံနှုံန်းများ ၊ ဘာသာစကားဆိုင်ရာ စံနှုန်းများတို့ ၏ တနဖိုးကို ညီမျှစွာ နားလည်ပေးနိုင်ရမည် ။ ကျွန်တော်တို့ ၏ ကံကြမ္မာသည် အတူတစ်ကွ ဖြစ်ကြောင်း ကိုလက်သင့်ခံပေးနိုင်ကြရလိမ့်မည် ။ ကျွန်တော်တို့ သည် တစ်လှေတည်းစီးပြီး တစ်ခရီးတည်းအတူ သွားနေ ကြရသည့် သူများဖြစ်သည်ကို မေ့၍မရ ။ အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ဟူသည့် ဘုံအကျိုးစီးပွားကို မမေ့မှသာ ဖြစ်လိမ့်မည် ။

ဘာသာကို ကာကွယ်လိုသည် ။ သာသနာကိုကာကွယ်လိုသည် ။ လူမျိုးကိုကာကွယ်လိုသည် ။ ကောင်းပါသည် ။ မကောင်းသည့် အချက်တစ်ခုမှ မပါပါ ။ သို့ ပါသော်လည်း မည်သည့် ပုံစံဖြင့်ကာကွယ်ကြပါမည်နည်း ။ မည်ကဲ့သို့ သော နည်းလမ်းဖြင့် ကာကွယ်ကြပါမည်နည်း ။ ဘာသာသာသနာဟူသည် ကာကွယ်စောင့်ရှောက်ခြင်း နည်းလမ်းဖြင့်သာ ကာကွယ်၍ ရလိမ့်မည် ။ခြိမ်းခြောက်၍ ၊ အကြမ်းဖက်၍ ၊ အမိန့် ပေး၍ ၊ သတ်ဖြတ်၍ သာ အောင်မြင်ကြေးပါဆိုလျင် ယနေ့ ကမ္ဘာကြီးမှာ ကိုးကွယ်စရာဘာသာ တစ်ခုတည်းသာ ရှိနေမှာက မလွဲဧကန် ပင် ဖြစ်သည် ။

ဒီမိုကရေစီနှင့် ထိုက်တန်ပါသည့်အကြောင်းကို ယခုလို ဟန်ဆောင်ပန်ဆောင် ဒီမိုကရေစီထဲမှာပင် ကျွန်တော်တို့  မဖြစ်မနေနေပြကြရပါလိမ့်မည် ။ အနောက်ရော ၊အရှေ့ ပါ ဘယ်သူ့ ကိုမျှ မမျှော်ကိုးပဲ ကျွန်တော်တို့  လူ့ အဖွဲ့ အစည်းသည် အမျိုးသားရေး ၀ါဒကို မိမိနည်း မိမိဟန်ဖြင့် စုစည်းညီညွတ်ပြကြရလိမ့်မည် ။ မဟုတ်လျှင်တော့ ကျွန်တော်တို့ သည် အုပ်စိုးသူတို့ ၏ အမျိုးသားရေးဝါဒ ထောင်ချောက်မှိုင်းကြီးထဲသို့  ဒိုင်ဗင်ပစ်၍ ထိုးဆင်းပေးကြရလိမ့်မည် ။

စဉ်းစားကြည့်ပါ ။ သူတို့ ၏ အမျိုးသားရေးစိတ်ဓာတ်ကြီးသည် အတော်ကလေး မထိတ်သာ မလန့် သာ ရှိလှသည် ။ နေရာအနှံ့  အမုန်းတွေကို မီးတောက်ရုံသာမက ၊ မြို့ တွေ ၊ ရွာတွေ ၊ အိမ်တွေကိုပါ လောင်မီးကျစေသည် ။ မိမိတို့ မြို့  ၊ မိမိတို့ ရပ်ရွာ အလှည့် ဘယ်နေ့ ရောက်မည်မှန်းမသိ တထိတ်ထိတ် နေရသည် ။ ထိုအမျိုးသားရေးစိတ်ဓာတ်သည် ဘယ်ကရောက်လာမှန်းမသိဟု ဆိုသော ၊ ဘယ်တော့မှလည်းဖမ်းလို့  မမိနိုင်သော နောက်ကွယ်က လူအုပ်ဆိုတာကြီးကိုသာ မွေးဖွားပေးလိုက်ပြီး ၊ မြို့ ပျက်ကြီးများ နှင့် အမုန်းတရားများကိုသာ အမွေအဖြစ် ကျန်ရစ်စေခဲ့သည် ။ ထိုအမျိုးသားရေး ၀ါဒအတွက် ကျွန်ပ်တို့ ၏ အမျိုးဘာသာ သာသနာကြီး မည်မျှတိုးတက်သွားသည်ကိုတော့ မသိရပေမယ့် ၊ ပျက်ဆီးဆုံးရှုံးမှုများ ကတော့သက်သေနှင့်တကွ ကျန်နေခဲ့ကြရသည် ။

ကမ္ဘောဒီးယားမှာ ခမာနီတို့ လက်ထက်က ဗုဒ္ဓဘာသာနှင့် ပတ်သက်သမျှ အမြစ်လှန် ဆွဲနှုတ်မြေမြှုပ် သတ်ဖြတ်ခဲ့သမျှနာကျင်ရသော နှစ်များမှာ လူ့အဖွဲ့ အစည်းနှင့် ကိုးကွယ်ရာများ၊ အသက်ပေါင်းများစွာကိုသာ ဖျက်ဆီးသတ်ဖြတ်နိုင်ခဲ့သည် ။တရားကိုကား ကွယ်အောင် မလုပ်နိုင်ခဲ့ ။ ဓမ္မကိုကား ကွယ်အောင်မစွမ်းနိုင်ခဲ့ ။ ရှင်သန်ကျန်နေရစ်ကြသမျှသောလူသားတို့ ဆီမှ ယုံကြည်ရာကို ၊ ကိုးကွယ်ရာကိုကား ဖြတ်တောက်မပစ်နိုင်ခဲ့။ ဖျက်ဆီးမပစ်နိုင်ခဲ့ ။ သူတို့ ပြောပြခဲ့ကြတာက သူတို့ ရဲ့  ယုံကြည်မှုက သူတို့ ရဲ့  နှလုံးသားထဲက လာတာပါတဲ့ ။ အသက်တွေ သေသွားတဲ့အထိ နှလုံးသားထဲက အဲဒီဓမ္မက အဓမ္မမှုတွေကို တော်လှန်နေခဲ့ကြတာပါတဲ့ ။

" အမုန်းကိုအမုန်းနှင့်မရပ်နိုင်

မေတ္တာနှင့်သာ ကုနိုင်ပါသည်

ဤသည်ကား ရှေးရှေးကတည်းက

အမြဲထာဝရ နိယာမပေတည်း " ပါတဲ့။

တစ်ကယ်ကတော့ ဘယ်သူကမှ အာမခံချက်ပေးမထားတဲ့ ခေတ်ကလကြီးမှာ နောက်ထပ် မီးအလောင်ခံရမယ့်မြို့ တွေ ၊ ရွာတွေ ၊ အိမ်တွေက ကျွန်တော်တို့  အိမ်တွေ ၊မြို့ တွေ မဖြစ်ဖို့  အရေးကြီးတာပဲ မဟုတ်လား။ကျွန်တော်တို့  ကိုယ်တာဝန်ကိုယ်ယူပြီး စဉ်းစဉ်းစားစားလေး စည်းလုံးကြမှပဲ ရလိမ့်မယ် ။

အမျိုးဘာသာ သာနာကာကွယ်တာ အရင်မလုပ်ခင် ဘူးလက်လှဆွေ ရဲ့  ဘင်္ဂလီပေါင်း ခုသိန်းသုံးထောင်တစ်ရာကိုးဆယ့်ငါးယောက် ကိစ္စလေးကို ကျွန်တော်တို့  အရင်ကာကွယ်ကြရအောင် ။ သူတို့ ပဲ ပြောခဲ့တာပါ ။ မြေမြို ၍ လူမျိုးမပျောက် ၊လူမြိုမှ လူမျိုးပျောက်မှာပါ တဲ့ ။ အခုတော့ နိုင်ငံရေးပါတီထောင်ခွင့်တောင်ပေးဖို့  ကြံ့ဖွတ်ပါတီက ကြံရွယ်နေတာပါ ။အဲဒါကြောင့် လောလောဆယ် ကျွန်တော်တို့ အရေးတကြီးကာကွယ်ကြရမှာက လွှတ်တော်ထဲက ဘင်္ဂလီ ၃ ယောက်ကိစ္စနဲ့ ၊ သူတို့ ကို ပေးထားတဲ့ ၀ှိုက်ကဒ် ဆိုတာကြီးရဲ့  အသက်ဝင်မှု ကန့် သတ်ချက်တွေကိုပါ ။အာရုံလွှဲရာ မပါကြဖို့  ၊ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေ အားကောင်းဖို့  လိုအပ်နေကြောင်းပါ ခင်ဗျာ ။ ။

ပြည်ချစ်သူ

2.9.2013

Ref ; Step by step By Maha Ghosananda Time sep 9 , 1991 မြသန်းတင့် - သမိုင်းစကား ပန်းစကား ဂျူး - အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ


မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသော တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ပတ်သက်၍ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများအား မလေးရှားနိုင်ငံသို့ သွားရောက်ဖြေရှင်းရန်အတွက် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ညွှန်ကြားချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံသို့ အလုပ်သမား အလုပ်အကိုင်နှင့် လူဝင်မှုကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သွားရောက်မည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်မှ ပြောကြားချက်မှ သိရသည်။

မလေးရှားအစိုးရသည် ၎င်းတို့နိုင်ငံအတွင်း၌ တရားမဝင်နေထိုင်နေသော နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီး လျက်ရှိရာ စက်တင်ဘာ ၂ ရက်အထိ မြန်မာနိုင်ငံသားအလုပ်သမား ၅၀၀ ခန့် ဖမ်းဆီးခံထားရပြီဖြစ်ကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများ ထံမှသိရသည်။

“Ops 6P Bersepadu” ဟု အမည်ပေးထားသည့် ယင်းဖမ်းဆီးစစ်ဆေးရေး စီမံချက်များမှာ မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန၏ enforcement personal အဖွဲ့၊ ရဲများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ များနှင့် ဒေသခံကောင်စီဝင်များ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး သုံးလကြာဖမ်းဆီး မည်ဟု မလေးအစိုးရက ထုတ်ပြန် ထားသည်။

“နေရပ်ပြန်ပို့ခံရမှာကို ကျွန်တော်အရမ်းစိုးရိမ်တယ်။ ကျွန်တော်တို့တွေအားလုံး မလေးရှားမှာ လာနေတာ ပြဿနာ ရှာဖို့မဟုတ်ဘူး။ ကိုယ့်နိုင်ငံထဲမှာ ကျန်ခဲ့တဲ့မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် အလုပ်လုပ်ချင်တာက ကျွန်တော်တို့ ရဲ့ ဆန္ဒပါ” ဟု မလေးရှားရောက် မြန်မာနိုင်ငံသား ကိုအောင်အောင်၏ ပြောဆိုချက် ကို The Star သတင်း စာ၏ ဖော်ပြချက် မှ သိရသည်။

ထို့ပြင် ယခုဖမ်းမိထားသူများကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေ အခန်း ၆၊ ပုဒ်မ ၁၅ (၄) နှင့် ပုဒ်မ ၅၅ တို့ အရ အရေးယူ သွားမည်ဖြစ်ပြီး “တရားမဝင်အလုပ်သမားတွေကို ပြည်နှင်ဒဏ်ပေးပါမယ်။ အလုပ်ရှင်တွေကတော့ မလေးရှားရင်းဂစ် ၅၀,၀၀၀ (ကျပ်သိန်း ၁၅၀ ခန့်) နှင့်အထက် ဒဏ်ကြေးပေးဆောင်စေခြင်း၊ ထောင်ဒဏ်ငါးနှစ်အထိ ကျခံစေခြင်း (သို့မဟုတ်) ကြိမ်ဒဏ်ခြောက်ချက်ပေးနိုင်ခြင်းတို့နဲ့ အရေးယူနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ယင်းပြစ်ဒဏ် သုံးရပ် စလုံးကျခံရနိုင်ပါတယ်” ဟု လူဝင်မှုကြီးကြပ် ရေးဌာန၏ ဒုတိယဒါရိုက်တာ ဆာရဝနကူးမား၏ ပြောဆိုချက်ကို The Star သတင်းဌာနတွင် ဆက်လက်ဖော်ပြထားသည်။

မလေးရှားအစိုးရက စတင်ဖမ်းဆီးချိန်မှစပြီး Tanjung Sepat နှင့် Tanjung Rhu ရှိဝင်ပေါက်ထွက်ပေါက် နေရာများကို တင်းကျပ်စွာ ထိန်းချုပ်စစ်ဆေးမှုများ ပြုလုပ်နေပြီး မလက္ကာနှင့် စလန်ဂေါကမ်းခြေများအကြားရှိ ကမ်းခြေရှစ် နေရာ ကိုလည်း ထွက်ပြေးတိမ်းရှောင်သူများ မသုံးနိုင်စေရန် ပိတ်ဆို့ထားခဲ့သည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.