09/08/13

( 7 Sept 2013 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Myanmar civil society going to lose another one ? ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်ပြီးကတည်းက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စတင်ခဲ့ရာ မြန်မာနိုင်ငံ လူထုအခြေပြုအဖွဲ့အစည်း လှုပ်ရှားသူများ အဖို့လှုပ်ရှားမှုများ တစ်ခုပြီး တစ်ခု အောင်မြင်ခဲ့ပါသည်။ ၂၀၁၀ မှ ယနေ့ထိ လူထုအခြေပြုအဖွဲ့အစည်းများ၏ ပါဝါနှင့် ပတ်သတ်ပြီး ပြောင်းလဲမှုကို ဆိုရလျှင် မြန်မာ့အသွင်ကူးပြောင်းရေးကာလ၏ အထင်ရှားဆုံးပြောင်းလဲမှုဟုဆိုရပါမည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ် တံခါးဖွင့်ပေးလာပြီးနောက် စစ်တပ်သည် ၂၀၁၀ မတိုင်မီကကဲ့သို့ နေရာတကာတွင် မပါဝင်တော့သော်လည်း တိုင်းပြည်၏ ဗဟိုချက်ကျသော အဖွဲ့အစည်းတစ်ခုဖြစ်နေ ဆဲဖြစ်ပြီး နေရာ ကဏ္ဍအတော်များများတွင် အဓိကနိုင်ငံရေး ဇာတ်ကောင် အဖြစ်မပြောင်း မလဲရှိနေဆဲဖြစ်သည်။ စီးပွားရေးရာသီဥတုမှာလည်း သံသယဖြစ်ဖွယ်မရှိ တိုးတက်လာသည်ဆိုသော် လည်း လွန်ခဲ့သည့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသော အနောက်နိုင်ငံများ နှင့် ဂျပန်တို့မှ ရင်းနှီးမြုပ်နှံသူများသည် စိတ်ပျက်လက်ပျက်ဖြစ် လည့်ပြန်ကြရသည်။ အကြောင်းမှာ အဂတိလိုက် စားမှု များပြားခြင်း၊ အခြေခံအဆောက်အဦး မပြည့်စုံခြင်း၊ မသေချာသည့် ဥပဒေများ၊ အလုပ်သမား အရည်အသွေးညံ့ဖျင်းခြင်းများသည် စီးပွားရေးလုပ်ရာတွင် ကြီးမားသော အတားအဆီးများ ဖြစ်နေဆဲ ဖြစ်ပါသည်။

သို့သော် လူထုအခြေပြုအဖွဲ့အစည်းမှာ ကြီးမားစွာပြောင်းလဲခဲ့ရာ ကမ္ဘောဒီးယားနှင့် ဆင်ဆင်တူသည် ဟု ဆိုရပါမည်။ ကမ္ဘောဒီးယားတွင် ပြည်တွင်းစစ် နှစ် နှစ်ဆယ်ကျော်ကြာပြီးဆုံးပြီးနောက် ရာဇာဝတ်မှု များနှင့် နွယ်သော အာဏာရှင်ရောနေသော နိုင်ငံရေးတွင် အားကောင်းပြီး၊ အမြတ်မရသော အသံလွှင့်မှုများနှင့် မီဒီယာမျိုးစုံ ကျယ်ကျယ်ပြန့်ပြန့် ရှိလာသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော လေးနှစ်ကဆိုလျှင် မည်သည့်ဆန္ဒပြမှုမဆို ထောင်နှစ်ရှည်ကျနိုင်ခြင်း၊ ထိုထက်ပို ဆိုးနိုင်ခြင်းများ ရှိနိုင်ပါသည်။ ပြည်တွင်းမီဒီယာများမှာလည်း ကန့်သတ်ခြင်းများ ခံခဲ့ရသည်။ ယခုအခါမီဒီယာ ဝန်းကျင်သည် လုံးဝတံခါးပွင့်သွားခဲ့ပြီး၊ သတင်းစာများ၊ အွန်လိုင်းစာမျက်နှာများ၊ နိုင်ငံပိုင်မီဒီယာများပင် အသွင်ပြောင်း ၍ ပုဂ္ဂလိကများနှင့် ယှဉ်ပြိုင်နေကြရာ၊ ပွင့်လင်းပြီးအမှန်တရား ဖော်ထုတ်သော ဇာတ်ကြောင်းများဖြင့် ဖော်ပြလာကြရာ လွန်ခဲ့သည့် နှစ်အနည်းငယ်က စဉ်းစား၍ပင် ရခဲ့ကြမည်မဟုတ်ပေ။ သမဂ္ဂများ၊ အကူအညီပေးရေးအဖွဲ့များ၊ အုပ်စုများသည် နိုင်ငံရေးအကျဉ်းသား ဟောင်းများကို အကူအညီပေးရန် လုပ်ဆောင်လာပါသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရန်ကုန်မြို့တွင် NGO အများအပြားလည်း ပေါ်ပေါက်လာရာ၊ အဖြစ်အပျက်များမှာ မြန်ဆန်သော ကြောင့် စာရေးသူ ရန်ကုန်သို့သွားရောက်တိုင်း အမြတ်မယူသည့်အဖွဲ့အစည်းများ အတွက် ရုံးခန်းနေရာရရှိရန် အတော်ခက်ခဲလာသည်ကို တွေ့ရပါသည်။ တချိန်တည်းမှာပင် နိုင်ငံအဝှမ်း ဆန္ဒပြ ပွဲများ ဟိုနေရာ သည်နေရာ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စအပါအဝင် အကြောင်းအရာမျိုးစုံအတွက် ပေါ်ပေါက်နေပါသည်။ အဆိုပါဆန္ဒပြမှုများသည် မြန်မာအစိုးရ၏ စဉ်းစားမှုအပေါ်အရေးပါသော သက်ရောက်မှုများ ရှိပါသည်။

လူသိအများဆုံး ကိစ္စရပ်တစ်ခုမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတွင် ပတ်ဝန်းကျင်အရ ပျက်စီးမှုများ ရှိသည်ဟု စိုးရိမ်မှုများကြောင့် ကြီးမားသောဆန္ဒပြမှုများကြောင့် အစိုးရက အဆိုပါရေလှောင်တမံကို ရပ်ဆိုင်းပေး ခဲ့ရပါသည်။ အဆိုပါရပ်ဆိုင်းမှုကို မြန်မာနိုင်ငံမှ လှုပ်ရှားသူများ အများစုက မြန်မာနိုင်ငံသည် ပြောင်းလဲနေပြီဟု မြင်သာစေသည့် အရေးကြီးသော လက္ခဏာ တစ်ခုအဖြစ် ရှုမြင်ကြပြီး၊ အစိုးရကလည်း ပြည်သူများအပေါ် ပို၍ တာဝန်ယူလာရသည်ကိုလည်း တွေ့ရပါသည်။

ထို့အပြင် နိုင်ငံရေးသမားများကလည်း ဒီမိုကရက်တစ် စိတ်ဓါတ်များ ဖွံ့ဖြိုးလာနေသည်ကို တွေ့ရပါသည်။ အစိုးရက လုပ်ဆောင်မှုများတွင် ပြည်သူများ၏ ထောက်ခံမှုလိုအပ်ပြီး ပြည်သူများ၏ အမြင်ကိုလည်း ဖြည့်ဆည်းပေးရန် လိုအပ်သည်ဟူသော သဘောများကို တွေ့လာရပါသည်။

သို့သော် မြန်မာနိုင်ငံမှ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်တပ်ကဲ့သို့သော အရပ်ဖက်လူ့အဖွဲ့အစည်းများ သည် ထင်သလောက် မပြောင်းလဲဟု ဆိုရမည်ဖြစ်ပါသည်။ ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းပြန်စ ဖွယ်ရှိနေသည်ဟု ယခုတစ်ပတ်တွင် ဧရာဝတီက သတင်းဖော်ပြခဲ့ပါသည်။ အရပ်ဖက်လူအဖွဲ့အစည်း မှ တက်ကြွလှုပ်ရှားသူအများစုက မြန်မာအစိုးရမှ မြစ်ဆုံကို ယာယီရပ်ဆိုင်းခဲ့ခြင်းသည် ရေလှောင်တမံ ကိုအပြီး ရုတ်သိမ်းခဲ့ခြင်း ဟုယုံကြည်ခဲ့ကြသည်။ သတင်းများက ဖော်ပြရာတွင် မြန်မာအစိုးရက ယာယီရုတ်သိမ်းခဲ့သော်လည်း အဆိုပါစီမံကိန်းအတွက် ရင်းနှီးမြုပ်နှံသူ တရုတ်သည် ရေလှောင်တမံ အတွက် ခွဲဝေ၍ ထားပေးသော ရန်ပုံငွေ၏ ထက်ဝက်ကျော်ကို အသုံးပြုပြီး ဖြစ်သည်ဟု စွမ်းအင်ရင်းနှီး မြုပ်နှံမှု ကွန်ဖရင့်တစ်ခုတွင် စီမံကိန်း၏ တရုတ်မန်နေဂျာများ၏ အဆိုအရသိရှိရသည်ဟု ဖော်ပြထား သည်။ ၎င်းကဲ့သို့ ပြောဆိုမှုမှာ ရေလှောင်တမံအတွက် ငွေမည်မျှ အသုံးပြုခဲ့သည် ဆိုသည်ကို ပထမဆုံးအကြိမ် ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ ငွေအတော်များများ ကုန်သွားခဲ့ပြီး ဖြစ်သည်ဟု ခိုင်ခိုင်မာ မာပြောဆိုခြင်းမှာ ရေလှောင်တမံကို ပြန်လည်စတင်မည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ အကယ်၍ ပြန်မစရသေးဟု ဆိုပါကလည်း ရေလှောင်တမံ စီမံကိန်းနေရာတွင် တိတ်တဆိတ် ဆောက်လုပ်ရေးလုပ်ကိုင်နေကြောင်း သတင်းများ စဉ်ဆက်မပြတ်ထွက်ပေါ်နေခဲ့ပါ သည်။

Yangon chronicle

အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ.မနက် ၉ နာရီက ရန်ကုန်မြို.တာမွေမြို.နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်သို.သွားရောက်ပြီး အလိုတော်ပြည့်ဆရာတော်ကြီးဘဒ္ဒ န္တအရိယ၀ံသ ကိုတွေ.ဆုံဖူးမျှော်ပါတယ်။ အဲဒီနောက် ဆရာတော်ကြီးနဲ. ဘာသာရေး၊လူမှုရေး နိုင်ငံရေးကိစ္စတွေကို ၁ နာရီကြာတွေ.ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စနဲ.ပတ်သက်ပြီးတော့လဲ လူမျိုးရေး ဘာသာရေး အစွန်းမရောက်ကြဘဲ ငြိမ်းချမ်းတဲ့ အဖြေတခုရရှိအောင်ဆောင်ရွက် ဖို.လည်းထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို. အဲဒီတွေ.ဆုံမှုအပြီးမှာ အလိုတော်ပြည့်ဆရာတော်ကြီးက မိန်.ကြားခဲ့ပါတယ်။

(သူသူအောင်) 8-9-2013
Photo..ခွန်ဒီးယမ် facebook

နိုင်ငံတွင်းပြဋ္ဌာန်း ထားသော ဥပဒေများ သည် ပြည်သူများကိုဖိနှိပ် ရန် ပြဋ္ဌာန်းထားခြင်းမဟုတ်ဘဲ တရားမဲ့သော ပြည်သူအချို့ကိုတားဆီးကန့်သတ်ရန် အတွက်သာပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း
 ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

စက်တင်ဘာလ ၇ရက်နေ့ကရန်ကုန်မြို့၊ ပြည်သူ့လွှတ်တော်ရုံးခွဲ၌ ပြုလုပ်သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် တရားစီရင်ရေးဆိုင်ရာအဖွဲ့အစည်းများ
တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ အစိုးရပိုင်းကနေ ပြည်သူတွေကို တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်ဆောင်ရမယ်။ ပြည်သူတွေကို ပညာပေးဖို့ လိုအပ်တယ်။ အများပြည်သူတွေက ဥပဒေဆိုတာတွေကို သိရှိနားလည်အောင် ပညာပေးဖို့ လိုအပ်တယ်။ ဥပဒေဆိုတာ ပြည်သူတွေကို ဖိနှိပ်ဖို့၊ ပြည်သူတွေရဲ့အခွင့်အရေးကို ပိတ်ပင်တားဆီးဖို့မဟုတ်ဘူး။ ပြည်သူအချို့က တရားဥပဒေမဲ့ လုပ်လာရင် တားဆီးဖို့၊ ကန့်သတ်ဖို့သာဖြစ်တယ်။ ဥပဒေက အားလုံးအတွက်ဆိုတာ ပြည်သူတွေနားလည်ဖို့ လုပ်ဆောင် ပေးရမယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်သူများဘက်မှလည်း ဥပဒေဆိုသည်မှာ ပြည်သူများကို နှိပ်ကွပ်ရန်၊ တားဆီးရန် ပြဋ္ဌာန်းထားသည်ဆိုသည့် အမြင်များ ရှိနေရာ ထို့သို့သောအနေအထားမျိုးတွင် တရားဥပဒေစိုးမိုးရေးမှာ အောင်မြင်နိုင်မည်မဟုတ်သောကြောင့် အစိုးရဘက်မှလည်း ပြည်သူများကို ပညာပေးရန်လိုနေပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ဥပဒေဆိုတာက အဓိကအားဖြင့် တိုင်းပြည်တစ်ပြည်မှာ စိုးမိုးဖို့နဲ့ တည်ငြိမ်အေးချမ်းမှုရှိဖို့ ဖြစ်တယ်။ အဲ့ဒါက အစိုးရ ကိုလည်း အထောက်အကူဖြစ်တယ်။ ပြည်သူကိုလည်း အထောက်အကူဖြစ်တယ်။ ဒီမိုကရေစီစနစ်အရ ပြည်သူတစ် ယောက်ဟာ နောက်တစ်နေ့မှာ အစိုးရအဖွဲ့ဝင် ဖြစ်သွားနိုင်သလို၊ အစိုးရအဖွဲ့ဝင်တစ်ယောက်ဟာလည်း နောက်တစ်နေ့မှာ ပြည်သူဖြစ်သွားနိုင်တယ်။ ဒီတော့ အစိုးရက သပ်သပ်၊ ပြည်သူက သပ်သပ်ဆိုတာ ဒီမိုကရေစီစနစ် မှာ ခွဲခြားလို့မရနိုင်တဲ့အကြောင်း အများကသိဖို့လိုတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင်လည်း အုပ်ချုပ်ရေးပိုင်းမှ ပါဝင်ပတ်သတ်နေမှုများကြောင့် များစွာပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရမည်ဖြစ်ကာ လက်ရှိ တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်မှုမရှိသေး ခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး ယင်းအနေအထားများကို ပြုပြင်ရန်အတွက် ပွင့်လင်းစွာ ဆွေးနွေးရန် လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Yangonchronicle

ရဲဝန်ထမ်းတစ်ဦးလျှင် အနိမ့်ဆုံးလစာ ကျပ်တစ်သိန်း နှစ်သောင်းနှုန်းရရှိစေရေးအတွက် လာမည့်အဋ္ဌမ အကြိမ် လွှတ်တော်အစည်းအဝေးတွင်တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း တာမွေမြို့နယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောသည်။

''ရဲဝန်ထမ်းတွေအတွက် အနိမ့်ဆုံး လစာတွေကို အနည်းဆုံး ကျပ်တစ်သိန်း ကျော်၊ တစ်သိန်းနှစ် သောင်းလောက်အထိ ရရှိအောင် မေးခွန်းတွေ မေးသွားဖို့ ပြင်ဆင်နေပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဘဝမြှင့် တင်ရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ဖို့ ရှိပါတယ်''ဟု ၄င်းက ဆိုသည်။ လက်ရှိတွင် ရဲဝန်ထမ်းများသည် လုပ်ခ လစာ နည်းပါးခြင်းကြောင့် စားဝတ်နေရေး ခက်ခဲခြင်း အပါအဝင် မပြည့်စုံမှုများဖြင့် ဝန်ထမ်းဘဝကို ဖြတ်သန်းနေရပြီး၊ ယင်းကိစ္စများကို ပြေလည်စေရေးအတွက် အဂတိ လိုက်စားခြင်း၊ အကျင့်ပျက်ခြစားခြင်း ကိစ္စများကို ပြုမူဆောင်ရွက်နေကြကြောင်း၊ ထို အများပြည်သူတို့၏ ယုံကြည် အားကိုးမှုကို မခံရဘဲ အထင်အမြင်လွဲမှားမှုများကို ခံစားနေ ရကြောင်း ပြည်ထဲရေးဝန်ထမ်းတချို့ထံမှ သိရသည်။ ''ပြီးခဲ့တဲ့ လွှတ်တော်မှာတော့ ရဲတွေအတွက် ယူနီဖောင်းကိစ္စ၊ လစာ ကိစ္စတွေကို မေးခွန်းမေးခဲ့ပါတယ်။ ပြည်ထဲရေး ဒုတိယဝန်ကြီးကလည်း တိုးဖို့ ရှိတယ်လို့ ဖြေခဲ့ပါ တယ်။ ဒါကြောင့် ရဲဝန်ထမ်းတွေ လစာလုံလောက်စွာ ရရှိရေးနဲ့ ဝန်ထမ်းအိမ်ရာတွေကို လာမယ့် ဘတ်ဂျက်မှာ တည်ဆောက်ပေးနိုင်အောင် ဆက်ပြီး တိုက်တွန်းတာတွေလုပ်သွားမှာပါ''ဟုဒေါ်လဲ့လဲ့ဝင်းဆွေက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ရဲဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးအခြေခံလစာမှာ ရဲတပ်သားတစ်ဦးလျှင် ကျပ်ခြောက်သောင်းဖြစ်ပြီးအရာရှိများ၊ မြို့နယ် ရဲမှူးများ၏လစာမှာကျပ်တစ်သိန်းငါးသောင်းအထိဖြစ်ကြောင်း ပြည်ထဲရေးဒုဝန်ကြီး၏လွှတ်တော်တွင် ဖြေကြားခဲ့မှုများအရ သိရသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များကို ရိက္ခာထောက်ပံ့ငွေအဖြစ် ၂ဝ၁၂ ခုနှစ်တွင် တစ်လလျှင် ကျပ် ၅ဝဝ သာ ခံစားခွင့်ရရှိခဲ့ပြီး ၂ဝ၁၃ခုနှစ် ဧပြီလ(၁) ရက်နေ့မှ စတင်ကာ တစ်ဦးလျှင် ကျပ် ၈ဝဝ အထိ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။
''လစာတိုးဖို့ ၊ ရိက္ခာတိုးဖို့ ကိစ္စတွေကို ကြိုဆိုပါတယ်။ဒီလိုလုပ်မှ စားဝတ်နေရေးကိစ္စက ပြေလည်မှာပါ။ ဒီလို လစာတွေ၊ စရိတ်တွေတိုးပေးထားပြီး ရဲတွေ အဂတိလိုက်စားရင်၊ အကျင့်ပျက်ခြစားရင် ထိထိရောက် ရောက် အရေးယူဖို့လိုတယ်။ ဒါမှ ပြည်သူက ယုံကြည်အားထားတဲ့ အဖွဲ့အစည်းဖြစ်လာမှာပါ''ဟု နေပြည်တော်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။(photo- AFP)

The messenger journal

ရွှေဝါရောင် တော်လှန်ရေး (၆) နှစ်မြောက်နေ့ကို ကြည့်မြင်တိုင်၊ သာဓုကျောင်းတိုက်တွင် ကျင်းပရန် စီစဉ်ထားပြီး ယင်း အခမ်းအနားအတွက် အစိုးရအဖွဲ့မှ လှူဒါန်းမည့်ငွေကြေးများကို လက်ခံမည် မဟုတ်ကြောင်း ရွှေဝါရောင် အခမ်းအနား ကျင်းပရေး ကော်မတီ သံဃာတော်များက စက်တင်ဘာလ ၇ ရက်နေ့က ပြောသည်။

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး (၆) နှစ်မြောက်နေ့တွင် ၂၀၀၇ တော်လှန်ရေးအတွင်း ပါဝင်ခဲ့သော ပြည်တွင်း၊ ပြည်ပ ဆရာတော်များကို ဖိတ်ကြားထားပြီး ဖြစ်ပြီး ရွှေဝါရောင်ဆရာတော်များ စုပေါင်း၍ ကြေငြာချက်တစ်ရပ် ထုတ်ပြန်သွားမည် ဖြစ်သည်။

“ဦးဇင်းတို့ ရွှေဝါရောင်မှာ ပါတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဖမ်းတယ်၊ စစ်တယ်။ ထောင်က လွတ်လာတော့လည်း မူလကျောင်းတိုက်ကို ပြန်မပေးတဲ့ သံဃာတော်တွေ များစွာ ရှိခဲ့တယ်။ အဲဒီကိစ္စက သံဃာ့ မဟာနာယကအဖွဲ့နဲ့ အစိုးရအပေါ်မှာ မူတည်တယ်။ အခုတော့ ပြည်တွင်းပြည်ပ ဆရာတော် အပါး ၂၀၀ ကျော်လောက် ဖိတ်ထားတယ်။ လက်ရှိအချိန်ထိတော့ ပုဂ္ဂလိက အလှူရှင်တွေက အလှူငွေ ၁၅ သိန်း လက်ခံရရှိထားတယ်” ဟု ဦးအဂ္ဂဓမ္မ (ငွေကြာယံစာသင်တိုက်) ဆရာတော်က မိန့်သည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ရှစ်လေးလုံး ငွေရတုနှစ်ပတ်လည် အခမ်းအနား ရန်ပုံငွေ၏ ပိုငွေများအနက်မှ ကျပ်သိန်း ၂၀ ကို ရွှေဝါရောင် အခမ်းအနား ကျင်းပရန်အတွက် ယနေ့ ညနေပိုင်းက ၈၈ ရုံးခန်းတွင် ရွှေဝါရောင်နှစ်ပတ်လည် အခမ်းအနား ကျင်းပရေးကော်မတီ ဆရာတော်များထံ လှူဒါန်းခဲ့သည်။

ရွှေဝါရောင်နေ့တွင် အစိုးရအဖွဲ့ အသီးသီးမှ လှူဒါန်းမည့်ငွေကြေးများကို လက်ခံမည် မဟုတ်ဘဲ နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမျိုး ဘာသာမရွေး တက်ရောက်နိုင်ကြောင်းနှင့် ယခင်က ရွှေဝါရောင် တော်လှန်ရေးနေ့တွင် အခမ်းအနားများကို တိတ်တဆိတ်သာ ကျင်းပခဲ့ရကြောင်း ၄င်းကော်မတီမှ ပြောသည်။

“သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးတွေရဲ့ နှိပ်စက်မှုကြောင့် သံဃာတော်များစွာ အခြေအနေ၊ ဘ၀အမျိုးမျိုးကို ရောက်ခဲ့ရတယ်။ တချို့ဆိုရင် လူဝတ်လဲသွားရတဲ့ စာတတ်ပေတတ် သံဃာတော်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံအတွက်၊ ဘာသာ လူမျိုးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါ” ဟု ရွှေဝါရောင် ဆရာတော် တစ်ပါးက မိန့်သည်။

ကျော်စိုးဦး
မြန်မာသံတော်ဆင့်

မမေ့နိုင်တဲ့အကြောင်းတစ်ခုပါပဲ။ ၁၉၈၉ မတ်လ၁၉ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်က တရားမျှတမှု ပါတီရုံးခန်းမှာ ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်း အနားတစ်ခုကို သွားရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ မဝင်းမော်ဦးအပါအဝင်ကျဆုံးသွားသူတွေရဲ့ ဓာတ် ပုံတွေကိုချိတ်ပြီးဖယောင်းတိုင်၊အမွှေးတိုင်တွေ ထွန်းညှိထားပါတယ်။ ကျွန်တော့်ရင်ထဲမှာ
ဆို့ဆို့ နင့်နင့်ခံစားခဲ့ရပါတယ်။ အခုထိလည်း တွေးမိတိုင်းခံစားနေရစမြဲပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကျဆုံး သွားသူတွေဟာ အဖြူအစိမ်းဝတ်ကျောင်းသူ ကျောင်းသားလေးaတွ ဖြစ်နေလို့ပါ။

ဒီလိုနဲ့ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာကျွန်တော့်ကို စစ်ခုံ ရုံးအမှတ် ၂ကနေ ပြစ်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ တူသော အနှစ် ၂ဝကိုချ မှတ်လိုက်ပါတယ်။ အဲဒီ
နေ့ညနေမှာ ကျွန်တော်နေထိုင်ရာ ပုဒ်မ(၁ဝ/က)တွေထားတဲ့၃ တိုက်ကနေ တိုက် နံပါတ်(၄/တို)ကို ရွှေ့လိုက်ပါတယ်။ ကျွန်တော်ထောင်အနှစ်(၂ဝ) ကျသွားပါပြီ။ ဘယ်အချိန်မှ
ကျွန်တော်ပြန် လွတ် မယ်ဆိုတာ မသိတော့ပါဘူး။

ကျွန်တော့်မှာရှိသမျှ သံယောဇဉ်တွေကို မေ့ပျောက်နိုင်ဖို့၊ အဆက် ဖြတ် နိုင်ဖို့ကျွန်တော်ကြိုးစားရပါတော့မယ်။ကျွန်တော့် ကိုတိုက်နံပါတ် (၄/တို)အခန်း(၂၅)ကို
ပို့ လိုက်ပါပြီ။ ကျွန်တော်နဲ့ တစ်ခန်း တည်း သား တွေ ကဖထီးမန်းဒါဝိတ်၊ စကျော်ငြိမ်း၊ ကိုမင်းသိန်းနဲ့ မန္တလေးကဟန် ထွန်း သိန်း။ ၁၂ပေx၈ပေ အခန်းလေးထဲမှာ လူက
၅ယောက်။ အခန်းတံခါး ဖွင့်ပေးချိန်က ၁နာရီတောင်မရှိ။

ကျန်တဲ့ ၂၃နာရီ အခန်းထဲမှာ စုပြုံပြီးနေပေတော့။ ကျွန်တော်တို့မှာ စာဖတ်ခွင့်မရှိ၊ စာရေးခွင့်ဆိုဝေလာဝေး။ အိမ်က ပေးတဲ့မုန့်ထုပ်က စာရွက်တွေတောင် အခွာ ခံနေရ တဲ့ အချိန်။ ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုအကျိုး ရှိအောင်နေ ချင်တယ်။ဒါကြောင့် သီချင်းတွေ ရေး ဖို့ စဉ်းစားရင်း အဲဒီတစ်ရက်တည်းမှာ သီချင်းနှစ် ပုဒ်ရလိုက်ပါတယ်။ ရတဲ့သီချင်းနှစ်ပုဒ်ကို ဖိုကြီး
ကရ တဲ့ မီးသွေးခဲနဲ့ နံရံမှာရေးချလိုက်ပါတယ်။ ပထမ တစ်ပုဒ်က'အမိတက္ကသိုလ်(သို့မဟုတ်) ၈၈အမေ' ဒုတိယတစ်ပုဒ်က တော့ ဝင်းမော်ဦးတို့ အတွက် 'စက်တင်ဘာ မျက်ရည်' ပဲ ဖြစ်ပါတယ်။ အခုလို စက်တင်ဘာ ၁၉ရက် နေ့ တွေ နီးရင်ကျွန်တော် မသိစိတ် ထဲက အမြဲသီ ဆိုဖြစ်နေတဲ့ “စက်တင် ဘာမျက်ရည်”သီချင်းလေး ကို မျှဝေ
ပေးလိုက်ပါတယ်။
ဂျင်မီ
------------------------

စက်တင်ဘာမျက်ရည်
------------------------
အဖြူနဲ့အစိမ်းလေး..သူငယ်ချင်းရယ်
အရုဏ်ဦးအတွက်ဖြတ်သန်း ရတဲ့ ခရီးတွေမှာ
တစ်ချိန်မှာ တို့ခွဲရ ဦးမလား ပြောဖူးတယ်။
နင်လေတို့အမျိုးအတွက်
စက်တင်ဘာတစ်ခုသော မနက် ကြွေကာ
လွင့်သွားတဲ့ ပန်းငယ်မို့ စက်တင်ဘာလရဲ့
မျက် ရည်လည် အဖြူနဲ့ အစိမ်းလေး...သူငယ်ချင်း ရယ်
ပြန်မလာတော့တဲ့ ဟိုးအဝေးသို့ ထွက်ခွာ စဉ်
တမလွန်မှာ နင်ဝမ်းသာဖို့ ကြိုးစားမယ်။
အဖြူရောင်သူငယ်ချင်းရဲ့
တိုင်တည်မယ်ကတိပေးလျက်
ငွေရောင်မိုးစက်များ ကြွေတဲ့
စက်တင်ဘာရောက်တိုင်း အလွမ်းတွေ ကြွယ်၊
စက်တင်ဘာရောက်တိုင်း လွမ်းနေမယ်။
စက်တင်ဘာရောက်တိုင်း မျက်ရည်လည်။
တေးရေး၊ တေးဆို - ဂျင်မီ

(စက်တင်ဘာ(၁၀)ရက်နေ့ ထုတ်၊
ပေါ်ပြူလာဂျာနယ်-အတွဲ(၁၇)အမှတ်(၃၅)မှ)

တကယ်တော့ တောင်သူလယ်သမားကြီးများနဲ့ ပတ်သက်တဲ့ဆောင်းပါးတစ်ပုဒ်လောက် ရေးမလို့ပါပဲ။ ကျွန်တော်တို့နိုင်ငံက လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်လေတော့ လယ်သမားကြီးများကို အရေးထားခဲ့ပါတယ်။ ဆရာမောင်ထင်က ဂျပန်ခေတ်လယ်သမားဘ၀ကို ရေးဖွဲ့ခဲ့တဲ့ နာမည်ကြီးဝတ္ထု ´ငဘ´ကို အကြောင်းပြုပြီး လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ သတင်းစာများက လယ်သမားကြီး များကို ´ငဘ´ တွေလို့ သုံးနှုန်းခဲ့ပါတယ်။ တကယ်တော့ ငဘ၀တ္ထုက တကယ်ရသမြောက်ပြီး အဲဒီဝတ္ထုကို အဲဒီခေတ်မှာ ရုပ်ရှင်ရိုက်ခဲ့တော့ လည်း အရမ်းအောင်မြင်ပြီး သရုပ်ဆောင်များကလည်း တကယ်တောသူတောင်သားများလို လယ်ထဲမှာမြင်ကြရသလို တကယ်ကို ပီပြင် ပါသတဲ့။ အဲဒီ ဇာတ်ကားကြီးကို နိုင်ငံခြားကို တင်ပို့ပြသနိုင်တဲ့အပြင် ရုရှားနိုင်ငံကလည်း ၀ယ်ယူခဲ့ပါသတဲ့။ ကျွန်တော်ပြောလိုရင်းကတော့ ]ငဘ}ဆိုတာဟာ ဘယ်လောက် မြန်မာ့လူအဖွဲ့အစည်းမှာ ဂုဏ်တက်ပြီး နေရာရခဲ့သလဲဆိုတဲ့ အကြောင်းပါ။ ဒါကြောင့် လယ်သမားကို ငဘလို့ တင်စားခေါ်လို့တော့ ဂုဏ်မတက်တောင် ဂုဏ်မပျက်လောက်ဘူး ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က သတင်းစာတွေမှာ ]ငဘတို့ဝမ်းသာစရာ စပါးဈေးများကောင်း}ဆိုတဲ့ ခေါင်းစဉ်မျိုးဖတ်ရတော့ လယ်သမားတွေကို အထင်သေးတာတို့၊ သိမ်ငယ်စရာလို့ထင်မိတာတို့လည်း တစ်ခါမှ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်တော့ တစ်ခေတ်ပြောင်းပြီး ]ခေတ်ပြောင်း တော်လှန်ရေးကြီး}ဆင်နွဲမယ်ဆိုတဲ့ တော်လှန်ရေးကောင်စီကြီးတက်လာသကိုး။ တော်လှန်ရေးကောင်စီကြီးက နာမည်နဲ့လိုက်အောင် အကုန်လုံး ကို တော်လှန်ပြောင်းလဲပစ်လိုက်တာ အစိုးရအဖွဲ့ကိုတောင် ၀န်ကြီးချုပ်တို့၊သမ္မတတို့နဲ့မဟုတ်ပဲ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီးက ဦးဆောင် တာလေ။ ၀န်ကြီးဆိုတာမရှိပဲ "တာဝန်ခံ"လို့ ခေါ်ခဲ့တာပေါ့။ ကျန်းမာရေးဌာနတာဝန်ခံ၊ ပညာရေးဌာနတာဝန်ခံ စသဖြင့်ပေါ့။

အဲဒီမှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီးက တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲဆိုတဲ့ စည်းဝေးပွဲကြီးတစ်ခုမှာ လယ်သမားတွေကို ]ငဘ}ခေါ် နေတာမသင့်တော်ပါဘူးလို့ ပြောသွားတယ်။ အဲဒီတော့ လယ်သမားတွေကို ငဘတွေလို့ရေးနေကျ သတင်းစာများက ဘာရေးရမှန်းမသိ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ အဲဒီအစည်းအဝေးကြီးမှာ အဲဒီတော်လှန်ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းက လယ်သမားတွေကို ]ဦးကြီးတို့အနေနဲ့} }ဦးကြီးတို့က}စသဖြင့် ရည်ညွှန်းသုံးနှုန်းသွားလေတော့ အဲဒါကိုယူပြီး ကြေးမုံသတင်းစာကြီးက လယ်သမားများကို ]ဦးကြီး}တို့ စတင်သုံးနှုန်းခဲ့ပါ သတဲ့။ အဲဒီလိုနဲ့ လယ်သမားတွေဟာ }ဦးကြီး}ဖြစ်လာရတဲ့ ၂၆နှစ်အတွင်းမှာ နဂိုက သူကြီး၊မြို့အုပ်နဲ့ ရာဇ၀တ်အုပ်လောက်ကို ကြောက် ခဲ့ရရာကနေ မူလကြောက်နေကျများအပြင် ပါတီတို့၊ ကောင်စီတို့၊ လယ်သမားအစည်းအရုံးတို့ဆိုတာတွေကိုပါ ကြောက်ရတာကလွဲပြီး ဘာမှ ထူးထူးထွေထွေ မဖြစ်ခဲ့ရုံမက ဆန်အဓိကတင်ပို့တဲ့နိုင်ငံစာရင်းဝင် ကျွန်တော်တို့ဟာ ဖေါက်သည်တွေပျက်ရတဲ့နိုင်ငံတောင်ဖြစ်ခဲ့ရပါတယ်။ အခုတော့ ခေတ်တွေက နောက်ထပ်နှစ်ဆင့်သုံးဆင့်တောင် ထပ်ပြောင်းပြန်ပြီ။ "ဦးကြီး"တွလည်း ဦးကြီးခေါ်မယ့်သူမရှိပြန်ဘူး။ (ခင်ဗျားကြီးတို့လို့ ခေါ်မယ်သူတွေဘာတွေ မရှိရင်ပဲ ကျေုးဇူးတင်ရမယ်)။ အခုတော့ အားလုံးက "တာင်သူလယ်သမားကြီးများ"လို့ပဲ သုံးနှုန်းကြပါတယ်။

ကျွန်တော်ကတော့ ငဘခေါ်တာကိုလည်း တင်စားမှုအနေနဲ့ ကြိုက်သလို လေးစားသမှုနဲ့ ဦးကြီးခေါ်တာကိုလည်း သဘောကျပါတယ်။ ဒါပေမဲ့ ဦးကြီးခေတ်ကတော့ ကုန်သွားပြီပေါ့။ အခုဟာက ဆွေမျိုးထဲမှာတောင် ဦးကြီးတို့၊ ဦးလေးတို့ သိပ်မခေါ် ကြတော့ဘူးလေ။ (အာဂျုရှိတို့ဘာတို့တောင် ခေါ်ချင်နေကြပြီ)။ ဒီတော့ ကျွန်တော်က ခေတ်နဲ့အညီ လယ်သမားကြီးများကို လေးစားသမှုနဲ့ ထွင်ပြီး ခေါ်ကြည့်ချင်တာပါ။ အန်ကယ်ကြီး၊ အန်ကယ်လေးများလို့လေ။ လယ်သမားများကလည်း ဟိုအရင်ရုပ်ရှင်ထဲမှာပဲ မြင်ရတတ်တဲ့ ပုဆိုးတိုတိုနဲ့ တဘက်ပေါင်းတဲ့ရုပ်မျိုးမဟုတ်တော့လို့လေ။ အခုလယ်ထဲမှာလည်း "ငါကြိုက်တာဂျင်းပင်အပြာ" ဆိုတာမျိုးဖြစ်နေပြီ မဟုတ်လား။ ပြီးတော့ အန်ကယ်လေးဆိုတာကလည်း နာမည်ကြီးမင်းသားတစ်လက်ကို ရုပ်ရှင်လောကသားတွေခေါ်တဲ့နာမည်မို့ လယ်သမားကြီး၊ လယ်သမားလေးများကလည်း ကျေနပ်မယ်ထင်ပါတယ်။

ခက်တာက အဲဒီအန်ကယ်ကြီးအန်ကယ်လေးတို့မှာ အခုဟာ ပြဿနာတွေအမျိုးမျိုး ကြုံနေကြရတာကို ကြားကြားနေရတာပါပဲ။ တချို့လယ်သမားများဟာ တစ်သက်လုံးလုပ်လာတဲ့ လယ်တွေယာတွေမြေတွေကို အဖွဲ့အစည်းအမျိုးမျိုးက အကြောင်းအမျိုးမျိုးပြပြီး သိမ်းယူလိုက်လို့ စိုက်စရာတောင်မြေမရှိရာက ကာလတစ်ခုမှာတော့ အောင့်ဧည်းခံကြရာကနေ အခုတော့ နည်းနည်းလေးပြောလို့ဆိုလို့ ရလာတော့မှ လူသိရှင်ကြား အော်လို့ရ ငိုပြလို့ရလာတာကိုး။ ဒီတော့မှ အရပ်ရပ်နေပြည်တော် ကြားလို့မတော်တဲ့ကိစ္စကြီးတွေ လွှတ်တော် ထဲအထိရောက်ပြီး လွှတ်တော်ထဲမှာ ကိုယ်စားလှယ်ကြီးများက "ဓားပြတိုက်သလိုဖြစ်နေပါပြီ"တို့ ဘာတို့ပြောတဲ့အထိ ရောက်လာတာကိုး။ အမှန်တော့ မြေသိမ်းတဲ့ကိစ္စကို ဓားပြနဲ့နှိုင်းတာကတော့ ဓားပြာသိက္ခာကျတာပေါ့ဗျာ။ ဓားပြဆိုတာက သူဘယ်သူဆိုတာ လူသိမှာစိုးလို့ မှောင်ရိပ်ခိုရတာတို့၊ မျက်နှာအ၀တ်စည်းရတာတို့၊ မျက်နှာဖုံးစွပ်ရတာတို့၊ ဓားပြတိုက်ပြီးရင်လည်း လူမိမှာစိုးလို့ ထွက်ပြေးရတာတို့ ရှိသေးတာကိုး။ အခုမြေသိမ်းတဲ့သူက မှောင်ရိပ်ခိုစရာမလို၊ မျက်နှာအ၀တ်စည်းစရာလည်းမလို၊ ကြောက်ပြီးရှက်ပြီးလည်း ထွက်မပြေးဆိုတော့ ဓားပြက သူ့ထက် ရှက်တတ် ကြောက်တတ်သေးတာမို့ တနည်းအားဖြင့် "ဟီရိဂုဏ်" "သြတပ္ပဂုဏ်"တွေမှာ သူ့ထက်ဓားပြကသာတယ် ဆိုရမှာပေါ့။ ဒီတော့ သူတို့လို လူမျိုးတွေနဲ့အနှိုင်းခံရရင် ဓားပြကတောင် စိတ်ဆိုးမယ်ထင်တာပါပဲ။

တလောက ကြားဖူးလိုက်တဲ့အဖြစ်တစ်ခုမှာဆို မြေသိမ်းသူက မြေပိုင်သူဆီက ၀ယ်ဖို့ပွဲစားနဲ့ စကားလာပြောဖူးပေမယ့် ပွဲစားဆီကရော ၀ယ်ချင်သူဆိုတဲ့ဆီကပါ ငွေတစ်ပြားမှ မရခဲ့ဖူးဘူးတဲ့။ (ကြားပွဲစားက လိမ်ယူထားတာလားတော့ မဆိုနိုင်ဘူးပေါ့)။ ဒါပေမဲ့ သူ့မြေနာမည်ပေါက် သွားပြီဆိုပြီး အပင်တွေ လာစိုက်တော့တာဆိုကိုး။ အဲဒီမှာ လယ်သမားတွေကလည်း ကိုယ့်လယ်ကိုယ်ယာထဲ ၀င်စိုက်တော့ တစ်နေ့မှာ အခုပိုင်ရှင်ဆိုသူကြီးနဲ့ ပက်ပင်းတိုးပြီး သေနတ်ထုတ်ချိန်လို့ ထွက်တောင်ပြေးရဆိုပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပိုင်ရှင်ဆိုနေသူကြီးက မီဒီယာတစ်ခုက အင်တာဗျူးရာမှာ သူ့မြေဖြစ်နေပြီမို့ လာမစိုက်ပါနဲ့လို့ ပြောနေတဲ့ကြားက လာလာစိုက်နေတော့ "ကျွန်တော်လည်း ခြောက်ချင်လာတာပေါ့-လို့" ဆိုတာမျိုး ၀န်ခံပြောထားတာတောင် ဖတ်ရပါတယ်။ ကဲ၊ အန်ကယ်လေး၊ အန်ကယ်ကြီးတို့ အန္တရာယ်နီးပုံများ ပြောပါတယ်။ အခုတော့ သမ္မတကြီးဆီကို ပြည်သူ့လွှတ်တော် နာယကကြီးက သ၀ဏ်လွှာတောင်ပို့ပြီး ပြောပြီလေ။ လယ်ယာမြေပြဿနာများကို လိုအပ်တာထက် အချိန်မဆွဲပဲ ပြည်သူတွေနစ်နာတာတွေ ဖြေရှင်းပေးဖို့ဆိုတာ။ အဲဒီမှာ ဓားမဦးချလုပ်လာတဲ့မြေတွေဖြစ်ရက်နဲ့ မြေပိုင်ခွင့်မရကြ တာတွေ၊ မြေပုံနဲ့မြေပြင်ကွဲလွဲမှုကို လစ်လျူရှုထားတာတွေ၊ နစ်နာကြေး ထိုက်ထိုက်တန်တန်မရတာတွေကိုလည်း ပြည့်ပြည့်စုံစုံ ဖော်ပြထား တာတွေ့ရလို့ ဓားပြထက်ဆိုးတဲ့ သူတွေများ မျက်ခုံးလှုပ်လေမလား၊ ဒါမှမဟုတ်၊ မရှက်ပါဘူး၊မကြောက်ပါဘူးဆိုတာကိုများ လာခြောက်နေသေး တယ်လို့များဆိုလေမလား စောင့်ကြည့်ရမှာပါပဲ။

ပြီးတော့ "တောင်သူလယ်သမား ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ"ဆိုတာကြီးကိုလည်း ထုတ်ပြန်ဖို့ ပြင်ဆင်လာပြီး အဖွဲ့အစည်းများကိုလည်း ချပြဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အဲဒီမှာ အရင် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဖြစ်ခဲ့တဲ့ ဒေါက်တာလှမြင့် ရဲ့ဆောင်းပါး (ဆရာခင်မောင်ညို(ဘောဂဗေဒ)က ဘာသာပြန်ပြီး နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြခဲ့ပါတယ်) မှာက အဲဒီဥပဒေမှာ မြန်မာ နိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင်မှာ လူဦးရေဆယ်သန်းလောက်အထိ ရှိတဲ့ မြေမဲ့ယာမဲ့လယ်ယာလုပ်သားတွေ ပါပုံမရဘူးလို့ ဖော်ပြထားပါ တယ်။ အဲဒီလူတွေကို အရင်ကလို စပါးရိတ်ချိန်ကျမှ စပါးပေးရတာမဟုတ်ပဲ လစဉ်ငွေပေးပြီး သူတို့က ဆန်ဝယ်စားရတဲ့ အဆင်းရဲဆုံး လူတွေဖြစ်တာကိုလည်း ဖော်ပြထားပါတယ်။ ဒါတင်မက ဒီဥပဒေမှာဖော်ပြထားတဲ့ ]အနိမ့်ဆုံးအာမခံ ဆန်ဈေးနှုန်းအစီအစဉ်}ဟာ ကမ္ဘာ့ ပေါက်ဈေးထက် ပြည်သူ့ဘဏ္ဍာငွေနဲ့ ပိုပေးဝယ်မယ့်သဘောဖြစ်ပြီး ယခင်ခေတ်မှာလည်း ဒီအမှားမျိုး မှားခဲ့ဖူးလို့ ဆန်တွေ လှောင်စရာနေရာမရှိ ဖြစ်ခဲ့ပုံ၊ လက်ရှိအဲဒီစနစ် ကျင့်သုံးတဲ့ထိုင်းနိုင်ငံမှာ အစိုးရက ဆန်တွေလက်ထဲအပုံလိုက်ပိုက်မိနေပြီး ဆန်တွေကို ဘာလုပ်ရမှန်းမသိ၊ နောက်ထပ်ဝယ်ဖို့ငွေလည်းမရှိဖြစ်ပုံကိုပါဖော်ပြထားပါတယ်။

သမ္မတအကြံပေး ဆရာဦးမြင့်ရဲ့ထင်မြင်သုံးသပ်ချက်ထဲမှာလည်း }}အဓိပ္ပာယ် ဖွင့်ဆိုရာတွင် အကူအညီ အလွန်အမင်းလိုအပ်နေသော အဆင်းရဲဆုံးလယ်ယာမဲ့ လယ်လုပ်သားများကို အထူးထည့်သွင်းဖော်ပြသင့်ပါသည်}} လို့ ဖော်ပြထားတာမို့ ဥပဒေကြမ်းဘ၀မှာ အခုလို ပညာရှင်များ ပြုပြင်ဝေဖန်ခွင့်ရတာကိုပဲ ကျေးဇူးတင် ၀မ်းသာရမှာပေါ့ခင်ဗျ။ ဒီအထဲမှာ ဒီဥပဒေနဲ့ပတ်သက်ပြီး ကုန်သွယ်လယ်ယာက အငြိမ်းစားပညာရှင်တစ်ဦးနဲ့ စကားစပ်မိရာမှာ သူထောက်ပြတဲ့အချက် က ပိုစိတ်ဝင်စားစရာကောင်းနေပါတယ်။ အဲဒါကတော့ ဒီဥပဒေမှာ တောင်သူလယ်သမားဆိုတာဟာ ဘယ်လိုလူတွေလဲလို့ အဓိပ္ပာယ် သတ်မှတ်ရာမှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များ၊ အဲဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး သွင်းအားစုတွေ ထုတ်ကုန်တွေကို ၀ယ်ယူတင်သွင်းသူ၊ ထုတ်ပိုးတင်ပို့ရောင်းချသူစတဲ့ လုပ်ငန်းရှင်များဟာ တောင်သူလယ်သမားတွေအဖြစ် ထိပ်ဆုံးကပါနေပြီး တကယ်ဟိုဒင်းထဲ ရွံ့တစ်ပိဿာ လောက်ဝင်အောင် ကိုယ်တိုင်လုပ်ရတဲ့ဆိုတဲ့ မြေယာလုပ်သားတွေကို တောင်သူလယ်သမားလို့ ခေါ်မထားပါဘူး ဆိုတဲ့အချက်ပါပဲ။ ဒါဆိုနောင်ကို ဓားမဦးချ လယ်ယာလုပ်ငန်းကို လုပ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မြေမဲ့ယာမဲ့ ဖြစ်နေသူများက အဲဒီဥပဒေအရ "တောင်သူလယ်သမား"လို့ ကိုယ့်ဖါသာတောင် မိတ်မဆက်ရဲပဲ လယ်အကြောင်း၊ ယာအကြောင်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ဘာမာစတီဆန်တို့ဘာတို့ပါ သိသူဖြစ်ဖြစ်၊ စိုက်ပျိုးရေးနဲ့ပတ်သက်ရင် ထညက်ကိုမျိုးချန်ပြီးစိုက်ရမယ်ဆိုတဲ့လူမျိုးဖြစ်ဖြစ် စိုက်ပျိုးရေးနယ် ထဲ ငွေလုံးငွေရင်းနဲ့ဝင်စီးပွားရှာမယ့် ကုမ္ပဏီတို့၊ လုပ်ငန်းရှင်တို့ဖြစ်ရင် သူတို့က "လယ်သမားကြီး"တွများ ဖြစ်နေကြမှာတဲ့လား။

ဘာပဲဖြစ်ဖြစ် တောင်သူလယ်သမား အန်ကယ်ကြီးအန်ကယ်လေးများ ကိုယ့်ဖါသာဘာခေါ်ရမှန်းမသိချိန်မှာ ပေါက်ပြားမကိုင်၊ ပါမစ်ကိုင်၊ တံစဉ်မသုံး၊ ဒေါ်လာသုံး၊ ကောက်ရိုးမပွေ့ လက်ဆောင်ခြင်းပွေ့ပြီး လယ်သမားအစစ်များ လက်သီးဆုပ်လောက်ရချိန်မှာ သူတို့က "တောင်ဓလာက် အရယူကြမယ့် "လည်သူတောင်သမား"များက တောင်သူလယ်သမားဖြစ်မလာဖို့ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်း ဂရုပြု ထိမ်းကျောင်းကြရမယ်လို့ ထင်မိကြောင်းပါဗျာ။ ။ ရီနေနိုင်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.