09/10/13

လွန်ခဲ့တဲ့ခြောက်နှစ်တာကာလက ဗကသများအဖွဲ့ချုပ်ကို ကျွန်တော်တို့ပြန်လည်ဖွဲ့စည်းခဲ့တာဆိုတော့ ယခု ၂၈.၈.၂၀၁၃နေ့မှာဆိုရင် ကျွန်တော်တို့အဖွဲ့လှုပ်ရှားတာ ခြောက်နှစ်တင်းတင်းပြည့်တာ ဖြစ်ပါ တယ်။ပြီးခဲ့တဲ့ခြောက်နှစ်ကအခြေအနေတွေ၊ ယနေ့အခြေအနေတွေ ဘယ်လိုကွာခြားသလဲ…?စတင်လှုပ်ရှား ခဲ့သူ ကျောင်းသားတွေနဲ့ အခုနှစ်ပိုင်းမှ ပါဝင်ခဲ့တဲ့ကျောင်းသားတွေ ဘာတွေကွဲလွဲသလဲ…?အရင်ကလုပ်ခဲ့တဲ့ အလုပ်တွေနဲ့ အခုလုပ်နေတဲ့အလုပ်တွေ ဘယ်နည်းဘယ်ပုံ မတူညီကြသလဲဆိုတာတွေကို ကျွန်တော်တို့ စီစစ် လေ့လာကြည့်ဖို လိုအပ်ပါတယ်။ဒီဆောင်းပါးဟာ ကျွန်တော်တို့ရဲ့ ကျောင်းသားရဲဘော်တွေကို အဓိကထား ရည်ညွှန်းထားပေမယ့် ကိုယ့်ကိုကိုယ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လို့ ခံယူထားသူ မည်သည့်အစုအဖွဲ့ဝင် ကျောင်းသားမဆို အာရုံစိုက်ပြီးလေ့လာပေးစေချင်ပါတယ်။သဘောထားမတူညီတာ၊ မတိုက်ဆိုင်တာ (သို့) နှစ်သက်သဘောတူတာရှိမယ်ဆိုရင် လူကိုယ်တိုင်ဖြစ်စေ၊ onlineပေါ်ကဖြစ်စေ ဝေဖန်ဆွေးနွေးအကြံပေးလို့ ရပါတယ်။

တိမ်ဖုံးသောည၊လေကြမ်းသောနေ့


လက်ရှိနိုင်ငံရေးအခင်းအကျင်းကို လေ့လာသုံးသပ်ပြီး အရွေ့ဘယ်လောက်ရှိနေပြီလဲဆိုတာ ဘီဘီစီက ပြည်တွင်းနိုင်ငံရေးလှုပ်ရှားတက်ကြွသူအချို့ကို သုံးလတစ်ကြိမ် မေးမြန်းလေ့ရှိပါတယ်။ကျောင်းသားသမဂ္ဂတွေ ကို ကိုယ်စားပြုပြီး ကျွန်တော်ဖြေလေ့ရှိပါတယ်။၂၀၁၂-၁၃ကာလ နိုင်ငံရေးမိုးလေ၀သဟာ အရင်ခြောက်နှစ် အခြေအနေနဲ့ မတူတော့တာအမှန်ပါ။ဒါပေမယ့် ကောင်းသင့်တာတွေ ကောင်းမလာသေးဘူး ပြောင်းသင့်တာ တွေ ပြောင်းမသွားသေးဘူးလို့ ပြောရပါလိမ့်မယ်။အရင်ခြောက်နှစ်လောက်တုန်းက ဗကသအဖွဲ့လှုပ်ရှားရတာ အင်မတန်လျှို့ဝှက်နိုင်မှ စိတ်ချရတဲ့အနေအထားပါ။အခုတော့ စိတ်မချရသေးတဲ့ကြားက ထင်းထင်းကြီးသွားနေ ရတာပါ။ကျွန်တော်ကတော့ ဒီအကူးအပြောင်းကို တိမ်ဖုံးသောညမှ လေကြမ်းသောနေ့သို့ ကူးပြောင်းသွားတယ် လို့ပဲ မှတ်ယူထားပါတယ်။

အရင်က အထိမ်းအမှတ်ပွဲတွေလုပ်ရဖို့ တော်တော်ခက်တဲ့အနေအထားပါ။ပြီးတော့အလုပ်ရုံဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ အမြင်ချင်းဖလှယ်ပွဲ၊ ညီလာခံဆိုတဲ့ စုဝေးမှုမှန်သမျှ လုပ်ခွင့်ရဖို့မဖြစ်နိုင်ခဲ့ပါ။ရွှေဂုံတိုင်အုတ်လမ်း (ဒီချုပ်ရုံး)နဲ့ အမေရိကန်စင်တာကလွဲပြီး အခမ်းအနားတွေလက်ခံကျင်းပပေးမယ့် ပုဂ္ဂလိကခန်းမပိုင်ရှင်တွေ လည်း မရှိခဲ့ကြပါ။အခုအချိန်မှာ ပွဲတွေတော်တော်များလာတာတွေ့ရသလို ကျင်းပစရာခန်းမတွေ၊ဟော်တယ် တွေ၊ စားသောက်ဆိုင်တွေ၊ ဘုန်းကြီးကျောင်းတွေကလည်း လက်ခံပြုလုပ်လာကြတာကို တွေ့ရပါတယ်။ အခမ်းအနားတွေက တဖြည်းဖြည်းနိုင်ငံရေးဆန်လာလေလေ တင်းကျပ်မှုတွေကလည်း တစ်စတစ်စပြန်တိုးလာ လေလေ ဖြစ်တတ်ပါတယ်။နှစ်ရက်ကြိုအသိပေးရတာ၊ တစ်ပတ်ကြိုအကြောင်းကြားရတာစတဲ့ မလိုအပ်သော ထိန်းချုပ်မှုအချို့ ပြန်လည်ပြုလုပ်လာပါတယ်။နောက်တစ်ချက်အရေးကြီးတာက ရရှိထားတဲ့ပွဲကျင်းပခွင့် ဆုံးရှုံး သွားမှာကို စိုးရိမ်တဲ့အတွက် အနှစ်သာရမပါတဲ့ပွဲတွေသာ ကျင်းပကြမှာ စိတ်ပူရတဲ့ အချက်ပါပဲ။လက်ရှိနိုင်ငံရေး မှာ ပွဲပြီးမီးသေ ကိစ္စတွေ၊ ပွဲပန်းပြီး နိုင်ငံရေးလက်ကုန်သွားတာတွေ ဖြစ်လာမှာ ကျွန်တော်တို့တော်တော် သတိ ထားရပါလိမ့်မယ်။

အရင်က သမဂ္ဂဖွဲ့ထားတဲ့ပုံစံဟာ လျှို့လျှို့ဝှက်ဝှက်မို့ နေရာတိုင်းအလံလွှင့်ပြီးသွားနိုင်တာ မဟုတ်ပါ ဘူး။ခုတော့ နေရာတိုင်းမှာ အလံလွှင့်နေတာကိုတွေ့ရပါတယ်။တစ်ဖက်ကကြည့်ရင် အောင်မြင်နေသလို မြင်ရ ပေမယ့် တစ်ဖက်ကပြန်ကြည့်ရင် ပေါ့ပေါ့တန်တန်ဖြစ်သွားမှာကို သတိချပ်ရပါမယ်။အခြေအနေအားလုံး ခြုံကြည့်ရင် တကယ်လုပ်ရမယ့်တာဝန်တွေထက် ပွဲလမ်းသဘင်တွေချည်းတက်ရတာကြောင့် ကျောင်းသား သမဂ္ဂများစုစည်းရေး၊ ကျောင်းသားထုစွမ်းရည်မြှင့်တင်ရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးတွေ လုပ်လို့မပြီးတာကို တွေ့ရပါတယ်။ဒီနေ့ခေတ် ဗမာပြည်နိုင်ငံရေးမှာ ပြည်တွင်းရှိနေသူတွေ ကျင်းပတဲ့ပွဲ ကုန်သွားရင် ပြည်ပကပြန်လာသူတွေ စီစဉ်တဲ့ပွဲတွေလုပ်လာကြပါလိမ့်မယ်။ကျောင်းသားသမဂ္ဂရဲဘော်တွေအဖို့ သူများကြွတိုင်းလိုက်မကြွဖ၊ို့ ကိုယ့်အားကိုယ်စုပြီး အသင့်နေရာယူထားဖို့၊ အရေးအကြီးတကာ့အကြီးဆုံး “လေ့လာရေး” ကို ဇောက်ချလုပ်ကြဖို့သာ တိုက်တွန်းလိုက်ပါတယ်။

စာဖတ်ဝိုင်းသည်အသက်သွေးကြော၊သမဂ္ဂ္ဂစာစဉ်သည်တကယ့်ခွန်အား


ဗကသများအဖွဲ့ချုပ်ကို စတင်စုစည်းလှုပ်ရှားခဲ့တဲ့ ကျောင်းသားတွေဟာ အခုအခါ မီဒီယာအသီးသီးရဲ့ ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နေကြပါပြီ။အကျဉ်းထောင်တွင်းမှာ နေထိုင်ခဲ့ဖူးသူတွေ ဖြစ်တာကတစ်ကြောင်း၊ သမဂ္ဂရဲ့ ထိပ်ပိုင်းတာဝန်တွေကို ယူထားသူတွေဖြစ်တာကတစ်ကြောင်း မီဒီယာတွေရဲ့ အာရုံစိုက်မေးမြန်းမှုကို ရရှိထားပါတယ်။လက်ရှိသမဂ္ဂတာဝန်အသီးသီးယူထားကြတဲ့ ရဲဘော်ရဲမေအသစ်တွေကလည်းရှေ့ကလူတွေကို အားကျပြီး မီဒီယာမှာ ထင်ပေါ်ရေးကိုလုပ်လာကြတဲ့ ဥပမာအချို့ကို တွေ့ကြရပါတယ်။ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်မှာ စီနီယာ ဂျူနီယာ ခွဲခြားဆက်ဆံရေး အတွေးအခေါ်မရှိပါ။ဒါကြောင့် သက်ဆိုင်ရာ ခရိုင် ရဲဘော်၊ တကသရဲဘောတွေကလည်း သူတို့နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို မီဒီယာမှာ လွတ်လပ်စွာ ပြောဆိုရေးသားတင်ပြခွင့် ရှိကြပါတယ်။ဒီနေရာမှာ အရေးကြီးတဲ့ အချက်(၂)ခုကို သတိပေးချင်တာပါ။ ဒါတွေကတော့-

(၁) မိမိပြောဆိုရေးသားတင်ပြမှုသည် ဗကသများအဖွဲ့ချုပ်မှ လက်ခံထားသော မူဝါဒ၊လုပ်ငန်းစဉ်၊ ဖွဲ့စည်း

အုပ်ချုပ်ပုံ စည်းမျဉ်းနှင့် ပေါ်လစီများကို ဆန့်ကျင်သည့်သဘော မဖြစ်စေရ။

(၂) မိမိပုဂ္ဂိုလ်ရေးထင်ပေါ်မှု သက်သက်အတွက် အဖွဲ့အစည်းကို အကျိုးမရှိသော အကြောင်းအရာများ

မဖြစ်စေရ။

အထက်ပါစည်းမျဉ်းနှစ်ချက်ကို ကျွန်တော်ကစပြီး ဒီနေ့မှ သမဂ္ဂထဲဝင်လာတဲ့ ရဲဘော်အဆုံး လိုက်နာ ကြရမှာ ဖြစ်ပါတယ်။မူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ခြွင်းချက်ထားလို့မရပါဘူး။မူအကြောင်း ကောင်းကောင်း မသိသေးတဲ့ ရဲဘော်တွေအများကြီး ရှိသေးတဲ့အတွက် သူတို့ကို ရှင်းလင်းတင်ပြဖို့တာဝန်က လက်ရှိ ဗဟိုလုပ်ငန်းကော်မတီမှာ ရှိပါတယ်။ဒါမဖြစ်မနေ လုပ်ကြရမယ့် အလုပ်ပါ။

ကျောင်းသားသမဂ္ဂမှာ ပါဝင်လှုပ်ရှားပြီဆိုရင် ဘာတွေလုပ်တယ်၊ ဘာတွေသိထားတယ်၊ ဘာအကျိုး ကျေးဇူးတွေ ရှိတယ်ဆိုတာ ကျောင်းသားတိုင်းကို ဖြန့်ဝေပေးရပါမယ်။ကိုယ်တိုင်ကဘာမှမသိ၊ သိတဲ့သူတွေ ကိုလည်း မမေမြန်း၊ တာဝန်ရှိသူတွေကလည်း မပြောပြဆိုရင် အဖွဲ့ထဲဝင်တာက အိမ်ကအပြင်ထွက်ဖို့ အကြောင်းပြချက်ရှာရုံ သက်သက်ပဲ ဖြစ်နေမှာပါ။လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ ပရဟိတအဖွဲ့အစည်းတွေ အများ ကြီး ရှိပြီးသားဖြစ်ပါတယ်။ဗကသဖွဲ့တာဟာ လူမှုရေးသက်သက်လုပ်ဖို့ မဟုတ်ဘူးဆိုတာ ကျွန်တော်ရေးသား ခဲ့ပြီးပါပြီ။ဒါကြောင့် ကျောင်းသားသမဂ္ဂ၀င်ထားသူတိုင်း သိထားသင့်တဲ့ အချက်အလက်များကို လေ့လာဖတ်ရှု ဆွေးနွေးဖို့ရာ စာဖတ်ဝိုင်းများ အပတ်စဉ်ကျင်းပပေးရပါလိမ့်မယ်။ကျောင်းသားသစ်တွေချည်းပဲ မဟုတ်ဘဲ ခေါင်းဆောင်ပေးမယ့် ရဲဘော်တွေက ကြီးကြပ်ဆွေးနွေးရပါမယ်။ကျွန်တော်တို့ဟာ ၂၀၀၇ခုနှစ်တုန်းက စာဖတ်ဝိုင်းတစ်ခုကနေမွေးထုတ်ပေးလိုက်တဲ့သမဂ္ဂကျောင်းသားတွေ ဖြစ်တယ်ဆိုတာ မေ့ဖျောက်လို့ မရပါဘူး။ အဲဒီအချိန်တုန်းကလည်း ၁၉၉၆-၉၈ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ဖူးသူ ကိုသွင်လင်းအောင်၊ကိုဇော်လူစိမ်း တို့က စာဖတ်ဝိုင်းကို ကြီးကြပ်ပေးခဲ့ဖူးပါတယ်။

“စာဖတ်ခြင်းဟာ ပြည့်စုံစေတယ်၊ စာရေးခြင်းဟာ တိကျစေတယ်”ဆိုတဲ့ အဆိုအမိန့်တစ်ခုကို ကြားဖူး ပါတယ်။စာဖတ်ရုံနဲ့တင် မလုံလောက်သေးပါဘူး။ကိုယ့်ရဲ့ အတွေ့အကြုံ၊ အတွေးအခေါ်၊ အယူအဆတွေကို ကျောင်းသားထုနဲ့ ပြည်သူတွေသိအောင် စာနဲ့ရေးသားတင်ပြတာ ပိုပြီးထိရောက်ပါတယ်။ဗကသကို စတင် မျိုးစေ့ချပေးခဲ့တယ် ၁၉၃၆ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ အိုးဝေ၊ မျိုးညွန့်စတဲ့ သမဂ္ဂမဂ္ဂဇင်းတွေ၊ စာစောင်တွေ ရေးသားပြီး ကျောင်းသားတွေကို အမျိုးသားနိုင်ငံရေး အသိအမြင် ပွင့်လင်းစေခဲ့တယ်။ကျွန်တော် တို့အတွက် ဒီနေ့ခေတ်မှာ သမဂ္ဂတာဝန်တွေကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ လမ်းညွှန်မှုတွေဟာ ဒီစာအုပ် စာပေတွေထဲက ရရှိခဲ့တာပဲဖြစ်ပါတယ်။အခုခေတ်မှာ အသုံးများနေတဲ့ ဗန်းစကားတစ်ခုလို “ကိုယ့်သမိုင်းကိုယ် ရေးကြမယ်”ဆိုရင် ကျွန်တော့်ရဲဘော်တွေကို တိုက်တွန်းချင်တာက သမဂ္ဂလှုပ်ရှားမှုတွေကိုရေးပါ။ကိုယ့်သမိုင်း ကိုယ် ရေးပြီးသားဖြစ်သွားပါလိမ့်မယ်။


အပြန်အလှန် ဆက်ဆံရေးနှင့် တစ်စည်းတစ်လုံးတည်းဖြစ်ရေး


စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးကာလက ရှိခဲ့တဲ့ ကျောင်းသားညီညွတ်ရေးမျိုး ဒီကနေ့ ပြန်မရသေးတာ တွေ့ရတော့ စိတ်မကောင်းပါ။အဲဒီအချိန်က ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ကျွန်တော် တို့ ကျောချင်းကပ်ပြီး တိုက်ခဲ့ကြပါတယ်။ကိုယ့်ဘေးကလည်း မျက်ရည်ယိုဗုံးပေါက်ကွဲခဲ့သလို သူ့ဘေးကလည်း ကျည်ဆန်ပွတ်သွားခဲ့တဲ့အချိန်ဖြစ်လို့ အချင်းချင်းရန်ဖြစ်ဖို့ ခေါင်းထဲမှာ ထည့်မစဉ်းစားခဲ့ကြပါ။အကျဉ်းထောင် ထဲမှာလည်း တစ်ယောက်ကျောကဒဏ်ရာ တစ်ယောက်ဆေးထည့်ပေးသလို အပြန်အလှန် ကူညီခဲ့ကြပါတယ်။ ထောင်ထဲကလွတ်မြောက်တဲ့ နေ့ရက်တွေမှာ အပြန်အလှန် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။မင်္ဂလာဒုံလေဆိပ်က လက်ခုပ်သံတွေက ကျွန်တော်တို့ကို ခွဲခဲ့ကြတာလား…..။ကြိုဆိုဂုဏ်ပြုပွဲရဲ့ ပန်းကုံးစွပ်ခြင်းက ကျွန်တော်တို့ကို ဝေးသွားစေခဲ့တာလား…..။

ကြီးမားတဲ့ဝေးကွာမှုတွေနောက်မှာ ကွဲပြားခြားနားသွားတဲ့ ဘာသာစကားတွေပါ ထွက်ပေါ်လာတတ် ပါတယ်။အခုတော့ သမဂ္ဂဆိုတဲ့ ဘာသာစကားကိုတောင် ကိုယ့်အသံနဲ့ကိုယ် ပြောဆိုနေလိုက်ကြတာ။ ကျွန်တော်တို့ရဲဘော်တွေကတော့ ဗကသ ဆိုတဲ့အသံ တစ်မျိုးတည်းပြောဖို့ ကြိုးစားကြပါတယ်။အသံကွဲလွဲ သူတွေကိုလည်း ခပ်စိမ်းစိမ်းဖြစ်နေကြပါတယ်။အမှန်တော့ ဒီအခြေအနေကို အုပ်စိုးသူအာဏာပိုင်က အိပ်မက် မက်နေခဲ့တာ ကြာပါပြီ။ကျွန်တော်တို့ စိတ်အေးအေးထားပြီးစဉ်းစားကြည့်ဖို့ လိုပါတယ်။တစ်ဦးတစ်ယောက်ချင်း အကျိုးစီးပွားကို မငဲ့ကွက်ဘဲ ကျောင်းသားထုအတွက်၊ ပြည်သူလူထုအတွက်၊ ဒီမိုကရေစီခေတ်ပြောင်း တော်လှန်ရေးအတွက် လုပ်ဆောင်ကြတဲ့နေရာမှာ အဓိကတိုက်ဖျက်ရမယ့်အရာက “ဂိုဏ်းဂဏအစွဲ” ပဲ ဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂအချင်းချင်း အပြန်အလှန်ဆက်ဆံရေးရှိမှ ဂိုဏ်းဂဏအစွဲပြုတ်မှာပါ။အပြန်အလှန် ဆက်ဆံရေးမှာလည်း တစ်ဖက်နဲ့တစ်ဖက် လေးလေးစားစားဆက်ဆံဖို့၊ ရိုးရိုးသားသားဆက်ဆံဖို့ အရေးကြီး ပါတယ်။တစ်ဖက်ကိုတစ်ဖက် အသာစီးရဖို့၊ လက်ဦးမှုယူဖို့၊ နောက်ကွယ်ကလုပ်ကြံဖို့ ကြိုးစားတာ သဘာဝ မကျသလို တရားမျှတမှုမရှိတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ကျွန်တော့်အယူအဆအရ ကျောင်းသားထုအတွက် အနှောင်အဖွဲ့ကင်းသော ကျောင်းသားသမဂ္ဂကို ထူထောင်ကြမယ်ဆိုရင် ပုဏ္ဏားနောက်ကွယ်က ပုရောဟိတ်များကို အပြင်ဘက်ဆွဲထုတ်ပြီး ခပ်ကင်းကင်းနေဖို့ လိုပါတယ်။ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်မှာ ထပ်ဆင့်ကြိုးကိုင်အဖွဲ့အစည်းလည်း မရှိဘူး၊ ကွပ်ကဲထိန်းချုပ်ထားသော ပုဂ္ဂိုလ်လည်း မရှိဘူးဆိုတာ ရဲရဲကြီး အာမခံနိုင်ပါတယ်။ကျောင်းသားသမဂ္ဂကို ဟိုလူဒီလူ ကြိုးကိုင်တယ်လို့ စွပ်စွဲတာဟာ “ကျောင်းသားထုကို နွားနဲ့နှိုင်းတာဖြစ်လို့” အင်မတန် အောက်တန်းကျတဲ့ စကားရပ်ပဲ ဖြစ်ပါတယ်။

ဗကသများအဖွဲ့ချုပ်ကို ပြန်လည်စုစည်းပြီး ခြောက်နှစ်ရှိပြီဖြစ်တဲ့အချိန်မှာ တစ်ပြည်လုံးမှာရှိတဲ့ တက္ကသိုလ်တော်တော်များများ မှာကျောင်းသားသမဂ္ဂတွေပေါ်ပေါက်လာကြပါပြီ။သမဂ္ဂကျောင်းသားအများစုဟာ ရိုးသားဖြူစင်ပြီး လုပ်ငန်းအပေါ် တက်တက်ကြွကြွရှိကြပါတယ်။ကျွန်တော်တင်စားခိုင်းနှိုင်းပြီး ပြောရရင် သူတို့ဟာ “မြင်းခွာပြေးလမ်းပေါ်က သံမဏိမီးတောက်ပန်းကလေးများ” ဖြစ်ကြပါတယ်။ဘယ်ခေတ်မှာမှ မရိုင်းခဲ့တဲ့ ကျောင်းသားသမိုင်းကို ကိုယ်စားပြုနေကြသူတွေ ဖြစ်ပါတယ်။ဒေါင်းအလံကို ပန်းလိုပန်လို့ လှနေကြ သူတွေလည်း ဖြစ်ပါတယ်။ဒီတော့ ကျွန်တော့်ညီ ညီမအရွယ် အားကိုးရတဲ့ရဲဘော်တို့ရေ…ပြည်သူ့ရင်က ပေါက် ဖွားခဲ့ကြသူတွေမှန်ရင် အားလုံးဟာ သွေးသားရင်းချာတွေချည်းပါပဲ။ဘာသာမတူ လူမျိုးမတူ အယူအဆမတူ တာတွေဟာ သမဂ္ဂဆိုတဲ့ စကားလုံးအောက်မှာ ကြွေခြောက်သွားကြမယ့် အတွေးအသေတွေသာဖြစ်တယ်။ ကျွန်တော်တို့သွေးတွေနဲ့ နီရဲဝင်းပနေတဲ့ ခွပ်ဒေါင်းအလံတော်ကို ကမ္တာ့အမြင့်ဆုံးမှာလွှင့်ထူဖို့ ခင်ဗျားတို့ အားသစ်တွေကို တစ်နေရာတည်း စုစည်းထားလိုက်ကြပါစို့…….။ ။



ကျော်ကိုကို

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မိတ္တီလာမြို့ခံ တစ်ချို့ အင်န်အယ်လ်ဒီ ပါတီက ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းထိန်ကို ဆန့်ကျင်ကန့်ကွက်မယ့် ဆန္ဒပြပွဲတစ်ခု လုပ်ဖို့ ခွင့်ပြုချက် တင်ခဲ့ကြပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ဆန္ဒမပြခဲ့ကြပါဘူး။ အခု နောက်ထပ် လုပ်တာကတော့ ဦးဝင်းထိန်ကို အမတ်တာဝန်ကနေ ပြန်ရုပ်သိမ်းရေး တင်ပြနိုင်ဖို့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ လက်မှတ်တွေ ကောက်ခံ တင်ပြသွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ရတဲ့ အကြောင်းကတော့ သိပ်မကြာသေးမီက ကုလသမဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနား ကာဖျူးအမိန့် ထုတ်ထားတဲ့ ည ၁၀ နာရီခွဲ အကျော် မိတ္တီလာ မြို့ကို ရောက်လာစဉ် မြို့ခံတစ်ချို့က ဥပဒေချိုးဖေါက်ပြီး မစ္စတာ ကင်တားနား ကားကို ၀ိုင်းဝန်းခဲ့တဲ့ ကိစ္စ၊ ဒါကို ရဲတပ်ဖွဲ့ကလည်း မတားဆီးခဲ့တဲ့ကိစ္စ ဦးဝင်းထိန်က သတင်းမီဒီယာတွေကို အမှန်အတိုင်း ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။

သတင်းမီဒီယာတွေကို ဦးဝင်းထိန် ပြောဆိုခဲ့တာမှာ ရှုတ်ရှုတ်ထွေးထွေး ဘာမှ မပါပါဘူး။ ည ၁၀း၀၀ နာရီကျော်ရင် လမ်းပေါ်မထွက်ရဆိုတဲ့ တင်းကြပ်တဲ့ လုံခြုံရေးဆိုင်ရာ စည်းကမ်း ထုတ်ထားတာ ည ၁၀း၃၀ တိုင်အောင် အဲဒီ လူစု ဘာကြောင့် လမ်းပေါ်မှာ ရှိနေခဲ့ရသလဲ၊ နောက် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ပြန်ကြားရေးဒုဝန်ကြီး ပြောသလို ရဲလုံခြုံရေးတွေ အလုံအလောက် ချထားတယ် ၊ လူအုပ်ကြီးကို လူစုခွဲပါလို့ ပြောတယ် ဆိုပါလျက်နဲ့ လူအုပ်ကြီးက မစ္စတာကင်တားနား ကား အနားကို ဘာကြောင့် ချဉ်းကပ် ကားမှန်ကို ထုနိုင်ရတာလဲ။ အဲဒါတွေကို မေးခွန်းထုတ်ပြီး အမှန်တွေကို ပြောခဲ့တာပါ။ ဒီအတွက် ဘာကြောင့် အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန် ဆန့်ကျင်ရေး ပေါ်ပေါက်လာရသလဲ၊ ဘာသာရေး ခေါင်းစဉ်တပ် လှုပ်ရှားနေသူတွေရဲ့ နောက်ကွယ်က ဇာတိရုပ် ပေါ်လာပြီလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ဒါကို အသုံးချပြီး တစ်ချို့ပုဂိုလ်တွေက ပြသနာကို ပြည်မ ထဲ ဆွဲသွင်းလာခဲ့ပါတယ်။ အဲလို ပြသနာကို ဆွဲသွင်းလာပြီး အကြမ်းဖက်မှုတွေ၊ မီးလောင်မှုတွေ၊ လူသတ်မှုတွေ၊ ဒုက္ခသည်ဖြစ်မှုတွေ ဖြစ်ပွားလာတဲ့အခါ အကြမ်းဖက်မှုကို မလိုလားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးသမားတစ်ချို့နဲ့ သတင်းစာဆရာ တစ်ချို့က ဒါတွေနဲ့ ပါတ်သက်တဲ့ သဘောထား အမြင်တွေကို ထုတ်ဖော်ပြောဆိုလာကြပါတယ်။ ဒီအခါ ဘာသာရေးခေါင်းစဉ်တပ် လှုပ်ရှားနေသူတွေက ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအ၀င် အကြမ်းဖက်မှုကို မလိုလားတဲ့၊ ဆန့်ကျင်တဲ့၊ ငြိမ်းချမ်းရေးကို လိုလားတဲ့၊ လူ့အခွင့်အရေးကို လေးစားတဲ့၊ လူပုဂိုလ်တွေကို စော်ကားပုတ်ခတ်မှုတွေ စပြီး လုပ်လာပါတော့တယ်။

အဲဒီလို တစ်စွန်းတစ်စ လုပ်ကိုင်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် လက်ရှိ အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိရမယ်၊ အဲဒီ လူတွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေ အပေးအယူ အလျော့အတင်း လုပ်ပြီး ငြိမ်းချမ်းစွာ သွားနေတဲ့ အပြောင်းအလဲကို မလိုလားသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအ၀င် ပြည်သူလူထု ထောက်ခံမှု အပြည့်အ၀ ရထားသူတွေကို ဘာသာရေး ခေါင်းစဉ်တပ် တိုက်ခိုက်ပြီး ပြည်သူတွေကို လမ်းလွဲရောက်အောင် ပို့မယ့် သူတွေဖြစ်တယ် ဆိုပြီး အစိုးရဘက်က ပုဂိုလ်တစ်ချို့ရော အတိုက်အခံနိုင်ငံရေးသမားတွေ ဘက်ကပါ သုံးသပ်ပြောဆိုမှု ရှိခဲ့ပါတယ်။

တကယ့်တကယ်လည်း အဲလို ဖြစ်တယ်ဆိုတာ သက်သေ အထောက်အထားတွေ ဟိုနေရာ တစ်စ ဒီနေရာ တစ်စ တွေ့မြင်လာနေရပါတယ်။ အေးမြငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာကိုခံယူထားတဲ့ ဘုရားသားတော် တစ်ပါးဆိုရင် သံဃာဖြစ်ပါလျက် မြတ်ဗုဒရဲ့ ငြိမ်းချမ်းတဲ့ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးရမယ့်အစား ဘာသာခြားတွေကို မုန်းတီးဖို့ တရားဟောပါတယ်။ ဒါပေမယ့် သူ့ အဓိက နောက်ဆုံး ဦးတည်ပစ်မှတ်ဟာ အဲဒီ ဘာသာဝင်တွေ ဟုတ်ဟန် မတူပါဘူး။ သူဟောတဲ့ တရားထဲမှာ ဘာသာခြား တွေက ဗုဒ္ဓဘာသာတွေကို ဘယ်လို စော်ကားနေတယ်၊ ဘယ်လို မဟုတ်တာ လုပ်နေတယ်ဒါကြောင့် မြန်မာပြည်ဟာ ဘာသာခြားလွှမ်းမိုးတဲ့ အိမ်နီးချင်း နိုင်ငံတစ်ချို့လို ဖြစ်သွားနိုင်တယ် စသဖြင့် မမှန်ကန်တဲ့ အချက်အလက်တွေနဲ့ အမုန်းတရား ပွား အောင် လုပ်နေတဲ့အပြင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခွတ်ဒေါင်းအလံကို မွတ်ဒေါင်း အလံဖြစ်သွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ဆိုရင်လည်း ဘာသာခြားတွေရဲ့ ကိုယ်စားလှယ် ဖြစ်သွားပြီ စသဖြင့် ဘာသာရေးမှိုင်းတိုက် တိုက်ခိုက်တာတွေ လုပ်တာ တွေ့လာရပါတယ်။

ဒီအတွက်လည်း ဘာသာရေးအကြမ်းဖက်မှု ပြသနာတွေဖြစ်ပေါ်တိုင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်ပေါ်တိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစုတွေဟာ အတော့်ကို သတိကြီးကြီးထား ပြောရ ဆိုရ ချဉ်းကပ်ရတာ တွေ့လာရပါတယ်။ တစ်ခုခု ပြောလိုက်တာနဲ့ ဘာသာခြားဘက် လိုက်တယ် ဆိုတဲ့ တံဆိပ်ကပ်ပြီး ပြည်သူကို လိမ်ညာစည်းရုံး မှိုင်းတိုက်ကြပါတော့တယ်။ အဲဒီကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး၊ မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ဆန့်ကျင်ရေး၊ အတိုက်အခံအင်အားစု ဆန့်ကျင်ရေး ဆိုတာမျိုးအထိ သွားကြဖို့ ရည်ရွယ်ကြဟန်တူပါတယ်။ ဒီအတွက် အဲဒီ နောက်ကွယ်က အင်အားစုတွေဟာ အမုန်းတရား ဖြန့်ဖြူးသူတွေကို နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့တာ လုပ်ပါတယ်။ ဒါ့အပြင် အခြား အကြမ်းဖက်မှုတွေထဲလည်း ထဲထဲဝင်ဝင် မပါဝင်ပါဘူးလို့ မပြောနိုင်ပါဘူး။ တစ်ဖက်မှာတော့ အဲဒါတွေကို ဝေဖန်၊ ထောက်ပြ ပြောဆိုရဲသူ မရှိတော့ဘူး ဆိုပြန်ရင်လည်း အမုန်းတရားတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်၊ ပြသနာ တစ်ခု ပေါ်လာတာနဲ့ အကြမ်းဖက်အောင် လှုံ့ဆော်တာတွေ ရဲရဲတင်းတင်း ပြုလုပ်နိုင်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ အဓိက ရည်ရွယ်ချက် ပစ်မှတ်ဟာ အဲဒီ ဘာသာခြားတွေကို နှိပ်ကွပ်ဖို့ ချည်းသက်သက် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ပြည်သူတွေဘက်က စွန့်လွှတ် အနစ်နာခံ တိုက်ပွဲဝင်ရင်း ပြည်သူလူထုကြီးရဲ့ ယုံကြည်ကိုးစားမှု၊ လေးစားထောက်ခံမှုကို အပြည့်အ၀ ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ ပါတီ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့နဲ့ တိုးတက်တဲ့ အတိုက်အခံ အင်အားစုတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံတွေကလည်း မေးခွန်းထုတ်စရာပါ။ မစ္စတာ ကင်တားနား လာချိန် ဆန္ဒပြတယ်လို့ ဆိုသူတွေဟာ ကာဖျူးချိန် ၁၀ နာရီ ကျော်သည်အထိ လမ်းပေါ်ကနေ ထွက်ခွာမသွားပဲ စုရုံးနေကြတာဟာ အတော် သတ္တိကောင်းတယ် လို့ ယူဆ စရာရှိပါတယ်။ ဒါပေမယ့် တကယ့် တကယ် ဦးဝင်းထိန်ကို ဆန္ဒပြဖို့ ခွင့်ပြုချက်တင်၊ ခွင့်ပြုချက် မရတဲ့ အခါမှာတော့ ဆန္ဒပြမယ့် အစီအစဉ်ကို အလွယ်တကူ ဖျက်သိမ်းလိုက်တာကိုကြည့်ရင် ကာဖျူးကို ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့ ကွာခြားနေတာ တွေ့ရပြန်ပါတယ်။ ရန်ကုန်မှာ ပုဒ်မ ၁၈ ကို တခြိမ်းခြိမ်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေချိန် အဲဒီ ပုဂိုလ်တွေက ခွင့်ပြုချက် မရတာနဲ့ အသာတကြည် နောက်ဆုတ်သွားသူတွေပါ။ အဲလို လူတစ်ချို့ဟာ အခန့်မသင့်ရင် သေနတ်နဲ့ အပစ်ခံရနိုင်တဲ့ ည အချိန်မတော် လူစုရဲနိုင်တာဟာ ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ကြောင့်မဟုတ်ရင် ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

အခုတော့ ကုလသမဂ လူ့အခွင့်အရေး အစီရင်ခံစာ ရေးသူ မစ္စတာ ကင်တားနား ကိစ္စ အမှန်အတိုင်း ဝေဖန်ပြောဆိုလိုက်တဲ့ အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန်ဟာ ပထမ ဦးဆုံးပစ်မှတ် ဖြစ်သွားပါပြီ။ ဒီလိုနည်းနဲ့ အမုန်းတရားတွေ ဆက်ဖြန့်ဖြူး၊ အကြမ်းဖက်မှုတွေ ဖြစ်အောင်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပေါ်ပေါက်အောင် ဆက်ပြီး လှုံ့ဆော်ကြပါဦးမယ်၊ ဒီအခါ ဒါကို ဝေဖန် ထောက်ပြကြသူတွေဟာ ဦးဝင်းထိန်နည်းတူ ဒုတိယ တတိယ ပစ်မှတ်တွေ ထပ် ထပ်ပြီး ပေါ်ပေါက်လာဦးမှာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
The Yangon Times Daily


နှလုံးလှသူတို့၏ ပေးဆပ်မှုတရပ်
၈.၉.၂ဝ၁၃ ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခခန်းမဆောင်ကြီး၌ “မြန်မာနိုင်ငံတွင်းရှိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘောထား ထုတ်ပြန်ခြင်း အခမ်းအနားအား နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား နံနက် (၆း၃ဝ) နာရီမှစတင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် ရုံးချုပ်ဝန်းအတွင်းသို့ မိုးရေစက်များနှင့်အတူ တဖွဲဖွဲ ရောက်ရှိလာကြသော ရဟန်းသံဃာများ၊ သီလရှင်များ၊ အသင်းအဖွဲ့များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည် တော်များ၊ လေ့လာသူများနှင့် ပြည်တွင်း/ပ မီဒီယာများ အသီးသီးရောက်ရှိခဲ့ကြပြီး နံနက် (၇း၃ဝ) နာရီ အချိန်တွင် အခမ်းအနားကျင်းပမည့် သုခ ခန်းမဆောင်ကြီးသို့ လက်မှတ်ရေးထိုး၍ ဝင်ခွင့်လည်ဆွဲကဒ်ပြား များ ထုတ်ယူ၍ သတ်မှတ်ထားသည့် နေရာထိုင်ခုံများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဧည့်ကြို-နေရာ ချထားရေး တာဝန်ခံများတို့မှ စနစ်တကျ လိုက်လံ၍ ပို့ဆောင်ပေးခဲ့သည်။

“မြန်မာနိုင်ငံတွင်းရှိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘောထား ထုတ်ပြန်ခြင်း အခမ်း အနားအား နံနက် (၉းဝဝ) နာရီမှ (၁၁း၃ဝ) နာရီအထိ ပထမပိုင်းအစီအစဉ် အခမ်းအနားမှူးအဖြစ် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင် ဒေါ်စောသဉ္ဇာစိုးမှ စီစဉ်ဆောင်ရွက်ခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ ပြီးနောက် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ အခမ်းအနားကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်မှ အသင်းအဖွဲ့ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး နေပြည်တော်တွင် တက်ရောက်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြခြင်းများ ဦးစွာ အနေဖြင့် အခမ်းအနားအား စတင်ခဲ့သည်။ ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတို့မှ သဘော ထား ထုတ်ပြန်ချက်များအား ဖတ်ကြားတင်ပြခဲ့ရာ - ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) လူမှုရေးအသင်း အဖွဲ့ (၃၄) ဖွဲ့တို့၏ကိုယ်စား “ကရုဏာလက်များကွန်ယက်” ဒေါ်ဆုဝေဖြိုးမှ၎င်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူး မြို့ရှိ လူမှုရေးအသင်းအဖွဲ့ (၂၁) ဖွဲ့တို့၏ကိုယ်စား “ကရုဏာဖြူစင် သွေးလှူရှင်အသင်း” ဦးလှအောင်မှ ၄င်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) “နမ့်ခုံးရှမ်းများပရဟိတအသင်း” ဦးစိုင်းဆိုင်မှိုင်းမှ၎င်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ လူမှုရေးအသင်းအဖွဲ့ (၄) ဖွဲ့တို့၏ကိုယ်စား “မဇ္ဈိမလူမှုကူညီရေးအသင်း” ဒေါ်သန်းသန်းဌေး မှ၎င်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ မိုင်းကိုင်-မိုင်းယွန်း အထူး ဒေသ၊ ငြိမ်းချမ်းရေးအဖွဲ့ Shan State National Army (S.S.N.A-ခွဲထွက်) ဒေါ်လွင်လွင်ရန်နောင်မှ၎င်း ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့၊ “ရွှေမေတ္တာ လူမှုစောင့်ရှောက်ရေးနှင့် နာရေးကူညီမှုအဖွဲ့” ဦးအောင်အောင်မှ၎င်း၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ “မနောဖြူ လူမှုကူညီရေးအသင်း(ချောက်)” ဦးအောင်ထွန်းဦးမှ၎င်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ “သန္တိသုခ (အခမဲ့) လူမှုကူညီရေးအသင်း” ဦးဇော်သန်းမှ၎င်း၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ်၊ လူမှုရေးအသင်းအဖွဲ့ (၁၈) ဖွဲ့တို့၏ ကိုယ်စား “ကရုဏာရှင်(အခမဲ့)ဆေးခန်းနှင့် နာရေး(အခမဲ့)ကူညီမှုအသင်း” ဦးသစ်လွင်မြင့်မှ၎င်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့ “ကရုဏာရှင် လူမှုကူညီရေးအသင်း(ဖျာပုံ)” ဦးမျိုးမြင့်မှ၎င်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့၊ “မေတ္တာသွေး ကျန်းမာရေးဖေးမကူညီမှုအသင်း” ဦးကျော်အေးမှ၎င်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ “မေတ္တာရိပ် ကျန်းမာရေးကူညီစောင့်ရှောက်မှုအသင်း(ပုသိမ်)” ကိုဇော်ထွန်းခိုင် မှ၎င်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ “မာဃလူမှုကူညီရေးအသင်း” ဦးအောင်သန်းမှ၎င်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ လူမှုရေးအသင်းအဖွဲ့ (၂၆) ဖွဲ့တို့၏ကိုယ်စား “ဘုန်းစိုးလူမှု ကူညီရေးအသင်း” ဦးစိန်ဝင်းမှ၎င်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၊ ပဲနွယ်ကုန်းမြို့ “တစ်ရာစွမ်းအား ကျန်းမာရေးနှင့် ပညာ ရေး အထောက်အကူပြုအဖွဲ့” ဦးသန်းဇော်မှ၎င်း၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ “ဝေယျဝစ္စအလှူရှင်များ နာရေးကူညီမှုအသင်း” ဦးစံဆင့်မှ၎င်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ “ဖြူစင်မေတ္တာ ဆေးလှူဒါန်းရေးအဖွဲ့” ဦးကျော်ဝင်းမှ၎င်း၊ ကယားပြည်နယ်၊ ဖယ်ခုံမြို့ “လောကပါလ လူမှုကူညီရေးအသင်း” ကိုကျော်ထင် အောင်မှ၎င်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဟိတကာရီ ပရဟိတအဖွဲ့” ဦးကျော်လင်းထွန်းမှ၎င်း၊ မကွေး တိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ “သမ္မာဆန္ဒ နာမှုကူညီရေးအသင်း” ဦးဌေးဝင်းမှ၎င်း၊ မန္တလေးတိုင်း၊ သပိတ် ကျင်းမြို့၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဖက်ရှည်ဆရာတော် ဥူးဣိသကမှ၎င်း၊ စစ်ကိုင်းတိုင်းဒေ သကြီး၊ ကောလင်းမြို့၊ “လူမှုကူညီရေးအသင်း” ဦးကျော်ကျော်လွင်မှ၎င်း အသီးသီး ပြောကြားခဲ့ပြီးနောက် နံနက် (ပထမပိုင်း) အစီအစဉ်အား ခေတ္တရပ်နားပြီး နေ့လည်စာအား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခ အာဟာရ၌ ဧည့်ခံကျွေးမွေးရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခအလင်း ပညာဒါနမှ ဖွင့်လှစ် ပို့ချသည့် ဟိုတယ် ဝန်ဆောင်မှုသင်တန်းမှ သင်တန်းဆင်းများနှင့် သင်တန်းတက်ရောက်လျှက်ရှိကြသော သင်တန်းသား/သူများတို့မှ ပါဝင်ကူညီအားဖြည့်၍ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

နေ့လည် (၁းဝဝ) နာရီအချိန်တွင် ဒုတိယပိုင်းအစီအစဉ်အား အခမ်းအနားမှူးအဖြစ် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင် ဦးကျော်ကျော်မြင့်မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး ဦးအောင်ခင်ဆင့် (ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့)၏ “ဦးကျော်သူ (သို့) သုဘရာဇာကြီးတစ်ဦးထံသို့ အိတ်ပိတ်ပေးစာ” အား “သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)” ဦးမင်းသူရမှ ဖတ်ကြားပြီးနောက် သဘောထား ထုတ် ပြန်ချက်များအား ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ ပြည်မြို့ “မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင် များအသင်း(ပြည်)” ဦးညီညီအောင်မှ၎င်း၊ ရန်ကုန်တိုင်းဒေသကြီး၊ “Better Burmese Health Care” ဒေါက်တာအောင်မြင့်သိန်းမှ၎င်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ “ပရဟိတလူငယ်အသင်း” ဦးထင်လင်းကျော် မှ၎င်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် “သုဂတိစေတနာ လူမှုကူညီရေးအသင်း” ဦးကျော်ဝင်းမှ၎င်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ “ကံဦးသွေးလှူရှင်အသင်း” ဦးကျော်ဇောအောင်မှ၎င်း၊ ရခိုင်ပြည် နယ်၊ မြေပုံမြို့နယ် “စေတနာရှင်များ နာရေးကူညီမှုအသင်း” ဦးရန်နိုင်ဖြိုးမှ၎င်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ “ကရုဏာရှင်များ နာရေးကူညီမှုအသင်း” ဦးအုန်းရွှေမှ၎င်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ “ကရုဏာရှင်နာရေးကူညီမှုအသင်း” ဦးခင်မောင်ဌေးမှ၎င်း၊ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့ “ဓမ္မပါလ ဘုန်း တော်ကြီးကျောင်း၊ ဓမ္မပါလ ကုသိုလ်ဖြစ်ဆေးခန်း” ဆရာတော် ဦးဝိမလမှ၎င်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေမြို့နယ် ကိုယ်စားပြုအဖြစ် ဦးစောလွင်မှ၎င်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့ “ရွှေပန်းတိမ် ပရ ဟိတအသင်း” ဦးကိုနိုင်မှ၎င်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့ “မေတ္တာရှင် လူမှုကူညီရေးအသင်း” ဦးသောင်းတန်မှ၎င်း၊ မွန်ပြည်နယ်၊ မုဒုံမြို့ “မြတ်စေတနာ လူမှုအထောက်အကူပြုအဖွဲ့” ဦးသိန်းဌေးမှ၎င်း၊ ကချင်ပြည်နယ် “မေတ္တာလေညှင်း လူမှုထောက်/ကူပြုအဖွဲ့” ဦးထွန်းမြင့်နောင်မှ၎င်း အသီးသီး ပြောကြားခဲ့ ပြီး နေ့လည် (၂းဝဝ) နာရီအချိန်တွင် ဒုတိယပိုင်း အစီအစဉ်အား ခေတ္တာရပ်နားပြီး ကော်ဖီနှင့် အကြော် များဖြင့် သုခ အာဟာရ၌ ဧည့်ခံကျွေးမွေးခဲ့သည်။

နေ့လည် (၃းဝဝ) နာရီအချိန်တွင် တစ်နေ့တာ (ပထမပိုင်း၊ ဒုတိယပိုင်း) ဖတ်ကြားတင်ပြခဲ့သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့၏ သဘောထား ထုတ်ပြန်ချက်များအား စုပေါင်းမှတ်တမ်းတင် စိစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် “မြန်မာနိုင်ငံတွင်းရှိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘော ထား ထုတ်ပြန်ခြင်း အခမ်းအနားကြီး၌ ဖတ်ကြားတင်ပြသော သဘောထား ကြေညာချက်များ အပေါ် အခြေပြု၍ထုတ်ပြန်သည့် “ဘုံသဘောထားကြေညာချက်” အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ဖတ်ကြားတင်ပြခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော လူမှုရေးအသင်း အဖွဲ့များ အား လူမှုရေးတေးသီချင်းများ ဖြင့် ဦးရဲလွင် (မဇ္ဈိမလှိုင်း)နှင့် ကိုဆောင်းဦးလှိုင်တို့မှ ဂုဏ်ပြုသီဆို ဖျော်ဖြေ ခဲ့ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်မှ ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး တဆက်တည်းပင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် “မြန်မာနိုင်ငံတွင်းရှိ အသင်း အဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘောထား ထုတ်ပြန်ခြင်း အခမ်းအနား အောင်မြင်စွာပြီးမြောက် ကြောင်း အခမ်းအနားမှူးမှ ပြောကြားလိုက်ချိန်တွင် သုခ ခန်းမဆောင်ကြီးအတွင်းရှိ လူထုတစ်ရပ်လုံးတို့ ၏ လက်ခုပ်သံများသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ခြံဝန်းအပြင်ထိတိုင် လွှမ်းခြုံသွားခဲ့သည်။
၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက် နိုင်ငံပိုင်သတင်းစာမျက်နှာတွင် ဖော်ပြခဲ့သည့် “အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ လိုအပ်ချက်များအား ၈.၉.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် “မြန်မာနိုင်ငံတွင်းရှိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘော ထား ထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ အသင်းအဖွဲ့ (၅ဝဝ) ခန့်၊ လူဦးရေ (၁ဝဝဝ) ကျော် တက်ရောက်ခဲ့ကြပြီး လူမှုရေးအသင်းအဖွဲ့များ၏ ဖတ်ကြားတင်ပြခဲ့သော သ ဘောထား ကြေညာချက်များအပေါ် အခြေပြုပြီး ပြန်လည်ထုတ်ပြန်ခဲ့သည့် “ဘုံသဘောထား ကြေညာ ချက်”အား ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြဋ္ဌာန်းရာတွင် ထည့်သွင်းဆွေးနွေးနိုင်ရန် တင်ပြသွားမည်ဖြစ် သည်။

အခမ်းအနားသို့ ပြည်နယ်၊ တိုင်းအသီးသီးတို့မှ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့ဖြင့် ခရီးပင်ပန်းစွာဖြင့် တက်ရောက်၍ တင်ပြခဲ့ကြသော အသင်းအဖွဲ့များ၊ အချိန်မအားသည့်ကြားမှ အသင်း အတွက် အမြဲတမ်း Welcome ဟု ပြောကြသော အထူးဧည့်-အသင်းသား ဦးရဲလွင် (မဇ္ဈိမလှိုင်း)နှင့် ကိုဆောင်းဦးလှိုင်၊ အခမ်းအနားသို့ တက်ရောက်လာကြသူများ လက်မှတ်ရေးထိုးသည့်ကောင်တာ၌ အခမ်းအနားပြီးဆုံးချိန်အထိ လုပ်အားပေးခဲ့သော မနန်းခင်ဇေယျာ၊ အခမ်းအနားဖြစ်မြောက်အောင် နေ့ည မရွေး (တာဝန်များအား နေရာမရွေး) ထမ်းရွက်ပေးဆပ်ခဲ့ကြသော အလုပ်အမှုဆောင်များ၊ အကြံပေးများ၊ ဝန်ထမ်းများ၊ အသင်းသား/သူများ၊ ဧည့်-အသင်းသား/သူများ၊ ကြက်ခြေနီအဖွဲ့သူ/သားများ၊ ဟိုတယ် ဝန် ဆောင်မှု သင်တန်းနည်းပြဆရာများ၊ သင်တန်းဆင်းများနှင့် သင်တန်းသား/သူများ၊ ကိုခင်မောင်အေးနှင့် အဖွဲ့နှင့် ကျေးဇူးတင်ထိုက်သူများ အားလုံး အားလုံးတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

(၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ပြည်နယ်၊ တိုင်းဒေသအသီးသီးတို့မှ လူမှုရေး အသင်းအဖွဲ့များ ဖတ်ကြားတင်ပြခဲ့သော သဘောထား ကြေညာချက်များအပေါ် အခြေပြုပြီး ပြန်လည် ထုတ်ပြန်ခဲ့သည့် “ဘုံသဘောထားကြေညာချက်” အား နေပြည်တော်ရှိ အစိုးရအဖွဲ့ရုံးများ၊ သက်ဆိုင်ရာ ဌာနများ၊ သံရုံးများ၊ တိုင်းနှင့်ပြည်နယ် လူမှုရေးအသင်းအဖွဲ့များထံသို့ တင်ပြပေးပို့သွားမည် ဖြစ်ပါသည်။)

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျေးရွာပိုင် အဆောက်အဦနှင့် မြေပေါ်တွင် ယင်းပါတီ၏ ကျေးရွာဆိုင်းဘုတ် တင်ထားကြောင်း၊ ကျေးရွာပိုင်မြေနှင့် အဆောက်အဦပေါ်တွင် ပါတီဆိုင်းဘုတ်တင်၍ မိသားစုနေထိုင်ခြင်းအား ဖယ်ရှားပေးရန်အတတွက် သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း ယနေ့အချိန်အထိ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်းကို ဖျာပုံမြို့နယ် ကျူံကူကျေးရွာနေ ဒေါက်တာ ခင်မောင်ကျော်က ပြောသည်။

ယခုကဲ့သို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျေးရွာလူထုပိုင် မြေနေရာနှင့် အဆောက်အဦများအပေးတွင် ၄င်းတို့၏ ပါတီဆိုင်းဘုတ် တင်ထားသည်ဟူသော စွပ်စွဲချက်ဖြင့် ဒေသခံ ကျေးရွာသားများက ကန့်ကွက်၍ ဖယ်ရှားရန် တောင်းဆိုမှုများမှာ ကျုံကူကျေးရွာနှင့် ချောင်းတွင်းကျေးရွာတို့တွင် ဖြစ်ပွားလျက် ရှိသည်။

ကျုံကူကျေးရွာတွင် ပြည်သူများ စုပေါင်းထည့်ဝင်ငွေဖြင့် ၀ယ်ယူဆောက်လုပ်ထားသော ကျေးရွာစာကြည့်တိုက်နှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ကျေးရွာပိုင် အဆောက်အဦပေါ်တွင် ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးက ပါတီဆိုင်းဘုတ်တင်ကာ ၄င်းတို့၏ မိသားစုပိုင်အဖြစ် နေထိုင်အသုံးပြုခြင်းအပေါ်တွင် ရပ်မိရပ်ဖများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကန့်ကွက်ကြောင်း … ဒေါက်တာခင်မောင်ကျော်က ဆက်လက် ပြောသည်။

အဆိုပါ အဆောက်အဦနှင့် မြေနေရာမှာ ၁၉၆၆ ခုနှစ်က ကျေးရွာ သမ၀ါယမ အသင်းသားများ စုပေါင်း၍ ငွေကျပ် ၆၀၀ ဖြင့် မြေကွက်ဝယ်ယူကာ အသင်းသားများ ထည့်ဝင်ငွေဖြင့်ပင် သွပ်မိုး၊ သွပ်ကာ၊ တမံသလင်းခင်း၍ သမ၀ါယမဆိုင် ဆောက်လုပ်ခဲ့ကြောင်း၊ ၁၉၉၂-၉၃ ခုနှစ်တွင် သမ၀ါယမလုပ်ငန်းများ ရပ်ဆိုင်းသွားသောအခါ ကျေးရွာသမအသင်း ကြွေးကျန်များ ရှင်းလင်းရန် မြို့နယ် သမ၀ါယမဦးစီးဌာနက အသင်းဆိုင်အား ပြန်လည်ရောင်းချသဖြင့် ကျေးရွာ (ရ.၀.တ) ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် ရပ်မိရပ်ဖများ ညှိနှိုင်း၍ ငွေကျပ်တစ်သိန်းအား မြို့နယ် သမ၀ါယမဦးစီးဌာနသို့ ပေးချေပြီး ကျေးရွာပိုင် အဖြစ် ၀ယ်ယူထားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင် ပညာရေးကဏ္ဍ အထောက်အကူပြုလုပ်ငန်းများ၊ မိခင်နှင့် ကလေး၊ အမျိုးသမီးရေးရာ စသော အဖွဲ့အစည်းတို့၏ လုပ်ငန်းများ အသုံးပြု ဆောင်ရွက်ခဲ့ပါသော်လည်း ၂၀၀၇ ခုနှစ်မှစ၍ ပြည်ခိုင်ဖြိုးအသင်း (ယခု ပြည်ခိုင်ဖြိုးပါတီ) ဆိုင်းဘုတ်တင်ပြီး ကျေးရွာစည်းရုံးရေးမှူး မိသားစုက နေထိုင်အသုံးပြုလျက် ရှိကြောင်းတို့ကို ကျေးရွာနေ ရပ်မိရပ်ဖများက ပြောသည်။

ယင်းကိစ္စအား ကျေးရွာပြည်သူများက ကျေးရွာအုပ်ချုပ်ရေးမှူးထံ တင်ပြတိုင်ကြားချိန်တွင် ရပ်မိရပ်ဖများနှင့် ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတို့ကို ကျေးရွာတာဝန်ရှိသူက ခေါ်ယူဆွေးနွေးရာတွင် ကျေးရွာစည်းရုံးရေးမှူးက ကျွန်တော်တို့ မိသားစု နေထိုင်သည်မှာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ယခင်အတွင်းရေးမှူး (တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်) က အစောင့်အရှောက် သဘောမျိုး နေခိုင်း၍ နေထိုင်ရကြောင်း၊ မြို့နယ်ပါတီက ဖယ်ရှားပေးပါဟု ညွှန်ကြားချက် ရရှိမှသာ ဖယ်ရှားပေးမည်ဟု ပြောဆိုခဲ့ကြောင်းကိုလည်း အများပိုင် စာကြည့်တိုက် ပြန်လည်ရရှိရေး ဦးဆောင်လှုပ်ရှားသူများက ပြောသည်။

အလားတူပင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာတွင်လည်း ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေဖြင့် စာကြည့်တိုက်အဖြစ် အသုံးပြုန်ရန် ဆောက်လုပ်ထားသော မြေနေရာနှင့် အဆောက်အဦအား ကြံ့ခိုင်ရေးအလံ ယနေ့အထိ လွှင့်ထူထားပြီး ကြံ့ခိုင်ရေးရုံးဟု ကြွေးကြော်၍ နေသော ဖြစ်ရပ်အပေါ်တွင် ဒေသခံ ကျေးရွာသားများက ကျေးရွာစာကြည့်တိုက်အဖြစ် သတ်မှတ်ပေးပါရန် ၄င်းတို့၏ ဆန္ဒကို သက်ဆိုင်ရာ မြို့နယ်ရှိ ဌာနဆိုင်ရာများသို့ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ကျေးရွာရှိ အဆောက်အဦမှာ ၁၉၉၅ ခုနှစ်တွင် (ရ.ယ.က) ရုံး ဆောက်လုပ်ရန် (၄၀X၆၀) ပေ မြေကွက်ကို ယင်းအချိန်က ရ.ယ.က ဥက္ကဋ္ဌ ဦးဆန်းဝင်းလက်ထက်တွင် ငွေကျပ် ခြောက်သိန်းဖြင့် ရောင်းချခဲ့ပြီး ကျေးရွာ စာကြည့်တိုက် ပြုလုပ်ရန် အဆောက်အဦတစ်ခု စတင် ဆောက်လုပ်ခဲ့ပါသည်။ ထိုမှတဖန် ရ.ယ.က ဥက္ကဋ္ဌအသစ် ဦးစိုးအောင် လက်ထက်တွင် အပြီးသတ် ဆောက်လုပ်ခဲ့ပါသည်။ ယခု အုပ်ချုပ်ရေးမှူး ဦးအောင်သူ တာဝန်ယူချိန်တွင် ဦးစိုးအောင်က ယင်းအဆောက်အဦအား ကျေးရွာသို့ လွှဲပြောင်းအပ်နှံခြင်း မပြုသည့်အပြင် သော့ပိတ်ကာ ၄င်းသော့ကို လက်ဝယ်ထားပြီး ကြံ့ခိုင်ရေးအလံ လွှင့်ထူ၍ ကြံ့ခိုင်ရေးရုံး (ပြည်ခိုင်ဖြိုးပါတီရုံး) အဖြစ် အသုံးပြုနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကျေးရွာပိုင်၊ အများဆိုင် အဆောက်အဦကို နိုင်ငံရေးပါတီတစ်ခုအတွက် အသုံးပြုခြင်းသည် ကျေးရွာရှိ လူငယ်များ စာပေအသိပညာ ဗဟုသုတ လေ့လာနိုင်မှုကို အဟန့်အတား အနှောင့်အယှက် ဖြစ်စေပြီး ကျေးရွာပါတီ စည်းရုံးရေးမှူး၏ လုပ်ဆောင်ချက်မှာ ပါတီစွဲ၊ အတ္တစွဲဖြင့် အမှန်တတရားကို ဖုံးကွယ်ထားသည်ဟု ယူဆပါကြောင်းတို့ကိုလည်း ကျေးရွာသားများက ဝေဖန် ပြောဆိုလျက် ရှိသည်။

သို့ဖြစ်ပါ၍ ကျေးရွာပိုင်၊ အများပိုင်နေရာများကို တစ်ပါတီ၊ အဖွဲ့အစည်းတစ်ခုအတွက် အသုံးချနေခြင်းကို သက်ဆိုင်ရာ လူကြီးမင်းများ သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

ဖျာပုံသားတစ်ဦး
မြန်မာသံတော်ဆင့်

တက္ကသိုလ်ကျောင်းသည် အခြား သောပြည်နယ်တိုင်းရှိ တက္ကသိုလ် ကျောင်းများ၏ မြေဧကထက် ရာကျော်ပြီးရှိနေကြောင်း သိရ သည်။ ကွန်ပျူတာတက္ကသိုလ်မြေ မှာ ယခင်တပ်မတော်မှ တပ်ရင်း တည်ဆောက်ရန် သိမ်းယူခဲ့ပြီး တပ်မတော်မှအသုံးမပြုတော့ သဖြင့်တောင်ကြီးကွန်ပျူတာ တက္ကသိုလ်သို့ တပ်မတော်မှ ဆောက်လုပ်ပြီးစီးသော အဆောက်အဦးအချို့နှင့် သိမ်း ယူထားသောမြေ ၄၆၇ ဧကအား လွှဲပြောင်းပေးထားပြီးဖြစ်သည်။ မြေသိမ်းခံရသောတောင်သူ များမှတပ်မတော် အကြီးအကဲ များကိုအဆိုပါမြေများ လွတ်လပ် စွာ စိုက်ပျိုးခွင့်ပြန်လည်ရရှိ အောင်ဖော်ဆောင်ပေးရန် စုပေါင်း လက်မှတ်ရေးထိုးစာများ တင်ခဲ့ကြောင်း သိရသည်။ အဆို ပါတောင်ကြီး တက္ကသိုလ်မြေ ကိစ်္စနှင့်ပတ်သက်၍ တပ်မတော် အကြီးအကဲများ၏ လမ်းညွှန် ဖြေရှင်းမှုကို တောင်ကြီးမြို့ဆက် သွယ်ရေးတပ်ရင်းမှ တာဝန်ရှိသူ တပ်မတော်အရာရှိများမှ သိမ်းယူထားသော မြေကိစ်္စမှာ မိမိတို့တပ်မတော်နှင့် မသက်ဆိုင် တော့ပါကြောင်း သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ အပြီးအပိုင် လွှဲပြောင်းပေးထားပြီဖြစ်ပါသော ကြောင့် သက်ဆိုင်ရာသို့တင်ပြ တောင်းခံသွားရန် တောင်သူများ အား ၂၁-၈-၂၀၁၃ နေ့တွင် ခေါ်ယူရှင်းပြသည့်အတွက် တောင်သူများမှ အခုလိုခွဲခွဲခြား ခြားသိရသောကြောင့် ကျေးဇူး တင်ရှိကြောင်း တောင်သူများမှ တာဝန်ရှိသူတို့အား ပြောကြား ခဲ့ကြောင်းသိရှိရပါသည်။

ယခုအခါ ၁၃-၈-၂၀၁၃ နေ့တွင် တောင်ကြီးကွန်ပျူတာ တက်္ကသိုလ်ခေတ်္တကျောင်းအုပ် ဆရာမကြီး ဒေါက်တာနန်းဆီ ခမ်းက ကျောင်းတာဝန်ရှိသူဖြစ် သောဗိုလ်ကြီးလှကျော်နောင်လေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကီးတို့ ကျောင်းရှေ့မျက်နှာစာရှိ ဆိုင်ခန်းများလာရောက်ကြည့်ရှု သွားပြီးမည်သို့မှအမိန့်ညွှန်ကြား ချက်မပေးသွားဘဲ သြဂုတ်လ ၁၄ ရက်နေ့တွင်ကျေးရွာအုပ်ချုပ်ရေး မှူးမှတောင်ကြီးကွန်ပျူတာ တက္ကသိုလ်၏ ညွှန်ကြားချက် အမိန့်နှင့်အတူ ကွန်ပျူတာတက္က သိုလ်ရှေ့တောင်ကြီး တာချီလိတ် သွားရာကားလမ်းဘေးကွန်ပျူ တာ သိမ်းမြေထဲတွင် ပါနေသော ကားရေဆေးလုပ်ငန်းတစ်ခုနှင့် ဈေးဆိုင်၊ ရာသီပေါ်ရောင်းချနေ သောဈေးဆိုင်ငယ်တောင်ယာတဲ တို့အား ဖယ်ရှားထွက်ခွါရန် အမိန့်ညွှန်ကြားလာခြင်းကြောင့် တောင်သူတွေအခက်ဖြစ်နေခဲ့ သည်။

ကျေးရွာတာဝန် ရှိသူများ မှ ကွန်ပျူတာတက္ကသိုလ် ဆရာမ ကြီးထံသွားရောက်မေးမြန်းရာတွင် လည်း ၄င်းတို့နှင့်မသက်ဆိုင်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်သာ သက်ဆိုင်ပါကြောင်း သွား ရောက်တွေ့ဆုံသော ကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးထွန်း ရွှေမှ““ဒီမြေတွေကိုတပ်မတော် သိမ်းကတည်းကကျွန်တော်တို့ လွတ်လပ်စွာစိုက်ပျိုးခွင့်ရတယ်။ တပ်မတော်က အသုံးမပြုတော့ လို့ ကွန်ပျူတာမြေဖြစ်တော့ လည်းကျွန်တော်တို့ အကြိမ်ကြိမ် မောင်းထုတ်ခံရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း စည်းနဲ့ ကမ်းနဲ့စိုက်ပျိုးလုပ်ကိုင်ပြီး အထက်အဆင့်ဆင့်ကို မြေကိစ္စ နှင့်ပတ်သက်၍ အဆင့်ဆင့် တင်ပြတောင်းခံထားတဲ့အတွက် အထက်မိန့်မရဘဲ မဖယ်ရှား နိုင်သေးကြောင်း စားရေးနေရေး အခက်အခဲကို ဒီနေရာမှာဖြေရှင်း နေရတဲ့အတွက်ကြောင့်ပါ””ဟု ပြောကြားခဲ့သည်။ နိုင်ငံတော် အကြီးအကဲများမှ အသေးစား အလတ်စားအိမ်တွင်းမှု လုပ်ငန်း များလုပ်ကိုင်ဖို့ကို အားပေးနေ သော်လည်း ယခုကဲ့သို့မြေနေရာ များပေါ်တွင် အတင်းအဓမ်္မဖယ် ရှားခိုင်းနေခြင်းတို့ကို သေချာစွာ စစ်ဆေးပြီး ဖော်ဆောင်ပေးဖို့ လိုနေကြောင်း သို့မှသာအထက် အကြီးအကဲများ၏ အမိန့်လမ်း ညွှန်မှုတွေက အောင်မြင်မှာဖြစ် ကြောင်းဆိုင်ရှင်များကလည်း ဆိုင်ပတ်လည်တွင် သန့်ရှင်းရေး များပြုလုပ်ပြီး မဖယ်ရှားသေးဘဲ အထက်အမိန့်ကိုစောင့်၍ ဆက်လက် ဈေးရောင်းချလုပ် ကိုင်နေကြောင်း သိရှိရပါသည်။

အောင်ဇင်
The hot news weekly

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.