09/18/13

photo by Libor Marek
(AFP မှ 16 September 2013 ရက်စွဲပါ “Suu Kyi meets Dalai Lama,risking china’sire”သတင်း ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အရောဂ်လူအခွင့်အရေးကွန်ဖရင့် အ၀န်းအ၀ိုင်း တွင် ဒလိုင်းလားမားနှင့် သီးသန့်တွေ့ဆုံခဲ့ကြောင်း ကွန်ဖရင့်ပြောရေးဆိုခွင့်ရှိသူက တနလာင်္နေ့တွင် အတည်ပြုပြောကြား ခဲ့ပြီးနောက်၊ တရုတ်နိုင်ငံ၏ ဒေါသကို အကဲစမ်းလိုက်ပြီဖြစ်သည်။

မအောင်မြင်သော တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုအပြီး ၁၉၅၉ တွင် အိန္ဒိယသို့ထွက်ပြေးတိမ်းရှောင်သွားသော တိဗက်ဘာသာရေးခေါင်းဆောင်နှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်များတွေ့ဆုံမှုကို ဘေဂျင်းက နှစ်ပေါင်းမျာစွာ ကန့်ကွက်လာခဲ့သည်။

“နိုဘယ်ဆုရှင်နှစ်ဦးဟာ တနင်္ဂနွေနေ့က ဒလိုင်းလားမားရဲ့ ဟောပြောဆွေးနွေးပွဲမှာ သီးခြားတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်” ဟု ကွန်ဖရင့်စီစဉ်သူ Froum 2000 ၏ ပြောရေးဆိုခွင့်ရှိသူ ဖီလစ်ဆီဘက်က ပြောကြားသည်။

သံယံဇာတကြွယ်ဝသော မြန်မာနိုင်ငံတွင် အဓိကရင်းနှီးမြှုပ်နှံနေသူ အင်အားကြီးအိမ်နီးချင်းတရုတ်နိုင်ငံက ဒလိုင်လားမားအား တရုတ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများဖြစ်အောင် အားပေးအားမြှောက်ပြုသူ ခွဲထွက်ရေးသမား အဖြစ်သတ်မှတ်ထားသည်။

သို့ရာတွင် ဒလိုင်လားမားက “၎င်းသည် တိဗက်တို့၏ လူအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ တရုတ်တို့သည်လည်း ဆယ်စုနှစ်ချီ တင်းမာသော မှုဝါဒအလွန်တွင် တိဗက်တို့၏ မူဝါဒကို နားလည်လာကြောင်း” သောကြာနေ့တွင် ပြောကြားခဲ့သည်။

မနှစ်က လန်ဒန်တွင်တွေ့ဆုံခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည့်နှင့် ဒလိုင်းလားမားတို့နှစ်ဦးသည်စလုံးသည်။ တနင်္ဂနေ့ကစတင်သော သုံးရက်ကြာကွန့်ဖရင့်တွင် အသီးသီးမိန့်ခွန်းစကားဆိုကြမည်ဖြစ်သည်။

ထို့အပြင် ယခင်ချက်ကိုစလိုဗက်ကီးရား ကွန်မြူနစ်အာဏာရှင်များကို ဆန့်ကျင်ခဲ့သည် ၁၉၈၉ ဗဲဗက်တော်လှန်ရေး၏ တော်လှန်ရေး၏ သူရဲကောင်းကွယ်လွန်သူ ဗယ်ကလက်ဟာဗယ်ကိုလည်း ဂါဝရပြုကြမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗယ်ကလက်ဟာဗယ်နှင့် တွေ့ဆုံဖူးခြင်းမရှိသော်လည်း၊ ကွန်မြူနစ် အကျဉ်းထောင်တွင် ငါးနှစ်အကျဉ်းကျခံဖူးသူ၊ လူအခွင့်အရေးလှုပ်ရှားသူ အတိုက်အခံခေါင်းဆောင် အဖြစ်မှ သမ္မတဖြစ်လာခဲ့သည့် ဟာဗယ်သည် သူမအကျယ်ချုပ်ထိန်းသိမ်းခံနေရစဉ် မျှော်လင့်ချက်ပေးခဲ့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဗက်ကလက်ဟာဗယ် မကွယ်လွန်မီ တွေ့ဆုံစကားပြောဖူးခဲ့သူများထဲမှ တစ်ဦးဖြစ်သူ ဒလိုင်းလားမားက “သူရဲ့ရှုပ်ပွနေတဲ့ ရုံးခန်းလေးထဲ သွားလည်ဖို့အခွင့်အလမ်းရခဲ့ပါတယ်။ သူရဲ့ကုလားထိုင်မှာ ကျုပ်ခေါင်းကပ်ထားလိုက်တယ်။ ဒါကသူ့ဝိဥာဉ်ကို ထင်ဟပ်နေပါတယ်။ ဒီကုလားထိုင်ကနေ ကောင်းချီးပေးမှုတွေကို ကျုပ်သယ်ဆောင်သွားနိုင်မယ်လို့ထင်တယ်။ သူဆန္ဒ၊ သူ့အိမ်မက်၊ သူ့အမြော်အမြင်၊ သူ့ဝိဥာဉ်တွေကို ဆက်လက်သယ်ဆောင်ပေးဖို့ ကျုပ်တို့မှာ တာဝန်ရှိတယ်”ဟု လတ်တလော ဥရောပရီးစဉ်တွင် ပြောကြားခဲ့သည်။

Yangon chronicle

မေး။ ကေအိုင်အိုနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပေါ် ဘာများပြောချင်ပါသလဲ။

ဖြေ။ ဒါဟာ မြန်မာစစ်တပ်ရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေဖြစ်ပါတယ်။

မေး။ အဆိုပါစွပ်စွဲချက်နဲ့ ပက်သက်ပြီး တိုက်ပွဲဖြစ်စဉ်အကျဉ်းကို ပြောပြပါဦး။

ဖြေ။ ခရန်ထီးဒမ် (Hkrang Hti Dam)ရွာဟောင်းမှာရောက်နေတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံပြည်သူ့ စစ် ပူးပေါင်းအင်အား ၃၀ ခန့် ဟာ ၁၅. ၈. ၂၀၁၃ ရက်နေ့ မှာ
အင်ရော့ဂါး (Nrawt Ga) ကျေးရွာကို ၀င်ရောက်လာခဲ့တယ်။ စစ်ကြောင်းသွားရာလမ်းကြောင်းတလျှောက် သေနတ်ပစ်ဖောက်လာခဲ့ကြတယ်။
အဲဒီကနေတစ်ဆင့် KIA တပ်ရင်း (၇) ရဲ့  ရှေ့ တန်းကင်းစခန်းရှိရာ ကြိုင်ခူးခဇွပ်(Chyai Hku Hka Zup) ရဲ့ အောက်ဖက်၊ အင်ခါးဂါး (Nhka Ga) ကျေးရွာသစ်ရဲ့ 
အပြင်ဘက်ကို ချဉ်းကပ်ဦးတည်လာခဲ့တယ်။ မိမိဘက်က တိုက်ပွဲကိုရှောင်ရှားလိုတဲ့အတွက် ရွာသားစေလွှတ်ပြီး စစ်ကြောင်းချဉ်းကပ်မလာစေဖို့ အသိပေးစေခဲ့တယ်။

ရွာသားတွေ တားဆီးပြောဆိုတာကို လက်မခံဘဲ ရှေ့ ကိုဆက်တိုးလာတဲ့အတွက်၂၈. ၈. ၂၀၁၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရတယ်။
မြန်မာစစ်တပ်စစ်ကြောင်းဘက်မှာ ထိခိုက်မှုရှိခဲ့တယ်။ အဲဒါကြောင့်၂၉. ၈. ၂၀၁၃ ရက်နေ့  မနက် ၀၆း၃၀ မှ ၀၇း၀၀ နာရီအတွင်း မြန်မာစစ်တပ်နဲ့ 
ပြည်သူ့ စစ်ပူးပေါင်းတပ်ဖွဲ့ ဟာ KIA ရှေ့ တန်းစခန်းကို နှစ်ကြိမ်တိတိထပ်မံထိုးစစ်ဆင်လာတယ်။ မိမိတို့ ဘက်မှ ခုခံတိုက်ပွဲဆင်နွှဲရတယ်။
မြန်မာစစ်ကြောင်းဘက်မှ အရာရှိတစ်ဦးနဲ့ သာမန်ရဲဘော်တစ်ဦး ကျဆုံးတယ်။မိမိဘက်က တပ်သားနှစ်ဦးလည်း ကျဆုံးခဲ့ရတယ်။ မြန်မာစစ်တပ်ဘက်မှ
လက်နက်ငယ်တစ်လက်၊ ပြည်သူ့ စစ်တပ်ဖွဲ့ ကိုင် M-22 တစ်လက် သိမ်းရမိတယ်။မိမိဘက်က သေနတ်တစ်လက် လက်လွှတ်လိုက်ရတယ်။

၂.၉. ၂၀၁၃ ရက်နေ့ မှာ ခလရ (၁၃၈)၊ ခလရ (၄၆) ပါဝင်တဲ့စစ်ကြောင်း(အင်အား ၁၀၀ ကျော်ဟာ) မချမ်းဘော့မြို့ ကနေပြီး စက်လှေတွေနဲ့ 
မလိခမြစ်အတိုင်း စုန်ဆင်းလာပြီး အင်ခါးဂါးကျေးရွာကို ရောက်ရှိလာခဲ့တယ်။ဒါကြောင့် မိမိတပ်ဖွဲ့ တွေကလည်း စခန်းကနေ ရှောင်ထွက်ပေးလိုက်တယ်။
အင်ခါးဂါးကျေးရွာဟာ လွန်ခဲ့တဲ့ ၂ နှစ်က လုံခြုံရေးအရ နေရာရွှေ့ ပြောင်းတည်ခဲ့တဲ့ကျေးရွာသစ်ဖြစ်တယ်။ အိမ်ခြေ ၂၀ ခန့် ရှိတယ်။ လွန်ခဲ့တဲ့တိုက်ပွဲပြင်းထန်ကာလ
အတွင်း အဲဒီဒေသမှာ မြန်မာစစ်ကြောင်း ၀င်/ထွက် မရှိခဲ့တဲ့အတွက်အေးချမ်းနေခဲ့တယ်။

အင်ခါးဂါးကျေးရွာကို စစ်ကြောင်းဝင်ရောက်လာတဲ့နေ့ ကစပြီး ရွာသားတွေကိုဖမ်းဆီးနှိပ်စက်ခဲ့တယ်။ ရွာသားတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို
ဖမ်းဆီးသတ်ဖြတ် လုယက်ခံရတယ်။ ရွာသားတွေရဲ့ ဆန်ရိက္ခာတွေ လုယက်ခံရတယ်။ အင်ခါးဂါးကျေးရွာက ရွာလူကြီး ဦးလခင်ခေါတုပ် (Salang Lahkyen
Hkaw Tup) နဲ့  လူငယ် ရုန်ခါးခင် (Shadang Yung Hka Hkyen) ကိုလမ်းပြအဖြစ် ကြိုးတုတ်ခေါ်သွားတယ်။ နောက်ပိုင်းပျောက်သွားတယ်။
သတ်ဖြတ်ခံရတယ်လို့ သတင်းတက်လာတယ်။ ဘာသာရေးသင်းအုပ်ဆရာရမ်မယ် (Rev. Ram Me) နဲ့  ယောကျာင်္း ၁၀ ယောက်ကျော်ကို ကြိုးတုတ်
ချိတ်ဆွဲထားပြီး ရိုက်နှက်နှိပ်စက်ခဲ့တယ်။

၂၉. ၈. ၂၀၁၃ တိုက်ပွဲမှာ ကျသွားတဲ့အရာရှိရဲ့ အလောင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပြီး ကြားခံပုဂ္ဂိုလ်မှတစ်ဆင့် စုံစမ်းခဲ့တဲ့အတွက်
အလောင်းမြှုပ်နှံထားတဲ့နေရာကို အသိပေးခဲ့တယ်။ တကယ်လို့ အလောင်းကိုမဟုတ်မဟပ် လုပ်ထားမိခဲ့တယ်ဆိုရင် အလောင်းမြှုပ်နှံထားတဲ့နေရာကို
အသိပေးရန် အကြောင်းမရှိပါ။ ၂ နှစ် တိုက်ပွဲကာအတွင်း မိမိဘက်ကဖမ်းဆီးရမိတဲ့ သုံ့ ပန်းတွေကို လူ့ ယဉ်ကျေးမှုနဲ့ အညီ ပြုမူဆက်ဆံခဲ့တာ
အားလုံးအသိဖြစ်တယ်။ အကြမ်းဖျဉ်းသိရသလောက် အရာရှိရဲ့ အလောင်းကိုစက်တင်ဘာလ (၅)ရက်နေ့  ပြန်ဖော်ရတယ်လို့ သိရတယ်။ အဲဒီမတိုင်ခင်
ရွာသားတွေအားလုံးကို လက်လွန်ခြေလွန် မတရားနှိပ်စက် အဓမ္မပြုကျင့်မှုတွေကျူးလွန်ခဲ့ပြီးဖြစ်တယ်။

အခုအချိန်မှာ အဲဒီရွာသားတွေဟာ ရွာအပြင်ထွက်ခွင့်မရသေးသဖြင့်ဒုက္ခမျိုးစုံခံစားနေရတယ်။ ဒါပေမယ့် ရွာသားတွေရဲ့ ဖြစ်ရပ်တွေကို နည်းမျိုးစုံနဲ့ 
အပြင်ကို ပေါက်ကြားခဲ့တယ်။ ဒေသခံမြန်မာစစ်တပ်တွေဟာ မချမ်းဘော့ဒေသခံတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးတပ်ဖွဲ့ ဝင်တွေရှိတယ်။ အဲဒီကတစ်ဆင့်
သတင်းဟာ အပြင်ကိုရောက်ရှိခဲ့တယ်။ ရွာသားတွေကို အကူအညီပေးဖို့ အတွက်ဘာသာရေးအသင်းအဖွဲ့ တွေဟာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ ကို အနည်းဆုံး
သုံးကြိမ် ခွင့်တောင်းခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ပါ။

မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ ရှေ့ တန်းစစ်ကြောင်းတွေရဲ့ ၎င်းတို့ ကျူးလွန်ခဲ့တဲ့ လူ့ အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်နိုင်ဖို့ 
ကြံဖန်တင်ပြခဲ့တဲ့ အစီရင်ခံစာကို အခြေပြုထားတာဖြစ်တယ်။ အထူးစိုးရိမ်စရာဖြစ်တာကတော့ ထိန်းသိမ်းခံထားရတဲ့ ရွာသားတွေရဲ့ အသက်လုံခြုံရေးပါ။
စစ်တပ်ရဲ့ လက်ထဲမှာရောက်နေတဲ့အတွက် လက်ခုပ်ထဲကရေလို ဖြစ်နေကြရတယ်။

မေး။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုကြောင့် အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထိခိုက်စေနိုင်သလား။

ဖြေ။ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဆွေးနွေးပွဲကို ထိခိုက်စရာတော့ မရှိပါဘူး။

မေး။ ကေအိုင်အေအနေနဲ့ ရော တိုက်ပွဲဖြစ်စဉ်အမှန်ကို ထုတ်ပြန်ကြေညာဖို့ ရှိသလား။

ဖြေ။ တိုက်ပွဲဖြစ်စဉ်ကို ထုတ်ပြန်ကြေညာရန် မရှိပါဘူး။

မေး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ ဆက်ကျင်းပသွားဖို့ ရှိ မရှိ သိလိုပါတယ်။

ဖြေ။ အောက်ခြေအဆင့်မှာတင်ပြတဲ့ တင်ပြချက်အမှားပေါ်မှာအခြေခံပြီး သုံးသပ်ချက်အမှားပြုတာ လုပ်မယ်ဆိုရင် ဆုံးဖြတ်ချက်အမှားတွေ
ဖြစ်လာပါလိမ့်မယ်။ ဒါဟာ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အတွက်အဟန့် အတား ဖြစ်စေနိုင်ပါတယ်။

(Venus News ဂျာနယ် အတွဲ ၅ အမှတ် ၈ မှ ကူးယူပါသည်)

စာရိုက်ဖော်ပြပေးသော ကိုအောင်မျိုးထွန်း အားကျေးဇူးတင်ရှိပါသည်...

(16, Sept 2013 ရက်စွဲပါ ceskenoviny.cz မှ Hard road to democracy till ahead of Burma – Suu Kyi in Prague ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်း၏ အစ၌သာရှိသေးပြီးလမ်းမှာ ကြမ်းတမ်းခက်ခဲမည်ဖြစ်သော်လည်း ရှည်လျားလိမ့်မည်မဟုတ်ဟု မျှော်လင့်ရကြောင်း မြန်မာနိုင်ငံမှ အတိုက်အခံနိုင်ငံရေးသမား ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့အတွေးအခေါ်ပညာရှင်များနှင့် နိုင်ငံရေးသမားများ၏ ဖိုရမ် ၂၀၀၀ ကွန်ဖရင့်တွင် တက်ရောက်သူများအား ယနေ့ ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ကွန်ဖရင့်အဖွင့်တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ များနှင့် ဆက်စပ်၍ အလွန်အကျွံအကောင်းမြင်နေမှုများကို သတိပေးခဲ့သည်။

၎င်းက လက်ရှိမြန်မာအစိုးရ၏ အဖွဲ့ဝင်အများစုသည် ယခင်စစ်အစိုးရလက်ထက်မှ ပုဂ္ဂိုလ်များဖြစ်ကြောင်း ဆိုပါသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် များစွာလုပ်ဆောင်ရန် ကျန်ရှိနေသေးသည်မှာ ထင်ရှားကြောင်း ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် လက်ရှိမြန်မာနိုင်ငံ၏ အခြေခံဥပဒေသည် ဒီမိုကရေစီ ဖွံ့ဖြိုးမှုအတွက် လုံလောက်သော အာမခံချက်ရှိပုံမရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အာဏာအလွဲသုံးစားမှုများကို တားဆီးမှုပြုရန် မပါဝင်ဘဲ၊ ပြည်သူများအနေဖြင့်လည်း ၎င်းတို့နှစ်သက်သော အစိုးရကို ရွေးချယ်ပိုင်ခွင့်မရှိသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

၎င်းကဆက်ကလက်ပြောကြားရာတွင် ဒီမိုကရက်တစ်အစိုးရဆိုသည်မှာ ပြည်သူများလုံခြုံသည်ဟု ခံစားရပြီး၊ အစိုးရအား ဝေဖန်ရန် သို့မဟုတ် ဆန့်ကျင်ရန် ကြောက်ရွံခြင်းမရှိစေခြင်း၊ ပြည်သူပြည်သားများကို ဂရုစိုက်ပြီး၊ ပြည်သူများဘဝများအပေါ် အလွန်တရာစွက်ဖက်မှုမရှိစေခြင်းနှင့် အချိန်ကျလာလျှင် အာဏာစွန့်ရန် ဝန်မလေးခြင်း များရှိသည့် အစိုးရဖြစ်ရမည်ဟု ဆိုပါသည်။

ယခုအချိန်အထိမူ မြန်မာအစိုးရသည် အဆိုပါအရည်အသွေးများမရှိသေးကြောင်း ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့အစောပိုင်းတွင် ချက်သမ္မတ Milos Zeman နှင့် နိုင်ငံခြားရေးဝန်ကြီး Jan Kohout တို့ဖြင့် တွေ့ဆုံခဲ့ပါသည်။

ယခင်ကျင်းပသော ဖိုရမ် ၂၀၀၀ ကွန်ဖရင့်များတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် နေရာမှာ ပုံမှန်ကွက်လပ် ဖြစ်ခဲ့ရပါသည်။ အဆိုပါကွန်ဖရင့်ကို ယခင်ချက်သမ္မတ Voclav Havel က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ကျင်းပသော ဖိုရမ် ၂၀၀၀ သည် (၁၇)ကြိမ်မြောက် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် Havel သည်ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် ၎င်း၏အမည်စာရင်းတင်သွင်းမှုကို ငြင်းပယ်ပြီး သူ့အား (ဒေါ်အောင်ဆန်းစုကြည်) ရစေခဲ့ကြောင်း တနင်္ဂနွေက ပြန်ပြောင်းပြောခဲ့သည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.