09/19/13

ညဥ့်သန်းခေါင်ယံအချိန်၊ တစ်ရွာလုံးတိတ်ဆိတ်နေသော်လည်း ရွာတွင်အိပ်ပျော်နိုင်သူမရှိ။ ဧရာဝတီမြစ်ရေ၏ ကမ်းပါးများကို တိုက်စားနေသည့်အသံက ဦးလှအေးတို့မိသားစုမြေနေရာကို ၀ါးမျိုတိုက်စ...ားရန် ခြိမ်းခြောက်နေသည်။

“၀ုန်း”ခနဲအသံကြီးက ညဥ့်သန်းခေါင်ယံတွင် ကျယ်လောင်စွာ မြည်ဟီးသွားသည်။ ရွာသူရွာသားများ လက်နှိပ်ဓာတ်မီးကိုယ်စီဖြင့် ထလာကြပြီး ၁၂ တောင်ကျော်ခန့် ကမ်းပါးပြိုသွားသော နေရာများကို ဓာတ်မီးများဖြင့် ထိုးကြည့်ကြရင်း ထိတ်လန့်စွာ တစ်ယောက်တစ်ပေါက် စကားပြောသံများက ဆူညံသွားသည်။ ဦးလှအေး မြေနေရာအပါအ၀င် မိသားစုသုံးစုနေထိုင်ရာ မြေနေရာများကို ဧရာဝတီမြစ်ရေက မိနစ်ပိုင်းအတွင်း တိုက်စားနှစ်မြှုပ်ပစ်လိုက်ပြီ။ သည်အဖြစ်အပျက်က ရေနံချောင်းမြို့နယ်၊ ဧရာဝတီမြစ်ပေါ်ရှိ ကျွန်းများပေါ်တွင် နေထိုင်လုပ်ကိုင် စားသောက်နေသူများ မြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ရင်ဆိုင်နေရသော အဖြစ်အပျက်များစွာထဲကတစ်ခုဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှစ၍ ဧရာဝတီမြစ် ရေကြောင်းပြောင်းခြင်း၊ မြစ်ရေတက်လာခြင်းတို့ကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကျွန်းများပေါ်တွင် နေထိုင်ကြသော ကျေးရွာအုပ်စုများ
ကမ်းပါးပြို၍ စိုက်ပျိုးမြေများ၊ နေထိုင်စရာမြေနေရာများ ဆုံးရှုံးရခြင်းဒုက္ခနှင့် ရင်ဆိုင်နေကြရသည်။

“ဒီတစ်ခါပါနဲ့ဆို “ဦး”သက်တမ်းတစ်လျှောက် ကမ်းပါးပြိုလို့ ပြောင်းရွှေ့ရတာ ရှစ်ကြိမ်ရှိသွားပြီ”ဟု ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းအုပ်စု၊ ဒါန်ကုန်းသစ်ကျေးရွာတွင် နေထိုင်သူ အသက်(၇၉)နှစ်အရွယ် ဦးမြင့်ကျော်ကပြောသည်။

ရေနံချောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ပေါ်ရှိ ကျွန်းများပေါ်တွင် ရွာပေါင်းတစ်ရာကျော် မှီတင်းနေထိုင်နေကြပြီး ယခင်နှစ်များတွင် ကမ်းပါးပြိုမှုဘေးအန္တရာယ်များ ကြုံခဲ့ဖူးသော်လည်း ယခုနှစ်လို ဆိုးဆိုးရွားရွားမရှိခဲ့။ ယခုတော့ ရွာသုံးရွာလုံး ရေအောက်ရောက် ပျောက်ကွယ်သွားသည်အထိ ရင်ဆိုင်နေကြရသည်။ ကမ်းပါးပြိုသည့်အထဲတွင် မိမိတို့အိမ်ပါမသွားရန် ကြိုတင်ဖျက်၍ လွတ်ရာသဲသောင်ပြင်များတွင် ပုံထားကြရပြီး ယာယီတဲများထိုး၍ ဖြစ်သလိုနေထိုင်နေကြရသော မိသားစုများစွာ တွေ့ရမည်ဖြစ်သည်။

“ပြောင်းရွှေ့ဖို့ စရိတ်ကလည်း မတတ်နိုင်၊ စိုက်ပျိုးမြေလည်းမရှိတော့ ၀င်ငွေလည်းမရှိဘူး။ ဒီလိုပဲ ရှိတာလေးတွေရောင်းပြီး စားသောက်နေကြရတယ်”ဟု ရွာသာညွန့်ကျေးရွာမှ ဦးလှမြင့်ကပြောသည်။

ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုတွင် တစ်ရွာလုံးမှ နွားခြောက်ကောင်သာကျန်တော့ပြီး စားဝတ်နေရေးအတွက် ကျန်ခိုင်းနွားများကိုပင် အသားဈေးဖြင့် ရောင်းချကြရသည်။ ခိုင်းနွားတစ်ကောင်လျှင် ကျပ်ခုနစ်သိန်းမှ ဆယ်သိန်းအထိ ပေးဝယ်ရပြီး အသားဈေးဖြင့် ပြန်ရောင်းမည်ဆိုပါက ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲသာရသည်။

“ဟိုဘက်ကျွန်းမှာ မြေ၀ယ်ထားတာရှိတယ်။ ပြောင်းဖို့မရှိတော့ မပြောင်းနိုင်သေးဘူး။ နောက်ပြီး အဲဒီနေရာကလည်း ဘယ်လောက်တည်မြဲမယ်ဆိုတာ မပြောနိုင်ဘူး”ဟု ဦးလှအေးကပြောပြသည်။

အခြားကျွန်းပေါ်တွင် မြေ၀ယ်ပြောင်းရွှေ့နေထိုင်သူများကိုလည်း သက်ဆိုင်ရာမှ အိမ်ထောင်စုဇယားများ ပြောင်းမပေးခြင်း၊ စိုက်ပျိုးမြေများဟုဆိုကာ အိမ်ဆောက်ခွင့် ပိတ်ပင်ခံရခြင်း၊ ဆောက်ပြီးအိမ်များကိုလည်း ဖယ်ရှားခိုင်းခြင်းမျိုးလည်း ထပ်မံကြုံတွေ့ရပြန်သည်။

ရေနံချောင်းနေဦးလှအေးတို့သာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စဥ့်ကူ၊ မတ္တရာ၊ ပုသိမ်ကြီး၊ ငါန်းဇွန်၊ မြင်းခြံမြို့နယ်များရှိ ဧရာဝတီမြစ်ဘေးတွင် နေထိုင်သော ရွာများသည် တစ်နှစ်ထက်တစ်နှစ် မြစ်ကမ်းပါးပြိုသည့်ဒဏ်ကို ရင်ဆိုင်နေရကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၎င်းရွာအနေဖြင့် မြစ်ကြောင်းမည်ကဲ့သို့ ပြောင်းမည်ကိုလည်း မမှန်းဆနိုင်ခြင်းကြောင့် သက်ဆိုင်ရာရေကြောင်းထိန်းသိမ်းရေးဌာနများမှ မြစ်ကြောင်းတစ်ကြောင်းတည်း ဖြစ်စေရေး
ထိန်းသိမ်းပေးရန်အတွက် မျှော်လင့်နေကြသူများလည်းရှိသည်။

ယင်းကဲ့သို့ မြစ်ကမ်းပါးရေတိုက်စားမှုသည် ဧရာဝတီ၊ ချင်းတွင်းနှင့် စစ်တောင်းမြစ်များတွင် အဖြစ်များလေ့ရှိပြီး ကမ်းပါးမြေမာသော သံလွင်မြစ်သည် ယင်းမြစ်များထက် ကမ်းပါးပြိုမှုနှုန်းနည်းပါးကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသောင်းလွင်ကပြောသည်။

မိုးရာသီနှင့် နွေရာသီကာလများသည် မြစ်ရေစီးမှုပမာဏ တူညီသောကြောင့် ကမ်းပါးများသည် နွေအခါ၌ ခြောက်သွေ့နေပြီး မိုးရာသီအ၀င်၌ မြစ်ရေ ရုတ်တရက် အများအပြားစီးဆင်းမှုကြောင့် ခြောက်သွေ့ကမ်းပါးများ ပြိုကျရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းအောင်ကပြောဖူးသည်။

မြစ်ကမ်းပါးပြိုကျမှု ရေရှည်ဖြစ်စေပါက လယ်မြေများဆုံးရှုံးမှုကို ဖြစ်ပေါ်ရုံသာမက မြစ်ကြမ်းပြင်ထုထည်မြင့်မားလာပြီး မြစ်တိမ်ကောမှုကိုလည်း ဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်သည်။

နွေရာသီတွင် မြစ်များ၏အလယ်၌ သဲသောင်များထွန်းခြင်းဖြင့်လည်း မြစ်ရေစီးကြောင်း ပြောင်းလဲစေသောကြောင့် မြစ်ကမ်းပါးများပြိုကျမှုကို ဖြစ်ပေါ်စေကြောင်း ရေအရင်းအမြစ်ညွှန်ကြားရေးမှူး ဦးသောင်းလွင်က နွေအခါတွင် ဖြစ်ပေါ်တတ်သော မြစ်ကမ်းပါးပြိုမှုကိုပြောသည်။

“သောင်တွေက ထွန်းသင့်တဲ့နေရာမှာမထွန်းဘဲ တစ်ဖက်သတ်ဖြစ်နေရင်တော့ တစ်ဖက်မြစ်ကမ်းပါးကို ရေဦးကထိုးမှာပဲ။ အဲဒီအခါကျရင် ကမ်းပြိုမှာပဲ။ အဓိက မြစ်ရေလမ်းကြောင်း မကောင်းတာနဲ့ ကမ်းပါးကိုထိခိုက်မှာပဲ”ဟု ယင်းကပြောသည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် တိုက်ရိုက်ထိခိုက်နိုင်သော မြစ်ချောင်းများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေ ပြုပြင်ရန်အတွက် လူတို့လုပ်ဆောင်မှုကြောင့် ပျောက်ဆုံးနေသော မြစ်ဝှမ်းလွင်ပြင်များကိုလည်း ပြန်လည်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ဦးဝင်းမျိုးသူကပြောသည်။ မြစ်ဝှမ်းလွင်ပြင်ဆိုသည်မှာ မြစ်ချောင်းများရေလျှံချိန်တွင် အလိုအလျောက် ရေစီးနိုင်သည့် သဘာဝအလျောက်ဖြစ်ပေါ်နေသော အင်းအိုင်များကိုဆိုသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံရှိ မြစ်များပျက်စီးမှုကြောင့် ကမ်းပါးတွင်နေထိုင်သော ပြည်သူများ မြေနေရာများဆုံးရှုံးနေမှုအပေါ် မြစ်ကြောင်းထိန်းသိမ်းရေးဌာနက သောင်တူးလုပ်ငန်းနှင့် မြစ်ကြောင်းများထိန်းသိမ်းမှုလုပ်ကိုင်ရန်အတွက် တရုတ်နိုင်ငံထုတ် သောင်တူးသဘောင်္နှင့် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းသုံးသင်္ဘော ၁၉ စီးကို အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် အကုန်အကျခံ ၀ယ်ယူထားသည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်များတွင် ရေလမ်းကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ယခင်က သောင်တူးနှင့် အထောက်အကူပြုရေယာဉ် ၁၀ စီးသာရှိခဲ့ပြီး ယခုအခါ အသစ်ထပ်မံဝယ်ယူထားသော ၁၉ စီးမှာ စက်တင်ဘာလတွင် ရောက်ရှိလာသောကြောင့် စုစုပေါင်း ၂၉ စီးရှိပြီဖြစ်သည်။ သို့သော် သောင်တူးစက်များမှာ လာမည့်ပွင့်လင်းရာသီ ရေနည်းကာလများတွင်မှ လုပ်ငန်းများလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ယင်းဌာန၏တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုလောလောဆယ်တွင် ကျွန်းများပေါ်၌နေသော ကျေးရွာအုပ်စုများအနေဖြင့် ကမ်းပါးပြိုမှုဘေးအန္တရာယ်နှင့် ဆိုးရွားစွာရင်ဆိုင်နေရသော်လည်း ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်း
လုပ်ကိုင်ရန်အတွက် သက်ဆိုင်ရာက လာရောက်ကြည့်ရှုခြင်းမရှိသေးသလို အခြားလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ အင်န်ဂျီအိုများ လာရောက်ခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

ကချင်ပြည်နယ်အရေး၊ လက်ပံတောင်းအရေး၊ အခြေခံဥပဒေအရေး မကြာခဏပွတ်တိုက်မှုဖြစ်နေသော ဘာသာရေးပြဿနာ၊ မြေယာပြဿနာစသော အရေးပေါင်းများစွာထဲတွင် သဘာဝပတ်ဝန်းကျင်ယိုယွင်းရာမှ မြစ်၊ ချောင်းများ တိုက်စားသွား၍ အိုးမဲ့၊ အိမ်မဲ့ဖြစ်ရသော ဦးလှအေးတို့ကဲ့သို့ မြစ်ကမ်းနားနေ ပြည်သူများ၏ အသံကိုကြားသူ၊ ဘ၀ကိုစာနာသူက နည်းလွန်းလှသည်။

ရေးသားသူ- မိုးကျော်၊ ခန့်ထက်
7Day News Journal


၂၅ နှစ်ပြည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင် ကြည့်မြင်တိုင်မြို့ နယ်မှကျဆုံးသွားသော မောင်သန်းဌေး၊ မ၀င်းမော်ဦး၊ မောင်တင်ထွန်း၊တို့ အား ငွေရတုအထိမ်းအမှတ်အဖြစ် ကြည့်မြင်တိုင်မြို့ နယ်ကျောင်းသူကျောင်းသားဟောင်းများမှ စုပေါင်း၍ ဆွမ်းကျွေးပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ကြည့်မြင်တိုင်မြို့ နယ်မှ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး ၁၉၊ ၉၊ ၁၉၈၈ ခုနှစ် စစ်တပ်မှအာဏာသိမ်းသည့်နေ့ မနက် ၁၀နာရီ ၃၅ မိနစ်အချိန်တွင် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အမေရိကန်သံရုံးရှေ့ အနီး မီးပွိုင့်နေရာတွင် ဆန္ဒပြနေစဉ် စစ်တပ်မှပစ်ခတ်မူကြောင့် သေနတ်ထိမှန်ပြီး နေရာတွင်ပင်ကျဆုံးခဲ့ခြင်းဖြစ်သည်။

hotnewsweekly
Video..Kamayut media


ဗုဒ္ဓတရားတော်အရ ရဟန်းသံဃာတွေအနေနဲ့ သပိတ်မှောက်ကံဆောင်ထားတာကြောင့် အစိုးရ တာဝန်ရှိသူတွေ ဝန်ချတောင်းပန်မှသာ သပိတ်ကိုလှန်ပေးရမှာမို့ သံဃာထုကိုတောင်းပန်ဖို့ ရွှေဝါရောင် တော်လှန်ရေး ၆နှစ်ပြည့်အထိမ်းအမှတ်မှာ ပြောဆိုလိုက်ပါတယ်။

Kamayut Media

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဥရောမခရီးစဉ်ကနေ စက်တင်ဘာ ၁၈ရက်နေ့ ညနေမှာ ရန်ကုန်လေဆိပ်ကို ပြန်လည် ရောက်ရှိလာပုံ မြင်ကွင်း(DVB TV News)

ဗမာ့ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥကဌ အမေ ဒေါ်အောင်ဆန်းစုကြည် သည် ပိုလန်၊ ဟန်ဂေရီ နှင့် ချက် နိုင်ငံ များသို့ ခရီးစဉ်များမှ ဒီကနေ့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်လေဆိပ် နှင့် နေအိမ်အရှေ့တို့တွင် ပြည်သူအများက အမေစု ကျန်းမာပါစေကြောင်း ဆုတောင်းသံဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်... (ရိုက်ကူး . တည်းဖြတ် .. မောပြေ (ခ) ခွန်ခေါင်) —


(  မှတ်ချက် ။   ။   Forum 2000  ဆိုတာ ......
  • -ချက်ဇ်သမ္မတဟောင်း ဗားကလပ်ဟာဗဲလ် ( ကွယ်လွန် ) ရယ် ၊
  • -အနာကြီးရောဂါသည်များအခွင့်အရေးနဲ့ အခြားသော လူမှုရေးလုပ်ငန်းအမျိုးမျိုးကို ဦးဆောင်လှုပ်ရှားသူ နိပွန်းဖောင်ဒေးရှင်း ဥက္ကဌ Yōhei Sasakawa   ရယ်
  • -နာဇီအကျဉ်းစခန်းများမှာ အနှိပ်စက်ခံနေခဲ့ရဖူးတဲ့ ဂျူးသွေးပါသူ အမေရိကန်နိုင်ငံသား လူ့အခွင့်လှုပ်ရှားသူ နိုဘယ်ဆုရှင်  Elie Wiesel  တို့က  ၁၉၉၆  မှာ တည်ထောင်ခဲ့တဲ့ အသင်းဖြစ်ပါတယ် ။
နိပွန်းဖောင်ဒေးရှင်း ဥက္ကဌ Yōhei Sasakawa   နဲ့အတူ
နိပွန်းဖောင်ဒေးရှင်း ဥက္ကဌ Yōhei Sasakawa နဲ့အတူ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်အောဘရိုက်နဲ့ ဟာဗဲလ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်အောဘရိုက်နဲ့ ဟာဗဲလ်

  • အသင်းရဲ့ ရည်ရွယ်ချက်က ဘာသာရေး ၊ ယဉ်ကျေးမှု နဲ့ လူမျိုးရေးအခြေခံတဲ့ ပြသာနာတွေကို ဆွေးနွေးလေ့လာအဖြေရှာရေးပါ ။ အထူးသဖြင့် သက်တမ်းနုသေးတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ဖြစ်လေ့ရှိတဲ့ အလားတူ ပြသနာတွေကို လေ့လာဆွေးနွေးဖို့ဖြစ်ပါတယ် ။
  • နှစ်စဉ် Conference ကို ချက်ဇ်နိုင်ငံ ရဲ့ မြို့တော် ပရာ့ဂ် ( Prague ) မှာ လုပ်လေ့ရှိပြီး  ကမ္ဘာအရပ်ရပ်က ထင်ရှားတဲ့ နိုင်ငံရေး နဲ့ လူထု ခေါင်းဆောင်များ ပါဝင်ကြပါတယ် ။ ဒီနှစ် စက်တင်ဘာ ၁၅  ကနေ  ၁၇ အထိ လုပ်တဲ့ Conference မှာ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောကြားခွင့် ရခဲ့ပါတယ် ။ ဒီနှစ် ဆွေးနွေးပွဲတစ်ခုလုံး ရဲ့ ခေါင်းစဉ်က ''အပြောင်းအလဲကာလမှ လူ့အဖွဲ့အစည်းများ  Societies in Transition ''  ပါ ။

  • အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အသင်းကို တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ် ၊ မြန်မာ့ဒီမိုကရေစီရေးမှာ တစိုက်မတ်မတ် အားပေးကူညီခဲ့သူလည်း ဖြစ် ၊ ကိုယ်တိုင်လည်း ချက်ဇ်နိုင်ငံကို ကွန်မြူနစ်လက်အောက်ကနေ ဒီမိုကရေစီ လမ်းကြောင်းပေါ်တင်ပေးခဲ့သူလည်းဖြစ်တဲ့ ဗားကလပ်ဟာဗဲလ်အကြောင်းကို အမှတ်တရ ဂုဏ်ပြုစကား ပြောခဲ့ပါတယ် ။
မိန့်ခွန်းထဲကအကြောင်းကို နားလည်အောင် ဗာကလပ်ဟာဗဲလ်ဘ၀အကျဉ်းချုပ်ကိုပါ ဖော်ပြလိုက်ပါတယ်
...................................................................................................................................



  • ဟာဗဲလ်ကို ၁၉၃၆  မှာ ပညာတတ်လူကုံထံအသိုင်းအ၀ိုင်းမှာ မွေးဖွားခဲ့ပါတယ် ။ ငယ်စဉ်ကတည်းက စာပေအသိုင်းအ၀ိုင်းနဲ့ နီးစပ်ပြီး အနုပညာဝါသနာကြီးခဲ့သူပါ ။ စာအုပ်ပေါင်းများစွာကို ရေးခဲ့ပြီး ထင်ရှားတဲ့ ပြဇာတ်ရေးဆရာ ၊ စာရေးဆရာ ၊ ကဗျာဆရာ ဖြစ်လာခဲ့ပါတယ် ။ သူက အစမှာတော့ နိုင်ငံရေးထဲ မ၀င်ခဲ့ဘဲ အနုပညာသမားအဖြစ်ရပ်တည်ခဲ့ပါတယ် ။

  • ချက်ဇ်နိုင်ငံဟာ အစက သြစတြီးယား-ဟန်ဂေရီအင်ပါယာ  ရဲ့ အစိတ်အပိုင်းတစ်ခုပါ ။ ပထမကမ္ဘာစစ်အပြီးမှာ အင်ပါယာပြိုတော့ ချက်ကိုစလိုဗက်ကီးယား  ဆိုတဲ့ နာမည်နဲ့ တိုင်းပြည်သပ်သပ် ဖြစ်လာပါတယ် ။

  • ၁၉၉၃ မတိုင်မီအထိ ချက်ဇ်နိုင်ငံကို ချက်ကိုစလိုဗက်ကီးယားလို့ ခေါ်ပါတယ် ။ အဲဒီတိုင်းပြည်မှာ လက်ရှိ ချက်ဇ်နိုင်ငံနဲ့ စလိုဗေးကီးယား နိုင်ငံ  တို့ ပါဝင်ခဲ့ပါတယ်  ( စလိုဗေးနီးယား မဟုတ်ပါဘူး ။ စလိုဗေးနီးယားက ယူဂိုစလားဗီးယားက ခွဲထွက်လာတဲ့နိုင်ငံဖြစ်ပြီး စလိုဗေးကီးယားကတော့ ချက်ကိုစလိုဗက်ကီးယားကနေ ခွဲထွက်လာတာပါ ။  နှစ်ခုစလုံး ၁၉၉၀ အကျော်လောက်မှာ ဆိုဗီယက်အုပ်ချုပ်မှုအောက်ကနေ လွတ်လပ်မှုရသွားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ် ။ ပုံမှာ ယှဉ်ကြည့်ပါ  )
 
  • ဒုတိယကမ္ဘာ စစ်အပြီးမှာ ချက်ကိုစလိုဗက်ကီးယားဟာ ကွန်မြူနစ် ဆိုဗီယက်လက်အောက်ကို ကျသွားပါတယ် ။ ဟာဗဲလ်နိုင်ငံရေးထဲ ပါလာတာကတော့  ပရပ်ဂ်နွေဦး  Prague Spring  လို့ ခေါ်တဲ့ ကွန်မြူနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကာလမှာပါ ။ Prague Spring လှုပ်ရှားမှုအနှိမ်နင်းခံရပြီးနောက် ဟာဗဲလ်တစ်ယောက် ပြဇာတ်လောကကနေ ပိတ်ပင်ခြင်း ခံလိုက်ပါတယ် ။

  • နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်အကြိမ်ကြိမ်ကျရဖူးတဲ့အထဲမှာ ၁၉၇၉  ကနေ  ၁၉၈၃ ထိ အလုပ်ကြမ်းနဲ့ လေးနှစ်ကာလက အရှည်ဆုံး ဖြစ်ပါတယ် ။ အစကတည်းက နာမည်ကြီးပြီးသား အနုပညာရှင်ဖြစ်တဲ့ ဟာဗဲလ်ဟာ နိုင်ငံရေးထဲမှာ ယုံကြည်ရာကို တစိုက်မတ်မတ် မဖောက်မပြန် လုပ်ခဲ့တာကြောင့် လူထုခေါင်းဆောင် ဖြစ်လာပါတယ် ။

  • ၁၉၈၉ မှာ ချက်ကိုစလိုဗက်ကီးယားမှာ ကတ္တီပါတော်လှန်ရေး  Velvet Revolution ဖြစ်ပွားပြီး ကွန်မြူနစ်အစိုးရ ပြုတ်ကျပါတယ် ။ အစပိုင်းမှာ အသေအပျောက်ရှိခဲ့ပေမယ့် လက်နတ်မကိုင်လိုက်ရဘဲ  လူထုဆန္ဒပြပွဲများစွာနဲ့တင်  (၄၁) နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ ကွန်မြူနစ်အုပ်ချုပ်မှု ရုပ်သိမ်းသွားခဲ့တာကြောင့် ကတ္တီပါတော်လှန်ရေးလို့ ခေါ်တာပါ ။ 
 Velvet Revolution မှာ ကျဆုံးသွားသူများကို အမှတ်တရ အခမ်းအနားမှ ဟာဗဲလ်
Velvet Revolution မှာ ကျဆုံးသွားသူများကို အမှတ်တရ အခမ်းအနားမှ ဟာဗဲလ်
  • ၁၉၉၀  မှာ ရွေးကောက်ပွဲလုပ်ပြီး ဟာဗဲလ်သမ္မတ ဖြစ်လာပါတယ် ။ ဒါဟာ ၁၉၄၆ နောက်ပိုင်း ချက်ကိုစလိုဗက်ကီးယားမှာ ပထမဆုံး လုပ်တဲ့ ရွေးကောက်ပွဲပါ ။

  • ဇာတ်လမ်းက ပြီးမသွားခဲ့ပါဘူး ။ တိုင်းပြည်ထဲမှာရှိတဲ့ ချက်ဇ်လူမျိုးနဲ့ စလိုဗက်လူမျိုးတို့အကွဲအပြဲက ပိုဆိုးလာပြီး ၁၉၉၃  မှာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံနှစ်ခြမ်းကွဲပါတယ် ။ Czech Republic   နဲ့  Slovakia ဆိုပြီး အကြမ်းဖက်မှုမပါဘဲ ကွဲသွားတာကြောင့် ဒီခွဲထွက်မှုကို Velvet Divorce  လို့လည်း သမုတ်ကြပါတယ် ။

  • ဟာဗဲလ်ဟာ စလိုဗက်ခ် လူမျိုးတွေက ကိုယ်ပိုင်လွတ်လပ်ရေးကြေငြာပြီး မဖြစ်မနေ တိုင်းပြည်က ခွဲထွက်တဲ့အခါ တိုင်းပြည်နှစ်ခြမ်းကွဲတာကို ပါဝင်မကြီးကြပ်လိုတဲ့အတွက် သမ္မတရာထူးက နှုတ်ထွက်ခဲ့ပါတယ် ။ ဒါပေမယ့် နိုင်ငံသစ် ချက်ဇ် Republic  မှာ ရွေးကောက်ပွဲလုပ်တော့ သမ္မတ ပြန်ဖြစ်လာပါတယ် ။
  • ဒါကြောင့် သူဟာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံမပြိုကွဲခင် နောက်ဆုံးသမ္မတဖြစ်ပြီး ချက်ဇ်နိုင်ငံသစ်ရဲ့ ပထမဆုံးသမ္မတဆိုရင်လည်း မမှာပါဘူး ။
  • ချက်ဇ်အခြေခံဥပဒေအရ ၀န်ကြီးချုပ်မှာသာ အာဏာရှိပေမယ့် ဟာဗဲလ်ဟာ လူထုအပေါ်အလွန်သြဇာငြောင်းတဲ့  Moral Authority  ရှိသူအဖြစ် သတ်မှတ်ခြင်း ခံရသူပါ ။  သူဟာ  ၁၉၉၈ မှာတစ်ခါ သမ္မတပြန်ဖြစ်လာပါတယ် ။
'' ဒေါ်စုရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနဲ့ အခြားစာစုများ '' အမည်ရ စာအုပ်ကို ဗာကလပ်ဟာဗဲလ်က မိတ်ဆက်စကား ရေးပေးခဲ့တယ် ။)
'' ဒေါ်စုရဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနဲ့ အခြားစာစုများ '' အမည်ရ စာအုပ်ကို ဗာကလပ်ဟာဗဲလ်က မိတ်ဆက်စကား ရေးပေးခဲ့တယ် ။)

  • မြန်မာဒီမိုကရေစီတိုက်ပွဲတလျှောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အဝေးကနေ အစဉ်မပြတ် အားပေးကူညီခဲ့ပါတယ် ။ ၁၉၉၁  အတွက် နိုဘယ်ဆုရှင်အဖြစ် ဟာဗဲလ်ကို အဆိုတင်သွင်းခဲ့ကြပေမယ့် သူက ငြင်းပယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆုပေးအပ်ဖို့ အဆိုတင်သွင်းခဲ့ပါတယ် ။
  • အိမ်အကျယ်ချုပ်ချနေစဉ်ကာလများမှာ ဒေါ်အောင်ဆန်းစုကြည်ဖတ်ခဲ့တဲ့ စာအုပ်များထဲမှာ ဟာဗဲလ်ရေးသားခဲ့တဲ့ အာဏာမဲ့သူတို့တို့ရဲ့စွမ်းအား ( The Power of the Powerless ) ၊ သစ္စာတရားနဲ့နေထိုင်ခြင်း ( Living in truth ) စတဲ့ စာအုပ်များစွာပါဝင်ပါတယ် ။
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဝေးက မိတ်ဆွေအဖြစ် ကူညီပေးခဲ့ပေမယ့် သူကွယ်လွန်တဲ့ အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြင်မှာ တွေ့ခွင့်မရသွားပါဘူး ။  ၂၀၁၁ ဒီဇင်ဘာ အသက် ၇၅  နှစ်မှာ ကင်ဆာရောဂါနဲ့ Prague  မြို့မှာဘဲ ကွယ်လွန်ခဲ့ပါတယ် ။


                                               ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း 
                                             ............................................
     
  • ဆုံးသွားပြီဖြစ်တဲ့ သမ္မတ ဗာကလပ်ဟာဗယ် အကြောင်းကို အခုလို ချီးကျူးစကား နည်းနည်း ပြောကြားခွင့်ရတာ ထူးထူးခြားခြား ဂုဏ်ယူမိပါတယ် ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီတိုက်ပွဲမှာ ဟာဗယ်လ် ဟာ မိတ်ဆွေစစ် မိတ်ဆွေမှန် တစ်ယောက်ပါဘဲ ။ ကျမတို့ရဲ့ အခက်ခဲဆုံး အချိန်တွေမှာ မျှော်လင့်ချက်မီးတောက်ကလေးကို ငြိမ်းမသွားအောင် သူက ထိန်းထားပေးခဲ့တယ် ။ ဒီအတွက် ကျမတို့ သူ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး ။

  • သူ့အကြောင်းကတော့ အများကြီး ပြောပြီး ရေးပြီးကြပါပြီ ။ ဒီတော့ ကျမအနေနဲ့ သိပ်တောင် ပြောစရာ မကျန်လောက်တော့ဘူး လို့ ထင်မိပါတယ် ။ ဒါပေမယ့်လည်း ကျမ သူ့ကို အမှတ်ရ ဂုဏ်ပြုတဲ့ စကားနည်းနည်းတော့ ပြောဖို့ ကြိုးစားကြည့်ပါ့မယ် ။ ဘာလို့လည်းဆိုတော့ မြန်မာပြည်အတွက် ၊ လူ့အခွင့်အရေးအတွက် ၊ ကမ္ဘာကြီးအတွက် သူလုပ်ခဲ့တာတွေဟာ များလွန်းတော့ '' ပြောဖို့မကျန်တော့ဘူး ''  ဆိုပြီး ရပ်လိုက်ရမယ့်အချိန်ရောက်လာမယ် မထင်ပါဘူး ။



  • လူကြီးမင်းတို့ အားလုံး သိတဲ့အတိုင်း သူ့ရဲ့ အားထုတ်မှုကြောင့် ကျမ နိုဘယ်လ်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရတာပါ ။ ကျမ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ် ......တကယ်လို့များ နိုဘယ်ဆု သူ့ကို ပေးဖို့အဆိုတင်းသွင်းကြတာကို သူ ,မငြင်းလိုက်ရင် ၊ ပြီးတော့..........သူ့ကို ပေးမယ့်အစားကျမကို နိုဘယ်ဆု ပေးဖို့ သူအဆို မတင်သွင်းခဲ့ဘူး ဆိုရင်  ၁၉၉၁  ခုနှစ်အတွက် နိုဘယ်ဆုရှင်ဟာ သူဘဲ ဖြစ်မယ် ဆိုတာကိုပါ ။ ဒါအမှန်ဘဲ လို့ ကျမ ယုံပါတယ် ။ ဟာဗယ်လ်ကလည်း  အမှန်တရားကို ယုံတယ်.....အမှန်သစ္စာတရားကို ရင်ဆိုင်တာကို သူက ယုံကြည်ပါတယ် ။

  • သူ့ဘ၀ကို ရှုထောင့်အမျိုးမျိုးက လေ့လာကြည့်ဖို့ ကျမ ကြိုးစားခဲ့ပါတယ် ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် သူလုပ်ခဲ့တာတွေ အားလုံးကို ပေါ့ ။ ပြီးတော့ ကျမ တွေးကြည့်ဖူးတယ် .........သူ့ကို မြန်မာပြည်မှာ ၊  လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ တိုင်းပြည်တွေမှာ ဘယ်လို အမှတ်ရနေရင် ကောင်းမလဲ  ဆိုတာကိုပါ ။
 

  • လွတ်လပ်မှုကို တန်ဖိုးထားတဲ့ လူတစ်ယောက်အနေနဲ့ ကျမ သူ့ကို အရင်ဆုံး မြင်မိပါတယ် ။  Freedom  ဆိုတာ ကျမတို့အတွက် သိပ်အရေးကြီးတယ်လေ ။ ဟာဗယ်ဟာ လွတ်လပ်မှုကို ချစ်တယ် ။  ချစ်ခင်ခြင်း  ( Love )  ဆိုတာ မြတ်နိုးတန်ဖိုးထားမှု ( Cherishing )  ဆိုတာကို ဖြစ်စေတယ် ။  မြတ်နိုးတန်ဖိုးထားမှုဆိုတာ  တိုးတက်ဖြစ်ထွန်းမှု  ( Enhancing )  ကို ဖြစ်စေတယ် မဟုတ်လား  ။
  • ဟာဗယ်လ် က လွတ်လပ်မှုကို နှစ်သက်တဲ့ ၊ လွတ်လပ်မှုကို တန်ဖိုးထား မြတ်နိုးတဲ့ ၊  လွတ်လပ်မှုကို ဖြစ်ထွန်းတိုးတက်စေခဲ့တဲ့ လူတစ်ယောက်ပါဘဲ ........။
 ဒလိုင်းလားမားနဲ့အတူ
ဒလိုင်းလားမားနဲ့အတူ
  • သူ့ဟာ သူ့ခံယူချက်နဲ့ ယုံကြည်မှုတွေကို တခြားဘယ်သူနဲ့မှ မတူအောင်ကို ကျင့်သုံးသွားခဲ့ပါတယ် ။ နှစ်ပေါင်းများစွာ အကျယ်ချုပ်ကျနေတုန်း ကျမဟာ စိတ်ထဲမှာ သိနေခဲ့တယ် .......ကမ္ဘာကြီးရဲ့ တစ်နေရာမှာ လူတစ်ယောက်ဟာ ကျမပြောချင်တာတွေကို လူတွေသိအောင် ပြောပေးနေတယ် ဆိုတာကိုပါ ။ ဒီလူတစ်ယောက်ကြောင့်ဘဲ ကိုယ်ခန္ဓာ အားဖြင့် အကျဉ်းကျနေပေမယ့် ကျမရဲ့ လွတ်လပ်မှုကတော့ မဆုံးရှုံးခဲ့ရပါဘူး ။ သူက ကျမကို လွတ်လပ်တယ် လို့ ခံစားရစေတယ် ။ ဘာလို့လည်းဆိုတော့ သူကိုယ်တိုင်က လွတ်လပ်တယ် ၊ ပြီးတော့ လူသားတိုင်းရဲ့ လွတ်လပ်ခွင့်  ဆိုတာကို ယုံကြည်တယ် ။

  • လွတ်လပ်မှုကို သူ မြတ်နိုးတယ် ၊  လွတ်လပ်မှုဆိုတာရဲ့ တန်ဖိုးကို သိသလို ဘယ်လို တန်ဖိုးထားရမလဲ ဆိုတာကိုလည်း သိတယ် ။ လွတ်လပ်မှုတန်ဖိုးကျအောင် ဘာဆိုဘာမှ မလုပ်ခဲ့ပါဘူး ။
 ဟာဗဲလ်ရဲ့ နောက်ဆုံးခရီး
ဟာဗဲလ်ရဲ့ နောက်ဆုံးခရီး

  • လူတော်တော်များများက လွတ်လပ်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ မကောင်းမှုတွေ များစွာကို ကျူးလွန်လေ့ရှိကြတယ် ။ ဟာဗယ်လ်ကတော့ အဲဒါမျိုး တစိုးတစိတောင် မလုပ်ခဲ့ပါဘူး ။ သူဘာဘဲလုပ်လုပ် လွတ်လပ်မှုတန်ဖိုးကိုသာ တိုးစေခဲ့တယ် ။ လွတ်လပ်မှုတန်ဖိုးဟာ ဘာလဲဆိုတာကို နားလည်သဘောပေါက်လာစေတယ် ။

  • အဆုံးစွန်သော လွတ်မြောက်ခြင်းဆိုတာ သစ္စာတရားနဲ့ နေထိုင်ခြင်းပါဘဲ ။ သစ္စာတရားနဲ့ နေထိုင်ခြင်းဆိုတာ ဘယ်သူမှ ကျမတို့ဆီက လုယူသွားလို့မရတဲ့ လွတ်မြောက်ခြင်းမျိုးပါ ။ ဟာဗယ်လ်က လွတ်မြောက်မှုကို ယုံတော့ သစ္စာတရားနဲ့ နေထိုင်ကျင့်ကြံခြင်း ဆိုတာကိုလည်း ယုံကြည်ခဲ့သူပါဘဲ  ။

  • ခန္ဓာကိုယ်ကို  အချုပ်အနှောင် ခံနေရတာဘဲဖြစ်ဖြစ် ၊ ကိုယ်လုပ်ချင်တာ လုပ်လို့ ရနေတယ်လို့ ထင်နေတာဘဲဖြစ်ဖြစ် သစ္စာတရားနဲ့ မနေနိုင်ဘူးဆိုရင် ကျမတို့ဟာ လွတ်လပ်တဲ့လူတွေ မဟုတ်ကြပါဘူး ။ အမှန်သစ္စာတရားကို မရင်ဆိုင်နိုင်သေးသရွေ့ကတော့ လွတ်လပ်တဲ့လူ တစ်ယောက်လို့ ခေါ်လို့မရပါဘူး ။ သူက ဒီသဘောတရားကို ကျမကို သင်ပေးသွားခဲ့တယ် ။ တခြားလူတွေကိုလည်း သင်ပေးသွားလိမ့်မယ်လို့ ကျမယုံကြည်ပါတယ် .......လွတ်မြောက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို မလှည့်စားရဘူး ၊ ကိုယ်ယုံကြည်ရာကို သစ္စာထားရမယ် ဆိုတဲ့ သဘောကိုပါ ။

 
  • မြန်မာပြည်မှာ အခုဆို အပြောင်းအလဲလမ်းစဉ်ကို စတင်နေပါပြီ ။ ဒါကြောင့်ဘဲ ကျမတို့ရဲ့ မျှော်လင့်ချက်မီးတောက်ကို မငြိမ်းအောင် လုပ်ပေးခဲ့တဲ့  ဟာဗယ်လ်ကို အခုလို ဒီမှာလာပြီး ကျေးဇူးတင်စကား ပြောရတာ သင့်တော်လှပါတယ် ။ စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် အပြောင်းအလဲကို ကျမတို့ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို သူက ထိန်းထားပေးခဲ့ပါတယ် ။ အပြောင်းအလဲကို ပီပြင်အောင်တော့ ကျမတို့ မလုပ်နိုင်သေးပါဘူး ။ အခုမှ ပြောင်းဖို့ ကြိုးစားနေကြတဲ့ အဆင့်ဘဲ ရှိပါသေးတယ်  ။

  • တကယ်လို့ ဟာဗယ်လ်သာ ဒီနေ့ အသက်ရှင်နေသေးပြီး ဒီမှာ ကျမတို့နဲ့အတူ ရှိနေမယ်ဆိုရင် ကျမတို့ကို   '' ပန်းတိုင်ကို လွယ်လွယ်နဲ့တော့ ရောက်မှာ မဟုတ်ဘူးနော် ။ ဒါပေမယ့် ဇွဲကောင်းကောင်းနဲ့ လုပ်ရင် ရောက်ကို ရောက်မှာဘဲ  ''   လို့ ပြောလိမ့်မယ် ထင်ပါတယ် ။
 
  • ကျမလည်း အဲဒီလိုဘဲ မလွဲမသွေ ယုံကြည်ပါတယ် ။ လွယ်မှာတော့ မဟုတ်ပါဘူး ။ အခုမှ အစပျိုးခါစဘဲ ရှိပါသေးတယ် ။ သိပ်ပြီး အလွန်အကျူး အကောင်းမြင်တာမျိုး ( over-optimism  )   မဖြစ်အောင် ကျမ အမြဲဘဲ သတိပေးနေခဲ့ပါတယ် ။ ဘာလို့လည်း ဆိုတော့ အကောင်းမြင်လွန်းရင် ''  သတိမကွပ်တဲ့ ကျေနပ်ရောင့်ရဲမှု  ''  တွေ ဖြစ်လာတတ်ပါတယ် ။  ဒီလိုဆိုရင် ကျမတို့ ကြိုးစားလုပ်နေတာတွေဟာ လျော့တိလျော့ရဲ့ ဖြစ်လာတတ်ပါတယ် ။  ပန်းတိုင်မရောက်ခင်လမ်းမှာ ခလုပ်တိုက် လဲကျတတ်ပါတယ် ။  ကျမတို့ မျက်စိကို ဖွင့်ထားပြီး ပန်းတိုင်ကို မှန်မှန်ချီတက်မှာပါ ။ လမ်းမှာ တွေ့နိုင်တဲ့အခက်အခဲတွေကို မေ့လျော့သွားလို့ မဖြစ်ပါဘူး ။ အမှန်ကို ရင်ဆိုင်ရဲရပါမယ် ။ ဟာဗယ်လ်သာ အသက်ရှင်နေသေးရင်လည်း ကျမတို့ကို ဒီလိုဘဲ ဖြစ်စေချင်မယ် ထင်ပါတယ် ။
 
  • အဆင်အခြင်မဲ့အကောင်းမြင်နေတတ်တာမျိုး ( blind optimism ) ကို   ဟာဗယ်လ်က သဘောကျမယ် မထင်ပါဘူး ။  ပြသာနာတွေကို  ရိုးရိုးသားသားနဲ့မျှမျှတတ ဖြေရှင်းအောင် မြင်နိုင်တာမျိုး ၊  အခက်အခဲတွေကို ဖြေရှင်းဖို့ သတ္တိ နဲ့ အရည်အချင်းကို ပျိုးထောင်ယူတာမျိုး ကိုဘဲ သူက လိုချင်မှာပါ ။ ဒီလိုနည်းအားဖြင့်ဘဲ  စိန်ခေါ်မှုတွေကို အောင်မြင်စွာ ရင်ဆိုင်တာမျိုး ဖြစ်စေချင်မှာပါ ။ 

  • ကျမ အကျယ်ချုပ်ကျနေတုန်းက ချက်ကိုစလိုဗက်ကီးယားအကြောင်းကို တွေးမိပါတယ် ( မှတ်ချက် ။   ။  အဲဒီတုန်းက Czech Republic  မဖြစ်သေးပါ  ) ။ အကူအညီလိုအပ်ချိန်မှာ အမြဲအဆင်သင့်ရှိနေပေးတတ်တဲ့ အဝေးတစ်နေရာက မိတ်ဆွေတစ်ယောက်ပုံစံမျိုး တွေးမိတာပါ ။ မြန်မာလူမျိုးတစ်ချို့ကို  ဒီနိုင်ငံမှာ ခိုလှုံခွင့်ပေးထားတာကို ကျမ သိထားခဲ့တယ်လေ ။ ကျမအတွက် ၊ ကျမတို့အားလုံးအတွက် ၊ ကျမတို့နိုင်ငံအတွက် ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လူကြီးမင်းတို့ ခေါင်းဆောင်က အားပေးပြောဆိုပေးနေတယ်ဆိုတာကိုလည်း ကျမ သိခဲ့ပါတယ် ။
 
  • အကျယ်ချုပ်ကျနေတဲ့အတောအတွင်း တခါတလေ ကျမ စာအုပ်သွင်းခွင့် ရခဲ့ပါတယ် ။ ဟာဗယ်လ် ပို့လိုက်တဲ့ စာအုပ်တွေကို ရတော့ ကျမ လောဘတကြီး ဖတ်မိတယ် ။ တိုက်ပွဲတွင်းနှစ်ပေါင်းများစွာကို သူရှင်သန်ကျော်ဖြတ်နိုင်ခဲ့သလို ကျမလည်း ကျော်ဖြတ်နိုင်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို သူ့စာအုပ်တွေ ဖတ်ရင်း ကျမ ရှာဖွေခဲ့တယ် ။ ဒီလိုနဲ့ဘဲ  အဆုံးစွန်သော လွတ်မြောက်ခြင်း (  ultimate freedom ) ဆိုတာ သစ္စာတရားကို ကျင့်သုံးနေထိုင်ခြင်းဆိုတာဘဲလို့ ကျမသိလိုက်ရပါတယ် ။
 
  • ဒီလိုနေထိုင်သွားနိုင်ဖို့အတွက် အခု ကျမတို့နိုင်ငံမှာ ကြိုးစားလုပ်ဆောင်နေကြတုန်းဘဲ ရှိပါသေးတယ် ။ ကျမတို့ မြန်မာနိုင်ငံသားတွေဟာ သစ္စာတရားနဲ့ ရှင်သန်နေထိုင်ချင်ပါတယ် ။  လူသားပီပီသသ တစ်ယောက်နဲ့တစ်ယောက် သဟဇာတ ဖြစ်ဖြစ် နေထိုင်သွားသင့်တယ် လို့ ကျမတို့ ယုံကြည်ပါတယ် ။ သတ္တိရှိရှိ ၊ မျှော်လင့်ချက် အပြည့် နဲ့ နေထိုင်သွားချင်ပါတယ် ။ ဒီလိုနေထိုင်ရင်းနဲ့လည်း ရလာမယ့် အသီးအပွင့်ကောင်းမွန်ခြင်းတွကို သူများတွေနဲ့ ဝေမျှပေးချင်ပါတယ် ။ ကျမတို့နိုင်ထဲက လူတွေနဲ့သာ မဟုတ်ဘဲ တကမ္ဘာလုံးက လူတွေနဲ့ မျှဝေခံစားချင်ပါတယ် ။ 

  • အခု ကျမဒီမှာရောက်နေတုန်း ကျမတို့ရဲ့ တိုက်ပွဲမှာ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဟာဗယ်လ်နဲ့ ဒီတိုင်းပြည်က လူတွေရဲ့ ကျေးဇူးတရားတွေကို လူကြီးမင်းတို့နဲ့ မျှဝေခံစားချင်ပါတယ် ။ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဒင်းကြမ်းပြည့်နေတဲ့ အခုအချိန်ထိလည်း ကျမတို့နဲ့အတူ ရပ်တည်ပေးနေဆဲဆိုတာကို ကျမ နားလည်ပါတယ် ။ 
 
  • ဒီအချိန်ဟာ ကျမတို့ရင်ဆိုင်ခဲ့ရတဲ့အချိန်တွေများစွာထဲမှာ စိန်ခေါ်မှုအကြီးဆုံးအချိန်ပါဘဲ ။ စိန်ခေါ်မှု အကြီးဆုံးအချိန်ဟာ ကျမ အကျယ်ချုပ်ကျနေတဲ့အချိန်တွေ မဟုတ်ပါဘူး ၊ ထောင်တွေမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ လူတွေနဲ့ ပြည့်ကျပ်နေခဲ့ချိန်မဟုတ်ပါဘူး ၊ အခုအချိန်ပါဘဲ ။ အခုအချိန်ဟာ ကျမတို့အတွက် စိန်ခေါ်မှုအကြီးမားဆုံး အခက်အခဲအကြီးဆုံး အချိန်ပါဘဲ ။ ဘာလို့လည်းဆိုတော့ အခုအချိန် ကျမတို့ရနေတဲ့ အခွင့်အရေးတွေဟာ  နောက်ပိုင်း ဘယ်တော့မှ ပြန်လာနိုင်တော့မယ် မထင်ပါဘူး ။ ရထားတဲ့အခွင့်အရေးတွေကို အကောင်းဆုံးအသုံးမချနိုင်ခဲ့ရင် နောက်ထပ် ပြန်ရဖို့ဆိုတာ ခဲယဉ်းသွားပါလိမ့်မယ် ။ အချိန်ကောင်းမှာ အကောင်းဆုံးသော ရွေးချယ်မှုကို လုပ်ဖို့ဆိုတာ အပြောင်းအလဲကာလမှာ အရေးအကြီးဆုံးလို့ ထင်ပါတယ် ။

  • ဟာဗယ်က ပြောခဲ့ဖူးတယ်......''  ချက်ဇ် နိုင်ငံဟာ အခုထိ အပြောင်းအလဲကာလထဲမှာဘဲ ရှိသေးတယ် ''  လို့ပါ ။ ဒီအပြောင်းအလဲကို လူကြီးမင်းတို့က  ( ၁၉၈၉ ) ခုနှစ်က စလုပ်ခဲ့တာနော် ။ ကျမတို့ နိုင်ငံကတော့ အဲလို စလုပ်တာ အခုမှ ( ၂ ) နှစ်လောက်ဘဲ ရှိပါသေးတယ် ။ ဒီတော့ ကျမတို့ သွားရမယ့် လမ်းက အရှည်ကြီး ကျန်နေသေးတာ အမှန်ပါဘဲ ။ ဒါပေမယ့်လူကြီးမင်းတို့ရဲ့ အကူအညီနဲ့ ကျမတို့လည်း နောက်မှာ အများကြီး ပြတ်မကျန်ခဲ့ဘူး လို့ မျှော်လင့်ပါတယ် ။ ကျမအခုလိုပြောတာ ရှင်တို့ သိပ်နှေးနေတယ်လို့  ဆိုလိုတာ မဟုတ်ဘူး နော် ( ရယ်သံများ ) ။ ကျမတို့က အတတ်နိုင်ဆုံး မြန်မြန် ရှေ့ကို ရောက်အောင် သွားမယ်လို့ ဆိုလိုတာပါ ။ ဒီလို မြန်မြန်ရှေ့ရောက်အောင် သွားဖို့ မဖြစ်မနေကို လိုအပ်နေပါတယ် ။



  • ကျမတို့တိုင်းပြည်ဟာ သဘာဝသယံဇာတ ပေါကြွယ်ပေမယ့် ကျမတို့ ပြည်သူတွေဟာ ဆင်းရဲတွင်း နက်နေဆဲပါ ။ ကျမတို့ ပြည်သူတွေကို မျှော်လင့်ချက် ၊ အရည်အချင်း ၊ သဘောထားပြည့်ဝမှု ၊ လွတ်လပ်ခြင်းကို မြတ်နိုးမှု စတာတွေနဲ့ ပြည့်ဝချမ်းသာနေစေချင်ပါတယ် ။ ဟာဗယ်လ်ရှိနေရင်လည်း ဒီလိုဘဲ မျှော်လင့်မယ်လို့ ထင်ပါတယ် ။

  • ဒီတော့ လူကြီးမင်းတို့ကို ကျမ တောင်းဆိုပါရစေ .....ဒီလို  စိတ်ဓါတ်ရေးရာမှာ ပြည့်ဝချမ်းသာမှုရအောင် ကျမတို့ကို ကူညီကြပါ ။ ဒီအချိန်ဟာ တကယ်စစ်မှန်တဲ့ တိုးတက်မှု မရှိသေးတာကို ရှိနေပြီ ထင်ပြီး လမ်းလွဲကို ရောက်သွားဖို့ သိပ်ကို လွယ်ပါတယ် ။ ဒီတော့ ကျမတို့ သိပ်ကို ပွင့်လင်းပြီး လက်တွေ့ကျတဲ့ လုပ်ရပ်တွေကိုသာ လုပ်ရပါလိမ့်မယ်

  • ဟာဗယ်လ်လို့ လူမျိုးတွေကြောင့် စိတ်အားတက်ကြွပြီး မျှော်လင့်ချက်နဲ့ ပြည့်နေချိန်မှာ တစ်ဖက်မှာလည်း ကျမတို့ လုံးဝကို လက်တွေ့ကျမှ ဖြစ်မှာပါ ။ အပြည့်အ၀ကို အလုပ်လုပ်မှ ဖြစ်ပါလိမ့်မယ်

  • ကျမ အမြဲတမ်း ပြောခဲ့ပါတယ် .....ကြိုးစားခြင်း မရှိဘဲ မျှော်လင့်ချက်ဆိုတာ မရှိပါဘူး ။ မျှော်လင့်ချက် ထားလေ ကြိုးစားခြင်း လည်း ရှိရလေ ပါဘဲ ။ ဒီကြိုးစားမှုမှာ လူကြီးမင်းတို့အနေနဲ့ ဟာဗယ်လ် မျှော်လင့်သလို ကျမတိုနဲ့အတူရှိနေပေးမယ်လို့ မျှော်လင့်ပါတယ် ။ တနေ့မှာတော့ ကျမတို့အားလုံး အတူတကွ ပြောနိုင်ကြမယ် မျှော်လင့်ပါတယ် ......မြန်မာပြည် အတွက် ဟာဗယ်လ်လိုချင်ခဲ့မယ့် အပြောင်းအလဲကိုရဖို့ ကျမတို့တွေ အတူ လုပ်နိုင်ခဲ့တယ် လို့ပါ ။  စစ်မှန်တဲ့ လွတ်မြောက်မှုဖြစ်တဲ့ စိတ်ဓါတ်အားဖြင့် လွတ်လပ်မှု ၊ ကြောက်ရွံ့ခြင်းနဲ့ ဆင်းရဲခြင်းကို ဖယ်လိုက်နိုင်လို့ ရလာတဲ့ လွတ်လပ်မှု တွေကို ငါတို့ ရအောင် လုပ်နိုင်တယ်လို့ ကျမတို့အားလုံး ပြောနိုင်ဖို့ မျှော်လင့်ပါတယ်  ။

  • အဲဒီလို နေ့ကို ရောက်ရင် လူကြီးမင်းတို့အားလုံးကို မြန်မာပြည်ကို ကျမဖိတ်ကြားပြီး သမ္မတ ဟာဗယ်လ်ရဲ့ ဘ၀ နဲ့ ချက်ဇ်နိုင်ငံသားတို့ရဲ့ သဘောထားပြည့်ဝမှုကို  ဂုဏ်ပြုပေးချင်ပါတယ် ။ ကျေးဇူးတင်ပါတယ် ။


မာဂရက်သက်ချာနဲ့အတူ
မာဂရက်သက်ချာနဲ့အတူ
၁၉၈၉ လူထုတော်လှန်ရေးမှာ
၁၉၈၉ လူထုတော်လှန်ရေးမှာ

ခရီးစဉ်တွင် လိုက်ပါမည့် လူဦးရေစာရင်း
၁. ဒေါ်အောင်ဆန်းစုကြည် - ဥက္ကဌ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
၂. ဒေါက်တာတင်မာအောင် - Chief of Staff&Personal Assistant to Chairperson
၃. ဒေါက်တာမျိုးအောင် - ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၎. ဦးမင်းဦး - ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
၅. ဦးစိုးဝင်း - Personal Aid to Chairperson

Friday, 20th September 2013 မှာ စထွက်
1. Rangoon to Singapore (9:00 am)
2. Meeting with Ms. Grace Fu (Second Ministry of Foreign Affairs)
3. Attending Singapore Summit and Welcome Dinner

Saturday, 21st September 2013
1. Attending Singapore Summit
2. Luncheon Keynote Speech
(Myanmar in Transition)

Sunday, 22nd September 2013
1. Meeting with Myanmar Community
2. Visit to Lee Kuan Yew School of Public Policy
3. Lecture at Singapore Management University
(Mindset in Leadership)

Monday, 23rd September 2013
1. Meeting with Her Excellency Madam Haliamah Yacob and visit Parliament
(Speaker of the Parliament)
2. Meeting with His Excellency Dr. Tony Tan Keng Yam
(President of Singapore)

3. Meeting with His Excellency Mr. Lee Hsien Loong
(Prime Minister of Singapore)
4. Meeting with His Excellency Mr. Goh Chok Tong
(Emeritus Senior Minister)
5. Visit to ITE College East
6. Visit to Corrupt Practices Investigation Bureau (CPIB)

Tuesday, 24th September 2013
1. Leave from Singapore Changi Airport to Rangoon (10:15 am @ local time)

News and Information Department of NLD


Photo..ဒီဇာတိ
ရွှေဝါရောင်တော်လှန်ရေး. (၆)နှစ်မြောက်. အခမ်းအနားကို. ကြည့်မြင်တိုင်. သာဓုကျောင်းတိုက်. မှာ ဒီနေ့ (၁၈. ၊၉၊၂၀၁၃) နေ့မှာ. ကျင်းပပါတယ်။ မန္တလေးမှ ဂဠုန်နီဆရာတော်၊ ရွှေညဝါဆရာတော်၊အညတရသူရဲကောင်း မဂ္ဂင်ဆရာတော်စတဲ့ ဆရာတော်များ၊ မြို့နယ်အသီးသီးက အာဇာနည်ဆရာတော်များ၊ ဦးဝင်းတင်၊ ဦးမင်းကိုနိုင် ဦးကိုကိုကြီး ဦးမင်းဇေယျ စတဲ့. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများ စသဖြင့် လူစုံတက်ရောက်ကြပါတယ်။

လောင်စာဆီဈေးနှုန်း အဆမတန်မြင့်တက်သွားမှုကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သံဃာတော်တွေဦးစီးပြီး ငြိမ်းချမ်းစွာ စတင်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးနေ့ ၆ နှစ်ပြည့် အခမ်းအနားကို ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်တွင်းမှာရှိတဲ့ သာဓုပရိယတ္တိ စာသင်တိုက်မှာ ဒီကနေ့ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး ရေးဆွဲပြီးစီးပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ စတင် အကောင်အထည်ဖော်နိုင်ဖို့ တွန်းအားပေးခဲ့တဲ့ လှုပ်ရှားမှုကြီး ဖြစ်တယ်လို့ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တွေက မိန့်ကြားပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အကြီးမားဆုံး နိုင်ငံရေးလှုပ်ရှားမှုကြီးဖြစ်တဲ့ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီးနောက်ပိုင်း အကြီးဆုံး နိုင်ငံရေး လှုပ်ရှားမှုတခုဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးခေါ် ရွှေဝါရောင် လှုပ်ရှားမှုကြီး စတင်ခဲ့တာ ဒီကနေ့ဆို ၆ နှစ် တင်းတင်း ပြည်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတင်မကပဲ ကမ္ဘာကပါ အသိအမှတ်ပြု အံ့အားသင့်သွားစေခဲ့တဲ့ အဲဒီ ရွှေဝါရောင်တော်လှန်ရေးရဲ့ နိုင်ငံရေး အကျိုးအမြတ်ကတော့ အဲဒီအချိန်က တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရအနေနဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ တွန်းအားပေးလိုက်တာပဲ ဖြစ်တယ်လို့ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်သူတဦးအဖြစ် ပါဝင်ခဲ့တဲ့ ငွေကြာယံကျောင်းတိုက်က ဦးဇင်း ဦးအဂ္ဂဓမ္မက ပြောပါတယ်။

“ပြန်ကြည့်တဲ့အခါကျတော့ ဦးဇင်းတို့ ရွှေဝါရောင်တော်လှန်ရေးက အကျိုးရလဒ်က ဘာတွေဖြစ်ခဲ့သလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အရေးပေါ် ရေးဆွဲလိုက်ရတယ်ပေါ့နော်။ အခု အထိုက်အလျောက် လွတ်လပ်ခွင့်လေးတွေ ရလာတယ်။ ပွင့်လင်းလာတယ်လို့ ဦးဇင်းတို့ အဲ့ဒီအကျိုးရလဒ်ကို အဲ့လို ယူဆထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ ဒီနှစ်ပေါင်းများစွာထဲမှာ ၈၈ ပြီးရင်၊ နောက်ဆုံး လူထုတွေ အုံကြွမှုက အများဆုံးနဲ့ အကြီးမားဆုံးက အခု ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးပဲလေ။ အဲ့ဒါကြောင့် ဦးဇင်းတို့က ဒီလိုဟာမျိုးတွေ ဖြစ်ပေါ်လာတာက နောက်ဆုံး ရွှေဝါရောင်ကြောင့်လို့ ယူဆထားတယ်။”

“ဦးဇင်းတို့ ပြုပြင်ပြောင်းလဲဖို့ မြင်တာကတော့ အခုဆိုလို့ရှိရင် ဒီမိုကရေစီ အပြည့်အ၀ မရရှိသေးဘူး။ လူ့အခွင့်အရေးတွေ အပြည့်အ၀ မရရှိသေးဘူး။ ပြည်တွင်းငြိမ်းချမ်းရေး တွေ မရသေးဘူးပေါ့။ ဒါတွေ ဒါတွေဟာ ပြုပြင်ဖို့ လိုအပ်နေသေးတယ်လို့ ဦးဇင်းတို့က မြင်ပါတယ်။”

ရှစ်လေးလုံး အရေးတော်ပုံအတွင်း ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ ထောင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ရသလောက် ရွှေဝါရောင်တော်လှန်ရေးအတွင်း အသက်ဆုံးရှုံးမှု မကြီးမားပေမဲ့လည်း အများအပြား သေကြေပျက်ဆီးခဲ့ရတာပါ။ ဒါပေမဲ့ ဒီမိုကရေစီတိုက်ပွဲကို ဆက်လက် ဆင်နွှဲရဦးမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းဇေယျာက ပြောပါတယ်။

“ဒီနေ့ဆိုရင် ကျနော်တို့ ဒီ ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လာတယ်။ လာတဲ့အခါမှာ ကြွရောက်လာကြတဲ့ သံဃာတော်ထုတွေ၊ ပြည်သူလူထုတွေက တက်ကြွတဲ့စိတ်ဓာတ်တွေပေါ့နော် သူတို့ရဲ့ ကြည်နူးနေတဲ့ မျက်နှာတွေကို မြင်ရတဲ့အခါကျတော့ ကျနော်တို့ တော်လှန်ရေးလုပ်ရကျိုး နပ်တယ်ပေါ့ဗျာ။ ဒါ နံပါတ်တစ်အချက်။ နံပါတ်နှစ်အချက်ကတော့ - ဟုတ်ပြီ ကျနော်တို့ အခုအချိန်မှာ ဒီမိုကရေစီ အကူးအပြောင်းကာလကို ဖြတ်သန်းနေတယ်။ သို့သော်လည်းပဲ ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ တနည်းအားဖြင့် ဒီမိုကရေစီအရေ ခြုံထားတဲ့ စစ်အုပ်ချုပ်ရေးကို ခိုင်မြဲအောင် လုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲမှာပဲ နေနေရသေးတယ်။ တနည်းအားဖြင့် ပြောချင်တာက ကျနော်တို့ ရွှေဝါရောင် တော်လှန်ရေးဟာ မပြီးသေးဘူး။ ထို့အတူပဲ ၈ လေးလုံး အရေးတော်ပုံ တော်လှန်ရေးဟာလည်း မပြီးသေးဘူး။ ဒါကို ကျနော်တို့ နှစ်လုံးသွင်းဖို့ လိုအပ်တယ်။ အဲ့တော့ ကျနော်တို့ ဆက်ပြီးတော့ သွားရဦးမယ်။ ဘာကို သွားရမလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မဖြစ်မနေ လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်လို မြန်မြန် ရအောင်လုပ်မလဲ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး မြန်မြန်ရမှပဲ ငြိမ်းချမ်းရေး မြန်မြန်ရမယ်။ ငြိမ်းချမ်းရေး မြန်မြန်ရမှပဲ ကိုယ့်တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး ခိုင်မာမယ်။ ပြည်ထောင်စုစနစ်ကြီး ပီပီပြင်ပြင် ပေါ်ပေါက်လာမယ်။”

ဒီကနေ့ဟာ ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သလို ရှစ်လေးလုံး လူထုအုံကြွမှုကြီးကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီး အာဏာသိမ်းလိုက်တဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ ဒါကြောင့် အတိတ်က ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ ဘယ်လို ကောင်းမွန်အောင် လုပ်ဆောင်ကြမလဲဆိုတာ ဒီကနေ့အချိန်မှာ ပြန်ပြောင်း သုံးသပ်သင့်တယ်လို့ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့က ညှိနှိုင်းဆောင်ရွက်ရေးမှူး ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

“အဓိကကတော့ ဒီ ရွှေဝါရောင် တော်လှန်ရေးကြီးပေါ့ သံဃာထုဦးဆောင်ပြီးတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ရက် ၆ နှစ်ပြည့်တဲ့ အထိမ်းအမှတ်ဖြစ်သလို၊ အခု ဒီနေ့ဆိုလို့ရှိရင် န၀တတဖြစ်လဲ နအဖအစိုးရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၅ နှစ်ပြည့် အခမ်းအနားလည်း ဖြစ်ပါတယ်။ အခု တက်ရောက်လာတဲ့ စုစည်းညီညွတ်သော ပုဂ္ဂိုလ်များရဲ့ ရည်မှန်းချက်အရတော့ ကျနော်တို့နိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ်ပေါ့နော် ဘယ်လို အခြေအနေတွေအထိ ကျနော်တို့ နိုင်ငံသားတွေ ပိုင်ဆိုင်ရရှိနေပါပြီလဲ။ တည်ငြိမ်တဲ့ အနာဂတ် အလားအလာတွေအတွက် ကျနော်တို့နိုင်ငံ ဦးဆောင်တဲ့ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ တပ်မတော်နဲ့ လက်ရှိ အသွင်ပြောင်း အစိုးရအဖွဲ့အစည်းတွေ လုပ်ဆောင်ချက် ဘယ်လောက်အထိ ထိရောက်နေပြီလဲဆိုတာကို ၀ိုင်းဝန်းသုံးသပ်ပြီးတော့ အထိမ်းအမှတ်ပြုကြတဲ့ အခမ်းအနားဖြစ်ပါတယ်။”

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးကတော့ ခိုင်မာတဲ့ နိုင်ငံရေးစနစ် ရှိဖို့ လိုအပ်တဲ့အကြောင်း ထောက်ပြ ပြောဆိုပါတယ်။

“နိုင်ငံတိုင်းမှာ နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာတွေဆိုတာ ရှိနေပါတယ်။ အဲ့ဒါတွေကို ဖြေရှင်းနိုင်တဲ့ နိုင်ငံရေးစနစ်ပေါ့ ဆိုလိုတာက ဒီမိုကရေစီစနစ်သာ တကယ်ထွန်းကားပြီးတော့ ပြဿနာတွေကို ဒီမိုကရေစီနည်းကျ နိုင်ငံရေးနည်းလမ်းတကျ ဖြေရှင်းနိုင်မယ်ဆိုရင် ဒီလိုမျိုး အာဏာသိမ်းမှုတွေ၊ သွေးထွက်သံယိုတွေ ဖြစ်စရာအကြောင်း မရှိဘူး။ အဲ့တော့ ကျနော်တို့က ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး အခြေခံကောင်းတွေကို ခိုင်ခိုင်မာမာ ချမှတ်ဖို့လိုတယ်။ အဲ့တော့ ဒီ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုတာ အထူးအဆန်း စကားလုံးတွေ မဟုတ်ဘူး။ လက်တွေ့ကျင့်သုံးလို့ရတဲ့ ကျနော်တို့ လွတ်လပ်ရေး ရပြီးခါစကာလတုန်းကလည်း ကျနော်တို့နိုင်ငံမှာ ရှိထားပြီးသား။ ဒီအခြေခံကောင်းတွေကို ဖော်ထုတ်ဖို့နဲ့ ခိုင်ခိုင်မာမာ ချမှတ်နိုင်ဖို့လိုတယ်။ အဲ့သလိုမှမဟုတ်ရင် ဒီနိုင်ငံဟာ ဒီလိုပဲ ဆန္ဒပြမှုတွေ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ အဲ့ဒါတွေနဲ့ပဲ အဆိုးသံသရာထဲမှာ လည်နေပြီး တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်ကို မရောက်နိုင်ဘူး။”

မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေအတွင်း အသက်ပေးသွားကြသူတွေရဲ့ မိသားစုတွေ၊ အကျဉ်းချခံခဲ့ရသူတွေနဲ့ သူတို့ မိသားစုတွေအပါအ၀င် နည်းမျိုးစုံနဲ့ ပေးဆပ်ခဲ့ကြသူတွေရဲ့ဘ၀ ဖွံ့ဖြိုး တိုးတက်ဖို့ အစိုးရအနေနဲ့ ကူညီ ပံ့ပိုးပေးသင့်တယ်လို့ ကိုမင်းဇေယျာက ပြောပါတယ်။
ပခုက္ကူမြို့မှာ ငြိမ်းချမ်းစွာ ပတ္တနိတ္ကုစ္စနကံဆောင် သပိတ်မှောက်ကြတဲ့ သံဃာတော်တွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိပ်ကွပ်ရာက အစပြုပြီး တခြားမြို့နယ်တွေမှာရှိတဲ့ သံဃာတော်တွေပါ ဆန္ဒပြကြရာက ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီကတည်းက သတ်မှတ်ထားခဲ့တဲ့ ပတ္တနိတ္ကုစ္စနကံဆောင် သပိတ်မှောက်မှုဟာ ဒီကနေ့အထိ အကျုံးဝင်ဆဲဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တောင်းပန်မှသာ သပိတ်လှန်မယ်လို့ ရွှေဝါရောင် သံဃာတော်တွေက တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ၆ နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အခမ်းအနားဟာ ၂၀၀၇ ခုနှစ်က သံဃာတော်တွေ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်ခဲ့ကြတဲ့တုန်းကလိုပဲ မိုးတွေ သဲကြီး မဲကြီး ရွာနေတဲ့ကြားမှာ ကျင်းပခဲ့ရတာဖြစ်ပါတယ်။

အခမ်းအနားကို ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆရာတော်၊ သံဃာတော်တွေအပြင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယက ဦးဝင်းတင်၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာတို့အပြင် စိတ်ဝင်စားသူ ဧည့်ပရိတ်သတ် ၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

VOA

(the national.ae မှ 17 Sept 2013 ရက်စွဲပါ Junta has stolen billions in gas revenue ကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု အခြေစိုက် သဘာဝပတ်ဝန်းကျင်အုပ်စုတစ်ခုဖြစ်သော Earth Right International က ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ဘီလီယံနှင့်ချီသော ဒေါ်လာငွေမြောက်မြား စွာကို စင်ကာပူနိုင်ငံရှိ နိုင်ငံခြားဘဏ်စာရင်းထဲသို့ ထည့်သွင်းထားကြကြောင်းသိရသည်။ အဆိုပါ ဒေါ်လာငွေကြေး များသည် မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှရရှိသော ငွေများဖြစ်ပြီး ယင်းစီမံကိန်းတွင် စွမ်းအင်တူးဖော်ရှာဖွေရေး လုပ်ငန်းကြီးများဖြစ်ကြသော အမေရိကန်မှ Chevron ၊ ပြင်သစ်မှ Total နှင့် ထိုင်းနိုင်ငံမှ PTTEP တို့ပါဝင်လုပ်ကိုင်လျက်ရှိသည်။ စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့ ၆၀ ရာခိုင်နှုန်းကျော်ကို ထိုင်းနိုင်ငံသို့ ပိုက်လိုင်းမှတစ်ဆင့် သွယ်တန်းရောင်းချလျက်ရှိသည်။

“ပြီးခဲသည့် ၂၀၀၀ပြည့်နှစ်မှစ၍ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ဒေါ်လာ ၅ ဘီလီယံခန့် ခိုးယူခံခဲ့ရသည်။ စီမံကိန်းမှရရှိသည့် ငွေကြေးများသည် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသုံးပြုရမည့်အစား စစ်ဗိုလ်ချုပ်ကြီးများ၏ အိတ်ကပ်ထဲသို့ရောက်ရှိသွားကြသည်” ဟု ယင်းအစီအရင်ခံစာကိုရေးသားသူ Mathew Smith က အင်တာဗျူးတစ်ခုတွင်ပြောကြားသည်။ ERI ၏ အဆိုအရ ယင်းဒေါ်လာငွေကြေးများကို စင်ကာပူနိုင်ငံရှိ ဘဏ်လုပ်ငန်းကြီးနှစ်ခုဖြစ်သော Oversea Chinese Banking Corp နှင့် DBS Group သို့ရောက်ရှိသွားပြီဖြစ်သည်။ ERI က စင်ကာပူဘဏ်များနှင့် အစိုးရထံသို့ သတင်းထောက်များစေလွှတ်ကာ စုံစမ်းမေးမြန်းမှုပြုလုပ်ခဲ့သော်လည်း အဆိုပါဘဏ်နှစ်ခုက စွပ်စွဲပြောဆိုချက်များ မှန်ကန်မှုမရှိကြောင်း ကြေညာချက်ကိုယ်စီထုတ်ပြန်ခဲ့ကြသည်။ အကြီးတန်းအစိုးရအရာရှိကြီးတစ်ဦးကမူ အဆိုပါကိစ္စမှန်ကန်မှု ရှိ၊မရှိ သိရှိနိုင်ရန် စင်ကာပူအစိုးရက ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ပြောကြားသည်။

“ပိုက်လိုင်းသွယ်တန်းမှုမှရရှိသော ဘဏ္ဍာအခွန်ငွေဟာ စစ်အစိုးရအတွက် အသက်တမျှအရေးကြီးပါတယ်။ စစ်အစိုးရအနေနဲ့ အဲဒီငွေတွေရရှိနေသေးသရွေ့ အပြောင်းအလဲလုပ်ဖို့ မက်လုံးအနည်းငယ်ရှိနေမှာပါ” ဟု မစ္စတာ Smith က ပြောကြားသည်။ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုမှ တစ်လလျှင် ဒေါ်လာ သန်း ၁၅၀ ခန့်ရရှိလျက်ရှိပြီး ယင်းပမာဏမှာ လာမည့်အနာဂတ်၌ များပြားလာဖွယ်သာရှိကြောင်း သြစတြေးလျနိုင်ငံရှိ Macquarie University မှ စီးပွားရေးပညာရှင် Sean Turnell ကပြောကြားသည်။ Sean Turnell သည် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းစနစ်နှင့် စီးပွားရေး ပညာရှင်တစ်ဦးလည်းဖြစ်သည်။

“နိုင်ငံခြားအရန်ငွေကြေးဟာ ယခုဆိုရင် ဒေါ်လာ ၅ ဘီလီယံကျော်သွားပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာအစိုးရရဲ့ နာဂစ်အလွန်ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေအတွက် အဆိုပြုချက်ကို ပြန်လည်ဆန်းစစ်လျက်ရှိပါတယ်” ဟု ၎င်းကပြောသည်။ မြန်မာအစိုးရ၏ အစီအစဉ်များအတွက် သဘာဝ ဓာတ်ငွေ့မှရရှိသော ဘဏ္ဍာငွေသည် အလွန်အကြီးသည်မှာမှန်သော်လည်း သံတမန်ကြီးများအဆိုအရ အဆိုပါငွေကြေးသည် အပေါ်ယံမျှသာဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားကုမ္ပဏီကြီးတွေနဲ့ အပေးအယူလုပ်တဲ့ကိစ္စမှန်သမျှမှာ ငွေကြေးပံ့ပိုးပေးရတဲ့အပိုင်းတွေပါဝင်နေပါ တယ်”ဟု မြန်မာအစိုးရ၏ စီးပွားရေးလုပ်ဆောင်ချက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ အနောက်တိုင်းသံတမန်ကြီးတစ်ဦးက ပြောကြားသည်။

“ဝန်ကြီးဦးအောင်သောင်းဆိုရင် အစိုးရခွင့်ပြုချက်ရရှိဖို့ သူ့ဆီကိုချဉ်းကပ်လာတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို စီမံကိန်းတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းကို ဖြတ်စားကြေးအဖြစ်ပေးဖို့ အမြဲတောင်းလေ့ရှိတယ်” ဟု စစ်အစိုးရနှင့် ဆယ်စုနှစ်တစ်ခုတာကြာမျှ စီးပွားရေးလုပ်ကိုင်ခဲ့ဖူးသူ ဂျာမန်လူမျိုး စီးပွားရေးစွန့်ဦးတီထွင်သူ တစ်ဦးကပြောကြားသည်။

ထိုသို့သော တောင်းခံမှုမျိုးကိုလိုက်လျောပေးရန် အနောက်တိုင်းစီးပွားရေးလုပ်ငန်းအများစုက တွန့်ဆုတ်လျက် ရှိကြသော်လည်း အာရှစီးပွားရေးလုပ်ငန်းကြီးများကမူ စစ်ဗိုလ်ချုပ်ကြီးများနှင့် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ပေးရသော အခကြေးငွေအဖြစ် ရှုမြင်ကြသည်။ ယခင် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်ဆိုလျှင် တရုတ်မိုဘိုင်း ကုမ္ပဏီဖြစ်သော ZTE နှင့် အပေးအယူလုပ်ရာမှ အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း အဆိုပါ လုပ်ငန်းတွင် ပါဝင်ပတ်သက်ခဲ့ဖူးသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

ထိုသို့ကန်ထရိုက်စာချုပ်ချုပ်ဆိုခဲ့ရာတွင် ZTE က မြန်မာနိုင်ငံတွင် တယ်လီဖုန်းလိုင်းပေါင်း ၃၀၀၀၀၀ တပ်ဆင်နိုင်မည့် အခြေခံအဆောက်အအုံစီမံကိန်းအတွက် ဒေါ်လာ သန်း ၁၅၀ ချေးငွေပေးခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော CNPC ကီလိုမီတာ ၄၀၀၀ ခန့်ရှည်လျားသည့် စွမ်းအင်ပိုက်လိုင်းများကို မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲသို့ သွယ်တန်းမည့်စီမံကိန်းအား စတင်တည်ဆောက်လျက်ရှိသည်။

အဆိုပါ စီမံကိန်းသဘောတူညီချက်အရ စစ်အစိုးရသည် နှစ်ပေါင်း ၃၀ ကာလအတွက် အနည်းဆုံးဒေါ်လာ ၂၉ ဘီလီယံရရှိမည်ဖြစ်သည်။ “မြန်မာနိုင်ငံမှာ အဂတိလိုက်စားတယ်ဆိုတာဟာ အရိုးစွဲနေတဲ့ အလေ့အထဖြစ်နေပါပြီ။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမှန်သမျှ လာဘ်ထိုးကြရတာချည်းပါပဲ။ ပတ်စပို့၊ တယ်လီဖုန်းစီးပွားရေးလုပ်ငန်း မှတ်ပုံတင်ဖို့အတွက် လျှောက်လွှာဖောင်ဝယ်ယူတာကစပြီး အောက်ခြေက စာရေးကို ပိုက်ဆံပေးရတယ်။ အကြီးတန်းအစိုးရအရာရှိကြီးတွေနဲ့ ဝန်ကြီးတွေဆိုရင် ပိုတောင်းကြတာပဲ” ဟု Sean Turnell ကပြောကြားသည်။

Transparency International အဖွဲ့ကမူ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အဂတိလိုက်စားမှု အပြုဆုံးနိုင်ငံဖြစ်သည်ဟု သတ်မှတ်ဖော်ပြသည်။

အဂတိလိုက်စားရာတွင် အဆိုးဆုံးအဆင့်ရှိသည့် နိုင်ငံမှာ ဆိုမာလီယာဖြစ်သည်။

ERI ၏ ခန့်မှန်းချက်အရ စစ်အစိုးရသည် ရတနာဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှရရှိသော ဘဏ္ဍာငွေ ၇၅ ရာခိုင်နှုန်းကို ရယူခဲ့ကြောင်းသိရသည်။ စစ်အစိုးရသည် ဒေါ်လာ ၄ ဒသမ ၈၃ ဘီလီယံကို အမျိုးသားဘတ်ဂျက်အဖြစ် သိမ်းဆည်းရန်စီစဉ်ခဲ့ရာတွင် နှစ်ပေါင်း ၃၀ ကြာအသုံးပြုခဲ့သည့် ငွေကြေးလဲလှယ်မှုနှုန်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ERI က ဆိုသည်။

Yangon chronicle

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.