09/23/13

ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများ မဟာဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်မှုအား ယနေ့ညနေ ၄နာရီတွင် နှစ်ဖက်သဘောတူညီမှု ရရှိ၍ ယင်းသပိတ်စခန်းကို ပြန်လည် ရုတ်သိမ်းမည်ဖြစ်ကြောင်းသိရသည်။

"အခုအလုပ်သမားတွေကို အလုပ်မရသေးတဲ့ ၃လ ၊ ၅လ ကို နစ်နာကြေးအနေနဲ့ပေးဖို့ရှိတယ်။ သူတို့အလုပ်ရဖို့ကို စက်မှုဇုန်က လုပ်ငန်းရှင်တွေကို လည်း ဒီအလုပ်သမားတွေကို ဦးစားပေးပြီး အလုပ်သမားလိုရင်ခန့်ပေးပါလို့ ပြောဆိုထားတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောသည်။

လက်ရှိအချိန်တွင် အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင်ကိုယ် စားလှယ်များ ယင်းလက်မှတ်ရေးထိုးပြီးပါက သပိတ်စခန်းကို ပိတ်သိမ်းရမည်ဖြစ်ကြောင်းသိရသည်။

ယင်းသပိတ်စခန်းကို စက်တင်ဘာ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့နေ့လည် တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုးမင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းတို့က ညှိနှိုင်းပေးခဲ့ကြကြောင်းသိရသည်။

ရန်နိုင်၊ အောင်နိုင်စိုး(ကစ္ဆပ)
Popular Myanmar News Journal


မိကျောင်းကန်ဆန္ဒပြပွဲကိုလက်ကိုင­်ဖုန်းနဲ့ ဗီဒီယို ရိုက်ခဲ့တာ။
သင်္ကန်းကျွန်း. မိကျောင်းကန်က မြေသိမ်းခံရသူတွေ ဆန္ဒပြနေကြတယ်။ လူတွေအတော်များတယ်။ သူတို့ရဲ့ Civil Disobedience နည်းလမ်းနဲ့ မတရားမှုကို ဆန့်ကျင်တဲ့စိတ်ဓာတ်၊ ကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင်တဲ့စိတ်ဓာတ်ကို ထောက်ခံအားပေးခဲ့တယ် (video..Jutta Pflueg)

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် (၁၊ ၂၊ ၃) ပြည်သူလူထုများသည် ၎င်းတို့၏ သိမ်းဆည်းခံမြေယာများအား ပြန်လည်ရရှိရန်အတွက် (၇)ကြိမ်မြောက် ဆန္ဒထုတ်ဖော်တောင်းဆိုပွဲကို စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း (၂)တွင် လည်းကောင်း၊ နေ့လည် ၃ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုပန်းခြံလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

ှဆန္ဓပြသူအင်အား ၂၅၀ ခန့်က ပါဝင်ခဲ့ကြပြီး အစပိုင်းတွင် ခွင့်ပြုမိန့်မရခဲ့သော်လည်း နေ့လည်ပိုင်းဆန္ဒပြပွဲကို ခွင့်ပြုမိန့်ပေးခဲ့သည်ဟု ဆန္ဒထုတ်ဖော်ပွဲခေါင်းဆောင်များက ပြောသည်။

ရွှေနိုင်ငံသစ်သတင်းအဖွဲ့
ဓာတ်ပုံ - ကိုဖြိုးကြီး (မြတ်စံ),dvb

Aung San Suu Kyi meeting Singapore President Tony Tan
Photo..today online

ပြည်ပတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသား၊ မြန်မာလူငယ်များအား အမိနိုင်ငံသို့ ပြန်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း NLD ပါတီဥက္ကဋ္ဌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၂ ရက်နေ့ စင်ကာပူနိုင်ငံရှိ Resorts World Sentosa ခန်းမ၌ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် တိုင်းတစ်ပါးတွင် သင်ယူခဲ့ရသော ကျွမ်းကျင်မှု အရည်အသွေးနှင့် အသိပညာများကို ပြန်လည်အသုံးချသင့်ကြောင်း စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၆၀၀၀၀ အား ယင်းတွေ့ဆုံပွဲ၌ ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြန်လာစေရေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း မကြာခဏဖိတ်ခေါ်ပြောကြားခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ၍ ပြည်ပရောက် မြန်မာနိုင်ငံသားများ စိတ်ဓာတ်မကျရန်နှင့် ဒီမိုကရေစီနိုင်ငံဖြစ်သည့်အခါ နိုင်ငံသားများကို ကာကွယ်ပေးနိုင်ပြီး ယင်းအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေပြောင်းရမည်ဖြစ်ကြောင်း ရှင်းပြပြောဆိုခဲ့သည်။ ထို့ပြင် အတိုက်အခံဒီမိုကရေစီအင်အားစုများနှင့် အာဏာရအစိုးရအကြား မူဝါဒများ ပူးပေါင်းဖော်ဆောင်နိုင်မှု မရှိသေးဘဲ အခြေခံဥပဒေပြောင်းလဲရေးတွင် နှစ်ဖက်ညှိနှိုင်း၍ ဆောင်ရွက်နိုင်မည်ဟု ၄င်းက မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ရေးအတွက် မြန်မာနိုင်ငံသားများ၏ စိတ်နေစိတ်သဘောထားကို ပြောင်းလဲရန်မှာ အဓိကလိုအပ်ချက်ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

“ဒေါ်စုမိန့်ခွန်းမှာ အဓိကစင်ကာပူရောက် မြန်မာတွေနဲ့ ပတ်သက်ပြီး စင်ကာပူမှာရှိတဲ့ မြန်မာတွေထဲမှာ လူကြီးနဲ့လူငယ်တွေရှိကြတယ်။ လူကြီးတွေအနေဲ့ပြန်လာဖို့ အခက်အခဲတွေရှိတယ်ဆိုရင်လဲ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ပေးနိုင်ဖို့ အားထုတ်ကြဖို့နဲ့ လူငယ်တွေအနေနဲ့တော့ အပေးနဲ့အယူမှာ ဘာကိုအဓိကထား ဆုံးဖြတ်ကြမလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ ကိုယ်တွေ့ဆုံးဖြတ်ချက်တွေနဲ့ ယှဉ်ပြီး ဘာကိုတန်ဖိုးထားဖို့ လိုတယ်ဆိုတာကို ပြောသွားတာပါ။ လူငယ်တွေကိုလဲ ပြန်လာဖို့အတင်းတိုက်တွန်းတာမဟုတ်သလို ကိုယ်ဘာသာ ကိုယ်ဆုံးဖြတ်နိုင်ဖို့ သဘာဝကျကျပြောသွားတယ်လို့ ကျွန်တော်နားလည်မိပါတယ်။ ဒီမိန့်ခွန်းကြောင့် ဆုံးဖြတ်ချက်ချဖို့ တွေဝေနေတဲ့ မြန်မာလူငယ်တွေ အတွက် အများကြီး အထောက်အပံ့ဖြစ်စေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု စင်ကာပူရောက်မြန်မာလူငယ် တစ်ဦးက ၎င်းအမြင်ကို ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စင်ကာပူထိပ်သီးအစည်းအဝေးကို တက်ရောက် မည်ဖြစ်ပြီး စင်ကာပူသမ္မတ၊ ဝန်ကြီးချုပ်၊ ပါလီမန်ဥက္ကဋ္ဌ၊ ဝါရင့်ဝန်ကြီးဟောင်း ဂိုချောက်ထောင်တို့နှင့် တွေ့ဆုံကာ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Yangon chronicle

Thaksin Shinawatra (back to camera) meets Aung San Suu Kyi at the 2013 Formula 1 Singapore Grand Prix. (Photo from Instagram @thaksinlive)
စင်္ကာပူဖော်မြူလာဝမ်း ကားပြိုင်ပွဲမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဖော်မြူလာဝမ်းကို သွားလည်ရင်း သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ်မထင်ဆုံမိတယ်လို့ တရားခံပြေးဖြစ်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က သတင်းထုတ်ပြန်တယ်။

တမင်ရည်ရွယ်တာမဟုတ်ပဲ အမှတ်မထင်ဆုံဖြစ်တာပါလို့ သူက ဆိုပေမဲ့ စင်္ကာပူအစိုးရဧည့်သည်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလွယ်တကူ အခုလိုဝင်ရောက်နုတ်ဆက် စကားပြော
နေတဲ့ ပုံက သူမတော်တဆကြီးက ရိုးမှရိုးရဲ့လား စနစ်တကျ ပြင်ဆင်ထားတဲ့ မတော်တဆမျိုးကြီးလားလို့ တွေးစရာပါ။

သူဝန်ကြီးချုပ်ဘ၀က မြန်မာစစ်အစိုးရနဲ့ အလွန်နီးကပ်ခဲ့တဲ့ သက်ဆင်ဟာ အဲဒီတုန်းက မြန်မာနိုင်ငံရေးလမ်းကြောင်းမှာ အောင်ဆန်းစုကြည်ဟာ ဂျမ်းတုံးကြီးတုံးပဲ လို့ဝေဘန်ခဲ့ဖူးသူ
ဖြစ်ပြီး တလောက အင်တာနက်ပေါ်ပျံ့နှံ့ခဲ့ သူနဲ့ လက်ရှိထိုင်းအစိုးရ ထိပ်တန်းအရာရှိကြီးတစ်ဦး ဟောင်ကောင်မှာ စကားလက်ဆုံကြခဲ့စဉ် အသံဖိုင်လို့ ယူဆရတဲ့ အသံဖိုင်ထဲမှာ ထိုင်းတွေအနေနဲ့ မြန်မာပြည်အပေါ်မှာ ဆက်လက်သြဇာလွှမ်းမိုးထားဖို့နဲ့ လက်ရှိအာဏာအရှိဆုံးဖြစ်တဲ့ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အပိုင်ထိန်းထားဖို့
ညွှန်ကြားခဲ့သူပါ။

လက်ရှိထိုင်းဝန်ကြီးချုပ်က သူ့ရဲ့ နှမအရင်းဖြစ်ပြီး သူကတော့ တရားခံပြေးအဖြစ် ပြည်ပမှာတိမ်းရှောင်နေရဆဲ ဆိုပေမဲ့ လေ့လာသူအားလုံးက လက်ရှိထိုင်းအစိုးရဟာ သူ့ညွှန်ကြားချက်ကို အကောင်အထည်ဖော်နေရတာလို့ တညီတညွတ်ထဲပြောဆိုနေကြပါတယ်။ ကာချုပ်ဟာ ပြီးခဲ့အပတ်ကပဲ ထိုင်းနိုင်ငံကို လေ့လာရေးခရီးသွားပြီး
သက်ဆင်ရဲ့ ညီမ ထိုင်းဝန်ကြီးချုပ် ယင်းလပ်နဲ့ တရင်းတနှီးတွေ့ဆုံ စကားပြောခဲ့ပါသေးတယ်။
http://www.bangkokpost.com/breakingnews/371076/
Mr Thaksin said he was there to met this two daughters and his son-in-law, who were on a business trip to Singapore.

On Instagram @thaksinlive, Mr Thaksin wrote on Monday morning “I accidentally meet Khun Aung San Suu Kyi at the Formula 1. She is healthy and lively.”

In another post on Sunday night, that shows him with Pinthongtha and Paethongtarn, he says, “Today, I take my children to see the Formula 1 in Singapore. It’s an impressive new experience, a lot of fun.”
Kyaw Swar Myint

“ဒီကနေ့ အစိုးရကနေ ပြုပြင်ပြောင်းလဲနေပါပြီဆိုတဲ့ ဒီမိုကရေစီရေး ဖြစ်စဉ်မှာ ပြည်သူတွေမှာ ရပိုင်ခွင့်ရှိတယ်။ အလုပ်သမားတွေမှာလည်း အလုပ်သမား အခွင့်အရေးရှိတယ်။ လယ်သမားတွေမှာလည်း လယ်သမားအခွင့်အရေး ရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြရမှာ ဖြစ်ပါတယ်။ ဘယ်လို အခက်အခဲမျိုးပဲရှိရှိ ရပိုင်ခွင့်တွေကို တောင်းဆိုနေတာဟာ ကျနော်အားလုံး တသားတည်း ရှိနေပါတယ်။ ခင်ဗျားတို့ချည်းပဲ မဟုတ်ဘူး။ ဒီမှာ ရောက်ရှိနေတဲ့ အင်းအားစုပေါင်းစုံ ရှိနေပါတယ်။ ငြိမ်းချမ်းစွာနဲ့ ကိုယ့်ရဲ့ရပိုင်ခွင့်ကို တောင်းတာဟာ ဒီမိုကရေစီမှာ အဓိကကျတဲ့ အကြောင်းပါ။ ဒါကို အကြမ်းဖက် ဖြေရှင်းမယ်ဆိုရင် ဒါဟာ မတရားမှုပါ။ ဒါဟာ ဥပဒေကို ကျော်လွန်ခြင်းပါလို့ပဲ ကျနော် ပြောချင်ပါတယ်” (ကိုဌေးကြွယ်)
လာရောက်အားပေးတဲ့ ရဲဘော်ကြီး ကိုဇင်ဝိုင်း။
၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ကိုဌေးကြွယ် သပိတ်စခန်းသို့ ညပိုင်းတွင်လာရောက်ပြီး ဆန္ဒပြအလုပ်သမားများနှင့် အလုပ်ရှင်တို့အကြား ၀င်ရောက်ကူညီဖြေရှင်းပေးမည်ဟု ပြောကြားစဉ်။
ပြည်သူချစ်သော ပြည်သူနဲ့တသားတည်းရှိသောအနုပညာရှင်ဆိုတာ ..
ဆူးလေပန်းခြံရှေ.က ဆန္ဒထုတ်ဖော်နေကြတဲ့ အလုပ်သမားလူငယ်တွေနဲ.အတူသွားရောက် အားပေးခဲ့ကြပါတယ်။ တာဝန်ရှိသူတွေအနေနဲ.လည်း အကြမ်းဖက်
နှိမ်နင်းဖြိုခွဲမှုတွေ မလုပ်စေချင်တဲ့အတွက် မေတ္တာရပ်ခံခြင်း ၀ိုင်းရံပေးခြင်းပါ။ဒါတွေဟာ ကျွန်တော်တို. တတ်စွမ်းသရွေ.ပါ။ ကျွန်တော်တို.တိုင်းပြည်မှာလက်နက်နဲ.
အင်အားသုံးဖြေရှင်းခြင်းဆိုတာတွေ လုံးဝမဖြစ်ပေါ်စေချင်တော့ပါဘူး။
ဒါရိုက်တာ ၀ိုင်းမှလည်း သပိတ်စခန်းသို့ ညပိုင်းတွင်လာရောက်ပြီး ဆန္ဒပြအလုပ်သမားများကို လာရောက်အားပေးစကားပြောကြားစဉ်။

ရွှေနိုင်ငံသစ်သတင်းအဖွဲ့
ဓာတ်ပုံ - ကိုဖြိုးကြီး (မြတ်စံ),Aung aung kyaw




ဗမာအစိုးရနဲ့ ပုလဲနံပသင့်ပြီး အကြီးအကျယ် ချမ်းသာလာတဲ့ ကုဋေကြွယ်သူဋ္ဌေး (၄၀) လောက် မြန်မာပြည်မှာရှိကြောင်း သိရပါတယ်။ ဒေါ်လာသန်း (၃၀) သို့မဟုတ် (၃) ကုဋေရှိသူကို ဆိုလိုတာဖြစ်ပါတယ်။ နောက် ဆယ်နှစ်ကြာရင်တော့ ကုဋေကြွယ်သူဋ္ဌေး (၃၀၀) ကျော် ရှိလာမယ်လို့ Wealth-X လေ့လာရေးဌာန အရာရှိချုပ် Mr. Rambus က ပြောဆိုကြောင်း သြဂုတ်လ (၂၂) ရက်နေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကုဋေကြွယ်သူဋ္ဌေးဦးရေ (၆) ဆ တိုးမယ့်သဘောပါ။ ဒီလေ့လာရေးဌာနဟာ အကြီးအကျယ် ချမ်းသာသူတွေကို လေ့လာပြီး နှစ်စဉ်အစီရင်ခံစာ Ultra Wealth Report ထုတ်ဝေနေပါတယ်။

စင်္ကာပူ၊ ဂွမ့်ကျောင်၊ ဟောင်ကောင်နဲ့ ကွာလာလမ်ပူ အပါအဝင် မြို့ ကြီး (၁၂) မြို့  မှာ ရုံးဖွင့်ပြီး သုတေသီ (၂၀၀) ကျော်နဲ့ လေ့လာနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ လူဦးရေသန်း (၁၄၀) ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဒေါ်လာ (၃) ကုဋေကျော် ချမ်းသာတဲ့သူဋ္ဌေး (၉၀) ရှိပါတယ်။ လူဦးရေသန်း (၉၀) ကျော်တဲ့ ဖိလစ်ပိုင်မှာ ကုဋေကြွယ်သူဋ္ဌေး (၆၀၀) ကျော်၊ ထိုင်းနိုင်ငံမှာ (၇၀၀) ကျော်ရှိပြီး စင်္ကာပူမှာ (၁၄၀၀) လောက် ရှိပါတယ်။ အာဏာရှင်ခေတ်က မသမာတဲ့နည်းနဲ့ ချမ်းသာလာခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ ခိုလှုံနေတဲ့ စင်္ကာပူဟာ လူဦးရေနည်းပေမယ့် အရှေ့ တောင်အာရှမှာ ကုဋေကြွယ်သူဋ္ဌေး အများဆုံးရှိတဲ့နေရာ ဖြစ်နေပါတယ်။

မြန်မာပြည်မှာ အခွင့်ထူးခံစားရလို့ ကြီးပွားတဲ့ ခရိုနီကို ဓနအင်အားလိုက်ပြီး အကြီး၊ အလတ်၊ အသေးစသဖြင့် ခွဲခြားနိုင်ပါတယ်။ ဒါကြောင့် ဒေါ်လာ (၃) ကုဋေကျော်ရှိတဲ့ ခရိုနီ (၄၀) မှာ အကြီးစားက အသေးစားအထိ ပါဝင်နိုင်ပါတယ်။ ဒေါ်လာငွေ ကုဋေအများအပြားပိုင်တဲ့ အကြီးစား ခရိုနီ (၂၀) လောက်သာရှိကြောင်း မနှစ်ကထုတ်ဝေတဲ့ ရိုက်တာလေ့လာချက်မှာ ဖော်ပြပါတယ်။ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်၊ ဇေကမ္ဘာဦးခင်ရွှေ၊ ယုဇနဦးဋ္ဌေးမြင့်၊ ဦးမိုးမြင့်၊ ဦးအိုက်ထွန်း စတဲ့ ခရိုနီကြီးတွေကို လူသိများပါတယ်။ နေပြည်တော်ခေတ်မှာလည်း မြှောက်စားခံနေရသူတွေ ဖြစ်ပါတယ်။ ခရိုနီကြီးတွေထဲမှာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ချမ်းသာလာသူတွေလည်း ရှိပါတယ်။ ဦးအိုက်ထွန်း နဲ့ ဦးထွန်းမြင့်နိုင်တို့ကို ဘိန်းမှောင်ခိုလုပ်ငန်းကြောင့် ချမ်းသာလာသူအဖြစ် မြင်ကြပါတယ်။

ဦးအိုက်ထွန်းရဲ့  ရွှေတောင်ကုမ္မဏီအုပ်စုဟာ ရန်ကုန်မြို့ မှာ အချက်အချာကျတဲ့ အစိုးရအဆောက်အဦးဟောင်းတွေကို ဆက်တိုက်ရရှိနေပါတယ်။ မကြာသေးမီကပဲ ရွှေတိဂုံစေတီအနီးက ကာကွယ်ရေးတက္ကသိုလ်ဟောင်းနဲ့ စစ်ရုံးချုပ်ဟောင်းက မြေဧကအချို့ ကို ဦးအိုက်ထွန်းရရှိသွားကြောင်း သိရပါတယ်။ မူးယစ်ဆေးကရတဲ့ငွေကို ခဝါချတယ်လို့ အမေရိကန်ကစွပ်စွဲပြီး ဖိအားပေးတာကြောင့် ဦးအိုက်ထွန်းတည်ထောင်တဲ့ Asia Wealth Bank အာရှဓနဘဏ်ကို (၂၀၀၅) မှာ ပိတ်လိုက်ရပါတယ်။ ငွေမဲကြောင့် နေ့ချင်းညချင်း ဦးအိုက်ထွန်း ချမ်းသာလာတာလို့ ယုံကြည်ကြပါတယ်။ တချို့ ကလည်း တရုတ်ကုမ္မဏီကိုယ်စား စီးပွားရှာနေတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးတေဇလောက် အခွင့်ထူးမရဘူးလို့ ဦးအိုက်ထွန်းက ငြည်းကြောင်း ရန်ကုန် အမေရိကန်သံရုံးရဲ့  ၂၀၀၇ ခုနှစ် မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

နေပြည်တော်ကို အစိုးရရုံးပြောင်းတုန်းက ရန်ကုန်မှာ အိမ်ခြံမြေဈေး ထိုးကျသွားတဲ့အတွက် ကျပ်ငွေသိန်း (၂၀၀) နဲ့ ရောင်းဖို့ စီစဉ်ထားတဲ့ တိုက်ခန်းကို တဝက်ဈေးနဲ့ လျော့ရောင်းခဲ့ရတယ်လို့ ဦးအိုက်ထွန်းကပြောကြောင်း ပေါက်ကြားသွားတဲ့ အမေရိကန်သံရုံးမှတ်တမ်းမှာ ရေးထားပါတယ်။ အခုတော့ အိမ်ခြံမြေဈေးတွေ အဆမတန် ထိုးတက်နေတဲ့အတွက် ဦးအိုက်ထွန်းတို့လို ခရိုနီကြီးတွေ ခေါင်းထောင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ခရိုနီအမျာစုဟာ အမေရိကန်အစိုးရရဲ့  နာမည်ပျက်စာရင်းဝင်တွေ ဖြစ်တဲ့အတွက် အမေရိကန်ကို ဝင်ခွင့်ပိတ်ပင်ခံရသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အီဒင်ကုမ္မဏီရဲ့  မန်နေဂျာ ဦးချစ်ခိုင်ကတော့ အမေရိကန်ဗီဇာရသွားပြီလို့ ဧရာဝတီစာစောင်မှာ စက်တင်ဘာလ (၁၀) ရက်က ဖော်ပြပါတယ်။ နေထိုင်စရိတ်ကြီးလာတဲ့ ရန်ကုန်ကထွက်ခွာသူ ဆင်းရဲသားဦးရေ တိုးပွားနေပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကုဋေကြွယ်ခရိုနီတွေကလည်း ပြုပြင်ရေးသမားပုံဖမ်းပြီး ကြိုးပမ်းလာတာ တွေ့ရပါတယ်။ နာမည်ကြီးခရိုနီ ဦးတေဇ၊ ဦးကျော်ဝင်း၊ ဦးဇော်ဇော် စတဲ့ပုဂ္ဂိုလ်တွေ NLD ပါတီကို ရန်ပုံငွေကုဋေကုဋာ လှူဒါန်းတဲ့ကိစ္စဟာ လူပြောများပါတယ်။ ဒါပေမဲ့ အရင်က အခွန်ဆောင်သူစာရင်းမှာ မပါခဲ့တဲ့ ခရိုနီကြီးတွေ ဒီနှစ်စာရင်းမှာ ပါလာပါတယ်။ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးရဲ့  (၅) ရာခိုင်နှုန်းလောက်သာ အစိုးရက အခွန်ကောက်ခံနိုင်ပါတယ်။ အစိုးရသစ်ရဲ့  ဆောင်ရွက်ချက်ကြောင့် မော်တော်ကားနဲ့ တယ်လီဖုန်းဈေးကျပေမယ့် ပြည်သူ့စားဝတ်နေရေး ပိုမိုကျပ်တည်းလာပါတယ်။

ဒါကြောင့် ဆင်းရဲသားဦးရေ တိုးတက်များပြားနေပါတယ်။ မြို့ နယ်ပေါင်း (၆၀) ကျော်က ဝင်ငွေနည်း မိသားစုကို ကူညီပံ့ပိုးနေတဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်က ၂၀၁၀ မှာ မိသားစု ၂၀,၀၀၀ ရဲ့  လူနေမှုအခြေအနေကို စစ်တမ်းကောက်တဲ့အခါ စားစရိတ်ကြီးမြင့်တဲ့ဒဏ်ကို ဆင်းရဲသားတွေခံရပြီး မြေယာမဲ့ဆင်းရဲသားဦးရေ တိုးပွားလာတယ်လို့ ဆိုပါတယ်။ လူနေမှုအခြေအနေဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပိုမိုဆိုးဝါးလာတာ တွေ့ရပါတယ်။ သတင်းတွေကြည့်ရတာကတော့ ပြုပြင်ရေးရဲ့  အကျိုးဆက်ကြောင့် ကုဋေကြွယ်ခရိုနီသူဋ္ဌေးနဲ့ ဆင်းရဲသားဦးရေ တိုးပွားဖို့သာ အလားအလာ ရှိနေပါတယ်။

VOA ဦးအောင်ခင်, ကိုကျော်ကျော်သိန်း




“ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာ ရှားပါတယ်။ ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေရတာ။ ပြင်ချင်တဲ့သူတွေက ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေက ပြင်ချင်တာ ဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်။ လူတွေက ရူးပြီး ဖြစ်နေကြတာပါ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

အထက်က စာကတော့ ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် (အင်္ဂါနေ့) ထုတ် Daily Eleven မှာ ဓါတ်ပုံနဲ့တကွ ပူးတွဲပါရှိတဲ့ စာ ဖြစ်ပါတယ်။

အဲဒီစာကို ဖတ်လိုက်ရတော့ ကျနော်ဟာ အတော့်ကို အံ့အားသင့်မိပါတယ်။ ဦးဋ္ဌေးဦးရဲ့ စကားဆန်းတွေကို ကျနော့်ရဲ့ ဖဘ မိတ်ဆွေတွေလည်း သိသင့်တယ်လို့ ယူဆမိတာကြောင့် သတင်းစာကို ဓါတ်ပုံရိုက်ယူပြီး ရှယ်ပေးလိုက်ပါတယ်။ ကျနော့်ရဲ့ ဝေဖန်သုံးသပ်ချက်ကိုပါ ရေးပေးလိုက်ပါတယ်။
  • ပြည်သူတွေ Constitution ပြင်ချင်တာကို ဦးဌေးဦး မယုံတာကတော့ သူ့အပိုင်းပါ။ လူထုကြားထဲ အမှန်တကယ် ရောက်နေရင် လူထုအသံကို နားထောင်ကြည့်ပါ …. လက်ရှိ Constitution ကို ကြိုက်မကြိုက်၊ ပြင်သင့် မပြင်သင့် လူတိုင်း ချက်ချင်း ပြန်ပြောနိုင်ပါလိမ့်မယ်။ ဒါကို ကောင်းကောင်းကြီး လက်တွေ့ကျကျ သိလာမှာ သိပ်သေချာပါတယ်။ မယုံရင် ရန်ကုန်မြို့ရဲ့ ပလက်ဖောင်းဘေးမှာ တနေ့လုပ်မှ တနေ့စားရတဲ့ ဈေးရောင်းသူတွေကို အလွယ်တကူ မေးကြည့်နိုင်ပါတယ်။ ဘတ်စ်ကားစီးတဲ့သူ၊ မြို့ပတ် မီးရထား စီးတဲ့သူတွေကိုလည်း မေးကြည့်နိုင်ပါတယ်။ နိုင်ငံရေးပါတီကြီးတခုရဲ့ ဒုတိယ ဥက္ကဋ္ဌဟာ သူ့ရဲ့ လက်တွေ့ဘဝ ပတ်ဝန်းကျင်မှာ မြန်မာပြည်သူ အခြေခံ လူတန်းစားတွေနဲ့ ကင်းဝေးနေသလားလို့ တွေးစရာ ဖြစ်လာပါပြီ။

  • ဦးဋ္ဌေးဦးက “ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေရတာ” ဆိုတော့ နိုင်ငံရေးပါတီတခုရဲ့ ဒုတိယဥက္ကဋ္ဌ လုပ်သူတဦးအနေနဲ့ လက်ရှိမှာ ဥပဒေ သက်ရောက်ပြီး ကျင့်သုံးနေတဲ့ Constitution ကို အရင်ကာလ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲ ပြီးသွားချိန် နောက်ပိုင်းတွေမှာ Constitution ကို မလေ့လာခဲ့ဘူးလို့ ဝန်ခံရာရောက်နေပါတယ်။ အနည်းဆုံး နိုင်ငံရေးပါတီတွေရဲ့ အကြီးအကဲတွေလောက်ကတော့ Constitution ကို သေသေချာချာ ဖတ်မှတ်ပြီး လေးစား လိုက်နာနေကြမယ်လို့ အရင်က ကျနော် ထင်ခဲ့ဖူးပါတယ်။ အခုတော့ သူတို့အပေါ် ကျနော် ထင်ထားခဲ့တာ မှားသွားပါတယ်။ ကျနော်တို့ဆိုရင် ၂ဝဝ၈ အခြေခံဥပဒေကြမ်းကို ဆန္ဒခံယူပွဲ မလုပ်ခင်ကတည်းက ကျေလည်အောင် လေ့လာထားခဲ့ကြပါတယ်။ 

  • “လူတွေက ရူးပြီး ဖြစ်နေကြတာပါ” လို့ ဦးဋ္ဌေးဦး စွပ်စွဲသွားပါတယ်။ Constitution ကို ပြင်ချင်သူတွေက ရူးတယ်လို့ ဆိုချင်ပုံ ရပါတယ်။ ပြည်သူတွေကို မစော်ကားသင့်ပါဘူး။ နိုင်ငံတော်က လစာ ရတယ် ဆိုတာ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကနေ ဆင်းသက်လာတာပါ။ ဒါဟာ ဒီမိုကရေစီခေတ်မှာ ပြည်သူတွေက သိထားတဲ့ အချက်ပါ။ နိုင်ငံရေးလုပ်သူဆိုရင် ပိုလို့တောင် သိနေရပါတယ်။ ခေတ်စနစ်နဲ့ မလျော်ညီတဲ့ အခါတိုင်းမှာ Constitution ကို ပြင်ပေးရပါတယ်။ လက်ရှိအချိန်မှာလည်း Constitution ကို ပြင်ပေးချင်တဲ့ နိုင်ငံအကြီးအကဲတွေ၊ ဥပဒေပြု လွှတ်တော်အမတ်တွေ သိသာထင်ရှား ရဲဝံ့စွာ ရှိနေပါတယ်။ အယူအဆ မတူတိုင်း ကိုယ့်နိုင်ငံသားအချင်းချင်း ဘာကြောင့် နှိမ့်ချ ဆက်ဆံမလဲဗျာ။

လွင်အောင်စိုး
၁၇-၉-၂ဝ၁၃


မထင်ဘဲနင်းလိုက်ရသောအောင်မြေများနှင့် မမျှော်လင့်ဘဲ လှူခဲ့ရသော လှူဒါန်းမှုများ

ဗြဟ္မစိုရ်ခြေလှမ်းများအဖြင့် အထက်မြန်မာပြည် မန္တလေး၊ မုံရွာ၊ စစ်ကိုင်းနယ်မြေများသို့ ၁၅.၉. ၂ဝ၁၃ ရက်နေ့မှ စတင်ခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဗြဟ္မစိုရ်ခရီးလမ်းကြောင်းများ၌ မမျှော် လင့်/မထင်မှတ်သော ဖြစ်ရပ်များရှိခဲ့သည်။

ခြေလှမ်းများစတင်ခဲ့သည့် မန္တလေးမြို့သို့ ၁၅.၉.၂ဝ၁၃ ရက်နေ့တွင် မန္တလေး တောင်စလင်း ကျောင်းတိုက်သို့ ရောက်ရှိချိန်တွင် နိုင်ငံတော်အစိုးရမှ ချမှတ်ခဲ့သော အရပ်ဖက်လူ့အဖွဲ့အစည်း ဥပဒေ ကြမ်းအား ရန်ကုန်မြို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် အသင်းအဖွဲ့ပေါင်း (၅ဝဝ) ကျော်တို့ ၏ ဘုံသဘောထား ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက် နိုင်ခဲ့သော လူမှုရေးအသင်းအဖွဲ့ (၂ဝ) ကျော်တို့အား တောင်စလင်းကျောင်းတိုက်တွင်း၌ မန္တလေး ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှ ဦးဆောင်ကျင်းပခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်နှင့် အသင်းသား/သူများတို့မှ တက်ရောက် ပြောကြားခဲ့သည်။

၁၆.၉.၂ဝ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းရှိ ဒီပဲယင်းကွဲကျေးရွာရှိ “စေတနာမွန်” နာရေးကူညီမှု အသင်း၏ ရုံးခန်းဖွင့်ပွဲသို့ သွားရောက်ရာတွင် စစ်ကိုင်းတိုင်းတွင် ရေဘေးဒုက္ခကြုံတွေ့နေရသော ရပ် ကွက်အချို့အား တွေ့မြင်ခဲ့သည်။ ထို့ကြောင့် စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်သို့ ကျပ်ဆယ်သိန်း တန်ဖိုး ရှိ ဆန်အိတ်များအား မမျှော်လင့်ဘဲ လှူဒါန်းခဲ့သည်။ ရွာ၏အနောက်ဖက်ခြမ်းတွင် မူးမြစ်အား နောက်ခံ ထား၍ တည်ရှိသော ဒီပဲယင်းကွဲရွာ၏ “စေတနာမွန်” နာရေးကူညီမှုအသင်း ရုံးဖွင့်ပွဲသို့ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ တက်ရောက်ဖွင့်လှစ်ခဲ့၍ အမှာစကားပြောကြားပြီး အလှူရှင်တို့ အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ကျီကျင်းကျေးရွာရှိ လူမှုရေးအသင်းအဖွဲ့ (၂၅) ဖွဲ့ တို့အား တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ စာပေဟောပြောပွဲသို့ ဆက်လက်ထွက်ခွာခဲ့ရာ လမ်းခရီးတွင် မထင်မှတ်ဘဲ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အောင်မြေအစစ်အမှန်ဖြစ်သော မြေနေရာ အား ခြေချခွင့်ရခဲ့သည်။ ဇီးကုန်းမြို့တွင် ည (၇း၃၀) နာရီအချိန်တွင် ဦးကျော်သူနှင့်အတူ စာရေးဆရာ နေ၀င်းမြင့်၊ စာရေးဆရာမ ခင်ခင်ထူးတို့ဇနီးမောင်နှံသည် ဇီးကုန်းမြို့သူ/သားများသို့ စာပေရေးရာဆိုင် ရာ အသိပညာများအား ဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် ဦးကျော်သူမှ စင်မြင့်ထက်မှနေ၍ ပရိသတ်အား ကျော်သူ သရုပ်ဆောင်ပြန်လည် လုပ်စေချင်လိုသည့် ဆန္ဒ ရှိ/မရှိအား သဘောထား တောင်းခံခဲ့ရာ ဇီးကုန်းမြို့ ပရိသတ်များအားလုံးသည် ပြန်လည်ရိုက်ကူးပါရန် တခဲနက် သဘောထား ပေးခဲ့သည်။ ထိုအခါ ဦးကျော်သူမှ ပရိသတ်တို့အား “ကျွန်တော်ရဲ့ ခံစားချက် အစစ်အမှန်အားလုံးကို သိနားလည်နေသည့် ဆရာနေ၀င်းမြင့်တို့ ဇနီးမောင်နှံတို့ တာဝန်ယူ၍ ဇာတ်လမ်းစဉ် ရေးသားပေးပါက မိမိကိုယ်တိုင် ဒါရိုက်တာ သရုပ်ဆောင်အဖြစ် လုပ်ဆောင်ပါမည်” ဟု ပရိသတ်များရှေ့မှောက်တွင် တိုင်တည်ကာ ကတိပြုခဲ့သည်။

၁၇.၉.၂၀၁၃ ရက်နေ့တွင် ဇီးကုန်းမှ ပြန်လည်မထွက်ခွာမှီ “မေတ္တာလွင်ပြင်” ကုသိုလ်ဖြစ်ဆေး ခန်းနှင့် ပါရမီသုခ နာမှုကူညီရေးအသင်းသို့ ၀င်ရောက်ကာ အကြံပြုခြင်းများ ပြောကြားခဲ့သည်။ ဆက်လက်၍ အောင်ဆန်း အခမဲ့ ပညာဒါနကျောင်းရှိ ကျောင်းသား/သူများတို့အား နာရေးကူညီမှုအ အသင်း(ရန်ကုန်) သုခအလင်း ပညာဒါနမှ ထုတ်ဝေသည့် ဗလာစာအုပ် (၂၅) ဒါဇင်တို့အား လှူဒါန်းခဲ့ သည်။ ကန့်ဘလူမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး လူမှုရေးအသင်းအဖွဲ့ (၂၂) ဖွဲ့တို့အား တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ပုဏ္ဏကားကျေးရွာရှိ “ပီတိမြင့်မိုရ်” လူမှုကူညီရေးအသင်း (၆) လပြည့် အထိမ်းအမှတ် အဖြစ် စာပေဟောပြောပွဲသို့ ဦးကျော်သူမှ တက်ရောက်ပြောကြားခဲ့သည့်အပြင် ယင်းကျေးရွာရှိ ဘ/က ကျောင်းအတွက် ဗလာစာအုပ် (၁၀) ဒါဇင်တို့အား လှူဒါန်းပေးအပ်ခဲ့သည်။

၁၈.၉.၂၀၁၃ ရက်နေ့တွင် ရေဦးမြို့သို့ ခရီးဆက်ခဲ့ရာ ရေဦးမြို့ရှိ သုဿန်တွင် တည်ဆောက် လျှက်ရှိသည့် မီးသင်္ဂြီုဟ်စက်အား ၀င်ရောက်လေ့လာခဲ့ပြီး ရေဦးမြို့ တော်ဝင်နှင်းဆီခန်းမတွင် “မြင့်မြတ်သူ” လူမှုကူညီရေးအသင်း (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသော အခမ်းအနားသို့ ဦးကျော်သူမှ တက်ရောက်ခဲ့ပြီး လူမှုရေးအသင်းအဖွဲ့ (၂၀) ဖွဲ့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ ရေဦး - မုံရွာလမ်းမအား ဖြတ်ကျော်ခဲ့ရာတွင် နာမည်ကျော် ဒီပဲယင်းရွာသို့ ဖြတ်သန်းခဲ့ရသည်။ ထိုရွာသို့ရောက် သည်နှင့် ၂၀၀၃ ခုနှစ်တွင် ကြုံတွေ့ခဲ့ကြရသော ကျည်ရွာ၏ညများကို စိတ်ကူးထဲ မြင်ယောင်မိပါသည်။ ရေဦးမှ ဒီပဲယင်းလမ်းမကြီးသည် ဟိုယခင်မှ ယခုတိုင် ကျင်းများ ချိုင့်များဖြင့် ခရီးမတွင်ကျယ်သေးသည်ကို တွေ့ကြုံခဲ့ရ သည်။ အချို့က တစ်ချို့က ယင်းနယ်မြေအား (အမဲရောင်နယ်မြေ) သတ်မှတ်ထားဆဲ ဖြစ်ပါသည်။ ထိုသတ် မှတ်ချက်သည် ဒေသခံ ရွာသူ/သားတို့ မှည့်ခေါ်အမည်ပေးထားခြင်း မဟုတ်သည်မှာ သေချာခဲ့သည်။ ဒီပဲယင်း ရွာသို့ ကျော်လွန်သည်နှင့် မထင်မှတ်ဘဲ ခြေချခွင့် ကြုံခဲ့ရသည့် ငပဲယင်းရွာပင်ဖြစ်သည်။ ငယ်အမည် မောင်ရစ် ဟုခေါ်သော စစ်သူကြီး မဟာဗန္ဓုလ ချက်မြှုပ်ခဲ့သည့် ကျေးရွာဖြစ်သည်။ ယင်းရွာသို့ ရောက်ရှိချိန်တွင် ဦးကျော် သူမှ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများနှင့် ဒေသခံရွာသူ/သားများတို့အား တွေ့ဆုံ၍ စစ်သူကြီး မဟာဗန္ဓုလ မွေးဖွားခဲ့သည့်ဒေသတွင် ရေခံမြေခံရှိပြီး ကျောင်းသား/သူများတို့အား သူရဲကောင်း စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ် တတ်ကြွလာစေရန် ပြောကြားခဲ့သည်။ မဟာဗန္ဓုလ တည်ထားခဲ့သည့် စည်းခုံဘုရား၊ အထိမ်းအမှတ်ကျောက်တိုင်နှင့် ရုပ်တုတို့အား သွားရောက်ခွင့်ရခဲ့သည်။

၁၉.၉၂၀၁၃ ရက်နေ့တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်ရှိ “ဒေ၀ယာနိ” က နာမှုကူညီရေးအသင်းသို့ ဦးကျော်သူမှ ဆရာတော် ဦးနေမိန္ဒနှင့်အတူ ၀င်ရောက်တွေ့ဆုံခဲ့ပြီးနောက် ရေထွက် မစိုးရိမ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကျောင်းသား/သူများတို့အား ဗလာစာအုပ် (၆၂) ဒါဇင် လှူဒါန်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ရွှေဂဲပွားရပ်ရှိ “သုဝဏ္ဏ၀ဍ္ဎန” နာမှုကူညီရေးအသင်းသို့ ၀င်ရောက်ခဲ့ပြီး ဆရာတော် ဦးနေမိန္ဒနှင့်အတူ တွေ့ဆုံခဲ့ပြီး စဥ့်ကိုင်မြို့နယ်၊ စော်ရဲရွာသို့ ခရီးဆက်ခဲ့ပြီး လူမှုရေးဟောပြောပွဲသို့ ဦးကျော်သူမှ တက်ရောက်ဟောပြောခဲ့သည်။ ၂၀.၉.၂၀၁၃ ရက်နေ့တွင် မန္တလေးမြို့မှ ပြည်မြို့ ရေဘေးဒုက္ခ သည်များထံသို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ခရီးဆက်ခဲ့တော့သည်။

(21 Sept 2013 ရက်စွဲပါ Global Times မှ Myanmar’s Aung Sann Suu Kyi vows to keep good relations with China ကိုဘာသာပြန်ဆိုသည်။)

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် တရုတ်အပါအဝင် ကမ္ကာပေါ်မှ နိုင်ငံ အားလုံး နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမည့် မူဝါဒဆက်လက်ရှိနေစေရန် မျှော်လင့် ကြောင်း စနေနေ့က ပြောကြားခဲ့သည်။

သို့သော် စီးပွားရေးနယ်ပယ်တွင်မူ ပြိုင်ဆိုင်မှုများ ပိုများလာမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သို့ ငါးရက်ကြာ အလည် အပတ် ခရီး ရောက်ရှိလျှက်ရှိရာ မြန်မာနိုင်ငံသည် တရုတ်အပြင် တစ်ကမ္ဘာလုံးနှင့် နီးကပ်စွာဆက်ဆံရေးကို ထိန်းသိမ်း နိုင်ခဲ့သည့် မှတ်တမ်းများရှိကြောင်း ပြောပါသည်။ ၎င်းက Burma ဟုသာညွှန်းဆိုပြီး မြန်မာနိုင်ငံသည် အိမ်နီးချင်းများနှင့် သာမက အနောက်ကမ္ဘာနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းသည့် အစဉ်အလာ ရှိကြောင်း ပြောကြား ခဲ့သည်။

၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်တွင် ကွန်မြူနစ်ပါတီအာဏာရလာသောအခါ မြန်မာနိုင်ငံသည် ပထမဆုံး အသိအ မှတ် အပြုခံရသည့် နိုင်ငံများတွင် ပါဝင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

“ကမ္ဘာပေါ်က နိုင်ငံအားလုံးနှင့် ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်မဲ့ မူဝါဒကို ဆက်လက်ရှိမနေသင့်တဲ့ အကြောင်းရင်းကို ရှာမတွေ့ပါဘူး” ဟု Singapore Summit သို့တက်ရောက်လာသည့် စီးပွားရေး ဦးဆောင်သူများနှင့် အခြားပုဂ္ဂိုလ်များသို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်ပြီး သောကြာနေ့က စင်ကာပူ သို့ရောက်ရှိခဲ့သည်။ ၎င်းသည် စင်ကာပူ၏ အကြီးတန်းခေါင်းဆောင်များ၊ ဝန်ကြီးများနှင့် တွေ့ဆုံ ရန် စီစဉ်ထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဘုတ်အဖွဲ့နှင့် အခြားအေဂျင်စီများထံမှ သတင်းအချက်အလက်များ ရယူမည် ဖြစ်ပါသည်။

၎င်းက မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရှေ့ဆက်လုပ်ဆောင်နိုင်ရေး၏ လွန်စွာ အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်နှင့် တံခါးဖွင့်မှုတွင် နောက်ပြန်သွားနိုင်မှု ကာကွယ်ရန် နိုင်ငံတကာမှ အမြင်များ ပြောကြားရန် တောင်းဆိုခဲ့သည်။

၎င်းကဆက်လက်ပြောကြားရာတွင် ရေတိုကာလ ရှေ့လာမည့် တစ်နှစ် နှစ်နှစ်အတွင်း မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးတွန်းအားပေးရမည့် ကိစ္စမှာ တရားဥပဒေစိုးမိုးရေးအခြေအနေနှင့် လွတ်လပ်စွာတရားစီရင်ရေး ဖြစ်သည်ဟုဆိုပါသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ကြီးမားသော ပြုပြင်ပြောင်းလဲမှုနှင့် ပြင်ဆင်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။

ရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် မြန်မာနိုင်ငံသို့ လာရောက် သော ရင်းနှီးမြှုပ်နှံမှုများသည် တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုရှိသင့်သည်ဟု ဆိုပါသည်။

“ကျွန်မတောင်းဆိုတာက များသွားတယ်ဆိုတာ ကျွန်မသိပါတယ်။ လိုအပ်တာကတော့ ဂရုစိုက်ပြီး၊ ဥာဏ်ကြီးတဲ့ ရင်းနှီးမြှုပ်နှံ တွေဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံက ကျေးလက်မဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်မတို့ပြည်သူတွေရဲ့ လူနေမှု အဆင့်မြှင့်ဖို့ဆိုရင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ကြည့်ရပါမယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ကြည့်ရပါ မယ်” ဟု ၎င်းကပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့လာရောက် ရင်းနှီးမြှုပ်နှံကြရန် တောင်းဆိုခဲ့ပြီး တက်နိုင်သမျှ တာဝန်ယူသော ရင်းနှီးမြှုပ်နှံမှုဖြစ်ရန် အကြံပြုခဲ့သည်။

“ကျေးဇူးပြုပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ကြပါ။ ဒါပေမဲ့ တာဝန်ယူကြပါ။ လူသားဆန်တဲ့ နှလုံးသားနဲ့ လုပ်ကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အတိုက်အခံခေါင်းဆောင်သည် ဆန္ဒပြမှုကို ဖြစ်စေသော တရုတ်ကုမ္ပဏီများပါဝင်သည့် အငြင်းပွားဖွယ် လက်ပံတောင်း တောင်ကြေးနီးစီမံကိန်းနှင့် ပတ်သတ်၍လည်း ဖော်ပြခဲ့ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု လည်း ဆိုပါသည်။

“ကန်ထရိုက်လက်မှတ်ရေးထိုးတဲ့ အချိန်မှာ ပွင့်လင်းမြင်သာရှိခဲ့မယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေကို ရှောင်လွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် ပွင့်လင်းမြင်သာမှုရှိစေချင်ပါတယ်” ဟု၎င်းက ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါစီမံကိန်း စုံစမ်းစစ်ဆေးရေး ခုံအဖွဲ့ကို ခေါင်းဆောင်ခဲ့ရပါသည်။ ၎င်းက ကန်ထရိုက်စာချုပ်တွင် ပြောင်းလဲမှုများပြုလုပ်ရန် အကြုံပြုခဲ့ပြီး ရှုတ်ထွေးနေပြီး သြဇာလွှမ်းမိုးမှုများရှိသော သဘောမတူညီမှုများရှိသည့်ကြားမှ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ခွင့် ပြုခဲ့ပါသည်။

Yangon chronicle


International Day of Peace, Yangon, 21 Sept 2013 MPC,မှာပြုလုပ်စဉ် စဉ်မြင့်ပေါ်မှလိုရင်း တို ရှင်း ပြတ်ပြတ် သား သား အမှန်တရားကို ရဲရဲတောက် ပြောကြားသွားသူကတော့ ကချင်အမျိုးသ္မီး "မခွန်ဂျာ " ဖြစ်ပါတယ်။

Lachid Kachin

သူတို့ရေးတတ်သလိုရေးထားတဲ့ ဟုန်ရှင်းအလုပ်သမလေးတွေရဲ့ တောင်းဆိုချက်
ဟုန်ရှင်းအလုပ်သမားတို့သည် အလုပ်သမားအခွင့်အရေး များကိုနည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်ဖိနှိပ်ခံ ထား ရ
မှု ကြောင့်ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြသည်၊ အာဏာပိုင်တို့ နှင့်သီးခံ ညိုနိုင်းခဲ့ကြသည်၊

ထူးခြားသည့်အဖြေတစုံတရာမရရှိသည့်အပြင် ပိုမိုဖိနှိပ်ခံလာရသောကြောင့် ယနေ့နေ့လည်(၂း၃၀)တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌အင်အား(၁၅၀)ခန့်ဖြင့်အထိုင်သပိတ်စခန်းကို ဖွင့်လှစ်ခဲ့ကြသည်၊

အလုပ်သမားထုအခြေခံအခွင့်အရေးများကိုမဆုတ်တမ်းတောင်ဆိုမည်ဟုသပိတ်
စခန်းဖွင့်လှစ်ခြင်းနှင့်အတူထုတ်ဖော်ကြေငြာခဲ့သည်၊၊

အာဏာပိုင်များဖက်မှအလုပ်သမားခေါင်းဆောင်များနှင့်အလုပ်သမားရေးတက်ကြွလှုပ်ရှားသူများကို
သပိတ်စခန်းဖွင့်ဖွင့်ခြင်းမှာပါပင်ဖမ်းဆီးရန်ပြုလုပ်ခဲ့ကြသည်၊

ယနေ့ညနေတွင်လူစုခွဲမပေးပါကအကြမ်းဖက်ဖြိုခွဲမည်ဟုအာဏာပိုင်တို့ဖက်မှ
ညနေ(၄)နာရီ တွင်ပြောကြားထားသောကြောင့်ရန်ကုန်မြို့၏အမှောင်ထုအောက်တွင်မွဲတေဆင်းရဲနေပြီး
အခွင့်အရေးဆုံးရူံးနေသောအလုပ်သမားထုကြီးမှာရက်ရက်စက်စက်ဖြုခွဲအကြမ်းဖက်ခံရမည့်
အခြေအနေရောက်ရှိနေပါသည်၊

တရားမျှတမှုကိုလိုလားသောပြည်သူအပေါင်းမှအလုပ်သမားထုကြီး၏ငြိမ်းချမ်းစွာတောင်းဆိုနေသည့်လှုပ်ရှားမှုကြီးကိုစာနာနားလည်နိုင်ပါစေ၊၊
အလုပ်သမားထုသွေးစည်းကြ

၂၂-၉-၂၀၁၃
ရန်ကုန်ဟုန်ရှင်းအလုပ်သမားသပိတ်စခန်း(မြို့တော်ခန်းမရှေ့)

မြို့တော်ခန်းမရှေ့ဆန္ဒပြနေကြတဲ့ ဟုန်းရှင်း အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေက ...

(၁ ) စက်ရုံပိတ်ပြီး အလုပ်ရပ်စဲတာ ဘာကြောင့်လဲ သိချင်ပါတယ်။
(၂) အများဆန္ဒနဲ့အညီ သပိတ်စခန်းဖွင့်ပြီး မေးခြင်းဖြစ်ပါတယ်။
(၃) တာဝန်ရှိသူများ အမြန်ဆုံး ဖြေရှင်းပေးပါ။
(၄) အလုပ်သမားသမဂ္ဂ ဖြိုခွင်းမှုကို လက်မခံနိုင်ပါ။
(၅) လျှော်ကြေး မယူလိုပါ အလုပ်လုပ်လိုပါတယ်။

ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် ထိုင်သပိတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော သားသမီးအရွယ် ဟုန်ချင်း အအေးခန်း စက်ရုံ ကအလုပ်သမား ၁၂၀ ခန့် အား အကြမ်းဘက်နှိမ်နင်းခြင်း မပြုရန်မေတ္တာရပ်ခံပါသည်။

Photo..khinmgwin ap.Popular myanmar news journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.